【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ငြိမ်းချမ်းရေးက ဘယ်သူ့လက်ထဲမှာလဲ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ငြိမ်းချမ်းရေးက ဘယ်သူ့လက်ထဲမှာလဲ

ယခုရက်သတ္တပတ်ထဲဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ သတိထားမိစရာ သတင်းတွေ ရှိခဲ့ပါတယ်။မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ အစိုးရ၊ တပ်မတော်ကိုယ်စားလှယ်တို့ ကျိုင်းတုံမှာ ဆွေးနွေးတဲ့သတင်း၊ မူဆယ်မှာ ပြည့်တန်ဆာအလိုရှိကြောင်း ကြေငြာအကပ်ခံရတဲ့သတင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် သွားရောက်တဲ့သတင်း၊ ဖားကန့်မြို့နယ်ရှိ ကျေးရွာတစ်ရွာအနီး ဂြိုဟ်တုအပိုင်းအစဟု ယူဆထားတဲ့ အရာဝတ္တုတစ်ခု ကောင်းကင်ကနေ ပြုတ်ကျခဲ့တဲ့သတင်း၊ အဂတိအမှုစစ်ဆေးစဉ် ကျင့်ဝတ်နှင့် အမိန့်ညွှန်ကြားချက်ကို ဖောက်ဖျက်တဲ့ ကော်မရှင်အရာရှိကို အငြိမ်းစားယူ အရေးယူခဲ့တဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေက ယခုရက်သတ္တပတ်ထဲဖြစ်ခဲ့တဲ့ နေပြည်တော် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ တရုတ်နိုင်ငံသားသုံးဦး နိုင်ငံသားစစ်ဆေးရေးကတ်အတုနဲ့ ဝင်ရောက်လို့ အမှုဖွင့်စစ်ဆေးနေတဲ့သတင်း၊ စစ်အာဏာရှင်စနစ်က ၂၀၀၈ အခြေခံဥပဒေကို အကာအကွယ်ယူကာ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးအပေါ် ဖိနှိပ်ချုပ်ချယ်နေဆဲဖြစ်တယ်လို့  ရွှေဝါရောင် ဦးဆောင်ဆရာတော်များက မိန့်ကြားခဲ့တဲ့သတင်း၊ ချင်းပြည်နယ် ဟားခါးမှာ ဗိုလ်ချုပ်ရုပ်တု စိုက်ထူရန် ကြိုးပမ်းနေခြင်းကို အပြင်းအထန် ကန့်ကွက်ရှုတ်ချခဲ့တဲ့သတင်း၊ ရန်ကုန် - မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် တည်ဆောက်ရေးလုပ်ငန်းများကို အောက်တိုဘာ ၁ ရက်မှာ စတင်မယ့်သတင်း၊ ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ခြင်း စီမံကိန်းမှာ တရုတ်နိုင်ငံမှ Sino Great Wall ကုမ္ပဏီ ဒေဝါလီခံ နုတ်ထွက်သွားလို့ ဂျပန် Sumitomo ကော်ပိုရေးရှင်း အစားဝင်ရောက်လာတဲ့သတင်း၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Natural Garment အထည်ချုပ်စက်ရုံ ဆန္ဒပြမှုမှာ ပိတ်မိနေသည့် တရုတ်နိုင်ငံသား အလုပ်သမားများကို ပြန်လွှတ်ပေးခဲ့တဲ့သတင်း၊ ရန်ကုန်လေဆိပ် ၁၉ နာရီခန့် ပိတ်ခဲ့ရတဲ့ တပ်မတော် Y8 လေယာဉ် ပြေးလမ်းချော်တဲ့ ဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်ဖို့ ပို့/ဆက် ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားထားတဲ့သတင်း၊ ကုလသမဂ္ဂ ညီလာခံကာလအတွင်း တရုတ်က ကြားဝင်၍ မြန်မာ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား သုံးနိုင်ငံဝန်ကြီးအဆင့် ဆွေးနွေးပွဲပြုလုပ်မယ့် သတင်းတွေလည်း ယခုရက်သတ္တပတ်ထဲမှာ ဖြစ်ခဲ့ပါတယ်။

ဆွေးနွေးပွဲလား ဈေးဆစ်ပွဲလား    

ရှမ်းမြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် တိတ်ဆိတ်နေခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက ပြန်ပြီးလွန့်လူးလာပါတယ်။သြဂုတ်လအတွင်း တရုတ်ဘက်က ကမကထပြုမှုနဲ့ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) တို့နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ ဆွေးနွေးပွဲက အဖြေမထွက်ခဲ့ပေမယ့် ဒုတိယအကြိမ် ဆွေးနွေးမှုအတွက် အခြေခံသဘောတူညီမှုတွေ ရခဲ့ပါတယ်။စက်တင်ဘာ ၁၇/၁၈ ရက်တွေမှာ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ တွေ့ဆုံမှုအတွက် အစိုးရဘက်က အဆိုပြုတဲ့အတိုင်း ကျိုင်းတုံမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီကျိုင်းတုံဆွေးနွေးပွဲကို အစိုးရဘက်က (NRPC) ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ အဆင့်မြင့်အရာရှိသုံးဦးတို့ တက်ရောက်ခဲ့သလို ကချင်အဖွဲ့ (KIO/KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) တို့မှ ခေါင်းဆောင်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။တိုက်ပွဲတွေက ဆွေးနွေးပွဲမတိုင်မီ စက်တင်ဘာ ၁၃ ရက်ကစ၍ ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်တွင် တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဆွေးနွေးပွဲရက်နီးသဖြင့် ဆွေးနွေးပွဲကို စက် တင်ဘာ ၁၇ ရက်မှာ ကျင်းပဖြစ်ရဲ့လားဆိုတဲ့ စိုးရိမ်မှုတွေရှိသော်လည်း အဆိုပါရက်တွင် မူလအစီအစဉ်အတိုင်း ကျင်းပဖြစ်ခဲ့ပါတယ်။    

စက်တင်ဘာလ ၁၇ ရက် ကျိုင်းတုံမြို့ Amazing Resort ဟိုတယ်မှာ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့၏ အပစ်ရပ်ဆွေးနွေးပွဲကို ကျင်းပခဲ့ရာမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် အစိုးရအကြား ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral) ချုပ်ဆိုနိုင်ရေးအတွက် လက်ရှိ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ စစ်ရှိန်လျှော့ချရေးနှင့် တပ်နေရာချထားရေး ကိစ္စများကို ဆွေးနွေးခဲ့ကြပါတယ်။ဆွေးနွေးမှုတွေက တစ်ရက်ကြာခဲ့ပေမယ့် ပြည်သူအများ မျှော်လင့်ခဲ့တဲ့ Bilateral အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးတဲ့အထိ မရခဲ့ပါဘူး။

ဒီဆွေးနွေးပွဲက အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့၏ ဆွေးနွေးရေး ဖြစ်စဉ်များထဲမှာ NRPC ဒုဥက္ကဋ္ဌနှင့် တပ်မတော်ဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ ပထမဆုံးအကြိမ် တက်ရောက်တဲ့ပွဲဖြစ်သလို  Bilateral Agreement အထိ သဘောတူညီမှုရခဲ့ရင် လက်မှတ်ထိုးဖို့အထိ အစိုးရဘက်နဲ့ တပ်မတော်ဘက်က ပြင်ဆင်ခဲ့ပြီး မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့က သဘောတူညီမှုရဖို့အထိသာ ရည်ရွယ်ပြီး လက်မှတ်ထိုးတဲ့အဆင့်ထိ မပါခဲ့တဲ့အတွက် Bilateral Agreement အတွက် လာမယ့် အောက်တိုဘာမှာ ပြန်တွေ့ဆုံဖို့ ဖြစ်လာပါတယ်။

ပြည်သူအများ မျှော်လင့်ခဲ့တဲ့ ကျိုင်းတုံဆွေးနွေးပွဲမှာ Bilateral အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးရန်၊ လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများရပ်တန့်ရေး ဆောင်ရွက်ရန်၊ တိုက်ပွဲရှောင်ပြည်သူများကိစ္စ၊ တပ်ပိုင်းဆိုင်ရာ နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးရန်၊ ဆက်သွယ်ရေးစနစ်နှင့် ဆက်ဆံရေးရုံးများ ထားရှိရန်၊ ယုံကြည်မှုတည်ဆောက်ရေး နှစ်ဖက်ဖမ်းဆီးချုပ်နှောင်  အရေးယူခြင်းဆိုင်ရာ ကိစ္စများ ဖြေရှင်းရန်၊ NCA နှင့် ပတ်သက်ပြီး နှစ်ဖက်လက်ခံနိုင်မည့် လုပ်ငန်းစဉ်ဖော်ဆောင်ရန်၊ ပစ်ခတ်တိုက်ခိုက်မှု ခိုင်မာရေးအတွက် စေ့စပ်ညှိနှိုင်း ဖြေရှင်းပေးမည့် နှစ်ဖက်သဘောတူ လက်ခံသည့်စနစ် (သို့မဟုတ်) ယန္တရားဖော်ဆောင်ရန် စတဲ့ အကြောင်းအရာ ခုနစ်ချက်ကိုတော့ အစည်းအဝေးမှတ်တမ်းအဖြစ် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

မငြိမ်ချမ်းတဲ့ တိုင်းပြည်အတွက် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသက တိုင်းရင်းသားတွေအပြင် ပြည်ပဖိအားကြုံနေရတဲ့ တိုင်းပြည်အခြေအနေမှာ အားလုံးက အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးကို ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်တဲ့ တိုးတက်မှုအဖြစ် ပြည်သူတွေက မြင်ချင်ကြပါတယ်။ဒါပေမယ့် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက ယခင်ကအတိုင်း ဖန်တစ်ရာတေ ဇာတ်မျောကြီးလိုဘဲ ယခုတစ်ခါမှလည်း ဈေးဆစ်ကြ၊ ပြန်ချိန်းကြဖြစ်လာတဲ့အတွက် ငြိမ်ချမ်းရေးကို မျှော်လင့်တဲ့ ပြည်သူတွေအတွက် စိတ်အားလျော့ခဲ့ပါတယ်။တိုက်ပွဲဘေးက ဝေးနေတဲ့ ပြည်မကြီးက လူတွေတောင် ဒီဆွေးနွေးပွဲအပေါ် ဒီလောက်ထိ မျှော်လင့်တကြီးဖြစ်ခဲ့ရင် တိုက်ပွဲတွေကြောင့် သေကြေရတဲ့၊ နေရပ်စွန့်ခွာရတဲ့သူတွေအတွက် ဘယ်လောက်ထိ အပစ်ရပ်စဲရေးကို မျှော်လင့်နေမယ်ဆိုတာ ပြောစရာလိုတော့မှာ မဟုတ်ပါဘူး။သူတို့အဖို့ အပစ်ခတ် တစ်ရက်တိုးတာက သူတို့အသက်ကို တစ်ရက်စောပြီး အာမခံပေးတာဘဲ ဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာမှာ ဆွေးနွေးပွဲတွေ ရှိသေးတယ်ဆိုပေမယ့် ဒီကြားထဲ တိုက်ပွဲတွေဖြစ်တာ သေကြေနေတာတွေ ဖြစ်နေဦးမှာ အသေအချာမို့ အများပြည်သူကတော့ အပစ်ရပ်လက်မှတ် မထိုးနိုင်သေးသရွေ့ မိသားစုထဲက ဘယ်သူတွေ သေကြပျက်စီးရဦးမလဲဆိုတာကိုတွေးပြီး စိတ်မအေးစရာပါ။

ဒီသတင်းတွေက ရခိုင်ဒေသမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ရခိုင်စစ်ဘေးဒုက္ခသည် အရေအတွက် ယခင်ကထက် လေးထောင်ခန့် ထပ်တိုးလာတဲ့သတင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်နှင့် နမ့်ဖက်ကာ ဒေသ၌ တိုက်ပွဲဖြစ်ခဲ့ပြီး ကလေးငယ်တစ်ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့တဲ့သတင်း၊ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲများကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားများအတွက် ဝမ်းနည်းကြောင်း အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုတဲ့သတင်း စတဲ့ ယခုရက်သတ္တပတ်ထဲမှာဖြစ်ခဲ့တဲ့ တိုင်းရင်းသားတွေနဲ့ တိုက်ပွဲသတင်းတွေထဲ စိတ်လျှော့စရာ သတင်းဖြစ်ခဲ့ပါတယ်။

လုပ်လို့ရလို့ လုပ်နေကြတာလား၊ လူမဆန်တာလား

ယခုရက်သတ္တပတ်ဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ မုဒိမ်းမှု၊ လူမဆန်စွာ နှိပ်စက်ခိုင်းစေမှုနဲ့ သတ်ဖြတ်ခဲ့မှု သတင်းတွေက သတင်းဖတ်သူတွေကို ထိတ်လန့်စေခဲ့သလို ထိုအမှုကျူးလွန်သူတွေအပေါ် အပြစ်ဒဏ်ချတာ၊ တရားစွဲအမှုဖွင့်တာတွေက အတိုင်းအတာတစ်ခုအထိ စိတ်ကျေနပ်စေခဲ့ပါတယ်။

ယခုလ ၁၅ ရက်က မူဆယ်မှာဖြစ်ခဲ့တဲ့ “ပြည့်တန်ဆာ အလိုရှိကြောင်း” ကြော်ငြာစာရွက်ကပ်တဲ့ ကိစ္စက လူမှုကွန်ရက်မှာ မြင်ရကြားရတဲ့ အများပြည်သူစိတ်ကို ဒေါသထွက်စေခဲ့ပါတယ်။ဒီဖြစ်ရပ်က တရားခံဖော်ထုတ်လို့မရခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာက “တရုတ်အမျိုးသားများအတွက် အငှားကိုယ်ဝန်ဆောင်အမျိုးသမီး အလိုရှိကြောင်း” ကြော်ငြာစာရွက်တွေ မူဆယ်မြို့က လူစည်ကားရာ နေရာတွေမှာ အကပ်ခံရပြီး ထပ်မံဖြစ်ခဲ့တဲ့ ဖြစ်ရပ်ပါ။

ယခုဖြစ်ရပ်မှာတော့ ပြည့်တန်ဆာလုပ်ရန် အမျိုးသမီး ၂၅ ဦး အလိုရှိကြောင်း ကြော်ငြာစာရွက်များ ကပ်ခိုင်းခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က အဆိုပါကြေငြာကပ်တဲ့ စက်တင်ဘာ ၁၅ ရက် နေ့လယ်မှာဘဲ ဖမ်းဆီးနိုင်ခဲ့ပါတယ်။အဆိုပါကြေငြာစာရွက် ကပ်ထားတဲ့ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို ဝေဖန်မှုတွေ ပြင်းထန်လာခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က ကြေငြာပါ ဖုန်းနံပါတ်အတိုင်း မူဆယ်ဒေသခံတစ်ဦးအနေဖြင့်  ဖုန်းဆက်သွယ်ခဲ့ရာမှ မြန်မာ - တရုတ် နယ်စပ် နန်းတော်ပေါက်အနီးရှိ အိမ်တစ်အိမ်မှ တရုတ်နိုင်ငံသားငါးဦးကို ဖမ်းဆီးနိုင်ခဲ့တာပါ။

လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းထားသောသူ ငါးဦးကို စစ်ဆေးနေဆဲဖြစ်ပြီး ဥပဒေအတိုင်း အရေးယူမည် ဆိုခဲ့ပေမယ် လူမှုကွန်ရက်မှာတော့ ဒီဖမ်းထားတဲ့သူတွေကို မှတ်လောက်သားလောက်အောင် ပြစ်ဒဏ်ပေးဖို့နဲ့ ကျူးလွန်သူတွေရဲ့ နိုင်ငံမှာ ဒီလိုလွယ်လင့်တကူ ကြေငြာကပ်ခွင့်ရမလားဆိုတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ထွက်လာခဲ့ပါတယ်။ဒီအမှုအတွက် အများပြည်သူက အာဏာပိုင်တွေ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ ဘယ်လိုတရားစီရင်မလဲဆိုတာ စောင့်ကြည့်နေမှာဖြစ်ပါတယ်။

နောက်ထပ် သတိထားမိတဲ့ သတင်းက မန္တလေးမှာဖြစ်ခဲ့တဲ့  အိမ်အကူ အမျိုးသမီးငယ်တစ်ဦးကို နေအိမ်ထဲ ၈ နှစ်ကြာ လှောင်ပိတ်ပြီး နှိပ်စက်ခဲ့တဲ့ အမှုပါ။ဒီအမှုက ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က တရားစတင် စွဲဆိုခဲ့တာဖြစ်ပြီး ယခုနှစ် ဖေဖေါ်ဝါရီလမှာ အမှုတစ်ခုအတွက် စီရင်ချက်ချခဲ့ပြီး ယခုရက်သတ္တပတ်မှာ နောက်ထပ်စွဲဆိုတဲ့ အမှုကို အမိန့်ချခဲ့တာပါ။

ဒီအမှုက ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ်ထဲကနေ မန္တလေး ချမ်းမြသာစည်မြို့နယ်ထဲက စတိုးဆိုင်မှာ လာလုပ်နေတဲ့ တိုင်းရင်းသူပါ။အဆိုပါအိမ်ကိုရောက်ပြီး နှစ်နှစ်အကြာမှာ အိမ်ပိုင်ရှင်အမျိုးသမီးရဲ့ ချွေးမက အက်ဆစ်နဲ့ လောင်းခဲ့လို့ အိမ်အကူအမျိုးသမီး၏ ဦးခေါင်းတစ်ခြမ်း လောင်ကျွမ်းပြီး မျက်လုံးတစ်ဖက် ကွယ်ခဲ့ကာ အခန်းတစ်ခုထဲမှာ ရှစ်နှစ်ကြာ ပိတ်လှောင်ခံခဲ့ရပါတယ်။ဒီလိုပိတ်လှောင်ခံထားရတာကနေ လွတ်မြောက်ရေးအတွက် အခွင့်ချောင်းနေစဉ် ၂၀၁၈ ခုနှစ်မှာ အဆိုပါအမျိုးသမီးက ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ဒီလိုဆိုးရွားတဲ့ လူမဆန်တဲ့ ဖြစ်ရပ်အတွက် အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဖော်ထုတ်တရားစွဲဆိုရာမှာ ယခုနှစ် ဖေဖေါ်ဝါရီလထဲမှာ အပြင်းအထန်နာကျင်စေမှုဖြင့် အိမ်ပိုင်ရှင်၏ ချွေးမဖြစ်ကို ထောင်ဒဏ်ခုနစ်နှစ် အမိန့်ချမှတ်နိုင်ခဲ့ပြီး ယခုရက်သတ္တပတ်ထဲမှာတော့ အိမ်ပိုင်ရှင် အမျိုးသမီးနှင့် ချွေးမတော်စပ်သူကို အခန်းအတွင်း ပိတ်လှောင်ထားတဲ့အတွက် လူကုန်ကူးမှုနဲ့  ၁၅ နှစ် ထပ်ချခဲ့ပါတယ်။

ဒီပြစ်ဒဏ်ဟာ ကျူးလွန်သူအတွက် များတယ်လို့ ယူဆပေမယ့် ကျူးလွန်ခံရသူအတွက်ကတော့ ကျေနပ်လောက်တဲ့ အဖြေမဟုတ်ပါဘူး။ဒါပေမယ့် ဒီလိုဖြစ်ရပ်တွေ၊ ဖြစ်စဉ်တွေဟာ ယခင်ခေတ်ကသာဆို ပြီးလွယ်စီးလွယ်နဲ့ မေ့မေ့ပျောက်ပျောက် လျစ်လျူရှုခံရပြီး ငွေ၊ ရာထူးအာဏာတွေကြောင့် အများပြည်သူ မြင်ကွင်းရှေ့ကို ရောက်လာနိုင်မှာ မဟုတ်သလို ကျူးလွန်သူကိုလဲ အပြစ်ပေးနိုင်မှာလဲ မဟုတ်ပါဘူး။ဒါအသေအချာပါဘဲ။ယခု အရပ်သားအစိုးရလက်ထက်မှာတော့ လူဖြစ်ပြီး လူမဆန်တဲ့သူတွေအတွက် သတိပေးခေါင်းလောင်းထိုးတဲ့အနေနဲ့ ဒီလိုပြင်းထန်တဲ့ပြစ်ဒဏ် ချမှတ်ခံရတာဖြစ်ပြီး ဒါဟာ တရားဥပဒေစိုးမိုးရေးအတွက် သတင်းကောင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

ဒီလိုတရားစီရင်ရေးအပိုင်းမှာ ယခင်ကထက် ကောင်းမွန်လာခဲ့ပေမယ့် အခြားတစ်ဖက်ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးအပိုင်းမှာတော့ ပြဿနာရှိနေဆဲပါ။မုဒိမ်းမှုတွေ၊ သက်ငယ်မုဒိမ်းမှုတွေကို ပြင်းပြင်းထန်ထန် အများပြည်သူက စက်ဆုပ်ရွံရှာနေချိန်မှာ လူမဆန်တဲ့ မုဒိမ်းမှုတစ်ခု လှိုင်သာယာမှာ ထပ်ဖြစ်ခဲ့ပါတယ်။ပဲခူးကနေ အိမ်ဖော်လာလုပ်တဲ့ အသက် (၁၇) နှစ်အရွယ် မိန်းကလေးကို အိမ်ရှင်အမျိုးသားက မိန်းမနဲ့သမီး မရှိချိန် စက်တင်ဘာ ၁၀ နဲ့ ၁၂ ရက်တွေမှာ အဓမ္မပြုကျင့်လို့ အိမ်ရှေ့ထွက်ငိုနေတာကို ရပ်ကွက်ကသိလို့ သက်ဆိုင်ရာကို တိုင်တန်းခဲ့တဲ့အတွက် မုဒိမ်းကျူးလွန်သူကို ဖမ်းဆီးအမှုဖွင့်ခဲ့ရပါတယ်။

ဒီလိုအမှုတွေမှာ သတိထားမိတာက အရပ်ဘက်အဖွဲ့အစည်းတွေ အခန်းကဏ္ဍပါ။ဒီဘက်ခေတ်မှာ အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းလို့ အားနည်းသူကို အားကြီးသူက အနိုင်ကျင့်တဲ့ မတရားပြီး မဖော်ရဲတဲ့အမှုတွေ အများပြည်သူရှေ့ ပေါ်ပေါက်လာရတဲ့ အမှုတွေ မနည်းသလို ထိုက်တန်တဲ့ ပြစ်ဒဏ်ကိုလည်း ပေးနိုင်ခဲ့ပါတယ်။
ဒါကိုကြည့်ရင် အရပ်ဘက်အဖွဲ့အစည်းတွေကို ဖိနှိပ်နေရာမပေးခဲ့တဲ့ ယခင်ခေတ်မှာ ဒီလိုမတရားပြုကျင့်တာတွေ၊ ငွေနဲ့ ရာထူးအာဏာ မရှိတဲ့အတွက် ဖျောက်ဖျက်ခံလိုက်ရတဲ့ အမှုတွေ ဘယ်လောက်ထိရှိမလဲဆိုတာ မတွေးဝံ့လောက်ပါဘဲ။     

ယခုသတင်းတွေက ယခုရက်ထဲဖြစ်ခဲ့တဲ့ သတင်းတွေဖြစ်တဲ့ ချင်းလူငယ်ကွန်ရက်က စစ်ကိုင်းမြို့ မီးရထားရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ရဟန်းနှစ်ပါး ရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ပွားခဲ့တဲ့သတင်း၊ မကွေးမြို့လူစည်ကားရာ နေရာသုံးခုမှာ ဒေသခံပြည်သူတွေနဲ့ ကျောင်းသားတွေကို လူလေးဦးက ဓားနဲ့လိုက်ထိုးလို့ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သတင်း၊ ထိုင်းနိုင်ငံကနေ ရောက်လာတဲ့ မြန်မာအမျိုးသမီးနှစ်ဦးထံကနေ အမေရိကန်ဒေါ်လာ နှစ်သိန်းခန့် တန်ဖိုးရှိတဲ့ တန်ဖိုးကြီး ကျောက်မျက်ရတနာ တစ်ပိဿာကျော်က ို နယူးဒေလီမြို့လေဆိပ်မှာ ဖမ်းဆီးရမိခဲ့တဲ့သတင်း၊ မြန်မာရွှေ့ပြောင်းလုပ်သား မိသားစုနှစ်စု ထိုင်းထီ ဘတ်ခြောက်သန်း (ကျပ်သိန်း ၃,၀၀၀) ဆု ပေါက်ခဲ့တဲ့သတင်း၊ တရုတ်နိုင်ငံကို စက်လှေနဲ့သွားရောက်မယ့် အမျိုးသားသုံးဦးထံမှ ကျပ်သိန်း ၇,၀၀၀ ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့တဲ့ သတင်းတွေလည်း ယခုရက်သတ္တပတ်ထဲမှာ ဖြစ်ခဲ့ပါတယ်။

အပြိုင်အဆိုင်ပြင်လာတဲ့ အခြေခံဥပဒေပြင်ဆင်ရေး

ယခင်အရပ်သားတစ်ပိုင်း အစိုးရလက်ထက်မှာ  အားထုတ်မှုမပြင်းထန်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက်မှာ အရပ်သားအာဏာရပါတီနဲ့ ယခင်အစိုးရဖြစ်ခဲ့တဲ့ အတိုက်အခံပါတီ၊ အရပ်သားအာဏာရပါတီနဲ့ တပ်မတော်ကြား အပြိုင်အဆိုင်တင်နေကြတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေက ပြည်ခိုင်ဖြိုးအမတ်များ ဦးဆောင်တင်သွင်းခဲ့တဲ့ ဥပဒေကြမ်းနှစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်က အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦးကော်မတီထဲ တစ်ပေါင်းတည်းဆွေးနွေးရန် လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတစ်ရပ်ကို တင်သွင်းခဲ့ပါတယ်။     

အဆိုပါ ဥပဒေကြမ်းတွင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၏ အရည်အချင်း သတ်မှတ်ချက်များဖြစ်သည့် အခြေခံဥပဒေပုဒ်မ ၂၃၂ (က) နှင့် ၂၆၁ (က) တို့တွင် အချက်နှစ်ချက် ထပ်မံဖြည့်စွက်ရန်ဖြစ်ပြီး ၎င်းမှာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မည့် သူကိုယ်တိုင် အပါအဝင် ၎င်း၏ မိဘတစ်ဦးဦး၊ ဇနီး၊ ခင်ပွန်းနှင့် သားသမီးများ၊ ချွေးမနှင့် သမက်တို့သည် နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်သူ (သို့မဟုတ်) နိုင်ငံခြားအစိုးရလက် အောက်ခံ၊ တိုင်းတစ်ပါး နိုင်ငံသားများ ခံစားရသော အခွင့်အရေးနှင့် ကျေးဇူးခံစားခွင့်ကို ခံစားခွင့်ရှိသူ မဖြစ်စေရလို့ဟု တပ်မတော်က ထပ်မံဖြည့်စွက်ထားပါတယ်။

တင်သွင်းသည့်  အဆိုပါ ပြင်ဆင်ရေး ဥပဒေကြမ်းအရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်၊ တိုင်း ဝန်ကြီးချုပ်များ၏ အရည်အချင်းသတ်မှတ်ချက်တွင် နာမည်ကြီး ပုဒ်မ ၅၉ (စ) ကဲ့သို့ သတ်မှတ်ချက်တစ်ခုကိုတစ်ချက် ထပ်တိုးလိုခြင်းဖြစ်ကာ ထိုသို့်တိုးခြင်းအတွက် တပ်မတော်ဘက်က နိုင်ငံခြားရဲ့ ဝင်ရောက်စွက်ဖက်မှု မရှိဖို့ဟု ဆိုပါတယ်။

ဒီပြင်ဆင်ချက်ဥပဒေကြမ်းသာ အတည်ဖြစ်ခဲ့ပါက နောက်လာမည့် ရွေးကောက်ပွဲတွင် လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှာ ပြည်ထောင်စုအစိုးရတာဝန်နှင့် ပြည်နယ်တိုင်းဒေသကြီး တာဝန်ယူရန်ပင် မဖြစ်နိုင်တဲ့ အခြေအနေပါ။ယခုတပ်ဘက်က တင်သွင်းသည့် ဥပဒေကြမ်းမှာ ယခုဥပဒေကြမ်းနှစ်ခုလို ၄၅ ဦးကော်မတီထဲ ပါဝင်သွားမလား၊ တပ်နှင့် အတိုက်အခံဘက်က ဘယ်လိုဝေဖန်မှုတွေ ထွက်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ယခုရက်သတ္တပတ်ထဲမှာ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ သတင်းက  အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ နိုင်ငံတော်သမ္မတက မြန်မာပြည်သူတွေကို ဒီမိုကရေစီပန်းတိုင် မရောက်သေးလို့ ဆက်လက်ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းခဲ့တာပါ။ဒီအခမ်းအနားမှာ သမ္မတ ဦးဝင်းမြင့် က ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတို့ ပြုလုပ်ရာမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အခြေခံစံနှုန်းများကို ဖြည့်ဆည်းပေးရန် လိုအပ်ပြီး ဒီမိုကရေစီမျိုးစေ့ကို ပြန်လည်ဖျက်ဆီးမည့် အချက်များမပါရန် လိုအပ်တယ်လို့ သတိပေးပြောခဲ့ပါတယ်။

အဆိုပါအခမ်းအနားမှာဘဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီယဉ်ကျေးမှု ရှင်သန်စေရေး ဆောင်ရွက်ရာတွင် ပြည်သူတစ်ဦးချင်းအနေဖြင့် မိမိအကျိုးနှင့် အများအကျိုး ချိန်ခွင်လျှာညီမျှစွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့ပါတယ်။

ဒီမိုကရေစီနေ့ အခမ်းအနားမှာ သက်ဆိုင်ရာ ကိုယ်စားလှယ်များက စာတမ်းဖတ်ခဲ့ကြရာမှာ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်မိုးအောင် က “နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုနေသည့် အစိုးရ၊ လွှတ်တော်တို့သည် ဥပဒေနှင့်အညီ ပြုမူဆောင်ရွက်လုပ်ကိုင်ခြင်းဖြင့် နိုင်ငံသားအားလုံးကို နမူနာကောင်းများဖြင့် လမ်းကြောင်းတည့်မတ်အောင် ဆောင်ကြဉ်း ပေးနိုင်မည် ဖြစ်တယ်လို့ ဖတ်ကြားခဲ့ပါတယ်။

ဒါ့အပြင် “လူကြားလို့ကောင်းရံုံ၊  ပရမ်းပတာ ဒီမိုကရေစီမျိုးဖြစ်လို့ မရပါဘူး။ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ ပြည့်မီစွာ အသိဉာဏ်မြင့်မြင့်၊ စည်းကမ်းရှိရှိ လိုက်နာကြရမှာဖြစ်ပါတယ်။စည်းကမ်းရှိခြင်း သဘောဟာ ထုတ်ပြန်ထားတဲ့  ဥပဒေစည်းမျဉ်းတွေကို လိုက်နာခြင်းပဲ ဖြစ်ပါတယ်” လို့ စာတမ်းကို ဖတ်ကြားခဲ့ပါတယ်။ဒီလို စာတမ်းထဲ ဖော်ပြဖတ်ကြားခဲ့တဲ့အတွက် လူမှုကွန်ရက်မှာ အငြင်းအခုံဖြစ်ခဲ့တာကလည်း ထူးခြားမှုတစ်ခုပါဘဲ။

အဆိုပါသတင်းတွေက ယခုရက်သတ္တပတ်ထဲမှာဖြစ်ခဲ့တဲ့ မြန်မာ - တရုတ် နယ်နိမိတ်တိုင်းတာစစ်ဆေးခြင်းကို လက်ရှိအစိုးရလက်ထက်မှ ပထမဆုံးအကြိမ် နှစ်နိုင်ငံပူးပေါင်း၍ တိုင်းတာစစ်ဆေးရန် စီစဉ်နေတဲ့သတင်း၊ ရန်ကုန်မြို့တွင်း ညောင်တုန်းဘုန်းကြီးကျောင်းတိုက်၊ အိန္ဒိယဧကရာဇ် ဇဘာရှားဂူဗိမာန်၊ ဘားလမ်း မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ၊ ဟိန္ဒူဘုရားကျောင်းနှင့် ကက်သလစ် သီလရှင်လေးများ ဘိုးဘွားရိပ်သာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သွားရောက်လှူဒါန်းခဲ့တဲ့သတင်း၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ဥရောပသမဂ္ဂပါလီမန်က ချမှတ်ခဲ့တဲ့သတင်း၊  မြဝတီမြို့ရှိ တရုတ်စာဖြင့် ရေးသားထားသော ဆိုင်းဘုတ်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံဖြုတ်သိမ်းခဲ့တဲ့ သတင်းတွေ ယခုရက်သတ္တပတ်ထဲ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
စက်တင်ဘာ - ၂၀

( Zawgyi )

ယခုရက္သတၱပတ္ထဲျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ သတိထားမိစရာ သတင္းေတြ ရွိခဲ့ပါတယ္။ေျမာက္ပိုင္းမဟာမိတ္ေလးဖြဲ႕နဲ႔ အစိုးရ၊ တပ္မေတာ္ကိုယ္စားလွယ္တို႔ က်ိဳင္းတုံမွာ ေဆြးေႏြးတဲ့သတင္း၊ မူဆယ္မွာ ျပည့္တန္ဆာအလိုရွိေၾကာင္း ေၾကျငာအကပ္ခံရတဲ့သတင္း၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီး ဦးေက်ာ္တင့္ေဆြ ေခါင္းေဆာင္သည့္ ျမန္မာကိုယ္စားလွယ္အဖြဲ႕သည္ (၇၄) ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံ တက္ေရာက္ရန္ သြားေရာက္တဲ့သတင္း၊ ဖားကန႔္ၿမိဳ႕နယ္ရွိ ေက်း႐ြာတစ္႐ြာအနီး ၿဂိဳဟ္တုအပိုင္းအစဟု ယူဆထားတဲ့ အရာဝတၱဳတစ္ခု ေကာင္းကင္ကေန ျပဳတ္က်ခဲ့တဲ့သတင္း၊ အဂတိအမႈစစ္ေဆးစဥ္ က်င့္ဝတ္ႏွင့္ အမိန႔္ၫႊန္ၾကားခ်က္ကို ေဖာက္ဖ်က္တဲ့ ေကာ္မရွင္အရာရွိကို အၿငိမ္းစားယူ အေရးယူခဲ့တဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြက ယခုရက္သတၱပတ္ထဲျဖစ္ခဲ့တဲ့ ေနျပည္ေတာ္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲသို႔ တ႐ုတ္ႏိုင္ငံသားသုံးဦး ႏိုင္ငံသားစစ္ေဆးေရးကတ္အတုနဲ႔ ဝင္ေရာက္လို႔ အမႈဖြင့္စစ္ေဆးေနတဲ့သတင္း၊ စစ္အာဏာရွင္စနစ္က ၂၀၀၈ အေျခခံဥပေဒကို အကာအကြယ္ယူကာ တိုင္းရင္းသား ျပည္သူလူထုတစ္ရပ္လုံးအေပၚ ဖိႏွိပ္ခ်ဳပ္ခ်ယ္ေနဆဲျဖစ္တယ္လို႔  ေ႐ႊဝါေရာင္ ဦးေဆာင္ဆရာေတာ္မ်ားက မိန႔္ၾကားခဲ့တဲ့သတင္း၊ ခ်င္းျပည္နယ္ ဟားခါးမွာ ဗိုလ္ခ်ဳပ္႐ုပ္တု စိုက္ထူရန္ ႀကိဳးပမ္းေနျခင္းကို အျပင္းအထန္ ကန႔္ကြက္ရႈတ္ခ်ခဲ့တဲ့သတင္း၊ ရန္ကုန္ - မႏၲေလး ရထားလမ္း အဆင့္ျမႇင့္တင္ျခင္း စီမံကိန္းအတြက္ တည္ေဆာက္ေရးလုပ္ငန္းမ်ားကို ေအာက္တိုဘာ ၁ ရက္မွာ စတင္မယ့္သတင္း၊ ရန္ကုန္ဘူတာႀကီး အဆင့္ျမႇင့္တင္ျခင္း စီမံကိန္းမွာ တ႐ုတ္ႏိုင္ငံမွ Sino Great Wall ကုမၸဏီ ေဒဝါလီခံ ႏုတ္ထြက္သြားလို႔ ဂ်ပန္ Sumitomo ေကာ္ပိုေရးရွင္း အစားဝင္ေရာက္လာတဲ့သတင္း၊ ေ႐ႊလင္ဗန္းစက္မႈဇုန္ရွိ Natural Garment အထည္ခ်ဳပ္စက္႐ုံ ဆႏၵျပမႈမွာ ပိတ္မိေနသည့္ တ႐ုတ္ႏိုင္ငံသား အလုပ္သမားမ်ားကို ျပန္လႊတ္ေပးခဲ့တဲ့သတင္း၊ ရန္ကုန္ေလဆိပ္ ၁၉ နာရီခန႔္ ပိတ္ခဲ့ရတဲ့ တပ္မေတာ္ Y8 ေလယာဥ္ ေျပးလမ္းေခ်ာ္တဲ့ ျဖစ္စဥ္ကို စုံစမ္းေဖာ္ထုတ္ဖို႔ ပို႔/ဆက္ ျပည္ေထာင္စုဝန္ႀကီးက ၫႊန္ၾကားထားတဲ့သတင္း၊ ကုလသမဂၢ ညီလာခံကာလအတြင္း တ႐ုတ္က ၾကားဝင္၍ ျမန္မာ၊ တ႐ုတ္ႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံၾကား သုံးႏိုင္ငံဝန္ႀကီးအဆင့္ ေဆြးေႏြးပြဲျပဳလုပ္မယ့္ သတင္းေတြလည္း ယခုရက္သတၱပတ္ထဲမွာ ျဖစ္ခဲ့ပါတယ္။

ေဆြးေႏြးပြဲလား ေဈးဆစ္ပြဲလား    

ရွမ္းေျမာက္ပိုင္းမွာ ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႕က ေဖာ္ေဆာင္ခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ တိတ္ဆိတ္ေနခဲ့တဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြက ျပန္ၿပီးလြန႔္လူးလာပါတယ္။ၾသဂုတ္လအတြင္း တ႐ုတ္ဘက္က ကမကထျပဳမႈနဲ႔ တအာင္းအဖြဲ႕ (TNLA)၊ ကိုးကန႔္အဖြဲ႕ (MNDAA)၊ ရခိုင္အဖြဲ႕ (AA) တို႔နဲ႔ အစိုးရ ၿငိမ္းခ်မ္းေရးေကာ္မရွင္တို႔ ေဆြးေႏြးပြဲက အေျဖမထြက္ခဲ့ေပမယ့္ ဒုတိယအႀကိမ္ ေဆြးေႏြးမႈအတြက္ အေျခခံသေဘာတူညီမႈေတြ ရခဲ့ပါတယ္။စက္တင္ဘာ ၁၇/၁၈ ရက္ေတြမွာ ေျမာက္ပိုင္းမဟာမိတ္ေလးဖြဲ႕ ေတြ႕ဆုံမႈအတြက္ အစိုးရဘက္က အဆိုျပဳတဲ့အတိုင္း က်ိဳင္းတုံမွာ ျပဳလုပ္ခဲ့ပါတယ္။

ဒီက်ိဳင္းတုံေဆြးေႏြးပြဲကို အစိုးရဘက္က (NRPC) ဒုဥကၠ႒ ဦးထြန္းထြန္းဦး၊ တပ္မေတာ္မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီးအဆင့္ရွိ အဆင့္ျမင့္အရာရွိသုံးဦးတို႔ တက္ေရာက္ခဲ့သလို ကခ်င္အဖြဲ႕ (KIO/KIA)၊ တအာင္းအဖြဲ႕ (TNLA)၊ ကိုးကန႔္အဖြဲ႕ (MNDAA)၊ ရခိုင္အဖြဲ႕ (AA) တို႔မွ ေခါင္းေဆာင္ကိုယ္စားလွယ္ေတြ တက္ေရာက္ခဲ့ပါတယ္။တိုက္ပြဲေတြက ေဆြးေႏြးပြဲမတိုင္မီ စက္တင္ဘာ ၁၃ ရက္ကစ၍ ရွမ္းျပည္ေျမာက္ပိုင္း နမ့္ဆန္တြင္ တပ္မေတာ္ႏွင့္ TNLA တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ရာ ေဆြးေႏြးပြဲရက္နီးသျဖင့္ ေဆြးေႏြးပြဲကို စက္ တင္ဘာ ၁၇ ရက္မွာ က်င္းပျဖစ္ရဲ႕လားဆိုတဲ့ စိုးရိမ္မႈေတြရွိေသာ္လည္း အဆိုပါရက္တြင္ မူလအစီအစဥ္အတိုင္း က်င္းပျဖစ္ခဲ့ပါတယ္။    

စက္တင္ဘာလ ၁၇ ရက္ က်ိဳင္းတုံၿမိဳ႕ Amazing Resort ဟိုတယ္မွာ အစိုးရႏွင့္ ေျမာက္ပိုင္းလက္နက္ကိုင္ေလးဖြဲ႕တို႔၏ အပစ္ရပ္ေဆြးေႏြးပြဲကို က်င္းပခဲ့ရာမွာ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕မ်ားႏွင့္ အစိုးရအၾကား ပဏာမ အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ (Bilateral) ခ်ဳပ္ဆိုႏိုင္ေရးအတြက္ လက္ရွိ တပ္မေတာ္ႏွင့္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕မ်ားအၾကား ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ား စစ္ရွိန္ေလွ်ာ့ခ်ေရးႏွင့္ တပ္ေနရာခ်ထားေရး ကိစၥမ်ားကို ေဆြးေႏြးခဲ့ၾကပါတယ္။ေဆြးေႏြးမႈေတြက တစ္ရက္ၾကာခဲ့ေပမယ့္ ျပည္သူအမ်ား ေမွ်ာ္လင့္ခဲ့တဲ့ Bilateral အပစ္ရပ္စဲေရး လက္မွတ္ေရးထိုးတဲ့အထိ မရခဲ့ပါဘူး။

ဒီေဆြးေႏြးပြဲက အစိုးရႏွင့္ ေျမာက္ပိုင္းေလးဖြဲ႕တို႔၏ ေဆြးေႏြးေရး ျဖစ္စဥ္မ်ားထဲမွာ NRPC ဒုဥကၠ႒ႏွင့္ တပ္မေတာ္ေဆြးေႏြးညႇိႏႈိင္းေရးအဖြဲ႕မွ အဆင့္ျမင့္အရာရွိႀကီးမ်ား ပထမဆုံးအႀကိမ္ တက္ေရာက္တဲ့ပြဲျဖစ္သလို  Bilateral Agreement အထိ သေဘာတူညီမႈရခဲ့ရင္ လက္မွတ္ထိုးဖို႔အထိ အစိုးရဘက္နဲ႔ တပ္မေတာ္ဘက္က ျပင္ဆင္ခဲ့ၿပီး ေျမာက္ပိုင္းလက္နက္ကိုင္ေလးဖြဲ႕က သေဘာတူညီမႈရဖို႔အထိသာ ရည္႐ြယ္ၿပီး လက္မွတ္ထိုးတဲ့အဆင့္ထိ မပါခဲ့တဲ့အတြက္ Bilateral Agreement အတြက္ လာမယ့္ ေအာက္တိုဘာမွာ ျပန္ေတြ႕ဆုံဖို႔ ျဖစ္လာပါတယ္။

ျပည္သူအမ်ား ေမွ်ာ္လင့္ခဲ့တဲ့ က်ိဳင္းတုံေဆြးေႏြးပြဲမွာ Bilateral အပစ္ရပ္စဲေရး လက္မွတ္ေရးထိုးရန္၊ လက္ရွိ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားရပ္တန႔္ေရး ေဆာင္႐ြက္ရန္၊ တိုက္ပြဲေရွာင္ျပည္သူမ်ားကိစၥ၊ တပ္ပိုင္းဆိုင္ရာ ႏွစ္ဖက္လိုက္နာရမည့္ စည္းမ်ဥ္းစည္းကမ္း သတ္မွတ္ခ်က္မ်ားကို တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ႏွင့္ ဆက္လက္ေဆြးေႏြးရန္၊ ဆက္သြယ္ေရးစနစ္ႏွင့္ ဆက္ဆံေရး႐ုံးမ်ား ထားရွိရန္၊ ယုံၾကည္မႈတည္ေဆာက္ေရး ႏွစ္ဖက္ဖမ္းဆီးခ်ဳပ္ေႏွာင္  အေရးယူျခင္းဆိုင္ရာ ကိစၥမ်ား ေျဖရွင္းရန္၊ NCA ႏွင့္ ပတ္သက္ၿပီး ႏွစ္ဖက္လက္ခံႏိုင္မည့္ လုပ္ငန္းစဥ္ေဖာ္ေဆာင္ရန္၊ ပစ္ခတ္တိုက္ခိုက္မႈ ခိုင္မာေရးအတြက္ ေစ့စပ္ညႇိႏႈိင္း ေျဖရွင္းေပးမည့္ ႏွစ္ဖက္သေဘာတူ လက္ခံသည့္စနစ္ (သို႔မဟုတ္) ယႏၲရားေဖာ္ေဆာင္ရန္ စတဲ့ အေၾကာင္းအရာ ခုနစ္ခ်က္ကိုေတာ့ အစည္းအေဝးမွတ္တမ္းအျဖစ္ သေဘာတူ လက္မွတ္ေရးထိုးႏိုင္ခဲ့ပါတယ္။

မၿငိမ္ခ်မ္းတဲ့ တိုင္းျပည္အတြက္ တိုက္ပြဲေတြျဖစ္ပြားေနတဲ့ ေဒသက တိုင္းရင္းသားေတြအျပင္ ျပည္ပဖိအားႀကဳံေနရတဲ့ တိုင္းျပည္အေျခအေနမွာ အားလုံးက အပစ္ရပ္စဲေရး လက္မွတ္ေရးထိုးကို ၿငိမ္းခ်မ္းေရးအတြက္ အျပဳသေဘာေဆာင္တဲ့ တိုးတက္မႈအျဖစ္ ျပည္သူေတြက ျမင္ခ်င္ၾကပါတယ္။ဒါေပမယ့္ ျပည္တြင္းၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြက ယခင္ကအတိုင္း ဖန္တစ္ရာေတ ဇာတ္ေမ်ာႀကီးလိုဘဲ ယခုတစ္ခါမွလည္း ေဈးဆစ္ၾက၊ ျပန္ခ်ိန္းၾကျဖစ္လာတဲ့အတြက္ ၿငိမ္ခ်မ္းေရးကို ေမွ်ာ္လင့္တဲ့ ျပည္သူေတြအတြက္ စိတ္အားေလ်ာ့ခဲ့ပါတယ္။တိုက္ပြဲေဘးက ေဝးေနတဲ့ ျပည္မႀကီးက လူေတြေတာင္ ဒီေဆြးေႏြးပြဲအေပၚ ဒီေလာက္ထိ ေမွ်ာ္လင့္တႀကီးျဖစ္ခဲ့ရင္ တိုက္ပြဲေတြေၾကာင့္ ေသေၾကရတဲ့၊ ေနရပ္စြန႔္ခြာရတဲ့သူေတြအတြက္ ဘယ္ေလာက္ထိ အပစ္ရပ္စဲေရးကို ေမွ်ာ္လင့္ေနမယ္ဆိုတာ ေျပာစရာလိုေတာ့မွာ မဟုတ္ပါဘူး။သူတို႔အဖို႔ အပစ္ခတ္ တစ္ရက္တိုးတာက သူတို႔အသက္ကို တစ္ရက္ေစာၿပီး အာမခံေပးတာဘဲ ျဖစ္ပါတယ္။

လာမယ့္ ေအာက္တိုဘာမွာ ေဆြးေႏြးပြဲေတြ ရွိေသးတယ္ဆိုေပမယ့္ ဒီၾကားထဲ တိုက္ပြဲေတြျဖစ္တာ ေသေၾကေနတာေတြ ျဖစ္ေနဦးမွာ အေသအခ်ာမို႔ အမ်ားျပည္သူကေတာ့ အပစ္ရပ္လက္မွတ္ မထိုးႏိုင္ေသးသေ႐ြ႕ မိသားစုထဲက ဘယ္သူေတြ ေသၾကပ်က္စီးရဦးမလဲဆိုတာကိုေတြးၿပီး စိတ္မေအးစရာပါ။

ဒီသတင္းေတြက ရခိုင္ေဒသမွာျဖစ္တဲ့ တိုက္ပြဲေတြေၾကာင့္ ရခိုင္စစ္ေဘးဒုကၡသည္ အေရအတြက္ ယခင္ကထက္ ေလးေထာင္ခန႔္ ထပ္တိုးလာတဲ့သတင္း၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ဆန္ႏွင့္ နမ့္ဖက္ကာ ေဒသ၌ တိုက္ပြဲျဖစ္ခဲ့ၿပီး ကေလးငယ္တစ္ဦး လက္နက္ႀကီး က်ည္စထိမွန္ ဒဏ္ရာရခဲ့တဲ့သတင္း၊ တပ္မေတာ္ႏွင့္ ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) တို႔အၾကား ျဖစ္ပြားတဲ့ တိုက္ပြဲမ်ားေၾကာင့္ ေသဆုံးခဲ့ရတဲ့ အရပ္သားမ်ားအတြက္ ဝမ္းနည္းေၾကာင္း အဆိုကို ရခိုင္ျပည္နယ္လႊတ္ေတာ္က ကန႔္ကြက္သူမရွိ အတည္ျပဳတဲ့သတင္း စတဲ့ ယခုရက္သတၱပတ္ထဲမွာျဖစ္ခဲ့တဲ့ တိုင္းရင္းသားေတြနဲ႔ တိုက္ပြဲသတင္းေတြထဲ စိတ္ေလွ်ာ့စရာ သတင္းျဖစ္ခဲ့ပါတယ္။

လုပ္လို႔ရလို႔ လုပ္ေနၾကတာလား၊ လူမဆန္တာလား

ယခုရက္သတၱပတ္ျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ မုဒိမ္းမႈ၊ လူမဆန္စြာ ႏွိပ္စက္ခိုင္းေစမႈနဲ႔ သတ္ျဖတ္ခဲ့မႈ သတင္းေတြက သတင္းဖတ္သူေတြကို ထိတ္လန႔္ေစခဲ့သလို ထိုအမႈက်ဴးလြန္သူေတြအေပၚ အျပစ္ဒဏ္ခ်တာ၊ တရားစြဲအမႈဖြင့္တာေတြက အတိုင္းအတာတစ္ခုအထိ စိတ္ေက်နပ္ေစခဲ့ပါတယ္။

ယခုလ ၁၅ ရက္က မူဆယ္မွာျဖစ္ခဲ့တဲ့ “ျပည့္တန္ဆာ အလိုရွိေၾကာင္း” ေၾကာ္ျငာစာ႐ြက္ကပ္တဲ့ ကိစၥက လူမႈကြန္ရက္မွာ ျမင္ရၾကားရတဲ့ အမ်ားျပည္သူစိတ္ကို ေဒါသထြက္ေစခဲ့ပါတယ္။ဒီျဖစ္ရပ္က တရားခံေဖာ္ထုတ္လို႔မရခဲ့တဲ့ ၂၀၁၈ ႏိုဝင္ဘာက “တ႐ုတ္အမ်ိဳးသားမ်ားအတြက္ အငွားကိုယ္ဝန္ေဆာင္အမ်ိဳးသမီး အလိုရွိေၾကာင္း” ေၾကာ္ျငာစာ႐ြက္ေတြ မူဆယ္ၿမိဳ႕က လူစည္ကားရာ ေနရာေတြမွာ အကပ္ခံရၿပီး ထပ္မံျဖစ္ခဲ့တဲ့ ျဖစ္ရပ္ပါ။

ယခုျဖစ္ရပ္မွာေတာ့ ျပည့္တန္ဆာလုပ္ရန္ အမ်ိဳးသမီး ၂၅ ဦး အလိုရွိေၾကာင္း ေၾကာ္ျငာစာ႐ြက္မ်ား ကပ္ခိုင္းခဲ့သည့္ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသားသုံးဦးႏွင့္ အမ်ိဳးသမီးႏွစ္ဦးကို ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕က အဆိုပါေၾကျငာကပ္တဲ့ စက္တင္ဘာ ၁၅ ရက္ ေန႔လယ္မွာဘဲ ဖမ္းဆီးႏိုင္ခဲ့ပါတယ္။အဆိုပါေၾကျငာစာ႐ြက္ ကပ္ထားတဲ့ပုံေတြ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ အုပ္ခ်ဳပ္ေရးတာဝန္ရွိသူေတြကို ေဝဖန္မႈေတြ ျပင္းထန္လာခဲ့တဲ့အတြက္ ရဲတပ္ဖြဲ႕က ေၾကျငာပါ ဖုန္းနံပါတ္အတိုင္း မူဆယ္ေဒသခံတစ္ဦးအေနျဖင့္  ဖုန္းဆက္သြယ္ခဲ့ရာမွ ျမန္မာ - တ႐ုတ္ နယ္စပ္ နန္းေတာ္ေပါက္အနီးရွိ အိမ္တစ္အိမ္မွ တ႐ုတ္ႏိုင္ငံသားငါးဦးကို ဖမ္းဆီးႏိုင္ခဲ့တာပါ။

လက္ရွိမွာ ဖမ္းဆီးထိန္းသိမ္းထားေသာသူ ငါးဦးကို စစ္ေဆးေနဆဲျဖစ္ၿပီး ဥပေဒအတိုင္း အေရးယူမည္ ဆိုခဲ့ေပမယ္ လူမႈကြန္ရက္မွာေတာ့ ဒီဖမ္းထားတဲ့သူေတြကို မွတ္ေလာက္သားေလာက္ေအာင္ ျပစ္ဒဏ္ေပးဖို႔နဲ႔ က်ဴးလြန္သူေတြရဲ႕ ႏိုင္ငံမွာ ဒီလိုလြယ္လင့္တကူ ေၾကျငာကပ္ခြင့္ရမလားဆိုတဲ့ တရားဥပေဒစိုးမိုးေရးနဲ႔ ပတ္သက္တဲ့ ေမးခြန္းေတြ ထြက္လာခဲ့ပါတယ္။ဒီအမႈအတြက္ အမ်ားျပည္သူက အာဏာပိုင္ေတြ ဘယ္လိုဆုံးျဖတ္မလဲဆိုတာ ဘယ္လိုတရားစီရင္မလဲဆိုတာ ေစာင့္ၾကည့္ေနမွာျဖစ္ပါတယ္။

ေနာက္ထပ္ သတိထားမိတဲ့ သတင္းက မႏၲေလးမွာျဖစ္ခဲ့တဲ့  အိမ္အကူ အမ်ိဳးသမီးငယ္တစ္ဦးကို ေနအိမ္ထဲ ၈ ႏွစ္ၾကာ ေလွာင္ပိတ္ၿပီး ႏွိပ္စက္ခဲ့တဲ့ အမႈပါ။ဒီအမႈက ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္က တရားစတင္ စြဲဆိုခဲ့တာျဖစ္ၿပီး ယခုႏွစ္ ေဖေဖၚဝါရီလမွာ အမႈတစ္ခုအတြက္ စီရင္ခ်က္ခ်ခဲ့ၿပီး ယခုရက္သတၱပတ္မွာ ေနာက္ထပ္စြဲဆိုတဲ့ အမႈကို အမိန႔္ခ်ခဲ့တာပါ။

ဒီအမႈက ရွမ္းျပည္နယ္ ေတာင္ပိုင္း ႐ြာငံၿမိဳ႕နယ္ထဲကေန မႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္ထဲက စတိုးဆိုင္မွာ လာလုပ္ေနတဲ့ တိုင္းရင္းသူပါ။အဆိုပါအိမ္ကိုေရာက္ၿပီး ႏွစ္ႏွစ္အၾကာမွာ အိမ္ပိုင္ရွင္အမ်ိဳးသမီးရဲ႕ ေခြၽးမက အက္ဆစ္နဲ႔ ေလာင္းခဲ့လို႔ အိမ္အကူအမ်ိဳးသမီး၏ ဦးေခါင္းတစ္ျခမ္း ေလာင္ကြၽမ္းၿပီး မ်က္လုံးတစ္ဖက္ ကြယ္ခဲ့ကာ အခန္းတစ္ခုထဲမွာ ရွစ္ႏွစ္ၾကာ ပိတ္ေလွာင္ခံခဲ့ရပါတယ္။ဒီလိုပိတ္ေလွာင္ခံထားရတာကေန လြတ္ေျမာက္ေရးအတြက္ အခြင့္ေခ်ာင္းေနစဥ္ ၂၀၁၈ ခုႏွစ္မွာ အဆိုပါအမ်ိဳးသမီးက ထြက္ေျပးလြတ္ေျမာက္ခဲ့ပါတယ္။ဒီလိုဆိုး႐ြားတဲ့ လူမဆန္တဲ့ ျဖစ္ရပ္အတြက္ အရပ္ဘက္အဖြဲ႕အစည္းေတြ ပူးေပါင္းၿပီး ေဖာ္ထုတ္တရားစြဲဆိုရာမွာ ယခုႏွစ္ ေဖေဖၚဝါရီလထဲမွာ အျပင္းအထန္နာက်င္ေစမႈျဖင့္ အိမ္ပိုင္ရွင္၏ ေခြၽးမျဖစ္ကို ေထာင္ဒဏ္ခုနစ္ႏွစ္ အမိန႔္ခ်မွတ္ႏိုင္ခဲ့ၿပီး ယခုရက္သတၱပတ္ထဲမွာေတာ့ အိမ္ပိုင္ရွင္ အမ်ိဳးသမီးႏွင့္ ေခြၽးမေတာ္စပ္သူကို အခန္းအတြင္း ပိတ္ေလွာင္ထားတဲ့အတြက္ လူကုန္ကူးမႈနဲ႔  ၁၅ ႏွစ္ ထပ္ခ်ခဲ့ပါတယ္။

ဒီျပစ္ဒဏ္ဟာ က်ဴးလြန္သူအတြက္ မ်ားတယ္လို႔ ယူဆေပမယ့္ က်ဴးလြန္ခံရသူအတြက္ကေတာ့ ေက်နပ္ေလာက္တဲ့ အေျဖမဟုတ္ပါဘူး။ဒါေပမယ့္ ဒီလိုျဖစ္ရပ္ေတြ၊ ျဖစ္စဥ္ေတြဟာ ယခင္ေခတ္ကသာဆို ၿပီးလြယ္စီးလြယ္နဲ႔ ေမ့ေမ့ေပ်ာက္ေပ်ာက္ လ်စ္လ်ဴရႈခံရၿပီး ေငြ၊ ရာထူးအာဏာေတြေၾကာင့္ အမ်ားျပည္သူ ျမင္ကြင္းေရွ႕ကို ေရာက္လာႏိုင္မွာ မဟုတ္သလို က်ဴးလြန္သူကိုလဲ အျပစ္ေပးႏိုင္မွာလဲ မဟုတ္ပါဘူး။ဒါအေသအခ်ာပါဘဲ။ယခု အရပ္သားအစိုးရလက္ထက္မွာေတာ့ လူျဖစ္ၿပီး လူမဆန္တဲ့သူေတြအတြက္ သတိေပးေခါင္းေလာင္းထိုးတဲ့အေနနဲ႔ ဒီလိုျပင္းထန္တဲ့ျပစ္ဒဏ္ ခ်မွတ္ခံရတာျဖစ္ၿပီး ဒါဟာ တရားဥပေဒစိုးမိုးေရးအတြက္ သတင္းေကာင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

ဒီလိုတရားစီရင္ေရးအပိုင္းမွာ ယခင္ကထက္ ေကာင္းမြန္လာခဲ့ေပမယ့္ အျခားတစ္ဖက္ျဖစ္တဲ့ တရားဥပေဒစိုးမိုးေရးအပိုင္းမွာေတာ့ ျပႆနာရွိေနဆဲပါ။မုဒိမ္းမႈေတြ၊ သက္ငယ္မုဒိမ္းမႈေတြကို ျပင္းျပင္းထန္ထန္ အမ်ားျပည္သူက စက္ဆုပ္႐ြံရွာေနခ်ိန္မွာ လူမဆန္တဲ့ မုဒိမ္းမႈတစ္ခု လႈိင္သာယာမွာ ထပ္ျဖစ္ခဲ့ပါတယ္။ပဲခူးကေန အိမ္ေဖာ္လာလုပ္တဲ့ အသက္ (၁၇) ႏွစ္အ႐ြယ္ မိန္းကေလးကို အိမ္ရွင္အမ်ိဳးသားက မိန္းမနဲ႔သမီး မရွိခ်ိန္ စက္တင္ဘာ ၁၀ နဲ႔ ၁၂ ရက္ေတြမွာ အဓမၼျပဳက်င့္လို႔ အိမ္ေရွ႕ထြက္ငိုေနတာကို ရပ္ကြက္ကသိလို႔ သက္ဆိုင္ရာကို တိုင္တန္းခဲ့တဲ့အတြက္ မုဒိမ္းက်ဴးလြန္သူကို ဖမ္းဆီးအမႈဖြင့္ခဲ့ရပါတယ္။

ဒီလိုအမႈေတြမွာ သတိထားမိတာက အရပ္ဘက္အဖြဲ႕အစည္းေတြ အခန္းက႑ပါ။ဒီဘက္ေခတ္မွာ အရပ္ဘက္အဖြဲ႕အစည္းေတြ အားေကာင္းလို႔ အားနည္းသူကို အားႀကီးသူက အႏိုင္က်င့္တဲ့ မတရားၿပီး မေဖာ္ရဲတဲ့အမႈေတြ အမ်ားျပည္သူေရွ႕ ေပၚေပါက္လာရတဲ့ အမႈေတြ မနည္းသလို ထိုက္တန္တဲ့ ျပစ္ဒဏ္ကိုလည္း ေပးႏိုင္ခဲ့ပါတယ္။
ဒါကိုၾကည့္ရင္ အရပ္ဘက္အဖြဲ႕အစည္းေတြကို ဖိႏွိပ္ေနရာမေပးခဲ့တဲ့ ယခင္ေခတ္မွာ ဒီလိုမတရားျပဳက်င့္တာေတြ၊ ေငြနဲ႔ ရာထူးအာဏာ မရွိတဲ့အတြက္ ေဖ်ာက္ဖ်က္ခံလိုက္ရတဲ့ အမႈေတြ ဘယ္ေလာက္ထိရွိမလဲဆိုတာ မေတြးဝံ့ေလာက္ပါဘဲ။     

ယခုသတင္းေတြက ယခုရက္ထဲျဖစ္ခဲ့တဲ့ သတင္းေတြျဖစ္တဲ့ ခ်င္းလူငယ္ကြန္ရက္က စစ္ကိုင္းၿမိဳ႕ မီးရထားရပ္ကြက္ရွိ ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းမွာ ရဟန္းႏွစ္ပါး ရန္ျဖစ္ၿပီး ဓားထိုးမႈျဖစ္ပြားခဲ့တဲ့သတင္း၊ မေကြးၿမိဳ႕လူစည္ကားရာ ေနရာသုံးခုမွာ ေဒသခံျပည္သူေတြနဲ႔ ေက်ာင္းသားေတြကို လူေလးဦးက ဓားနဲ႔လိုက္ထိုးလို႔ ျပည္သူတခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့သတင္း၊ ထိုင္းႏိုင္ငံကေန ေရာက္လာတဲ့ ျမန္မာအမ်ိဳးသမီးႏွစ္ဦးထံကေန အေမရိကန္ေဒၚလာ ႏွစ္သိန္းခန႔္ တန္ဖိုးရွိတဲ့ တန္ဖိုးႀကီး ေက်ာက္မ်က္ရတနာ တစ္ပိႆာေက်ာ္က ို နယူးေဒလီၿမိဳ႕ေလဆိပ္မွာ ဖမ္းဆီးရမိခဲ့တဲ့သတင္း၊ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား မိသားစုႏွစ္စု ထိုင္းထီ ဘတ္ေျခာက္သန္း (က်ပ္သိန္း ၃,၀၀၀) ဆု ေပါက္ခဲ့တဲ့သတင္း၊ တ႐ုတ္ႏိုင္ငံကို စက္ေလွနဲ႔သြားေရာက္မယ့္ အမ်ိဳးသားသုံးဦးထံမွ က်ပ္သိန္း ၇,၀၀၀ ဖိုးရွိ ဘိန္းျဖဴမ်ား ဖမ္းဆီးရမိခဲ့တဲ့ သတင္းေတြလည္း ယခုရက္သတၱပတ္ထဲမွာ ျဖစ္ခဲ့ပါတယ္။

အၿပိဳင္အဆိုင္ျပင္လာတဲ့ အေျခခံဥပေဒျပင္ဆင္ေရး

ယခင္အရပ္သားတစ္ပိုင္း အစိုးရလက္ထက္မွာ  အားထုတ္မႈမျပင္းထန္ခဲ့တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးကိစၥဟာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္လက္ထက္မွာ အရပ္သားအာဏာရပါတီနဲ႔ ယခင္အစိုးရျဖစ္ခဲ့တဲ့ အတိုက္အခံပါတီ၊ အရပ္သားအာဏာရပါတီနဲ႔ တပ္မေတာ္ၾကား အၿပိဳင္အဆိုင္တင္ေနၾကတာကို ေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့ လပိုင္းေတြက ျပည္ခိုင္ၿဖိဳးအမတ္မ်ား ဦးေဆာင္တင္သြင္းခဲ့တဲ့ ဥပေဒၾကမ္းႏွစ္ရပ္ကို ျပည္ေထာင္စုလႊတ္ေတာ္က အေျခခံဥပေဒျပင္ဆင္ေရး ၄၅ ဦးေကာ္မတီထဲ တစ္ေပါင္းတည္းေဆြးေႏြးရန္ လႊတ္ေတာ္က မဲခြဲဆုံးျဖတ္ခဲ့ၿပီးေနာက္မွာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္အစုအဖြဲ႕က ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္တဲ့ ဥပေဒၾကမ္းတစ္ရပ္ကို တင္သြင္းခဲ့ပါတယ္။     

အဆိုပါ ဥပေဒၾကမ္းတြင္ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္မ်ား၏ အရည္အခ်င္း သတ္မွတ္ခ်က္မ်ားျဖစ္သည့္ အေျခခံဥပေဒပုဒ္မ ၂၃၂ (က) ႏွင့္ ၂၆၁ (က) တို႔တြင္ အခ်က္ႏွစ္ခ်က္ ထပ္မံျဖည့္စြက္ရန္ျဖစ္ၿပီး ၎မွာ ျပည္ေထာင္စုဝန္ႀကီး၊ တိုင္းႏွင့္ ျပည္နယ္ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္မည့္ သူကိုယ္တိုင္ အပါအဝင္ ၎၏ မိဘတစ္ဦးဦး၊ ဇနီး၊ ခင္ပြန္းႏွင့္ သားသမီးမ်ား၊ ေခြၽးမႏွင့္ သမက္တို႔သည္ ႏိုင္ငံျခားအစိုးရ၏ ေက်းဇူးသစၥာကို ခံယူေစာင့္ေရွာက္သူ (သို႔မဟုတ္) ႏိုင္ငံျခားအစိုးရလက္ ေအာက္ခံ၊ တိုင္းတစ္ပါး ႏိုင္ငံသားမ်ား ခံစားရေသာ အခြင့္အေရးႏွင့္ ေက်းဇူးခံစားခြင့္ကို ခံစားခြင့္ရွိသူ မျဖစ္ေစရလို႔ဟု တပ္မေတာ္က ထပ္မံျဖည့္စြက္ထားပါတယ္။

တင္သြင္းသည့္  အဆိုပါ ျပင္ဆင္ေရး ဥပေဒၾကမ္းအရ ျပည္ေထာင္စုဝန္ႀကီးႏွင့္ ျပည္နယ္၊ တိုင္း ဝန္ႀကီးခ်ဳပ္မ်ား၏ အရည္အခ်င္းသတ္မွတ္ခ်က္တြင္ နာမည္ႀကီး ပုဒ္မ ၅၉ (စ) ကဲ့သို႔ သတ္မွတ္ခ်က္တစ္ခုကိုတစ္ခ်က္ ထပ္တိုးလိုျခင္းျဖစ္ကာ ထိုသို႔္တိုးျခင္းအတြက္ တပ္မေတာ္ဘက္က ႏိုင္ငံျခားရဲ႕ ဝင္ေရာက္စြက္ဖက္မႈ မရွိဖို႔ဟု ဆိုပါတယ္။

ဒီျပင္ဆင္ခ်က္ဥပေဒၾကမ္းသာ အတည္ျဖစ္ခဲ့ပါက ေနာက္လာမည့္ ေ႐ြးေကာက္ပြဲတြင္ လက္ရွိ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မွာ ျပည္ေထာင္စုအစိုးရတာဝန္ႏွင့္ ျပည္နယ္တိုင္းေဒသႀကီး တာဝန္ယူရန္ပင္ မျဖစ္ႏိုင္တဲ့ အေျခအေနပါ။ယခုတပ္ဘက္က တင္သြင္းသည့္ ဥပေဒၾကမ္းမွာ ယခုဥပေဒၾကမ္းႏွစ္ခုလို ၄၅ ဦးေကာ္မတီထဲ ပါဝင္သြားမလား၊ တပ္ႏွင့္ အတိုက္အခံဘက္က ဘယ္လိုေဝဖန္မႈေတြ ထြက္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ယခုရက္သတၱပတ္ထဲမွာ ေနာက္ထပ္စိတ္ဝင္စားစရာေကာင္းတဲ့ သတင္းက  အျပည္ျပည္ဆိုင္ရာ ဒီမိုကေရစီေန႔ အခမ္းအနားမွာ ႏိုင္ငံေတာ္သမၼတက ျမန္မာျပည္သူေတြကို ဒီမိုကေရစီပန္းတိုင္ မေရာက္ေသးလို႔ ဆက္လက္ပူးေပါင္းပါဝင္ဖို႔ တိုက္တြန္းခဲ့တာပါ။ဒီအခမ္းအနားမွာ သမၼတ ဦးဝင္းျမင့္ က ဖြဲ႕စည္းပုံအေျခခံဥပေဒ အပါအဝင္ ဥပေဒမ်ားကို ေရးဆြဲျပ႒ာန္းျခင္း၊ ျပင္ဆင္ျခင္း၊ ျဖည့္စြက္ျခင္းတို႔ ျပဳလုပ္ရာမွာ ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရး အေျခခံစံႏႈန္းမ်ားကို ျဖည့္ဆည္းေပးရန္ လိုအပ္ၿပီး ဒီမိုကေရစီမ်ိဳးေစ့ကို ျပန္လည္ဖ်က္ဆီးမည့္ အခ်က္မ်ားမပါရန္ လိုအပ္တယ္လို႔ သတိေပးေျပာခဲ့ပါတယ္။

အဆိုပါအခမ္းအနားမွာဘဲ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဒီမိုကေရစီယဥ္ေက်းမႈ ရွင္သန္ေစေရး ေဆာင္႐ြက္ရာတြင္ ျပည္သူတစ္ဦးခ်င္းအေနျဖင့္ မိမိအက်ိဳးႏွင့္ အမ်ားအက်ိဳး ခ်ိန္ခြင္လွ်ာညီမွ်စြာျဖင့္ ပူးေပါင္းပါဝင္ ေဆာင္႐ြက္ေပးရန္ တိုက္တြန္းခဲ့ပါတယ္။

ဒီမိုကေရစီေန႔ အခမ္းအနားမွာ သက္ဆိုင္ရာ ကိုယ္စားလွယ္မ်ားက စာတမ္းဖတ္ခဲ့ၾကရာမွာ တပ္မေတာ္သား ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဒုတိယဗိုလ္မႉးႀကီး ေက်ာ္မိုးေအာင္ က “ႏိုင္ငံေတာ္ကို ဦးေဆာင္ဦး႐ြက္ျပဳေနသည့္ အစိုးရ၊ လႊတ္ေတာ္တို႔သည္ ဥပေဒႏွင့္အညီ ျပဳမူေဆာင္႐ြက္လုပ္ကိုင္ျခင္းျဖင့္ ႏိုင္ငံသားအားလုံးကို နမူနာေကာင္းမ်ားျဖင့္ လမ္းေၾကာင္းတည့္မတ္ေအာင္ ေဆာင္ၾကဥ္း ေပးႏိုင္မည္ ျဖစ္တယ္လို႔ ဖတ္ၾကားခဲ့ပါတယ္။

ဒါ့အျပင္ “လူၾကားလို႔ေကာင္းရံုံ၊  ပရမ္းပတာ ဒီမိုကေရစီမ်ိဳးျဖစ္လို႔ မရပါဘူး။ဒီမိုကေရစီစံခ်ိန္စံၫႊန္းေတြနဲ႔ ျပည့္မီစြာ အသိဉာဏ္ျမင့္ျမင့္၊ စည္းကမ္းရွိရွိ လိုက္နာၾကရမွာျဖစ္ပါတယ္။စည္းကမ္းရွိျခင္း သေဘာဟာ ထုတ္ျပန္ထားတဲ့  ဥပေဒစည္းမ်ဥ္းေတြကို လိုက္နာျခင္းပဲ ျဖစ္ပါတယ္” လို႔ စာတမ္းကို ဖတ္ၾကားခဲ့ပါတယ္။ဒီလို စာတမ္းထဲ ေဖာ္ျပဖတ္ၾကားခဲ့တဲ့အတြက္ လူမႈကြန္ရက္မွာ အျငင္းအခုံျဖစ္ခဲ့တာကလည္း ထူးျခားမႈတစ္ခုပါဘဲ။

အဆိုပါသတင္းေတြက ယခုရက္သတၱပတ္ထဲမွာျဖစ္ခဲ့တဲ့ ျမန္မာ - တ႐ုတ္ နယ္နိမိတ္တိုင္းတာစစ္ေဆးျခင္းကို လက္ရွိအစိုးရလက္ထက္မွ ပထမဆုံးအႀကိမ္ ႏွစ္ႏိုင္ငံပူးေပါင္း၍ တိုင္းတာစစ္ေဆးရန္ စီစဥ္ေနတဲ့သတင္း၊ ရန္ကုန္ၿမိဳ႕တြင္း ေညာင္တုန္းဘုန္းႀကီးေက်ာင္းတိုက္၊ အိႏၵိယဧကရာဇ္ ဇဘာရွားဂူဗိမာန္၊ ဘားလမ္း မြတ္စလင္ကုသိုလ္ျဖစ္ေဆး႐ုံ၊ ဟိႏၵဴဘုရားေက်ာင္းႏွင့္ ကက္သလစ္ သီလရွင္ေလးမ်ား ဘိုးဘြားရိပ္သာတို႔ကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သြားေရာက္လႉဒါန္းခဲ့တဲ့သတင္း၊ ျမန္မာႏိုင္ငံ၏ လူ႔အခြင့္အေရးအေျခအေနႏွင့္ ပတ္သက္ေသာ ဆုံးျဖတ္ခ်က္တစ္ရပ္ကို ဥေရာပသမဂၢပါလီမန္က ခ်မွတ္ခဲ့တဲ့သတင္း၊  ျမဝတီၿမိဳ႕ရွိ တ႐ုတ္စာျဖင့္ ေရးသားထားေသာ ဆိုင္းဘုတ္မ်ားကို ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားက လိုက္လံျဖဳတ္သိမ္းခဲ့တဲ့ သတင္းေတြ ယခုရက္သတၱပတ္ထဲ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း တစ္ပတ္အတြင္း ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
စက္တင္ဘာ - ၂၀