【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ခွက်ခွက်လန်အရှုံးနဲ့ ဆန္ဒပြမှုများ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ခွက်ခွက်လန်အရှုံးနဲ့ ဆန္ဒပြမှုများ  

ယခုရက်သတ္တပတ်အတွင်း သတင်းတွေက ထူးတာတွေ အတော်များများဖြစ်ခဲ့ပါတယ်။ရွေး ကောက်ပွဲကျင်းပအပြီးမှာ တပ်မတော်ဘက်က ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒု-ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ကော်မတီကိုဖွဲ့ခဲ့သလို အနိုင်ရပါတီဖြစ်တဲ့ လက်ရှိအစိုးရဘက်ကလည်း တိုင်းရင်းသားများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမယ်ဆိုပြီး တိုင်းရင်းသား ၃၉ ပါတီကို စာပေးပို့ခဲ့ပါတယ်။ယခုရက်အတွင်းမှာ  (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို video conferencing စနစ်နဲ့ ကျင်းပပြုလုပ်ခဲ့သလို အဲဒီအစည်းအဝေးမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြောခဲ့ပြီး ရခိုင်အရေးနဲ့ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ်ရဲ့ ဆွေးနွေးချက်ကိုလည်း တုံ့ပြန်ခဲ့တာတွေ့ရပါတယ်။ဒီ အာဆီယံထိပ်သီးအစည်းအဝေးကနေ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) ကို လက်မှတ်ရေးထိုးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

ဒီလိုသတင်းကောင်းတွေ အစီအရီထွက်နေပေမယ့် ပြည်တွင်းမှာ ရွေးကောက်ပွဲအရှုံးကို လက်မခံနိုင်တဲ့ ပါတီတွေဘက်က ဆန္ဒပြတာတွေ၊ တိုင်တာတောတာတွေ ဖြစ်ခဲ့သလို မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့က ယခုနှစ်ကုန်ထိ အပစ်ရပ်စဲရေးကို သက်တမ်းတိုးခဲ့ပြီးနောက် အေအေ ရခိုင်လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရတာကို ပယ်ဖျက်ပေးဖို့တောင်းဆိုတာ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ အေအေက အစိုးရနဲ့ တပ်မတော်ကို ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ ရခိုင်ပြည်နယ်က ဒေသအချို့ကို ယခုနှစ်ကုန်နောက်ဆုံးထားပြီး ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးဖို့ တောင်းဆိုတာ၊ အေအေ စာထုတ်ပြီး နာရီပိုင်းအကြာမှာ တပ်မတော်ဘက်က ယင်းစာအပေါ်ကြိုဆိုပြီး ညှိနှိုင်းပေးမည်ဆိုကာ အကြောင်းပြန်စာထုတ်ခဲ့တာ စသည့် သတင်းတွေကိုလည်း တွေ့ရပါတယ်။ဒီလို အေအေဘက်က ရွေးကောက်ပွဲကို ကျင်းပပေးဖို့ပြောပေမယ့် သူဖမ်းထားတဲ့ အာဏာရပါတီဘက်က လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကိစ္စကို တစ်လုံးတစ်ပါဒမှ ထည်သွင်းဖော်ပြခဲ့တာကို မတွေ့ရပါဘူး။ဒီလိုရွေးကောက်ပွဲကျင်းပပေးဖို့ တောင်းဆိုတာကို တိုက်ပွဲတွေခဏရပ်ထားရုံနဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ အာဏာရပါတီဘက်က ပြောခဲ့ပါတယ်။ဒါနဲ့ မရှေးမနှောင်းဆိုသလို ကျောက်မဲမှာ ရွေးကော် ကော်မရှင်ဥက္ကဋ္ဌအိမ်ကို လက်နက်နဲ့ ညဘက်လာပစ်တာလည်း ဖြစ်ခဲ့သလို နယ်တွေမှာ အနိုင်ရပါတီထောက်ခံဝန်းရံသူတွေ အောင်ပွဲလုပ်တာမှာ ရန်ရှာခံရတာ၊ ကျောက်ခဲနဲ့ထုသတ်ခံရတာတွေလည်း ဖြစ်ခဲ့တာတွေရှိခဲ့ပါတယ်။

ဒီလိုစိတ်ဝင်စားစရာ သတင်းတွေအများကြီးထဲကနေ စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းအဖြစ် ရွေးကောက်ပွဲရလဒ်ကို လက်မခံတဲ့ ပါတီတွေသတင်းနဲ့ လှုပ်ရှားနေမှုတွေ၊ သတင်းစာရှင်းလင်းပွဲကနေ စခဲ့တဲ့ ထုတ်ပြန်မှုတွေမှာ မှားယွင်းမှုတွေအားလုံး ကွန်ပျူတာစာစီစာရိုက်သမားတွေကြောင့်ဆိုတဲ့ တရားခံဖြစ်ခဲ့ရတဲ့အကြောင်းတွေကို ယခုရက်သတ္တပတ် စိတ်ဝင်စားစရာ သတင်းများအဖြစ် သုံးသပ်တင်ပြချင်ပါတယ်။

အရှုံးကိုလက်မခံတဲ့ ပါတီတွေ ရှိလာပြီလား

နိုဝင်ဘာ ၈ ရက်မှာ ကျင်းပဖြစ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေကို နောက်ပိုင်း ရွေးကောက်ပွဲကော်မရှင်က ဆက်တိုက်ထုတ်ပြန်ခဲ့တဲ့အခါ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အစိုးရကို တစ်ပါတီတည်း ကျွတ်ကျွတ်လွတ်လွတ် ဖွဲ့နိုင်ဖို့အတွက် လိုအပ်တဲ့အရေအတွက် ၃၂၂ ဦးကို ကျော်လွန်ပြီး အနိုင်ရခဲ့တဲ့နောက်မှာ ပြည်တွင်းက အတိုက်အခံပါတီကြီးဖြစ်တဲ့ ယခင်စစ်အစိုးရလက်ထက် အစိုးရထိပ်ပိုင်းမှာ တာဝန်ယူခဲ့သူတွေ ဦးဆောင်ခဲ့တဲ့ပါတီက ဒီအနိုင်ရလဒ်ကို လက်မခံခဲ့ပါဘူး။အထူးသဖြင့် အမျိုးသားရေးဝါဒီတွေ အားကောင်းတဲ့ မိတ္တီလာနဲ့ အထက်ပိုင်း မင်းကင်းလို နေရာတွေမှာ ခွက်ခွက်လန်အောင်ရှုံးခဲ့ရတဲ့ အရှုံးက ဒီရလဒ်ကိုလက်ခံရင် ဒီလိုရှုံးနိမ့်မှုကို ဝန်ခံရမယ်ဆိုတဲ့ သဘောလက္ခဏာဆောင်တဲ့အတွက်လည်း ဖြစ်ဟန်တူပါတယ်။

ဒါပေမယ့် ပြည်တွင်းက ပါတီအနည်းငယ်သာ ဒီကြီးမားတဲ့အရှုံးကို လက်မခံပေမယ့် နိုင်ငံတကာ အထူးသဖြင့် ကမ္ဘာ့အခင်းအကျင်းနဲ့ ဒေသတွင်း နိုင်ငံရေးအခင်းအကျင်းတွေမှာ ဦးဆောင်ကစားနေတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေကတော့ အာဏာရပါတီရဲ့ ဆက်လက်အနိုင်ရမှုကို အသိအမှတ်ပြုခဲ့တာကို တွေ့ရပါတယ်။

ရွေးကောက်ပွဲကျင်းပပြီး ရက်ပိုင်းအတွင်းမှာဘဲ ဗြိတိန်က ဂုဏ်ယူကြောင်းပြောခဲ့သလို ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအပြည့်အဝရရှိရေးအတွက် ဗြိတိန်အစိုးရက ပံ့ပိုးသွားဖို့ မျှော်လင့်ထားတယ်လို့ သတင်းစကားပါးခဲ့ပါတယ်။အမေရိကန်ဆိုရင်လည်း နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယို က မြန်မာအစိုးရသစ်နဲ့ စီးပွားရေး၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးများမှာ ဆက်လက်ပူးပေါင်းလုပ်ဆောင်ရန် မျှော်လင့်နေတယ်ဆိုပြီး နိုဝင်ဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ရုရှားဘက်ကလည်း နိုဝင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ချက်ထုတ်ပြီး မြန်မာပါလီမန်ရွေးကောက်ပွဲ လွတ်လပ်စွာ၊ တရားမျှတစွာ၊ ငြိမ်းချမ်းစွာဖြင့် ကျင်းပနိုင်ခဲ့လို့ ဝမ်းသာဂုဏ်ယူကြောင်း ထုတ်ပြန်ခဲ့ပါတယ်။အိန္ဒိယဆိုရင်လည်း ဝန်ကြီးချုပ် မိုဒီ ကိုယ်တိုင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တာကို တွေ့ရပါတယ်။ဒါတင်မကပါဘူး။ဂျပန်ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့လည်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်တဲ့အပေါ်နဲ့ မဲအများစုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရတဲ့အတွက် ဂုဏ်ယူကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။ဒါ့အပြင် တခြားသောဒေသတွင်းက ဘူတန်နဲ့ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် စတဲ့ အာဆီယံနိုင်ငံတွေကလည်း ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ်နဲ့ အောင်မြင်စွာကျင်းပနိုင်တာ၊ ရွေးကောက်ခံရတာတွေကို ဂုဏ်ပြုတဲ့ ထုတ်ပြန်ချက်တွေ ထုတ်ခဲ့ကြပါတယ်။

နိုင်ငံတကာအနေနဲ့ ဒီလိုအသိအမှတ်ပြုသလို ပြည်တွင်းမှာ လာရောက်စောင့်ကြည့်အကဲခတ်တဲ့ ကာတာဖောင်ဒေးရှင်းက ရွေးကောက်ပွဲမှာ ထူးခြားဖြစ်စဉ်သော်လည်းကောင်း၊ မူမမှန်သော ကိစ္စရပ်ကြီးကြီးမားမားဖြစ်တာ မတွေ့ရဘူးလို့ ထုတ်ပြန်ခဲ့သလို PEACE လို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ အဖွဲ့တွေကလည်း ယခုရွေးကောက်ပွဲမှာ အနည်းအကျင်းသော ရှ်ိလေ့ရှိထရှိသည့် ချိုယွင်းချက်မှလွဲပြီး တရားမျှတမှုရှိတဲ့ အောင်မြင်တဲ့ရွေးကောက်ပွဲအဖြစ် ထုတ်ပြန်ခဲ့ကြပါတယ်။ဒါပေမယ့် ပြည်သူတွေ နှစ်ခြိုက်မှုနည်းပါးပြီး ရွေးချယ်ခံရမှုနည်းခဲ့တဲ့ ပြည်တွင်းမှာ မဲအပြတ်အသတ်ရှုံးခဲ့တဲ့ ပါတီတွေကတော့ ဒီလိုမဲရလဒ်ကို လက်မခံလိုတဲ့အတွက် ရွေးကောက်ပွဲက တရားမျှတမှုမရှိဘူးဆိုတဲ့ လမ်းကြောင်းကိုလျှောက်လာပြီး စွပ်စွဲချက်တွေနဲ့ ရွေးကောက်ပွဲကော်မရှင်ကိုတောင် တရားစွဲမယ်ဆိုတဲ့ ပါတီတွေအထိ ရှိလာခဲ့ပါတယ်။

ဒီထဲမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) က ရွေးကောက်ပွဲရလဒ်တွေက လွတ်လပ်ပြီး တရားမျှတမှုမရှိဘူးလို့ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သလို အပြတ်အသတ်ရှုံးနိမ့်ခဲ့ရတဲ့ ပြည်ခိုင်ဖြိုးပါတီဆိုရင် ပါတီဥက္ကဋ္ဌကိုယ်တိုင် ပါတီဝန်းရံသူတွေကို ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်တဲ့ အထောက်အထားတွေရှိရင် ပို့ပေးကြပါလို့ ပြောခဲ့ပြီး လက်ရှိထွက်ပေါ်နေတဲ့ရလဒ်တွေက အပြီးသတ်အဖြေတွေမဟုတ်ဘဲ အထောက်အထားတွေနဲ့ ဥပေဒနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။စစ်ဥပဒေချုပ် (ငြိမ်း)၊ ဝန် ကြီးဟောင်း ဦးစိုးမောင် ဦးဆောင်တဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဆိုရင် ကော်မရှင်က သူတို့ မဲအနိုင်မရအောင်လုပ်ထားတယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကနေ အောက်ခြေရွေးကော်အဆင့်ဆင့်အထိကို တရားစွဲမယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

ယခု ရွေးကောက်ပွဲအငြင်းပွားမှုက ပါတီတွေဘက်ကကြည့်ရင် အကြောင်းတစ်ခုခုကြောင့် ရှုံးနိမ့်သွားရတာဆိုတဲ့ အကြောင်းပြချက်ဘက်ကိုသွားခဲ့ပေမယ့် မဲပေးခဲ့တဲ့ ပြည်သူတွေဘက်ကကြည့်ရင်တော့ ကိုယ်မကြိုက်လို့ မပေးခဲ့တဲ့ ပါတီတွေက အနိုင်ရတယ်ဆိုပြီး အတင်းဇွတ်ကပ်ပြောတာကို ခံနေရသလိုဖြစ်နေပါတယ်။မဲရှုံးတဲ့ရလဒ်ကို လက်မခံနိုင်တဲ့ ပါတီတွေအဖြစ်က ပြည်သူတွေအမြင်မှာ "မရောင်းပါဘူးဆိုမှ ချိန်သာချိန်" အဖြစ်မျိုး ဖြစ်နေသလိုပါဘဲ။  

တစ်ဘက်မှာ အာဏာရပါတီရဲ့ အနိုင်ရတဲ့မဲရလဒ်တွေ ပြတ်သားလာတာနဲ့အမျှ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ ပါတီတွေဘက်က  ရလဒ်ကိုလက်မခံတဲ့ လှုပ်ရှားမှုတွေ ပိုပြီးစိပ်လာခဲ့တာကို တွေ့ရပါ တယ်။နိုဝင်ဘာလ ၁၀ ရက်မှာ ရွေးကောက်ပွဲရလဒ်ကို မကျေနပ်လို့ဆိုပြီး မင်းကုန်းဒေသခံအချို့က လှည်းကူးမြို့နယ် ရွေးကော်ရုံးရှေ့မှာ ဆန္ဒပြခဲဲ့ကြပါတယ်။ဒီလိုခွင့်ပြုချက်မယူဘဲ ဆန္ဒပြတဲ့သူတွေကို နောက်ပိုင်းမှာ ပုဒ်မ ၁၉ နဲ့ အရေးယူခဲ့ပြီး ဦးဆောင်သူတွေကို ထောင်ဒဏ်တစ်လ ချခဲ့ပါတယ်။နိုဝင်ဘာ ၁၁ ရက်က နေပြည်တော်မှာလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲမှာလည်း ရှင်းလင်းပွဲမလုပ်မီ ရုံးရှေ့မှာ ပြည်ခိုင်ဖြိုး၊ PPP ပါတီ၊ ဖျက်သိမ်းခံရတဲ့ နှင်းဆီပါတီနဲ့ အခြားနိုင်ငံရေးပါတီအချို့ ထောက်ခံသူ၊ ဝန်းရံသူတွေက  ဆန္ဒထုတ်ဖော်ဖို့ကြိုးစားခဲ့လို့ ရဲတပ်ဖွဲ့က တားမြစ်ခဲ့ရပါတယ်။

အဲဒီရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် က ကျင်းပပြီးစီးသွားတဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတကာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ဒီသတင်းစာရှင်းလင်းပွဲနဲ့အပြိုင် တစ်ဘက်မှာကျင်းပနေတဲ့ ပြည်ခိုင်ဖြိုးပါတီ (ရန်ကုန်တိုင်း) ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီတိုင်းအတွင်းရေးမှူးဆိုသူက ကော်မရှင်ကို တပ်မတော်နဲ့ပူးပေါင်းပြီး ရွေးကောက်ပွဲပြန်ကျင်းပပေးဖို့ တောင်းဆိုခဲ့တာနဲ့ ပတ်သက်ပြီးလည်း ပြတ်ပြတ်သားသားပယ်ချခဲ့ကာ ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲရလဒ်ကို မစိုးရိမ်ဖို့ ဦးမြင့်နိုင် က ပြောခဲ့ပါတယ်။

တစ်တိုင်းပြည်လုံးခြုံကြည်ရင် ၂၀၁၅ ခုနှစ်ကထက်ပိုပြီး မဲပြတ်ပြတ်သားသားအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အောင်ပွဲကို နိုင်ငံအနှံ့ကျင်းပအောင်ပွဲခံနေပြီဖြစ်ပေမယ် ရွေးကောက်မခံရတဲ့ ပါတီအချို့နဲ့ ရွေးကောက်ပွဲမတိုင်မီ အနိုင်ရမည့်ပါတီက မိမိတို့ပါတီဘဲဆိုပြီး တထစ်ချတွက်ဆထားတဲ့ ပါတီကြီးအချို့ကတော့ ဒီအခြေအနေကို မျက်စိမှိတ်ပြီး ငြင်းပယ်ခဲ့ပါတယ်။ဒါ့အပြင် ဦးသိန်းညွန့်၊ ဒေါက်တာနေဇင်လတ်၊ ဦးသန်းဌေးတို့ ခေါင်းဆောင်အဖြစ် အသီးသီးပါဝင်ထားကြသည့် နိုင်ငံရေး (၁၆) ပါတီက ပုံစံ ၁၉ မှာ လက်မှတ်မထိုးသလို ရွေးကောက်ပွဲဆိုင်ရာ သံသယဖြစ်မှုများအား စုံစမ်းနိုင်ရေး ခြေဥကိုစောင့်ရှောက်ကာကွယ်ရန်ရှိတဲ့ အဖွဲ့အစည်းများပါဝင်တဲ့ စုံခုံအဖွဲ့ကို ၇ရက်အတွင်း ဖွဲ့ပေးရန်ဆိုပြီး ကြေညာချက်ထုတ်ခဲ့ပါတယ်။

ဒီလို ပုံစံ ၁၉ မထိုးတာ၊ တိုင်ကြားတာတွေနဲ့ပတ်သက်ပြီး ရွေးကော်က သတင်းစာရှင်းလင်းပွဲမှာ လက်မှတ်မထိုးရင် မထိုးတဲ့သူတာဝန်လို့ ပြောခဲ့ပြီးသားပါ။ဒါ့အပြင် တိုင်ကြားရင်လည်း ဥပဒေကြောင်းအရ ခိုင်ခိုင်လုံလုံတိုင်ကြားလာမှ စစ်ဆေးဆောင်ရွက်ပေးမယ်လို့ ပြောထားခဲ့ပါတယ်။နိုဝင်ဘာ ၁၄ ရက် မှာ ပြည်ခိုင်ဖြိုးပါတီဘက်က ဒုဥက္ကဌ ဦးခင်ရီ (ယခင်ရဲချုပ် (ငြိမ်း)၊ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဆိုသူက လူမှုကွန်ရက်ကနေ ပြည်သူသို့ပန်ကြားချက်ဆိုပြီး ထုတ်လွှင့်ခဲ့ပါတယ်။

ဒီထုတ်လွှင့်ချက်မှာ ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရဲစခန်းကိုတိုင်ထားတဲ့ အမှု ၈၀ ကျော်၊ UEC ကို တိုင်ထားတဲ့ အမှု (၅၅ဝ) ကျော်ရှိကြောင်း၊ လွတ်လပ်မှန်ကန်မျှတတဲ့ ဒီမိုကရေစီအတွက် အစဉ်အလာဆိုးတွေ နောင်ရွေးကောက်ပွဲကို ပါသွားမှာစိုးလို့ ကန့်ကွက်နေရတာဖြစ်ကြောင်း၊ တရားမဲ့ပြုကျင့်မှုကို မလိုလားတဲ့၊ လုပ်ပိုင်ခွင့် အခွင့်အာဏာကို အလွဲသုံးစားလုပ်တဲ့ စရိုက်ဆိုး၊ အကျင့်ဆိုး၊ လုပ်ရပ်ဆိုးတွေကို မလိုလားသူတိုင်း၊ သူတို့ကို ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ပေးကြဖို့၊ သူတို့ကလည်း  ဒီစနစ်ဆိုးတွေ၊ စရိုက်ဆိုးတွေကို  ရွေးကောက်ပွဲစနစ်မှာ ကျန်ရှိမနေစေဖို့အတွက် ရေဆုံးမြေဆုံး ရှင်းလင်းဆောင်ရွက်ပေးသွားမယ်” ဆိုပြီး ပြောခဲ့ပါတယ်။

ဒီလိုပြောပြီး နောက်တစ်ရက် နိုဝင်ဘာ ၁၅ ရက်မှာ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာဘောလုံးပွဲမှာ ပြည်ခိုင်ဖြိုးကနေ  လူ ၃၀ ဦးနဲ့ ဆန္ဒထုတ်ဖော်မှု ထပ်လုပ်ခဲ့ပါတယ်။လူ ၃၀ ဦး ဆိုပေမယ့် လာဝန်းရံတဲ့သူတွေက ကားတွေနဲ့ ကြိုပိုလုပ်ခဲ့လို့ နှစ်ထောင်ဝန်းကျင်ခန့်ရှိခဲ့ပြီး ဝန်းရံသူတွေကသာ ရွေးကောက်ပွဲကော်မရှင်ကို တရားမျှတမှုမရှိလို့ဆိုပြီး ဟောပြောခဲ့ကြပြီး လူကများလာလို့ ရဲတပ်ဖွဲ့က လူစုခွဲခဲ့ရပါတယ်။  

ယခုရွေးကောက်ပွဲရလဒ်က အာဏာရပါတီမှတပါး အခြားပါတီတွေကို အထိနာစေခဲ့သလို ခန့်မှန်းသမျှလည်း တလွဲဖြစ်ခဲ့တဲ့အတွက် အရှက်ရစရာဖြစ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ရွေးကောက်ပွဲဝင်တဲ့ ပါတီတိုင်းက NLD ပါတီအစိုးရရဲ့ ပြီးခဲ့တဲ့ ငါးနှစ်တာသက်တမ်းအတွင်း တနင်္သာရီဝန်ကြီးချုပ် လာဘ်စားမှုနဲ့ ဖမ်းဆီးခဲ့ရမှု၊ အမတ်အချို့ရဲ့ အိမ်ထောင်ရေးနဲ့ အာဏာအလွဲသုံးစားလုပ်မှု၊ မအောင်မြင်ခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ လက်နက်ကိုင်သောင်းကျန်းမှု ပိုအားကောင်းလာမှု၊ ပြုပြင်ပြောင်းလဲရေး ထင်သလောက်ဖြစ်မလာမှု၊ ပါတီကိုစွန့်ခွာပြီး တစ်စင်ထောင်သူတွေပေါ်လာမှု ၊ ဒီမိုကရေစီတော်လှန်ရေးမှာ ကျောချင်းကပ်သူတွေက ဆန့်ကျင်လာမှု၊ စတာတွေ ပြည်တွင်းနိုင်ငံရေးပုရောဟိတ်တွေရဲ့ ပြည်သူများအကြား အာဏာရပါတီ လူကြိုက်နူန်းကျလာပြီဆိုတဲ့ စစ်တမ်းတွေ၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိုးကျလာမှုတွေကြောင့် အာဏာရပါတီကိုယှဉ်လိုရပြီ၊ ပြိုင်လို့ရပြီဆိုပြီး စိတ်ကူးယဉ်တွက်ချက်မှုတွေနဲ့ ရွေးကောက်ပွဲအနိုင်အိပ်မက်တွေ၊ အိပ်မက်အစိုးရတွေ ဖွဲ့ခဲ့မက်ခဲ့ကြပါတယ်။

ဒါပေမယ့် ပါတီတွေဘက်က မသိတဲ့အချက်က ပြည်သူတွေရင်ထဲက ဒဏ်ရာဒဏ်ချက်တွေ ခံစားချက်တွေက လွယ်လွယ်နဲ့မပျောက်နိုင်တာ၊ မမေ့နိုင်တဲ့ စိတ်ခံစားချက်ကိုပါဘဲ။ဖွံ့ဖြိုးလာတဲ့ ဆိုရှယ်မီဒီယာကြောင့် လတ်တလော ဆန္ဒပြမှုတွေဖြစ်ရပ်နောက်ကွယ်က အကျိုးစီးပွားတွေ၊ ဘယ်သူတွေက ဘယ်အကျိုးစီးပွားကြောင့် နိုင်ငံရေးကို  ကစားနေတာလဲဆိုတာတွေ၊ ရွေးကောက်ပွဲမှာ ထပ်ရှုံးလို့မရတဲ့အထိ၊ ရှုံးခဲ့ရင် တချို့သောပုဂ္ဂိုလ်တွေရဲ့ အကျိုးစီးပွားတွေ ပျက်စီးမယ့်အခြေအနေတွေ၊ အရပ်သားအစိုးရ ဆောင်ရွက်မှုမှန်သမျှ မအောင်မြင်အောင် ဘယ်သူတွေကစားနေလဲဆိုတာတွေ၊ နိုင်ငံရဲ့ ပထဝီနိုင်ငံရေးအခြေအနေကြောင့် ဘယ်ပါတီတက်လာရင် ဘာဖြစ်လာနိုင်သလဲဆိုတာတွေ စတဲ့  ယခင်က ပြည်သူတွေမြင်နိုင်ခဲတဲ့ အမြင်တွေ၊ အသိတွေ၊ ဖြစ်ရပ်တွေကို ဆိုရှယ်မီဒီယာကနေ မြင်တွေ့သိနိုင်ခဲ့တဲ့အတွက် ဒီလိုမဲရလဒ်ပြတ်သားခဲ့တာလည်း ဖြစ်ပါတယ်။

မဲရလဒ်ထုတ်ပြန်မှုကြောင့် အာဏာရပါတီက လွှတ်တော်ကိုယ်စားလှယ် ၁၁၁၇ နေရာမှာ ၉၂၀ ထိရခဲ့ကာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ၃၉၆ နေရာထိ အနိုင်ရခဲ့လို့  မကြာခင်မှာ အစိုးရအဖွဲ့သစ်အတွက် အခင်းအကျင်းတွေ၊ လွှတ်တော်သစ်အတွက် အခင်းအကျင်းတွေ ပြင်ဆင်လာသလို မကြာခင်ကပဲ တိုင်းရင်းသားများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမယ်ဆိုပြီး စာထုတ်ခဲ့လို့ တိုင်းရင်းသားပါတီတွေဘက်က ကြိုဆိုခဲ့ကြတာကို တွေ့ရပါတယ်။ဒီလိုအစိုးရသစ်ဖွဲ့ဖို့တောင် ပြင်ဆင်နေချိန်မှာ ယခုထိ ပါတီအချို့က ပြည်သူအများစုလက်ခံထားတဲ့ မဲရလဒ်တွေကို  အတင်းဇွတ်မှိတ်ပြီး လက်မခံသေးဘဲ ရှိနေပါသေးတယ်။

ဒီလို မထော်မနန်းလုပ်တာတွေနဲ့ပတ်သက်ပြီး ယခင် ဦးသိန်းစိန်အစိုးရအဖွဲ့တုန်းက ပြန်ကြားရေးဝန်ကြီး တာဝန်ယူဘူးတဲ့ ဦးရဲထွှဋ် က "တစ်စိတ်တစ်ဒေသ အငြင်းပွားမှုဖြစ်စဉ်တွေကို အကုန်လုံးယူဆတုန့်ပြန်နေမယ်ဆိုရင် အရှုံးကိုလက်မခံနိုင်တဲ့ပါတီ၊ ကန့်လန့်တိုက်တဲ့ပါတီလို့ လူထုကမြင်သွားနိုင်တယ်" ဆိုပြီး လူမှုကွန်ရက်ကနေ သတိပေးခဲ့ပါတယ်။လက်ရှိ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူကိုယ်တိုင်က သူ့အရှုံးကိုလက်ခံပြီး မုဒိတာမွေးကာ ရင့်ကျက်မှုကိုပြခဲ့သလို ဧရာ၀တီတိုင်းက မွေးရပ်မြေမှာ NLD ကို ရှုံးခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး မန်းငြိမ်းမောင်ကလည်း မဲပေးတဲ့ပြည်သူတွေ နိုင်ငံရေးအသိမြင့်ပါတယ်ဆိုပြီး ပြည်သူကိုချီးကျူးကာ‌ အရှုံးကိုလက်ခံခဲ့ပါတယ်။ဒါ နိုင်ငံရေးသမားနဲ့ နိုင်ငံရေးသမားမဟုတ်သူတွေအကြား ရွေးကောက်ပွဲရလဒ်ကို တုံ့ပြန်ပုံခြင်း ကွာခြားချက်ပါ။

တခြားပါတီတွေဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုက်ကရက်တစ်ပါတီ၊ ပြည်သူ့ပါတီ၊ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပါတီတွေလည်း ဒီမဲရလဒ်နဲ့ အရှုံးကို လက်ခံခဲ့တာ တွေ့ရပါတယ်။ရွေးကောက်ပွဲဟာ ပြည်သူလက်မခံရင် ရှုံးမယ်၊ လက်ခံရင် နိုင်မယ်ဆိုတဲ့ သဘောသဘာ၀ကို နားလည်ဖို့လိုနေကြသလို ကိုယ်ကောင်းနေရင်၊ ငါတော်နေရင်၊ တစ်ချိန်က ငါက ဘာတာဝန်ယူထားလို့ ငါကိုရွေးရမယ်ဆိုတဲ့ ပြည်သူ့အကြိုက်၊ ပြည်သူ့ဆန္ဒကို အလေးမထားတဲ့ သဘောတွေကိုလည်း ယခုပါတီအချို့ ပြောဆိုမှုတွေ ဆန္ဒ ပြမှုတွေကိုကြည့်ရင် တွေ့ရပါတယ်။ပါတီအချို့အနေနဲ့ ဒီပုံစံဆက်သွားနေရင် ဘယ်သောအခါမှ ပြည်သူ့မဲကို ရနိုင်ဖို့မမြင်ပါဘူး။  

လက်ရှိမှာ တပ်မတော်ဘက်ကလည်း " ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မည်သည့်မှတ်ချက်မှ မပေးဘူး၊ ကျနော်တို့အလုပ်ကိုပဲ ကျနော်တို့လုပ်မယ်” လို့ ပြောထားပြီးဖြစ်သလို မဲရလဒ်ကို ပါတီအများစုနဲ့ နိုင်ငံတကာကပါ ထောက်ခံနေတဲ့အတွက် ပြောင်းလဲစရာဖြစ်လာစရာ မရှိတော့ပါဘူး။ဒီအတွက် အာဏာအလွဲအပြောင်း အကျပ်အတည်းဆိုတာလည်း ဖြစ်နိုင်စရာမရှိတဲ့အတွက် ရွေးကောက်ပွဲရလဒ်ကို လက်မခံလိုတဲ့ ပါတီတွေအဖို့ ကြာလေ ပြည်သူကချဉ်လေ ဖြစ်လာနိုင်တဲ့အတွက် ဒါကို ဘယ်တော့မှသိမလဲ၊ ရှုံးမဲမဲပြီးလုပ်နေတာတွေ ဘယ်တော့ရပ်မလဲ၊ ပြည်သူ့အမုန်းကို အဆုံးထိရဖို့ ဘယ်ကာလထိ မျက်နှာပြောင်တိုက်ပြီး ဆက်လုပ်နေဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ပါတီမှားယွင်းမှုရဲ့ တရားခံအစစ်က စာစီစာရိုက်တွေလား

ယခုရက်သတ္တပတ်ထဲမှာ သတင်းစာရှင်းလင်းပွဲတွေ ဆက်တိုက်တွေ့ခဲ့ရပါတယ်။အထူးသဖြင့် နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ်ရှုံးနိမ့်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဘက်ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ရွေးကောက်ပွဲကော်မရှင်ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွေဘဲ ဖြစ်ပါတယ်။နိုဝင်ဘာ ၁၁ ရက်က ရန်ကုန် ပြည်ခိုင်ဖြိုးပါတီရုံးချုပ်မှာ ပြုလုပ်ခဲ့တဲ့ တိုင်းအဆင့် သတင်းစာရှင်းလင်းပွဲမှာ ပြည်ခိုင်ဖြိုးပါတီဘက်က ရွေးကောက်ပွဲမှာ မမျှတဘူးလို့ စွပ်စွဲခဲ့ပြီး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကို တပ်မတော်နှင့်ပူးပေါင်းပြီး ရွေးကောက်ပွဲတစ်ခုကို အမြန်ဆုံးပြန်လည်ကျင်းပပေးဖို့ တောင်းဆိုခဲ့ပါတယ်။ဒီလိုတောင်းဆိုမှုကြောင့် ရှေ့နေတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးသမားတွေ၊ ဒီမိုကရက်တစ်တွေအပြင် ပြည်ခိုင်ဖြိုးပါတီဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ ပြည်ထောင်စုဝန်ကြီးအဆင့်တာဝန်ယူခဲ့သူတွေတောင် ကန့်ကွက်ခဲ့ကြပါတယ်။တပြိုင်နက်ကျင်းပနေတဲ့ ရွေးကောက်ပွဲကော်မရှင်ကလည်း ပြတ်ပြတ်သားသား ပယ်ချခဲ့ပါတယ်။

အဆိုပါသတင်းစာရှင်းလင်းပွဲက အပြစ်အနာအဆာများခဲ့ပြီး ပါတီအနေနဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံပြီး ငြိမ်နေခဲ့ရင်တောင် အရှုံးကိုလက်ခံရဲတဲ့ ပါတီကြီးအဖြစ် ပြည်သူတွေရဲ့စာနာမှုကို ရရှိနိုင်တာတောင် ဒီလိုလမ်းကိုမလျှောက်ဘဲ အာဏာရပြန်လည်ရရေးဘက်ကို ဇောင်းတင်ခဲ့ပြီး ရလဒ်ကိုလက်မခံဘဲ စာထုတ်တောင်းဆိုခဲ့တဲ့အတွက် ဆက်တိုက်ဆိုသလို တခြားသော institution တွေကို စော်ကားသလိုအဖြစ်ကို ကြုံခဲ့ရပါတယ်။ပါတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားရေးလှုပ်ရှားသူများကိုပါ ခေါ်ထည့်ထားခဲ့ပြီး ထိုသူတွေက ပါတီရုံးအတွင်းရောက်ရှိကာ သတင်းရယူနေသည့်  သတင်းသမားများကို တန်ပြန်မေးခွန်းထုတ်ခြင်း၊ အော်ဟစ်ပြောဆိုခြင်း၊ ရန်ပြုရန်အားထုတ်ခြင်းတို့ ပြုလုပ်ခဲ့သလို သတင်းသမားတစ်ဦးကိုလည်း လူငါးဦးကပိတ်ဆို့ခဲ့လို့ တခြားသတင်းသမားတွေက ကယ်ထုတ်ခဲ့ရတဲ့အဖြစ်ထိ ရောက်ခဲ့ပါတယ်။ဒီအတွက် မြန်မာနိုင်ငံသတင်းစာဆရာများအသင်းက  နိုဝင်ဘာ ၁၃ ရက်မှာ စာထုတ်ပြီး ကန့်ကွက်ရှုတ်ချကာ ပါတီအနေနဲ့ တောင်းပန်သင့်ကြောင်း ပြောခဲ့ပေမယ့် ပြည်ခိုင်ဖြိုးပါတီဘက်က  နိုဝင်ဘာ ၁၅ ရက်အထိ မီဒီယာတွေကို  ပြန်တောင်းပန်တာ မတွေ့သေးပါဘူး။

သတင်းသမားတွေကိုသာ မကပါဘူး။အဲဒီနေ့က သတင်းစာရှင်းလင်းပွဲအပြီး သတင်းထုတ်ပြန် ချက်မှာလည်း ရွေးကောက်ပွဲမှာ တာဝန်ယူခဲ့တဲ့ ဆရာ/ဆရာမတွေကို ဘက်လိုက်တယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။ထုတ်ပြန်ချက်မှာ “ဆရာ၊ ဆရာမအများစုသည် NLD ထောက်ခံသူများသာဖြစ်ပြီး ကြားနေ ဆရာ၊ ဆရာမများ မဖြစ်သည်ကို တွေ့ရပါသည်” ဆိုပြီး ဖော်ပြခဲ့ပါတယ်။

ဒီလိုစွပ်စွဲဖော်ပြတဲ့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီး ဆရာ၊ ဆရာမတွေကို တရားဝင်ပြန်တောင်းပန်ရန် ပါတီကိုတောင်းဆိုခဲ့ရာမှာ အဆိုပါနေ့ညပိုင်းမှာဘဲ ဒီလိုရေးသားဖော်ပြခဲ့တာ ကွန်ပျူတာတာဝန်ခံ မှားယွင်းမှုကြောင့်ဆိုပြီး ဖော်ပြကာ ပါတီဘက်က ဆရာ၊ ဆရာမများကို အနူးအညွတ်တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမယ့် အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများဘက်က ဖြစ်သလိုတောင်းပန်ထားတာကို လက်မခံဘဲ ပြည်ခိုင်ဖြိုးပါတီကို ရွေးကော်ဥပဒေအရ အရေးယူပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုခဲ့တာကို တွေ့ရပါတယ်။

ပါတီအနေနဲ့ သတင်းစာရှင်းလင်းပွဲကနေမှားခဲ့တာ တစ်ခုနှစ်ခုတည်း မဟုတ်ပါဘူး။နိုဝင်ဘာ ၁၁ ရက်နေ့ သတင်းထုတ်ပြန်ချက်နဲ့ ၁၂ရက်နေ့ထုတ် ပါတီသတင်းလွှာမှာပါတဲ့ အချက်အလက်တွေမှာ မသန်စွမ်းများကို ထိခိုက်ပြောဆိုထားလို့ဆိုပြီး  မသန်စွမ်းအရေးကို ဒိုင်ခံလုပ်ဆောင်နေတဲ့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) က အပြင်းအထန် ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။ဒီလို မသန်စွမ်းသူများအပေါ် ခွဲခြားဆက်ဆံတယ်ဆိုပြီး ရှုတ်ချကန့်ကွက်ခံနေရမှုကိုလည်း နိုဝင်ဘာ ၁၅ ရက်မှာ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးဆိုသူက စာစီစာရိုက်အမှားလို့ဆိုပြီး ပြောခဲ့ပြန်ပါတယ်။

ဒါ့အပြင် အဆိုပါပြောရေးဆိုခွင့်ရှိသူကိုယ်တိုင် နိုဝင်ဘာ ၁၁ ရက်ကပြုလုပ်တဲ့ မန္တလေးတိုင်းဒေသကြီးအဆင့် ပြည်ခိုင်ဖြိုးသတင်းစာရှင်းလင်းပွဲမှာ ပေါက်ခေါင်းမြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတစ်ဦး အသတ်ခံခဲ့ရတယ်ဆိုပြီး ပြောခဲ့တဲ့အတွက် ပေါက်ခေါင်းမြို့နယ်ဘက်က သူတို့ဘက်မှာမရှိဘူးဆို ပြီး အခြေအမြစ်မရှိတဲ့ သတင်းမှားဖြစ်လို့ ဒေသသိက္ခာကျတယ်ဆိုပြီး ပါတီဘက်က ပြန်တောင်းပန်ဖို့ ဒေသခံတွေဘက်က ပြောခဲ့ပါတယ်။ဒီလိုမှားယွင်းမှုအတွက် နောက်ပိုင်းမှာ ပေါင်းတည်မြို့နဲ့ မှားယွင်းပြီးပြောခဲ့တာဖြစ်တဲ့အတွက် တောင်းပန်ပါတယ်ဆိုပြီး နိုဝင်ဘာ ၁၅ ရက်မှာ ပြန်ပြောခဲ့ပါတယ်။  

ဒီအတွက် အများပြည်သူကြား ဝေဖန်စရာဖြစ်ခဲ့သလို ပါတီရဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ ဘာတွေမှားဦးမလဲ၊ ဘာတွေလွဲဦးမလဲဆိုတာ ဆက်စောင့်ကြည့်စရာ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ်ရဲ့ ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
နိုဝင်ဘာ - ၁၆

( Zawgyi )

ယခုရက္သတၱပတ္အတြင္း သတင္းေတြက ထူးတာေတြ အေတာ္မ်ားမ်ားျဖစ္ခဲ့ပါတယ္။ေ႐ြး ေကာက္ပြဲက်င္းပအၿပီးမွာ တပ္မေတာ္ဘက္က ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ ဒု-ဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ ဦးေဆာင္တဲ့ ေကာ္မတီကိုဖြဲ႕ခဲ့သလို အႏိုင္ရပါတီျဖစ္တဲ့ လက္ရွိအစိုးရဘက္ကလည္း တိုင္းရင္းသားမ်ား၏ ဆႏၵမ်ားကို အေလးထားေဆာင္႐ြက္သြားမယ္ဆိုၿပီး တိုင္းရင္းသား ၃၉ ပါတီကို စာေပးပို႔ခဲ့ပါတယ္။ယခုရက္အတြင္းမွာ  (၃၇) ႀကိမ္ေျမာက္ အာဆီယံထိပ္သီးအစည္းအေဝးကို video conferencing စနစ္နဲ႔ က်င္းပျပဳလုပ္ခဲ့သလို အဲဒီအစည္းအေဝးမွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က မိန႔္ခြန္းေျပာခဲ့ၿပီး ရခိုင္အေရးနဲ႔ပတ္သက္ၿပီး မေလးရွားဝန္ႀကီးခ်ဳပ္ရဲ႕ ေဆြးေႏြးခ်က္ကိုလည္း တုံ႔ျပန္ခဲ့တာေတြ႕ရပါတယ္။ဒီ အာဆီယံထိပ္သီးအစည္းအေဝးကေန ေဒသတြင္း ဘက္စုံစီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈ (Regional Comprehensive Economic Partnership – RCEP) ကို လက္မွတ္ေရးထိုးခဲ့ၾကတာကိုလည္း ေတြ႕ရပါတယ္။

ဒီလိုသတင္းေကာင္းေတြ အစီအရီထြက္ေနေပမယ့္ ျပည္တြင္းမွာ ေ႐ြးေကာက္ပြဲအရႈံးကို လက္မခံႏိုင္တဲ့ ပါတီေတြဘက္က ဆႏၵျပတာေတြ၊ တိုင္တာေတာတာေတြ ျဖစ္ခဲ့သလို ေျမာက္ပိုင္းလက္နက္ကိုင္ ၃ ဖြဲ႕က ယခုႏွစ္ကုန္ထိ အပစ္ရပ္စဲေရးကို သက္တမ္းတိုးခဲ့ၿပီးေနာက္ ေအေအ ရခိုင္လက္နက္ကိုင္အဖြဲ႕ကို အၾကမ္းဖက္အဖြဲ႕အျဖစ္ ေၾကညာခံထားရတာကို ပယ္ဖ်က္ေပးဖို႔ေတာင္းဆိုတာ၊ ရခိုင္လက္နက္ကိုင္အဖြဲ႕ ေအေအက အစိုးရနဲ႔ တပ္မေတာ္ကို ေ႐ြးေကာက္ပြဲက်င္းပႏိုင္ျခင္းမရွိတဲ့ ရခိုင္ျပည္နယ္က ေဒသအခ်ိဳ႕ကို ယခုႏွစ္ကုန္ေနာက္ဆုံးထားၿပီး ၾကားျဖတ္ေ႐ြးေကာက္ပြဲက်င္းပေပးဖို႔ ေတာင္းဆိုတာ၊ ေအေအ စာထုတ္ၿပီး နာရီပိုင္းအၾကာမွာ တပ္မေတာ္ဘက္က ယင္းစာအေပၚႀကိဳဆိုၿပီး ညႇိႏႈိင္းေပးမည္ဆိုကာ အေၾကာင္းျပန္စာထုတ္ခဲ့တာ စသည့္ သတင္းေတြကိုလည္း ေတြ႕ရပါတယ္။ဒီလို ေအေအဘက္က ေ႐ြးေကာက္ပြဲကို က်င္းပေပးဖို႔ေျပာေပမယ့္ သူဖမ္းထားတဲ့ အာဏာရပါတီဘက္က လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၃ ဦးကိစၥကို တစ္လုံးတစ္ပါဒမွ ထည္သြင္းေဖာ္ျပခဲ့တာကို မေတြ႕ရပါဘူး။ဒီလိုေ႐ြးေကာက္ပြဲက်င္းပေပးဖို႔ ေတာင္းဆိုတာကို တိုက္ပြဲေတြခဏရပ္ထား႐ုံနဲ႔ လြတ္လပ္မွ်တတဲ့ ေ႐ြးေကာက္ပြဲမျဖစ္ႏိုင္ဘူးလို႔ အာဏာရပါတီဘက္က ေျပာခဲ့ပါတယ္။ဒါနဲ႔ မေရွးမေႏွာင္းဆိုသလို ေက်ာက္မဲမွာ ေ႐ြးေကာ္ ေကာ္မရွင္ဥကၠ႒အိမ္ကို လက္နက္နဲ႔ ညဘက္လာပစ္တာလည္း ျဖစ္ခဲ့သလို နယ္ေတြမွာ အႏိုင္ရပါတီေထာက္ခံဝန္းရံသူေတြ ေအာင္ပြဲလုပ္တာမွာ ရန္ရွာခံရတာ၊ ေက်ာက္ခဲနဲ႔ထုသတ္ခံရတာေတြလည္း ျဖစ္ခဲ့တာေတြရွိခဲ့ပါတယ္။

ဒီလိုစိတ္ဝင္စားစရာ သတင္းေတြအမ်ားႀကီးထဲကေန စိတ္ဝင္စားဖို႔ေကာင္းတဲ့ သတင္းအျဖစ္ ေ႐ြးေကာက္ပြဲရလဒ္ကို လက္မခံတဲ့ ပါတီေတြသတင္းနဲ႔ လႈပ္ရွားေနမႈေတြ၊ သတင္းစာရွင္းလင္းပြဲကေန စခဲ့တဲ့ ထုတ္ျပန္မႈေတြမွာ မွားယြင္းမႈေတြအားလုံး ကြန္ပ်ဴတာစာစီစာ႐ိုက္သမားေတြေၾကာင့္ဆိုတဲ့ တရားခံျဖစ္ခဲ့ရတဲ့အေၾကာင္းေတြကို ယခုရက္သတၱပတ္ စိတ္ဝင္စားစရာ သတင္းမ်ားအျဖစ္ သုံးသပ္တင္ျပခ်င္ပါတယ္။

အရႈံးကိုလက္မခံတဲ့ ပါတီေတြ ရွိလာၿပီလား

ႏိုဝင္ဘာ ၈ ရက္မွာ က်င္းပျဖစ္ခဲ့တဲ့ ေ႐ြးေကာက္ပြဲရလဒ္ေတြကို ေနာက္ပိုင္း ေ႐ြးေကာက္ပြဲေကာ္မရွင္က ဆက္တိုက္ထုတ္ျပန္ခဲ့တဲ့အခါ အာဏာရပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက အစိုးရကို တစ္ပါတီတည္း ကြၽတ္ကြၽတ္လြတ္လြတ္ ဖြဲ႕ႏိုင္ဖို႔အတြက္ လိုအပ္တဲ့အေရအတြက္ ၃၂၂ ဦးကို ေက်ာ္လြန္ၿပီး အႏိုင္ရခဲ့တဲ့ေနာက္မွာ ျပည္တြင္းက အတိုက္အခံပါတီႀကီးျဖစ္တဲ့ ယခင္စစ္အစိုးရလက္ထက္ အစိုးရထိပ္ပိုင္းမွာ တာဝန္ယူခဲ့သူေတြ ဦးေဆာင္ခဲ့တဲ့ပါတီက ဒီအႏိုင္ရလဒ္ကို လက္မခံခဲ့ပါဘူး။အထူးသျဖင့္ အမ်ိဳးသားေရးဝါဒီေတြ အားေကာင္းတဲ့ မိတၱီလာနဲ႔ အထက္ပိုင္း မင္းကင္းလို ေနရာေတြမွာ ခြက္ခြက္လန္ေအာင္ရႈံးခဲ့ရတဲ့ အရႈံးက ဒီရလဒ္ကိုလက္ခံရင္ ဒီလိုရႈံးနိမ့္မႈကို ဝန္ခံရမယ္ဆိုတဲ့ သေဘာလကၡဏာေဆာင္တဲ့အတြက္လည္း ျဖစ္ဟန္တူပါတယ္။

ဒါေပမယ့္ ျပည္တြင္းက ပါတီအနည္းငယ္သာ ဒီႀကီးမားတဲ့အရႈံးကို လက္မခံေပမယ့္ ႏိုင္ငံတကာ အထူးသျဖင့္ ကမာၻ႔အခင္းအက်င္းနဲ႔ ေဒသတြင္း ႏိုင္ငံေရးအခင္းအက်င္းေတြမွာ ဦးေဆာင္ကစားေနတဲ့ ႏိုင္ငံေတြက ေခါင္းေဆာင္ေတြကေတာ့ အာဏာရပါတီရဲ႕ ဆက္လက္အႏိုင္ရမႈကို အသိအမွတ္ျပဳခဲ့တာကို ေတြ႕ရပါတယ္။

ေ႐ြးေကာက္ပြဲက်င္းပၿပီး ရက္ပိုင္းအတြင္းမွာဘဲ ၿဗိတိန္က ဂုဏ္ယူေၾကာင္းေျပာခဲ့သလို ၿငိမ္းခ်မ္းေရးနဲ႔ ဒီမိုကေရစီအျပည့္အဝရရွိေရးအတြက္ ၿဗိတိန္အစိုးရက ပံ့ပိုးသြားဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ သတင္းစကားပါးခဲ့ပါတယ္။အေမရိကန္ဆိုရင္လည္း ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ခ္ပြန္ပီယို က ျမန္မာအစိုးရသစ္နဲ႔ စီးပြားေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ လူ႔အခြင့္အေရးမ်ားမွာ ဆက္လက္ပူးေပါင္းလုပ္ေဆာင္ရန္ ေမွ်ာ္လင့္ေနတယ္ဆိုၿပီး ႏိုဝင္ဘာ ၉ ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။႐ုရွားဘက္ကလည္း ႏိုဝင္ဘာ ၁၀ ရက္မွာ ထုတ္ျပန္ခ်က္ထုတ္ၿပီး ျမန္မာပါလီမန္ေ႐ြးေကာက္ပြဲ လြတ္လပ္စြာ၊ တရားမွ်တစြာ၊ ၿငိမ္းခ်မ္းစြာျဖင့္ က်င္းပႏိုင္ခဲ့လို႔ ဝမ္းသာဂုဏ္ယူေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။အိႏၵိယဆိုရင္လည္း ဝန္ႀကီးခ်ဳပ္ မိုဒီ ကိုယ္တိုင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ထံ ဝမ္းေျမာက္ေၾကာင္းသဝဏ္လႊာ ေပးပို႔ခဲ့တာကို ေတြ႕ရပါတယ္။ဒါတင္မကပါဘူး။ဂ်ပန္ဝန္ႀကီးခ်ဳပ္နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးတို႔လည္း ေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပႏိုင္တဲ့အေပၚနဲ႔ မဲအမ်ားစုနဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က အႏိုင္ရတဲ့အတြက္ ဂုဏ္ယူေၾကာင္း သဝဏ္လႊာေတြ ေပးပို႔ခဲ့ပါတယ္။ဒါ့အျပင္ တျခားေသာေဒသတြင္းက ဘူတန္နဲ႔ စင္ကာပူ၊ ထိုင္း၊ ဗီယက္နမ္ စတဲ့ အာဆီယံႏိုင္ငံေတြကလည္း ေ႐ြးေကာက္ပြဲကို တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲအျဖစ္နဲ႔ ေအာင္ျမင္စြာက်င္းပႏိုင္တာ၊ ေ႐ြးေကာက္ခံရတာေတြကို ဂုဏ္ျပဳတဲ့ ထုတ္ျပန္ခ်က္ေတြ ထုတ္ခဲ့ၾကပါတယ္။

ႏိုင္ငံတကာအေနနဲ႔ ဒီလိုအသိအမွတ္ျပဳသလို ျပည္တြင္းမွာ လာေရာက္ေစာင့္ၾကည့္အကဲခတ္တဲ့ ကာတာေဖာင္ေဒးရွင္းက ေ႐ြးေကာက္ပြဲမွာ ထူးျခားျဖစ္စဥ္ေသာ္လည္းေကာင္း၊ မူမမွန္ေသာ ကိစၥရပ္ႀကီးႀကီးမားမားျဖစ္တာ မေတြ႕ရဘူးလို႔ ထုတ္ျပန္ခဲ့သလို PEACE လို ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာတဲ့ အဖြဲ႕ေတြကလည္း ယခုေ႐ြးေကာက္ပြဲမွာ အနည္းအက်င္းေသာ ရွ္ိေလ့ရွိထရွိသည့္ ခ်ိဳယြင္းခ်က္မွလြဲၿပီး တရားမွ်တမႈရွိတဲ့ ေအာင္ျမင္တဲ့ေ႐ြးေကာက္ပြဲအျဖစ္ ထုတ္ျပန္ခဲ့ၾကပါတယ္။ဒါေပမယ့္ ျပည္သူေတြ ႏွစ္ၿခိဳက္မႈနည္းပါးၿပီး ေ႐ြးခ်ယ္ခံရမႈနည္းခဲ့တဲ့ ျပည္တြင္းမွာ မဲအျပတ္အသတ္ရႈံးခဲ့တဲ့ ပါတီေတြကေတာ့ ဒီလိုမဲရလဒ္ကို လက္မခံလိုတဲ့အတြက္ ေ႐ြးေကာက္ပြဲက တရားမွ်တမႈမရွိဘူးဆိုတဲ့ လမ္းေၾကာင္းကိုေလွ်ာက္လာၿပီး စြပ္စြဲခ်က္ေတြနဲ႔ ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုေတာင္ တရားစြဲမယ္ဆိုတဲ့ ပါတီေတြအထိ ရွိလာခဲ့ပါတယ္။

ဒီထဲမွာ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ (NDF) က ေ႐ြးေကာက္ပြဲရလဒ္ေတြက လြတ္လပ္ၿပီး တရားမွ်တမႈမရွိဘူးလို႔ ထုတ္ျပန္ခ်က္ ထုတ္ျပန္ခဲ့သလို အျပတ္အသတ္ရႈံးနိမ့္ခဲ့ရတဲ့ ျပည္ခိုင္ၿဖိဳးပါတီဆိုရင္ ပါတီဥကၠ႒ကိုယ္တိုင္ ပါတီဝန္းရံသူေတြကို ေ႐ြးေကာက္ပြဲမွာ တရားမဲ့ျပဳက်င့္တဲ့ အေထာက္အထားေတြရွိရင္ ပို႔ေပးၾကပါလို႔ ေျပာခဲ့ၿပီး လက္ရွိထြက္ေပၚေနတဲ့ရလဒ္ေတြက အၿပီးသတ္အေျဖေတြမဟုတ္ဘဲ အေထာက္အထားေတြနဲ႔ ဥေပဒနဲ႔အညီ ေဆာင္႐ြက္သြားမယ္လို႔ ေျပာခဲ့ပါတယ္။စစ္ဥပေဒခ်ဳပ္ (ၿငိမ္း)၊ ဝန္ ႀကီးေဟာင္း ဦးစိုးေမာင္ ဦးေဆာင္တဲ့ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီဆိုရင္ ေကာ္မရွင္က သူတို႔ မဲအႏိုင္မရေအာင္လုပ္ထားတယ္ဆိုၿပီး ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ကေန ေအာက္ေျခေ႐ြးေကာ္အဆင့္ဆင့္အထိကို တရားစြဲမယ္ဆိုၿပီး ထုတ္ျပန္ခဲ့ပါတယ္။

ယခု ေ႐ြးေကာက္ပြဲအျငင္းပြားမႈက ပါတီေတြဘက္ကၾကည့္ရင္ အေၾကာင္းတစ္ခုခုေၾကာင့္ ရႈံးနိမ့္သြားရတာဆိုတဲ့ အေၾကာင္းျပခ်က္ဘက္ကိုသြားခဲ့ေပမယ့္ မဲေပးခဲ့တဲ့ ျပည္သူေတြဘက္ကၾကည့္ရင္ေတာ့ ကိုယ္မႀကိဳက္လို႔ မေပးခဲ့တဲ့ ပါတီေတြက အႏိုင္ရတယ္ဆိုၿပီး အတင္းဇြတ္ကပ္ေျပာတာကို ခံေနရသလိုျဖစ္ေနပါတယ္။မဲရႈံးတဲ့ရလဒ္ကို လက္မခံႏိုင္တဲ့ ပါတီေတြအျဖစ္က ျပည္သူေတြအျမင္မွာ "မေရာင္းပါဘူးဆိုမွ ခ်ိန္သာခ်ိန္" အျဖစ္မ်ိဳး ျဖစ္ေနသလိုပါဘဲ။  

တစ္ဘက္မွာ အာဏာရပါတီရဲ႕ အႏိုင္ရတဲ့မဲရလဒ္ေတြ ျပတ္သားလာတာနဲ႔အမွ် ေ႐ြးေကာက္ပြဲမွာ ရႈံးနိမ့္ခဲ့ရတဲ့ ပါတီေတြဘက္က  ရလဒ္ကိုလက္မခံတဲ့ လႈပ္ရွားမႈေတြ ပိုၿပီးစိပ္လာခဲ့တာကို ေတြ႕ရပါ တယ္။ႏိုဝင္ဘာလ ၁၀ ရက္မွာ ေ႐ြးေကာက္ပြဲရလဒ္ကို မေက်နပ္လို႔ဆိုၿပီး မင္းကုန္းေဒသခံအခ်ိဳ႕က လွည္းကူးၿမိဳ႕နယ္ ေ႐ြးေကာ္႐ုံးေရွ႕မွာ ဆႏၵျပခဲဲ့ၾကပါတယ္။ဒီလိုခြင့္ျပဳခ်က္မယူဘဲ ဆႏၵျပတဲ့သူေတြကို ေနာက္ပိုင္းမွာ ပုဒ္မ ၁၉ နဲ႔ အေရးယူခဲ့ၿပီး ဦးေဆာင္သူေတြကို ေထာင္ဒဏ္တစ္လ ခ်ခဲ့ပါတယ္။ႏိုဝင္ဘာ ၁၁ ရက္က ေနျပည္ေတာ္မွာလုပ္တဲ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ သတင္းစာရွင္းလင္းပြဲမွာလည္း ရွင္းလင္းပြဲမလုပ္မီ ႐ုံးေရွ႕မွာ ျပည္ခိုင္ၿဖိဳး၊ PPP ပါတီ၊ ဖ်က္သိမ္းခံရတဲ့ ႏွင္းဆီပါတီနဲ႔ အျခားႏိုင္ငံေရးပါတီအခ်ိဳ႕ ေထာက္ခံသူ၊ ဝန္းရံသူေတြက  ဆႏၵထုတ္ေဖာ္ဖို႔ႀကိဳးစားခဲ့လို႔ ရဲတပ္ဖြဲ႕က တားျမစ္ခဲ့ရပါတယ္။

အဲဒီေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ သတင္းစာရွင္းလင္းပြဲမွာ ေကာ္မရွင္အဖြဲ႕ဝင္ ဦးျမင့္ႏိုင္ က က်င္းပၿပီးစီးသြားတဲ့ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲဟာ လြတ္လပ္ၿပီး တရားမွ်တကာ ပြင့္လင္းျမင္သာစြာ ေဆာင္႐ြက္ခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ဒီသတင္းစာရွင္းလင္းပြဲနဲ႔အၿပိဳင္ တစ္ဘက္မွာက်င္းပေနတဲ့ ျပည္ခိုင္ၿဖိဳးပါတီ (ရန္ကုန္တိုင္း) ရဲ႕ သတင္းစာရွင္းလင္းပြဲမွာ ပါတီတိုင္းအတြင္းေရးမႉးဆိုသူက ေကာ္မရွင္ကို တပ္မေတာ္နဲ႔ပူးေပါင္းၿပီး ေ႐ြးေကာက္ပြဲျပန္က်င္းပေပးဖို႔ ေတာင္းဆိုခဲ့တာနဲ႔ ပတ္သက္ၿပီးလည္း ျပတ္ျပတ္သားသားပယ္ခ်ခဲ့ကာ ျပည္သူေတြအေနနဲ႔ ေ႐ြးေကာက္ပြဲရလဒ္ကို မစိုးရိမ္ဖို႔ ဦးျမင့္ႏိုင္ က ေျပာခဲ့ပါတယ္။

တစ္တိုင္းျပည္လုံးၿခဳံၾကည္ရင္ ၂၀၁၅ ခုႏွစ္ကထက္ပိုၿပီး မဲျပတ္ျပတ္သားသားအႏိုင္ရခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရဲ႕ ေအာင္ပြဲကို ႏိုင္ငံအႏွံ႔က်င္းပေအာင္ပြဲခံေနၿပီျဖစ္ေပမယ္ ေ႐ြးေကာက္မခံရတဲ့ ပါတီအခ်ိဳ႕နဲ႔ ေ႐ြးေကာက္ပြဲမတိုင္မီ အႏိုင္ရမည့္ပါတီက မိမိတို႔ပါတီဘဲဆိုၿပီး တထစ္ခ်တြက္ဆထားတဲ့ ပါတီႀကီးအခ်ိဳ႕ကေတာ့ ဒီအေျခအေနကို မ်က္စိမွိတ္ၿပီး ျငင္းပယ္ခဲ့ပါတယ္။ဒါ့အျပင္ ဦးသိန္းၫြန႔္၊ ေဒါက္တာေနဇင္လတ္၊ ဦးသန္းေဌးတို႔ ေခါင္းေဆာင္အျဖစ္ အသီးသီးပါဝင္ထားၾကသည့္ ႏိုင္ငံေရး (၁၆) ပါတီက ပုံစံ ၁၉ မွာ လက္မွတ္မထိုးသလို ေ႐ြးေကာက္ပြဲဆိုင္ရာ သံသယျဖစ္မႈမ်ားအား စုံစမ္းႏိုင္ေရး ေျခဥကိုေစာင့္ေရွာက္ကာကြယ္ရန္ရွိတဲ့ အဖြဲ႕အစည္းမ်ားပါဝင္တဲ့ စုံခုံအဖြဲ႕ကို ၇ရက္အတြင္း ဖြဲ႕ေပးရန္ဆိုၿပီး ေၾကညာခ်က္ထုတ္ခဲ့ပါတယ္။

ဒီလို ပုံစံ ၁၉ မထိုးတာ၊ တိုင္ၾကားတာေတြနဲ႔ပတ္သက္ၿပီး ေ႐ြးေကာ္က သတင္းစာရွင္းလင္းပြဲမွာ လက္မွတ္မထိုးရင္ မထိုးတဲ့သူတာဝန္လို႔ ေျပာခဲ့ၿပီးသားပါ။ဒါ့အျပင္ တိုင္ၾကားရင္လည္း ဥပေဒေၾကာင္းအရ ခိုင္ခိုင္လုံလုံတိုင္ၾကားလာမွ စစ္ေဆးေဆာင္႐ြက္ေပးမယ္လို႔ ေျပာထားခဲ့ပါတယ္။ႏိုဝင္ဘာ ၁၄ ရက္ မွာ ျပည္ခိုင္ၿဖိဳးပါတီဘက္က ဒုဥကၠဌ ဦးခင္ရီ (ယခင္ရဲခ်ဳပ္ (ၿငိမ္း)၊ ျပည္ေထာင္စုဝန္ႀကီး (ၿငိမ္း) ဆိုသူက လူမႈကြန္ရက္ကေန ျပည္သူသို႔ပန္ၾကားခ်က္ဆိုၿပီး ထုတ္လႊင့္ခဲ့ပါတယ္။

ဒီထုတ္လႊင့္ခ်က္မွာ ျပည္ခိုင္ၿဖိဳးပါတီက ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး ရဲစခန္းကိုတိုင္ထားတဲ့ အမႈ ၈၀ ေက်ာ္၊ UEC ကို တိုင္ထားတဲ့ အမႈ (၅၅ဝ) ေက်ာ္ရွိေၾကာင္း၊ လြတ္လပ္မွန္ကန္မွ်တတဲ့ ဒီမိုကေရစီအတြက္ အစဥ္အလာဆိုးေတြ ေနာင္ေ႐ြးေကာက္ပြဲကို ပါသြားမွာစိုးလို႔ ကန႔္ကြက္ေနရတာျဖစ္ေၾကာင္း၊ တရားမဲ့ျပဳက်င့္မႈကို မလိုလားတဲ့၊ လုပ္ပိုင္ခြင့္ အခြင့္အာဏာကို အလြဲသုံးစားလုပ္တဲ့ စ႐ိုက္ဆိုး၊ အက်င့္ဆိုး၊ လုပ္ရပ္ဆိုးေတြကို မလိုလားသူတိုင္း၊ သူတို႔ကို ဝိုင္းဝန္းကူညီ ပူးေပါင္းေဆာင္႐ြက္ေပးၾကဖို႔၊ သူတို႔ကလည္း  ဒီစနစ္ဆိုးေတြ၊ စ႐ိုက္ဆိုးေတြကို  ေ႐ြးေကာက္ပြဲစနစ္မွာ က်န္ရွိမေနေစဖို႔အတြက္ ေရဆုံးေျမဆုံး ရွင္းလင္းေဆာင္႐ြက္ေပးသြားမယ္” ဆိုၿပီး ေျပာခဲ့ပါတယ္။

ဒီလိုေျပာၿပီး ေနာက္တစ္ရက္ ႏိုဝင္ဘာ ၁၅ ရက္မွာ ေနျပည္ေတာ္ ဥတၱရသီရိၿမိဳ႕နယ္၊ ေ႐ႊနံ႔သာေဘာလုံးပြဲမွာ ျပည္ခိုင္ၿဖိဳးကေန  လူ ၃၀ ဦးနဲ႔ ဆႏၵထုတ္ေဖာ္မႈ ထပ္လုပ္ခဲ့ပါတယ္။လူ ၃၀ ဦး ဆိုေပမယ့္ လာဝန္းရံတဲ့သူေတြက ကားေတြနဲ႔ ႀကိဳပိုလုပ္ခဲ့လို႔ ႏွစ္ေထာင္ဝန္းက်င္ခန႔္ရွိခဲ့ၿပီး ဝန္းရံသူေတြကသာ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို တရားမွ်တမႈမရွိလို႔ဆိုၿပီး ေဟာေျပာခဲ့ၾကၿပီး လူကမ်ားလာလို႔ ရဲတပ္ဖြဲ႕က လူစုခြဲခဲ့ရပါတယ္။  

ယခုေ႐ြးေကာက္ပြဲရလဒ္က အာဏာရပါတီမွတပါး အျခားပါတီေတြကို အထိနာေစခဲ့သလို ခန႔္မွန္းသမွ်လည္း တလြဲျဖစ္ခဲ့တဲ့အတြက္ အရွက္ရစရာျဖစ္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ေ႐ြးေကာက္ပြဲဝင္တဲ့ ပါတီတိုင္းက NLD ပါတီအစိုးရရဲ႕ ၿပီးခဲ့တဲ့ ငါးႏွစ္တာသက္တမ္းအတြင္း တနသၤာရီဝန္ႀကီးခ်ဳပ္ လာဘ္စားမႈနဲ႔ ဖမ္းဆီးခဲ့ရမႈ၊ အမတ္အခ်ိဳ႕ရဲ႕ အိမ္ေထာင္ေရးနဲ႔ အာဏာအလြဲသုံးစားလုပ္မႈ၊ မေအာင္ျမင္ခဲ့တဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ လက္နက္ကိုင္ေသာင္းက်န္းမႈ ပိုအားေကာင္းလာမႈ၊ ျပဳျပင္ေျပာင္းလဲေရး ထင္သေလာက္ျဖစ္မလာမႈ၊ ပါတီကိုစြန္႔ခြာၿပီး တစ္စင္ေထာင္သူေတြေပၚလာမႈ ၊ ဒီမိုကေရစီေတာ္လွန္ေရးမွာ ေက်ာခ်င္းကပ္သူေတြက ဆန႔္က်င္လာမႈ၊ စတာေတြ ျပည္တြင္းႏိုင္ငံေရးပုေရာဟိတ္ေတြရဲ႕ ျပည္သူမ်ားအၾကား အာဏာရပါတီ လူႀကိဳက္ႏူန္းက်လာၿပီဆိုတဲ့ စစ္တမ္းေတြ၊ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ စီးပြားေရးထိုးက်လာမႈေတြေၾကာင့္ အာဏာရပါတီကိုယွဥ္လိုရၿပီ၊ ၿပိဳင္လို႔ရၿပီဆိုၿပီး စိတ္ကူးယဥ္တြက္ခ်က္မႈေတြနဲ႔ ေ႐ြးေကာက္ပြဲအႏိုင္အိပ္မက္ေတြ၊ အိပ္မက္အစိုးရေတြ ဖြဲ႕ခဲ့မက္ခဲ့ၾကပါတယ္။

ဒါေပမယ့္ ပါတီေတြဘက္က မသိတဲ့အခ်က္က ျပည္သူေတြရင္ထဲက ဒဏ္ရာဒဏ္ခ်က္ေတြ ခံစားခ်က္ေတြက လြယ္လြယ္နဲ႔မေပ်ာက္ႏိုင္တာ၊ မေမ့ႏိုင္တဲ့ စိတ္ခံစားခ်က္ကိုပါဘဲ။ဖြံ႕ၿဖိဳးလာတဲ့ ဆိုရွယ္မီဒီယာေၾကာင့္ လတ္တေလာ ဆႏၵျပမႈေတြျဖစ္ရပ္ေနာက္ကြယ္က အက်ိဳးစီးပြားေတြ၊ ဘယ္သူေတြက ဘယ္အက်ိဳးစီးပြားေၾကာင့္ ႏိုင္ငံေရးကို  ကစားေနတာလဲဆိုတာေတြ၊ ေ႐ြးေကာက္ပြဲမွာ ထပ္ရႈံးလို႔မရတဲ့အထိ၊ ရႈံးခဲ့ရင္ တခ်ိဳ႕ေသာပုဂၢိဳလ္ေတြရဲ႕ အက်ိဳးစီးပြားေတြ ပ်က္စီးမယ့္အေျခအေနေတြ၊ အရပ္သားအစိုးရ ေဆာင္႐ြက္မႈမွန္သမွ် မေအာင္ျမင္ေအာင္ ဘယ္သူေတြကစားေနလဲဆိုတာေတြ၊ ႏိုင္ငံရဲ႕ ပထဝီႏိုင္ငံေရးအေျခအေနေၾကာင့္ ဘယ္ပါတီတက္လာရင္ ဘာျဖစ္လာႏိုင္သလဲဆိုတာေတြ စတဲ့  ယခင္က ျပည္သူေတြျမင္ႏိုင္ခဲတဲ့ အျမင္ေတြ၊ အသိေတြ၊ ျဖစ္ရပ္ေတြကို ဆိုရွယ္မီဒီယာကေန ျမင္ေတြ႕သိႏိုင္ခဲ့တဲ့အတြက္ ဒီလိုမဲရလဒ္ျပတ္သားခဲ့တာလည္း ျဖစ္ပါတယ္။

မဲရလဒ္ထုတ္ျပန္မႈေၾကာင့္ အာဏာရပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ ၁၁၁၇ ေနရာမွာ ၉၂၀ ထိရခဲ့ကာ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္မွာ ၃၉၆ ေနရာထိ အႏိုင္ရခဲ့လို႔  မၾကာခင္မွာ အစိုးရအဖြဲ႕သစ္အတြက္ အခင္းအက်င္းေတြ၊ လႊတ္ေတာ္သစ္အတြက္ အခင္းအက်င္းေတြ ျပင္ဆင္လာသလို မၾကာခင္ကပဲ တိုင္းရင္းသားမ်ား၏ ဆႏၵမ်ားကို အေလးထားေဆာင္႐ြက္သြားမယ္ဆိုၿပီး စာထုတ္ခဲ့လို႔ တိုင္းရင္းသားပါတီေတြဘက္က ႀကိဳဆိုခဲ့ၾကတာကို ေတြ႕ရပါတယ္။ဒီလိုအစိုးရသစ္ဖြဲ႕ဖို႔ေတာင္ ျပင္ဆင္ေနခ်ိန္မွာ ယခုထိ ပါတီအခ်ိဳ႕က ျပည္သူအမ်ားစုလက္ခံထားတဲ့ မဲရလဒ္ေတြကို  အတင္းဇြတ္မွိတ္ၿပီး လက္မခံေသးဘဲ ရွိေနပါေသးတယ္။

ဒီလို မေထာ္မနန္းလုပ္တာေတြနဲ႔ပတ္သက္ၿပီး ယခင္ ဦးသိန္းစိန္အစိုးရအဖြဲ႕တုန္းက ျပန္ၾကားေရးဝန္ႀကီး တာဝန္ယူဘူးတဲ့ ဦးရဲထႊဋ္ က "တစ္စိတ္တစ္ေဒသ အျငင္းပြားမႈျဖစ္စဥ္ေတြကို အကုန္လုံးယူဆတုန႔္ျပန္ေနမယ္ဆိုရင္ အရႈံးကိုလက္မခံႏိုင္တဲ့ပါတီ၊ ကန္႔လန္႔တိုက္တဲ့ပါတီလို႔ လူထုကျမင္သြားႏိုင္တယ္" ဆိုၿပီး လူမႈကြန္ရက္ကေန သတိေပးခဲ့ပါတယ္။လက္ရွိ ျပည္ခိုင္ၿဖိဳးပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူကိုယ္တိုင္က သူ႔အရႈံးကိုလက္ခံၿပီး မုဒိတာေမြးကာ ရင့္က်က္မႈကိုျပခဲ့သလို ဧရာ၀တီတိုင္းက ေမြးရပ္ေျမမွာ NLD ကို ရႈံးခဲ့တဲ့ ဝါရင့္ႏိုင္ငံေရးသမားႀကီး မန္းၿငိမ္းေမာင္ကလည္း မဲေပးတဲ့ျပည္သူေတြ ႏိုင္ငံေရးအသိျမင့္ပါတယ္ဆိုၿပီး ျပည္သူကိုခ်ီးက်ဴးကာ‌ အရႈံးကိုလက္ခံခဲ့ပါတယ္။ဒါ ႏိုင္ငံေရးသမားနဲ႔ ႏိုင္ငံေရးသမားမဟုတ္သူေတြအၾကား ေ႐ြးေကာက္ပြဲရလဒ္ကို တုံ႔ျပန္ပုံျခင္း ကြာျခားခ်က္ပါ။

တျခားပါတီေတြျဖစ္တဲ့ လူ႔ေဘာင္သစ္ ဒီမိုက္ကရက္တစ္ပါတီ၊ ျပည္သူ႔ပါတီ၊ သူရဦးေ႐ႊမန္း ဦးေဆာင္တဲ့ ပါတီေတြလည္း ဒီမဲရလဒ္နဲ႔ အရႈံးကို လက္ခံခဲ့တာ ေတြ႕ရပါတယ္။ေ႐ြးေကာက္ပြဲဟာ ျပည္သူလက္မခံရင္ ရႈံးမယ္၊ လက္ခံရင္ ႏိုင္မယ္ဆိုတဲ့ သေဘာသဘာ၀ကို နားလည္ဖို႔လိုေနၾကသလို ကိုယ္ေကာင္းေနရင္၊ ငါေတာ္ေနရင္၊ တစ္ခ်ိန္က ငါက ဘာတာဝန္ယူထားလို႔ ငါကိုေ႐ြးရမယ္ဆိုတဲ့ ျပည္သူ႔အႀကိဳက္၊ ျပည္သူ႔ဆႏၵကို အေလးမထားတဲ့ သေဘာေတြကိုလည္း ယခုပါတီအခ်ိဳ႕ ေျပာဆိုမႈေတြ ဆႏၵ ျပမႈေတြကိုၾကည့္ရင္ ေတြ႕ရပါတယ္။ပါတီအခ်ိဳ႕အေနနဲ႔ ဒီပုံစံဆက္သြားေနရင္ ဘယ္ေသာအခါမွ ျပည္သူ႔မဲကို ရႏိုင္ဖို႔မျမင္ပါဘူး။  

လက္ရွိမွာ တပ္မေတာ္ဘက္ကလည္း " ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး မည္သည့္မွတ္ခ်က္မွ မေပးဘူး၊ က်ေနာ္တို႔အလုပ္ကိုပဲ က်ေနာ္တို႔လုပ္မယ္” လို႔ ေျပာထားၿပီးျဖစ္သလို မဲရလဒ္ကို ပါတီအမ်ားစုနဲ႔ ႏိုင္ငံတကာကပါ ေထာက္ခံေနတဲ့အတြက္ ေျပာင္းလဲစရာျဖစ္လာစရာ မရွိေတာ့ပါဘူး။ဒီအတြက္ အာဏာအလြဲအေျပာင္း အက်ပ္အတည္းဆိုတာလည္း ျဖစ္ႏိုင္စရာမရွိတဲ့အတြက္ ေ႐ြးေကာက္ပြဲရလဒ္ကို လက္မခံလိုတဲ့ ပါတီေတြအဖို႔ ၾကာေလ ျပည္သူကခ်ဥ္ေလ ျဖစ္လာႏိုင္တဲ့အတြက္ ဒါကို ဘယ္ေတာ့မွသိမလဲ၊ ရႈံးမဲမဲၿပီးလုပ္ေနတာေတြ ဘယ္ေတာ့ရပ္မလဲ၊ ျပည္သူ႔အမုန္းကို အဆုံးထိရဖို႔ ဘယ္ကာလထိ မ်က္ႏွာေျပာင္တိုက္ၿပီး ဆက္လုပ္ေနဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ပါတီမွားယြင္းမႈရဲ႕ တရားခံအစစ္က စာစီစာ႐ိုက္ေတြလား

ယခုရက္သတၱပတ္ထဲမွာ သတင္းစာရွင္းလင္းပြဲေတြ ဆက္တိုက္ေတြ႕ခဲ့ရပါတယ္။အထူးသျဖင့္ ႏိုဝင္ဘာ ၈ ရက္က က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ အျပတ္အသတ္ရႈံးနိမ့္ခဲ့တဲ့ ျပည္ခိုင္ၿဖိဳးပါတီဘက္ကျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲနဲ႔ ေ႐ြးေကာက္ပြဲေကာ္မရွင္ကျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲေတြဘဲ ျဖစ္ပါတယ္။ႏိုဝင္ဘာ ၁၁ ရက္က ရန္ကုန္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးခ်ဳပ္မွာ ျပဳလုပ္ခဲ့တဲ့ တိုင္းအဆင့္ သတင္းစာရွင္းလင္းပြဲမွာ ျပည္ခိုင္ၿဖိဳးပါတီဘက္က ေ႐ြးေကာက္ပြဲမွာ မမွ်တဘူးလို႔ စြပ္စြဲခဲ့ၿပီး ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မရွင္ကို တပ္မေတာ္ႏွင့္ပူးေပါင္းၿပီး ေ႐ြးေကာက္ပြဲတစ္ခုကို အျမန္ဆုံးျပန္လည္က်င္းပေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ဒီလိုေတာင္းဆိုမႈေၾကာင့္ ေရွ႕ေနေတြ၊ အရပ္ဘက္အဖြဲ႕အစည္းေတြနဲ႔ ႏိုင္ငံေရးသမားေတြ၊ ဒီမိုကရက္တစ္ေတြအျပင္ ျပည္ခိုင္ၿဖိဳးပါတီဦးေဆာင္တဲ့ အစိုးရအဖြဲ႕မွာ ျပည္ေထာင္စုဝန္ႀကီးအဆင့္တာဝန္ယူခဲ့သူေတြေတာင္ ကန႔္ကြက္ခဲ့ၾကပါတယ္။တၿပိဳင္နက္က်င္းပေနတဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ကလည္း ျပတ္ျပတ္သားသား ပယ္ခ်ခဲ့ပါတယ္။

အဆိုပါသတင္းစာရွင္းလင္းပြဲက အျပစ္အနာအဆာမ်ားခဲ့ၿပီး ပါတီအေနနဲ႔ ေ႐ြးေကာက္ပြဲရလဒ္ကို လက္ခံၿပီး ၿငိမ္ေနခဲ့ရင္ေတာင္ အရႈံးကိုလက္ခံရဲတဲ့ ပါတီႀကီးအျဖစ္ ျပည္သူေတြရဲ႕စာနာမႈကို ရရွိႏိုင္တာေတာင္ ဒီလိုလမ္းကိုမေလွ်ာက္ဘဲ အာဏာရျပန္လည္ရေရးဘက္ကို ေဇာင္းတင္ခဲ့ၿပီး ရလဒ္ကိုလက္မခံဘဲ စာထုတ္ေတာင္းဆိုခဲ့တဲ့အတြက္ ဆက္တိုက္ဆိုသလို တျခားေသာ institution ေတြကို ေစာ္ကားသလိုအျဖစ္ကို ႀကဳံခဲ့ရပါတယ္။ပါတီရဲ႕ သတင္းစာရွင္းလင္းပြဲမွာ အမ်ိဳးသားေရးလႈပ္ရွားသူမ်ားကိုပါ ေခၚထည့္ထားခဲ့ၿပီး ထိုသူေတြက ပါတီ႐ုံးအတြင္းေရာက္ရွိကာ သတင္းရယူေနသည့္  သတင္းသမားမ်ားကို တန္ျပန္ေမးခြန္းထုတ္ျခင္း၊ ေအာ္ဟစ္ေျပာဆိုျခင္း၊ ရန္ျပဳရန္အားထုတ္ျခင္းတို႔ ျပဳလုပ္ခဲ့သလို သတင္းသမားတစ္ဦးကိုလည္း လူငါးဦးကပိတ္ဆို႔ခဲ့လို႔ တျခားသတင္းသမားေတြက ကယ္ထုတ္ခဲ့ရတဲ့အျဖစ္ထိ ေရာက္ခဲ့ပါတယ္။ဒီအတြက္ ျမန္မာႏိုင္ငံသတင္းစာဆရာမ်ားအသင္းက  ႏိုဝင္ဘာ ၁၃ ရက္မွာ စာထုတ္ၿပီး ကန႔္ကြက္ရႈတ္ခ်ကာ ပါတီအေနနဲ႔ ေတာင္းပန္သင့္ေၾကာင္း ေျပာခဲ့ေပမယ့္ ျပည္ခိုင္ၿဖိဳးပါတီဘက္က  ႏိုဝင္ဘာ ၁၅ ရက္အထိ မီဒီယာေတြကို  ျပန္ေတာင္းပန္တာ မေတြ႕ေသးပါဘူး။

သတင္းသမားေတြကိုသာ မကပါဘူး။အဲဒီေန႔က သတင္းစာရွင္းလင္းပြဲအၿပီး သတင္းထုတ္ျပန္ ခ်က္မွာလည္း ေ႐ြးေကာက္ပြဲမွာ တာဝန္ယူခဲ့တဲ့ ဆရာ/ဆရာမေတြကို ဘက္လိုက္တယ္ဆိုၿပီး စြပ္စြဲခဲ့ပါတယ္။ထုတ္ျပန္ခ်က္မွာ “ဆရာ၊ ဆရာမအမ်ားစုသည္ NLD ေထာက္ခံသူမ်ားသာျဖစ္ၿပီး ၾကားေန ဆရာ၊ ဆရာမမ်ား မျဖစ္သည္ကို ေတြ႕ရပါသည္” ဆိုၿပီး ေဖာ္ျပခဲ့ပါတယ္။

ဒီလိုစြပ္စြဲေဖာ္ျပတဲ့အတြက္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္က ျပင္းထန္စြာကန႔္ကြက္ရႈတ္ခ်ၿပီး ဆရာ၊ ဆရာမေတြကို တရားဝင္ျပန္ေတာင္းပန္ရန္ ပါတီကိုေတာင္းဆိုခဲ့ရာမွာ အဆိုပါေန႔ညပိုင္းမွာဘဲ ဒီလိုေရးသားေဖာ္ျပခဲ့တာ ကြန္ပ်ဴတာတာဝန္ခံ မွားယြင္းမႈေၾကာင့္ဆိုၿပီး ေဖာ္ျပကာ ပါတီဘက္က ဆရာ၊ ဆရာမမ်ားကို အႏူးအၫြတ္ေတာင္းပန္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ဒါေပမယ့္ အေျခခံပညာ ပညာေရးလုပ္သားသမဂၢမ်ားဘက္က ျဖစ္သလိုေတာင္းပန္ထားတာကို လက္မခံဘဲ ျပည္ခိုင္ၿဖိဳးပါတီကို ေ႐ြးေကာ္ဥပေဒအရ အေရးယူေပးဖို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ေတာင္းဆိုခဲ့တာကို ေတြ႕ရပါတယ္။

ပါတီအေနနဲ႔ သတင္းစာရွင္းလင္းပြဲကေနမွားခဲ့တာ တစ္ခုႏွစ္ခုတည္း မဟုတ္ပါဘူး။ႏိုဝင္ဘာ ၁၁ ရက္ေန႔ သတင္းထုတ္ျပန္ခ်က္နဲ႔ ၁၂ရက္ေန႔ထုတ္ ပါတီသတင္းလႊာမွာပါတဲ့ အခ်က္အလက္ေတြမွာ မသန္စြမ္းမ်ားကို ထိခိုက္ေျပာဆိုထားလို႔ဆိုၿပီး  မသန္စြမ္းအေရးကို ဒိုင္ခံလုပ္ေဆာင္ေနတဲ့ ေ႐ႊမင္းသားေဖာင္ေဒးရွင္း (ျမန္မာ) က အျပင္းအထန္ ကန႔္ကြက္ရႈတ္ခ်ခဲ့ပါတယ္။ဒီလို မသန္စြမ္းသူမ်ားအေပၚ ခြဲျခားဆက္ဆံတယ္ဆိုၿပီး ရႈတ္ခ်ကန႔္ကြက္ခံေနရမႈကိုလည္း ႏိုဝင္ဘာ ၁၅ ရက္မွာ ျပည္ခိုင္ၿဖိဳးပါတီ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးဆိုသူက စာစီစာ႐ိုက္အမွားလို႔ဆိုၿပီး ေျပာခဲ့ျပန္ပါတယ္။

ဒါ့အျပင္ အဆိုပါေျပာေရးဆိုခြင့္ရွိသူကိုယ္တိုင္ ႏိုဝင္ဘာ ၁၁ ရက္ကျပဳလုပ္တဲ့ မႏၲေလးတိုင္းေဒသႀကီးအဆင့္ ျပည္ခိုင္ၿဖိဳးသတင္းစာရွင္းလင္းပြဲမွာ ေပါက္ေခါင္းၿမိဳ႕နယ္မွာ ျပည္ခိုင္ၿဖိဳးပါတီဝန္းရံသူတစ္ဦး အသတ္ခံခဲ့ရတယ္ဆိုၿပီး ေျပာခဲ့တဲ့အတြက္ ေပါက္ေခါင္းၿမိဳ႕နယ္ဘက္က သူတို႔ဘက္မွာမရွိဘူးဆို ၿပီး အေျခအျမစ္မရွိတဲ့ သတင္းမွားျဖစ္လို႔ ေဒသသိကၡာက်တယ္ဆိုၿပီး ပါတီဘက္က ျပန္ေတာင္းပန္ဖို႔ ေဒသခံေတြဘက္က ေျပာခဲ့ပါတယ္။ဒီလိုမွားယြင္းမႈအတြက္ ေနာက္ပိုင္းမွာ ေပါင္းတည္ၿမိဳ႕နဲ႔ မွားယြင္းၿပီးေျပာခဲ့တာျဖစ္တဲ့အတြက္ ေတာင္းပန္ပါတယ္ဆိုၿပီး ႏိုဝင္ဘာ ၁၅ ရက္မွာ ျပန္ေျပာခဲ့ပါတယ္။  

ဒီအတြက္ အမ်ားျပည္သူၾကား ေဝဖန္စရာျဖစ္ခဲ့သလို ပါတီရဲ႕ သတင္းစာရွင္းလင္းပြဲေတြမွာ ဘာေတြမွားဦးမလဲ၊ ဘာေတြလြဲဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္စရာ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ရဲ႕ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ႏိုဝင္ဘာ - ၁၆