【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကြိုးမိန့်နဲ့ ပြီးခဲ့တဲ့ ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှု

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကြိုးမိန့်နဲ့ ပြီးခဲ့တဲ့ ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှု

ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို ရန်ကုန်လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကြည်လင်း နဲ့ အပေါင်းအပါတွေကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ကြိုးမိန့်နဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့တဲ့ သတင်းက ထိပ်တန်းသတင်း ဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေနဲ့အတူ တနင်္သာရီတိုင်းအစိုးရကို ဆုံးမဖို့လာတယ်ဆိုတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ သတင်း၊ လွိုင်ကော်မှာ ထားရှိမယ့် ဗိုလ်ချုပ်မြင်းစီးရုပ်ထုအပေါ် ကန့်ကွက်ဆန္ဒပြသူတွေကို ရော်ဘာကျည်နဲ့ ပစ်ခတ်ဖြိုခွဲလို့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တဲ့ သတင်း၊ အမွေမပေးလို့ ဖအေကို မီးရှို့နှိပ်စက်တဲ့ သတင်းတွေလည်း ယခုတစ်ပတ်မှာ အများစောင့်ကြည့်ရတဲ့ သတင်းထူးတွေ ဖြစ်ခဲ့ပါတယ်။

ကြည်လင်း နဲ့ အောင်ဝင်းဇော် မသေမချင်း ကြိုးကွင်းစွပ်သတ်စေ

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်က ဖြစ်ခဲ့တဲ့ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုကို နှစ်နှစ်အကြာ စစ်ဆေးပြီးနောက်မှာ  မြောက်ပိုင်းခရိုင်တရားရံုံး အထူးခုံရုံးက ကြည်လင်း အား ပုဒ်မ - ၃၀၂ (၁) (ခ)၊ ၃၄/၃၀၂ (၂)၊ ၁၉ (ဃ) (စ) အရ သေဒဏ် ထောင်ဒဏ် (၂၀) နှစ် လက်နက် ၃ နှစ်ဖြင့် လည်းကောင်း၊ မသေမချင်း ကြိုးကွင်းစွပ်ပြစ်ဒဏ်၊ တရားခံ အောင်ဝင်းဇော် အား ပုဒ်မ-၃၀၂ (၁) (ခ)/၃၄ အရ သေဒဏ် ထောင်ဒဏ် (၂၀) နှစ် မသေမချင်း ကြိုးကွင်းစွပ်ပြစ်ဒဏ်၊ တရားခံ ဇေယျာဖြိုးအား ပုဒ်မ - ၃၀၂ (၁) (ခ) /၁၀၉ အရ ထောင်ဒဏ် (၅) နှစ်၊ တရားခံ အောင်ဝင်းထွန်း အား ပုဒ်မ - ၂၁၂ အရ ထောင်ဒဏ် (၃) နှစ်နဲ့ အသီးသီးချမှတ်ခဲ့ပါတယ်။

အဆိုပါအမှုကို ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်နေ့တွင် မြောက်ပိုင်းခရိုင်တရားရုံးသို့ စတင်တရားစွဲဆို တင်ပို့ခဲ့ပြီး တရားလိုပြသက်သေ ၇၂ ဦးကို စစ်ဆေးကာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် စွဲချက်တင် အမိန့်ချမှတ်ခဲ့ပါတယ်။အဆိုပါ စွဲချက်တင် အမိန့်ချမှတ်မှုနှင့် ပတ်သက်၍ တရားလိုနှင့် စွပ်စွဲခံရသူ နှစ်ဖက်စလုံးမှ တိုင်းတရားလွှတ်တော်သို့ ရာဇဝတ်ပြင်ဆင်မှု လျှောက်ထားရာ ၂၀၁၈ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် တိုင်းတရားလွှတ်တော်မှ ဇေယျာဖြိုး အား ၃၀၂ (၁) (ခ)/ ၃၄ အစား ၃၀၂ (၁) (ခ)/၁၀၉ သို့ ပြောင်းလဲပြင်ဆင်ပေးခဲ့ပြီး အောင်ဝင်းဇော် အား လက်နက်ဥပဒေပုဒ်မ ၁၉ (ဃ) (စ) ကို ပယ်ဖျက်ပေးခဲ့ပါတယ်။

ကြည်လင်း နဲ့ အောင်ဝင်းထွန်း တို့ရဲ့ စွဲချက်များကို နဂိုမူလ တရားရုံးအမိန့်အတိုင်း အတည်ပြုပေးခဲ့ပါတယ်။တိုင်းတရားရုံးမှ အမိန့်ပြင်ဆင်အပြီးတွင် မြောက်ပိုင်းခရိုင်တရားရုံး အထူးခုံရုံးက တရားခံ ၄ ဦး၊ လိုပြသက်သေ ၃၉ ဦး စုစုပေါင်း ၄၃ ဦးကို ဆက်လက်စစ်ဆေးကာ အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီအမှုဟာ အများပြည်သူကြား စိတ်ဝင်စားမှု မြင့်တက်နေခဲ့တဲ့ သတင်းဖြစ်ပြီး အမှုအပေါ် စောင့်ကြည့်မှုတွေ ရှိခဲ့ပါတယ်။အများထင်မြင်ယူဆသလို အနီးကပ်ဆုံး ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အတွက် ဝေဖန်မှုအနည်းငယ်သာ ထွက်ပေါ်ခဲ့ပါတယ်။

ယခုသတင်းဟာ ဒီတစ်ပတ်မှာဖြစ်ခဲ့တဲ့ မြစ်ဆုံစီမံကိန်း အပြီးရပ်ဆိုင်းရေး လှုပ်ရှားမှု ဦးဆောင်သူ ဒေါ်ဂျာခေါန် ကို ဒဏ်ငွေ ကျပ်တစ်သောင်း ချမှတ်ခဲ့တဲ့ သတင်း၊ မောင်တောမြို့နယ်မှာ ညမထွက်ရအမိန့်ကို ထပ်မံသက်တမ်းတိုး ထုတ်ပြန်ခဲ့တဲ့ သတင်း၊ ရခိုင်မြောက်ပိုင်း ယာယီခိုလှုံရာ စစ်ဘေးရှောင်စခန်းအများစု မကြာမီ စားနပ်ရိက္ခာ ပြတ်လပ်မည့် အခြေအနေရှိနေတဲ့ သတင်း၊ ပုလဲမွေးမြူရေးလုပ်မယ်ဆိုပြီး ကုမ္ပဏီတွေ သိမ်းခဲ့တဲ့ ဆလုံတိုင်းရင်းသား ကျွန်းမြေနေရာတွေကို သီးခြားအဖွဲ့ ဖွဲ့ကာ အမြန်ဆုံးစိစစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့တဲ့ သတင်း စတဲ့ သတင်းတွေထဲ လူစိတ်ဝင်စားမှု အများဆုံးသတင်း ဖြစ်ခဲ့ပါတယ်။

တိုင်းအစိုးရအဖွဲ့ကို ဆုံးမဖို့လာတဲ့ အတိုင်ပင်ခံ

တရုတ်သိုင်းကားတွေထဲကလို မလိမ္မာတဲ့ အရာရှိကြီးတွေကို ဆုံးမဖို့လာတဲ့ ဇာတ်လမ်းလိုပါဘဲ တနင်္သာရီတိုင်း ဝန်ကြီးချုပ်နဲ့ တိုင်းစီမံ/ဘဏ္ဍာဝန်ကြီး၊ တိုင်းပါတီဥက္ကဋ္ဌတွေကို ထုတ်ပယ်ဖို့ ဒေသခံတွေက တောင်းဆိုနေချိန်မှာ ချိန်ကိုက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တနင်္သာရီခရီးစဉ်က အများစုစိတ်ကို ငြိမ်းအေးစေခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီးကို ရောက်လာတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မြိတ်မြို့ ပုလဲရတနာခန်းမမှာ ဖေဖော်ဝါရီ ၁၃ ရက် ညနေက ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဒေသခံတစ်ဦးက တင်ပြခဲ့တဲ့ တိုင်းအဆင့်မှာ မပြီးတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တိုင်းအဆင့်မှာ မပြီးတဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံကို တင်ပြရတာမှာ ရှက်စရာကောင်းတယ်လို့ ပြောခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် က ‘‘ကိစ္စမရှိပါဘူး။
ကျွန်မလည်း နားလည်ပါတယ်။ကျွန်မတို့ တနင်္သာရီကို လာရတဲ့ အကြောင်းတစ်ခုကလည်း အစိုးရအဖွဲ့ကို ဆုံးမဖို့ဖြစ်ပါတယ်’’ လို့ ပြောခဲ့တဲ့အတွက် ဒီပြောစကားက လူတွေရင်ကိုထိတဲ့ သတင်းအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။

ပုလဲရတနာခန်းမ၌ ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ ဒေသခံတွေက သူတို့လက်ရှိတွေ့ကြုံနေရတဲ့ ပြဿနာတွေကို တင်ပြခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံက ပါလာတဲ့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေနဲ့ တစ်ခါတည်း တင်ပြဖြေရှင်းခိုင်းစေခဲ့ပါတယ်။ဒေသခံတစ်ဦးက တိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းစီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်း နှင့် ဒီချုပ်ပါတီ တိုင်းဥက္ကဋ္ဌ ဦးအောင်စိုး တို့ကို အမြန်ဆုံး ဖယ်ရှားလင်းပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တောင်းဆိုကြောင်း ပြောကြားစဉ်မှာ တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ဒေသခံတွေက လက်ခုပ်တီးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ရဲ့ မြိတ်ခရီးစဉ်မှာ အစိုးရအဖွဲ့ကို လူစားလဲပေးရန် ဒေသခံများက ဆိုင်းဘုတ်များ ကိုင်ဆောင်၍ တောင်းဆိုဆန္ဒပြခဲ့တာတွေလည်း ဖြစ်ခဲ့ပါတယ်။

ထားဝယ်နှင့် မြိတ်ခရိုင်ရှိ ဒီ/ချုပ် ထောက်ခံသူ ၁၀၀ ကျော်က ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်း နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်စိုး တို့ကို ဆွေမျိုးနီးစပ်သူများကို လုပ်ပိုင်ခွင့်များချပေးခြင်း၊ ကိုယ်ရေးအရာရှိ ခန့်ထားခြင်း၊ အဂတိကျော်စောခြင်း စွပ်စွဲချက်များနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့  ဒီ/ချုပ်ပါတီဗဟို၊ နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ထံ လက်မှတ်ထိုး တိုင်ကြားထားတာမှာ ဒီ/ချုပ်ပါတီဗဟိုနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးနေတဲ့အတွက် ဘာတွေအဖြေထွက်လာမလဲဆိုတာ မသိရသေးပါဘူး။

ယခုလို နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် အောက်ခြေထိဆင်းကာ ဒေသခံအသံများ နားထောင်လာသည့်အတွက် တနင်္သာရီ ပြဿနာမှာ ဒေသခံများစွပ်စွဲသလို ဖြစ်ခဲ့ပါက ဘယ်လိုအရေးယူမလဲနှင့် အကယ်၍ စွပ်စွဲသလိုမဟုတ်ပါက တိုင်းအစိုးရနှင့် ပြည်သူများ ဆက်ဆံရေး ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

ဒီသတင်းနဲ့အတူ ယခုတစ်ပတ်အတွင်းမှာ  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်သူတွေ ယုံကြည်အားကိုးရတဲ့ဌာန ဖြစ်လာအောင် စိတ်ဓာတ်ပိုင်းဆိုင်ရာကနေ ယူနီဖောင်း၊ တံဆိပ်ကအစ ပြုပြင်ပြောင်းလဲသွားမယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒု-ဝန်ကြီးက ပြောလိုက်တဲ့ သတင်း၊ ဇီးပင်ကြီး စစ်တမ်းနဲ့ နာမည်ကြီးတဲ့ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ဦးညီညီစံ ကို သမ္မတအမိန့်နဲ့ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့ခန့်ထားလိုက်တဲ့ သတင်း၊ တာဝန်မှ အနားပေးခံရတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦးကို ကချင်ပြည်နယ်လွှတ်တော် ကော်မတီနှစ်ခုမှာ  ဥက္ကဋ္ဌနေရာ ပြန်လည်ခန့်အပ်ခဲ့တဲ့ သတင်း၊ ကချင်ပြည်နယ် လမ်းပန်း၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာနကို လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာနလို့ ဝန်ကြီးဌာန နှစ်ခုခွဲပြီး ဖွဲ့စည်းခဲ့တဲ့ သတင်း၊ မန္တလေးမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူလူထု ဆန္ဒထုတ်ဖော် ထောက်ခံပွဲ ပြုလုပ်ခဲ့တဲ့ သတင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး စတစ်ကာကမ်ပိန်းကို ကော့သောင်း၊ မြိတ်၊ ဖားကန့်နဲ့ တမူးမှာ ပြုလုပ်ခဲ့တဲ့ သတင်း စတဲ့ သတင်းတွေလည်း ဖြစ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ရုပ်တု နောက်ကွယ်

တိုင်းရင်းသား စည်းလုံးညီညွှတ်မှု သက်သေဖြစ်သည့် ပြည်ထောင်စုနေ့မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့သည့် လွိုင်ကော်ဖြစ်ရပ်က ယခုတစ်ပတ်အတွင်းဖြစ်ခဲ့သည့် သတင်းများစွာထဲ အထူးစောင့်ကြည့်ရတဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်မြင်းစီးရုပ်ထု ထားရှိမယ့်အပေါ် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့လို့ လူငယ် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၄ဦးထိ တရားစွဲဆိုခံရတဲ့ ကိစ္စက ဖေဖေါ်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ဒေသခံတွေနဲ့ အစိုးရအဖွဲ့ကြား တင်းမာမှု အမြင့်ဆုံးရောက်ခဲ့ပြီး ဆန္ဒပြသူတွေက တားဆီးထားသည့် အရံအတားများကို ကျော်ဖြတ်ခဲ့ရာကနေ  ပြည်နယ်ရဲတပ်ဖွဲ့က ရော်ဘာကျည်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာမှာ ထိခိုက်မှုတွေရှိပြီး ထိုပြဿနာမှာ တစ်ပြည်လုံးက စောင့်ကြည့်ရသည့်အထိ ဖြစ်လာခဲ့ပါတယ်။

ဖေဖေါ်ဝါရီ ၁၂ ရက် မတိုင်ခင်ကတည်းက လွိုင်ကော်မြို့တွင် ထားရှိမည့် ဗိုလ်ချုပ်မြင်းစီးရုပ်ထုနဲ့ ပတ်သက်ပြီး ဒေသခံအဖွဲ့အစည်းအချို့နှင့် တိုင်းရင်းသားအချို့က သဘောမတူဘဲ ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။ဖေဖော်ဝါရီ ၁၀ ရက်က လွိုင်ကော်မြို့မှာ ကရင်နီပြည်သူ လူငယ်အင်အားစုတွေက ‘ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် အတင်းအဓမ္မ တည်ထားခြင်းနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသေးတယ်။အဲဒီပွဲမှာ တင်ဒါမခေါ်ဘဲ ကျပ်သိန်းတစ်ထောင်သုံးပြီး ဗိုလ်ချုပ်မြင်းစီးကြေးရုပ် စိုက်ထူမှုအတွက် ကယားပြည်နယ် အစိုးရအဖွဲ့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူပေးဖို့ တောင်းဆိုခဲ့တာတွေ ရှိပါတယ်။

ရုပ်တုဖယ်ရှားပေးရေးအတွက် သပိတ်စခန်းကို ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၈ ရက်အထိ ကန္ဒာဟေဝန်ပန်းခြံရှေ့နဲ့ ကယားပြည်နယ် ဒီချုပ်ရုံးရှေ့မှာ တစ်ကြိမ်စီ ဖွင့်လှစ်ခဲ့ပေမယ့် ရဲတပ်ဖွဲ့က အင်အားသုံးပြီး သပိတ်စခန်းတွေကို ဖြိုခွင်းခဲ့လို့ ပြည်နယ်လွှတ်တော် အတွင်းရှိ ဟစ်တိုင်ကွင်းမှာ လွှတ်တော်ဥက္ကဋ္ဌ ခွင့်ပြုချက်နဲ့ ဖေဖေါ်ဝါရီ ၁၁ ရက် ညပိုင်းမှာ ဖွင့်လှစ်ခွင့်ရခဲ့ပါတယ်။

ပြည်ထောင်စုနေ့ဖြစ်တဲ့ ဖေဖေါ်ဝါရီ ၁၂ ရက်မှာတော့ ဆန္ဒပြသူတွေဟာ ဗိုလ်ချုပ်ရုပ်တုရှိရာ လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံကို လမ်းကြောင်းလေးခုကနေ ‘‘ဗိုလ်ချုပ်ရုပ်တု ဖယ်ရှားပေးရေး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီးတို့ နုတ်ထွက်ပေးရေး၊ အမျိုးသားတန်းတူရေး’’ လို့ ရေးထားတဲ့ ဗီနိုင်းဆိုင်းဘုတ်တွေ ကိုင်ဆောင်ကြွေးကြော်ကာ လူ ၁,၅၀၀ ခန့်နဲ့ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်သူများ နာရီစင်ဘက်မှ ကန္ဒာဟေဝန်ပန်းခြံသို့ လာရောက်မယ့် လမ်းမပေါ် ရဲတပ်ဖွဲ့က သံဆူးကြိုးတွေ ကန့်လန့်ဖြတ်ချ တားဆီးခဲ့ပါတယ်။ဆန္ဒပြသူတွေက လူစုမခွဲတဲ့အပြင် လုံခြုံရေးစည်းတွေကို ဖယ်ရှားပြီး ဆက်ချီတက်လို့ ရဲတပ်ဖွဲ့က ရော်ဘာကျည်သေနတ် အသုံးပြုကာ ပစ်ခတ်လူစုခွဲတဲ့အပြင် မီးသတ်ပိုက်ပါ အသုံးပြု၍ ရှေ့ဆက်တက်ခြင်း မပြုနိုင်ရန် တားဆီးခဲ့ပေမယ့် ဆန္ဒပြသူတွေဘက်က  ဗိုလ်ချုပ်ရုပ်တုရှိရာ ကန္ဒာဟေဝန်ပန်းခြံသို့ ဆက်ချီတက်ခဲ့ပြီး အခြားလမ်းမှ ချီတက်လာသည့် ဆန္ဒထုတ်ဖော်သူများနှင့် ပူးပေါင်းကာ ချီတက်လမ်းလျှောက်မှုကို ရပ်နားပြီး ပန်းခြံထဲ စုဝေးထိုင်ခဲ့ကာ ပြည်နယ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း ၏ ကတိကဝတ်များကို အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးသည့်အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု အတင်းအဓမ္မ စိုက်ထူခြင်းကို လက်မခံနိုင်ဘူးလို့ ဟောပြောခဲ့ကြတယ်ဆိုပါတယ်။

ပြည်နယ်အစိုးရအဖွဲ့က ဆန္ဒပြသူတွေနဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းပြီး တွေ့ဆုံရာမှာ ဆန္ဒပြသူတွေဘက်က ဆန္ဒပြလူငယ်တွေအပေါ် တရားစွဲဆိုထားမှုကို ရုတ်သိမ်းပေးရန်နှင့် ကရင်နီလူငယ်များဘက်ကလည်း ဆန္ဒပြမှုများကို ရပ်ဆိုင်းပေးရန်၊ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီနှင့် ကန့်ကွက်သူကော်မတီတို့ အကြား သီးခြားစီ ညှိနှိုင်းဆွေးနွေးရန်၊ ထိုသို့ဆွေးနွေးနေစဉ်အတွင်း ဗိုလ်ချုပ်ရုပ်တုအား ကန့်ကွက်ထောက်ခံပွဲ မပြုလုပ်ရန်၊ ညှိနှိုင်းရရှိလာတဲ့ အချက်တွေကို အစိုးရက တစ်လအတွင်း အကောင်အထည်ဖော်ပေးရန်၊ အစိုးရဘက်မှ ပျက်ကွက်ပါက ဗိုလ်ချုပ်ကြေးရုပ်တုကို သက်ဆိုင်ရာရုံးကို ပြန်လည်ရွှေ့ပြောင်းပေးရန်တို့ ပါဝင်တဲ့ သဘောတူညီချက်တွေကို ဆန္ဒပြ ဦးဆောင်ကော်မတီဝင် ခူးဦးရယ် နှင့် ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဝင်း တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ကရင်နီပြည် လူငယ်များနှင့် အစိုးရအကြား ညှိနှိုင်းသဘောတူညီချက်အရ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ဖယ်ရှားရေးနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့မှာ  တိုက်ရိုက်တာဝန်မရှိဘဲ ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီနဲ့သာ ညှိနှိုင်းပြီး ရရှိလာတဲ့ သဘောတူညီချက်တွေကို အစိုးရဘက်က တစ်လအတွင်း အကောင်အထည်ဖော်ရဖို့  ဖြစ်ပါတယ်။ဒါပေမယ့် လာရောက်မတွေ့သေးတဲ့အတွက် ကော်မတီဘက်က လာညှိနှိုင်းမှု မရှိရင် ကိုယ်အစီအစဉ်နဲ့ကိုယ် ရွှေ့မယ်လို ကရင်နီပြည်သူများကိုယ်စားပြု ညှိနှိုင်းရေးကော်မတီက ထုတ်ပြန်ခဲ့တာ ရှိတဲ့အတွက် ရုပ်ထုကိုတည်ပြီး နိုင်ငံရေးကစားနေကြမှုတွေက ဘယ်လိုတွေဖြစ်လာမလဲ၊ ဘယ်သူတွေ ဘယ်လိုလုပ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ရန်ကုန်မှာတော့ ဒီလွိုင်ကော်ပြဿနာနဲ့ ချိတ်ဆက်ပြီး ဆန္ဒပြလှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။

အဲဒီနေ့မှာ ကျရောက်တဲ့ (၇၂) နှစ်မြောက် ပြည်ထောင်စုအခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပေးပို့တဲ့ သဝဏ်လွှာမှာ တိုင်းရင်းသား ပြည်သူများအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ရယူနိုင်ပြီးနောက် မိမိတို့၏ ပြည်နယ်နှင့် တိုင်းဒေသကြီးများကို အနာဂတ်တွင်  မည်သို့ဖွံ့ဖြိုးတိုးတက်လာမည်၊ မည်သို့မြင်တွေ့လိုသည်ကိုလည်း အလေးအနက် သုံးသပ်စဉ်းစားကြစေလိုတယ်လို့ တိုက်တွန်းခဲ့ထားပေမယ့် ယခုဖြစ်ပျက်မှုတွေက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ထိခိုက်စေတဲ့ စိုးရိမ်စရာအဖြစ်တွေ ဖြစ်တဲ့အတွက် ဒီပြဿနာဖြစ်ပေါ်မှုမှာ  ဘယ်သူတာဝန်ရှိလဲ။
နောက်ကွယ်မှာ ဘာရည်ရွယ်ချက်တွေရှိလဲဆိုတာ ပြန်လည်ဆန်းစစ်ဖို့ အရေးကြီးပါတယ်။    

အမွေမပေးတဲ့ ဖခင်ကို မီးရှို့တဲ့ သား

ယခုတစ်ပတ် သတင်းတွေထဲမှာ စိတ်ထိခိုက်စရာ မှုခင်းနောက်ခံ သတင်းအချို့ ဖြစ်ခဲ့ပါတယ်။ဒီထဲမှာ အင်းစိန်မြို့နယ်ထဲမှာ ဖြစ်ခဲ့တဲ့ မူခင်းတစ်ခုက ကြားရသူတိုင်းကို အထိတ်တလန့်ဖြစ်စေခဲ့ပါတယ်။

ဖြစ်ပုံက ဒီလိုပါ။အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်ထဲမှာနေတဲ့ အောင်ထွန်းလင်း ဆိုသူကို သူ့ရဲ့မိတ်ဆွေဖြစ်တဲ့ စော်ဘွားကြီးကုန်းရပ်ကွက်နေ အသက် (၇၂) နှစ်အရွယ် ဦးရှိန်ဝင်း က ဖုန်းဆက်ပြီး သူ့ကိုမီးရှို့ခံထားရတယ်လို့ ဖုန်းဆက်ရာကနေ ဒီဖြစ်ရပ်ပေါ်ပေါက်လာတာပါ။  

ဖေဖော်ဝါရီ ၇ ရက် ညနေ ၆ နာရီခန့်က အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရပ်ကွက်နေ ဦးရှိန်ဝင်း ကို သားဖြစ်သူ မောင်မောင်ဇေလင်း နှင့် ချွေးမ ခိုင်စုသော် တို့က အမွေတောင်းခဲ့ပါတယ်။ဦးရှိန်ဝင်း က အမွေမပေးဘူးလို့ ငြင်းတဲ့အတွက် သားနဲ့ ချွေးမက ခန္ဓာကိုယ်အောက်ပိုင်းကို မီးရှို့နှိပ်စက်ခဲ့တာပါ။ဒီလိုမီးရှို့နှိပ်စက်ခဲ့လို့ ဦးရှိန်ဝင်း က ဖော့ကန်မှာနေတဲ့ မိတ်ဆွေထံ ဖုန်းဆက်အကူအညီတောင်းခဲ့ရပါတယ်။
ဒီလိုဖုန်းဆက် အကူအညီတောင်းတဲ့အတွက် ရဲတပ်ဖွဲ့က သက်သေများနဲ့ သွားရောက်စစ်ဆေးခဲ့ပြီး မီးရှို့ခံထားရတာကို တွေ့တဲ့အတွက် မောင်မောင်ဇေလင်း နှင့် ခိုင်စုသော် ကို ဖမ်းဆီးခဲ့ပါတယ်။

ဒီအမှုက မြန်မာလူ့ဘောင်လောကမှာ အတော်လေးကို ဂယက်ရိုက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါဘဲ။မကြာခဏ မိဘကို သားကသတ်၊ သမီးကသတ်တာတွေ မြင်တွေ့လာတာကနေ ယခုအခါ မီးရှို့သတ်ဖြတ် နှိပ်စက်တာတွေအထိ ဖြစ်လာတာဟာ ကြောက်စရာလန့်စရာ ဖြစ်ရပ်တစ်ခုပါ။မိဘနဲ့ သားသမီး၊ သားသမီးနဲ့ မိဘကြား အပြန်အလှန် မေတ္တာတရားပျက်လာတဲ့အထိ ဖြစ်လာတဲ့ ပြဿနာဟာ မိဘကို ဘုရားနဲ့တန်းတူ အလေးအမြတ်ထားတဲ့ မြန်မာလူ့အဖွဲ့အစည်းအတွက် ရင်လေးစရာ တုန်လှုပ်စရာ ပြဿနာတစ်ခု ဖြစ်လာတဲ့အတွက် ဘာသာရေးနဲ့ ပညာရေးနယ်ပယ်က တာဝန်ရှိသူတွေ အနာဂတ်အတွက် ဘယ်လိုဆောင်ရွက်လာမလဲဆိုတာ စောင့်ကြည့်ဖို့လိုလာသလို ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ ရင်လေးစွာစောင့်ကြည့်ဖို့ ဖြစ်လာပါတယ်။

ဒီသတင်းနဲ့အပြိုင် စိတ်မကောင်းစရာ သတင်းတစ်ပုဒ်က ဗုဒ္ဓဂယာကို ဘုရားဖူးသွားတဲ့ မြန်မာဘုရားဖူးအဖွဲ့ တည်းခိုရာ ဟိုတယ်မှာ မီးလောင်မှုဖြစ်လို့ မြန်မာဘုရားဖူး ခရီးသည်အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ပါ။အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာကို သွားတဲ့ခရီးစဉ်မှာ မြန်မာဘုရားဖူးတွေတည်းတဲ့ နယူးဒေလီမြို့ Karol Bangh အရပ်ရှိ Arpit Hotel မှာ ဖေဖေါ်ဝါရီ ၁၂ ရက် နံနက်အစောပိုင်းက မီးလောင်မှု ဖြစ်ခဲ့တာပါ။အထပ် ၅ ထပ်ရှိပြီး တည်းခိုသူ ၆၀ ကျော် အခန်းပေါင်း ၃၅ ခန်းအတွင်း တည်းခိုစဉ် အပေါ်ဆုံး ၅ ထပ်ကနေ မီးလောင်ခဲ့လို့ ၁၇ ဦး သေဆုံးကာ ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။မီးလောင်စဉ် အပေါ်ထပ်မှ ခုန်ချခဲ့သူ နှစ်ဦးလည်း ထိခိုက်ဒဏ်ရာခဲ့ပါတယ်။

သေဆုံးတဲ့ မြန်မာနှစ်ဦးက တိုက်ကြီးမြို့နယ်ထဲက အသက် ၆၆ နှစ်နဲ့ ၄၄ နှစ်အရွယ် အမျိုးသမီးတွေဖြစ်ပြီး အလောင်းတွေ မြန်မာနိုင်ငံကို ပြန်သယ်ဖို့ ဆောင်ရွက်နေတယ် ဆိုပါတယ်။ဘုရားဖူးသွားရင်း ဒီလိုဖြစ်ခဲ့တဲ့အတွက် စိတ်မကောင်းစရာဖြစ်ရပ် ဖြစ်သလို မကြာခဏ မီးလောင်မှုဖြစ်စဉ်တွေ ကြားနေရတဲ့ အိန္ဒိယနိုင်ငံက ဟိုတယ်တွေ၊ တည်းခိုဆောင်တွေမှာ တည်းခိုဖို့ မြန်မာဘက်က သွားတဲ့သူတွေ သတိထားဖို့ အရေးကြီးနေပြီဆိုတာကို ဒီဖြစ်ရပ်က သတိပေးခဲ့ပါတယ်။

ယခုသတင်းနှစ်ပုဒ်က ဒီတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ နေပြည်တော် လွှတ်တော်အဆောက်အအုံအနီး ဒရုန်း လွှတ်တင်တဲ့ ပြင်သစ်နိုင်ငံသားကို ဥတ္တသီရိမြို့နယ် ဘုရားကုန်း မြို့မရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့တဲ့ သတင်း၊ မြန်မာ-အိန္ဒိယ နယ်စပ်မှာ ရစ်ချ်တာစကေး ၅ ဒသမ ၄ အဆင့် အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့ သတင်း၊ ရတနာပုံတက္ကသိုလ် ကျောင်းရှေ့ ဆန္ဒဖော်ထုတ်တဲ့ ကျောင်းသား (၇) ဦးကို ထောင်ဒဏ် ၃ လစီ ချမှတ်ခဲ့တဲ့ သတင်း၊ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ဝယ်ယူလာသည့် 9MM Thai ARMS ကျည်အတောင့် ၅၀၀ နှင့် ပွိုင့် ၂၂ ကျည် ၁,၄၅၀ တို့နှင့်အတူ အမျိုးသားသုံးဦးကို နောင်ချိုမြို့နယ် အိုရီယမ်တယ်တိုးဂိတ်မှာ ဖမ်းဆီးရမိခဲ့တဲ့ သတင်း၊ ဇွဲကပင်တောင် ဘုရားရင်ပြင် တိုးချဲ့နေတာ ကြံ့ခိုင်မှု ရှိ/မရှိ နိုင်ငံတကာမှ ပညာရှင်များ ခေါ်ယူစစ်ဆေးမှုမပြီးခင် ဆိုင်းငံ့ထားဖို့ ဘုရားဂေါပကအဖွဲ့အား ညွှန်ကြားထားတဲ့ သတင်း၊ ဆည်တာပေါင် အက်ကြောင်းဖြစ်နေတဲ့ တောင်နဝင်း ရေလှောင်တမံကို ဆက်လက်အသုံးမပြုဖို့  ဒေသခံတွေ ဆန္ဒထုတ်ဖော်ခဲ့တဲ့ သတင်း၊ မကွေးတိုင်း မင်းလှမြို့နယ်မှာ ခိုးဝင်လာတဲ့ ဘင်္ဂါလီ ၁၆ ဦးကို ဖမ်းဆီးရမိခဲ့တဲ့ သတင်း၊ ကညန အင်ဂျင်နီယာ အယောင်ဆောင်ပြီး ငွေလိမ်တောင်းသူ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့တဲ့ သတင်း၊ မာန်အောင်မြို့နယ်ရှိ လက်ဖက်ကျွန်း မီးပြတိုက်ပြုပြင်ရန် လာရောက်တဲ့ ဆင်ပြောင်သင်္ဘော ကျောက်ချ ညအိပ်ရပ်နားစဉ် လှိုင်းရိုက်ပုတ်လို့ နစ်မြုပ်ခဲ့ကာ ၁၈ ဦး သေဆုံး ပျောက်ဆုံးခဲ့တဲ့ သတင်း၊ ဖားကန့်မှာ တောင်ကမ်းပါးယံ ပြိုကျလို့ ကျောက်တူးနေသူ ခြောက်ဦးကျော် သေဆုံးခဲ့တဲ့ သတင်းတွေထဲ ထူးထူးခြားခြား သတိထားစရာ သတင်းတွေ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်နားလိုက်ချင်ပါတယ်။

မာလင်း
ဖေဖော်ဝါရီ - ၁၅

( Zawgyi )

ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရဲ႕ ဥပေဒအႀကံေပး တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီ ကို ရန္ကုန္ေလဆိပ္မွာ လုပ္ႀကံသတ္ျဖတ္ခဲ့တဲ့ ၾကည္လင္း နဲ႔ အေပါင္းအပါေတြကို ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္ တရား႐ုံးက ႀကိဳးမိန႔္နဲ႔ ေထာင္ဒဏ္ေတြ ခ်မွတ္ခဲ့တဲ့ သတင္းက ထိပ္တန္းသတင္း ျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြနဲ႔အတူ တနသၤာရီတိုင္းအစိုးရကို ဆုံးမဖို႔လာတယ္ဆိုတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ သတင္း၊ လြိဳင္ေကာ္မွာ ထားရွိမယ့္ ဗိုလ္ခ်ဳပ္ျမင္းစီး႐ုပ္ထုအေပၚ ကန႔္ကြက္ဆႏၵျပသူေတြကို ေရာ္ဘာက်ည္နဲ႔ ပစ္ခတ္ၿဖိဳခြဲလို႔ ထိခိုက္ဒဏ္ရာရသူေတြရွိခဲ့တဲ့ သတင္း၊ အေမြမေပးလို႔ ဖေအကို မီးရႈိ႕ႏွိပ္စက္တဲ့ သတင္းေတြလည္း ယခုတစ္ပတ္မွာ အမ်ားေစာင့္ၾကည့္ရတဲ့ သတင္းထူးေတြ ျဖစ္ခဲ့ပါတယ္။

ၾကည္လင္း နဲ႔ ေအာင္ဝင္းေဇာ္ မေသမခ်င္း ႀကိဳးကြင္းစြပ္သတ္ေစ

၂၀၁၇ ခုႏွစ္ ဇန္နဝါရီလ ၂၉ ရက္က ျဖစ္ခဲ့တဲ့ ဦးကိုနီ လုပ္ႀကံသတ္ျဖတ္ခံရမႈကို ႏွစ္ႏွစ္အၾကာ စစ္ေဆးၿပီးေနာက္မွာ  ေျမာက္ပိုင္းခ႐ိုင္တရားရံုံး အထူးခုံ႐ုံးက ၾကည္လင္း အား ပုဒ္မ - ၃၀၂ (၁) (ခ)၊ ၃၄/၃၀၂ (၂)၊ ၁၉ (ဃ) (စ) အရ ေသဒဏ္ ေထာင္ဒဏ္ (၂၀) ႏွစ္ လက္နက္ ၃ ႏွစ္ျဖင့္ လည္းေကာင္း၊ မေသမခ်င္း ႀကိဳးကြင္းစြပ္ျပစ္ဒဏ္၊ တရားခံ ေအာင္ဝင္းေဇာ္ အား ပုဒ္မ-၃၀၂ (၁) (ခ)/၃၄ အရ ေသဒဏ္ ေထာင္ဒဏ္ (၂၀) ႏွစ္ မေသမခ်င္း ႀကိဳးကြင္းစြပ္ျပစ္ဒဏ္၊ တရားခံ ေဇယ်ာၿဖိဳးအား ပုဒ္မ - ၃၀၂ (၁) (ခ) /၁၀၉ အရ ေထာင္ဒဏ္ (၅) ႏွစ္၊ တရားခံ ေအာင္ဝင္းထြန္း အား ပုဒ္မ - ၂၁၂ အရ ေထာင္ဒဏ္ (၃) ႏွစ္နဲ႔ အသီးသီးခ်မွတ္ခဲ့ပါတယ္။

အဆိုပါအမႈကို ၂၀၁၇ ခုႏွစ္ မတ္လ ၃ ရက္ေန႔တြင္ ေျမာက္ပိုင္းခ႐ိုင္တရား႐ုံးသို႔ စတင္တရားစြဲဆို တင္ပို႔ခဲ့ၿပီး တရားလိုျပသက္ေသ ၇၂ ဦးကို စစ္ေဆးကာ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔တြင္ စြဲခ်က္တင္ အမိန႔္ခ်မွတ္ခဲ့ပါတယ္။အဆိုပါ စြဲခ်က္တင္ အမိန႔္ခ်မွတ္မႈႏွင့္ ပတ္သက္၍ တရားလိုႏွင့္ စြပ္စြဲခံရသူ ႏွစ္ဖက္စလုံးမွ တိုင္းတရားလႊတ္ေတာ္သို႔ ရာဇဝတ္ျပင္ဆင္မႈ ေလွ်ာက္ထားရာ ၂၀၁၈ ခုႏွစ္ ဇြန္လ ၁၈ ရက္ေန႔တြင္ တိုင္းတရားလႊတ္ေတာ္မွ ေဇယ်ာၿဖိဳး အား ၃၀၂ (၁) (ခ)/ ၃၄ အစား ၃၀၂ (၁) (ခ)/၁၀၉ သို႔ ေျပာင္းလဲျပင္ဆင္ေပးခဲ့ၿပီး ေအာင္ဝင္းေဇာ္ အား လက္နက္ဥပေဒပုဒ္မ ၁၉ (ဃ) (စ) ကို ပယ္ဖ်က္ေပးခဲ့ပါတယ္။

ၾကည္လင္း နဲ႔ ေအာင္ဝင္းထြန္း တို႔ရဲ႕ စြဲခ်က္မ်ားကို နဂိုမူလ တရား႐ုံးအမိန႔္အတိုင္း အတည္ျပဳေပးခဲ့ပါတယ္။တိုင္းတရား႐ုံးမွ အမိန႔္ျပင္ဆင္အၿပီးတြင္ ေျမာက္ပိုင္းခ႐ိုင္တရား႐ုံး အထူးခုံ႐ုံးက တရားခံ ၄ ဦး၊ လိုျပသက္ေသ ၃၉ ဦး စုစုေပါင္း ၄၃ ဦးကို ဆက္လက္စစ္ေဆးကာ အၿပီးသတ္ အမိန႔္ခ်မွတ္ခဲ့ျခင္း ျဖစ္ပါတယ္။

ဒီအမႈဟာ အမ်ားျပည္သူၾကား စိတ္ဝင္စားမႈ ျမင့္တက္ေနခဲ့တဲ့ သတင္းျဖစ္ၿပီး အမႈအေပၚ ေစာင့္ၾကည့္မႈေတြ ရွိခဲ့ပါတယ္။အမ်ားထင္ျမင္ယူဆသလို အနီးကပ္ဆုံး ျပစ္ဒဏ္ခ်မွတ္ခဲ့တဲ့အတြက္ ေဝဖန္မႈအနည္းငယ္သာ ထြက္ေပၚခဲ့ပါတယ္။

ယခုသတင္းဟာ ဒီတစ္ပတ္မွာျဖစ္ခဲ့တဲ့ ျမစ္ဆုံစီမံကိန္း အၿပီးရပ္ဆိုင္းေရး လႈပ္ရွားမႈ ဦးေဆာင္သူ ေဒၚဂ်ာေခါန္ ကို ဒဏ္ေငြ က်ပ္တစ္ေသာင္း ခ်မွတ္ခဲ့တဲ့ သတင္း၊ ေမာင္ေတာၿမိဳ႕နယ္မွာ ညမထြက္ရအမိန႔္ကို ထပ္မံသက္တမ္းတိုး ထုတ္ျပန္ခဲ့တဲ့ သတင္း၊ ရခိုင္ေျမာက္ပိုင္း ယာယီခိုလႈံရာ စစ္ေဘးေရွာင္စခန္းအမ်ားစု မၾကာမီ စားနပ္ရိကၡာ ျပတ္လပ္မည့္ အေျခအေနရွိေနတဲ့ သတင္း၊ ပုလဲေမြးျမဴေရးလုပ္မယ္ဆိုၿပီး ကုမၸဏီေတြ သိမ္းခဲ့တဲ့ ဆလုံတိုင္းရင္းသား ကြၽန္းေျမေနရာေတြကို သီးျခားအဖြဲ႕ ဖြဲ႕ကာ အျမန္ဆုံးစိစစ္မယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ က ေျပာၾကားခဲ့တဲ့ သတင္း စတဲ့ သတင္းေတြထဲ လူစိတ္ဝင္စားမႈ အမ်ားဆုံးသတင္း ျဖစ္ခဲ့ပါတယ္။

တိုင္းအစိုးရအဖြဲ႕ကို ဆုံးမဖို႔လာတဲ့ အတိုင္ပင္ခံ

တ႐ုတ္သိုင္းကားေတြထဲကလို မလိမၼာတဲ့ အရာရွိႀကီးေတြကို ဆုံးမဖို႔လာတဲ့ ဇာတ္လမ္းလိုပါဘဲ တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္နဲ႔ တိုင္းစီမံ/ဘ႑ာဝန္ႀကီး၊ တိုင္းပါတီဥကၠ႒ေတြကို ထုတ္ပယ္ဖို႔ ေဒသခံေတြက ေတာင္းဆိုေနခ်ိန္မွာ ခ်ိန္ကိုက္ေရာက္လာတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ တနသၤာရီခရီးစဥ္က အမ်ားစုစိတ္ကို ၿငိမ္းေအးေစခဲ့ပါတယ္။

တနသၤာရီတိုင္းေဒသႀကီးကို ေရာက္လာတဲ့ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ၿမိတ္ၿမိဳ႕ ပုလဲရတနာခန္းမမွာ ေဖေဖာ္ဝါရီ ၁၃ ရက္ ညေနက ျပဳလုပ္ခဲ့တဲ့ အစည္းအေဝးမွာ ေဒသခံတစ္ဦးက တင္ျပခဲ့တဲ့ တိုင္းအဆင့္မွာ မၿပီးတဲ့ လုပ္ငန္းေတြနဲ႔ ပတ္သက္ၿပီး တိုင္းအဆင့္မွာ မၿပီးတဲ့အတြက္ ႏိုင္ငံေတာ္အတိုင္ပင္ခံကို တင္ျပရတာမွာ ရွက္စရာေကာင္းတယ္လို႔ ေျပာခဲ့တဲ့အတြက္ ေဒၚေအာင္ဆန္းစုၾကည္ က ‘‘ကိစၥမရွိပါဘူး။
ကြၽန္မလည္း နားလည္ပါတယ္။ကြၽန္မတို႔ တနသၤာရီကို လာရတဲ့ အေၾကာင္းတစ္ခုကလည္း အစိုးရအဖြဲ႕ကို ဆုံးမဖို႔ျဖစ္ပါတယ္’’ လို႔ ေျပာခဲ့တဲ့အတြက္ ဒီေျပာစကားက လူေတြရင္ကိုထိတဲ့ သတင္းအေၾကာင္းအရာတစ္ခု ျဖစ္ခဲ့ပါတယ္။

ပုလဲရတနာခန္းမ၌ ျပဳလုပ္တဲ့ လူထုေတြ႕ဆုံပြဲမွာ ေဒသခံေတြက သူတို႔လက္ရွိေတြ႕ႀကဳံေနရတဲ့ ျပႆနာေတြကို တင္ျပခဲ့ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံက ပါလာတဲ့ သက္ဆိုင္ရာ ျပည္ေထာင္စုဝန္ႀကီးေတြနဲ႔ တစ္ခါတည္း တင္ျပေျဖရွင္းခိုင္းေစခဲ့ပါတယ္။ေဒသခံတစ္ဦးက တိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာလဲ့လဲ့ေမာ္၊ တိုင္းစီမံဘ႑ာဝန္ႀကီး ဦးၿဖိဳးဝင္းထြန္း ႏွင့္ ဒီခ်ဳပ္ပါတီ တိုင္းဥကၠ႒ ဦးေအာင္စိုး တို႔ကို အျမန္ဆုံး ဖယ္ရွားလင္းေပးရန္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ထံ ေတာင္းဆိုေၾကာင္း ေျပာၾကားစဥ္မွာ ေတြ႕ဆုံပြဲကို တက္ေရာက္လာတဲ့ ေဒသခံေတြက လက္ခုပ္တီးခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ၿမိတ္ခရီးစဥ္မွာ အစိုးရအဖြဲ႕ကို လူစားလဲေပးရန္ ေဒသခံမ်ားက ဆိုင္းဘုတ္မ်ား ကိုင္ေဆာင္၍ ေတာင္းဆိုဆႏၵျပခဲ့တာေတြလည္း ျဖစ္ခဲ့ပါတယ္။

ထားဝယ္ႏွင့္ ၿမိတ္ခ႐ိုင္ရွိ ဒီ/ခ်ဳပ္ ေထာက္ခံသူ ၁၀၀ ေက်ာ္က ဝန္ႀကီးခ်ဳပ္ ေဒါက္တာလဲ့လဲ့ေမာ္၊ စီမံဘ႑ာဝန္ႀကီး ဦးၿဖိဳးဝင္းထြန္း ႏွင့္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ဦးေအာင္စိုး တို႔ကို ေဆြမ်ိဳးနီးစပ္သူမ်ားကို လုပ္ပိုင္ခြင့္မ်ားခ်ေပးျခင္း၊ ကိုယ္ေရးအရာရွိ ခန႔္ထားျခင္း၊ အဂတိေက်ာ္ေစာျခင္း စြပ္စြဲခ်က္မ်ားနဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေပးဖို႔  ဒီ/ခ်ဳပ္ပါတီဗဟို၊ ႏိုင္ငံေတာ္သမၼတႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ တို႔ထံ လက္မွတ္ထိုး တိုင္ၾကားထားတာမွာ ဒီ/ခ်ဳပ္ပါတီဗဟိုႏွင့္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က စစ္ေဆးေနတဲ့အတြက္ ဘာေတြအေျဖထြက္လာမလဲဆိုတာ မသိရေသးပါဘူး။

ယခုလို ႏိုင္ငံေတာ္အတိုင္ပင္ခံကိုယ္တိုင္ ေအာက္ေျခထိဆင္းကာ ေဒသခံအသံမ်ား နားေထာင္လာသည့္အတြက္ တနသၤာရီ ျပႆနာမွာ ေဒသခံမ်ားစြပ္စြဲသလို ျဖစ္ခဲ့ပါက ဘယ္လိုအေရးယူမလဲႏွင့္ အကယ္၍ စြပ္စြဲသလိုမဟုတ္ပါက တိုင္းအစိုးရႏွင့္ ျပည္သူမ်ား ဆက္ဆံေရး ဘယ္လိုျဖစ္လာမလဲဆိုတာ စိတ္ဝင္စားစရာ ေကာင္းေနပါတယ္။

ဒီသတင္းနဲ႔အတူ ယခုတစ္ပတ္အတြင္းမွာ  အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကို ျပည္သူေတြ ယုံၾကည္အားကိုးရတဲ့ဌာန ျဖစ္လာေအာင္ စိတ္ဓာတ္ပိုင္းဆိုင္ရာကေန ယူနီေဖာင္း၊ တံဆိပ္ကအစ ျပဳျပင္ေျပာင္းလဲသြားမယ္လို႔ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံး ဒု-ဝန္ႀကီးက ေျပာလိုက္တဲ့ သတင္း၊ ဇီးပင္ႀကီး စစ္တမ္းနဲ႔ နာမည္ႀကီးတဲ့ ဇီးပင္ႀကီး ဗဟိုဝန္ထမ္းတကၠသိုလ္ရဲ႕ ပါေမာကၡခ်ဳပ္ ဦးညီညီစံ ကို သမၼတအမိန႔္နဲ႔ ဝန္ထမ္းေ႐ြးခ်ယ္ ေလ့က်င့္ေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္အျဖစ္ ေျပာင္းေ႐ႊ႕ခန႔္ထားလိုက္တဲ့ သတင္း၊ တာဝန္မွ အနားေပးခံရတဲ့ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးႏွစ္ဦးကို ကခ်င္ျပည္နယ္လႊတ္ေတာ္ ေကာ္မတီႏွစ္ခုမွာ  ဥကၠ႒ေနရာ ျပန္လည္ခန႔္အပ္ခဲ့တဲ့ သတင္း၊ ကခ်င္ျပည္နယ္ လမ္းပန္း၊ လွ်ပ္စစ္ႏွင့္ စက္မႈလက္မႈ ဝန္ႀကီးဌာနကို လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီးဌာနႏွင့္ လွ်ပ္စစ္ႏွင့္ စက္မႈလက္မႈ ဝန္ႀကီးဌာနလို႔ ဝန္ႀကီးဌာန ႏွစ္ခုခြဲၿပီး ဖြဲ႕စည္းခဲ့တဲ့ သတင္း၊ မႏၲေလးမွာ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး ျပည္သူလူထု ဆႏၵထုတ္ေဖာ္ ေထာက္ခံပြဲ ျပဳလုပ္ခဲ့တဲ့ သတင္း၊ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး စတစ္ကာကမ္ပိန္းကို ေကာ့ေသာင္း၊ ၿမိတ္၊ ဖားကန႔္နဲ႔ တမူးမွာ ျပဳလုပ္ခဲ့တဲ့ သတင္း စတဲ့ သတင္းေတြလည္း ျဖစ္ခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္႐ုပ္တု ေနာက္ကြယ္

တိုင္းရင္းသား စည္းလုံးညီၫႊတ္မႈ သက္ေသျဖစ္သည့္ ျပည္ေထာင္စုေန႔မွာ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ခဲ့သည့္ လြိဳင္ေကာ္ျဖစ္ရပ္က ယခုတစ္ပတ္အတြင္းျဖစ္ခဲ့သည့္ သတင္းမ်ားစြာထဲ အထူးေစာင့္ၾကည့္ရတဲ့ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။လြိဳင္ေကာ္ၿမိဳ႕မွာ ဗိုလ္ခ်ဳပ္ျမင္းစီး႐ုပ္ထု ထားရွိမယ့္အေပၚ ကန႔္ကြက္ေၾကာင္း ဆႏၵထုတ္ေဖာ္ခဲ့လို႔ လူငယ္ အမ်ိဳးသား၊ အမ်ိဳးသမီး စုစုေပါင္း ၅၄ဦးထိ တရားစြဲဆိုခံရတဲ့ ကိစၥက ေဖေဖၚဝါရီ ၁၂ ရက္ ျပည္ေထာင္စုေန႔မွာ ေဒသခံေတြနဲ႔ အစိုးရအဖြဲ႕ၾကား တင္းမာမႈ အျမင့္ဆုံးေရာက္ခဲ့ၿပီး ဆႏၵျပသူေတြက တားဆီးထားသည့္ အရံအတားမ်ားကို ေက်ာ္ျဖတ္ခဲ့ရာကေန  ျပည္နယ္ရဲတပ္ဖြဲ႕က ေရာ္ဘာက်ည္ျဖင့္ ပစ္ခတ္ရွင္းလင္းခဲ့ရာမွာ ထိခိုက္မႈေတြရွိၿပီး ထိုျပႆနာမွာ တစ္ျပည္လုံးက ေစာင့္ၾကည့္ရသည့္အထိ ျဖစ္လာခဲ့ပါတယ္။

ေဖေဖၚဝါရီ ၁၂ ရက္ မတိုင္ခင္ကတည္းက လြိဳင္ေကာ္ၿမိဳ႕တြင္ ထားရွိမည့္ ဗိုလ္ခ်ဳပ္ျမင္းစီး႐ုပ္ထုနဲ႔ ပတ္သက္ၿပီး ေဒသခံအဖြဲ႕အစည္းအခ်ိဳ႕ႏွင့္ တိုင္းရင္းသားအခ်ိဳ႕က သေဘာမတူဘဲ ကန႔္ကြက္မႈေတြ ရွိခဲ့ပါတယ္။ေဖေဖာ္ဝါရီ ၁၀ ရက္က လြိဳင္ေကာ္ၿမိဳ႕မွာ ကရင္နီျပည္သူ လူငယ္အင္အားစုေတြက ‘ဗိုလ္ခ်ဳပ္ေအာင္ဆန္း ျမင္းစီးေၾကး႐ုပ္ အတင္းအဓမၼ တည္ထားျခင္းနဲ႔ ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ပါေသးတယ္။အဲဒီပြဲမွာ တင္ဒါမေခၚဘဲ က်ပ္သိန္းတစ္ေထာင္သုံးၿပီး ဗိုလ္ခ်ဳပ္ျမင္းစီးေၾကး႐ုပ္ စိုက္ထူမႈအတြက္ ကယားျပည္နယ္ အစိုးရအဖြဲ႕ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒျဖင့္ အေရးယူေပးဖို႔ ေတာင္းဆိုခဲ့တာေတြ ရွိပါတယ္။

႐ုပ္တုဖယ္ရွားေပးေရးအတြက္ သပိတ္စခန္းကို ေဖေဖာ္ဝါရီ ၁ ရက္မွ ေဖေဖာ္ဝါရီ ၈ ရက္အထိ ကႏၵာေဟဝန္ပန္းၿခံေရွ႕နဲ႔ ကယားျပည္နယ္ ဒီခ်ဳပ္႐ုံးေရွ႕မွာ တစ္ႀကိမ္စီ ဖြင့္လွစ္ခဲ့ေပမယ့္ ရဲတပ္ဖြဲ႕က အင္အားသုံးၿပီး သပိတ္စခန္းေတြကို ၿဖိဳခြင္းခဲ့လို႔ ျပည္နယ္လႊတ္ေတာ္ အတြင္းရွိ ဟစ္တိုင္ကြင္းမွာ လႊတ္ေတာ္ဥကၠ႒ ခြင့္ျပဳခ်က္နဲ႔ ေဖေဖၚဝါရီ ၁၁ ရက္ ညပိုင္းမွာ ဖြင့္လွစ္ခြင့္ရခဲ့ပါတယ္။

ျပည္ေထာင္စုေန႔ျဖစ္တဲ့ ေဖေဖၚဝါရီ ၁၂ ရက္မွာေတာ့ ဆႏၵျပသူေတြဟာ ဗိုလ္ခ်ဳပ္႐ုပ္တုရွိရာ လြိဳင္ေကာ္ၿမိဳ႕ ကႏၵာေဟဝန္ပန္းၿခံကို လမ္းေၾကာင္းေလးခုကေန ‘‘ဗိုလ္ခ်ဳပ္႐ုပ္တု ဖယ္ရွားေပးေရး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ စီမံဘ႑ာဝန္ႀကီးတို႔ ႏုတ္ထြက္ေပးေရး၊ အမ်ိဳးသားတန္းတူေရး’’ လို႔ ေရးထားတဲ့ ဗီႏိုင္းဆိုင္းဘုတ္ေတြ ကိုင္ေဆာင္ေႂကြးေၾကာ္ကာ လူ ၁,၅၀၀ ခန႔္နဲ႔ ခ်ီတက္လမ္းေလွ်ာက္ ဆႏၵျပခဲ့ပါတယ္။

ဆႏၵထုတ္ေဖာ္သူမ်ား နာရီစင္ဘက္မွ ကႏၵာေဟဝန္ပန္းၿခံသို႔ လာေရာက္မယ့္ လမ္းမေပၚ ရဲတပ္ဖြဲ႕က သံဆူးႀကိဳးေတြ ကန႔္လန႔္ျဖတ္ခ် တားဆီးခဲ့ပါတယ္။ဆႏၵျပသူေတြက လူစုမခြဲတဲ့အျပင္ လုံၿခဳံေရးစည္းေတြကို ဖယ္ရွားၿပီး ဆက္ခ်ီတက္လို႔ ရဲတပ္ဖြဲ႕က ေရာ္ဘာက်ည္ေသနတ္ အသုံးျပဳကာ ပစ္ခတ္လူစုခြဲတဲ့အျပင္ မီးသတ္ပိုက္ပါ အသုံးျပဳ၍ ေရွ႕ဆက္တက္ျခင္း မျပဳႏိုင္ရန္ တားဆီးခဲ့ေပမယ့္ ဆႏၵျပသူေတြဘက္က  ဗိုလ္ခ်ဳပ္႐ုပ္တုရွိရာ ကႏၵာေဟဝန္ပန္းၿခံသို႔ ဆက္ခ်ီတက္ခဲ့ၿပီး အျခားလမ္းမွ ခ်ီတက္လာသည့္ ဆႏၵထုတ္ေဖာ္သူမ်ားႏွင့္ ပူးေပါင္းကာ ခ်ီတက္လမ္းေလွ်ာက္မႈကို ရပ္နားၿပီး ပန္းၿခံထဲ စုေဝးထိုင္ခဲ့ကာ ျပည္နယ္အတြင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္း ၏ ကတိကဝတ္မ်ားကို အေကာင္အထည္ေဖာ္ႏိုင္ျခင္း မရွိေသးသည့္အခ်ိန္မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္တု အတင္းအဓမၼ စိုက္ထူျခင္းကို လက္မခံႏိုင္ဘူးလို႔ ေဟာေျပာခဲ့ၾကတယ္ဆိုပါတယ္။

ျပည္နယ္အစိုးရအဖြဲ႕က ဆႏၵျပသူေတြနဲ႔ ေတြ႕ဆုံဖို႔ ကမ္းလွမ္းၿပီး ေတြ႕ဆုံရာမွာ ဆႏၵျပသူေတြဘက္က ဆႏၵျပလူငယ္ေတြအေပၚ တရားစြဲဆိုထားမႈကို ႐ုတ္သိမ္းေပးရန္ႏွင့္ ကရင္နီလူငယ္မ်ားဘက္ကလည္း ဆႏၵျပမႈမ်ားကို ရပ္ဆိုင္းေပးရန္၊ ေၾကး႐ုပ္ျဖစ္ေျမာက္ေရးေကာ္မတီႏွင့္ ကန႔္ကြက္သူေကာ္မတီတို႔ အၾကား သီးျခားစီ ညႇိႏႈိင္းေဆြးေႏြးရန္၊ ထိုသို႔ေဆြးေႏြးေနစဥ္အတြင္း ဗိုလ္ခ်ဳပ္႐ုပ္တုအား ကန႔္ကြက္ေထာက္ခံပြဲ မျပဳလုပ္ရန္၊ ညႇိႏႈိင္းရရွိလာတဲ့ အခ်က္ေတြကို အစိုးရက တစ္လအတြင္း အေကာင္အထည္ေဖာ္ေပးရန္၊ အစိုးရဘက္မွ ပ်က္ကြက္ပါက ဗိုလ္ခ်ဳပ္ေၾကး႐ုပ္တုကို သက္ဆိုင္ရာ႐ုံးကို ျပန္လည္ေ႐ႊ႕ေျပာင္းေပးရန္တို႔ ပါဝင္တဲ့ သေဘာတူညီခ်က္ေတြကို ဆႏၵျပ ဦးေဆာင္ေကာ္မတီဝင္ ခူးဦးရယ္ ႏွင့္ ကယားျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမႉး ဦးခင္ေမာင္ဝင္း တို႔က လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။

ကရင္နီျပည္ လူငယ္မ်ားႏွင့္ အစိုးရအၾကား ညႇိႏႈိင္းသေဘာတူညီခ်က္အရ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေၾကး႐ုပ္တုကို ဖယ္ရွားေရးနဲ႔ ပတ္သက္ၿပီး ျပည္နယ္အစိုးရအဖြဲ႕မွာ  တိုက္႐ိုက္တာဝန္မရွိဘဲ ေၾကး႐ုပ္ျဖစ္ေျမာက္ေရး ေကာ္မတီနဲ႔သာ ညႇိႏႈိင္းၿပီး ရရွိလာတဲ့ သေဘာတူညီခ်က္ေတြကို အစိုးရဘက္က တစ္လအတြင္း အေကာင္အထည္ေဖာ္ရဖို႔  ျဖစ္ပါတယ္။ဒါေပမယ့္ လာေရာက္မေတြ႕ေသးတဲ့အတြက္ ေကာ္မတီဘက္က လာညႇိႏႈိင္းမႈ မရွိရင္ ကိုယ္အစီအစဥ္နဲ႔ကိုယ္ ေ႐ႊ႕မယ္လို ကရင္နီျပည္သူမ်ားကိုယ္စားျပဳ ညႇိႏႈိင္းေရးေကာ္မတီက ထုတ္ျပန္ခဲ့တာ ရွိတဲ့အတြက္ ႐ုပ္ထုကိုတည္ၿပီး ႏိုင္ငံေရးကစားေနၾကမႈေတြက ဘယ္လိုေတြျဖစ္လာမလဲ၊ ဘယ္သူေတြ ဘယ္လိုလုပ္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။ရန္ကုန္မွာေတာ့ ဒီလြိဳင္ေကာ္ျပႆနာနဲ႔ ခ်ိတ္ဆက္ၿပီး ဆႏၵျပလႈပ္ရွားမႈေတြ ရွိခဲ့ပါတယ္။

အဲဒီေန႔မွာ က်ေရာက္တဲ့ (၇၂) ႏွစ္ေျမာက္ ျပည္ေထာင္စုအခမ္းအနားကို ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ ေပးပို႔တဲ့ သဝဏ္လႊာမွာ တိုင္းရင္းသား ျပည္သူမ်ားအေနျဖင့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ရယူႏိုင္ၿပီးေနာက္ မိမိတို႔၏ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားကို အနာဂတ္တြင္  မည္သို႔ဖြံ႕ၿဖိဳးတိုးတက္လာမည္၊ မည္သို႔ျမင္ေတြ႕လိုသည္ကိုလည္း အေလးအနက္ သုံးသပ္စဥ္းစားၾကေစလိုတယ္လို႔ တိုက္တြန္းခဲ့ထားေပမယ့္ ယခုျဖစ္ပ်က္မႈေတြက တိုင္းရင္းသား စည္းလုံးညီၫြတ္ေရးအတြက္ ထိခိုက္ေစတဲ့ စိုးရိမ္စရာအျဖစ္ေတြ ျဖစ္တဲ့အတြက္ ဒီျပႆနာျဖစ္ေပၚမႈမွာ  ဘယ္သူတာဝန္ရွိလဲ။
ေနာက္ကြယ္မွာ ဘာရည္႐ြယ္ခ်က္ေတြရွိလဲဆိုတာ ျပန္လည္ဆန္းစစ္ဖို႔ အေရးႀကီးပါတယ္။    

အေမြမေပးတဲ့ ဖခင္ကို မီးရႈိ႕တဲ့ သား

ယခုတစ္ပတ္ သတင္းေတြထဲမွာ စိတ္ထိခိုက္စရာ မႈခင္းေနာက္ခံ သတင္းအခ်ိဳ႕ ျဖစ္ခဲ့ပါတယ္။ဒီထဲမွာ အင္းစိန္ၿမိဳ႕နယ္ထဲမွာ ျဖစ္ခဲ့တဲ့ မူခင္းတစ္ခုက ၾကားရသူတိုင္းကို အထိတ္တလန႔္ျဖစ္ေစခဲ့ပါတယ္။

ျဖစ္ပုံက ဒီလိုပါ။အင္းစိန္ၿမိဳ႕နယ္ ေဖာ့ကန္ရပ္ကြက္ထဲမွာေနတဲ့ ေအာင္ထြန္းလင္း ဆိုသူကို သူ႔ရဲ႕မိတ္ေဆြျဖစ္တဲ့ ေစာ္ဘြားႀကီးကုန္းရပ္ကြက္ေန အသက္ (၇၂) ႏွစ္အ႐ြယ္ ဦးရွိန္ဝင္း က ဖုန္းဆက္ၿပီး သူ႔ကိုမီးရႈိ႕ခံထားရတယ္လို႔ ဖုန္းဆက္ရာကေန ဒီျဖစ္ရပ္ေပၚေပါက္လာတာပါ။  

ေဖေဖာ္ဝါရီ ၇ ရက္ ညေန ၆ နာရီခန႔္က အင္းစိန္ၿမိဳ႕နယ္ ေစာ္ဘြားႀကီးကုန္းရပ္ကြက္ေန ဦးရွိန္ဝင္း ကို သားျဖစ္သူ ေမာင္ေမာင္ေဇလင္း ႏွင့္ ေခြၽးမ ခိုင္စုေသာ္ တို႔က အေမြေတာင္းခဲ့ပါတယ္။ဦးရွိန္ဝင္း က အေမြမေပးဘူးလို႔ ျငင္းတဲ့အတြက္ သားနဲ႔ ေခြၽးမက ခႏၶာကိုယ္ေအာက္ပိုင္းကို မီးရႈိ႕ႏွိပ္စက္ခဲ့တာပါ။ဒီလိုမီးရႈိ႕ႏွိပ္စက္ခဲ့လို႔ ဦးရွိန္ဝင္း က ေဖာ့ကန္မွာေနတဲ့ မိတ္ေဆြထံ ဖုန္းဆက္အကူအညီေတာင္းခဲ့ရပါတယ္။
ဒီလိုဖုန္းဆက္ အကူအညီေတာင္းတဲ့အတြက္ ရဲတပ္ဖြဲ႕က သက္ေသမ်ားနဲ႔ သြားေရာက္စစ္ေဆးခဲ့ၿပီး မီးရႈိ႕ခံထားရတာကို ေတြ႕တဲ့အတြက္ ေမာင္ေမာင္ေဇလင္း ႏွင့္ ခိုင္စုေသာ္ ကို ဖမ္းဆီးခဲ့ပါတယ္။

ဒီအမႈက ျမန္မာလူ႔ေဘာင္ေလာကမွာ အေတာ္ေလးကို ဂယက္႐ိုက္ခဲ့တဲ့ ျဖစ္ရပ္တစ္ခုပါဘဲ။မၾကာခဏ မိဘကို သားကသတ္၊ သမီးကသတ္တာေတြ ျမင္ေတြ႕လာတာကေန ယခုအခါ မီးရႈိ႕သတ္ျဖတ္ ႏွိပ္စက္တာေတြအထိ ျဖစ္လာတာဟာ ေၾကာက္စရာလန႔္စရာ ျဖစ္ရပ္တစ္ခုပါ။မိဘနဲ႔ သားသမီး၊ သားသမီးနဲ႔ မိဘၾကား အျပန္အလွန္ ေမတၱာတရားပ်က္လာတဲ့အထိ ျဖစ္လာတဲ့ ျပႆနာဟာ မိဘကို ဘုရားနဲ႔တန္းတူ အေလးအျမတ္ထားတဲ့ ျမန္မာလူ႔အဖြဲ႕အစည္းအတြက္ ရင္ေလးစရာ တုန္လႈပ္စရာ ျပႆနာတစ္ခု ျဖစ္လာတဲ့အတြက္ ဘာသာေရးနဲ႔ ပညာေရးနယ္ပယ္က တာဝန္ရွိသူေတြ အနာဂတ္အတြက္ ဘယ္လိုေဆာင္႐ြက္လာမလဲဆိုတာ ေစာင့္ၾကည့္ဖို႔လိုလာသလို ဘာေတြဆက္ျဖစ္လာဦးမလဲဆိုတာ ရင္ေလးစြာေစာင့္ၾကည့္ဖို႔ ျဖစ္လာပါတယ္။

ဒီသတင္းနဲ႔အၿပိဳင္ စိတ္မေကာင္းစရာ သတင္းတစ္ပုဒ္က ဗုဒၶဂယာကို ဘုရားဖူးသြားတဲ့ ျမန္မာဘုရားဖူးအဖြဲ႕ တည္းခိုရာ ဟိုတယ္မွာ မီးေလာင္မႈျဖစ္လို႔ ျမန္မာဘုရားဖူး ခရီးသည္အမ်ိဳးသမီးႏွစ္ဦး ေသဆုံးခဲ့တဲ့ ျဖစ္ရပ္ပါ။အိႏၵိယႏိုင္ငံ ဗုဒၶဂယာကို သြားတဲ့ခရီးစဥ္မွာ ျမန္မာဘုရားဖူးေတြတည္းတဲ့ နယူးေဒလီၿမိဳ႕ Karol Bangh အရပ္ရွိ Arpit Hotel မွာ ေဖေဖၚဝါရီ ၁၂ ရက္ နံနက္အေစာပိုင္းက မီးေလာင္မႈ ျဖစ္ခဲ့တာပါ။အထပ္ ၅ ထပ္ရွိၿပီး တည္းခိုသူ ၆၀ ေက်ာ္ အခန္းေပါင္း ၃၅ ခန္းအတြင္း တည္းခိုစဥ္ အေပၚဆုံး ၅ ထပ္ကေန မီးေလာင္ခဲ့လို႔ ၁၇ ဦး ေသဆုံးကာ ၃၀ ထက္မနည္း ထိခိုက္ဒဏ္ရာ ရရွိခဲ့ပါတယ္။မီးေလာင္စဥ္ အေပၚထပ္မွ ခုန္ခ်ခဲ့သူ ႏွစ္ဦးလည္း ထိခိုက္ဒဏ္ရာခဲ့ပါတယ္။

ေသဆုံးတဲ့ ျမန္မာႏွစ္ဦးက တိုက္ႀကီးၿမိဳ႕နယ္ထဲက အသက္ ၆၆ ႏွစ္နဲ႔ ၄၄ ႏွစ္အ႐ြယ္ အမ်ိဳးသမီးေတြျဖစ္ၿပီး အေလာင္းေတြ ျမန္မာႏိုင္ငံကို ျပန္သယ္ဖို႔ ေဆာင္႐ြက္ေနတယ္ ဆိုပါတယ္။ဘုရားဖူးသြားရင္း ဒီလိုျဖစ္ခဲ့တဲ့အတြက္ စိတ္မေကာင္းစရာျဖစ္ရပ္ ျဖစ္သလို မၾကာခဏ မီးေလာင္မႈျဖစ္စဥ္ေတြ ၾကားေနရတဲ့ အိႏၵိယႏိုင္ငံက ဟိုတယ္ေတြ၊ တည္းခိုေဆာင္ေတြမွာ တည္းခိုဖို႔ ျမန္မာဘက္က သြားတဲ့သူေတြ သတိထားဖို႔ အေရးႀကီးေနၿပီဆိုတာကို ဒီျဖစ္ရပ္က သတိေပးခဲ့ပါတယ္။

ယခုသတင္းႏွစ္ပုဒ္က ဒီတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ ေနျပည္ေတာ္ လႊတ္ေတာ္အေဆာက္အအုံအနီး ဒ႐ုန္း လႊတ္တင္တဲ့ ျပင္သစ္ႏိုင္ငံသားကို ဥတၱသီရိၿမိဳ႕နယ္ ဘုရားကုန္း ၿမိဳ႕မရဲတပ္ဖြဲ႕က ဖမ္းဆီးအေရးယူခဲ့တဲ့ သတင္း၊ ျမန္မာ-အိႏၵိယ နယ္စပ္မွာ ရစ္ခ်္တာစေကး ၅ ဒသမ ၄ အဆင့္ အင္အားအသင့္အတင့္ရွိ ငလ်င္တစ္ခု လႈပ္ခတ္ခဲ့တဲ့ သတင္း၊ ရတနာပုံတကၠသိုလ္ ေက်ာင္းေရွ႕ ဆႏၵေဖာ္ထုတ္တဲ့ ေက်ာင္းသား (၇) ဦးကို ေထာင္ဒဏ္ ၃ လစီ ခ်မွတ္ခဲ့တဲ့ သတင္း၊ ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕မွ ဝယ္ယူလာသည့္ 9MM Thai ARMS က်ည္အေတာင့္ ၅၀၀ ႏွင့္ ပြိဳင့္ ၂၂ က်ည္ ၁,၄၅၀ တို႔ႏွင့္အတူ အမ်ိဳးသားသုံးဦးကို ေနာင္ခ်ိဳၿမိဳ႕နယ္ အိုရီယမ္တယ္တိုးဂိတ္မွာ ဖမ္းဆီးရမိခဲ့တဲ့ သတင္း၊ ဇြဲကပင္ေတာင္ ဘုရားရင္ျပင္ တိုးခ်ဲ႕ေနတာ ႀကံ့ခိုင္မႈ ရွိ/မရွိ ႏိုင္ငံတကာမွ ပညာရွင္မ်ား ေခၚယူစစ္ေဆးမႈမၿပီးခင္ ဆိုင္းငံ့ထားဖို႔ ဘုရားေဂါပကအဖြဲ႕အား ၫႊန္ၾကားထားတဲ့ သတင္း၊ ဆည္တာေပါင္ အက္ေၾကာင္းျဖစ္ေနတဲ့ ေတာင္နဝင္း ေရေလွာင္တမံကို ဆက္လက္အသုံးမျပဳဖို႔  ေဒသခံေတြ ဆႏၵထုတ္ေဖာ္ခဲ့တဲ့ သတင္း၊ မေကြးတိုင္း မင္းလွၿမိဳ႕နယ္မွာ ခိုးဝင္လာတဲ့ ဘဂၤါလီ ၁၆ ဦးကို ဖမ္းဆီးရမိခဲ့တဲ့ သတင္း၊ ကညန အင္ဂ်င္နီယာ အေယာင္ေဆာင္ၿပီး ေငြလိမ္ေတာင္းသူ အမ်ိဳးသားႏွစ္ဦးကို ဖမ္းဆီးရမိခဲ့တဲ့ သတင္း၊ မာန္ေအာင္ၿမိဳ႕နယ္ရွိ လက္ဖက္ကြၽန္း မီးျပတိုက္ျပဳျပင္ရန္ လာေရာက္တဲ့ ဆင္ေျပာင္သေဘၤာ ေက်ာက္ခ် ညအိပ္ရပ္နားစဥ္ လႈိင္း႐ိုက္ပုတ္လို႔ နစ္ျမဳပ္ခဲ့ကာ ၁၈ ဦး ေသဆုံး ေပ်ာက္ဆုံးခဲ့တဲ့ သတင္း၊ ဖားကန႔္မွာ ေတာင္ကမ္းပါးယံ ၿပိဳက်လို႔ ေက်ာက္တူးေနသူ ေျခာက္ဦးေက်ာ္ ေသဆုံးခဲ့တဲ့ သတင္းေတြထဲ ထူးထူးျခားျခား သတိထားစရာ သတင္းေတြ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္နားလိုက္ခ်င္ပါတယ္။

မာလင္း
ေဖေဖာ္ဝါရီ - ၁၅