【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကုလရောက် ဘင်္ဂါလီအရေးမှာ မြန်မာဘက်က ဘယ်သူတွေရှိခဲ့သလဲ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကုလရောက် ဘင်္ဂါလီအရေးမှာ မြန်မာဘက်က ဘယ်သူတွေရှိခဲ့သလဲ

ယခုတစ်ပတ်မှာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေအတွက် ဘာသာရေးအရ ဆီမီးထွန်းပူဇော်တဲ့ ပွဲတွေ၊ မိဘဘိုးဘွားတွေကို ကန့်တော့တဲ့ သတင်းတွေနဲ့ ပြည့်ခဲ့ပေမယ့် ဒီရက်မှာဘဲ ကျင်းပတဲ့ ကုလလုံခြုံရေးကောင်စီမှာ အစဉ်အလာမဟုတ်ဘဲ ရခိုင်မြောက်ပိုင်း ဘင်္ဂါလီအရေးနဲ့ ပက်သက်ပြီး ဆွေးနွေးမှုတွေကြောင့် နိုင်ငံတကာအခြေအနေနဲ့ ပြည်တွင်းကို ဆက်စပ်လေ့လာနေသူတွေ၊ တိုင်းပြည်ချစ်တဲ့သူတွေအတွက် ရတတ်မအေးရတဲ့ ရက်သတ္တပတ် ဖြစ်ခဲ့ပါတယ်။

    
အောက်တိုဘာ ၂၂ ရက် ညက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာ့ထုံးတမ်းအစဉ်အလာအရ ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများက သွားရောက်ဂါရဝပြု ကန်တော့တဲ့ သတင်းကြောင့် အများပြည်သူ စိတ်ချမ်းမြေ့ခဲ့ရပေမယ့် ဖားဆောင်းမြို့နယ် နန်းကစ်ဒေသမှာ တိုက်ပွဲဖြစ်ပွားတဲ့ သတင်းတွေ၊ နမ္မတူနဲ့ သီပေါ မြို့နယ်မှာ TNLA၊ SSPP နဲ့ RCSS တိုက်ပွဲဖြစ်တဲ့ သတင်းတွေ တက်လာခဲ့တဲ့အတွက် ယခုရက်သတ္တပတ်က အများပြည်သူအတွက် သတင်းကောင်းနည်းတဲ့ ရက်သတ္တပတ်တစ်ခု ဖြစ်ခဲ့ရပါတယ်။

Level 5 လှိုင်သာယာ မီးလောင်မှုနှင့်  မြိတ်က ကလေးငယ် အသတ်ခံရမှု။
    

ယခုတစ်ပတ်အတွင်း ဖြစ်ခဲ့တဲ့ မှုခင်းတွေက မကြားဝံ့မနာသာဆိုသလို ပြောလို့ရေးလို့ မဝံ့လောက်အောင် ဖြစ်ခဲ့ပါတယ်။သီတင်းကျွတ်ကာလ ဖြစ်တဲ့အချိန်မှာ အများစုကုသိုလ်ရေးနဲ့ ပျော်တဲ့အချိန်ကာလမှာ ၆ နှစ် သမီးကို လူသတ်ပြီး မုဒိမ်းကျင့်ဖို့ ကြံစည်တာ၊ ဘုန်းကြီးကျောင်းမှာ TV လာကြည့်တဲ့ ၁၅ နှစ် သမီးကို ကျောင်းထိုင်ဘုန်းကြီးက မုဒိမ်းကျင့်တာ၊ ဘုရားဖူးလာတဲ့ တခြားနိုင်ငံက ကောင်စစ်ဝန်ကို ရိုက်နှက်လုတာစတဲ့ မှုခင်းကြီးတွေကြောင့် ထိတ်လန့်စရာတွေကြားမှာ သီတင်းကျွတ် လပြည့်ကျော်တစ်ရက် ညမှာ လောင်ခဲ့တဲ့ လှိုင်သာယာစက်မှုဇုန်က AA အီလက်ထရွန်းနစ် စက်ရုံမီးကြောင့် ယခုရက်သတ္တပတ်က တော်တော်လေးကို မကောင်းတဲ့ အနိဋ္ဌာရုံ သတင်းတွေနဲ့ ပြည်နှက်ခဲ့တဲ့ ရက်သတ္တပတ်လို့ ပြောရမှာ ဖြစ်ပါတယ်။
    

အောက်တိုဘာ ၂၅ ရက်ည ၉ နာရီ ၃၅ မိနစ်က လှိုင်သာယာမြို့နယ် စက်မှုဇုန် (၃) ရှိ AA  အီလက်ထရွန်းနစ် စက်ရုံမှာ မီးလောင်ကျွမ်းမှုဖြစ်ခဲ့ရာမှာ မီးလောင်မှုမှာ အမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ အဆင့် - ၅ အထိ အမြင့်ဆုံးသတ်မှတ်ပြီး ငြှိမ်းသတ်ရတဲ့အထိ မီးကြီးခဲ့ပါတယ်။ဒီမီးလောင်ကျွမ်းမှုက မီးသတ်တပ်ဖွဲ့ဝင် ရာချီသုံးပြီး တော်တော်လေးငြှိမ်းသတ်ခဲ့ရကာ  အောက်တိုဘာ ၂၆ ရက် နံနက် ၂ နာရီ ၁၅ မိနစ်မှာ မီးထိန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ဒါပေမယ့် သတင်းတွေအရ နံနက် ၅ နာရီကျော်တဲ့အထိ မီးကမငြိမ်းသေးဘူးလို့ ဆိုပါတယ်။
    

သတင်းတွေအရ ပင်မအဆောက်အဦးတစ်ခုလုံး အပါအဝင် အဆောက်အဦးသုံးခုလုံး လုံးဝပျက်စီးသွားခဲ့ပြီး အဆောက်အဦးထဲက အီလက်ထရွန်းနစ် ပစ္စည်းတွေ၊ ရေခဲသေတ္တာနဲ့ လေအေးပေးစက်တွေက ဓာတ်ငွေ့တွေ လောင်ကျွမ်းပေါက်ကွဲ မှုကြောင့် မီးကိုထိန်းသိမ်းဖို့ ခက်ခဲ့တာ ဆိုပါတယ်။လူအသေအပျောက်ကို မသိရပေမယ့် အဆိုပါမီးလောင်မှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရ ရှိခဲ့တယ် ဆိုပါတယ်။တစ်ညလုံး လောင်တဲ့မီးကြောင့်  ရန်ကုန် အနောက်ခြမ်းတစ်ခုလုံး သီတင်းကျွတ် လပြည့်ကျော်ညကို မီးသတ်ဥသြသံတွေနဲ့ ဖြတ်ကျော်ခဲ့ရတဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်။
    

မီးလောင်တဲ့သတင်းတွေ မတက်လာခင် သတင်းတွေထဲ လူတွေ စိတ်ဝင်စားခဲ့တဲ့ သတင်းက ကျောင်းထိုင်ဘုန်းကြီးက အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်လို့ အရေးယူခဲ့တဲ့ သတင်းပါဘဲ။

    
အောက်တိုဘာ ၂၃ ရက်မှာ မကွေးတိုင်းအတွင်းက ငဖဲမြို့နယ်အတွင်း မှာရှိတဲ့ မာန်အောင်အုပ်စုအတွင်းက ကျေးရွာတစ်ရွာမှာ ရွာဦးဘုန်းကြီးကျောင်းမှာ မိသားစုနဲ့အတူ TV လာကြည့်တဲ့ ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ကို ကျောင်းထိုင်ဆရာတော်က အဓမ္မပြုကျင့်ခဲ့ပါတယ်။
    

ဖြစ်စဉ်ဖော်ပြချက်အရဆိုရင် အမဖြစ်သူ လင်မယားနဲ့ TV ကြည့်နေတဲ့ အဆိုပါအမျိုးသမီးငယ်ကို ကျောင်းထိုင်ဘုန်းကြီးက အခန်းဝကနေ ခိုင်းစရာရှိလို့ ခေါ်တဲ့ပုံနဲ့ အခန်းတွင်းခေါ်ကာ ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ကျူးလွန်တဲ့ ကျောင်းထိုင်ဘုန်းကြီးဖြစ်တဲ့ ဦးပညာဓဇ (ခ) ဦးမြစ် (၆၃) နှစ်ကို ငဖဲရဲစခန်းက ပုဒ်မ ၃၇၆ နဲ့ အရေးယူထားတယ်လို့ ဆိုပါတယ်။
ဒီဘက်နှစ်ပိုင်းမှာ ဒီလိုဖြစ်ရပ်တွေ မကြာခဏဖြစ်လာရတာကို တွေ့ရသလို ဖြစ်စဉ်တွေ အများစုကလည်း တောရွာကျေးလက်တွေမှာ ဖြစ်နေတာကို တွေ့ရပါတယ်။ယုံကြည်မှုအပေါ် အခွင့်အရေးယူပြီးဖြစ်တဲ့ ဒီလိုဖြစ်ရပ်တွေက စင်ကြယ်တဲ့ သံဃာနဲ့ ဆရာတော်တွေအတွက် ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ရှိတဲ့အတွက် ဒီလိုဖြစ်ရပ်တွေမှာ ဘယ်လောက်ထိ ထိထိရောက်ရောက် အရေးယူမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

    
သက်ငယ်မုဒိမ်းမှုနဲ့ စတဲ့ မူခင်းသတင်းတွေထဲ နောက်ထပ်ရက်စက်တဲ့ သတင်းတစ်ခုက မြိတ်မှာဖြစ်တဲ့ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးကို နေအိမ်မှာ ဝင်ထွက်နေတဲ့ အရက်သောက်စားတတ်သူ တစ်ဦးက တောချုံထဲမှာ ခမောင်းချဉ်သီး ခူးကျွေးမယ်လို့ မျှားခေါ်ပြီး သတ်ခဲ့တဲ့ ဖြစ်စဉ်ပါဘဲ။
    

အောက်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက မြိတ်မြို့ စန္ဒာဝတ်ကျေးရွာအုပ်စု၊ ကျောက်ဖြူတောင်ကျေးရွာရှိ ကျောက်ထုတ်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ အသက် ၆ နှစ်ခန့်ရှိတဲ့ မိန်းကလေးငယ်ကို နေအိမ်ကို ဝင်ထွက်နေတဲ့ အမျိုးသားတစ်ဦးက တောထဲခေါ်သွားပြီး လက်တွေချိုး၊ ခေါင်းထုရိုက်၊ လည်ပင်းညှစ် သတ်ခဲ့တာပါ။ဒီဖြစ်စဉ်မှာ တချို့သတင်းတွေက အဓမ္မကျင့်ဖို့ ကြိုးစားအားထုတ်ခဲ့တယ်လို့ ဖော်ပြပြီး တချို့သတင်းတွေမှာ ကလေးက ကျောကုန်းကိုထုလို့ ဒေါသထွက်ပြီး တောထဲ ခေါ်သတ်တာလို့ ကွဲလွဲဖော်ပြချက်တွေ ရှိပေမယ့် ကလေးငယ်ကတော့ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။
    

ဒါဟာ သူစိမ်းတစ်ယောက်က သတ်ဖြတ်တာမဟုတ်ဘဲ မိသားစုနဲ့ ရင်းနှီးကျွမ်းဝင်သူက သတ်ဖြတ်တာဖြစ်သလို ကလေးငယ်တွေကို အုပ်ထိန်းသူ ကင်းမဲ့နေချိန်မှာ အရက်သေစာ သောက်စားတတ်သူ တစ်ဦးက လွယ်လင့်တကူ ခေါ်ဆောင်သတ်ဖြတ်တာဖြစ်လို့ တော်တော်လေး ရင်နင့်ဖွယ်ကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါဘဲ။
မိဘတွေအနေနဲ့လည်း ဒီသတင်းနဲ့ ဖြစ်ရပ်က အထူးဆင်ခြင် သတိထားရမယ့် သတင်းပါဘဲ။
    

ဒီလိုသတ်ဖြတ်မှုတွေ မုဒိမ်းမှုတွေနဲ့ သတင်းနဲ့ ဆန့်ကျင်ကာ တိုင်းပြည်ကို ဂုဏ်သိက္ခာကျစေခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ ကျိုက်ထီးရိုး ဘုရားဖူးလာရင်း အဖွဲ့နဲ့ ကွဲကျန်ခဲ့တဲ့ ဗီယက်နမ် ကောင်စစ်ဝန်ကို ရိုက်နှက်လုယက်ခဲ့တဲ့ သတင်းပါဘဲ။အောက်တိုဘာ ၂၃ ရက်မွန်းတည့် ၁၂ နာရီခန့်က မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးမှ အသက် (၅၈) နှစ်ရှိ ကောင်စစ်ဝန် Mr. Nguyen Duc Hoa ဟာ အဖွဲ့နဲ့ကွဲပြီး တစ်ဦးတည်း ကျိုက်ထီးရိုး တောင်တက်သည့် ခြေကျင်လမ်း မြေဖြူတောင်အနီး လမ်းလျှောက်နေစဉ် ရိုက်နှက်လုယက်ခံရလို့ ယာဘက်နားရွက်နောက် တစ်လက်မခန့် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာတစ်ချက်နှင့် ယာဘက်နားအတွင်း နာကျင်သွေးယို ဒဏ်ရာများ ရရှိခဲ့ပြီး လက်ကိုင်ဖုန်းနှစ်လုံးနှင့် ကျောပိုးအိတ်တစ်လုံး အလုခံလိုက်ရပါတယ်။
    

လုတဲ့သူကို ဖမ်းမိဖို့ ခြေကျင်လမ်းတွေကိုပိတ်ပြီး ရဲတပ်ဖွဲ့က ဖမ်းခဲ့တဲ့အတွက် ကျူးလွန်သူ သုံးခွမြို့နယ် စွယ်တော်ချောင်ကျေးရွာနေ အသက် (၂၄) နှစ်အရွယ် ကျော်ဇင်လတ် ကို နေ့ချင်းမိခဲ့တယ်ဆို ပါတယ်။ဒါပေမယ့် ဘုရားဖူးလာတဲ့သူ တစ်ဦးကို ဒီလို လုယက်ရိုက်နှက်မှုက ပြည်ပကလာရောက်မယ့် ဘုရားဖူးခရီးသည်တွေကိုသာမက  ပြည်တွင်းနေသူ ဘုရားဖူးတွေကိုပါ ထိတ်လန့်စေခဲ့တဲ့ သတင်းဘဲ ဖြစ်ပါတယ်။

    
အဆိုပါ သတင်းသုံးပုဒ်က ယခုရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ သထုံ မြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦး ကိုယ့်ရင်ဝကို သေနတ်နဲ့ပစ်ခတ်ရာမှာ ဒဏ်ရာပြင်းစွာရရှိခဲ့တဲ့ သတင်း၊ ပေါင်မြို့ ကဒုံစီးရပ်ကွက် ဆွမ်းလောင်းပွဲနှင့် မီးထွန်းပွဲတော်မှာ အရပ်သားများ ခိုက်ရန်ဖြစ်ပွားနေစဉ် ဝင်ရောက်ထိန်းသိမ်းသည့် ဒုရဲအုပ်တစ်ဦး ကျည်ဆန်ထိမှန်တဲ့ သတင်း၊ သတင်းအရ စောင့်ဖမ်းရာမှာ မီးသွေးအိတ်များထဲမှ WY စိတ်ကြွဆေးပြား ၂၈သိန်းကျော်ကို တရားခံ ၆ ဦးနဲ့အတူ ဘူးသီးတောင်မြို့နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ သတင်း၊ မန္တလေး ချမ်းအေးသာစံမြို့နယ်မှာ မီးလာင်မှုဖြစ်ပွားလို့ အသက် (၆၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တဲ့ သတင်း၊ မြန်မာလုပ်သား ၇၀ ကျော်ကို အလုပ်ထုတ်ပယ်ခဲ့တဲ့  ဒိုလီ ထိုင်းသစ်သီးစက်ရုံကို နစ်နာကြေး ဘတ်ငွေသုံးသန်းခန့် (ကျပ်သိန်း ၁,၅၀၀ ခန့်) ပေးဆောင်ရန် ထိုင်း အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဌာန (ဆဝါဒီကန်) က အမိန့်ချခဲ့တဲ့ သတင်း၊ မအူပင်မှာ ခရီးသည်တင် မှန်လုံကား လမ်းချော်တိမ်းမှောက်ခဲ့ရာ အမျိုးသမီးသုံးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၆ ဦးကို ဆေးရုံတင်ထားရတဲ့ သတင်း၊ ပဲခူးနှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်း လေပြင်းဝင်ရောက် တိုက်ခတ်လို့ နေအိမ် ၂,၀၀၀ ကျော် ပျက်စီးခဲ့တဲ့ သတင်း စတဲ့သတင်းတွေနဲ့အတူ ယခုတစ်ပတ် လူတွေစိတ်ကို သတိပြုမိစေခဲ့ပါတယ်။

တရုတ် - အိန္ဒိယကြား ဗျာများဖွယ်ရှိနေတဲ့ မြန်မာ့စီးပွားရေး။

    
ယခုတစ်ပတ် မြန်မာ့စီးပွားရေး နောက်ခံသတင်းတွေထဲမှာ ထူးခြားတဲ့ သတင်းတွေ ပါခဲ့ပါတယ်။ဒီသတင်းက ချင်းပြည်နယ် ပလက်ဝမှ အိန္ဒိယနိုင်ငံ မီဇိုရမ်သို့ ဖောက်လုပ်မည့် ကားလမ်းစီမံကိန်းအတွက် အိန္ဒိယနိုင်ငံက ကန်ဒေါ်လာ ၃၂၈ သန်းကို နှောင်ကြိုးမဲ့ ကူညီမယ့် သတင်းနဲ့ မူဆယ် - မန္တလေး ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းအတွက် ဖြစ်နိုင်ခြေလေ့လာဖို့ တရုတ်နိုင်ငံနဲ့ MoU လက်မှတ်ရေးထိုးခဲ့တဲ့ သတင်းတွေဘဲ ဖြစ်ပါတယ်။
    

ပထဝီနိုင်ငံရေး အနေအထားတွေအရ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား အချက်ချာကျတဲ့နေရာမှာ တည်ရှိနေတဲ့ မြန်မာနိုင်ငံမှာ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးက ယခုရက်သတ္တပတ်အတွင်း စီးပွားရေးမဟာဗျူဟာကျတဲ့ လုပ်ဆောင်မှုတွေ ဆက်တိုက်လုပ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်မှ အိန္ဒိယက ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းနဲ့ ချင်းပြည်နယ် ပလက်၀  ပြည်တွင်း ရေကြောင်းဆိပ်ကမ်းတွေမှာ  ပုဂ္ဂလိက ဆိပ်ကမ်းအော်ပရေတာ ခန့်ထားဖို့ မြန်မာနဲ့ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ပါတယ်။အိန္ဒိယ၏ အရှေ့မျှော်ပေါ်လစီထဲ ပါဝင်တဲ့ ကန်ဒေါ်လာ သန်း ၄၈၀ ကျော်တန် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းအတွင်း ဒီဆိပ်ကမ်း စီမံခန့်ခွဲမှုက အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်နေပါတယ်။ဒီ နားလည်မှုစာချွန်လွှာအရ လုပ်ကိုင်ခွင့်ရမည့် အော်ပရေတာတွေက ဆိပ်ကမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ အဆောက်အအုံများကို စီမံခန့်ခွဲခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခွင့်ရမှာ ဖြစ်ပါတယ်။ဒီ MoU လက်မှတ်ရေးထိုးပွဲမှာပဲ အိန္ဒိယနိုင်ငံက ချင်းပြည်နယ် ပလက်ဝမှ အိန္ဒိယနိုင်ငံ မီဇိုရမ်သို့ ဖောက်လုပ်မည့် ကားလမ်းစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၃၂၈ သန်းကို နှောင်ကြိုးမဲ့ အကူအညီအဖြစ် ပေးအပ်မယ်ဆိုတာကို ပြောခဲ့ပါတယ်။

ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်းနဲ့ တွဲနေတဲ့ ယခုကားလမ်းစီမံကိန်းက အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားအထိ ပေါက်မယ့် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သလို အရှေ့မျှော်စီမံကိန်းမှာ အဓိကကျတဲ့ ကုန်းလမ်းခရီးလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီလို အိန္ဒိယနဲ့ နားလည်မှုစာချွန်လွှာ ရေးထိုးတဲ့ အဲဒီရက်မှာဘဲ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြား အဓိကအရေးပါတဲ့ မူဆယ် - မန္တလေး ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းအတွက် ဖြစ်နိုင်ခြေလေ့လာမှု ဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာကို အောက်တိုဘာ ၂၂ ရက်မှာဘဲ နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီမီးရထားလမ်းစီမံကိန်းက တရုတ် - မြန်မာ စီးပွားရေးစြင်္ကန်မှာ အရေးပါတဲ့ နေရာမှာရှိပြီး တရုတ်နိုင်ငံက ဖော်ဆောင်နေတဲ့ One Belt & One Road ရဲ့ အစိတ်အပိုင်းလည်း တစ်ခုဖြစ်တဲ့အတွက် အားလုံးက ဒီနားလည်မှုစာချုပ်အပေါ် စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။တရုတ် - မြန်မာ နယ်စပ် မူဆယ်ကနေ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးအထိ ဆင်းလာမယ့် ဒီမီးရထားလမ်းက တရုတ် - မြန်မာ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကုန်စည်လမ်းကြောင်း ဖြစ်လာနိုင်သလို ဒီမီးရထားလမ်း စီမံခွင့် အခွင့်အာဏာက ဘယ်သူ့ဆီမှာလဲဆိုတာ ပြည်တွင်းမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

ယခုစာချုပ်က ရထားလမ်းဖောက်လုပ်ဖို့ ဖြစ်နိုင်ခြေ ရှိ၊ မရှိကို ကနဦးလေ့လာတဲ့ အဆင့်သာဖြစ်လို့ ရထားလမ်းဖောက်ဖို့က အတန်ငယ်ကြာဖို့ ရှိနေပါတယ်။ဒါပေမယ့် တရုတ်နိုင်ငံအတွက် ကုန်းတွင်းပိတ် ယူနန်ပြည်နယ် အပါအဝင် ပြည်နယ်တွေက ထွက်ကုန်တွေကို မြန်မာနိုင်ငံကနေဖြတ်ပြီး တခြားနိုင်ငံတွေဆီ ပို့ဆောင်ရာမှာ  ဒီမီးရထားလမ်းက အဓိကထွက်ပေါက် ဖြစ်လာနိုင်တဲ့အတွက် ရထားလမ်းဖြစ်မြောက်နိုင်မှုက မထင်မှတ်ဘဲ မြန်လာနိုင်ခြေ ရှိနေပါတယ်။ဒီမီးရထားလမ်း ဖောက်လုပ်ဖို့အတွက် ပြည်သူတွေရဲ့ သဘောထားနဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးတယ်လို့ ပြောထားတဲ့အတွက် ဒီမီးရထားလမ်း ဖြစ်မြောက်နိုင်ခြေ အစီရင်ခံစာ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံသို့ တရားမဝင် စပါးတင်ပို့မှုများကို ဖမ်းဆီးနေတဲ့ သတင်း၊ မန္တလေး အပါအဝင် Smart City မြို့ ဖြစ်လာရန် အရှေ့တောင်အာရှမှာ ကြိုးပမ်းနေသော မြို့ ၁၀ မြို့အထိ ရှိနေတဲ့ သတင်း၊ ဟောင်ကောင် - မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆွေးနွေးပွဲကို ဟောင်ကောင် Island Shangri-La မှာ  ကျင်းပခဲ့တဲ့ သတင်း စတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

မြန်မာသံအမတ်၏ ကုလသမဂ္ဂ တတိယကော်မတီမှာ ခုခံကာကွယ်မှု။

    
ယခုရက်သတ္တပတ်အတွင်း နိုင်ငံတကာနဲ့ ပတ်သက်တဲ့ မြန်မာနောက်ခံ သတင်းတွေထဲမှာ ထူးခြားတဲ့ သတင်းတစ်ပုဒ်က သြစတြေးလျအစိုးရက မြန်မာတပ်မတော်မှ အရာရှိငါးဦးကို ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုနှင့် ခရီးသွားလာခွင့် ပိတ်ပင်ခြင်း ပြစ်ဒဏ်များ ချမှတ်ခဲ့တဲ့ သတင်း၊ သြစတြေးလျ ကာကွယ်ရေးဌာန သင်တန်းပေးမှု အစီအစဉ်တွင် ပါဝင်သော မြန်မာ့တပ်မတော် အရာရှိများ၏ နောက်ကြောင်းကို ပြန်လည်စိစစ်မှာ မဟုတ်ဘူးလို့ ကာကွယ်ရေးအတွင်းဝန်က ပြောခဲ့တဲ့ သတင်း၊ ဘင်္ဂါလီအရေး ဆွေးနွေးရန် စင်ကာပူနှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးတို့ မကြာမီ နေပြည်တော်သို့ လာရောက်မယ့် သတင်း၊ NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကို ပါတီမှ နုတ်ထွက်ထားသည့် လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း က မင်းဘူးမြို့နယ် ရဲစခန်းမှာ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ထားတဲ့ သတင်း၊ ရခိုင်မျိုးချစ်ပါတီ (APP) ကို ဖျက်သိမ်းပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) သို့  ဝင်ရောက်မည့် သတင်းတွေ ဖြစ်ခဲ့ပါတယ်။    
    

ဒီသတင်းတွေထဲ သတိထားစရာဖြစ်ခဲ့တဲ့ သတင်းက အောက်တိုဘာ ၂၃ ရက်က ကျင်းပတဲ့ (၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီ အစည်းအဝေးမှာ မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသည့် မစ္စစ်ရန်ဟီးလီ နှင့် နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ (IFFM) ဥက္ကဋ္ဌတို့၏ အစီရင်ခံစာများအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တဲ့ သတင်းဘဲ ဖြစ်ပါတယ်။
    

ထုံးစံမဟုတ်ဘဲ တတိယကော်မတီ အစည်းအဝေးမှာ IFFM နှင့် မစ္စစ်ရန်ဟီးလီ ၏ အစီရင်ခံစာထဲပါတဲ့  မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များက လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်တယ်ဆိုတဲ့ အချက်ကို ပြတ်သားစွာ ကန့်ကွက်ခဲ့သလို  မြန်မာဘက်က လုပ်ဆောင်နေတဲ့ အပြုသဘောဆောင်သည့် ဖြစ်ပေါ်တိုးတက်မှုများကို ထည့်သွင်းမစဉ်းစားဘဲ တာဝန်ခံမှုဘက်ကို ဦးစားပေး ရှေ့တန်းတင်တာက အန္တရာယ်ရှိတဲ့ ကြိုးပမ်းမှုလို့ ပြောခဲ့ပါတယ်။
    

အောက်တိုဘာ ၂၅ ရက်က ကျင်းပတဲ့ ကုလလုံခြုံရေးကောင်စီမှာ တင်ပြတဲ့ ကုလလူ့အခွင့်အရေးကောင်စီ အချက်အလက် ရှာဖွေရေးမစ်ရှင် ဥက္ကဋ္ဌ၏ ရခိုင်ပြည်နယ် ဘင်္ဂါလီပြဿနာ အကျဉ်းချုပ်တင်ပြမှု အစီအစဉ်ကို ရုရှားနှင့် တရုတ် သံအမတ်ကြီးများ ပြင်းထန်စွာ ဝေဖန်ခဲ့သလို ရုရှားသံအမတ်ကြီး မက်ဆီ ကီနီဘင်ဇီယာ က ရခိုင်ပြည်နယ်သို့ သွားရောက်ခြင်းမရှိခဲ့ဘဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အချက်အလက်ရှာဖွေရေး မစ်ရှင်က ပြုစုခဲ့သော ရခိုင်ပြည်နယ်ပြဿနာ အစီရင်ခံစာသည် တစ်ဖက်စောင်းနင်း အစီရင်ခံစာလို့ သုံးသပ်ခဲ့ပါတယ်။
    

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး မာကျို့ရှု ကလည်း ကုလလူ့အခွင့်အရေးကောင်စီ အချက်အလက်ရှာဖွေရေး မစ်ရှင်၏ ရခိုင်ပြည်နယ် ပြဿနာဆိုင်ရာ အစီအရင်ခံစာပါ သုံးသပ်ချက်များသည် သမာသမတ်မကျသည့် သုံးသပ်ချက်များဖြစ်ပြီး ယုံကြည်၍ မရဘူးလို့ ပြောခဲ့ပါတယ်။တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Hua Chunying က ကြာသပတေးနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ “လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့က လုံခြုံရေးကောင်စီကို တင်ပြတာဟာလည်း လုံခြုံရေးကောင်စီရဲ့ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီပါဘူး။ဒါဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား စေ့စပ်ပြောဆိုတဲ့ လုပ်ငန်းစဉ်ကို အနှောက်အယှက်ဖြစ်စေပြီး ဒီကိစ္စအပေါ် သင့်လျော်တဲ့ ဖြေရှင်းမှုတစ်ခုရရေး လုပ်ငန်းစဉ်ကို ထိခိုက်စေပါတယ်” လို့ ပြောခဲ့ပါတယ်။
    

လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ထည့်သွင်းဆွေးနွေးဖို့ မဲခွဲကြချိန်မှာ တရုတ်၊ ရုရှား၊ ဘိုလီးဗီးယား နိုင်ငံတို့က ကန့်ကွက်မဲ ပေးခဲ့ကြပေမယ့် အမေရိကန်၊ ဗြိတိန်၊ ဆွီဒင်နဲ့ အာရပ်နိုင်ငံတွေဖြစ်တဲ့ ကူဝိတ်တို့ အများစုမဲနှင့် အနိုင်ရခဲ့လို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ယခုပြဿနာဟာ တစ်ဖြေးဖြေးနဲ့ မြန်မာအပေါ် တင်းကျပ်လာအောင် ဘင်္ဂလားဒေရှ့်နဲ့ အစ္စလာမ်နိုင်ငံတွေက လုပ်ဆောင်နေတာကို တွေ့ရမှာဖြစ်သလို အမေရိကန်ရဲ့ တရုတ်ကို ဝန်းပတ်ပိတ်ဆို့ရေးနဲ့လည်း လာပတ်သက်နေတဲ့အတွက် ဆက်လက်ပြင်းထန်လာဖွယ် ရှိနေပါတယ်။
    

မကောင်းတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံက သမ္မတနဲ့ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံကို အရေးယူဖို့၊ မြန်မာပိုင်နက်ထဲ ဘင်္ဂါလီတွေအတွက် ကုလကြားခံဇုန်ထားဖို့ နိုင်ငံတကာလှည့်ပြီး အားထုတ်နေချိန်မှာ ဥရောပသမဂ္ဂကတော့  မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့ဖို့ထက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ဆက်လက်ထောက်ခံမယ်ဆိုတာကို အောက်တိုဘာ ၁၉ ရက်က  ထုတ်ပြန်ခဲ့တဲ့အတွက် အဆိုးတွေထဲက အကောင်းသတင်း ဖြစ်ခဲ့ပါတယ်။
    

လတ်တလောမှာ စိုးရိမ်ပူပန်နေရတဲ့ ကမ္ဘောဒီးယားနိုင်ငံကို ကုန်သွယ်မှု အထူးအခွင့်အရေး ယာယီရပ်ဆိုင်းလို့ ဖြစ်ရတဲ့ အဖြစ်မျိုးကို မြန်မာကြုံရဖို့ မရှိဘူးလို့ ပြောခဲ့တဲ့အတွက် ဒါဟာ တော်တော်လေး အားတက်ဖွယ် အခြေအနေဖြစ်ပါတယ်။ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ၂၀၁၂ ကစ၍ လက်နက်ခဲယမ်းမှအပ မည်သည့်ကုန်ပစ္စည်းမဆို အခွန်ကင်းလွတ်ခွင့် (EBA) ဖြင့် တင်ပို့နိုင်ရန် ကုန်သွယ်မှု  အထူးအခွင့်အရေး ပေးထားပါတယ်။လက်ရှိမှာ ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ရခိုင်မြောက်ပိုင်း ပြဿနာကြောင့် ထိုအခွင့်အရေးကို ပြန်လည်ရုပ်သိမ်းရန် ဥရောပသမဂ္ဂက စဉ်းစားနေတဲ့ သတင်းကြောင့် အထည်ချုပ်လုပ်ငန်းသမားတွေအတွက် အခက်တွေ့ စိုးရိမ်နေရတာ ဖြစ်ပါတယ်။
    

ဒါပေမယ့် ဒါတွေကို ကွဲကွဲပြားပြားသိရဖို့ ဥရောပကော်မရှင်၏ နိုင်ငံတကာရေးရာအဖွဲ့နှင့် ကုန်သွယ်ရေးရာအဖွဲ့တွေ အောက်တိုဘာ ၂၈ ရက်မှာ  မြန်မာနိုင်ငံကို ရောက်လာပြီး သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေ၊ သံတမန်အသိုင်းအဝိုင်း၊ အထည်ချုပ်လုပ်ငန်းရှင်များနှင့် သီးခြားစီတွေ့ဆုံရန် ရှိနေပါတယ်။ဘာတွေဖြစ်လာမယ်ဆိုတာ တိတိကျကျ မှန်းဆလို့မရသေးပေမယ့် ယခုအရပ်သားအစိုးရလက်ထက်မှာ တချို့ပြဿနာတွေကို စိတ်ရှည်စွာဖြေရှင်းပြီး အားလုံးလက်ခံနိုင်အောင် လုပ်နေတဲ့အတွက် ဒီထက်ဆိုးလာဖွယ်မရှိဘူးလို့ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
အောက်တိုဘာ - ၂၆
Photo Credit : Trend.Az

( Zawgyi )

ယခုတစ္ပတ္မွာ ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳးေတြအတြက္ ဘာသာေရးအရ ဆီမီးထြန္းပူေဇာ္တဲ့ ပြဲေတြ၊ မိဘဘိုးဘြားေတြကို ကန႔္ေတာ့တဲ့ သတင္းေတြနဲ႔ ျပည့္ခဲ့ေပမယ့္ ဒီရက္မွာဘဲ က်င္းပတဲ့ ကုလလုံၿခဳံေရးေကာင္စီမွာ အစဥ္အလာမဟုတ္ဘဲ ရခိုင္ေျမာက္ပိုင္း ဘဂၤါလီအေရးနဲ႔ ပက္သက္ၿပီး ေဆြးေႏြးမႈေတြေၾကာင့္ ႏိုင္ငံတကာအေျခအေနနဲ႔ ျပည္တြင္းကို ဆက္စပ္ေလ့လာေနသူေတြ၊ တိုင္းျပည္ခ်စ္တဲ့သူေတြအတြက္ ရတတ္မေအးရတဲ့ ရက္သတၱပတ္ ျဖစ္ခဲ့ပါတယ္။

    
ေအာက္တိုဘာ ၂၂ ရက္ ညက ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကို ျမန္မာ့ထုံးတမ္းအစဥ္အလာအရ ျပည္ေထာင္စုဝန္ႀကီးႏွင့္ ဒုဝန္ႀကီးမ်ားက သြားေရာက္ဂါရဝျပဳ ကန္ေတာ့တဲ့ သတင္းေၾကာင့္ အမ်ားျပည္သူ စိတ္ခ်မ္းေျမ့ခဲ့ရေပမယ့္ ဖားေဆာင္းၿမိဳ႕နယ္ နန္းကစ္ေဒသမွာ တိုက္ပြဲျဖစ္ပြားတဲ့ သတင္းေတြ၊ နမၼတူနဲ႔ သီေပါ ၿမိဳ႕နယ္မွာ TNLA၊ SSPP နဲ႔ RCSS တိုက္ပြဲျဖစ္တဲ့ သတင္းေတြ တက္လာခဲ့တဲ့အတြက္ ယခုရက္သတၱပတ္က အမ်ားျပည္သူအတြက္ သတင္းေကာင္းနည္းတဲ့ ရက္သတၱပတ္တစ္ခု ျဖစ္ခဲ့ရပါတယ္။

Level 5 လႈိင္သာယာ မီးေလာင္မႈႏွင့္  ၿမိတ္က ကေလးငယ္ အသတ္ခံရမႈ။
    

ယခုတစ္ပတ္အတြင္း ျဖစ္ခဲ့တဲ့ မႈခင္းေတြက မၾကားဝံ့မနာသာဆိုသလို ေျပာလို႔ေရးလို႔ မဝံ့ေလာက္ေအာင္ ျဖစ္ခဲ့ပါတယ္။သီတင္းကြၽတ္ကာလ ျဖစ္တဲ့အခ်ိန္မွာ အမ်ားစုကုသိုလ္ေရးနဲ႔ ေပ်ာ္တဲ့အခ်ိန္ကာလမွာ ၆ ႏွစ္ သမီးကို လူသတ္ၿပီး မုဒိမ္းက်င့္ဖို႔ ႀကံစည္တာ၊ ဘုန္းႀကီးေက်ာင္းမွာ TV လာၾကည့္တဲ့ ၁၅ ႏွစ္ သမီးကို ေက်ာင္းထိုင္ဘုန္းႀကီးက မုဒိမ္းက်င့္တာ၊ ဘုရားဖူးလာတဲ့ တျခားႏိုင္ငံက ေကာင္စစ္ဝန္ကို ႐ိုက္ႏွက္လုတာစတဲ့ မႈခင္းႀကီးေတြေၾကာင့္ ထိတ္လန႔္စရာေတြၾကားမွာ သီတင္းကြၽတ္ လျပည့္ေက်ာ္တစ္ရက္ ညမွာ ေလာင္ခဲ့တဲ့ လႈိင္သာယာစက္မႈဇုန္က AA အီလက္ထ႐ြန္းနစ္ စက္႐ုံမီးေၾကာင့္ ယခုရက္သတၱပတ္က ေတာ္ေတာ္ေလးကို မေကာင္းတဲ့ အနိ႒ာ႐ုံ သတင္းေတြနဲ႔ ျပည္ႏွက္ခဲ့တဲ့ ရက္သတၱပတ္လို႔ ေျပာရမွာ ျဖစ္ပါတယ္။
    

ေအာက္တိုဘာ ၂၅ ရက္ည ၉ နာရီ ၃၅ မိနစ္က လႈိင္သာယာၿမိဳ႕နယ္ စက္မႈဇုန္ (၃) ရွိ AA  အီလက္ထ႐ြန္းနစ္ စက္႐ုံမွာ မီးေလာင္ကြၽမ္းမႈျဖစ္ခဲ့ရာမွာ မီးေလာင္မႈမွာ အျမင့္ဆုံးလို႔ သတ္မွတ္ထားတဲ့ အဆင့္ - ၅ အထိ အျမင့္ဆုံးသတ္မွတ္ၿပီး ျငႇိမ္းသတ္ရတဲ့အထိ မီးႀကီးခဲ့ပါတယ္။ဒီမီးေလာင္ကြၽမ္းမႈက မီးသတ္တပ္ဖြဲ႕ဝင္ ရာခ်ီသုံးၿပီး ေတာ္ေတာ္ေလးျငႇိမ္းသတ္ခဲ့ရကာ  ေအာက္တိုဘာ ၂၆ ရက္ နံနက္ ၂ နာရီ ၁၅ မိနစ္မွာ မီးထိန္းႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ဒါေပမယ့္ သတင္းေတြအရ နံနက္ ၅ နာရီေက်ာ္တဲ့အထိ မီးကမၿငိမ္းေသးဘူးလို႔ ဆိုပါတယ္။
    

သတင္းေတြအရ ပင္မအေဆာက္အဦးတစ္ခုလုံး အပါအဝင္ အေဆာက္အဦးသုံးခုလုံး လုံးဝပ်က္စီးသြားခဲ့ၿပီး အေဆာက္အဦးထဲက အီလက္ထ႐ြန္းနစ္ ပစၥည္းေတြ၊ ေရခဲေသတၱာနဲ႔ ေလေအးေပးစက္ေတြက ဓာတ္ေငြ႕ေတြ ေလာင္ကြၽမ္းေပါက္ကြဲ မႈေၾကာင့္ မီးကိုထိန္းသိမ္းဖို႔ ခက္ခဲ့တာ ဆိုပါတယ္။လူအေသအေပ်ာက္ကို မသိရေပမယ့္ အဆိုပါမီးေလာင္မႈေၾကာင့္ မီးသတ္တပ္ဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္ဒဏ္ရာရ ရွိခဲ့တယ္ ဆိုပါတယ္။တစ္ညလုံး ေလာင္တဲ့မီးေၾကာင့္  ရန္ကုန္ အေနာက္ျခမ္းတစ္ခုလုံး သီတင္းကြၽတ္ လျပည့္ေက်ာ္ညကို မီးသတ္ဥၾသသံေတြနဲ႔ ျဖတ္ေက်ာ္ခဲ့ရတဲ့ ညတစ္ည ျဖစ္ခဲ့ပါတယ္။
    

မီးေလာင္တဲ့သတင္းေတြ မတက္လာခင္ သတင္းေတြထဲ လူေတြ စိတ္ဝင္စားခဲ့တဲ့ သတင္းက ေက်ာင္းထိုင္ဘုန္းႀကီးက အသက္ ၁၅ ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္ကို အဓမၼျပဳက်င့္လို႔ အေရးယူခဲ့တဲ့ သတင္းပါဘဲ။

    
ေအာက္တိုဘာ ၂၃ ရက္မွာ မေကြးတိုင္းအတြင္းက ငဖဲၿမိဳ႕နယ္အတြင္း မွာရွိတဲ့ မာန္ေအာင္အုပ္စုအတြင္းက ေက်း႐ြာတစ္႐ြာမွာ ႐ြာဦးဘုန္းႀကီးေက်ာင္းမွာ မိသားစုနဲ႔အတူ TV လာၾကည့္တဲ့ ၁၅ ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္ကို ေက်ာင္းထိုင္ဆရာေတာ္က အဓမၼျပဳက်င့္ခဲ့ပါတယ္။
    

ျဖစ္စဥ္ေဖာ္ျပခ်က္အရဆိုရင္ အမျဖစ္သူ လင္မယားနဲ႔ TV ၾကည့္ေနတဲ့ အဆိုပါအမ်ိဳးသမီးငယ္ကို ေက်ာင္းထိုင္ဘုန္းႀကီးက အခန္းဝကေန ခိုင္းစရာရွိလို႔ ေခၚတဲ့ပုံနဲ႔ အခန္းတြင္းေခၚကာ က်ဴးလြန္ခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။က်ဴးလြန္တဲ့ ေက်ာင္းထိုင္ဘုန္းႀကီးျဖစ္တဲ့ ဦးပညာဓဇ (ခ) ဦးျမစ္ (၆၃) ႏွစ္ကို ငဖဲရဲစခန္းက ပုဒ္မ ၃၇၆ နဲ႔ အေရးယူထားတယ္လို႔ ဆိုပါတယ္။
ဒီဘက္ႏွစ္ပိုင္းမွာ ဒီလိုျဖစ္ရပ္ေတြ မၾကာခဏျဖစ္လာရတာကို ေတြ႕ရသလို ျဖစ္စဥ္ေတြ အမ်ားစုကလည္း ေတာ႐ြာေက်းလက္ေတြမွာ ျဖစ္ေနတာကို ေတြ႕ရပါတယ္။ယုံၾကည္မႈအေပၚ အခြင့္အေရးယူၿပီးျဖစ္တဲ့ ဒီလိုျဖစ္ရပ္ေတြက စင္ၾကယ္တဲ့ သံဃာနဲ႔ ဆရာေတာ္ေတြအတြက္ ႀကီးမားတဲ့ ႐ိုက္ခတ္မႈေတြ ရွိတဲ့အတြက္ ဒီလိုျဖစ္ရပ္ေတြမွာ ဘယ္ေလာက္ထိ ထိထိေရာက္ေရာက္ အေရးယူမလဲဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

    
သက္ငယ္မုဒိမ္းမႈနဲ႔ စတဲ့ မူခင္းသတင္းေတြထဲ ေနာက္ထပ္ရက္စက္တဲ့ သတင္းတစ္ခုက ၿမိတ္မွာျဖစ္တဲ့ ၆ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးကို ေနအိမ္မွာ ဝင္ထြက္ေနတဲ့ အရက္ေသာက္စားတတ္သူ တစ္ဦးက ေတာခ်ဳံထဲမွာ ခေမာင္းခ်ဥ္သီး ခူးေကြၽးမယ္လို႔ မွ်ားေခၚၿပီး သတ္ခဲ့တဲ့ ျဖစ္စဥ္ပါဘဲ။
    

ေအာက္တိုဘာ ၂၄ ရက္ေန႔ နံနက္ပိုင္းက ၿမိတ္ၿမိဳ႕ စႏၵာဝတ္ေက်း႐ြာအုပ္စု၊ ေက်ာက္ျဖဴေတာင္ေက်း႐ြာရွိ ေက်ာက္ထုတ္လုပ္ေရး လုပ္ငန္းခြင္တစ္ခုမွာ အသက္ ၆ ႏွစ္ခန႔္ရွိတဲ့ မိန္းကေလးငယ္ကို ေနအိမ္ကို ဝင္ထြက္ေနတဲ့ အမ်ိဳးသားတစ္ဦးက ေတာထဲေခၚသြားၿပီး လက္ေတြခ်ိဳး၊ ေခါင္းထု႐ိုက္၊ လည္ပင္းညႇစ္ သတ္ခဲ့တာပါ။ဒီျဖစ္စဥ္မွာ တခ်ိဳ႕သတင္းေတြက အဓမၼက်င့္ဖို႔ ႀကိဳးစားအားထုတ္ခဲ့တယ္လို႔ ေဖာ္ျပၿပီး တခ်ိဳ႕သတင္းေတြမွာ ကေလးက ေက်ာကုန္းကိုထုလို႔ ေဒါသထြက္ၿပီး ေတာထဲ ေခၚသတ္တာလို႔ ကြဲလြဲေဖာ္ျပခ်က္ေတြ ရွိေပမယ့္ ကေလးငယ္ကေတာ့ ရက္ရက္စက္စက္ သတ္ျဖတ္ခံလိုက္ရၿပီ ျဖစ္ပါတယ္။
    

ဒါဟာ သူစိမ္းတစ္ေယာက္က သတ္ျဖတ္တာမဟုတ္ဘဲ မိသားစုနဲ႔ ရင္းႏွီးကြၽမ္းဝင္သူက သတ္ျဖတ္တာျဖစ္သလို ကေလးငယ္ေတြကို အုပ္ထိန္းသူ ကင္းမဲ့ေနခ်ိန္မွာ အရက္ေသစာ ေသာက္စားတတ္သူ တစ္ဦးက လြယ္လင့္တကူ ေခၚေဆာင္သတ္ျဖတ္တာျဖစ္လို႔ ေတာ္ေတာ္ေလး ရင္နင့္ဖြယ္ေကာင္းတဲ့ ျဖစ္ရပ္တစ္ခုပါဘဲ။
မိဘေတြအေနနဲ႔လည္း ဒီသတင္းနဲ႔ ျဖစ္ရပ္က အထူးဆင္ျခင္ သတိထားရမယ့္ သတင္းပါဘဲ။
    

ဒီလိုသတ္ျဖတ္မႈေတြ မုဒိမ္းမႈေတြနဲ႔ သတင္းနဲ႔ ဆန႔္က်င္ကာ တိုင္းျပည္ကို ဂုဏ္သိကၡာက်ေစခဲ့တဲ့ သတင္းတစ္ပုဒ္ကေတာ့ က်ိဳက္ထီး႐ိုး ဘုရားဖူးလာရင္း အဖြဲ႕နဲ႔ ကြဲက်န္ခဲ့တဲ့ ဗီယက္နမ္ ေကာင္စစ္ဝန္ကို ႐ိုက္ႏွက္လုယက္ခဲ့တဲ့ သတင္းပါဘဲ။ေအာက္တိုဘာ ၂၃ ရက္မြန္းတည့္ ၁၂ နာရီခန႔္က ျမန္မာႏိုင္ငံဆိုင္ရာ ဗီယက္နမ္သံ႐ုံးမွ အသက္ (၅၈) ႏွစ္ရွိ ေကာင္စစ္ဝန္ Mr. Nguyen Duc Hoa ဟာ အဖြဲ႕နဲ႔ကြဲၿပီး တစ္ဦးတည္း က်ိဳက္ထီး႐ိုး ေတာင္တက္သည့္ ေျခက်င္လမ္း ေျမျဖဴေတာင္အနီး လမ္းေလွ်ာက္ေနစဥ္ ႐ိုက္ႏွက္လုယက္ခံရလို႔ ယာဘက္နား႐ြက္ေနာက္ တစ္လက္မခန႔္ ဖူးေရာင္ေပါက္ၿပဲ ဒဏ္ရာတစ္ခ်က္ႏွင့္ ယာဘက္နားအတြင္း နာက်င္ေသြးယို ဒဏ္ရာမ်ား ရရွိခဲ့ၿပီး လက္ကိုင္ဖုန္းႏွစ္လုံးႏွင့္ ေက်ာပိုးအိတ္တစ္လုံး အလုခံလိုက္ရပါတယ္။
    

လုတဲ့သူကို ဖမ္းမိဖို႔ ေျခက်င္လမ္းေတြကိုပိတ္ၿပီး ရဲတပ္ဖြဲ႕က ဖမ္းခဲ့တဲ့အတြက္ က်ဴးလြန္သူ သုံးခြၿမိဳ႕နယ္ စြယ္ေတာ္ေခ်ာင္ေက်း႐ြာေန အသက္ (၂၄) ႏွစ္အ႐ြယ္ ေက်ာ္ဇင္လတ္ ကို ေန႔ခ်င္းမိခဲ့တယ္ဆို ပါတယ္။ဒါေပမယ့္ ဘုရားဖူးလာတဲ့သူ တစ္ဦးကို ဒီလို လုယက္႐ိုက္ႏွက္မႈက ျပည္ပကလာေရာက္မယ့္ ဘုရားဖူးခရီးသည္ေတြကိုသာမက  ျပည္တြင္းေနသူ ဘုရားဖူးေတြကိုပါ ထိတ္လန႔္ေစခဲ့တဲ့ သတင္းဘဲ ျဖစ္ပါတယ္။

    
အဆိုပါ သတင္းသုံးပုဒ္က ယခုရက္သတၱပတ္အတြင္း ျဖစ္ပြားခဲ့တဲ့ သထုံ ၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္တစ္ဦး ကိုယ့္ရင္ဝကို ေသနတ္နဲ႔ပစ္ခတ္ရာမွာ ဒဏ္ရာျပင္းစြာရရွိခဲ့တဲ့ သတင္း၊ ေပါင္ၿမိဳ႕ ကဒုံစီးရပ္ကြက္ ဆြမ္းေလာင္းပြဲႏွင့္ မီးထြန္းပြဲေတာ္မွာ အရပ္သားမ်ား ခိုက္ရန္ျဖစ္ပြားေနစဥ္ ဝင္ေရာက္ထိန္းသိမ္းသည့္ ဒုရဲအုပ္တစ္ဦး က်ည္ဆန္ထိမွန္တဲ့ သတင္း၊ သတင္းအရ ေစာင့္ဖမ္းရာမွာ မီးေသြးအိတ္မ်ားထဲမွ WY စိတ္ႂကြေဆးျပား ၂၈သိန္းေက်ာ္ကို တရားခံ ၆ ဦးနဲ႔အတူ ဘူးသီးေတာင္ၿမိဳ႕နယ္မွာ ဖမ္းဆီးရမိခဲ့တဲ့ သတင္း၊ မႏၲေလး ခ်မ္းေအးသာစံၿမိဳ႕နယ္မွာ မီးလာင္မႈျဖစ္ပြားလို႔ အသက္ (၆၇) ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့တဲ့ သတင္း၊ ျမန္မာလုပ္သား ၇၀ ေက်ာ္ကို အလုပ္ထုတ္ပယ္ခဲ့တဲ့  ဒိုလီ ထိုင္းသစ္သီးစက္႐ုံကို နစ္နာေၾကး ဘတ္ေငြသုံးသန္းခန႔္ (က်ပ္သိန္း ၁,၅၀၀ ခန႔္) ေပးေဆာင္ရန္ ထိုင္း အလုပ္သမားအခြင့္အေရး ကာကြယ္ေစာင့္ေရွာက္ေရးဌာန (ဆဝါဒီကန္) က အမိန႔္ခ်ခဲ့တဲ့ သတင္း၊ မအူပင္မွာ ခရီးသည္တင္ မွန္လုံကား လမ္းေခ်ာ္တိမ္းေမွာက္ခဲ့ရာ အမ်ိဳးသမီးသုံးဦး ေသဆုံးခဲ့ၿပီး ဒဏ္ရာရသူ ၁၆ ဦးကို ေဆး႐ုံတင္ထားရတဲ့ သတင္း၊ ပဲခူးႏွင့္ ဧရာဝတီ တိုင္းေဒသႀကီးအတြင္း ေလျပင္းဝင္ေရာက္ တိုက္ခတ္လို႔ ေနအိမ္ ၂,၀၀၀ ေက်ာ္ ပ်က္စီးခဲ့တဲ့ သတင္း စတဲ့သတင္းေတြနဲ႔အတူ ယခုတစ္ပတ္ လူေတြစိတ္ကို သတိျပဳမိေစခဲ့ပါတယ္။

တ႐ုတ္ - အိႏၵိယၾကား ဗ်ာမ်ားဖြယ္ရွိေနတဲ့ ျမန္မာ့စီးပြားေရး။

    
ယခုတစ္ပတ္ ျမန္မာ့စီးပြားေရး ေနာက္ခံသတင္းေတြထဲမွာ ထူးျခားတဲ့ သတင္းေတြ ပါခဲ့ပါတယ္။ဒီသတင္းက ခ်င္းျပည္နယ္ ပလက္ဝမွ အိႏၵိယႏိုင္ငံ မီဇိုရမ္သို႔ ေဖာက္လုပ္မည့္ ကားလမ္းစီမံကိန္းအတြက္ အိႏၵိယႏိုင္ငံက ကန္ေဒၚလာ ၃၂၈ သန္းကို ေႏွာင္ႀကိဳးမဲ့ ကူညီမယ့္ သတင္းနဲ႔ မူဆယ္ - မႏၲေလး ရထားလမ္းေဖာက္လုပ္ေရး စီမံကိန္းအတြက္ ျဖစ္ႏိုင္ေျခေလ့လာဖို႔ တ႐ုတ္ႏိုင္ငံနဲ႔ MoU လက္မွတ္ေရးထိုးခဲ့တဲ့ သတင္းေတြဘဲ ျဖစ္ပါတယ္။
    

ပထဝီႏိုင္ငံေရး အေနအထားေတြအရ အိႏၵိယနဲ႔ တ႐ုတ္ႏိုင္ငံၾကား အခ်က္ခ်ာက်တဲ့ေနရာမွာ တည္ရွိေနတဲ့ ျမန္မာႏိုင္ငံမွာ တ႐ုတ္နဲ႔ အိႏၵိယ ႏွစ္ႏိုင္ငံစလုံးက ယခုရက္သတၱပတ္အတြင္း စီးပြားေရးမဟာဗ်ဴဟာက်တဲ့ လုပ္ေဆာင္မႈေတြ ဆက္တိုက္လုပ္ခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၂၂ ရက္မွ အိႏၵိယက ရခိုင္ျပည္နယ္ စစ္ေတြဆိပ္ကမ္းနဲ႔ ခ်င္းျပည္နယ္ ပလက္၀  ျပည္တြင္း ေရေၾကာင္းဆိပ္ကမ္းေတြမွာ  ပုဂၢလိက ဆိပ္ကမ္းေအာ္ပေရတာ ခန႔္ထားဖို႔ ျမန္မာနဲ႔ နားလည္မႈစာခြၽန္လႊာ ေရးထိုးခဲ့ပါတယ္။အိႏၵိယ၏ အေရွ႕ေမွ်ာ္ေပၚလစီထဲ ပါဝင္တဲ့ ကန္ေဒၚလာ သန္း ၄၈၀ ေက်ာ္တန္ ကုလားတန္ျမစ္ေၾကာင္း ဘက္စုံသုံး ျဖတ္သန္းသယ္ယူပို႔ေဆာင္ေရး စီမံကိန္းအတြင္း ဒီဆိပ္ကမ္း စီမံခန႔္ခြဲမႈက အေရးႀကီးတဲ့ အစိတ္အပိုင္းအျဖစ္ ပါဝင္ေနပါတယ္။ဒီ နားလည္မႈစာခြၽန္လႊာအရ လုပ္ကိုင္ခြင့္ရမည့္ ေအာ္ပေရတာေတြက ဆိပ္ကမ္းႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ အေဆာက္အအုံမ်ားကို စီမံခန႔္ခြဲျခင္းႏွင့္ ထိန္းသိမ္းျခင္း လုပ္ငန္းမ်ား ေဆာင္႐ြက္ခြင့္ရမွာ ျဖစ္ပါတယ္။ဒီ MoU လက္မွတ္ေရးထိုးပြဲမွာပဲ အိႏၵိယႏိုင္ငံက ခ်င္းျပည္နယ္ ပလက္ဝမွ အိႏၵိယႏိုင္ငံ မီဇိုရမ္သို႔ ေဖာက္လုပ္မည့္ ကားလမ္းစီမံကိန္းအတြက္ အေမရိကန္ ေဒၚလာ ၃၂၈ သန္းကို ေႏွာင္ႀကိဳးမဲ့ အကူအညီအျဖစ္ ေပးအပ္မယ္ဆိုတာကို ေျပာခဲ့ပါတယ္။

ကုလားတန္ျမစ္ေၾကာင္း ဘက္စုံစီမံကိန္းနဲ႔ တြဲေနတဲ့ ယခုကားလမ္းစီမံကိန္းက အိႏၵိယႏိုင္ငံ ကိုလ္ကတၱားအထိ ေပါက္မယ့္ ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္သလို အေရွ႕ေမွ်ာ္စီမံကိန္းမွာ အဓိကက်တဲ့ ကုန္းလမ္းခရီးလည္း ျဖစ္လာမွာ ျဖစ္ပါတယ္။

ဒီလို အိႏၵိယနဲ႔ နားလည္မႈစာခြၽန္လႊာ ေရးထိုးတဲ့ အဲဒီရက္မွာဘဲ တ႐ုတ္ႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံၾကား အဓိကအေရးပါတဲ့ မူဆယ္ - မႏၲေလး ရထားလမ္းေဖာက္လုပ္ေရး စီမံကိန္းအတြက္ ျဖစ္ႏိုင္ေျခေလ့လာမႈ ေဆာင္႐ြက္ဖို႔ နားလည္မႈစာခြၽန္လႊာကို ေအာက္တိုဘာ ၂၂ ရက္မွာဘဲ ေနျပည္ေတာ္မွာ လက္မွတ္ေရးထိုးခဲ့ပါတယ္။

ဒီမီးရထားလမ္းစီမံကိန္းက တ႐ုတ္ - ျမန္မာ စီးပြားေရးျစကၤန္မွာ အေရးပါတဲ့ ေနရာမွာရွိၿပီး တ႐ုတ္ႏိုင္ငံက ေဖာ္ေဆာင္ေနတဲ့ One Belt & One Road ရဲ႕ အစိတ္အပိုင္းလည္း တစ္ခုျဖစ္တဲ့အတြက္ အားလုံးက ဒီနားလည္မႈစာခ်ဳပ္အေပၚ စိတ္ဝင္တစား ေစာင့္ၾကည့္ခဲ့ၾကပါတယ္။တ႐ုတ္ - ျမန္မာ နယ္စပ္ မူဆယ္ကေန ျမန္မာႏိုင္ငံ အလယ္ပိုင္း မႏၲေလးအထိ ဆင္းလာမယ့္ ဒီမီးရထားလမ္းက တ႐ုတ္ - ျမန္မာ ကုန္သြယ္ေရးအတြက္ အေရးပါတဲ့ ကုန္စည္လမ္းေၾကာင္း ျဖစ္လာႏိုင္သလို ဒီမီးရထားလမ္း စီမံခြင့္ အခြင့္အာဏာက ဘယ္သူ႔ဆီမွာလဲဆိုတာ ျပည္တြင္းမွာ စိုးရိမ္ပူပန္မႈေတြ ရွိေနပါတယ္။

ယခုစာခ်ဳပ္က ရထားလမ္းေဖာက္လုပ္ဖို႔ ျဖစ္ႏိုင္ေျခ ရွိ၊ မရွိကို ကနဦးေလ့လာတဲ့ အဆင့္သာျဖစ္လို႔ ရထားလမ္းေဖာက္ဖို႔က အတန္ငယ္ၾကာဖို႔ ရွိေနပါတယ္။ဒါေပမယ့္ တ႐ုတ္ႏိုင္ငံအတြက္ ကုန္းတြင္းပိတ္ ယူနန္ျပည္နယ္ အပါအဝင္ ျပည္နယ္ေတြက ထြက္ကုန္ေတြကို ျမန္မာႏိုင္ငံကေနျဖတ္ၿပီး တျခားႏိုင္ငံေတြဆီ ပို႔ေဆာင္ရာမွာ  ဒီမီးရထားလမ္းက အဓိကထြက္ေပါက္ ျဖစ္လာႏိုင္တဲ့အတြက္ ရထားလမ္းျဖစ္ေျမာက္ႏိုင္မႈက မထင္မွတ္ဘဲ ျမန္လာႏိုင္ေျခ ရွိေနပါတယ္။ဒီမီးရထားလမ္း ေဖာက္လုပ္ဖို႔အတြက္ ျပည္သူေတြရဲ႕ သေဘာထားနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈက အေရးႀကီးတယ္လို႔ ေျပာထားတဲ့အတြက္ ဒီမီးရထားလမ္း ျဖစ္ေျမာက္ႏိုင္ေျခ အစီရင္ခံစာ ဘယ္လိုျဖစ္လာမလဲဆိုတာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံသို႔ တရားမဝင္ စပါးတင္ပို႔မႈမ်ားကို ဖမ္းဆီးေနတဲ့ သတင္း၊ မႏၲေလး အပါအဝင္ Smart City ၿမိဳ႕ ျဖစ္လာရန္ အေရွ႕ေတာင္အာရွမွာ ႀကိဳးပမ္းေနေသာ ၿမိဳ႕ ၁၀ ၿမိဳ႕အထိ ရွိေနတဲ့ သတင္း၊ ေဟာင္ေကာင္ - ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈ ျမႇင့္တင္ေရး ေဆြးေႏြးပြဲကို ေဟာင္ေကာင္ Island Shangri-La မွာ  က်င္းပခဲ့တဲ့ သတင္း စတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ျမန္မာသံအမတ္၏ ကုလသမဂၢ တတိယေကာ္မတီမွာ ခုခံကာကြယ္မႈ။

    
ယခုရက္သတၱပတ္အတြင္း ႏိုင္ငံတကာနဲ႔ ပတ္သက္တဲ့ ျမန္မာေနာက္ခံ သတင္းေတြထဲမွာ ထူးျခားတဲ့ သတင္းတစ္ပုဒ္က ၾသစေၾတးလ်အစိုးရက ျမန္မာတပ္မေတာ္မွ အရာရွိငါးဦးကို ေငြေၾကးဆိုင္ရာ ပိတ္ဆို႔မႈႏွင့္ ခရီးသြားလာခြင့္ ပိတ္ပင္ျခင္း ျပစ္ဒဏ္မ်ား ခ်မွတ္ခဲ့တဲ့ သတင္း၊ ၾသစေၾတးလ် ကာကြယ္ေရးဌာန သင္တန္းေပးမႈ အစီအစဥ္တြင္ ပါဝင္ေသာ ျမန္မာ့တပ္မေတာ္ အရာရွိမ်ား၏ ေနာက္ေၾကာင္းကို ျပန္လည္စိစစ္မွာ မဟုတ္ဘူးလို႔ ကာကြယ္ေရးအတြင္းဝန္က ေျပာခဲ့တဲ့ သတင္း၊ ဘဂၤါလီအေရး ေဆြးေႏြးရန္ စင္ကာပူႏွင့္ ထိုင္း ႏိုင္ငံျခားေရးဝန္ႀကီးတို႔ မၾကာမီ ေနျပည္ေတာ္သို႔ လာေရာက္မယ့္ သတင္း၊ NLD ပါတီ၏ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္ ကို ပါတီမွ ႏုတ္ထြက္ထားသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ေအာင္ထြန္း က မင္းဘူးၿမိဳ႕နယ္ ရဲစခန္းမွာ ပုဒ္မ ၁၀ ျဖင့္ အမႈဖြင့္ထားတဲ့ သတင္း၊ ရခိုင္မ်ိဳးခ်စ္ပါတီ (APP) ကို ဖ်က္သိမ္းၿပီး ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (ALD) သို႔  ဝင္ေရာက္မည့္ သတင္းေတြ ျဖစ္ခဲ့ပါတယ္။    
    

ဒီသတင္းေတြထဲ သတိထားစရာျဖစ္ခဲ့တဲ့ သတင္းက ေအာက္တိုဘာ ၂၃ ရက္က က်င္းပတဲ့ (၇၃) ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံ၏ တတိယေကာ္မတီ အစည္းအေဝးမွာ ျမန္မာသံအမတ္ႀကီးက ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး အစီရင္ခံစာ တင္သြင္းသည့္ မစၥစ္ရန္ဟီးလီ ႏွင့္ ႏိုင္ငံတကာ အခ်က္အလက္ရွာေဖြေရးအဖြဲ႕ (IFFM) ဥကၠ႒တို႔၏ အစီရင္ခံစာမ်ားအေပၚ ျပင္းျပင္းထန္ထန္ တုံ႔ျပန္ခဲ့တဲ့ သတင္းဘဲ ျဖစ္ပါတယ္။
    

ထုံးစံမဟုတ္ဘဲ တတိယေကာ္မတီ အစည္းအေဝးမွာ IFFM ႏွင့္ မစၥစ္ရန္ဟီးလီ ၏ အစီရင္ခံစာထဲပါတဲ့  ျမန္မာလုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက လူမ်ိဳးတုံးသတ္ျဖတ္ရန္ ရည္႐ြယ္တယ္ဆိုတဲ့ အခ်က္ကို ျပတ္သားစြာ ကန႔္ကြက္ခဲ့သလို  ျမန္မာဘက္က လုပ္ေဆာင္ေနတဲ့ အျပဳသေဘာေဆာင္သည့္ ျဖစ္ေပၚတိုးတက္မႈမ်ားကို ထည့္သြင္းမစဥ္းစားဘဲ တာဝန္ခံမႈဘက္ကို ဦးစားေပး ေရွ႕တန္းတင္တာက အႏၲရာယ္ရွိတဲ့ ႀကိဳးပမ္းမႈလို႔ ေျပာခဲ့ပါတယ္။
    

ေအာက္တိုဘာ ၂၅ ရက္က က်င္းပတဲ့ ကုလလုံၿခဳံေရးေကာင္စီမွာ တင္ျပတဲ့ ကုလလူ႔အခြင့္အေရးေကာင္စီ အခ်က္အလက္ ရွာေဖြေရးမစ္ရွင္ ဥကၠ႒၏ ရခိုင္ျပည္နယ္ ဘဂၤါလီျပႆနာ အက်ဥ္းခ်ဳပ္တင္ျပမႈ အစီအစဥ္ကို ႐ုရွားႏွင့္ တ႐ုတ္ သံအမတ္ႀကီးမ်ား ျပင္းထန္စြာ ေဝဖန္ခဲ့သလို ႐ုရွားသံအမတ္ႀကီး မက္ဆီ ကီနီဘင္ဇီယာ က ရခိုင္ျပည္နယ္သို႔ သြားေရာက္ျခင္းမရွိခဲ့ဘဲ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ အခ်က္အလက္ရွာေဖြေရး မစ္ရွင္က ျပဳစုခဲ့ေသာ ရခိုင္ျပည္နယ္ျပႆနာ အစီရင္ခံစာသည္ တစ္ဖက္ေစာင္းနင္း အစီရင္ခံစာလို႔ သုံးသပ္ခဲ့ပါတယ္။
    

ကုလသမဂၢဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး မာက်ိဳ႕ရႈ ကလည္း ကုလလူ႔အခြင့္အေရးေကာင္စီ အခ်က္အလက္ရွာေဖြေရး မစ္ရွင္၏ ရခိုင္ျပည္နယ္ ျပႆနာဆိုင္ရာ အစီအရင္ခံစာပါ သုံးသပ္ခ်က္မ်ားသည္ သမာသမတ္မက်သည့္ သုံးသပ္ခ်က္မ်ားျဖစ္ၿပီး ယုံၾကည္၍ မရဘူးလို႔ ေျပာခဲ့ပါတယ္။တ႐ုတ္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ အမ်ိဳးသမီး Hua Chunying က ၾကာသပေတးေန႔ ပုံမွန္သတင္းစာရွင္းလင္းပြဲမွာ “လူ႔အခြင့္အေရးဆိုင္ရာ အခ်က္အလက္ရွာေဖြေရးအဖြဲ႕က လုံၿခဳံေရးေကာင္စီကို တင္ျပတာဟာလည္း လုံၿခဳံေရးေကာင္စီရဲ႕ လုပ္ထုံးလုပ္နည္းနဲ႔ မကိုက္ညီပါဘူး။ဒါဟာ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္အၾကား ေစ့စပ္ေျပာဆိုတဲ့ လုပ္ငန္းစဥ္ကို အေႏွာက္အယွက္ျဖစ္ေစၿပီး ဒီကိစၥအေပၚ သင့္ေလ်ာ္တဲ့ ေျဖရွင္းမႈတစ္ခုရေရး လုပ္ငန္းစဥ္ကို ထိခိုက္ေစပါတယ္” လို႔ ေျပာခဲ့ပါတယ္။
    

လုံၿခဳံေရးေကာင္စီမွာ ျမန္မာ့အေရး ထည့္သြင္းေဆြးေႏြးဖို႔ မဲခြဲၾကခ်ိန္မွာ တ႐ုတ္၊ ႐ုရွား၊ ဘိုလီးဗီးယား ႏိုင္ငံတို႔က ကန႔္ကြက္မဲ ေပးခဲ့ၾကေပမယ့္ အေမရိကန္၊ ၿဗိတိန္၊ ဆြီဒင္နဲ႔ အာရပ္ႏိုင္ငံေတြျဖစ္တဲ့ ကူဝိတ္တို႔ အမ်ားစုမဲႏွင့္ အႏိုင္ရခဲ့လို႔ ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။ယခုျပႆနာဟာ တစ္ေျဖးေျဖးနဲ႔ ျမန္မာအေပၚ တင္းက်ပ္လာေအာင္ ဘဂၤလားေဒရွ႕္နဲ႔ အစၥလာမ္ႏိုင္ငံေတြက လုပ္ေဆာင္ေနတာကို ေတြ႕ရမွာျဖစ္သလို အေမရိကန္ရဲ႕ တ႐ုတ္ကို ဝန္းပတ္ပိတ္ဆို႔ေရးနဲ႔လည္း လာပတ္သက္ေနတဲ့အတြက္ ဆက္လက္ျပင္းထန္လာဖြယ္ ရွိေနပါတယ္။
    

မေကာင္းတဲ့ အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ ဘဂၤလားေဒရွ႕္ႏိုင္ငံက သမၼတနဲ႔ ဝန္ႀကီးခ်ဳပ္၊ ႏိုင္ငံျခားေရးဝန္ႀကီးေတြက ျမန္မာႏိုင္ငံကို အေရးယူဖို႔၊ ျမန္မာပိုင္နက္ထဲ ဘဂၤါလီေတြအတြက္ ကုလၾကားခံဇုန္ထားဖို႔ ႏိုင္ငံတကာလွည့္ၿပီး အားထုတ္ေနခ်ိန္မွာ ဥေရာပသမဂၢကေတာ့  ျမန္မာႏိုင္ငံကို အေရးယူပိတ္ဆို႔ဖို႔ထက္ ျမန္မာႏိုင္ငံ၏ ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈကို ဆက္လက္ေထာက္ခံမယ္ဆိုတာကို ေအာက္တိုဘာ ၁၉ ရက္က  ထုတ္ျပန္ခဲ့တဲ့အတြက္ အဆိုးေတြထဲက အေကာင္းသတင္း ျဖစ္ခဲ့ပါတယ္။
    

လတ္တေလာမွာ စိုးရိမ္ပူပန္ေနရတဲ့ ကေမာၻဒီးယားႏိုင္ငံကို ကုန္သြယ္မႈ အထူးအခြင့္အေရး ယာယီရပ္ဆိုင္းလို႔ ျဖစ္ရတဲ့ အျဖစ္မ်ိဳးကို ျမန္မာႀကဳံရဖို႔ မရွိဘူးလို႔ ေျပာခဲ့တဲ့အတြက္ ဒါဟာ ေတာ္ေတာ္ေလး အားတက္ဖြယ္ အေျခအေနျဖစ္ပါတယ္။ဥေရာပသမဂၢက ျမန္မာႏိုင္ငံကို ၂၀၁၂ ကစ၍ လက္နက္ခဲယမ္းမွအပ မည္သည့္ကုန္ပစၥည္းမဆို အခြန္ကင္းလြတ္ခြင့္ (EBA) ျဖင့္ တင္ပို႔ႏိုင္ရန္ ကုန္သြယ္မႈ  အထူးအခြင့္အေရး ေပးထားပါတယ္။လက္ရွိမွာ ဥေရာပသမဂၢက ျမန္မာႏိုင္ငံကို ရခိုင္ေျမာက္ပိုင္း ျပႆနာေၾကာင့္ ထိုအခြင့္အေရးကို ျပန္လည္႐ုပ္သိမ္းရန္ ဥေရာပသမဂၢက စဥ္းစားေနတဲ့ သတင္းေၾကာင့္ အထည္ခ်ဳပ္လုပ္ငန္းသမားေတြအတြက္ အခက္ေတြ႕ စိုးရိမ္ေနရတာ ျဖစ္ပါတယ္။
    

ဒါေပမယ့္ ဒါေတြကို ကြဲကြဲျပားျပားသိရဖို႔ ဥေရာပေကာ္မရွင္၏ ႏိုင္ငံတကာေရးရာအဖြဲ႕ႏွင့္ ကုန္သြယ္ေရးရာအဖြဲ႕ေတြ ေအာက္တိုဘာ ၂၈ ရက္မွာ  ျမန္မာႏိုင္ငံကို ေရာက္လာၿပီး သက္ဆိုင္ရာ ျပည္ေထာင္စုဝန္ႀကီးေတြ၊ သံတမန္အသိုင္းအဝိုင္း၊ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားႏွင့္ သီးျခားစီေတြ႕ဆုံရန္ ရွိေနပါတယ္။ဘာေတြျဖစ္လာမယ္ဆိုတာ တိတိက်က် မွန္းဆလို႔မရေသးေပမယ့္ ယခုအရပ္သားအစိုးရလက္ထက္မွာ တခ်ိဳ႕ျပႆနာေတြကို စိတ္ရွည္စြာေျဖရွင္းၿပီး အားလုံးလက္ခံႏိုင္ေအာင္ လုပ္ေနတဲ့အတြက္ ဒီထက္ဆိုးလာဖြယ္မရွိဘူးလို႔ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ေအာက္တိုဘာ - ၂၆
Photo Credit : Trend.Az