【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကလေးသူခိုးလား၊ နိုင်ငံရေးအားစမ်းမှုလား

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ကလေးသူခိုးလား၊ နိုင်ငံရေးအားစမ်းမှုလား

ယခုရက်သတ္တပတ်အတွင်း သတင်းတွေထဲမှာ အများစိတ်ဝင်စားခဲ့တဲ့ သတင်းတွေက မှုခင်းသတင်းတွေနဲ့ နိုင်ငံရေးသတင်းတွေ ဖြစ်ခဲ့ပါတယ်။အထူးသဖြင့် အများစိတ်ဝင်စားတဲ့ ဗစ်တိုးရီးယားအမှု သတင်းတွေ၊ ကျားဖောင် သတင်းစာရှင်းလင်းပွဲ သတင်းတွေ၊ ဘဏ် ATM စက်က ငွေကို ဘဏ်ဝန်ထမ်းတွေကထုတ်တဲ့ သတင်းတွေနဲ့ နိုင်ငံခြားငွေလဲလှယ်ဆိုင်မှာ သေနတ်နဲ့တေ့ပြီး အနုကြမ်းစီးတဲ့ သတင်းတွေလည်း ဖြစ်ခဲ့ပါတယ်။

အဆိုပါသတင်းတွေအပြင် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အခမ်းအနား ဒီဇင်ဘာ ၂ ရက်က ဖွင့်လှစ်ခဲ့တဲ့သတင်း၊ ကရင်ပြည်နယ် သံတောင်ကြီးမှာ လုပ်ငန်းဆောင်ရွက်နေတဲ့ ဇေကမ္ဘာကုမ္ပဏီရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို လယ်ယာမြေဥပဒေ၊ သစ်တောဥပဒေနှင့် စည်ပင်သာယာရေးဥပဒေတို့နှင့်အညီ အရေးယူဆောင်ရွက်နိုင်ဖို့ ညွှန်ကြားထားတဲ့သတင်း၊ တပ်မတော်မှနေ၍ ဖယ်ရှားပေးရန် သတိပေးစာပို့ခံထားသော ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြရိပ်ညို အထပ်မြင့်စီမံကိန်းအတွက် ဇေကမ္ဘာကုမ္ပဏီက ဆောက်လုပ်ရေးဝန်ကြီးဌာနထံ အယူခံတင်ထားတဲ့သတင်း၊ အရောင်းအဝယ်စာချုပ်ကို ဖျောက်ဖျက်ခဲ့လို့ ဝေါမြို့နယ် မြေစာရင်းဌာနမှ တာဝန်ရှိသူများကို အရေးယူပေးဖို့ ဝေါနဲ့ ပဲခူးမှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့သတင်း၊ တပ်မတော်မှ ပြန်လည်စွန့်လွှတ်ခဲ့တဲ့ လယ်မြေအတွက် တစ်ဧကကို တစ်သိန်းနှုန်းတောင်းယူခဲ့တဲ့ မော်လမြိုင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာန ဒု-ဦးစီးမှူးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူခဲ့တဲ့ သတင်းတွေလည်း ယခုရက်သတ္တပတ်ထဲမှာ ဖြစ်ခဲ့ပါတယ်။

ကလေးပျောက်မှုနဲ့ တို့ဆေး

ယခုရက်သတ္တပတ် ပြည်တွင်းသတင်းတွေနဲ့ လူမှုကွန်ရက်တွေမှာ သတိထားစရာဖြစ်ခဲ့တာက တို့ဆေးနဲ့ ကလေးသူခိုး သတင်းတွေပါဘဲ။အဆိုပါသတင်းတွေထဲမှာ အမှန်တစ်ကယ်ဖြစ်ခဲ့တာတွေရှိသလို အချို့ဖြစ်စဉ်တွေက အထင်မှားမှုတွေ၊ အထင်လွှဲမှားမှုတွေလည်း ရှိခဲ့ပါတယ်။

လူမှုကွန်ရက်မှာ ဆက်တိုက်တက်လာခဲ့တဲ့ သတင်းတွေအရ ကလေးခိုးတဲ့ သတင်းတွေ၊ တို့ဆေးနဲ့အခေါ် ခံရတဲ့ သတင်းတွေမှာ နေရပ်လိပ်စာတွေ မပါသလို အရွယ်ကောင်းတွေလည်း ဖြစ်နေတာကို တွေ့ရပါတယ်။တစ်ဖက်နိုင်ငံကို လူကုန်ကူးခံရတဲ့ သတင်းတွေနဲ့ ရောနှောနေသလို သတင်းအချို့မှာ ယခင်က သတင်းဟောင်းတွေ ပြန်တက်လာတာလည်း ရှိခဲ့ပါတယ်။ဒီလိုသတင်းတွေထဲကနေ နိုဝင်ဘာ ၃၀ ရက်က ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက်ထဲမှာ သူငယ်ချင်းဖြစ်သူထံ လာအိပ်တဲ့သူကို သူငယ်ချင်းအမက လူမှားပြီး သူခိုးလို့ထင်ပြီး အော်ရာကနေ ကလေးသူခိုး ကောလာဟလတွေကြောင့် အရပ်ကဝိုင်းပြီး ကလေးသူခိုးဆိုကာ ဖမ်းကြတဲ့အတွက် ထိခိုက်ဒဏ်ရာရခဲ့ကာ ပဲခူးဆေးရုံကို ပို့ဆောင်ကုသခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။အဆိုပါဖြစ်စဉ်ကို သက်ဆိုင်ရာက စိစစ်ရာမှာ ကလေးခိုးတာမဟုတ်ဘူးဆိုတာ ပေါ်ပေါက်ခဲ့ပြီး ရပ်ကွက်ထဲမှာ လူမှုကွန်ရက်ကနေ ပျံ့နှံ့နေတဲ့ ကလေးသူခိုးအစွဲနဲ့ ကောလာဟလကြောင့် ဝိုင်းလိုက်ပြီး မှားယွင်းစွပ်စွဲ ရိုက်နှက်ခဲ့တာက ပေါ်ပေါက်ခဲ့ပါတယ်။ဒီလို မှားယွင်းစွပ်စွဲခံရတဲ့အတွက် ဆေးရုံမှာတင်ကုသခဲ့ရသလို ဝိုင်းဝန်းရိုက်နှက်တာတွေကြောင့် ဒဏ်ရာပြင်းစွာရခဲ့ပါတယ်။

ဒီလိုလွဲမှားမှုက ပဲခူးတွင်မကပါဘူး။ပုဂံညောင်ဦးမှာလည်း ဖြစ်ခဲ့ပါတယ်။ပုဂံမြို့ မြင်းကပါကျေးရွာရှိ မနူဟာဘုရားအနီးဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာ ဆိုင်ရှင်ရဲ့ နှစ်နှစ်အရွယ် ကလေးငယ်ကို စိတ်ရောဂါအမျိုးသားတစ်ဦးက ပွေ့ချီတာကနေ ကလေးခိုးတယ်ဆိုပြီး အထင်မှားပြီး အုတ်အော်သောင်းတင်းဖြစ်ခဲ့ပါတယ်။အဲဒီရက်မှာဘဲ ညောင်ဦးမြို့ဈေးထဲမှာ ကလေးငယ်တစ်ဦးကို သီလရှင်တစ်ပါးက လက်နဲ့တို့ပြီးနောက် က‌လေးငယ် မူးလဲသွားတယ်ဆိုပြီး သီလရှင်နောက် ဝိုင်းလိုက်ခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။အဆိုပါသီလရှင်မှာလည်း စိတ်မနှံ့သူ ဖြစ်နေတဲ့အတွက် သက်ဆိုင်ရာက ပြန်လွှတ်ပေးခဲ့ရတာတွေ ဖြစ်ခဲ့ပါတယ်။

ဒီလိုဖြစ်စဉ်တွေက ယခုလို အချိန်အခါမှာ ပျံ့နှံ့လာတာ ထူးခြားမှုတစ်ခုအဖြစ် အများပြည်သူက ရှုမြင်ကြတာရှိပါတယ်။ဒါဟာ ပခုက္ကူက ကျောင်းတစ်ခုမှာ ကလေးတစ်ဦးကို ဝင်ရောက်ခိုးယူတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီးနောက် ရေနံချောင်း၊ မြစ်ကြီးနား စတဲ့ အခြားသောမြို့တွေမှာလည်း ကလေးခိုးတာတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို ပျံ့နှံ့လာခဲ့ ရန်ကုန်နဲ့ အခြားမြို့ကြီးတွေအထိ ဒီလိုသတင်းတွေ အဆင်အခြင်မဲ့ဖြစ်လာတာ သတိထားစရာ ဖြစ်လာခဲ့ပါတယ်။နေပြည်တော်မှာလဲ ဒီဇင်ဘာ ၄ ရက်က ပျဉ်းမနားသနပ္ပင်ဆိပ်မှာ ကလေးခိုးယူတယ်ဆိုပြီး အမျိုးသားတစ်ဦးကို ဝိုင်းဖမ်းဆီးတာတွေ ဖြစ်လာခဲ့တာ ရှိပါတယ်။ဒီဖြစ်စဉ်မှာလည်း ဖမ်ဆီးခံရသူက ထုံးစံအတိုင်း စိတ်မနှံ့တဲ့သူဖြစ်နေပါတယ်။

ပဲခူးမှာဖြစ်ခဲ့တဲ့ မှားယွင်းမှုမှာ သက်ဆိုင်ရာဒေသ လွှတ်တော်အမတ်က ဒါဟာ သွေးရိုးသားရိုး မဖြစ်နိုင်ဘူးလို့  မှတ်ချက်ပြုခဲ့တာရှိပါတယ်။ဒီအတွက် ကလေးသူခိုးဆိုပြီး မိသားစုတွေရဲ့ လူနေမှုဘဝလုံခြုံမှုမရှိအောင်  လိုက်လှုံ့ဆော်နေတဲ့ အဖွဲ့အစည်းတွေ ရှိနိုင်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ဒီလိုဖြစ်ရပ်တွေအပြင် ရင်သွေးတွေနဲ့ ကလေးငယ်တွေအပေါ် စိုးရိမ်မှုပိုတဲ့ မြန်မာလူမျိုးတွေရဲ့ မူရင်းဓလေ့စရိုက်ကို အသုံးချပြီး အွန်လိုင်းတွေမှာ ဆက်တိုက်ဆိုသလို ကလေးခိုးခံရတယ်ဆိုတဲ့ သတင်းတွေတက်လာတာကလည်း ထူးခြားမှုတစ်ခုပါဘဲ။၂၀၂၀ ရွေးကောက်ပွဲနဲ့ မကြာခင်မှာ ပြုလုပ်မယ့် ICJ မှာ တရားရင်ဆိုင်မယ့် နိုင်ငံတော်အတိုင်ပင်ခံကို ထောက်ခံပွဲတွေ ရှိလာတဲ့အခါမှာ တိုက်တိုက်ဆိုင်ဆိုင် ဒီလိုတွေထွက်ပေါ်လာတာ သတိထားစရာပါ။

ဒီလိုသတင်းစကားတွေကြောင့် လူထုကြား စိုးရိမ်မှုတွေမြင့်တက်ခဲ့ပြီး ၂၀၁၆ ခုနှစ်က မကွေးမြို့မှာ အမျိုးသမီးတစ်ဦး ကလေးသူခိုးလို့ဆိုကာ မှားယွင်းဝိုင်းရိုက်နှက်ခံရသလို မန္တလေး မရမ်းခြံသင်္ဘောဆိပ်မှာ အမျိုးသားတစ်ဦး လူဝိုင်းရိုက်ခံရလို့ အသက်ဆုံးတဲ့ထိ ဖြစ်ခဲ့ပါတယ်။ဒီလိုဖြစ်စဉ်တွေရဲ့နောက်မှာ ဘယ်သူတွေရှိနေသလဲ၊ တစ်ကယ်ဘဲဖြစ်နေတာလား၊ ကလေးခိုးခြင်းနောက်ကွယ်က စျေးကွက်က ဘယ်မှာလဲ၊ ဘာလို့ အာဏာပိုင်တွေ လက်ပူတိုက် ဆေးမြီးတိုနည်းတွေနဲ့ ဖြေရှင်းနေတာလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ကောလာဟလဆိုရင် အခြေအနေမဆိုးခင် အမြန်ဖြေရှင်းဖို့လိုသလို တစ်ကယ်ဘဲ တရားခံဆိုပြီး မိလိုက်တိုင်းမှာ  စိတ်ဝေဒနာရှင်တွေဖြစ်နေတာကို သမာရိုးကျ ဖြစ်ရိုးဖြစ်စဉ် ဟုတ်ရဲ့လားဆိုတာ မှားယွင်းသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်မလာခင် ဖြေရှင်းဖို့လိုနေပါတယ်။

ဒီသတိထားဖွယ်ရာ ကလေးသူခိုးနဲ့ တို့ဆေးအပြင် အမျာပြည်သူစိတ်ဝင်စားခဲ့ကြတဲ့ နေပြည်တော် ဗစ်တိုးရီးယားလေးအမှုကလည်း တဖြေးဖြေးနဲ့ ရုပ်လုံးပေါ်လာနေပြီဖြစ်ပါတယ်။ယခုတစ်ပတ်ပြုလုပ်ခဲ့တဲ့ ရုံးချိန်းမှာ ပြီးခဲ့တဲ့ရက်သတ္တပတ်က စစ်လို့မပြီးခဲ့တဲ့ Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် ကို ဆက်စစ်ဆေးခဲ့သလို အဲဒီမူကြိုကျောင်းက ဆရာမနှစ်ဦးကိုလည်း စစ်ဆေးခဲ့ပါတယ်။

အဆိုပါရုံးချိန်းမှာ ထူးခြားချက်က တရားခံလို့ စွပ်စွဲပြီးဖမ်းချုပ်ခံထားရတဲ့ အောင်ကြီးဟာ အမှုကျူးလွန် ဖို့ အခွင့်အရေးမရှိနိုင်ဘူးလို့ Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် က ထွက်ဆိုခဲ့သလို ဆရာမနှစ်ဦး ထွက်ဆိုချက်အရ ကျူးလွန်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ပြောခဲ့ပါတယ်။ဒီရုံးချိန်းမတိုင်ခင်ရှေ့မှာ ပြုလုပ်ခဲ့တဲ့ ဒေါ်စုဒါလီအောင် ကို Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် က တရားစွဲဆိုထားသည့်အမှုအတွက် ရုံးချိန်းမှာတော့ သက်သေအဖြစ် တင်သွင်းထားသော သားနှစ်ဦးကို သက်သေစာရင်းမှ ပယ်ဖျက်ပေးရန် တရားလို ဒေါ်ဥမ္မာလှိုင် က ဥပဒေအရာရှိထံ လျှောက်ထားခဲ့သော်လည်း ဥပဒေရုံးက လက်မခံခဲ့ပါဘူး။ဒီအတွက်လာမယ့် ရုံးချိန်းမှာ အဆိုပါကလေးနှစ်ဦးကို စစ်မေးဖို့ ရှိတယ်ဆိုတဲ့အတွက် စိတ်ဝင်စားစရာဖြစ်လာဖို့ များနေပါတယ်။

ဗစ်တိုးရီးယားလေးအမှုမှာ အရေးကြီးဆုံးဖြစ်တဲ့ စီစီတီဗီမှတ်တမ်းဖိုင်တွေ မတွေ့ရှိတော့တဲ့ ကိစ္စအတွက် ပျောက်ဆုံးနေသော စီစီတီဗီမှတ်တမ်းဖိုင်များ ပြန်လည်ရရှိရေးအတွက် ယခုရုံးချိန်းမှာ  နည်းပညာကျွမ်းကျင်သူတွေစာရင်းကို နှစ်ဖက်ရှေ့နေတွေက ဥပဒေအရာရှိတွေထံ တင်ပြခဲ့ပါတယ်။ပျောက်ဆုံး စီစီတီဗွီဖိုင်တွေနဲ့ ပတ်သက်ပြီး Wisdom Hill ကျောင်း၏ စီစီတီဗီ တာဝန်ခံ ကိုရန်နောင်ဌေး က တရားခွင်မှာ ထွက်ဆိုထားတာကတော့ စီစီတီဗီ အထိုင်စက် Hard Disk ကို CID တပ်ဖွဲ့ဝင်များ လာယူ၍ ဖြုတ်ပေးခဲ့ပြီး ပြန်ပေးချိန်တွင် ဗီဒီယိုဖိုင်များ ပါလာခြင်း ရှိ၊ မရှိ မစစ်ဆေးဘဲ ယင်း Hard Disk ကို ပြန်ပေးရာ၌ Wisdom Hill ကျောင်းအုပ် ဦးပညာအား ပေးခဲ့တယ်လို့ဆိုပြီး ယခုနှစ်ဘက်တင်ပြတဲ့ ကျွမ်းကျင်တဲ့ပညာရှင်တွေကို စစ်ဆေးခွင့်ပေးခဲ့မယ်ဆိုရင် အဖြေတစ်ခုထွက်လာမှာ ဖြစ်ပါတယ်။တစ်ကယ်လို့ စီစီတီဗီ အထိုင်စက် Hard Disk ထဲ မရှိခဲ့ရင် သမ္မတရုံးကတော့ စီစီတီဗီ မှတ်တမ်းများ ပျောက်ဆုံးမှု တာဝန်ရှိသူများကို မေးမြန်းစိစစ်မယ်ဆိုတဲ့အတွက် လူမမည်အရွယ်မှာ လိင်ကျူးလွန်ခံရတဲ့ ကလေးငယ် ဗစ်တိုးရီးယားအတွက် တရားမျှတမှု ဘယ်လောက်ရရှိမလဲဆိုတာ နောင်လာမယ့် ရုံးချိန်းတွေမှာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

အဆိုပါ သတင်းတွေက ယခုရက်သတ္တပတ် သတင်းတွေထဲက စိတ်ဝင်စားဖွယ်ရာ သတင်းတွေဖြစ်တဲ့ သတင်းကြီးနေတဲ့ ကျားဖောင်လုပ်ငန်းမှာ နှစ်စဉ် လူသတ်မှု၊ သေဆုံးမှုနှင့် ပျောက်ဆုံးလူဦးရေ စုစုပေါင်း ၁၀၀ ကျော်ခန့် ရှိတယ်ဆိုတဲ့သတင်း၊ အော်တစ်ဇင် ကလေးငယ်အား ကြမ်းတမ်းစွာ ပြုမူဆက်ဆံခဲ့သည့်။ New World Therapeutic Training Center မှ ဆရာများကို ဥပဒေအရ အရေးယူပေးရန် မြန်မာအော်တစ်ဇင်အသင်း တောင်းဆိုခဲ့တဲ့သတင်း၊ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်ရှိ ငွေလဲဆိုင်မှာ အမျိုးသားလေးဦးက သေနတ်ဖြင့်ခြိမ်းခြောက်ကာ သိန်း ၂၀၀ လုခဲ့တဲ့ သတင်း၊ မန္တလေး မဟာအောင်မြေမြို့နယ်ထဲက KBZ Bank ATM စက်အတွင်းမှ ငွေကျပ်သိန်း (၃၄၀) ကျော်ကို KBZ ဒုဘဏ်ခွဲမန်နေဂျာ အမျိုးသမီးနှင့် ခင်ပွန်းက စက်ဖွင့်ထုတ်ယူခဲ့တဲ့ သတင်း၊ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ထဲ တစ်သောင်းတန် ငွေစက္ကူအတုများ သိမ်းဆည်းရမိခဲ့တဲ့ သတင်းတွေလည်း ဖြစ်ခဲ့ပါတယ်။

ICJ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရပ်တည်မှု

ယခုရက်ထဲမှာ နယ်သာလန်နိုင်ငံကိုသွားပြီး ဂမ်ဘီယာက ICJ မှာ တရားစွဲထားတဲ့ ရခိုင်မြောက်ပိုင်းက ဘင်္ဂါလီကိစ္စအတွက် တရားရင်ဆိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ သွားရောက်မှာဖြစ်ပါတယ်။ဒီလိုသွားရောက် ဖြေရှင်းတဲ့အတွက် ပြည်တွင်းမှာ အများစုက ထောက်ခံပေမယ့် ဆန့်ကျင်ဘက် လူအချို့ နဲ့ မြောက်ပိုင်းသုံးဖွဲ့ဖြစ်တဲ့ AA ၊ TNLA နဲ့ MNDDA ဆိုတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေက နိုင်ငံတော်ကို တရားစွဲတဲ့ OIC ကျောထောက်နောက်ခံပေးထားတဲ့ ဂမ်ဘီယာနိုင်ငံဘက်ကနေ ဝမ်းသာအားရထောက်ခံတာကိုလည်း တွေ့ရပါတယ်။

ဒါဟာ ပြည်တွင်းမညီညွတ်မှုကို ထင်ထင်ရှားရှားပြလိုက်တာဖြစ်သလို နိုင်ငံရေးနဲ့ ထဲထဲဝင်ဝင်ပတ်သက်မှု မရှိတဲ့ စီးပွားရေးပညာရှင်တွေ၊ တခြားသောပညာရှင်အချို့နဲ့ အာဏာရပါတီကနေ နုတ်ထွက်ခဲ့တဲ့သူတွေ၊ အတိုက်အခံပြုနေတဲ့ ပါတီတွေက လူပုဂ္ဂိုလ်တွေက ဒီလိုအတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် သွားရောက်တာကို ဝေဖန်မှုတွေရှိခဲ့ပါတယ်။အထူးသဖြင့် ကိုယ်တိုင်သွားဖို့ မလိုဘူးဆိုတဲ့ ပြောဆိုချက်တွေကြောင့် လူမှုကွန်ရက်မှာ ဒီလိုကွဲလွဲပြောဆိုတဲ့သူတွေနဲ့ အဖွဲ့အစည်းတွေကို ဆဲဆိုမှုတွေရှိခဲ့တာလည်း ယခုရက်သတ္တပတ်ရဲ့ ထူးခြားမှုပါဘဲ။

အစိုးရနဲ့ ငြိမ်းချမ်းရေးရယူထားတဲ့ မိုင်းလားအဖွဲ့၊ ၀ အဖွဲ့နဲ့ NCA ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့ တွေအပြင် ပြည်တွင်းက အရပ်ဘက်အဖွဲ့အစည်းတွေကပါ ဒီလိုနိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် ထွက်ရင်ဆိုင်တဲ့အတွက် ထောက်ခံကြောင်း ထုတ်ပြန်ချက်တွေ ထုတ်ခဲ့ပါတယ်။ဒါ့အပြင် နယ်တွေနဲ့ ရန်ကုန်မှာလည်း ဒီလိုသွားရောက်ရှင်းလင်းမယ့် နိုင်ငံတော်အတိုင်ပင်ခံနဲ့အတူ တစ်သားတည်းရပ်တည်မယ်ဆိုတဲ့ ထောက်ခံပွဲတွေကို ဆက်တိုက်လုပ်တာကို တွေ့ရပါတယ်။

ယခုသွားရောက်ရှင်းလင်းမယ့် ပြဿနာက နိုင်ငံအတွက် အရေးကြီးသလို တိုင်းပြည်အတွက်လည်း နစ်နာနိုင်တဲ့ ပြဿနာဖြစ်တဲ့အတွက် တစ်စိတ်တည်းတစ်ဝမ်းတည်းမရှိတာ အတော်လေးစဉ်းစားရခက်တဲ့ အဖြစ်ပါဘဲ။ယခုရက်ထဲမှာအဆိုပါ ကန့်ကွက်တဲ့ပြဿနာက အများပြည်သူကြား ပြောစရာကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။ရခိုင်ပြည်မြောက်ပိုင်း ဘင်္ဂါလီများနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသည့်ကိစ္စအပေါ် မြောက်ပိုင်းအဖွဲ့များရဲ့ ထောက်ခံမှုကြောင့် အစိုးရနှင့် မြောက်ပိုင်းသုံးဖွဲ့တို့အကြား ဆက်ဆံရေးပိုမိုတင်းမာလာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိလာသလို လက်ရှိမှာလည်း အဆိုပါအဖွဲ့တွေ လှုပ်ရှားနေတဲ့ နယ်မြေတွေမှာ တိုက်ပွဲတွေဖြစ်နေတာ ရှိပါတယ်။

အထူးသဖြင့် ရခိုင်လက်နက်ကိုင် AA အဖွဲ့က ယခုရက်ပိုင်းမှာ တိုက်ပွဲတွေစိပ်သလို အစိုးရက ဒေသဖွံ့ဖြိုးရေးအတွက် လုပ်နေတဲ့ ကုလားတန်မြစ်စီမံကိန်းမှာ ပါဝင်တဲ့ ပလက်ဝတံတား စီမံကိန်းအတွက် လိုအပ်တဲ့ တံတားသံပေါင်တွေ တင်လာတဲ့ ရေယာဉ်တွေကို ပစ်ခတ်တာ၊ ရေယာဉ်ဝန်ထမ်းတွေကို ဖမ်းဆီးလုယက်တာတွေပါ လုပ်ခဲ့တာရှိပါတယ်။နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ ပလက်ဝတံတား စီမံကိန်းအတွက် ပစ္စည်းတွေသွားပို့တဲ့ ရေယာဉ်တွေကို အေအေက ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့တာရှိခဲ့ပါတယ်။

ဒီလိုဖြစ်ရပ်တွေကြောင့် ထိခိုက်နစ်နာသေကြေရတာ ဒေသခံတွေနဲ့ ပြည်သူတွေပါဘဲ။ဒီဇင်ဘာ၂ ရက် ညနေ ၄ နာရီခန့်က မြောက်ဦးမြို့ပေါ် အလယ်ဈေးရပ်ကွက်အပေါ် လက်နက်ကြီးကျည်ကျလို့ ကလေးငယ်နှစ်ဦး သေဆုံးပြီး အမျိုးသမီးများ အပါအဝင် လူခြောက်ဦး ဒဏ်ရာရရှိခဲ့တာရှိပါတယ်။ထို့အပြင် ဒီဇင်ဘာ ၂ ရက် မွန်းတည့် ၁၂ နာရီခန့်ကလည်း မြောက်ဦးမြို့နယ် နလိပ်မြိုတိုင်းရင်းသားကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် မြိုတိုင်းရင်းသူနှစ်ဦးနှင့် မြိုတိုင်းရင်းသားတစ်ဦး ဒဏ်ရာရရှိခဲ့တာရှိပါတယ်။

ဒီလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တပ်မတော်ကြား တိုက်ခိုက်မှုအခြေအနေတွေက လက်ရှိအခြေအနေမှာ အတော်လေးသတိထားရမယ့် အခြေအနေကိုရောက်နေပြီး စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေအတွက်လည်း ဘ၀ရပ်တည်မှု ကစင့်ကလျားဖြစ်နိုင်တဲ့ အနေအထားပါ။

အဆိုပါသတင်းတွေအပြင် ယခုရက်သတ္တပတ်ထဲမှာ ချင်းလူမျိုး မူလတန်းပြ ဆရာမတစ်ဦး အသတ်ခံခဲ့ရမှုအတွက် ဒေသခံပြည်သူ ၇၀၀ ဝန်းကျင် တီးတိန်မြို့မှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့သတင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၁ က စတင်ပြီး ပြန်လည်ဖြစ်ပွားသည့် စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာရသူ ၈,၈၀၀ ခန့် ရှိတယ်လို့ UNOCHA Myanmar ထုတ်ပြန်ခဲ့တဲ့သတင်း၊ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ ၉၆ ဦးကို ဝိုင်ဘီအက်စ် (၁၅) ယာဉ်လိုင်းပေါ်တွင် ဖမ်းဆီးရမိမှုကို ထိရောက်စွာအရေးယူမယ်ဆိုတဲ့ သတင်းတွေ စတဲ့ တိုင်းရင်းသားဒေသနဲ့ဆိုင်တဲ့ သတင်းတွေလို သတိထားမိတဲ့ သတင်းတွေလည်း ရှိခဲ့ပါတယ်။

ကန့်ကွက်မှုတွေနဲ့ လွှတ်တော်တွင်း မြင်ကွင်း

ယခုရက်သတ္တပတ်ထဲ ကျင်းပတဲ့ လွတ်တော်အစည်းအဝေးတွေက စိတ်ဝင်စားစရာ အများကြီးကောင်းခဲ့ပါတယ်။အထူးသဖြင့် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်ခွင့်မပေးသည့် ဥပဒေမူကြမ်းကို တင်သွင်းတဲ့ ဗိုလ်မှူးချုပ်အောင်စန်းချစ် အပါအဝင် ကိုယ်စားလှယ် ၁၄၄ ဦး တင်ပြထားသည့် ခြေဥပြင်ရေး ဥပဒေမူကြမ်းကို ၄၅ ဦးကော်မတီ၏ ဥပဒေမူကြမ်းတို့နှင့် တစ်ပြိုင်နက်တည်း ယှဉ်တွဲ၍ ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်အဖြစ် တင်သွင်းဖို့ မဲခွဲဆုံးဖြတ်တဲ့အခါနဲ့ ကာလုံ၏ လုပ်ပိုင်ခွင့်ကို ဘောင်ချဲ့မည့် ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင် တင်သွင်းသော ခြေဥပြင်ရေး ဥပဒေမူကြမ်းကို ဆွေးနွေးရာတွေမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနဲ့ ပြည်သူက ရွေးကောက်ထားသည့် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်များအကြား အပြန်အလှန်ကန့်ကွက်မှုတွေက အများပြည်သူအတွက် သတိထားစောင့်ကြည့်စရာဖြစ်ခဲ့ပါတယ်။

ထောက်ခံမဲ ၃၅၀ နီးပါး၊ ကန့်ကွက်မဲ ၂၀၀ နီးပါးနဲ့ ဗိုလ်မှူးချုပ်အောင်စန်းချစ် အပါအဝင် ကိုယ်စားလှယ် ၁၄၄ ဦး တင်ပြထားတဲ့ ခြေဥပြင်ရေး ဥပဒေမူကြမ်းကို ၄၅ ဦးကော်မတီ၏ ဥပဒေမူကြမ်းနဲ့ အတူတွဲတင်ဖို့  ယခုရက်သတ္တပတ် ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အတည်ပြုခဲ့ပြီး ကာလုံ၏ လုပ်ပိုင်ခွင့်ကို ဘောင်ချဲ့မည့် ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင် တင်သွင်းသော ခြေဥပြင်ရေး ဥပဒေမူကြမ်းကို ယခုရက်သတ္တပတ် ဆွေးနွေးရာမှာတော့ လွှတ်တော်နာယကမှ မိုက်မပေးတော့သည့်အထိ  ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် အာဏာရ အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်များကြား အပြန်အလှန်ကန့်ကွက်မှုတွေ များခဲ့ပါတယ်။

လွှတ်တော်အစည်းအဝေးမှာ NLD အမတ်တွေဘက်က သုံးနှုန်းသည့်  “အာဏာရှင်ခေတ် လက်ထက်က”၊ "ဘယ်လောက်ထိရိုးသားပြီး စေတနာကောင်းနဲ့ ဆောင်ရွက်ခဲ့တာ ဟုတ်ရဲ့လားဆိုတာကို သံသယဖြစ်မိကြောင်း တင်ပြလိုပါတယ်" စတဲ့ စကားရပ်တွေကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ကန့်ကွက်ခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က သုံးနှုန်းသည့် ‘ဒီမိုကရေစီ အနိုင်ကျင့်’၊ ‘မရောင်ရာဆီလူးနေရင်၊ ဝေ့လည်ကြောင်ပတ်လုပ်နေရင်၊ ဘာကြောင့် သဝေထိုးနေရတာလဲ’ စသည့် စကားရပ်တွေကို NLD အမတ်တွေဘက်က ကန့်ကွက်ခဲ့ပါတယ်။

လွှတ်တော်သက်တမ်းတစ်လျှောက် ကန့်ကွက်မှုအများဆုံးဖြစ်ခဲ့သလို အများပြည်သူကြား မှတ်မှတ်သားသားဖြစ်ခဲ့တဲ့  "နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို တိတိကျကျသိတာ မဟုတ်ပါဘူး၊ သတ္တိရှိရှိပြင်မယ်ဆိုရင် ၃၇၆၅ ချက်ထဲက ထုတ်နှုတ်ပြီး ပြင်ဆင်လိုတဲ့အချက်တွေကို တည်ဆဲဥပဒေတွေနဲ့အညီ လွှတ်တော်ကိုတင်လိုက်ပါ" ဆိုသည့် ဆွေးနွေးမှုတွေကလည်း အများပြည်သူကြား သတိထားမိတဲ့ စကားတွေ ဖြစ်ခဲ့ပါတယ်။

ယခုကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေမှာဘဲ အမေရိကန်ဒေါ်လာ ၇ သိန်းကျော် တန်ဖိုးရှိ ကျည်ကာမော်တော်ယာဉ် ၆ စီး ဝယ်ယူဖို့ အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ကင်းလွတ်ခွင့်ပေးဖို့ အစိုးရက ပြည်ထောင်စုလွှတ်တော်ကို တင်ခဲ့ပါတယ်။

ယခုကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်နာယကဖြစ်သူက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ လွှတ်တော်တွင်း ဆွေးနွေးမှုတွေက ဥပဒေနှင့်မညီလို့ လွှတ်တော်ကိုယ်စားလှယ်၏ ဂုဏ်သိက္ခာကို ငဲ့ညှာသောအားဖြင့်  နာယကအနေဖြင့် စိတ်ရှည်သည်းခံနေရတယ်ဆိုတာကို ပြောခဲ့ပြီး ပြင်ဆင်ချက် ၃၇၆၅ ချက်ရှိတဲ့ အခြေခံဥပဒေပြင်ဆင်မှုကို ယခုလွှတ်တော်သက်တမ်းအတွင်း ပြီးမြောက်အောင်လုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။

အခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုတာ အာဏာရပါတီအတွက် မလွယ်တဲ့အနေအထားရှိနေလို့ ပြင်ဆင်ဖို့ ကြိုးစားရာမှာ ဘာတွေတွန်းတိုက်မှုရှိမလဲ၊ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
ဒီဇင်ဘာ - ၆
( Zawgyi )
ယခုရက္သတၱပတ္အတြင္း သတင္းေတြထဲမွာ အမ်ားစိတ္ဝင္စားခဲ့တဲ့ သတင္းေတြက မႈခင္းသတင္းေတြနဲ႔ ႏိုင္ငံေရးသတင္းေတြ ျဖစ္ခဲ့ပါတယ္။အထူးသျဖင့္ အမ်ားစိတ္ဝင္စားတဲ့ ဗစ္တိုးရီးယားအမႈ သတင္းေတြ၊ က်ားေဖာင္ သတင္းစာရွင္းလင္းပြဲ သတင္းေတြ၊ ဘဏ္ ATM စက္က ေငြကို ဘဏ္ဝန္ထမ္းေတြကထုတ္တဲ့ သတင္းေတြနဲ႔ ႏိုင္ငံျခားေငြလဲလွယ္ဆိုင္မွာ ေသနတ္နဲ႔ေတ့ၿပီး အႏုၾကမ္းစီးတဲ့ သတင္းေတြလည္း ျဖစ္ခဲ့ပါတယ္။

အဆိုပါသတင္းေတြအျပင္ ရန္ကုန္တကၠသိုလ္ ရာျပည့္အထိမ္းအမွတ္ အခမ္းအနား ဒီဇင္ဘာ ၂ ရက္က ဖြင့္လွစ္ခဲ့တဲ့သတင္း၊ ကရင္ျပည္နယ္ သံေတာင္ႀကီးမွာ လုပ္ငန္းေဆာင္႐ြက္ေနတဲ့ ေဇကမာၻကုမၸဏီရဲ႕ လုပ္ငန္းေဆာင္႐ြက္မႈေတြကို လယ္ယာေျမဥပေဒ၊ သစ္ေတာဥပေဒႏွင့္ စည္ပင္သာယာေရးဥပေဒတို႔ႏွင့္အညီ အေရးယူေဆာင္႐ြက္ႏိုင္ဖို႔ ၫႊန္ၾကားထားတဲ့သတင္း၊ တပ္မေတာ္မွေန၍ ဖယ္ရွားေပးရန္ သတိေပးစာပို႔ခံထားေသာ ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္ရွိ ျမရိပ္ညိဳ အထပ္ျမင့္စီမံကိန္းအတြက္ ေဇကမာၻကုမၸဏီက ေဆာက္လုပ္ေရးဝန္ႀကီးဌာနထံ အယူခံတင္ထားတဲ့သတင္း၊ အေရာင္းအဝယ္စာခ်ဳပ္ကို ေဖ်ာက္ဖ်က္ခဲ့လို႔ ေဝါၿမိဳ႕နယ္ ေျမစာရင္းဌာနမွ တာဝန္ရွိသူမ်ားကို အေရးယူေပးဖို႔ ေဝါနဲ႔ ပဲခူးမွာ ဆႏၵထုတ္ေဖာ္ခဲ့တဲ့သတင္း၊ တပ္မေတာ္မွ ျပန္လည္စြန႔္လႊတ္ခဲ့တဲ့ လယ္ေျမအတြက္ တစ္ဧကကို တစ္သိန္းႏႈန္းေတာင္းယူခဲ့တဲ့ ေမာ္လၿမိဳင္ၿမိဳ႕နယ္ လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဌာန ဒု-ဦးစီးမႉးကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ အေရးယူခဲ့တဲ့ သတင္းေတြလည္း ယခုရက္သတၱပတ္ထဲမွာ ျဖစ္ခဲ့ပါတယ္။

ကေလးေပ်ာက္မႈနဲ႔ တို႔ေဆး

ယခုရက္သတၱပတ္ ျပည္တြင္းသတင္းေတြနဲ႔ လူမႈကြန္ရက္ေတြမွာ သတိထားစရာျဖစ္ခဲ့တာက တို႔ေဆးနဲ႔ ကေလးသူခိုး သတင္းေတြပါဘဲ။အဆိုပါသတင္းေတြထဲမွာ အမွန္တစ္ကယ္ျဖစ္ခဲ့တာေတြရွိသလို အခ်ိဳ႕ျဖစ္စဥ္ေတြက အထင္မွားမႈေတြ၊ အထင္လႊဲမွားမႈေတြလည္း ရွိခဲ့ပါတယ္။

လူမႈကြန္ရက္မွာ ဆက္တိုက္တက္လာခဲ့တဲ့ သတင္းေတြအရ ကေလးခိုးတဲ့ သတင္းေတြ၊ တို႔ေဆးနဲ႔အေခၚ ခံရတဲ့ သတင္းေတြမွာ ေနရပ္လိပ္စာေတြ မပါသလို အ႐ြယ္ေကာင္းေတြလည္း ျဖစ္ေနတာကို ေတြ႕ရပါတယ္။တစ္ဖက္ႏိုင္ငံကို လူကုန္ကူးခံရတဲ့ သတင္းေတြနဲ႔ ေရာေႏွာေနသလို သတင္းအခ်ိဳ႕မွာ ယခင္က သတင္းေဟာင္းေတြ ျပန္တက္လာတာလည္း ရွိခဲ့ပါတယ္။ဒီလိုသတင္းေတြထဲကေန ႏိုဝင္ဘာ ၃၀ ရက္က ပဲခူးၿမိဳ႕ ေက်ာက္ႀကီးစုရပ္ကြက္ထဲမွာ သူငယ္ခ်င္းျဖစ္သူထံ လာအိပ္တဲ့သူကို သူငယ္ခ်င္းအမက လူမွားၿပီး သူခိုးလို႔ထင္ၿပီး ေအာ္ရာကေန ကေလးသူခိုး ေကာလာဟလေတြေၾကာင့္ အရပ္ကဝိုင္းၿပီး ကေလးသူခိုးဆိုကာ ဖမ္းၾကတဲ့အတြက္ ထိခိုက္ဒဏ္ရာရခဲ့ကာ ပဲခူးေဆး႐ုံကို ပို႔ေဆာင္ကုသခဲ့ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။အဆိုပါျဖစ္စဥ္ကို သက္ဆိုင္ရာက စိစစ္ရာမွာ ကေလးခိုးတာမဟုတ္ဘူးဆိုတာ ေပၚေပါက္ခဲ့ၿပီး ရပ္ကြက္ထဲမွာ လူမႈကြန္ရက္ကေန ပ်ံ႕ႏွံ႔ေနတဲ့ ကေလးသူခိုးအစြဲနဲ႔ ေကာလာဟလေၾကာင့္ ဝိုင္းလိုက္ၿပီး မွားယြင္းစြပ္စြဲ ႐ိုက္ႏွက္ခဲ့တာက ေပၚေပါက္ခဲ့ပါတယ္။ဒီလို မွားယြင္းစြပ္စြဲခံရတဲ့အတြက္ ေဆး႐ုံမွာတင္ကုသခဲ့ရသလို ဝိုင္းဝန္း႐ိုက္ႏွက္တာေတြေၾကာင့္ ဒဏ္ရာျပင္းစြာရခဲ့ပါတယ္။

ဒီလိုလြဲမွားမႈက ပဲခူးတြင္မကပါဘူး။ပုဂံေညာင္ဦးမွာလည္း ျဖစ္ခဲ့ပါတယ္။ပုဂံၿမိဳ႕ ျမင္းကပါေက်း႐ြာရွိ မႏူဟာဘုရားအနီးျဖစ္ခဲ့တဲ့ ျဖစ္စဥ္မွာ ဆိုင္ရွင္ရဲ႕ ႏွစ္ႏွစ္အ႐ြယ္ ကေလးငယ္ကို စိတ္ေရာဂါအမ်ိဳးသားတစ္ဦးက ေပြ႕ခ်ီတာကေန ကေလးခိုးတယ္ဆိုၿပီး အထင္မွားၿပီး အုတ္ေအာ္ေသာင္းတင္းျဖစ္ခဲ့ပါတယ္။အဲဒီရက္မွာဘဲ ေညာင္ဦးၿမိဳ႕ေဈးထဲမွာ ကေလးငယ္တစ္ဦးကို သီလရွင္တစ္ပါးက လက္နဲ႔တို႔ၿပီးေနာက္ က‌ေလးငယ္ မူးလဲသြားတယ္ဆိုၿပီး သီလရွင္ေနာက္ ဝိုင္းလိုက္ခဲ့တဲ့ ျဖစ္စဥ္ေတြ ျဖစ္ခဲ့ပါတယ္။အဆိုပါသီလရွင္မွာလည္း စိတ္မႏွံ႔သူ ျဖစ္ေနတဲ့အတြက္ သက္ဆိုင္ရာက ျပန္လႊတ္ေပးခဲ့ရတာေတြ ျဖစ္ခဲ့ပါတယ္။

ဒီလိုျဖစ္စဥ္ေတြက ယခုလို အခ်ိန္အခါမွာ ပ်ံ႕ႏွံ႔လာတာ ထူးျခားမႈတစ္ခုအျဖစ္ အမ်ားျပည္သူက ရႈျမင္ၾကတာရွိပါတယ္။ဒါဟာ ပခုကၠဴက ေက်ာင္းတစ္ခုမွာ ကေလးတစ္ဦးကို ဝင္ေရာက္ခိုးယူတဲ့ ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့ၿပီးေနာက္ ေရနံေခ်ာင္း၊ ျမစ္ႀကီးနား စတဲ့ အျခားေသာၿမိဳ႕ေတြမွာလည္း ကေလးခိုးတာေတြရွိေနတယ္ဆိုတဲ့ သတင္းေတြ ဆက္တိုက္ဆိုသလို ပ်ံ႕ႏွံ႔လာခဲ့ ရန္ကုန္နဲ႔ အျခားၿမိဳ႕ႀကီးေတြအထိ ဒီလိုသတင္းေတြ အဆင္အျခင္မဲ့ျဖစ္လာတာ သတိထားစရာ ျဖစ္လာခဲ့ပါတယ္။ေနျပည္ေတာ္မွာလဲ ဒီဇင္ဘာ ၄ ရက္က ပ်ဥ္းမနားသနပၸင္ဆိပ္မွာ ကေလးခိုးယူတယ္ဆိုၿပီး အမ်ိဳးသားတစ္ဦးကို ဝိုင္းဖမ္းဆီးတာေတြ ျဖစ္လာခဲ့တာ ရွိပါတယ္။ဒီျဖစ္စဥ္မွာလည္း ဖမ္ဆီးခံရသူက ထုံးစံအတိုင္း စိတ္မႏွံ႔တဲ့သူျဖစ္ေနပါတယ္။

ပဲခူးမွာျဖစ္ခဲ့တဲ့ မွားယြင္းမႈမွာ သက္ဆိုင္ရာေဒသ လႊတ္ေတာ္အမတ္က ဒါဟာ ေသြး႐ိုးသား႐ိုး မျဖစ္ႏိုင္ဘူးလို႔  မွတ္ခ်က္ျပဳခဲ့တာရွိပါတယ္။ဒီအတြက္ ကေလးသူခိုးဆိုၿပီး မိသားစုေတြရဲ႕ လူေနမႈဘဝလုံၿခဳံမႈမရွိေအာင္  လိုက္လႈံ႕ေဆာ္ေနတဲ့ အဖြဲ႕အစည္းေတြ ရွိႏိုင္တယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ဒီလိုျဖစ္ရပ္ေတြအျပင္ ရင္ေသြးေတြနဲ႔ ကေလးငယ္ေတြအေပၚ စိုးရိမ္မႈပိုတဲ့ ျမန္မာလူမ်ိဳးေတြရဲ႕ မူရင္းဓေလ့စ႐ိုက္ကို အသုံးခ်ၿပီး အြန္လိုင္းေတြမွာ ဆက္တိုက္ဆိုသလို ကေလးခိုးခံရတယ္ဆိုတဲ့ သတင္းေတြတက္လာတာကလည္း ထူးျခားမႈတစ္ခုပါဘဲ။၂၀၂၀ ေ႐ြးေကာက္ပြဲနဲ႔ မၾကာခင္မွာ ျပဳလုပ္မယ့္ ICJ မွာ တရားရင္ဆိုင္မယ့္ ႏိုင္ငံေတာ္အတိုင္ပင္ခံကို ေထာက္ခံပြဲေတြ ရွိလာတဲ့အခါမွာ တိုက္တိုက္ဆိုင္ဆိုင္ ဒီလိုေတြထြက္ေပၚလာတာ သတိထားစရာပါ။

ဒီလိုသတင္းစကားေတြေၾကာင့္ လူထုၾကား စိုးရိမ္မႈေတြျမင့္တက္ခဲ့ၿပီး ၂၀၁၆ ခုႏွစ္က မေကြးၿမိဳ႕မွာ အမ်ိဳးသမီးတစ္ဦး ကေလးသူခိုးလို႔ဆိုကာ မွားယြင္းဝိုင္း႐ိုက္ႏွက္ခံရသလို မႏၲေလး မရမ္းၿခံသေဘၤာဆိပ္မွာ အမ်ိဳးသားတစ္ဦး လူဝိုင္း႐ိုက္ခံရလို႔ အသက္ဆုံးတဲ့ထိ ျဖစ္ခဲ့ပါတယ္။ဒီလိုျဖစ္စဥ္ေတြရဲ႕ေနာက္မွာ ဘယ္သူေတြရွိေနသလဲ၊ တစ္ကယ္ဘဲျဖစ္ေနတာလား၊ ကေလးခိုးျခင္းေနာက္ကြယ္က ေစ်းကြက္က ဘယ္မွာလဲ၊ ဘာလို႔ အာဏာပိုင္ေတြ လက္ပူတိုက္ ေဆးၿမီးတိုနည္းေတြနဲ႔ ေျဖရွင္းေနတာလဲဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္လာပါတယ္။

ေကာလာဟလဆိုရင္ အေျခအေနမဆိုးခင္ အျမန္ေျဖရွင္းဖို႔လိုသလို တစ္ကယ္ဘဲ တရားခံဆိုၿပီး မိလိုက္တိုင္းမွာ  စိတ္ေဝဒနာရွင္ေတြျဖစ္ေနတာကို သမာ႐ိုးက် ျဖစ္႐ိုးျဖစ္စဥ္ ဟုတ္ရဲ႕လားဆိုတာ မွားယြင္းသတ္ျဖတ္ခံရတဲ့ ျဖစ္စဥ္ေတြ ျဖစ္မလာခင္ ေျဖရွင္းဖို႔လိုေနပါတယ္။

ဒီသတိထားဖြယ္ရာ ကေလးသူခိုးနဲ႔ တို႔ေဆးအျပင္ အမ်ာျပည္သူစိတ္ဝင္စားခဲ့ၾကတဲ့ ေနျပည္ေတာ္ ဗစ္တိုးရီးယားေလးအမႈကလည္း တေျဖးေျဖးနဲ႔ ႐ုပ္လုံးေပၚလာေနၿပီျဖစ္ပါတယ္။ယခုတစ္ပတ္ျပဳလုပ္ခဲ့တဲ့ ႐ုံးခ်ိန္းမွာ ၿပီးခဲ့တဲ့ရက္သတၱပတ္က စစ္လို႔မၿပီးခဲ့တဲ့ Wisdom Hill ေက်ာင္းႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္ ကို ဆက္စစ္ေဆးခဲ့သလို အဲဒီမူႀကိဳေက်ာင္းက ဆရာမႏွစ္ဦးကိုလည္း စစ္ေဆးခဲ့ပါတယ္။

အဆိုပါ႐ုံးခ်ိန္းမွာ ထူးျခားခ်က္က တရားခံလို႔ စြပ္စြဲၿပီးဖမ္းခ်ဳပ္ခံထားရတဲ့ ေအာင္ႀကီးဟာ အမႈက်ဴးလြန္ ဖို႔ အခြင့္အေရးမရွိႏိုင္ဘူးလို႔ Wisdom Hill ေက်ာင္း ႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္ က ထြက္ဆိုခဲ့သလို ဆရာမႏွစ္ဦး ထြက္ဆိုခ်က္အရ က်ဴးလြန္ဖို႔ မျဖစ္ႏိုင္ဘူးဆိုတာ ေျပာခဲ့ပါတယ္။ဒီ႐ုံးခ်ိန္းမတိုင္ခင္ေရွ႕မွာ ျပဳလုပ္ခဲ့တဲ့ ေဒၚစုဒါလီေအာင္ ကို Wisdom Hill ေက်ာင္းႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္ က တရားစြဲဆိုထားသည့္အမႈအတြက္ ႐ုံးခ်ိန္းမွာေတာ့ သက္ေသအျဖစ္ တင္သြင္းထားေသာ သားႏွစ္ဦးကို သက္ေသစာရင္းမွ ပယ္ဖ်က္ေပးရန္ တရားလို ေဒၚဥမၼာလႈိင္ က ဥပေဒအရာရွိထံ ေလွ်ာက္ထားခဲ့ေသာ္လည္း ဥပေဒ႐ုံးက လက္မခံခဲ့ပါဘူး။ဒီအတြက္လာမယ့္ ႐ုံးခ်ိန္းမွာ အဆိုပါကေလးႏွစ္ဦးကို စစ္ေမးဖို႔ ရွိတယ္ဆိုတဲ့အတြက္ စိတ္ဝင္စားစရာျဖစ္လာဖို႔ မ်ားေနပါတယ္။

ဗစ္တိုးရီးယားေလးအမႈမွာ အေရးႀကီးဆုံးျဖစ္တဲ့ စီစီတီဗီမွတ္တမ္းဖိုင္ေတြ မေတြ႕ရွိေတာ့တဲ့ ကိစၥအတြက္ ေပ်ာက္ဆုံးေနေသာ စီစီတီဗီမွတ္တမ္းဖိုင္မ်ား ျပန္လည္ရရွိေရးအတြက္ ယခု႐ုံးခ်ိန္းမွာ  နည္းပညာကြၽမ္းက်င္သူေတြစာရင္းကို ႏွစ္ဖက္ေရွ႕ေနေတြက ဥပေဒအရာရွိေတြထံ တင္ျပခဲ့ပါတယ္။ေပ်ာက္ဆုံး စီစီတီဗြီဖိုင္ေတြနဲ႔ ပတ္သက္ၿပီး Wisdom Hill ေက်ာင္း၏ စီစီတီဗီ တာဝန္ခံ ကိုရန္ေနာင္ေဌး က တရားခြင္မွာ ထြက္ဆိုထားတာကေတာ့ စီစီတီဗီ အထိုင္စက္ Hard Disk ကို CID တပ္ဖြဲ႕ဝင္မ်ား လာယူ၍ ျဖဳတ္ေပးခဲ့ၿပီး ျပန္ေပးခ်ိန္တြင္ ဗီဒီယိုဖိုင္မ်ား ပါလာျခင္း ရွိ၊ မရွိ မစစ္ေဆးဘဲ ယင္း Hard Disk ကို ျပန္ေပးရာ၌ Wisdom Hill ေက်ာင္းအုပ္ ဦးပညာအား ေပးခဲ့တယ္လို႔ဆိုၿပီး ယခုႏွစ္ဘက္တင္ျပတဲ့ ကြၽမ္းက်င္တဲ့ပညာရွင္ေတြကို စစ္ေဆးခြင့္ေပးခဲ့မယ္ဆိုရင္ အေျဖတစ္ခုထြက္လာမွာ ျဖစ္ပါတယ္။တစ္ကယ္လို႔ စီစီတီဗီ အထိုင္စက္ Hard Disk ထဲ မရွိခဲ့ရင္ သမၼတ႐ုံးကေတာ့ စီစီတီဗီ မွတ္တမ္းမ်ား ေပ်ာက္ဆုံးမႈ တာဝန္ရွိသူမ်ားကို ေမးျမန္းစိစစ္မယ္ဆိုတဲ့အတြက္ လူမမည္အ႐ြယ္မွာ လိင္က်ဴးလြန္ခံရတဲ့ ကေလးငယ္ ဗစ္တိုးရီးယားအတြက္ တရားမွ်တမႈ ဘယ္ေလာက္ရရွိမလဲဆိုတာ ေနာင္လာမယ့္ ႐ုံးခ်ိန္းေတြမွာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

အဆိုပါ သတင္းေတြက ယခုရက္သတၱပတ္ သတင္းေတြထဲက စိတ္ဝင္စားဖြယ္ရာ သတင္းေတြျဖစ္တဲ့ သတင္းႀကီးေနတဲ့ က်ားေဖာင္လုပ္ငန္းမွာ ႏွစ္စဥ္ လူသတ္မႈ၊ ေသဆုံးမႈႏွင့္ ေပ်ာက္ဆုံးလူဦးေရ စုစုေပါင္း ၁၀၀ ေက်ာ္ခန႔္ ရွိတယ္ဆိုတဲ့သတင္း၊ ေအာ္တစ္ဇင္ ကေလးငယ္အား ၾကမ္းတမ္းစြာ ျပဳမူဆက္ဆံခဲ့သည့္။ New World Therapeutic Training Center မွ ဆရာမ်ားကို ဥပေဒအရ အေရးယူေပးရန္ ျမန္မာေအာ္တစ္ဇင္အသင္း ေတာင္းဆိုခဲ့တဲ့သတင္း၊ တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္းမေပၚရွိ ေငြလဲဆိုင္မွာ အမ်ိဳးသားေလးဦးက ေသနတ္ျဖင့္ၿခိမ္းေျခာက္ကာ သိန္း ၂၀၀ လုခဲ့တဲ့ သတင္း၊ မႏၲေလး မဟာေအာင္ေျမၿမိဳ႕နယ္ထဲက KBZ Bank ATM စက္အတြင္းမွ ေငြက်ပ္သိန္း (၃၄၀) ေက်ာ္ကို KBZ ဒုဘဏ္ခြဲမန္ေနဂ်ာ အမ်ိဳးသမီးႏွင့္ ခင္ပြန္းက စက္ဖြင့္ထုတ္ယူခဲ့တဲ့ သတင္း၊ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) ၿမိဳ႕နယ္ထဲ တစ္ေသာင္းတန္ ေငြစကၠဴအတုမ်ား သိမ္းဆည္းရမိခဲ့တဲ့ သတင္းေတြလည္း ျဖစ္ခဲ့ပါတယ္။

ICJ နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ရပ္တည္မႈ

ယခုရက္ထဲမွာ နယ္သာလန္ႏိုင္ငံကိုသြားၿပီး ဂမ္ဘီယာက ICJ မွာ တရားစြဲထားတဲ့ ရခိုင္ေျမာက္ပိုင္းက ဘဂၤါလီကိစၥအတြက္ တရားရင္ဆိုင္ဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ သြားေရာက္မွာျဖစ္ပါတယ္။ဒီလိုသြားေရာက္ ေျဖရွင္းတဲ့အတြက္ ျပည္တြင္းမွာ အမ်ားစုက ေထာက္ခံေပမယ့္ ဆန႔္က်င္ဘက္ လူအခ်ိဳ႕ နဲ႔ ေျမာက္ပိုင္းသုံးဖြဲ႕ျဖစ္တဲ့ AA ၊ TNLA နဲ႔ MNDDA ဆိုတဲ့ လက္နက္ကိုင္တိုင္းရင္းသားအဖြဲ႕ေတြက ႏိုင္ငံေတာ္ကို တရားစြဲတဲ့ OIC ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ဂမ္ဘီယာႏိုင္ငံဘက္ကေန ဝမ္းသာအားရေထာက္ခံတာကိုလည္း ေတြ႕ရပါတယ္။

ဒါဟာ ျပည္တြင္းမညီၫြတ္မႈကို ထင္ထင္ရွားရွားျပလိုက္တာျဖစ္သလို ႏိုင္ငံေရးနဲ႔ ထဲထဲဝင္ဝင္ပတ္သက္မႈ မရွိတဲ့ စီးပြားေရးပညာရွင္ေတြ၊ တျခားေသာပညာရွင္အခ်ိဳ႕နဲ႔ အာဏာရပါတီကေန ႏုတ္ထြက္ခဲ့တဲ့သူေတြ၊ အတိုက္အခံျပဳေနတဲ့ ပါတီေတြက လူပုဂၢိဳလ္ေတြက ဒီလိုအတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုင္ သြားေရာက္တာကို ေဝဖန္မႈေတြရွိခဲ့ပါတယ္။အထူးသျဖင့္ ကိုယ္တိုင္သြားဖို႔ မလိုဘူးဆိုတဲ့ ေျပာဆိုခ်က္ေတြေၾကာင့္ လူမႈကြန္ရက္မွာ ဒီလိုကြဲလြဲေျပာဆိုတဲ့သူေတြနဲ႔ အဖြဲ႕အစည္းေတြကို ဆဲဆိုမႈေတြရွိခဲ့တာလည္း ယခုရက္သတၱပတ္ရဲ႕ ထူးျခားမႈပါဘဲ။

အစိုးရနဲ႔ ၿငိမ္းခ်မ္းေရးရယူထားတဲ့ မိုင္းလားအဖြဲ႕၊ ၀ အဖြဲ႕နဲ႔ NCA ေရးထိုးထားတဲ့ တိုင္းရင္းသားအဖြဲ႕ ေတြအျပင္ ျပည္တြင္းက အရပ္ဘက္အဖြဲ႕အစည္းေတြကပါ ဒီလိုႏိုင္ငံေတာ္အတိုင္ပင္ခံကိုယ္တိုင္ ထြက္ရင္ဆိုင္တဲ့အတြက္ ေထာက္ခံေၾကာင္း ထုတ္ျပန္ခ်က္ေတြ ထုတ္ခဲ့ပါတယ္။ဒါ့အျပင္ နယ္ေတြနဲ႔ ရန္ကုန္မွာလည္း ဒီလိုသြားေရာက္ရွင္းလင္းမယ့္ ႏိုင္ငံေတာ္အတိုင္ပင္ခံနဲ႔အတူ တစ္သားတည္းရပ္တည္မယ္ဆိုတဲ့ ေထာက္ခံပြဲေတြကို ဆက္တိုက္လုပ္တာကို ေတြ႕ရပါတယ္။

ယခုသြားေရာက္ရွင္းလင္းမယ့္ ျပႆနာက ႏိုင္ငံအတြက္ အေရးႀကီးသလို တိုင္းျပည္အတြက္လည္း နစ္နာႏိုင္တဲ့ ျပႆနာျဖစ္တဲ့အတြက္ တစ္စိတ္တည္းတစ္ဝမ္းတည္းမရွိတာ အေတာ္ေလးစဥ္းစားရခက္တဲ့ အျဖစ္ပါဘဲ။ယခုရက္ထဲမွာအဆိုပါ ကန႔္ကြက္တဲ့ျပႆနာက အမ်ားျပည္သူၾကား ေျပာစရာကိစၥတစ္ခုျဖစ္လာခဲ့ပါတယ္။ရခိုင္ျပည္ေျမာက္ပိုင္း ဘဂၤါလီမ်ားႏွင့္ပတ္သက္၍ တရားစြဲဆိုခံထားရသည့္ကိစၥအေပၚ ေျမာက္ပိုင္းအဖြဲ႕မ်ားရဲ႕ ေထာက္ခံမႈေၾကာင့္ အစိုးရႏွင့္ ေျမာက္ပိုင္းသုံးဖြဲ႕တို႔အၾကား ဆက္ဆံေရးပိုမိုတင္းမာလာႏိုင္တယ္ဆိုတဲ့ သုံးသပ္ခ်က္ေတြရွိလာသလို လက္ရွိမွာလည္း အဆိုပါအဖြဲ႕ေတြ လႈပ္ရွားေနတဲ့ နယ္ေျမေတြမွာ တိုက္ပြဲေတြျဖစ္ေနတာ ရွိပါတယ္။

အထူးသျဖင့္ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕က ယခုရက္ပိုင္းမွာ တိုက္ပြဲေတြစိပ္သလို အစိုးရက ေဒသဖြံ႕ၿဖိဳးေရးအတြက္ လုပ္ေနတဲ့ ကုလားတန္ျမစ္စီမံကိန္းမွာ ပါဝင္တဲ့ ပလက္ဝတံတား စီမံကိန္းအတြက္ လိုအပ္တဲ့ တံတားသံေပါင္ေတြ တင္လာတဲ့ ေရယာဥ္ေတြကို ပစ္ခတ္တာ၊ ေရယာဥ္ဝန္ထမ္းေတြကို ဖမ္းဆီးလုယက္တာေတြပါ လုပ္ခဲ့တာရွိပါတယ္။ႏိုဝင္ဘာ ၂၉ ရက္နဲ႔ ၃၀ ရက္ေတြမွာ ပလက္ဝတံတား စီမံကိန္းအတြက္ ပစၥည္းေတြသြားပို႔တဲ့ ေရယာဥ္ေတြကို ေအေအက ေခ်ာင္းေျမာင္းပစ္ခတ္ တိုက္ခိုက္ခဲ့တာရွိခဲ့ပါတယ္။

ဒီလိုျဖစ္ရပ္ေတြေၾကာင့္ ထိခိုက္နစ္နာေသေၾကရတာ ေဒသခံေတြနဲ႔ ျပည္သူေတြပါဘဲ။ဒီဇင္ဘာ၂ ရက္ ညေန ၄ နာရီခန႔္က ေျမာက္ဦးၿမိဳ႕ေပၚ အလယ္ေဈးရပ္ကြက္အေပၚ လက္နက္ႀကီးက်ည္က်လို႔ ကေလးငယ္ႏွစ္ဦး ေသဆုံးၿပီး အမ်ိဳးသမီးမ်ား အပါအဝင္ လူေျခာက္ဦး ဒဏ္ရာရရွိခဲ့တာရွိပါတယ္။ထို႔အျပင္ ဒီဇင္ဘာ ၂ ရက္ မြန္းတည့္ ၁၂ နာရီခန႔္ကလည္း ေျမာက္ဦးၿမိဳ႕နယ္ နလိပ္ၿမိဳတိုင္းရင္းသားေက်း႐ြာတြင္ လက္နက္ႀကီးက်ည္ က်ေရာက္မႈေၾကာင့္ ၿမိဳတိုင္းရင္းသူႏွစ္ဦးႏွင့္ ၿမိဳတိုင္းရင္းသားတစ္ဦး ဒဏ္ရာရရွိခဲ့တာရွိပါတယ္။

ဒီလို တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕ေတြနဲ႔ တပ္မေတာ္ၾကား တိုက္ခိုက္မႈအေျခအေနေတြက လက္ရွိအေျခအေနမွာ အေတာ္ေလးသတိထားရမယ့္ အေျခအေနကိုေရာက္ေနၿပီး စစ္ေဘးေရွာင္ေနရတဲ့ ေဒသခံေတြအတြက္လည္း ဘ၀ရပ္တည္မႈ ကစင့္ကလ်ားျဖစ္ႏိုင္တဲ့ အေနအထားပါ။

အဆိုပါသတင္းေတြအျပင္ ယခုရက္သတၱပတ္ထဲမွာ ခ်င္းလူမ်ိဳး မူလတန္းျပ ဆရာမတစ္ဦး အသတ္ခံခဲ့ရမႈအတြက္ ေဒသခံျပည္သူ ၇၀၀ ဝန္းက်င္ တီးတိန္ၿမိဳ႕မွာ ဆႏၵထုတ္ေဖာ္ခဲ့တဲ့သတင္း၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာ ၂၀၁၁ က စတင္ၿပီး ျပန္လည္ျဖစ္ပြားသည့္ စစ္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာရသူ ၈,၈၀၀ ခန႔္ ရွိတယ္လို႔ UNOCHA Myanmar ထုတ္ျပန္ခဲ့တဲ့သတင္း၊ တရားမဝင္ ဝင္ေရာက္လာသည့္ ဘဂၤါလီ ၉၆ ဦးကို ဝိုင္ဘီအက္စ္ (၁၅) ယာဥ္လိုင္းေပၚတြင္ ဖမ္းဆီးရမိမႈကို ထိေရာက္စြာအေရးယူမယ္ဆိုတဲ့ သတင္းေတြ စတဲ့ တိုင္းရင္းသားေဒသနဲ႔ဆိုင္တဲ့ သတင္းေတြလို သတိထားမိတဲ့ သတင္းေတြလည္း ရွိခဲ့ပါတယ္။

ကန႔္ကြက္မႈေတြနဲ႔ လႊတ္ေတာ္တြင္း ျမင္ကြင္း

ယခုရက္သတၱပတ္ထဲ က်င္းပတဲ့ လြတ္ေတာ္အစည္းအေဝးေတြက စိတ္ဝင္စားစရာ အမ်ားႀကီးေကာင္းခဲ့ပါတယ္။အထူးသျဖင့္ တိုင္းႏွင့္ ျပည္နယ္ ဝန္ႀကီးခ်ဳပ္မ်ားကို ႏိုင္ငံေတာ္သမၼတက တိုက္႐ိုက္ခန႔္ခြင့္မေပးသည့္ ဥပေဒမူၾကမ္းကို တင္သြင္းတဲ့ ဗိုလ္မႉးခ်ဳပ္ေအာင္စန္းခ်စ္ အပါအဝင္ ကိုယ္စားလွယ္ ၁၄၄ ဦး တင္ျပထားသည့္ ေျခဥျပင္ေရး ဥပေဒမူၾကမ္းကို ၄၅ ဦးေကာ္မတီ၏ ဥပေဒမူၾကမ္းတို႔ႏွင့္ တစ္ၿပိဳင္နက္တည္း ယွဥ္တြဲ၍ ျပင္ဆင္သည့္ ဥပေဒမူၾကမ္းတစ္ရပ္အျဖစ္ တင္သြင္းဖို႔ မဲခြဲဆုံးျဖတ္တဲ့အခါနဲ႔ ကာလုံ၏ လုပ္ပိုင္ခြင့္ကို ေဘာင္ခ်ဲ႕မည့္ ႀကံ့ခိုင္ေရး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းသန္းႏိုင္ တင္သြင္းေသာ ေျခဥျပင္ေရး ဥပေဒမူၾကမ္းကို ေဆြးေႏြးရာေတြမွာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ားနဲ႔ ျပည္သူက ေ႐ြးေကာက္ထားသည့္ အန္အယ္လ္ဒီ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအၾကား အျပန္အလွန္ကန႔္ကြက္မႈေတြက အမ်ားျပည္သူအတြက္ သတိထားေစာင့္ၾကည့္စရာျဖစ္ခဲ့ပါတယ္။

ေထာက္ခံမဲ ၃၅၀ နီးပါး၊ ကန႔္ကြက္မဲ ၂၀၀ နီးပါးနဲ႔ ဗိုလ္မႉးခ်ဳပ္ေအာင္စန္းခ်စ္ အပါအဝင္ ကိုယ္စားလွယ္ ၁၄၄ ဦး တင္ျပထားတဲ့ ေျခဥျပင္ေရး ဥပေဒမူၾကမ္းကို ၄၅ ဦးေကာ္မတီ၏ ဥပေဒမူၾကမ္းနဲ႔ အတူတြဲတင္ဖို႔  ယခုရက္သတၱပတ္ က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ အတည္ျပဳခဲ့ၿပီး ကာလုံ၏ လုပ္ပိုင္ခြင့္ကို ေဘာင္ခ်ဲ႕မည့္ ႀကံ့ခိုင္ေရး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းသန္းႏိုင္ တင္သြင္းေသာ ေျခဥျပင္ေရး ဥပေဒမူၾကမ္းကို ယခုရက္သတၱပတ္ ေဆြးေႏြးရာမွာေတာ့ လႊတ္ေတာ္နာယကမွ မိုက္မေပးေတာ့သည့္အထိ  ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးႏွင့္ ပတ္သက္ၿပီး တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ အာဏာရ အန္အယ္လ္ဒီပါတီ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားၾကား အျပန္အလွန္ကန႔္ကြက္မႈေတြ မ်ားခဲ့ပါတယ္။

လႊတ္ေတာ္အစည္းအေဝးမွာ NLD အမတ္ေတြဘက္က သုံးႏႈန္းသည့္  “အာဏာရွင္ေခတ္ လက္ထက္က”၊ "ဘယ္ေလာက္ထိ႐ိုးသားၿပီး ေစတနာေကာင္းနဲ႔ ေဆာင္႐ြက္ခဲ့တာ ဟုတ္ရဲ႕လားဆိုတာကို သံသယျဖစ္မိေၾကာင္း တင္ျပလိုပါတယ္" စတဲ့ စကားရပ္ေတြကို တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြဘက္က ကန္႔ကြက္ခဲ့ၿပီး တပ္မေတာ္သား ကိုယ္စားလွယ္ေတြဘက္က သုံးႏႈန္းသည့္ ‘ဒီမိုကေရစီ အႏိုင္က်င့္’၊ ‘မေရာင္ရာဆီလူးေနရင္၊ ေဝ့လည္ေၾကာင္ပတ္လုပ္ေနရင္၊ ဘာေၾကာင့္ သေဝထိုးေနရတာလဲ’ စသည့္ စကားရပ္ေတြကို NLD အမတ္ေတြဘက္က ကန႔္ကြက္ခဲ့ပါတယ္။

လႊတ္ေတာ္သက္တမ္းတစ္ေလွ်ာက္ ကန႔္ကြက္မႈအမ်ားဆုံးျဖစ္ခဲ့သလို အမ်ားျပည္သူၾကား မွတ္မွတ္သားသားျဖစ္ခဲ့တဲ့  "ႏိုင္ငံ့လူဦးေရ ၇၀ ရာခိုင္ႏႈန္းေက်ာ္က ဖြဲ႕စည္းပုံအေျခခံဥပေဒကို တိတိက်က်သိတာ မဟုတ္ပါဘူး၊ သတၱိရွိရွိျပင္မယ္ဆိုရင္ ၃၇၆၅ ခ်က္ထဲက ထုတ္ႏႈတ္ၿပီး ျပင္ဆင္လိုတဲ့အခ်က္ေတြကို တည္ဆဲဥပေဒေတြနဲ႔အညီ လႊတ္ေတာ္ကိုတင္လိုက္ပါ" ဆိုသည့္ ေဆြးေႏြးမႈေတြကလည္း အမ်ားျပည္သူၾကား သတိထားမိတဲ့ စကားေတြ ျဖစ္ခဲ့ပါတယ္။

ယခုက်င္းပတဲ့ လႊတ္ေတာ္အစည္းအေဝးေတြမွာဘဲ အေမရိကန္ေဒၚလာ ၇ သိန္းေက်ာ္ တန္ဖိုးရွိ က်ည္ကာေမာ္ေတာ္ယာဥ္ ၆ စီး ဝယ္ယူဖို႔ အထူးကုန္စည္ခြန္ႏွင့္ ကုန္သြယ္လုပ္ငန္းခြန္တို႔ကို ကင္းလြတ္ခြင့္ေပးဖို႔ အစိုးရက ျပည္ေထာင္စုလႊတ္ေတာ္ကို တင္ခဲ့ပါတယ္။

ယခုက်င္းပခဲ့တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ လႊတ္ေတာ္နာယကျဖစ္သူက တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးရဲ႕ လႊတ္ေတာ္တြင္း ေဆြးေႏြးမႈေတြက ဥပေဒႏွင့္မညီလို႔ လႊတ္ေတာ္ကိုယ္စားလွယ္၏ ဂုဏ္သိကၡာကို ငဲ့ညႇာေသာအားျဖင့္  နာယကအေနျဖင့္ စိတ္ရွည္သည္းခံေနရတယ္ဆိုတာကို ေျပာခဲ့ၿပီး ျပင္ဆင္ခ်က္ ၃၇၆၅ ခ်က္ရွိတဲ့ အေျခခံဥပေဒျပင္ဆင္မႈကို ယခုလႊတ္ေတာ္သက္တမ္းအတြင္း ၿပီးေျမာက္ေအာင္လုပ္သြားမယ္လို႔ ေျပာခဲ့ပါတယ္။

အေျခခံဥပေဒကို ျပင္ဆင္ဖို႔ဆိုတာ အာဏာရပါတီအတြက္ မလြယ္တဲ့အေနအထားရွိေနလို႔ ျပင္ဆင္ဖို႔ ႀကိဳးစားရာမွာ ဘာေတြတြန္းတိုက္မႈရွိမလဲ၊ ဘာေတြျဖစ္လာမလဲဆိုတာ ေစာင့္ၾကည့္ရမယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဒီဇင္ဘာ - ၆