【 တစ်ပတ်အတွင်း ပြည်တွင်းသတင်းသုံးသပ်ချက် 】 သတ္တိကြောင်သူတွေ အကြမ်းဖက်လာပြီလား

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်းသုံးသပ်ချက် 】 သတ္တိကြောင်သူတွေ အကြမ်းဖက်လာပြီလား

ယခုရက်သတ္တပတ်အတွင်းဖြစ်လာခဲ့တဲ့ သတင်းတွေထဲမှာ ဗိုင်းရပ်စ်ကူးစက်မှု ပြင်းထန်တဲ့သတင်းတွေနဲ့အတူ ဗိုင်းရပ်စ်ကိုအကြောင်းပြပြီးဖြစ်လာတဲ့ ပဋိပက္ခတွေ၊ ရက်သတ္တပတ် ၄ ပတ်သာ လိုလာတဲ့အချိန်မှာ လူထုထောက်ခံမှုမြင့်မားတဲ့ အာဏာရပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ၊ လူပုဂ္ဂိုလ်တွေကို အကြမ်းဖက်မှုတွေ၊ လူထုကြား စိတ်ဝင်စားမှုမြင့်တက်နေတဲ့ နှင်းဆီပါတီဥက္ကဋ္ဌနဲ့ Music zone ကေတီဗွီသတင်းတွေက ယခုရက်သတ္တပတ်ရဲ့ ထိပ်တန်း စိတ်ဝင်တစားစောင့်ကြည့်ခဲ့ရတဲ့ သတင်းတွေဖြစ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေနဲ့အပြိုင် ဒီတစ်ပတ်ထဲမှာ သတိထားစရာသတင်းတွေဖြစ်ခဲ့တဲ့ လားရှိုးမှာ မူးယစ်ဆေးဝါးဖမ်းဆီးရင်း ပြန်လည်ခုခံလို့ တရားခံတစ်ဦးသေဆုံးခဲ့တဲ့သတင်း၊ ရန်ကုန်မှာ တစ်ရက် ရေလီတာ ၈၁၈ သန်း ပို့ဆောင်မယ့်  ၃၄ ကီလိုမီတာရှိ ရေပေးပို့စနစ်တည်ဆောက်ဖို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ချေးငွေဒေါ်လာ သန်း ၁၈၀ ကို ပံ့ပိုးကူညီမယ့်သတင်း၊ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့လို့ ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင်နှစ်ဦးအား ထောင်နှစ်နှစ်စီ အမိန့်ချခဲ့တဲ့သတင်း၊ လားရှိုးမှာ  မွေးကင်းစ ကလေးငယ်တစ်ဦးကို ရေမြောင်းထဲ သေကြေ‌အောင် စွန့်ပစ်ခဲ့သူတစ်ဦးကို ဖမ်းဆီးရမိခဲ့တဲ့သတင်း၊ ပဲခူး ရှင်စောပုရပ်ကွက်မှာ ငွေတိုးပေးစားတဲ့ အမျိုးသမီးကို စကားများရန်ဖြစ်ပြီး သတ်ဖြတ်မှုဖြစ်ပွားခဲ့တဲ့သတင်း၊ အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှပေးအပ်သော ထောက်ပံ့ကြေး အိမ်ထောင်စု ၂၀၀ ကျော်စာကို အလွဲသုံးစားလုပ်ခဲ့သည့် ရေကြည်မြို့နယ် မိသလင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို အမှုဖွင့်အရေးယူလိုက်တဲ့သတင်း၊ အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့ နေရာကလွဲပြီး ကျန်နယ်မြေတွေမှာ စစ်ရေးလှုပ်ရှားမှု အောက်တိုဘာလကုန်ထိ တပ်ဘက်က ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးလိုက်တဲ့သတင်း၊ ကပ်ရောဂါကာလ ရွှေတိဂုံစေတီရင်ပြင်တော်မှာ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ၉ ရက်တိုင်တိုင် ရွတ်ဆိုပူဇော်လျက်ရှိတဲ့ သတင်းတွေ စတဲ့ စိတ်ဝင်စားစရာ သတင်းတွေကလည်း စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေထဲက ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကို ထိန်းချုပ်ရေးအတွက် ရန်ကုန်မှာလုပ်ဆောင်နေတဲ့ ဆောင်ရွက်မှုတွေနဲပတ်သက်ပြီး ပထမဆုံးတင်ပြချင်ပါတယ်။

ဗိုင်းရပ်စ်ထိန်းချုပ်မှု အလုပ်ဖြစ်နိုင်ပါ့မလား

ရန်ကုန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၀၀ နီးပါးရှိပြီး တစ်နိုင်ငံလုံး ကူးစက်ခံရသူ တစ်သောင်းခွဲကျော်အနက် အများစုက ရန်ကုန်မှာဖြစ်တဲ့အထိ အခြေအနေကဆိုးတဲ့အတွက် ရန်ကုန်ကို တင်းကြပ်တဲ့ Stay at Home အစီအစဉ်ကို စက်တင်ဘာ ၂၁ ရက်ကစပြီး ၂ ပတ်ကြာချခဲ့ပါတယ်။စက်တင်ဘာ ၂၄ ရက်မှာ တင်းပြည်ကျပ်ပြည့် အာဏာသက်ဝင်တဲ့ တင်းကြပ်တဲ့ အိမ်မှာနေအစီအစဉ်ကို ဗိုင်းရပ်စ်ကြောင့် လိုက်နာတဲ့သူများပေမယ့် စောဒကတက်မှုတွေလည်း အမြောက်အမြားရှိခဲ့ပါတယ်။ရန်ကုန်မှာ အဆိုပါနှစ်ပတ်တာကာလအတွင်း ဗိုင်းရပ်စ်ထိတွေ့ကူးစက်မှုကို ရပ်တန့်ဖြတ်တောက်ဖို့အတွက် ကျန်းမာရေးအာဏာပိုင်တွေဘက်က အားစိုက်လုပ်ကိုင်ခဲ့ရာမှာ လုပ်ငန်းရှင်တွေ အများပြည်သူတွေဘက်ကလည်း အားစိုက်ကူညီကြတဲ့အတွက် အတော်လေးကို ထိန်းချုပ်ရာမှာ အလုပ်တွင်လာတာကို တွေ့လာရပါတယ်။

စက်တင်ဘာ ၂၈ ရက် ညမှာ ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ပါမောက္ခ ဒေါက်တာဇော်ဝေစိုး က  Stay at Home အဖြစ် သတ်မှတ်ထားသည့် ကျန်ရှိတဲ့ (၇) ရက်က ရန်ကုန်အတွက် နောက်ဆုံးတိုက်ပွဲဖြစ်လို့ အထူးအရေးကြီးပြီး အားလုံးပါဝင်ဖို့လိုတယ်ဆိုပြီး စက်တင်ဘာ ၂၈ ရက် ညက ရန်ကုန်နေသူတွေကို သတိပေးခဲ့တာရှိပါတယ်။

ဒီကာလတွေမှာ ကူးစက်ခံရသူအရေအတွက် မကျခဲ့ပေမယ့် ယခုဖော်ထုတ်တာက အကုန်လုံးမဟုတ်ခဲ့ရင်တောင် ပိုးစစ်လို့ ပေါ့စတစ်တွေ့တာနဲ့ ထိတွေ့ခဲ့သူတွေ၊ အနံ့ပျောက်သူတွေကိုပါ ‌ခေါ်ယူစောင့်ရှောက်ခဲ့တာဖြစ်လို့ ကူးစက်သူတွေကိုထားဖို့ နေရာအခက်အခဲက အတော်လေးလိုအပ်ချက်များခဲ့ပါတယ်။ဒါ့အပြင် သေဆုံးမှုနူန်းမြင့်တက်လာခဲ့တာကြောင့်လည်း အများပြည်သူအမြင်မှာ အတော်လေးသတိထားပြီး မလိုအပ်ဘဲ အပြင်မထွက်ကျတာက ထိန်းချုပ်မှုကို အတော်လေးကို ထိရောက်ခဲ့ပါတယ်။ရန်ကုန်မှာရှိတဲ့ လုပ်ငန်းရှင်အချို့နဲ့  အများပြည်သူက အရပ်သားအစိုးရရဲ့ ဗိုင်းရပ်စ်ထိန်းချုပ်မှုအတွက် အခက်ခဲဖြစ်တဲ့နေရာတွေ၊ လိုအပ်တဲ့ အသုံးအဆောင်တွေကို ဆက်လက်လှူနေကြတဲ့အတွက် ရောဂါကူးစက်ခံရသူတွေကို ခွဲထုတ်ထားရမယ့်လုပ်ငန်းစဉ်က သိပ်အခက်ခဲမရှိခဲ့ပါဘူး။လူတိုင်းက ကိုယ်နိုင်ရာတာဝန်ကို ယူခဲ့ကြတဲ့အတွက်လည်း ရောဂါထိန်းချုပ်မှုနဲ့ ကုသရေးအပိုင်းက ယခုလက်ရှိအချိန်မှာ အကောင်းဘက်လမ်းစကို မြင်လာရတဲ့အနေအထားဘက် ရောက်လာခဲ့ပါတယ်။

ထုတ်ပြန်တဲ့စာရင်းတွေအရဆိုရင် စက်တင်ဘာ ၂၈ ရက်မှာ ဓာတ်ခွဲနမူနာ စုစုပေါင်း (၅,၅၉၇) မှာ COVID-19 ရောဂါ လူနာသစ် (၈၉၇) ဦးတွေ့ရှိ၊ သေဆုံး​ကိုဗစ်လူနာ ၃၀ ဦး၊ စက်တင်ဘာ ၂၉ ရက်မှာ ဓာတ်ခွဲနမူနာ စုစုပေါင်း (၅,၉၆၂) မှာ COVID-19 ရောဂါ လူနာသစ် (၇၉၅) ဦးတွေ့ရှိ၊ သေဆုံး​ကိုဗစ်လူနာ ၂၈ ဦး၊ စက်တင်ဘာ ၃၀ ရက်မှာ ဓာတ်ခွဲနမူနာ စုစုပေါင်း (၆၂၆၂) မှာ COVID-19 ရောဂါ လူနာသစ် (၉၄၆) ဦးတွေ့ရှိ၊ သေဆုံး​ကိုဗစ်လူနာ ၂၆ ဦး၊ အောက်တိုဘာ ၁ ရက်မှာ ဓာတ်ခွဲနမူနာ စုစုပေါင်း (၅,၃၅၂) မှာ COVID-19 ရောဂါ လူနာသစ် (၁၀၁၀) ဦးတွေ့ရှိ၊ သေဆုံး​ကိုဗစ်လူနာ ၁၁ ဦး၊ အောက်တိုဘာ ၂ ရက်မှာ ဓာတ်ခွဲနမူနာ စုစုပေါင်း (၆၈၉၅)မှာ COVID-19 ရောဂါ လူနာသစ် (၁၁၄၂) ဦးတွေ့ရှိ၊ သေဆုံး​ကိုဗစ်လူနာ ၃၂ ဦး၊ အောက်တိုဘာ ၃ ရက်မှာ ဓာတ်ခွဲနမူနာ စုစုပေါင်း (၈,၁၉၅) မှာ COVID-19 ရောဂါ လူနာသစ် (၉၇၈) ဦးတွေ့ရှိ၊ သေဆုံး​ကိုဗစ်လူနာ ၁၈ ဦး၊ အောက်တိုဘာ ၄ ရက်မှာ ဓာတ်ခွဲနမူနာ စုစုပေါင်း (၈,၁၀၇) မှာ COVID-19 ရောဂါ လူနာသစ် (၁၂၉၄) ဦးတွေ့ရှိ၊ သေဆုံး​ကိုဗစ်လူနာ ၄၁ ဦးနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

စာရင်းတွေအရဆိုရင် ကူးစက်နူန်းကမြင့်လာတာဆိုပေမယ့် သံသယရှိလို့ စစ်ဆေးရတဲ့အရေအတွက်က အမြင့်ဆုံးမှ ၈၀၀၀ ကျော်သာရှိနေတာကို တွေ့ရသလို ယခင်ကထက် စစ်ဆေးရာမှာမြန်ဆန်တဲ့ Rapid Antigen Diagnostic Test kit တွေနဲ့  ရန်ကုန်တိုင်းအတွင်းထဲက ဆေးရုံကြီးတွေမှာ ဆင်းစစ်ခဲ့တဲ့အတွက် မြန်မြန်ဆန်ဆန်သိပြီး ထိတွေ့သူတွေကို မြန်မြန်လိုက်နိုင်ခဲ့တဲ့အတွက် အရေအတွက်များနေတဲ့သဘောလို့ သုံးသပ်ရပါတယ်။စစ်ဆေးမှုတွေမြန်ဆန်လာတဲ့အတွက် ပိုးတွေ့ရှိသူအရေအတွက် တိုးလာမယ်ဆိုပြီး သုံးသပ်ချက်တွေက အရင်ကတည်းက ထွက်လာခဲ့တာရှိခဲ့ပေမယ့် တစ်ကယ်တမ်း မြန်မြန်ဆန်ဆန် စမ်းသပ်စစ်ဆေးဖို့  Test kit တွေ ရောက်လာခဲ့တဲ့အခါ ထင်သလောက်ဆောင့်တက်ခဲ့တာ မရှိပါဘူး။
ဒါ့အပြင် ပိုးရှိကြောင်း အဓိကသံသယရှိတဲ့ လက္ခဏာဖြစ်တဲ့ အနံ့ပျောက်တဲ့သူတွေကိုပါ Rapid Antigen Diagnostic Test kit တွေနဲ့ပါ စစ်ဆေးခဲ့တဲ့အတွက် ပိုးတွေ့ရှိသူအရေအတွက် တိုးလာသလို ပိုးထိစပ်တာတွေကို ရှာဖွေဖော်ထုတ်ရာမှာ ပိုများလာတာကို တွေ့ရပါတယ်။

ရက်သတ္တပတ်နှစ်ပတ်အတွင်း လူနာသောင်းကျော်နဲ့ သေဆုံး သူ ၃၀၀ ကျော်ရှိခဲ့ပေမယ့် မဖြစ်မနေဖြတ်သန်းရတဲ့ ကိုဗစ်ဒုတိယလှိုင်းကို ရန်ကုန်အနေနဲ့ အထိအခိုက်များစွာနဲ့ Dead Zone ထဲကနေ စထွက်နေပြီလို့ အများစုက ယူဆနေကြပါတယ်။တစ်ကယ်ကော ရန်ကုန်က Dead Zone ကနေ စထွက်နေပြီလား။ဒါမသေချာသေးပါဘူး။ရန်ကုန်မှာ ကိုဗစ်ဒုတိယလှိုင်းကို ကျန်းမာရေးအပိုင်းကနေ ဦးဆောင်ကွပ်ကွဲသူလို့ သိထားတဲ့ ကျန်းမာရေးပညာရှင် ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး က နောင်မှာ ပိုးတွေ့လူနာတွေကို အိမ်မှာဘဲထားပြီး ကုသစောင့်ရှောက်မယ့်ပုံစံကို ပြောင်းဖို့စီစဉ်နေတယ်ဆိုပြီး ပြောခဲ့တာရှိပါတယ်။ဒါဟာ ပိုးတွေ့လူနာတွေ ပိုများလာနိုင်တယ်ဆိုတာ  ယူဆနိုင်သလို တခြားတစ်ဘက်ကလည်း ကြာလာရင် နိုင်ငံ့ကျန်းမာရေးစနစ်အပေါ် ဝန်ပိလာနိုင်တဲ့အတွက် နိုင်ငံတကာမှာကျင့်သုံးနေတဲ့ စနစ်အတိုင်းကျင့်သုံးဖို့ ဆုံးဖြတ်တာဖြစ်လို့ မှန်ကန်တဲ့အလုပ်ဖြစ်လို့ အလားအလာက နောက်ပိုင်းမှာ ဒီရောဂါကို ထိန်းချုပ်နိုင်မယ်ဆိုတဲ့ ယူဆလို့ရတဲ့ အနေအထားပါဘဲ။

လက်ရှိမှာ ခက်ခဲနေတာက နှစ်ပတ်ကြာ တင်းကြပ်တဲ့ Stay at Home ကို အောက်တိုဘာ ၈ ရက်မှာ ပြန်ဖြည်ရမှာဖြစ်တဲ့အတွက် ဒီလိုပြန်ဖြည်ရင် လူတွေထွက်လာလို့ ယခုထိလိုက်ကောက်ပြီး ဖြတ်ချထားတဲ့ ဗိုင်းရပ်စ်ထိတွေ့မှုရလဒ်က သဲထဲရေသွန်သလို ဖြစ်သွားမလားဆိုတာနဲ့ မဖြည်ပြန်ရင်လဲ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရနိုင်မှု၊ အထူးသဖြင့် လူဦးရေ ၇ သန်းကျော်မှာ အောက်ခြေလူတန်းစားက ထက်ဝက်မကရှိတဲ့အတွက် ကြာရှည်လာတဲ့ ဝင်ငွေမဲ့မှု၊ အလုပ်အကိုင်မရှိမှုတွေကို ကိုင်တွယ်နိုင်ပါမလားဆိုတာ ထည့်တွက်စရာပါ။သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ ယနေ့ကနေစပြီး ရန်ကုန်တိုင်းဒေသကြီးအား Complete Lockdown ပြုလုပ်ဖို့ မရှိသေးဘူးလို့ ပြောခဲ့ပါတယ်။

ကိုဗစ်ဒုတိယလှိုင်းမှာ ရန်ကုန်က တိုက်ပွဲမှာ ရှုံးလား/နိုင်လား၊ အနိုင်ရဖိုအတွက် ရန်ကုန်က ဘာတွေရင်းလိုက်ရမှာလဲ၊ အများတကာတွေကျင့်သုံးသလို လော့ခ်ဒေါင်းချတဲ့နည်းတွေ မကျင့်သုံးဘဲ နော်ဝေလို ဗိုင်းရပ်စ်နဲ့အတူ ယှဉ်တွဲနေထိုင်တဲ့ နည်းလမ်းကျင့်သုံးပြီး သတိထားပြီး တိုက်ပွဲကိုဖြတ်ကျော်မလား။ ရန်ကုန်ကလူတွေ နေ့စဉ် နေထိုင်စားသောက်ဖို့အတွက် ခဲရာခဲဆစ်ရုန်းကန်နေရတာ ၇ လပြည်တော့မှာမို့ ကူးစက်ကပ်ရောဂါအတွက် တောင့်ခံနိုင်မှုက အကန့်အသတ်ရှိနေပါပြီ။ဘယ်နည်းပဲဆုံးဖြတ်ဆုံးဖြတ် တစ်ခုသတိထားဖို့ရှိတာက အောက်ခြေလူတန်းစားတွေ ဝမ်းစာအတွက် လမ်းပေါ်တက်လာနိုင်မှုပါဘဲ။ဒါကိုသတိထားရမှာဖြစ်ပါတယ်။

ပြင်းထန်လာတဲ့ မဲဆွယ်ပွဲနောက်ဂယက်

ရွေးကောက်ပွဲနီးကပ်လာချိန် မြင်ရတဲ့အနေအထားရဆိုရင် လက်ရှိအာဏာရပါတီက လူထုထောက်ခံမှုကို မြင့်မြင့်မားမားရထားတဲ့ အနေအထားပါ။နယ်တွေမှာ ပါတီကြီးနှစ်ခုဖြစ်တဲ့ အာဏာရပါတီနှင့် ယခင်စစ်အစိုးရကို ဆက်ခံခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီတို့ဘဲ အဓိကအကြိတ်အနယ်ပုံစံဖြစ်နေပေမယ့် လတ်တလော အများပြည်သူထောက်ခံမှုရထားတဲ့ အာဏာရပါတီနဲ့ပတ်သက်တဲ့ မဲဆွယ်ဆိုင်းဘုတ်တွေကို ဖျက်ဆီးခံရမှုတွေ၊ အာဏာရပါတီနဲ့ ပတ်သက်တဲ့သူတွေ ထောက်ခံတဲ့သူတွေကို ပြဿနာအလုပ်ခံနေရတာတွေကြောင့် ဘယ်ပါတီကို မဲထည့်ရမလဲဆိုတာကို တွေဝေနေတဲ့သူတွေနဲ့ လက်ရှိအာဏာရပါတီလက်ထက် အစိုးရလုပ်ဆောင်ချက်တွေကို သဘောမတွေ့ခဲ့သူတွေပါ မတရားမှုကိုမကြိုက်တဲ့အတွက် အာဏာရပါတီဘက်ကို စိတ်ပြန်လည်လာနိုင်စေတဲ့ အနေအထားပါဘဲ။

ပြင်းထန်လာတဲ့ ကိုဗစ်ဒုတိယလှိုင်းက ရန်ကုန်မှာသာပြင်းထန်နေပေမယ့် နယ်တွေမှာက အတော်လေးဖြစ်ပွားမှုနည်းပါးနေပါသေးတယ်။ကူးစက်ခံရသူ တစ်သောင်းခုနှစ်ထောင်ကျော်မှာ ၉၀ ရာခိုင်နူန်းနီးပါးက ရန်ကုန်ကဖြစ်သလို သေဆုံးမှုကလည်း ရန်ကုန်ကပါ။ဒါကြောင့်လည်း ရန်ကုန်နဲ့ Stay at Home လုပ်ထားတဲ့ နယ်မြို့ အရပ်ဒေသအချို့ကလွဲပြီး အရပ်ဒေသအားလုံးမှာ မျက်စိနောက်လောက်အောင် ပါတီထောက်ခံပွဲတွေ ခြိမ့်ခြိမ့်သဲလုပ်ခဲ့တာကို တွေ့ရပါတယ်။ဒါဟာ ကျန်းမာရေးအမြင်နဲ့ဆိုရင် ကူးစက်ကပ်ရောဂါကို ဖိတ်ခေါ်သလိုပါဘဲ။ဒါကြောင့်လည်း ပါတီကြီးနှစ်ခုစလုံးက ဒီလို လူစူလူဝေးနဲ့မလှည့်လည်ဖို့ စာထုတ်မေတ္တာရပ်ခံခဲ့ပေမယ့် ထောက်ခံပွဲတွေက စာထုတ်ပြီး နောက်ရက်တွေမှာဘဲ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ လှည့်လည်ထောက်ခံပွဲတွေ ဖြစ်ခဲ့တဲ့အထိ လိုက်နာမှုအားနည်းခဲ့ပါတယ်။

တားမရဆီးမနိုင်ဆိုသလိုဖြစ်ရတဲ့ ထောက်ခံပွဲတွေမှာ ပါတီကိုထောက်ခံသူတွေကြား နောက်ခံအကြောင်းတွေရှိသလို တစ်ဘက်နဲ့ တစ်ဘက် မကြေလည်မှုတွေရှိတဲ့အတွက်လည်း ဒီရွေးကောက်ပွဲက ယခင်က ပြည်သူကိုအနိုင်ကျင့်ပြီး မြေသိမ်းယာသိမ်း၊ လာဘ်စား အာဏာအလွဲသုံးစားလုပ်ပြီး လုပ်ချင်တာလုပ်ခဲ့တဲ့သူတွေအတွက်လည်း နောက်ဒီလိုလုပ်ခွင့်မရနိုင်တဲ့ စနစ်တစ်ခု အသက်ဝင်လာတော့မှမို့ စနစ်ကိုဖျက်ဖို့ ရှိသမျှအင်အားအကုန်သုံးပြီး နောက်ဆုံးရုန်းကန်ကြနေလို့ ယခုမဲဆွယ်ပွဲတွေက ပါတီအားပြိုင်မှုမဟုတ်ဘဲ စနစ်အားပြိုင်မှုဖြစ်နေလို့  ပြင်းထန်နေရခြင်းလည်းဖြစ်ပါတယ်။ဒီအတွက် အကြမ်းဖက်မှုတွေဆက်တိုက် ဒီရက်ပိုင်းမှာတွေ့လာရပါတယ်။

ပါတီနှစ်ခုစလုံးက ဒီကာလမှာ လူစုလူဝေးနဲ့ ထောက်ခံအားပေးတာကိုမလုပ်ဖို့ စာထုတ်ခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအောင်နိုင်ရေးကော်မတီက အောက်တိုဘာ ၃ ရက် နေ့စွဲနဲ့ ယာဉ်အမျိုးမျိုးကိုအသုံးပြု၍ အင်အားပြသမှုတွေက လူစုလူဝေးအသွင်ပေါ်ပေါက်သွားနိုင်သလို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းများကို သွေဖယ်သွားနိုင်လို့ ပြည်သူအချို့၏ဝေဖန်မှုကို ဖြစ်ပေါ် စေနိုင်တဲ့အတွက် ပြည်သူလူထု၏ ကျန်းမာရေးကိုရှေ့ရှုပြီး COVID-19 စည်းမျဉ်းစည်းကမ်းနှင့်အညီဖြစ်စေရန် ယာဉ်အမျိုးမျိုးဖြင့် စုဝေးလှည့်လည် အင်အားပြခြင်းများကို ယာယီဆိုင်းငံ့ထားဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။အဆိုပါရက်မှာဘဲ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက ပါတီဝက်ဘ်ဆိုက်ကနေ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်များ ဝန်းရံအားပေးသူများ၊ အားပေးထောက်ခံကြသူများ အားလုံးကိုလည်း ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းများကို နိုင်ငံကြီးသားပီသစွာ လိုက်နာစောင့်ထိန်းကြဖို့ အနူးအညွတ်ပန်ကြားပါတယ်ဆိုပြီး မေတ္တာရပ်ခံခဲ့ပါတယ်။

ပါတီနှစ်ရပ်လုံးခေါင်းဆောင်တွေက ဒီလိုမေတ္တာရပ်ခံပေမယ့် အဲဒီရက် နံနက်ပိုင်းမှာဘဲ ရပ်ကွက်ကျေးရွာများအတွင်း ပြည်ခိုင်ဖြိုးပါတီ ဝန်းရံထောက်ခံသူတွေက မော်တော်ယာဉ်၊ ဆိုင်ကယ်များဖြင့် လူအင်အားထောင်ချီနဲ့ လှည့်လည်စည်းရုံးခြင်းများ ဆောင်ရွက်ခဲ့ကြသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထောက်ခံဝန်းရံသူတွေက နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ပေါ်မှာ ကား၊ ဆိုင်ကယ် အစီးရေရာနှင့်ချီ၍ လူထောင်ချီလှည့်လည်ထောက်ခံ အင်အားပြခဲ့ကြပါတယ်။အစိုးရရုံးစိုက်ရာ ပါတီရုံးစိုက်ရာမြို့မှာတောင် တားလို့မရရင် အခြားဒေသတွေမှာဆိုရင် ယခုလို ပါတီထောက်ခံအင်အားပြမှုတွေကို တားလို့မရတာ၊ မေတ္တာရပ်ခံလို့မရတာ အဆန်းမဟုတ်ပါဘူး။ဒါကြောင့် လည်း ယခုရက်ပိုင်းမှာ ပါတီတွေထောက်ခံဝန်းရံသူတွေက ကိုဗစ်ကြောင့် စည်းရုံးဟောပြောခွင့်မရတဲ့အတွက် လှည့်လည်ဝန်းရံတာတွေ လုပ်ခဲ့တာတွေကို တွေ့ခဲ့ရပါတယ်။ဒီလိုလှည့်လည်ထောက်ခံ အင်အားပြတာကနေ တစ်ဘက်နဲ့ တစ်ဘက် ပွတ်တိုက်မှုတွေ၊ ပဋိပက္ခတွေ ဖြစ်တာတွေရှိသလို ဆက်တိုက်ဆိုသလို အာဏာရပါတီကို တိုက်ခိုက်မှုတွေကလည်း အကြောင်းပြချက်အမျိုးမျိုးနဲ့ ပေါ်ပေါက်လာခဲ့ပါတယ်။ဒါက ရွေးကောက်ပွဲကိုအကြောင်းပြုပြီး ဖြစ်လာတာမို့လို့ နိုင်ငံတကာမှာ ဒါဟာ အကြမ်းဖက်မှုထဲ အကျုံးဝင်နေပါတယ်။

မကြာခဏဆိုသလို ပါတီမဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာတွေများလာသလို အောက်တိုဘာ ၄ ရက်က  မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်ထဲက ကန်နီကျေးရွာမှာ မင်းမဲ့စရိုက်ဆန်ဆန် NLD အလုပ်အမှုဆောင် နေအိမ်ကို လူအုပ်စုနဲ့ ဖျက်ဆီးခဲ့တာတွေအထိ ဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး NLD ပါတီ အောင်နိုင်ရေးသီချင်းဖွင့်လို ရွာကမခံနိုင်လို့ဆိုတဲ့ ပုံစံမျိုးဖော်လာခဲပေမယ့် လာရောက်ဟန့်တားဖျက်ဆီးတဲ့သူတွေက ရပ်သိရွာသိ ပြိုင်ဘက်ပါတီကို အားပေးထောက်ခံသူတွေဖြစ်နေတာ၊ လာတားစဉ်ကတည်းက ရန်ပြုဖို့ လက်နက်ကိုင်ဆောင်လာတာတွေကြောင့် ထင်ရှားတဲ့ ရန်လိုမှုတွေပါဘဲ။ဒီလောက်ထိ သူတို့မလိုလားဖြစ်နေရတာလဲ။ရန်လိုနေရတာလဲဆိုတာ စဉ်းစားစရာ သတိထားစရာပါ။ဒီလိုသူတွေက မင်းမဲ့စရိုက်ဆန်ဆန် လူရာနဲ့ချီကာ စုလူဝေးလူဝေးပြုပြီး လာထိန်းတဲ့ရဲကို ရန်ပြုတဲ့အပြင်  NLD အလုပ်အမှုဆောင်မိသားစုကို ကယ်ထုတ်ရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူးယာဥ်နဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးယာဉ်တွေလည်း ရန်လုပ်ဖျက်ဆီးခဲ့တဲ့အထိ အတင့်ရဲခဲ့ကြတဲ့အတွက် နောက်ကွယ်မှာ ဘာတွေကအမာခံရှိနေလို့ လုပ်ရဲတာလဲဆိုတာ စဉ်းစားချင်စရာပါ ဒီလူစုလူဝေးက  ရန်ပြုခံရသူနေအိမ်ကိုလည်း မိုလိုတော့ဗ်လို့ခေါ်တဲ့ ပုလင်းထဲ လောင်စာဆီထည့်ပြီး ပစ်ပေါက်မီးရှို့တဲ့ လက်လုပ်ဗုံးတွေကို သုံးခဲ့တာတွေကြောင့် နေအိမ်တွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ ဖျက်ဆီးခံခဲ့ရတယ် ဆိုပါတယ်။ဒါအတော်လေးကြောက်စရာပါ။လက်ရှိမှာတော့ အခင်းဖြစ်ရပ်မှာ ပါဝင်သူ (၃၃) ယောက်ကို ရဲစခန်းမှာအမှုဖွင့်ထားသလို ပြည်သူ့ပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆ (၁) နဲ့လည်း အမှုဖွင့်အရေးယူထားတယ် ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့် က ယခုဖြစ်ရပ်နဲ့ပတ်သက်ကာ ရှုတ်ချခဲ့ပြီး ရွေးကောက်ပွဲနီးသည်နှင့်အမျှ အကြမ်းဖက်မှုများ ပိုမိုပြုလုပ်လာတာ သတ္တိရှိတာမဟုတ်ဘဲ သတ္တိကြောင်တာလို့ပြောခဲ့သလို ကျူးလွန်ခံရသူပါတီဝင်ကို  ရန်ကိုရန်ချင်းမတုံ့နှင်းဖို့နဲ့ တရားဥပဒေအတိုင်းပဲဆောင်ရွက်ဖို့ မှာထားခဲ့တယ် ဆိုပါတယ်။ဒီဖြစ်ရပ်မတိုင်ခင် စက်တင်ဘာလထဲမှာ မိထ္ထီလာဘ ညောင်ကိုင်းကျေးရွာက NLD ပါတီ အောင်နိုင်ရေးသီချင်းဖွင့်ထားတဲ့ အိမ်ကို ခဲနဲ့ပေါက်တာ၊ ခြံအတွင်း၀င်ရောက်ဖျက်ဆီးခြင်းတို့ ဖြစ်ပွားခဲ့ပါသေးတယ်။

ရွေးကောက်ပွဲက နီးလာပါပြီ ပညာရေးအခြေခံနည်းတဲ့ နယ်တွေမှာပြုလုပ်တဲ့ ပါတီမဲဆွယ်ပွဲတွေ၊ စီတန်းလှည့်လည်အင်အားပြပွဲတွေက ဒေသတွင်းမှာ အကြမ်းဖက်မှုကိုဦးတည်စေတဲ့ ပဋိပက္ခတွေဖြစ်ပွားဖို့ အလားအလာများနေသလို သက်ဆိုင်ရာဥပဒေအဖွဲ့အစည်းတွေအနေနဲ့လည်း တစ်ကယ်ဖြစ်လာရင် ကျူးလွန်ခံရသူ မည်သည့်ပါတီဝင်ကိုမဆို လောက်လောက်လားလား ကာကွယ်ပေးဖို့ အခက်အခဲရှိတယ်ဆိုတာကို ယခုဖြစ်ရပ်က ပြခဲ့ပါတယ်။ဒါဟာ ဆိုးဝါးတဲ့စနစ်တစ်ခု ရာစုနှစ်ဝက်ကြာ ဖြစ်ထွန်းခဲ့ခြင်းကြောင့်ဘဲဖြစ်ပြီး တရားဥပဒေဖြစ်ထွန်းအောင် အကောင်အထည်ဖော်နေရတဲ့သူတွေကိုယ်တိုင် အကြမ်းဖက်ခံနေရတဲ့အဖြစ်က မဖြစ်သင့်တဲ့အရာပါ။ဒီအတွက် ပြည်သူတွေအနေနဲ့  အနာဂတ်မှာ လက်နက်အားကိုးတဲ့စနစ်ကို ပြန်ရွေးသင့်လား၊ မရွေးသင့်လားဆိုတာကို အဖြေထုတ်လိုက်သလိုပါဘဲ။

တော်လှန်ရေးတွေ သေကြေမှုများလွန်းတဲ့ ဆန္ဒပြမှုတွေဖြစ်လာတာ မတရားလုပ်နေပေမယ့် လက်နက်ကိုင်ထားလို့ ငုံ့ခံခဲ့ရတဲ့ဘ၀ကို မခံနိုင်လို့ပါ။ယခုတလောဖြစ်နေတဲ့ ပြည်တွင်းဖြစ်ရပ် အတော်များများကိုကြည့်ရင်  လက်နက်အားကိုးနဲ့ မတရားအနိုင်ကျင့်တတ်တဲ့သူတွေ အားကောင်းနေဆဲဆိုတာ၊ တစ်ကျော့ပြန်အာဏာရဖို့ မီးကုန်ယမ်းကုန် ကြိုးစားနေကြတယ်ဆိုတာ၊ ချော့တစ်ခါခြောက်တစ်လှည့် ပြည်သူကိုလုပ်နေတယ်ဆိုတာ မြင်ရမှာဖြစ်ပါတယ်။ပြည်သူအတွက် အဆုံးအဖြတ်ကာလကိုရောက်နေပါပြီ။အာဏာရှင်တွေ ကျော့ကွင်းထဲကနေ မြန်မာပြည်ကို  အပြီးကယ်တင်နိုင်ဖို့ ဒီတစ်ခါသာအားစိုက်လိုက်ရင် လွတ်ပါမယ်။ဒီတစ်ခါသာတွေဝေရင် နောင်ဘယ်အချိန်မှလွတ်မယ်ဆိုတာ မပြောနိုင်တော့ပါဘူး။သေချာတာက ရာစုနှစ်အထိ အကြောက်တရားအောက် အားလုံးပြားပြားဝပ် ပြန်ရောက်ပါလိမ့်မယ်။အကြောက်တရားတွန်းလှန်ဖို့  ပြည်သူတွေ ဘယ်လောက်ညီညွတ်မလဲဆိုတာ လာမည့်ရက်တွေမှာ မြင်ရလာနိုင်တဲ့ အကြမ်းဖက်မှုတွေကို ဘယ်လောက်ဉာဏ်ပညာသတိနဲ့တိမ်းရှောင်ပြီး နိုဝင်ဘာ ၈ ရက်အထိ လျှောက်ကြမလဲဆိုတာ အဖြေပါ။ဒီအတွက် စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

မာလင်း
အောက်တိုဘာ - ၅

( Zawgyi )

ယခုရက္သတၱပတ္အတြင္းျဖစ္လာခဲ့တဲ့ သတင္းေတြထဲမွာ ဗိုင္းရပ္စ္ကူးစက္မႈ ျပင္းထန္တဲ့သတင္းေတြနဲ႔အတူ ဗိုင္းရပ္စ္ကိုအေၾကာင္းျပၿပီးျဖစ္လာတဲ့ ပဋိပကၡေတြ၊ ရက္သတၱပတ္ ၄ ပတ္သာ လိုလာတဲ့အခ်ိန္မွာ လူထုေထာက္ခံမႈျမင့္မားတဲ့ အာဏာရပါတီရဲ႕ မဲဆြယ္ဆိုင္းဘုတ္ေတြ၊ လူပုဂၢိဳလ္ေတြကို အၾကမ္းဖက္မႈေတြ၊ လူထုၾကား စိတ္ဝင္စားမႈျမင့္တက္ေနတဲ့ ႏွင္းဆီပါတီဥကၠ႒နဲ႔ Music zone ေကတီဗြီသတင္းေတြက ယခုရက္သတၱပတ္ရဲ႕ ထိပ္တန္း စိတ္ဝင္တစားေစာင့္ၾကည့္ခဲ့ရတဲ့ သတင္းေတြျဖစ္ခဲ့ပါတယ္။

ဒီလိုသတင္းေတြနဲ႔အၿပိဳင္ ဒီတစ္ပတ္ထဲမွာ သတိထားစရာသတင္းေတြျဖစ္ခဲ့တဲ့ လားရႈိးမွာ မူးယစ္ေဆးဝါးဖမ္းဆီးရင္း ျပန္လည္ခုခံလို႔ တရားခံတစ္ဦးေသဆုံးခဲ့တဲ့သတင္း၊ ရန္ကုန္မွာ တစ္ရက္ ေရလီတာ ၈၁၈ သန္း ပို႔ေဆာင္မယ့္  ၃၄ ကီလိုမီတာရွိ ေရေပးပို႔စနစ္တည္ေဆာက္ဖို႔ အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) က ေခ်းေငြေဒၚလာ သန္း ၁၈၀ ကို ပံ့ပိုးကူညီမယ့္သတင္း၊ စစ္ဆန႔္က်င္ေရးလႈပ္ရွားမႈတြင္ ပါဝင္ခဲ့လို႔ ဗကသမ်ားအဖြဲ႕ခ်ဳပ္ ဗဟိုအမႈေဆာင္အဖြဲ႕ဝင္ႏွစ္ဦးအား ေထာင္ႏွစ္ႏွစ္စီ အမိန႔္ခ်ခဲ့တဲ့သတင္း၊ လားရႈိးမွာ  ေမြးကင္းစ ကေလးငယ္တစ္ဦးကို ေရေျမာင္းထဲ ေသေၾက‌ေအာင္ စြန႔္ပစ္ခဲ့သူတစ္ဦးကို ဖမ္းဆီးရမိခဲ့တဲ့သတင္း၊ ပဲခူး ရွင္ေစာပုရပ္ကြက္မွာ ေငြတိုးေပးစားတဲ့ အမ်ိဳးသမီးကို စကားမ်ားရန္ျဖစ္ၿပီး သတ္ျဖတ္မႈျဖစ္ပြားခဲ့တဲ့သတင္း၊ အေျခခံလူတန္းစားမ်ားအတြက္ ႏိုင္ငံေတာ္မွေပးအပ္ေသာ ေထာက္ပံ့ေၾကး အိမ္ေထာင္စု ၂၀၀ ေက်ာ္စာကို အလြဲသုံးစားလုပ္ခဲ့သည့္ ေရၾကည္ၿမိဳ႕နယ္ မိသလင္ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးကို အမႈဖြင့္အေရးယူလိုက္တဲ့သတင္း၊ အၾကမ္းဖက္အဖြဲ႕အစည္းေတြရွိတဲ့ ေနရာကလြဲၿပီး က်န္နယ္ေျမေတြမွာ စစ္ေရးလႈပ္ရွားမႈ ေအာက္တိုဘာလကုန္ထိ တပ္ဘက္က ထပ္မံတိုးျမႇင့္ရပ္ဆိုင္းေပးလိုက္တဲ့သတင္း၊ ကပ္ေရာဂါကာလ ေ႐ႊတိဂုံေစတီရင္ျပင္ေတာ္မွာ အသံမစဲ မဟာပ႒ာန္း႐ြတ္ဖတ္ပူေဇာ္ပြဲကို ၉ ရက္တိုင္တိုင္ ႐ြတ္ဆိုပူေဇာ္လ်က္ရွိတဲ့ သတင္းေတြ စတဲ့ စိတ္ဝင္စားစရာ သတင္းေတြကလည္း စိတ္ဝင္စားစရာျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြထဲက ပထမဆုံး ကို႐ိုနာဗိုင္းရပ္စ္ ဒုတိယလႈိင္းကို ထိန္းခ်ဳပ္ေရးအတြက္ ရန္ကုန္မွာလုပ္ေဆာင္ေနတဲ့ ေဆာင္႐ြက္မႈေတြနဲပတ္သက္ၿပီး ပထမဆုံးတင္ျပခ်င္ပါတယ္။

ဗိုင္းရပ္စ္ထိန္းခ်ဳပ္မႈ အလုပ္ျဖစ္ႏိုင္ပါ့မလား

ရန္ကုန္မွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၄၀၀ နီးပါးရွိၿပီး တစ္ႏိုင္ငံလုံး ကူးစက္ခံရသူ တစ္ေသာင္းခြဲေက်ာ္အနက္ အမ်ားစုက ရန္ကုန္မွာျဖစ္တဲ့အထိ အေျခအေနကဆိုးတဲ့အတြက္ ရန္ကုန္ကို တင္းၾကပ္တဲ့ Stay at Home အစီအစဥ္ကို စက္တင္ဘာ ၂၁ ရက္ကစၿပီး ၂ ပတ္ၾကာခ်ခဲ့ပါတယ္။စက္တင္ဘာ ၂၄ ရက္မွာ တင္းျပည္က်ပ္ျပည့္ အာဏာသက္ဝင္တဲ့ တင္းၾကပ္တဲ့ အိမ္မွာေနအစီအစဥ္ကို ဗိုင္းရပ္စ္ေၾကာင့္ လိုက္နာတဲ့သူမ်ားေပမယ့္ ေစာဒကတက္မႈေတြလည္း အေျမာက္အျမားရွိခဲ့ပါတယ္။ရန္ကုန္မွာ အဆိုပါႏွစ္ပတ္တာကာလအတြင္း ဗိုင္းရပ္စ္ထိေတြ႕ကူးစက္မႈကို ရပ္တန႔္ျဖတ္ေတာက္ဖို႔အတြက္ က်န္းမာေရးအာဏာပိုင္ေတြဘက္က အားစိုက္လုပ္ကိုင္ခဲ့ရာမွာ လုပ္ငန္းရွင္ေတြ အမ်ားျပည္သူေတြဘက္ကလည္း အားစိုက္ကူညီၾကတဲ့အတြက္ အေတာ္ေလးကို ထိန္းခ်ဳပ္ရာမွာ အလုပ္တြင္လာတာကို ေတြ႕လာရပါတယ္။

စက္တင္ဘာ ၂၈ ရက္ ညမွာ ရန္ကုန္တိုင္းေဒသႀကီး COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးအတြက္ ေပါင္းစပ္ညႇိႏႈိင္းေရးေကာ္မတီ ဒုတိယဥကၠ႒ တာဝန္ယူထားတဲ့ ပါေမာကၡ ေဒါက္တာေဇာ္ေဝစိုး က  Stay at Home အျဖစ္ သတ္မွတ္ထားသည့္ က်န္ရွိတဲ့ (၇) ရက္က ရန္ကုန္အတြက္ ေနာက္ဆုံးတိုက္ပြဲျဖစ္လို႔ အထူးအေရးႀကီးၿပီး အားလုံးပါဝင္ဖို႔လိုတယ္ဆိုၿပီး စက္တင္ဘာ ၂၈ ရက္ ညက ရန္ကုန္ေနသူေတြကို သတိေပးခဲ့တာရွိပါတယ္။

ဒီကာလေတြမွာ ကူးစက္ခံရသူအေရအတြက္ မက်ခဲ့ေပမယ့္ ယခုေဖာ္ထုတ္တာက အကုန္လုံးမဟုတ္ခဲ့ရင္ေတာင္ ပိုးစစ္လို႔ ေပါ့စတစ္ေတြ႕တာနဲ႔ ထိေတြ႕ခဲ့သူေတြ၊ အနံ႔ေပ်ာက္သူေတြကိုပါ ‌ေခၚယူေစာင့္ေရွာက္ခဲ့တာျဖစ္လို႔ ကူးစက္သူေတြကိုထားဖို႔ ေနရာအခက္အခဲက အေတာ္ေလးလိုအပ္ခ်က္မ်ားခဲ့ပါတယ္။ဒါ့အျပင္ ေသဆုံးမႈႏူန္းျမင့္တက္လာခဲ့တာေၾကာင့္လည္း အမ်ားျပည္သူအျမင္မွာ အေတာ္ေလးသတိထားၿပီး မလိုအပ္ဘဲ အျပင္မထြက္က်တာက ထိန္းခ်ဳပ္မႈကို အေတာ္ေလးကို ထိေရာက္ခဲ့ပါတယ္။ရန္ကုန္မွာရွိတဲ့ လုပ္ငန္းရွင္အခ်ိဳ႕နဲ႔  အမ်ားျပည္သူက အရပ္သားအစိုးရရဲ႕ ဗိုင္းရပ္စ္ထိန္းခ်ဳပ္မႈအတြက္ အခက္ခဲျဖစ္တဲ့ေနရာေတြ၊ လိုအပ္တဲ့ အသုံးအေဆာင္ေတြကို ဆက္လက္လႉေနၾကတဲ့အတြက္ ေရာဂါကူးစက္ခံရသူေတြကို ခြဲထုတ္ထားရမယ့္လုပ္ငန္းစဥ္က သိပ္အခက္ခဲမရွိခဲ့ပါဘူး။လူတိုင္းက ကိုယ္ႏိုင္ရာတာဝန္ကို ယူခဲ့ၾကတဲ့အတြက္လည္း ေရာဂါထိန္းခ်ဳပ္မႈနဲ႔ ကုသေရးအပိုင္းက ယခုလက္ရွိအခ်ိန္မွာ အေကာင္းဘက္လမ္းစကို ျမင္လာရတဲ့အေနအထားဘက္ ေရာက္လာခဲ့ပါတယ္။

ထုတ္ျပန္တဲ့စာရင္းေတြအရဆိုရင္ စက္တင္ဘာ ၂၈ ရက္မွာ ဓာတ္ခြဲနမူနာ စုစုေပါင္း (၅,၅၉၇) မွာ COVID-19 ေရာဂါ လူနာသစ္ (၈၉၇) ဦးေတြ႕ရွိ၊ ေသဆုံး​ကိုဗစ္လူနာ ၃၀ ဦး၊ စက္တင္ဘာ ၂၉ ရက္မွာ ဓာတ္ခြဲနမူနာ စုစုေပါင္း (၅,၉၆၂) မွာ COVID-19 ေရာဂါ လူနာသစ္ (၇၉၅) ဦးေတြ႕ရွိ၊ ေသဆုံး​ကိုဗစ္လူနာ ၂၈ ဦး၊ စက္တင္ဘာ ၃၀ ရက္မွာ ဓာတ္ခြဲနမူနာ စုစုေပါင္း (၆၂၆၂) မွာ COVID-19 ေရာဂါ လူနာသစ္ (၉၄၆) ဦးေတြ႕ရွိ၊ ေသဆုံး​ကိုဗစ္လူနာ ၂၆ ဦး၊ ေအာက္တိုဘာ ၁ ရက္မွာ ဓာတ္ခြဲနမူနာ စုစုေပါင္း (၅,၃၅၂) မွာ COVID-19 ေရာဂါ လူနာသစ္ (၁၀၁၀) ဦးေတြ႕ရွိ၊ ေသဆုံး​ကိုဗစ္လူနာ ၁၁ ဦး၊ ေအာက္တိုဘာ ၂ ရက္မွာ ဓာတ္ခြဲနမူနာ စုစုေပါင္း (၆၈၉၅)မွာ COVID-19 ေရာဂါ လူနာသစ္ (၁၁၄၂) ဦးေတြ႕ရွိ၊ ေသဆုံး​ကိုဗစ္လူနာ ၃၂ ဦး၊ ေအာက္တိုဘာ ၃ ရက္မွာ ဓာတ္ခြဲနမူနာ စုစုေပါင္း (၈,၁၉၅) မွာ COVID-19 ေရာဂါ လူနာသစ္ (၉၇၈) ဦးေတြ႕ရွိ၊ ေသဆုံး​ကိုဗစ္လူနာ ၁၈ ဦး၊ ေအာက္တိုဘာ ၄ ရက္မွာ ဓာတ္ခြဲနမူနာ စုစုေပါင္း (၈,၁၀၇) မွာ COVID-19 ေရာဂါ လူနာသစ္ (၁၂၉၄) ဦးေတြ႕ရွိ၊ ေသဆုံး​ကိုဗစ္လူနာ ၄၁ ဦးနဲ႔ ထုတ္ျပန္ခဲ့ပါတယ္။

စာရင္းေတြအရဆိုရင္ ကူးစက္ႏူန္းကျမင့္လာတာဆိုေပမယ့္ သံသယရွိလို႔ စစ္ေဆးရတဲ့အေရအတြက္က အျမင့္ဆုံးမွ ၈၀၀၀ ေက်ာ္သာရွိေနတာကို ေတြ႕ရသလို ယခင္ကထက္ စစ္ေဆးရာမွာျမန္ဆန္တဲ့ Rapid Antigen Diagnostic Test kit ေတြနဲ႔  ရန္ကုန္တိုင္းအတြင္းထဲက ေဆး႐ုံႀကီးေတြမွာ ဆင္းစစ္ခဲ့တဲ့အတြက္ ျမန္ျမန္ဆန္ဆန္သိၿပီး ထိေတြ႕သူေတြကို ျမန္ျမန္လိုက္ႏိုင္ခဲ့တဲ့အတြက္ အေရအတြက္မ်ားေနတဲ့သေဘာလို႔ သုံးသပ္ရပါတယ္။စစ္ေဆးမႈေတြျမန္ဆန္လာတဲ့အတြက္ ပိုးေတြ႕ရွိသူအေရအတြက္ တိုးလာမယ္ဆိုၿပီး သုံးသပ္ခ်က္ေတြက အရင္ကတည္းက ထြက္လာခဲ့တာရွိခဲ့ေပမယ့္ တစ္ကယ္တမ္း ျမန္ျမန္ဆန္ဆန္ စမ္းသပ္စစ္ေဆးဖို႔  Test kit ေတြ ေရာက္လာခဲ့တဲ့အခါ ထင္သေလာက္ေဆာင့္တက္ခဲ့တာ မရွိပါဘူး။
ဒါ့အျပင္ ပိုးရွိေၾကာင္း အဓိကသံသယရွိတဲ့ လကၡဏာျဖစ္တဲ့ အနံ႔ေပ်ာက္တဲ့သူေတြကိုပါ Rapid Antigen Diagnostic Test kit ေတြနဲ႔ပါ စစ္ေဆးခဲ့တဲ့အတြက္ ပိုးေတြ႕ရွိသူအေရအတြက္ တိုးလာသလို ပိုးထိစပ္တာေတြကို ရွာေဖြေဖာ္ထုတ္ရာမွာ ပိုမ်ားလာတာကို ေတြ႕ရပါတယ္။

ရက္သတၱပတ္ႏွစ္ပတ္အတြင္း လူနာေသာင္းေက်ာ္နဲ႔ ေသဆုံး သူ ၃၀၀ ေက်ာ္ရွိခဲ့ေပမယ့္ မျဖစ္မေနျဖတ္သန္းရတဲ့ ကိုဗစ္ဒုတိယလႈိင္းကို ရန္ကုန္အေနနဲ႔ အထိအခိုက္မ်ားစြာနဲ႔ Dead Zone ထဲကေန စထြက္ေနၿပီလို႔ အမ်ားစုက ယူဆေနၾကပါတယ္။တစ္ကယ္ေကာ ရန္ကုန္က Dead Zone ကေန စထြက္ေနၿပီလား။ဒါမေသခ်ာေသးပါဘူး။ရန္ကုန္မွာ ကိုဗစ္ဒုတိယလႈိင္းကို က်န္းမာေရးအပိုင္းကေန ဦးေဆာင္ကြပ္ကြဲသူလို႔ သိထားတဲ့ က်န္းမာေရးပညာရွင္ ပါေမာကၡခ်ဳပ္ ေဒါက္တာေဇာ္ေဝစိုး က ေနာင္မွာ ပိုးေတြ႕လူနာေတြကို အိမ္မွာဘဲထားၿပီး ကုသေစာင့္ေရွာက္မယ့္ပုံစံကို ေျပာင္းဖို႔စီစဥ္ေနတယ္ဆိုၿပီး ေျပာခဲ့တာရွိပါတယ္။ဒါဟာ ပိုးေတြ႕လူနာေတြ ပိုမ်ားလာႏိုင္တယ္ဆိုတာ  ယူဆႏိုင္သလို တျခားတစ္ဘက္ကလည္း ၾကာလာရင္ ႏိုင္ငံ့က်န္းမာေရးစနစ္အေပၚ ဝန္ပိလာႏိုင္တဲ့အတြက္ ႏိုင္ငံတကာမွာက်င့္သုံးေနတဲ့ စနစ္အတိုင္းက်င့္သုံးဖို႔ ဆုံးျဖတ္တာျဖစ္လို႔ မွန္ကန္တဲ့အလုပ္ျဖစ္လို႔ အလားအလာက ေနာက္ပိုင္းမွာ ဒီေရာဂါကို ထိန္းခ်ဳပ္ႏိုင္မယ္ဆိုတဲ့ ယူဆလို႔ရတဲ့ အေနအထားပါဘဲ။

လက္ရွိမွာ ခက္ခဲေနတာက ႏွစ္ပတ္ၾကာ တင္းၾကပ္တဲ့ Stay at Home ကို ေအာက္တိုဘာ ၈ ရက္မွာ ျပန္ျဖည္ရမွာျဖစ္တဲ့အတြက္ ဒီလိုျပန္ျဖည္ရင္ လူေတြထြက္လာလို႔ ယခုထိလိုက္ေကာက္ၿပီး ျဖတ္ခ်ထားတဲ့ ဗိုင္းရပ္စ္ထိေတြ႕မႈရလဒ္က သဲထဲေရသြန္သလို ျဖစ္သြားမလားဆိုတာနဲ႔ မျဖည္ျပန္ရင္လဲ ႏိုဝင္ဘာ ၈ ရက္ ေ႐ြးေကာက္ပြဲကို ေ႐ႊ႕ဆိုင္းရႏိုင္မႈ၊ အထူးသျဖင့္ လူဦးေရ ၇ သန္းေက်ာ္မွာ ေအာက္ေျခလူတန္းစားက ထက္ဝက္မကရွိတဲ့အတြက္ ၾကာရွည္လာတဲ့ ဝင္ေငြမဲ့မႈ၊ အလုပ္အကိုင္မရွိမႈေတြကို ကိုင္တြယ္ႏိုင္ပါမလားဆိုတာ ထည့္တြက္စရာပါ။သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကေတာ့ ယေန႔ကေနစၿပီး ရန္ကုန္တိုင္းေဒသႀကီးအား Complete Lockdown ျပဳလုပ္ဖို႔ မရွိေသးဘူးလို႔ ေျပာခဲ့ပါတယ္။

ကိုဗစ္ဒုတိယလႈိင္းမွာ ရန္ကုန္က တိုက္ပြဲမွာ ရႈံးလား/ႏိုင္လား၊ အႏိုင္ရဖိုအတြက္ ရန္ကုန္က ဘာေတြရင္းလိုက္ရမွာလဲ၊ အမ်ားတကာေတြက်င့္သုံးသလို ေလာ့ခ္ေဒါင္းခ်တဲ့နည္းေတြ မက်င့္သုံးဘဲ ေနာ္ေဝလို ဗိုင္းရပ္စ္နဲ႔အတူ ယွဥ္တြဲေနထိုင္တဲ့ နည္းလမ္းက်င့္သုံးၿပီး သတိထားၿပီး တိုက္ပြဲကိုျဖတ္ေက်ာ္မလား။ ရန္ကုန္ကလူေတြ ေန႔စဥ္ ေနထိုင္စားေသာက္ဖို႔အတြက္ ခဲရာခဲဆစ္႐ုန္းကန္ေနရတာ ၇ လျပည္ေတာ့မွာမို႔ ကူးစက္ကပ္ေရာဂါအတြက္ ေတာင့္ခံႏိုင္မႈက အကန႔္အသတ္ရွိေနပါၿပီ။ဘယ္နည္းပဲဆုံးျဖတ္ဆုံးျဖတ္ တစ္ခုသတိထားဖို႔ရွိတာက ေအာက္ေျခလူတန္းစားေတြ ဝမ္းစာအတြက္ လမ္းေပၚတက္လာႏိုင္မႈပါဘဲ။ဒါကိုသတိထားရမွာျဖစ္ပါတယ္။

ျပင္းထန္လာတဲ့ မဲဆြယ္ပြဲေနာက္ဂယက္

ေ႐ြးေကာက္ပြဲနီးကပ္လာခ်ိန္ ျမင္ရတဲ့အေနအထားရဆိုရင္ လက္ရွိအာဏာရပါတီက လူထုေထာက္ခံမႈကို ျမင့္ျမင့္မားမားရထားတဲ့ အေနအထားပါ။နယ္ေတြမွာ ပါတီႀကီးႏွစ္ခုျဖစ္တဲ့ အာဏာရပါတီႏွင့္ ယခင္စစ္အစိုးရကို ဆက္ခံခဲ့တဲ့ ျပည္ခိုင္ၿဖိဳးပါတီတို႔ဘဲ အဓိကအႀကိတ္အနယ္ပုံစံျဖစ္ေနေပမယ့္ လတ္တေလာ အမ်ားျပည္သူေထာက္ခံမႈရထားတဲ့ အာဏာရပါတီနဲ႔ပတ္သက္တဲ့ မဲဆြယ္ဆိုင္းဘုတ္ေတြကို ဖ်က္ဆီးခံရမႈေတြ၊ အာဏာရပါတီနဲ႔ ပတ္သက္တဲ့သူေတြ ေထာက္ခံတဲ့သူေတြကို ျပႆနာအလုပ္ခံေနရတာေတြေၾကာင့္ ဘယ္ပါတီကို မဲထည့္ရမလဲဆိုတာကို ေတြေဝေနတဲ့သူေတြနဲ႔ လက္ရွိအာဏာရပါတီလက္ထက္ အစိုးရလုပ္ေဆာင္ခ်က္ေတြကို သေဘာမေတြ႕ခဲ့သူေတြပါ မတရားမႈကိုမႀကိဳက္တဲ့အတြက္ အာဏာရပါတီဘက္ကို စိတ္ျပန္လည္လာႏိုင္ေစတဲ့ အေနအထားပါဘဲ။

ျပင္းထန္လာတဲ့ ကိုဗစ္ဒုတိယလႈိင္းက ရန္ကုန္မွာသာျပင္းထန္ေနေပမယ့္ နယ္ေတြမွာက အေတာ္ေလးျဖစ္ပြားမႈနည္းပါးေနပါေသးတယ္။ကူးစက္ခံရသူ တစ္ေသာင္းခုႏွစ္ေထာင္ေက်ာ္မွာ ၉၀ ရာခိုင္ႏူန္းနီးပါးက ရန္ကုန္ကျဖစ္သလို ေသဆုံးမႈကလည္း ရန္ကုန္ကပါ။ဒါေၾကာင့္လည္း ရန္ကုန္နဲ႔ Stay at Home လုပ္ထားတဲ့ နယ္ၿမိဳ႕ အရပ္ေဒသအခ်ိဳ႕ကလြဲၿပီး အရပ္ေဒသအားလုံးမွာ မ်က္စိေနာက္ေလာက္ေအာင္ ပါတီေထာက္ခံပြဲေတြ ၿခိမ့္ၿခိမ့္သဲလုပ္ခဲ့တာကို ေတြ႕ရပါတယ္။ဒါဟာ က်န္းမာေရးအျမင္နဲ႔ဆိုရင္ ကူးစက္ကပ္ေရာဂါကို ဖိတ္ေခၚသလိုပါဘဲ။ဒါေၾကာင့္လည္း ပါတီႀကီးႏွစ္ခုစလုံးက ဒီလို လူစူလူေဝးနဲ႔မလွည့္လည္ဖို႔ စာထုတ္ေမတၱာရပ္ခံခဲ့ေပမယ့္ ေထာက္ခံပြဲေတြက စာထုတ္ၿပီး ေနာက္ရက္ေတြမွာဘဲ အစိုးရ႐ုံးစိုက္ရာ ေနျပည္ေတာ္မွာ လွည့္လည္ေထာက္ခံပြဲေတြ ျဖစ္ခဲ့တဲ့အထိ လိုက္နာမႈအားနည္းခဲ့ပါတယ္။

တားမရဆီးမႏိုင္ဆိုသလိုျဖစ္ရတဲ့ ေထာက္ခံပြဲေတြမွာ ပါတီကိုေထာက္ခံသူေတြၾကား ေနာက္ခံအေၾကာင္းေတြရွိသလို တစ္ဘက္နဲ႔ တစ္ဘက္ မေၾကလည္မႈေတြရွိတဲ့အတြက္လည္း ဒီေ႐ြးေကာက္ပြဲက ယခင္က ျပည္သူကိုအႏိုင္က်င့္ၿပီး ေျမသိမ္းယာသိမ္း၊ လာဘ္စား အာဏာအလြဲသုံးစားလုပ္ၿပီး လုပ္ခ်င္တာလုပ္ခဲ့တဲ့သူေတြအတြက္လည္း ေနာက္ဒီလိုလုပ္ခြင့္မရႏိုင္တဲ့ စနစ္တစ္ခု အသက္ဝင္လာေတာ့မွမို႔ စနစ္ကိုဖ်က္ဖို႔ ရွိသမွ်အင္အားအကုန္သုံးၿပီး ေနာက္ဆုံး႐ုန္းကန္ၾကေနလို႔ ယခုမဲဆြယ္ပြဲေတြက ပါတီအားၿပိဳင္မႈမဟုတ္ဘဲ စနစ္အားၿပိဳင္မႈျဖစ္ေနလို႔  ျပင္းထန္ေနရျခင္းလည္းျဖစ္ပါတယ္။ဒီအတြက္ အၾကမ္းဖက္မႈေတြဆက္တိုက္ ဒီရက္ပိုင္းမွာေတြ႕လာရပါတယ္။

ပါတီႏွစ္ခုစလုံးက ဒီကာလမွာ လူစုလူေဝးနဲ႔ ေထာက္ခံအားေပးတာကိုမလုပ္ဖို႔ စာထုတ္ခဲ့ပါတယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ ဗဟိုေအာင္ႏိုင္ေရးေကာ္မတီက ေအာက္တိုဘာ ၃ ရက္ ေန႔စြဲနဲ႔ ယာဥ္အမ်ိဳးမ်ိဳးကိုအသုံးျပဳ၍ အင္အားျပသမႈေတြက လူစုလူေဝးအသြင္ေပၚေပါက္သြားႏိုင္သလို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းမ်ားကို ေသြဖယ္သြားႏိုင္လို႔ ျပည္သူအခ်ိဳ႕၏ေဝဖန္မႈကို ျဖစ္ေပၚ ေစႏိုင္တဲ့အတြက္ ျပည္သူလူထု၏ က်န္းမာေရးကိုေရွ႕ရႈၿပီး COVID-19 စည္းမ်ဥ္းစည္းကမ္းႏွင့္အညီျဖစ္ေစရန္ ယာဥ္အမ်ိဳးမ်ိဳးျဖင့္ စုေဝးလွည့္လည္ အင္အားျပျခင္းမ်ားကို ယာယီဆိုင္းငံ့ထားဖို႔ ေမတၱာရပ္ခံခဲ့ပါတယ္။အဆိုပါရက္မွာဘဲ ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒က ပါတီဝက္ဘ္ဆိုက္ကေန ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီဝင္မ်ား ဝန္းရံအားေပးသူမ်ား၊ အားေပးေထာက္ခံၾကသူမ်ား အားလုံးကိုလည္း ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းစည္းမ်ားကို ႏိုင္ငံႀကီးသားပီသစြာ လိုက္နာေစာင့္ထိန္းၾကဖို႔ အႏူးအၫြတ္ပန္ၾကားပါတယ္ဆိုၿပီး ေမတၱာရပ္ခံခဲ့ပါတယ္။

ပါတီႏွစ္ရပ္လုံးေခါင္းေဆာင္ေတြက ဒီလိုေမတၱာရပ္ခံေပမယ့္ အဲဒီရက္ နံနက္ပိုင္းမွာဘဲ ရပ္ကြက္ေက်း႐ြာမ်ားအတြင္း ျပည္ခိုင္ၿဖိဳးပါတီ ဝန္းရံေထာက္ခံသူေတြက ေမာ္ေတာ္ယာဥ္၊ ဆိုင္ကယ္မ်ားျဖင့္ လူအင္အားေထာင္ခ်ီနဲ႔ လွည့္လည္စည္း႐ုံးျခင္းမ်ား ေဆာင္႐ြက္ခဲ့ၾကသလို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ေထာက္ခံဝန္းရံသူေတြက ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပ်ဥ္းမနားၿမိဳ႕ေပၚမွာ ကား၊ ဆိုင္ကယ္ အစီးေရရာႏွင့္ခ်ီ၍ လူေထာင္ခ်ီလွည့္လည္ေထာက္ခံ အင္အားျပခဲ့ၾကပါတယ္။အစိုးရ႐ုံးစိုက္ရာ ပါတီ႐ုံးစိုက္ရာၿမိဳ႕မွာေတာင္ တားလို႔မရရင္ အျခားေဒသေတြမွာဆိုရင္ ယခုလို ပါတီေထာက္ခံအင္အားျပမႈေတြကို တားလို႔မရတာ၊ ေမတၱာရပ္ခံလို႔မရတာ အဆန္းမဟုတ္ပါဘူး။ဒါေၾကာင့္ လည္း ယခုရက္ပိုင္းမွာ ပါတီေတြေထာက္ခံဝန္းရံသူေတြက ကိုဗစ္ေၾကာင့္ စည္း႐ုံးေဟာေျပာခြင့္မရတဲ့အတြက္ လွည့္လည္ဝန္းရံတာေတြ လုပ္ခဲ့တာေတြကို ေတြ႕ခဲ့ရပါတယ္။ဒီလိုလွည့္လည္ေထာက္ခံ အင္အားျပတာကေန တစ္ဘက္နဲ႔ တစ္ဘက္ ပြတ္တိုက္မႈေတြ၊ ပဋိပကၡေတြ ျဖစ္တာေတြရွိသလို ဆက္တိုက္ဆိုသလို အာဏာရပါတီကို တိုက္ခိုက္မႈေတြကလည္း အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးနဲ႔ ေပၚေပါက္လာခဲ့ပါတယ္။ဒါက ေ႐ြးေကာက္ပြဲကိုအေၾကာင္းျပဳၿပီး ျဖစ္လာတာမို႔လို႔ ႏိုင္ငံတကာမွာ ဒါဟာ အၾကမ္းဖက္မႈထဲ အက်ဳံးဝင္ေနပါတယ္။

မၾကာခဏဆိုသလို ပါတီမဲဆြယ္ဆိုင္းဘုတ္ေတြ ဖ်က္ဆီးခံရတာေတြမ်ားလာသလို ေအာက္တိုဘာ ၄ ရက္က  မေကြးတိုင္းေဒသႀကီး ၿမိဳင္ၿမိဳ႕နယ္ထဲက ကန္နီေက်း႐ြာမွာ မင္းမဲ့စ႐ိုက္ဆန္ဆန္ NLD အလုပ္အမႈေဆာင္ ေနအိမ္ကို လူအုပ္စုနဲ႔ ဖ်က္ဆီးခဲ့တာေတြအထိ ျဖစ္ခဲ့ပါတယ္။ေနာက္ပိုင္းမွာ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး NLD ပါတီ ေအာင္ႏိုင္ေရးသီခ်င္းဖြင့္လို ႐ြာကမခံႏိုင္လို႔ဆိုတဲ့ ပုံစံမ်ိဳးေဖာ္လာခဲေပမယ့္ လာေရာက္ဟန႔္တားဖ်က္ဆီးတဲ့သူေတြက ရပ္သိ႐ြာသိ ၿပိဳင္ဘက္ပါတီကို အားေပးေထာက္ခံသူေတြျဖစ္ေနတာ၊ လာတားစဥ္ကတည္းက ရန္ျပဳဖို႔ လက္နက္ကိုင္ေဆာင္လာတာေတြေၾကာင့္ ထင္ရွားတဲ့ ရန္လိုမႈေတြပါဘဲ။ဒီေလာက္ထိ သူတို႔မလိုလားျဖစ္ေနရတာလဲ။ရန္လိုေနရတာလဲဆိုတာ စဥ္းစားစရာ သတိထားစရာပါ။ဒီလိုသူေတြက မင္းမဲ့စ႐ိုက္ဆန္ဆန္ လူရာနဲ႔ခ်ီကာ စုလူေဝးလူေဝးျပဳၿပီး လာထိန္းတဲ့ရဲကို ရန္ျပဳတဲ့အျပင္  NLD အလုပ္အမႈေဆာင္မိသားစုကို ကယ္ထုတ္ရာမွာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးယာဥ္နဲ႔ ခ႐ိုင္ရဲတပ္ဖြဲ႕မႉးယာဥ္ေတြလည္း ရန္လုပ္ဖ်က္ဆီးခဲ့တဲ့အထိ အတင့္ရဲခဲ့ၾကတဲ့အတြက္ ေနာက္ကြယ္မွာ ဘာေတြကအမာခံရွိေနလို႔ လုပ္ရဲတာလဲဆိုတာ စဥ္းစားခ်င္စရာပါ ဒီလူစုလူေဝးက  ရန္ျပဳခံရသူေနအိမ္ကိုလည္း မိုလိုေတာ့ဗ္လို႔ေခၚတဲ့ ပုလင္းထဲ ေလာင္စာဆီထည့္ၿပီး ပစ္ေပါက္မီးရႈိ႕တဲ့ လက္လုပ္ဗုံးေတြကို သုံးခဲ့တာေတြေၾကာင့္ ေနအိမ္ေတြ၊ ကားေတြ၊ ဆိုင္ကယ္ေတြ ဖ်က္ဆီးခံခဲ့ရတယ္ ဆိုပါတယ္။ဒါအေတာ္ေလးေၾကာက္စရာပါ။လက္ရွိမွာေတာ့ အခင္းျဖစ္ရပ္မွာ ပါဝင္သူ (၃၃) ေယာက္ကို ရဲစခန္းမွာအမႈဖြင့္ထားသလို ျပည္သူ႔ပိုင္ပစၥည္းဖ်က္ဆီးမႈ ပုဒ္မ ၆ (၁) နဲ႔လည္း အမႈဖြင့္အေရးယူထားတယ္ ဆိုပါတယ္။

ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး NLD ပါတီ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ေဒါက္တာမ်ိဳးၫြန႔္ က ယခုျဖစ္ရပ္နဲ႔ပတ္သက္ကာ ရႈတ္ခ်ခဲ့ၿပီး ေ႐ြးေကာက္ပြဲနီးသည္ႏွင့္အမွ် အၾကမ္းဖက္မႈမ်ား ပိုမိုျပဳလုပ္လာတာ သတၱိရွိတာမဟုတ္ဘဲ သတၱိေၾကာင္တာလို႔ေျပာခဲ့သလို က်ဴးလြန္ခံရသူပါတီဝင္ကို  ရန္ကိုရန္ခ်င္းမတုံ႔ႏွင္းဖို႔နဲ႔ တရားဥပေဒအတိုင္းပဲေဆာင္႐ြက္ဖို႔ မွာထားခဲ့တယ္ ဆိုပါတယ္။ဒီျဖစ္ရပ္မတိုင္ခင္ စက္တင္ဘာလထဲမွာ မိထၳီလာဘ ေညာင္ကိုင္းေက်း႐ြာက NLD ပါတီ ေအာင္ႏိုင္ေရးသီခ်င္းဖြင့္ထားတဲ့ အိမ္ကို ခဲနဲ႔ေပါက္တာ၊ ၿခံအတြင္း၀င္ေရာက္ဖ်က္ဆီးျခင္းတို႔ ျဖစ္ပြားခဲ့ပါေသးတယ္။

ေ႐ြးေကာက္ပြဲက နီးလာပါၿပီ ပညာေရးအေျခခံနည္းတဲ့ နယ္ေတြမွာျပဳလုပ္တဲ့ ပါတီမဲဆြယ္ပြဲေတြ၊ စီတန္းလွည့္လည္အင္အားျပပြဲေတြက ေဒသတြင္းမွာ အၾကမ္းဖက္မႈကိုဦးတည္ေစတဲ့ ပဋိပကၡေတြျဖစ္ပြားဖို႔ အလားအလာမ်ားေနသလို သက္ဆိုင္ရာဥပေဒအဖြဲ႕အစည္းေတြအေနနဲ႔လည္း တစ္ကယ္ျဖစ္လာရင္ က်ဴးလြန္ခံရသူ မည္သည့္ပါတီဝင္ကိုမဆို ေလာက္ေလာက္လားလား ကာကြယ္ေပးဖို႔ အခက္အခဲရွိတယ္ဆိုတာကို ယခုျဖစ္ရပ္က ျပခဲ့ပါတယ္။ဒါဟာ ဆိုးဝါးတဲ့စနစ္တစ္ခု ရာစုႏွစ္ဝက္ၾကာ ျဖစ္ထြန္းခဲ့ျခင္းေၾကာင့္ဘဲျဖစ္ၿပီး တရားဥပေဒျဖစ္ထြန္းေအာင္ အေကာင္အထည္ေဖာ္ေနရတဲ့သူေတြကိုယ္တိုင္ အၾကမ္းဖက္ခံေနရတဲ့အျဖစ္က မျဖစ္သင့္တဲ့အရာပါ။ဒီအတြက္ ျပည္သူေတြအေနနဲ႔  အနာဂတ္မွာ လက္နက္အားကိုးတဲ့စနစ္ကို ျပန္ေ႐ြးသင့္လား၊ မေ႐ြးသင့္လားဆိုတာကို အေျဖထုတ္လိုက္သလိုပါဘဲ။

ေတာ္လွန္ေရးေတြ ေသေၾကမႈမ်ားလြန္းတဲ့ ဆႏၵျပမႈေတြျဖစ္လာတာ မတရားလုပ္ေနေပမယ့္ လက္နက္ကိုင္ထားလို႔ ငုံ႔ခံခဲ့ရတဲ့ဘ၀ကို မခံႏိုင္လို႔ပါ။ယခုတေလာျဖစ္ေနတဲ့ ျပည္တြင္းျဖစ္ရပ္ အေတာ္မ်ားမ်ားကိုၾကည့္ရင္  လက္နက္အားကိုးနဲ႔ မတရားအႏိုင္က်င့္တတ္တဲ့သူေတြ အားေကာင္းေနဆဲဆိုတာ၊ တစ္ေက်ာ့ျပန္အာဏာရဖို႔ မီးကုန္ယမ္းကုန္ ႀကိဳးစားေနၾကတယ္ဆိုတာ၊ ေခ်ာ့တစ္ခါေျခာက္တစ္လွည့္ ျပည္သူကိုလုပ္ေနတယ္ဆိုတာ ျမင္ရမွာျဖစ္ပါတယ္။ျပည္သူအတြက္ အဆုံးအျဖတ္ကာလကိုေရာက္ေနပါၿပီ။အာဏာရွင္ေတြ ေက်ာ့ကြင္းထဲကေန ျမန္မာျပည္ကို  အၿပီးကယ္တင္ႏိုင္ဖို႔ ဒီတစ္ခါသာအားစိုက္လိုက္ရင္ လြတ္ပါမယ္။ဒီတစ္ခါသာေတြေဝရင္ ေနာင္ဘယ္အခ်ိန္မွလြတ္မယ္ဆိုတာ မေျပာႏိုင္ေတာ့ပါဘူး။ေသခ်ာတာက ရာစုႏွစ္အထိ အေၾကာက္တရားေအာက္ အားလုံးျပားျပားဝပ္ ျပန္ေရာက္ပါလိမ့္မယ္။အေၾကာက္တရားတြန္းလွန္ဖို႔  ျပည္သူေတြ ဘယ္ေလာက္ညီၫြတ္မလဲဆိုတာ လာမည့္ရက္ေတြမွာ ျမင္ရလာႏိုင္တဲ့ အၾကမ္းဖက္မႈေတြကို ဘယ္ေလာက္ဉာဏ္ပညာသတိနဲ႔တိမ္းေရွာင္ၿပီး ႏိုဝင္ဘာ ၈ ရက္အထိ ေလွ်ာက္ၾကမလဲဆိုတာ အေျဖပါ။ဒီအတြက္ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

မာလင္း
ေအာက္တိုဘာ - ၅