【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အီရန်နဲ့ အမေရိကန် ရေနံစစ်ဖြစ်တော့မလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အီရန်နဲ့ အမေရိကန် ရေနံစစ်ဖြစ်တော့မလား

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ နိုင်ငံတကာသတင်းတွေအနက် နိုင်ငံတကာ စိတ်ဝင်စားမှုအရှိဆုံးက ဆော်ဒီက ရေနံစက်ရုံကြီးနှစ်ခုကို ဟူသီသူပုန်တွေက တိုက်ခိုက်လို့ ကမ္ဘာ့ရေနံဈေးကွက်ရဲ့ ငါးရာခိုင်နှုန်းထိ ထိခိုက်ကာ ဈေးတက်လာတဲ့ သတင်းပါ။ဒီနောက်မှာ ထုံးစံအတိုင်း အမေရိကန်ဘက်က စစ်ရေးနဲ့ပတ်သက်တဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ဒီသတင်းတွေကြောင့် ယခုတစ်ပတ်မှာဖြစ်ခဲ့တဲ့ အမေရိကန်သမ္မတရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန် ကို ထုတ်လိုက်လို့ ဖြစ်လာနိုင်တဲ့ မူဝါဒအပြောင်းအလဲ သတင်းတွေ၊ ရွေးကောက်ပွဲနိုင်ရင် သိမ်းပိုက်ထားတဲ့ ဆီးရီးယား ဂိုလန်ကုန်းမြင့်ကို အစ္စရေးပိုင်နက်ထဲ ထည့်မယ်လို့ နေတန်ယာဟု က ပြောလိုက်လို့ အာရပ်ကမ္ဘာတစ်ခုလုံး လှုပ်လှုပ်ခတ်ခတ်ဖြစ်လာတဲ့သတင်း၊ တရုတ် - အမေရိကန် ကုန်သွယ်ရေးဆွေးနွေးပွဲ ပြန်လည်စတင်တော့မယ့် သတင်းတွေက မှေးမှိန်ခဲ့ပါတယ်။

ဒီလိုသတင်းတွေအပြင် ယခုရက်သတ္တပတ်ထဲမှာ တောင်ကိုရီးယားသမ္မတနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ ကုလသမဂ္ဂမှာ ထိပ်သီးတွေ့ဆုံပွဲ ပြုလုပ်ဖို့ရှိတဲ့သတင်း၊ အဂတိလိုက်စားတဲ့ အစိုးရဝန်ထမ်းတွေကို သေနတ်ရှိနေတဲ့ ပြည်သူတွေ အသက်မသေအောင် ပစ်ခတ်ဖမ်းဆီးခွင့် ပေးအပ်ခဲ့တဲ့သတင်း၊ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ရှုတ်ချရန် ကုလအထွေထွေညီလာခံကို ဗင်နီဇွဲလား သံတမန်နှစ်ဦး တက်ရောက်မယ့်သတင်း၊ ဂူဂဲလ် က ပြင်သစ်နိုင်ငံ၌ အခွန်အငြင်းပွားမှုတစ်ခု အဆုံးသတ်ဖို့ ကန်ဒေါ်လာ တစ်ဘီလျံနဲ့ အမှုကျေအေးဖို့ အသုံးပြုမယ့်သတင်း၊ ပီရူးသမ္မတဟောင်း ကီကိုဖူဂျီမိုရီ ကို ထောင်ဒဏ်ထက်ဝက် လျှော့ချပေးခဲ့တဲ့သတင်း၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ မြေအောက်ရထားလိုင်းအချို့အား ဝန်ထမ်းများဆန္ဒပြမှု ပြေးဆွဲမှုရပ်ဆိုင်းထားတဲ့ သတင်းတွေလည်း ဖြစ်ခဲ့ပါတယ်။

ကုန်သွယ်ရေးစစ် ဘယ်သူချုပ်ကိုင်ကစားနေလဲ

ယခုရက်သတ္တပတ်ထဲဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ တရုတ် - အမေရိကန် ကုန်သွယ်ရေးတင်းမာမှု ပြန်လည်လျော့လာတဲ့ သတင်းက ယခုတစ်ပတ်ရဲ့ စီးပွားရေးဆိုင်ရာ ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။တရုတ်ကုန်သွယ်ရေးညှိနိူင်းမှုအဖွဲ့ ခေါင်းဆောင် ဒု-ဝန်ကြီးချုပ်က အမေရိကန်ဘက်ကို ဖုန်းဆက်သွယ်ပြီးနောက် ပြန်လည်ဆွေးနွေးဖို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီအကျိုးသက်ရောက်မှုက အောက်တိုဘာ ၁ ရက်မှာ စကောက်ဖို့ရှိတဲ့ တရုတ်သွင်းကုန်တွေအပေါ်မှာ အခွန်တိုးကောက်မှုတွေကို နှစ်ပတ်ရပ်ဆိုင်းမယ်ဆိုပြီး အမေရိကန်အစိုးရက စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ဒီအတွက် ထရမ့် က ပြောခဲ့ရာမှာ အောက်တိုဘာလထဲ ကျင်းပဖို့ရှိတဲ့ ခေတ်သစ် တရုတ်နိုင်ငံ ထူထောင်မှု နှစ် ၇၀ ပြည့် အထိမ်းအမှတ် ပြင်ဆင်နေတဲ့ တရုတ်အစိုးရအတွက် လိုက်လျောမှုဆိုပြီး ပြောခဲ့တာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ နိုင်ငံကြီးနှစ်ခုကြား ဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်ကြောင့် အထိနာစပြုလာတဲ့ ကမ္ဘာ့စီးပွားရေးအတွက် သတင်းကောင်းပါဘဲ။တရုတ်ကုန်ပစ္စည်း ဒေါ်လာ ၂၅၀ ဘီလျံအပေါ်မှာ အခွန် ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်ကို အမေရိကန်ဘက်က ရပ်ဆိုင်းတာဖြစ်တဲ့အတွက် ဒီနှစ်ပတ် အောက်တိုဘာ ၁၄ ရက်အထိ အဖြေတစ်ခုခုရအောင် နှစ်ဘက်ကြား ထပ်ဆွေးနွေးကြဦးမှာပါ။တရုတ်ဘက်ကတော့  အမေရိကန် အခွန်စည်းကြပ်မှုကြောင့် နစ်နာဆုံရှုံးရတဲ့ တရုတ်လုပ်ငန်းရှင်တွေ အထိမနာရအောင် ကုစားတဲ့အနေနဲ့ အမေရိကန်ကို တင်ပို့မှုအများဆုံး တရုတ်ကုန်ပစ္စည်း ၁၇ မျိုးကို စက်တင်ဘာ ၁၇ ရက်မှ စတင်ပြီး အခွန်ကင်းလွတ်ခွင့်ပြုမည်ဆိုပြီး စက်တင်ဘာ ၁ ရက်ထဲက ကြေညာခဲ့တာပါ။

ဒီကုန်သွယ်ရေးစစ်အတွက် အမေရိကန်ဘက်က သေသေချာချာ ကစားနေသလို တရုတ်ဘက်ကလည်း ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေအတွက် ပြင်ဆင်နေခဲ့ပါတယ်။ဒီရက်သတ္တပတ်ထဲမှာ တရုတ်ပြည်က ကုန်သွယ်ရေးစစ်ကြောင့် သူ့နိုင်ငံထဲ လာရောက်ရင်းနှီးမြုပ်နှံမယ့်သူတွေ မလျော့သွားအောင် စတော့ရှယ်ယာနဲ့ ငွေတိုက်စာချုပ်ဘွန်း ဈေးကွက်တွေမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေကို ကန့်သတ်ထားတဲ့ အချက်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ ကုန်သွယ်ရေးစစ် စတင်တဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်တဲ့ 5G နည်းပညာနဲ့ ပတ်သက်ပြီး သတင်းတစ်ခု ထွက်လာခဲ့ပါတယ်။ဒါက Huawei Technologies ကို တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် Ren Zhengfei က 5G နည်းပညာကို ရောင်းမယ်လို့် economic မဂ္ဂဇင်းနဲ့ တွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။ဒီတွေ့ဆုံမှုမှာ 5G ကုဒ်ကိုပါ ဝယ်သူစိတ်ကြိုက် လိုသလိုပြင်ဆင်ခွင့်ပါပေးမယ်လို့ ပြောခဲ့ပါတယ်။ဒါဟာ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေ စိုးရိမ်နေတဲ့ ဘေကျင်းအစိုးရက တရုတ်က ရှေ့ဆောင်နေတဲ့ 5G နည်းပညာကို သုံးတဲ့ နိုင်ငံတွေက အချက်အလက်တွေကို ထိန်းချုပ်မယ်ဆိုတဲ့ စိုးရိမ်စိတ်ကို လျှော့ချလိုက်တဲ့သဘောလည်း ဖြစ်သလို ယခုနောက်ပိုင်း ကုန်သွယ်ရေးစစ်ပွဲ အရှိန်တက်စေမယ့် အကြောင်းအရာတွေကို တရုတ်ဘက်က လျှော့နေခဲ့တာကို တွေ့ရပါတယ်။

အမေရိကန်က Huawei ထုတ် ပစ္စည်းများ အသုံးပြုပြီး တရုတ်ထောက်လှမ်းရေး အဖွဲ့အစည်းတွေက သူလျှိုလုပ်ငန်းတွေမှာ အသုံးပြုနိုင်တယ်ဆိုတဲ့ အမျိုးသားလုံခြုံရေး အကြောင်းပြချက်နဲ့ အမေရိကန် ကုန်သွယ်ရေး နာမည်ပျက်စာရင်းထဲ Huawei ကို ထည့်ပြီးနောက်  ယခုလို Huawei Technologies ဘက်က သူ့ရဲ့ နည်းပညာကို အခြားမျှဝေဖို့ ပြောခဲ့တာက ထူးခြားမှုပါဘဲ။

တရုတ်အနေနဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေးစစ် အတိုးအလျှော့လုပ် ကစားတာကို ခံနေရသလို တစ်ဘက်မှာလည်း အနောက်နိုင်ငံတွေ နောက်ကွယ်က ပါဝင်နေတဲ့ ဟောင်ကောင်နိုင်ငံရေးလှုပ်ရှားမှုက သိပ်မအေးချမ်းသေးပါဘူး။တရုတ်အာဏာပိုင်တွေက ဟောင်ကောင်မှာ ဆူပူမှုများဖန်တီးပြီး တရုတ်အစိုးရကို အထိနာအောင် ပြည်ပအဖွဲ့အစည်းတွေက လုပ်ဆောင်နေတယ်ဆိုပြီး စွပ်စွဲထားတာရှိပါတယ်။စက်တင်ဘာ ၈ ရက်က အမေရိကန် ကောင်စစ်ဝန်ရုံးရှေ့ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲ မှာ ဆန္ဒပြသူတွေက ဟောင်ကောင် လွတ်လပ်ရေးအတွက် အကူအညီတောင်းပြီးကတည်းက တရုတ်အစိုးရက ဒီကိစ္စအပေါ် သတိထားကိုင်တွယ်နေတာကို တွေ့ရပါတယ်။

အမေရိကန်အနေနဲ့ တရုတ်ကို ဟောင်ကောင်အရေးနဲ့ နိုင်ငံရေးမှာ ဗျာများနေအောင်သာ လုပ်နေတာဖြစ်ပြီး တကယ့် တကယ်က တရုတ်ရဲ့ တိုးတက်မှုကို ဟန့်တားချင်တဲ့ သဘောတစ်ခုပါဘဲ။ဒီကြားထဲမှာ တောင်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး သည်ဟေ့ဂ်မြို့ရှိ တရားရုံးက ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုခဲ့တာ မရှိပါဘူး။ဒီဆုံးဖြတ်ချက်မှာ  တောင်တရုတ်ပင်လယ် တစ်ခုလုံးအား တရုတ်က ပိုင်ဆိုင်သည်ဆိုခြင်းကို တရားမဝင်ဆိုပြီး ဆုံးဖြတ်ထားတာပါ။

ယခုရက်သတ္တပတ်ထဲမှာ ဘေကျင်းကို ရောက်လာတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး ကို တရုတ်ဘက်က သည်ဟေ့ဂ် ဆုံးဖြတ်ချက်ကို ဥပေက္ခာပြုရင် ဖိလစ်ပိုင် အထူးစီးပွားရေးဇုန် (EEZ) အတွင်း တည်ရှိသော ဓာတ်ငွေ့တူးဖော်ရေး ပူးတွဲလုပ်ငန်းမှာ တရုတ်ဘက်က ဝေစုလျှော့ယူမယ်ဆိုပြီး ကမ်းလှမ်းခဲ့ပါတယ်။ဖိလစ်ပိုင် ဒု-သမ္မတကတော့ ဒီကိစ္စမှာ တရုတ်ဘက်က ကမ်းလှမ်းတဲ့အတိုင်း သဘောတူညီချက်ယူမယ်ဆိုရင် ဒါဟာ မဆင်မခြင် ပြုရာရောက်မည်ဆိုပြီး ပြောထားပါတယ်။သဘာဝဓာတ်ငွေ့ အပါအဝင် သံယံဇာတ ပေါကြွယ်တယ်လို့ ယူဆထားတဲ့ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုပြဿနာက ယခုထိဖြေရှင်းမရသေးတဲ့ အငြင်းပွားမှုဖြစ်သလို အာဆီယံနိုင်ငံအများစုလည်း ပါဝင်နေတဲ့အတွက် မဆင်မခြင် တစ်ဇောက်ကန်းလုပ်လေ့ရှိတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး ဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်စရာပါ။

ဒီသတင်းက ယခုရက်သတ္တပတ်ထဲမှာဖြစ်ခဲ့တဲ့ သတိထားဖွယ် အာရှသတင်းတွေထဲက တာတိုပစ် ပဲ့ထိန်းဒုံးကျည် ဖြစ်ပုံရသော ဒုံးကျည်နှစ်စင်းကို မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့တဲ့သတင်း၊ အိန္ဒိယနိုင်ငံက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနှင့် ကျွန်အဖြစ် ခိုင်းစေခံရနိုင်သည့် အန္တရာယ်အမြင့်မားဆုံး နိုင်ငံဖြစ်လာတဲ့သတင်း၊ နျူကလီးယားဓာတ်ပေါင်းဖို အသုံးပြုနေမှု ရပ်ဆိုင်းရန် ဂျပန်နိုင်ငံက ကြိုးပမ်းမယ့်သတင်း၊ ဖူကူရှီးမား နျူကလီးယားစက်ရုံမှ ညစ်ညမ်းရေများ သိမ်းဆည်းရန် နေရာကုန်သွားတဲ့အတွက် ၂၀၂၀ မှာ သမုဒ္ဒရာထဲသို့ စွန့်ပစ်ရဖွယ်ရှိနေတဲ့သတင်း၊ ဗြိတိန်နိုင်ငံ ဘလန်ဟိမ်းနန်းတော် ဖောက်ထွင်းခံရရာ ၁၈ ကာရက် အလေးချိန်ရှိ ရွှေအိမ်သာ ခိုးယူခံရတဲ့သတင်း၊ မက္ကဆီကိုနိုင်ငံ ဂျာလစ်စကိုပြည်နယ် ရေတွင်းတစ်ခုအတွင်း မြုပ်နှံထားတဲ့ လူအလောင်း ၄၄ လောင်းကို မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ဖို့ မက္ကဆီကို မှုခင်းဆေးပညာ သိပ္ပံပညာရှင်များ ကြိုးစားနေတဲ့သတင်း၊ ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားနေလို့ တိုကျိုမြို့ မြောက်ဘက် ဆိုင်တာမာစီရင်စုရှိ ဝက် ၇၅၃ ကောင်ကို ရှင်းလင်းသုတ်သင်ခဲ့တဲ့သတင်း၊ ထိုင်းနိုင်ငံမှာ တစ်အိမ်ထောင်ကို ဆေးခြောက်မျိုးနွယ်ဝင် အပင်ခြောက်ပင် စိုက်ခွင့်ပြုမည့် ဥပဒေအတည်ပြုရန် စီစဉ်နေတဲ့ သတင်းတွေထဲ ထူးထူးခြားခြား သတိထားစရာ သတင်းတွေ  ဖြစ်ခဲ့ပါ တယ်။

ပင်လယ်ကွေ့စစ် ဘယ်သူစစ်မြူနေသလဲ

ယခုရက်သတ္တပတ်က နိုင်ငံတကာအရေး စောင့်ကြည့်အကဲခတ်သူတွေ မျက်ခြေမပြတ်စောင့်ကြည့်ရတဲ့ အချိန်ကာလတစ်ခု ဖြစ်ခဲ့ပါတယ်။ရက်သတ္တပတ်အစောပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျွန်ဘော်လ်တန် ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံ အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘော်လ်တန် ကို နိုင်ငံတကာက သိထားကြတာ သမ္မတ ထရမ့် အနားမှာရှိတဲ့ အရေးပါတဲ့သူတွေထဲက သဘောထားတင်းမာမှုအရှိဆုံး လူတစ်ယောက်အဖြစ်ပါ။ဘော်လ်တန် ဟာ မြောက်ကိုရီးယားအရေးကဲ့သို့ ကိစ္စရပ်များမှာ တင်းတင်းမာမာ ရပ်တည်ရန် သမ္မတကို တိုက်တွန်းခဲ့သလို အီရန်၊ ရုရှားနှင့် အာဖဂန်နစ္စတန် အရေးတွေမှာလည်း သဘောထားတင်းမာစွာ ချည်းကပ်ရန် အားပေးခဲ့သူပါ။

ထရမ့် က တွစ်တာမှာ ဂျွန်ဘော်လ်တန် ကို ထုတ်ပယ်တာနဲ့ ပတ်သက်ပြီး "သူ့ရဲ့ အကြံပြုချက် အများအပြားကို ကျွန်တော့်အပြင် အစိုးရအဖွဲ့က အခြားသူတွေကလည်း သဘောမတူကြပါဘူး" လို့ ရေးသားဖော်ပြခဲ့ပါတယ်။ယခုလို ဘော်လ်တန် ကို ထုတ်ပယ်ခဲ့တဲ့အတွက် ရပ်ဆိုင်းလုနီးပါးဖြစ်နေတဲ့ မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှု၊ တာလီဘန်နဲ့ ဆွေးနွေးမှုတွေမှာ အပြောင်းအလဲတွေ မြင်လာရမလားဆိုတာတွေ သုံးသပ်ချက်တွေ ပေါ်ထွက် လာခဲ့ပါတယ်။ဒါ့အပြင် အီရန်နဲ့ပတ်သက်တဲ့ သဘောထားတွေမှာ အပြောင်းအလဲတွေ မြင်ရမလားဆိုတာ မှန်းဆမှုတွေ ရှိလာခဲ့ပါတယ်။ဒီနောက်မှာ အိုဘားမား လက်ထက် နျူကလီးယားစာချုပ် အချက်အလက်အတိုင်း ပြန်လိုက်နာမယ်ဆိုရင် အမေရိကန်ဘက်က ကန်ဒေါ်လာ ၁၅ ဘီလျံ ထုတ်ချေးဖို့ စဉ်းစားမယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ဒါ့အပြင် အမေရိကန်သမ္မတနဲ့ အီရန်သမ္မတ ဟက်ဆန် တို့ ဘာကန့်သတ်ချက်မှမထားဘဲ တွေ့ဆုံဖို့ ဆန္ဒရှိတယ်ဆိုတဲ့ သတင်းတွေလဲ ထွက်လာခဲ့ပါတယ်။

ဒီလို အမေရိကန်ဘက်က စစ်လိုလားတဲ့ ဂျွန်ဘော်လ်တန် ထွက်ပြီးနောက်မှာ ဖြစ်လာတဲ့ အခင်းအကျင်းတွေပါ။ဒါတွေဟာ စက်တင်ဘာ ၁၄ ရက်က ဆော်ဒီအာရေဗျနိုင်ငံရဲ့ နိုင်ငံပိုင် အရမ်ကိုကုမ္ပဏီက လည်ပတ်နေတဲ့ ရေနံစက်ရုံကြီးနှစ်ရုံကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရပြီး နောက်ပိုင်းမှာ ပြောင်းလဲသွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုထဲမှာ ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်ရေးစက်ရုံဖြစ်တဲ့ Abqaid စက်ရုံနဲ့ အနောက်ပိုင်းက Khurais ရေနံလုပ်ကွက်တွေ ပါဝင်ပါတယ်။ဒီတိုက်ခိုက်မှုတွေမှာ ပုံမှန်အားဖြင့် အီရန်ထောက်ခံတဲ့ ယီမင်ဟူသီသူပုန်တွေ လက်ချက်လို့ ပြောလေ့ရှိပေမယ့် ယခုတစ်ခါမှာတော့ ယီမင်သူပုန်တွေက ဒရုန်း ၁၀ စင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယီမင်သူပုန်တွေရဲ့ ရုပ်သံလိုင်းသစ်ကနေ ထုတ်လွှင့်ခဲ့တာကိုတောင် ဆော်ဒီအစိုးရဘက်က အယုံအကြည်မရှိခဲ့ပါဘူး။

ဒီလိုပမာဏကြီးမားတဲ့ တိုက်ခိုက်မှုကို ယီမင်တွေ တိုက်ခိုက်တယ်လို့ ဆော်ဒီက မယုံကြည်သလို အမေရိကန်ဘက်ကလည်း နောက်ပိုင်း ဂြိုဟ်တုဓာတ်ပုံတွေကို ကြည့်ပြီးနောက်မှာ ပယ်ချခဲ့ပါတယ်။ဆော်ဒီအလယ်ပိုင်းမှာရှိတဲ့  ယခုရေနံချက်စက်ရုံတွေကို တိုက်ခိုက်ဖို့ဆိုရင် ဒရုန်းများဟာ ယီမင်မှ ဆော်ဒီအာရေးဗီးယား အလယ်ပိုင်းသို့ မိုင်ပေါင်း ရာနှင့်ချီ ပျံသန်းလာရမှာဖြစ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယို က ရေနံချက်စက်ရုံနှစ်ရုံကို တိုက်ခိုက်ခဲ့သည်ဟု ယီမင် ဟူသီသူပုန်များ၏ အခိုင်အမာပြောကြားချက်ကို ပယ်ချခဲ့တာပါ။ဒါ့အပြင် တွစ်တာမှာ ‘‘ဒရုန်းတွေက ယီမင်ကနေ လာတယ်ဆိုတာ အထောက်အထား လုံးဝမရှိပါဘူး’’ လို့ ပွန်ပီယို က ရေးသားခဲ့ပါတယ်။

အီရန်သမ္မတ ရိုဟန်နီ က ဆော်ဒီရေနံတွင်း တိုက်ခိုက်ခံရမှုကို အတိအကျမရည်ညွှန်းပေမယ့် ယူအေအီးနှင့် ဆော်ဒီအာရေဗျတို့ကို ပံ့ပိုးမှုပေးခြင်း၊ လက်နက်များပေးခြင်းနှင့် ထောက်လှမ်းရေး အချက်အလက်များ ပေးခြင်းဖြင့်ကြောင့် အမေရိကန်ကို စစ်ဆင်နွှဲနေတယ်လို့ မီဒီယာတစ်ခုကို ပြောခဲ့ပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က သူ့ရဲ့တွစ်တာမှာ ဆော်ဒီရေနံတွင်းတွေ တိုက်ခိုက်တာ ဘယ်သူလဲဆိုတာသိရင် တိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်သွားမယ်ဆိုပြီး ပြောခဲ့ပါတယ်။ဒီလိုတိုက်ခိုက်ခံရမှုကြောင့် လတ်တလောမှာ ကမ္ဘာ့ရေနံဈေးက ဆယ်ရာခိုင်နူန်း တက်သွားသလို ကမ္ဘာ့ရေနံထုတ်လုပ်တဲ့ နိုင်ငံကြီးရဲ့ ရေနံထုတ်လုပ်မှုက ထက်ဝက်ကျဆင်းသွားတယ် ဆိုပါတယ်။

လတ်တလောမှာ ဘယ်အခြေအနေဖြစ်မလဲဆိုတာ မသိရသေးပေမယ့် ရေနံသုံးစွဲမှု အများအပြားကို ဆော်ဒီကနေ ယူနေရတဲ့ အမေရိကန်အတွက် စီးပွားရေးအရ ထိခိုက်သလို နိုင်ငံရေးအရလည်း အီရန်ရဲ့ လက်ချက်သာဆိုရင် စော်ကားရန်စတာ ပြန်ခံနေရတာ ဖြစ်နေတဲ့အတွက် အမေရိကန်အနေနဲ့ ဂုဏ်သိက္ခာအရ မလွဲမသွေ အရှေ့ကိုဆက်တိုးဖို့ များနေပါတယ်။ဒီအတွက် ယခုရက်သတ္တပတ်အတွင်း အီရန်နဲ့ အမေရိကန်ကြား အချိန်မရွေး စစ်ဖြစ်မယ့်အခြေအနေ ရှိတဲ့အတွက် စောင့်ကြည့်ရဖို့ လိုနေပါတယ်။

ဒီသတင်းက ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ ကိုလံဘီယာနယ်စပ်တွင် စစ်ရေးလေ့ကျင့်ဖို့ ဗင်နီဇွဲလား ပြင်ဆင်နေတဲ့သတင်း၊ ပင်လယ်ရေကြောင်းလမ်းမှ ဥရောပသို့ ဝင်ရောက်သည့် ရွှေ့ပြောင်းအခြေချသူများနှင့် ဒုက္ခသည်များဦးရေ ၄၄၉၅၇ ဦး ရှိနေတဲ့သတင်း၊ ဘရာဇီးသမ္မတရဲ့ သားကို ရာဇဝတ်မှုဆိုင်ရာ သံသယရှိမှုဖြင့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေတဲ့ သတင်း၊ အီး စီးကရက် ထုတ်ကုန်များကို အမေရိကန်အစိုးရက မကြာမီတားမြစ်မယ့်သတင်း၊ ၂၀၀၁ စက်တင်ဘာ ၁၁ ရက်က သေဆုံးခဲ့သည့် လူ ၃,၀၀၀ ခန့်အတွက် နယူးယောက်မြို့က Ground Zero ပြုလုပ်သော အခမ်းအနား ပြုလုပ်ခဲ့တဲ့သတင်း၊ ဆန္ဒပြသူများကို နှိမ်နင်းခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးဟောင်းကို ဝန်ကြီးချုပ်သစ်အဖြစ် ဂျော်ဂျီယာပါလီမန်က အတည်ပြုခန့်ထားခဲ့တဲ့ သတင်းတွေထဲ စောင့်ကြည့်ရမယ့် သတင်းဖြစ်ခဲ့ပါတယ်။

အာရပ်ကမ္ဘာကို ရန်စတဲ့လိုက်တဲ့ အစ္စရေး

ဆိုင်းမဆင့် ဗုံမဆင့်ဆိုသလို အစ္စရေးက ၁၉၆၇ အာရပ် - အစ္စရေး စစ်ပွဲအတွင်း သိမ်းခဲ့တဲ့ ဂျော်ဒန်ချိုင့်ဝှမ်းနှင့် ပင်လယ်သေ မြောက်ပိုင်းဒေသကို အစ္စရေးပိုင်နက်ထဲ ထည့်သွင်းမယ်လို့ ကတိပြုခဲ့ပါတယ်။ဒါဟာ လက်ရှိ စစ်လိုလားတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က ပြောခဲ့တာပါ။သူက နောက်တစ်ခေါက်ပြန်ရွေးရတဲ့ အစ္စရေးရွေးကောက်ပွဲမှာ သူပြန်လည်အရွေးခံရဖို့အတွက် မဲဆွယ်ခဲ့တာ ဆိုပေမယ့် သူ့စကားက အာရပ်ကမ္ဘာနဲ့ အနောက်အုပ်စုအတွက် တုန်လှုပ်ဒေါသထွက်စရာ စိတ်မသက်မသာဖြစ်ဖွယ်ပါ။

စက်တင်ဘာ ၁၀ ရက်က ပြောခဲ့တဲ့ ဒီစကားမှာ လာမည့်သီတင်းပတ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ မိမိကို ပြန်လည်တင်မြှောက်ပါက ဂျော်ဒန်ချိုင့်ဝှမ်းနှင့် ပင်လယ်သေ မြောက်ပိုင်းဒေသတွင် အစ္စရေး အချုပ်အခြာအာဏာ ကျင့်သုံးမယ်ဆိုပြီး ကတိကဝတ်ပြုခဲ့တာပါ။ယင်းကြေညာချက် ထွက်လာလာခြင်း ဂျော်ဒန်၊ တူရကီနှင့် ဆော်ဒီက ဝေဖန်ထိုးနှက်ခဲ့သလို  အာရပ်အဖွဲ့ချုပ်ကြီးကလည်း ရန်စမှုတစ်ခုအဖြစ် ရှုတ်ချခဲ့ပါတယ်။အနောက်ဘက်ကမ်းခြေကို အနာဂတ်နိုင်ငံတော်အတွက် ဧရိယာတစ်ခုလုံး တောင်းဆိုနေတဲ့ ပါလက်စတိုင်းဘက်က ပြင်ပြင်ထန်ထန် ပြောခဲ့သလို ငြိမ်းချမ်းရေးလမ်းစ ပျောက်စေမည့် စစ်ရာဇဝတ်မှုတစ်ခုအဖြစ် ပြောခဲ့ပါတယ်။ရုရှားအစိုးရက စက်တင်ဘာ ၁၁ ရက်မှာ နေတန်ယာဟု စကားက  တင်းမာမှုများကို မြင့်တက်စေနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

အနောက်ဘက်ကမ်းခြေဒေသကို ချဲ့ထွင်ကာ အစ္စရေးအိမ်ရာများ တည်ဆောက်သွားမယ့် ဒီအကြံကို အမေရိကန်ဘက်က ထုတ်ပြန်ချက် တစ်စုံတစ်ရာ မပြုလုပ်သေးပါဘူး။အစ္စရေးအနေနဲ့ အာရပ်ကို ငယ်နိုင်လို ဖြစ်နေတဲ့အတွက် လုပ်ချင်ရာ တိုးလုပ်မယ့်သဘော တွေ့ရသလို အမေရိကန်အနေနဲ့ ဟန့်တားမယ့် အနေအထား မတွေ့ရသေးတဲ့အတွက် အခြေအနေက လိပ်ခဲတည်းလည်းပါ။အစ္စရေးသာ ရှေ့တိုးလာရင် အာရပ်တွေဘက်က ဘယ်လိုတုံ့ပြန်မှုတွေ လုပ်လာမလဲဆိုတာလည်း စိတ်ဝင်စားစရာပါဘဲ။

ဒီသတင်းတွေက အီရတ်နိုင်ငံ ကာဘာလာမြို့ ရှီးဟိုက်ဘာသာဝင်တို့၏ အရူရာ နေ့ထူးနေ့မြတ် အခမ်းအနားအတွင်း လူအုပ်တက်နင်းမှုဖြစ်ပြီး လူ ၃၁ ဦးထက်မနည်း သေဆုံးခဲ့တဲ့သတင်း၊ အမြွှာညီနောင်တာဝါကို တိုက်ခိုက်ခဲ့သည့် ၉/၁၁ နှစ်ပတ်လည် အချိန်အခါ ကျရောက်ရန် မိနစ်ပိုင်း အလိုတွင် အာဖဂန်ရှိ အမေရိကန်သံရုံးထဲ ဒုံးကျည်ကျရောက် ပေါက်ကွဲခဲ့တဲ့သတင်း၊ ဆီးရီးယားနိုင်ငံတွင်း ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ဝင်လာတဲ့ အစ္စရေးဗုံးကြဲလေယာဉ်တွေကို ရုရှားစစ်လေယာဉ်က ကြားဖြတ်ဟန့်တားခဲ့တဲ့သတင်း၊ အီရတ်မြောက်ပိုင်းရှိ တီကရစ်မြစ်ထဲက ကျွန်းပေါ်ရှိ ISIS အဖွဲ့ အခိုင်အမာစခန်းများပေါ် လမ်းညွှန်ထိန်းကြောင်းစနစ်ပါတဲ့ ဗုံးတွေ အင်္ဂါနေ့က တန်နဲ့ချီ၍ ကြဲချခဲ့တဲ့သတင်း၊ ဟာရီကိန်းမုန်တိုင်း ဒိုရီယန် ဝင်ရောက်တိုက်ခတ်လို့ ဘဟားမားစ် ကျွန်းနိုင်ငံမှာ လူပေါင်း ၂,၅၀ဝ လောက် ပျောက်ဆုံးနေတဲ့သတင်း၊ အမေရိကန်နှင့် တရုတ် ကုန်သွယ်ရေးအငြင်းပွားမှုကြောင့် ကမ္ဘာ့စီးပွားရေးက ၂၀၂၀ မှာ ဝ.၈ ရာခိုင်နှုန်း ကျဆင်းသွားတဲ့သတင်း၊ အမေဇုန်မိုးသစ်တော ဒေသခံ ကာယာပိုလူမျိုးစု အကြီးအကဲကို  နိုဗယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းခဲ့တဲ့ သတင်းတွေနဲ့အပြိုင် ယခုရက်သတ္တပတ်အတွင်း ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် နိုင်ငံတကာသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မင်းထက်
စက်တင်ဘာ - ၁၆

( Zawgyi )

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ ႏိုင္ငံတကာသတင္းေတြအနက္ ႏိုင္ငံတကာ စိတ္ဝင္စားမႈအရွိဆုံးက ေဆာ္ဒီက ေရနံစက္႐ုံႀကီးႏွစ္ခုကို ဟူသီသူပုန္ေတြက တိုက္ခိုက္လို႔ ကမာၻ႔ေရနံေဈးကြက္ရဲ႕ ငါးရာခိုင္ႏႈန္းထိ ထိခိုက္ကာ ေဈးတက္လာတဲ့ သတင္းပါ။ဒီေနာက္မွာ ထုံးစံအတိုင္း အေမရိကန္ဘက္က စစ္ေရးနဲ႔ပတ္သက္တဲ့ သတင္းေတြ ထြက္လာခဲ့ပါတယ္။ဒီသတင္းေတြေၾကာင့္ ယခုတစ္ပတ္မွာျဖစ္ခဲ့တဲ့ အေမရိကန္သမၼတရဲ႕ အမ်ိဳးသားလုံၿခဳံေရးအႀကံေပး ဂြၽန္ေဘာ္လ္တန္ ကို ထုတ္လိုက္လို႔ ျဖစ္လာႏိုင္တဲ့ မူဝါဒအေျပာင္းအလဲ သတင္းေတြ၊ ေ႐ြးေကာက္ပြဲႏိုင္ရင္ သိမ္းပိုက္ထားတဲ့ ဆီးရီးယား ဂိုလန္ကုန္းျမင့္ကို အစၥေရးပိုင္နက္ထဲ ထည့္မယ္လို႔ ေနတန္ယာဟု က ေျပာလိုက္လို႔ အာရပ္ကမာၻတစ္ခုလုံး လႈပ္လႈပ္ခတ္ခတ္ျဖစ္လာတဲ့သတင္း၊ တ႐ုတ္ - အေမရိကန္ ကုန္သြယ္ေရးေဆြးေႏြးပြဲ ျပန္လည္စတင္ေတာ့မယ့္ သတင္းေတြက ေမွးမွိန္ခဲ့ပါတယ္။

ဒီလိုသတင္းေတြအျပင္ ယခုရက္သတၱပတ္ထဲမွာ ေတာင္ကိုရီးယားသမၼတနဲ႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ တို႔ ကုလသမဂၢမွာ ထိပ္သီးေတြ႕ဆုံပြဲ ျပဳလုပ္ဖို႔ရွိတဲ့သတင္း၊ အဂတိလိုက္စားတဲ့ အစိုးရဝန္ထမ္းေတြကို ေသနတ္ရွိေနတဲ့ ျပည္သူေတြ အသက္မေသေအာင္ ပစ္ခတ္ဖမ္းဆီးခြင့္ ေပးအပ္ခဲ့တဲ့သတင္း၊ အေမရိကန္၏ ပိတ္ဆို႔အေရးယူမႈမ်ားကို ရႈတ္ခ်ရန္ ကုလအေထြေထြညီလာခံကို ဗင္နီဇြဲလား သံတမန္ႏွစ္ဦး တက္ေရာက္မယ့္သတင္း၊ ဂူဂဲလ္ က ျပင္သစ္ႏိုင္ငံ၌ အခြန္အျငင္းပြားမႈတစ္ခု အဆုံးသတ္ဖို႔ ကန္ေဒၚလာ တစ္ဘီလ်ံနဲ႔ အမႈေက်ေအးဖို႔ အသုံးျပဳမယ့္သတင္း၊ ပီ႐ူးသမၼတေဟာင္း ကီကိုဖူဂ်ီမိုရီ ကို ေထာင္ဒဏ္ထက္ဝက္ ေလွ်ာ့ခ်ေပးခဲ့တဲ့သတင္း၊ ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕ရွိ ေျမေအာက္ရထားလိုင္းအခ်ိဳ႕အား ဝန္ထမ္းမ်ားဆႏၵျပမႈ ေျပးဆြဲမႈရပ္ဆိုင္းထားတဲ့ သတင္းေတြလည္း ျဖစ္ခဲ့ပါတယ္။

ကုန္သြယ္ေရးစစ္ ဘယ္သူခ်ဳပ္ကိုင္ကစားေနလဲ

ယခုရက္သတၱပတ္ထဲျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ တ႐ုတ္ - အေမရိကန္ ကုန္သြယ္ေရးတင္းမာမႈ ျပန္လည္ေလ်ာ့လာတဲ့ သတင္းက ယခုတစ္ပတ္ရဲ႕ စီးပြားေရးဆိုင္ရာ ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့ပါတယ္။တ႐ုတ္ကုန္သြယ္ေရးညႇိႏိူင္းမႈအဖြဲ႕ ေခါင္းေဆာင္ ဒု-ဝန္ႀကီးခ်ဳပ္က အေမရိကန္ဘက္ကို ဖုန္းဆက္သြယ္ၿပီးေနာက္ ျပန္လည္ေဆြးေႏြးဖို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

ဒီအက်ိဳးသက္ေရာက္မႈက ေအာက္တိုဘာ ၁ ရက္မွာ စေကာက္ဖို႔ရွိတဲ့ တ႐ုတ္သြင္းကုန္ေတြအေပၚမွာ အခြန္တိုးေကာက္မႈေတြကို ႏွစ္ပတ္ရပ္ဆိုင္းမယ္ဆိုၿပီး အေမရိကန္အစိုးရက စက္တင္ဘာ ၁၁ ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။ဒီအတြက္ ထရမ့္ က ေျပာခဲ့ရာမွာ ေအာက္တိုဘာလထဲ က်င္းပဖို႔ရွိတဲ့ ေခတ္သစ္ တ႐ုတ္ႏိုင္ငံ ထူေထာင္မႈ ႏွစ္ ၇၀ ျပည့္ အထိမ္းအမွတ္ ျပင္ဆင္ေနတဲ့ တ႐ုတ္အစိုးရအတြက္ လိုက္ေလ်ာမႈဆိုၿပီး ေျပာခဲ့တာပါ။

ဘယ္လိုပဲျဖစ္ျဖစ္ ဒါဟာ ႏိုင္ငံႀကီးႏွစ္ခုၾကား ျဖစ္ေနတဲ့ ကုန္သြယ္ေရးစစ္ေၾကာင့္ အထိနာစျပဳလာတဲ့ ကမာၻ႔စီးပြားေရးအတြက္ သတင္းေကာင္းပါဘဲ။တ႐ုတ္ကုန္ပစၥည္း ေဒၚလာ ၂၅၀ ဘီလ်ံအေပၚမွာ အခြန္ ၂၅ ရာခိုင္ႏႈန္းကေန ၃၀ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ေကာက္ခံမယ့္ အစီအစဥ္ကို အေမရိကန္ဘက္က ရပ္ဆိုင္းတာျဖစ္တဲ့အတြက္ ဒီႏွစ္ပတ္ ေအာက္တိုဘာ ၁၄ ရက္အထိ အေျဖတစ္ခုခုရေအာင္ ႏွစ္ဘက္ၾကား ထပ္ေဆြးေႏြးၾကဦးမွာပါ။တ႐ုတ္ဘက္ကေတာ့  အေမရိကန္ အခြန္စည္းၾကပ္မႈေၾကာင့္ နစ္နာဆုံရႈံးရတဲ့ တ႐ုတ္လုပ္ငန္းရွင္ေတြ အထိမနာရေအာင္ ကုစားတဲ့အေနနဲ႔ အေမရိကန္ကို တင္ပို႔မႈအမ်ားဆုံး တ႐ုတ္ကုန္ပစၥည္း ၁၇ မ်ိဳးကို စက္တင္ဘာ ၁၇ ရက္မွ စတင္ၿပီး အခြန္ကင္းလြတ္ခြင့္ျပဳမည္ဆိုၿပီး စက္တင္ဘာ ၁ ရက္ထဲက ေၾကညာခဲ့တာပါ။

ဒီကုန္သြယ္ေရးစစ္အတြက္ အေမရိကန္ဘက္က ေသေသခ်ာခ်ာ ကစားေနသလို တ႐ုတ္ဘက္ကလည္း ျဖစ္လာႏိုင္တဲ့ အက်ိဳးဆက္ေတြအတြက္ ျပင္ဆင္ေနခဲ့ပါတယ္။ဒီရက္သတၱပတ္ထဲမွာ တ႐ုတ္ျပည္က ကုန္သြယ္ေရးစစ္ေၾကာင့္ သူ႔ႏိုင္ငံထဲ လာေရာက္ရင္းႏွီးျမဳပ္ႏွံမယ့္သူေတြ မေလ်ာ့သြားေအာင္ စေတာ့ရွယ္ယာနဲ႔ ေငြတိုက္စာခ်ဳပ္ဘြန္း ေဈးကြက္ေတြမွာ ရင္းႏွီးျမႇဳပ္ႏွံလိုတဲ့ ႏိုင္ငံျခားအဖြဲ႕အစည္းေတြကို ကန႔္သတ္ထားတဲ့ အခ်က္ေတြကို ပယ္ဖ်က္ေပးခဲ့ပါတယ္။

ဒါ့အျပင္ အေမရိကန္နဲ႔ ကုန္သြယ္ေရးစစ္ စတင္တဲ့ အေၾကာင္းအရင္းတစ္ရပ္ျဖစ္တဲ့ 5G နည္းပညာနဲ႔ ပတ္သက္ၿပီး သတင္းတစ္ခု ထြက္လာခဲ့ပါတယ္။ဒါက Huawei Technologies ကို တည္ေထာင္သူနဲ႔ အမႈေဆာင္အရာရွိခ်ဳပ္ Ren Zhengfei က 5G နည္းပညာကို ေရာင္းမယ္လို႔္ economic မဂၢဇင္းနဲ႔ ေတြ႕ဆုံမႈမွာ ေျပာခဲ့ပါတယ္။ဒီေတြ႕ဆုံမႈမွာ 5G ကုဒ္ကိုပါ ဝယ္သူစိတ္ႀကိဳက္ လိုသလိုျပင္ဆင္ခြင့္ပါေပးမယ္လို႔ ေျပာခဲ့ပါတယ္။ဒါဟာ အေမရိကန္ အပါအဝင္ အေနာက္ႏိုင္ငံေတြ စိုးရိမ္ေနတဲ့ ေဘက်င္းအစိုးရက တ႐ုတ္က ေရွ႕ေဆာင္ေနတဲ့ 5G နည္းပညာကို သုံးတဲ့ ႏိုင္ငံေတြက အခ်က္အလက္ေတြကို ထိန္းခ်ဳပ္မယ္ဆိုတဲ့ စိုးရိမ္စိတ္ကို ေလွ်ာ့ခ်လိုက္တဲ့သေဘာလည္း ျဖစ္သလို ယခုေနာက္ပိုင္း ကုန္သြယ္ေရးစစ္ပြဲ အရွိန္တက္ေစမယ့္ အေၾကာင္းအရာေတြကို တ႐ုတ္ဘက္က ေလွ်ာ့ေနခဲ့တာကို ေတြ႕ရပါတယ္။

အေမရိကန္က Huawei ထုတ္ ပစၥည္းမ်ား အသုံးျပဳၿပီး တ႐ုတ္ေထာက္လွမ္းေရး အဖြဲ႕အစည္းေတြက သူလွ်ိဳလုပ္ငန္းေတြမွာ အသုံးျပဳႏိုင္တယ္ဆိုတဲ့ အမ်ိဳးသားလုံၿခဳံေရး အေၾကာင္းျပခ်က္နဲ႔ အေမရိကန္ ကုန္သြယ္ေရး နာမည္ပ်က္စာရင္းထဲ Huawei ကို ထည့္ၿပီးေနာက္  ယခုလို Huawei Technologies ဘက္က သူ႔ရဲ႕ နည္းပညာကို အျခားမွ်ေဝဖို႔ ေျပာခဲ့တာက ထူးျခားမႈပါဘဲ။

တ႐ုတ္အေနနဲ႔ အေမရိကန္ရဲ႕ ကုန္သြယ္ေရးစစ္ အတိုးအေလွ်ာ့လုပ္ ကစားတာကို ခံေနရသလို တစ္ဘက္မွာလည္း အေနာက္ႏိုင္ငံေတြ ေနာက္ကြယ္က ပါဝင္ေနတဲ့ ေဟာင္ေကာင္ႏိုင္ငံေရးလႈပ္ရွားမႈက သိပ္မေအးခ်မ္းေသးပါဘူး။တ႐ုတ္အာဏာပိုင္ေတြက ေဟာင္ေကာင္မွာ ဆူပူမႈမ်ားဖန္တီးၿပီး တ႐ုတ္အစိုးရကို အထိနာေအာင္ ျပည္ပအဖြဲ႕အစည္းေတြက လုပ္ေဆာင္ေနတယ္ဆိုၿပီး စြပ္စြဲထားတာရွိပါတယ္။စက္တင္ဘာ ၈ ရက္က အေမရိကန္ ေကာင္စစ္ဝန္႐ုံးေရွ႕ ျပဳလုပ္ခဲ့တဲ့ ဆႏၵျပပြဲ မွာ ဆႏၵျပသူေတြက ေဟာင္ေကာင္ လြတ္လပ္ေရးအတြက္ အကူအညီေတာင္းၿပီးကတည္းက တ႐ုတ္အစိုးရက ဒီကိစၥအေပၚ သတိထားကိုင္တြယ္ေနတာကို ေတြ႕ရပါတယ္။

အေမရိကန္အေနနဲ႔ တ႐ုတ္ကို ေဟာင္ေကာင္အေရးနဲ႔ ႏိုင္ငံေရးမွာ ဗ်ာမ်ားေနေအာင္သာ လုပ္ေနတာျဖစ္ၿပီး တကယ့္ တကယ္က တ႐ုတ္ရဲ႕ တိုးတက္မႈကို ဟန႔္တားခ်င္တဲ့ သေဘာတစ္ခုပါဘဲ။ဒီၾကားထဲမွာ ေတာင္ပင္လယ္အေရးနဲ႔ ပတ္သက္ၿပီး သည္ေဟ့ဂ္ၿမိဳ႕ရွိ တရား႐ုံးက ဆုံးျဖတ္ခ်က္ကို အသိအမွတ္ျပဳခဲ့တာ မရွိပါဘူး။ဒီဆုံးျဖတ္ခ်က္မွာ  ေတာင္တ႐ုတ္ပင္လယ္ တစ္ခုလုံးအား တ႐ုတ္က ပိုင္ဆိုင္သည္ဆိုျခင္းကို တရားမဝင္ဆိုၿပီး ဆုံးျဖတ္ထားတာပါ။

ယခုရက္သတၱပတ္ထဲမွာ ေဘက်င္းကို ေရာက္လာတဲ့ ဖိလစ္ပိုင္သမၼတ ဒူတာေတး ကို တ႐ုတ္ဘက္က သည္ေဟ့ဂ္ ဆုံးျဖတ္ခ်က္ကို ဥေပကၡာျပဳရင္ ဖိလစ္ပိုင္ အထူးစီးပြားေရးဇုန္ (EEZ) အတြင္း တည္ရွိေသာ ဓာတ္ေငြ႕တူးေဖာ္ေရး ပူးတြဲလုပ္ငန္းမွာ တ႐ုတ္ဘက္က ေဝစုေလွ်ာ့ယူမယ္ဆိုၿပီး ကမ္းလွမ္းခဲ့ပါတယ္။ဖိလစ္ပိုင္ ဒု-သမၼတကေတာ့ ဒီကိစၥမွာ တ႐ုတ္ဘက္က ကမ္းလွမ္းတဲ့အတိုင္း သေဘာတူညီခ်က္ယူမယ္ဆိုရင္ ဒါဟာ မဆင္မျခင္ ျပဳရာေရာက္မည္ဆိုၿပီး ေျပာထားပါတယ္။သဘာဝဓာတ္ေငြ႕ အပါအဝင္ သံယံဇာတ ေပါႂကြယ္တယ္လို႔ ယူဆထားတဲ့ ေတာင္တ႐ုတ္ပင္လယ္ ပိုင္ဆိုင္မႈျပႆနာက ယခုထိေျဖရွင္းမရေသးတဲ့ အျငင္းပြားမႈျဖစ္သလို အာဆီယံႏိုင္ငံအမ်ားစုလည္း ပါဝင္ေနတဲ့အတြက္ မဆင္မျခင္ တစ္ေဇာက္ကန္းလုပ္ေလ့ရွိတဲ့ ဖိလစ္ပိုင္သမၼတ ဒူတာေတး ဘယ္လိုလုပ္မလဲဆိုတာ ေစာင့္ၾကည့္စရာပါ။

ဒီသတင္းက ယခုရက္သတၱပတ္ထဲမွာျဖစ္ခဲ့တဲ့ သတိထားဖြယ္ အာရွသတင္းေတြထဲက တာတိုပစ္ ပဲ့ထိန္းဒုံးက်ည္ ျဖစ္ပုံရေသာ ဒုံးက်ည္ႏွစ္စင္းကို ေျမာက္ကိုရီးယားက ပစ္လႊတ္ခဲ့တဲ့သတင္း၊ အိႏၵိယႏိုင္ငံက လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ခံရမႈႏွင့္ ကြၽန္အျဖစ္ ခိုင္းေစခံရႏိုင္သည့္ အႏၲရာယ္အျမင့္မားဆုံး ႏိုင္ငံျဖစ္လာတဲ့သတင္း၊ န်ဴကလီးယားဓာတ္ေပါင္းဖို အသုံးျပဳေနမႈ ရပ္ဆိုင္းရန္ ဂ်ပန္ႏိုင္ငံက ႀကိဳးပမ္းမယ့္သတင္း၊ ဖူကူရွီးမား န်ဴကလီးယားစက္႐ုံမွ ညစ္ညမ္းေရမ်ား သိမ္းဆည္းရန္ ေနရာကုန္သြားတဲ့အတြက္ ၂၀၂၀ မွာ သမုဒၵရာထဲသို႔ စြန႔္ပစ္ရဖြယ္ရွိေနတဲ့သတင္း၊ ၿဗိတိန္ႏိုင္ငံ ဘလန္ဟိမ္းနန္းေတာ္ ေဖာက္ထြင္းခံရရာ ၁၈ ကာရက္ အေလးခ်ိန္ရွိ ေ႐ႊအိမ္သာ ခိုးယူခံရတဲ့သတင္း၊ မကၠဆီကိုႏိုင္ငံ ဂ်ာလစ္စကိုျပည္နယ္ ေရတြင္းတစ္ခုအတြင္း ျမဳပ္ႏွံထားတဲ့ လူအေလာင္း ၄၄ ေလာင္းကို မည္သူမည္ဝါျဖစ္ေၾကာင္း ေဖာ္ထုတ္ဖို႔ မကၠဆီကို မႈခင္းေဆးပညာ သိပၸံပညာရွင္မ်ား ႀကိဳးစားေနတဲ့သတင္း၊ ဝက္တုပ္ေကြးေရာဂါ ျဖစ္ပြားေနလို႔ တိုက်ိဳၿမိဳ႕ ေျမာက္ဘက္ ဆိုင္တာမာစီရင္စုရွိ ဝက္ ၇၅၃ ေကာင္ကို ရွင္းလင္းသုတ္သင္ခဲ့တဲ့သတင္း၊ ထိုင္းႏိုင္ငံမွာ တစ္အိမ္ေထာင္ကို ေဆးေျခာက္မ်ိဳးႏြယ္ဝင္ အပင္ေျခာက္ပင္ စိုက္ခြင့္ျပဳမည့္ ဥပေဒအတည္ျပဳရန္ စီစဥ္ေနတဲ့ သတင္းေတြထဲ ထူးထူးျခားျခား သတိထားစရာ သတင္းေတြ  ျဖစ္ခဲ့ပါ တယ္။

ပင္လယ္ေကြ႕စစ္ ဘယ္သူစစ္ျမဴေနသလဲ

ယခုရက္သတၱပတ္က ႏိုင္ငံတကာအေရး ေစာင့္ၾကည့္အကဲခတ္သူေတြ မ်က္ေျခမျပတ္ေစာင့္ၾကည့္ရတဲ့ အခ်ိန္ကာလတစ္ခု ျဖစ္ခဲ့ပါတယ္။ရက္သတၱပတ္အေစာပိုင္းက အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ က ႏိုင္ငံေတာ္လုံၿခဳံေရး အႀကံေပးပုဂၢိဳလ္ ဂြၽန္ေဘာ္လ္တန္ ကို ရာထူးကေန ထုတ္ပယ္ခဲ့ပါတယ္။ကုလသမဂၢဆိုင္ရာ အေမရိကန္သံ အမတ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ေဘာ္လ္တန္ ကို ႏိုင္ငံတကာက သိထားၾကတာ သမၼတ ထရမ့္ အနားမွာရွိတဲ့ အေရးပါတဲ့သူေတြထဲက သေဘာထားတင္းမာမႈအရွိဆုံး လူတစ္ေယာက္အျဖစ္ပါ။ေဘာ္လ္တန္ ဟာ ေျမာက္ကိုရီးယားအေရးကဲ့သို႔ ကိစၥရပ္မ်ားမွာ တင္းတင္းမာမာ ရပ္တည္ရန္ သမၼတကို တိုက္တြန္းခဲ့သလို အီရန္၊ ႐ုရွားႏွင့္ အာဖဂန္နစၥတန္ အေရးေတြမွာလည္း သေဘာထားတင္းမာစြာ ခ်ည္းကပ္ရန္ အားေပးခဲ့သူပါ။

ထရမ့္ က တြစ္တာမွာ ဂြၽန္ေဘာ္လ္တန္ ကို ထုတ္ပယ္တာနဲ႔ ပတ္သက္ၿပီး "သူ႔ရဲ႕ အႀကံျပဳခ်က္ အမ်ားအျပားကို ကြၽန္ေတာ့္အျပင္ အစိုးရအဖြဲ႕က အျခားသူေတြကလည္း သေဘာမတူၾကပါဘူး" လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။ယခုလို ေဘာ္လ္တန္ ကို ထုတ္ပယ္ခဲ့တဲ့အတြက္ ရပ္ဆိုင္းလုနီးပါးျဖစ္ေနတဲ့ ေျမာက္ကိုရီးယားနဲ႔ ေဆြးေႏြးမႈ၊ တာလီဘန္နဲ႔ ေဆြးေႏြးမႈေတြမွာ အေျပာင္းအလဲေတြ ျမင္လာရမလားဆိုတာေတြ သုံးသပ္ခ်က္ေတြ ေပၚထြက္ လာခဲ့ပါတယ္။ဒါ့အျပင္ အီရန္နဲ႔ပတ္သက္တဲ့ သေဘာထားေတြမွာ အေျပာင္းအလဲေတြ ျမင္ရမလားဆိုတာ မွန္းဆမႈေတြ ရွိလာခဲ့ပါတယ္။ဒီေနာက္မွာ အိုဘားမား လက္ထက္ န်ဴကလီးယားစာခ်ဳပ္ အခ်က္အလက္အတိုင္း ျပန္လိုက္နာမယ္ဆိုရင္ အေမရိကန္ဘက္က ကန္ေဒၚလာ ၁၅ ဘီလ်ံ ထုတ္ေခ်းဖို႔ စဥ္းစားမယ္ဆိုတဲ့ သတင္းေတြ ထြက္လာခဲ့ပါတယ္။ဒါ့အျပင္ အေမရိကန္သမၼတနဲ႔ အီရန္သမၼတ ဟက္ဆန္ တို႔ ဘာကန႔္သတ္ခ်က္မွမထားဘဲ ေတြ႕ဆုံဖို႔ ဆႏၵရွိတယ္ဆိုတဲ့ သတင္းေတြလဲ ထြက္လာခဲ့ပါတယ္။

ဒီလို အေမရိကန္ဘက္က စစ္လိုလားတဲ့ ဂြၽန္ေဘာ္လ္တန္ ထြက္ၿပီးေနာက္မွာ ျဖစ္လာတဲ့ အခင္းအက်င္းေတြပါ။ဒါေတြဟာ စက္တင္ဘာ ၁၄ ရက္က ေဆာ္ဒီအာေရဗ်ႏိုင္ငံရဲ႕ ႏိုင္ငံပိုင္ အရမ္ကိုကုမၸဏီက လည္ပတ္ေနတဲ့ ေရနံစက္႐ုံႀကီးႏွစ္႐ုံကို ဒ႐ုန္းေတြနဲ႔ တိုက္ခိုက္ခံရၿပီး ေနာက္ပိုင္းမွာ ေျပာင္းလဲသြားခဲ့ပါတယ္။ဒီတိုက္ခိုက္မႈထဲမွာ ကမာၻ႔အႀကီးဆုံး ေရနံထုတ္လုပ္ေရးစက္႐ုံျဖစ္တဲ့ Abqaid စက္႐ုံနဲ႔ အေနာက္ပိုင္းက Khurais ေရနံလုပ္ကြက္ေတြ ပါဝင္ပါတယ္။ဒီတိုက္ခိုက္မႈေတြမွာ ပုံမွန္အားျဖင့္ အီရန္ေထာက္ခံတဲ့ ယီမင္ဟူသီသူပုန္ေတြ လက္ခ်က္လို႔ ေျပာေလ့ရွိေပမယ့္ ယခုတစ္ခါမွာေတာ့ ယီမင္သူပုန္ေတြက ဒ႐ုန္း ၁၀ စင္းနဲ႔ တိုက္ခိုက္ခဲ့တယ္လို႔ ယီမင္သူပုန္ေတြရဲ႕ ႐ုပ္သံလိုင္းသစ္ကေန ထုတ္လႊင့္ခဲ့တာကိုေတာင္ ေဆာ္ဒီအစိုးရဘက္က အယုံအၾကည္မရွိခဲ့ပါဘူး။

ဒီလိုပမာဏႀကီးမားတဲ့ တိုက္ခိုက္မႈကို ယီမင္ေတြ တိုက္ခိုက္တယ္လို႔ ေဆာ္ဒီက မယုံၾကည္သလို အေမရိကန္ဘက္ကလည္း ေနာက္ပိုင္း ၿဂိဳဟ္တုဓာတ္ပုံေတြကို ၾကည့္ၿပီးေနာက္မွာ ပယ္ခ်ခဲ့ပါတယ္။ေဆာ္ဒီအလယ္ပိုင္းမွာရွိတဲ့  ယခုေရနံခ်က္စက္႐ုံေတြကို တိုက္ခိုက္ဖို႔ဆိုရင္ ဒ႐ုန္းမ်ားဟာ ယီမင္မွ ေဆာ္ဒီအာေရးဗီးယား အလယ္ပိုင္းသို႔ မိုင္ေပါင္း ရာႏွင့္ခ်ီ ပ်ံသန္းလာရမွာျဖစ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ခ္ပြန္ပီယို က ေရနံခ်က္စက္႐ုံႏွစ္႐ုံကို တိုက္ခိုက္ခဲ့သည္ဟု ယီမင္ ဟူသီသူပုန္မ်ား၏ အခိုင္အမာေျပာၾကားခ်က္ကို ပယ္ခ်ခဲ့တာပါ။ဒါ့အျပင္ တြစ္တာမွာ ‘‘ဒ႐ုန္းေတြက ယီမင္ကေန လာတယ္ဆိုတာ အေထာက္အထား လုံးဝမရွိပါဘူး’’ လို႔ ပြန္ပီယို က ေရးသားခဲ့ပါတယ္။

အီရန္သမၼတ ႐ိုဟန္နီ က ေဆာ္ဒီေရနံတြင္း တိုက္ခိုက္ခံရမႈကို အတိအက်မရည္ၫႊန္းေပမယ့္ ယူေအအီးႏွင့္ ေဆာ္ဒီအာေရဗ်တို႔ကို ပံ့ပိုးမႈေပးျခင္း၊ လက္နက္မ်ားေပးျခင္းႏွင့္ ေထာက္လွမ္းေရး အခ်က္အလက္မ်ား ေပးျခင္းျဖင့္ေၾကာင့္ အေမရိကန္ကို စစ္ဆင္ႏႊဲေနတယ္လို႔ မီဒီယာတစ္ခုကို ေျပာခဲ့ပါတယ္။အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ က သူ႔ရဲ႕တြစ္တာမွာ ေဆာ္ဒီေရနံတြင္းေတြ တိုက္ခိုက္တာ ဘယ္သူလဲဆိုတာသိရင္ တိုက္ခိုက္မႈမ်ား ျပန္လည္လုပ္ေဆာင္သြားမယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ဒီလိုတိုက္ခိုက္ခံရမႈေၾကာင့္ လတ္တေလာမွာ ကမာၻ႔ေရနံေဈးက ဆယ္ရာခိုင္ႏူန္း တက္သြားသလို ကမာၻ႔ေရနံထုတ္လုပ္တဲ့ ႏိုင္ငံႀကီးရဲ႕ ေရနံထုတ္လုပ္မႈက ထက္ဝက္က်ဆင္းသြားတယ္ ဆိုပါတယ္။

လတ္တေလာမွာ ဘယ္အေျခအေနျဖစ္မလဲဆိုတာ မသိရေသးေပမယ့္ ေရနံသုံးစြဲမႈ အမ်ားအျပားကို ေဆာ္ဒီကေန ယူေနရတဲ့ အေမရိကန္အတြက္ စီးပြားေရးအရ ထိခိုက္သလို ႏိုင္ငံေရးအရလည္း အီရန္ရဲ႕ လက္ခ်က္သာဆိုရင္ ေစာ္ကားရန္စတာ ျပန္ခံေနရတာ ျဖစ္ေနတဲ့အတြက္ အေမရိကန္အေနနဲ႔ ဂုဏ္သိကၡာအရ မလြဲမေသြ အေရွ႕ကိုဆက္တိုးဖို႔ မ်ားေနပါတယ္။ဒီအတြက္ ယခုရက္သတၱပတ္အတြင္း အီရန္နဲ႔ အေမရိကန္ၾကား အခ်ိန္မေ႐ြး စစ္ျဖစ္မယ့္အေျခအေန ရွိတဲ့အတြက္ ေစာင့္ၾကည့္ရဖို႔ လိုေနပါတယ္။

ဒီသတင္းက ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ ကိုလံဘီယာနယ္စပ္တြင္ စစ္ေရးေလ့က်င့္ဖို႔ ဗင္နီဇြဲလား ျပင္ဆင္ေနတဲ့သတင္း၊ ပင္လယ္ေရေၾကာင္းလမ္းမွ ဥေရာပသို႔ ဝင္ေရာက္သည့္ ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ားႏွင့္ ဒုကၡသည္မ်ားဦးေရ ၄၄၉၅၇ ဦး ရွိေနတဲ့သတင္း၊ ဘရာဇီးသမၼတရဲ႕ သားကို ရာဇဝတ္မႈဆိုင္ရာ သံသယရွိမႈျဖင့္ စစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိေနတဲ့ သတင္း၊ အီး စီးကရက္ ထုတ္ကုန္မ်ားကို အေမရိကန္အစိုးရက မၾကာမီတားျမစ္မယ့္သတင္း၊ ၂၀၀၁ စက္တင္ဘာ ၁၁ ရက္က ေသဆုံးခဲ့သည့္ လူ ၃,၀၀၀ ခန႔္အတြက္ နယူးေယာက္ၿမိဳ႕က Ground Zero ျပဳလုပ္ေသာ အခမ္းအနား ျပဳလုပ္ခဲ့တဲ့သတင္း၊ ဆႏၵျပသူမ်ားကို ႏွိမ္နင္းခဲ့တဲ့ ျပည္ထဲေရးဝန္ႀကီးေဟာင္းကို ဝန္ႀကီးခ်ဳပ္သစ္အျဖစ္ ေဂ်ာ္ဂ်ီယာပါလီမန္က အတည္ျပဳခန႔္ထားခဲ့တဲ့ သတင္းေတြထဲ ေစာင့္ၾကည့္ရမယ့္ သတင္းျဖစ္ခဲ့ပါတယ္။

အာရပ္ကမာၻကို ရန္စတဲ့လိုက္တဲ့ အစၥေရး

ဆိုင္းမဆင့္ ဗုံမဆင့္ဆိုသလို အစၥေရးက ၁၉၆၇ အာရပ္ - အစၥေရး စစ္ပြဲအတြင္း သိမ္းခဲ့တဲ့ ေဂ်ာ္ဒန္ခ်ိဳင့္ဝွမ္းႏွင့္ ပင္လယ္ေသ ေျမာက္ပိုင္းေဒသကို အစၥေရးပိုင္နက္ထဲ ထည့္သြင္းမယ္လို႔ ကတိျပဳခဲ့ပါတယ္။ဒါဟာ လက္ရွိ စစ္လိုလားတဲ့ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟု က ေျပာခဲ့တာပါ။သူက ေနာက္တစ္ေခါက္ျပန္ေ႐ြးရတဲ့ အစၥေရးေ႐ြးေကာက္ပြဲမွာ သူျပန္လည္အေ႐ြးခံရဖို႔အတြက္ မဲဆြယ္ခဲ့တာ ဆိုေပမယ့္ သူ႔စကားက အာရပ္ကမာၻနဲ႔ အေနာက္အုပ္စုအတြက္ တုန္လႈပ္ေဒါသထြက္စရာ စိတ္မသက္မသာျဖစ္ဖြယ္ပါ။

စက္တင္ဘာ ၁၀ ရက္က ေျပာခဲ့တဲ့ ဒီစကားမွာ လာမည့္သီတင္းပတ္တြင္ က်င္းပမည့္ အေထြေထြေ႐ြးေကာက္ပြဲ၌ မိမိကို ျပန္လည္တင္ေျမႇာက္ပါက ေဂ်ာ္ဒန္ခ်ိဳင့္ဝွမ္းႏွင့္ ပင္လယ္ေသ ေျမာက္ပိုင္းေဒသတြင္ အစၥေရး အခ်ဳပ္အျခာအာဏာ က်င့္သုံးမယ္ဆိုၿပီး ကတိကဝတ္ျပဳခဲ့တာပါ။ယင္းေၾကညာခ်က္ ထြက္လာလာျခင္း ေဂ်ာ္ဒန္၊ တူရကီႏွင့္ ေဆာ္ဒီက ေဝဖန္ထိုးႏွက္ခဲ့သလို  အာရပ္အဖြဲ႕ခ်ဳပ္ႀကီးကလည္း ရန္စမႈတစ္ခုအျဖစ္ ရႈတ္ခ်ခဲ့ပါတယ္။အေနာက္ဘက္ကမ္းေျခကို အနာဂတ္ႏိုင္ငံေတာ္အတြက္ ဧရိယာတစ္ခုလုံး ေတာင္းဆိုေနတဲ့ ပါလက္စတိုင္းဘက္က ျပင္ျပင္ထန္ထန္ ေျပာခဲ့သလို ၿငိမ္းခ်မ္းေရးလမ္းစ ေပ်ာက္ေစမည့္ စစ္ရာဇဝတ္မႈတစ္ခုအျဖစ္ ေျပာခဲ့ပါတယ္။႐ုရွားအစိုးရက စက္တင္ဘာ ၁၁ ရက္မွာ ေနတန္ယာဟု စကားက  တင္းမာမႈမ်ားကို ျမင့္တက္ေစႏိုင္ေၾကာင္း သတိေပးခဲ့ပါတယ္။

အေနာက္ဘက္ကမ္းေျခေဒသကို ခ်ဲ႕ထြင္ကာ အစၥေရးအိမ္ရာမ်ား တည္ေဆာက္သြားမယ့္ ဒီအႀကံကို အေမရိကန္ဘက္က ထုတ္ျပန္ခ်က္ တစ္စုံတစ္ရာ မျပဳလုပ္ေသးပါဘူး။အစၥေရးအေနနဲ႔ အာရပ္ကို ငယ္ႏိုင္လို ျဖစ္ေနတဲ့အတြက္ လုပ္ခ်င္ရာ တိုးလုပ္မယ့္သေဘာ ေတြ႕ရသလို အေမရိကန္အေနနဲ႔ ဟန႔္တားမယ့္ အေနအထား မေတြ႕ရေသးတဲ့အတြက္ အေျခအေနက လိပ္ခဲတည္းလည္းပါ။အစၥေရးသာ ေရွ႕တိုးလာရင္ အာရပ္ေတြဘက္က ဘယ္လိုတုံ႔ျပန္မႈေတြ လုပ္လာမလဲဆိုတာလည္း စိတ္ဝင္စားစရာပါဘဲ။

ဒီသတင္းေတြက အီရတ္ႏိုင္ငံ ကာဘာလာၿမိဳ႕ ရွီးဟိုက္ဘာသာဝင္တို႔၏ အ႐ူရာ ေန႔ထူးေန႔ျမတ္ အခမ္းအနားအတြင္း လူအုပ္တက္နင္းမႈျဖစ္ၿပီး လူ ၃၁ ဦးထက္မနည္း ေသဆုံးခဲ့တဲ့သတင္း၊ အႁမႊာညီေနာင္တာဝါကို တိုက္ခိုက္ခဲ့သည့္ ၉/၁၁ ႏွစ္ပတ္လည္ အခ်ိန္အခါ က်ေရာက္ရန္ မိနစ္ပိုင္း အလိုတြင္ အာဖဂန္ရွိ အေမရိကန္သံ႐ုံးထဲ ဒုံးက်ည္က်ေရာက္ ေပါက္ကြဲခဲ့တဲ့သတင္း၊ ဆီးရီးယားႏိုင္ငံတြင္း ပစ္မွတ္ေတြကို တိုက္ခိုက္ဖို႔ဝင္လာတဲ့ အစၥေရးဗုံးႀကဲေလယာဥ္ေတြကို ႐ုရွားစစ္ေလယာဥ္က ၾကားျဖတ္ဟန႔္တားခဲ့တဲ့သတင္း၊ အီရတ္ေျမာက္ပိုင္းရွိ တီကရစ္ျမစ္ထဲက ကြၽန္းေပၚရွိ ISIS အဖြဲ႕ အခိုင္အမာစခန္းမ်ားေပၚ လမ္းၫႊန္ထိန္းေၾကာင္းစနစ္ပါတဲ့ ဗုံးေတြ အဂၤါေန႔က တန္နဲ႔ခ်ီ၍ ႀကဲခ်ခဲ့တဲ့သတင္း၊ ဟာရီကိန္းမုန္တိုင္း ဒိုရီယန္ ဝင္ေရာက္တိုက္ခတ္လို႔ ဘဟားမားစ္ ကြၽန္းႏိုင္ငံမွာ လူေပါင္း ၂,၅၀ဝ ေလာက္ ေပ်ာက္ဆုံးေနတဲ့သတင္း၊ အေမရိကန္ႏွင့္ တ႐ုတ္ ကုန္သြယ္ေရးအျငင္းပြားမႈေၾကာင့္ ကမာၻ႔စီးပြားေရးက ၂၀၂၀ မွာ ဝ.၈ ရာခိုင္ႏႈန္း က်ဆင္းသြားတဲ့သတင္း၊ အေမဇုန္မိုးသစ္ေတာ ေဒသခံ ကာယာပိုလူမ်ိဳးစု အႀကီးအကဲကို  ႏိုဗယ္ၿငိမ္းခ်မ္းေရးဆုအတြက္ အမည္စာရင္းတင္သြင္းခဲ့တဲ့ သတင္းေတြနဲ႔အၿပိဳင္ ယခုရက္သတၱပတ္အတြင္း ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ ႏိုင္ငံတကာသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
စက္တင္ဘာ - ၁၆