【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အီရန်ကို စစ်ဆင်ဖို့ သက်သေခိုင်လုံနေပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အီရန်ကို စစ်ဆင်ဖို့ သက်သေခိုင်လုံနေပြီလား

ယခုရက်သတ္တပတ်ထဲဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ ကုလသမဂ္ဂ အထွေထွေညီလာခံ သတင်းတွေ၊ ထရမ့် နဲ့ ယူကရိန်းသမ္မတ ဆက်သွယ်မှုကနေ ထရမ့် ကို တရားစွဲဖို့ ဒီမိုကရက်တစ်တွေ လုပ်ဆောင်တဲ့ သတင်းတွေ၊ အီရန်ကို စစ်ဆင်ဖို့ ဆော်ဒီဘက်က မဟာမိတ်တွေကို အချက်ပြနေတဲ့ အကြောင်းတရားတွေနဲ့ ပိုဆိုးရွားလာတဲ့ ကမ္ဘာတစ်ဝန်း သဘာဝဘေးသတင်းတွေက ကမ္ဘာ့သတင်းဌာနတွေမှာ ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေလိုဘဲ သတင်းဖတ်သူတွေကို သတိပြုစေခဲ့တဲ့ သတင်းအချို့လည်း ယခုရက်သတ္တပတ်ထဲ ရှိခဲ့ပါတယ်။ဒီသတင်းတွေကတော့ ဟောင်ကောင်လေဆိပ် အသုံးပြုခ လျှော့ချပေးဖို့ လေကြောင်းလိုင်းတွေ က တောင်းဆိုခဲ့တဲ့သတင်း၊ ဗြိတိန်ခရီးသွားလုပ်ငန်းကုမ္ပဏီကြီး Thomas Cookဒေဝါလီခံခဲ့လို့ ခရီးသွားတစ် သိန်းခွဲခန့် ကမ္ဘာတစ်ဝန်းသောင်တင်သွားခဲ့တဲ့သတင်း၊ ဆွစ်ဇာလန်နိုင်ငံမှာ ကျန်းမာရေး ထိခိုက်မည်ကိုစိုးရိမ်လို့ 5G နည်းပညာကို လူထောင်ပေါင်း များစွာ ဆန္ဒပြခဲ့တဲ့သတင်း၊ဆန္ဒပြပွဲတစ်ခုမှာ ဟေတီအမတ် တစ်ဦးက သေ နတ်နဲ့ ပစ်ခတ်ခဲ့လို့  လူနှစ် ဦး ဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်ကို အမေရိကန် က ရန်ပုံငွေ ကန်ဒေါ်လာ ၅၂ သန်း ပေးမယ်လို့ ကမ်းလှမ်းခဲ့တဲ့ သတင်း၊မြောက်ကိုရီးယားနဲ ထိစပ်နေတဲ့နေရာ မှာ နိုင်ငံတကာ ငြိမ်းချမ်းရေး ဇုန်တစ်ခု ဖန်တီးရေး တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ကုလသမဂ္ဂအထွေ ထွေညီလာခံမှာ အဆိုပြုခဲ့တဲ့ သတင်း၊ပြင်သစ်သမ္မတ ဟောင်း ဂျက်ရှီးရက် အသက် (၈၆)နှစ်တွင် ကွယ်လွန်ခဲ့ တွေပါဘဲ။  

မတည်ငြိမ်လာတဲ့ အင်ဒိုနိုင်ငံရေး အခြေအနေ

ကမ္ဘာအစ္စလာမ်ဘာသာဝင်အမျာဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ယခုနှစ်ထဲ ဆက်တိုက်ဆိုသလို နိုင်ငံတကာက သတိပြုမိလောက်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဖြစ်လာခဲ့ပါတယ်။မကြာမီက  အင်ဒိုလွှတ်တော်မှာ လက်မထပ်မီ လိင်ဆက်ဆံခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်မယ့် ဥပေဒကြမ်းကို တင်ဖို့ ကြိုးစားတဲ့ အတွက် အင်ဒိုနိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပါတယ်။ ဒီဥပဒေကြမ်းမှာ လက်မထပ်မီ လိင်ဆက်ဆံခြင်းနဲ့ သမ္မတ ကို စော်ကားတာလည်း ရာဇဝတ်မှုအဖြစ် သတ်မှတ်မှာဖြစ်လို့ ကိုယ်ဝန်ဖျက်ချတာ၊ အိမ်ထောင်ရှိရဲ့သားနဲ့ တခြား သူနဲ့ ပေါင်းသင်းနေထိုင်တာတွေအတွက် ထောင်ဒဏ်တွေ ပါလို့ ဒီသတ်မှတ်ချက်က အင်ဒိုနိုင်ငံသား တွေအတွက် တစ်ကိုယ်ရည်လွတ်လပ်မှုကို ထိခိုက်စေတယ်ဆိုပြီး ဘာသာရော၊လူမျိုးပါ မခွဲခြားတော့ဘဲ ဆန္ဒပြခဲ့ကြတာပါ။

ဒီလို ဆန့်ကျင်မှုတွေရှိလို့ ယင်းဥပဒေကြမ်းကို အင်ဒိုလွှတ်တော်က ဆိုင်းငံ့ထားပါတယ်။အစောပိုင်းက စက်တင်ဘာ ၂၄ ရက်မှာ မဲခွဲမယ်ဆိုပြီး စီစဉ်ထားပေမယ့်  သမ္မတဂျိုကိုဝီဒိုဒိုက ပိုစဉ်းစားဖို့ လိုတယ်လို့ ပြောတဲ့ အတွက် မဲခွဲဆုံးဖြတ်ရန် ရွှေ့ ဆိုင်းခဲ့တာပါ။

ဒီဥပဒေက တင်းကျပ်လွန်းတဲ့အတွက် ကျောင်းသား အများအပြားပါဝင်သော ဆန္ဒပြသူထောင်ပေါင်း များစွာက အင်ဒိုလွှတ်တော်ရှေ့အပါအဝင် နိုင်ငံတစ်ဝန်းက မြို့ကြီးတွေမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့အတွက် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်တွေနဲ့ ဆန္ဒပြသူတွေကို နှိမ်နှင်း ခဲ့ရပါတယ်။ ဒီလိုနှိမ်နှင်းမှုဖြစ်စဉ် မှာ ကျောင်းသားနှစ်ဦးသေဆုံးခဲ့ရပြီး ဒီလိုသေဆုံးရမှုကို သမ္မတဂျိုကိုဝီဒိုဒိုက စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့ ပါတယ်။

ဒီလိုဖြစ်နေသလို အင်ဒိုက အုပ်ချုပ်တဲ့ ပါပူအာမှာလည်း ကျောင်းဆရာတစ်ဦးက လူမျိုးရေးခွဲခြားသော စကားပြောဆိုရာကနေ ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်နေပါတယ်။ ဩဂုတ်လထဲက ပါပူအာ ပြည်နယ်မှာ အကြမ်းဖက်ဆန္ဒပြပွဲအချို့ ဖြစ်နေခဲ့တာပါ။ပြည်နယ်မြို့တော် ဂျာယာပူရာတွင် ကျောင်းသား တွေ က စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များကို ကျောက်တုံးကျောက်ခဲများ၊ ဓားများနဲ့ တိုက်ခိုက်ခဲ့သလို ဝါမီနာမြို့ မှာ အထက်တန်းကျောင်းသားအများစုပါဝင်သော ရာနှင့်ချီတဲ့ ဆန္ဒပြသူတွေက အဆောက်အအုံ အမြောက် အမြား ကို မီးတင်ရှို့ ခဲ့လို့ အနည်းဆုံး လူ ၂၂ ဦး သေ ဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့ပါတယ်။

အင်ဒိုသမ္မတ  သမ္မတဂျိုကိုဝီဒိုဒိုအနေနဲ့ ယခုလပိုင်းမှာ သူရဲ့ဒုတိယမြောက်သမ္မတသက်တမ်းကို ဆက် တာဝန်ထမ်းဆောင်ရမှာပါ။ ဒါပေမယ့် ယခုအခြေအနေအရ ဒုတိယမြောက်သက်တမ်းကို အောင်အောင် မြင်မြင် ကျော်နိုင်ပါ့မလားဆိုတာ သံသယဝင်စရာပါ။ ဂျကာတာမြို့ကို ရွှေ့ရမယ့် အခက်အခဲနဲ့ အတူ ယခုရာဇဝတ်မှု ဥပဒေသစ်ကြောင့် ဖြစ်တဲ့ ဆန္ဒပြမှုတွေက သမ္မတဂျိုကိုဝီဒိုဒိုကို ဘယ်လောက်ထိအခက်အခဲတွေ့စေနိုင်မလဲ၊ အင်ဒို နိုင်ငံရေးချိန်ခွင်လျှာ ဘယ်လိုတမ်းစောင်းမှုတွေ ရှိလာမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ယခုသတင်းက အာရှသတင်းတွေဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံရှိ သက်ကြီးဆေးရုံ ုမှာ ၌ မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ရာ လူနာနှစ်ဦးသေဆုံးပြီး ၄၇ ဦး ဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ တစ်နှစ်ခရီး သည် ၇၂ သန်း ကိုင် တွယ်နိုင်မည့် ဘေဂျင်းလေဆိပ်သစ်ဒါဆင်းကို တရားဝင်ဖွင့်လှစ်ခဲ့ တဲ့ သတင်း၊ အစ္စရေးအဆင့်မြင့် နည်းပညာ ကုမ္ပဏီတစ်ခုက ကားမောင်းနှင်နေစဉ် ကြိုးမဲ့အားသွင်းနိုင်မည့် လျှပ်စစ်ကားလမ်းမစနစ်ကို အောင်မြင်စွာ တပ် ဆင်ပြီးစီးကြောင်းထုတ်ပြန်ခဲ့တဲ့ သတင်း၊ တရုတ်နိုင်ငံမှာ ခရီးသည်အပြည့် တင်ဆောင် လာသော ဘတ်စ်ကား တစ်စီးဘီးပေါက်၍ ထရပ်ကားတစ်စီးနှင့် တိုက်မိရာ အနည်းဆုံး ၃၆ ဦး သေဆုံးပြီး ၃၆ ဦးဒဏ်ရာရခဲ့တဲ့ သတင်း တွေထဲမှာ ထူးထူးခြားခြား ကွဲထွက်နေခဲ့တဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ရာသီဥတုဖောက်ပြန်မှု အဆိုးဆုံးအဆင့် ရောက်တော့မလား

ယခုရက်သတ္တပတ်ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆွီဒင်ဆယ်ကျော်သက်တစ်ဦးကြောင့် ရာသီသတုဆိုင်ရာပြဿနာက ထိပ်တန်းဆွေးနွေးစရာ၊ ရှေ့တန်းရောက်ခဲ့တဲ့ သတင်းဖြစ်ခဲ့ပါတယ်။ အဆိုပါအ စည်းအဝေးမှာ ကမ္ဘာ့ ခေါင်းဆောင်တွေကို ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဆွီဒင်ဆယ်ကျော် သက် ဂရီတာသွန်းဘာ့ဂ်ျက မေးခွန်းထုတ်ခဲ့ပါတယ်။

၎င်းက ကမ္ဘာခေါင်းဆောင်တွေကို ကမ္ဘာကြီးပူနွေးလာမှုဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ဝန်းကလူတွေ ဒုက္ခ ရောက်နေစဉ်မှာ ကမ္ဘာ့ခေါင်းဆောင်တွေက လုပ်ဆောင်ချက်မပါသည့် ကတိတွေပေးနေတယ်ဆိုပြီး ပြောခဲ့ပါ တယ်။ဒီလိုပြောတာကို ကုလ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကလည်း ထောက်ခံ ခဲ့ပါ တယ်။ ဒီညီလာခံမှာ ဂူတာရက်စ်က ရုပ်ကြွင်းလောင်စာထုတ်ယူခြင်းကို ရပ်တန့်ရန်နှင့် ကျောက်မီးသွေးသုံး   ဓာတ်အားပေးစက်ရုံအသစ်တွေ ထပ်မဆောက်ကြဖို့ တိုက်တွန်းခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တွေကလည်း ပြောင်းလဲရန် ကတိပြု ခဲ့ကြပါတယ်။

အဆိုပါညီလာခံမှာ ကမ္ဘာ့မိုးလေဝသ အဖွဲ့အစည်းနှင့် အခြားအဖွဲ့အစည်တွေပေါင်းပြီး အစီရင်ခံစာတစ် စောင်ကို ဖော်ပြခဲ့ရာမှာ ယခုရာစုနှစ်အကုန်ရောက်လျှင် ကမ္ဘာကြီး၏ ပျမ်းမျှအပူချိန်မှာ ၃ ဒသမ ၄ ဒီဂရီ ဆဲစီး ရပ်စ်အထိ တိုးမြင့်လာနိုင်တယ်ဆိုပြီး သတိပေးထားပါတယ်။ အစီရင်ခံစာမှာ ယခုပုံစံအတိုင်း ဆက်လက်သွား မည်ဆိုရင် ၂၁၀၀ ရောက်ရင် ကမ္ဘာ့အပူချိန်မှာ ၃ ဒသမ ၄ ဒီဂရီအထိ မြင့်တက်လာနိုင်တယ်လို့ သတိပေး ခဲ့ပါတယ်။

အဆိုပါ ကုလညီလာခံမှာ နိုင်ငံအသီးသီးကခေါင်းဆောင်တွေ မိန်ခွန်းပြောတဲ့အခါ ဘရားဇီးသမ္မတက မကြာမီက ကမ္ဘာတစ်ဝန်းထိတ်လန့်ခဲ့ရတဲ့ အမေဇုန်မိုးသစ်တော မီးလောင်မှုတွေနဲ့ ဆက်စပ်ပြီး ပြောခဲ့ရာမှာ အမေဇုန်မိုးသစ်တောရဲ့ ဘရာဇီးပိုင် ဧရိယာတွေဟာ ဘရားဇီးရဲ့ အချုပ်အခြာပိုင်နက်တွေဆိုပြီး အငြင်းပွားဖွယ် ပြောခဲ့ပါတယ်။ ဒါဟာ အနောက်အုပ်စုကပြောတဲ့ ကမ္ဘာပိုင်ဆိုတာကို ဆန့်ကျင်ပြီး သူလုပ်ချင်ရာလုပ်နိုင်တယ် ဆိုတာကို ပြောခဲ့တာပါ။ ဒီမိန့်ခွန်းထဲမှာ အမေဇုန်သစ်တောကို လူသားမျိုးနွယ်၏ အမွေခံအဖြစ် ဖော်ပြတာ မှား ယွင်းတဲ့ အယူအဆလို့ ပြောခြ့သလို ကမ္ဘာကြီး၏ အဆုတ် ဖြစ်တယ်ဆိုတဲ့ အယူအဆကလည်း မှားယွင်းတဲ့ ယူ ဆချက်ဆိုပြီး ဘရာဇီး သမ္မတကပြောခဲ့တဲ့ အတွက် ဂယက်ထခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းရာသီဥတုအခြေအနေက တစ်နေ့ထက် တစ်နေ့ ပိုပိုဆိုးလာပါတယ်။ ရာသီဥတု ဆန္ဒပြချီ တက်ပွဲတွေ စက်တင်ဘာ ၂၈ ရက်က ကမ္ဘာ့မြို့ကြီး၁၀ဝ နီးပါးမှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒီတစ်ပတ်ထဲမှာဘဲ အင်ဒိုနီးရှားမှာ နိုင်ငံအစိတ်အပိုင်းအတော်များများ တောမီးအကြီးအကျယ်လောင်ကျွမ်းခဲ့လို့ ဂျမ်ဘီပြည်နယ်ရှိ ကောင်းကင်တစ်ခုလုံး အနီရောင်ဖြစ်ခါ ဒေသတစ်ခုလုံးအထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။ ဒေသတွင်း လေထု ညစ်ညမ်းမှုညွှန်းကိန်း (API) ၅၀၀အမှတ် ကျော်လွန်ခဲ့တဲ့အတွက်လည်း ရာအူးပြည်နယ်မှာ မီးခိုးမြူ အရေးပေါ် အခြေအနေ ကြေညာခဲ့သလို ဂျမ်ဘီမှာလည်း လေထုညစ်ညမ်းမှုအခြေအေန ဆိုးရွားလို့ သတိပေးထား ခဲ့ရ ပါတယ်။

ပါကစ္စတန်မှာတော့ ကက်ရှ်မီးယားဒေသရှိ မီယာပါခရိုင်မှာယခုရက်သတ္တပတ်ထဲ  ပြင်းအား ၅ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခဲ့လို့ လူ ၂၂ ဦးအထိ သေဆုံးခဲ့ပြီး လူပေါင်း ၃၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဖိလစ်ပိုင်မှာ ယခုရက်ထဲ အင်အား၆ဒသမ ၄ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ချီလီအရှေ့ဘက် ကမ်းရိုး တန်းဒေသမှာ အင်အား ၇ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခု စက်တင်ဘာ ၃၀ ရက်မှာ လှုပ်ခတ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ဘီဟာနယ်မှာ မိုးသည်းထန်စွာရွာသွန်းလို့ လူ ၁၂၀ ခန့် သေဆုံးခဲ့ရပါတယ်။

ကမ္ဘာတစ်ဝန်း သဘာဝဘေးတွေက တစ်နေရာမဟုတ် တစ်နေရာ ဖြစ်နေတာပါဘဲ။ ရာသီဥတု ပြောင်း လဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဆွီဒင်ဆယ်ကျော်သက် ဂရီတာသွန်းဘာ့ဂ်ျပြောခဲ့သလို လူကြီးတွေက ပဋိပက္ခ ကို ဖန်တီးခဲ့ပြီး အကျိုးဆက်ကိုလူငယ်မျိုးဆက်တွေ တာဝန်ခံ ကြရမယ်ဆိုတာ ယခုဖြစ်ရပ်တွေက ပြောပြ နေခဲ့ပါတယ်။

ကမ္ဘာရာသီဥတုဘေး ဘယ်အခြေအနေထိရောက်လာဦးမလဲ ဆိုတာ ဆက်စောင့်ကြည့်ဖို့ မလိုတဲ့ ကိစ္စ ဘဲ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းကို မတည်မငြိမ်စေသူက အီရန်လား

ဆော်ဒီရေနံအဆောက်အအုံတွေကို အီရန်ကျောထောက်နောက်ခံ ဟူသီသူပုန်တွေက တိုက်ခိုက်ခဲ့တဲ့ ပြဿနာက အခုထိမငြိမ်းသေးပါဘူး။ ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က နယူးယောက်မှာ ကျင်းပမယ့် ကုလ အထွေထွေညီလာခံကိုတက်ဖို့ အသွားမှာ ဒီလိုတိုက်ခိုက်တာတွေနဲ့ ပတ်သက်ပြီး သူအမြင်ကို သတင်း ထောက် တွေကိုပြောခဲ့ရာမှာ ဒီတိုက်ခိုက်မှုနောက်ကွယ်မှာ အီရန်ရှိတယ်ဆိုတာကို တစ်ထစ်ချပြောတာထက်ပိုပြီး အီရန် တိုက်ခဲ့တာလို့ အသေအချာပြောခဲ့ပါတယ်။ဒါဟာ အမေရိကန်ချည်နေတဲ့ ကြိုးကို ပိုပြီး အားကောင်းစေတဲ့ လုပ်ဆောင်မှုပါဘဲ။

အီရန်ရဲ့ လုပ်ရပ်ကြောင့် ရေနံကိုမှီခိုနေရတဲ့ ကမ္ဘာစီးပွားရေးအင်အားကြီးနိုင်ငံတွေ အတော်လေးအ ထိနာ ခဲ့ပါတယ်။ ဗြိတိန်အတွက် အီရန်ကို အမေရိကန်လိုသဘောာထားရှိတာ အသေအချာပါဘဲ။ ဘာကြောင့် လဲဆို  ဗြိတိန် အလံတင် ရေနံသင်္ဘော Stena Impero ကို အီရန်ဘက်က လက်တုံပြန်တဲ့အနေနဲ့ဖမ်းထားခဲ့ တာရှိပါတယ်။ ဒီသင်္ဘောကို စက်တင်ဘာ ၂၇ ရက်ကမှ ပြန်လွှတ်ခဲ့ပါတယ်။ဒါကြောင့်လည်း အီရန်ကို အမေရိ ကန်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ ဝင်တိုက်ရင် ဗြိတိန်က ပထမဆုံးပါလာမယ့် သဘောရှိပါတယ်။ ဒါကြောင့် လည်း စက်တင်ဘာ ၂၃ ရက်က  ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံတို့ တွေ့ဆုံပြီး ဆော်ဒီရေနံချက်စက်ရုံ နှစ်ခု တိုက်ခိုက်မှုဖြစ်စဉ်အပေါ် အီရန်ကို ပြစ်တင်ရှုတ်ချခဲ့ပြီး အီရန်အနေနဲ့ နျူကလီးယား ဆွေးနွေးညှိနိူင်းမှုတွေ လက်ခံဖို့ တိုက်တွန်းခဲ့ပါတယ်။

အီရန်အနေနဲ့ ပင်လယ်ကွေ့ဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန်ဦးဆောင်ဖွဲ့စည်းတဲ့ လုံခြုံ ရေးအဖွဲ့က သူ့အတွက် ပြဿနာဖြစ်လာနိုင်တယ်ဆိုတာကို တွက်ဆထားနေပါတယ်။ဒါကြောင့်လည်း ကုလ အထွေထွေညီလာခံမှာ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ဟော်မုဇ်ရေလက်ကြား ငြိမ်းချမ်းရေးအ ဆိုပြုချက် တစ်ရပ် ကို အီရန်နိုင်ငံက တင်သွင်းမယ်ဆိုပြီး ကြိုတင်အသံလွှင်ခဲ့ပါတယ်။ဆော်ဒီကတော့  သူတို့ရေနံအ ဆောက်အဦးတွေ တိုက်ခိုက်ခံရတာ အီရန်လုပ်ရပ်လို့ ယုံကြည်ထားပြီး စုံစမ်းစစ်ဆေးမှုတွေပြီးရင် စစ်ရေးအရ တုံ့ပြန်ဖို့ စဉ်းစားမည်ဆိုပြီး  ဆော်ဒီနိုင်ငံခြားဝန်ကြီးကပြောထားတာရှိပါတယ်။ ဆော်ဒီ အိမ်ရှေ့မင်းသားက တော့ စစ်ရေးထက် နိုင်ငံရေးအရ ဖြေရှင်းရေးကို ပိုမိုလိုလားတယ်လို့ ရုပ်သံတစ်ခုနဲ့တွေ့ဆုံရာမှာ ပြောခဲ့ ပါ တယ်။

အရှေ့အလယ်ပိုင်းမှာ အီရန်အရေးက လိပ်ခဲတည်းလည်းဖြစ်နေသလို ဆီးရီးယား၊ ယီမင်နဲ့ အာဖဂန် ပြဿနာတွေကလည်း သတိထားရမယ့်အေနအထားရှိနေပါတယ်။ အရှေ့အလယ်ပိုင်းအာရပ်နိုင်ငံတစ်ခုဖြစ်တဲ့ ဂျော်ဒန်နိုင်ငံရဲ့ ဘုရင်ဖြစ်သူကတော့ ဂျပန်နဲ့အတူ အရှေ့အလယ်ပိုင်းဒေသတင်းမာမှုကို အတူတကွ ဝင်ဖြေရှင်း ဖို့ သဘောတူထားကြပါတယ်။ယခုရက်ထဲမှာ အာဖဂန်မှာ သမ္မတရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။ ဒါပေမယ့် တာလီဘန်တွေ ဆက်တိုက်တိုက်ခိုက်နေတဲ့အတွက် မဲပေးရမယ့်သူတွေ မသွားရဲလောက်အောင်ဖြစ်နေလို့ မဲပေးသူက ထင်တာထက် ပိုနည်းနေတယ်လို့ ဆိုပါတယ်။

တာလီဘန်တွေက မဲပေးသူတွေကို တိုက်ခိုက်နိုင်တဲ့အတွက် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၇၂၀၀၀ ကို တပ်ဖြန့်ချထားခဲ့ပါတယ်။ ဒါပေမယ့်လည်း တာလီဘန်တွေက နိုင်ငံတစ်ဝန်းမဲရုံတွေကို ပစ်မှတ်ထားခဲ့တဲ့ ဖောက် ခွဲ တိုက်ခိုက်မှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်ငါးဦးသေဆုံးပြီး အရပ်သား ၃၇ ဦး ဒဏ်ရာရခဲ့ ပြီး ဖြစ်ပါတယ်။ဘယ် လောက်ထိသေကြေဦးမလဲဆိုတာမသိသေးပါဘူး။ဆီးရီးယားမှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေပေမယ့် မထူးသေးပါဘူး။

အစ္စရေးမှာလဲ ယခုတစ်ပတ်ထဲပြန်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ နောက်ဆုံးတော့ စစ်ဝါဒီနေတန်ယာ ဟု ဘဲ အစိုးရဖွဲ့ဖို့ အစ္စရေးသမ္မတက တာဝန်ပေးခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် အရှေ့အလယ်ပိုင်းအ ခြေ အနေက တင်းမာမှုလျော့ကျဖို့ မရှိဘဲ ပိုအားကောင်းလာဖို့ဘဲရှိပါတယ်။ဘာတွေ ဆက်ဖြစ်လာဦးမလဲ၊ အီရန်က အမေရိကန်လိုချင်တဲ့ အနေအထားထဲ ဝင်သွားပြီး နောက်ထပ်အမေရိကန်ပါဝင်တဲ့ အရှေ့အလယ်ပိုင်းစစ် တစ် ခုထပ်ဖြစ်လာဦးမလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

အဆိုပါသတင်းတွေက ယခုရက်သတ္တပတ်ထဲဖြစ်ခဲ့တဲ့ ဟေတီအမတ် တစ်ဦးက ဆန္ဒပြပွဲကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့  လူနှစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ ယီမင်နိုင်ငံတောင်ပိုင်းရှိ ဟူသီသူပုန် တပ်ဖွဲ့များကို    ဆော်ဒီ အာရေဗျ ဦးဆောင် သည့်   ညွန့်ပေါင်းအဖွဲ့က လေကြောင်း စီးနင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ ကလေး ခုနစ်ဦး အပါအဝင် လူ ၁၆ ဦး သေဆုံးခဲ့တဲ့ သတင်း၊ ကင်ညာနိုင်ငံ နိုင်ရိုဘီမှာစာသင်ကျောင်းတစ်ခု ပြိုကျမှု ဖြစ်လို့ကျောင်းသားကလေးငယ်ခုနစ်ဦး သေဆုံးသွားခဲ့တဲ့သတင်း၊ ပြင်သစ်နိုင်ငံ အနောက် တောင်ပိုင်း တူး လော့စ်မြို့တွင် အဝါရောင်စွပ်ကျယ်ဝတ် ဆန္ဒပြ သူ ၁,၀၀၀ ခန့်ကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများနှင့် မီးသတ် ပိုက်များ အသုံးပြုကာ ဖြိုခွင်းခဲ့တဲ့ သတင်း၊ ဘိုးရင်း 737 NG လေယာဉ်အချို့တွင် အက်ကွဲမှုများတွေ့ရှိလို့ စစ်ဆေးရန်အမေရိကန် လေကြောင်း အာဏာပိုင်အဖွဲ့က အမိန့်ပေးခဲ့တဲ့ သတင်း၊  တောင်ကိုရီးယားဆိပ်ကမ်း မှာ ရေနံတင်သင်္ဘောနှစ်စီး မီးလောင်ကျွမ်းလို့ သင်္ဘောသား ၁၂ ဦး ဒဏ်ရာရရှိ ခဲ့တဲ့ သတင်းတွေထဲ စောင့်ကြည့်စရာသတင်းတွေဖြစ်ခဲ့ပါတယ်။

ထရမ့်အတွက် ထိုးနှက်ချက်

အမေရိကန်ထောက်လှမ်းရေးဌာန အချက်ပေးခေါင်း လောင်းထိုးသူတစ်ဦးကနိုင်ငံရေး ပြိုင်ဘက် တစ် ဦးကို ဖျက်ဆီးရန် နိုင်ငံခြား အစိုးရတစ်ရပ်၏ အကူအညီကို ရယူခဲ့တယ်လို့ စွပ်စွဲချက်ထွက်လာပြီး နောက်မှာ သမ္မတထရမ့်ရဲ့ နောက်ထပ်သက်တမ်းပြန်လည်ရွေးူကောက်ခံရဖို့ ကြိုးစားမှုဟာ အထိအခိုက်ရှိလာခဲ့ပါ တယ်။ဒီလိုစွပ်စွဲချက်တွေကြောင့် အမေရိကန် ဒီမိုကရက်လွှတ်တော်အမတ်များက သမ္မတ ဒေါ်နယ်ထရန့် အ ပေါ်တရားဝင်စွပ်စွဲပြစ်တင်မှု စုံစမ်း စစ်ဆေးမှုများ စတင်ခဲ့ပါတယ်။ထရမ့်နဲ့ ပွဲကောင်းခဲ့ဘူးတဲ့ ဒီမိုကရက်တစ် ထိပ်တန်းအမတ် အောက် လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီက ထရမ့်ကို သမ္မတအနေဖြင့် တာဝန်ခံမှု ရှိရမည်ဆိုပြီး သတိပေးခဲ့ပါတယ်။

သတင်းပေးသူက ယူကရိန်း သမ္မတ ဇီလန်စကီးဆီကို သမ္မတထရန့်ကဖုန်းခေါ်ပြီး ဒုတိယ သမ္မတ ဟောင်း ဂျိုးဘိုင်ဒန်နဲ့ သားဖြစ်သူဟန့်တာတို့ရဲ့ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေကို ယူကရိန်းဘက်ကနေ စုံစမ်းစစ်ဆေးပေးဖို့ ပြောခဲ့တာပါ။ဒီလိုပြောရာမှာ စုံစမ်း စစ်ဆေးမှုများ မလုပ်ဆောင်ခဲ့ပါက ယူကရိန်းသို့ အမေရိ ကန်စစ်ရေး အကူအညီများ ဆိုင်းငံ့ထားမယ်ဆိုပြီး ထရမ့်က ခြိမ်းခြောက်ဖိအားပေးခဲ့တယ်လို့ ဒီမိုကရက်တစ် တွေက စွပ်စွဲခဲ့ပါတယ်။ သမ္မတနှစ်ဦးပြောတာတွေကို အတိအကျမသိရသေးတဲ့ အတွက် ဘယ်အကြောင်း အရာ တွေ ပြောသလဲဆိုတာကိုတော့ မသိရပါဘူး။

ထရမ့်က ဇီလန်စကီးနှင့် ဂျိုးဘိုင်ဒန် အကြောင်း ဆွေးနွေးခဲ့တာကို ဝန်ခံပြီး  ဥရောပက ယူကရိန်းကို ပိုမိုကူညီလာစေရေးအတွက် စစ်ရေးအကူအညီ ဆိုင်းငံ့ရန် ခြိမ်းခြောက်ခဲ့တာဆိုပြီး ပြောခဲ့ပါတယ်။ ဒီလိုဖြစ်တဲ့ အတွက် သမ္မတကို စွပ်စွဲပြစ်တင်ဖို့ ဖြစ်လာပါတယ်။ ဒါပေမယ် စုံစမ်းစစ်ဆေးမှုတွေတရားဝင်ဆောင်ရွက်ဖို့ ရီပက်ဘလေကန်တို့ ထိန်းချုပ် ထားသော အထက်လွှတ်တော်ကို ဖြတ်ကျော်နိုင်ဖို့ မလွယ်ပါဘူး။ထရမ့်ကတော့  စွပ်စွဲ ပြစ်တင်စုံစမ်းမှုကို လုပ်ဆောင်ရန် ပြဿနာစတင် ထုတ်ဖော်သူအား  တွေ့ဆုံဆွေးနွေးလိုတယ် ဆိုပြီး ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုကွန်ဂရက်ရှေ့ထွက်လာခဲ့ရင် လာရောက်ထွက်ဆိုတဲ့ သူရဲ့ လုံခြုံရေးအခြေအ နေက စိုးရိမ်စရာလို့ သူရဲ့ရှေ့နေကဆိုပါတယ်။

လူမှုကွန်ရက်ဖြစ်တဲ့ တွစ်တာမှာတော့ ထရမ့်ကို စွပ်စွဲပြစ်တင်သင့်ကြောင်းရေးသားတိုက်ခိုက်မှုတွေ ရှိနေတဲ့ အတွက် နောက်သက်တမ်းအတွက် ကြိုးပမ်းနေတဲ့ သမ္မတအတွက်  အနက်ရှိုင်းဆုံး ပြဿနာနဲ့ ထရမ့် ရင်ဆိုင်နေရပါတယ်။ ထရမ့်ကတော့ သူမပြောတဲ့ စကားတွေကို ဒီမိုကရက်တစ်အမတ် အဒမ်ရှစ်ဖ်က ကွန်ဂ ရက်သို့ လိမ်လည် ပြောဆိုခဲ့တာလို့ ဆိုပြီး ရှစ်ဖ်ကို လိမ်လည်ပုန်ကန်မှုနဲ့ စစ်ဆေးသင့်တယ်လို့ ပြောခဲ့ပါတယ်။ သမ္မတထရမ့်၏ အကြံပေး စတီဖင်မေလာကတော့  “ယူကရိန်းမှာ အကျင့်ပျက်ခြစားမှု လုပ်တဲ့ ပြဿနာဟာ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ဆိုင်ပါတယ်”ဆိုပြီး သမ္မတဘက်က ကာကွယ်ခဲ့ပါတယ်။

ထရမ့်နှင့်အဖွဲ့က ဘိုင်ဒင်ရဲ့သား ဟန်တာဟာ ယူကရိန်းမှာ ရှိတဲ့ Burisma Holdings ဓာတ်ငွေ့ကုမ္ပဏီ အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် တာဝန်ယူထားစဉ် ယူကရိန်းနိုင်ငံ၏ ရှေ့နေချုပ်အား ရာထူးမှ ဖယ်ရှားပစ်ရေးအ တွက် ယူကရိန်းသမ္မတ ကို ဖိအားပေးခဲ့တဲ့ အတွက် စုံစမ်းရန် သမ္မတထရမ့်မှာ တာဝန်ရှိတယ်ဆိုပြီး ကာ ကွယ် ခဲ့ပါတယ်။သမ္မတထရမ့်မှ ယူကရိန်းသမ္မတသို့  ဖုန်းခေါ်ဆိုခဲ့သည့် စကားအချို့ကို အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့ သလို ယင်းပြဿနာကို စတင်ဖော်ထုတ်သူကို ကာကွယ်ပေးရန် အောက်လွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ခုစလုံး က သဘောတူညီထားတဲ့ အတွက်ဒီပြဿနာကနေ ထရမ့်အနေနဲ့ ဘယ်လိုရုန်းထွက်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

ဒီသတင်းက ကက်ရှ်မီးယားအရေးနဲ့ ပတ်သက်ပြီး အိန္ဒိယနဲ့ နူကလီးယားစစ်ဖြစ်တဲ့ အထိ ဖြစ်လာ နိုင်တယ်လို့ ကုလသမဂ္ဂမှာ ပါကစ္စတန် ဝန်ကြီးချုပ်ကပြောလိုက်တဲ့ သတင်း၊ကုလညီလာခံလာတက်တဲ့ အိန္ဒိယဝန်ကြီး ချုပ်နာရန်ဒရာမိုဒီကို လူစုလူဝေးနဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ကြိုဆိုခဲ့တဲ့ သတင်း၊ တိုက်ချင်းပစ်ဒုံးကျည်တင်ဆောင်နိုင်တဲ့ ရေငုပ်သင်္ဘောသစ်တစ်စင်း မြောက်ကိုရီးယားတည် ဆောက်မှု အရှိန်မြင့်တင်နေတဲ့ သတင်း၊ဗြိတိန်ပါလီမန်ကိုဆိုင်းငံ့ထားဖို့ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ဆုံးဖြတ်ချက်ကို တရားမဝင်ဘူးလို့ ဗြိတိန်တရားရုံးချုပ်ကအမိန့်ချလိုက်တဲ့ သတင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ  ဝေဒနာဖြစ်ပွားမှု တစ်ခု အီးစီးကရက်သောက်သုံးမှုနှင့် ဆက်နွှယ်နေကြောင်း အမေရိကန်ပညာရှင်များ သတိပေးခဲ့တဲ့သတင်း၊ အမေရိကန်နှင့်  မြောက်ကိုရီးယားကြား  ဆွေးနွေးပွဲ မကြာမီဖြစ်လာနိုင်တယ်လို့ သတင်းများထွက်ပေါ်လာတဲ့ သတင်း၊ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်ကို အမေရိကန်က ရန်ပုံ ငွေ ကန်ဒေါ်လာ ၅၂ သန်း ပေးမယ်လို့ ကမ်းလှမ်းခဲ့တဲ့ သတင်း၊အမေရိကန်နိုင်ငံ သားတစ်ဦးသည် ချစ်သူကို ရေ အောက်၌ လက်ထပ်ခွင့်တောင်း စဉ် ရေနစ်သေဆုံးမှု တန်ဇန်းနီး ယားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့သတင်းတွေထဲ သတိထားစရာဖြစ်ခဲ့တယ်ဆိုတာတင်ပြရင်း ယခုရက်သတ္တပတ်နိုင်ငံတကာ သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်
စက်တင်ဘာ - ၃၀

( Zawgyi )

ယခုရက္သတၱပတ္ထဲျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ ကုလသမဂၢ အေထြေထြညီလာခံ သတင္းေတြ၊ ထရမ့္ နဲ႔ ယူကရိန္းသမၼတ ဆက္သြယ္မႈကေန ထရမ့္ ကို တရားစြဲဖို႔ ဒီမိုကရက္တစ္ေတြ လုပ္ေဆာင္တဲ့ သတင္းေတြ၊ အီရန္ကို စစ္ဆင္ဖို႔ ေဆာ္ဒီဘက္က မဟာမိတ္ေတြကို အခ်က္ျပေနတဲ့ အေၾကာင္းတရားေတြနဲ႔ ပိုဆိုး႐ြားလာတဲ့ ကမာၻတစ္ဝန္း သဘာဝေဘးသတင္းေတြက ကမာၻ႔သတင္းဌာနေတြမွာ ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြလိုဘဲ သတင္းဖတ္သူေတြကို သတိျပဳေစခဲ့တဲ့ သတင္းအခ်ိဳ႕လည္း ယခုရက္သတၱပတ္ထဲ ရွိခဲ့ပါတယ္။ဒီသတင္းေတြကေတာ့ ေဟာင္ေကာင္ေလဆိပ္ အသုံးျပဳခ ေလွ်ာ့ခ်ေပးဖို႔ ေလေၾကာင္းလိုင္းေတြ က ေတာင္းဆိုခဲ့တဲ့သတင္း၊ ၿဗိတိန္ခရီးသြားလုပ္ငန္းကုမၸဏီႀကီး Thomas Cookေဒဝါလီခံခဲ့လို႔ ခရီးသြားတစ္ သိန္းခြဲခန႔္ ကမာၻတစ္ဝန္းေသာင္တင္သြားခဲ့တဲ့သတင္း၊ ဆြစ္ဇာလန္ႏိုင္ငံမွာ က်န္းမာေရး ထိခိုက္မည္ကိုစိုးရိမ္လို႔ 5G နည္းပညာကို လူေထာင္ေပါင္း မ်ားစြာ ဆႏၵျပခဲ့တဲ့သတင္း၊ဆႏၵျပပြဲတစ္ခုမွာ ေဟတီအမတ္ တစ္ဦးက ေသ နတ္နဲ႔ ပစ္ခတ္ခဲ့လို႔  လူႏွစ္ ဦး ဒဏ္ရာရရွိခဲ့တဲ့ သတင္း၊ ဗင္နီဇြဲလား အတိုက္အခံေခါင္းေဆာင္ကို အေမရိကန္ က ရန္ပုံေငြ ကန္ေဒၚလာ ၅၂ သန္း ေပးမယ္လို႔ ကမ္းလွမ္းခဲ့တဲ့ သတင္း၊ေျမာက္ကိုရီးယားနဲ ထိစပ္ေနတဲ့ေနရာ မွာ ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရး ဇုန္တစ္ခု ဖန္တီးေရး ေတာင္ကိုရီးယားသမၼတ မြန္ေဂ်အင္းက ကုလသမဂၢအေထြ ေထြညီလာခံမွာ အဆိုျပဳခဲ့တဲ့ သတင္း၊ျပင္သစ္သမၼတ ေဟာင္း ဂ်က္ရွီးရက္ အသက္ (၈၆)ႏွစ္တြင္ ကြယ္လြန္ခဲ့ ေတြပါဘဲ။  

မတည္ၿငိမ္လာတဲ့ အင္ဒိုႏိုင္ငံေရး အေျခအေန

ကမာၻအစၥလာမ္ဘာသာဝင္အမ်ာဆုံးႏိုင္ငံျဖစ္တဲ့ အင္ဒိုနီးရွားႏိုင္ငံမွာ ယခုႏွစ္ထဲ ဆက္တိုက္ဆိုသလို ႏိုင္ငံတကာက သတိျပဳမိေလာက္တဲ့ ႏိုင္ငံေရးလႈပ္ရွားမႈေတြ ျဖစ္လာခဲ့ပါတယ္။မၾကာမီက  အင္ဒိုလႊတ္ေတာ္မွာ လက္မထပ္မီ လိင္ဆက္ဆံျခင္းကို ရာဇဝတ္မႈအျဖစ္ သတ္မွတ္မယ့္ ဥေပဒၾကမ္းကို တင္ဖို႔ ႀကိဳးစားတဲ့ အတြက္ အင္ဒိုႏိုင္ငံတစ္ဝန္း ဆႏၵျပမႈေတြ ျဖစ္လာခဲ့ပါတယ္။ ဒီဥပေဒၾကမ္းမွာ လက္မထပ္မီ လိင္ဆက္ဆံျခင္းနဲ႔ သမၼတ ကို ေစာ္ကားတာလည္း ရာဇဝတ္မႈအျဖစ္ သတ္မွတ္မွာျဖစ္လို႔ ကိုယ္ဝန္ဖ်က္ခ်တာ၊ အိမ္ေထာင္ရွိရဲ႕သားနဲ႔ တျခား သူနဲ႔ ေပါင္းသင္းေနထိုင္တာေတြအတြက္ ေထာင္ဒဏ္ေတြ ပါလို႔ ဒီသတ္မွတ္ခ်က္က အင္ဒိုႏိုင္ငံသား ေတြအတြက္ တစ္ကိုယ္ရည္လြတ္လပ္မႈကို ထိခိုက္ေစတယ္ဆိုၿပီး ဘာသာေရာ၊လူမ်ိဳးပါ မခြဲျခားေတာ့ဘဲ ဆႏၵျပခဲ့ၾကတာပါ။

ဒီလို ဆန႔္က်င္မႈေတြရွိလို႔ ယင္းဥပေဒၾကမ္းကို အင္ဒိုလႊတ္ေတာ္က ဆိုင္းငံ့ထားပါတယ္။အေစာပိုင္းက စက္တင္ဘာ ၂၄ ရက္မွာ မဲခြဲမယ္ဆိုၿပီး စီစဥ္ထားေပမယ့္  သမၼတဂ်ိဳကိုဝီဒိုဒိုက ပိုစဥ္းစားဖို႔ လိုတယ္လို႔ ေျပာတဲ့ အတြက္ မဲခြဲဆုံးျဖတ္ရန္ ေ႐ႊ႕ ဆိုင္းခဲ့တာပါ။

ဒီဥပေဒက တင္းက်ပ္လြန္းတဲ့အတြက္ ေက်ာင္းသား အမ်ားအျပားပါဝင္ေသာ ဆႏၵျပသူေထာင္ေပါင္း မ်ားစြာက အင္ဒိုလႊတ္ေတာ္ေရွ႕အပါအဝင္ ႏိုင္ငံတစ္ဝန္းက ၿမိဳ႕ႀကီးေတြမွာ ဆႏၵထုတ္ေဖာ္ခဲ့ၾကတဲ့အတြက္ ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဗုံးမ်ား၊ မီးသတ္ပိုက္ေတြနဲ႔ ဆႏၵျပသူေတြကို ႏွိမ္ႏွင္း ခဲ့ရပါတယ္။ ဒီလိုႏွိမ္ႏွင္းမႈျဖစ္စဥ္ မွာ ေက်ာင္းသားႏွစ္ဦးေသဆုံးခဲ့ရၿပီး ဒီလိုေသဆုံးရမႈကို သမၼတဂ်ိဳကိုဝီဒိုဒိုက စုံစမ္းစစ္ေဆးဖို႔ အမိန႔္ေပးခဲ့ ပါတယ္။

ဒီလိုျဖစ္ေနသလို အင္ဒိုက အုပ္ခ်ဳပ္တဲ့ ပါပူအာမွာလည္း ေက်ာင္းဆရာတစ္ဦးက လူမ်ိဳးေရးခြဲျခားေသာ စကားေျပာဆိုရာကေန ေက်ာင္းသားေတြဦးေဆာင္တဲ့ ဆႏၵျပပြဲေတြ ျဖစ္ေနပါတယ္။ ဩဂုတ္လထဲက ပါပူအာ ျပည္နယ္မွာ အၾကမ္းဖက္ဆႏၵျပပြဲအခ်ိဳ႕ ျဖစ္ေနခဲ့တာပါ။ျပည္နယ္ၿမိဳ႕ေတာ္ ဂ်ာယာပူရာတြင္ ေက်ာင္းသား ေတြ က စစ္သားတစ္ဦးႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားကို ေက်ာက္တုံးေက်ာက္ခဲမ်ား၊ ဓားမ်ားနဲ႔ တိုက္ခိုက္ခဲ့သလို ဝါမီနာၿမိဳ႕ မွာ အထက္တန္းေက်ာင္းသားအမ်ားစုပါဝင္ေသာ ရာႏွင့္ခ်ီတဲ့ ဆႏၵျပသူေတြက အေဆာက္အအုံ အေျမာက္ အျမား ကို မီးတင္ရႈိ႕ ခဲ့လို႔ အနည္းဆုံး လူ ၂၂ ဦး ေသ ဆုံးၿပီး ဒါဇင္ႏွင့္ခ်ီ ဒဏ္ရာရခဲ့ပါတယ္။

အင္ဒိုသမၼတ  သမၼတဂ်ိဳကိုဝီဒိုဒိုအေနနဲ႔ ယခုလပိုင္းမွာ သူရဲ႕ဒုတိယေျမာက္သမၼတသက္တမ္းကို ဆက္ တာဝန္ထမ္းေဆာင္ရမွာပါ။ ဒါေပမယ့္ ယခုအေျခအေနအရ ဒုတိယေျမာက္သက္တမ္းကို ေအာင္ေအာင္ ျမင္ျမင္ ေက်ာ္ႏိုင္ပါ့မလားဆိုတာ သံသယဝင္စရာပါ။ ဂ်ကာတာၿမိဳ႕ကို ေ႐ႊ႕ရမယ့္ အခက္အခဲနဲ႔ အတူ ယခုရာဇဝတ္မႈ ဥပေဒသစ္ေၾကာင့္ ျဖစ္တဲ့ ဆႏၵျပမႈေတြက သမၼတဂ်ိဳကိုဝီဒိုဒိုကို ဘယ္ေလာက္ထိအခက္အခဲေတြ႕ေစႏိုင္မလဲ၊ အင္ဒို ႏိုင္ငံေရးခ်ိန္ခြင္လွ်ာ ဘယ္လိုတမ္းေစာင္းမႈေတြ ရွိလာမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ယခုသတင္းက အာရွသတင္းေတြျဖစ္တဲ့ ေတာင္ကိုရီးယားႏိုင္ငံရွိ သက္ႀကီးေဆး႐ုံ ုမွာ ၌ မီးေလာင္မႈ တစ္ခု ျဖစ္ပြားခဲ့ရာ လူနာႏွစ္ဦးေသဆုံးၿပီး ၄၇ ဦး ဒဏ္ရာရရွိခဲ့တဲ့ သတင္း၊ တစ္ႏွစ္ခရီး သည္ ၇၂ သန္း ကိုင္ တြယ္ႏိုင္မည့္ ေဘဂ်င္းေလဆိပ္သစ္ဒါဆင္းကို တရားဝင္ဖြင့္လွစ္ခဲ့ တဲ့ သတင္း၊ အစၥေရးအဆင့္ျမင့္ နည္းပညာ ကုမၸဏီတစ္ခုက ကားေမာင္းႏွင္ေနစဥ္ ႀကိဳးမဲ့အားသြင္းႏိုင္မည့္ လွ်ပ္စစ္ကားလမ္းမစနစ္ကို ေအာင္ျမင္စြာ တပ္ ဆင္ၿပီးစီးေၾကာင္းထုတ္ျပန္ခဲ့တဲ့ သတင္း၊ တ႐ုတ္ႏိုင္ငံမွာ ခရီးသည္အျပည့္ တင္ေဆာင္ လာေသာ ဘတ္စ္ကား တစ္စီးဘီးေပါက္၍ ထရပ္ကားတစ္စီးႏွင့္ တိုက္မိရာ အနည္းဆုံး ၃၆ ဦး ေသဆုံးၿပီး ၃၆ ဦးဒဏ္ရာရခဲ့တဲ့ သတင္း ေတြထဲမွာ ထူးထူးျခားျခား ကြဲထြက္ေနခဲ့တဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ရာသီဥတုေဖာက္ျပန္မႈ အဆိုးဆုံးအဆင့္ ေရာက္ေတာ့မလား

ယခုရက္သတၱပတ္က်င္းပတဲ့ ကုလသမဂၢအေထြေထြညီလာခံမွာ ဆြီဒင္ဆယ္ေက်ာ္သက္တစ္ဦးေၾကာင့္ ရာသီသတုဆိုင္ရာျပႆနာက ထိပ္တန္းေဆြးေႏြးစရာ၊ ေရွ႕တန္းေရာက္ခဲ့တဲ့ သတင္းျဖစ္ခဲ့ပါတယ္။ အဆိုပါအ စည္းအေဝးမွာ ကမာၻ႔ ေခါင္းေဆာင္ေတြကို ရာသီဥတုေျပာင္းလဲမႈဆိုင္ရာ တက္ႂကြလႈပ္ရွားသူ ဆြီဒင္ဆယ္ေက်ာ္ သက္ ဂရီတာသြန္းဘာ့ဂ္်က ေမးခြန္းထုတ္ခဲ့ပါတယ္။

၎က ကမာၻေခါင္းေဆာင္ေတြကို ကမာၻႀကီးပူေႏြးလာမႈျဖစ္စဥ္ေၾကာင့္ ကမာၻတစ္ဝန္းကလူေတြ ဒုကၡ ေရာက္ေနစဥ္မွာ ကမာၻ႔ေခါင္းေဆာင္ေတြက လုပ္ေဆာင္ခ်က္မပါသည့္ ကတိေတြေပးေနတယ္ဆိုၿပီး ေျပာခဲ့ပါ တယ္။ဒီလိုေျပာတာကို ကုလ အေထြေထြအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယိုဂူတာရက္စ္ကလည္း ေထာက္ခံ ခဲ့ပါ တယ္။ ဒီညီလာခံမွာ ဂူတာရက္စ္က ႐ုပ္ႂကြင္းေလာင္စာထုတ္ယူျခင္းကို ရပ္တန႔္ရန္ႏွင့္ ေက်ာက္မီးေသြးသုံး   ဓာတ္အားေပးစက္႐ုံအသစ္ေတြ ထပ္မေဆာက္ၾကဖို႔ တိုက္တြန္းခဲ့ၿပီး ကမာၻ႔ေခါင္းေဆာင္ေတြကလည္း ေျပာင္းလဲရန္ ကတိျပဳ ခဲ့ၾကပါတယ္။

အဆိုပါညီလာခံမွာ ကမာၻ႔မိုးေလဝသ အဖြဲ႕အစည္းႏွင့္ အျခားအဖြဲ႕အစည္ေတြေပါင္းၿပီး အစီရင္ခံစာတစ္ ေစာင္ကို ေဖာ္ျပခဲ့ရာမွာ ယခုရာစုႏွစ္အကုန္ေရာက္လွ်င္ ကမာၻႀကီး၏ ပ်မ္းမွ်အပူခ်ိန္မွာ ၃ ဒသမ ၄ ဒီဂရီ ဆဲစီး ရပ္စ္အထိ တိုးျမင့္လာႏိုင္တယ္ဆိုၿပီး သတိေပးထားပါတယ္။ အစီရင္ခံစာမွာ ယခုပုံစံအတိုင္း ဆက္လက္သြား မည္ဆိုရင္ ၂၁၀၀ ေရာက္ရင္ ကမာၻ႔အပူခ်ိန္မွာ ၃ ဒသမ ၄ ဒီဂရီအထိ ျမင့္တက္လာႏိုင္တယ္လို႔ သတိေပး ခဲ့ပါတယ္။

အဆိုပါ ကုလညီလာခံမွာ ႏိုင္ငံအသီးသီးကေခါင္းေဆာင္ေတြ မိန္ခြန္းေျပာတဲ့အခါ ဘရားဇီးသမၼတက မၾကာမီက ကမာၻတစ္ဝန္းထိတ္လန႔္ခဲ့ရတဲ့ အေမဇုန္မိုးသစ္ေတာ မီးေလာင္မႈေတြနဲ႔ ဆက္စပ္ၿပီး ေျပာခဲ့ရာမွာ အေမဇုန္မိုးသစ္ေတာရဲ႕ ဘရာဇီးပိုင္ ဧရိယာေတြဟာ ဘရားဇီးရဲ႕ အခ်ဳပ္အျခာပိုင္နက္ေတြဆိုၿပီး အျငင္းပြားဖြယ္ ေျပာခဲ့ပါတယ္။ ဒါဟာ အေနာက္အုပ္စုကေျပာတဲ့ ကမာၻပိုင္ဆိုတာကို ဆန႔္က်င္ၿပီး သူလုပ္ခ်င္ရာလုပ္ႏိုင္တယ္ ဆိုတာကို ေျပာခဲ့တာပါ။ ဒီမိန႔္ခြန္းထဲမွာ အေမဇုန္သစ္ေတာကို လူသားမ်ိဳးႏြယ္၏ အေမြခံအျဖစ္ ေဖာ္ျပတာ မွား ယြင္းတဲ့ အယူအဆလို႔ ေျပာျခ့သလို ကမာၻႀကီး၏ အဆုတ္ ျဖစ္တယ္ဆိုတဲ့ အယူအဆကလည္း မွားယြင္းတဲ့ ယူ ဆခ်က္ဆိုၿပီး ဘရာဇီး သမၼတကေျပာခဲ့တဲ့ အတြက္ ဂယက္ထခဲ့ပါတယ္။

ကမာၻတစ္ဝန္းရာသီဥတုအေျခအေနက တစ္ေန႔ထက္ တစ္ေန႔ ပိုပိုဆိုးလာပါတယ္။ ရာသီဥတု ဆႏၵျပခ်ီ တက္ပြဲေတြ စက္တင္ဘာ ၂၈ ရက္က ကမာၻ႔ၿမိဳ႕ႀကီး၁၀ဝ နီးပါးမွာ ျပဳလုပ္ခဲ့ၾကပါတယ္။ ဒီတစ္ပတ္ထဲမွာဘဲ အင္ဒိုနီးရွားမွာ ႏိုင္ငံအစိတ္အပိုင္းအေတာ္မ်ားမ်ား ေတာမီးအႀကီးအက်ယ္ေလာင္ကြၽမ္းခဲ့လို႔ ဂ်မ္ဘီျပည္နယ္ရွိ ေကာင္းကင္တစ္ခုလုံး အနီေရာင္ျဖစ္ခါ ေဒသတစ္ခုလုံးအထိတ္တလန႔္ျဖစ္ခဲ့ရပါတယ္။ ေဒသတြင္း ေလထု ညစ္ညမ္းမႈၫႊန္းကိန္း (API) ၅၀၀အမွတ္ ေက်ာ္လြန္ခဲ့တဲ့အတြက္လည္း ရာအူးျပည္နယ္မွာ မီးခိုးျမဴ အေရးေပၚ အေျခအေန ေၾကညာခဲ့သလို ဂ်မ္ဘီမွာလည္း ေလထုညစ္ညမ္းမႈအေျခေအန ဆိုး႐ြားလို႔ သတိေပးထား ခဲ့ရ ပါတယ္။

ပါကစၥတန္မွာေတာ့ ကက္ရွ္မီးယားေဒသရွိ မီယာပါခ႐ိုင္မွာယခုရက္သတၱပတ္ထဲ  ျပင္းအား ၅ ဒသမ ၈ အဆင့္ရွိ ငလ်င္တစ္ခုလႈပ္ခဲ့လို႔ လူ ၂၂ ဦးအထိ ေသဆုံးခဲ့ၿပီး လူေပါင္း ၃၂၀ ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။ ဖိလစ္ပိုင္မွာ ယခုရက္ထဲ အင္အား၆ဒသမ ၄ အဆင့္ရွိ ငလ်င္တစ္ခုလႈပ္ခတ္ခဲ့ပါတယ္။ခ်ီလီအေရွ႕ဘက္ ကမ္း႐ိုး တန္းေဒသမွာ အင္အား ၇ ဒသမ ၂ အဆင့္ရွိ ငလ်င္တစ္ခု စက္တင္ဘာ ၃၀ ရက္မွာ လႈပ္ခတ္ခဲ့ပါတယ္။ အိႏၵိယႏိုင္ငံ ဘီဟာနယ္မွာ မိုးသည္းထန္စြာ႐ြာသြန္းလို႔ လူ ၁၂၀ ခန႔္ ေသဆုံးခဲ့ရပါတယ္။

ကမာၻတစ္ဝန္း သဘာဝေဘးေတြက တစ္ေနရာမဟုတ္ တစ္ေနရာ ျဖစ္ေနတာပါဘဲ။ ရာသီဥတု ေျပာင္း လဲမႈဆိုင္ရာ တက္ႂကြလႈပ္ရွားသူ ဆြီဒင္ဆယ္ေက်ာ္သက္ ဂရီတာသြန္းဘာ့ဂ္်ေျပာခဲ့သလို လူႀကီးေတြက ပဋိပကၡ ကို ဖန္တီးခဲ့ၿပီး အက်ိဳးဆက္ကိုလူငယ္မ်ိဳးဆက္ေတြ တာဝန္ခံ ၾကရမယ္ဆိုတာ ယခုျဖစ္ရပ္ေတြက ေျပာျပ ေနခဲ့ပါတယ္။

ကမာၻရာသီဥတုေဘး ဘယ္အေျခအေနထိေရာက္လာဦးမလဲ ဆိုတာ ဆက္ေစာင့္ၾကည့္ဖို႔ မလိုတဲ့ ကိစၥ ဘဲ ျဖစ္ပါတယ္။

အေရွ႕အလယ္ပိုင္းကို မတည္မၿငိမ္ေစသူက အီရန္လား

ေဆာ္ဒီေရနံအေဆာက္အအုံေတြကို အီရန္ေက်ာေထာက္ေနာက္ခံ ဟူသီသူပုန္ေတြက တိုက္ခိုက္ခဲ့တဲ့ ျပႆနာက အခုထိမၿငိမ္းေသးပါဘူး။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေဘာရစ္ဂြၽန္ဆင္က နယူးေယာက္မွာ က်င္းပမယ့္ ကုလ အေထြေထြညီလာခံကိုတက္ဖို႔ အသြားမွာ ဒီလိုတိုက္ခိုက္တာေတြနဲ႔ ပတ္သက္ၿပီး သူအျမင္ကို သတင္း ေထာက္ ေတြကိုေျပာခဲ့ရာမွာ ဒီတိုက္ခိုက္မႈေနာက္ကြယ္မွာ အီရန္ရွိတယ္ဆိုတာကို တစ္ထစ္ခ်ေျပာတာထက္ပိုၿပီး အီရန္ တိုက္ခဲ့တာလို႔ အေသအခ်ာေျပာခဲ့ပါတယ္။ဒါဟာ အေမရိကန္ခ်ည္ေနတဲ့ ႀကိဳးကို ပိုၿပီး အားေကာင္းေစတဲ့ လုပ္ေဆာင္မႈပါဘဲ။

အီရန္ရဲ႕ လုပ္ရပ္ေၾကာင့္ ေရနံကိုမွီခိုေနရတဲ့ ကမာၻစီးပြားေရးအင္အားႀကီးႏိုင္ငံေတြ အေတာ္ေလးအ ထိနာ ခဲ့ပါတယ္။ ၿဗိတိန္အတြက္ အီရန္ကို အေမရိကန္လိုသေဘာာထားရွိတာ အေသအခ်ာပါဘဲ။ ဘာေၾကာင့္ လဲဆို  ၿဗိတိန္ အလံတင္ ေရနံသေဘၤာ Stena Impero ကို အီရန္ဘက္က လက္တုံျပန္တဲ့အေနနဲ႔ဖမ္းထားခဲ့ တာရွိပါတယ္။ ဒီသေဘၤာကို စက္တင္ဘာ ၂၇ ရက္ကမွ ျပန္လႊတ္ခဲ့ပါတယ္။ဒါေၾကာင့္လည္း အီရန္ကို အေမရိ ကန္ဦးေဆာင္တဲ့ မဟာမိတ္တပ္ေတြ ဝင္တိုက္ရင္ ၿဗိတိန္က ပထမဆုံးပါလာမယ့္ သေဘာရွိပါတယ္။ ဒါေၾကာင့္ လည္း စက္တင္ဘာ ၂၃ ရက္က  ျပင္သစ္၊ ဂ်ာမနီႏွင့္ ၿဗိတိန္ႏိုင္ငံတို႔ ေတြ႕ဆုံၿပီး ေဆာ္ဒီေရနံခ်က္စက္႐ုံ ႏွစ္ခု တိုက္ခိုက္မႈျဖစ္စဥ္အေပၚ အီရန္ကို ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး အီရန္အေနနဲ႔ န်ဴကလီးယား ေဆြးေႏြးညႇိႏိူင္းမႈေတြ လက္ခံဖို႔ တိုက္တြန္းခဲ့ပါတယ္။

အီရန္အေနနဲ႔ ပင္လယ္ေကြ႕ျဖစ္တဲ့ ေဟာ္မုဇ္ေရလက္ၾကားမွာ အေမရိကန္ဦးေဆာင္ဖြဲ႕စည္းတဲ့ လုံၿခဳံ ေရးအဖြဲ႕က သူ႔အတြက္ ျပႆနာျဖစ္လာႏိုင္တယ္ဆိုတာကို တြက္ဆထားေနပါတယ္။ဒါေၾကာင့္လည္း ကုလ အေထြေထြညီလာခံမွာ အီရန္သမၼတ ဟတ္ဆန္႐ိုဟာနီက ေဟာ္မုဇ္ေရလက္ၾကား ၿငိမ္းခ်မ္းေရးအ ဆိုျပဳခ်က္ တစ္ရပ္ ကို အီရန္ႏိုင္ငံက တင္သြင္းမယ္ဆိုၿပီး ႀကိဳတင္အသံလႊင္ခဲ့ပါတယ္။ေဆာ္ဒီကေတာ့  သူတို႔ေရနံအ ေဆာက္အဦးေတြ တိုက္ခိုက္ခံရတာ အီရန္လုပ္ရပ္လို႔ ယုံၾကည္ထားၿပီး စုံစမ္းစစ္ေဆးမႈေတြၿပီးရင္ စစ္ေရးအရ တုံ႔ျပန္ဖို႔ စဥ္းစားမည္ဆိုၿပီး  ေဆာ္ဒီႏိုင္ငံျခားဝန္ႀကီးကေျပာထားတာရွိပါတယ္။ ေဆာ္ဒီ အိမ္ေရွ႕မင္းသားက ေတာ့ စစ္ေရးထက္ ႏိုင္ငံေရးအရ ေျဖရွင္းေရးကို ပိုမိုလိုလားတယ္လို႔ ႐ုပ္သံတစ္ခုနဲ႔ေတြ႕ဆုံရာမွာ ေျပာခဲ့ ပါ တယ္။

အေရွ႕အလယ္ပိုင္းမွာ အီရန္အေရးက လိပ္ခဲတည္းလည္းျဖစ္ေနသလို ဆီးရီးယား၊ ယီမင္နဲ႔ အာဖဂန္ ျပႆနာေတြကလည္း သတိထားရမယ့္ေအနအထားရွိေနပါတယ္။ အေရွ႕အလယ္ပိုင္းအာရပ္ႏိုင္ငံတစ္ခုျဖစ္တဲ့ ေဂ်ာ္ဒန္ႏိုင္ငံရဲ႕ ဘုရင္ျဖစ္သူကေတာ့ ဂ်ပန္နဲ႔အတူ အေရွ႕အလယ္ပိုင္းေဒသတင္းမာမႈကို အတူတကြ ဝင္ေျဖရွင္း ဖို႔ သေဘာတူထားၾကပါတယ္။ယခုရက္ထဲမွာ အာဖဂန္မွာ သမၼတေ႐ြးေကာက္ပြဲက်င္းပခဲ့ပါတယ္။ ဒါေပမယ့္ တာလီဘန္ေတြ ဆက္တိုက္တိုက္ခိုက္ေနတဲ့အတြက္ မဲေပးရမယ့္သူေတြ မသြားရဲေလာက္ေအာင္ျဖစ္ေနလို႔ မဲေပးသူက ထင္တာထက္ ပိုနည္းေနတယ္လို႔ ဆိုပါတယ္။

တာလီဘန္ေတြက မဲေပးသူေတြကို တိုက္ခိုက္ႏိုင္တဲ့အတြက္ အာဖဂန္လုံၿခဳံေရးတပ္ဖြဲ႕ဝင္ ၇၂၀၀၀ ကို တပ္ျဖန႔္ခ်ထားခဲ့ပါတယ္။ ဒါေပမယ့္လည္း တာလီဘန္ေတြက ႏိုင္ငံတစ္ဝန္းမဲ႐ုံေတြကို ပစ္မွတ္ထားခဲ့တဲ့ ေဖာက္ ခြဲ တိုက္ခိုက္မႈအတြင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္ငါးဦးေသဆုံးၿပီး အရပ္သား ၃၇ ဦး ဒဏ္ရာရခဲ့ ၿပီး ျဖစ္ပါတယ္။ဘယ္ ေလာက္ထိေသေၾကဦးမလဲဆိုတာမသိေသးပါဘူး။ဆီးရီးယားမွာ ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးေနေပမယ့္ မထူးေသးပါဘူး။

အစၥေရးမွာလဲ ယခုတစ္ပတ္ထဲျပန္က်င္းပတဲ့ ေ႐ြးေကာက္ပြဲမွာ ေနာက္ဆုံးေတာ့ စစ္ဝါဒီေနတန္ယာ ဟု ဘဲ အစိုးရဖြဲ႕ဖို႔ အစၥေရးသမၼတက တာဝန္ေပးခဲ့ပါတယ္။ ဒီလိုအေျခအေနေတြေၾကာင့္ အေရွ႕အလယ္ပိုင္းအ ေျခ အေနက တင္းမာမႈေလ်ာ့က်ဖို႔ မရွိဘဲ ပိုအားေကာင္းလာဖို႔ဘဲရွိပါတယ္။ဘာေတြ ဆက္ျဖစ္လာဦးမလဲ၊ အီရန္က အေမရိကန္လိုခ်င္တဲ့ အေနအထားထဲ ဝင္သြားၿပီး ေနာက္ထပ္အေမရိကန္ပါဝင္တဲ့ အေရွ႕အလယ္ပိုင္းစစ္ တစ္ ခုထပ္ျဖစ္လာဦးမလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

အဆိုပါသတင္းေတြက ယခုရက္သတၱပတ္ထဲျဖစ္ခဲ့တဲ့ ေဟတီအမတ္ တစ္ဦးက ဆႏၵျပပြဲကို ေသနတ္နဲ႔ ပစ္ခတ္ခဲ့လို႔  လူႏွစ္ဦး ဒဏ္ရာရရွိခဲ့တဲ့ သတင္း၊ ယီမင္ႏိုင္ငံေတာင္ပိုင္းရွိ ဟူသီသူပုန္ တပ္ဖြဲ႕မ်ားကို    ေဆာ္ဒီ အာေရဗ် ဦးေဆာင္ သည့္   ၫြန႔္ေပါင္းအဖြဲ႕က ေလေၾကာင္း စီးနင္းတိုက္ခိုက္မႈ ႏွစ္ႀကိမ္ျပဳလုပ္ခဲ့ရာ ကေလး ခုနစ္ဦး အပါအဝင္ လူ ၁၆ ဦး ေသဆုံးခဲ့တဲ့ သတင္း၊ ကင္ညာႏိုင္ငံ ႏိုင္႐ိုဘီမွာစာသင္ေက်ာင္းတစ္ခု ၿပိဳက်မႈ ျဖစ္လို႔ေက်ာင္းသားကေလးငယ္ခုနစ္ဦး ေသဆုံးသြားခဲ့တဲ့သတင္း၊ ျပင္သစ္ႏိုင္ငံ အေနာက္ ေတာင္ပိုင္း တူး ေလာ့စ္ၿမိဳ႕တြင္ အဝါေရာင္စြပ္က်ယ္ဝတ္ ဆႏၵျပ သူ ၁,၀၀၀ ခန႔္ကို ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဗုံးမ်ားႏွင့္ မီးသတ္ ပိုက္မ်ား အသုံးျပဳကာ ၿဖိဳခြင္းခဲ့တဲ့ သတင္း၊ ဘိုးရင္း 737 NG ေလယာဥ္အခ်ိဳ႕တြင္ အက္ကြဲမႈမ်ားေတြ႕ရွိလို႔ စစ္ေဆးရန္အေမရိကန္ ေလေၾကာင္း အာဏာပိုင္အဖြဲ႕က အမိန႔္ေပးခဲ့တဲ့ သတင္း၊  ေတာင္ကိုရီးယားဆိပ္ကမ္း မွာ ေရနံတင္သေဘၤာႏွစ္စီး မီးေလာင္ကြၽမ္းလို႔ သေဘၤာသား ၁၂ ဦး ဒဏ္ရာရရွိ ခဲ့တဲ့ သတင္းေတြထဲ ေစာင့္ၾကည့္စရာသတင္းေတြျဖစ္ခဲ့ပါတယ္။

ထရမ့္အတြက္ ထိုးႏွက္ခ်က္

အေမရိကန္ေထာက္လွမ္းေရးဌာန အခ်က္ေပးေခါင္း ေလာင္းထိုးသူတစ္ဦးကႏိုင္ငံေရး ၿပိဳင္ဘက္ တစ္ ဦးကို ဖ်က္ဆီးရန္ ႏိုင္ငံျခား အစိုးရတစ္ရပ္၏ အကူအညီကို ရယူခဲ့တယ္လို႔ စြပ္စြဲခ်က္ထြက္လာၿပီး ေနာက္မွာ သမၼတထရမ့္ရဲ႕ ေနာက္ထပ္သက္တမ္းျပန္လည္ေ႐ြးူေကာက္ခံရဖို႔ ႀကိဳးစားမႈဟာ အထိအခိုက္ရွိလာခဲ့ပါ တယ္။ဒီလိုစြပ္စြဲခ်က္ေတြေၾကာင့္ အေမရိကန္ ဒီမိုကရက္လႊတ္ေတာ္အမတ္မ်ားက သမၼတ ေဒၚနယ္ထရန႔္ အ ေပၚတရားဝင္စြပ္စြဲျပစ္တင္မႈ စုံစမ္း စစ္ေဆးမႈမ်ား စတင္ခဲ့ပါတယ္။ထရမ့္နဲ႔ ပြဲေကာင္းခဲ့ဘူးတဲ့ ဒီမိုကရက္တစ္ ထိပ္တန္းအမတ္ ေအာက္ လႊတ္ေတာ္ဥကၠ႒ နန္စီပီလိုစီက ထရမ့္ကို သမၼတအေနျဖင့္ တာဝန္ခံမႈ ရွိရမည္ဆိုၿပီး သတိေပးခဲ့ပါတယ္။

သတင္းေပးသူက ယူကရိန္း သမၼတ ဇီလန္စကီးဆီကို သမၼတထရန႔္ကဖုန္းေခၚၿပီး ဒုတိယ သမၼတ ေဟာင္း ဂ်ိဳးဘိုင္ဒန္နဲ႔ သားျဖစ္သူဟန႔္တာတို႔ရဲ႕ အက်င့္ပ်က္ျခစားမႈ စြပ္စြဲခ်က္ေတြကို ယူကရိန္းဘက္ကေန စုံစမ္းစစ္ေဆးေပးဖို႔ ေျပာခဲ့တာပါ။ဒီလိုေျပာရာမွာ စုံစမ္း စစ္ေဆးမႈမ်ား မလုပ္ေဆာင္ခဲ့ပါက ယူကရိန္းသို႔ အေမရိ ကန္စစ္ေရး အကူအညီမ်ား ဆိုင္းငံ့ထားမယ္ဆိုၿပီး ထရမ့္က ၿခိမ္းေျခာက္ဖိအားေပးခဲ့တယ္လို႔ ဒီမိုကရက္တစ္ ေတြက စြပ္စြဲခဲ့ပါတယ္။ သမၼတႏွစ္ဦးေျပာတာေတြကို အတိအက်မသိရေသးတဲ့ အတြက္ ဘယ္အေၾကာင္း အရာ ေတြ ေျပာသလဲဆိုတာကိုေတာ့ မသိရပါဘူး။

ထရမ့္က ဇီလန္စကီးႏွင့္ ဂ်ိဳးဘိုင္ဒန္ အေၾကာင္း ေဆြးေႏြးခဲ့တာကို ဝန္ခံၿပီး  ဥေရာပက ယူကရိန္းကို ပိုမိုကူညီလာေစေရးအတြက္ စစ္ေရးအကူအညီ ဆိုင္းငံ့ရန္ ၿခိမ္းေျခာက္ခဲ့တာဆိုၿပီး ေျပာခဲ့ပါတယ္။ ဒီလိုျဖစ္တဲ့ အတြက္ သမၼတကို စြပ္စြဲျပစ္တင္ဖို႔ ျဖစ္လာပါတယ္။ ဒါေပမယ္ စုံစမ္းစစ္ေဆးမႈေတြတရားဝင္ေဆာင္႐ြက္ဖို႔ ရီပက္ဘေလကန္တို႔ ထိန္းခ်ဳပ္ ထားေသာ အထက္လႊတ္ေတာ္ကို ျဖတ္ေက်ာ္ႏိုင္ဖို႔ မလြယ္ပါဘူး။ထရမ့္ကေတာ့  စြပ္စြဲ ျပစ္တင္စုံစမ္းမႈကို လုပ္ေဆာင္ရန္ ျပႆနာစတင္ ထုတ္ေဖာ္သူအား  ေတြ႕ဆုံေဆြးေႏြးလိုတယ္ ဆိုၿပီး ေျပာခဲ့ပါတယ္။ ဒါေပမယ့္ ဒီလိုကြန္ဂရက္ေရွ႕ထြက္လာခဲ့ရင္ လာေရာက္ထြက္ဆိုတဲ့ သူရဲ႕ လုံၿခဳံေရးအေျခအ ေနက စိုးရိမ္စရာလို႔ သူရဲ႕ေရွ႕ေနကဆိုပါတယ္။

လူမႈကြန္ရက္ျဖစ္တဲ့ တြစ္တာမွာေတာ့ ထရမ့္ကို စြပ္စြဲျပစ္တင္သင့္ေၾကာင္းေရးသားတိုက္ခိုက္မႈေတြ ရွိေနတဲ့ အတြက္ ေနာက္သက္တမ္းအတြက္ ႀကိဳးပမ္းေနတဲ့ သမၼတအတြက္  အနက္ရႈိင္းဆုံး ျပႆနာနဲ႔ ထရမ့္ ရင္ဆိုင္ေနရပါတယ္။ ထရမ့္ကေတာ့ သူမေျပာတဲ့ စကားေတြကို ဒီမိုကရက္တစ္အမတ္ အဒမ္ရွစ္ဖ္က ကြန္ဂ ရက္သို႔ လိမ္လည္ ေျပာဆိုခဲ့တာလို႔ ဆိုၿပီး ရွစ္ဖ္ကို လိမ္လည္ပုန္ကန္မႈနဲ႔ စစ္ေဆးသင့္တယ္လို႔ ေျပာခဲ့ပါတယ္။ သမၼတထရမ့္၏ အႀကံေပး စတီဖင္ေမလာကေတာ့  “ယူကရိန္းမွာ အက်င့္ပ်က္ျခစားမႈ လုပ္တဲ့ ျပႆနာဟာ အေမရိကန္ႏိုင္ငံရဲ႕ အက်ိဳးစီးပြားနဲ႔ ဆိုင္ပါတယ္”ဆိုၿပီး သမၼတဘက္က ကာကြယ္ခဲ့ပါတယ္။

ထရမ့္ႏွင့္အဖြဲ႕က ဘိုင္ဒင္ရဲ႕သား ဟန္တာဟာ ယူကရိန္းမွာ ရွိတဲ့ Burisma Holdings ဓာတ္ေငြ႕ကုမၸဏီ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္အျဖစ္ တာဝန္ယူထားစဥ္ ယူကရိန္းႏိုင္ငံ၏ ေရွ႕ေနခ်ဳပ္အား ရာထူးမွ ဖယ္ရွားပစ္ေရးအ တြက္ ယူကရိန္းသမၼတ ကို ဖိအားေပးခဲ့တဲ့ အတြက္ စုံစမ္းရန္ သမၼတထရမ့္မွာ တာဝန္ရွိတယ္ဆိုၿပီး ကာ ကြယ္ ခဲ့ပါတယ္။သမၼတထရမ့္မွ ယူကရိန္းသမၼတသို႔  ဖုန္းေခၚဆိုခဲ့သည့္ စကားအခ်ိဳ႕ကို အိမ္ျဖဴေတာ္မွ ထုတ္ျပန္ခဲ့ သလို ယင္းျပႆနာကို စတင္ေဖာ္ထုတ္သူကို ကာကြယ္ေပးရန္ ေအာက္လႊတ္ေတာ္ႏွင့္ အထက္လႊတ္ေတာ္ ႏွစ္ခုစလုံး က သေဘာတူညီထားတဲ့ အတြက္ဒီျပႆနာကေန ထရမ့္အေနနဲ႔ ဘယ္လို႐ုန္းထြက္မလဲဆိုတာ စိတ္ဝင္စားစရာေကာင္းပါတယ္။

ဒီသတင္းက ကက္ရွ္မီးယားအေရးနဲ႔ ပတ္သက္ၿပီး အိႏၵိယနဲ႔ ႏူကလီးယားစစ္ျဖစ္တဲ့ အထိ ျဖစ္လာ ႏိုင္တယ္လို႔ ကုလသမဂၢမွာ ပါကစၥတန္ ဝန္ႀကီးခ်ဳပ္ကေျပာလိုက္တဲ့ သတင္း၊ကုလညီလာခံလာတက္တဲ့ အိႏၵိယဝန္ႀကီး ခ်ဳပ္နာရန္ဒရာမိုဒီကို လူစုလူေဝးနဲ႔ အေမရိကန္သမၼတေဒၚနယ္ထရန႔္က ႀကိဳဆိုခဲ့တဲ့ သတင္း၊ တိုက္ခ်င္းပစ္ဒုံးက်ည္တင္ေဆာင္ႏိုင္တဲ့ ေရငုပ္သေဘၤာသစ္တစ္စင္း ေျမာက္ကိုရီးယားတည္ ေဆာက္မႈ အရွိန္ျမင့္တင္ေနတဲ့ သတင္း၊ၿဗိတိန္ပါလီမန္ကိုဆိုင္းငံ့ထားဖို႔ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ရဲ႕ဆုံးျဖတ္ခ်က္ကို တရားမဝင္ဘူးလို႔ ၿဗိတိန္တရား႐ုံးခ်ဳပ္ကအမိန႔္ခ်လိုက္တဲ့ သတင္း၊ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ  ေဝဒနာျဖစ္ပြားမႈ တစ္ခု အီးစီးကရက္ေသာက္သုံးမႈႏွင့္ ဆက္ႏႊယ္ေနေၾကာင္း အေမရိကန္ပညာရွင္မ်ား သတိေပးခဲ့တဲ့သတင္း၊ အေမရိကန္ႏွင့္  ေျမာက္ကိုရီးယားၾကား  ေဆြးေႏြးပြဲ မၾကာမီျဖစ္လာႏိုင္တယ္လို႔ သတင္းမ်ားထြက္ေပၚလာတဲ့ သတင္း၊ ဗင္နီဇြဲလား အတိုက္အခံေခါင္းေဆာင္ကို အေမရိကန္က ရန္ပုံ ေငြ ကန္ေဒၚလာ ၅၂ သန္း ေပးမယ္လို႔ ကမ္းလွမ္းခဲ့တဲ့ သတင္း၊အေမရိကန္ႏိုင္ငံ သားတစ္ဦးသည္ ခ်စ္သူကို ေရ ေအာက္၌ လက္ထပ္ခြင့္ေတာင္း စဥ္ ေရနစ္ေသဆုံးမႈ တန္ဇန္းနီး ယားႏိုင္ငံမွာျဖစ္ပြားခဲ့တဲ့သတင္းေတြထဲ သတိထားစရာျဖစ္ခဲ့တယ္ဆိုတာတင္ျပရင္း ယခုရက္သတၱပတ္ႏိုင္ငံတကာ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
စက္တင္ဘာ - ၃၀