【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အာရှရောက် ကမ္ဘာ့ပါဝါအတိုးအဆုတ်

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အာရှရောက်  ကမ္ဘာ့ပါဝါအတိုးအဆုတ်

ယခုရက်ထဲဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ အားလုံးသတိထားစောင့်ကြည့်နေခဲ့ရတဲ့ သတင်းတွေရှိခဲ့သလို နိုင်ငံတကာမှာ လတ်တလောဖြစ်ပျက်နေတဲ့ သတင်းတွေထဲက စိတ်ဝင်စားစရာသတင်းအချို့လည်း ရှိခဲ့ပါတယ်။အထူးသဖြင့် တောင်တရုတ်ပင်လယ်မှာ အမေရိကန်လေယာဉ်တင်သင်္ဘောတွေ ရောက်ပြီးနောက်ပိုင်းဖြစ်လာတဲ့ နိုင်ငံရေးအခင်းအကျင်း၊ တောင်ကိုရီးယားနိုင်ငံတစ်ဝန်း ထိတ်လန့်စေခဲ့တဲ့ ဆိုးလ်မြို့တော်ဝန်သတ်သေမှုနဲ့ သဘာ၀ဘေးတွေ ကပ်ဘေးတွေနဲ့ မပြီးသေးတဲ့ ကိုဗစ်-၁၉ ကပ်ဘေးသတင်းတွေက နိုင်ငံတကာအရေး စိတ်ဝင်စားတဲ့သူတွေအတွက် ယခုရက်သတ္တပတ်မှာ သတိထားအာရုံစိုက်မိတဲ့ သတင်းတွေဘဲဖြစ်ပါတယ်။

အာရှရောက်လာတဲ့ ပါဝါလွန်ဆွဲပွဲ

တောင်တရုတ်ပင်လယ်ကို Nimitz နှင့် Ronald Reagen အမည်ရတဲ့ အမေရိကန်လေယာဉ်တင်သင်္ဘောနှစ်စင်း ရောက်လာတဲ့ကိစ္စဟာ တခြားနိုင်ငံအတွက် ဘာမှမထူးဆန်းပေမယ့် ရေနံနဲ့သဘာ၀ဓာတ်ငွေ့ ပေါကြွယ်၀တဲ့ တောင်တရုတ်ပင်လယ်ကို သူ့ပိုင်နက်အဖြစ်သဘောထားနေတဲ့ တရုတ်အတွက်ကတော့ ဒါဟာကျူးကျော်ရန်စမှုလို့ မှတ်ထင်စရာပါ။တရုတ်ရေတပ်ဖွဲ့သည် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း တောင်တရုတ်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်နဲ့ ပင်လယ်ဝါ စတဲ့ ပင်လယ်ပြင်သုံးခုမှာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။တရုတ်ရေတပ်ဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်နေတဲ့အချိန်မှာဘဲ အမေရိကန်ကလည်း အဆိုပါရေပိုင်နက်ထဲ လေယာဉ်တင်သင်္ဘောနှစ်စင်းပါဝင်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒီလိုအမေရိကန်ဘက်က တောင်တရုတ်ပင်လယ်ထဲဝင်လာပြီး လေယာဉ်တင်စစ်သင်္ဘောတွေနဲ့ စစ်ရေးပြမှုတွေလုပ်နေတဲ့အချိန်မှာ တရုတ်အစိုးရမီဒီယာတွေက ပြီးခဲ့တဲ့ တရုတ်အမျိုးသားနေ့မှာပြခဲ့တဲ့ တာဝေးပစ်ဒုံးကျည်တွေရဲ့စွမ်းအားကို ဖော်ပြခဲ့ပါတယ်။ဒီလိုဖော်ပြတာကို အမေရိကန်ဘက်က ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။အမေရိကန်လေယာဉ်တင်သင်္ဘောများကို တရုတ်က သင်္ဘောဖျက်ဒုံးလက်နက်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်နိုင်စွမ်းရှိတဲ့အပေါ် တုန်လှုပ်ခြင်းမရှိဘူးလို့ ပြောခဲ့သလို တရုတ်၏လက်နက်များက မိမိတို့အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ကြောင်းနှင့် တောင်တရုတ်ပင်လယ်ပြင်ကနေ လေယာဉ်တင်သင်္ဘောများ ပြန်လည်ထွက်ခွာရန် အစီအစဉ်မရှိဘူးလို့ ဇူလိုင် ၅ ရက်မှာ တုံ့ပြန်ခဲ့ပါတယ်။တရုတ်ဘက်က ဒီလိုတောင်တရုတ်ပင်လယ်မှာ အမေရိကန်လေယာဉ်တင်သင်္ဘောတွေ လာအခြေစိုက်တဲ့အပေါ် တောင်တရုတ်ပင်လယ်ပြင်တွင် မတည်မငြိမ်မှုများဖြစ်စေရန် လုပ်ဆောင်နေတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။

တရုတ်ဘက်က ဒီလိုစွပ်စွဲတာလည်း သိပ်တော့မမှားပါဘူး။ဒီရက်ပိုင်းမှာဘဲ အမေရိကန်က ထိုင်ဝမ်နဲ့ ဂျပန်ကို စစ်လက်နက်တွေ ရောင်းချပေးခဲ့ပါတယ်။အမေရိကန်က ထိုင်ဝမ်ကို ကန်ဒေါ်လာ သန်း ၆၂၀ တန် မြေပြင်မှ ဝေဟင်ပစ် Patriot ဒုံးကျည်များ အဆင့်တိုးမြှင့်ရေးအစီအစဉ်အတွက် ခွင့်ပြုခဲ့ပါတယ်။ဒါဟာ အမေရိကန်သမ္မတ ထရမ့်လက်ထက် ထိုင်ဝမ်ကို သတ္တမမြောက်လက်နက်ရောင်းချမှုဖြစ်ပါတယ်။ဇူလိုင် ၉ ရက်မှာတော့ အမေရိကန်က တရုတ်နဲ့ အစဉ်အလာရန်ဘက် ဂျပန်ကို အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၁ ဘီလျံ တန်ဖိုးရှိတဲ့ ကိုယ်ပျောက် အက်ဖ်-၃၅ တိုက်လေယာဉ်တွေအပါအဝင် ၆၃ အက်ဖ်-၃၅ အေနှင့် ၄၂ အက်ဖ်-၃၅ ဘီ တိုက်လေယာဉ်တွေကို ရောင်းချပေးခဲ့ပါတယ်။ဒီရက်ထဲမှာ တရုတ်နဲ့ကပ်လျှက် အိမ်နီးချင်းဖြစ်တဲ့ ထိုင်းကို အမေရိကန်ကြည်းတပ်ဦးစီးချုပ် လာရောက်ပြီး ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ကာ မဟာဗျူဟာမြောက် မျှော်မှန်းချက်သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့တာရှိပါတယ်။

အမေရိကန်အနေနဲ့ အရှေ့တောင်အာရှမှာ တရုတ်၏ဩဇာလွှမ်းမှုကို တန်ပြန်ဖို့ကြိုးစားနေသလို ယခုရက်ထဲမှာဘဲ နိုင်ငံရေးအရလည်း အမေရိကန်ဘက်က ယခုရက်သတ္တပတ်ထဲမှာ တရုတ်ဘက်ကို ထိုးနှက်ခဲ့တာတွေရှိခဲ့ပါတယ်။ဒါက ရှင်ကျန်းဒေသဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီအကြီးအကဲ အပါအဝင် တရုတ်အရာရှိကြီးသုံးဦးကို ရှင်ကျန်းဒေသမှာဖြစ်တဲ့ ဝီဂါမွတ်ဆလင်များနဲ့ပတ်သက်ပြီး ဒဏ်ခတ်အရေးယူမှုတွေ လုပ်ခဲ့တာပါ။ဒီရက်မှာဘဲ အမေရိကန်ဘက်က ပြည်ပကျောင်းသားတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တစ်ခုကို ထုတ်ခဲ့ပါတယ်။ဒါက အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အာဏာပိုင်အဖွဲ့ (ICE) က ဇူလိုင် ၆ ရက်က ထုတ်ခဲ့တာဖြစ်ပြီး  ယခုဆောင်းဦးရာသီအတန်းများကို အွန်လိုင်းကနေ အပြည့်အဝတက်ရောက်ရင် နိုင်ငံတွင်းမှထွက်ခွာရမယ်လို့ဆိုပြီး ဒီလိုမဟုတ်ရင် လူကိုယ်တိုင်သင်ကြားပို့ချသည့် တခြားကျောင်းသို့ ပြောင်းရွှေ့ရမယ်ဆိုပြီး ညွှန်ကြားချက်ထုတ်ခဲ့တာပါ။

ဒါဟာ နိုင်ငံအတွင်းမှာရောက်ရှိနေတဲ့ ကိုဗစ်ကြောင့် အွန်လိုင်းကနေကျောင်းတက်နေတဲ့ ကျောင်းသားအများစုကို ပစ်မှတ်ထားပြီး ထုတ်ခဲ့သလိုဖြစ်ကာ ဖွံ့ဖြိုးဆဲ အာရှ၊ အာဖရိကကနေ လာတက်ရောက်ခဲ့တဲ့ ကျောင်းသားတွေအတွက်လည်း ကျောင်းမတက်ရင် အိမ်ပြန်ရဖို့အခြေအနေ ဖြစ်လာခဲ့ပါတယ်။ဒီလိုသင်ရိုးအားလုံးကို အွန်လိုင်းကသင်ယူနေတဲ့ ကျောင်းသားများ၏ ဗီဇာများကို ရုပ်သိမ်းရန်ဆုံးဖြတ်တဲ့ အမေရိကန်လူဝင်မှုကြီးကြပ်ရေးဌာန ထုတ်ပြန်ချက်အပေါ်  ဟားဗတ်တက္ကသိုလ်နှင့် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်တို့က တရားစွဲဆိုခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်မှာ အမေရိကန်ပြည်ထောင်စုထဲရောက်နေတဲ့ တရုတ်ကျောင်းသားအများစုအတွက် အခက်တွေ့စရာပါ။

ပြီးခဲ့တဲ့အပတ်က ကနေဒါက ဟောင်ကောင်မှာ လုံခြုံရေးဥပဒေပြဋ္ဌာန်းတာကို ကန့်ကက်တဲ့အနေနဲ့ ဟောင်ကောင်နှင့် တရားခံလွှဲပြောင်းပေးရေး သဘောတူညီချက်ကို ဆိုင်းငံ့ခဲ့သလို ယခုရက်သတ္တပတ်မှာဘဲ ကနေဒါနည်းတူ  ဟောင်ကောင်နှင့် တရားခံလွှဲပြောင်းပေးရေး သဘောတူညီချက်ကို ဆိုင်းငံ့မယ်ဆိုပြီး သြစတြေးလျအစိုးရဘက်က ထုတ်ပြန်ခဲ့ပါတယ်။ကနေဒါထက်ထူးတာက ဟောင်ကောင်ကနေ ကြစတြေးလျှရောက်နေတဲ့ ဟောင်ကောင်ပြည်သူ တစ်သောင်းကျော်ကို အမြဲတမ်းနေထိုင်ခွင့်ပြုမယ့်အစီအစဉ်ကို ကမ်းလှမ်းဖို့လုပ်ခဲ့တာပါ။ဒါဟာ ဩစတြေးလျှမှာရောက်နေတဲ့ ပညာလာသင်တဲ့သူတွေကို ဆွဲဆောင်ခေါ်ယူတာဖြစ်လို့ တရုတ်ဘက်က ဒေါသူပုန်ထခဲ့ပါတယ်။

တရုတ်ကတော့ အနောက်အုပ်စု အထူးသဖြင့် သူကိုဝန်းပတ်ဖို့ကြိုးစားနေတဲ့ အမေရိကန်ကို နိုင်ငံရေးအရ ဒီရက်တွေမှာ စိန်ခေါ်မှုတွေလုပ်ခဲ့ပါတယ်။ဒါက အမေရိကန်ကို သူ့မှာရှိတဲ့ နျူကလီးယားလက်နက်ပမာဏအတိုင်းလျှော့ချဖို့ စိန်ခေါ်ခဲ့တာပါ။ဒါဟာ လာမယ့်ဖေဖေါ်ဝါရီမှာ သက်တမ်းကုန်မယ့် ရုရှားနဲ့ အမေရိကန်တို့ရဲ့ နျူကလီးယားလက်နက်ထိန်းချုပ်ရေးစာချုပ် (New START) သက်တမ်းတိုးစာချုပ်ထဲမှာ တရုတ်ပါဝင်ဖို့ အမေရိကန်က တရုတ်ကို အကြိမ်ကြိမ်ပြောခဲ့တာကို ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့တာပါ။လက်ရှိမှာ အမေရိကန်မှာရှိတဲ့ နျူကလီးယားလက်နက်တိုက်ပမာဏက တရုတ်ထက် အဆ ၁၀ ကြီးမားနေတယ်လို့ ဆိုပါတယ်။ဒီအခြေအနေကြောင့်လည်း တရုတ်ဘက်က ၂၀၂၀ နှင့် ၂၀၂၅ ကြားမှာ တစ်နှစ်ကို နျူကလီးယားဓာတ်ပေါင်းဖို ခြောက်လုံးနှင့် ရှစ်လုံးကြား တည်ဆောက်မယ်ဆိုပြီး ဒီရက်ထဲမှာပြောခဲ့တာဖြစ်ပါတယ်။ဒီလိုကိစ္စတွေအပြင် ယခုရက်ထဲမှာဘဲ ဩစတြေးလျှဘက်က ကနေဒါနည်းတူ ဟောင်ကောင်နှင့် တရားခံလွှဲပြောင်းပေးရေး သဘောတူညီချက်ကို ဆိုင်းငံ့မယ်ဆိုပြီး သြစတြေးလျအစိုးရဘက်က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်အနေနဲ့ တရုတ်နဲ့ထိစပ်နေတဲ့ မြောက်ကိုရီးယားကိုလည်း အလွတ်မပေးဘဲ ယခုတစ်ပတ်မှာ နိုင်ငံရေးကစားခဲ့တာကို တွေ့ခဲ့ရပါတယ်။ဇူလိုင် ၇ ရက်က Full Court Press အမေးအဖြေပြုလုပ်ခဲ့မှုအတွင်း သမ္မတထရမ့် က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်နှင့် နောက်ထပ်ထိပ်သီးအစည်းအဝေးတစ်ရပ်ကျင်းပရန် ဆန္ဒရှိတယ်ဆိုပြီး ပြောခဲ့တာပါ။မြောက်ကိုရီးယားဘက်က ယခုတစ်လော ကင်ဂျုံအမ်အစား ရှေ့တန်းထွက်လာတဲ့ ညီမဖြစ်သူက ဒီလိုထိပ်သီးတွေ့ဆုံမှုမျိုးက ဒီနှစ်ထဲမှာမဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ထရမ့်လက်ထက် အမေရိကန်နိုင်ငံခြားရေးပေါ်လစီက ခန့်မှန်းရခက်ပါတယ်။ထရမ့်ရဲ့ ထင်သလို ပြောချင်သလိုပြော၊ လုပ်ချင်သလိုလုပ် မူဝါဒက အာဏာရှင်နိုင်ငံတွေအတွက် ပြင်ဆင်ရခက်ပေမယ့် နောက်ပိုင်း နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေးမှာ ထိုးတက်လာတဲ့ အာရှက တရုတ်ကို နိုင်ငံရေးအရထိန်းချူပ်ရာမှာတော့ အနောက်အုပ်စုအနေနဲ့ မလွယ်တာ၊ အလုပ်မဖြစ်တာကို တွေ့နေရတဲ့အတွက် လိပ်ခဲတည်းလည်း ကမ္ဘာ့နိုင်ငံရေးကစားပွဲတွေမှာ အမေရိကန်နဲ့ တရုတ် ဘယ်သူကအသာရမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်နေပြီဖြစ်ပါတယ်။

ထရမ့်နဲ့ WHO ကနေ နုတ်ထွက်မှု

ထရမ့်လက်ထက်မှာ အမေရိကန်အနေနဲ့ ယခင်လို ကမ္ဘာ့အရေးမှာ သူ့အခန်းကဏ္ဍကို သူ့နည်းသူ့ဖုံနဲ့ပြန်ရောက်အောင် ဆွဲတင်လာတယ်ဆိုပေမယ့် နိုင်ငံရေးဩဇာအာဏာအရ ထိခိုက်မှုတွေလည်း အများကြီးရှိခဲ့ပါတယ်။အထူးသဖြင့် ယခုရက်ထဲမှာဘဲ ကိုရိုနာဗိုင်းရပ်ကိစ္စနဲ့ပတ်သက်ပြီး ကိုင်တွယ်ပုံမကျေနပ်တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ နုတ်ထွက်ဖို့ အမေရိကန်က ကုလကို ယခုရက် ဇူလိုင် ၆ ရက်မှာ တရားဝင်အသိပေးပါတယ်။ယခင်က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၊ ယူနက်စကို စတာတွေကနေ အမေရိကန်နုတ်ထွက်ခဲ့တာတွေရှိခဲ့ပေမယ့် ယခုနုတ်ထွက်တာက တာပိုသွားသလို WHO အတွက်လည်း ဘဏ္ဍာရေးကော၊ ဩဇာအာဏာမှာပါ ထိခိုက်မှုတွေရှိခဲ့ပါတယ်။

အမေရိကန်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအတွင်းမှာ ရန်ပုံငွေအများဆုံးထည့်ဝင်ထားတဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၄၀ဝ ထည့်ဝင်ထားသူဖြစ်ပါတယ်။အဲဒီငွေကြေးပမာဏဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စုစုပေါင်းဘတ်ဂျက်ရဲ့ ၁၅ ရာခိုင်နှုန်းလောက်အထိရှိတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံတစ်ဝန်း လူတစ်သိန်းကျော်သေဆုံးခဲ့ရပြီး ပြင်းပြင်းထန်ထန်ဆက်ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပြဿနာအတွက် ထရမ့် က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ တရုတ်အပေါ် ကျေနပ်မှုမရှိပါဘူး။ဒီအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တရုတ်နိုင်ငံကိုမျက်နှာသာပေးလို့ ဖြစ်ရတယ်ဆိုပြီး အဖွဲ့အတွင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ ထိထိရောက်ရောက်လုပ်ဖို့  ရက်ပေါင်း ၃၀ အတွင်း တိုးတက်ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးခဲ့တာမရှိဘူးဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအတွက် ငွေကြေးထည့်ဝင်နေတာကို ရပ်ဆိုင်းတော့မယ်ဆိုပြီး အရင်ဆုံးကြေညာခဲ့ပါတယ်။
အဲ့ဒီနောက် မေလနှောင်းပိုင်းမှာတော့ ထရမ့် က အမေရိကန်ဟာ ကမ္ဘာ့ကျန်း မာရေးအဖွဲ့ကြီးနဲ့ဆက်ဆံရေး အဆုံးသတ်တော့မှာဖြစ်ပြီး အဲဒီမှာထည့်ဝင်နေတဲ့ ရန်ပုံငွေတွေကိုလည်း တခြားသော ပြည်သူ့ကျန်းမာရေးဆိုင်ရာ နိုင်ငံတကာပရဟိတအဖွဲ့အစည်းတွေဆီမှာ ပြောင်းပြီးထည့်ဝင်တော့မယ်လို့ ဆိုလာခဲ့ပါတယ်။

အမေရိကန်အနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအတွင်းမှာ ၎င်းဖြစ်စေချင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသေးစိတ်ချပြခဲ့ပြီး ဒီကိစ္စကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးနဲ့ တိုက်ရိုက်ညှိနှိုင်းခဲ့ပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးက ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။ဒီနောက်  အမေရိကန်တစ်ဝန်းကူးစက်သူ သုံးသန်းနီးပါးရှိလာတဲ့အခါ၊ နိုင်ငံအတွင်း သေဆုံးသူတစ်သိန်းကျော်လာတဲ့အခါ ထရမ့်ဘက်က ယခုလိုနုတ်ထွက်တဲ့အထိ ဖြစ်လာခဲ့ရတာပါ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ အမေရိကန်နုတ်ထွက်ခဲ့တဲ့အတွက် WHO ရဲ့ အနာဂတ်ရန်ပုံငွေအလားအလာနဲ့ ကမ္ဘာတစ်ဝန်း ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ရေးနဲ့ ရောဂါထိန်းချုပ်ရေးဆိုင်ရာ အနာဂတ်အစီအစဉ်တွေမှာ ပြဿနာရှိလာမှာ သေချာနေပါတယ်။ယခုဘဲ WHO ရဲ့ ကမ္ဘာ့စီမံချက်တွေကို ပြန်သုံးသပ်နေရတာတွေ၊ ရပ်ဆိုင်းရတာတွေ ရှိလာနေပါပြီ။

ဒီလိုအခြေအနေတွေကြောင့်လည်း ဥရောပသမဂ္ဂနဲ့ တခြားနိုင်ငံတွေက အမေရိကန်အနေနဲ့ ဒီလိုနုတ်ထွက်တာကို ပြန်စဉ်းစားသုံးသပ်ဖို့ အမျိုးမျိုးတိုက်တွန်းနေကြတာပါ။သမ္မတရွေးကောက်ပွဲမှာ သမ္မတထရမ့် ကို စိန်ခေါ်မယ့် ဂျိုးဘိုင်ဒင်ကတော့ ကျွန်တော်သမ္မတဖြစ်ခဲ့ရင် သမ္မတတာဝန်စယူတဲ့ ပထမနေ့မှာပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ပြန်ပူးပေါင်းမှာလို့ပြောခဲ့ပေမယ် ယနေ့ခေတ်လို အမျိုးသားရေးဝါဒီတွေ တကျော့ပြန်အားကောင်းလာတဲ့အချိန်မှာ ထရမ့်ရဲ့ ဒုတိယသက်တမ်းကို  ဟန့်တားနိုင်ဖွယ်အင်အား ဒီမိုကရက်တစ်တွေဘက်မှာ မတွေ့ရတဲ့အတွက် WHO အနာဂတ်က ဘာတွေဖြစ်လာမလဲဆိုတာ စိုးရိမ်စရာပါ။ဒီအတွက် နုတ်ထွက်ခွင့်ရမယ့် ၂၀၂၁ ခုနှစ် ဇူလိုင် ၆ ရက်မတိုင်မီ ဘာတွေအပြောင်းအလဲဖြစ်လာနိုင်မလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

အာရှက အရှက်ရှိတဲ့ အာဏာရှိသူတွေ

ဇူလိုင် ၉ ရက်က ဆိုးလ်မြို့တော်တစ်ခုလုံး အံ့ဩမင်သက်စရာတစ်ခု ရုတ်တရက်ကြုံခဲ့ရပါတယ်။ဒါက သူတို့မြို့ရဲ့မြို့တော်ဝန် ပျောက်ဆုံးသွားတာပါ။ဒီမြို့တော်ဝန်ဟာ ၂၀၁၁ ခုနှစ်ကတည်းက ဆိုးလ်မြို့တော်ဝန်အဖြစ် ရွေးချယ်ခံခဲ့ရပြီး အနာဂတ်သမ္မတရွေးကောက်ပွဲအတွက် လျာထားခံရသူတစ်ဦးလည်းဖြစ်လို့ တောင်ကိုရီးယားနိုင်ငံတစ်ဝန်း ဒီလူပျောက်ဆုံးမှုကို အာရုံစိုက်ခဲ့ကြပါတယ်။ဒါ့အပြင် ယခင်က အစိုးရအာဏာရှိသူတွေရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုမှာ နှောင့်ယှက်ခံရသူဘက်က တရားမျှတမှုရဖို့ ပါဝင်လုပ်ဆောင်ပေးခဲ့သူဖြစ်တဲ့အတွက် ဆိုးလ်မြို့တော်ဝန် ပတ်ဝန်ဆွန်းဟာ နိုင်ငံမှာ ထင်ပေါ်လူသိများသော ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်နေပါတယ်။ဒီအတွက် ပတ်ဝန်ဆွန်း ပျောက်မှုက တစ်နိုင်ငံလုံးအတွက် စိတ်ဝင်စားစရာပါ။ဒီကြားထဲမှာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကြားက တင်းမာမှုကလည်း အရှိန်တက်နေတဲ့အတွက် သံသယတွေကရှိပါသေးတယ်။တောင်ကိုရီးယားပြည်သူတွေကဘက်က ဒီလိုထင်နေပေမယ့် သတင်းတွေထွက်နေတာကရှိပါတယ်။

သူမပျောက်ဆုံးခင်မှာ သူ့အတွင်းရေးမှူးမတစ်ဦးက လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ မြို့တော်ဝန်ကိုစွပ်စွဲခဲ့တဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့ပါတယ်။သတင်းတွေအရ မြို့တော်ဝန်ဟာ သူ့အတွင်းရေးမှူးမတစ်ဦးကို ၂၀၁၇ ခုနှစ်ကတည်းက မလိုလားအပ်တဲ့ ခန္ဓာကိုယ်ထိတွေ့မှုအပါအဝင် လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တာတွေရှိတယ်လို့ စွပ်စွဲထားသလို ဇူလိုင် ၈ ရက်ကမှ ရဲထံအမှုဖွင့် တိုင်ကြားထားခဲ့တယ်ဆိုပါတယ်။ဒီအတွက် ရဲတပ်ဖွဲ့က ပတ်နှင့်အတူ ဆိုးလ်မြို့အစိုးရအဖွဲ့ဝင်များကို ခေါ်ယူစစ်ဆေးရန် စီစဉ်ထားခဲ့သလို ဒီအကြောင်းကို ပတ်၏အတွင်းရေးမှူးဝန်ထမ်းဟောင်း အမျိုးသမီးက သူပျောက်ဆုံးတဲ့ ကြာသပတေးနေ့ ညနေပိုင်းမှာ မြို့တော်ဝန်ကိုစွပ်စွဲထားတဲ့ တွေ့ဆုံမေးမြန်းခန်းအစီအစဉ်ကို SBS ရုပ်/သံက ထုတ်လွှင့်ဖို့ စီစဉ်ထားတာပါ။ဒီလိုအကြောင်းတွေကြောင့် ပတ် က  ကြာသပတေးနေ့ ဇူလိုင် ၉ ရက်မှာ ကျန်းမာရေးအကြောင်းပြချက်နဲ့ ရုံးတက်ခဲ့ခြင်းမရှိသလို ညနေပိုင်းမှာ ဒီလိုအရှက်တကွဲဖြစ်ရမယ့်ဖိအားဒဏ်ကို ခံနိုင်ရည်မရှိတော့ဘဲ သေတမ်းစာသဘောမျိုး စာတိုတစ်စောင်ချန်ထားခဲ့ပြီး နေအိမ်ကနေ ထွက်ခွာသွားခဲ့တာပါ။ပတ်ရဲ့သမီးဆီကနေ ပတ် ပျောက်ဆုံးကြောင်းသိပြီးနောက် ရဲတပ်ဖွဲ့ဝင် ၇၇၀ ကျော်ခန့်နဲ့ သူ့ဆဲလ်ဖုန်းဆစ်ဂနယ် နောက်ဆုံးအချက်ပြခဲ့ရာနေရာကို ဖြန့်ကျက်ရှာခဲ့ရာမှာ ဇူလိုင် ၁၀ ရက်တွင် သေဆုံးလျက်သားတွေ့ရှိခဲ့တာပါ။

ပတ်ဝန်ဆွန်း ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်မှုက ယနေ့အာရှမှာဖြစ်နေတဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုက ဘယ်လောက်ထိဆိုးရွားနေလဲဆိုတာ လက်ညှိုးထိုးပြတဲ့ ဖြစ်စဉ်ဖြစ်သလို အာဏာရှိတဲ့သူတွေ ကျူးလွန်လေ့ရှိရာမှာ ဇာတ်တူသားစားတဲ့ မကြာခင်ကဖြစ်ခဲ့တဲ့ ပြည်တွင်းကရဲမေတွေကို လိင်အမြတ်ထုတ်ခဲ့တဲ့ဖြစ်စဉ်ကို ပြန်သတိရစရာပါ။လူချင်းတူ၊ နေရာဒေသ အာရှခြင်းတူပေမယ့် အရှက်တရားရှိတဲ့ ကိုရီးယားနိုင်ငံသား ဆိုးလ်မြို့တော်ဝန်က ဒီလိုဖြစ်ရပ်ပေါ်ပေါက်သွားခဲ့ရင် အများပြည်သူသိသွားခဲ့ရင် နောက်တစ်နေ့ကို ဘယ်လိုမျက်နှာနဲ့နေရမလဲ၊ မိသားစုဝင်တွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့စိတ်နဲ့ နောင်တနဲ့ အရှက်တရားပေါင်းပြီး သတ္တိရှိရှိ အဆုံးစီရင်တဲ့လမ်းကိုရွေးခဲ့တာပါ။ဒီမှာလို မျက်နှာပြောင်တိုက်ပြီး ပေကပ်ငြင်းနေတဲ့သူတွေနဲ့တော့ အပုံကြီးကွာလှပါတယ်။မဟုတ်တာလုပ်ပြီး ရှက်ရကောင်းမှန်းမသိတဲ့နိုင်ငံက အာဏာရှိတဲ့သူတွေနဲ့ မဟုတ်တာလုပ်ပြီး ရှက်ရကောင်းမှန်းသိတဲ့နိုင်ငံက တာဝန်ရှိသူတွေရဲ့ စိတ်ဓာတ်က အကွာကြီးကွာသလို ဘာကြောင့်မတိုးတက်သလဲဆိုတာကို ရှင်းရှင်းလင်းမြင်ရမှာလည်းဖြစ်ပါတယ်။မကောင်းပေမယ့် ပတ်ဝန်းဆွန်ရဲ့ သေကြောင်းစီရင်မှုက သူ့အမှားအတွက် သူ့တာဝန်ကိုသူယူသွားတာဖြစ်လို့ လူလောကအတွက် လက်ခံနိုင်စရာပါ။

အဆိုပါသတင်းတွေအပြင် ယခုရက်သတ္တပတ်အတွင်း နောက်ထပ်သတိထားစရာဖြစ်ခဲ့တဲ့ အခြားသတင်းတွေကတော့ ပါရီအခြေစိုက် Beaussant Lefervre လေလံရုံးက  ၁၅ ရာစု တရုတ်စွယ်စုံကျမ်း နှစ်စောင်တွဲကို လေလံတင်ရာမှာ ဒေါ်လာ ၉ သန်းကျော် ရရှိခဲ့တဲ့သတင်း၊ အမေရိကန်ပြည်ထောင်စု နီဘရာစကာပြည်နယ်မှာ တောင်သူတစ်ဦး ရေကန်ဖောက်ထုတ်ရာကနေ အခိုးခံထားရတဲ့ ATM စက်တစ်လုံးကို တွေ့ရှိခဲ့တဲ့သတင်း၊ တရုတ် မွန်ဂိုလီးယားဒေသမှာ ပုလိပ်ရောဂါကူးစက်မှုဖြစ်စဉ်တွေ့ရှိခဲ့လို့ တရုတ်နဲ့ထိစပ်တဲ့ နယ်နိမိတ်မှာ အမဲလိုက်ခြင်းမရှိဖို့  ရုရှားဘက်က ကင်းလှည့်စောင့်ကြပ်မှုလုပ်ခဲ့တဲ့သတင်း၊ ပြင်သစ်နိုင်ငံသားတစ်ဦးကို အင်ဒိုနီးရှားကလေးငယ် ရာပေါင်းများစွာကို လိင်ပိုင်းဆိုင်ရာစော်ကားမှုလုပ်ခဲ့လို့ သေဒဏ်ကျခံနိုင်ရတဲ့စွဲချက်နဲ့ ဖမ်းဆီးထားတဲ့သတင်း၊ ဖမ်းဆီးထိန်းသိမ်းထားတဲ့ တရုတ်ငါးဖမ်းသင်္ဘောအအေးခန်းထဲကနေ အင်ဒိုနီးရှားအမျိုးသားတစ်ဦးရဲ့အလောင်းကို တွေ့ရှိခဲ့တဲ့သတင်း၊ ဆလိုဗေးနီးယားရှိ  အမေရိကန်သမ္မတကတော် မီလီနီယာထရမ့်ရဲ့ရုပ်တု မီးရှို့ခံရတဲ့သတင်း၊ အိုင်ဗရီကို့စ်ဝန်ကြီးချုပ် ဝန်ကြီးအဖွဲ့အစည်းအဝေးအပြီး သေဆုံးခဲ့တဲ့သတင်း၊ ယူကရိန်းအရှေ့ပိုင်း တောမီးကြောင့် လူ ၅ ဦးသေဆုံးပြီး နေအိမ် ၁၀၀ ခန့် ပျက်စီးသွားခဲ့တဲ့သတင်း၊ သီရိလင်္ကာမှာ ရှားရှားပါးပါး ဆင်အမွှာမွေးဖွားခဲ့တဲ့ သတင်းတွေကလည်း စိတ်ဝင်စားစရာဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း…..။

မင်းထက်
ဇူလိုင် - ၁၃

( Zawgyi )

ယခုရက္ထဲျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ အားလုံးသတိထားေစာင့္ၾကည့္ေနခဲ့ရတဲ့ သတင္းေတြရွိခဲ့သလို ႏိုင္ငံတကာမွာ လတ္တေလာျဖစ္ပ်က္ေနတဲ့ သတင္းေတြထဲက စိတ္ဝင္စားစရာသတင္းအခ်ိဳ႕လည္း ရွိခဲ့ပါတယ္။အထူးသျဖင့္ ေတာင္တ႐ုတ္ပင္လယ္မွာ အေမရိကန္ေလယာဥ္တင္သေဘၤာေတြ ေရာက္ၿပီးေနာက္ပိုင္းျဖစ္လာတဲ့ ႏိုင္ငံေရးအခင္းအက်င္း၊ ေတာင္ကိုရီးယားႏိုင္ငံတစ္ဝန္း ထိတ္လန႔္ေစခဲ့တဲ့ ဆိုးလ္ၿမိဳ႕ေတာ္ဝန္သတ္ေသမႈနဲ႔ သဘာ၀ေဘးေတြ ကပ္ေဘးေတြနဲ႔ မၿပီးေသးတဲ့ ကိုဗစ္-၁၉ ကပ္ေဘးသတင္းေတြက ႏိုင္ငံတကာအေရး စိတ္ဝင္စားတဲ့သူေတြအတြက္ ယခုရက္သတၱပတ္မွာ သတိထားအာ႐ုံစိုက္မိတဲ့ သတင္းေတြဘဲျဖစ္ပါတယ္။

အာရွေရာက္လာတဲ့ ပါဝါလြန္ဆြဲပြဲ

ေတာင္တ႐ုတ္ပင္လယ္ကို Nimitz ႏွင့္ Ronald Reagen အမည္ရတဲ့ အေမရိကန္ေလယာဥ္တင္သေဘၤာႏွစ္စင္း ေရာက္လာတဲ့ကိစၥဟာ တျခားႏိုင္ငံအတြက္ ဘာမွမထူးဆန္းေပမယ့္ ေရနံနဲ႔သဘာ၀ဓာတ္ေငြ႕ ေပါႂကြယ္၀တဲ့ ေတာင္တ႐ုတ္ပင္လယ္ကို သူ႔ပိုင္နက္အျဖစ္သေဘာထားေနတဲ့ တ႐ုတ္အတြက္ကေတာ့ ဒါဟာက်ဴးေက်ာ္ရန္စမႈလို႔ မွတ္ထင္စရာပါ။တ႐ုတ္ေရတပ္ဖြဲ႕သည္ ၿပီးခဲ့သည့္ရက္အနည္းငယ္အတြင္း ေတာင္တ႐ုတ္ပင္လယ္၊ အေရွ႕တ႐ုတ္ပင္လယ္နဲ႔ ပင္လယ္ဝါ စတဲ့ ပင္လယ္ျပင္သုံးခုမွာ စစ္ေရးေလ့က်င့္မႈ ျပဳလုပ္ခဲ့ပါတယ္။တ႐ုတ္ေရတပ္ဖြဲ႕ရဲ႕ စစ္ေရးေလ့က်င့္ေနတဲ့အခ်ိန္မွာဘဲ အေမရိကန္ကလည္း အဆိုပါေရပိုင္နက္ထဲ ေလယာဥ္တင္သေဘၤာႏွစ္စင္းပါဝင္တဲ့ စစ္ေရးလႈပ္ရွားမႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။

ဒီလိုအေမရိကန္ဘက္က ေတာင္တ႐ုတ္ပင္လယ္ထဲဝင္လာၿပီး ေလယာဥ္တင္စစ္သေဘၤာေတြနဲ႔ စစ္ေရးျပမႈေတြလုပ္ေနတဲ့အခ်ိန္မွာ တ႐ုတ္အစိုးရမီဒီယာေတြက ၿပီးခဲ့တဲ့ တ႐ုတ္အမ်ိဳးသားေန႔မွာျပခဲ့တဲ့ တာေဝးပစ္ဒုံးက်ည္ေတြရဲ႕စြမ္းအားကို ေဖာ္ျပခဲ့ပါတယ္။ဒီလိုေဖာ္ျပတာကို အေမရိကန္ဘက္က ျပင္းျပင္းထန္ထန္တုံ႔ျပန္ခဲ့ပါတယ္။အေမရိကန္ေလယာဥ္တင္သေဘၤာမ်ားကို တ႐ုတ္က သေဘၤာဖ်က္ဒုံးလက္နက္မ်ားျဖင့္ ပစ္မွတ္ထားတိုက္ခိုက္ႏိုင္စြမ္းရွိတဲ့အေပၚ တုန္လႈပ္ျခင္းမရွိဘူးလို႔ ေျပာခဲ့သလို တ႐ုတ္၏လက္နက္မ်ားက မိမိတို႔အတြက္ ၿခိမ္းေျခာက္မႈတစ္ခု မဟုတ္ေၾကာင္းႏွင့္ ေတာင္တ႐ုတ္ပင္လယ္ျပင္ကေန ေလယာဥ္တင္သေဘၤာမ်ား ျပန္လည္ထြက္ခြာရန္ အစီအစဥ္မရွိဘူးလို႔ ဇူလိုင္ ၅ ရက္မွာ တုံ႔ျပန္ခဲ့ပါတယ္။တ႐ုတ္ဘက္က ဒီလိုေတာင္တ႐ုတ္ပင္လယ္မွာ အေမရိကန္ေလယာဥ္တင္သေဘၤာေတြ လာအေျခစိုက္တဲ့အေပၚ ေတာင္တ႐ုတ္ပင္လယ္ျပင္တြင္ မတည္မၿငိမ္မႈမ်ားျဖစ္ေစရန္ လုပ္ေဆာင္ေနတယ္ဆိုၿပီး စြပ္စြဲခဲ့ပါတယ္။

တ႐ုတ္ဘက္က ဒီလိုစြပ္စြဲတာလည္း သိပ္ေတာ့မမွားပါဘူး။ဒီရက္ပိုင္းမွာဘဲ အေမရိကန္က ထိုင္ဝမ္နဲ႔ ဂ်ပန္ကို စစ္လက္နက္ေတြ ေရာင္းခ်ေပးခဲ့ပါတယ္။အေမရိကန္က ထိုင္ဝမ္ကို ကန္ေဒၚလာ သန္း ၆၂၀ တန္ ေျမျပင္မွ ေဝဟင္ပစ္ Patriot ဒုံးက်ည္မ်ား အဆင့္တိုးျမႇင့္ေရးအစီအစဥ္အတြက္ ခြင့္ျပဳခဲ့ပါတယ္။ဒါဟာ အေမရိကန္သမၼတ ထရမ့္လက္ထက္ ထိုင္ဝမ္ကို သတၱမေျမာက္လက္နက္ေရာင္းခ်မႈျဖစ္ပါတယ္။ဇူလိုင္ ၉ ရက္မွာေတာ့ အေမရိကန္က တ႐ုတ္နဲ႔ အစဥ္အလာရန္ဘက္ ဂ်ပန္ကို အေမရိကန္ေဒၚလာ ၂၃ ဒသမ ၁ ဘီလ်ံ တန္ဖိုးရွိတဲ့ ကိုယ္ေပ်ာက္ အက္ဖ္-၃၅ တိုက္ေလယာဥ္ေတြအပါအဝင္ ၆၃ အက္ဖ္-၃၅ ေအႏွင့္ ၄၂ အက္ဖ္-၃၅ ဘီ တိုက္ေလယာဥ္ေတြကို ေရာင္းခ်ေပးခဲ့ပါတယ္။ဒီရက္ထဲမွာ တ႐ုတ္နဲ႔ကပ္လွ်က္ အိမ္နီးခ်င္းျဖစ္တဲ့ ထိုင္းကို အေမရိကန္ၾကည္းတပ္ဦးစီးခ်ဳပ္ လာေရာက္ၿပီး ထိုင္းဝန္ႀကီးခ်ဳပ္နဲ႔ေတြ႕ကာ မဟာဗ်ဴဟာေျမာက္ ေမွ်ာ္မွန္းခ်က္သေဘာတူညီမႈကို လက္မွတ္ေရးထိုးခဲ့တာရွိပါတယ္။

အေမရိကန္အေနနဲ႔ အေရွ႕ေတာင္အာရွမွာ တ႐ုတ္၏ဩဇာလႊမ္းမႈကို တန္ျပန္ဖို႔ႀကိဳးစားေနသလို ယခုရက္ထဲမွာဘဲ ႏိုင္ငံေရးအရလည္း အေမရိကန္ဘက္က ယခုရက္သတၱပတ္ထဲမွာ တ႐ုတ္ဘက္ကို ထိုးႏွက္ခဲ့တာေတြရွိခဲ့ပါတယ္။ဒါက ရွင္က်န္းေဒသဆိုင္ရာ တ႐ုတ္ကြန္ျမဴနစ္ပါတီအႀကီးအကဲ အပါအဝင္ တ႐ုတ္အရာရွိႀကီးသုံးဦးကို ရွင္က်န္းေဒသမွာျဖစ္တဲ့ ဝီဂါမြတ္ဆလင္မ်ားနဲ႔ပတ္သက္ၿပီး ဒဏ္ခတ္အေရးယူမႈေတြ လုပ္ခဲ့တာပါ။ဒီရက္မွာဘဲ အေမရိကန္ဘက္က ျပည္ပေက်ာင္းသားေတြနဲ႔ပတ္သက္ၿပီး ထုတ္ျပန္ခ်က္တစ္ခုကို ထုတ္ခဲ့ပါတယ္။ဒါက အေမရိကန္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ အေကာက္ခြန္အာဏာပိုင္အဖြဲ႕ (ICE) က ဇူလိုင္ ၆ ရက္က ထုတ္ခဲ့တာျဖစ္ၿပီး  ယခုေဆာင္းဦးရာသီအတန္းမ်ားကို အြန္လိုင္းကေန အျပည့္အဝတက္ေရာက္ရင္ ႏိုင္ငံတြင္းမွထြက္ခြာရမယ္လို႔ဆိုၿပီး ဒီလိုမဟုတ္ရင္ လူကိုယ္တိုင္သင္ၾကားပို႔ခ်သည့္ တျခားေက်ာင္းသို႔ ေျပာင္းေ႐ႊ႕ရမယ္ဆိုၿပီး ၫႊန္ၾကားခ်က္ထုတ္ခဲ့တာပါ။

ဒါဟာ ႏိုင္ငံအတြင္းမွာေရာက္ရွိေနတဲ့ ကိုဗစ္ေၾကာင့္ အြန္လိုင္းကေနေက်ာင္းတက္ေနတဲ့ ေက်ာင္းသားအမ်ားစုကို ပစ္မွတ္ထားၿပီး ထုတ္ခဲ့သလိုျဖစ္ကာ ဖြံ႕ၿဖိဳးဆဲ အာရွ၊ အာဖရိကကေန လာတက္ေရာက္ခဲ့တဲ့ ေက်ာင္းသားေတြအတြက္လည္း ေက်ာင္းမတက္ရင္ အိမ္ျပန္ရဖို႔အေျခအေန ျဖစ္လာခဲ့ပါတယ္။ဒီလိုသင္႐ိုးအားလုံးကို အြန္လိုင္းကသင္ယူေနတဲ့ ေက်ာင္းသားမ်ား၏ ဗီဇာမ်ားကို ႐ုပ္သိမ္းရန္ဆုံးျဖတ္တဲ့ အေမရိကန္လူဝင္မႈႀကီးၾကပ္ေရးဌာန ထုတ္ျပန္ခ်က္အေပၚ  ဟားဗတ္တကၠသိုလ္ႏွင့္ မက္ဆာခ်ဴးဆက္ နည္းပညာတကၠသိုလ္တို႔က တရားစြဲဆိုခဲ့ပါတယ္။ဒီဆုံးျဖတ္ခ်က္မွာ အေမရိကန္ျပည္ေထာင္စုထဲေရာက္ေနတဲ့ တ႐ုတ္ေက်ာင္းသားအမ်ားစုအတြက္ အခက္ေတြ႕စရာပါ။

ၿပီးခဲ့တဲ့အပတ္က ကေနဒါက ေဟာင္ေကာင္မွာ လုံၿခဳံေရးဥပေဒျပ႒ာန္းတာကို ကန႔္ကက္တဲ့အေနနဲ႔ ေဟာင္ေကာင္ႏွင့္ တရားခံလႊဲေျပာင္းေပးေရး သေဘာတူညီခ်က္ကို ဆိုင္းငံ့ခဲ့သလို ယခုရက္သတၱပတ္မွာဘဲ ကေနဒါနည္းတူ  ေဟာင္ေကာင္ႏွင့္ တရားခံလႊဲေျပာင္းေပးေရး သေဘာတူညီခ်က္ကို ဆိုင္းငံ့မယ္ဆိုၿပီး ၾသစေၾတးလ်အစိုးရဘက္က ထုတ္ျပန္ခဲ့ပါတယ္။ကေနဒါထက္ထူးတာက ေဟာင္ေကာင္ကေန ၾကစေၾတးလွ်ေရာက္ေနတဲ့ ေဟာင္ေကာင္ျပည္သူ တစ္ေသာင္းေက်ာ္ကို အၿမဲတမ္းေနထိုင္ခြင့္ျပဳမယ့္အစီအစဥ္ကို ကမ္းလွမ္းဖို႔လုပ္ခဲ့တာပါ။ဒါဟာ ဩစေၾတးလွ်မွာေရာက္ေနတဲ့ ပညာလာသင္တဲ့သူေတြကို ဆြဲေဆာင္ေခၚယူတာျဖစ္လို႔ တ႐ုတ္ဘက္က ေဒါသူပုန္ထခဲ့ပါတယ္။

တ႐ုတ္ကေတာ့ အေနာက္အုပ္စု အထူးသျဖင့္ သူကိုဝန္းပတ္ဖို႔ႀကိဳးစားေနတဲ့ အေမရိကန္ကို ႏိုင္ငံေရးအရ ဒီရက္ေတြမွာ စိန္ေခၚမႈေတြလုပ္ခဲ့ပါတယ္။ဒါက အေမရိကန္ကို သူ႔မွာရွိတဲ့ န်ဴကလီးယားလက္နက္ပမာဏအတိုင္းေလွ်ာ့ခ်ဖို႔ စိန္ေခၚခဲ့တာပါ။ဒါဟာ လာမယ့္ေဖေဖၚဝါရီမွာ သက္တမ္းကုန္မယ့္ ႐ုရွားနဲ႔ အေမရိကန္တို႔ရဲ႕ န်ဴကလီးယားလက္နက္ထိန္းခ်ဳပ္ေရးစာခ်ဳပ္ (New START) သက္တမ္းတိုးစာခ်ဳပ္ထဲမွာ တ႐ုတ္ပါဝင္ဖို႔ အေမရိကန္က တ႐ုတ္ကို အႀကိမ္ႀကိမ္ေျပာခဲ့တာကို ျပင္းျပင္းထန္ထန္တုံ႔ျပန္ခဲ့တာပါ။လက္ရွိမွာ အေမရိကန္မွာရွိတဲ့ န်ဴကလီးယားလက္နက္တိုက္ပမာဏက တ႐ုတ္ထက္ အဆ ၁၀ ႀကီးမားေနတယ္လို႔ ဆိုပါတယ္။ဒီအေျခအေနေၾကာင့္လည္း တ႐ုတ္ဘက္က ၂၀၂၀ ႏွင့္ ၂၀၂၅ ၾကားမွာ တစ္ႏွစ္ကို န်ဴကလီးယားဓာတ္ေပါင္းဖို ေျခာက္လုံးႏွင့္ ရွစ္လုံးၾကား တည္ေဆာက္မယ္ဆိုၿပီး ဒီရက္ထဲမွာေျပာခဲ့တာျဖစ္ပါတယ္။ဒီလိုကိစၥေတြအျပင္ ယခုရက္ထဲမွာဘဲ ဩစေၾတးလွ်ဘက္က ကေနဒါနည္းတူ ေဟာင္ေကာင္ႏွင့္ တရားခံလႊဲေျပာင္းေပးေရး သေဘာတူညီခ်က္ကို ဆိုင္းငံ့မယ္ဆိုၿပီး ၾသစေၾတးလ်အစိုးရဘက္က ထုတ္ျပန္ခဲ့ပါတယ္။

အေမရိကန္အေနနဲ႔ တ႐ုတ္နဲ႔ထိစပ္ေနတဲ့ ေျမာက္ကိုရီးယားကိုလည္း အလြတ္မေပးဘဲ ယခုတစ္ပတ္မွာ ႏိုင္ငံေရးကစားခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ဇူလိုင္ ၇ ရက္က Full Court Press အေမးအေျဖျပဳလုပ္ခဲ့မႈအတြင္း သမၼတထရမ့္ က ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအမ္ႏွင့္ ေနာက္ထပ္ထိပ္သီးအစည္းအေဝးတစ္ရပ္က်င္းပရန္ ဆႏၵရွိတယ္ဆိုၿပီး ေျပာခဲ့တာပါ။ေျမာက္ကိုရီးယားဘက္က ယခုတစ္ေလာ ကင္ဂ်ဳံအမ္အစား ေရွ႕တန္းထြက္လာတဲ့ ညီမျဖစ္သူက ဒီလိုထိပ္သီးေတြ႕ဆုံမႈမ်ိဳးက ဒီႏွစ္ထဲမွာမျဖစ္ႏိုင္ဘူးလို႔ ေျပာခဲ့ပါတယ္။ထရမ့္လက္ထက္ အေမရိကန္ႏိုင္ငံျခားေရးေပၚလစီက ခန္႔မွန္းရခက္ပါတယ္။ထရမ့္ရဲ႕ ထင္သလို ေျပာခ်င္သလိုေျပာ၊ လုပ္ခ်င္သလိုလုပ္ မူဝါဒက အာဏာရွင္ႏိုင္ငံေတြအတြက္ ျပင္ဆင္ရခက္ေပမယ့္ ေနာက္ပိုင္း ႏိုင္ငံေရး၊ စစ္ေရးနဲ႔ စီးပြားေရးမွာ ထိုးတက္လာတဲ့ အာရွက တ႐ုတ္ကို ႏိုင္ငံေရးအရထိန္းခ်ဴပ္ရာမွာေတာ့ အေနာက္အုပ္စုအေနနဲ႔ မလြယ္တာ၊ အလုပ္မျဖစ္တာကို ေတြ႕ေနရတဲ့အတြက္ လိပ္ခဲတည္းလည္း ကမာၻ႔ႏိုင္ငံေရးကစားပြဲေတြမွာ အေမရိကန္နဲ႔ တ႐ုတ္ ဘယ္သူကအသာရမလဲဆိုတာ စိတ္ဝင္စားစရာျဖစ္ေနၿပီျဖစ္ပါတယ္။

ထရမ့္နဲ႔ WHO ကေန ႏုတ္ထြက္မႈ

ထရမ့္လက္ထက္မွာ အေမရိကန္အေနနဲ႔ ယခင္လို ကမာၻ႔အေရးမွာ သူ႔အခန္းက႑ကို သူ႔နည္းသူ႔ဖုံနဲ႔ျပန္ေရာက္ေအာင္ ဆြဲတင္လာတယ္ဆိုေပမယ့္ ႏိုင္ငံေရးဩဇာအာဏာအရ ထိခိုက္မႈေတြလည္း အမ်ားႀကီးရွိခဲ့ပါတယ္။အထူးသျဖင့္ ယခုရက္ထဲမွာဘဲ ကို႐ိုနာဗိုင္းရပ္ကိစၥနဲ႔ပတ္သက္ၿပီး ကိုင္တြယ္ပုံမေက်နပ္တဲ့အတြက္ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ကေန ႏုတ္ထြက္ဖို႔ အေမရိကန္က ကုလကို ယခုရက္ ဇူလိုင္ ၆ ရက္မွာ တရားဝင္အသိေပးပါတယ္။ယခင္က ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီ၊ ယူနက္စကို စတာေတြကေန အေမရိကန္ႏုတ္ထြက္ခဲ့တာေတြရွိခဲ့ေပမယ့္ ယခုႏုတ္ထြက္တာက တာပိုသြားသလို WHO အတြက္လည္း ဘ႑ာေရးေကာ၊ ဩဇာအာဏာမွာပါ ထိခိုက္မႈေတြရွိခဲ့ပါတယ္။

အေမရိကန္ဟာ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးအတြင္းမွာ ရန္ပုံေငြအမ်ားဆုံးထည့္ဝင္ထားတဲ့ အဖြဲ႕ဝင္ႏိုင္ငံျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္မွာ အေမရိကန္ေဒၚလာ သန္း ၄၀ဝ ထည့္ဝင္ထားသူျဖစ္ပါတယ္။အဲဒီေငြေၾကးပမာဏဟာ ကမာၻ႔က်န္းမာေရးအဖြဲ႕ စုစုေပါင္းဘတ္ဂ်က္ရဲ႕ ၁၅ ရာခိုင္ႏႈန္းေလာက္အထိရွိတယ္လို႔ သိရပါတယ္။

အေမရိကန္ႏိုင္ငံတစ္ဝန္း လူတစ္သိန္းေက်ာ္ေသဆုံးခဲ့ရၿပီး ျပင္းျပင္းထန္ထန္ဆက္ျဖစ္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ျပႆနာအတြက္ ထရမ့္ က ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးနဲ႔ တ႐ုတ္အေပၚ ေက်နပ္မႈမရွိပါဘူး။ဒီအတြက္ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးက တ႐ုတ္ႏိုင္ငံကိုမ်က္ႏွာသာေပးလို႔ ျဖစ္ရတယ္ဆိုၿပီး အဖြဲ႕အတြင္းမွာ ျပဳျပင္ေျပာင္းလဲေရးေတြ ထိထိေရာက္ေရာက္လုပ္ဖို႔  ရက္ေပါင္း ၃၀ အတြင္း တိုးတက္ျဖစ္ထြန္းေအာင္ ေဆာင္႐ြက္ေပးခဲ့တာမရွိဘူးဆိုရင္ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးအတြက္ ေငြေၾကးထည့္ဝင္ေနတာကို ရပ္ဆိုင္းေတာ့မယ္ဆိုၿပီး အရင္ဆုံးေၾကညာခဲ့ပါတယ္။
အဲ့ဒီေနာက္ ေမလေႏွာင္းပိုင္းမွာေတာ့ ထရမ့္ က အေမရိကန္ဟာ ကမာၻ႔က်န္း မာေရးအဖြဲ႕ႀကီးနဲ႔ဆက္ဆံေရး အဆုံးသတ္ေတာ့မွာျဖစ္ၿပီး အဲဒီမွာထည့္ဝင္ေနတဲ့ ရန္ပုံေငြေတြကိုလည္း တျခားေသာ ျပည္သူ႔က်န္းမာေရးဆိုင္ရာ ႏိုင္ငံတကာပရဟိတအဖြဲ႕အစည္းေတြဆီမွာ ေျပာင္းၿပီးထည့္ဝင္ေတာ့မယ္လို႔ ဆိုလာခဲ့ပါတယ္။

အေမရိကန္အေနနဲ႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးအတြင္းမွာ ၎ျဖစ္ေစခ်င္တဲ့ ျပဳျပင္ေျပာင္းလဲမႈေတြကို အေသးစိတ္ခ်ျပခဲ့ၿပီး ဒီကိစၥကို ကမာၻ႔က်န္းမာေရးအဖြဲ႕ ႀကီးနဲ႔ တိုက္႐ိုက္ညႇိႏႈိင္းခဲ့ေပမယ့္ ကမာၻ႔က်န္းမာေရးအဖြဲ႕ ႀကီးက ျပဳျပင္ေျပာင္းလဲေရးလုပ္ဖို႔ လက္မခံခဲ့ဘူးလို႔ ဆိုပါတယ္။ဒီေနာက္  အေမရိကန္တစ္ဝန္းကူးစက္သူ သုံးသန္းနီးပါးရွိလာတဲ့အခါ၊ ႏိုင္ငံအတြင္း ေသဆုံးသူတစ္သိန္းေက်ာ္လာတဲ့အခါ ထရမ့္ဘက္က ယခုလိုႏုတ္ထြက္တဲ့အထိ ျဖစ္လာခဲ့ရတာပါ။ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးကေန အေမရိကန္ႏုတ္ထြက္ခဲ့တဲ့အတြက္ WHO ရဲ႕ အနာဂတ္ရန္ပုံေငြအလားအလာနဲ႔ ကမာၻတစ္ဝန္း က်န္းမာေရးေစာင့္ေရွာက္မႈျမႇင့္တင္ေရးနဲ႔ ေရာဂါထိန္းခ်ဳပ္ေရးဆိုင္ရာ အနာဂတ္အစီအစဥ္ေတြမွာ ျပႆနာရွိလာမွာ ေသခ်ာေနပါတယ္။ယခုဘဲ WHO ရဲ႕ ကမာၻ႔စီမံခ်က္ေတြကို ျပန္သုံးသပ္ေနရတာေတြ၊ ရပ္ဆိုင္းရတာေတြ ရွိလာေနပါၿပီ။

ဒီလိုအေျခအေနေတြေၾကာင့္လည္း ဥေရာပသမဂၢနဲ႔ တျခားႏိုင္ငံေတြက အေမရိကန္အေနနဲ႔ ဒီလိုႏုတ္ထြက္တာကို ျပန္စဥ္းစားသုံးသပ္ဖို႔ အမ်ိဳးမ်ိဳးတိုက္တြန္းေနၾကတာပါ။သမၼတေ႐ြးေကာက္ပြဲမွာ သမၼတထရမ့္ ကို စိန္ေခၚမယ့္ ဂ်ိဳးဘိုင္ဒင္ကေတာ့ ကြၽန္ေတာ္သမၼတျဖစ္ခဲ့ရင္ သမၼတတာဝန္စယူတဲ့ ပထမေန႔မွာပဲ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးနဲ႔ ျပန္ပူးေပါင္းမွာလို႔ေျပာခဲ့ေပမယ္ ယေန႔ေခတ္လို အမ်ိဳးသားေရးဝါဒီေတြ တေက်ာ့ျပန္အားေကာင္းလာတဲ့အခ်ိန္မွာ ထရမ့္ရဲ႕ ဒုတိယသက္တမ္းကို  ဟန႔္တားႏိုင္ဖြယ္အင္အား ဒီမိုကရက္တစ္ေတြဘက္မွာ မေတြ႕ရတဲ့အတြက္ WHO အနာဂတ္က ဘာေတြျဖစ္လာမလဲဆိုတာ စိုးရိမ္စရာပါ။ဒီအတြက္ ႏုတ္ထြက္ခြင့္ရမယ့္ ၂၀၂၁ ခုႏွစ္ ဇူလိုင္ ၆ ရက္မတိုင္မီ ဘာေတြအေျပာင္းအလဲျဖစ္လာႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

အာရွက အရွက္ရွိတဲ့ အာဏာရွိသူေတြ

ဇူလိုင္ ၉ ရက္က ဆိုးလ္ၿမိဳ႕ေတာ္တစ္ခုလုံး အံ့ဩမင္သက္စရာတစ္ခု ႐ုတ္တရက္ႀကဳံခဲ့ရပါတယ္။ဒါက သူတို႔ၿမိဳ႕ရဲ႕ၿမိဳ႕ေတာ္ဝန္ ေပ်ာက္ဆုံးသြားတာပါ။ဒီၿမိဳ႕ေတာ္ဝန္ဟာ ၂၀၁၁ ခုႏွစ္ကတည္းက ဆိုးလ္ၿမိဳ႕ေတာ္ဝန္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရၿပီး အနာဂတ္သမၼတေ႐ြးေကာက္ပြဲအတြက္ လ်ာထားခံရသူတစ္ဦးလည္းျဖစ္လို႔ ေတာင္ကိုရီးယားႏိုင္ငံတစ္ဝန္း ဒီလူေပ်ာက္ဆုံးမႈကို အာ႐ုံစိုက္ခဲ့ၾကပါတယ္။ဒါ့အျပင္ ယခင္က အစိုးရအာဏာရွိသူေတြရဲ႕ လိင္ပိုင္းဆိုင္ရာေႏွာင့္ယွက္မႈမွာ ေႏွာင့္ယွက္ခံရသူဘက္က တရားမွ်တမႈရဖို႔ ပါဝင္လုပ္ေဆာင္ေပးခဲ့သူျဖစ္တဲ့အတြက္ ဆိုးလ္ၿမိဳ႕ေတာ္ဝန္ ပတ္ဝန္ဆြန္းဟာ ႏိုင္ငံမွာ ထင္ေပၚလူသိမ်ားေသာ ပုဂၢိဳလ္တစ္ဦးလည္းျဖစ္ေနပါတယ္။ဒီအတြက္ ပတ္ဝန္ဆြန္း ေပ်ာက္မႈက တစ္ႏိုင္ငံလုံးအတြက္ စိတ္ဝင္စားစရာပါ။ဒီၾကားထဲမွာ ေျမာက္ကိုရီးယားနဲ႔ ေတာင္ကိုရီးယားၾကားက တင္းမာမႈကလည္း အရွိန္တက္ေနတဲ့အတြက္ သံသယေတြကရွိပါေသးတယ္။ေတာင္ကိုရီးယားျပည္သူေတြကဘက္က ဒီလိုထင္ေနေပမယ့္ သတင္းေတြထြက္ေနတာကရွိပါတယ္။

သူမေပ်ာက္ဆုံးခင္မွာ သူ႔အတြင္းေရးမႉးမတစ္ဦးက လိင္ပိုင္းဆိုင္ရာေစာ္ကားမႈနဲ႔ ၿမိဳ႕ေတာ္ဝန္ကိုစြပ္စြဲခဲ့တဲ့သတင္းေတြ က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ခဲ့ပါတယ္။သတင္းေတြအရ ၿမိဳ႕ေတာ္ဝန္ဟာ သူ႔အတြင္းေရးမႉးမတစ္ဦးကို ၂၀၁၇ ခုႏွစ္ကတည္းက မလိုလားအပ္တဲ့ ခႏၶာကိုယ္ထိေတြ႕မႈအပါအဝင္ လိင္ပိုင္းဆိုင္ရာေစာ္ကားခဲ့တာေတြရွိတယ္လို႔ စြပ္စြဲထားသလို ဇူလိုင္ ၈ ရက္ကမွ ရဲထံအမႈဖြင့္ တိုင္ၾကားထားခဲ့တယ္ဆိုပါတယ္။ဒီအတြက္ ရဲတပ္ဖြဲ႕က ပတ္ႏွင့္အတူ ဆိုးလ္ၿမိဳ႕အစိုးရအဖြဲ႕ဝင္မ်ားကို ေခၚယူစစ္ေဆးရန္ စီစဥ္ထားခဲ့သလို ဒီအေၾကာင္းကို ပတ္၏အတြင္းေရးမႉးဝန္ထမ္းေဟာင္း အမ်ိဳးသမီးက သူေပ်ာက္ဆုံးတဲ့ ၾကာသပေတးေန႔ ညေနပိုင္းမွာ ၿမိဳ႕ေတာ္ဝန္ကိုစြပ္စြဲထားတဲ့ ေတြ႕ဆုံေမးျမန္းခန္းအစီအစဥ္ကို SBS ႐ုပ္/သံက ထုတ္လႊင့္ဖို႔ စီစဥ္ထားတာပါ။ဒီလိုအေၾကာင္းေတြေၾကာင့္ ပတ္ က  ၾကာသပေတးေန႔ ဇူလိုင္ ၉ ရက္မွာ က်န္းမာေရးအေၾကာင္းျပခ်က္နဲ႔ ႐ုံးတက္ခဲ့ျခင္းမရွိသလို ညေနပိုင္းမွာ ဒီလိုအရွက္တကြဲျဖစ္ရမယ့္ဖိအားဒဏ္ကို ခံႏိုင္ရည္မရွိေတာ့ဘဲ ေသတမ္းစာသေဘာမ်ိဳး စာတိုတစ္ေစာင္ခ်န္ထားခဲ့ၿပီး ေနအိမ္ကေန ထြက္ခြာသြားခဲ့တာပါ။ပတ္ရဲ႕သမီးဆီကေန ပတ္ ေပ်ာက္ဆုံးေၾကာင္းသိၿပီးေနာက္ ရဲတပ္ဖြဲ႕ဝင္ ၇၇၀ ေက်ာ္ခန႔္နဲ႔ သူ႔ဆဲလ္ဖုန္းဆစ္ဂနယ္ ေနာက္ဆုံးအခ်က္ျပခဲ့ရာေနရာကို ျဖန႔္က်က္ရွာခဲ့ရာမွာ ဇူလိုင္ ၁၀ ရက္တြင္ ေသဆုံးလ်က္သားေတြ႕ရွိခဲ့တာပါ။

ပတ္ဝန္ဆြန္း ကိုယ့္ကိုယ္ကိုေသေၾကာင္းႀကံစည္မႈက ယေန႔အာရွမွာျဖစ္ေနတဲ့ လိင္ပိုင္းဆိုင္ရာေႏွာင့္ယွက္မႈက ဘယ္ေလာက္ထိဆိုး႐ြားေနလဲဆိုတာ လက္ညႇိဳးထိုးျပတဲ့ ျဖစ္စဥ္ျဖစ္သလို အာဏာရွိတဲ့သူေတြ က်ဴးလြန္ေလ့ရွိရာမွာ ဇာတ္တူသားစားတဲ့ မၾကာခင္ကျဖစ္ခဲ့တဲ့ ျပည္တြင္းကရဲေမေတြကို လိင္အျမတ္ထုတ္ခဲ့တဲ့ျဖစ္စဥ္ကို ျပန္သတိရစရာပါ။လူခ်င္းတူ၊ ေနရာေဒသ အာရွျခင္းတူေပမယ့္ အရွက္တရားရွိတဲ့ ကိုရီးယားႏိုင္ငံသား ဆိုးလ္ၿမိဳ႕ေတာ္ဝန္က ဒီလိုျဖစ္ရပ္ေပၚေပါက္သြားခဲ့ရင္ အမ်ားျပည္သူသိသြားခဲ့ရင္ ေနာက္တစ္ေန႔ကို ဘယ္လိုမ်က္ႏွာနဲ႔ေနရမလဲ၊ မိသားစုဝင္ေတြကို ဘယ္လိုရင္ဆိုင္ရမလဲဆိုတဲ့စိတ္နဲ႔ ေနာင္တနဲ႔ အရွက္တရားေပါင္းၿပီး သတၱိရွိရွိ အဆုံးစီရင္တဲ့လမ္းကိုေ႐ြးခဲ့တာပါ။ဒီမွာလို မ်က္ႏွာေျပာင္တိုက္ၿပီး ေပကပ္ျငင္းေနတဲ့သူေတြနဲ႔ေတာ့ အပုံႀကီးကြာလွပါတယ္။မဟုတ္တာလုပ္ၿပီး ရွက္ရေကာင္းမွန္းမသိတဲ့ႏိုင္ငံက အာဏာရွိတဲ့သူေတြနဲ႔ မဟုတ္တာလုပ္ၿပီး ရွက္ရေကာင္းမွန္းသိတဲ့ႏိုင္ငံက တာဝန္ရွိသူေတြရဲ႕ စိတ္ဓာတ္က အကြာႀကီးကြာသလို ဘာေၾကာင့္မတိုးတက္သလဲဆိုတာကို ရွင္းရွင္းလင္းျမင္ရမွာလည္းျဖစ္ပါတယ္။မေကာင္းေပမယ့္ ပတ္ဝန္းဆြန္ရဲ႕ ေသေၾကာင္းစီရင္မႈက သူ႔အမွားအတြက္ သူ႔တာဝန္ကိုသူယူသြားတာျဖစ္လို႔ လူေလာကအတြက္ လက္ခံႏိုင္စရာပါ။

အဆိုပါသတင္းေတြအျပင္ ယခုရက္သတၱပတ္အတြင္း ေနာက္ထပ္သတိထားစရာျဖစ္ခဲ့တဲ့ အျခားသတင္းေတြကေတာ့ ပါရီအေျခစိုက္ Beaussant Lefervre ေလလံ႐ုံးက  ၁၅ ရာစု တ႐ုတ္စြယ္စုံက်မ္း ႏွစ္ေစာင္တြဲကို ေလလံတင္ရာမွာ ေဒၚလာ ၉ သန္းေက်ာ္ ရရွိခဲ့တဲ့သတင္း၊ အေမရိကန္ျပည္ေထာင္စု နီဘရာစကာျပည္နယ္မွာ ေတာင္သူတစ္ဦး ေရကန္ေဖာက္ထုတ္ရာကေန အခိုးခံထားရတဲ့ ATM စက္တစ္လုံးကို ေတြ႕ရွိခဲ့တဲ့သတင္း၊ တ႐ုတ္ မြန္ဂိုလီးယားေဒသမွာ ပုလိပ္ေရာဂါကူးစက္မႈျဖစ္စဥ္ေတြ႕ရွိခဲ့လို႔ တ႐ုတ္နဲ႔ထိစပ္တဲ့ နယ္နိမိတ္မွာ အမဲလိုက္ျခင္းမရွိဖို႔  ႐ုရွားဘက္က ကင္းလွည့္ေစာင့္ၾကပ္မႈလုပ္ခဲ့တဲ့သတင္း၊ ျပင္သစ္ႏိုင္ငံသားတစ္ဦးကို အင္ဒိုနီးရွားကေလးငယ္ ရာေပါင္းမ်ားစြာကို လိင္ပိုင္းဆိုင္ရာေစာ္ကားမႈလုပ္ခဲ့လို႔ ေသဒဏ္က်ခံႏိုင္ရတဲ့စြဲခ်က္နဲ႔ ဖမ္းဆီးထားတဲ့သတင္း၊ ဖမ္းဆီးထိန္းသိမ္းထားတဲ့ တ႐ုတ္ငါးဖမ္းသေဘၤာအေအးခန္းထဲကေန အင္ဒိုနီးရွားအမ်ိဳးသားတစ္ဦးရဲ႕အေလာင္းကို ေတြ႕ရွိခဲ့တဲ့သတင္း၊ ဆလိုေဗးနီးယားရွိ  အေမရိကန္သမၼတကေတာ္ မီလီနီယာထရမ့္ရဲ႕႐ုပ္တု မီးရႈိ႕ခံရတဲ့သတင္း၊ အိုင္ဗရီကို႔စ္ဝန္ႀကီးခ်ဳပ္ ဝန္ႀကီးအဖြဲ႕အစည္းအေဝးအၿပီး ေသဆုံးခဲ့တဲ့သတင္း၊ ယူကရိန္းအေရွ႕ပိုင္း ေတာမီးေၾကာင့္ လူ ၅ ဦးေသဆုံးၿပီး ေနအိမ္ ၁၀၀ ခန႔္ ပ်က္စီးသြားခဲ့တဲ့သတင္း၊ သီရိလကၤာမွာ ရွားရွားပါးပါး ဆင္အမႊာေမြးဖြားခဲ့တဲ့ သတင္းေတြကလည္း စိတ္ဝင္စားစရာျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း…..။

မင္းထက္
ဇူလိုင္ - ၁၃