【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အနောက်ဘက်ကမ်းကပြန်စမယ့် အရှေ့အလယ်ပိုင်းစစ်မီး

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အနောက်ဘက်ကမ်းကပြန်စမယ့် အရှေ့အလယ်ပိုင်းစစ်မီး

ယခုရက်သတ္တပတ်အတွင်း သတင်းတွေထဲမှာ နိုင်ငံတိုင်းက သူတို့စီးပွားရေးလုပ်ငန်းတွေကို ကိုဗစ်ကူးစက်ရောဂါကြားကနေ သတိထားပြီး လုပ်ငန်းတွေပြန်ဖွင့်နေကြတဲ့သတင်းတွေ၊ တရုတ်နဲ့ အိန္ဒိယကြား မပြီးသေးတဲ့ နယ်စပ်ပြဿနာတွေ၊ ပြင်းထန်လာတဲ့ နိုင်ငံတကာအရေးအခင်းတွေ၊ ကမ္ဘာတစ်လွှား တိုက်ခိုက်မှုတွေ စတဲ့သတင်းတွေနဲ့ ယခုရက်သတ္တပတ်က  စောင့်ကြည့်စရာဖြစ်ခဲ့ပါတယ်။အထူးသဖြင့် စောင့်ကြည့်စရာကောင်းလောက်အောင် သတိထားရတဲ့အခြေအနေက ဇူလိုင် ၁ ရက်မှာ အစ္စရေးဝန်ကြီးချုပ်က အာရပ်-အစ္စရေး စစ်ပွဲကာလအတွင်း သိမ်းယူခဲ့တဲ့ အနောက်ဘက်ကမ်းဒေသတွေနဲ ဂျော်ဒန်ပိုင်နက် နယ်မြေတွေကို  သူ့ရွေးကောက်ပွဲကတိအတိုင်း အစ္စရေးပိုင်နက်အဖြစ် ကြေညာမယ့်အကြောင်းပါ။ဒီလိုသိမ်းပိုက်ရင် ပါလက်စတိုင်းတွေကလည်း စစ်ကြေညာတယ်ဆိုပြီး ခုခံတိုက်ပွဲဝင်ဖို့ အသံတွေထွက်နေပါတယ်။
ဒီအရေးကို ဘယ်နိုင်ငံကြီးကမှ လောက်လောက်လားလား အာရုံမစိုက်ကြတဲ့အတွက် ဒီပြဿနာက ကြီးထွားလာခြေရှိနေပါတယ်။ဒီအတွက် ယခုရက်သတ္တပတ်မှာ အစ္စရေးရဲ့ ပိုင်နက်ကြေညာမယ့်သတင်းက အားလုံးစောင့်ကြည့်ရမယ့်သတင်း ဖြစ်လာခြေရှိနေပါတယ်။

မပြီးသေးတဲ့ ကိုဗစ်ဘေး စီးပွားရေးကို ဖြိုလှဲချတော့မလား

ဥရောပမှာ ကူးစက်ကပ်ရောဂါဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရှိန်လျော့ကျလာတဲ့အခါ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ စိုင်းပြင်းလာကြပါတယ်။ယခုရက်သတ္တပတ်ထဲမှာ ကိုဗစ်-၁၉ ကြောင့် ရက် ၁၀၀ နီးပါးပိတ်ခဲ့ရတဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ အီဖယ်မျှော်စင်ကို ဇွန် ၂၅ ရက်က ပြန်ဖွင့်ပေးခဲ့သလို ကျောင်းသားသန်းချီ ကျောင်းပြန်တက်ခွင့်ပြုမှုနှင့်အတူ ပုံမှန်အခြေအနေရောက်အောင် ပြင်သစ်အာဏာပိုင်တွေက ပြင်ဆင်နေခဲ့ပါတယ်။အင်္ဂလန်ကတော့  ဇူလိုင် ၄ ရက်ကစပြီး ဘားတွေ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေနဲ့ ဆံသဆိုင်တွေကို ပုံမှန်အတိုင်းပြန်ဖွင့်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ပိတ်ဆို့မှုတွေကို  ဥရောပမှာဖြေလျှော့ပေးနေပေမယ့် ကမ္ဘာ့တခြားနေရာတွေဖြစ်တဲ့ လက်တင်အမေရိကတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းက များပြားနေဆဲပါ။ဒီဒေသတွေမှာ ယခုရက်သတ္တပတ်အတွင်း သေဆုံးသူ ၅၀၀၀၀ ကျော် ရှိခဲ့ပါတယ်။ဩစတြေးလျှက မဲလ်ဘုန်းနဲ့ ပေါ်တူဂီက လစ္စဘွန်းတို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အစုလိုက်တွေ့ရှိလာရလို့ မဲလ်ဘုန်းမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀၀၀ ကို ဖြန့်ကြက်ထားခဲ့ရတဲ့အထိပါဘဲ။ဒါ့အပြင် နိုင်ငံတကာမှရောက်ရှိလာသော ခရီးသည်တွေကို  ခွဲခြားထားဖို့လည်း စီစဉ်ခဲ့ပါတယ်။ဒီဒေသတွေအပြင် တရုတ်က ဘေကျင်းနဲ့ အိန္ဒိယအပါအဝင် တချို့အာရှဒေသတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက ပြန်ဖြစ်လာခဲ့ပါတယ်။

ဒီလိုကူးစက်နူန်းပြန်တက်လာတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ချုပ်က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု အရှိန်မြင့်လာနေတယ်ဆိုပြီး သတိပေးခဲ့ပေမယ့် ဘရာဇီးနိုင်ငံကတော့ အမေရိကန်အတိုင်း ကိုရိုနာဗိုင်းရပ်စ်ကို အပျော့စားတုပ်ကွေးသာသာ သဘောထားပြီး ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှုကို ဂရုမစိုက်ကြောင်း ပြောခဲ့ပါတယ်။လက်ရှိမှာ ဘရာဇီးက အမေရိကန်ပြီးရင် ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို ဒုတိယအဆိုးရွားဆုံး ခံစားနေရတဲ့နိုင်ငံပါ။နောက်ဆုံးစာရင်းတွေအရ  ဘရာဇီးနိုင်ငံမှာ သေဆုံးသူ ၅၇၀၀၀ ကျော်ရှိနေပြီး ကူးစက်ခံရသူက ၁၃ သိန်းကျော်နေပါပြီ။

လက်ရှိမှာ ကမ္ဘာတစ်ဝန်း ကူးစက်ခံရသူ ဆယ်သန်းကျော်လာပြီး သေဆုံးသူက ငါးသိန်းကျော်ကာ ပြန်ကောင်းလာတဲ့သူက ငါးသန်းခွဲကျော်ရှိပေမယ့် ဘရာဇီးနဲ့ အမေရိကန်နဲ့ အိန္ဒိယမှာ ကူးစက်ခံရသူက တစ်ရက်ကို သောင်းဂဏန်းရှိနေတဲ့အတွက် သိပ်ကောင်းတဲ့အခြေအနေတော့ မဟုတ်ပါဘူး။
အမေရိကန်မှာ ထရမ့်ရဲ့ မဆင်မခြင်လုပ်ကိုင်ဆောင်ရွက်နေတဲ့ ပြန်ဖွင့်ပေးမှုတွေကြောင့် အမေရိကန်နိုင်ငံ တောင်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်သစ်များ တစ်ဟုန်ထိုးမြင့်တက်ကူးစက်ခံရလို့ တာဝန်ရှိသူများက ဒေသခံများကို အိမ်တွင်း၌သာနေထိုင်ကြရန် တိုက်တွန်းနေရပြီး တင်းကျပ်သည့် အစီအမံများကို နောက်ထပ်တစ်ကြိမ် ပြန်လည်ချမှတ်နေရပါတယ်။ဧပြီလကတည်းက ခရီးသွားလာခွင့်ပိတ်ပင်မှုတွေ၊ စီးပွားရေးလုပ်ငန်းပိတ်ပင်မှုတွေ ဖြေလျှော့ပေးခဲ့တဲ့ ဂျာမနီနဲ့ အခြားဥရောပနိုင်ငံတချို့မှာလည်း အလားတူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု နောက်တစ်ကြိမ်မြင့်တက်လာလို့ ကန့်သတ်ချက်များကို ပြန်လည်ချမှတ်ရပါတယ်။

ဆော်ဒီမှာဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ယခုနှစ်မှာ ကမ္ဘာအရပ်ရပ်ကလာရောက်မယ့် ဘုရားဖူးတွေကို ပိတ်ပင်ဖို့အထိတောင် စီစဉ်ထားသလို သူ့နိုင်ငံက ဘုရားဖူးတွေတောင် အကန့်အသတ်နဲ့ ဖူးခွင့်ပေးမယ်လို့ ဆိုထားပါတယ်။အမေရိကန်လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေ ပြန်ဖွင့်ဖို့ရှိတဲ့ အီးယူနိုင်ငံတွေဆိုရင် နောက်တစ်ကြိမ်ဖြစ်မှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ အမေရိကန်ခရီးသည်တွေလာခွင့်ကို ပိတ်ထားဦးမယ်ဆိုပြီး ဆုံးဖြတ်ချက်ချတာကို တွေ့ခဲ့ရပါတယ်။ဒီအတွက် အမေရိကန်ဘက်ကလည်း အီးယူကသူတွေကို ပြန်ဝင်ခွင့်ပိတ်ထားတာရှိပါတယ်။ဒါပေမယ့် ဒီအခြေအနေမှာ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ် ကူးစက်မှုက အရှိန်ကောင်းနေဆဲပါ။

ကူးစက်ရောဂါအတွက် ကာကွယ်မှုတွေကိုလုပ်နေသလို တစ်ဘက်ကလည်း ကုသကာကွယ်ဆေးကို မျှော်မှန်းထားတဲ့ရက်ထက်စောပြီး ထုတ်နိုင်ဖို့ နိုင်ငံတိုင်းက တက်သုတ်ရိုက်နေကြတာကို တွေ့ရပါတယ်။မြန်မာနဲ့အိမ်နီးချင်း ထိုင်းမှာဆိုရင် BioNet-Asia ကုမ္ပဏီနဲ့ ချူလာလောင်ကွန်တက္ကသိုလ်တို့ပေါင်းပြီး ကာကွယ်ဆေးကိုလုပ်နေရာမှာ ယခုဆို မျောက်တွေနဲ့စမ်းသပ်ပြီးလို့ ယခုနှစ် အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာမှာ လူတွေနဲ့စမ်းသပ်ဖို့ စီစဉ်နေပါပြီ။ထိုင်း ဒုတိယဝန်ကြီးချုပ်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကိုထုတ်လုပ်ပြီး မကြာမီပြည်သူများအကြား အသုံးပြုနိုင်တော့မည်ဖြစ်တယ်လို့ မီဒီယာတွေကိုပြောခဲ့ပါတယ်။

ယူအေအီးနိုင်ငံမှာ ထုတ်လုပ်နေတဲ့ တရုတ်ကုမ္ပဏီတစ်ခုရဲ့ COVID-19 ကာကွယ်ဆေးကတော့ လက်တွေ့ စမ်းသပ်မှု အဆင့်သုံးသို့ စတင်ခြင်းနှင့်အတူ အရေးပါသည့်အဆင့်ကို ရောက်နေပါပြီ။ဒီကာကွယ်ဆေးက ကမ္ဘာအနှံ့စမ်းနေတဲ့ ကာကွယ်ဆေးထဲ နောက်ဆုံးအဆင့်သို့ ပထမဆုံးရောက်ရှိလာသည့် ကာကွယ်ဆေးဖြစ်တယ်လို့ China National Biotec Group (CNBG) ကတော့ ဆိုပါတယ်။လက်ရှိစမ်းသပ်နေတဲ့ရလဒ်ကို ဒီရက်ထဲထုတ်ပြန်မယ်ဆိုပေမယ့် ယခုထိ ဘာသံမှမကြားရသေးပါဘူး။ကာကွယ်ဆေးနဲ့ ကူးစက်မှုမှာ ကူးစက်မှု ဒုတိယအကြိမ်ပြန်စနေတဲ့အထိ မထုတ်လုပ်နိုင်ခဲ့သေးရင် ဘယ်လောက်ထိ အသက်တွေဆုံးရှုံးရဦးမလဲဆိုတာ မသိရသေးပါဘူး။ဒါကိုဘဲ ကျန်းမာရေးပညာရှင်တွေက စိုးရိမ်နေကြတာပါ။

ကပ်ဘေးနဲ့ ဆေး ဘယ်ဟာကအနိုင်ရမလဲဆိုတာ ဆေးဖော်နိုင်ပြီဆိုတဲ့နေ့မှ အဖြေကပေါ်မှာဖြစ်လို့ သတိနဲ့နေထိုင်ရင်း စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ကိုဗစ်အလွန် ကမ္ဘာ့စီးပွားရေး

ကိုဗစ်ကြောင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုနူန်းတွေကို IMF နဲ့ ကမ္ဘာ့ဘဏ်က လျှော့ချသတ်မှတ်ခဲ့ပါတယ်။ကိုဗစ်အလွန် ကမ္ဘာ့စီးပွားရေးကို ပုံမှန်ပြန်လည်ဖြစ်လာဖို့ အဓိကမောင်းနှင်နိုင်တာ ခရီးသွားလုပ်ငန်းဘဲလို့ နိုင်ငံအတော်များများက ယူဆထားပါတယ်။
ဒါကြောင့်လည်း အီးယူက ခရီးသွားလုပ်ငန်းကို ပြန်လည်စတင်ဖို့ စိုင်းပြင်းလာခဲ့ပါတယ်။အမေရိကန်ကလည်း ကိုဗစ်-၁၉ ကြောင့် သူ့နိုင်ငံမှာ လူတစ်သိန်းကျော်သေခဲ့ရချိန်မှာ မထူးဇာတ်ကို စခင်းခဲ့ပါတယ်။ဒါက ကျန်းမာရေးကပ်ဘေးထိခဲ့ပေမယ့် စီးပွားရေးကပ်ဘေးကို အထိမခံတော့ဘူးဆိုကာ စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ခွင့်ပေးဖို့ စတင်ခဲ့တာပါ။

ပထမအဆင့်အနေနဲ့ မဖွင့်မဖြစ်ဆိုင်တွေကို ဖွင့်ခွင့်ပေးပြီးနောက်မှာ ဇွန် ၂၃ ရက်မှာ လဟာပြင်စားသောက်ဆိုင်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး တခြားအဖွဲ့ အစည်းများနှင့် ဌာနများ၏ လုပ်ငန်းများလည်း ပြန်လည်စတင်ခွင့်ပြုခဲ့ပါတယ်။စားသောက်ဆိုင်တွေကို ထိုင်ခုံနေရာ နှစ်မီတာအကွာနဲ့ ခွင့်ပြုခဲ့ပြီး ကလေးကစားကွင်းများကိုလည်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ရာမှာ မိဘများနဲ့ ကလေးတွေကို ပါးစပ်နှာခေါင်းစည်းတပ်ပြီးမှ ကစားကွင်းထဲ ဝင်ခွင့်ပေးခဲ့ပါတယ်။အာဏာပိုင်တွေက အခြေအနေကောင်းရင် ရုပ်ရှင်ရုံများ ဖွင့်လှစ်ခွင့်ပြုဖို့နဲ့  စားသောက်ဆိုင်တွေကို ဆိုင်ထိုင်စနစ်နဲ့ ခွင့်ပြုပေးဖို့ စဉ်းစားနေကြပါတယ်။

အာရှဒေသတွင်းဖြစ်တဲ့ ထိုင်းနိုင်ငံကတော့ ရပ်နားထားခဲ့သည့် စီးပွားရေးလုပ်ငန်းများနှင့် လှုပ်ရှားသွားလာမှုအားလုံးကို ဇူလိုင် ၁ ရက်တွင် ပြန်လည်စတင်လည်ပတ်မယ်ဆိုပြီး ဇွန် ၂၄ ရက်မှာ ကြေညာခဲ့ပါတယ်။ဇူလိုင် ၁ ရက်မှ စတင်ကာ စာသင်ကျောင်းများအားလုံးကို အပြည့်အဝပြန်ဖွင့်မယ်လို့ဆိုကာ ဈေးဝယ်စင်တာများကို အချိန်ကန့်သတ်ထားတာကိုဖယ်ရှားပြီး ကာရာအိုကေဆိုင်များနှင့် ဘားဆိုင်များကိုလည်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုမယ် ဆိုပါတယ်။ဒါပေမယ့် ညသန်းခေါင်ကျော်ရင် ဆိုင်ပိတ်ပေးရမယ် ဆိုပါတယ်။ဒါ့အပြင် ၁၄ ရက်ကြာ နိုင်ငံရောဂါခြေချုပ်ဖြင့်နေထိုင်ရန် မှတ်ပုံတင်ထားပြီးဖြစ်သည့် work permits ဖြင့် လာရောက်သူများ၊ ရင်းနှီးမြုပ်နှံသူများနှင့် စီးပွားရေးအမှုဆောင်များအပါအဝင် နိုင်ငံခြားသား ပထမအုပ်စုကို ခွင့်ပြုပေးရန် စီစဉ်ထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။အိန္ဒိယကတော့ နိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှုဆိုးနေပေမယ့် လျော့ပါးလာတာနဲ့တစ်ပြိုင်နက် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်များကို ပြန်လည်စတင်နိုင်ရန် အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီတို့နှင့် သဘောတူစာချုပ်တွေချုပ်ဖို့ ဆွေးနွေးနေပါတယ်။

ဥရောပမှာ ဘောလ်တစ်နိုင်ငံများဖြစ်သည့် အက်စ်တိုနီးယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယား စတဲ့ ၃ နိုင်ငံက အချင်းချင်းနိုင်ငံနယ်စပ်များဖွင့်ကာ Travel Bubble ခရီးစဉ်တွေ စနေသလို ဩစတြီးယားနှင့် နယူးဇီလန်နိုင်ငံကလည်း နှစ်နိုင်ငံအကြား လွတ်လပ်စွာသွားလာနိုင်သော Trans-Tasman Bubble ခရီးစဉ်ကိုလည်း ဆွေးနွေးနေပါတယ်။အီးယူကတော့ ခရီးသွားကဏ္ဍအတွက် စီးပွားရေးများပြန်ဖွင့်ရန် ကြိုးစားနေပေမယ့် အီးယူနိုင်ငံတွေကို လာရောက်ခွင့်ပြုမယ့်သူတွေထဲ အမေရိကန်သာမက ဘရာဇီးနှင့် ရုရှားနိုင်ငံတွေကိုပါ လာခွင့်မပြုခဲ့ပါဘူး။ရိုမေးနီးယားကတော့ ခရီးသွားလာမှုကန့်သတ်ချက်များ မလိုအပ်တော့တဲ့ အစိမ်းရောင်နိုင်ငံများစာရင်းထဲကို အီတလီ၊ ပြင်သစ်နိုင်ငံတို့အပြင် အိုင်ယာလန်၊ ဖင်လန်နှင့် အက်စတိုနီးယားနိုင်ငံတို့ကိုပါ ထည့်ခဲ့ပါတယ်။ဒီစာရင်းထဲမှာ ဥရောပမှ ၂၂ နိုင်ငံ ပါဝင်ပေမယ့် အမေရိကန်၊ ဗြိတိန်၊ နယ်သာလန်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့ကို စာရင်းထဲမထည့်ခဲ့ပါဘူး။

ကိုဗစ်အလွန် ကမ္ဘာ့စီးပွားရေးအတွက် အားလုံးဝိုင်းဝန်းကြိုးစားနေကြတာကို တွေ့ရပါတယ်။ဇွန် ၂၂ ရက်က ကျင်းပတဲ့ အွန်လိုင်းကွန်ဖရင့်တစ်ခုမှာ တရုတ်စျေးကွက်ပိုဖွင့်ပေးဖို့ ဥရောပသမဂ္ဂခေါင်းဆောင်တွေက တောင်းဆိုခဲ့တာကိုလည်း တွေ့ရပါတယ်။ကပ်ဘေးကိုအသက်နဲ့ရင်းပြီး စီးပွားရေးမပြိုလဲအောင် ကြိုးစားနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ကြိုးပမ်းချက် ဘယ်လောက်ထိအဆင်ပြေမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။    

နေတန်ယာဟု ရှို့မယ့် အာရပ်-အစ္စရေး စစ်မီး

အီရတ်နဲ့ ဆီးရီးယားကနေ အမေရိကန်တပ်တွေဆုတ်ခွာတဲ့ ထိခိုက်မှုက အဆိုပါနေရာဒေသမှာ နေတဲ့သူတွေအတွက် အသက်ပါရင်းရတဲ့ ဆိုးကျိုးထိဖြစ်ခဲ့ပါတယ်။ကိုဗစ်ကပ်ရောဂါကြောင့်  ကမ္ဘာတလွှား ပြည်တွင်းကိုအာရုံစိုက်နေရတဲ့အချိန်မှာ ကမ္ဘာတချို့အရပ်ဒေသတွေမှာ စစ်မီးကထတောက်နေတာကတော့ စိတ်ပျက်စရာပါဘဲ။အမေရိကန်တပ်တွေ အရှေ့အလယ်ပိုင်းကနေ ဆုတ်ခွာခဲ့တဲ့အတွက် လစ်ဟာသွားတဲ့ အင်အားချိန်ခွင်လျှာကို ညှိဖို့အတွက် အဆိုပါနေရာကို ဒေသတွင်းအင်အားကြီးနိုင်ငံတွေက ဝင်လာတာကို တွေ့ရပါတယ်။

ယခုရက်ထဲမှာ ပြင်းထန်တဲ့ပြဿနာတစ်ခုရှိခဲ့ပါတယ်။ဒါက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က  ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးရေး လက်နက်တစ်ခုအဖြစ် အနောက်ဘက်ကမ်းရှိ အစိတ်အပိုင်းများအား သိမ်းယူမယ်ဆိုပြီး ကတိပေးခဲ့တာပါ။ဒီအစီအစဉ်မှာ ဂျော်ဒန်တောင်ကြားနဲ့ အစ္စရေးအခြေချအိမ်ရာ ရာပေါင်းများစွာပါဝင်ပြီး အနောက်ဘက်ကမ်း၏ ၃၀ ရာခိုင်နှုန်းလောက်အထိ အစ္စရေး၏ အချုပ်အခြာအာဏာပိုင်နယ်မြေ ဖြစ်သွားမယ့်အနေအထားပါ။

ဒီလိုအခြေအနေက လာမယ့် ဇူလိုင် ၁ ရက်မှာ ပြဿနာက စတော့မယ့်အခြေအနေပါ။ဘာကြောင့်ဆို ဇူလိုင် ၁ ရက်မှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က အနောက်ဘက်ကမ်းခြေနှင့် ဂျော်ဒန်ချိုင့်ဝှမ်းကို အစ္စရေးရဲ့ အချုပ်ခြာအာဏာပိုင်နက်အဖြစ် ကြေငြာမယ်လို့ သတ်မှတ်ထားတာပါ။
ဒီလိုသတ်မှတ်တာက အစ္စရေးဝန်ကြီးချုပ် အမေရိကန်ကိုသွားပြီး ထရမ့်နဲ့တွေ့တဲ့ အချိန်ကတည်းကပါ။အဲ့ဒီကတည်းက နိုင်ငံတကာကလည်း လက်မခံကြောင်းပြောခဲ့တာပါ။ဒါပေမယ့် ဒီကြားထဲမှာ ကိုဗစ်-၁၉ ကြောင့် အားလုံးဗျာများချိန်မှာ ဒီပြဿနာက ပြန်စခဲ့တာပါ။ဒါကြောင့်လည်း ရက်နီးလာချိန်မှာ ပါလက်စတိုင်း တော်လှန်ရေးအုပ်စုတွေဘက်ကနေ စကားတစ်ခွန်းပါးခဲ့ပါတယ်။ဒါက ဟားမတ်စ်တွေဘက်ကနေ ပြောလာတာပါ။ဒီလို ပါလက်စတိုင်းပြည်သူတွေနေတဲ့ အနောက်ဘက်ကမ်းကိုသာ အစ္စရေးပိုင်နက်အဖြစ်သိမ်းမယ်ဆိုရင် ဒါဟာ ပါလက်စတိုင်းတွေကို စစ်ကြေညာတာပဲလို့ ပြောခဲ့သလို ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့တွေကလည်း သူတို့နယ်မြေအတွက် ကာကွယ်ဖို့အသင့်ဘဲလို့ ပြောခဲ့ပါတယ်။ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် က အစ္စရေးကို သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသ အစိတ်အပိုင်းများကို ကျူးကျော်သိမ်းပိုက်မယ့် အစီအစဉ်ကို စွန့်လွှတ်ဖို့တိုက်တွန်းခဲ့ပါတယ်။

ဒီပြဿနာက သေးတဲ့ပြဿနာမဟုတ်ပါဘူး။အစ္စရေးလိုနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေချည်းဘဲနေကြတဲ့ အရှေ့အလယ်ပိုင်းက သူတို့ဘာသာရေးအထွဋ်အမြတ်ထားတဲ့နေရာကိုယူပြီး နယ်မြေချဲ့နေတာကို ယခင်ကမညီညွတ်တဲ့အတွက် အလျှော့ပေးခဲ့ရပေမယ့် ယခု အီရန်လို ဘာသာရေးအခြေခံနိုင်ငံက ဦးဆောင်ပြီး အမေရိကန်လေယာဉ်ကိုပစ်ချ၊ နျူကလီးယားစာချုပ်ကနေ အမေရိကန်ထွက်ခဲ့တာကို ပြန်တောင်းပန်မှ နစ်နာကြေးပေးမှ အမေရိကန်နဲ့ဆွေးနွေးပွဲတွေကို ဆွေးနွေးမယ်ဆိုပြီး အပေါ်စီးကနေဆက်ဆံပြ ပမာမခန့်လုပ်ပြတာတွေနဲ့ အရှေ့အလယ်ပိုင်းမှာ မူဝါဒရေးရာကော၊ လက်နက်အင်အားမှာပါ အီရန်က အားအကောင်းဆုံးဖြစ်လာပါတယ်။ယခုဆို အစဉ်အလာရန်ဘက်ဖြစ်ခဲ့တဲ့ အီရတ်တွေတောင် အီရန်ဩဇာခံဖြစ်လာနေပါပြီ။ဒါကြောင့် ဒေသတွင်း အင်အားကြီးလာပြီး အစ္စလာမ်ဦးဆောင်နိုင်ငံဖြစ်လာတဲ့ အီရန်က ဒီလိုအစ္စရေးရဲ့ နယ်မြေချဲ့ထွင်တဲ့ နယ်မြေသိမ်းလုပ်ရပ်ကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ မှန်းဆရခက်နေပါတယ်။

ဒါကြောင့်လည်း ယခုရက်သတ္တပတ်ထဲမှာ အစ္စရေးက လေကြောင်းကနေ အီရတ်နဲ့ ဆီးရီးယားနယ်စပ်မှာရှိတဲ့ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်သူ့စစ်တွေကို ၂၄ နာရီအတွင်း ဝင်တိုက်ခဲ့ရာမှာ ပြည်သူ့စစ် ၁၅ ဦးကို သုတ်သင်ခဲ့ပါတယ်။ဒီမတိုင်ခင် ရှေ့တစ်ပတ်ကလည်း  ဆီးရီးယားမှာရှိတဲ့ အီရန်အခြေစိုက်စခန်းတစ်ခုကို အစ္စရေးက တိုက်ခိုက်ခဲ့ပါသေးတယ်။ဒီလိုတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အစ္စရေးဘက်က ရှားရှားပါးပါးပြောခဲ့တာက  အာဆတ်အစိုးရကို ထောက်ခံတဲ့ အီရန်ဒေသတွင်းတည်ရှိမှုက ခြိမ်းခြောက်မှုတစ်ခုဖြစ်နေလို့ ဆက်လက်တိုက်ခိုက်သွားမယ်ဆိုပြီး ပြောခဲ့တာရှိပါတယ်။အစ္စရေးအနေနဲ့ အနောက်ဘက်ကမ်းကို  သိမ်းမယ်ဆိုရင် အီရန်ခေါင်းဆောင်တဲ့ အစ္စလာမ်အုပ်စုနဲ့ ထိပ်တိုက်တွေ့မှာသေချာပါတယ်။အစ္စလာမ်ကမ္ဘာမှာ တူရကီက အင်အားအကြီးဆုံးဖြစ်နေပေမယ် တူရကီအဖို့ အခါအခွင့်ပေးနေတုန်း  နယ်စပ်က ကာ့ဒ်တွေ PKK တပ်ဖွဲ့တွေကို ကျားလက်သည်း၊ သိန်းငှက်လက်သည်း စစ်ဆင်ရေးတွေနဲ့ ဆင်နွှဲနေလို့ အစ္စရေးဘက်ကို လှည့်နိုင်ဖို့မမြင်ပါဘူး။ဒီအတွက် ရုရှားဘက်ကနေ ပြန်လှည့်လာပြီး အနောက်ဘက်ကို မျက်နှာလှည့်နေရတဲ့ တူရကီအဖို့ ဒီပြဿနာမှာမပါနိုင်ဘူးဆိုတာ အစ္စရေးက ကြိုတွက်ထားပြီးပါ။ဒီအတွက် အီရန်ကိုဆွနေပြီး သွေးတိုးစမ်းနေတာတွေလုပ်နေလို့ အီရန်အနေနဲ့ အမေရိကန်ကြောင့် ဒီပွဲကို ကိုယ်တိုင်ကိုယ်ကျထက် နောက်ကွယ်ကနေသာ ပံ့ပိုးမှုတွေလုပ်နိုင်ပါလိမ့်မယ်။

ဒီအခင်းအကျင်းအတိုင်းဖြစ်လာခဲ့မယ်ဆိုရင် အရှေ့အလယ်ပိုင်းက ဂါဇာဒေသနဲ့ အစ္စရေးနယ်စပ်ဒေသတွေ၊ ဂျူးအခြေချနေရာတွေက စစ်တလင်းဖြစ်လာဖို့ များနေပါတယ်။ကုလကတော့ ဒီဘက်ကာလမှာ ပါလက်စတိုင်းဒုက္ခသည်တွေကိုကူညီဖို့ ဒီထက်ပိုအားစိုက်ရတော့မယ့် အနေအထားဖြစ်လာပါတယ်။ဒီလိုအားမစိုက်နိုင်ရင် အစ္စရေးကို တားနိုင်မယ့်သူကို ကုလ ရှာရပါတော့မယ်။လတ်တလောမှာ အမေရိကန်သမ္မတ ထရမ့်လည်း ပြည်တွင်းပြဿနာတွေ၊ တရုတ်နဲ့ပြဿနာတွေ၊ အသေအပျောက်အကြီးမားဆုံး ကိုဗစ်ကပ်ရောဂါဘေးတွေကြောင့် သူစခဲ့တဲ့ “ထောင်စုနှစ် သဘောတူညီချက်” ဘက် လှည့်နိုင်မှာမဟုတ်ပါဘူး။

ရုရှားတို့ တရုတ်တို့လည်း ကိုယ်စီကိုယ်စီ ပြဿနာတွေရှုပ်နေသလို  လူအသေအပျောက်ရှိခဲ့တဲ့ တရုတ်-အိန္ဒိယ နယ်စပ်ပြဿနာ၊ တရုတ်နဲ့ တောင်တရုတ်ပင်လယ်ပြဿနာ၊ အိန္ဒိယနဲ့ ပါကစ္စတန်ပြဿနာ၊ ဆွေးနွေးမှုမပြတ်သေးတဲ့ နျူကလီးယားလက်နက်ထိန်းချုပ်ရေးစာချုပ် သက်တမ်းတိုးဖို့ အမေရိကန်နဲ့ ရုရှား ဆွေးနွေးမှုတွေ၊ ရုရှားမှာ သမ္မတပူတင် ဆက်တာဝန်ယူဖို့ပြင်ဆင်တဲ့ ရုရှားအခြေခံဥပဒေပြင်ဆင်ရေးတွေကြောင့် အားလုံးကလက်ရှောင်နေကြမယ့် အစ္စရေးရဲ့ နယ်မြေသိမ်းပိုက်တဲ့ အစီအစဉ်က ထမြောက်ဖို့များနေပါတယ်။နိုင်ငံတကာအနေနဲ့ ကပ်ဘေးနဲ့ စီးပွားရေးအခြေအနေကြောင့် အများဆုံး စာထုတ်ကန့်ကွက်ရုံကလွဲပြီး  ဖြစ်လာဖွယ်မရှိလို့ ဂါဇာနဲ့ အနောက်ဘက်ကမ်းမှာ သွေးချောင်းစီးမယ့်စစ်မီးကို လာမယ့်ရက်သတ္တပတ်မှာ တွေ့ရဖို့ရှိနေပါတယ်။
ဒီအတွက် စောင့်ကြည့်ရရုံမှတပါး မရှိတော့ဘူးထင်ပါတယ်။

မွန်းကြပ်စရာ ဒီလိုပဋိပက္ခသတင်းတွေအပြင် ယခုတစ်ပတ်မှာ အခြားစိတ်ထွက်ပေါက်ရစရာ  ပေါ့ပေါ့ပါးပါးသတင်းအချို့လည်း ရှိခဲ့ပါတယ်။ဂျာမနီနိုင်ငံက စာတိုက်တစ်ခုမှာ ဒူရင်းသီးပါဆယ်အိတ်ကြောင့် စာတိုက်ဝန်ထမ်း ၁၂ ဦးကို ဆေးကုသပေးခဲ့ရတဲ့ သတင်းလိုမျိုး၊ အမေရိကန်မှာကျင်းပတဲ့ UFC လက်ဝှေ့ပွဲမှာ ထိုးသတ်သူနှစ်ဦးစလုံး ဆေးရုံတက်ရတဲ့သတင်း၊ အမေရိကန်သမ္မတ ထရမ့် ကို ကမ္ဘာကျော် ရိုးလင်းစတုန်း ရော့ခ်တေးဂီတအဖွဲ့က သူတို့သီချင်းတွေ မဲဆွယ်ပွဲမှာ ခွင့်ပြုချက်မရှိဘဲသုံးနေလို့  တရားစွဲမယ်လို့ သတိပေးလိုက်တဲ့သတင်း၊ ပါကစ္စတန်လေယာဉ်မှူးသုံးပုံတစ်ပုံ လေယာဉ်မောင်းလိုင်စင်အတုနဲ့ မောင်းနေကြတယ်ဆိုတဲ့သတင်း၊ လူအုပ်ထဲသွားရင် mask တပ်ဖို့ ဘရာဇီးသမ္မတကို တရားရုံးက အမိန့်ထုတ်သတိပေးခဲ့တဲ့သတင်း၊ တန်ဇန်းနီးယားမှာ မိုင်းလုပ်သားတစ်ဦး တန်ဇန်နိုက် ကျောက်တုံးနှစ်တုံးတွေ့ရှိပြီး နေ့ချင်းညချင်း ဘီလျံနာတစ်ဦးဖြစ်သွားတဲ့ သတင်းတွေလို စိတ်ပေါ့ပေါ့ပါးပါးဖတ်စရာ သတင်းတွေလည်းရှိသလို စိတ်ရှုပ်စရာဖြစ်တဲ့ မက္ကဆီကိုမှာ အင်အားပြင်းငလျင်လှုပ်လို့ လူ ၆ ဦးသေဆုံးပြီး နေအိမ်ရာနဲ့ချီကာ ပျက်စီးခဲ့တဲ့သတင်းတွေ၊ ဆူမားတြားကျွန်း ကမ်းလွန်ပင်လယ်မှာ အင်ဒိုနီးရှားငါးဖမ်းလှေတိမ်းမှောက်လို့ ရေလုပ်သား ၉ ဦး ပျောက်ဆုံးခဲ့တဲ့သတင်း၊ ထိုင်းမှာ သက်ဦးဆံပိုင်ဘုရင်စနစ် ချုပ်ငြိမ်းတဲ့အထိမ်းအမှတ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြတဲ့သတင်း၊ မက္ကဆီကိုမှာ ရဲချုပ်ကိုလုပ်ကြံမှုနဲ့ သံသယရှိတဲ့ သူ ၁၂ ဦးကို ဖမ်းဆီးခဲ့တဲ့သတင်း၊ ဗြိတိန်နိုင်ငံ ဂလပ်စကိုမြို့လယ်မှာ ဟိုတယ်ထဲ ဓားနဲ့လိုက်ထိုးနေလို့ ရဲတပ်ဖွဲ့က ပစ်သတ်လိုက်ရတဲ့ သတင်းတွေလည်းရှိခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မင်းထက်
ဇွန် - ၂၉

( Zawgyi )

ယခုရက္သတၱပတ္အတြင္း သတင္းေတြထဲမွာ ႏိုင္ငံတိုင္းက သူတို႔စီးပြားေရးလုပ္ငန္းေတြကို ကိုဗစ္ကူးစက္ေရာဂါၾကားကေန သတိထားၿပီး လုပ္ငန္းေတြျပန္ဖြင့္ေနၾကတဲ့သတင္းေတြ၊ တ႐ုတ္နဲ႔ အိႏၵိယၾကား မၿပီးေသးတဲ့ နယ္စပ္ျပႆနာေတြ၊ ျပင္းထန္လာတဲ့ ႏိုင္ငံတကာအေရးအခင္းေတြ၊ ကမာၻတစ္လႊား တိုက္ခိုက္မႈေတြ စတဲ့သတင္းေတြနဲ႔ ယခုရက္သတၱပတ္က  ေစာင့္ၾကည့္စရာျဖစ္ခဲ့ပါတယ္။အထူးသျဖင့္ ေစာင့္ၾကည့္စရာေကာင္းေလာက္ေအာင္ သတိထားရတဲ့အေျခအေနက ဇူလိုင္ ၁ ရက္မွာ အစၥေရးဝန္ႀကီးခ်ဳပ္က အာရပ္-အစၥေရး စစ္ပြဲကာလအတြင္း သိမ္းယူခဲ့တဲ့ အေနာက္ဘက္ကမ္းေဒသေတြနဲ ေဂ်ာ္ဒန္ပိုင္နက္ နယ္ေျမေတြကို  သူ႔ေ႐ြးေကာက္ပြဲကတိအတိုင္း အစၥေရးပိုင္နက္အျဖစ္ ေၾကညာမယ့္အေၾကာင္းပါ။ဒီလိုသိမ္းပိုက္ရင္ ပါလက္စတိုင္းေတြကလည္း စစ္ေၾကညာတယ္ဆိုၿပီး ခုခံတိုက္ပြဲဝင္ဖို႔ အသံေတြထြက္ေနပါတယ္။
ဒီအေရးကို ဘယ္ႏိုင္ငံႀကီးကမွ ေလာက္ေလာက္လားလား အာ႐ုံမစိုက္ၾကတဲ့အတြက္ ဒီျပႆနာက ႀကီးထြားလာေျခရွိေနပါတယ္။ဒီအတြက္ ယခုရက္သတၱပတ္မွာ အစၥေရးရဲ႕ ပိုင္နက္ေၾကညာမယ့္သတင္းက အားလုံးေစာင့္ၾကည့္ရမယ့္သတင္း ျဖစ္လာေျခရွိေနပါတယ္။

မၿပီးေသးတဲ့ ကိုဗစ္ေဘး စီးပြားေရးကို ၿဖိဳလွဲခ်ေတာ့မလား

ဥေရာပမွာ ကူးစက္ကပ္ေရာဂါျဖစ္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈအရွိန္ေလ်ာ့က်လာတဲ့အခါ စီးပြားေရးလုပ္ငန္းေတြ ျပန္လည္ဖြင့္လွစ္ဖို႔ စိုင္းျပင္းလာၾကပါတယ္။ယခုရက္သတၱပတ္ထဲမွာ ကိုဗစ္-၁၉ ေၾကာင့္ ရက္ ၁၀၀ နီးပါးပိတ္ခဲ့ရတဲ့ ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕ရွိ အီဖယ္ေမွ်ာ္စင္ကို ဇြန္ ၂၅ ရက္က ျပန္ဖြင့္ေပးခဲ့သလို ေက်ာင္းသားသန္းခ်ီ ေက်ာင္းျပန္တက္ခြင့္ျပဳမႈႏွင့္အတူ ပုံမွန္အေျခအေနေရာက္ေအာင္ ျပင္သစ္အာဏာပိုင္ေတြက ျပင္ဆင္ေနခဲ့ပါတယ္။အဂၤလန္ကေတာ့  ဇူလိုင္ ၄ ရက္ကစၿပီး ဘားေတြ၊ စားေသာက္ဆိုင္ေတြ၊ ဟိုတယ္ေတြနဲ႔ ဆံသဆိုင္ေတြကို ပုံမွန္အတိုင္းျပန္ဖြင့္ဖို႔ လုပ္ေဆာင္ခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကန႔္သတ္ပိတ္ဆို႔မႈေတြကို  ဥေရာပမွာေျဖေလွ်ာ့ေပးေနေပမယ့္ ကမာၻ႔တျခားေနရာေတြျဖစ္တဲ့ လက္တင္အေမရိကတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္းက မ်ားျပားေနဆဲပါ။ဒီေဒသေတြမွာ ယခုရက္သတၱပတ္အတြင္း ေသဆုံးသူ ၅၀၀၀၀ ေက်ာ္ ရွိခဲ့ပါတယ္။ဩစေၾတးလွ်က မဲလ္ဘုန္းနဲ႔ ေပၚတူဂီက လစၥဘြန္းတို႔မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကို အစုလိုက္ေတြ႕ရွိလာရလို႔ မဲလ္ဘုန္းမွာ ကာကြယ္ေရးတပ္ဖြဲ႕ဝင္ ၁၀၀၀ ကို ျဖန႔္ၾကက္ထားခဲ့ရတဲ့အထိပါဘဲ။ဒါ့အျပင္ ႏိုင္ငံတကာမွေရာက္ရွိလာေသာ ခရီးသည္ေတြကို  ခြဲျခားထားဖို႔လည္း စီစဥ္ခဲ့ပါတယ္။ဒီေဒသေတြအျပင္ တ႐ုတ္က ေဘက်င္းနဲ႔ အိႏၵိယအပါအဝင္ တခ်ိဳ႕အာရွေဒသေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈက ျပန္ျဖစ္လာခဲ့ပါတယ္။

ဒီလိုကူးစက္ႏူန္းျပန္တက္လာတဲ့အတြက္ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ၫႊန္ခ်ဳပ္က ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈ အရွိန္ျမင့္လာေနတယ္ဆိုၿပီး သတိေပးခဲ့ေပမယ့္ ဘရာဇီးႏိုင္ငံကေတာ့ အေမရိကန္အတိုင္း ကို႐ိုနာဗိုင္းရပ္စ္ကို အေပ်ာ့စားတုပ္ေကြးသာသာ သေဘာထားၿပီး ကို႐ိုနာဗိုင္းရပ္စ္ ၿခိမ္းေျခာက္မႈကို ဂ႐ုမစိုက္ေၾကာင္း ေျပာခဲ့ပါတယ္။လက္ရွိမွာ ဘရာဇီးက အေမရိကန္ၿပီးရင္ ကမာၻမွာ ကို႐ိုနာဗိုင္းရပ္စ္ဒဏ္ကို ဒုတိယအဆိုး႐ြားဆုံး ခံစားေနရတဲ့ႏိုင္ငံပါ။ေနာက္ဆုံးစာရင္းေတြအရ  ဘရာဇီးႏိုင္ငံမွာ ေသဆုံးသူ ၅၇၀၀၀ ေက်ာ္ရွိေနၿပီး ကူးစက္ခံရသူက ၁၃ သိန္းေက်ာ္ေနပါၿပီ။

လက္ရွိမွာ ကမာၻတစ္ဝန္း ကူးစက္ခံရသူ ဆယ္သန္းေက်ာ္လာၿပီး ေသဆုံးသူက ငါးသိန္းေက်ာ္ကာ ျပန္ေကာင္းလာတဲ့သူက ငါးသန္းခြဲေက်ာ္ရွိေပမယ့္ ဘရာဇီးနဲ႔ အေမရိကန္နဲ႔ အိႏၵိယမွာ ကူးစက္ခံရသူက တစ္ရက္ကို ေသာင္းဂဏန္းရွိေနတဲ့အတြက္ သိပ္ေကာင္းတဲ့အေျခအေနေတာ့ မဟုတ္ပါဘူး။
အေမရိကန္မွာ ထရမ့္ရဲ႕ မဆင္မျခင္လုပ္ကိုင္ေဆာင္႐ြက္ေနတဲ့ ျပန္ဖြင့္ေပးမႈေတြေၾကာင့္ အေမရိကန္ႏိုင္ငံ ေတာင္ပိုင္းႏွင့္ အေနာက္ပိုင္းတို႔တြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈျဖစ္စဥ္သစ္မ်ား တစ္ဟုန္ထိုးျမင့္တက္ကူးစက္ခံရလို႔ တာဝန္ရွိသူမ်ားက ေဒသခံမ်ားကို အိမ္တြင္း၌သာေနထိုင္ၾကရန္ တိုက္တြန္းေနရၿပီး တင္းက်ပ္သည့္ အစီအမံမ်ားကို ေနာက္ထပ္တစ္ႀကိမ္ ျပန္လည္ခ်မွတ္ေနရပါတယ္။ဧၿပီလကတည္းက ခရီးသြားလာခြင့္ပိတ္ပင္မႈေတြ၊ စီးပြားေရးလုပ္ငန္းပိတ္ပင္မႈေတြ ေျဖေလွ်ာ့ေပးခဲ့တဲ့ ဂ်ာမနီနဲ႔ အျခားဥေရာပႏိုင္ငံတခ်ိဳ႕မွာလည္း အလားတူ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြားမႈ ေနာက္တစ္ႀကိမ္ျမင့္တက္လာလို႔ ကန႔္သတ္ခ်က္မ်ားကို ျပန္လည္ခ်မွတ္ရပါတယ္။

ေဆာ္ဒီမွာဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေဘးေၾကာင့္ ယခုႏွစ္မွာ ကမာၻအရပ္ရပ္ကလာေရာက္မယ့္ ဘုရားဖူးေတြကို ပိတ္ပင္ဖို႔အထိေတာင္ စီစဥ္ထားသလို သူ႔ႏိုင္ငံက ဘုရားဖူးေတြေတာင္ အကန႔္အသတ္နဲ႔ ဖူးခြင့္ေပးမယ္လို႔ ဆိုထားပါတယ္။အေမရိကန္လုပ္ငန္းေတြ၊ ခရီးသြားလုပ္ငန္းေတြ ျပန္ဖြင့္ဖို႔ရွိတဲ့ အီးယူႏိုင္ငံေတြဆိုရင္ ေနာက္တစ္ႀကိမ္ျဖစ္မွာကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ အေမရိကန္ခရီးသည္ေတြလာခြင့္ကို ပိတ္ထားဦးမယ္ဆိုၿပီး ဆုံးျဖတ္ခ်က္ခ်တာကို ေတြ႕ခဲ့ရပါတယ္။ဒီအတြက္ အေမရိကန္ဘက္ကလည္း အီးယူကသူေတြကို ျပန္ဝင္ခြင့္ပိတ္ထားတာရွိပါတယ္။ဒါေပမယ့္ ဒီအေျခအေနမွာ ကမာၻတစ္ဝန္း ကို႐ိုနာဗိုင္းရပ္ ကူးစက္မႈက အရွိန္ေကာင္းေနဆဲပါ။

ကူးစက္ေရာဂါအတြက္ ကာကြယ္မႈေတြကိုလုပ္ေနသလို တစ္ဘက္ကလည္း ကုသကာကြယ္ေဆးကို ေမွ်ာ္မွန္းထားတဲ့ရက္ထက္ေစာၿပီး ထုတ္ႏိုင္ဖို႔ ႏိုင္ငံတိုင္းက တက္သုတ္႐ိုက္ေနၾကတာကို ေတြ႕ရပါတယ္။ျမန္မာနဲ႔အိမ္နီးခ်င္း ထိုင္းမွာဆိုရင္ BioNet-Asia ကုမၸဏီနဲ႔ ခ်ဴလာေလာင္ကြန္တကၠသိုလ္တို႔ေပါင္းၿပီး ကာကြယ္ေဆးကိုလုပ္ေနရာမွာ ယခုဆို ေမ်ာက္ေတြနဲ႔စမ္းသပ္ၿပီးလို႔ ယခုႏွစ္ ေအာက္တိုဘာလ သို႔မဟုတ္ ႏိုဝင္ဘာမွာ လူေတြနဲ႔စမ္းသပ္ဖို႔ စီစဥ္ေနပါၿပီ။ထိုင္း ဒုတိယဝန္ႀကီးခ်ဳပ္ကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကိုထုတ္လုပ္ၿပီး မၾကာမီျပည္သူမ်ားအၾကား အသုံးျပဳႏိုင္ေတာ့မည္ျဖစ္တယ္လို႔ မီဒီယာေတြကိုေျပာခဲ့ပါတယ္။

ယူေအအီးႏိုင္ငံမွာ ထုတ္လုပ္ေနတဲ့ တ႐ုတ္ကုမၸဏီတစ္ခုရဲ႕ COVID-19 ကာကြယ္ေဆးကေတာ့ လက္ေတြ႕ စမ္းသပ္မႈ အဆင့္သုံးသို႔ စတင္ျခင္းႏွင့္အတူ အေရးပါသည့္အဆင့္ကို ေရာက္ေနပါၿပီ။ဒီကာကြယ္ေဆးက ကမာၻအႏွံ႔စမ္းေနတဲ့ ကာကြယ္ေဆးထဲ ေနာက္ဆုံးအဆင့္သို႔ ပထမဆုံးေရာက္ရွိလာသည့္ ကာကြယ္ေဆးျဖစ္တယ္လို႔ China National Biotec Group (CNBG) ကေတာ့ ဆိုပါတယ္။လက္ရွိစမ္းသပ္ေနတဲ့ရလဒ္ကို ဒီရက္ထဲထုတ္ျပန္မယ္ဆိုေပမယ့္ ယခုထိ ဘာသံမွမၾကားရေသးပါဘူး။ကာကြယ္ေဆးနဲ႔ ကူးစက္မႈမွာ ကူးစက္မႈ ဒုတိယအႀကိမ္ျပန္စေနတဲ့အထိ မထုတ္လုပ္ႏိုင္ခဲ့ေသးရင္ ဘယ္ေလာက္ထိ အသက္ေတြဆုံးရႈံးရဦးမလဲဆိုတာ မသိရေသးပါဘူး။ဒါကိုဘဲ က်န္းမာေရးပညာရွင္ေတြက စိုးရိမ္ေနၾကတာပါ။

ကပ္ေဘးနဲ႔ ေဆး ဘယ္ဟာကအႏိုင္ရမလဲဆိုတာ ေဆးေဖာ္ႏိုင္ၿပီဆိုတဲ့ေန႔မွ အေျဖကေပၚမွာျဖစ္လို႔ သတိနဲ႔ေနထိုင္ရင္း ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ကိုဗစ္အလြန္ ကမာၻ႔စီးပြားေရး

ကိုဗစ္ေၾကာင့္ ကမာၻ႔စီးပြားေရး တိုးတက္မႈႏူန္းေတြကို IMF နဲ႔ ကမာၻ႔ဘဏ္က ေလွ်ာ့ခ်သတ္မွတ္ခဲ့ပါတယ္။ကိုဗစ္အလြန္ ကမာၻ႔စီးပြားေရးကို ပုံမွန္ျပန္လည္ျဖစ္လာဖို႔ အဓိကေမာင္းႏွင္ႏိုင္တာ ခရီးသြားလုပ္ငန္းဘဲလို႔ ႏိုင္ငံအေတာ္မ်ားမ်ားက ယူဆထားပါတယ္။
ဒါေၾကာင့္လည္း အီးယူက ခရီးသြားလုပ္ငန္းကို ျပန္လည္စတင္ဖို႔ စိုင္းျပင္းလာခဲ့ပါတယ္။အေမရိကန္ကလည္း ကိုဗစ္-၁၉ ေၾကာင့္ သူ႔ႏိုင္ငံမွာ လူတစ္သိန္းေက်ာ္ေသခဲ့ရခ်ိန္မွာ မထူးဇာတ္ကို စခင္းခဲ့ပါတယ္။ဒါက က်န္းမာေရးကပ္ေဘးထိခဲ့ေပမယ့္ စီးပြားေရးကပ္ေဘးကို အထိမခံေတာ့ဘူးဆိုကာ စီးပြားေရးလုပ္ငန္းေတြကို ျပန္ဖြင့္ခြင့္ေပးဖို႔ စတင္ခဲ့တာပါ။

ပထမအဆင့္အေနနဲ႔ မဖြင့္မျဖစ္ဆိုင္ေတြကို ဖြင့္ခြင့္ေပးၿပီးေနာက္မွာ ဇြန္ ၂၃ ရက္မွာ လဟာျပင္စားေသာက္ဆိုင္မ်ားကို ျပန္လည္ဖြင့္လွစ္ခြင့္ျပဳခဲ့ၿပီး တျခားအဖြဲ႕ အစည္းမ်ားႏွင့္ ဌာနမ်ား၏ လုပ္ငန္းမ်ားလည္း ျပန္လည္စတင္ခြင့္ျပဳခဲ့ပါတယ္။စားေသာက္ဆိုင္ေတြကို ထိုင္ခုံေနရာ ႏွစ္မီတာအကြာနဲ႔ ခြင့္ျပဳခဲ့ၿပီး ကေလးကစားကြင္းမ်ားကိုလည္း ျပန္လည္ဖြင့္လွစ္ခြင့္ျပဳခဲ့ရာမွာ မိဘမ်ားနဲ႔ ကေလးေတြကို ပါးစပ္ႏွာေခါင္းစည္းတပ္ၿပီးမွ ကစားကြင္းထဲ ဝင္ခြင့္ေပးခဲ့ပါတယ္။အာဏာပိုင္ေတြက အေျခအေနေကာင္းရင္ ႐ုပ္ရွင္႐ုံမ်ား ဖြင့္လွစ္ခြင့္ျပဳဖို႔နဲ႔  စားေသာက္ဆိုင္ေတြကို ဆိုင္ထိုင္စနစ္နဲ႔ ခြင့္ျပဳေပးဖို႔ စဥ္းစားေနၾကပါတယ္။

အာရွေဒသတြင္းျဖစ္တဲ့ ထိုင္းႏိုင္ငံကေတာ့ ရပ္နားထားခဲ့သည့္ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ လႈပ္ရွားသြားလာမႈအားလုံးကို ဇူလိုင္ ၁ ရက္တြင္ ျပန္လည္စတင္လည္ပတ္မယ္ဆိုၿပီး ဇြန္ ၂၄ ရက္မွာ ေၾကညာခဲ့ပါတယ္။ဇူလိုင္ ၁ ရက္မွ စတင္ကာ စာသင္ေက်ာင္းမ်ားအားလုံးကို အျပည့္အဝျပန္ဖြင့္မယ္လို႔ဆိုကာ ေဈးဝယ္စင္တာမ်ားကို အခ်ိန္ကန႔္သတ္ထားတာကိုဖယ္ရွားၿပီး ကာရာအိုေကဆိုင္မ်ားႏွင့္ ဘားဆိုင္မ်ားကိုလည္း ျပန္လည္ဖြင့္လွစ္ခြင့္ျပဳမယ္ ဆိုပါတယ္။ဒါေပမယ့္ ညသန္းေခါင္ေက်ာ္ရင္ ဆိုင္ပိတ္ေပးရမယ္ ဆိုပါတယ္။ဒါ့အျပင္ ၁၄ ရက္ၾကာ ႏိုင္ငံေရာဂါေျခခ်ဳပ္ျဖင့္ေနထိုင္ရန္ မွတ္ပုံတင္ထားၿပီးျဖစ္သည့္ work permits ျဖင့္ လာေရာက္သူမ်ား၊ ရင္းႏွီးျမဳပ္ႏွံသူမ်ားႏွင့္ စီးပြားေရးအမႈေဆာင္မ်ားအပါအဝင္ ႏိုင္ငံျခားသား ပထမအုပ္စုကို ခြင့္ျပဳေပးရန္ စီစဥ္ထားတယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။အိႏၵိယကေတာ့ ႏိုင္ငံအတြင္း ကူးစက္ပ်ံ႕ႏွံ႔မႈဆိုးေနေပမယ့္ ေလ်ာ့ပါးလာတာနဲ႔တစ္ၿပိဳင္နက္ အျပည္ျပည္ဆိုင္ရာ ေလေၾကာင္းခရီးစဥ္မ်ားကို ျပန္လည္စတင္ႏိုင္ရန္ အေမရိကန္၊ ယူေက၊ ျပင္သစ္၊ ဂ်ာမနီတို႔ႏွင့္ သေဘာတူစာခ်ဳပ္ေတြခ်ဳပ္ဖို႔ ေဆြးေႏြးေနပါတယ္။

ဥေရာပမွာ ေဘာလ္တစ္ႏိုင္ငံမ်ားျဖစ္သည့္ အက္စ္တိုနီးယား၊ လတ္ဗီးယားႏွင့္ လစ္သူေယးနီးယား စတဲ့ ၃ ႏိုင္ငံက အခ်င္းခ်င္းႏိုင္ငံနယ္စပ္မ်ားဖြင့္ကာ Travel Bubble ခရီးစဥ္ေတြ စေနသလို ဩစႀတီးယားႏွင့္ နယူးဇီလန္ႏိုင္ငံကလည္း ႏွစ္ႏိုင္ငံအၾကား လြတ္လပ္စြာသြားလာႏိုင္ေသာ Trans-Tasman Bubble ခရီးစဥ္ကိုလည္း ေဆြးေႏြးေနပါတယ္။အီးယူကေတာ့ ခရီးသြားက႑အတြက္ စီးပြားေရးမ်ားျပန္ဖြင့္ရန္ ႀကိဳးစားေနေပမယ့္ အီးယူႏိုင္ငံေတြကို လာေရာက္ခြင့္ျပဳမယ့္သူေတြထဲ အေမရိကန္သာမက ဘရာဇီးႏွင့္ ႐ုရွားႏိုင္ငံေတြကိုပါ လာခြင့္မျပဳခဲ့ပါဘူး။႐ိုေမးနီးယားကေတာ့ ခရီးသြားလာမႈကန္႔သတ္ခ်က္မ်ား မလိုအပ္ေတာ့တဲ့ အစိမ္းေရာင္ႏိုင္ငံမ်ားစာရင္းထဲကို အီတလီ၊ ျပင္သစ္ႏိုင္ငံတို႔အျပင္ အိုင္ယာလန္၊ ဖင္လန္ႏွင့္ အက္စတိုနီးယားႏိုင္ငံတို႔ကိုပါ ထည့္ခဲ့ပါတယ္။ဒီစာရင္းထဲမွာ ဥေရာပမွ ၂၂ ႏိုင္ငံ ပါဝင္ေပမယ့္ အေမရိကန္၊ ၿဗိတိန္၊ နယ္သာလန္ႏွင့္ ဘယ္လ္ဂ်ီယံႏိုင္ငံတို႔ကို စာရင္းထဲမထည့္ခဲ့ပါဘူး။

ကိုဗစ္အလြန္ ကမာၻ႔စီးပြားေရးအတြက္ အားလုံးဝိုင္းဝန္းႀကိဳးစားေနၾကတာကို ေတြ႕ရပါတယ္။ဇြန္ ၂၂ ရက္က က်င္းပတဲ့ အြန္လိုင္းကြန္ဖရင့္တစ္ခုမွာ တ႐ုတ္ေစ်းကြက္ပိုဖြင့္ေပးဖို႔ ဥေရာပသမဂၢေခါင္းေဆာင္ေတြက ေတာင္းဆိုခဲ့တာကိုလည္း ေတြ႕ရပါတယ္။ကပ္ေဘးကိုအသက္နဲ႔ရင္းၿပီး စီးပြားေရးမၿပိဳလဲေအာင္ ႀကိဳးစားေနတဲ့ ကမာၻ႔ေခါင္းေဆာင္ေတြရဲ႕ႀကိဳးပမ္းခ်က္ ဘယ္ေလာက္ထိအဆင္ေျပမလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။    

ေနတန္ယာဟု ရႈိ႕မယ့္ အာရပ္-အစၥေရး စစ္မီး

အီရတ္နဲ႔ ဆီးရီးယားကေန အေမရိကန္တပ္ေတြဆုတ္ခြာတဲ့ ထိခိုက္မႈက အဆိုပါေနရာေဒသမွာ ေနတဲ့သူေတြအတြက္ အသက္ပါရင္းရတဲ့ ဆိုးက်ိဳးထိျဖစ္ခဲ့ပါတယ္။ကိုဗစ္ကပ္ေရာဂါေၾကာင့္  ကမာၻတလႊား ျပည္တြင္းကိုအာ႐ုံစိုက္ေနရတဲ့အခ်ိန္မွာ ကမာၻတခ်ိဳ႕အရပ္ေဒသေတြမွာ စစ္မီးကထေတာက္ေနတာကေတာ့ စိတ္ပ်က္စရာပါဘဲ။အေမရိကန္တပ္ေတြ အေရွ႕အလယ္ပိုင္းကေန ဆုတ္ခြာခဲ့တဲ့အတြက္ လစ္ဟာသြားတဲ့ အင္အားခ်ိန္ခြင္လွ်ာကို ညႇိဖို႔အတြက္ အဆိုပါေနရာကို ေဒသတြင္းအင္အားႀကီးႏိုင္ငံေတြက ဝင္လာတာကို ေတြ႕ရပါတယ္။

ယခုရက္ထဲမွာ ျပင္းထန္တဲ့ျပႆနာတစ္ခုရွိခဲ့ပါတယ္။ဒါက အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟု က  ေ႐ြးေကာက္ပြဲမွာ မဲဆြယ္စည္း႐ုံးေရး လက္နက္တစ္ခုအျဖစ္ အေနာက္ဘက္ကမ္းရွိ အစိတ္အပိုင္းမ်ားအား သိမ္းယူမယ္ဆိုၿပီး ကတိေပးခဲ့တာပါ။ဒီအစီအစဥ္မွာ ေဂ်ာ္ဒန္ေတာင္ၾကားနဲ႔ အစၥေရးအေျခခ်အိမ္ရာ ရာေပါင္းမ်ားစြာပါဝင္ၿပီး အေနာက္ဘက္ကမ္း၏ ၃၀ ရာခိုင္ႏႈန္းေလာက္အထိ အစၥေရး၏ အခ်ဳပ္အျခာအာဏာပိုင္နယ္ေျမ ျဖစ္သြားမယ့္အေနအထားပါ။

ဒီလိုအေျခအေနက လာမယ့္ ဇူလိုင္ ၁ ရက္မွာ ျပႆနာက စေတာ့မယ့္အေျခအေနပါ။ဘာေၾကာင့္ဆို ဇူလိုင္ ၁ ရက္မွာ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟု က အေနာက္ဘက္ကမ္းေျခႏွင့္ ေဂ်ာ္ဒန္ခ်ိဳင့္ဝွမ္းကို အစၥေရးရဲ႕ အခ်ဳပ္ျခာအာဏာပိုင္နက္အျဖစ္ ေၾကျငာမယ္လို႔ သတ္မွတ္ထားတာပါ။
ဒီလိုသတ္မွတ္တာက အစၥေရးဝန္ႀကီးခ်ဳပ္ အေမရိကန္ကိုသြားၿပီး ထရမ့္နဲ႔ေတြ႕တဲ့ အခ်ိန္ကတည္းကပါ။အဲ့ဒီကတည္းက ႏိုင္ငံတကာကလည္း လက္မခံေၾကာင္းေျပာခဲ့တာပါ။ဒါေပမယ့္ ဒီၾကားထဲမွာ ကိုဗစ္-၁၉ ေၾကာင့္ အားလုံးဗ်ာမ်ားခ်ိန္မွာ ဒီျပႆနာက ျပန္စခဲ့တာပါ။ဒါေၾကာင့္လည္း ရက္နီးလာခ်ိန္မွာ ပါလက္စတိုင္း ေတာ္လွန္ေရးအုပ္စုေတြဘက္ကေန စကားတစ္ခြန္းပါးခဲ့ပါတယ္။ဒါက ဟားမတ္စ္ေတြဘက္ကေန ေျပာလာတာပါ။ဒီလို ပါလက္စတိုင္းျပည္သူေတြေနတဲ့ အေနာက္ဘက္ကမ္းကိုသာ အစၥေရးပိုင္နက္အျဖစ္သိမ္းမယ္ဆိုရင္ ဒါဟာ ပါလက္စတိုင္းေတြကို စစ္ေၾကညာတာပဲလို႔ ေျပာခဲ့သလို ပါလက္စတိုင္း လက္နက္ကိုင္အဖြဲ႕ေတြကလည္း သူတို႔နယ္ေျမအတြက္ ကာကြယ္ဖို႔အသင့္ဘဲလို႔ ေျပာခဲ့ပါတယ္။ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယိုဂူတာရက္စ္ က အစၥေရးကို သိမ္းပိုက္ခံ အေနာက္ဘက္ကမ္းေဒသ အစိတ္အပိုင္းမ်ားကို က်ဴးေက်ာ္သိမ္းပိုက္မယ့္ အစီအစဥ္ကို စြန႔္လႊတ္ဖို႔တိုက္တြန္းခဲ့ပါတယ္။

ဒီျပႆနာက ေသးတဲ့ျပႆနာမဟုတ္ပါဘူး။အစၥေရးလိုႏိုင္ငံက အစၥလာမ္ဘာသာဝင္ေတြခ်ည္းဘဲေနၾကတဲ့ အေရွ႕အလယ္ပိုင္းက သူတို႔ဘာသာေရးအထြဋ္အျမတ္ထားတဲ့ေနရာကိုယူၿပီး နယ္ေျမခ်ဲ႕ေနတာကို ယခင္ကမညီၫြတ္တဲ့အတြက္ အေလွ်ာ့ေပးခဲ့ရေပမယ့္ ယခု အီရန္လို ဘာသာေရးအေျခခံႏိုင္ငံက ဦးေဆာင္ၿပီး အေမရိကန္ေလယာဥ္ကိုပစ္ခ်၊ န်ဴကလီးယားစာခ်ဳပ္ကေန အေမရိကန္ထြက္ခဲ့တာကို ျပန္ေတာင္းပန္မွ နစ္နာေၾကးေပးမွ အေမရိကန္နဲ႔ေဆြးေႏြးပြဲေတြကို ေဆြးေႏြးမယ္ဆိုၿပီး အေပၚစီးကေနဆက္ဆံျပ ပမာမခန႔္လုပ္ျပတာေတြနဲ႔ အေရွ႕အလယ္ပိုင္းမွာ မူဝါဒေရးရာေကာ၊ လက္နက္အင္အားမွာပါ အီရန္က အားအေကာင္းဆုံးျဖစ္လာပါတယ္။ယခုဆို အစဥ္အလာရန္ဘက္ျဖစ္ခဲ့တဲ့ အီရတ္ေတြေတာင္ အီရန္ဩဇာခံျဖစ္လာေနပါၿပီ။ဒါေၾကာင့္ ေဒသတြင္း အင္အားႀကီးလာၿပီး အစၥလာမ္ဦးေဆာင္ႏိုင္ငံျဖစ္လာတဲ့ အီရန္က ဒီလိုအစၥေရးရဲ႕ နယ္ေျမခ်ဲ႕ထြင္တဲ့ နယ္ေျမသိမ္းလုပ္ရပ္ကို ဘယ္လိုတုံ႔ျပန္မလဲဆိုတာ မွန္းဆရခက္ေနပါတယ္။

ဒါေၾကာင့္လည္း ယခုရက္သတၱပတ္ထဲမွာ အစၥေရးက ေလေၾကာင္းကေန အီရတ္နဲ႔ ဆီးရီးယားနယ္စပ္မွာရွိတဲ့ အီရန္ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ျပည္သူ႔စစ္ေတြကို ၂၄ နာရီအတြင္း ဝင္တိုက္ခဲ့ရာမွာ ျပည္သူ႔စစ္ ၁၅ ဦးကို သုတ္သင္ခဲ့ပါတယ္။ဒီမတိုင္ခင္ ေရွ႕တစ္ပတ္ကလည္း  ဆီးရီးယားမွာရွိတဲ့ အီရန္အေျခစိုက္စခန္းတစ္ခုကို အစၥေရးက တိုက္ခိုက္ခဲ့ပါေသးတယ္။ဒီလိုတိုက္ခိုက္မႈေတြနဲ႔ပတ္သက္ၿပီး အစၥေရးဘက္က ရွားရွားပါးပါးေျပာခဲ့တာက  အာဆတ္အစိုးရကို ေထာက္ခံတဲ့ အီရန္ေဒသတြင္းတည္ရွိမႈက ၿခိမ္းေျခာက္မႈတစ္ခုျဖစ္ေနလို႔ ဆက္လက္တိုက္ခိုက္သြားမယ္ဆိုၿပီး ေျပာခဲ့တာရွိပါတယ္။အစၥေရးအေနနဲ႔ အေနာက္ဘက္ကမ္းကို  သိမ္းမယ္ဆိုရင္ အီရန္ေခါင္းေဆာင္တဲ့ အစၥလာမ္အုပ္စုနဲ႔ ထိပ္တိုက္ေတြ႕မွာေသခ်ာပါတယ္။အစၥလာမ္ကမာၻမွာ တူရကီက အင္အားအႀကီးဆုံးျဖစ္ေနေပမယ္ တူရကီအဖို႔ အခါအခြင့္ေပးေနတုန္း  နယ္စပ္က ကာ့ဒ္ေတြ PKK တပ္ဖြဲ႕ေတြကို က်ားလက္သည္း၊ သိန္းငွက္လက္သည္း စစ္ဆင္ေရးေတြနဲ႔ ဆင္ႏႊဲေနလို႔ အစၥေရးဘက္ကို လွည့္ႏိုင္ဖို႔မျမင္ပါဘူး။ဒီအတြက္ ႐ုရွားဘက္ကေန ျပန္လွည့္လာၿပီး အေနာက္ဘက္ကို မ်က္ႏွာလွည့္ေနရတဲ့ တူရကီအဖို႔ ဒီျပႆနာမွာမပါႏိုင္ဘူးဆိုတာ အစၥေရးက ႀကိဳတြက္ထားၿပီးပါ။ဒီအတြက္ အီရန္ကိုဆြေနၿပီး ေသြးတိုးစမ္းေနတာေတြလုပ္ေနလို႔ အီရန္အေနနဲ႔ အေမရိကန္ေၾကာင့္ ဒီပြဲကို ကိုယ္တိုင္ကိုယ္က်ထက္ ေနာက္ကြယ္ကေနသာ ပံ့ပိုးမႈေတြလုပ္ႏိုင္ပါလိမ့္မယ္။

ဒီအခင္းအက်င္းအတိုင္းျဖစ္လာခဲ့မယ္ဆိုရင္ အေရွ႕အလယ္ပိုင္းက ဂါဇာေဒသနဲ႔ အစၥေရးနယ္စပ္ေဒသေတြ၊ ဂ်ဴးအေျခခ်ေနရာေတြက စစ္တလင္းျဖစ္လာဖို႔ မ်ားေနပါတယ္။ကုလကေတာ့ ဒီဘက္ကာလမွာ ပါလက္စတိုင္းဒုကၡသည္ေတြကိုကူညီဖို႔ ဒီထက္ပိုအားစိုက္ရေတာ့မယ့္ အေနအထားျဖစ္လာပါတယ္။ဒီလိုအားမစိုက္ႏိုင္ရင္ အစၥေရးကို တားႏိုင္မယ့္သူကို ကုလ ရွာရပါေတာ့မယ္။လတ္တေလာမွာ အေမရိကန္သမၼတ ထရမ့္လည္း ျပည္တြင္းျပႆနာေတြ၊ တ႐ုတ္နဲ႔ျပႆနာေတြ၊ အေသအေပ်ာက္အႀကီးမားဆုံး ကိုဗစ္ကပ္ေရာဂါေဘးေတြေၾကာင့္ သူစခဲ့တဲ့ “ေထာင္စုႏွစ္ သေဘာတူညီခ်က္” ဘက္ လွည့္ႏိုင္မွာမဟုတ္ပါဘူး။

႐ုရွားတို႔ တ႐ုတ္တို႔လည္း ကိုယ္စီကိုယ္စီ ျပႆနာေတြရႈပ္ေနသလို  လူအေသအေပ်ာက္ရွိခဲ့တဲ့ တ႐ုတ္-အိႏၵိယ နယ္စပ္ျပႆနာ၊ တ႐ုတ္နဲ႔ ေတာင္တ႐ုတ္ပင္လယ္ျပႆနာ၊ အိႏၵိယနဲ႔ ပါကစၥတန္ျပႆနာ၊ ေဆြးေႏြးမႈမျပတ္ေသးတဲ့ န်ဴကလီးယားလက္နက္ထိန္းခ်ဳပ္ေရးစာခ်ဳပ္ သက္တမ္းတိုးဖို႔ အေမရိကန္နဲ႔ ႐ုရွား ေဆြးေႏြးမႈေတြ၊ ႐ုရွားမွာ သမၼတပူတင္ ဆက္တာဝန္ယူဖို႔ျပင္ဆင္တဲ့ ႐ုရွားအေျခခံဥပေဒျပင္ဆင္ေရးေတြေၾကာင့္ အားလုံးကလက္ေရွာင္ေနၾကမယ့္ အစၥေရးရဲ႕ နယ္ေျမသိမ္းပိုက္တဲ့ အစီအစဥ္က ထေျမာက္ဖို႔မ်ားေနပါတယ္။ႏိုင္ငံတကာအေနနဲ႔ ကပ္ေဘးနဲ႔ စီးပြားေရးအေျခအေနေၾကာင့္ အမ်ားဆုံး စာထုတ္ကန႔္ကြက္႐ုံကလြဲၿပီး  ျဖစ္လာဖြယ္မရွိလို႔ ဂါဇာနဲ႔ အေနာက္ဘက္ကမ္းမွာ ေသြးေခ်ာင္းစီးမယ့္စစ္မီးကို လာမယ့္ရက္သတၱပတ္မွာ ေတြ႕ရဖို႔ရွိေနပါတယ္။
ဒီအတြက္ ေစာင့္ၾကည့္ရ႐ုံမွတပါး မရွိေတာ့ဘူးထင္ပါတယ္။

မြန္းၾကပ္စရာ ဒီလိုပဋိပကၡသတင္းေတြအျပင္ ယခုတစ္ပတ္မွာ အျခားစိတ္ထြက္ေပါက္ရစရာ  ေပါ့ေပါ့ပါးပါးသတင္းအခ်ိဳ႕လည္း ရွိခဲ့ပါတယ္။ဂ်ာမနီႏိုင္ငံက စာတိုက္တစ္ခုမွာ ဒူရင္းသီးပါဆယ္အိတ္ေၾကာင့္ စာတိုက္ဝန္ထမ္း ၁၂ ဦးကို ေဆးကုသေပးခဲ့ရတဲ့ သတင္းလိုမ်ိဳး၊ အေမရိကန္မွာက်င္းပတဲ့ UFC လက္ေဝွ႔ပြဲမွာ ထိုးသတ္သူႏွစ္ဦးစလုံး ေဆး႐ုံတက္ရတဲ့သတင္း၊ အေမရိကန္သမၼတ ထရမ့္ ကို ကမာၻေက်ာ္ ႐ိုးလင္းစတုန္း ေရာ့ခ္ေတးဂီတအဖြဲ႕က သူတို႔သီခ်င္းေတြ မဲဆြယ္ပြဲမွာ ခြင့္ျပဳခ်က္မရွိဘဲသုံးေနလို႔  တရားစြဲမယ္လို႔ သတိေပးလိုက္တဲ့သတင္း၊ ပါကစၥတန္ေလယာဥ္မႉးသုံးပုံတစ္ပုံ ေလယာဥ္ေမာင္းလိုင္စင္အတုနဲ႔ ေမာင္းေနၾကတယ္ဆိုတဲ့သတင္း၊ လူအုပ္ထဲသြားရင္ mask တပ္ဖို႔ ဘရာဇီးသမၼတကို တရား႐ုံးက အမိန႔္ထုတ္သတိေပးခဲ့တဲ့သတင္း၊ တန္ဇန္းနီးယားမွာ မိုင္းလုပ္သားတစ္ဦး တန္ဇန္ႏိုက္ ေက်ာက္တုံးႏွစ္တုံးေတြ႕ရွိၿပီး ေန႔ခ်င္းညခ်င္း ဘီလ်ံနာတစ္ဦးျဖစ္သြားတဲ့ သတင္းေတြလို စိတ္ေပါ့ေပါ့ပါးပါးဖတ္စရာ သတင္းေတြလည္းရွိသလို စိတ္ရႈပ္စရာျဖစ္တဲ့ မကၠဆီကိုမွာ အင္အားျပင္းငလ်င္လႈပ္လို႔ လူ ၆ ဦးေသဆုံးၿပီး ေနအိမ္ရာနဲ႔ခ်ီကာ ပ်က္စီးခဲ့တဲ့သတင္းေတြ၊ ဆူမားၾတားကြၽန္း ကမ္းလြန္ပင္လယ္မွာ အင္ဒိုနီးရွားငါးဖမ္းေလွတိမ္းေမွာက္လို႔ ေရလုပ္သား ၉ ဦး ေပ်ာက္ဆုံးခဲ့တဲ့သတင္း၊ ထိုင္းမွာ သက္ဦးဆံပိုင္ဘုရင္စနစ္ ခ်ဳပ္ၿငိမ္းတဲ့အထိမ္းအမွတ္ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူေတြ ဆႏၵျပတဲ့သတင္း၊ မကၠဆီကိုမွာ ရဲခ်ဳပ္ကိုလုပ္ႀကံမႈနဲ႔ သံသယရွိတဲ့ သူ ၁၂ ဦးကို ဖမ္းဆီးခဲ့တဲ့သတင္း၊ ၿဗိတိန္ႏိုင္ငံ ဂလပ္စကိုၿမိဳ႕လယ္မွာ ဟိုတယ္ထဲ ဓားနဲ႔လိုက္ထိုးေနလို႔ ရဲတပ္ဖြဲ႕က ပစ္သတ္လိုက္ရတဲ့ သတင္းေတြလည္းရွိခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ႏိုင္ငံတကာသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ဇြန္ - ၂၉