【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 လုပ်ကြံမှုနှင့် စစ်ရေးတင်းမာလာတဲ့ ယနေ့ကမ္ဘာ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 လုပ်ကြံမှုနှင့် စစ်ရေးတင်းမာလာတဲ့ ယနေ့ကမ္ဘာ   

ယခုတစ်ပတ်အတွင်း နိုင်ငံတကာသတင်းတွေထဲမှာ ထူးထူးခြားခြား စစ်ရေးသတင်းတွေက ကမ္ဘာ့သတင်းပရိတ်သတ်ကို သတိထားမိစေခဲ့ပါတယ်။အမေရိကန်နဲ့ တရုတ်၊ အမေရိကန်နဲ့ ရုရှား စသဖြင့် စစ်ရေးဆိုင်ရာ သတင်းတွေက သတိထားစရာပါ။
    

ဒီသတင်းတွေအပြင် ထူးထူးခြားခြား သတင်းတွေဖြစ်တဲ့ အာဖရိကတိုက်ရဲ့ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ဆာဟေးဝေါ့ဇူဒီ ကို အီသီယိုးပီးယားက ခန့်အပ်လိုက်တဲ့ သတင်း၊ ဗီယက်နမ်နိုင်ငံရဲ့ ကိုးဦးမြောက် သမ္မတသစ်အဖြစ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ငုရင် ဖူထရောင် ကို ရွေးချယ်တင်မြှောက်လိုက်တဲ့ သတင်း၊ ဆိုင်ကယ် ရာပေါင်းများစွာက ဘရာဇီး လက်ယာစွန်း သမ္မတလောင်း ဂျားဘော်ဆိုနာရို ကို ထောက်ခံတဲ့အနေနဲ့ ဆော်ပေါလိုမြို့မှာ စီတန်းမောင်းနှင်ခဲ့ကြတဲ့ သတင်း၊ သီရိလင်္ကာ ဝန်ကြီးချုပ်ကို သမ္မတက ရာထူးကနေ ထုတ်ပယ်လိုက်တဲ့ သတင်း၊ လက်ရှိ အိုင်ယာလန် သမ္မတ မိုက်ကယ်ဒီဟစ်ဂင် ဒုတိယသက်တမ်းအတွက် ပြန်လည်ရွေးကောက်ခံရတဲ့ သတင်းတွေလည်း ယခုတစ်ပတ်ထဲ ဖြစ်ခဲ့ပါတယ်။

ကြောက်စရာ အမေရိကန် ပါဆယ်ဗုံးလုပ်ကြံမှု။

    
ယခုတစ်ပတ်အတွင်း သတင်းတွေထဲမှာ နိုင်ငံတစ်ဝန်းရှိ ထရန့် ၏ အတိုက်အခံများနဲ့ သမ္မတဟောင်းများထံ ပါဆယ်ဗုံးတွေ ပို့ပေးလို့ ကြားဖြတ်ဟန့်တားနိုင်ခဲ့ရာကနေ အမေရိကန်တစ်ဝန်း ဒီသတင်းက ဒီတစ်ပတ်မှာ အများပြည်သူ ဂရုအစိုက်ဆုံး သတင်းဖြစ်ခဲ့ပါတယ်။
    

သမ္မတဟောင်း ဘာရက်ခ် အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် တို့ အပါအဝင် ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ချို့ထံ လိပ်မူပြီး ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းပါတယ်လို့ ယုံကြည်ရတဲ့ မသင်္ကာဖွယ် အထုပ်တွေကို ပေးပို့လာခဲ့လို့ သက်ဆိုင်ရာ လုံခြုံရေးအထူးတပ်ဖွဲ့တွေက ကြားဖြတ်ဖော်ထုတ် တားဆီးခဲ့ရာမှာ ပေါက်ကွဲတတ်တဲ့ ပါဆယ်ဗုံးတွေကို စစ်ဆေးတွေ့ရှိခဲ့တာပါ။
ကြားဖြတ်တားဆီးနိုင်ခဲ့လို့ အဲဒီပါဆယ်ထုပ် ရှစ်ထုပ်စလုံး ပေါက်ကွဲခဲ့ခြင်းမရှိသလို ထိခိုက်ဒဏ်ရာရသူလည်း တစ်ဦးတစ်ယောက်မှတော့ မရှိခဲ့ပါဘူး။FBI ကတော့ ခုကိစ္စနဲ့ပတ်သက်လို့ အကြမ်းဖက်မှု လုပ်ရပ်တစ်ခုအဖြစ် သတ်မှတ်ပြီး စုံစမ်းစစ်ဆေးမှုတွေကို အားချင်းဆောင်ရွက်ခဲ့ရာမှာ ပါဆယ်ဗုံး ၁၃ ခုကို စာတိုက်မှတစ်ဆင့် ပေးပို့ခဲ့ရာကနေ  အများအပြားကို ဖလော်ရီဒါပြည်နယ်မှ ပေးပို့ခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ဒီကနေ စာအိတ်က လက်ဗွေရာစနစ်နှင့် မျိုးဗီဇ အထောက်အထားများတူတဲ့ ဆာရော့ ကို  ဖလော်ရီဒါပြည်နယ် ဖော်ချွတ်ခန်းမတစ်ခု ပြင်ပမှာ ဖမ်းဆီးရမိခဲ့ပါ တယ်။ဆာရော့ အနေနဲ့ အပြစ်ရှိကြောင်း တွေ့ရှိရပါက ထောင်ဒဏ် (၄၈) နှစ်အထိ ကျခံရနိုင်တယ် ဆိုပါတယ်။သမ္မတ ဒေါ်နယ်ထရန့် ကတော့ ရဲတပ်ဖွဲ့ကို ချီးကျူးခဲ့ပေမယ့် သူ့ဘက်ကနေ ဝင်တိုက်ခိုက်ပေးတဲ့ ဆာရော့ အပေါ် စာနာမှုမပေးခဲ့ပါဘူး။

ဆာရော့ ကို ဖက်ဒရယ်ပြစ်မှု ငါးခုနှင့် တရားစွဲဆိုထားသလို လျင်မြန်စွာဖော်ထုတ်နိုင်တဲ့ အမေရိကန် ပြည်ထဲရေးရဲ့ ဆောင်ရွက်ချက်က လေးစားစရာပါ။ဒီလိုဖြစ်ရပ်မျိုး အာရှလိုဒေသမျိုးမှာသာဖြစ်ခဲ့ရင် မဆီမဆိုင်တွေ အစုလိုက်အပြုံလိုက် ဖမ်းဆီးပြီး  စစ်ဆေးဖမ်းဆီးခံရဖွယ် ရှိနေပါတယ်။

ဒီလို လုပ်ကြံဖို့ ကြိုးစားတဲ့ ကိစ္စသာ အောင်မြင်ခဲ့ရင် အမေရိကန်မှာ တစ်ကယ့်ကြီးမားတဲ့ လုပ်ကြံမှုဖြစ်သလို တော်တော်လေးလဲ ကသောင်းကနင်းဖြစ်လာစရာ ရှိပါတယ်။ဒီတစ်ပတ်ထဲ အမေရိကန်နဲ့ ပတ်သက်တဲ့ သ တင်းတွေဖြစ်တဲ့ အမေရိကန်နိုင်ငံ ပစ္စဘာ့ဂ်မြို့ရှိ ဂျူးဘုရားကျောင်းထဲ သေနတ်သမားတစ်ဦး ဝင်ရောက်ပစ်ခတ်လို့ ၁၁ ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့တဲ့ သတင်း၊ အမေရိကန်သို့ ဦးတည်ချီတက်နေသော ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ်နှင့် အယ်လ်ဆာဗေးဒိုး နိုင်ငံတွေက ကြီးမားသည့် ရွှေ့ပြောင်းဒုက္ခသည် လူအုပ်ကြီးကြောင့် အဆိုပါ ၃ နိုင်ငံကို  အကူအညီ ဖြတ်တောက်မယ်လို့ သမ္မတ ဒေါ်နယ်ထရန့် က ပြောလိုက်တဲ့ သတင်းတွေထဲ ထရန့် ကို ထောက်ခံတဲ့သူက ထရန့် ကို အတိုက်အခံလုပ်တဲ့ သူတွေကိုချည်းဘဲ ပါဆယ်ဗုံးနဲ့ ပေးပို့လုပ်ကြံတဲ့ သတင်းက ယခုတစ်ပတ် သတင်းတွေထဲ ထူးခြားတဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

ကျား/မ ခွဲခြားမှုနဲ့ အကာအကွယ်မဲ့လာတဲ့ ကလေးငယ်တွေ။
    

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ နိုင်ငံတကာ မူခင်းသတင်းတွေထဲမှာ သတိထားမိတဲ့ သတင်းအချို့ ရှိခဲ့ပါတယ်။
ဒီသတင်းတွေက တရုတ်နိုင်ငံက မူကြိုကျောင်းထဲမှာ ကစားနေတဲ့ ကလေးတွေကို အမျိုးသမီးတစ်ဦးက ဓားနဲ့ လိုက်ခုတ်လို့ ကလေးတွေ ဒဏ်ရာရတဲ့ သတင်းနဲ့ အိန္ဒိယမှာ ဘာသာရေးကျောင်းတစ်ခုကို လူအုပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ သတင်းတွေဘဲ ဖြစ်ပါတယ်။
    

အောက်တိုဘာ ၂၆ ရက်က တရုတ်အလယ်ပိုင်း ချုံကင်းမူကြိုကျောင်းတစ်ခုမှာ အမျိုးသမီးတစ်ဦးက ဓားနဲ့  ကလေးငယ်တွေကို ရမ်းကားတိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။မူကြိုကလေးငယ်တွေက ဆော့ကစားပြီး အတန်းသို့ ပြန်ချိန်မှာ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးက မီးဖိုချောင်သုံးဓားတစ်လက်နဲ့ ကလေးငယ်တွေကို လိုက်ခုတ်ထစ် ရန်ပြုခဲ့ရာမှာ ကလေးငယ် ၁၄ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ် ဆိုပါတယ်။ကျောင်းလုံခြုံရေး ဝန်ထမ်းတွေက အဆိုပါအမျိုးသမီးကို ဝိုင်းဝန်းထိန်းချုပ် ဖမ်းဆီးခဲ့ပါတယ်။
    

ဒီဖြစ်ရပ်ဟာ ဧပြီလအတွင်းက ရှန်ဇီးရှိ အလယ်တန်းကျောင်းတစ်ခုမှာ ကျောင်းသူ၊ ကျောင်းသား ၉ ဦး သေဆုံးခဲ့ရတဲ့ အမျိုးသားတစ်ဦး တိုက်ခိုက်သတ်ဖြတ်မှုအပြီးမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပြီး ၂၀၁၇ က မူကြိုကျောင်းတစ်ခု၏ နံရံကို အမျိုးသားတစ်ဦးက ကျော်တက်ကာ ဓားဖြင့် တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၁၁ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်အပြီး တတိယမြောက်ဖြစ်ရပ်ဘဲ ဖြစ်ပါတယ်။
    

လူဦးရေများပြီး ပြိုင်ဆိုင်မှုကြီးမားလို့ လိုအပ်ချက်တွေကြောင့် လူတိုင်းစိတ်ဖိအားခံနေရတဲ့ တရုတ်နိုင်ငံမှာ ယခုလို ဖြစ်ရပ်နဲ့ ဆင်တူတဲ့ ဖြစ်ရပ်တွေ မကြာခဏဖြစ်နေတာကိုတွေ့ရပြီး ဒီလိုဖြစ်ရပ်တွေ ကမ္ဘာတစ်လွှား မကြာခဏတွေ့ရတဲ့အတွက် သတိထားရမယ့် ကိစ္စတစ်ခုဖြစ်လာပါတယ်။
    

ဒီလိုဖြစ်ရပ်နဲ့ မတူပေမယ့် အခုနောက်ပိုင်းကာလတွေမှာ မြင့်တက်လာတဲ့ လူမျိုးခွဲခြားမှု၊ ဘာသာခွဲခြားမှုတွေထဲ ထူးခြားတဲ့ ခွဲခြားမှုဖြစ်တဲ့ ကျား၊ မ ခွဲခြားမှုနဲ့ သက်ဆိုင်တဲ့ လူအုပ်နဲ့ အကြမ်းဖက်မှု ဖြစ်ရပ်တစ်ခုက အိန္ဒိယနိုင်ငံမှာ အောက်တိုဘာ ၂၇ ရက်က ဖြစ်ခဲ့ပါတယ်။
    

မကြာခင်က ဘုရားကျောင်းအတွင်း ဝင်ခွင့်ကို ကာလရှည်တားမြစ်ထားတာ အဆုံးသတ်ဖို့ နိုင်ငံတော်တရားရုံးက ပြီးခဲ့တဲ့ ရက်ပိုင်းက ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်းမှာ  အိန္ဒိယနိုင်ငံတစ်ဝန်းမှာ ဒီလို ဆုံးဖြတ်ချက်ကို အမျိုးသားတွေဘက်က ဆန့်ကျင်မှုတွေရှိခဲ့ပြီး ဆာဘရီမာလာ ဘုရားကျောင်းမှာ အမျိုးသမီးများ ဝတ်မပြုရေးတားဆီးဖို့ ဆန္ဒပြခဲ့တဲ့သူတွေကို ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။ဒီနောက်ပိုင်းမှာ အဆိုပါ တရားရုံးဆုံးဖြတ်ချက်ကို ထောက်ခံတဲ့ တရားဟောဆရာတစ်ဦး တည်ထောင်သော တောင်ပိုင်းမြို့ သီရိဝနသာပူရမ်ရှိ ဘာသာရေး အဆောက်အအုံတစ်ခုကို ဟိန္ဒူအစွန်းရောက်များက အောက်တိုဘာ ၂၇ ရက်က တိုက်ခိုက်ခဲ့တာပါ။ယင်းတိုက်ခိုက်မှုမှာ ဘာသာရေး အဆောက်အအုံ အပြင်ဘက်မှာ ရပ်ထားတဲ့ ကားနှစ်စီးနှင့် စကူတာတစ်စီးကို မီးရှို့ ဖျက်ဆီးခဲ့သလို ယုံကြည်သက်ဝင်သူ အမျိုးသမီးများနှင့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။
    

ဒီဖြစ်ရပ်က အိန္ဒိယလို ဇာတ်မြင့် ဇာတ်နိမ့် ခွဲခြားမှုပြင်းထန်တဲ့ ဒီမိုကရေစီနိုင်ငံကြီးမှာ ဘာသာရေးမှာ ကျား/မ ခွဲခြားမှု ပြင်းထန်တာက သတိထားဖွယ် ဖြစ်ပါတယ်။
    

ဒီသတင်းနှစ်ခုက ယခုတစ်ပတ်အတွင်း မတော်တဆဖြစ်ရပ် သတင်းတွေ၊ ထူးဆန်းတဲ့ သတင်းတွေ ဖြစ်တဲ့ အီတလီနိုင်ငံ ရောမမြို့လယ်က မြေအောက်ဘူတာရုံတစ်ခုမှာ စက်လှေကားပြိုကျလို့ လူနှစ်ဆယ်ကျော် ဒဏ်ရာရတဲ့ သတင်း၊ လက်စတာအသင်း ပိုင်ရှင်နှင့် ထိုင်းလုပ်ငန်းရှင် သူဌေးကြီး ဗီချိုင်း ပါတဲ့ ရဟတ်ယာဉ် လက်စတာ အိမ်ကွင်း King Power အပြင်ဘက်မှာ ပျက်ကျတဲ့ သတင်း၊ ကမ္ဘာ့အမြင့်ဆုံးရုပ်တုဖြစ်တဲ့ ၅၉၇ ပေ မြင့်တဲ့ အိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင် ဆာဒါဗယ်လာဘာဟိုင် ပတေး ၏ အောက်မေ့ဖွယ်ရုပ်တုကြီးကို အောက်တိုဘာ ၃၁ ရက်မှာ ဖွင့်လှစ်မယ့် သတင်း၊ အင်ဒိုနီးရှားနိုင်ငံ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာမှာ ပလတ်စတစ်ဘူးခွံတွေနဲ့ ဘတ်စ်ကားခ ပေးချေနိုင်တဲ့ သတင်း၊ သစ်ပင်ပေါ်ရှိ မျောက်အုပ်စုက အုတ်ခဲဖြင့် ဝိုင်းပေါက်လို့ အသက် (၇၂) နှစ်အရွယ် အိန္ဒိယ အမျိုးသားတစ်ဦး သေဆုံးခဲ့တဲ့သတင်း၊ အိန္ဒိယနိုင်ငံ၊ ဥတ္တရပဒေသ ပြည်နယ်ရှိ လယ်သမား အယောက် ၈၅၀ ကျော်အတွက် အကြွေးဆပ်ပေးမယ်လို့ ကမ္ဘာကျော် ဝါရင့်မင်းသားကြီး အမီတာဘဂျမ်း က ထုတ်ပြန်ကြေညာလိုက်တဲ့ သတင်း၊ ဘေဂျင်း အခြေစိုက် Landspace ကုမ္ပဏီက တီထွင်ဖန်တီးထားသော အဆင့် (၃) ဆင့်ပါ ဒုံးပျံယာဉ် Zhuque-1 ဂြိုဟ်ပတ်လမ်းကြောင်းထဲ မရောက်ခင် ပျက်ကျခဲ့တဲ့ သတင်း၊ နှစ်သက်တမ်းပေါင်း ၂,၄၀၀ ကျော်ကြာ ရှိပြီဖြစ်တဲ့ ရှေးဟောင်း ဂရိကုန်သင်္ဘောတစ်စင်းကို ပင်လယ်နက် (Black Sea) ကြမ်းပြင် အာက်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ သတင်းတွေထဲ သိသိသာသာ ထူးခြားတဲ့ သတင်းတွေ ဖြစ်နေပါတယ်။

အာရှစစ်ရေးနဲ့ တရုတ်ရဲ့ စစ်ရေးသတိ။

    
ယခုတစ်ပတ် နိုင်ငံတကာ စစ်ရေးသတင်းတွေထဲမှာ တရုတ်နိုင်ငံနဲ့ဆိုင်တဲ့ သတင်းတွေက နိုင်ငံတကာက သတိထားမိတဲ့အထိ ထူးခြားခဲ့ပါတယ်။တောင်တရုတ်ပင်လယ်က စပရတ်လီကျွန်းစုအရေးနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံများနဲ့ တင်းမာမှုတွေ ရှိခဲ့တဲ့ တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်က တရုတ်နိုင်ငံ တောင်ပိုင်း ဇန်ဂျင်းမြို့ အာဆီယံနိုင်ငံများနဲ့ ပူးတွဲရေတပ်လေ့ကျင်ရေးကို ပြုလုပ်ခဲ့ပါတယ်။
    

ခြောက်ရက်ကြာမယ့် ကာလအတွင်း အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ရေတပ်များနှင့် တရုတ်ရေတပ်သည် ဂွမ်ဒေါင်းပြည်နယ် ကမ်းလွန်ရေပြင်မှာ မြေပြင်ကွင်းဆင်း လေ့ကျင့်မှုဟာ ထရန့် လက်ထက် မှန်းဆလို့မရနိုင်တဲ့ အမေရိကန်ရဲ့ စစ်ရေးနဲ့ နိုင်ငံရေးဆိုင်ရာ ဗျူဟာတွေကို တုံ့ပြန်ဖို့ အာဆီယံနဲ့ ပြန်အစေးကပ်ဖို့  တရုတ်အနေနဲ့ ဗျူဟာပြောင်းလဲ ကျင့်သုံးပြန်ပြီး ချည်းကပ်လာတာ ဖြစ်သလို လာမည့်နှစ်မှာ အာဆီယံနဲ့ အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ရှိနေတဲ့အတွက် အာရှဒေသမှာ စစ်ဘက်ဆိုင်ရာ ထိပ်တိုက်တွေ့ဆုံမှုများ မဖြစ်စေရေးအတွက် အာဆီယံနဲ့ တရုတ်တို့က ကြိုးပမ်းခြင်းလည်း ဖြစ်ပါတယ်။

ဒီရက်ထဲမှာဘဲ ထူးခြားမှုအနေနဲ့ တရုတ်ရဲ့ ကာလရှည်ခါးသီးတဲ့ ရန်ဘက်တွေဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ရှားရှားပါးပါး ခရီးစဉ်အဖြစ် အောက်တိုဘာ ၂၆ ရက် တရုတ်နိုင်ငံကို လာရောက်ခဲ့ပါတယ်။ဂျပန်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကို ပြည်သူ့မဟာခန်းမဆောင် အပြင်ဖက်မှာ ဂျပန်အလံလွှင့်ထူပြီး တရုတ်ဝန်ကြီးချုပ် လီခချန် က ကြိုဆိုခဲ့သလို နှစ်နိုင်ငံကြား အမေရိကန်ဒေါ်လာ ၂ ဒဿမ ၆ ဘီလီယံဖိုးရှိ စီးပွားရေး သဘောတူညီမှုတွေကို ချုပ်ဆိုနိုင်ခဲ့တာကို တွေ့ရပါတယ်။ဒေါ်နယ်ထရန့် ရဲ့ ကုန်သွယ်ရေးစိန်ခေါ်မှုတွေကို နှစ်နိုင်ငံ ကြုံနေရချိန်မှာ အာရှရဲ့ စီးပွားရေးအကြီးဆုံး နှစ်နိုင်ငံဟာ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခဲ့တာကို တွေ့ရပါတယ်။

ဒီအတောအတွင်းမှာဘဲ တရုတ်သမ္မတ ရှီကျင့်ဖိန် က ဂွမ်ဒေါင်းပြည်နယ် အလည်အပတ်ခရီးစဉ်အတွင်း တောင်တရုတ်ပင်လယ် ပြဿနာနဲ့  ထိုင်ဝမ်ကျွန်း ပြဿနာတွေနဲ့ ပတ်သက်ပြီး တာဝန်ယူထားတဲ့ တပ်တွေကို လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်ထားဖို့ ညွှန်ကြားခဲ့တာ တွေ့ရပါတယ်။မကြာသေးခင်က အဲဒီဒေသမှာ အမေရိကန်နဲ့ ဗြိတိန် ရေတပ်သင်္ဘောတွေနဲ့ မကြာခဏထိပ်တိုက်တွေ့တာတွေ ရှိနေသလို ထိုင်ဝမ်ကျွန်း ပြဿနာမှာ အမေရိကန်က လက်နက်ရောင်းချမှုတွေ ရှိနေတဲ့အတွက် တရုတ်အနေနဲ့ ဒီပြဿနာက သတိထားကိုင်တွယ်နေရတဲ့ အနေအထား ဖြစ်နေပါတ
ယ်။

ဒီကြားထဲမှာ အမေရိကန်က တာလတ် နျူကလီးယား လက်နက်ထိန်းချုပ်ရေး စာချုပ်ကနေ နုတ်ထွက်ဖို့ ရှိနေတဲ့အတွက် လက်နက်ပြိုင်ဆိုင်မှုနဲ့ စစ်ရေးတင်းမာမှုတွေ ပြန်ဖြစ်လာတဲ့အတွက် အာရှဒေသက စစ်မက်အတွက် သတိထားစရာ နေရာဒေသ ဖြစ်လာပါတယ်။

အာရှဒေသမှာ တရုတ်နဲ့ အမေရိကန်ကြား တောင်တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်ကျွန်း ပြဿနာတွေကြောင့် တင်းမာမှုဖြစ်နေသလို ဥရောပမှာလည်း ရုရှားနဲ့ အမေရိကန်၊ ရုရှားနဲ့ နေတိုးကြား စစ်အေးခေတ်နောက်ပိုင်း တင်းမာမှုအမြင့်ဆုံး ဖြစ်လာနေပါတယ်။ယူကရိန်းပိုင် ခရိုင်းမီးယား ဒေသကို ရုရှားက သိမ်းယူပြီးနောက်ပိုင်း ရုရှားနှင့် အနောက်အုပ်စု နိုင်ငံများကြား တင်းမာမှုသည် စစ်အေးခေတ်အလွန်တွင် အပြင်းထန်ဆုံး အဆင့်ထိ မြင့်တက်လာရာမှာ မကြာခင်က NATO အဖွဲ့ဝင် နိုင်ငံများအနီး ရေပြင်တွေမှာ ရုရှား ရေငုပ်သင်္ဘောတွေကို မကြာခဏတွေ့နေရလို့ဆိုပြီး  NATO မဟာမိတ်တပ်ဖွဲ့က အတ္တလန္တိတ်သမုဒ္ဒရာ မြောက်ပိုင်းနှင့် အာတိတ်သမုဒ္ဒရာထဲမှာ ဖြန့်ကျက်ရှာဖွေနေကြပါတယ်။

ဒီကြားထဲမှာ နေတိုးအဖွဲ့က Trident Juncture စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပြီး စစ်သည် ငါးသောင်းနှင့် ကြည်းတပ်သုံး စစ်ယာဉ် တစ်သောင်းကျော်၊ လေယာဉ် နှစ်ရာ့ငါးဆယ်ကျော်နှင့် ရေယာဉ် ခြောက်ဆယ်ကျော် ပါဝင်ခဲ့သလို အမေရိကန် လေယာဉ်တင် သင်္ဘောကြီးတစ်စီးလည်း ပါဝင်ခဲ့ပါတယ်။ဒီအနေအထားက ဥရောပမှာပါ လက်နက်ပြိုင်ဆိုင်မှုတွေ ဖြစ်လာဖို့ရှိနေပါတယ်။NATO ကတော့ ဒီလိုလေ့ကျင့်မှုကနေ ရုရှားရဲ့ ရေငုပ်သင်္ဘောတွေ ခြေရှုပ်နေတာကို ဟန့်ဖို့ ရည်ရွယ်ထားတဲ့ သဘောလည်း ပါဟန်တူပါတယ်။

ရုရှားနိုင်ငံက မြေပြင်ပစ် SSC-8 ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့လို့ အမေရိကန်က ရုရှားနဲ့ သဘောတူညီချက်ဖြစ်တဲ့ တာလတ်ပစ် နျူတပ်ဖွဲ့များ (INF) သဘောတူညီချက်ကနေ နုတ်ထွက်မယ် ပြောခဲ့တဲ့အတွက် ယခု ရုရှားရေငုပ်သင်္ဘော ဖြစ်ရပ်တွေကြောင့် ဥရောပမှာ အမေရိကန်က နျူလက်နက်အသစ်တွေ ချထားဖို့ရှိနေတယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။ဒါပေမယ့် နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ဂျန်စတိုတင် ဘာ့ဂ် ကတော့ ဒီလိုထပ်မံချထားဖွယ်မရှိဘူး ဆိုပါတယ်။

ဒီလို စစ်ရေးတင်းမာမှု သတင်းတွေက ကမ္ဘာတစ်ဝန်းက ပြည်သူတွေအတွက် စိတ်မချမ်းမြေ့ဖွယ် သတင်းတွေဖြစ်သလို သတိထားစောင့်ကြည့်ရမယ့် သတင်းတွေလည်း ဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေနဲ့ အရှေ့အလယ်ပိုင်း။
    

ယခုတစ်ပတ်ထဲ အရှေ့အလယ်ပိုင်းဒေသမှာ အာရပ်အကြမ်းဖက်သမားတွေ၊ ပါလက်စတိုင်းက ဟားမတ်စ်တွေနဲ့  အစ္စလာမ်ဂျီဟတ်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ၊ အသေခံဗုံးခွဲမှုတွေနဲ့ အစ္စရေးဘက်က တုံ့ပြန်မှုတွေ ဖြစ်ခဲ့ပါတယ်။

    
အစောဆုံး တင်ပြချင်တဲ့ သတင်းဖြစ်တဲ့ အီရတ်နိုင်ငံ မြောက်ပိုင်းက မိုဆူးလ်မြို့အနီး ဈေးတစ်ခုမှာ အသေခံ ကားဗုံးခွဲမှုတစ်ခုမှာ အောက်တိုဘာ ၂၃ ရက်ကဖြစ်ခဲ့လို့  လူခြောက်ဦး သေဆုံးကာ  ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ယခုတိုက်ခိုက်မှုက ဘယ်အဖွဲ့အစည်းရဲ့လက်ချက်ဆိုတာ မသိရပေမယ့် အိုင်အက်စ်လက်ချက်လို့ မှန်းဆမှုတွေ ရှိနေပါတယ်။
    

ဒီရက်ထဲမှာဘဲ အစ္စရေးနဲ့ ပါလက်စတိုင်းကြား ပဋိပက္ခက ပြင်းလာပါတယ်။ဟားမတ်စ်တွေက  နယ်စပ်ဆန္ဒပြပွဲမှာ  အစ္စရေးတပ်ဖွဲ့ဝင်များ လက်ချက်နဲ့ ပါလက်စတိုင်းလေးဦး သေဆုံးမှုကို လက်တုံ့ပြန်တဲ့အနေနဲ့  အစ္စရေးဘက်ကို ဒုံးကျည်တွေ ပစ်ခတ်ခဲ့ပါတယ်။အစ္စရေးဘက်ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးတပ်တွေဟာ ဂါဇာမှာရှိတဲ့ ဟားမတ်စ်နဲ့ အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့တွေရဲ့ တည်နေရာတွေကို လေကြောင်းထိုးစစ် ဆင်နွှဲခဲ့ပါတယ်။အစ္စရေး တိုက်လေယာဉ်တွေဟာ ယင်းဂါဇာကမ်းမြှောင်ဒေသ မြောက်ပိုင်းက စစ်ဘက်အဆောက်အအုံတစ်ခု၊ လေ့ကျင့်ရေး အဆောက်အအုံတစ်ခု၊ လက်နက်ခဲယမ်း ထုတ်လုပ်ရာနဲ့ သိုလှောင်ရာ နေရာတစ်ခုတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
ဟားမားစ်တွေကတော့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေအတွင်း လူသေဆုံးမှု လုံးဝမရှိခဲ့ဘူးလို့ ဆိုပါတယ်။
    

ဒီလို အပြန်အလှန် တုံ့ပြန်မှုတွေက အီဂျစ်နိုင်ငံက ကြားဝင်စေ့စပ်ပေးသော ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကြောင့် လပေါင်းများစွာ ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုက အောက်တိုဘာ ၂၇ ရက်မှာ ယာယီဆိတ်ငြိမ်ခဲ့ပါတယ်။ဂါဇာဒေသ တည်ငြိမ်မှုရရှိဖို့  အီဂျစ်က အစ္စရေးနဲ့ ပါလက်စတိုင်း ခေါင်းဆောင်တွေနဲ့  ဆွေးနွေးညှိနှိုင်းနေပေမယ့် ထုံးစံအတိုင်း နှစ်ဘက်လုံးက ဒီကာလမှာ နောက်ပွဲအတွက် ပြင်ဆင်ကြတဲ့အတွက် ဒီယာယီအပစ်အခတ်ရပ်စဲရေးက မကြာခင်ပျက်ပြယ်ဖွယ် ရှိနေပါတယ်။

    
ဂါဇာလိုဘဲ ဆီးရီးယား ပြည်တွင်းစစ်နဲ့ ပတ်သက်ပြီး နောက်ဆုံးမဟာမိတ်တွေ ထောက်ခံတဲ့ ဆီးရီးယား သူပုန်တွေ သိမ်းပိုက်ထားတဲ့ အီဒလစ်ပြည်နယ်အတွက်နဲ့ ပတ်သက်ပြီး တူရကီ၊ ရုရှား၊ ပြင်သစ်နှင့် ဂျာမနီ ခေါင်းဆောင်များ ထိပ်သီးတွေ့ဆုံရာမှာ အဆိုပါခေါင်းဆောင်တွေက အပစ်အခတ် ရပ်စဲရေး ဆက်လက်ထိန်းသိမ်းထားရန် တောင်းဆိုခဲ့ပါတယ်။
ဆီးရီးယား သမ္မတ ဘာရှာအာဆတ် အစိုးရကို ထောက်ပံ့နေတဲ့ ရုရှားရယ်၊ သူပုန်တွေကို ကျောထောက်နောက်ခံပြုတဲ့ တူရကီရယ်ဟာ အိုင်လစ်ဘ်ပြည်နယ်တစ်ဝန်းမှာ အပစ်မဲ့ဇုန် ဖန်တီးရေးကို သဘောတူခဲ့ပေမယ့် စစ်ရေးအရ သူပုန်တွေဘက်က စစ်ရေးနိမ့်ပါးနေတဲ့အတွက် အပစ်ခတ်မဲ့ဇုန် ဖန်တီးရေးက သူပုန်တွေအတွက် အသက်ရှုပေါက်ဖြစ်လာဖွယ် ရှိနေပါတယ်။
    

ဒီလိုရှုပ်ထွေးတဲ့ ရက်တွေထဲမှာဘဲ အရှေ့အလယ်ပိုင်းမှာ သြဇာကြီးလာတဲ့ အီရန်က သူ့ရဲ့ အစိုးရ အဖွဲ့ကို အပြောင်းအလဲ လုပ်ခဲ့ပါတယ်။အဓိကအားဖြင့် မတည်ငြိမ်တဲ့ စီးပွားရေးကဏ္ဍအတွက် ဝန်ကြီးအပြောင်းအလဲ လုပ်ခဲ့သလို ဝန်ကြီးအသစ်တွေကိုလည်း ခန့်အပ်ခဲ့တာတွေ ရှိပါတယ်။အီရန်နဲ့ သြဇာအာဏာပြိုင်နေရတဲ့ ဆော်ဒီကတော့ သတင်းထောက် ခါရှိုဂျီ သတ်ဖြတ်ခံရမှုရဲ့ တရားခံ ၁၈ ဦးကို နိုင်ငံလွှဲပြောင်းပေးအပ်ဖို့ တူရကီရဲ့ တောင်းဆိုချက်ကို ငြင်းဆန်လိုက်တဲ့အတွက် တူရကီနဲ့ ဆော်ဒီကြား ပဋိပက္ခက ပိုပြင်းလာဖွယ် ရှိနေပါတယ်။
    

လိပ်ခဲတည်းလည်း အရှေ့အလယ်ပိုင်းဒေသရဲ့ အခြေအနေက တစ်နေ့တစ်မျိုး မရိုးရအောင် ဖြစ်ပျက်နေသလို အကြမ်းဖက်မှုတွေကရဲ့ ဇာစ်မြစ် ဒီဒေသမှာ အရပ်သားသေဆုံးမှုကလည်း ကြောက်ခမ်းလိလိ ရှိနေတဲ့အတွက် ရုရှားနဲ့ အမေရိကန် ပါဝါကစားနေတဲ့ ဒီဒေသမှာ ဘာတွေဖြစ်လာဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်တယ်ဆိုတာ တင်ပြရင်း ဒီတစ်ပတ် နိုင်ငံတကာသင်း သုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်
အောက်တိုဘာ - ၂၉
( Zawgyi )
ယခုတစ္ပတ္အတြင္း ႏိုင္ငံတကာသတင္းေတြထဲမွာ ထူးထူးျခားျခား စစ္ေရးသတင္းေတြက ကမာၻ႔သတင္းပရိတ္သတ္ကို သတိထားမိေစခဲ့ပါတယ္။အေမရိကန္နဲ႔ တ႐ုတ္၊ အေမရိကန္နဲ႔ ႐ုရွား စသျဖင့္ စစ္ေရးဆိုင္ရာ သတင္းေတြက သတိထားစရာပါ။
    

ဒီသတင္းေတြအျပင္ ထူးထူးျခားျခား သတင္းေတြျဖစ္တဲ့ အာဖရိကတိုက္ရဲ႕ ပထမဆုံး အမ်ိဳးသမီးသမၼတအျဖစ္ ဆာေဟးေဝါ့ဇူဒီ ကို အီသီယိုးပီးယားက ခန႔္အပ္လိုက္တဲ့ သတင္း၊ ဗီယက္နမ္ႏိုင္ငံရဲ႕ ကိုးဦးေျမာက္ သမၼတသစ္အျဖစ္ ကြန္ျမဴနစ္ပါတီ အေထြေထြအတြင္းေရးမႉး ငုရင္ ဖူထေရာင္ ကို ေ႐ြးခ်ယ္တင္ေျမႇာက္လိုက္တဲ့ သတင္း၊ ဆိုင္ကယ္ ရာေပါင္းမ်ားစြာက ဘရာဇီး လက္ယာစြန္း သမၼတေလာင္း ဂ်ားေဘာ္ဆိုနာ႐ို ကို ေထာက္ခံတဲ့အေနနဲ႔ ေဆာ္ေပါလိုၿမိဳ႕မွာ စီတန္းေမာင္းႏွင္ခဲ့ၾကတဲ့ သတင္း၊ သီရိလကၤာ ဝန္ႀကီးခ်ဳပ္ကို သမၼတက ရာထူးကေန ထုတ္ပယ္လိုက္တဲ့ သတင္း၊ လက္ရွိ အိုင္ယာလန္ သမၼတ မိုက္ကယ္ဒီဟစ္ဂင္ ဒုတိယသက္တမ္းအတြက္ ျပန္လည္ေ႐ြးေကာက္ခံရတဲ့ သတင္းေတြလည္း ယခုတစ္ပတ္ထဲ ျဖစ္ခဲ့ပါတယ္။

ေၾကာက္စရာ အေမရိကန္ ပါဆယ္ဗုံးလုပ္ႀကံမႈ။

    
ယခုတစ္ပတ္အတြင္း သတင္းေတြထဲမွာ ႏိုင္ငံတစ္ဝန္းရွိ ထရန႔္ ၏ အတိုက္အခံမ်ားနဲ႔ သမၼတေဟာင္းမ်ားထံ ပါဆယ္ဗုံးေတြ ပို႔ေပးလို႔ ၾကားျဖတ္ဟန႔္တားႏိုင္ခဲ့ရာကေန အေမရိကန္တစ္ဝန္း ဒီသတင္းက ဒီတစ္ပတ္မွာ အမ်ားျပည္သူ ဂ႐ုအစိုက္ဆုံး သတင္းျဖစ္ခဲ့ပါတယ္။
    

သမၼတေဟာင္း ဘာရက္ခ္ အိုဘားမား၊ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဟီလာရီ ကလင္တန္ တို႔ အပါအဝင္ ထင္ရွားတဲ့ ပုဂၢိဳလ္တစ္ခ်ိဳ႕ထံ လိပ္မူၿပီး ေပါက္ကြဲေစတတ္တဲ့ ပစၥည္းပါတယ္လို႔ ယုံၾကည္ရတဲ့ မသကၤာဖြယ္ အထုပ္ေတြကို ေပးပို႔လာခဲ့လို႔ သက္ဆိုင္ရာ လုံၿခဳံေရးအထူးတပ္ဖြဲ႕ေတြက ၾကားျဖတ္ေဖာ္ထုတ္ တားဆီးခဲ့ရာမွာ ေပါက္ကြဲတတ္တဲ့ ပါဆယ္ဗုံးေတြကို စစ္ေဆးေတြ႕ရွိခဲ့တာပါ။
ၾကားျဖတ္တားဆီးႏိုင္ခဲ့လို႔ အဲဒီပါဆယ္ထုပ္ ရွစ္ထုပ္စလုံး ေပါက္ကြဲခဲ့ျခင္းမရွိသလို ထိခိုက္ဒဏ္ရာရသူလည္း တစ္ဦးတစ္ေယာက္မွေတာ့ မရွိခဲ့ပါဘူး။FBI ကေတာ့ ခုကိစၥနဲ႔ပတ္သက္လို႔ အၾကမ္းဖက္မႈ လုပ္ရပ္တစ္ခုအျဖစ္ သတ္မွတ္ၿပီး စုံစမ္းစစ္ေဆးမႈေတြကို အားခ်င္းေဆာင္႐ြက္ခဲ့ရာမွာ ပါဆယ္ဗုံး ၁၃ ခုကို စာတိုက္မွတစ္ဆင့္ ေပးပို႔ခဲ့ရာကေန  အမ်ားအျပားကို ဖေလာ္ရီဒါျပည္နယ္မွ ေပးပို႔ခဲ့တာကို စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။ဒီကေန စာအိတ္က လက္ေဗြရာစနစ္ႏွင့္ မ်ိဳးဗီဇ အေထာက္အထားမ်ားတူတဲ့ ဆာေရာ့ ကို  ဖေလာ္ရီဒါျပည္နယ္ ေဖာ္ခြၽတ္ခန္းမတစ္ခု ျပင္ပမွာ ဖမ္းဆီးရမိခဲ့ပါ တယ္။ဆာေရာ့ အေနနဲ႔ အျပစ္ရွိေၾကာင္း ေတြ႕ရွိရပါက ေထာင္ဒဏ္ (၄၈) ႏွစ္အထိ က်ခံရႏိုင္တယ္ ဆိုပါတယ္။သမၼတ ေဒၚနယ္ထရန႔္ ကေတာ့ ရဲတပ္ဖြဲ႕ကို ခ်ီးက်ဴးခဲ့ေပမယ့္ သူ႔ဘက္ကေန ဝင္တိုက္ခိုက္ေပးတဲ့ ဆာေရာ့ အေပၚ စာနာမႈမေပးခဲ့ပါဘူး။

ဆာေရာ့ ကို ဖက္ဒရယ္ျပစ္မႈ ငါးခုႏွင့္ တရားစြဲဆိုထားသလို လ်င္ျမန္စြာေဖာ္ထုတ္ႏိုင္တဲ့ အေမရိကန္ ျပည္ထဲေရးရဲ႕ ေဆာင္႐ြက္ခ်က္က ေလးစားစရာပါ။ဒီလိုျဖစ္ရပ္မ်ိဳး အာရွလိုေဒသမ်ိဳးမွာသာျဖစ္ခဲ့ရင္ မဆီမဆိုင္ေတြ အစုလိုက္အၿပဳံလိုက္ ဖမ္းဆီးၿပီး  စစ္ေဆးဖမ္းဆီးခံရဖြယ္ ရွိေနပါတယ္။

ဒီလို လုပ္ႀကံဖို႔ ႀကိဳးစားတဲ့ ကိစၥသာ ေအာင္ျမင္ခဲ့ရင္ အေမရိကန္မွာ တစ္ကယ့္ႀကီးမားတဲ့ လုပ္ႀကံမႈျဖစ္သလို ေတာ္ေတာ္ေလးလဲ ကေသာင္းကနင္းျဖစ္လာစရာ ရွိပါတယ္။ဒီတစ္ပတ္ထဲ အေမရိကန္နဲ႔ ပတ္သက္တဲ့ သ တင္းေတြျဖစ္တဲ့ အေမရိကန္ႏိုင္ငံ ပစၥဘာ့ဂ္ၿမိဳ႕ရွိ ဂ်ဴးဘုရားေက်ာင္းထဲ ေသနတ္သမားတစ္ဦး ဝင္ေရာက္ပစ္ခတ္လို႔ ၁၁ ဦး ေသဆုံးၿပီး ေျခာက္ဦးဒဏ္ရာရခဲ့တဲ့ သတင္း၊ အေမရိကန္သို႔ ဦးတည္ခ်ီတက္ေနေသာ ဂြာတီမာလာ၊ ဟြန္ဒူးရပ္စ္ႏွင့္ အယ္လ္ဆာေဗးဒိုး ႏိုင္ငံေတြက ႀကီးမားသည့္ ေ႐ႊ႕ေျပာင္းဒုကၡသည္ လူအုပ္ႀကီးေၾကာင့္ အဆိုပါ ၃ ႏိုင္ငံကို  အကူအညီ ျဖတ္ေတာက္မယ္လို႔ သမၼတ ေဒၚနယ္ထရန႔္ က ေျပာလိုက္တဲ့ သတင္းေတြထဲ ထရန႔္ ကို ေထာက္ခံတဲ့သူက ထရန႔္ ကို အတိုက္အခံလုပ္တဲ့ သူေတြကိုခ်ည္းဘဲ ပါဆယ္ဗုံးနဲ႔ ေပးပို႔လုပ္ႀကံတဲ့ သတင္းက ယခုတစ္ပတ္ သတင္းေတြထဲ ထူးျခားတဲ့ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

က်ား/မ ခြဲျခားမႈနဲ႔ အကာအကြယ္မဲ့လာတဲ့ ကေလးငယ္ေတြ။
    

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ ႏိုင္ငံတကာ မူခင္းသတင္းေတြထဲမွာ သတိထားမိတဲ့ သတင္းအခ်ိဳ႕ ရွိခဲ့ပါတယ္။
ဒီသတင္းေတြက တ႐ုတ္ႏိုင္ငံက မူႀကိဳေက်ာင္းထဲမွာ ကစားေနတဲ့ ကေလးေတြကို အမ်ိဳးသမီးတစ္ဦးက ဓားနဲ႔ လိုက္ခုတ္လို႔ ကေလးေတြ ဒဏ္ရာရတဲ့ သတင္းနဲ႔ အိႏၵိယမွာ ဘာသာေရးေက်ာင္းတစ္ခုကို လူအုပ္က ဝင္ေရာက္တိုက္ခိုက္ခဲ့တဲ့ သတင္းေတြဘဲ ျဖစ္ပါတယ္။
    

ေအာက္တိုဘာ ၂၆ ရက္က တ႐ုတ္အလယ္ပိုင္း ခ်ဳံကင္းမူႀကိဳေက်ာင္းတစ္ခုမွာ အမ်ိဳးသမီးတစ္ဦးက ဓားနဲ႔  ကေလးငယ္ေတြကို ရမ္းကားတိုက္ခိုက္မႈတစ္ခု ျဖစ္ခဲ့ပါတယ္။မူႀကိဳကေလးငယ္ေတြက ေဆာ့ကစားၿပီး အတန္းသို႔ ျပန္ခ်ိန္မွာ အသက္ ၃၉ ႏွစ္အ႐ြယ္ အမ်ိဳးသမီးက မီးဖိုေခ်ာင္သုံးဓားတစ္လက္နဲ႔ ကေလးငယ္ေတြကို လိုက္ခုတ္ထစ္ ရန္ျပဳခဲ့ရာမွာ ကေလးငယ္ ၁၄ ဦးထက္မနည္း ဒဏ္ရာရခဲ့တယ္ ဆိုပါတယ္။ေက်ာင္းလုံၿခဳံေရး ဝန္ထမ္းေတြက အဆိုပါအမ်ိဳးသမီးကို ဝိုင္းဝန္းထိန္းခ်ဳပ္ ဖမ္းဆီးခဲ့ပါတယ္။
    

ဒီျဖစ္ရပ္ဟာ ဧၿပီလအတြင္းက ရွန္ဇီးရွိ အလယ္တန္းေက်ာင္းတစ္ခုမွာ ေက်ာင္းသူ၊ ေက်ာင္းသား ၉ ဦး ေသဆုံးခဲ့ရတဲ့ အမ်ိဳးသားတစ္ဦး တိုက္ခိုက္သတ္ျဖတ္မႈအၿပီးမွာ ျဖစ္ခဲ့တဲ့ ျဖစ္ရပ္ျဖစ္ၿပီး ၂၀၁၇ က မူႀကိဳေက်ာင္းတစ္ခု၏ နံရံကို အမ်ိဳးသားတစ္ဦးက ေက်ာ္တက္ကာ ဓားျဖင့္ တိုက္ခိုက္ခဲ့လို႔ ကေလးငယ္ ၁၁ ဦး ဒဏ္ရာရခဲ့တဲ့ ျဖစ္ရပ္အၿပီး တတိယေျမာက္ျဖစ္ရပ္ဘဲ ျဖစ္ပါတယ္။
    

လူဦးေရမ်ားၿပီး ၿပိဳင္ဆိုင္မႈႀကီးမားလို႔ လိုအပ္ခ်က္ေတြေၾကာင့္ လူတိုင္းစိတ္ဖိအားခံေနရတဲ့ တ႐ုတ္ႏိုင္ငံမွာ ယခုလို ျဖစ္ရပ္နဲ႔ ဆင္တူတဲ့ ျဖစ္ရပ္ေတြ မၾကာခဏျဖစ္ေနတာကိုေတြ႕ရၿပီး ဒီလိုျဖစ္ရပ္ေတြ ကမာၻတစ္လႊား မၾကာခဏေတြ႕ရတဲ့အတြက္ သတိထားရမယ့္ ကိစၥတစ္ခုျဖစ္လာပါတယ္။
    

ဒီလိုျဖစ္ရပ္နဲ႔ မတူေပမယ့္ အခုေနာက္ပိုင္းကာလေတြမွာ ျမင့္တက္လာတဲ့ လူမ်ိဳးခြဲျခားမႈ၊ ဘာသာခြဲျခားမႈေတြထဲ ထူးျခားတဲ့ ခြဲျခားမႈျဖစ္တဲ့ က်ား၊ မ ခြဲျခားမႈနဲ႔ သက္ဆိုင္တဲ့ လူအုပ္နဲ႔ အၾကမ္းဖက္မႈ ျဖစ္ရပ္တစ္ခုက အိႏၵိယႏိုင္ငံမွာ ေအာက္တိုဘာ ၂၇ ရက္က ျဖစ္ခဲ့ပါတယ္။
    

မၾကာခင္က ဘုရားေက်ာင္းအတြင္း ဝင္ခြင့္ကို ကာလရွည္တားျမစ္ထားတာ အဆုံးသတ္ဖို႔ ႏိုင္ငံေတာ္တရား႐ုံးက ၿပီးခဲ့တဲ့ ရက္ပိုင္းက ဆုံးျဖတ္ခဲ့ၿပီးေနာက္ပိုင္းမွာ  အိႏၵိယႏိုင္ငံတစ္ဝန္းမွာ ဒီလို ဆုံးျဖတ္ခ်က္ကို အမ်ိဳးသားေတြဘက္က ဆန႔္က်င္မႈေတြရွိခဲ့ၿပီး ဆာဘရီမာလာ ဘုရားေက်ာင္းမွာ အမ်ိဳးသမီးမ်ား ဝတ္မျပဳေရးတားဆီးဖို႔ ဆႏၵျပခဲ့တဲ့သူေတြကို ဖမ္းဆီးတာေတြ ရွိခဲ့ပါတယ္။ဒီေနာက္ပိုင္းမွာ အဆိုပါ တရား႐ုံးဆုံးျဖတ္ခ်က္ကို ေထာက္ခံတဲ့ တရားေဟာဆရာတစ္ဦး တည္ေထာင္ေသာ ေတာင္ပိုင္းၿမိဳ႕ သီရိဝနသာပူရမ္ရွိ ဘာသာေရး အေဆာက္အအုံတစ္ခုကို ဟိႏၵဴအစြန္းေရာက္မ်ားက ေအာက္တိုဘာ ၂၇ ရက္က တိုက္ခိုက္ခဲ့တာပါ။ယင္းတိုက္ခိုက္မႈမွာ ဘာသာေရး အေဆာက္အအုံ အျပင္ဘက္မွာ ရပ္ထားတဲ့ ကားႏွစ္စီးႏွင့္ စကူတာတစ္စီးကို မီးရႈိ႕ ဖ်က္ဆီးခဲ့သလို ယုံၾကည္သက္ဝင္သူ အမ်ိဳးသမီးမ်ားႏွင့္ ရဲတပ္ဖြဲ႕ကို တိုက္ခိုက္မႈေတြ ရွိခဲ့ပါတယ္။
    

ဒီျဖစ္ရပ္က အိႏၵိယလို ဇာတ္ျမင့္ ဇာတ္နိမ့္ ခြဲျခားမႈျပင္းထန္တဲ့ ဒီမိုကေရစီႏိုင္ငံႀကီးမွာ ဘာသာေရးမွာ က်ား/မ ခြဲျခားမႈ ျပင္းထန္တာက သတိထားဖြယ္ ျဖစ္ပါတယ္။
    

ဒီသတင္းႏွစ္ခုက ယခုတစ္ပတ္အတြင္း မေတာ္တဆျဖစ္ရပ္ သတင္းေတြ၊ ထူးဆန္းတဲ့ သတင္းေတြ ျဖစ္တဲ့ အီတလီႏိုင္ငံ ေရာမၿမိဳ႕လယ္က ေျမေအာက္ဘူတာ႐ုံတစ္ခုမွာ စက္ေလွကားၿပိဳက်လို႔ လူႏွစ္ဆယ္ေက်ာ္ ဒဏ္ရာရတဲ့ သတင္း၊ လက္စတာအသင္း ပိုင္ရွင္ႏွင့္ ထိုင္းလုပ္ငန္းရွင္ သူေဌးႀကီး ဗီခ်ိဳင္း ပါတဲ့ ရဟတ္ယာဥ္ လက္စတာ အိမ္ကြင္း King Power အျပင္ဘက္မွာ ပ်က္က်တဲ့ သတင္း၊ ကမာၻ႔အျမင့္ဆုံး႐ုပ္တုျဖစ္တဲ့ ၅၉၇ ေပ ျမင့္တဲ့ အိႏၵိယ လြတ္လပ္ေရးေခါင္းေဆာင္ ဆာဒါဗယ္လာဘာဟိုင္ ပေတး ၏ ေအာက္ေမ့ဖြယ္႐ုပ္တုႀကီးကို ေအာက္တိုဘာ ၃၁ ရက္မွာ ဖြင့္လွစ္မယ့္ သတင္း၊ အင္ဒိုနီးရွားႏိုင္ငံ ဒုတိယအႀကီးဆုံးၿမိဳ႕ ဆူရာဘာယာမွာ ပလတ္စတစ္ဘူးခြံေတြနဲ႔ ဘတ္စ္ကားခ ေပးေခ်ႏိုင္တဲ့ သတင္း၊ သစ္ပင္ေပၚရွိ ေမ်ာက္အုပ္စုက အုတ္ခဲျဖင့္ ဝိုင္းေပါက္လို႔ အသက္ (၇၂) ႏွစ္အ႐ြယ္ အိႏၵိယ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့တဲ့သတင္း၊ အိႏၵိယႏိုင္ငံ၊ ဥတၱရပေဒသ ျပည္နယ္ရွိ လယ္သမား အေယာက္ ၈၅၀ ေက်ာ္အတြက္ အေႂကြးဆပ္ေပးမယ္လို႔ ကမာၻေက်ာ္ ဝါရင့္မင္းသားႀကီး အမီတာဘဂ်မ္း က ထုတ္ျပန္ေၾကညာလိုက္တဲ့ သတင္း၊ ေဘဂ်င္း အေျခစိုက္ Landspace ကုမၸဏီက တီထြင္ဖန္တီးထားေသာ အဆင့္ (၃) ဆင့္ပါ ဒုံးပ်ံယာဥ္ Zhuque-1 ၿဂိဳဟ္ပတ္လမ္းေၾကာင္းထဲ မေရာက္ခင္ ပ်က္က်ခဲ့တဲ့ သတင္း၊ ႏွစ္သက္တမ္းေပါင္း ၂,၄၀၀ ေက်ာ္ၾကာ ရွိၿပီျဖစ္တဲ့ ေရွးေဟာင္း ဂရိကုန္သေဘၤာတစ္စင္းကို ပင္လယ္နက္ (Black Sea) ၾကမ္းျပင္ အာက္မွာ ရွာေဖြေတြ႕ရွိခဲ့တဲ့ သတင္းေတြထဲ သိသိသာသာ ထူးျခားတဲ့ သတင္းေတြ ျဖစ္ေနပါတယ္။

အာရွစစ္ေရးနဲ႔ တ႐ုတ္ရဲ႕ စစ္ေရးသတိ။

    
ယခုတစ္ပတ္ ႏိုင္ငံတကာ စစ္ေရးသတင္းေတြထဲမွာ တ႐ုတ္ႏိုင္ငံနဲ႔ဆိုင္တဲ့ သတင္းေတြက ႏိုင္ငံတကာက သတိထားမိတဲ့အထိ ထူးျခားခဲ့ပါတယ္။ေတာင္တ႐ုတ္ပင္လယ္က စပရတ္လီကြၽန္းစုအေရးနဲ႔ ပတ္သက္ၿပီး အာဆီယံႏိုင္ငံမ်ားနဲ႔ တင္းမာမႈေတြ ရွိခဲ့တဲ့ တ႐ုတ္ႏိုင္ငံဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၂၂ ရက္က တ႐ုတ္ႏိုင္ငံ ေတာင္ပိုင္း ဇန္ဂ်င္းၿမိဳ႕ အာဆီယံႏိုင္ငံမ်ားနဲ႔ ပူးတြဲေရတပ္ေလ့က်င္ေရးကို ျပဳလုပ္ခဲ့ပါတယ္။
    

ေျခာက္ရက္ၾကာမယ့္ ကာလအတြင္း အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံမ်ားမွ ေရတပ္မ်ားႏွင့္ တ႐ုတ္ေရတပ္သည္ ဂြမ္ေဒါင္းျပည္နယ္ ကမ္းလြန္ေရျပင္မွာ ေျမျပင္ကြင္းဆင္း ေလ့က်င့္မႈဟာ ထရန႔္ လက္ထက္ မွန္းဆလို႔မရႏိုင္တဲ့ အေမရိကန္ရဲ႕ စစ္ေရးနဲ႔ ႏိုင္ငံေရးဆိုင္ရာ ဗ်ဴဟာေတြကို တုံ႔ျပန္ဖို႔ အာဆီယံနဲ႔ ျပန္အေစးကပ္ဖို႔  တ႐ုတ္အေနနဲ႔ ဗ်ဴဟာေျပာင္းလဲ က်င့္သုံးျပန္ၿပီး ခ်ည္းကပ္လာတာ ျဖစ္သလို လာမည့္ႏွစ္မွာ အာဆီယံနဲ႔ အေမရိကန္ ပူးတြဲစစ္ေရးေလ့က်င့္ဖို႔ ရွိေနတဲ့အတြက္ အာရွေဒသမွာ စစ္ဘက္ဆိုင္ရာ ထိပ္တိုက္ေတြ႕ဆုံမႈမ်ား မျဖစ္ေစေရးအတြက္ အာဆီယံနဲ႔ တ႐ုတ္တို႔က ႀကိဳးပမ္းျခင္းလည္း ျဖစ္ပါတယ္။

ဒီရက္ထဲမွာဘဲ ထူးျခားမႈအေနနဲ႔ တ႐ုတ္ရဲ႕ ကာလရွည္ခါးသီးတဲ့ ရန္ဘက္ေတြျဖစ္ခဲ့တဲ့ ဂ်ပန္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘး က ရွားရွားပါးပါး ခရီးစဥ္အျဖစ္ ေအာက္တိုဘာ ၂၆ ရက္ တ႐ုတ္ႏိုင္ငံကို လာေရာက္ခဲ့ပါတယ္။ဂ်ပန္ဝန္ႀကီးခ်ဳပ္ရဲ႕ ခရီးစဥ္ကို ျပည္သူ႔မဟာခန္းမေဆာင္ အျပင္ဖက္မွာ ဂ်ပန္အလံလႊင့္ထူၿပီး တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီခခ်န္ က ႀကိဳဆိုခဲ့သလို ႏွစ္ႏိုင္ငံၾကား အေမရိကန္ေဒၚလာ ၂ ဒႆမ ၆ ဘီလီယံဖိုးရွိ စီးပြားေရး သေဘာတူညီမႈေတြကို ခ်ဳပ္ဆိုႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။ေဒၚနယ္ထရန႔္ ရဲ႕ ကုန္သြယ္ေရးစိန္ေခၚမႈေတြကို ႏွစ္ႏိုင္ငံ ႀကဳံေနရခ်ိန္မွာ အာရွရဲ႕ စီးပြားေရးအႀကီးဆုံး ႏွစ္ႏိုင္ငံဟာ ဆက္ဆံေရး တိုးတက္ေကာင္းမြန္လာခဲ့တာကို ေတြ႕ရပါတယ္။

ဒီအေတာအတြင္းမွာဘဲ တ႐ုတ္သမၼတ ရွီက်င့္ဖိန္ က ဂြမ္ေဒါင္းျပည္နယ္ အလည္အပတ္ခရီးစဥ္အတြင္း ေတာင္တ႐ုတ္ပင္လယ္ ျပႆနာနဲ႔  ထိုင္ဝမ္ကြၽန္း ျပႆနာေတြနဲ႔ ပတ္သက္ၿပီး တာဝန္ယူထားတဲ့ တပ္ေတြကို လိုအပ္တဲ့ ျပင္ဆင္မႈေတြလုပ္ထားဖို႔ ၫႊန္ၾကားခဲ့တာ ေတြ႕ရပါတယ္။မၾကာေသးခင္က အဲဒီေဒသမွာ အေမရိကန္နဲ႔ ၿဗိတိန္ ေရတပ္သေဘၤာေတြနဲ႔ မၾကာခဏထိပ္တိုက္ေတြ႕တာေတြ ရွိေနသလို ထိုင္ဝမ္ကြၽန္း ျပႆနာမွာ အေမရိကန္က လက္နက္ေရာင္းခ်မႈေတြ ရွိေနတဲ့အတြက္ တ႐ုတ္အေနနဲ႔ ဒီျပႆနာက သတိထားကိုင္တြယ္ေနရတဲ့ အေနအထား ျဖစ္ေနပါတ
ယ္။

ဒီၾကားထဲမွာ အေမရိကန္က တာလတ္ န်ဴကလီးယား လက္နက္ထိန္းခ်ဳပ္ေရး စာခ်ဳပ္ကေန ႏုတ္ထြက္ဖို႔ ရွိေနတဲ့အတြက္ လက္နက္ၿပိဳင္ဆိုင္မႈနဲ႔ စစ္ေရးတင္းမာမႈေတြ ျပန္ျဖစ္လာတဲ့အတြက္ အာရွေဒသက စစ္မက္အတြက္ သတိထားစရာ ေနရာေဒသ ျဖစ္လာပါတယ္။

အာရွေဒသမွာ တ႐ုတ္နဲ႔ အေမရိကန္ၾကား ေတာင္တ႐ုတ္ပင္လယ္နဲ႔ ထိုင္ဝမ္ကြၽန္း ျပႆနာေတြေၾကာင့္ တင္းမာမႈျဖစ္ေနသလို ဥေရာပမွာလည္း ႐ုရွားနဲ႔ အေမရိကန္၊ ႐ုရွားနဲ႔ ေနတိုးၾကား စစ္ေအးေခတ္ေနာက္ပိုင္း တင္းမာမႈအျမင့္ဆုံး ျဖစ္လာေနပါတယ္။ယူကရိန္းပိုင္ ခ႐ိုင္းမီးယား ေဒသကို ႐ုရွားက သိမ္းယူၿပီးေနာက္ပိုင္း ႐ုရွားႏွင့္ အေနာက္အုပ္စု ႏိုင္ငံမ်ားၾကား တင္းမာမႈသည္ စစ္ေအးေခတ္အလြန္တြင္ အျပင္းထန္ဆုံး အဆင့္ထိ ျမင့္တက္လာရာမွာ မၾကာခင္က NATO အဖြဲ႕ဝင္ ႏိုင္ငံမ်ားအနီး ေရျပင္ေတြမွာ ႐ုရွား ေရငုပ္သေဘၤာေတြကို မၾကာခဏေတြ႕ေနရလို႔ဆိုၿပီး  NATO မဟာမိတ္တပ္ဖြဲ႕က အတၱလႏၲိတ္သမုဒၵရာ ေျမာက္ပိုင္းႏွင့္ အာတိတ္သမုဒၵရာထဲမွာ ျဖန႔္က်က္ရွာေဖြေနၾကပါတယ္။

ဒီၾကားထဲမွာ ေနတိုးအဖြဲ႕က Trident Juncture စစ္ေရးေလ့က်င့္မႈျပဳလုပ္ခဲ့ၿပီး စစ္သည္ ငါးေသာင္းႏွင့္ ၾကည္းတပ္သုံး စစ္ယာဥ္ တစ္ေသာင္းေက်ာ္၊ ေလယာဥ္ ႏွစ္ရာ့ငါးဆယ္ေက်ာ္ႏွင့္ ေရယာဥ္ ေျခာက္ဆယ္ေက်ာ္ ပါဝင္ခဲ့သလို အေမရိကန္ ေလယာဥ္တင္ သေဘၤာႀကီးတစ္စီးလည္း ပါဝင္ခဲ့ပါတယ္။ဒီအေနအထားက ဥေရာပမွာပါ လက္နက္ၿပိဳင္ဆိုင္မႈေတြ ျဖစ္လာဖို႔ရွိေနပါတယ္။NATO ကေတာ့ ဒီလိုေလ့က်င့္မႈကေန ႐ုရွားရဲ႕ ေရငုပ္သေဘၤာေတြ ေျခရႈပ္ေနတာကို ဟန႔္ဖို႔ ရည္႐ြယ္ထားတဲ့ သေဘာလည္း ပါဟန္တူပါတယ္။

႐ုရွားႏိုင္ငံက ေျမျပင္ပစ္ SSC-8 ပဲ့ထိန္းဒုံးက်ည္ ထုတ္လုပ္ရန္ ဆုံးျဖတ္ခဲ့လို႔ အေမရိကန္က ႐ုရွားနဲ႔ သေဘာတူညီခ်က္ျဖစ္တဲ့ တာလတ္ပစ္ န်ဴတပ္ဖြဲ႕မ်ား (INF) သေဘာတူညီခ်က္ကေန ႏုတ္ထြက္မယ္ ေျပာခဲ့တဲ့အတြက္ ယခု ႐ုရွားေရငုပ္သေဘၤာ ျဖစ္ရပ္ေတြေၾကာင့္ ဥေရာပမွာ အေမရိကန္က န်ဴလက္နက္အသစ္ေတြ ခ်ထားဖို႔ရွိေနတယ္လို႔ ခန႔္မွန္းမႈေတြလည္း ရွိေနပါတယ္။ဒါေပမယ့္ ေနတိုးအဖြဲ႕ အတြင္းေရးမႉးခ်ဳပ္ ဂ်န္စတိုတင္ ဘာ့ဂ္ ကေတာ့ ဒီလိုထပ္မံခ်ထားဖြယ္မရွိဘူး ဆိုပါတယ္။

ဒီလို စစ္ေရးတင္းမာမႈ သတင္းေတြက ကမာၻတစ္ဝန္းက ျပည္သူေတြအတြက္ စိတ္မခ်မ္းေျမ့ဖြယ္ သတင္းေတြျဖစ္သလို သတိထားေစာင့္ၾကည့္ရမယ့္ သတင္းေတြလည္း ျဖစ္ပါတယ္။

တိုက္ခိုက္မႈေတြနဲ႔ အေရွ႕အလယ္ပိုင္း။
    

ယခုတစ္ပတ္ထဲ အေရွ႕အလယ္ပိုင္းေဒသမွာ အာရပ္အၾကမ္းဖက္သမားေတြ၊ ပါလက္စတိုင္းက ဟားမတ္စ္ေတြနဲ႔  အစၥလာမ္ဂ်ီဟတ္အဖြဲ႕ေတြရဲ႕ တိုက္ခိုက္မႈေတြ၊ အေသခံဗုံးခြဲမႈေတြနဲ႔ အစၥေရးဘက္က တုံ႔ျပန္မႈေတြ ျဖစ္ခဲ့ပါတယ္။

    
အေစာဆုံး တင္ျပခ်င္တဲ့ သတင္းျဖစ္တဲ့ အီရတ္ႏိုင္ငံ ေျမာက္ပိုင္းက မိုဆူးလ္ၿမိဳ႕အနီး ေဈးတစ္ခုမွာ အေသခံ ကားဗုံးခြဲမႈတစ္ခုမွာ ေအာက္တိုဘာ ၂၃ ရက္ကျဖစ္ခဲ့လို႔  လူေျခာက္ဦး ေသဆုံးကာ  ၃၀ ေက်ာ္ ဒဏ္ရာရခဲ့ပါတယ္။ယခုတိုက္ခိုက္မႈက ဘယ္အဖြဲ႕အစည္းရဲ႕လက္ခ်က္ဆိုတာ မသိရေပမယ့္ အိုင္အက္စ္လက္ခ်က္လို႔ မွန္းဆမႈေတြ ရွိေနပါတယ္။
    

ဒီရက္ထဲမွာဘဲ အစၥေရးနဲ႔ ပါလက္စတိုင္းၾကား ပဋိပကၡက ျပင္းလာပါတယ္။ဟားမတ္စ္ေတြက  နယ္စပ္ဆႏၵျပပြဲမွာ  အစၥေရးတပ္ဖြဲ႕ဝင္မ်ား လက္ခ်က္နဲ႔ ပါလက္စတိုင္းေလးဦး ေသဆုံးမႈကို လက္တုံ႔ျပန္တဲ့အေနနဲ႔  အစၥေရးဘက္ကို ဒုံးက်ည္ေတြ ပစ္ခတ္ခဲ့ပါတယ္။အစၥေရးဘက္ကလည္း လက္တုံ႔ျပန္တဲ့အေနနဲ႔ အစၥေရးတပ္ေတြဟာ ဂါဇာမွာရွိတဲ့ ဟားမတ္စ္နဲ႔ အစၥလာမၼစ္ ဂ်ီဟတ္အဖြဲ႕ေတြရဲ႕ တည္ေနရာေတြကို ေလေၾကာင္းထိုးစစ္ ဆင္ႏႊဲခဲ့ပါတယ္။အစၥေရး တိုက္ေလယာဥ္ေတြဟာ ယင္းဂါဇာကမ္းေျမႇာင္ေဒသ ေျမာက္ပိုင္းက စစ္ဘက္အေဆာက္အအုံတစ္ခု၊ ေလ့က်င့္ေရး အေဆာက္အအုံတစ္ခု၊ လက္နက္ခဲယမ္း ထုတ္လုပ္ရာနဲ႔ သိုေလွာင္ရာ ေနရာတစ္ခုတို႔ကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့ပါတယ္။
ဟားမားစ္ေတြကေတာ့ အစၥေရးတို႔ရဲ႕ တိုက္ခိုက္မႈေတြအတြင္း လူေသဆုံးမႈ လုံးဝမရွိခဲ့ဘူးလို႔ ဆိုပါတယ္။
    

ဒီလို အျပန္အလွန္ တုံ႔ျပန္မႈေတြက အီဂ်စ္ႏိုင္ငံက ၾကားဝင္ေစ့စပ္ေပးေသာ ယာယီအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ေၾကာင့္ လေပါင္းမ်ားစြာ ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္မႈက ေအာက္တိုဘာ ၂၇ ရက္မွာ ယာယီဆိတ္ၿငိမ္ခဲ့ပါတယ္။ဂါဇာေဒသ တည္ၿငိမ္မႈရရွိဖို႔  အီဂ်စ္က အစၥေရးနဲ႔ ပါလက္စတိုင္း ေခါင္းေဆာင္ေတြနဲ႔  ေဆြးေႏြးညႇိႏႈိင္းေနေပမယ့္ ထုံးစံအတိုင္း ႏွစ္ဘက္လုံးက ဒီကာလမွာ ေနာက္ပြဲအတြက္ ျပင္ဆင္ၾကတဲ့အတြက္ ဒီယာယီအပစ္အခတ္ရပ္စဲေရးက မၾကာခင္ပ်က္ျပယ္ဖြယ္ ရွိေနပါတယ္။

    
ဂါဇာလိုဘဲ ဆီးရီးယား ျပည္တြင္းစစ္နဲ႔ ပတ္သက္ၿပီး ေနာက္ဆုံးမဟာမိတ္ေတြ ေထာက္ခံတဲ့ ဆီးရီးယား သူပုန္ေတြ သိမ္းပိုက္ထားတဲ့ အီဒလစ္ျပည္နယ္အတြက္နဲ႔ ပတ္သက္ၿပီး တူရကီ၊ ႐ုရွား၊ ျပင္သစ္ႏွင့္ ဂ်ာမနီ ေခါင္းေဆာင္မ်ား ထိပ္သီးေတြ႕ဆုံရာမွာ အဆိုပါေခါင္းေဆာင္ေတြက အပစ္အခတ္ ရပ္စဲေရး ဆက္လက္ထိန္းသိမ္းထားရန္ ေတာင္းဆိုခဲ့ပါတယ္။
ဆီးရီးယား သမၼတ ဘာရွာအာဆတ္ အစိုးရကို ေထာက္ပံ့ေနတဲ့ ႐ုရွားရယ္၊ သူပုန္ေတြကို ေက်ာေထာက္ေနာက္ခံျပဳတဲ့ တူရကီရယ္ဟာ အိုင္လစ္ဘ္ျပည္နယ္တစ္ဝန္းမွာ အပစ္မဲ့ဇုန္ ဖန္တီးေရးကို သေဘာတူခဲ့ေပမယ့္ စစ္ေရးအရ သူပုန္ေတြဘက္က စစ္ေရးနိမ့္ပါးေနတဲ့အတြက္ အပစ္ခတ္မဲ့ဇုန္ ဖန္တီးေရးက သူပုန္ေတြအတြက္ အသက္ရႈေပါက္ျဖစ္လာဖြယ္ ရွိေနပါတယ္။
    

ဒီလိုရႈပ္ေထြးတဲ့ ရက္ေတြထဲမွာဘဲ အေရွ႕အလယ္ပိုင္းမွာ ၾသဇာႀကီးလာတဲ့ အီရန္က သူ႔ရဲ႕ အစိုးရ အဖြဲ႕ကို အေျပာင္းအလဲ လုပ္ခဲ့ပါတယ္။အဓိကအားျဖင့္ မတည္ၿငိမ္တဲ့ စီးပြားေရးက႑အတြက္ ဝန္ႀကီးအေျပာင္းအလဲ လုပ္ခဲ့သလို ဝန္ႀကီးအသစ္ေတြကိုလည္း ခန႔္အပ္ခဲ့တာေတြ ရွိပါတယ္။အီရန္နဲ႔ ၾသဇာအာဏာၿပိဳင္ေနရတဲ့ ေဆာ္ဒီကေတာ့ သတင္းေထာက္ ခါရႈိဂ်ီ သတ္ျဖတ္ခံရမႈရဲ႕ တရားခံ ၁၈ ဦးကို ႏိုင္ငံလႊဲေျပာင္းေပးအပ္ဖို႔ တူရကီရဲ႕ ေတာင္းဆိုခ်က္ကို ျငင္းဆန္လိုက္တဲ့အတြက္ တူရကီနဲ႔ ေဆာ္ဒီၾကား ပဋိပကၡက ပိုျပင္းလာဖြယ္ ရွိေနပါတယ္။
    

လိပ္ခဲတည္းလည္း အေရွ႕အလယ္ပိုင္းေဒသရဲ႕ အေျခအေနက တစ္ေန႔တစ္မ်ိဳး မ႐ိုးရေအာင္ ျဖစ္ပ်က္ေနသလို အၾကမ္းဖက္မႈေတြကရဲ႕ ဇာစ္ျမစ္ ဒီေဒသမွာ အရပ္သားေသဆုံးမႈကလည္း ေၾကာက္ခမ္းလိလိ ရွိေနတဲ့အတြက္ ႐ုရွားနဲ႔ အေမရိကန္ ပါဝါကစားေနတဲ့ ဒီေဒသမွာ ဘာေတြျဖစ္လာဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္တယ္ဆိုတာ တင္ျပရင္း ဒီတစ္ပတ္ ႏိုင္ငံတကာသင္း သုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ေအာက္တိုဘာ - ၂၉