【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ထရမ့် ဖန်တီးတဲ့ အမေရိကန် နိုင်ငံရေးအကျပ်အတည်း

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ထရမ့် ဖန်တီးတဲ့ အမေရိကန် နိုင်ငံရေးအကျပ်အတည်း

ယခုတစ်ပတ် နိုင်ငံတကာမှာဖြစ်ခဲ့တဲ့ သတင်းတွေများစွာ ရှိခဲ့ပါတယ်။ဒီသတင်းတွေထဲမှာ စိတ်ဝင်စားဖွယ်ရာ စီးပွားရေးနဲ့ဆိုင်တဲ့ သတင်းဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ကုန်တင်ပို့မှု ၂ နှစ်တာ ကာလအတွင်း အနိမ့်ဆုံးလျော့ကျခဲ့တဲ့ သတင်း၊ Renault ကုမ္ပဏီနှင့် Nissan ကုမ္ပဏီတို့ကို ပေါင်းစည်းပြီး တစ်ခုတည်းသော ကုမ္ပဏီကြီးအဖြစ် ထူထောင်ရန် ကြိုးပမ်းမယ့် သတင်း၊ နိုင်ငံရေးသတင်းဖြစ်တဲ့ ကွန်ဂိုသမ္မတ ရွေးကောက်ပွဲမှာ အတိုက်အခံ ကိုယ်စားလှယ်လောင်း ဖီးလစ်တီရှီဆီကီဒီ ၏ အနိုင်ရမှုကို ကွန်ဂို ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက အတည်ပြုထောက်ခံခဲ့တဲ့ သတင်း၊ လူထုလှုပ်ရှားမှု သတင်းတွေဖြစ်တဲ့ အစ္စရေး ကျောင်းသူတစ်ဦး သတ်ဖြတ်ခံရလို့  ဩစတြေးလျမြို့ကြီးများ တစ်ဝန်းမှာ အမျိုးသမီးများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လူထောင်ပေါင်းများစွာ ချီတက်တောင်းဆိုခဲ့ကြတဲ့ သတင်း၊ ဇင်ဘာဘွေနိုင်ငံမှာ လောင်စာဆီ ဈေးတက်လို့ ဆန့်ကျင်ဆန္ဒပြတဲ့ လူရာပေါင်းများစွာကို ဖမ်းဆီးထားတဲ့ သတင်း စတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။
    
ဒီလိုသတင်းတွေထဲမှာ ဗန်ကောက် လေထုအရည်အသွေး ကျဆင်းတဲ့ သတင်း၊ ရေနံပိုက်လိုင်း ပေါက်ကွဲလို့ လူ ၇၀ ကျော် သေခဲ့တဲ့ မက္ကဆီကိုမှာ သမ္မတဟောင်းက မူးယစ်ရာဇာဆီကနေ ဒေါ်လာသန်း ၁၀၀ လာဘ်စားခဲ့တယ်လို့ ဖော်ခဲ့တဲ့ သတင်း၊ အမေရိကန်တပ်တွေ ထွက်ခါနီးမှာ ဖြစ်လာတဲ့ ဆီးရီးယား ပြည်တွင်းအခြေအနေ သတင်း၊ အင်ဒိုနီးရှားမှာ အမျိုးသမီးတစ်ဦး တရားမဝင် သူမွေးထားတဲ့ မိကျောင်းက ကိုက်သတ်စားတာကို ခံလိုက်ရတဲ့ သတင်း၊ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီ ရဲ့ ခရီးစဉ်မှာ စစ်ဘက်လေယာဉ်မသုံးဖို့ ထရမ့် က တားမြစ်ခဲ့လို့ အမေရိကန် သမ္မတနဲ့ လွှတ်တော်ကြား တင်းမာမှု ပိုမြင့်တက်လာတဲ့ သတင်းတွေက ယခုတစ်ပတ် သတင်းတွေထဲ ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဗန်ကောက်ရဲ့ လေထုစစ်ဇကာ ဘရာစီယာ

ယခုတစ်ပတ် ရာသီဥတုနဲ့ ဆိုင်တဲ့ သတင်းတွေထဲမှာ ဗန်ကောက်လေထုအရည်အသွေးကျဆင်းတဲ့ သတင်းကကမ္ဘာ့ထိပ်တန်းသတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

သီတင်းပတ်များစွာဘန်ကောက်မြို့ကိုဖုံးလွှမ်းနေတဲ့ လေထုညစ်ညမ်းမှုကိုကိုင်တွယ်ဖြေရှင်းဖို့ ထိုင်း အာဏာပိုင်တွေက ကြိုးပမ်းအားထုတ်နေရာမှာထိုင်းအာဏပိုင်တွေကမိုးတိမ်များဖန်တီးပြီးမိုးရွာချစေဖို့ စဉ်းစား လာကျပါတယ်။ လေထုထဲမိုးတိမ်များငွေ့ရည်ဖွဲ့ရေးအထောက်အပံ့ ဖြစ်စေတဲ့ ဓာတုပစ္စည်းများကိုဖျန်းပက်ပေး မယ့် မိုးတုလုပ်လေယာဉ်များပျံသန်းစေပြီးမိုးရွာချစေဖို့စဉ်းစားနေကြတာပါ။

ရိုးပြတ်လယ်ကွင်းများကိုမီးရှို့ ခြင်း၊ စက်ရုံ၊ အလုပ်ရုံများမှ ညစ် ညမ်းမှုများနှင့် ဘန်ကောက်မြို့ရှိ ကား များမှ ထုတ်လွှတ်သောမီးခိုးငွေ့တွေကြောင့် ကမ္ဘာပေါ်မှာဒသမမြောက် လေထုညစ် ညမ်းဆုံး မြို့ဖြစ်တဲ့ ဘန် ကောက်မြို့ရဲ့ လေထုညစ်ညမ်းမှုကြောင့် လက်ရှိမှာလူမှုမီဒီယာနှင့် ရုပ်သံလိုင်းတွေကနေလတ်တလော သီ တင်းပတ် များအတွင်းအိမ်ပြင်မထွက်ရန် တိုက်တွန်းထားပါတယ်။ အပြင်ထွက်ရင် maskလို့ ခေါ်တဲ့ နှာခေါင်း ကာကိုတပ်ပြီးသွားလာဖို့ ဆော်သြထားရာမှာ  နှာခေါင်းစည်းတွေ ပြတ်လပ်ပြီးအမျိုးသမီးသုံးဘရာစီယာကိုပါ မျက်နှာဖုံးအထိသုံးလာရတဲ့ အထိဗန်ကောက်ရဲ့ လေထုအခြေအနေကအတော်လေးကိုဆိုးရွားနေပါတယ်။

လေထုညစ် ညမ်းမှု လျှော့ချရေးအထောက်အကူဖြစ်စေရန် ဘန်ကောက်မြို့ စည်ပင်သာယာ ဝန်ထမ်း တွေကလမ်းတွေနဲ့ လေထဲသို့ ရေများဖျန်းပက်ပေးခဲ့ပြီးအစိုးရကမိုးတုရွာစေဖို့ ကြံဆောင်နေပေမယ့် အဓိက အကြောင်းဖြစ်တဲ့ စက်ရုံတွေ၊မီးရှို့မှုတွေကိုမထိန်းနိုင်သေးတဲ့ အတွက် ဘန်ကောက် လေထုပြဿနာ က မိုးတုရွာတာနဲ့ အဆင်ပြေမပြေဆက်စောင့်ကြည်ရဦးမှာဖြစ်ပါတယ်။

ဒီသတင်းကယခုတစ်ပတ် သဘာဝဘေးသတင်းတွေဖြစ်တဲ့ ဂျပန်နိုင်ငံတောင်ပိုင်း ကျွန်းငယ်တစ်ခု ပေါ်ကမီးတောင်တစ်ခုဇန်နဝါရီ ၁၇ ရက်ကပေါက်ကွဲခဲ့တဲ့ သတင်း၊ရာသီဥတုပူပြင်းလို့ ဘရာဇီးနိုင်ငံ ရီယိုဒီ ဂျနေးရိုး မြို့က တိရိစ္ဆာန်ရုံမှာရှိတဲ့ တိရိစ္ဆာန်တွေကိုအပူဒဏ်သက်သာရာရစေဖို့ အေးခဲစားစရာတွေ အမျိုးမျိုး ဖန်တီးကျွေးမွေးပေးနေရတဲ့ သတင်းစတဲ့ သတင်းတွေထဲ ထူးထူးခြားခြားသတိပြုစရာသတင်း တစ်ပုဒ်ဖြစ်ခဲ့ ပါတယ်။

မူးယစ်ရာဇာဆီက လာဘ်စားတဲ့ သမ္မတ

ယခုတစ်ပတ်နိုင်ငံတကာ သတင်းတွေထဲမှာ မတော်တဆဖြစ်ပြီး ထိခိုက်သေကြေကျတဲ့ သတင်း တွေ က ထိပ်တန်းသတင်းဖြစ်ခဲ့ပါတယ်။ ဒီသတင်းတွေထဲမှာ မူးယစ်ရာဇာဆီကနေ နိုင်ငံရဲ့အထွဋ်အထိပ်ဖြစ်တဲ့ သမ္မတ က လာဘ်စားခဲ့တဲ့ လက်တင်အမေရိကနိုင်ငံတစ်ခုကသတင်းက ယခုတစ်ပတ် သတင်းတွေထဲ စိတ်ဝင်စားဖို့ အကောင်းဆုံးသတင်းဖြစ်ခဲ့ပါတယ်။

၂၅ နှစ်အတွင်း အမေရိကန်ဆီ ကိုကင်းတန်ချိန်  ၁၅၅ တန် မှောင်ခိုကုန်ကူးခဲ့တယ်လို့ အမေရိကန် တရားရုံးမှာ ကို မူးယစ်ကုန်ကူးမှုနဲ့ ဖမ်းဆီးတရားစွဆြိုခံထားရတဲ့ မက္ကဆီကို မူးယစ်ရာဇာ နေတဲ့ အယ်လ်ချာပို အမှုကို စစ်ဆေးနေရာမှာ စစ်ဆေးနေတဲ့ အယ်လ်ချာပိုရဲ့ မူးယစ်ဂိုဏ်းသားတစ်ဦးက ဖော်ကောင်လုပ်ပြီး မူးယစ်ရာဇာလာဘ်ထိုးတဲ့ ဒေါ်လာ သန်း၁၀၀ ကို မက္ကဆီကို သမ္မတဟောင်း အန်းရီကေးပီညာနဲတိုးက ယူ ခဲ့တယ်လို့ ဖော်ထုတ်ခဲ့ပါတယ်။

အသက် ၆၁ နှစ် ရှိနေပြီဖြစ်တဲ့ မူးယစ်ရာဇာအယ်လ်ချာပိုကို အမေရိကန်က သူရဲ့ လုံခြုံစိတ်ချရဆုံး ထောင်မှာ ထိန်းသိမ်းထားပြီး ပြင်းထန်တဲ့ အပြစ်ပေးဖို့ ကြိုးစားနေရာမှာ ဘက်ပြောင်းလာတဲ့ သူအဖွဲ့ဝင်တစ်ဦး ကြောင့် ယခုလာဘ်စားမှုကြီးကို သိခဲ့ရတာပါ။ ငွေပမာဏ အတိအကျမသေချာပေမယ့် မက္ကဆီကိုသမ္မတ ဟောင်း လာဘ်စားတာသေချာတဲ့ သဘောဖြစ်တဲ့အတွက် ဒီထွက်ဆိုချက်ကြောင့် မက္ကဆီကို အစိုးရအဖွဲ့ထဲ ရိုက်ခတ်မှုတွေ ရှိလာဦးမှာ ဖြစ်ပါတယ်။

ဒီတစ်ပတ်က မက္ကဆီကိုအတွက် ကောင်းတဲ့ ရက်သတ္တပတ်တော့ မဟုတ်ပါဘူး။ သမ္မတဟောင်း လာဘ်စားတယ်လို့ စွပ်စွဲခံရတဲ့ ဒီရက်သတ္တပတ်ထဲမှာဘဲ ရေနံပိုက်လိုင်းကို ဖောက်ပြီး ရေနံခိုးထုတ်သူ တွေ ကြောင့် ရေနံပိုက်လိုင်းပေါက်ကွဲပြီး သေဆုံးသူ ၇၀ကျော်အထိရှိလာခဲ့ပါတယ်။ ရေနံပိုက်လိုင်းကိုပိုင်တဲ့ နိုင်ငံ ပိုင်ရေနံကုမ္ပဏီ Pemex ကပိုက်လိုင်းကို လွန်နဲ့ တရားမဝင်ဖောက်လို့ မီးလောင်မှုဖြစ်ပွားကြောင်း ဆိုပါတယ်။ ယခုထိသေဆုံးသူအရေအတွက် တိုးနေဆဲဖြစ်လို့ စက်သုံးဆီရှားပါးမှု ကြုံနေရတဲ့ မက္ကဆီကိုမှာ ဒီလိုပေါက် ကွဲ မီးလောင်မှုတွေကြောင့် အသေအပျောက်ဘယ်လောက်ထိတိုးတက်လာဦးမလဲ ဆိုတာ ဆက်စောင့် ကြည့် ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ်ရဲ့ မတော်တဆနဲ့ မူခင်းသတင်းတွေဖြစ်တဲ့ အီရန် စက်ဘက်ကုန်တင် လေယာဉ်တစ်စီး အရေးပေါ်ဆင်းသက်စဉ် မီးစွဲ လောင်လို့ လေယာဉ်ပေါ်ပါလာသူ ၁၅ ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တဲ့ သတင်း၊ဘိုလစ်ဗီးယားနိုင်ငံမှာ ဘတ်စ်ကားနှစ်စီးလမ်းကျဉ်းမှာ ခေါင်းချင်းဆိုင်တိုက်မိလို့  ၂၂ ဦး သေဆုံးပြီး ၃၇ ဦးဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ဗြိတိန်ဘုရင်မကြီးရဲ့ ကြင်ယာတော် မင်းသားကြီး ယာဉ်တိုက်မှုဖြစ်ခဲ့ တဲ့သတင်း၊လေယာဉ်အမှုထမ်းတွေပါတဲ့ ဗီယက်နမ်မူးယစ်ဆေးဝါးဂိုဏ်းတစ်ဂိုဏ်းကို ဩစတြေးလျရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ သတင်း၊ရဲသင်တန်းသား ၂၁ ဦး သေဆုံးစေခဲ့သည့် ကားဗုံး ဖောက်ခွဲမှုအတွက် တာဝန်ရှိသူ ELN တပ်မှူး ၁၀ ဦးကို လွှဲပြောင်းပေးဖို့ ကိုလံဘီယာအစိုးရ၏ ပန်ကြားချက်ကို ကျူးဘားအစိုးရက လျစ်လျူရှုခဲ့တဲ့ သတင်း၊ရွှေ့ပြောင်း နေထိုင်သူ ၁၁၇ ဦး လိုက်ပါလာတဲ့ သင်္ဘောတစ်စီး လစ်ဗျားကမ်းလွန်မှာ နစ် မြုပ်သွားတဲ့ သတင်းတွေထဲ သမ္မတဖြစ်ပြီး မူးယစ်ရာဇာဆီက မှ လာဘ်စားတဲ့ သတင်းက ထူးထူးခြားခြား သတိ ထား စရာသတင်းဖြစ်ခဲ့ပါတယ်။

အမေရိကန် ထွက်သွားတဲ့ ဆီးရီးယား အခြေအနေ

ယခုတစ်ပတ်နိုင်ငံတကာစစ်ရေးသတင်းတွေနဲ့ တိုက်ခိုက်မှုသတင်းတွေထဲမှာဆီးရီးယားမှာ အမေရိ ကန်တပ်တွေ ထွက်တော့မယ့် အခြေအနေမှာ ဖြစ်နေတဲ့ သတင်းတွေက စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါတယ်။

ဆီးရီးယားစစ်မြေပြင်ကနေမကြာခင် အမေရိကန်တပ်တွေ ဆုတ်ခွာတော့မှာပါ။ဒါဟာအရှေ့အလယ် ပိုင်းက အဓိကပါဝါပြိုင်ရာဆီးရီးယားစစ်မြပြင်မှာအမေရိကန်ရဲ့လစ်ဟာသွားတဲ့ နေရာကို အစားထိုးဝင်ရောက် ဖို့ အရှေ့အလယ်ပိုင်းဒေသကဆော်ဒီ၊အစ္စရေး၊တူရကီနဲ့ အီရန်တို့က ကြိုးစားနေတာပါ။ အထူးသဖြင့် အမေရိကန် က ဆီးရီးယားကနေထွက်ခွာဖို့ အကြောင်းပြခဲ့တဲ့ အကြမ်းဖက်အဖွဲ့ အိုင်အက်စ်ကိုခြေမှုန်းပြီးသလောက် ဆိုတာရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ အကြမ်းဖက်အဖွဲကတွေ ဆီးရီးယားမှာ ပြန်လည်အခြေချလာမှာကိုလည်း ဒေသတွင်း နိုင်ငံတွေကလန့်နေကြတာပါ။

ဒီကြားထဲမှာတူရကီကသူနိုင်ငံထဲကကာ့ဒ်လူမျိုးတွေနဲ့ မျိုးနွယ်တူဆီးရီးယားကာ့ဒ်လူမျိုးတွေကို ထိန်း ချုပ် ထားနိုင်ဖို့ ဆီးရီးယားထဲကကာ့ဒ်လူမျိုးတွေ ရှိတဲ့ နေရာကိုပါ ထိန်းချုပ်ထားနိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။ မကြာမီကတော့ အမေရိကန်ကတူရကီလိုလားတဲ့အတိုင်းသူနဲ့ ထိစပ်နေတဲ့ ဆီးရီးယားဘက်ခြမ်းမှာလုံခြုံရေးဇုန် ထူထောင်ပြီးတူရကီထိန်းချုပ်မှုအောက်ထားရှိမယ့် အစီအစဉ်တစ်ခုကိုဆီးရီးယားကကာ့ဒ် လူမျိုးတွေကိုတင် ပြခဲ့ပါတယ်။ ဒီအစီအစဉ်ကဆီးရီးယားအချုပ်အခြာကိုထိပါးတဲ့ တော်တော်လေးဆိုးဝါးတဲ့ အစီအစဉ်မို့လို့ ဆီး ရီးယားကာ့ဒ်တွေကပယ်ချခဲ့ ပါတယ်။ဒီအစားကုလသမဂ္ဂတပ်တွေ ချထားမယ့် လုံခြုံရေးအစီအမံကိုသာ လက် ခံမယ်လို့ ကာ့ဒ်ခေါင်းဆောင်တွေက လေသံပစ်ခဲ့ပါတယ်။

ဒီမတိုင်မီကတော့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတူရကီကိုဆီးရီးယားက ကာ့ဒ်တပ်ဖွဲ့ များကို တိုက်ခိုက်ခဲ့ရင် တူရကီနိုင်ငံ၏ စီးပွားရေးကိုဖျက်ဆီးပစ်မည်လို့ခြိမ်းခြောက်ထားတာပါ။ ဒီလိုခြိမ်းခြောက်ပြီး နောက် တူရကီသမ္မတအာဒိုဂန်နဲ့ ထရန်ဖုန်းဆက်ပြီးယခုလိုတူရကီထိန်းချုပ်ခွင့်ပေးမယ့် အစီအစဉ်ထွက်ပေါ် လာတာပါ။ ထရမ့်ဘာတွေ အကွက်ထွင်နေသလဲမသိရသေးသလိုအမေရိကန်ထွက်သွားပြီးနောက် အင်အား မျှခြေပျက်သွားတဲ့ ဆီးရီးယားမှာဘာတွေ ဖြစ်လာမလဲဆိုတာအများစုကစောင့်ကြည့်နေတာပါ။

မကြာမီကဆီးရီးယားမြောက်ပိုင်းမှာအိုင်အက်စ်ကအသေခံတိုက်ခိုက်လို့ တပ်ရုပ်သိမ်းဖို့ ပြင်ဆင်နေတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ရပါတယ်။ဒါဟာအမေရိကန်တပ်တွေအတွက် ၂၀၁၄ နောက်ပိုင်း ဆီးရီး ယား မှာအဆိုးဝါးတိုက်ခိုက်ခံရမှုပါဘဲ။ ဒီဖြစ်ရပ်အတွက် အိုင်အက်စ်တွေကသူတို့ လက်ချက်လို့ ထုတ်ဖော် ပြော ထားခဲ့ပါတယ်။ ဒါဟာဒေသတွင်းနိုင်ငံတွေ အတွက် စိုးရိမ်စရာ ဖြစ်လာသလိုအိုင်အက်စ်တွေ ပြန်အားကောင်း လာပြီး ဆီးရီးယားဟာဒုတိယအာဖဂန်နစ္စတန် ဖြစ်လာမလားဆိုတာကိုစိုးရိမ်တကြီးစောင့်ကြည့်နေရတဲ့ အနေ အထားဖြစ်လာခဲ့ပါတယ်။

ဒီဆီးရီးယားသတင်းတွေကယခုတစ်ပတ်နိုင်ငံတကာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ သက် ဆိုင်တဲ့ သတင်းတွေဖြစ်တဲ့ အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်းဟီရတ်ပြည်နယ်ထဲက ရဲစခန်းတစ်ခုကို အကြမ်း ဖက်သမားတွေ ဝင်တိုက်ကာ ရဲတပ်ဖွဲ့ဝင်သုံးဦး၊ အရပ်သားတစ်ဦးနဲ့ ကလေးငယ်တစ်ဦးကိုသတ်ဖြတ်ခဲ့တဲ့ သ တင်း၊ အမေရိကန်စစ်လေယာဉ်တွေကဆိုမာလီယာစစ်အခြေစိုက်စခန်းတစ်ခုကိုတိုက်ခိုက်ခဲ့ရာမှာအစ္စလာမ်မစ် ၅၂ ဦးကိုသုတ်သင်နိုင်ခဲ့တဲ့ သတင်း၊ ကိုလံဘီယာနိုင်ငံဘိုဂိုတာရှိရဲလေ့ကျင့်ရေးသင် တန်းကျောင်း တစ်ခုမှာ ကားဗုံးခွဲတိုက်ခိုက်လို့ ၂၁ ဦးထက်မနည်းသေဆုံးခဲ့ရတဲ့ သတင်း၊ထိုင်းတောင်ပိုင်းဘုန်းကြီးကျောင်းတစ်ခုမှာ သေနတ်သမားတွေ ပစ်ခတ်မှုကြောင့် ဘုန်းကြီး နှစ်ပါးပျံလွန်တော်မှုပြီးအခြားနှစ်ဦးဒဏ်ရာရရှိခဲ့တဲ့ သတင်း၊လူ ၁၄ ဦးသေဆုံးခဲ့ရတဲ့ ကင်ညာနိုင်ငံနိုင်ရိုဘီမြို့ ဇိမ်ခံဟိုတယ် ဝင်ရောက်စီးနင်းမှုမှာပစ်ခတ်သူ သေနတ်သမား တွေ ကိုကင်ညာစစ်တပ်ကသုတ်သင်ခဲ့တဲ့ သတင်းတွေထဲဆီးရီးယားထဲကနေအမေရိကန်တပ်တွေ ထွက်သွား ပြီးတဲ့နောက် ဘာတွေ ဆက်ဖြစ်လာဦးမလဲဆိုတာစောင့်ကြည့်ရဦးမယ့် သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

ခိုးမွေးတဲ့ မိကျောင်းနဲ့ ပေါ့ဆမှု

ယခုတစ်ပတ်ထူးဆန်းတဲ့ သတင်းတွေထဲမှာသတိထားစရာသတင်းတစ်ပုဒ်က အင်ဒိုနီးရှားမှာ အမျိုး သမီးတစ်ဦး တရားမဝင်သူမွေးထားတဲ့ မိကျောင်းကကိုက်သတ်စားတာကိုခံလိုက်ရတဲ့ သတင်းကယခုတစ်ပတ် သတင်းထူး တွေထဲသတိထားရတဲ့ သတင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဆူလာဝေစီကျွန်းမှာရှိတဲ့ မီနာဟာဆာဒေသပုလဲလုပ်ငန်းစမ်းသပ်ခန်းခေါင်းဆောင် အင်ဒိုနီးရှား နိုင်ငံသူဒေစီတူဝိုကို(၄၄) နှစ်ကိုသူမတရားမဝင် ပိုင်ဆိုင်တဲ့ မယ်ရီအမည်ရှိတဲ့ မိကျောင်းက ကိုက် သတ်ခဲ့တာပါ။ ကနဦးစစ်ဆေးချက်တွေအရတော့ သူမဟာမိကျောင်းရှိရာ ပြုတ်ကျတဲ့ လက္ခဏရှိပြီး သူမကို နောက်တစ်နေ့  နံနက်ဖက်မှာလုပ်ဖော်ကိုင်ဖက်တွေက ပြန်ရှာတွေ့ခဲ့တာပါ။ ပြန်တွေ့တဲ့ အချိန်မှာ လက်တစ် ဖက်နဲ့ ဝမ်းဗိုက်အတော်များများ မိကျောင်းစားထားတဲ့အတွက် အတော်လေးကိုရုပ်ပျက် ဆင်းပျက် ဖြစ်နေ တယ်ဆိုပါတယ်။ ၁၄ ပေဆိုတဲ့ မိကျောင်းကိုရင်ဆိုင်ဖို့ဆိုတာမလွယ်တဲ့ကိစ္စပါ။ ဘာကြောင့် ဒီလိုမိကျောင်းကို တရားမဝင်မွေးထားလဲဆိုတာ မေးခွန်းထုတ်စရာပါ။ အန္တရာယ်ရှိတဲ့ သတ္တဝါတစ်ကောင်ကို တရားမဝင် ပေါ့ ဆပြီးထားတဲ့အတွက် ယခုမိကျောင်းကိုက်လို့ သေဆုံးမှုကမတော်တဆလား ၊ဘယ်လိုလဲဆိုတာ ရဲတပ်ဖွဲ့ ကစုံစမ်းစစ်ဆေးပြီးမှ သိရမှာပါ။

လက်ရှိမှာတော့ ၁၄ ပေအရှည်ရှိတဲ့ မိကျောင်းကိုထိန်းသိမ်းစောင့်ရှောက်ရေးဒေသသို့ လွှဲပြောင်း ပို့ ဆောင်ပေးဖို့ မေ့ဆေးပေးပြီးနေရာရွှေ့တာတောင် လူဒါဇင် နှင့်ချီပြီးအသုံးပြုရွေ့ခဲ့ရပါတယ်။

ဒီသတင်းကယခုတစ်ပတ် သတင်းတွေဖြစ်တဲ့ အနက် အနက် ၃၂၈ ပေရှိတဲ့ တွင်းထဲ ပြုတ်ကျခဲ့တဲ့ အသက် ၂ နှစ်သားအရွယ်ကလေးတစ်ဦးကိုကယ်ဆယ်ဖို့ စပိန်ကယ်ဆယ်ရေးသမားတွေ ကြိုးပမ်းနေတဲ့ သ တင်း၊ သီချင်းဆိုပြိုင်ပွဲတစ်ခုမှာကနေဒါဝန်ကြီး ချုပ် ဂျက်စတင်ထရူးဒူးနှင့် ရုပ်ချင်းဆင်တဲ့ အာဖဂန်နစ္စတန် အမျိုးသားတစ်ဦးလူကြိုက်များနေတဲ့ သတင်း၊ ဩစတြေးလျနိုင်ငံမဲလ်ဘုန်းမြို့ရှိအဝေးပြေးလမ်းမပေါ် သွား နေတဲ့ ကားပေါ် လမ်းညွှန်ဆိုင်းဘုတ်ကြီးပြုတ်ကျလို့ ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ အရက်သေစာသောက်စားထားခြင်းရှိ၊ မရှိစစ်ဆေးရာမှာအရက်ပြင်းများမူးတဲ့အထိသောက်ပေးမယ့် သူတွေကို    
ပင်ဆယ်ဗေးနီးယားပြည်နယ် ရဲတပ်ဖွဲ့ကရှာဖွေနေတဲ့ သတင်း၊အိန္ဒိယမှာလူသန်းပေါင်းများစွာပါဝင်တဲ့ ကမ္ဘာအကြီးမားဆုံးဟိန္ဒူရေချိုးပွဲတော်ကိုကျင်းပတဲ့သတင်း၊အသက် ၁၁၃ နှစ်အရွယ်ကမ္ဘာ့အသက် အကြီးဆုံး အမျိုးသားဂျပန်လူမျိုးသူ့နေအိမ်မှာကွယ်လွန်သွားတဲ့ သတင်းတွေထဲအထူးသတိထားဆင်ခြင်ရမယ့် သတင်း တစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

နန်စီလိုပီ နဲ့ ထရမ့် ကြား အားပြိုင်မှု (သို့) အမေရိကန် နိုင်ငံရေးအကျပ်အတည်း

ယခုတစ်ပတ်နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ နိုင်ငံတကာသတင်းတွေထဲမှာ အမေရိကန်သမ္မတနဲ့ လွှတ်တော် ကြား တင်းမာမှုက နည်းနည်းပုဂ္ဂိုလ်ရေးဆန်ဆန် ညစ်လုံးတွေထိဖြစ်လာတဲ့ အတွက် အများဂရုစိုက်စရာသ တင်း တွေ ဖြစ်လာခဲ့ပါတယ်။

ပိုဆိုးလာတာက မက္ကဆီကိုနဲ့ အမေရိကန်ကြား နယ်စပ် ခြံစည်းရိုးတည်ဆောက်ဖို့ ကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလျံ တောင်းခံတာမရလို့ အမေရိကန်အစိုးရလုပ်ငန်းတစ်စိတ်တစ်ပိုင်း သုံးပတ်ကျော် ထရမ့်က ရပ်ဆိုင်းထားတာကို ထောက်ပြပြီး ထရန့်၏ နှစ်ပတ်လည် နိုင်ငံတော်မိန့်ခွန်း ပြောကြားမည့် အစီအစဉ်ကို အစီအစဉ်ကို  ရွှေ့ဆိုင်းဖို့ ဒီမိုကရက်တစ်ခေါင်းဆောင် နန်စီပီလိုစီက ပြောကြားခဲ့တာပါ။

ဒါကို ထရမ့်က လက်တုံပြန်ပြီး နန်စီလိုပီသွားရောက်မယ့် နိုင်ငံခြားခရီးစဉ်တွေမှာ စစ်ဘက်လေယာဉ် အသုံးပြုခွင့်ကို တားမြစ်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၇ ရက်က နန်စီလိုပီဆီပေးပို့တဲ့ သမ္မတထရမ့်ရဲ့ တားမြစ်စာမှာ အစိုးရအဖွဲ့ပိတ်သိမ်းထားရမှုကို အကြောင်း ပြပြီး ဘယ်လ်ဂျီယံ၊ အီဂျစ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေကို သွာရောက်မည့် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပီလိုစီ၏ ရွှေ့ဆိုင်းမည်ဖြစ်ကြောင်းနဲ့ ဒီလိုအသိပေးရတဲ့ အတွက် စိတ်မကောင်းကြောင်း ပါဝင်ပါ တယ်။ ဒါပေမယ့် ယင်းခရီးစဉ်ကို ရိုးရိုးခရီးသည်တင်လေယာဉ်နဲ့ သွားရောက်နိုင်တယ်လို့တော့ ဆိုပါတယ်။ဒီလို ထရမ်လက်တုံပြန်တဲ့ အတွက် ထရမ့်နဲ့ ဒီမိုကရက်တစ်တွေကြား တင်းမာမှုက မြင့်တက်လာခဲ့ပါတယ်။

ထရမ့်နဲ့ လွှတ်တော်ကြားတင်းမာမှုမြင့်တက်ချိန်မှာဘဲ အရှေ့အလယ်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ဆော်ဒီ ဂျာနယ် လစ် သတ်ဖြတ်ခံရမှုအတွက် အဓိက တာဝန်ရှိတယ်လို့် နိုင်ငံတကာက ယူဆထားတဲ့ ဆော်ဒီအိမ်ရှေ့မင်းသား ကို ဒီသတ်ဖြတ်လုပ်ကြံမှုအတွက် တာဝန်ခံရမှာဖြစ်တယ်လို့  သမ္မတ ထရမ့်အပေါ် သြဇာညောင်းမှုရှိတဲ့ ရီပတ် ဘရီကန်အမတ် လင်ဆေးဂရေဟမ်က ပြောလိုက်ပါတယ်။ ဒီလိုပြောလိုက်တဲ့အတွက် ထရမ့်ရဲ့ အကာအကွယ် ပေးမှုက ပျောက်ဆုံး သွားပြီလားလို့ ပြောစရာဖြစ်လာခဲ့ပါတယ်။ အခင်းဖြစ်ချိန်မှာ ဥရောပနဲ့ တူရကီလို မဟာ မိတ်တွေကိုမျက်ကွယ် ပြုပြီး အကျိုးစီးပွားအတွက် ဆော်ဒီဘက်က နေခဲတဲ့ ထရမ့်အနေနဲ့ ဘာတွေ ဆော်ဒီဆီ ကနေ ထပ်အခွင့်အရေးယူဖို့ ဘာအကြံအစည်တွေရှိနေပြီလဲဆိုတာ စဉ်းစားစရာပါ။လင်ဆေးဂရေဟမ်ရဲ့ ပြော စကားထဲမှာ ဒဏ်ခတ် ပိတ်ဆို့မှု (ဆန်ရှင်) နဲ့ ခြိမ်းခြောက်ပြောဆိုတာတွေ ပါနေတဲ့ အတွက် အရှေ့အလယ်ပိုင်း မှာ အစ္စရေးနဲ့တန်းတူရှိနေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး သြဇာအာဏာတွေ ထရမ့်ရဲ့ ဗျူဟာတွေကြောင့် ကျဆုံး သွား ဖွယ်ရာရှိမလား ဆိုတာ စောင့်ကြည့် ရမှာပါ။  

ဒီရက်ထဲမှာဘဲ မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအန်နှင့် အမေရိ ကန်သမ္မတ ဒေါ်နယ်ထရန့်တို့ ကြား ဒုတိယမြောက် ထိပ်သီးဆွေးနွေးပွဲသတင်းတွေထွက်နေပါတယ်။ သမ္မတ ထရမ့်နဲ့ ကင်ဂျူံအမ် ကြား ဒုတိယမြောက် ထိပ်သီးအစည်းအဝေး မတိုင်ခင်မှာ ကင်ဂျူံအမ် ရဲ့ ညာလက်ရုံးဖြစ်တဲ့ ကင်ယောင်ချိုး က ဇန်နဝါရီ ၁၇ ရက်မှ အမေရိကန်ဆီ ဦးစွာရောက်လာခဲ့ပါတယ်။ စင်ကာပူနဲ့ဗီယက်နမ် ဘယ်နေရာမှာ ဆုံမှာ မသေချာသေးပေမယ့် ဗီယက်နမ်ဘက်ကတော့ အသေအချာပြင်ဆင်နေပါတယ်။

မက္ကဆီကို နယ်စပ်ကနေ ဝင် လာမယ့် တရားမဝင် လူဝင်မှုတွေကတော့ ထရမ့်တောင်းခံနေတဲ့ ဘတ် ဂျက်အတွက် အထောက်အကူဖြစ်စေအောင် ဆက်တိုက် မက္ကဆီကို ထဲ ဝင်လာနေပါတယ်။ ဒီရက်ပိုင်း ဗဟိုအ မေရိကဒေသမှ ရွှေ့ပြောင်းအခြေချသူတွေ ဆက်တိုက်  အမေရိကန်နယ်စပ်အနီးကို ဆက်တိုက်လာနေစဲပါဘဲ ။ နိုင်ငံတကာ သတင်းတွေအရ ဟွန်ဒူးရပ်စ်၊ အယ်လ်ဆာ ဗေးဒိုး၊ ဂွာတီမာလာနှင့် နီကာရာ ဂွာနိုင်ငံမှ ရွှေ့ပြောင်း အခြေချသူ ၉၆၉ ဦးဟာ စီအူဒက်ဟီဒယ်လ် ဂိုဒေသသို့ ဖြတ်ကျော်ခဲ့ပြီး အမေရိကန်ကို ဝင်ဖို့ နယ်စပ်ကို ချည်း ကပ်လာနေတယ်ဆိုပါတယ်။ဟွန်ဒူးရပ်စ်ကလာတဲ့ ရွှေပြောင်းအခြေချလိုသူ ၂၀၀၀ ခန့်ဟာ ဂွာတီမာလာကို ခြေလျင်ဖြတ်ကျော်ပြီး အမေရိကန်ဦးတည်လာနေပါတယ်။ဒီအတွက် မကြာခင်ကမှ သမ္မတနေရာကိုရယူခဲ့တဲ့ မက္ကဆီကို သမ္မတသစ်အတွက် စမ်းသပ်မှုပါဘဲ။ အခု ရွှေ့ပြောင်းဝင်ရောက်သူ နောက်ထပ် စီးဝင်မှုကြီးကို ထောက်ပြရင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့  သူရဲ့ မက္ကဆီကိုနယ်စပ်တံတိုင်းတည်ဆောက်ရေး ဟာ မှန်ကန်တဲ့ အစီအစဉ်ပဲ ဖြစ်ကြောင်း ဇန်နဝါရီ ၁၅ ရက်ကပြောခဲ့ပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ်အတွင်း ဖြစ်ခဲတဲ့ အငြင်းပွားဖွယ် ဒုံးကျည်စနစ်ကို ဖျက်ဆီးပစ်ဖို့ ရုရှနိုင်ငံ ကို ဂျာမနီက တိုက်တွန်းလိုက်တဲ့သတင်း၊ အမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို အဆင့်မြှင့်တင်ဖို့ သမ္မတ ဒေါ်နယ်ထရမ့်က ဆုံးဖြတ်လိုက်တဲ့ သတင်း၊ အီးယူကနေ ဗြိတိန်နုတ်ထွက်တဲ့ ဘရစ်ဇစ်သဘောတူမူ ကြမ်း ကို ပါလီမန်ကအပြတ်အသတ် ပယ်ချလိုက်တဲ့ သတင်း၊ တရုတ်နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတကာရဲတပ်ဖွဲ့ဥက္ကဋ္ဌ မင်ဟောင်ဝေ၏ဇနီးက ၎င်းနှင့် ကလေးများအတွက် ပြင်သစ်မှာ ခိုလှုံခွင့်တောင်းခံခဲ့ တဲ့သတင်း၊ ပိုလန်နိုင်ငံမှာ ဖမ်းဆီးခံရတဲ့ ဝန်ထမ်းတစ်ဦးကို တရုတ် ဟွာဝေးဖုန်းကုမ္ပဏီ က အလုပ်မှ ထုတ်ပယ် ခဲ့တဲ့ သတင်းတွေ ထဲ သတိထားစရာဖြစ်ခဲ့တယ်ဆိုတာတင်ပြရင်း ယခုတစ်ပတ်သတင်းသုံးသပ်ချက် အစီအစဉ်ကို ဒီမှာဘဲ ရပ်နားလိုက်ချင်ပါတယ်။

မင်းထက်
ဇန်နဝါရီ - ၂၁

( Zawgyi )

ယခုတစ္ပတ္ ႏိုင္ငံတကာမွာျဖစ္ခဲ့တဲ့ သတင္းေတြမ်ားစြာ ရွိခဲ့ပါတယ္။ဒီသတင္းေတြထဲမွာ စိတ္ဝင္စားဖြယ္ရာ စီးပြားေရးနဲ႔ဆိုင္တဲ့ သတင္းျဖစ္တဲ့ တ႐ုတ္ႏိုင္ငံရဲ႕ ကုန္တင္ပို႔မႈ ၂ ႏွစ္တာ ကာလအတြင္း အနိမ့္ဆုံးေလ်ာ့က်ခဲ့တဲ့ သတင္း၊ Renault ကုမၸဏီႏွင့္ Nissan ကုမၸဏီတို႔ကို ေပါင္းစည္းၿပီး တစ္ခုတည္းေသာ ကုမၸဏီႀကီးအျဖစ္ ထူေထာင္ရန္ ႀကိဳးပမ္းမယ့္ သတင္း၊ ႏိုင္ငံေရးသတင္းျဖစ္တဲ့ ကြန္ဂိုသမၼတ ေ႐ြးေကာက္ပြဲမွာ အတိုက္အခံ ကိုယ္စားလွယ္ေလာင္း ဖီးလစ္တီရွီဆီကီဒီ ၏ အႏိုင္ရမႈကို ကြန္ဂို ဖြဲ႕စည္းပုံ အေျခခံဥပေဒ တရား႐ုံးက အတည္ျပဳေထာက္ခံခဲ့တဲ့ သတင္း၊ လူထုလႈပ္ရွားမႈ သတင္းေတြျဖစ္တဲ့ အစၥေရး ေက်ာင္းသူတစ္ဦး သတ္ျဖတ္ခံရလို႔  ဩစေၾတးလ်ၿမိဳ႕ႀကီးမ်ား တစ္ဝန္းမွာ အမ်ိဳးသမီးမ်ား ေဘးအႏၲရာယ္ ကင္းရွင္းေရးအတြက္ လူေထာင္ေပါင္းမ်ားစြာ ခ်ီတက္ေတာင္းဆိုခဲ့ၾကတဲ့ သတင္း၊ ဇင္ဘာေဘြႏိုင္ငံမွာ ေလာင္စာဆီ ေဈးတက္လို႔ ဆန႔္က်င္ဆႏၵျပတဲ့ လူရာေပါင္းမ်ားစြာကို ဖမ္းဆီးထားတဲ့ သတင္း စတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။
    
ဒီလိုသတင္းေတြထဲမွာ ဗန္ေကာက္ ေလထုအရည္အေသြး က်ဆင္းတဲ့ သတင္း၊ ေရနံပိုက္လိုင္း ေပါက္ကြဲလို႔ လူ ၇၀ ေက်ာ္ ေသခဲ့တဲ့ မကၠဆီကိုမွာ သမၼတေဟာင္းက မူးယစ္ရာဇာဆီကေန ေဒၚလာသန္း ၁၀၀ လာဘ္စားခဲ့တယ္လို႔ ေဖာ္ခဲ့တဲ့ သတင္း၊ အေမရိကန္တပ္ေတြ ထြက္ခါနီးမွာ ျဖစ္လာတဲ့ ဆီးရီးယား ျပည္တြင္းအေျခအေန သတင္း၊ အင္ဒိုနီးရွားမွာ အမ်ိဳးသမီးတစ္ဦး တရားမဝင္ သူေမြးထားတဲ့ မိေက်ာင္းက ကိုက္သတ္စားတာကို ခံလိုက္ရတဲ့ သတင္း၊ ေအာက္လႊတ္ေတာ္ ဥကၠ႒ နန္စီပီလိုစီ ရဲ႕ ခရီးစဥ္မွာ စစ္ဘက္ေလယာဥ္မသုံးဖို႔ ထရမ့္ က တားျမစ္ခဲ့လို႔ အေမရိကန္ သမၼတနဲ႔ လႊတ္ေတာ္ၾကား တင္းမာမႈ ပိုျမင့္တက္လာတဲ့ သတင္းေတြက ယခုတစ္ပတ္ သတင္းေတြထဲ ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဗန္ေကာက္ရဲ႕ ေလထုစစ္ဇကာ ဘရာစီယာ

ယခုတစ္ပတ္ ရာသီဥတုနဲ႔ ဆိုင္တဲ့ သတင္းေတြထဲမွာ ဗန္ေကာက္ေလထုအရည္အေသြးက်ဆင္းတဲ့ သတင္းကကမာၻ႔ထိပ္တန္းသတင္းတစ္ပုဒ္ျဖစ္ခဲ့ပါတယ္။

သီတင္းပတ္မ်ားစြာဘန္ေကာက္ၿမိဳ႕ကိုဖုံးလႊမ္းေနတဲ့ ေလထုညစ္ညမ္းမႈကိုကိုင္တြယ္ေျဖရွင္းဖို႔ ထိုင္း အာဏာပိုင္ေတြက ႀကိဳးပမ္းအားထုတ္ေနရာမွာထိုင္းအာဏပိုင္ေတြကမိုးတိမ္မ်ားဖန္တီးၿပီးမိုး႐ြာခ်ေစဖို႔ စဥ္းစား လာက်ပါတယ္။ ေလထုထဲမိုးတိမ္မ်ားေငြ႕ရည္ဖြဲ႕ေရးအေထာက္အပံ့ ျဖစ္ေစတဲ့ ဓာတုပစၥည္းမ်ားကိုဖ်န္းပက္ေပး မယ့္ မိုးတုလုပ္ေလယာဥ္မ်ားပ်ံသန္းေစၿပီးမိုး႐ြာခ်ေစဖို႔စဥ္းစားေနၾကတာပါ။

႐ိုးျပတ္လယ္ကြင္းမ်ားကိုမီးရႈိ႕ ျခင္း၊ စက္႐ုံ၊ အလုပ္႐ုံမ်ားမွ ညစ္ ညမ္းမႈမ်ားႏွင့္ ဘန္ေကာက္ၿမိဳ႕ရွိ ကား မ်ားမွ ထုတ္လႊတ္ေသာမီးခိုးေငြ႕ေတြေၾကာင့္ ကမာၻေပၚမွာဒသမေျမာက္ ေလထုညစ္ ညမ္းဆုံး ၿမိဳ႕ျဖစ္တဲ့ ဘန္ ေကာက္ၿမိဳ႕ရဲ႕ ေလထုညစ္ညမ္းမႈေၾကာင့္ လက္ရွိမွာလူမႈမီဒီယာႏွင့္ ႐ုပ္သံလိုင္းေတြကေနလတ္တေလာ သီ တင္းပတ္ မ်ားအတြင္းအိမ္ျပင္မထြက္ရန္ တိုက္တြန္းထားပါတယ္။ အျပင္ထြက္ရင္ maskလို႔ ေခၚတဲ့ ႏွာေခါင္း ကာကိုတပ္ၿပီးသြားလာဖို႔ ေဆာ္ၾသထားရာမွာ  ႏွာေခါင္းစည္းေတြ ျပတ္လပ္ၿပီးအမ်ိဳးသမီးသုံးဘရာစီယာကိုပါ မ်က္ႏွာဖုံးအထိသုံးလာရတဲ့ အထိဗန္ေကာက္ရဲ႕ ေလထုအေျခအေနကအေတာ္ေလးကိုဆိုး႐ြားေနပါတယ္။

ေလထုညစ္ ညမ္းမႈ ေလွ်ာ့ခ်ေရးအေထာက္အကူျဖစ္ေစရန္ ဘန္ေကာက္ၿမိဳ႕ စည္ပင္သာယာ ဝန္ထမ္း ေတြကလမ္းေတြနဲ႔ ေလထဲသို႔ ေရမ်ားဖ်န္းပက္ေပးခဲ့ၿပီးအစိုးရကမိုးတု႐ြာေစဖို႔ ႀကံေဆာင္ေနေပမယ့္ အဓိက အေၾကာင္းျဖစ္တဲ့ စက္႐ုံေတြ၊မီးရႈိ႕မႈေတြကိုမထိန္းႏိုင္ေသးတဲ့ အတြက္ ဘန္ေကာက္ ေလထုျပႆနာ က မိုးတု႐ြာတာနဲ႔ အဆင္ေျပမေျပဆက္ေစာင့္ၾကည္ရဦးမွာျဖစ္ပါတယ္။

ဒီသတင္းကယခုတစ္ပတ္ သဘာဝေဘးသတင္းေတြျဖစ္တဲ့ ဂ်ပန္ႏိုင္ငံေတာင္ပိုင္း ကြၽန္းငယ္တစ္ခု ေပၚကမီးေတာင္တစ္ခုဇန္နဝါရီ ၁၇ ရက္ကေပါက္ကြဲခဲ့တဲ့ သတင္း၊ရာသီဥတုပူျပင္းလို႔ ဘရာဇီးႏိုင္ငံ ရီယိုဒီ ဂ်ေနး႐ိုး ၿမိဳ႕က တိရိစာၦန္႐ုံမွာရွိတဲ့ တိရိစာၦန္ေတြကိုအပူဒဏ္သက္သာရာရေစဖို႔ ေအးခဲစားစရာေတြ အမ်ိဳးမ်ိဳး ဖန္တီးေကြၽးေမြးေပးေနရတဲ့ သတင္းစတဲ့ သတင္းေတြထဲ ထူးထူးျခားျခားသတိျပဳစရာသတင္း တစ္ပုဒ္ျဖစ္ခဲ့ ပါတယ္။

မူးယစ္ရာဇာဆီက လာဘ္စားတဲ့ သမၼတ

ယခုတစ္ပတ္ႏိုင္ငံတကာ သတင္းေတြထဲမွာ မေတာ္တဆျဖစ္ၿပီး ထိခိုက္ေသေၾကက်တဲ့ သတင္း ေတြ က ထိပ္တန္းသတင္းျဖစ္ခဲ့ပါတယ္။ ဒီသတင္းေတြထဲမွာ မူးယစ္ရာဇာဆီကေန ႏိုင္ငံရဲ႕အထြဋ္အထိပ္ျဖစ္တဲ့ သမၼတ က လာဘ္စားခဲ့တဲ့ လက္တင္အေမရိကႏိုင္ငံတစ္ခုကသတင္းက ယခုတစ္ပတ္ သတင္းေတြထဲ စိတ္ဝင္စားဖို႔ အေကာင္းဆုံးသတင္းျဖစ္ခဲ့ပါတယ္။

၂၅ ႏွစ္အတြင္း အေမရိကန္ဆီ ကိုကင္းတန္ခ်ိန္  ၁၅၅ တန္ ေမွာင္ခိုကုန္ကူးခဲ့တယ္လို႔ အေမရိကန္ တရား႐ုံးမွာ ကို မူးယစ္ကုန္ကူးမႈနဲ႔ ဖမ္းဆီးတရားစြႀဆိဳခံထားရတဲ့ မကၠဆီကို မူးယစ္ရာဇာ ေနတဲ့ အယ္လ္ခ်ာပို အမႈကို စစ္ေဆးေနရာမွာ စစ္ေဆးေနတဲ့ အယ္လ္ခ်ာပိုရဲ႕ မူးယစ္ဂိုဏ္းသားတစ္ဦးက ေဖာ္ေကာင္လုပ္ၿပီး မူးယစ္ရာဇာလာဘ္ထိုးတဲ့ ေဒၚလာ သန္း၁၀၀ ကို မကၠဆီကို သမၼတေဟာင္း အန္းရီေကးပီညာနဲတိုးက ယူ ခဲ့တယ္လို႔ ေဖာ္ထုတ္ခဲ့ပါတယ္။

အသက္ ၆၁ ႏွစ္ ရွိေနၿပီျဖစ္တဲ့ မူးယစ္ရာဇာအယ္လ္ခ်ာပိုကို အေမရိကန္က သူရဲ႕ လုံၿခဳံစိတ္ခ်ရဆုံး ေထာင္မွာ ထိန္းသိမ္းထားၿပီး ျပင္းထန္တဲ့ အျပစ္ေပးဖို႔ ႀကိဳးစားေနရာမွာ ဘက္ေျပာင္းလာတဲ့ သူအဖြဲ႕ဝင္တစ္ဦး ေၾကာင့္ ယခုလာဘ္စားမႈႀကီးကို သိခဲ့ရတာပါ။ ေငြပမာဏ အတိအက်မေသခ်ာေပမယ့္ မကၠဆီကိုသမၼတ ေဟာင္း လာဘ္စားတာေသခ်ာတဲ့ သေဘာျဖစ္တဲ့အတြက္ ဒီထြက္ဆိုခ်က္ေၾကာင့္ မကၠဆီကို အစိုးရအဖြဲ႕ထဲ ႐ိုက္ခတ္မႈေတြ ရွိလာဦးမွာ ျဖစ္ပါတယ္။

ဒီတစ္ပတ္က မကၠဆီကိုအတြက္ ေကာင္းတဲ့ ရက္သတၱပတ္ေတာ့ မဟုတ္ပါဘူး။ သမၼတေဟာင္း လာဘ္စားတယ္လို႔ စြပ္စြဲခံရတဲ့ ဒီရက္သတၱပတ္ထဲမွာဘဲ ေရနံပိုက္လိုင္းကို ေဖာက္ၿပီး ေရနံခိုးထုတ္သူ ေတြ ေၾကာင့္ ေရနံပိုက္လိုင္းေပါက္ကြဲၿပီး ေသဆုံးသူ ၇၀ေက်ာ္အထိရွိလာခဲ့ပါတယ္။ ေရနံပိုက္လိုင္းကိုပိုင္တဲ့ ႏိုင္ငံ ပိုင္ေရနံကုမၸဏီ Pemex ကပိုက္လိုင္းကို လြန္နဲ႔ တရားမဝင္ေဖာက္လို႔ မီးေလာင္မႈျဖစ္ပြားေၾကာင္း ဆိုပါတယ္။ ယခုထိေသဆုံးသူအေရအတြက္ တိုးေနဆဲျဖစ္လို႔ စက္သုံးဆီရွားပါးမႈ ႀကဳံေနရတဲ့ မကၠဆီကိုမွာ ဒီလိုေပါက္ ကြဲ မီးေလာင္မႈေတြေၾကာင့္ အေသအေပ်ာက္ဘယ္ေလာက္ထိတိုးတက္လာဦးမလဲ ဆိုတာ ဆက္ေစာင့္ ၾကည့္ ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္ရဲ႕ မေတာ္တဆနဲ႔ မူခင္းသတင္းေတြျဖစ္တဲ့ အီရန္ စက္ဘက္ကုန္တင္ ေလယာဥ္တစ္စီး အေရးေပၚဆင္းသက္စဥ္ မီးစြဲ ေလာင္လို႔ ေလယာဥ္ေပၚပါလာသူ ၁၅ ဦးေသဆုံးၿပီး တစ္ဦး ဒဏ္ရာရခဲ့တဲ့ သတင္း၊ဘိုလစ္ဗီးယားႏိုင္ငံမွာ ဘတ္စ္ကားႏွစ္စီးလမ္းက်ဥ္းမွာ ေခါင္းခ်င္းဆိုင္တိုက္မိလို႔  ၂၂ ဦး ေသဆုံးၿပီး ၃၇ ဦးဒဏ္ရာရရွိခဲ့တဲ့ သတင္း၊ၿဗိတိန္ဘုရင္မႀကီးရဲ႕ ၾကင္ယာေတာ္ မင္းသားႀကီး ယာဥ္တိုက္မႈျဖစ္ခဲ့ တဲ့သတင္း၊ေလယာဥ္အမႈထမ္းေတြပါတဲ့ ဗီယက္နမ္မူးယစ္ေဆးဝါးဂိုဏ္းတစ္ဂိုဏ္းကို ဩစေၾတးလ်ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တဲ့ သတင္း၊ရဲသင္တန္းသား ၂၁ ဦး ေသဆုံးေစခဲ့သည့္ ကားဗုံး ေဖာက္ခြဲမႈအတြက္ တာဝန္ရွိသူ ELN တပ္မႉး ၁၀ ဦးကို လႊဲေျပာင္းေပးဖို႔ ကိုလံဘီယာအစိုးရ၏ ပန္ၾကားခ်က္ကို က်ဴးဘားအစိုးရက လ်စ္လ်ဴရႈခဲ့တဲ့ သတင္း၊ေ႐ႊ႕ေျပာင္း ေနထိုင္သူ ၁၁၇ ဦး လိုက္ပါလာတဲ့ သေဘၤာတစ္စီး လစ္ဗ်ားကမ္းလြန္မွာ နစ္ ျမဳပ္သြားတဲ့ သတင္းေတြထဲ သမၼတျဖစ္ၿပီး မူးယစ္ရာဇာဆီက မွ လာဘ္စားတဲ့ သတင္းက ထူးထူးျခားျခား သတိ ထား စရာသတင္းျဖစ္ခဲ့ပါတယ္။

အေမရိကန္ ထြက္သြားတဲ့ ဆီးရီးယား အေျခအေန

ယခုတစ္ပတ္ႏိုင္ငံတကာစစ္ေရးသတင္းေတြနဲ႔ တိုက္ခိုက္မႈသတင္းေတြထဲမွာဆီးရီးယားမွာ အေမရိ ကန္တပ္ေတြ ထြက္ေတာ့မယ့္ အေျခအေနမွာ ျဖစ္ေနတဲ့ သတင္းေတြက စိတ္ဝင္စားဖို႔ ေကာင္းေနခဲ့ပါတယ္။

ဆီးရီးယားစစ္ေျမျပင္ကေနမၾကာခင္ အေမရိကန္တပ္ေတြ ဆုတ္ခြာေတာ့မွာပါ။ဒါဟာအေရွ႕အလယ္ ပိုင္းက အဓိကပါဝါၿပိဳင္ရာဆီးရီးယားစစ္ျမျပင္မွာအေမရိကန္ရဲ႕လစ္ဟာသြားတဲ့ ေနရာကို အစားထိုးဝင္ေရာက္ ဖို႔ အေရွ႕အလယ္ပိုင္းေဒသကေဆာ္ဒီ၊အစၥေရး၊တူရကီနဲ႔ အီရန္တို႔က ႀကိဳးစားေနတာပါ။ အထူးသျဖင့္ အေမရိကန္ က ဆီးရီးယားကေနထြက္ခြာဖို႔ အေၾကာင္းျပခဲ့တဲ့ အၾကမ္းဖက္အဖြဲ႕ အိုင္အက္စ္ကိုေျခမႈန္းၿပီးသေလာက္ ဆိုတာရဲ႕ ဆန႔္က်င္ဘက္ ျဖစ္တဲ့ အၾကမ္းဖက္အဖြဲကေတြ ဆီးရီးယားမွာ ျပန္လည္အေျခခ်လာမွာကိုလည္း ေဒသတြင္း ႏိုင္ငံေတြကလန႔္ေနၾကတာပါ။

ဒီၾကားထဲမွာတူရကီကသူႏိုင္ငံထဲကကာ့ဒ္လူမ်ိဳးေတြနဲ႔ မ်ိဳးႏြယ္တူဆီးရီးယားကာ့ဒ္လူမ်ိဳးေတြကို ထိန္း ခ်ဳပ္ ထားႏိုင္ဖို႔ ဆီးရီးယားထဲကကာ့ဒ္လူမ်ိဳးေတြ ရွိတဲ့ ေနရာကိုပါ ထိန္းခ်ဳပ္ထားႏိုင္ဖို႔ ႀကိဳးစားလာခဲ့ပါတယ္။ မၾကာမီကေတာ့ အေမရိကန္ကတူရကီလိုလားတဲ့အတိုင္းသူနဲ႔ ထိစပ္ေနတဲ့ ဆီးရီးယားဘက္ျခမ္းမွာလုံၿခဳံေရးဇုန္ ထူေထာင္ၿပီးတူရကီထိန္းခ်ဳပ္မႈေအာက္ထားရွိမယ့္ အစီအစဥ္တစ္ခုကိုဆီးရီးယားကကာ့ဒ္ လူမ်ိဳးေတြကိုတင္ ျပခဲ့ပါတယ္။ ဒီအစီအစဥ္ကဆီးရီးယားအခ်ဳပ္အျခာကိုထိပါးတဲ့ ေတာ္ေတာ္ေလးဆိုးဝါးတဲ့ အစီအစဥ္မို႔လို႔ ဆီး ရီးယားကာ့ဒ္ေတြကပယ္ခ်ခဲ့ ပါတယ္။ဒီအစားကုလသမဂၢတပ္ေတြ ခ်ထားမယ့္ လုံၿခဳံေရးအစီအမံကိုသာ လက္ ခံမယ္လို႔ ကာ့ဒ္ေခါင္းေဆာင္ေတြက ေလသံပစ္ခဲ့ပါတယ္။

ဒီမတိုင္မီကေတာ့ အေမရိကန္သမၼတေဒၚနယ္ထရန႔္ကတူရကီကိုဆီးရီးယားက ကာ့ဒ္တပ္ဖြဲ႕ မ်ားကို တိုက္ခိုက္ခဲ့ရင္ တူရကီႏိုင္ငံ၏ စီးပြားေရးကိုဖ်က္ဆီးပစ္မည္လို႔ၿခိမ္းေျခာက္ထားတာပါ။ ဒီလိုၿခိမ္းေျခာက္ၿပီး ေနာက္ တူရကီသမၼတအာဒိုဂန္နဲ႔ ထရန္ဖုန္းဆက္ၿပီးယခုလိုတူရကီထိန္းခ်ဳပ္ခြင့္ေပးမယ့္ အစီအစဥ္ထြက္ေပၚ လာတာပါ။ ထရမ့္ဘာေတြ အကြက္ထြင္ေနသလဲမသိရေသးသလိုအေမရိကန္ထြက္သြားၿပီးေနာက္ အင္အား မွ်ေျခပ်က္သြားတဲ့ ဆီးရီးယားမွာဘာေတြ ျဖစ္လာမလဲဆိုတာအမ်ားစုကေစာင့္ၾကည့္ေနတာပါ။

မၾကာမီကဆီးရီးယားေျမာက္ပိုင္းမွာအိုင္အက္စ္ကအေသခံတိုက္ခိုက္လို႔ တပ္႐ုပ္သိမ္းဖို႔ ျပင္ဆင္ေနတဲ့ အေမရိကန္တပ္ဖြဲ႕ဝင္ ၄ ဦးေသဆုံးခဲ့ရပါတယ္။ဒါဟာအေမရိကန္တပ္ေတြအတြက္ ၂၀၁၄ ေနာက္ပိုင္း ဆီးရီး ယား မွာအဆိုးဝါးတိုက္ခိုက္ခံရမႈပါဘဲ။ ဒီျဖစ္ရပ္အတြက္ အိုင္အက္စ္ေတြကသူတို႔ လက္ခ်က္လို႔ ထုတ္ေဖာ္ ေျပာ ထားခဲ့ပါတယ္။ ဒါဟာေဒသတြင္းႏိုင္ငံေတြ အတြက္ စိုးရိမ္စရာ ျဖစ္လာသလိုအိုင္အက္စ္ေတြ ျပန္အားေကာင္း လာၿပီး ဆီးရီးယားဟာဒုတိယအာဖဂန္နစၥတန္ ျဖစ္လာမလားဆိုတာကိုစိုးရိမ္တႀကီးေစာင့္ၾကည့္ေနရတဲ့ အေန အထားျဖစ္လာခဲ့ပါတယ္။

ဒီဆီးရီးယားသတင္းေတြကယခုတစ္ပတ္ႏိုင္ငံတကာမွာ ျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္တိုက္ခိုက္မႈနဲ႔ သက္ ဆိုင္တဲ့ သတင္းေတြျဖစ္တဲ့ အာဖဂန္နစၥတန္ႏိုင္ငံအေနာက္ပိုင္းဟီရတ္ျပည္နယ္ထဲက ရဲစခန္းတစ္ခုကို အၾကမ္း ဖက္သမားေတြ ဝင္တိုက္ကာ ရဲတပ္ဖြဲ႕ဝင္သုံးဦး၊ အရပ္သားတစ္ဦးနဲ႔ ကေလးငယ္တစ္ဦးကိုသတ္ျဖတ္ခဲ့တဲ့ သ တင္း၊ အေမရိကန္စစ္ေလယာဥ္ေတြကဆိုမာလီယာစစ္အေျခစိုက္စခန္းတစ္ခုကိုတိုက္ခိုက္ခဲ့ရာမွာအစၥလာမ္မစ္ ၅၂ ဦးကိုသုတ္သင္ႏိုင္ခဲ့တဲ့ သတင္း၊ ကိုလံဘီယာႏိုင္ငံဘိုဂိုတာရွိရဲေလ့က်င့္ေရးသင္ တန္းေက်ာင္း တစ္ခုမွာ ကားဗုံးခြဲတိုက္ခိုက္လို႔ ၂၁ ဦးထက္မနည္းေသဆုံးခဲ့ရတဲ့ သတင္း၊ထိုင္းေတာင္ပိုင္းဘုန္းႀကီးေက်ာင္းတစ္ခုမွာ ေသနတ္သမားေတြ ပစ္ခတ္မႈေၾကာင့္ ဘုန္းႀကီး ႏွစ္ပါးပ်ံလြန္ေတာ္မႈၿပီးအျခားႏွစ္ဦးဒဏ္ရာရရွိခဲ့တဲ့ သတင္း၊လူ ၁၄ ဦးေသဆုံးခဲ့ရတဲ့ ကင္ညာႏိုင္ငံႏိုင္႐ိုဘီၿမိဳ႕ ဇိမ္ခံဟိုတယ္ ဝင္ေရာက္စီးနင္းမႈမွာပစ္ခတ္သူ ေသနတ္သမား ေတြ ကိုကင္ညာစစ္တပ္ကသုတ္သင္ခဲ့တဲ့ သတင္းေတြထဲဆီးရီးယားထဲကေနအေမရိကန္တပ္ေတြ ထြက္သြား ၿပီးတဲ့ေနာက္ ဘာေတြ ဆက္ျဖစ္လာဦးမလဲဆိုတာေစာင့္ၾကည့္ရဦးမယ့္ သတင္းတစ္ပုဒ္ျဖစ္ခဲ့ပါတယ္။

ခိုးေမြးတဲ့ မိေက်ာင္းနဲ႔ ေပါ့ဆမႈ

ယခုတစ္ပတ္ထူးဆန္းတဲ့ သတင္းေတြထဲမွာသတိထားစရာသတင္းတစ္ပုဒ္က အင္ဒိုနီးရွားမွာ အမ်ိဳး သမီးတစ္ဦး တရားမဝင္သူေမြးထားတဲ့ မိေက်ာင္းကကိုက္သတ္စားတာကိုခံလိုက္ရတဲ့ သတင္းကယခုတစ္ပတ္ သတင္းထူး ေတြထဲသတိထားရတဲ့ သတင္းတစ္ပုဒ္ျဖစ္လာခဲ့ပါတယ္။

အင္ဒိုနီးရွားႏိုင္ငံဆူလာေဝစီကြၽန္းမွာရွိတဲ့ မီနာဟာဆာေဒသပုလဲလုပ္ငန္းစမ္းသပ္ခန္းေခါင္းေဆာင္ အင္ဒိုနီးရွား ႏိုင္ငံသူေဒစီတူဝိုကို(၄၄) ႏွစ္ကိုသူမတရားမဝင္ ပိုင္ဆိုင္တဲ့ မယ္ရီအမည္ရွိတဲ့ မိေက်ာင္းက ကိုက္ သတ္ခဲ့တာပါ။ ကနဦးစစ္ေဆးခ်က္ေတြအရေတာ့ သူမဟာမိေက်ာင္းရွိရာ ျပဳတ္က်တဲ့ လကၡဏရွိၿပီး သူမကို ေနာက္တစ္ေန႔  နံနက္ဖက္မွာလုပ္ေဖာ္ကိုင္ဖက္ေတြက ျပန္ရွာေတြ႕ခဲ့တာပါ။ ျပန္ေတြ႕တဲ့ အခ်ိန္မွာ လက္တစ္ ဖက္နဲ႔ ဝမ္းဗိုက္အေတာ္မ်ားမ်ား မိေက်ာင္းစားထားတဲ့အတြက္ အေတာ္ေလးကို႐ုပ္ပ်က္ ဆင္းပ်က္ ျဖစ္ေန တယ္ဆိုပါတယ္။ ၁၄ ေပဆိုတဲ့ မိေက်ာင္းကိုရင္ဆိုင္ဖို႔ဆိုတာမလြယ္တဲ့ကိစၥပါ။ ဘာေၾကာင့္ ဒီလိုမိေက်ာင္းကို တရားမဝင္ေမြးထားလဲဆိုတာ ေမးခြန္းထုတ္စရာပါ။ အႏၲရာယ္ရွိတဲ့ သတၱဝါတစ္ေကာင္ကို တရားမဝင္ ေပါ့ ဆၿပီးထားတဲ့အတြက္ ယခုမိေက်ာင္းကိုက္လို႔ ေသဆုံးမႈကမေတာ္တဆလား ၊ဘယ္လိုလဲဆိုတာ ရဲတပ္ဖြဲ႕ ကစုံစမ္းစစ္ေဆးၿပီးမွ သိရမွာပါ။

လက္ရွိမွာေတာ့ ၁၄ ေပအရွည္ရွိတဲ့ မိေက်ာင္းကိုထိန္းသိမ္းေစာင့္ေရွာက္ေရးေဒသသို႔ လႊဲေျပာင္း ပို႔ ေဆာင္ေပးဖို႔ ေမ့ေဆးေပးၿပီးေနရာေ႐ႊ႕တာေတာင္ လူဒါဇင္ ႏွင့္ခ်ီၿပီးအသုံးျပဳေ႐ြ႕ခဲ့ရပါတယ္။

ဒီသတင္းကယခုတစ္ပတ္ သတင္းေတြျဖစ္တဲ့ အနက္ အနက္ ၃၂၈ ေပရွိတဲ့ တြင္းထဲ ျပဳတ္က်ခဲ့တဲ့ အသက္ ၂ ႏွစ္သားအ႐ြယ္ကေလးတစ္ဦးကိုကယ္ဆယ္ဖို႔ စပိန္ကယ္ဆယ္ေရးသမားေတြ ႀကိဳးပမ္းေနတဲ့ သ တင္း၊ သီခ်င္းဆိုၿပိဳင္ပြဲတစ္ခုမွာကေနဒါဝန္ႀကီး ခ်ဳပ္ ဂ်က္စတင္ထ႐ူးဒူးႏွင့္ ႐ုပ္ခ်င္းဆင္တဲ့ အာဖဂန္နစၥတန္ အမ်ိဳးသားတစ္ဦးလူႀကိဳက္မ်ားေနတဲ့ သတင္း၊ ဩစေၾတးလ်ႏိုင္ငံမဲလ္ဘုန္းၿမိဳ႕ရွိအေဝးေျပးလမ္းမေပၚ သြား ေနတဲ့ ကားေပၚ လမ္းၫႊန္ဆိုင္းဘုတ္ႀကီးျပဳတ္က်လို႔ ယာဥ္ေပၚပါ အမ်ိဳးသမီးတစ္ဦးဒဏ္ရာရရွိခဲ့တဲ့ သတင္း၊ အရက္ေသစာေသာက္စားထားျခင္းရွိ၊ မရွိစစ္ေဆးရာမွာအရက္ျပင္းမ်ားမူးတဲ့အထိေသာက္ေပးမယ့္ သူေတြကို    
ပင္ဆယ္ေဗးနီးယားျပည္နယ္ ရဲတပ္ဖြဲ႕ကရွာေဖြေနတဲ့ သတင္း၊အိႏၵိယမွာလူသန္းေပါင္းမ်ားစြာပါဝင္တဲ့ ကမာၻအႀကီးမားဆုံးဟိႏၵဴေရခ်ိဳးပြဲေတာ္ကိုက်င္းပတဲ့သတင္း၊အသက္ ၁၁၃ ႏွစ္အ႐ြယ္ကမာၻ႔အသက္ အႀကီးဆုံး အမ်ိဳးသားဂ်ပန္လူမ်ိဳးသူ႔ေနအိမ္မွာကြယ္လြန္သြားတဲ့ သတင္းေတြထဲအထူးသတိထားဆင္ျခင္ရမယ့္ သတင္း တစ္ပုဒ္ျဖစ္ခဲ့ပါတယ္။

နန္စီလိုပီ နဲ႔ ထရမ့္ ၾကား အားၿပိဳင္မႈ (သို႔) အေမရိကန္ ႏိုင္ငံေရးအက်ပ္အတည္း

ယခုတစ္ပတ္ႏိုင္ငံေရးနဲ႔သက္ဆိုင္တဲ့ ႏိုင္ငံတကာသတင္းေတြထဲမွာ အေမရိကန္သမၼတနဲ႔ လႊတ္ေတာ္ ၾကား တင္းမာမႈက နည္းနည္းပုဂၢိဳလ္ေရးဆန္ဆန္ ညစ္လုံးေတြထိျဖစ္လာတဲ့ အတြက္ အမ်ားဂ႐ုစိုက္စရာသ တင္း ေတြ ျဖစ္လာခဲ့ပါတယ္။

ပိုဆိုးလာတာက မကၠဆီကိုနဲ႔ အေမရိကန္ၾကား နယ္စပ္ ၿခံစည္း႐ိုးတည္ေဆာက္ဖို႔ ကန္ေဒၚလာ ၅ ဒသမ ၇ ဘီလ်ံ ေတာင္းခံတာမရလို႔ အေမရိကန္အစိုးရလုပ္ငန္းတစ္စိတ္တစ္ပိုင္း သုံးပတ္ေက်ာ္ ထရမ့္က ရပ္ဆိုင္းထားတာကို ေထာက္ျပၿပီး ထရန႔္၏ ႏွစ္ပတ္လည္ ႏိုင္ငံေတာ္မိန႔္ခြန္း ေျပာၾကားမည့္ အစီအစဥ္ကို အစီအစဥ္ကို  ေ႐ႊ႕ဆိုင္းဖို႔ ဒီမိုကရက္တစ္ေခါင္းေဆာင္ နန္စီပီလိုစီက ေျပာၾကားခဲ့တာပါ။

ဒါကို ထရမ့္က လက္တုံျပန္ၿပီး နန္စီလိုပီသြားေရာက္မယ့္ ႏိုင္ငံျခားခရီးစဥ္ေတြမွာ စစ္ဘက္ေလယာဥ္ အသုံးျပဳခြင့္ကို တားျမစ္ခဲ့ပါတယ္။ ဇန္နဝါရီ ၁၇ ရက္က နန္စီလိုပီဆီေပးပို႔တဲ့ သမၼတထရမ့္ရဲ႕ တားျမစ္စာမွာ အစိုးရအဖြဲ႕ပိတ္သိမ္းထားရမႈကို အေၾကာင္း ျပၿပီး ဘယ္လ္ဂ်ီယံ၊ အီဂ်စ္နဲ႔ အာဖဂန္နစၥတန္ႏိုင္ငံေတြကို သြာေရာက္မည့္ ေအာက္လႊတ္ေတာ္ ဥကၠ႒ နန္စီ ပီလိုစီ၏ ေ႐ႊ႕ဆိုင္းမည္ျဖစ္ေၾကာင္းနဲ႔ ဒီလိုအသိေပးရတဲ့ အတြက္ စိတ္မေကာင္းေၾကာင္း ပါဝင္ပါ တယ္။ ဒါေပမယ့္ ယင္းခရီးစဥ္ကို ႐ိုး႐ိုးခရီးသည္တင္ေလယာဥ္နဲ႔ သြားေရာက္ႏိုင္တယ္လို႔ေတာ့ ဆိုပါတယ္။ဒီလို ထရမ္လက္တုံျပန္တဲ့ အတြက္ ထရမ့္နဲ႔ ဒီမိုကရက္တစ္ေတြၾကား တင္းမာမႈက ျမင့္တက္လာခဲ့ပါတယ္။

ထရမ့္နဲ႔ လႊတ္ေတာ္ၾကားတင္းမာမႈျမင့္တက္ခ်ိန္မွာဘဲ အေရွ႕အလယ္ပိုင္းမွာ ျဖစ္ခဲ့တဲ့ ေဆာ္ဒီ ဂ်ာနယ္ လစ္ သတ္ျဖတ္ခံရမႈအတြက္ အဓိက တာဝန္ရွိတယ္လို႔္ ႏိုင္ငံတကာက ယူဆထားတဲ့ ေဆာ္ဒီအိမ္ေရွ႕မင္းသား ကို ဒီသတ္ျဖတ္လုပ္ႀကံမႈအတြက္ တာဝန္ခံရမွာျဖစ္တယ္လို႔  သမၼတ ထရမ့္အေပၚ ၾသဇာေညာင္းမႈရွိတဲ့ ရီပတ္ ဘရီကန္အမတ္ လင္ေဆးဂေရဟမ္က ေျပာလိုက္ပါတယ္။ ဒီလိုေျပာလိုက္တဲ့အတြက္ ထရမ့္ရဲ႕ အကာအကြယ္ ေပးမႈက ေပ်ာက္ဆုံး သြားၿပီလားလို႔ ေျပာစရာျဖစ္လာခဲ့ပါတယ္။ အခင္းျဖစ္ခ်ိန္မွာ ဥေရာပနဲ႔ တူရကီလို မဟာ မိတ္ေတြကိုမ်က္ကြယ္ ျပဳၿပီး အက်ိဳးစီးပြားအတြက္ ေဆာ္ဒီဘက္က ေနခဲတဲ့ ထရမ့္အေနနဲ႔ ဘာေတြ ေဆာ္ဒီဆီ ကေန ထပ္အခြင့္အေရးယူဖို႔ ဘာအႀကံအစည္ေတြရွိေနၿပီလဲဆိုတာ စဥ္းစားစရာပါ။လင္ေဆးဂေရဟမ္ရဲ႕ ေျပာ စကားထဲမွာ ဒဏ္ခတ္ ပိတ္ဆို႔မႈ (ဆန္ရွင္) နဲ႔ ၿခိမ္းေျခာက္ေျပာဆိုတာေတြ ပါေနတဲ့ အတြက္ အေရွ႕အလယ္ပိုင္း မွာ အစၥေရးနဲ႔တန္းတူရွိေနတဲ့ ႏိုင္ငံေရးနဲ႔ စီးပြားေရး ၾသဇာအာဏာေတြ ထရမ့္ရဲ႕ ဗ်ဴဟာေတြေၾကာင့္ က်ဆုံး သြား ဖြယ္ရာရွိမလား ဆိုတာ ေစာင့္ၾကည့္ ရမွာပါ။  

ဒီရက္ထဲမွာဘဲ ေျမာက္ကိုရီးယားေခါင္း ေဆာင္ ကင္ဂ်ဳံအန္ႏွင့္ အေမရိ ကန္သမၼတ ေဒၚနယ္ထရန႔္တို႔ ၾကား ဒုတိယေျမာက္ ထိပ္သီးေဆြးေႏြးပြဲသတင္းေတြထြက္ေနပါတယ္။ သမၼတ ထရမ့္နဲ႔ ကင္ဂ်ဴံအမ္ ၾကား ဒုတိယေျမာက္ ထိပ္သီးအစည္းအေဝး မတိုင္ခင္မွာ ကင္ဂ်ဴံအမ္ ရဲ႕ ညာလက္႐ုံးျဖစ္တဲ့ ကင္ေယာင္ခ်ိဳး က ဇန္နဝါရီ ၁၇ ရက္မွ အေမရိကန္ဆီ ဦးစြာေရာက္လာခဲ့ပါတယ္။ စင္ကာပူနဲ႔ဗီယက္နမ္ ဘယ္ေနရာမွာ ဆုံမွာ မေသခ်ာေသးေပမယ့္ ဗီယက္နမ္ဘက္ကေတာ့ အေသအခ်ာျပင္ဆင္ေနပါတယ္။

မကၠဆီကို နယ္စပ္ကေန ဝင္ လာမယ့္ တရားမဝင္ လူဝင္မႈေတြကေတာ့ ထရမ့္ေတာင္းခံေနတဲ့ ဘတ္ ဂ်က္အတြက္ အေထာက္အကူျဖစ္ေစေအာင္ ဆက္တိုက္ မကၠဆီကို ထဲ ဝင္လာေနပါတယ္။ ဒီရက္ပိုင္း ဗဟိုအ ေမရိကေဒသမွ ေ႐ႊ႕ေျပာင္းအေျခခ်သူေတြ ဆက္တိုက္  အေမရိကန္နယ္စပ္အနီးကို ဆက္တိုက္လာေနစဲပါဘဲ ။ ႏိုင္ငံတကာ သတင္းေတြအရ ဟြန္ဒူးရပ္စ္၊ အယ္လ္ဆာ ေဗးဒိုး၊ ဂြာတီမာလာႏွင့္ နီကာရာ ဂြာႏိုင္ငံမွ ေ႐ႊ႕ေျပာင္း အေျခခ်သူ ၉၆၉ ဦးဟာ စီအူဒက္ဟီဒယ္လ္ ဂိုေဒသသို႔ ျဖတ္ေက်ာ္ခဲ့ၿပီး အေမရိကန္ကို ဝင္ဖို႔ နယ္စပ္ကို ခ်ည္း ကပ္လာေနတယ္ဆိုပါတယ္။ဟြန္ဒူးရပ္စ္ကလာတဲ့ ေ႐ႊေျပာင္းအေျခခ်လိုသူ ၂၀၀၀ ခန႔္ဟာ ဂြာတီမာလာကို ေျခလ်င္ျဖတ္ေက်ာ္ၿပီး အေမရိကန္ဦးတည္လာေနပါတယ္။ဒီအတြက္ မၾကာခင္ကမွ သမၼတေနရာကိုရယူခဲ့တဲ့ မကၠဆီကို သမၼတသစ္အတြက္ စမ္းသပ္မႈပါဘဲ။ အခု ေ႐ႊ႕ေျပာင္းဝင္ေရာက္သူ ေနာက္ထပ္ စီးဝင္မႈႀကီးကို ေထာက္ျပရင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကေတာ့  သူရဲ႕ မကၠဆီကိုနယ္စပ္တံတိုင္းတည္ေဆာက္ေရး ဟာ မွန္ကန္တဲ့ အစီအစဥ္ပဲ ျဖစ္ေၾကာင္း ဇန္နဝါရီ ၁၅ ရက္ကေျပာခဲ့ပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္အတြင္း ျဖစ္ခဲတဲ့ အျငင္းပြားဖြယ္ ဒုံးက်ည္စနစ္ကို ဖ်က္ဆီးပစ္ဖို႔ ႐ုရွႏိုင္ငံ ကို ဂ်ာမနီက တိုက္တြန္းလိုက္တဲ့သတင္း၊ အေမရိကန္ရဲ႕ ဒုံးက်ည္ကာကြယ္ေရးစနစ္ကို အဆင့္ျမႇင့္တင္ဖို႔ သမၼတ ေဒၚနယ္ထရမ့္က ဆုံးျဖတ္လိုက္တဲ့ သတင္း၊ အီးယူကေန ၿဗိတိန္ႏုတ္ထြက္တဲ့ ဘရစ္ဇစ္သေဘာတူမူ ၾကမ္း ကို ပါလီမန္ကအျပတ္အသတ္ ပယ္ခ်လိုက္တဲ့ သတင္း၊ တ႐ုတ္ႏိုင္ငံတြင္ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ႏိုင္ငံတကာရဲတပ္ဖြဲ႕ဥကၠ႒ မင္ေဟာင္ေဝ၏ဇနီးက ၎ႏွင့္ ကေလးမ်ားအတြက္ ျပင္သစ္မွာ ခိုလႈံခြင့္ေတာင္းခံခဲ့ တဲ့သတင္း၊ ပိုလန္ႏိုင္ငံမွာ ဖမ္းဆီးခံရတဲ့ ဝန္ထမ္းတစ္ဦးကို တ႐ုတ္ ဟြာေဝးဖုန္းကုမၸဏီ က အလုပ္မွ ထုတ္ပယ္ ခဲ့တဲ့ သတင္းေတြ ထဲ သတိထားစရာျဖစ္ခဲ့တယ္ဆိုတာတင္ျပရင္း ယခုတစ္ပတ္သတင္းသုံးသပ္ခ်က္ အစီအစဥ္ကို ဒီမွာဘဲ ရပ္နားလိုက္ခ်င္ပါတယ္။

မင္းထက္
ဇန္နဝါရီ - ၂၁