【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 တရုတ် - အမေရိကန် အားပြိုင်မှု

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 တရုတ် - အမေရိကန် အားပြိုင်မှု

ယခုရက်သတ္တပတ် သတင်းတွေထဲမှာ အများစုအာရုံထားမိတဲ့ သတင်းကတော့ ဟောင်ကောင်လှုပ်ရှားမှုနဲ့ ရွေးကောက်ပွဲ သတင်းပါဘဲ။ဒီသတင်းအပြင် နိုင်ငံတကာသတင်းတွေထဲ ထိပ်တန်းသတင်းဖြစ်ခဲ့တဲ့ အမေရိကန်သမ္မတ ထရမ့် ကို ယူကရိန်းအရေးအတွက် ကြားနာနေတဲ့ သတင်းတွေကလည်း ယခုရက်သတ္တပတ်မှာ ထိပ်တန်းသတင်းအဖြစ် နေရာယူခဲ့ပါတယ်။

လိပ်ခဲတည်းလဲ ဟောင်ကောင်အရေး

ယခုရက်သတ္တပတ်ထဲ သတိထားမိစရာအဖြစ်ဆုံး သတင်းက ဟောင်ကောင် သတင်းတွေပါဘဲ။တရားခံလွှဲပြောင်းပေးရေးဆိုင်ရာ ဥပဒေကြမ်းအပေါ် အငြင်းပွားရာမှ စတင်ဖြစ်ပွားခဲ့တဲ့ ဟောင်ကောင်ဆန္ဒပြပွဲတွေက ယခုအခါမှာ လပေါင်းအတော်ကြာပြီဖြစ်သလို  အကြမ်းဖက်မှုအထိပါ ဖြစ်လာတာကို တွေ့ရပါတယ်။

ယခုရက်သတ္တပတ်မှာတော့ ဟောင်ကောင်ရွေးကောက်ပွဲက ရှိသလို အမေရိကန်လွှတ်တော်ကလည်း ဟောင်ကောင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ထောက်ခံသော ဥပဒေမူကြမ်းတစ်ရပ်ကို အတည်ပြုခဲ့တဲ့အတွက် ပြဿနာတွေက ပိုရှုပ်ထွေးခဲ့ပါတယ်။နိုဝင်ဘာ ၁၇ ရက် နှောင်းပိုင်းကတည်းက  Hong Kong Polytechnic University ကို ဆန္ဒပြသူရာပေါင်းများစွာက စီးနင်းထားရာမှာ ရဲတပ်ဖွဲ့က ၎င်းတက္ကသိုလ် ပရိဝုဏ်နယ်မြေဧရိယာကို ဆူပူအကြမ်းဖက်မှုဇုန်အဖြစ် ကြေညာထားပြီး ဆန္ဒပြသူများချထားသည့် အတားအဆီးများကို ချိုးဖျက်ဝင်ရောက်မယ်လို့ ခြိမ်းခြောက်ပြီး ယင်းတက္ကသိုလ်ကို ဝိုင်းရံထားလို့ နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းမှာ ဟောင်ကောင်တွင် ဆန္ဒပြသူတွေက ဓာတ်ဆီဗုံးများပစ်လွှတ်ခြင်း၊ တက္ကသိုလ်မြားပစ်အဖွဲ့မှ လေးနှင့် မြားများကို အသုံးပြုကာ မီးမြားများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ပြီး တက္ကသိုလ်ပရိဝုဏ်အတွင်းသို့ ရဲများမဝင်ရောက်နိုင်အောင် မီးရှို့တားမြစ်ခဲ့ပါတယ်။

အာဏာပိုင်များဖက်က အစောပိုင်းကတည်းက ဆန္ဒပြသူတွေဖက်က ဒီလိုတိုက်ခိုက်မှုများကို မရပ်တန့်ရင် ကျည်အစစ်သုံးပြီး နှိမ်နင်းရလိမ်မယ်လို့ သတိပေးထားခဲ့တာရှိပါတယ်။ဒီနောက်မှာ ကျောင်းသားများသည် ၎င်းတို့အား ဝိုင်းရံထားသည့် ရဲများကို လေးခွငြမ်းများသုံးကာ မျက်ရည်ယိုဗုံးများဖြင့်ပစ်ခြင်း၊ အုတ်ခဲများ၊ ဓာတ်ဆီဗုံးများဖြင့်ပစ်ကာ ပြန်လည်တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ်ဝင်းထဲကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပါတယ်။အာဏာပိုင်တွေက  ဆန္ဒပြသူ ထောင်ဂဏန်းလောက်ကို ဖမ်းဆီးခဲ့ပါတယ်။ဒီလိုအခြေအနေမှာ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အဆိုပါဆန္ဒပြမှုကို ဘက်ပေါင်းစုံမှ ထိန်းချုပ်ရန် တိုက်တွန်းခဲ့ပြီး ဆန္ဒပြမှုအတွင်း အင်အားသုံးနှိမ်နင်းမှုကို စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ပါတယ်။ဗြိတိန်ဆိုင်ရာ တရုတ်သံအမတ်ကြီးကတော့ ဟောင်ကောင်အစိုးရအနေနဲ့ ယင်းအခြေအနေကို မထိန်းနိုင်မသိမ်းနိုင်သည့် အခြေအနေဖြစ်လာပါက မငြိမ်မသက်မှုများကို အဆုံးသတ်သွားစေမည့် ဖြေရှင်းချက်နှင့် အာဏာအပြည့်အဝရှိကြောင်း ပြောခဲ့ပါတယ်။

ဒေသန္တရရွေးကောက်ပွဲတွေရှိသလို ဖမ်းဆီးမှုတွေနဲ့ အားပြိုင်မှုတွေကြောင့် မငြိမ်မသက်ဖြစ်နေတဲ့ ဟောင်ကောင်မှာ နိုဝင်ဘာ ၂၄ ရက်က စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ဒီရွေးကောက်ပွဲက ဟောင်ကောင်အနာဂတ်အတွက် အဆုံးအဖြတ်ဖြစ်လာနိုင်သလို ဒီမိုကရေစီ လိုလားသူတွေအတွက်လည်း တရုတ်ပြည်မကြီးအစိုးရအတွက် သတင်းစကားပေးနိုင်မယ်ဆိုပြီး မျှော်လင့်ထားပါတယ်။ပြည်မကြီးလိုလားတဲ့ ဟောင်ကောင်ထူထောင်ရေးသမားတွေအတွက်ကလည်း ဒီဒေသန္တရ ရွေးကောက်ပွဲကနေ ဟောင်ကောင်ကို မတည်မငြိမ်ဖြစ်စေတဲ့ ကျောင်းသားတွေကို သွေးထိုးပေးတဲ့သူတွေကို ဖယ်ရှားနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ဟောင်ကောင်အရေးက တရုတ်အတွက် တစ်နိုင်ငံ စနစ်နှစ်မျိုးကျင့်သုံးရာမှာ ဘယ်လိုခက်ခဲမှုတွေ ရှိသလဲဆိုတာကို ဖော်ပြသလို အနောက်နိုင်ငံတွေအတွက်လည်း အင်အားကြီးထွားလာတဲ့ တရုတ်နိုင်ငံကို ဆက်လက်မကြီးထွားစေဖို့ ဟန့်တားနိုင်မယ့် နိုင်ငံရေးကစားကွက် ဖြစ်မှန်းမသိ ဖြစ်လာအောင် ဖန်တီးနေခဲ့တာကို တွေ့ရပါတယ်။ဒါကြောင့်လည်း ဟောင်ကောင် ဒီမိုကရေစီ လိုလားသူတွေကို အားပေးတဲ့ ဟောင်ကောင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ထောက်ခံသော ဥပဒေမူကြမ်း အတည်ပြုခဲ့တဲ့ အမေရိကန်လွှတ်တော်ရဲ့ လုပ်ရပ်ကို တရုတ်အစိုးရက ဒေသတကြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီးက အမေရိကန်သံရုံး တာဝန်ခံကို ခေါ်ယူပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သလို ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ဂျီ-၂၀ အစည်းအဝေးမှာ တရုတ်နိုင်ငံတော် ကောင်စီဝင် ဝမ်ယီ က အမေရိကန်ဟာ မတည်မငြိမ်မှုများကို ဖြစ်စေသည့် ကမ္ဘာ့အကြီးဆုံးသော ဇာစ်မြစ်တရားခံဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ဒီရက်မှာဘဲ တရုတ်နဲ့ အမေရိကန်ကြား ဖြစ်နေတဲ့ နှစ်နိုင်ငံကုန်သွယ်ရေး တင်းမာမှုနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က နိုဝင်ဘာ ၁၉ ရက်မှာ သတိပေးမှုတစ်ခု ထုတ်ခဲ့ပါတယ်။ဒါက သဘောတူညီချက်တစ်ခု မရပါက တရုတ်အပေါ် ယခုထက် ပိုမိုများပြားသည့် အခွန်အကောက်များ ကောက်ခံသွားမယ်လို့ပြောပြီး ဖိအားပေးခဲ့တာပါ။

အမေရိကန်ဘက်ကတော့ အဆိုပါရက်ထဲမှာဘဲ တရုတ်အစိုးရက ပိုင်ဆိုင်ကြောင်း ထုတ်ဖော်ထားတဲ့ စပရက်တလေ ကျွန်းစုအနီးကနေ နိုဝင်ဘာ ၂၀ ရက်မှာ USS Gabrielle Giffords တိုက်ခိုက်ရေးသင်္ဘော၊ ပါရာဆယ်ကျွန်းစုအနီးကနေ  နိုဝင်ဘာ ၂၁ ရက်မှာ  USS Wayne E.Meyer ဖျက်သင်္ဘောက ဖြတ်သန်းခုတ်မောင်းခဲ့ပါတယ်။ဒီလို အငြင်းပွားရေပြင်မှာ အမေရိကန်စစ်သင်္ဘောတွေ ခုတ်မောင်းသွားလာမှုအပေါ် တရုတ်တို့ဘက်က ပြစ်တင်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၄ ရက်မှာတော့ ဟောင်ကောင် ဒေသန္တရကောင်စီ ရွေးကောက်ပွဲများကို ကျင်းပခဲ့ပါတယ်။လအတန်ကြာ ဆန္ဒပြပွဲတွေနဲ့ လုံးထွေးနေရတဲ့ ဟောင်ကောင်မှာ ယခုကျင်းပတဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားစွာ လာရောက်မဲပေးသူ စံချိန်တင်ခဲ့ပါတယ်။ဟောင်ကောင် ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ မဲပေးသူအရေအတွက်က အံ့အားသင့်စရာကောင်းလောက်အောင် ၇၁ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့တယ် ဆိုပါတယ်။စုစုပေါင်း ၄၅၂ နေရာအနက် ထက်ဝက်ခန့်နီးပါးကို မရေတွက်ရသေးသော်လည်း ရေတွက်ပြီးသည့် ၂၄၁ နေရာအနက် ဒီမိုကရေစီထောက်ခံသူ ကိုယ်စားလှယ်များက ၂၀၁ နေရာရရှိနေပြီး ထူထောင်ရေးလိုလားသူ ကိုယ်စားလှယ်များက ၃၈ နေရာ ရရှိထားတယ် ဆိုပါတယ်။

ကျန်ထက်ဝက်မှာ ဘယ်သူတွေနိုင်မလဲ ဒီမိုကရေစီလိုလားသူတွေနဲ့ ပြန်လည်ထူထောင်လိုသူကြား ဘယ်သူတွေက အနိုင်ရမလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်သလို ကမ္ဘာ့စူပါ၀ါကြီးဖြစ်လာတဲ့ တရုတ်နိုင်ငံနဲ့ အမေရိကန်ကြား ပါဝါအားပြိုင်မှုနဲ့ ထိန်းကျောင်းမှုဖြစ်လာတဲ့အတွက် ဟောင်ကောင်ရွေးကောက်ပွဲ ဘယ်သူနိုင်မလဲနဲ့ ဘယ်လိုဆက်စခန်းသွားမလဲဆိုတာ စောင့်ကြည့်စရာ ဖြစ်လာခဲ့ပါတယ်။

ထရမ့်အတွက် ခက်ခဲတဲ့ ရက်သတ္တပတ်

ယခုရက်သတ္တပတ်ထဲမှာ အမေရိကန်သမ္မတ ထရမ့် က နိုင်ငံရေးပြိုင်ဘက် ဂျိုးဘိုင်ဒင်အား ဖိအားပေးရန် ယူကရိန်းသမ္မတအပေါ် စေခိုင်းခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ကြားနာပွဲ ပြုလုပ်ခဲ့ပါတယ်။ဒါဟာ ထရမ့်အတွက် လာမယ့်ရွေးကောက်ပါပွဲနီးချိန်မှာမှ ဖြစ်တဲ့အတွက် နိုင်ငံရေးအရ ထိုးနှက်ချက်ကြီးပါဘဲ။တနည်းအားဖြင့် ရီပတ်ဘလီကင်တွေအတွက် မျက်နှာပျက်ရတဲ့ ကိစ္စဖြစ်သလို ဒီမိုကရက်တစ်အတွက် ကောင်းမွန်တဲ့ အဖြစ်အပျက်တစ်ခုပါဘဲ။ဒါပေမယ့် အမေရိကန်ပြည်သူတွေအတွက်တော့ စိတ်ပျက်စရာဖြစ်ရပ်တစ်ခုပါ။

နိုဝင်ဘာ ၂၀ ရက်မှာ လုပ်ဆောင်သည့် လွှတ်တော်ကြားနာပွဲမှာ အီးယူဆိုင်ရာ အမေရိကန်သံအမတ်ကြီး Gordon Sondland က နိုင်ငံရေးပြိုင်ဘက် ဂျိုးဘိုင်ဒင်အား စုံစမ်းစစ်ဆေးရေး ယူကရိန်းအပေါ် ဖိအားပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ညွှန်ကြားခဲ့ပြီး ယင်းညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခဲ့ရတယ်ဆိုပြီး လွှတ်တော်ကြားနာပွဲမှာ အမေရိကန်သံအမတ်ကြီး ထွက်ဆိုခဲ့ပါတယ်။ဒါဟာ ထရမ့်ရဲ့ ဥပဒေမဲ့လုပ်ရပ်တွေ ဗူးပေါ်သလို ပေါ်လာရတာပဲဖြစ်ပါတယ်။ဒါ့အပြင် နိုင်ငံရေးပြိုင်ဘက် ဂျိုးဘိုင်ဒင်အား စုံစမ်းစစ်ဆေးစေရေးအတွက် ယူကရိန်းနှင့်အကြား အပေးအယူလုပ်ရန် ညွှန်ကြားခဲ့တာကို တိတိကျကျပြလိုက်တဲ့ လူသက်သေပါဘဲ။

ကြားနာထွက်ဆိုပွဲမှာ Gordon Sondland က ယူကရိန်းဘက်က ဂျိုးဘိုင်ဒင် ကို စုံစမ်းစစ်ဆေးရန်နှင့်၊ ယင်းအတိုင်း လုပ်ဆောင်ပါက ယူကရိန်းသမ္မတ ဇီလန်စကီး အိမ်ဖြူတော်သို့ အလည်အပတ်လာရောက်နိုင်ရန် စီစဉ်ပေးရေး အပေးအယူတစ်ခု လုပ်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ယခု လွှတ်တော်ကြားနာမှုမှာ ဂျိုးဘိုင်ဒင်အပေါ် စုံစမ်းစစ်ဆေးရေး တောင်းဆိုမှု ယူကရိန်းဘက်က မလိုက်နာရင် ထရမ့်ဘက်ကပါ ယင်းနိုင်ငံအပေါ် စစ်ရေးအကူအညီရပ်ဆိုင်းရေးကို သတ်မှတ်လုပ်ဆောင်ခဲ့ခြင်း ရှိ/မရှိ စစ်ဆေးနေတာဖြစ်ပြီး ဒီလိုဖြစ်ခဲ့တယ်ဆိုရင် အမေရိကန်သမ္မတတစ်ဦးအနေဖြင့် ရွေးကောက်ပွဲ အနိုင်ရနိုင်ရေးအတွက် ပြည်ပနိုင်ငံ၏ အကူအညီတစ်ရပ်ကို ရယူခြင်းက ယင်းနိုင်ငံတွင် ဥပဒေနှင့် မညီညွတ်သည့် ကိစ္စဖြစ်လို့ လာမယ့်ရွေးကောက်ပွဲကနေ ထရမ့် ထွက်ပေးရမယ့် အနေအထားဖြစ်လာမှာဖြစ်သလို ဒီမိုကရက်တွေအတွက်လည်း ရီပတ်ဘလီကင်တွေကို ရွေးကောက်ပွဲအတွက် ထိုးနှက်စရာ အကြောင်းအရာကြီးတစ်ခု ဖြစ်လာမှာ သေချာနေပါတယ်။

လွှတ်တော်စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီမှ အဒမ်ရှစ်ဖ် က ယခုဖြစ်ရပ်ဟာ သမ္မတဟောင်း ရစ်ချက်နစ်ခ်ဆင် နုတ်ထွက်ပေးခဲ့ရသည့် ဝါးတားဂိတ် အရှုပ်တော်ပုံထက် ဆိုးရွားနေတယ်ဆိုပြီး ပြောခဲ့ပါတယ်။ထွက်ဆိုချက်တွေက သမ္မတ ထရမ့်အတွက် ကောင်းတဲ့လက္ခဏတွေတစ်ခုမှ မတွေ့ရဘဲ ပိုပြီးသေချာသည်ထက် သေချာလာတဲ့အတွက် ဘယ်လိုတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပြီး ကျူးလွန်ကြောင်း ခိုင်မာခဲ့ရင်တောင် ရီပတ်ဘလီကင်တွေ လွှမ်းမိုးထားတဲ့ အမေရိကန် အထက်လွှတ်တော်မှာ အတည်ပြုဖို့ခက်ခဲမှာ သေချာနေပါတယ်။ဒီလိုသာဆိုရင် ဒီမိုကရက်တစ်တွေနဲ့ ရီပတ်ဘလီကင်တွေကြား ပြင်းထန်တဲ့တိုက်ပွဲတွေ တွေ့ရဖို့ရှိတဲ့အတွက် အမေရိကန် နိုင်ငံရေးသမိုင်းမှာ နောက်ထပ် နစ်ခ်ဆင်ဖြစ်ရပ်လို သမ္မတ ထရမ့် နုတ်ထွက်ရမလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းတွေက ယခုရက်သတ္တပတ်ထဲဖြစ်ခဲ့တဲ့ သတင်းတွေထဲက ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ထိုင်းနိုင်ငံသို့ သွားရောက်တဲ့သတင်း၊ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေး က နိုင်ငံတွင် အီးစီးကရက်သုံးစွဲခြင်းကို ပိတ်ပင်သွားတော့မယ်လို့ ပြောကြားလိုက်တဲ့သတင်း၊ လွန်ခဲ့သည့်တစ်နှစ်က ဖမ်းဆီးထားသည့် ယူကရိန်းသင်္ဘောများကို ပြန်ပေးမယ်လို့ ရုရှားဘက်က ထုတ်ပြန်လိုက်တဲ့သတင်း၊ အစ္စရေး လက်ရှိဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ကို အကျင့်ပျက်ခြစားမှုဖြင့် စွဲချက်တင်ခံခဲ့ရတဲ့သတင်း၊ ကမ္ဘာတစ်ဝန်း ဆယ်ကျော်သက်အရွယ်ငါးဦးမှာ လေးဦးနှုန်း ကျန်းမာရေးအတွက် လုံလောက်သည့် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်မှုများ လုပ်ဆောင်နေခြင်းမရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်သတိပေးလိုက်တဲ့သတင်း၊ တောင်ကိုရီးယားက ဂျပန်နှင့် စစ်ဘက်သတင်း အချက်အလက် လုံခြုံရေးဆိုင်ရာ အထွေထွေသဘောတူညီချက်ကို ဆက်လက်ချုပ်ဆိုသွားမယ့်သတင်း၊ ဘရာဇီးသမ္မတ ဘိုဆိုနာရို၏ သားဖြစ်သူကို အဂတိလိုက်စားမှုဖြင့် စွဲချက်တင်ခံခဲ့ရတဲ့သတင်း၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဂျပန်မြေပေါ်တွင် အမေရိကန်တပ်သားများ ရှိနေခြင်းက ရုရှားအတွက် စိုးရိမ်ဖွယ်လို့ ပြောခဲ့တဲ့သတင်း၊ ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်ရာ ဝင်ပေါက်ကို ပိတ်သိမ်းရန် ဂရိက နယ်စပ်အစောင့်တပ်ဖွဲ့များကို မိုမိုတပ်ဖြန့်ချထားမှုများ ဆောင်ရွက်နေတဲ့သတင်း၊ အမေရိကန်က ရွှေ့ပြောင်းအခြေချသူများကို ဂွါတီမာလာသို့ ပို့ဆောင်မှုကို စတင်ဆောင်ရွက်နေတဲ့ သတင်းတွေလည်း သတိထားမိစရာ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာသတင်း သုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်
နို၀င်ဘာ - ၂၅

( Zawgyi )

ယခုရက္သတၱပတ္ သတင္းေတြထဲမွာ အမ်ားစုအာ႐ုံထားမိတဲ့ သတင္းကေတာ့ ေဟာင္ေကာင္လႈပ္ရွားမႈနဲ႔ ေ႐ြးေကာက္ပြဲ သတင္းပါဘဲ။ဒီသတင္းအျပင္ ႏိုင္ငံတကာသတင္းေတြထဲ ထိပ္တန္းသတင္းျဖစ္ခဲ့တဲ့ အေမရိကန္သမၼတ ထရမ့္ ကို ယူကရိန္းအေရးအတြက္ ၾကားနာေနတဲ့ သတင္းေတြကလည္း ယခုရက္သတၱပတ္မွာ ထိပ္တန္းသတင္းအျဖစ္ ေနရာယူခဲ့ပါတယ္။

လိပ္ခဲတည္းလဲ ေဟာင္ေကာင္အေရး

ယခုရက္သတၱပတ္ထဲ သတိထားမိစရာအျဖစ္ဆုံး သတင္းက ေဟာင္ေကာင္ သတင္းေတြပါဘဲ။တရားခံလႊဲေျပာင္းေပးေရးဆိုင္ရာ ဥပေဒၾကမ္းအေပၚ အျငင္းပြားရာမွ စတင္ျဖစ္ပြားခဲ့တဲ့ ေဟာင္ေကာင္ဆႏၵျပပြဲေတြက ယခုအခါမွာ လေပါင္းအေတာ္ၾကာၿပီျဖစ္သလို  အၾကမ္းဖက္မႈအထိပါ ျဖစ္လာတာကို ေတြ႕ရပါတယ္။

ယခုရက္သတၱပတ္မွာေတာ့ ေဟာင္ေကာင္ေ႐ြးေကာက္ပြဲက ရွိသလို အေမရိကန္လႊတ္ေတာ္ကလည္း ေဟာင္ေကာင္ လူ႔အခြင့္အေရးႏွင့္ ဒီမိုကေရစီကို ေထာက္ခံေသာ ဥပေဒမူၾကမ္းတစ္ရပ္ကို အတည္ျပဳခဲ့တဲ့အတြက္ ျပႆနာေတြက ပိုရႈပ္ေထြးခဲ့ပါတယ္။ႏိုဝင္ဘာ ၁၇ ရက္ ေႏွာင္းပိုင္းကတည္းက  Hong Kong Polytechnic University ကို ဆႏၵျပသူရာေပါင္းမ်ားစြာက စီးနင္းထားရာမွာ ရဲတပ္ဖြဲ႕က ၎တကၠသိုလ္ ပရိဝုဏ္နယ္ေျမဧရိယာကို ဆူပူအၾကမ္းဖက္မႈဇုန္အျဖစ္ ေၾကညာထားၿပီး ဆႏၵျပသူမ်ားခ်ထားသည့္ အတားအဆီးမ်ားကို ခ်ိဳးဖ်က္ဝင္ေရာက္မယ္လို႔ ၿခိမ္းေျခာက္ၿပီး ယင္းတကၠသိုလ္ကို ဝိုင္းရံထားလို႔ ႏိုဝင္ဘာ ၁၈ ရက္ နံနက္ပိုင္းမွာ ေဟာင္ေကာင္တြင္ ဆႏၵျပသူေတြက ဓာတ္ဆီဗုံးမ်ားပစ္လႊတ္ျခင္း၊ တကၠသိုလ္ျမားပစ္အဖြဲ႕မွ ေလးႏွင့္ ျမားမ်ားကို အသုံးျပဳကာ မီးျမားမ်ားျဖင့္ ပစ္ခတ္ျခင္းမ်ား ျပဳလုပ္ၿပီး တကၠသိုလ္ပရိဝုဏ္အတြင္းသို႔ ရဲမ်ားမဝင္ေရာက္ႏိုင္ေအာင္ မီးရႈိ႕တားျမစ္ခဲ့ပါတယ္။

အာဏာပိုင္မ်ားဖက္က အေစာပိုင္းကတည္းက ဆႏၵျပသူေတြဖက္က ဒီလိုတိုက္ခိုက္မႈမ်ားကို မရပ္တန႔္ရင္ က်ည္အစစ္သုံးၿပီး ႏွိမ္နင္းရလိမ္မယ္လို႔ သတိေပးထားခဲ့တာရွိပါတယ္။ဒီေနာက္မွာ ေက်ာင္းသားမ်ားသည္ ၎တို႔အား ဝိုင္းရံထားသည့္ ရဲမ်ားကို ေလးခြျငမ္းမ်ားသုံးကာ မ်က္ရည္ယိုဗုံးမ်ားျဖင့္ပစ္ျခင္း၊ အုတ္ခဲမ်ား၊ ဓာတ္ဆီဗုံးမ်ားျဖင့္ပစ္ကာ ျပန္လည္တိုက္ခိုက္ခဲ့ၿပီး တကၠသိုလ္ဝင္းထဲကေန ထြက္ေျပးလြတ္ေျမာက္သြားခဲ့ၾကပါတယ္။အာဏာပိုင္ေတြက  ဆႏၵျပသူ ေထာင္ဂဏန္းေလာက္ကို ဖမ္းဆီးခဲ့ပါတယ္။ဒီလိုအေျခအေနမွာ အေမရိကန္နဲ႔ ဥေရာပသမဂၢတို႔က အဆိုပါဆႏၵျပမႈကို ဘက္ေပါင္းစုံမွ ထိန္းခ်ဳပ္ရန္ တိုက္တြန္းခဲ့ၿပီး ဆႏၵျပမႈအတြင္း အင္အားသုံးႏွိမ္နင္းမႈကို စုံစမ္းစစ္ေဆးရန္ ေတာင္းဆိုခဲ့ပါတယ္။ၿဗိတိန္ဆိုင္ရာ တ႐ုတ္သံအမတ္ႀကီးကေတာ့ ေဟာင္ေကာင္အစိုးရအေနနဲ႔ ယင္းအေျခအေနကို မထိန္းႏိုင္မသိမ္းႏိုင္သည့္ အေျခအေနျဖစ္လာပါက မၿငိမ္မသက္မႈမ်ားကို အဆုံးသတ္သြားေစမည့္ ေျဖရွင္းခ်က္ႏွင့္ အာဏာအျပည့္အဝရွိေၾကာင္း ေျပာခဲ့ပါတယ္။

ေဒသႏၲရေ႐ြးေကာက္ပြဲေတြရွိသလို ဖမ္းဆီးမႈေတြနဲ႔ အားၿပိဳင္မႈေတြေၾကာင့္ မၿငိမ္မသက္ျဖစ္ေနတဲ့ ေဟာင္ေကာင္မွာ ႏိုဝင္ဘာ ၂၄ ရက္က စီစဥ္ထားတဲ့အတိုင္း ေ႐ြးေကာက္ပြဲကို က်င္းပခဲ့ပါတယ္။ဒီေ႐ြးေကာက္ပြဲက ေဟာင္ေကာင္အနာဂတ္အတြက္ အဆုံးအျဖတ္ျဖစ္လာႏိုင္သလို ဒီမိုကေရစီ လိုလားသူေတြအတြက္လည္း တ႐ုတ္ျပည္မႀကီးအစိုးရအတြက္ သတင္းစကားေပးႏိုင္မယ္ဆိုၿပီး ေမွ်ာ္လင့္ထားပါတယ္။ျပည္မႀကီးလိုလားတဲ့ ေဟာင္ေကာင္ထူေထာင္ေရးသမားေတြအတြက္ကလည္း ဒီေဒသႏၲရ ေ႐ြးေကာက္ပြဲကေန ေဟာင္ေကာင္ကို မတည္မၿငိမ္ျဖစ္ေစတဲ့ ေက်ာင္းသားေတြကို ေသြးထိုးေပးတဲ့သူေတြကို ဖယ္ရွားႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။

ေဟာင္ေကာင္အေရးက တ႐ုတ္အတြက္ တစ္ႏိုင္ငံ စနစ္ႏွစ္မ်ိဳးက်င့္သုံးရာမွာ ဘယ္လိုခက္ခဲမႈေတြ ရွိသလဲဆိုတာကို ေဖာ္ျပသလို အေနာက္ႏိုင္ငံေတြအတြက္လည္း အင္အားႀကီးထြားလာတဲ့ တ႐ုတ္ႏိုင္ငံကို ဆက္လက္မႀကီးထြားေစဖို႔ ဟန႔္တားႏိုင္မယ့္ ႏိုင္ငံေရးကစားကြက္ ျဖစ္မွန္းမသိ ျဖစ္လာေအာင္ ဖန္တီးေနခဲ့တာကို ေတြ႕ရပါတယ္။ဒါေၾကာင့္လည္း ေဟာင္ေကာင္ ဒီမိုကေရစီ လိုလားသူေတြကို အားေပးတဲ့ ေဟာင္ေကာင္ လူ႔အခြင့္အေရးႏွင့္ ဒီမိုကေရစီကို ေထာက္ခံေသာ ဥပေဒမူၾကမ္း အတည္ျပဳခဲ့တဲ့ အေမရိကန္လႊတ္ေတာ္ရဲ႕ လုပ္ရပ္ကို တ႐ုတ္အစိုးရက ေဒသတႀကီး ျပင္းျပင္းထန္ထန္ ကန႔္ကြက္ခဲ့ပါတယ္။

ဒါ့အျပင္ တ႐ုတ္ႏိုင္ငံျခားေရး ဒုဝန္ႀကီးက အေမရိကန္သံ႐ုံး တာဝန္ခံကို ေခၚယူၿပီး ျပင္းျပင္းထန္ထန္ ကန႔္ကြက္ခဲ့သလို ဂ်ပန္ႏိုင္ငံမွာ က်င္းပတဲ့ ဂ်ီ-၂၀ အစည္းအေဝးမွာ တ႐ုတ္ႏိုင္ငံေတာ္ ေကာင္စီဝင္ ဝမ္ယီ က အေမရိကန္ဟာ မတည္မၿငိမ္မႈမ်ားကို ျဖစ္ေစသည့္ ကမာၻ႔အႀကီးဆုံးေသာ ဇာစ္ျမစ္တရားခံျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ဒီရက္မွာဘဲ တ႐ုတ္နဲ႔ အေမရိကန္ၾကား ျဖစ္ေနတဲ့ ႏွစ္ႏိုင္ငံကုန္သြယ္ေရး တင္းမာမႈနဲ႔ ပတ္သက္ၿပီး အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ က ႏိုဝင္ဘာ ၁၉ ရက္မွာ သတိေပးမႈတစ္ခု ထုတ္ခဲ့ပါတယ္။ဒါက သေဘာတူညီခ်က္တစ္ခု မရပါက တ႐ုတ္အေပၚ ယခုထက္ ပိုမိုမ်ားျပားသည့္ အခြန္အေကာက္မ်ား ေကာက္ခံသြားမယ္လို႔ေျပာၿပီး ဖိအားေပးခဲ့တာပါ။

အေမရိကန္ဘက္ကေတာ့ အဆိုပါရက္ထဲမွာဘဲ တ႐ုတ္အစိုးရက ပိုင္ဆိုင္ေၾကာင္း ထုတ္ေဖာ္ထားတဲ့ စပရက္တေလ ကြၽန္းစုအနီးကေန ႏိုဝင္ဘာ ၂၀ ရက္မွာ USS Gabrielle Giffords တိုက္ခိုက္ေရးသေဘၤာ၊ ပါရာဆယ္ကြၽန္းစုအနီးကေန  ႏိုဝင္ဘာ ၂၁ ရက္မွာ  USS Wayne E.Meyer ဖ်က္သေဘၤာက ျဖတ္သန္းခုတ္ေမာင္းခဲ့ပါတယ္။ဒီလို အျငင္းပြားေရျပင္မွာ အေမရိကန္စစ္သေဘၤာေတြ ခုတ္ေမာင္းသြားလာမႈအေပၚ တ႐ုတ္တို႔ဘက္က ျပစ္တင္ခဲ့ပါတယ္။

ႏိုဝင္ဘာ ၂၄ ရက္မွာေတာ့ ေဟာင္ေကာင္ ေဒသႏၲရေကာင္စီ ေ႐ြးေကာက္ပြဲမ်ားကို က်င္းပခဲ့ပါတယ္။လအတန္ၾကာ ဆႏၵျပပြဲေတြနဲ႔ လုံးေထြးေနရတဲ့ ေဟာင္ေကာင္မွာ ယခုက်င္းပတဲ့ ေ႐ြးေကာက္ပြဲကို စိတ္ဝင္စားစြာ လာေရာက္မဲေပးသူ စံခ်ိန္တင္ခဲ့ပါတယ္။ေဟာင္ေကာင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ ထုတ္ျပန္ခ်က္အရ မဲေပးသူအေရအတြက္က အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ၇၁ ဒသမ ၂ ရာခိုင္ႏႈန္း ရွိခဲ့တယ္ ဆိုပါတယ္။စုစုေပါင္း ၄၅၂ ေနရာအနက္ ထက္ဝက္ခန႔္နီးပါးကို မေရတြက္ရေသးေသာ္လည္း ေရတြက္ၿပီးသည့္ ၂၄၁ ေနရာအနက္ ဒီမိုကေရစီေထာက္ခံသူ ကိုယ္စားလွယ္မ်ားက ၂၀၁ ေနရာရရွိေနၿပီး ထူေထာင္ေရးလိုလားသူ ကိုယ္စားလွယ္မ်ားက ၃၈ ေနရာ ရရွိထားတယ္ ဆိုပါတယ္။

က်န္ထက္ဝက္မွာ ဘယ္သူေတြႏိုင္မလဲ ဒီမိုကေရစီလိုလားသူေတြနဲ႔ ျပန္လည္ထူေထာင္လိုသူၾကား ဘယ္သူေတြက အႏိုင္ရမလဲဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္သလို ကမာၻ႔စူပါ၀ါႀကီးျဖစ္လာတဲ့ တ႐ုတ္ႏိုင္ငံနဲ႔ အေမရိကန္ၾကား ပါဝါအားၿပိဳင္မႈနဲ႔ ထိန္းေက်ာင္းမႈျဖစ္လာတဲ့အတြက္ ေဟာင္ေကာင္ေ႐ြးေကာက္ပြဲ ဘယ္သူႏိုင္မလဲနဲ႔ ဘယ္လိုဆက္စခန္းသြားမလဲဆိုတာ ေစာင့္ၾကည့္စရာ ျဖစ္လာခဲ့ပါတယ္။

ထရမ့္အတြက္ ခက္ခဲတဲ့ ရက္သတၱပတ္

ယခုရက္သတၱပတ္ထဲမွာ အေမရိကန္သမၼတ ထရမ့္ က ႏိုင္ငံေရးၿပိဳင္ဘက္ ဂ်ိဳးဘိုင္ဒင္အား ဖိအားေပးရန္ ယူကရိန္းသမၼတအေပၚ ေစခိုင္းခဲ့တဲ့ကိစၥနဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္ၾကားနာပြဲ ျပဳလုပ္ခဲ့ပါတယ္။ဒါဟာ ထရမ့္အတြက္ လာမယ့္ေ႐ြးေကာက္ပါပြဲနီးခ်ိန္မွာမွ ျဖစ္တဲ့အတြက္ ႏိုင္ငံေရးအရ ထိုးႏွက္ခ်က္ႀကီးပါဘဲ။တနည္းအားျဖင့္ ရီပတ္ဘလီကင္ေတြအတြက္ မ်က္ႏွာပ်က္ရတဲ့ ကိစၥျဖစ္သလို ဒီမိုကရက္တစ္အတြက္ ေကာင္းမြန္တဲ့ အျဖစ္အပ်က္တစ္ခုပါဘဲ။ဒါေပမယ့္ အေမရိကန္ျပည္သူေတြအတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ရပ္တစ္ခုပါ။

ႏိုဝင္ဘာ ၂၀ ရက္မွာ လုပ္ေဆာင္သည့္ လႊတ္ေတာ္ၾကားနာပြဲမွာ အီးယူဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Gordon Sondland က ႏိုင္ငံေရးၿပိဳင္ဘက္ ဂ်ိဳးဘိုင္ဒင္အား စုံစမ္းစစ္ေဆးေရး ယူကရိန္းအေပၚ ဖိအားေပးရန္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ က ၫႊန္ၾကားခဲ့ၿပီး ယင္းၫႊန္ၾကားခ်က္အတိုင္း လိုက္နာေဆာင္႐ြက္ခဲ့ရတယ္ဆိုၿပီး လႊတ္ေတာ္ၾကားနာပြဲမွာ အေမရိကန္သံအမတ္ႀကီး ထြက္ဆိုခဲ့ပါတယ္။ဒါဟာ ထရမ့္ရဲ႕ ဥပေဒမဲ့လုပ္ရပ္ေတြ ဗူးေပၚသလို ေပၚလာရတာပဲျဖစ္ပါတယ္။ဒါ့အျပင္ ႏိုင္ငံေရးၿပိဳင္ဘက္ ဂ်ိဳးဘိုင္ဒင္အား စုံစမ္းစစ္ေဆးေစေရးအတြက္ ယူကရိန္းႏွင့္အၾကား အေပးအယူလုပ္ရန္ ၫႊန္ၾကားခဲ့တာကို တိတိက်က်ျပလိုက္တဲ့ လူသက္ေသပါဘဲ။

ၾကားနာထြက္ဆိုပြဲမွာ Gordon Sondland က ယူကရိန္းဘက္က ဂ်ိဳးဘိုင္ဒင္ ကို စုံစမ္းစစ္ေဆးရန္ႏွင့္၊ ယင္းအတိုင္း လုပ္ေဆာင္ပါက ယူကရိန္းသမၼတ ဇီလန္စကီး အိမ္ျဖဴေတာ္သို႔ အလည္အပတ္လာေရာက္ႏိုင္ရန္ စီစဥ္ေပးေရး အေပးအယူတစ္ခု လုပ္ခိုင္းခဲ့တယ္လို႔ ဆိုပါတယ္။

ယခု လႊတ္ေတာ္ၾကားနာမႈမွာ ဂ်ိဳးဘိုင္ဒင္အေပၚ စုံစမ္းစစ္ေဆးေရး ေတာင္းဆိုမႈ ယူကရိန္းဘက္က မလိုက္နာရင္ ထရမ့္ဘက္ကပါ ယင္းႏိုင္ငံအေပၚ စစ္ေရးအကူအညီရပ္ဆိုင္းေရးကို သတ္မွတ္လုပ္ေဆာင္ခဲ့ျခင္း ရွိ/မရွိ စစ္ေဆးေနတာျဖစ္ၿပီး ဒီလိုျဖစ္ခဲ့တယ္ဆိုရင္ အေမရိကန္သမၼတတစ္ဦးအေနျဖင့္ ေ႐ြးေကာက္ပြဲ အႏိုင္ရႏိုင္ေရးအတြက္ ျပည္ပႏိုင္ငံ၏ အကူအညီတစ္ရပ္ကို ရယူျခင္းက ယင္းႏိုင္ငံတြင္ ဥပေဒႏွင့္ မညီၫြတ္သည့္ ကိစၥျဖစ္လို႔ လာမယ့္ေ႐ြးေကာက္ပြဲကေန ထရမ့္ ထြက္ေပးရမယ့္ အေနအထားျဖစ္လာမွာျဖစ္သလို ဒီမိုကရက္ေတြအတြက္လည္း ရီပတ္ဘလီကင္ေတြကို ေ႐ြးေကာက္ပြဲအတြက္ ထိုးႏွက္စရာ အေၾကာင္းအရာႀကီးတစ္ခု ျဖစ္လာမွာ ေသခ်ာေနပါတယ္။

လႊတ္ေတာ္စုံစမ္းစစ္ေဆးေရးေကာ္မတီ ဥကၠ႒ျဖစ္တဲ့ ဒီမိုကရက္တစ္ပါတီမွ အဒမ္ရွစ္ဖ္ က ယခုျဖစ္ရပ္ဟာ သမၼတေဟာင္း ရစ္ခ်က္နစ္ခ္ဆင္ ႏုတ္ထြက္ေပးခဲ့ရသည့္ ဝါးတားဂိတ္ အရႈပ္ေတာ္ပုံထက္ ဆိုး႐ြားေနတယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ထြက္ဆိုခ်က္ေတြက သမၼတ ထရမ့္အတြက္ ေကာင္းတဲ့လကၡဏေတြတစ္ခုမွ မေတြ႕ရဘဲ ပိုၿပီးေသခ်ာသည္ထက္ ေသခ်ာလာတဲ့အတြက္ ဘယ္လိုေတြျဖစ္လာမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ၿပီး က်ဴးလြန္ေၾကာင္း ခိုင္မာခဲ့ရင္ေတာင္ ရီပတ္ဘလီကင္ေတြ လႊမ္းမိုးထားတဲ့ အေမရိကန္ အထက္လႊတ္ေတာ္မွာ အတည္ျပဳဖို႔ခက္ခဲမွာ ေသခ်ာေနပါတယ္။ဒီလိုသာဆိုရင္ ဒီမိုကရက္တစ္ေတြနဲ႔ ရီပတ္ဘလီကင္ေတြၾကား ျပင္းထန္တဲ့တိုက္ပြဲေတြ ေတြ႕ရဖို႔ရွိတဲ့အတြက္ အေမရိကန္ ႏိုင္ငံေရးသမိုင္းမွာ ေနာက္ထပ္ နစ္ခ္ဆင္ျဖစ္ရပ္လို သမၼတ ထရမ့္ ႏုတ္ထြက္ရမလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ဒီသတင္းေတြက ယခုရက္သတၱပတ္ထဲျဖစ္ခဲ့တဲ့ သတင္းေတြထဲက ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ ထိုင္းႏိုင္ငံသို႔ သြားေရာက္တဲ့သတင္း၊ ဖိလစ္ပိုင္သမၼတ ႐ိုဒရီဂိုဒူတာေတး က ႏိုင္ငံတြင္ အီးစီးကရက္သုံးစြဲျခင္းကို ပိတ္ပင္သြားေတာ့မယ္လို႔ ေျပာၾကားလိုက္တဲ့သတင္း၊ လြန္ခဲ့သည့္တစ္ႏွစ္က ဖမ္းဆီးထားသည့္ ယူကရိန္းသေဘၤာမ်ားကို ျပန္ေပးမယ္လို႔ ႐ုရွားဘက္က ထုတ္ျပန္လိုက္တဲ့သတင္း၊ အစၥေရး လက္ရွိဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟု ကို အက်င့္ပ်က္ျခစားမႈျဖင့္ စြဲခ်က္တင္ခံခဲ့ရတဲ့သတင္း၊ ကမာၻတစ္ဝန္း ဆယ္ေက်ာ္သက္အ႐ြယ္ငါးဦးမွာ ေလးဦးႏႈန္း က်န္းမာေရးအတြက္ လုံေလာက္သည့္ ကိုယ္လက္လႈပ္ရွားမႈ ေလ့က်င့္မႈမ်ား လုပ္ေဆာင္ေနျခင္းမရွိဘူးလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ထုတ္ျပန္သတိေပးလိုက္တဲ့သတင္း၊ ေတာင္ကိုရီးယားက ဂ်ပန္ႏွင့္ စစ္ဘက္သတင္း အခ်က္အလက္ လုံၿခဳံေရးဆိုင္ရာ အေထြေထြသေဘာတူညီခ်က္ကို ဆက္လက္ခ်ဳပ္ဆိုသြားမယ့္သတင္း၊ ဘရာဇီးသမၼတ ဘိုဆိုနာ႐ို၏ သားျဖစ္သူကို အဂတိလိုက္စားမႈျဖင့္ စြဲခ်က္တင္ခံခဲ့ရတဲ့သတင္း၊ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးက ဂ်ပန္ေျမေပၚတြင္ အေမရိကန္တပ္သားမ်ား ရွိေနျခင္းက ႐ုရွားအတြက္ စိုးရိမ္ဖြယ္လို႔ ေျပာခဲ့တဲ့သတင္း၊ ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ား ဝင္ေရာက္ရာ ဝင္ေပါက္ကို ပိတ္သိမ္းရန္ ဂရိက နယ္စပ္အေစာင့္တပ္ဖြဲ႕မ်ားကို မိုမိုတပ္ျဖန႔္ခ်ထားမႈမ်ား ေဆာင္႐ြက္ေနတဲ့သတင္း၊ အေမရိကန္က ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ားကို ဂြါတီမာလာသို႔ ပို႔ေဆာင္မႈကို စတင္ေဆာင္႐ြက္ေနတဲ့ သတင္းေတြလည္း သတိထားမိစရာ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ႏိုင္ငံတကာသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ႏို၀င္ဘာ - ၂၅