【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 တရုတ်-အမေရိကန် စစ်ရေးနဲ့ ပစိဖိတ်သမုဒ္ဒရာပိုင်စိုးမှု

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 တရုတ်-အမေရိကန် စစ်ရေးနဲ့ ပစိဖိတ်သမုဒ္ဒရာပိုင်စိုးမှု

ယခုရက်သတ္တပတ်သတင်းတွေထဲ စိတ်ဝင်စားစရာကောင်းတဲ့ နိုင်ငံတကာသတင်းတွေ ရှိခဲ့ပါတယ်။တရုတ်တပ်ဖွဲ့တွေ စစ်ရေးလေ့ကျင့်နေတဲ့ တောင်တရုတ်ပင်လယ်ထဲ အမေရိကန်က လေယာဉ်တင်သင်္ဘောတွေစေလွှတ်ခဲ့လို့ စိုးရိမ်လာရတဲ့ စစ်ရေးအခြေအနေတွေ၊ ကိုရိုနာဗိုင်းရပ်စ် ကုသဆေးတွေ ပေါ်လာတဲ့အခြေအနေမှာ လက်ဝါးကြီးအုပ်မှုတွေ၊ ကမ္ဘာတစ်ဝန်း ထပ်မံကူးစက်နိုင်တဲ့ ကူးစက်ရောဂါအသစ်သတင်းတွေ ယခုရက်သတ္တပတ်ထဲမှာ ဖြစ်ခဲ့ပါတယ်။

ပြဿနာရှိနေတဲ့ တောင်တရုတ်ပင်လယ်အရေး

တောင်တရုတ်ပင်လယ်က အငြင်းပွားနေတဲ့အပိုင်းဖြစ်တဲ့ ပါဆယ်ကျွန်းအနီးမှာ ၅ ရက်ကြာ စစ်ရေးလေ့ကျင့်မှုပြုလုပ်မယ်ဆိုတာကို တရုတ်ဘက်က ဇွန် ၂၇ ရက်က ကြေညာခဲ့ပါတယ်။ဒီကျွန်းကို ဗီယက်နမ်ကလည်း သူတို့ပိုင်တယ်လို့ ပြောထားတာပါ။ဒီလို အငြင်းပွားကျွန်းအနီးမှာ တရုတ်ဘက်က စစ်ရေးလေ့ကျင့်မယ်ဆိုတဲ့အပေါ် ဗီယက်နမ်ရော၊ ဖိလစ်ပိုင်ကပါ ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။ဒီလိုစစ်ရေးလေ့ကျင့်တာကို အမေရိကန်ဘက်ကလည်း ဝေဖန်ခဲ့ပေမယ့် တရုတ်ဘက်က ပယ်ချခဲ့ပါတယ်။ဒါ့အပြင် ဒီလို ဒေသတွင်းတင်းမာမှုတွေအတွက် အမေရိကန်ကိုသာ အပြစ်တင်ရမယ်ဆိုပြီး ပြောခဲ့ပါတယ်။

ဒီနောက်မှာ အဆိုပါတောင်တရုတ်ပင်လယ်ထဲကို အမေရိကန်က လေယာဉ်တင်စစ်သင်္ဘော USS Nimitz နှင့် USS Ronald Reagan ကို စေလွှတ်ပြီး စစ်ရေးလေ့ကျင့်စေခဲ့ပါတယ်။ဒီလိုစစ်ရေးလေ့ကျင့်ရာမှာ တရုတ်တို့လုပ်ဆောင်နေသည့် လေ့ကျင့်မှုများကို တုံ့ပြန်ခြင်းမဟုတ်ဘူးဆိုပေမယ့် စစ်ရေးလေ့ကျင့်မှုက ဘယ်နေရာမှာလဲဆိုတာကို အမေရိကန်ဘက်က ထုတ်ဖော်ပြောခြင်းမှရှိခဲ့ပါဘူး။ဒါပေမယ့် စစ်ရေးလေ့ကျင့်မှုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ တောင်တရုတ်ပင်လယ်နဲ့သက်ဆိုင်တဲ့ မဟာမိတ်တွေကိုအကူအညီပေးဖို့ ဆုံးဖြတ်ထားတယ်ဆိုတာကို အသိပေးချင်လို့ဆိုတဲ့စကားတော့ အဆိုပါတိုက်ခိုက်ရေးရေယာဉ်စုအကြီးအမှူးက ပြောခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ်ကြား ပြဿနာကရှုပ်ထွေးနေဆဲပါ။ကုန်သွယ်ရေးပြဿနာမပြီးသေးခင်မှာ ကိုဗစ်-၁၉ ကပ်ဘေးက ဆက်ဖြစ်လာခဲ့ရာမှာ တရုတ်နဲ့ အမေရိကန်ကြား တင်းမာမှုက ပိုပြင်းထန်လာခဲ့ပါတယ်။ဒီနောက်မှာ ဟောကောင်နဲ့ ထိုင်ဝမ်အရေးတွေကြောင့် တရုတ်နဲ့ အမေရိကန်ကြား ပြဿနာက တရုတ်နဲ့ အနောက်အုပ်စု ပြဿနာဆောင်လာပါတယ်။ဒီရက်ပိုင်းမှာဘဲ တရုတ်က အနောက်အုပ်စုနိုင်ငံများရဲ့ ဝေဖန်မှုများရှိခဲ့လင့်ကစား ဟောင်ကောင်လုံခြုံရေးဥပဒေကို အတည်ပြုခဲ့ပါတယ်။ဇွန် ၃၀ ရက်မှာ အသက်ဝင်ခဲ့တဲ့ ဟောင်ကောင်လုံခြုံရေးဥပဒေအရ ဥပဒေချိုးဖောက်သူဟာ ဟောင်ကောင် ထောင်ဒဏ်တစ်သက်အထိ ရင်ဆိုင်ရနိုင်ပါတယ်။တည်ပြုခဲ့တဲ့ ဒီလိုဥပဒေကြောင့် ဗြိတိန်ဘက်က တရုတ်အနေနဲ့ ၁၉၈၄ ခုနှစ်က နှစ်နိုင်ငံပူးတွဲသဘောတူညီချက်ကို အတိအလင်းဖောက်ဖျက်တာဆိုပြီး ပြောခဲ့တဲ့အပြင် ဟောင်ကောင်မှာနေတဲ့ ဒေသခံသုံးသန်းခန့်ကို ဗြိတိန်နိုင်ငံသားခံယူဖို့အတွက် ကမ်းလှမ်းမယ်ဆိုပြီး ပြောခဲ့ပါတယ်။

အမေရိကန်ကလည်း တရုတ်ဘက်က ဟောင်ကောင်လုံခြုံရေးဥပဒေကို အတည်ပြုခဲ့လို့ ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ဒီလိုတုံ့ပြန်ရာမှာ တရုတ်အရာရှိများနဲ့ ဆက်သွယ်လုပ်ကိုင်တဲ့ ဘဏ်တွေကို အရေးယူမယ့် ဟောင်ကောင်ကို တားဆီးပိတ်ဆို့မှုအသစ်တွေကို အမေရိကန်အောက်လွှတ်တော်က တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့တာပါ။ဒါ့အပြင် ဟောင်ကောင်ကို ကာကွယ်ရေးပစ္စည်းတင်ပို့တာတွေကို အဆုံးသတ်ခဲ့ပါတယ်။ဒီလိုနိုင်ငံတွေနည်းတူ ကနေဒါကတော့ ဟောင်ကောင်နဲ့သဘောတူထားတဲ့ အကျဉ်းသားလွှဲပြောင်းရေး သဘောတူညီချက်ကို ဆိုင်းငံ့ခဲ့ပါတယ်။ဒီလို ကနေဒါရဲ့ဆိုင်းငံ့မှုကြောင့် ဟွာဝေး ဘဏ္ဍာရေးအရာရှိချုပ် မန်ဝမ်ကျိုး ကို အမေရိကန်အတွက် ဖမ်းဆီးပေးခဲ့လို့ တရုတ်နဲ့ဆိုးရွားနေတဲ့ တရုတ်-ကနေဒါ ဆက်ဆံရေးက ပိုဆိုးလာခဲ့ပါတယ်။အနောက်အုပ်စုက ဒီဟောင်ကောင်လုံခြုံရေးဥပဒေကို ကန့်ကွက်ရှုတ်ချမှုတွေ ဆက်တိုက်ရှိနေခဲ့ပေမယ့် ထောက်ခံတဲ့နိုင်ငံတွေလည်းရှိပါတယ်။ဒါက ကျူးဘားဦးဆောင်တဲ့ နိုင်ငံပေါင်း ၅၀ ကျော်ကပါ။

တရုတ်အနေနဲ့ နိုင်ငံရေးအရ အနောက်အုပ်စုတစ်ခုတည်းကိုသာ ရင်ဆိုင်နေရတာမဟုတ်ပါဘူး။အနောက်အုပ်စုထဲပါနေပြီး ပစိဖိတ်သမုဒ္ဒရာထဲရှိနေတဲ့ ဩစတြေးလျှကလည်း ယခင်ကထက် ၄၀ ရာခိုင်နူန်းများတဲ့ ကာကွယ်ရေးဘတ်ဂျက်ကို ယခုနှစ်မှာအတည်ပြုခဲ့ပြီး ဘီလျံ ၂၇၀ ထိ သုံးစွဲမယ့် ကာကွယ်ရေးမဟာဗျူဟာသစ်ကို မကြာမီကထုတ်ပြန်ခဲ့ပါတယ်။ဒီထဲမှာ ဩစတြေးလျှကနေ ကီလိုမီတာထောင်ချီ ဝေးကွာတဲ့နေရာက ပစ်မှတ်တွေကိုပစ်ခတ်နိုင်တဲ့ အမေရိကန်ထုတ် AGM-158 C တာဝေးပစ်သင်္ဘောဖျက်ဒုံးကျည်တွေလည်း ပထမဆုံးအကြိမ် ဝယ်ယူတာလည်း ပါဝင်လာမယ်ဆိုပါတယ်။ဒါဟာ ပစိဖိတ်သမုဒ္ဒရာထဲမှာပါဝင်တဲ့ တရုတ်အတွက် သတိပေးခေါင်းလောင်းသံပါဘဲ။

ဒီကြားထဲ မကြာမီက နယ်စပ်ပြဿနာဖြစ်ခဲ့တဲ့ အိန္ဒိယဘက်က စစ်လက်နက်ဖြည့်တင်းမှုတွေကို ဒီရက်ပိုင်းမှာ ဆက်တိုက်လုပ်ခဲ့တာတွေ့ရပါတယ်။ရုရှားဆီကနေ ကန်ဒေါ်လာ ၂ ဒသမ ၄၃ ဘီလျံ တန်ကြေးရှိတဲ့ MiG-29 တိုက် လေယာဉ် ၂၁ စင်းနဲ့ ဆူခွိုင်း - ၃၀ ဂျက်တိုက်လေယာဉ် တစ်ဒါဇင်ဝယ်ယူမယ့်အစီအစဉ်ကို မီးစိမ်းပြပြီး အိန္ဒိယအစိုးရက ဒီရက်ထဲမှာဘဲ အတည်ပြုလိုက်ပါတယ်။ဒါဟာ တရုတ်နဲ့ နှစ်နိုင်ငံနယ်စပ်ကြား ဟိမ၀န္တာဒေသမှာ ပြီးခဲတဲ့လက နယ်စပ်ပြဿနာဖြစ်ပြီး အိန္ဒိယစစ်သား အယောက် ၂၀ ကျဆုံးပြီးတဲ့နောက် အိန္ဒိယက ဒီလိုအဆင့်မြင့်စစ်လက်နက်ဖြည့်တင်းခြင်းကို တက်သုတ်ရိုက်လုပ်လာခဲ့တာပါ။အိန္ဒိယနိုင်ငံထဲမှာလည်း တရုတ်မုန်းတီးရေးအမြင် တိုးတက်နေသလို အသုံးများတဲ့ တရုတ်နိုင်ငံထုတ် TikTok နှင့် အခြားနာမည်ရှိ အက်ပလီကေးရှင်းများကို ပိတ်ပင်ခဲ့ပါတယ်။အိန္ဒိယပြည်သူအများစုက တရုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ အထူးသဖြင့် တရုတ်ကြီးစိုးထားသော နည်းပညာနယ်ပယ်မှ ထုတ်ကုန်များအား သပိတ်မှောက်ရန် တောင်းဆိုခဲ့ကြပါတယ်။အိန္ဒိယမှာ TikTok အသုံးပြုသူပေါင်း သန်း ၁၂၀ ခန့်ရှိလို့ ဒါဟာ တရုတ်နည်းပညာကုမ္ပဏီကြီး Bytedance အတွက် သတင်းဆိုးပါဘဲ။မကြာမီကကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ပံ့ပိုးမှုကောင်စီ GEFC ၏ ၅၈ ကြိမ်မြောက် အစည်းအဝေးမှာ ဘူတန်ကိုကိုယ်စားပြုတဲ့ အိန္ဒိယကိုယ်စားလှယ်နဲ့ တရုတ်ကိုယ်စားလှယ်တို့ Sakteng Wildlife Sanctuary ဘေးမဲ့တောကိစ္စနဲ့ အငြင်းပွားမှုဖြစ်ခဲ့ပါသေးတယ်။

တရုတ်နဲ့ အိန္ဒိယကြားက ပြဿနာက နယ်စပ်ပြဿနာတစ်ခုတည်း မဟုတ်ပါဘူး။အဓိကပြဿနာက အာရှ၏ အင်အားကြီးနှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်ပြိုင်ဆိုင်မှုဖြစ်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ဒါကိုအတည်ပြုပေးခဲ့တာက ဇူလိုင် ၃ ရက်မှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီ က တရုတ်တပ်များနှင့် အိန္ဒိယတပ်များ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည့် ဟိမဝန္တာမှ ဝေးလံသော တရုတ်နယ်စပ်ရှိ စစ်စခန်းတစ်ခုသို့ ကြိုတင်ကြေညာခြင်းမရှိဘဲ သွားခဲ့တာပါ။ဒီခရီးစဉ်မှာ မိုဒီ က တရုတ်ကိုရည်ညွှန်းပြီး  “နယ်ချဲ့တဲ့ခေတ်က ကုန်သွားပြီ။နယ်ချဲ့စနစ်ဆိုတာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အန္တရာယ်ပဲ” လို့ ပြောခဲ့ပါတယ်။ဒီလိုပြောခဲ့တဲ့အတွက် တရုတ်ဘက်က ပြန်လည်တုံ့ပြန်ခဲ့ပြီး တရုတ်နိုင်ငံကို နယ်ချဲ့အဖြစ်မြင်ခြင်းသည် အခြေအမြစ်မရှိကြောင်း ပြောခဲ့ပါတယ်။

ယခုဆယ်စုနှစ်ပိုင်း အင်အားကြီးနိုင်ငံအဖြစ်ပေါ်ထွန်းလာတဲ့ တရုတ်ကိုထိန်းချုပ်နိုင်ဖို့ အနောက်အုပ်စုက ကြိုးစားနေသလို ဟောင်ကောင်နဲ့ ထိုင်ဝမ်လို ပြဿနာတွေကလည်း တရုတ်နိုင်ငံအတွက် ကိုဗစ်မတိုင်ခင်ကတည်းက ရှုပ်ထွေးနေတဲ့ပြဿနာပါဘဲ။လတ်တလော တောင်တရုတ်ပင်လယ်ထဲရောက်နေတဲ့ အမေရိကန် လေယာဉ်တင်စစ်သင်္ဘောနှစ်စင်းနဲ့ ဟောင်ကောင်ဒေသခံ သုံးသန်းခန့်ကို နိုင်ငံသားပေးဖို့ ကမ်းလှမ်းနေတဲ့ပြဿနာတွေက တရုတ်အတွက် အရေးတကြီးဖြေရှင်းရမယ့်ပြဿနာ ဖြစ်လာစရာရှိနေပါတယ်။အာရှဒေသအတွင်း တရုတ်က အင်အားကြီးနိုင်ငံအဖြစ် ပေါ်ထွက်လာမှုက အာရှကို အမေရိကန် အာရုံစိုက်စရာတစ်ခုဖြစ်လာတဲ့အတွက် တရုတ်ကိုထိန်းချုပ်ဖို့ အမေရိကန်က ကြိုးစားနေမှာပါ။ဒီအတွက် ပြဿနာတွေက နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ဘဲ ပြေလည်မှုရမလား၊ တခြားသေနည်းလမ်းတွေနဲ့ ဖြေရှင်းကြမလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ကပ်ရောဂါကိုအနိုင်ယူဖို့အချိန် ရောက်နေပြီလား

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်က ချက်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါနှုတ်ဆက်ပွဲကို ကျင်းပခဲ့ပါတယ်။ချက်နိုင်ငံ ပရက်ဂ်မြို့က တံတားတစ်ခုအပေါ် ပေ ၁၆၄၀ ရှည်အောင် စားပွဲတွေဆက်ခင်းပြီး အိမ်ကနေအစားအသောက်တွေယူလာပြီး အတူဝေမျှထိုင်စားခဲ့တာပါ။ဒါဟာ ကမ္ဘာ့ပြည်သူတွေအတွက် အားတက်ရမှာလား စိုးရိမ်ရမလားဆိုတာ ဝေခွဲမရဖြစ်ခဲ့ပါတယ်။ချက်နိုင်ငံမှာ ကိုဗစ်-၁၉ကြောင့် ကူးစက်ခံရသူ ၁၂၀၀၀ အောက်သာရှိပြီး ၃၅၀ ခန့်သေဆုံးခဲ့ပေမယ့် အစိုးရကတော့ ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး လူတစ်ထောင်အထိစုရုံးခွင့်ကို ပြန်ပေးခဲ့ပါတယ်။
ဒီအဖြစ်က WHO လို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအတွက်ကတော့ ထိတ်လန့်စရာပါ။

စိုးလည်းစိုးရိမ်စရာအခြေအနေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကရှိနေတာပါ။ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းရရှိတဲ့ ကိန်းဂဏန်းတွေအရ ကမ္ဘာတစ်ဝန်း တစ်ရက်ကို လူ ၁၆၀၀၀၀ ကျော် ကူးစက်ခံရပါတယ်။ဒါက WHO က ပြောတာပါ။ WHO အကြီးအကဲ တက်ဒရို့စ်ကလည်း ကိုဗစ်-၁၉ ရောဂါပြီးဖို့မပြောနဲ့ ပြီးဆုံးရန်လမ်းစတောင် မမြင်ရသေးဘူးလို့ ပြောခဲ့ပါတယ်။တက်ဒရို့စ်ကပဲ ကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ်ကို စုံစမ်းစစ်ဆေးရန် လာမည့်သီတင်းပတ်၌ တရုတ်နိုင်ငံသို့ အဖွဲ့တစ်ဖွဲ့စေလွှတ်သွားမယ်ဆိုပြီး ပြောခဲ့ပါတယ်။လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကို နိုင်ငံအနည်းစုကသာထိန်းနိုင်ပြီး အများစုက မထိန်းနိုင်သေးဘဲ တောင်အမေရိကနဲ့ လက်တင်အမေရိက နိုင်ငံတွေမှာ အသေအပျောက်များနေဆဲပါ။တနင်္ဂနွေနေ့ နံနက်ပိုင်းအထိရရှိတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ကမ္ဘာတစ်ဝန်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁,၃၈၂,၉၅၄ ဦးရှိလာပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၃၃,၄၇၇ ဦးနှင့် ပြန်လည်ကောင်းမွန်လာသူ ၆,၄၄၀,၂၂၈ ဦးထိ ရှိခဲ့ပါတယ်။ဒီထဲမှာ အမေရိကန်က ကူးစက်ခံရသူ ၂,၉၃၅,၇၇၀ နှင့် သေဆုံးသူ ၁၃၂,၃၁၈ ဦးတောင် ရှိခဲ့တာပါ။

ဒီလိုအခြေအနေကြောင့် အမေရိကန် ထိပ်တန်းကူးစက်ရောဂါပညာရှင် ဒေါက်တာဖော့စီ က စာသင်ကျောင်းနှင့် ကောလိပ်များဖွင့်ဖို့ လုပ်ဆောင်နေတဲ့အပေါ် တစ်နိုင်ငံလုံးအား ဘေးအန္တရာယ်သို့ တွန်းပို့နေတယ်ဆိုပြီး အပြစ်တင်ခဲ့တာပါ။ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက မြင့်တက်နေလို့ အမေရိကန်ပြည်ထောင်စုအတွက် အရေးပါတဲ့ ဇူလိုင် ၄ ရက်မှာကျရောက်တဲ့ အမေရိကန် လွတ်လပ်ရေးနေ့တောင် လူထုအခမ်းအနားတွေကျင်းပဖို့ ပြဿနာရှိနေခဲ့တာပါ။ကျန်းမာရေးပညာရှင်တွေကတော့ လူမှုရေးခပ်ခွာခွာနေထိုင်တာနဲ့ မျက်နှာဖုံးတပ်တာတွေကိုလိုက်နာဖို့၊ ကူးစက်ခံရသူခြေရာခံစနစ်ကို ဆက်ကျင့်သုံးဖို့ မှာနေရဆဲပါ။ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသတင်းကောင်းတွေက ကြားရစပြုနေပါပြီ။အိန္ဒိယကတော့ လာမယ့် သြဂုတ်လ ၁၅ ရက်မှာ အိန္ဒိယနိုင်ငံထုတ် ပထမဆုံးသော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုးကို စတင်အသုံးပြုဖို့ရှိနေပါတယ်။ဒီပြည်တွင်းဖြစ် COVID-19 ကာကွယ်ဆေး “Covaxin” ကို အိန္ဒိယဆေးဝါးသုတေသနကောင်စီ (ICMR) က Bharat Biotech (BBIL) ဇီဝနည်းပညာကုမ္ပဏီတို့ ပေါင်းပြီးထုတ်တာပါ။လက်တွေ့မှာ ဆေးကို နောက်ဆုံးအဆင့်စမ်းဖို့ရှိပေမယ့် အကောင်းဘက်ကနေရမယ်လို့ ပြောခဲ့တာဖြစ်လို့ အလားအလာကောင်းတွေရှိနေတဲ့ သဘောပါဘဲ။

ဒီကြားထဲမှာ ယခင်ကမသုံးသင့်ဘူးလို့ ထုတ်ပြောခဲ့တဲ့ ငှက်ဖျားရောဂါတိုက်ဖျက်သည့်ဆေးဝါး ဟိုက်ဒရောက်ဆီကလိုရိုကွင်း (Hydroxychloroquine) နဲ့ ပတ်သက်ပြီး သတင်းကောင်းတစ်ချို့လည်း ကြားရတာရှိပါတယ်။ဒီဆေးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို တိုက်ကျွေးရာမှာ သေဆုံးနိုင်မှုအလားအလာနည်းသွားတာကို တွေ့ရတယ်ဆိုပါတယ်။ဒါပေမယ့် တစ်ကယ်ထိရောက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသဆေးဖြစ်တဲ့ ရမ် ဒက်ဆေဗီယာကတော့ လာမည့်သုံးလအတွင်း ထွက်ရှိသမျှကို အမေရိကန်ကဝယ်လိုက်လို့ ပြင်ပကိုထွက်လာစရာမရှိတော့ပါဘူး။
လူနာတစ်ဦးကို ဒေါ်လာ ၂၃၄၀ ကုန်ကျမယ့် အဆိုပါဆေးက ၅ ရက်ကြာသုံးစွဲရပြီး ဆေးရုံကနေ စောစောဆင်းရလို့ လူနာတွေအတွက် ကုန်ကျမှုသက်သာတယ်လို့ ဆိုပါတယ်။ဒါပေမယ့် အိန္ဒိယက Cipla လို့ ဆေးဝါးကုမ္ပဏီတွေနဲ့ချိတ်ဆက်ပြီးထုတ်ရင် စျေးဒီထက်ကျဖွယ်ရှိနေပေမယ်လည်း ဆင်းရဲတဲ့နိုင်ငံတွေအတွက် အခက်တွေ့စရာရှိနေပါသေးတယ်။

ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးဖြစ်ပွားခဲ့တဲ့ တရုတ်ဘက်ကလည်း ကာကွယ်ဆေးထုတ်နေတာမှာ ယခုရက်ထဲ စမ်းသပ်အဆင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုးကို စစ်တပ်အသုံးပြုမှုအတွက် တရုတ်အာဏာပိုင်တွေက အတည်ပြုပေးခဲ့ပါတယ်။ဒီဆေးက အီဘိုလာကာကွယ်ဆေးတစ်မျိုးအပေါ် အခြေခံပြီး ကာကွယ်ဆေးကိုထုတ်ထားတာပါ။ဒီစမ်းသပ်ကာကွယ်ဆေးကတော့ လက်တွေ့စမ်းသပ်မှု အဆင့်နှစ်ခုကို ဖြတ်ကျော်ထားပြီး စမ်းသပ်မှုရလဒ်များအရ ဘေးကင်းစိတ်ချရကာ ခန္ဓာကိုယ်တွင် ရောဂါဖြစ်စေသော ပဋိဇာတ်အပေါ်တွင်လည်း အတော်အတန်မြင့်မားသည့် ခံနိုင်ရည်တုံ့ပြန်မှုတစ်ခု ရှိတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ စစ်တပ်ဘက်ကိုသာ အသုံးပြုခွင့်ပေးထားပြီး အရပ်ဘက်ကို မပေးသေးပါဘူး။ဆေးဝါးတွေအနက် ဘယ်ဆေးဝါးက အများပြည်သူနဲ့ လက်လှမ်းမီမလဲဆိုတာ အဓိကပြဿနာပါ။

ကာကွယ်ဆေးပေါ်ထွက်လာဖို့အချိန်က နီးကပ်နေပြီလို့ ဆေးဝါးကျွမ်းကျင်သူတွေကဆိုသလို ကျန်းမာရေးပညာရှင်တွေကလဲ မူကွဲတွေပေါ်ထွက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် အပြီးပျောက်ကွယ်တာ မဖြစ်နိုင်ဘူးလို့ဆိုတဲ့အတွက်  ဘယ်သူကအနိုင်ရနိုင်မလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။
ဒီကြားထဲမှာဘဲ တရုတ်မှာ ကမ္ဘာ့ကပ်ရောဂါဖြစ်စေနိုင်တဲ့ တုပ်ကွေးရောဂါသစ်တစ်မျိုးကိုတွေ့ခဲ့လို့ ပွက်လောရိုက်ခဲ့ပါတယ်။ဝက်မှာတွေ့တဲ့ ဒီရောဂါအတွက် ဝက်သားလုပ်ငန်းကလူတွေကို အနီးကပ်စောင့်ကြည့်ဖို့ သိပ္ပံပညာရှင်တွေကတော့ တိုက်တွန်းထားပါတယ်။ကပ်ရောဂါတစ်ခု မပျောက်သေးခင် နောက်ထပ် ကပ်သတင်းတစ်ခုကြားရတာ ကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။

ဒီလိုသတင်းတွေအပြင် တခြားသတိထားစရာဖြစ်ခဲ့ရတဲ့ နိုင်ငံတကာသတင်းအချို့လည်း ယခုရက်သတ္တပတ်ထဲမှာ ဖြစ်ခဲ့ပါသေးတယ်။ဒီထဲမှာ မဲခေါင်မြစ်အပေါ် တည်ဆောက်မယ့် ရေကာတာစီမံကိန်းတစ်ခုကို အိမ်နီးချင်းနိုင်ငံတွေ စိုးရိမ်ပေမယ့် ဆက်ဆောက်မယ်ဆိုတဲ့သတင်း၊ မက္ကဆီကိုအလယ်ပိုင်းက ဆေးဖြတ်စခန်းတစ်ခုကို သေနတ်သမားတွေဝင်စီးပြီး လူ ၂၄ ဦးကို သတ်ဖြတ်ခဲ့တဲ့သတင်း၊ အီတလီနိုင်ငံ နေပယ်လ်က ဆိပ်ကမ်းတစ်ခုမှာ IS ပိုင် မူးယစ်ဆေးဝါးတွေ စံချိန်တင်ဖမ်းမိခဲ့တဲ့သတင်း၊ ကနေဒါဝန်ကြီးချုပ် နေအိမ်ခြံဝင်းထဲကို ပစ်ကပ်ကားနဲ့ ကနေဒါစစ်သည်တစ်ဦး ကျူးကျော်ဝင်ရောက်ခဲ့လို့ ဖမ်းဆီးခဲ့ရတဲ့သတင်း၊ ဂျပန်နိုင်ငံတောင်ပိုင်း ကျူးရှူးကျွန်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တာကြောင့် ၁၆ ဦးသေဆုံးကာ ၁၃ ဦး ပျောက်ဆုံးနေတဲ့သတင်း၊ အစ္စရေးမှာဖြစ်ခဲ့တဲ့ ကုလဝန်ထမ်းတစ်ဦးရဲ့ ကားထဲမှာဖြစ်ခဲ့တဲ့ လိင်ကျူးလွန်မှုဗီဒီယိုထဲပါဝင်တဲ့ ကုလဝန်ထမ်းတွေကို လစာမဲ့အလုပ်ရပ်ဆိုင်းခဲ့တဲ့သတင်း၊ ဂျာမနီက ထိပ်တန်းကွန်မန်ဒိုအဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းကို  လယ်ယာစွန်း အစွန်းရောက်မှုကြောင့်  ဖျက်သိမ်းရတော့မယ့်သတင်း၊ ပြင်သစ်မှာ ဝန်ကြီးချုပ်အဖြစ် ယွန်ကတ်စတက် ကို ခန့်အပ်လိုက်တဲ့သတင်း၊ အမေရိကန်နိုင်ငံ အယ်လ်ဘားမားက စျေးဝယ်စင်တာမှာ သေနတ်သမားတစ်ဦးပစ်ခတ်မှုကြောင့် စျေးဝယ်လာ လူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့သတင်း စတဲ့ စိတ်ဝင်စားစရာသတင်းအချို့လည်း ဖြစ်ခဲ့တယ်ဆိုတာတင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မင်းထက်
ဇူလိုင် - ၆

( Zawgyi )

ယခုရက္သတၱပတ္သတင္းေတြထဲ စိတ္ဝင္စားစရာေကာင္းတဲ့ ႏိုင္ငံတကာသတင္းေတြ ရွိခဲ့ပါတယ္။တ႐ုတ္တပ္ဖြဲ႕ေတြ စစ္ေရးေလ့က်င့္ေနတဲ့ ေတာင္တ႐ုတ္ပင္လယ္ထဲ အေမရိကန္က ေလယာဥ္တင္သေဘၤာေတြေစလႊတ္ခဲ့လို႔ စိုးရိမ္လာရတဲ့ စစ္ေရးအေျခအေနေတြ၊ ကို႐ိုနာဗိုင္းရပ္စ္ ကုသေဆးေတြ ေပၚလာတဲ့အေျခအေနမွာ လက္ဝါးႀကီးအုပ္မႈေတြ၊ ကမာၻတစ္ဝန္း ထပ္မံကူးစက္ႏိုင္တဲ့ ကူးစက္ေရာဂါအသစ္သတင္းေတြ ယခုရက္သတၱပတ္ထဲမွာ ျဖစ္ခဲ့ပါတယ္။

ျပႆနာရွိေနတဲ့ ေတာင္တ႐ုတ္ပင္လယ္အေရး

ေတာင္တ႐ုတ္ပင္လယ္က အျငင္းပြားေနတဲ့အပိုင္းျဖစ္တဲ့ ပါဆယ္ကြၽန္းအနီးမွာ ၅ ရက္ၾကာ စစ္ေရးေလ့က်င့္မႈျပဳလုပ္မယ္ဆိုတာကို တ႐ုတ္ဘက္က ဇြန္ ၂၇ ရက္က ေၾကညာခဲ့ပါတယ္။ဒီကြၽန္းကို ဗီယက္နမ္ကလည္း သူတို႔ပိုင္တယ္လို႔ ေျပာထားတာပါ။ဒီလို အျငင္းပြားကြၽန္းအနီးမွာ တ႐ုတ္ဘက္က စစ္ေရးေလ့က်င့္မယ္ဆိုတဲ့အေပၚ ဗီယက္နမ္ေရာ၊ ဖိလစ္ပိုင္ကပါ ကန႔္ကြက္ရႈတ္ခ်ခဲ့ပါတယ္။ဒီလိုစစ္ေရးေလ့က်င့္တာကို အေမရိကန္ဘက္ကလည္း ေဝဖန္ခဲ့ေပမယ့္ တ႐ုတ္ဘက္က ပယ္ခ်ခဲ့ပါတယ္။ဒါ့အျပင္ ဒီလို ေဒသတြင္းတင္းမာမႈေတြအတြက္ အေမရိကန္ကိုသာ အျပစ္တင္ရမယ္ဆိုၿပီး ေျပာခဲ့ပါတယ္။

ဒီေနာက္မွာ အဆိုပါေတာင္တ႐ုတ္ပင္လယ္ထဲကို အေမရိကန္က ေလယာဥ္တင္စစ္သေဘၤာ USS Nimitz ႏွင့္ USS Ronald Reagan ကို ေစလႊတ္ၿပီး စစ္ေရးေလ့က်င့္ေစခဲ့ပါတယ္။ဒီလိုစစ္ေရးေလ့က်င့္ရာမွာ တ႐ုတ္တို႔လုပ္ေဆာင္ေနသည့္ ေလ့က်င့္မႈမ်ားကို တုံ႔ျပန္ျခင္းမဟုတ္ဘူးဆိုေပမယ့္ စစ္ေရးေလ့က်င့္မႈက ဘယ္ေနရာမွာလဲဆိုတာကို အေမရိကန္ဘက္က ထုတ္ေဖာ္ေျပာျခင္းမွရွိခဲ့ပါဘူး။ဒါေပမယ့္ စစ္ေရးေလ့က်င့္မႈလုပ္ရတဲ့ ရည္႐ြယ္ခ်က္ကေတာ့ ေတာင္တ႐ုတ္ပင္လယ္နဲ႔သက္ဆိုင္တဲ့ မဟာမိတ္ေတြကိုအကူအညီေပးဖို႔ ဆုံးျဖတ္ထားတယ္ဆိုတာကို အသိေပးခ်င္လို႔ဆိုတဲ့စကားေတာ့ အဆိုပါတိုက္ခိုက္ေရးေရယာဥ္စုအႀကီးအမႉးက ေျပာခဲ့ပါတယ္။

အေမရိကန္နဲ႔ တ႐ုတ္ၾကား ျပႆနာကရႈပ္ေထြးေနဆဲပါ။ကုန္သြယ္ေရးျပႆနာမၿပီးေသးခင္မွာ ကိုဗစ္-၁၉ ကပ္ေဘးက ဆက္ျဖစ္လာခဲ့ရာမွာ တ႐ုတ္နဲ႔ အေမရိကန္ၾကား တင္းမာမႈက ပိုျပင္းထန္လာခဲ့ပါတယ္။ဒီေနာက္မွာ ေဟာေကာင္နဲ႔ ထိုင္ဝမ္အေရးေတြေၾကာင့္ တ႐ုတ္နဲ႔ အေမရိကန္ၾကား ျပႆနာက တ႐ုတ္နဲ႔ အေနာက္အုပ္စု ျပႆနာေဆာင္လာပါတယ္။ဒီရက္ပိုင္းမွာဘဲ တ႐ုတ္က အေနာက္အုပ္စုႏိုင္ငံမ်ားရဲ႕ ေဝဖန္မႈမ်ားရွိခဲ့လင့္ကစား ေဟာင္ေကာင္လုံၿခဳံေရးဥပေဒကို အတည္ျပဳခဲ့ပါတယ္။ဇြန္ ၃၀ ရက္မွာ အသက္ဝင္ခဲ့တဲ့ ေဟာင္ေကာင္လုံၿခဳံေရးဥပေဒအရ ဥပေဒခ်ိဳးေဖာက္သူဟာ ေဟာင္ေကာင္ ေထာင္ဒဏ္တစ္သက္အထိ ရင္ဆိုင္ရႏိုင္ပါတယ္။တည္ျပဳခဲ့တဲ့ ဒီလိုဥပေဒေၾကာင့္ ၿဗိတိန္ဘက္က တ႐ုတ္အေနနဲ႔ ၁၉၈၄ ခုႏွစ္က ႏွစ္ႏိုင္ငံပူးတြဲသေဘာတူညီခ်က္ကို အတိအလင္းေဖာက္ဖ်က္တာဆိုၿပီး ေျပာခဲ့တဲ့အျပင္ ေဟာင္ေကာင္မွာေနတဲ့ ေဒသခံသုံးသန္းခန႔္ကို ၿဗိတိန္ႏိုင္ငံသားခံယူဖို႔အတြက္ ကမ္းလွမ္းမယ္ဆိုၿပီး ေျပာခဲ့ပါတယ္။

အေမရိကန္ကလည္း တ႐ုတ္ဘက္က ေဟာင္ေကာင္လုံၿခဳံေရးဥပေဒကို အတည္ျပဳခဲ့လို႔ ျပင္းျပင္းထန္ထန္ ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။ဒီလိုတုံ႔ျပန္ရာမွာ တ႐ုတ္အရာရွိမ်ားနဲ႔ ဆက္သြယ္လုပ္ကိုင္တဲ့ ဘဏ္ေတြကို အေရးယူမယ့္ ေဟာင္ေကာင္ကို တားဆီးပိတ္ဆို႔မႈအသစ္ေတြကို အေမရိကန္ေအာက္လႊတ္ေတာ္က တစ္ညီတစ္ၫြတ္တည္း အတည္ျပဳခဲ့တာပါ။ဒါ့အျပင္ ေဟာင္ေကာင္ကို ကာကြယ္ေရးပစၥည္းတင္ပို႔တာေတြကို အဆုံးသတ္ခဲ့ပါတယ္။ဒီလိုႏိုင္ငံေတြနည္းတူ ကေနဒါကေတာ့ ေဟာင္ေကာင္နဲ႔သေဘာတူထားတဲ့ အက်ဥ္းသားလႊဲေျပာင္းေရး သေဘာတူညီခ်က္ကို ဆိုင္းငံ့ခဲ့ပါတယ္။ဒီလို ကေနဒါရဲ႕ဆိုင္းငံ့မႈေၾကာင့္ ဟြာေဝး ဘ႑ာေရးအရာရွိခ်ဳပ္ မန္ဝမ္က်ိဳး ကို အေမရိကန္အတြက္ ဖမ္းဆီးေပးခဲ့လို႔ တ႐ုတ္နဲ႔ဆိုး႐ြားေနတဲ့ တ႐ုတ္-ကေနဒါ ဆက္ဆံေရးက ပိုဆိုးလာခဲ့ပါတယ္။အေနာက္အုပ္စုက ဒီေဟာင္ေကာင္လုံၿခဳံေရးဥပေဒကို ကန႔္ကြက္ရႈတ္ခ်မႈေတြ ဆက္တိုက္ရွိေနခဲ့ေပမယ့္ ေထာက္ခံတဲ့ႏိုင္ငံေတြလည္းရွိပါတယ္။ဒါက က်ဴးဘားဦးေဆာင္တဲ့ ႏိုင္ငံေပါင္း ၅၀ ေက်ာ္ကပါ။

တ႐ုတ္အေနနဲ႔ ႏိုင္ငံေရးအရ အေနာက္အုပ္စုတစ္ခုတည္းကိုသာ ရင္ဆိုင္ေနရတာမဟုတ္ပါဘူး။အေနာက္အုပ္စုထဲပါေနၿပီး ပစိဖိတ္သမုဒၵရာထဲရွိေနတဲ့ ဩစေၾတးလွ်ကလည္း ယခင္ကထက္ ၄၀ ရာခိုင္ႏူန္းမ်ားတဲ့ ကာကြယ္ေရးဘတ္ဂ်က္ကို ယခုႏွစ္မွာအတည္ျပဳခဲ့ၿပီး ဘီလ်ံ ၂၇၀ ထိ သုံးစြဲမယ့္ ကာကြယ္ေရးမဟာဗ်ဴဟာသစ္ကို မၾကာမီကထုတ္ျပန္ခဲ့ပါတယ္။ဒီထဲမွာ ဩစေၾတးလွ်ကေန ကီလိုမီတာေထာင္ခ်ီ ေဝးကြာတဲ့ေနရာက ပစ္မွတ္ေတြကိုပစ္ခတ္ႏိုင္တဲ့ အေမရိကန္ထုတ္ AGM-158 C တာေဝးပစ္သေဘၤာဖ်က္ဒုံးက်ည္ေတြလည္း ပထမဆုံးအႀကိမ္ ဝယ္ယူတာလည္း ပါဝင္လာမယ္ဆိုပါတယ္။ဒါဟာ ပစိဖိတ္သမုဒၵရာထဲမွာပါဝင္တဲ့ တ႐ုတ္အတြက္ သတိေပးေခါင္းေလာင္းသံပါဘဲ။

ဒီၾကားထဲ မၾကာမီက နယ္စပ္ျပႆနာျဖစ္ခဲ့တဲ့ အိႏၵိယဘက္က စစ္လက္နက္ျဖည့္တင္းမႈေတြကို ဒီရက္ပိုင္းမွာ ဆက္တိုက္လုပ္ခဲ့တာေတြ႕ရပါတယ္။႐ုရွားဆီကေန ကန္ေဒၚလာ ၂ ဒသမ ၄၃ ဘီလ်ံ တန္ေၾကးရွိတဲ့ MiG-29 တိုက္ ေလယာဥ္ ၂၁ စင္းနဲ႔ ဆူခြိဳင္း - ၃၀ ဂ်က္တိုက္ေလယာဥ္ တစ္ဒါဇင္ဝယ္ယူမယ့္အစီအစဥ္ကို မီးစိမ္းျပၿပီး အိႏၵိယအစိုးရက ဒီရက္ထဲမွာဘဲ အတည္ျပဳလိုက္ပါတယ္။ဒါဟာ တ႐ုတ္နဲ႔ ႏွစ္ႏိုင္ငံနယ္စပ္ၾကား ဟိမ၀ႏၲာေဒသမွာ ၿပီးခဲတဲ့လက နယ္စပ္ျပႆနာျဖစ္ၿပီး အိႏၵိယစစ္သား အေယာက္ ၂၀ က်ဆုံးၿပီးတဲ့ေနာက္ အိႏၵိယက ဒီလိုအဆင့္ျမင့္စစ္လက္နက္ျဖည့္တင္းျခင္းကို တက္သုတ္႐ိုက္လုပ္လာခဲ့တာပါ။အိႏၵိယႏိုင္ငံထဲမွာလည္း တ႐ုတ္မုန္းတီးေရးအျမင္ တိုးတက္ေနသလို အသုံးမ်ားတဲ့ တ႐ုတ္ႏိုင္ငံထုတ္ TikTok ႏွင့္ အျခားနာမည္ရွိ အက္ပလီေကးရွင္းမ်ားကို ပိတ္ပင္ခဲ့ပါတယ္။အိႏၵိယျပည္သူအမ်ားစုက တ႐ုတ္ကုန္ပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈမ်ား အထူးသျဖင့္ တ႐ုတ္ႀကီးစိုးထားေသာ နည္းပညာနယ္ပယ္မွ ထုတ္ကုန္မ်ားအား သပိတ္ေမွာက္ရန္ ေတာင္းဆိုခဲ့ၾကပါတယ္။အိႏၵိယမွာ TikTok အသုံးျပဳသူေပါင္း သန္း ၁၂၀ ခန႔္ရွိလို႔ ဒါဟာ တ႐ုတ္နည္းပညာကုမၸဏီႀကီး Bytedance အတြက္ သတင္းဆိုးပါဘဲ။မၾကာမီကက်င္းပတဲ့ ကမာၻလုံးဆိုင္ရာ သဘာဝပတ္ဝန္းက်င္ပံ့ပိုးမႈေကာင္စီ GEFC ၏ ၅၈ ႀကိမ္ေျမာက္ အစည္းအေဝးမွာ ဘူတန္ကိုကိုယ္စားျပဳတဲ့ အိႏၵိယကိုယ္စားလွယ္နဲ႔ တ႐ုတ္ကိုယ္စားလွယ္တို႔ Sakteng Wildlife Sanctuary ေဘးမဲ့ေတာကိစၥနဲ႔ အျငင္းပြားမႈျဖစ္ခဲ့ပါေသးတယ္။

တ႐ုတ္နဲ႔ အိႏၵိယၾကားက ျပႆနာက နယ္စပ္ျပႆနာတစ္ခုတည္း မဟုတ္ပါဘူး။အဓိကျပႆနာက အာရွ၏ အင္အားႀကီးႏွစ္ႏိုင္ငံအၾကား မဟာဗ်ဴဟာေျမာက္ၿပိဳင္ဆိုင္မႈျဖစ္တယ္လို႔ သုံးသပ္သူေတြက ဆိုပါတယ္။ဒါကိုအတည္ျပဳေပးခဲ့တာက ဇူလိုင္ ၃ ရက္မွာ အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီ က တ႐ုတ္တပ္မ်ားႏွင့္ အိႏၵိယတပ္မ်ား ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့သည့္ ဟိမဝႏၲာမွ ေဝးလံေသာ တ႐ုတ္နယ္စပ္ရွိ စစ္စခန္းတစ္ခုသို႔ ႀကိဳတင္ေၾကညာျခင္းမရွိဘဲ သြားခဲ့တာပါ။ဒီခရီးစဥ္မွာ မိုဒီ က တ႐ုတ္ကိုရည္ၫႊန္းၿပီး  “နယ္ခ်ဲ႕တဲ့ေခတ္က ကုန္သြားၿပီ။နယ္ခ်ဲ႕စနစ္ဆိုတာ ကမာၻ႔ၿငိမ္းခ်မ္းေရးအတြက္ အႏၲရာယ္ပဲ” လို႔ ေျပာခဲ့ပါတယ္။ဒီလိုေျပာခဲ့တဲ့အတြက္ တ႐ုတ္ဘက္က ျပန္လည္တုံ႔ျပန္ခဲ့ၿပီး တ႐ုတ္ႏိုင္ငံကို နယ္ခ်ဲ႕အျဖစ္ျမင္ျခင္းသည္ အေျခအျမစ္မရွိေၾကာင္း ေျပာခဲ့ပါတယ္။

ယခုဆယ္စုႏွစ္ပိုင္း အင္အားႀကီးႏိုင္ငံအျဖစ္ေပၚထြန္းလာတဲ့ တ႐ုတ္ကိုထိန္းခ်ဳပ္ႏိုင္ဖို႔ အေနာက္အုပ္စုက ႀကိဳးစားေနသလို ေဟာင္ေကာင္နဲ႔ ထိုင္ဝမ္လို ျပႆနာေတြကလည္း တ႐ုတ္ႏိုင္ငံအတြက္ ကိုဗစ္မတိုင္ခင္ကတည္းက ရႈပ္ေထြးေနတဲ့ျပႆနာပါဘဲ။လတ္တေလာ ေတာင္တ႐ုတ္ပင္လယ္ထဲေရာက္ေနတဲ့ အေမရိကန္ ေလယာဥ္တင္စစ္သေဘၤာႏွစ္စင္းနဲ႔ ေဟာင္ေကာင္ေဒသခံ သုံးသန္းခန႔္ကို ႏိုင္ငံသားေပးဖို႔ ကမ္းလွမ္းေနတဲ့ျပႆနာေတြက တ႐ုတ္အတြက္ အေရးတႀကီးေျဖရွင္းရမယ့္ျပႆနာ ျဖစ္လာစရာရွိေနပါတယ္။အာရွေဒသအတြင္း တ႐ုတ္က အင္အားႀကီးႏိုင္ငံအျဖစ္ ေပၚထြက္လာမႈက အာရွကို အေမရိကန္ အာ႐ုံစိုက္စရာတစ္ခုျဖစ္လာတဲ့အတြက္ တ႐ုတ္ကိုထိန္းခ်ဳပ္ဖို႔ အေမရိကန္က ႀကိဳးစားေနမွာပါ။ဒီအတြက္ ျပႆနာေတြက ႏိုင္ငံေရးေဆြးေႏြးပြဲေတြနဲ႔ဘဲ ေျပလည္မႈရမလား၊ တျခားေသနည္းလမ္းေတြနဲ႔ ေျဖရွင္းၾကမလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ကပ္ေရာဂါကိုအႏိုင္ယူဖို႔အခ်ိန္ ေရာက္ေနၿပီလား

ၿပီးခဲ့တဲ့ ဇူလိုင္ ၁ ရက္က ခ်က္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကမာၻ႔ကပ္ေရာဂါႏႈတ္ဆက္ပြဲကို က်င္းပခဲ့ပါတယ္။ခ်က္ႏိုင္ငံ ပရက္ဂ္ၿမိဳ႕က တံတားတစ္ခုအေပၚ ေပ ၁၆၄၀ ရွည္ေအာင္ စားပြဲေတြဆက္ခင္းၿပီး အိမ္ကေနအစားအေသာက္ေတြယူလာၿပီး အတူေဝမွ်ထိုင္စားခဲ့တာပါ။ဒါဟာ ကမာၻ႔ျပည္သူေတြအတြက္ အားတက္ရမွာလား စိုးရိမ္ရမလားဆိုတာ ေဝခြဲမရျဖစ္ခဲ့ပါတယ္။ခ်က္ႏိုင္ငံမွာ ကိုဗစ္-၁၉ေၾကာင့္ ကူးစက္ခံရသူ ၁၂၀၀၀ ေအာက္သာရွိၿပီး ၃၅၀ ခန႔္ေသဆုံးခဲ့ေပမယ့္ အစိုးရကေတာ့ ၿပီးခဲ့တဲ့သီတင္းပတ္ကစၿပီး လူတစ္ေထာင္အထိစု႐ုံးခြင့္ကို ျပန္ေပးခဲ့ပါတယ္။
ဒီအျဖစ္က WHO လို ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးအတြက္ကေတာ့ ထိတ္လန႔္စရာပါ။

စိုးလည္းစိုးရိမ္စရာအေျခအေနမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကရွိေနတာပါ။ၿပီးခဲ့တဲ့ရက္သတၱပတ္အတြင္းရရွိတဲ့ ကိန္းဂဏန္းေတြအရ ကမာၻတစ္ဝန္း တစ္ရက္ကို လူ ၁၆၀၀၀၀ ေက်ာ္ ကူးစက္ခံရပါတယ္။ဒါက WHO က ေျပာတာပါ။ WHO အႀကီးအကဲ တက္ဒ႐ို႕စ္ကလည္း ကိုဗစ္-၁၉ ေရာဂါၿပီးဖို႔မေျပာနဲ႔ ၿပီးဆုံးရန္လမ္းစေတာင္ မျမင္ရေသးဘူးလို႔ ေျပာခဲ့ပါတယ္။တက္ဒ႐ို႕စ္ကပဲ ကို႐ိုနာဗိုင္းရပ္စ္၏ မူလဇာစ္ျမစ္ကို စုံစမ္းစစ္ေဆးရန္ လာမည့္သီတင္းပတ္၌ တ႐ုတ္ႏိုင္ငံသို႔ အဖြဲ႕တစ္ဖြဲ႕ေစလႊတ္သြားမယ္ဆိုၿပီး ေျပာခဲ့ပါတယ္။လက္ရွိမွာ ကို႐ိုနာဗိုင္းရပ္စ္ကို ႏိုင္ငံအနည္းစုကသာထိန္းႏိုင္ၿပီး အမ်ားစုက မထိန္းႏိုင္ေသးဘဲ ေတာင္အေမရိကနဲ႔ လက္တင္အေမရိက ႏိုင္ငံေတြမွာ အေသအေပ်ာက္မ်ားေနဆဲပါ။တနဂၤေႏြေန႔ နံနက္ပိုင္းအထိရရွိတဲ့ ကိန္းဂဏန္းအခ်က္အလက္ေတြအရ ကမာၻတစ္ဝန္း ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁၁,၃၈၂,၉၅၄ ဦးရွိလာၿပီး ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၅၃၃,၄၇၇ ဦးႏွင့္ ျပန္လည္ေကာင္းမြန္လာသူ ၆,၄၄၀,၂၂၈ ဦးထိ ရွိခဲ့ပါတယ္။ဒီထဲမွာ အေမရိကန္က ကူးစက္ခံရသူ ၂,၉၃၅,၇၇၀ ႏွင့္ ေသဆုံးသူ ၁၃၂,၃၁၈ ဦးေတာင္ ရွိခဲ့တာပါ။

ဒီလိုအေျခအေနေၾကာင့္ အေမရိကန္ ထိပ္တန္းကူးစက္ေရာဂါပညာရွင္ ေဒါက္တာေဖာ့စီ က စာသင္ေက်ာင္းႏွင့္ ေကာလိပ္မ်ားဖြင့္ဖို႔ လုပ္ေဆာင္ေနတဲ့အေပၚ တစ္ႏိုင္ငံလုံးအား ေဘးအႏၲရာယ္သို႔ တြန္းပို႔ေနတယ္ဆိုၿပီး အျပစ္တင္ခဲ့တာပါ။ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈက ျမင့္တက္ေနလို႔ အေမရိကန္ျပည္ေထာင္စုအတြက္ အေရးပါတဲ့ ဇူလိုင္ ၄ ရက္မွာက်ေရာက္တဲ့ အေမရိကန္ လြတ္လပ္ေရးေန႔ေတာင္ လူထုအခမ္းအနားေတြက်င္းပဖို႔ ျပႆနာရွိေနခဲ့တာပါ။က်န္းမာေရးပညာရွင္ေတြကေတာ့ လူမႈေရးခပ္ခြာခြာေနထိုင္တာနဲ႔ မ်က္ႏွာဖုံးတပ္တာေတြကိုလိုက္နာဖို႔၊ ကူးစက္ခံရသူေျခရာခံစနစ္ကို ဆက္က်င့္သုံးဖို႔ မွာေနရဆဲပါ။ဒါေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးသတင္းေကာင္းေတြက ၾကားရစျပဳေနပါၿပီ။အိႏၵိယကေတာ့ လာမယ့္ ၾသဂုတ္လ ၁၅ ရက္မွာ အိႏၵိယႏိုင္ငံထုတ္ ပထမဆုံးေသာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးတစ္မ်ိဳးကို စတင္အသုံးျပဳဖို႔ရွိေနပါတယ္။ဒီျပည္တြင္းျဖစ္ COVID-19 ကာကြယ္ေဆး “Covaxin” ကို အိႏၵိယေဆးဝါးသုေတသနေကာင္စီ (ICMR) က Bharat Biotech (BBIL) ဇီဝနည္းပညာကုမၸဏီတို႔ ေပါင္းၿပီးထုတ္တာပါ။လက္ေတြ႕မွာ ေဆးကို ေနာက္ဆုံးအဆင့္စမ္းဖို႔ရွိေပမယ့္ အေကာင္းဘက္ကေနရမယ္လို႔ ေျပာခဲ့တာျဖစ္လို႔ အလားအလာေကာင္းေတြရွိေနတဲ့ သေဘာပါဘဲ။

ဒီၾကားထဲမွာ ယခင္ကမသုံးသင့္ဘူးလို႔ ထုတ္ေျပာခဲ့တဲ့ ငွက္ဖ်ားေရာဂါတိုက္ဖ်က္သည့္ေဆးဝါး ဟိုက္ဒေရာက္ဆီကလို႐ိုကြင္း (Hydroxychloroquine) နဲ႔ ပတ္သက္ၿပီး သတင္းေကာင္းတစ္ခ်ိဳ႕လည္း ၾကားရတာရွိပါတယ္။ဒီေဆးက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေတြကို တိုက္ေကြၽးရာမွာ ေသဆုံးႏိုင္မႈအလားအလာနည္းသြားတာကို ေတြ႕ရတယ္ဆိုပါတယ္။ဒါေပမယ့္ တစ္ကယ္ထိေရာက္ႏိုင္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ကုသေဆးျဖစ္တဲ့ ရမ္ ဒက္ေဆဗီယာကေတာ့ လာမည့္သုံးလအတြင္း ထြက္ရွိသမွ်ကို အေမရိကန္ကဝယ္လိုက္လို႔ ျပင္ပကိုထြက္လာစရာမရွိေတာ့ပါဘူး။
လူနာတစ္ဦးကို ေဒၚလာ ၂၃၄၀ ကုန္က်မယ့္ အဆိုပါေဆးက ၅ ရက္ၾကာသုံးစြဲရၿပီး ေဆး႐ုံကေန ေစာေစာဆင္းရလို႔ လူနာေတြအတြက္ ကုန္က်မႈသက္သာတယ္လို႔ ဆိုပါတယ္။ဒါေပမယ့္ အိႏၵိယက Cipla လို႔ ေဆးဝါးကုမၸဏီေတြနဲ႔ခ်ိတ္ဆက္ၿပီးထုတ္ရင္ ေစ်းဒီထက္က်ဖြယ္ရွိေနေပမယ္လည္း ဆင္းရဲတဲ့ႏိုင္ငံေတြအတြက္ အခက္ေတြ႕စရာရွိေနပါေသးတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ပထမဆုံးျဖစ္ပြားခဲ့တဲ့ တ႐ုတ္ဘက္ကလည္း ကာကြယ္ေဆးထုတ္ေနတာမွာ ယခုရက္ထဲ စမ္းသပ္အဆင့္ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးတစ္မ်ိဳးကို စစ္တပ္အသုံးျပဳမႈအတြက္ တ႐ုတ္အာဏာပိုင္ေတြက အတည္ျပဳေပးခဲ့ပါတယ္။ဒီေဆးက အီဘိုလာကာကြယ္ေဆးတစ္မ်ိဳးအေပၚ အေျခခံၿပီး ကာကြယ္ေဆးကိုထုတ္ထားတာပါ။ဒီစမ္းသပ္ကာကြယ္ေဆးကေတာ့ လက္ေတြ႕စမ္းသပ္မႈ အဆင့္ႏွစ္ခုကို ျဖတ္ေက်ာ္ထားၿပီး စမ္းသပ္မႈရလဒ္မ်ားအရ ေဘးကင္းစိတ္ခ်ရကာ ခႏၶာကိုယ္တြင္ ေရာဂါျဖစ္ေစေသာ ပဋိဇာတ္အေပၚတြင္လည္း အေတာ္အတန္ျမင့္မားသည့္ ခံႏိုင္ရည္တုံ႔ျပန္မႈတစ္ခု ရွိတယ္လို႔ဆိုပါတယ္။လက္ရွိမွာေတာ့ စစ္တပ္ဘက္ကိုသာ အသုံးျပဳခြင့္ေပးထားၿပီး အရပ္ဘက္ကို မေပးေသးပါဘူး။ေဆးဝါးေတြအနက္ ဘယ္ေဆးဝါးက အမ်ားျပည္သူနဲ႔ လက္လွမ္းမီမလဲဆိုတာ အဓိကျပႆနာပါ။

ကာကြယ္ေဆးေပၚထြက္လာဖို႔အခ်ိန္က နီးကပ္ေနၿပီလို႔ ေဆးဝါးကြၽမ္းက်င္သူေတြကဆိုသလို က်န္းမာေရးပညာရွင္ေတြကလဲ မူကြဲေတြေပၚထြက္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ အၿပီးေပ်ာက္ကြယ္တာ မျဖစ္ႏိုင္ဘူးလို႔ဆိုတဲ့အတြက္  ဘယ္သူကအႏိုင္ရႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။
ဒီၾကားထဲမွာဘဲ တ႐ုတ္မွာ ကမာၻ႔ကပ္ေရာဂါျဖစ္ေစႏိုင္တဲ့ တုပ္ေကြးေရာဂါသစ္တစ္မ်ိဳးကိုေတြ႕ခဲ့လို႔ ပြက္ေလာ႐ိုက္ခဲ့ပါတယ္။ဝက္မွာေတြ႕တဲ့ ဒီေရာဂါအတြက္ ဝက္သားလုပ္ငန္းကလူေတြကို အနီးကပ္ေစာင့္ၾကည့္ဖို႔ သိပၸံပညာရွင္ေတြကေတာ့ တိုက္တြန္းထားပါတယ္။ကပ္ေရာဂါတစ္ခု မေပ်ာက္ေသးခင္ ေနာက္ထပ္ ကပ္သတင္းတစ္ခုၾကားရတာ ေကာင္းတဲ့ကိစၥေတာ့မဟုတ္ပါဘူး။

ဒီလိုသတင္းေတြအျပင္ တျခားသတိထားစရာျဖစ္ခဲ့ရတဲ့ ႏိုင္ငံတကာသတင္းအခ်ိဳ႕လည္း ယခုရက္သတၱပတ္ထဲမွာ ျဖစ္ခဲ့ပါေသးတယ္။ဒီထဲမွာ မဲေခါင္ျမစ္အေပၚ တည္ေဆာက္မယ့္ ေရကာတာစီမံကိန္းတစ္ခုကို အိမ္နီးခ်င္းႏိုင္ငံေတြ စိုးရိမ္ေပမယ့္ ဆက္ေဆာက္မယ္ဆိုတဲ့သတင္း၊ မကၠဆီကိုအလယ္ပိုင္းက ေဆးျဖတ္စခန္းတစ္ခုကို ေသနတ္သမားေတြဝင္စီးၿပီး လူ ၂၄ ဦးကို သတ္ျဖတ္ခဲ့တဲ့သတင္း၊ အီတလီႏိုင္ငံ ေနပယ္လ္က ဆိပ္ကမ္းတစ္ခုမွာ IS ပိုင္ မူးယစ္ေဆးဝါးေတြ စံခ်ိန္တင္ဖမ္းမိခဲ့တဲ့သတင္း၊ ကေနဒါဝန္ႀကီးခ်ဳပ္ ေနအိမ္ၿခံဝင္းထဲကို ပစ္ကပ္ကားနဲ႔ ကေနဒါစစ္သည္တစ္ဦး က်ဴးေက်ာ္ဝင္ေရာက္ခဲ့လို႔ ဖမ္းဆီးခဲ့ရတဲ့သတင္း၊ ဂ်ပန္ႏိုင္ငံေတာင္ပိုင္း က်ဴးရႉးကြၽန္းမွာ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေရႀကီးေရလွ်ံမႈေတြျဖစ္ခဲ့တာေၾကာင့္ ၁၆ ဦးေသဆုံးကာ ၁၃ ဦး ေပ်ာက္ဆုံးေနတဲ့သတင္း၊ အစၥေရးမွာျဖစ္ခဲ့တဲ့ ကုလဝန္ထမ္းတစ္ဦးရဲ႕ ကားထဲမွာျဖစ္ခဲ့တဲ့ လိင္က်ဴးလြန္မႈဗီဒီယိုထဲပါဝင္တဲ့ ကုလဝန္ထမ္းေတြကို လစာမဲ့အလုပ္ရပ္ဆိုင္းခဲ့တဲ့သတင္း၊ ဂ်ာမနီက ထိပ္တန္းကြန္မန္ဒိုအဖြဲ႕ရဲ႕ တစ္စိတ္တစ္ပိုင္းကို  လယ္ယာစြန္း အစြန္းေရာက္မႈေၾကာင့္  ဖ်က္သိမ္းရေတာ့မယ့္သတင္း၊ ျပင္သစ္မွာ ဝန္ႀကီးခ်ဳပ္အျဖစ္ ယြန္ကတ္စတက္ ကို ခန႔္အပ္လိုက္တဲ့သတင္း၊ အေမရိကန္ႏိုင္ငံ အယ္လ္ဘားမားက ေစ်းဝယ္စင္တာမွာ ေသနတ္သမားတစ္ဦးပစ္ခတ္မႈေၾကာင့္ ေစ်းဝယ္လာ လူ ၄ ဦး ထိခိုက္ဒဏ္ရာရခဲ့တဲ့သတင္း စတဲ့ စိတ္ဝင္စားစရာသတင္းအခ်ိဳ႕လည္း ျဖစ္ခဲ့တယ္ဆိုတာတင္ျပရင္း ယခုရက္သတၱပတ္ ႏိုင္ငံတကာသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ဇူလိုင္ - ၆