【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ဆော်ဒီနဲ့ တူရကီကြား အမြတ်ထုတ်မယ့် ထရန့်

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ဆော်ဒီနဲ့ တူရကီကြား အမြတ်ထုတ်မယ့် ထရန့်

ယခုတစ်ပတ်အတွင်း နိုင်ငံတကာမှာ သတင်းများစွာ ဖြစ်ခဲ့ပါတယ်။ဒီသတင်းတွေထဲမှာ သတိထားမိစရာ သတင်းအချို့ ရှိခဲ့ပါတယ်။ဒီထဲမှာ ဗီယက်နမ်စစ်ပွဲမှာ သေဆုံးခဲ့တဲ့ အမေရိကန်နိုင်ငံသားတွေ ရုပ်ကြွင်းကို ကမ္ဘောဒီးယားက အမေရိကန်ကို ပြန်ရှာခွင့်ပြုလိုက်တဲ့ သတင်း၊ မာလာဝီနိုင်ငံ ဘလန်တိုင်ယာမြို့မှာ မဟတ္တမ ဂန္ဒီ ပုံတူရုပ်တု စိုက်ထူမယ့် အစီအစဉ်ကို မာလာဝီနိုင်ငံသားတွေက ကန့်ကွက်တဲ့ သတင်း၊ တရုတ်ထံသို့ အရပ်ဖက်သုံး နျူကလီးယားစွမ်းအင် နည်းပညာ တင်ပို့ရောင်းချမှုကို ကန့်သတ်သွားရန် အမေရိကန်အစိုးရက ဆုံးဖြတ်လိုက်တဲ့ သတင်း၊ တာလီဘန် ခေါင်းဆောင်တွေနဲ့ အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန် အထူးသံအမတ် တွေ့ဆုံဆွေးနွေးမယ့် သတင်း၊ ၂၀၀၄ ခုနှစ်က လက်ပစ်ဗုံးနဲ့ လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာစီနာ ကို တိုက်ခိုက်မှုနှင့် ပတ်သက်တဲ့  လူ ၁၉ ဦးကို ဘင်္ဂလားဒေ့ရှ် တရားရုံးတစ်ရုံးက သေဒဏ်ချမှတ်ခဲ့တဲ့ သတင်း၊ လာမည့် လွှတ်တော်ရွေးကောက်ပွဲတွေကို အာဖဂန်နစ္စတန် ပြည်သူများ သပိတ်မှောက်ရန် တာလီဘန် စစ်သွေးကြွအဖွဲ့က တိုက်တွန်းခဲ့တဲ့ သတင်း၊ ဂါဇာနယ်စပ်မှာ ပါလက်စတိုင်းတွေနဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ရာမှာ ပါလက်စတိုင်း ငါးဦး သေဆုံးခဲ့တဲ့ သတင်း၊ အာကာသယာဉ်မှူးနှစ်ဦး လိုက်ပါတဲ့ ဆိုယုဇ်အာကာသယာဉ်ကို လွှတ်တင်ရာမှာ ဒုံးပျံမှာ စက်ချို့ယွင်းမှုဖြစ်လို့ မြေပေါ် အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ သတင်း စတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီထဲမှာ ဂျာမနီနိုင်ငံ၏ မြို့တော် ဘာလင်မှာ လူတစ်သိန်းကျော် ချီတက်ဆန္ဒပြခဲ့တဲ့ သတင်းနဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး နစ်ကီဟာလေ ရာထူးက နုတ်ထွက်တဲ့ သတင်းတွေက စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေပါဘဲ။

နစ်ကီဟာလေ အလွန်နဲ့ ဘာလင် ဆန္ဒပြမှု။

အောက်တိုဘာ ၁၃ ရက်က ဂျာမနီနိုင်ငံ၏ မြို့ တော် ဘာလင်မှာ လူ့အခွင့်အရေးအဖွဲ့များက ဦး ဆောင်ပြီး လက်ယာစွန်းများ လွှမ်းမိုးမှု တိုးပွားလာခြင်း ဆန့်ကျင်ရန်အတွက် လူတစ်သိန်းကျော် ချီတက်ဆန္ဒပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်ကစပြီး ဒုက္ခသည်များကို ဂျာမန် အဓိပတိ မာကယ် က လက်ခံပြီး နောက်ပိုင်းမှာ ပြည်တွင်းမှာ သဘောထားကွဲလွဲမှုတွေ ပေါ်ပေါက်လာသလို ရွှေ့ပြောင်းတွေအပေါ် မုန်းတီးဆန့်ကျင့်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

နိုင်ငံခြားသား ကြောက်ရွံ့သော ရောဂါနဲ့ လက်ယာစွန်းတွေ လွှမ်းမိုးမှု တိုးပွားလာခြင်းကို ဆန့်ကျင်တဲ့ ယင်းလူထုစုဝေးပွဲကို ပါဝင်ဆင်နွှဲသူ များပြားလွန်းခဲ့ပါတယ်။ယခုချီတက်ပွဲကို ရာနှင့်ချီသည့် မတူခြားနားသော အဖွဲ့အစည်းများက ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး ဆန္ဒပြသူအများစုသည် ဂျာမနီနိုင်ငံရေးနှင့် လူမှုအသိုင်းအဝိုင်းတွင် လက်ယာစွန်းများ လွှမ်းမိုးလာမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်စိတ်ကြောင့် ပါဝင်သူများခဲ့တာ ဖြစ်ပါတယ်။

ဥရောပမှာ အမျိုးသားရေးဝါဒီတွေ ပြန်အားကောင်းလာတာဟာ သတိပြုစရာဖြစ်သလို ဒုက္ခသည်တွေ ဥရောပကို အတားအဆီးမဲ့ ဝင်လာပြီး ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်တာတွေက လက်ယာစွန်းတွေအတွက် ပိုပြီးအားကောင်းတဲ့ ရပ်တည်ချက်ကို ဖြစ်စေခဲ့ပါတယ်။ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အီတလီတွေမှာ ဒုက္ခသည်တွေကြောင့် လက်ယာစွန်းရောက် ပါတီတွေ ပြန်အားကောင်းလာတာကို တွေ့နေရတဲ့အတွက် ဥရောပမှာ လက်ယာစွန်း ပါတီတွေ တစ်ကျော့ပြန် အာဏာရလာမယ့် အန္တရာယ်က တဖြေးဖြေးနီးကပ်လာပြီ ဖြစ်ပါတယ်။

ဘာလင် ဆန္ဒပြပွဲနဲ့အပြိုင် နိုင်ငံတကာကို အလစ်အငိုက်မိစေခဲ့တဲ့ သတင်းတစ်ပုဒ်က ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး နစ်ကီဟာလေ က ရာထူးကနေ နုတ်ထွက်မယ်လို့  ဆိုင်းမဆင့်ဗုံမဆင့် ကြေငြာခဲ့တဲ့ သတင်းဘဲ ဖြစ်ပါတယ်။
    

သမ္မတ ထရန့် တက်လာပြီးနောက်ပိုင်း ထရန့် ရဲ့ နိုင်ငံတကာမူဝါဒတွေကို ကုလစင်မြင့်မှာ အဓိကပုံဖော်နေခဲ့တဲ့ နစ်ကီဟာလေ က နှစ်နှစ်တာ တာဝန်ထမ်းဆောင်ပြီးနောက် ယခုနှစ်ကုန်ပိုင်းမှာ အနားယူမှာလို့ ကြေညာခဲ့တာပါ။ထရန့် နဲ့ အတူတွဲထိုင်ပြီး ရုတ်တရက် နုတ်ထွက်မယ့် သတင်းက ကောက်ခါငင်ခါ ကြေညာတဲ့ ဒီသတင်းကြောင့် နစ်ကီဟာလေ နေရာကို ဝင်မယ့်သူအတွက် ဘယ်သူဖြစ်မလဲဆိုတာထက် ထရန့် ရဲ့ နိုင်ငံတကာမူဝါဒတွေကို မာမာထန်ထန် ပြောမယ့်သူတစ်ယောက် နိုင်ငံတကာဇာတ်ခုံပေါ်ကနေ ပျောက်တဲ့ကိစ္စက ဘာကြောင့်လဲဆိုတာ လူတိုင်းကို စိတ်ဝင်စားစေခဲ့ပါတယ်။ အထူးသဖြင့် ထရန့် ရဲ့ မူဝါဒတွေက ပြည်တွင်းမှာ ထောက်ခံသူများပေမယ့် နိုင်ငံတကာမှာတော့ အမေရိကန် ပထမမူဝါဒကြောင့် အတော်လေး အခက်တွေ့နေရတဲ့အချိန် ဖြစ်နေပါတယ်။တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲ၊ တူရကီ ဦးဆောင်တဲ့ OIC ၊ ရုရှားတို့နဲ့လည်း စစ်ရေး ဆိုင်ရာတွေ၊ ဘာသာရေးတွေမှာ လိပ်ခံတည်းလည်း ဖြစ်နေချိန်မှာ ဒီလိုနုတ်ထွက်မှုက ဘာဖြစ်လာမလည်း။နစ်ကီဟာလေ အလွန် သမ္မတ ထရန့် ရဲ့ မူဝါဒတွေ ပိုအားကောင်းလာမလား၊ အားပျော့သွားမလားဆိုတာ စောင့်ကြည့်ချင်စရာ ဖြစ်လာခဲ့ပါတယ်။    

မုန်တိုင်းများနှင့် ယခုရက်သတ္တပတ်။
    

ယခုရက်သတ္တပတ်အတွင်း ကမ္ဘာတစ်လွှားမှာ ဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ မုန်တိုင်းသတင်းတွေက အများစု စိတ်ဝင်စားတဲ့ ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။
    

ယခုရာသီအတွင်း အပြင်းဆုံးမုန်တိုင်းလို့ သတ်မှတ်ခံထားရတဲ့ ဟာရီကိန်းမုန်တိုင်း မိုက်ကယ်က လက်တင်အမေရိက နိုင်ငံတွေဖြစ်တဲ့ ကျူးဘားကို ဝင်ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံ ဖလောရီဒါပြည်နယ်ကို မိုးလေဝသ ပညာရှင်တွေ ခန့်မှန်းထားတဲ့အတိုင်း တစ်နာရီကို မိုင် ၁၃၀ အထိ ပြင်းအား အဆင့် ၄ အထိ သတ်မှတ်ထားတဲ့အတိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။
ဒါပေမယ့် ကြိုတင်ပြင်ဆင်မှုအပိုင်းက အားကောင်းခဲ့တဲ့အတွက် အောက်တိုဘာ ၁၀ ရက်ကနေ မက္ကဆီကို ပင်လယ်ကွေ့မှတဆင့် ဖလော်ရီဒါပြည်နယ် ကမ်းခြေသို့ ဝင်ရောက်ပြီး အရှေ့မြောက်ဖက်သို့ ဦးတည်ကာ ဂျော်ဂျီယာ၊ တောင်ပိုင်း ကာရိုလိုင်းနား၊ မြောက်ပိုင်း ကာရိုလိုင်းနား ပြည်နယ်များကို ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ တစ်လျှောက်မှာ သေဆုံးသူ အနည်းဆုံး ၆ ဦးသာ ရှိခဲ့တယ် ဆိုပါတယ်။
    

ဒီမုန်တိုင်းကြောင့် ကနဦးဖြတ်သန်းခဲ့တဲ့ အလယ်ပိုင်း အမေရိကနိုင်ငံငယ် အချို့မှာ မုန်တိုင်းကြောင့် ၁၁ ဦးထက်မနည်း အသေအပျောက်ရှိခဲ့လို့ ဒီပမာဏက အတော်လေးနည်းတဲ့ ပမာဏပါ။မုန်တိုင်းက ကုန်းတွင်းပိုင်း ဖြတ်သန်းချိန်မှာ တစ်နာရီကို မိုင် ၅၀ သာရှိတဲ့ အပူပိုင်းမုန်တိုင်းငယ်အဖြစ် အားပျော့သွားခဲ့ပါတယ်။နှစ်ပေါင်း ၂၅ နှစ်အတွင်း အားအပြင်းဆုံး မုန်တိုင်းအဖြစ်တဲ့ မုန်တိုင်း မိုက်ကယ်ကြောင့် မုန်တိုင်းဖြတ်သန်းရာ လမ်းတစ်လျှောက် ရေကြီးမှု၊ သစ်ပင်တွေကျွတ်ထွက်မှု၊ လမ်းတံတား ပျက်စီးမျောပါမှုနဲ့ ဓာတ်တိုင်များ ပြိုလဲမှုတို့ ကြုံတွေ့ခဲ့ရသလို ဖလော်ရီဒါကမ်းခြေ ဒေသများမှာလည်း လူပေါင်း ၄၀ ထက် မနည်းကို ကယ်ဆယ်ခဲ့ရတယ် ဆိုပါတယ်။
    

အမေရိကန်မှာ ဟာရီကိန်းမုန်တိုင်း ဝင်ပြီး ရက်ပိုင်းမှာဘဲ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းကနေ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပြီး  အောက်တိုဘာ ၁၁ ရက်က အိန္ဒိယ အရှေ့ပိုင်း ကမ်းခြေကို ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။တစ်တီလ်လို့ အမည်ပေးထားတဲ့ ကုန်းတွင်းဝင် တိုက်ခတ်ချိန်မှာ လေတိုက်နှုန်း တစ်နာရီ ၁၆၅ ကီလိုမီတာမျှထိ ပြင်းထန်ခဲ့လို့ ဒေသတွင်း အခြေခံအဆောက်အအုံ ကဏ္ဍတွင် ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့ကာ မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတလျှောက် အိမ်များ ပျက်စီးခဲ့သလို သစ်ပင်တွေပါ အမြစ်ကနေ ကျွတ်ထွက်တဲ့အထိ ပြင်းထန်ခဲ့ပါတယ်။
    

အမေရိကနဲ့ အာရှမှာသာ မုန်တိုင်းတွေက ဝင်နေတာ မဟုတ်ပါဘူး။ဥရောပမှာလည်း စံချိန်တင် ပြင်းထန်တဲ့ မုန်တိုင်း Leslie ကြောင့် ဥရောပလေကြောင်းခရီးစဉ်တွေ ကမောက်ကမ ဖြစ်ခဲ့ရပါတယ်။အောက်တိုဘာ ၁၃ ရက်မှာ အတ္တလန္တိတ်သမုဒ္ဒရာမှာ စတင်ဖြစ်ထွန်းခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း Leslie ဟာ  ဥရောပကို အင်အားပြင်းပြင်းနဲ့  ဝင်တိုက်ခတ်ခဲ့ပါတယ်။တစ်နာရီ လေတိုက်နှုန်း ၁၀၉ မိုင်နဲ့ ဟာရီကိန်းမုန်တိုင်း Leslie ဟာ ပေါ်တူဂီ အလယ်ပိုင်းနှင့် မြောက်ပိုင်းတစ်လျှောက်ကို အောက်တိုဘာ ၁၃ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့လို့ ရာချီသော သစ်ပင်များ ကျိုးကျပျက်စီးပြီး နေအိမ် ၁၅,၀၀၀ ကျော် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ကာ စပိန်နိုင်ငံကိုပါ ဆက်တိုက်ခတ်ခဲ့ပါတယ်။ဒီမုန်တိုင်းက ပေါ်တူဂီအတွက် ရာစုနှစ်တစ်ခုကျော်မှာ အပြင်းဆုံးမုန်တိုင်းဖြစ်လို့ မုန်တိုင်းဖြတ်သန်းရာ တစ်လျှောက်က ဒေသခံတွေကို ဘေးလွတ်ရာနေဖို့ သတိပေးထားသလို ပြည်တွင်း ပြည်ပ လေကြောင်းခရီးစဉ်တွေကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
    

ဒီလိုမုန်တိုင်းတွေနဲ့ ကမ္ဘာတစ်လွှား ပျားပန်းခတ်နေရတဲ့အချိန်မှာ အာရှက အင်ဒိုနီးရှားမှာ ငလျင်ထပ်လှုပ်ခဲ့လို့ လူအသေအပျောက် ရှိခဲ့ပါတယ်။အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက ဂျာဗားကျွန်း အရှေ့ပိုင်းနှင့် ဘာလီကျွန်းတို့အနီး ရေတိမ်ဧရိယာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၆.၀ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့လို့ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။အင်ဒိုနီးရှားမှာ ငလျင်လှုပ်ပြီး နှစ်နာရီအကြာမှာ အိမ်နီးချင်း ပါပူအာ နယူးဂီနီမှာ ရစ်ချ်တာစကေး ၇.၀ အဆင့် ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့လို့ ဆူနာမီသတိပေးချက် ထုတ်ခဲ့ရပါတယ်။
    

စက်တင်ဘာ ၂၈ ရက်က အင်ဒိုမှာ လှုပ်ခတ်ခဲ့တဲ့ ဒေသခံ၂၀၀၀ ကျော် သေဆုံးခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၅ ငလျင်ကြီး နောက်ပိုင်းမှာ ဆင့်ကဲလှုပ်လာတဲ့ ငလျင်တွေဖြစ်တဲ့အတွက် သတိထားစရာဖြစ်သလို  ခပ်စိပ်စိပ် ကမ္ဘာတစ်ဝန်း တိုက်ခတ်နေတဲ့ မုန်တိုင်းတွေကြောင့် ကမ္ဘာ့ရာသီဥတု အခြေအနေက တစ်နေ့တခြား ဆိုးရွားလာတာကို သတိပြုမိဖို့ အရေးကြီးလာတာကို ဒီသတင်းတွေက ဖော်ပြနေခဲ့ပါတယ်။

ရှော့ဂီ ပျောက်ဆုံးမှုနှင့် ဆော်ဒီအပေါ် ဖိအား။

    
ဆော်ဒီဂျာနယ်လစ်ဖြစ်တဲ့ ကာရှော့ဂီ တစ်ယောက် အောက်တိုဘာ ၂ ရက်က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးကို ဝင်သွားပြီးကတည်းက ပျောက်ဆုံးနေခဲ့တာ အခုဆိုရင် ရက်သတ္တပတ် နှစ်ပတ်ကျော်နေခဲ့ပြီ ဖြစ်ပါတယ်။ဆော်ဒီနိုင်ငံမှာ ဘုရင့်မျိုးနွယ်နဲ့ အစိုးရကို ဝေဖန်တဲ့သူတွေကို ဒီလိုမျိုးဘဲ နှုတ်ပိတ်မှုတွေ ရှိနေခဲ့လို့ ယခုပျောက်ဆုံးမှုကို နိုင်ငံတကာက စိုးရိမ်နေခဲ့တာ ဖြစ်ပါတယ်။ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် ကိုယ်တိုင်က ကာရှော့ဂီ ဘာဖြစ်သွားလဲဆိုတာကို သိချင်နေတယ်လို့ဆိုသလို ပုံမှန်ပျောက်ဆုံးနေတဲ့ ဆော်ဒီနိုင်ငံသားတွေလို ဖြစ်သွားမှာကိုလည်း စိုးရိမ်နေပါတယ်။
    

တူရကီ လုံခြုံရေးရင်းမြစ်တစ်ခုကတော့ ကာရှော့ဂီ တစ်ယောက် အစ္စတန်ဘူလ်က ကောင်စစ်ဝန်ရုံးထဲမှာ သတ်ဖြတ်ခံရတဲ့ သက်သေပြနိုင်တဲ့ အထောက်အထား အသံဖိုင်နှင့် ဗီဒီယိုဖိုင်တွေ ရရှိထားတယ်လို့ သတင်းဌာနတစ်ခုကို ပြောခဲ့တာတွေ ရှိပါတယ်။ဒါပေမယ့် ဆော်ဒီအာဏာပိုင်တွေကတော့ ကာရှော့ဂီ ကို သတ်ပစ်ရန် ရီယာဒ်က ညွှန်ကြားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေက အခြေအမြစ်မရှိဘူးလို့ ပြောခဲ့ပါတယ်။
    

ဆော်ဒီအာရေးဗီးယား အစိုးရကို ဝေဖန်သူ ဝါရှင်တန်ပို့စ် ဆောင်းပါးရှင် ကာရှော့ဂီ ပျောက်ဆုံးမှုက ယခု အခါ နိုင်ငံတကာ ပြဿနာတစ်ရပ်သဖွယ် ဖြစ်လာပါတယ်။အိမ်ရှင်ဖြစ်တဲ့ တူရကီနိုင်ငံက သူ့နိုင်ငံထဲမှာ ဖြစ်ပွားခဲ့တဲ့ ကာရှီဂေါ့ ပျောက်ဆုံးမှုအတွက် ဆော်ဒီအာရေးဗီးယားက ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘူးလို့ စွပ်စွဲထားသလို အလောင်းဖွက်ထားတယ်ဆိုတဲ့ အထောက်အထားတွေ ရှိတယ်လို့ ပြောထားတာတွေ ရှိပါတယ်။တူရကီဘက်က ဆော်ဒီကောင်စစ်ဝန်ရုံးထဲ  တူရကီအစိုးရ ရှေ့နေများနှင့် ကျွမ်းကျင်သူများကို ဝင်ခွင့်ပြုဖို့ တူရကီ နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့လို့ ရှာဖွေခွင့်ရပေမယ့် ဘာတွေဖြစ်လာမလဲဆိုတာ မှန်းဆလို့ မရသေးပါဘူး။

ဆော်ဒီဘက်ကတော့ ကာရှော့ဂီ သည် ယင်းကောင်စစ်ဝန်ရုံးမှ ဘေးကင်းစွာ ထွက်ခွာသွားတယ်လို့ ပြောခဲ့ပေမယ့် သက်သေပြနိုင်တာတွေ မရှိပါဘူး။ဆော်ဒီနဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ကတော့ ဒီလို လက်လွတ်စယ် ဂျာနယ်လစ်တစ်ဦးကို သတ်ဖြတ်တဲ့ ကိစ္စသာ တစ်ကယ်ဖြစ်လာမယ်ဆိုရင် ဆော်ဒီကို အမေရိကန်က ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သမ္မတ ထရန့် က ခြိမ်းခြောက်ခဲ့ပါတယ်။ကာရှော့ဂီ ပျောက်ဆုံးမှုက တူရကီ - ဆော်ဒီ ဆက်ဆံရေးသာမကာ ဆော်ဒီကို ထောက်ခံတဲ့ အနောက်အုပ်စု နိုင်ငံများနဲ့ ဆက်ဆံရေးပါ ထိခိုက်စေခဲ့ပါတယ်။

အမေရိကန်ရဲ့ အရေးယူမှုကတော့ လက်နက်ရောင်းချမှုကို ပိတ်ပင်တာမျိုး ကိုယ့်ကိုကိုယ် ဒုက္ခရောက်စေတာမျိုး မလုပ်ဘူးလို့ ထရန့် က ပြောခဲ့တဲ့အတွက် ဘယ်လိုပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုတာ  မှန်းဆလို့ မရသေးပါဘူး။အခြေအနေအရ ကာရှော့ဂီ အသတ်ခံရဖို့ သေချာသလောက် ရှိနေတဲ့အတွက် ဒီပြဿနာက လူ့အခွင့်အရေးနဲ့ မီဒီယာလွတ်လပ်ခွင့်ကို လေးစားတဲ့ အမေရိကန်အတွက် အကျိုးစီးပွားနဲ့ယှဉ်ပြီး ဆုံးဖြတ်ရခက်ခဲမယ့် ပြဿနာတစ်ရပ် ဖြစ်လာဖွယ် ရှိနေပါတယ်။

ဒီလိုရှုပ်ထွေးမှုတွေထဲမှာ အမြတ်ထုတ်သွားတာက တူရကီပါ။အမေရိကန်နိုင်ငံသား ခရစ်ယာန် ဘာသာရေးခေါင်းဆောင် အန်ဒရူးဘရန်ဆင် ကို နှစ်နှစ်ကျော် ထိန်းသိမ်းထားလို့ ကုန်သွယ်ရေးနဲ့ သံတမန် ပိတ်ဆို့မှုတွေ အမေရိကန်က ချမှတ်လို့ ငွေကြေးတန်ဖိုး ကျဆင်းမှု၊ စီးပွားရေးကျပ်တည်းမှုတွေ ဖြစ်နေတဲ့အချိန်မှာ အမေရိကန် ဖိအားပေးမှုကြောင့် လွှတ်ပေးရင် နိုင်ငံရေးအရ သိက္ခာကျစရာ ဖြစ်လာနိုင်ပေမယ့် ကာရှော့ဂီ ပြဿနာကြီးနေချိန်မှာ  လွှတ်ပေးခဲ့တဲ့အတွက် အမေရိကန်နဲ့ ပြန်အစေးကပ်ဖို့ တူရကီဘက်က နိုင်ငံရေး ကစားနိုင်ခဲ့တာကိုပါ။ထရန့် ကတော့  ဒီလိုလွှတ်ပေးတဲ့အတွက် အမေရိကန် - တူရကီ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာဖို့ ကြီးမားတဲ့ ခြေလှမ်းလို့ ပြောခဲ့ပါတယ်။  

OIC ခေါင်းဆောင်နေရာကို ရယူဖို့ တူရကီနဲ့ ဆော်ဒီတို့ကြား ကာလရှည်ပြိုင်ဆိုင်မှုက ကာရှော့ဂီ ပြဿနာကနေ တူရကီက တစ်လှမ်းတိုးသလို ဆော်ဒီက ဘယ်လိုပုံစံနဲ့ ဒီပြဿနာကို ဖြေရှင်းမလဲ၊ ဒီပြဿနာကနေ အမေရိကန် သမ္မတ ထရန့် ဆော်ဒီနဲ့ တူရကီကြားက ဘာကိုအမြတ်ထုတ်မလဲဆိုတာ စောင့်ကြည့်ချင်စရာပါဘဲ။

ဒီသတင်းက ယခုရက်သတ္တပတ်မှာဖြစ်ခဲ့တဲ့ သတင်းတွေထဲ အထူးစိတ်ဝင်စားစရာ ကောင်းနေခဲ့သလို ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမယ့် သတင်းတစ်ပုဒ်ဆိုတာ ဖော်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်
အောက်တိုဘာ - ၁၅

( Zawgyi )

ယခုတစ္ပတ္အတြင္း ႏိုင္ငံတကာမွာ သတင္းမ်ားစြာ ျဖစ္ခဲ့ပါတယ္။ဒီသတင္းေတြထဲမွာ သတိထားမိစရာ သတင္းအခ်ိဳ႕ ရွိခဲ့ပါတယ္။ဒီထဲမွာ ဗီယက္နမ္စစ္ပြဲမွာ ေသဆုံးခဲ့တဲ့ အေမရိကန္ႏိုင္ငံသားေတြ ႐ုပ္ႂကြင္းကို ကေမာၻဒီးယားက အေမရိကန္ကို ျပန္ရွာခြင့္ျပဳလိုက္တဲ့ သတင္း၊ မာလာဝီႏိုင္ငံ ဘလန္တိုင္ယာၿမိဳ႕မွာ မဟတၱမ ဂႏၵီ ပုံတူ႐ုပ္တု စိုက္ထူမယ့္ အစီအစဥ္ကို မာလာဝီႏိုင္ငံသားေတြက ကန႔္ကြက္တဲ့ သတင္း၊ တ႐ုတ္ထံသို႔ အရပ္ဖက္သုံး န်ဴကလီးယားစြမ္းအင္ နည္းပညာ တင္ပို႔ေရာင္းခ်မႈကို ကန႔္သတ္သြားရန္ အေမရိကန္အစိုးရက ဆုံးျဖတ္လိုက္တဲ့ သတင္း၊ တာလီဘန္ ေခါင္းေဆာင္ေတြနဲ႔ အာဖဂန္နစၥတန္ဆိုင္ရာ အေမရိကန္ အထူးသံအမတ္ ေတြ႕ဆုံေဆြးေႏြးမယ့္ သတင္း၊ ၂၀၀၄ ခုႏွစ္က လက္ပစ္ဗုံးနဲ႔ လက္ရွိဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ ကို တိုက္ခိုက္မႈႏွင့္ ပတ္သက္တဲ့  လူ ၁၉ ဦးကို ဘဂၤလားေဒ့ရွ္ တရား႐ုံးတစ္႐ုံးက ေသဒဏ္ခ်မွတ္ခဲ့တဲ့ သတင္း၊ လာမည့္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲေတြကို အာဖဂန္နစၥတန္ ျပည္သူမ်ား သပိတ္ေမွာက္ရန္ တာလီဘန္ စစ္ေသြးႂကြအဖြဲ႕က တိုက္တြန္းခဲ့တဲ့ သတင္း၊ ဂါဇာနယ္စပ္မွာ ပါလက္စတိုင္းေတြနဲ႔ အစၥေရးတပ္ဖြဲ႕ဝင္ေတြ ထိပ္တိုက္ေတြ႕ရာမွာ ပါလက္စတိုင္း ငါးဦး ေသဆုံးခဲ့တဲ့ သတင္း၊ အာကာသယာဥ္မႉးႏွစ္ဦး လိုက္ပါတဲ့ ဆိုယုဇ္အာကာသယာဥ္ကို လႊတ္တင္ရာမွာ ဒုံးပ်ံမွာ စက္ခ်ိဳ႕ယြင္းမႈျဖစ္လို႔ ေျမေပၚ အေရးေပၚဆင္းသက္ခဲ့ရတဲ့ သတင္း စတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီထဲမွာ ဂ်ာမနီႏိုင္ငံ၏ ၿမိဳ႕ေတာ္ ဘာလင္မွာ လူတစ္သိန္းေက်ာ္ ခ်ီတက္ဆႏၵျပခဲ့တဲ့ သတင္းနဲ႔ ကုလသမဂၢဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး နစ္ကီဟာေလ ရာထူးက ႏုတ္ထြက္တဲ့ သတင္းေတြက စိတ္ဝင္စားစရာေကာင္းတဲ့ သတင္းေတြပါဘဲ။

နစ္ကီဟာေလ အလြန္နဲ႔ ဘာလင္ ဆႏၵျပမႈ။

ေအာက္တိုဘာ ၁၃ ရက္က ဂ်ာမနီႏိုင္ငံ၏ ၿမိဳ႕ ေတာ္ ဘာလင္မွာ လူ႔အခြင့္အေရးအဖြဲ႕မ်ားက ဦး ေဆာင္ၿပီး လက္ယာစြန္းမ်ား လႊမ္းမိုးမႈ တိုးပြားလာျခင္း ဆန႔္က်င္ရန္အတြက္ လူတစ္သိန္းေက်ာ္ ခ်ီတက္ဆႏၵျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၃ ႏွစ္ကစၿပီး ဒုကၡသည္မ်ားကို ဂ်ာမန္ အဓိပတိ မာကယ္ က လက္ခံၿပီး ေနာက္ပိုင္းမွာ ျပည္တြင္းမွာ သေဘာထားကြဲလြဲမႈေတြ ေပၚေပါက္လာသလို ေ႐ႊ႕ေျပာင္းေတြအေပၚ မုန္းတီးဆန႔္က်င့္တဲ့ လႈပ္ရွားမႈေတြ ျဖစ္ေပၚလာခဲ့ပါတယ္။

ႏိုင္ငံျခားသား ေၾကာက္႐ြံ႕ေသာ ေရာဂါနဲ႔ လက္ယာစြန္းေတြ လႊမ္းမိုးမႈ တိုးပြားလာျခင္းကို ဆန႔္က်င္တဲ့ ယင္းလူထုစုေဝးပြဲကို ပါဝင္ဆင္ႏႊဲသူ မ်ားျပားလြန္းခဲ့ပါတယ္။ယခုခ်ီတက္ပြဲကို ရာႏွင့္ခ်ီသည့္ မတူျခားနားေသာ အဖြဲ႕အစည္းမ်ားက ဦးေဆာင္က်င္းပခဲ့တာျဖစ္ၿပီး ဆႏၵျပသူအမ်ားစုသည္ ဂ်ာမနီႏိုင္ငံေရးႏွင့္ လူမႈအသိုင္းအဝိုင္းတြင္ လက္ယာစြန္းမ်ား လႊမ္းမိုးလာမႈႏွင့္ ပတ္သက္၍ စိုးရိမ္ပူပန္စိတ္ေၾကာင့္ ပါဝင္သူမ်ားခဲ့တာ ျဖစ္ပါတယ္။

ဥေရာပမွာ အမ်ိဳးသားေရးဝါဒီေတြ ျပန္အားေကာင္းလာတာဟာ သတိျပဳစရာျဖစ္သလို ဒုကၡသည္ေတြ ဥေရာပကို အတားအဆီးမဲ့ ဝင္လာၿပီး ေဒသခံေတြနဲ႔ ပဋိပကၡျဖစ္တာေတြက လက္ယာစြန္းေတြအတြက္ ပိုၿပီးအားေကာင္းတဲ့ ရပ္တည္ခ်က္ကို ျဖစ္ေစခဲ့ပါတယ္။ျပင္သစ္၊ ဂ်ာမနီ၊ စပိန္၊ အီတလီေတြမွာ ဒုကၡသည္ေတြေၾကာင့္ လက္ယာစြန္းေရာက္ ပါတီေတြ ျပန္အားေကာင္းလာတာကို ေတြ႕ေနရတဲ့အတြက္ ဥေရာပမွာ လက္ယာစြန္း ပါတီေတြ တစ္ေက်ာ့ျပန္ အာဏာရလာမယ့္ အႏၲရာယ္က တေျဖးေျဖးနီးကပ္လာၿပီ ျဖစ္ပါတယ္။

ဘာလင္ ဆႏၵျပပြဲနဲ႔အၿပိဳင္ ႏိုင္ငံတကာကို အလစ္အငိုက္မိေစခဲ့တဲ့ သတင္းတစ္ပုဒ္က ကုလသမဂၢဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး နစ္ကီဟာေလ က ရာထူးကေန ႏုတ္ထြက္မယ္လို႔  ဆိုင္းမဆင့္ဗုံမဆင့္ ေၾကျငာခဲ့တဲ့ သတင္းဘဲ ျဖစ္ပါတယ္။
    

သမၼတ ထရန႔္ တက္လာၿပီးေနာက္ပိုင္း ထရန႔္ ရဲ႕ ႏိုင္ငံတကာမူဝါဒေတြကို ကုလစင္ျမင့္မွာ အဓိကပုံေဖာ္ေနခဲ့တဲ့ နစ္ကီဟာေလ က ႏွစ္ႏွစ္တာ တာဝန္ထမ္းေဆာင္ၿပီးေနာက္ ယခုႏွစ္ကုန္ပိုင္းမွာ အနားယူမွာလို႔ ေၾကညာခဲ့တာပါ။ထရန႔္ နဲ႔ အတူတြဲထိုင္ၿပီး ႐ုတ္တရက္ ႏုတ္ထြက္မယ့္ သတင္းက ေကာက္ခါငင္ခါ ေၾကညာတဲ့ ဒီသတင္းေၾကာင့္ နစ္ကီဟာေလ ေနရာကို ဝင္မယ့္သူအတြက္ ဘယ္သူျဖစ္မလဲဆိုတာထက္ ထရန႔္ ရဲ႕ ႏိုင္ငံတကာမူဝါဒေတြကို မာမာထန္ထန္ ေျပာမယ့္သူတစ္ေယာက္ ႏိုင္ငံတကာဇာတ္ခုံေပၚကေန ေပ်ာက္တဲ့ကိစၥက ဘာေၾကာင့္လဲဆိုတာ လူတိုင္းကို စိတ္ဝင္စားေစခဲ့ပါတယ္။ အထူးသျဖင့္ ထရန႔္ ရဲ႕ မူဝါဒေတြက ျပည္တြင္းမွာ ေထာက္ခံသူမ်ားေပမယ့္ ႏိုင္ငံတကာမွာေတာ့ အေမရိကန္ ပထမမူဝါဒေၾကာင့္ အေတာ္ေလး အခက္ေတြ႕ေနရတဲ့အခ်ိန္ ျဖစ္ေနပါတယ္။တ႐ုတ္နဲ႔ ကုန္သြယ္ေရးစစ္ပြဲ၊ တူရကီ ဦးေဆာင္တဲ့ OIC ၊ ႐ုရွားတို႔နဲ႔လည္း စစ္ေရး ဆိုင္ရာေတြ၊ ဘာသာေရးေတြမွာ လိပ္ခံတည္းလည္း ျဖစ္ေနခ်ိန္မွာ ဒီလိုႏုတ္ထြက္မႈက ဘာျဖစ္လာမလည္း။နစ္ကီဟာေလ အလြန္ သမၼတ ထရန႔္ ရဲ႕ မူဝါဒေတြ ပိုအားေကာင္းလာမလား၊ အားေပ်ာ့သြားမလားဆိုတာ ေစာင့္ၾကည့္ခ်င္စရာ ျဖစ္လာခဲ့ပါတယ္။    

မုန္တိုင္းမ်ားႏွင့္ ယခုရက္သတၱပတ္။
    

ယခုရက္သတၱပတ္အတြင္း ကမာၻတစ္လႊားမွာ ျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ မုန္တိုင္းသတင္းေတြက အမ်ားစု စိတ္ဝင္စားတဲ့ ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့ပါတယ္။
    

ယခုရာသီအတြင္း အျပင္းဆုံးမုန္တိုင္းလို႔ သတ္မွတ္ခံထားရတဲ့ ဟာရီကိန္းမုန္တိုင္း မိုက္ကယ္က လက္တင္အေမရိက ႏိုင္ငံေတြျဖစ္တဲ့ က်ဴးဘားကို ဝင္ၿပီးေနာက္ပိုင္း အေမရိကန္ႏိုင္ငံ ဖေလာရီဒါျပည္နယ္ကို မိုးေလဝသ ပညာရွင္ေတြ ခန႔္မွန္းထားတဲ့အတိုင္း တစ္နာရီကို မိုင္ ၁၃၀ အထိ ျပင္းအား အဆင့္ ၄ အထိ သတ္မွတ္ထားတဲ့အတိုင္း ဝင္ေရာက္တိုက္ခတ္ခဲ့ပါတယ္။
ဒါေပမယ့္ ႀကိဳတင္ျပင္ဆင္မႈအပိုင္းက အားေကာင္းခဲ့တဲ့အတြက္ ေအာက္တိုဘာ ၁၀ ရက္ကေန မကၠဆီကို ပင္လယ္ေကြ႕မွတဆင့္ ဖေလာ္ရီဒါျပည္နယ္ ကမ္းေျခသို႔ ဝင္ေရာက္ၿပီး အေရွ႕ေျမာက္ဖက္သို႔ ဦးတည္ကာ ေဂ်ာ္ဂ်ီယာ၊ ေတာင္ပိုင္း ကာ႐ိုလိုင္းနား၊ ေျမာက္ပိုင္း ကာ႐ိုလိုင္းနား ျပည္နယ္မ်ားကို ျဖတ္သန္းတိုက္ခတ္ခဲ့တဲ့ တစ္ေလွ်ာက္မွာ ေသဆုံးသူ အနည္းဆုံး ၆ ဦးသာ ရွိခဲ့တယ္ ဆိုပါတယ္။
    

ဒီမုန္တိုင္းေၾကာင့္ ကနဦးျဖတ္သန္းခဲ့တဲ့ အလယ္ပိုင္း အေမရိကႏိုင္ငံငယ္ အခ်ိဳ႕မွာ မုန္တိုင္းေၾကာင့္ ၁၁ ဦးထက္မနည္း အေသအေပ်ာက္ရွိခဲ့လို႔ ဒီပမာဏက အေတာ္ေလးနည္းတဲ့ ပမာဏပါ။မုန္တိုင္းက ကုန္းတြင္းပိုင္း ျဖတ္သန္းခ်ိန္မွာ တစ္နာရီကို မိုင္ ၅၀ သာရွိတဲ့ အပူပိုင္းမုန္တိုင္းငယ္အျဖစ္ အားေပ်ာ့သြားခဲ့ပါတယ္။ႏွစ္ေပါင္း ၂၅ ႏွစ္အတြင္း အားအျပင္းဆုံး မုန္တိုင္းအျဖစ္တဲ့ မုန္တိုင္း မိုက္ကယ္ေၾကာင့္ မုန္တိုင္းျဖတ္သန္းရာ လမ္းတစ္ေလွ်ာက္ ေရႀကီးမႈ၊ သစ္ပင္ေတြကြၽတ္ထြက္မႈ၊ လမ္းတံတား ပ်က္စီးေမ်ာပါမႈနဲ႔ ဓာတ္တိုင္မ်ား ၿပိဳလဲမႈတို႔ ႀကဳံေတြ႕ခဲ့ရသလို ဖေလာ္ရီဒါကမ္းေျခ ေဒသမ်ားမွာလည္း လူေပါင္း ၄၀ ထက္ မနည္းကို ကယ္ဆယ္ခဲ့ရတယ္ ဆိုပါတယ္။
    

အေမရိကန္မွာ ဟာရီကိန္းမုန္တိုင္း ဝင္ၿပီး ရက္ပိုင္းမွာဘဲ ဘဂၤလားပင္လယ္ေအာ္မွာ ျဖစ္ခဲ့တဲ့ ေလဖိအားနည္းရပ္ဝန္းကေန ဆိုင္ကလုန္းမုန္တိုင္းျဖစ္လာၿပီး  ေအာက္တိုဘာ ၁၁ ရက္က အိႏၵိယ အေရွ႕ပိုင္း ကမ္းေျခကို ဝင္ေရာက္တိုက္ခတ္ခဲ့ပါတယ္။တစ္တီလ္လို႔ အမည္ေပးထားတဲ့ ကုန္းတြင္းဝင္ တိုက္ခတ္ခ်ိန္မွာ ေလတိုက္ႏႈန္း တစ္နာရီ ၁၆၅ ကီလိုမီတာမွ်ထိ ျပင္းထန္ခဲ့လို႔ ေဒသတြင္း အေျခခံအေဆာက္အအုံ က႑တြင္ ထိခိုက္ပ်က္စီးမႈမ်ားစြာ ျဖစ္ေပၚခဲ့ကာ မုန္တိုင္းျဖတ္သန္းရာ လမ္းေၾကာင္းတေလွ်ာက္ အိမ္မ်ား ပ်က္စီးခဲ့သလို သစ္ပင္ေတြပါ အျမစ္ကေန ကြၽတ္ထြက္တဲ့အထိ ျပင္းထန္ခဲ့ပါတယ္။
    

အေမရိကနဲ႔ အာရွမွာသာ မုန္တိုင္းေတြက ဝင္ေနတာ မဟုတ္ပါဘူး။ဥေရာပမွာလည္း စံခ်ိန္တင္ ျပင္းထန္တဲ့ မုန္တိုင္း Leslie ေၾကာင့္ ဥေရာပေလေၾကာင္းခရီးစဥ္ေတြ ကေမာက္ကမ ျဖစ္ခဲ့ရပါတယ္။ေအာက္တိုဘာ ၁၃ ရက္မွာ အတၱလႏၲိတ္သမုဒၵရာမွာ စတင္ျဖစ္ထြန္းခဲ့တဲ့ ဟာရီကိန္းမုန္တိုင္း Leslie ဟာ  ဥေရာပကို အင္အားျပင္းျပင္းနဲ႔  ဝင္တိုက္ခတ္ခဲ့ပါတယ္။တစ္နာရီ ေလတိုက္ႏႈန္း ၁၀၉ မိုင္နဲ႔ ဟာရီကိန္းမုန္တိုင္း Leslie ဟာ ေပၚတူဂီ အလယ္ပိုင္းႏွင့္ ေျမာက္ပိုင္းတစ္ေလွ်ာက္ကို ေအာက္တိုဘာ ၁၃ ရက္က ဝင္ေရာက္တိုက္ခတ္ခဲ့လို႔ ရာခ်ီေသာ သစ္ပင္မ်ား က်ိဳးက်ပ်က္စီးၿပီး ေနအိမ္ ၁၅,၀၀၀ ေက်ာ္ လွ်ပ္စစ္မီးမ်ား ျပတ္ေတာက္ခဲ့ကာ စပိန္ႏိုင္ငံကိုပါ ဆက္တိုက္ခတ္ခဲ့ပါတယ္။ဒီမုန္တိုင္းက ေပၚတူဂီအတြက္ ရာစုႏွစ္တစ္ခုေက်ာ္မွာ အျပင္းဆုံးမုန္တိုင္းျဖစ္လို႔ မုန္တိုင္းျဖတ္သန္းရာ တစ္ေလွ်ာက္က ေဒသခံေတြကို ေဘးလြတ္ရာေနဖို႔ သတိေပးထားသလို ျပည္တြင္း ျပည္ပ ေလေၾကာင္းခရီးစဥ္ေတြကိုလည္း ဖ်က္သိမ္းခဲ့ပါတယ္။
    

ဒီလိုမုန္တိုင္းေတြနဲ႔ ကမာၻတစ္လႊား ပ်ားပန္းခတ္ေနရတဲ့အခ်ိန္မွာ အာရွက အင္ဒိုနီးရွားမွာ ငလ်င္ထပ္လႈပ္ခဲ့လို႔ လူအေသအေပ်ာက္ ရွိခဲ့ပါတယ္။ေအာက္တိုဘာ ၁၁ ရက္ နံနက္ပိုင္းက ဂ်ာဗားကြၽန္း အေရွ႕ပိုင္းႏွင့္ ဘာလီကြၽန္းတို႔အနီး ေရတိမ္ဧရိယာကို ဗဟိုျပဳၿပီး ရစ္ခ်္တာစေကး ၆.၀ အဆင့္ ငလ်င္တစ္ခု လႈပ္ခတ္ခဲ့လို႔ အနည္းဆုံး လူ ၃ ဦး ေသဆုံးခဲ့ပါတယ္။အင္ဒိုနီးရွားမွာ ငလ်င္လႈပ္ၿပီး ႏွစ္နာရီအၾကာမွာ အိမ္နီးခ်င္း ပါပူအာ နယူးဂီနီမွာ ရစ္ခ်္တာစေကး ၇.၀ အဆင့္ ငလ်င္တစ္ခု ထပ္မံလႈပ္ခတ္ခဲ့လို႔ ဆူနာမီသတိေပးခ်က္ ထုတ္ခဲ့ရပါတယ္။
    

စက္တင္ဘာ ၂၈ ရက္က အင္ဒိုမွာ လႈပ္ခတ္ခဲ့တဲ့ ေဒသခံ၂၀၀၀ ေက်ာ္ ေသဆုံးခဲ့တဲ့ ရစ္ခ်္တာစေကး ၇ ဒသမ ၅ ငလ်င္ႀကီး ေနာက္ပိုင္းမွာ ဆင့္ကဲလႈပ္လာတဲ့ ငလ်င္ေတြျဖစ္တဲ့အတြက္ သတိထားစရာျဖစ္သလို  ခပ္စိပ္စိပ္ ကမာၻတစ္ဝန္း တိုက္ခတ္ေနတဲ့ မုန္တိုင္းေတြေၾကာင့္ ကမာၻ႔ရာသီဥတု အေျခအေနက တစ္ေန႔တျခား ဆိုး႐ြားလာတာကို သတိျပဳမိဖို႔ အေရးႀကီးလာတာကို ဒီသတင္းေတြက ေဖာ္ျပေနခဲ့ပါတယ္။

ေရွာ့ဂီ ေပ်ာက္ဆုံးမႈႏွင့္ ေဆာ္ဒီအေပၚ ဖိအား။

    
ေဆာ္ဒီဂ်ာနယ္လစ္ျဖစ္တဲ့ ကာေရွာ့ဂီ တစ္ေယာက္ ေအာက္တိုဘာ ၂ ရက္က တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕မွာရွိတဲ့ ေဆာ္ဒီေကာင္စစ္ဝန္႐ုံးကို ဝင္သြားၿပီးကတည္းက ေပ်ာက္ဆုံးေနခဲ့တာ အခုဆိုရင္ ရက္သတၱပတ္ ႏွစ္ပတ္ေက်ာ္ေနခဲ့ၿပီ ျဖစ္ပါတယ္။ေဆာ္ဒီႏိုင္ငံမွာ ဘုရင့္မ်ိဳးႏြယ္နဲ႔ အစိုးရကို ေဝဖန္တဲ့သူေတြကို ဒီလိုမ်ိဳးဘဲ ႏႈတ္ပိတ္မႈေတြ ရွိေနခဲ့လို႔ ယခုေပ်ာက္ဆုံးမႈကို ႏိုင္ငံတကာက စိုးရိမ္ေနခဲ့တာ ျဖစ္ပါတယ္။ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယိုဂူတာရက္စ္ ကိုယ္တိုင္က ကာေရွာ့ဂီ ဘာျဖစ္သြားလဲဆိုတာကို သိခ်င္ေနတယ္လို႔ဆိုသလို ပုံမွန္ေပ်ာက္ဆုံးေနတဲ့ ေဆာ္ဒီႏိုင္ငံသားေတြလို ျဖစ္သြားမွာကိုလည္း စိုးရိမ္ေနပါတယ္။
    

တူရကီ လုံၿခဳံေရးရင္းျမစ္တစ္ခုကေတာ့ ကာေရွာ့ဂီ တစ္ေယာက္ အစၥတန္ဘူလ္က ေကာင္စစ္ဝန္႐ုံးထဲမွာ သတ္ျဖတ္ခံရတဲ့ သက္ေသျပႏိုင္တဲ့ အေထာက္အထား အသံဖိုင္ႏွင့္ ဗီဒီယိုဖိုင္ေတြ ရရွိထားတယ္လို႔ သတင္းဌာနတစ္ခုကို ေျပာခဲ့တာေတြ ရွိပါတယ္။ဒါေပမယ့္ ေဆာ္ဒီအာဏာပိုင္ေတြကေတာ့ ကာေရွာ့ဂီ ကို သတ္ပစ္ရန္ ရီယာဒ္က ၫႊန္ၾကားခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြက အေျခအျမစ္မရွိဘူးလို႔ ေျပာခဲ့ပါတယ္။
    

ေဆာ္ဒီအာေရးဗီးယား အစိုးရကို ေဝဖန္သူ ဝါရွင္တန္ပို႔စ္ ေဆာင္းပါးရွင္ ကာေရွာ့ဂီ ေပ်ာက္ဆုံးမႈက ယခု အခါ ႏိုင္ငံတကာ ျပႆနာတစ္ရပ္သဖြယ္ ျဖစ္လာပါတယ္။အိမ္ရွင္ျဖစ္တဲ့ တူရကီႏိုင္ငံက သူ႔ႏိုင္ငံထဲမွာ ျဖစ္ပြားခဲ့တဲ့ ကာရွီေဂါ့ ေပ်ာက္ဆုံးမႈအတြက္ ေဆာ္ဒီအာေရးဗီးယားက ပူးေပါင္းေဆာင္႐ြက္ျခင္း မရွိဘူးလို႔ စြပ္စြဲထားသလို အေလာင္းဖြက္ထားတယ္ဆိုတဲ့ အေထာက္အထားေတြ ရွိတယ္လို႔ ေျပာထားတာေတြ ရွိပါတယ္။တူရကီဘက္က ေဆာ္ဒီေကာင္စစ္ဝန္႐ုံးထဲ  တူရကီအစိုးရ ေရွ႕ေနမ်ားႏွင့္ ကြၽမ္းက်င္သူမ်ားကို ဝင္ခြင့္ျပဳဖို႔ တူရကီ ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာခဲ့လို႔ ရွာေဖြခြင့္ရေပမယ့္ ဘာေတြျဖစ္လာမလဲဆိုတာ မွန္းဆလို႔ မရေသးပါဘူး။

ေဆာ္ဒီဘက္ကေတာ့ ကာေရွာ့ဂီ သည္ ယင္းေကာင္စစ္ဝန္႐ုံးမွ ေဘးကင္းစြာ ထြက္ခြာသြားတယ္လို႔ ေျပာခဲ့ေပမယ့္ သက္ေသျပႏိုင္တာေတြ မရွိပါဘူး။ေဆာ္ဒီနဲ႔ မဟာမိတ္ျဖစ္တဲ့ အေမရိကန္ကေတာ့ ဒီလို လက္လြတ္စယ္ ဂ်ာနယ္လစ္တစ္ဦးကို သတ္ျဖတ္တဲ့ ကိစၥသာ တစ္ကယ္ျဖစ္လာမယ္ဆိုရင္ ေဆာ္ဒီကို အေမရိကန္က ျပင္းျပင္းထန္ထန္ အေရးယူမယ္လို႔ သမၼတ ထရန႔္ က ၿခိမ္းေျခာက္ခဲ့ပါတယ္။ကာေရွာ့ဂီ ေပ်ာက္ဆုံးမႈက တူရကီ - ေဆာ္ဒီ ဆက္ဆံေရးသာမကာ ေဆာ္ဒီကို ေထာက္ခံတဲ့ အေနာက္အုပ္စု ႏိုင္ငံမ်ားနဲ႔ ဆက္ဆံေရးပါ ထိခိုက္ေစခဲ့ပါတယ္။

အေမရိကန္ရဲ႕ အေရးယူမႈကေတာ့ လက္နက္ေရာင္းခ်မႈကို ပိတ္ပင္တာမ်ိဳး ကိုယ့္ကိုကိုယ္ ဒုကၡေရာက္ေစတာမ်ိဳး မလုပ္ဘူးလို႔ ထရန႔္ က ေျပာခဲ့တဲ့အတြက္ ဘယ္လိုျပင္းျပင္းထန္ထန္ အေရးယူမယ္ဆိုတာ  မွန္းဆလို႔ မရေသးပါဘူး။အေျခအေနအရ ကာေရွာ့ဂီ အသတ္ခံရဖို႔ ေသခ်ာသေလာက္ ရွိေနတဲ့အတြက္ ဒီျပႆနာက လူ႔အခြင့္အေရးနဲ႔ မီဒီယာလြတ္လပ္ခြင့္ကို ေလးစားတဲ့ အေမရိကန္အတြက္ အက်ိဳးစီးပြားနဲ႔ယွဥ္ၿပီး ဆုံးျဖတ္ရခက္ခဲမယ့္ ျပႆနာတစ္ရပ္ ျဖစ္လာဖြယ္ ရွိေနပါတယ္။

ဒီလိုရႈပ္ေထြးမႈေတြထဲမွာ အျမတ္ထုတ္သြားတာက တူရကီပါ။အေမရိကန္ႏိုင္ငံသား ခရစ္ယာန္ ဘာသာေရးေခါင္းေဆာင္ အန္ဒ႐ူးဘရန္ဆင္ ကို ႏွစ္ႏွစ္ေက်ာ္ ထိန္းသိမ္းထားလို႔ ကုန္သြယ္ေရးနဲ႔ သံတမန္ ပိတ္ဆို႔မႈေတြ အေမရိကန္က ခ်မွတ္လို႔ ေငြေၾကးတန္ဖိုး က်ဆင္းမႈ၊ စီးပြားေရးက်ပ္တည္းမႈေတြ ျဖစ္ေနတဲ့အခ်ိန္မွာ အေမရိကန္ ဖိအားေပးမႈေၾကာင့္ လႊတ္ေပးရင္ ႏိုင္ငံေရးအရ သိကၡာက်စရာ ျဖစ္လာႏိုင္ေပမယ့္ ကာေရွာ့ဂီ ျပႆနာႀကီးေနခ်ိန္မွာ  လႊတ္ေပးခဲ့တဲ့အတြက္ အေမရိကန္နဲ႔ ျပန္အေစးကပ္ဖို႔ တူရကီဘက္က ႏိုင္ငံေရး ကစားႏိုင္ခဲ့တာကိုပါ။ထရန႔္ ကေတာ့  ဒီလိုလႊတ္ေပးတဲ့အတြက္ အေမရိကန္ - တူရကီ ႏွစ္ႏိုင္ငံဆက္ဆံေရး တိုးတက္ေကာင္းမြန္လာဖို႔ ႀကီးမားတဲ့ ေျခလွမ္းလို႔ ေျပာခဲ့ပါတယ္။  

OIC ေခါင္းေဆာင္ေနရာကို ရယူဖို႔ တူရကီနဲ႔ ေဆာ္ဒီတို႔ၾကား ကာလရွည္ၿပိဳင္ဆိုင္မႈက ကာေရွာ့ဂီ ျပႆနာကေန တူရကီက တစ္လွမ္းတိုးသလို ေဆာ္ဒီက ဘယ္လိုပုံစံနဲ႔ ဒီျပႆနာကို ေျဖရွင္းမလဲ၊ ဒီျပႆနာကေန အေမရိကန္ သမၼတ ထရန႔္ ေဆာ္ဒီနဲ႔ တူရကီၾကားက ဘာကိုအျမတ္ထုတ္မလဲဆိုတာ ေစာင့္ၾကည့္ခ်င္စရာပါဘဲ။

ဒီသတင္းက ယခုရက္သတၱပတ္မွာျဖစ္ခဲ့တဲ့ သတင္းေတြထဲ အထူးစိတ္ဝင္စားစရာ ေကာင္းေနခဲ့သလို ဘာေတြဆက္ျဖစ္မလဲဆိုတာ ေစာင့္ၾကည့္ရမယ့္ သတင္းတစ္ပုဒ္ဆိုတာ ေဖာ္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ေအာက္တိုဘာ - ၁၅