【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကိုဗစ်ဒုတိယလှိုင်းနဲ့ ဆေးလုပွဲဖြစ်လာနိုင်ခြေ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကိုဗစ်ဒုတိယလှိုင်းနဲ့ ဆေးလုပွဲဖြစ်လာနိုင်ခြေ

ယခုရက်အတွင်း နိုင်ငံတကာသတင်းတွေထဲမှာ သတိထားမိစရာ သတင်းတွေအများအပြားရှိခဲ့ပါတယ်။ကမ္ဘာတစ်ဝန်း ကပ်ရောဂါကြောင့် အထိတ်တလန့်ဖြစ်နေရချိန်မှာ ဒီကပ်ရောဂါကိုပျောက်ကင်းမယ့် ဆေးသတင်းကို အားလုံးမျှော်နေကြသလို ဒီဆေးသတင်းတွေက ယခုရက်သတ္တပတ်ရဲ့ ထိပ်တန်းသတင်းထဲ ပါဝင်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်သတင်းလိုဘဲ နောက်ထပ်စိတ်ဝင်စားစရာသတင်းက မုန်တိုင်းနဲ့ သဘာဝဘေးသတင်းတွေ၊  နိုင်ငံတကာမှာ နောက်ဆုံးဖြစ်ပျက်နေတဲ့ပဋိပက္ခတွေ၊ ဆန္ဒပြပွဲသတင်းတွေနဲ့ ဘီလာရပ်စ်မှာ သမ္မတကိုဖြုတ်ချဖို့ ကြိုးစားနေတဲ့သတင်းကလည်း ကမ္ဘာတလွှားက စောင့်ကြည့်နေရတဲ့သတင်း ဖြစ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေအပြင် တခြားစိတ်ဝင်စားဖွယ်ရာကောင်းတဲ့ သတင်းတွေလည်းဖြစ်ခဲ့ပါတယ်။ဒီသတင်းတွေထဲမှာ အီတလီကမ်းခြေတစ်ခုကနေ သဲဖြူယူဆောင်တဲ့ ခရီးသည်တစ်ဦးကို ဒဏ်ငွေ ကန်ဒေါ်လာ ၁၂၀၀ ဒဏ်ခတ်ခဲ့တဲ့သတင်း၊ ဆော်ဒီဂျာနယ်လစ် ကာရှော့ဂီ သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး သေဒဏ်ချခံထားရတဲ့သူ ၈ ဦးကို တရားရုံးကပြန်ပြင်ပြီး ထောင်ဒဏ်ပြောင်းချခဲ့တဲ့သတင်း၊ ဟန်ဂေရီအစိုးရက ထိပ်တန်းတက္ကသိုလ်တစ်ခုကို လွှဲပြောင်းရယူတဲ့အတွက် ဆန္ဒပြမှုတွေ ဘူဒါပက်စ်မြို့မှာဖြစ်ခဲ့တဲ့သတင်း၊ အင်္ဂလန်ရေလက်ကြားကို အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့တဲ့သတင်း၊ ဗြိတန် ဘာမင်ဂမ်စီးတီးမှာ လူအများအပြား ဓားနဲ့အထိုးခံရတဲ့သတင်း၊ ဂျာမနီက တိုက်ခန်းတစ်ခုမှာ ကလေးငယ် ၅ ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိတဲ့သတင်း၊ ဂရိနိုင်ငံ လက်စ်ဘော့စ်ကျွန်းရှိ ဥရောပရဲ့အကြီးဆုံး ဒုက္ခသည်စခန်း မီးလောင်တဲ့သတင်း စတဲ့သတင်းအချို့လည်း ပါခဲ့ပါတယ်။ဒီထဲက ပထမဦးဆုံး ကိုဗစ် ၁၉ နဲ့ဆိုင်တဲ့ သတင်းအချို့ကို ဦးဆုံးဖော်ပြချင်ပါတယ်။

ရပ်တန့်သွားတဲ့ ကိုဗစ်ကာကွယ်ဆေးအချို့

ယခုသီတင်းပတ်အတွင်းကျင်းပတဲ့ ဘေကျင်းကုန်စည်ပြပွဲမှာ တရုတ်က Sinovac Biotech နဲ့ Sinopharm တို့က ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ပြသလိုက်တာနဲ့အတူ ကမ္ဘာ့ကပ်ရောဂါကို ကာကွယ်နိုင်ဖို့အလားအလာရှိတဲ့ ဆေးတွေ မကြာမီဈေးကွက်ထဲရောက်လာတော့မှာကို အချက်ပြလိုက်ပါတယ်။ဒီတရုတ်ဖြစ် ကာကွယ်ဆေး ၂ မျိုးက ဈေးကွက်ထဲမရောက်သေးပေမယ့် အစောဆုံး ဒီနှစ်အကုန်ပိုင်းလောက်မှာ ထုတ်လုပ်ခွင့်ရလိမ့်မယ်လို့ ဆေးကုမ္ပဏီတွေကမျှော်လင့်ထားကြတဲ့ ဆေးဖြစ်သလို  Sinovac Biotech က ထုတ်တဲ့ ကာကွယ်ဆေးက တရုတ်မှာ ကန့်သတ်သုံးစွဲနေတဲ့အဆင့်ကို ရောက်နေတဲ့ဆေးပါ။သတင်းတွေအရတော့ ဆေးပမာဏနှစ်ခုအတွက် ကုန်ကျစရိတ်ဟာ ယွမ် ၁၀၀၀ အောက် (အမေရိကန်ဒေါ်လာ ၁၄၆ ) သာ ရှိမယ်ဆိုပေမယ့် ကမ္ဘာတစ်ဝန်းမှာ စမ်းသပ်ဆဲ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးပမာဏ အနည်းဆုံး ၅.၇ ဘီလျံလောက်က ကြိုတင်မှာယူခံထားရပါတယ်။

ထွက်လာတဲ့ သတင်းတွေအရဆိုရင် ကမ္ဘာ့နိုင်ငံတွေက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို စမ်းသပ်ဖော်ထုတ်နေကြတာ ၁၀ မျိုးလောက်ရှိတယ် ဆိုပါတယ်။တရုတ်ကာကွယ်ဆေးအပြင် ရုရှားဘက်ကထုတ်တဲ့ ကာကွယ်ဆေးကလည်း အကောင်းရလဒ်တွေ ထွက်နေပါတယ်။ Sputnik-V လို့ အမည်ရတဲ့ ရုရှားထုတ်ကာကွယ်ဆေးက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်သော ပဋိဇီဝပစ္စည်းများဖြစ်ပေါ်ပြီး ပြင်းထန်သောဘေးထွက်ဆိုးကျိုး မရှိဘူးဆိုပေမယ့် ပါဝင်စမ်းသပ်တဲ့သူတွေက နည်းလွန်းတဲ့အတွက် ကျွမ်းကျင်သူတွေက ဘေးကင်းကြောင်း သက်သေထူဖို့ စောသေးတယ်ဆိုပြီး ပြောခဲ့တာရှိပါတယ်။

ယခုရက်ထဲမှာဘဲ နိုင်ငံတကာကစိတ်ဝင်စားနေတဲ့ ဗြိတိန်နိုင်ငံ အောက်စဖိုဒ့်တက္ကသိုလ်နဲ့ ပူးတွဲထုတ်မယ့် AstraZeneca ကုမ္ပဏီက ကိုဗစ်ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှုက ပါဝင်စမ်းသပ်သူတစ်ဦးမှာဖျားနာလို့ တတိယအဆင့် ဆေးစမ်းသပ်မှုကို ရပ်ထားခဲ့ရပါတယ်။ဒီဆေးက ကမ္ဘာတစ်ဝန်းကစောင့်ကြည့်နေတဲ့ ဆေးဖြစ်ပြီး ဆေးထုတ်လုပ်မှု ပွင့်လင်းမြင်သာမှုနဲ့ ကျယ်ကျယ်ပြန့်ပြန့်စမ်းသပ်မှုတွေကြောင့် ဒီဆေးကို အားလုံးကအလေးထားနေကြတာပါ။

ထုတ်ပြန်ချက်တွေမှာတော့ တတိယအဆင့် စမ်းသပ်မှုမှာပါတဲ့ ပါဝင်သူတစ်ဦးမှာ အန္တရာယ်များတဲ့တုံ့ပြန်မှု ပေါ်ထွက်လာလို့  ရပ်ဆိုင်းခဲ့တာ ဆိုပါတယ်။ကုမ္ပဏီဘက်က ထုတ်ပြန်ချက်မှာတော့ ဖျားနာလာလို့ ဆိုပါတယ်။ဒီကာကွယ်ဆေးရဲ့ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေကို ဗြိတိန်၊ အမေရိကန်၊ ဘရာဇီးလ်နဲ့ တောင်အာဖရိကနိုင်ငံက လူပေါင်းသုံးသောင်းနဲ့ လက်တွေ့စမ်းသပ်မှုတွေကို လတ်တလောရက်သတ္တပတ်တွေအတွင်းမှာ ပြုလုပ်နေခဲ့တာပါ။

လက်ရှိအချိန်မှာ ရပ်ဆိုင်းလိုက်တဲ့ ဒီကာကွယ်ဆေးရဲ့ နောက်ဆုံးအဆင့်စမ်းသပ်မှုတွေကို ရက်အနည်းငယ်အကြာမှာ ပြန်လည်စတင်ဖွယ်ရှိပါတယ်။အစောပိုင်းကတော့ A2D1222 လို့ လူသိများတဲ့ Astrazeneca ကာကွယ်ဆေးကို  ၂၀၂၁ ဇန်နဝါရီမှာ ပထမဆုံးအသုတ်ရယူဖို့ သြစတြေးလျအစိုးရက စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်ခဲ့တာရှိပါတယ်။ဒီအခြေအနေအရဆိုရင် ဇန်နဝါရီက သိပ်မသေချာတော့တဲ့ အခြေအနေပါ။

ဘာပဲဖြစ်ဖြစ် ကာကွယ်ဆေးကို နိုင်ငံတိုင်းကအသည်းအသန်လိုက်နေသလို အသံကြားတာနဲ့ နိုင်ငံအတွက် အလုံးနဲ့အရင်းလိုက်မှာယူဖို့ ပြင်ဆင်နေကြတာကို တွေ့ရပါတယ်။ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ ဂျပန်တို့ကတော့ ကာကွယ်ဆေးအတွက် သူ့အစီအစဉ်နဲ့သူ ဆွဲထားပါတယ်။ဂျပန်ဆိုရင် COVID-19 ကပ်ရောဂါ ကာကွယ်ဆေးထိုးရေး အစီအစဉ်အတွက် ကုန်ကျစရိတ်ကို အစိုးရက တာဝန်ယူမယ်ဆိုတာကို ယခုရက်ထဲကြေညာခဲ့ပါတယ်။

ဒီကိုဗစ်ကာကွယ်ဆေးက တစ်ကမ္ဘာလုံးလိုနေတဲ့ဆေးဖြစ်လို့ တစ်နိုင်ငံတည်းက သိမ်းကျူံးဝယ်သွားလို့ ဆေးလုပွဲဖြစ်မှာကို နိုင်ငံတကာကစိုးရိမ်မှုရှိနေပါတယ်။အထူးသဖြင့် ကပ်ရောဂါ စဖြစ်ကာစက ကုသကာကွယ်ရေးသုံးခွဲစိတ်ခန်းသုံး mask တွေ ကိစ္စမှာကတည်းက နိုင်ငံကြီးအချို့က ကြားကဖြတ်ပြီး သိမ်းတာဝယ်တာကို တွေ့ထားခဲ့တာရှိပါတယ်။အခုလည်း ဆေးက စသုံးလို့ရပြီဆိုတာနဲ့ ဒီပြဿနာက မလွဲမသွေဖြစ်လာမှာ အသေအချာပါဘဲ။ဒီအတွက် ကမ္ဘာကျန်းမာရေးအဖွဲ့ချုပ် (WHO) က လုပ်ဆောင်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ COVID-19 ကာကွယ်ဆေး ဖြန့်ဝေပေးရေးအစီအစဉ် COVAX ဆိုတာ ရှိပါတယ်။ဒီအဖွဲ့မှာ ဂျပန်လိုနိုင်ငံတွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေပါပေမယ့် အမေရိကန်အပါအဝင် နိုင်ငံအများအပြား မပါဝင်ဘဲ ကာကွယ်ဆေးရဖို့ ကုမ္ပဏီတွေနဲ့ တိုက်ရိုက်ချိတ်ဆက် လုပ်ဆောင်နေကြတာပါ။ယခုရက်ထဲမှာ COVAX က ကမ္ဘာ့ဆေးဝါးထုတ်လုပ်တဲ့ နိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယနဲ့ ချိတ်ဆက်နေပါတယ်။အခုထိတော့ ပါ/မပါ မသေချာသေးပါဘူး။ကာကွယ်ဆေး ၂ မျိုးနဲ့ အတော်လေးခရီးရောက်နေတဲ့ တရုတ်ဘက်ကတော့ COVID-19 ကာကွယ်ဆေး တရုတ်နိုင်ငံမှာ စတင်အသုံးပြုပြီးရင် အာဆီယံနိုင်ငံများရဲ့ လိုအပ်ချက်ကို ဦးစားပေးစဉ်းစားပေးမယ်ဆိုပြီး ဒီရက်ထဲမှာဘဲ ပြောခဲ့တာရှိပါတယ်။

ဒီရက်ပိုင်းမှာ ကိုဗစ် ၁၉ ဒုတိယလှိုင်းက အတော်လေးကို နိုင်ငံတိုင်းမှာ အရှိန်ပြင်းထန်နေပါတယ်။ထိုင်းမှာဆိုရင် ထိန်းချုပ်နိုင်တဲ့အခြေအနေရှိနေလို့ နာမည်ကျော်အပန်းဖြေစခန်း ဖူးခက်ကို မကြာခင်ပြန်ဖွင့်ဖို့ စီစဉ်နေရာမှာ ကမ္ဘာတလွှား ကူးစက်မှုမြင့်တက်နေတာနဲ့ ဒေသခံမပါဝင်မှုကြောင့် ရပ်တန့်ထားရပါတယ်။
အိန္ဒိယဆိုရင် ယခုရက်ထဲမှာ စံချိန်တင်ကူးစက်မှုတွေဖြစ်နေပြီး တစ်ရက်ကို ကူးစက်မှုက ကိုးသောင်းအထိ ဖြစ်နေပါတယ်။လက်ရှိမှာ ကူးစက်ဖြစ်ပွားသူ ၄၂ သန်းကျော်ထိရှိလာလို့ ကမ္ဘာမှာ အမေရိကန်ပြီးရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်လာသလို သေဆုံးမှုကလည်း ၇၁၆၄၂ ဦးနဲ့ တတိယမြောက်အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ဒီနူန်းဆို အမေရိကန်ကိုကျော်ပြီး ကမ္ဘာ့အများဆုံးနိုင်ငံ ဖြစ်လာနိုင်တယ်ဆိုပြီး ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။အမေရိကန်လည်း ဒီနှစ်ကုန်မှာ သေဆုံးသူနှစ်ဆထိတက်လာပြီး လေးသိန်းထိရောက်နိုင်တယ်လို့ သတိပေးထားတာရှိပါတယ်။ဒါပေမယ့် အဲဒီနိုင်ငံတွေက ကူးစက်မှုကိုကြံ့ကြံ့ခံပြီး စီးပွားရေးလုပ်ငန်းတွေကိုပြန်စဖို့ ကြိုးစားနေကြပါတယ်။ကမ္ဘာအရပ်ရပ် ကူးစက်မှုမြင့်တက်လာ၊ သေဆုံးမှုများလာပေမယ့် ဗိုင်းရပ်စ်က အမြင့်ဆုံးအချိန်ကာလကို မရောက်သေးသလို ပြန်ကျဖွယ်လည်း မမြင်ရသေးပါဘူး။ဒီအတွက် အဖြေက ကာကွယ်ဆေးထွက်လာဖို့ပါဘဲ။စိတ်ချရတဲ့ ကာကွယ်ဆေးမရသေးခင် လူတွေဘယ်လောက်ထိ ဖိတ်စင်ဦးမလဲဆိုတာ ရင်တမမနဲ့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

သဘာဝဘေးနှင့် သက်ရောက်မှု

အာရှဘက်မှာ မုန်တိုင်းတိုက်ခတ်နေတာတွေ၊ အာဖရိကတိုက်က နိုင်ဂျီးရီးယားမှာ ရေကြီးမြေပြိုမှုကြောင့်လူ ၂၀ ကျော်သေဆုံးခဲ့ရတာတွေ ဖြစ်နေပေမယ့် အမေရိကန်မှာတော့ တောမီးလောင်မှုတွေကြောင့် အတော်လေးကို အခြေအနေဆိုးနေပါတယ်။ပြီးခဲ့တဲ့ သြဂုတ်လအလယ်ကစပြီး ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးတွေလောင်ကျွမ်းနေခဲ့ရာမှာ ရာပေါင်းများစွာပိတ်မိနေတာကို ကယ်ဆယ်ရေးသများတွေက ကယ်ဆယ်ခဲ့ကြရပါတယ်။အိမ်ခြေနဲ့ အဆောက်အအုံပေါင်း (၃၆၀၀) ကျော် မီးလောင်ပျက်စီးခဲ့ရသလို တောင်ခြေတစ်လျှောက် (၂၅) မိုင်လောက်ကို လောင်ကျွမ်းနေကာ ဧက ၂ သန်းလောက် လောင်ခဲ့ပြီးဖြစ်ပါတယ်။စက်တင်ဘာ ၉ ရက်မှာ ကယ်လီဖိုးနီးယားပြည်နယ်မှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် မီးခိုးမြူတွေဖြစ်ပေါ်ခဲ့ပြီး ဆန်ဖရန်စစ္စကိုမြို့မှာ လိမ္မော်ရောင်ကောင်းကင်ကြီးကို ဖြစ်ပေါ်ခဲ့ပါတယ်။နေ့လယ်ပိုင်းမှာ နေအလင်းရောင်ပိတ်သွားတဲ့အထိဖြစ်ခဲ့တဲ့ မီးခိုးမြူတွေထူထပ်မှုက အဲဒီမှာနေတဲ့သူတွေကို ခြောက်ချားစရာဖြစ်ခဲ့ပါတယ်။အမေရိကန်လို တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံမှာနေတဲ့ ဆန်ဖရန်စစ္စကိုမြို့က လူတချို့တောင် နေ့ခင်းကြောင်တောင် လိမ္မော်ရောင်ကောင်းကင်ကြီးကြောင့် ကမ္ဘာပျက်မယ့်နိမိတ်လားဆိုပြီး ထင်ရတဲ့အထိပါဘဲ။ဒီနေရာမှာ လေထုညစ်ညမ်းမှုကတော့ ပြောစရာတောင်လိုမယ် မထင်ပါဘူး။

ဒီလိုသဘာ၀ဘေးဒဏ်အပြင် လူလုပ်တဲ့ မတော်တဆဘေးကြောင့် မူလသဘာ၀ပျက်စီးရတဲ့ အဖြစ်တွေကလည်း ရှိနေပါသေးတယ်။ပြီးခဲ့တဲ့ရက်သတ္တပတ်တွေက မောရိသျှနိုင်ငံပင်လယ်ပြင်မှာ ဂျပန်ကုန်တင်သင်္ဘော ထက်ပိုင်းကျိုးလို့ ပင်လယ်ထဲဖိတ်ကျတဲ့ ရေနံတွေကို ရှင်းလင်းလို့မပြီးနိုင်သေးခင်မှာ ယခုရက်သတ္တပတ်မှာ သီရိလင်္ကာ ကမ်းရိုးတန်းအနီးမှ ရေနံစိမ်းတန်ချိန် ၂၇၀,၀၀၀ တင်ဆောင်လာတဲ့ ရေနံတင်သင်္ဘော အင်ဂျင်ခန်းပေါက်ကွဲရာကနေ မီးလောင်ခဲ့လို့ ကမ်းရိုးတန်းနားကပ်နေတဲ့သင်္ဘောကို ဆွဲသင်္ဘောသုံးစီးနဲ့ ပင်လယ်ဘက်ရောက်အောင် ပြန်လည်လုပ်ဆောင်ခဲ့ရပါတယ်။သင်္ဘောကြီးပေါ်မှာ လောင်နေခဲ့တဲ့မီးကို ငြှိမ်းသတ်နိုင်ဖို့အတွက် အိန္ဒိယရေတပ်ရဲ့ သင်္ဘောတွေ၊ သီရိလင်္ကာစစ်တပ်ရဲ့ သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ အပြင်းအထန်ကြိုးပမ်းခဲ့ရပြီး မီးကိုငြှိမ်းသတ်ဖို့အတွက် ရဟတ်ယာဉ်တွေပေါ်ကနေ ဓာတုပေါင်ဒါမှုန့်အခြောက်အိတ်တွေ ပစ်ချနေခဲ့ရတဲ့အထိပါဘဲ။လက်ရှိအထိတော့ ရေနံယိုစိမ့်မှု အရိပ်အယောင်လက္ခဏာတွေ မတွေ့ရတဲ့အတွက် သဘာဝပတ်ဝန်းကျင် ဘေးဒုက္ခဆိုးနောက်ထပ်တစ်ခုဖြစ်လာမှာကို စိုးရိမ်ရမှုလျော့ကျခဲ့ပေမယ့် စိတ်ချရတဲ့အနေအထား မရှိသေးပါဘူး။

ယခုရက်သတ္တပတ်အတွင်း ရာသီဥတုနဲ့ သဘာဝဘေးဆိုင်ရာ သတင်းတွေထဲမှာ အထူးသတိထားမိခဲ့ကြတာက  ဟိုင်ရှန် တိုင်ဖွန်းမုန်တိုင်းသတင်းပါ။ဒီမုန်တိုင်းက အာရှအရှေ့ဖျားကို မတိုက်ခတ်ခင်ကတည်းက အဲ့ဒီဒေသထဲပါဝင်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား စတဲ့နိုင်ငံတွေက သတိထားနေကြတာပါ။
တစ်နှစ်ကို မုန်တိုင်းပေါင်းများစွာကြုံတွေ့နေရတဲ့ အရှေ့ဖျား အဆိုပါနိုင်ငံတွေတောင် မုန်တိုင်းကိုမဖြစ်ခင်ကတည်းက သတိထားရတဲ့အထိ  ဒီမုန်တိုင်းက စကတည်းက အားကောင်းတဲ့ဖွဲ့တည်မှုထဲပါခဲ့ပါတယ်။

ဒီမုန်တိုင်းမလာခင် အစောပိုင်းက အဆိုပါဒေသကို တစ်နာရီလေတိုက်နှုန်း ကီလိုမီတာ ၁၆၀ (၉၉ မိုင်) နှုန်းရှိတဲ့ တိုင်ဖွန်းမေဆက်က တိုက်ခတ်ခဲ့ပါသေးတယ်။အဲဒီမုန်တိုင်း မေဆက်ကြောင့် နွားအကောင်ရေ ၆၀၀၀ နီးပါး သယ်လောင်လာတဲ့ The Gulf Livestock 1 သင်္ဘောဟာ မုန်တိုင်းမရှောင်နိုင်ဘဲ လှိုင်းဒဏ်ကြောင့်မှောက်ခဲ့လို့  ပါလာတဲ့ သင်္ဘောသား ၄၃ ယောက် ပျောက်ဆုံးခဲ့ပါတယ်။နောက်ပိုင်းမှာ နှစ်ဦးသာပြန်ဆယ်နိုင်ခဲ့ပါတယ်။ဒီနောက်မှာ စူပါတိုင်ဖွန်းဖြစ်လာမယ့် ဟိုင်ရှန်ကဖြစ်လာခဲ့တာပါ။  

အထူးသဖြင့် သဘာဝဘေးဒဏ်ကို မကြာခဏခံရလေ့ရှိတဲ့ ဂျပန်နိုင်ငံက ဒီမုန်တိုင်းကို အထူးစောင့်ကြည့် ပြင်ဆင်ခဲ့ပါတယ်။ဂျပန်နိုင်ငံဟာ ယခုနှစ်ထဲမှာ မုန်တိုင်းဒဏ်ကို မကြာခဏခံခဲ့ရပါတယ်။ဇူလိုင်လတုန်းက မိုးသည်းထန်စွာရွာသွန်းခဲ့သလို မကြာသေးမီက တိုင်ဖွန်းမုန်တိုင်း မေဆက်တိုက်ခတ်မှုကြောင့် ကျူရှုးကျွန်းရှိ အချို့နေရာများမှာ မြေပြိုမှုများနှင့် အခြားသောဘေးအန္တရာယ်များ ကျရောက်ခဲ့ရတဲ့ ဂျပန်အတွက် မုန်တိုင်းက ကြုံနေရတဲ့ သဘာဝဘေးပြဿနာပါ။ဂျပန်မိုးလေဝသဌာနကတော့ ဒီမုန်တိုင်းက ဂျပန်နိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းကို  ၁၉၅၉ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြီးထက် အားကောင်းနိုင်တယ်လို့ အစောပိုင်းကတည်းက ခန့်မှန်းခဲ့ပါတယ်။ဒါကြောင့် လည်း မုန်တိုင်းမတိုက်ခတ်မီ ၃ ရက်ကြိုပြီး မုန်တိုင်းဝင်ရောက်လာနိုင်ခြေရှိတဲ့ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းက ကျူရှုးကျွန်းက လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ ၃ ရက်ကြိုပြီး သတိပေးမှုဟာ ဂျပန်နိုင်ငံမှာ ရှားတောင့်ရှားပါး ကြိုတင်သတိပေးမှုပါ။ဒီလောက်ထိ ဂျပန်နိုင်ငံက စူပါတိုင်ဖွန်း ဟိုင်ရှန်ကို သတိထားနေခဲ့ပါတယ်။ပညာရှင်တွေကလည်း တိုင်ဖွန်းမုန်တိုင်းကြောင့် မကြုံဖူးသော လေပြင်းတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှုတို့ဖြစ်ပေါ်နိုင်ကြောင်း၊ မုန်တိုင်းမတိုက်ခတ်မီ ပြောင်းရွှေ့ထားမှ အသက်အန္တရာယ်ကင်းမယ်ဆိုပြီး သတိပေးခဲ့တာတွေရှိပါတယ်။ဒီအတွက် ပြည်သူ ၁ ဒသမ ၈ သန်းကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းထားခဲ့ပါတယ်။

စက်တင်ဘာ ၅ ရက် စနေနေ့မှာ မုန်တိုင်းက အိုကီနာဝါ အပါအဝင် တောင်ပိုင်းကျွန်းတွေကို ဖြတ်ကျော်ပြီး တနင်္ဂနွေနေ့မှာ ကျူရှူးကို ဝင်ရောက်ခဲ့ပါတယ်။မုန်တိုင်းဝင်ရောက်ချိန်မှာ လေတိုက်နှုန်းက တစ်နာရီကို ၂၁၆ ကီ လိုမီတာ (၁၃၅ မိုင်) နှုန်းပါ။ဒီနူန်းက မော်တော်ကားတွေကို မှောက်သွားနိုင်ပြီး သစ်သားတိုင်တွေ ကျွတ်ထွက်တဲ့အထိပြင်းတဲ့ အခြေအနေပါ။မုန်တိုင်းကြောင့် လူလေးဦးသေဆုံးပြီး  ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့သလို လျှပ်စစ်ဓာတ်အားပြတ်တောက်ကာ ကျူးရှုးက ရိုးရာသစ်သားနေအိမ်များစွာ ပျက်ဆီးခဲ့ပါတယ်။

စူပါတိုင်ဖွန်း ဟိုင်ရှန်က စက်တင်ဘာ ၇ ရက်မှာ  တစ်နာရီလျှင် ၁၁၂ ကီလိုမီတာနှုန်းနဲ့ တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့ရာမှာ လူသေမှုတွေ မြေပြိုမှုတွေ ဖြစ်ခဲ့ပါတယ်။ယခုနှစ်တွေမှာ မုန်တိုင်းက ပိုပြင်းထန်လာသလို မကြာခဏလဲဖြစ်လာတာကို တွေ့ရပါတယ်။ရာသီဥတုဖောက်ပြန်မှုနဲ့ သဘာဝဘေးအန္တရာယ်တွေကို လူတွေကို ပိုသတိထားမိလာသလို ပြင်ဆင်လာတဲ့အတွက် သေဆုံးမှုကလျော့ကျပေမယ့် ပျက်စီးဆုံးရှုံးမှုကတော့ ယခင်ကထက် ပိုများလာပါတယ်။ဒါဟာ ကြောက်စရာလန့်စရာ အနာဂတ်ပါဘဲ။

ပဋိပက္ခများနှင့် ကမ္ဘာတလွှား

အိန္ဒိယတပ်ဖွဲ့ဝင်တွေက နှစ်နိုင်ငံသဘောတူညီချက်များကို ချိုးဖောက်ပြီး သတိပေးပစ်ခတ်မှုပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ နျူကလီးယားလက်နက်ပိုင်တဲ့ အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံကြားကပြဿနာက တစ်ဖန်ပြန်တင်းမာလာခဲ့ပါတယ်။တရုတ်ဘက်က စွပ်စွဲတာကတော့ ပဋိပက္ခဖြစ်ပွားနေသောနေရာမှာ အိန္ဒိယတပ်ဖွဲ့ဝင်တွေက  စက်တင်ဘာ ၇ ရက်က နှစ်နိုင်ငံသဘောတူညီချက်တွေကို ချိုးဖောက်ပြီး သတိပေးပစ်ခတ်မှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ဒီလို အိန္ဒိယဘက်ကလုပ်လို့ တရုတ်ဘက်က တည်ငြိမ်စေရန် ပြန်လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ဒီလိုသေနတ်ပစ်ဖောက်သူကို တင်းတင်းကျပ်ကျပ်စုံစမ်းပြီး အပြစ်ပေးဖို့ တရုတ်ဘက်က တောင်းဆိုခဲ့တယ်ဆိုပါတယ်။ယခုဖြစ်ရပ်ဟာ နှစ်နိုင်ငံခေါင်းဆောင်တွေ အိန္ဒိယတပ်ဖွဲ့ဝင်၂၀ ခန့် သေဆုံးခဲ့တဲ့ ဇွန်လကဖြစ်ခဲ့တဲ့ အချင်းများမှုအတွက် နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုကို ဖြေရှင်းဖို့ မော်စကိုမှာ စက်တင်ဘာ ၄ ရက်နေ့က တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ကျိနဲ့ အိန္ဒိယကာကွယ်ရေးဝန်ကြီး ရက်နက်ဆင်းချ်တို့ တွေ့ဆုံမှုအပြီးမှာ ဖြစ်ပါတယ်။အဲဒီအစည်းအဝေးမှာ အိန္ဒိယဘက်က မကျူးကျော်ရေးက အရေးကြီးကြောင်းကို တရုတ်ဘက်ကို ပြောခဲ့တယ်ဆိုပါတယ်။  

နယ်စပ်အငြင်းပွားမှုနောက်မှာဖြစ်လာတဲ့ သေဆုံးမှုတွေကြောင့် အိန္ဒိယဘက်မှာ တရုတ်လုပ်ပစ္စည်းတွေကို သပိတ်မှောက်မှုတွေ၊ ဆန္ဒပြမှုတွေ နိုင်ငံတစ်ဝန်းဖြစ်ခဲ့တဲ့အတွက် ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာ နှစ်နိုင်ငံကြား နောက်ထပ်စစ်ဖြစ်လာဦးမလားဆိုတဲ့ ဒေသတွင်းစိုးရိမ်မှုတွေ ရှိလာခဲ့ပါတယ်။မော်စကိုကဆောင်ရွက်တဲ့ နှစ်နိုင်ငံတင်းမာမှုလျော့ကျရေးမှာ အမေရိကန်သမ္မတ ထရမ့်ကလည်း ကြာဝင်ညှိနိုင်းဖြေရှင်းပေးဖို့ ကမ်းလှမ်းခဲ့တာရှိပါတယ်။ဒါပေမယ့် တရုတ်ဘက်က ကြားဝင်စေ့စပ်ဖျန်ဖြေပေးသူ လုံးဝမလိုအပ်ဘူးလို့ ပြောထားခဲ့သလို  အိန္ဒိယကလည်း ယင်းကမ်းလှမ်းချက်အပေါ် တုံ့ပြန်မှုမလုပ်ခဲ့ပါဘူး။  

အိန္ဒိယအနေနဲ့ ယင်းဖြစ်ရပ်အတွက် အတော်လေးသတိထားနေဟန်တူပါတယ်။ကြာသပတေးနေ့က ပြုလုပ်သော အမေရိကန်-အိန္ဒိယ မဟာဗျူဟာမိတ်ဖက်ပြုမှု အွန်လိုင်းဖိုရမ်တွင် မိုဒီ က တရုတ်ကိုမှီခိုမှုနည်းသော ကမ္ဘာ့ကုန်သွယ်ရေးကွင်းဆက် ပုံစံပြောင်းရေးကိုဦးတည်ဖို့ ပြောလာသလို ယခုကပ်ဘေးက ကမ္ဘာ့ကုန်သွယ်မှုကွင်းဆက်ဟာ ကုန်ကျစရိတ်ပေါ်မှာပဲ အခြေပြုမထားသင့်ဘူးဆိုတာနဲ့ ယုံကြည်မှုပေါ်မှာလည်း အခြေပြုထားသင့်တယ်ဆိုတာကို ဆုံးဖြတ်ဖို့သင့်တယ်ဆိုတာကို ပြခဲ့တယ်လို့ ပြောခဲ့ပါတယ်။ကပ်ဘေးပေါ်ပေါက်လာခဲ့တဲ့  နောက်ပိုင်းမှာ အမေရိကန်-တရုတ် တင်းမာမှုကလည်း ပိုပြင်းထန်လာခဲ့ပါတယ်။

ကုန်သွယ်ရေးကနေစခဲ့တဲ့ ပြဿနာကနေ ယခုအခါ နိုင်ငံရေးနဲ့ စစ်ရေးအထိပါ တင်းမာလာခဲ့ပြီဖြစ်ပါတယ်။ယခုရက်ထဲမှာ အမေရိကန်အစိုးရက ဟွာဝေးနှင့် ZTE တို့ကို အမေရိကန်အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုလို့သတ်မှတ်မှု နောက်ဆက်တွဲအဖြစ် အမေရိကန်ကျေးလက်ဆက်သွယ်ရေးကွန်ရက်မှာ သုံးနေတဲ့ ဟွာဝေးပစ္စည်းများကို ဖယ်ရှားဖို့လုပ်ဆောင်နေပါတယ်။ဗဟိုဆက်သွယ်ရေးကော်မရှင် FCC က အမေရိကန်အစိုးရဆီကနေ ဟာဝေးပစ္စည်းတွေဖယ်ရှားဖို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၃၇ ဘီလျံ တောင်းထားခဲ့ပါတယ်။ယခုရက်ထဲမှာဘဲ အမေရိကန်ဘက်က တရုတ်နိုင်ငံသား ကျောင်းသားနှင့် သုတေသနပညာရှင် ၁၀၀၀ ကျော်တို့အား  လုံခြုံရေးဆိုင်ရာအကြောင်းပြချက်ဖြင့် ပြည်ဝင်ခွင့်ပေးရန် ငြင်းပယ်လိုက်သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို က အာရှထိပ်သီးအစည်းအဝေးတစ်ရပ်မှာ အရှေ့တောင်အာရှနိုင်ငံတွေကို တောင်တရုတ်ပင်လယ်မှာ လူလုပ်ကျွန်းတွေတည်ဆောက်ရာမှာ ပါဝင်ကူညီနေတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ အဆက်အဆံဖြတ်ဖို့ တိုက်တွန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ပွန်ပီအို က တရုတ်ရဲ့ စစ်ရေးတည်ဆောက်မှုမှာ လုပ်ကိုင်နေတဲ့ကုမ္ပဏီတွေနဲ့ အဆက်အဆံလုပ်တာကို ပြန်လည်စဉ်းစားသုံးသပ်ရမယ့်အချိန်ပဲလို့ အရှေ့တောင်အာရှအစိုးရတွေကို ပြောခဲ့ပါတယ်။အမေရိကန်ဘက်က ဒီလိုလုပ်ဆောင်နေပေမယ့် တရုတ်ဘက်ကတော့ ဒီရက်ပိိုင်းမှာ အမေရိကန်နှင့် ပိုမိုနွေးထွေးသောဆက်ဆံရေးအတွက် တရုတ်ပြင်ဆင်နေတာကို တွေ့ရပါတယ်။ပြဿနာက အမေရိကန်ရွေးကောက်ပွဲမှာ တစ်ကျော့ပြန်ရွေးကောက်ခံရဖို့  ထရမ့်အနေနဲ့ ဘယ်လောက်ထိ တရုတ်နဲ့တင်းမာမှုကို ဆွဲတင်လာနိုင်မလဲ၊ တရုတ်ဘက်က ဘယ်လောက်ထိ ဒီထောင်ချောက်ကိုရှောင်နိုင်မလဲဆိုတာ ဖော်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မင်းထက်
စက်တင်ဘာ - ၁၁

( Zawgyi )

ယခုရက္အတြင္း ႏိုင္ငံတကာသတင္းေတြထဲမွာ သတိထားမိစရာ သတင္းေတြအမ်ားအျပားရွိခဲ့ပါတယ္။ကမာၻတစ္ဝန္း ကပ္ေရာဂါေၾကာင့္ အထိတ္တလန႔္ျဖစ္ေနရခ်ိန္မွာ ဒီကပ္ေရာဂါကိုေပ်ာက္ကင္းမယ့္ ေဆးသတင္းကို အားလုံးေမွ်ာ္ေနၾကသလို ဒီေဆးသတင္းေတြက ယခုရက္သတၱပတ္ရဲ႕ ထိပ္တန္းသတင္းထဲ ပါဝင္ခဲ့ပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္သတင္းလိုဘဲ ေနာက္ထပ္စိတ္ဝင္စားစရာသတင္းက မုန္တိုင္းနဲ႔ သဘာဝေဘးသတင္းေတြ၊  ႏိုင္ငံတကာမွာ ေနာက္ဆုံးျဖစ္ပ်က္ေနတဲ့ပဋိပကၡေတြ၊ ဆႏၵျပပြဲသတင္းေတြနဲ႔ ဘီလာရပ္စ္မွာ သမၼတကိုျဖဳတ္ခ်ဖို႔ ႀကိဳးစားေနတဲ့သတင္းကလည္း ကမာၻတလႊားက ေစာင့္ၾကည့္ေနရတဲ့သတင္း ျဖစ္ခဲ့ပါတယ္။

ဒီလိုသတင္းေတြအျပင္ တျခားစိတ္ဝင္စားဖြယ္ရာေကာင္းတဲ့ သတင္းေတြလည္းျဖစ္ခဲ့ပါတယ္။ဒီသတင္းေတြထဲမွာ အီတလီကမ္းေျခတစ္ခုကေန သဲျဖဴယူေဆာင္တဲ့ ခရီးသည္တစ္ဦးကို ဒဏ္ေငြ ကန္ေဒၚလာ ၁၂၀၀ ဒဏ္ခတ္ခဲ့တဲ့သတင္း၊ ေဆာ္ဒီဂ်ာနယ္လစ္ ကာေရွာ့ဂီ သတ္ျဖတ္ခံရမႈနဲ႔ပတ္သက္ၿပီး ေသဒဏ္ခ်ခံထားရတဲ့သူ ၈ ဦးကို တရား႐ုံးကျပန္ျပင္ၿပီး ေထာင္ဒဏ္ေျပာင္းခ်ခဲ့တဲ့သတင္း၊ ဟန္ေဂရီအစိုးရက ထိပ္တန္းတကၠသိုလ္တစ္ခုကို လႊဲေျပာင္းရယူတဲ့အတြက္ ဆႏၵျပမႈေတြ ဘူဒါပက္စ္ၿမိဳ႕မွာျဖစ္ခဲ့တဲ့သတင္း၊ အဂၤလန္ေရလက္ၾကားကို အသက္ ၁၆ ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္တစ္ဦး ေအာင္ျမင္စြာျဖတ္သန္းႏိုင္ခဲ့တဲ့သတင္း၊ ၿဗိတန္ ဘာမင္ဂမ္စီးတီးမွာ လူအမ်ားအျပား ဓားနဲ႔အထိုးခံရတဲ့သတင္း၊ ဂ်ာမနီက တိုက္ခန္းတစ္ခုမွာ ကေလးငယ္ ၅ ေယာက္ရဲ႕ ႐ုပ္အေလာင္းကို ေတြ႕ရွိတဲ့သတင္း၊ ဂရိႏိုင္ငံ လက္စ္ေဘာ့စ္ကြၽန္းရွိ ဥေရာပရဲ႕အႀကီးဆုံး ဒုကၡသည္စခန္း မီးေလာင္တဲ့သတင္း စတဲ့သတင္းအခ်ိဳ႕လည္း ပါခဲ့ပါတယ္။ဒီထဲက ပထမဦးဆုံး ကိုဗစ္ ၁၉ နဲ႔ဆိုင္တဲ့ သတင္းအခ်ိဳ႕ကို ဦးဆုံးေဖာ္ျပခ်င္ပါတယ္။

ရပ္တန႔္သြားတဲ့ ကိုဗစ္ကာကြယ္ေဆးအခ်ိဳ႕

ယခုသီတင္းပတ္အတြင္းက်င္းပတဲ့ ေဘက်င္းကုန္စည္ျပပြဲမွာ တ႐ုတ္က Sinovac Biotech နဲ႔ Sinopharm တို႔က ထုတ္လုပ္တဲ့ ကိုဗစ္ကာကြယ္ေဆးေတြကို ျပသလိုက္တာနဲ႔အတူ ကမာၻ႔ကပ္ေရာဂါကို ကာကြယ္ႏိုင္ဖို႔အလားအလာရွိတဲ့ ေဆးေတြ မၾကာမီေဈးကြက္ထဲေရာက္လာေတာ့မွာကို အခ်က္ျပလိုက္ပါတယ္။ဒီတ႐ုတ္ျဖစ္ ကာကြယ္ေဆး ၂ မ်ိဳးက ေဈးကြက္ထဲမေရာက္ေသးေပမယ့္ အေစာဆုံး ဒီႏွစ္အကုန္ပိုင္းေလာက္မွာ ထုတ္လုပ္ခြင့္ရလိမ့္မယ္လို႔ ေဆးကုမၸဏီေတြကေမွ်ာ္လင့္ထားၾကတဲ့ ေဆးျဖစ္သလို  Sinovac Biotech က ထုတ္တဲ့ ကာကြယ္ေဆးက တ႐ုတ္မွာ ကန႔္သတ္သုံးစြဲေနတဲ့အဆင့္ကို ေရာက္ေနတဲ့ေဆးပါ။သတင္းေတြအရေတာ့ ေဆးပမာဏႏွစ္ခုအတြက္ ကုန္က်စရိတ္ဟာ ယြမ္ ၁၀၀၀ ေအာက္ (အေမရိကန္ေဒၚလာ ၁၄၆ ) သာ ရွိမယ္ဆိုေပမယ့္ ကမာၻတစ္ဝန္းမွာ စမ္းသပ္ဆဲ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးပမာဏ အနည္းဆုံး ၅.၇ ဘီလ်ံေလာက္က ႀကိဳတင္မွာယူခံထားရပါတယ္။

ထြက္လာတဲ့ သတင္းေတြအရဆိုရင္ ကမာၻ႔ႏိုင္ငံေတြက ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို စမ္းသပ္ေဖာ္ထုတ္ေနၾကတာ ၁၀ မ်ိဳးေလာက္ရွိတယ္ ဆိုပါတယ္။တ႐ုတ္ကာကြယ္ေဆးအျပင္ ႐ုရွားဘက္ကထုတ္တဲ့ ကာကြယ္ေဆးကလည္း အေကာင္းရလဒ္ေတြ ထြက္ေနပါတယ္။ Sputnik-V လို႔ အမည္ရတဲ့ ႐ုရွားထုတ္ကာကြယ္ေဆးက ကို႐ိုနာဗိုင္းရပ္စ္ကို ကာကြယ္ႏိုင္ေသာ ပဋိဇီဝပစၥည္းမ်ားျဖစ္ေပၚၿပီး ျပင္းထန္ေသာေဘးထြက္ဆိုးက်ိဳး မရွိဘူးဆိုေပမယ့္ ပါဝင္စမ္းသပ္တဲ့သူေတြက နည္းလြန္းတဲ့အတြက္ ကြၽမ္းက်င္သူေတြက ေဘးကင္းေၾကာင္း သက္ေသထူဖို႔ ေစာေသးတယ္ဆိုၿပီး ေျပာခဲ့တာရွိပါတယ္။

ယခုရက္ထဲမွာဘဲ ႏိုင္ငံတကာကစိတ္ဝင္စားေနတဲ့ ၿဗိတိန္ႏိုင္ငံ ေအာက္စဖိုဒ့္တကၠသိုလ္နဲ႔ ပူးတြဲထုတ္မယ့္ AstraZeneca ကုမၸဏီက ကိုဗစ္ကာကြယ္ေဆး ေနာက္ဆုံးအဆင့္စမ္းသပ္မႈက ပါဝင္စမ္းသပ္သူတစ္ဦးမွာဖ်ားနာလို႔ တတိယအဆင့္ ေဆးစမ္းသပ္မႈကို ရပ္ထားခဲ့ရပါတယ္။ဒီေဆးက ကမာၻတစ္ဝန္းကေစာင့္ၾကည့္ေနတဲ့ ေဆးျဖစ္ၿပီး ေဆးထုတ္လုပ္မႈ ပြင့္လင္းျမင္သာမႈနဲ႔ က်ယ္က်ယ္ျပန႔္ျပန႔္စမ္းသပ္မႈေတြေၾကာင့္ ဒီေဆးကို အားလုံးကအေလးထားေနၾကတာပါ။

ထုတ္ျပန္ခ်က္ေတြမွာေတာ့ တတိယအဆင့္ စမ္းသပ္မႈမွာပါတဲ့ ပါဝင္သူတစ္ဦးမွာ အႏၲရာယ္မ်ားတဲ့တုံ႔ျပန္မႈ ေပၚထြက္လာလို႔  ရပ္ဆိုင္းခဲ့တာ ဆိုပါတယ္။ကုမၸဏီဘက္က ထုတ္ျပန္ခ်က္မွာေတာ့ ဖ်ားနာလာလို႔ ဆိုပါတယ္။ဒီကာကြယ္ေဆးရဲ႕ ေနာက္ဆုံးအဆင့္ စမ္းသပ္မႈေတြကို ၿဗိတိန္၊ အေမရိကန္၊ ဘရာဇီးလ္နဲ႔ ေတာင္အာဖရိကႏိုင္ငံက လူေပါင္းသုံးေသာင္းနဲ႔ လက္ေတြ႕စမ္းသပ္မႈေတြကို လတ္တေလာရက္သတၱပတ္ေတြအတြင္းမွာ ျပဳလုပ္ေနခဲ့တာပါ။

လက္ရွိအခ်ိန္မွာ ရပ္ဆိုင္းလိုက္တဲ့ ဒီကာကြယ္ေဆးရဲ႕ ေနာက္ဆုံးအဆင့္စမ္းသပ္မႈေတြကို ရက္အနည္းငယ္အၾကာမွာ ျပန္လည္စတင္ဖြယ္ရွိပါတယ္။အေစာပိုင္းကေတာ့ A2D1222 လို႔ လူသိမ်ားတဲ့ Astrazeneca ကာကြယ္ေဆးကို  ၂၀၂၁ ဇန္နဝါရီမွာ ပထမဆုံးအသုတ္ရယူဖို႔ ၾသစေၾတးလ်အစိုးရက စက္တင္ဘာ ၇ ရက္မွာ ထုတ္ျပန္ခဲ့တာရွိပါတယ္။ဒီအေျခအေနအရဆိုရင္ ဇန္နဝါရီက သိပ္မေသခ်ာေတာ့တဲ့ အေျခအေနပါ။

ဘာပဲျဖစ္ျဖစ္ ကာကြယ္ေဆးကို ႏိုင္ငံတိုင္းကအသည္းအသန္လိုက္ေနသလို အသံၾကားတာနဲ႔ ႏိုင္ငံအတြက္ အလုံးနဲ႔အရင္းလိုက္မွာယူဖို႔ ျပင္ဆင္ေနၾကတာကို ေတြ႕ရပါတယ္။ကမာၻ႔စီးပြားေရးအင္အားႀကီးႏိုင္ငံေတြျဖစ္တဲ့ အေမရိကန္၊ တ႐ုတ္၊ ဂ်ပန္တို႔ကေတာ့ ကာကြယ္ေဆးအတြက္ သူ႔အစီအစဥ္နဲ႔သူ ဆြဲထားပါတယ္။ဂ်ပန္ဆိုရင္ COVID-19 ကပ္ေရာဂါ ကာကြယ္ေဆးထိုးေရး အစီအစဥ္အတြက္ ကုန္က်စရိတ္ကို အစိုးရက တာဝန္ယူမယ္ဆိုတာကို ယခုရက္ထဲေၾကညာခဲ့ပါတယ္။

ဒီကိုဗစ္ကာကြယ္ေဆးက တစ္ကမာၻလုံးလိုေနတဲ့ေဆးျဖစ္လို႔ တစ္ႏိုင္ငံတည္းက သိမ္းက်ဴံးဝယ္သြားလို႔ ေဆးလုပြဲျဖစ္မွာကို ႏိုင္ငံတကာကစိုးရိမ္မႈရွိေနပါတယ္။အထူးသျဖင့္ ကပ္ေရာဂါ စျဖစ္ကာစက ကုသကာကြယ္ေရးသုံးခြဲစိတ္ခန္းသုံး mask ေတြ ကိစၥမွာကတည္းက ႏိုင္ငံႀကီးအခ်ိဳ႕က ၾကားကျဖတ္ၿပီး သိမ္းတာဝယ္တာကို ေတြ႕ထားခဲ့တာရွိပါတယ္။အခုလည္း ေဆးက စသုံးလို႔ရၿပီဆိုတာနဲ႔ ဒီျပႆနာက မလြဲမေသြျဖစ္လာမွာ အေသအခ်ာပါဘဲ။ဒီအတြက္ ကမာၻက်န္းမာေရးအဖြဲ႕ခ်ဳပ္ (WHO) က လုပ္ေဆာင္ေနတဲ့ ကမာၻလုံးဆိုင္ရာ COVID-19 ကာကြယ္ေဆး ျဖန႔္ေဝေပးေရးအစီအစဥ္ COVAX ဆိုတာ ရွိပါတယ္။ဒီအဖြဲ႕မွာ ဂ်ပန္လိုႏိုင္ငံေတြနဲ႔ ဆင္းရဲတဲ့ႏိုင္ငံေတြပါေပမယ့္ အေမရိကန္အပါအဝင္ ႏိုင္ငံအမ်ားအျပား မပါဝင္ဘဲ ကာကြယ္ေဆးရဖို႔ ကုမၸဏီေတြနဲ႔ တိုက္႐ိုက္ခ်ိတ္ဆက္ လုပ္ေဆာင္ေနၾကတာပါ။ယခုရက္ထဲမွာ COVAX က ကမာၻ႔ေဆးဝါးထုတ္လုပ္တဲ့ ႏိုင္ငံႀကီးျဖစ္တဲ့ အိႏၵိယနဲ႔ ခ်ိတ္ဆက္ေနပါတယ္။အခုထိေတာ့ ပါ/မပါ မေသခ်ာေသးပါဘူး။ကာကြယ္ေဆး ၂ မ်ိဳးနဲ႔ အေတာ္ေလးခရီးေရာက္ေနတဲ့ တ႐ုတ္ဘက္ကေတာ့ COVID-19 ကာကြယ္ေဆး တ႐ုတ္ႏိုင္ငံမွာ စတင္အသုံးျပဳၿပီးရင္ အာဆီယံႏိုင္ငံမ်ားရဲ႕ လိုအပ္ခ်က္ကို ဦးစားေပးစဥ္းစားေပးမယ္ဆိုၿပီး ဒီရက္ထဲမွာဘဲ ေျပာခဲ့တာရွိပါတယ္။

ဒီရက္ပိုင္းမွာ ကိုဗစ္ ၁၉ ဒုတိယလႈိင္းက အေတာ္ေလးကို ႏိုင္ငံတိုင္းမွာ အရွိန္ျပင္းထန္ေနပါတယ္။ထိုင္းမွာဆိုရင္ ထိန္းခ်ဳပ္ႏိုင္တဲ့အေျခအေနရွိေနလို႔ နာမည္ေက်ာ္အပန္းေျဖစခန္း ဖူးခက္ကို မၾကာခင္ျပန္ဖြင့္ဖို႔ စီစဥ္ေနရာမွာ ကမာၻတလႊား ကူးစက္မႈျမင့္တက္ေနတာနဲ႔ ေဒသခံမပါဝင္မႈေၾကာင့္ ရပ္တန႔္ထားရပါတယ္။
အိႏၵိယဆိုရင္ ယခုရက္ထဲမွာ စံခ်ိန္တင္ကူးစက္မႈေတြျဖစ္ေနၿပီး တစ္ရက္ကို ကူးစက္မႈက ကိုးေသာင္းအထိ ျဖစ္ေနပါတယ္။လက္ရွိမွာ ကူးစက္ျဖစ္ပြားသူ ၄၂ သန္းေက်ာ္ထိရွိလာလို႔ ကမာၻမွာ အေမရိကန္ၿပီးရင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ဒုတိယအမ်ားဆုံးႏိုင္ငံျဖစ္လာသလို ေသဆုံးမႈကလည္း ၇၁၆၄၂ ဦးနဲ႔ တတိယေျမာက္အမ်ားဆုံးႏိုင္ငံ ျဖစ္လာပါတယ္။ဒီႏူန္းဆို အေမရိကန္ကိုေက်ာ္ၿပီး ကမာၻ႔အမ်ားဆုံးႏိုင္ငံ ျဖစ္လာႏိုင္တယ္ဆိုၿပီး က်န္းမာေရးပညာရွင္ေတြက သတိေပးေနပါတယ္။အေမရိကန္လည္း ဒီႏွစ္ကုန္မွာ ေသဆုံးသူႏွစ္ဆထိတက္လာၿပီး ေလးသိန္းထိေရာက္ႏိုင္တယ္လို႔ သတိေပးထားတာရွိပါတယ္။ဒါေပမယ့္ အဲဒီႏိုင္ငံေတြက ကူးစက္မႈကိုႀကံ့ႀကံ့ခံၿပီး စီးပြားေရးလုပ္ငန္းေတြကိုျပန္စဖို႔ ႀကိဳးစားေနၾကပါတယ္။ကမာၻအရပ္ရပ္ ကူးစက္မႈျမင့္တက္လာ၊ ေသဆုံးမႈမ်ားလာေပမယ့္ ဗိုင္းရပ္စ္က အျမင့္ဆုံးအခ်ိန္ကာလကို မေရာက္ေသးသလို ျပန္က်ဖြယ္လည္း မျမင္ရေသးပါဘူး။ဒီအတြက္ အေျဖက ကာကြယ္ေဆးထြက္လာဖို႔ပါဘဲ။စိတ္ခ်ရတဲ့ ကာကြယ္ေဆးမရေသးခင္ လူေတြဘယ္ေလာက္ထိ ဖိတ္စင္ဦးမလဲဆိုတာ ရင္တမမနဲ႔ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

သဘာဝေဘးႏွင့္ သက္ေရာက္မႈ

အာရွဘက္မွာ မုန္တိုင္းတိုက္ခတ္ေနတာေတြ၊ အာဖရိကတိုက္က ႏိုင္ဂ်ီးရီးယားမွာ ေရႀကီးေျမၿပိဳမႈေၾကာင့္လူ ၂၀ ေက်ာ္ေသဆုံးခဲ့ရတာေတြ ျဖစ္ေနေပမယ့္ အေမရိကန္မွာေတာ့ ေတာမီးေလာင္မႈေတြေၾကာင့္ အေတာ္ေလးကို အေျခအေနဆိုးေနပါတယ္။ၿပီးခဲ့တဲ့ ၾသဂုတ္လအလယ္ကစၿပီး ကယ္လီဖိုးနီးယားျပည္နယ္မွာ ေတာမီးေတြေလာင္ကြၽမ္းေနခဲ့ရာမွာ ရာေပါင္းမ်ားစြာပိတ္မိေနတာကို ကယ္ဆယ္ေရးသမ်ားေတြက ကယ္ဆယ္ခဲ့ၾကရပါတယ္။အိမ္ေျခနဲ႔ အေဆာက္အအုံေပါင္း (၃၆၀၀) ေက်ာ္ မီးေလာင္ပ်က္စီးခဲ့ရသလို ေတာင္ေျခတစ္ေလွ်ာက္ (၂၅) မိုင္ေလာက္ကို ေလာင္ကြၽမ္းေနကာ ဧက ၂ သန္းေလာက္ ေလာင္ခဲ့ၿပီးျဖစ္ပါတယ္။စက္တင္ဘာ ၉ ရက္မွာ ကယ္လီဖိုးနီးယားျပည္နယ္မွာ ေလာင္ကြၽမ္းေနတဲ့ ေတာမီးေတြေၾကာင့္ မီးခိုးျမဴေတြျဖစ္ေပၚခဲ့ၿပီး ဆန္ဖရန္စစၥကိုၿမိဳ႕မွာ လိေမၼာ္ေရာင္ေကာင္းကင္ႀကီးကို ျဖစ္ေပၚခဲ့ပါတယ္။ေန႔လယ္ပိုင္းမွာ ေနအလင္းေရာင္ပိတ္သြားတဲ့အထိျဖစ္ခဲ့တဲ့ မီးခိုးျမဴေတြထူထပ္မႈက အဲဒီမွာေနတဲ့သူေတြကို ေျခာက္ခ်ားစရာျဖစ္ခဲ့ပါတယ္။အေမရိကန္လို တိုးတက္ဖြံ႕ၿဖိဳးတဲ့ႏိုင္ငံမွာေနတဲ့ ဆန္ဖရန္စစၥကိုၿမိဳ႕က လူတခ်ိဳ႕ေတာင္ ေန႔ခင္းေၾကာင္ေတာင္ လိေမၼာ္ေရာင္ေကာင္းကင္ႀကီးေၾကာင့္ ကမာၻပ်က္မယ့္နိမိတ္လားဆိုၿပီး ထင္ရတဲ့အထိပါဘဲ။ဒီေနရာမွာ ေလထုညစ္ညမ္းမႈကေတာ့ ေျပာစရာေတာင္လိုမယ္ မထင္ပါဘူး။

ဒီလိုသဘာ၀ေဘးဒဏ္အျပင္ လူလုပ္တဲ့ မေတာ္တဆေဘးေၾကာင့္ မူလသဘာ၀ပ်က္စီးရတဲ့ အျဖစ္ေတြကလည္း ရွိေနပါေသးတယ္။ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြက ေမာရိသွ်ႏိုင္ငံပင္လယ္ျပင္မွာ ဂ်ပန္ကုန္တင္သေဘၤာ ထက္ပိုင္းက်ိဳးလို႔ ပင္လယ္ထဲဖိတ္က်တဲ့ ေရနံေတြကို ရွင္းလင္းလို႔မၿပီးႏိုင္ေသးခင္မွာ ယခုရက္သတၱပတ္မွာ သီရိလကၤာ ကမ္း႐ိုးတန္းအနီးမွ ေရနံစိမ္းတန္ခ်ိန္ ၂၇၀,၀၀၀ တင္ေဆာင္လာတဲ့ ေရနံတင္သေဘၤာ အင္ဂ်င္ခန္းေပါက္ကြဲရာကေန မီးေလာင္ခဲ့လို႔ ကမ္း႐ိုးတန္းနားကပ္ေနတဲ့သေဘၤာကို ဆြဲသေဘၤာသုံးစီးနဲ႔ ပင္လယ္ဘက္ေရာက္ေအာင္ ျပန္လည္လုပ္ေဆာင္ခဲ့ရပါတယ္။သေဘၤာႀကီးေပၚမွာ ေလာင္ေနခဲ့တဲ့မီးကို ျငႇိမ္းသတ္ႏိုင္ဖို႔အတြက္ အိႏၵိယေရတပ္ရဲ႕ သေဘၤာေတြ၊ သီရိလကၤာစစ္တပ္ရဲ႕ သေဘၤာေတြ၊ ေလယာဥ္ေတြနဲ႔ အျပင္းအထန္ႀကိဳးပမ္းခဲ့ရၿပီး မီးကိုျငႇိမ္းသတ္ဖို႔အတြက္ ရဟတ္ယာဥ္ေတြေပၚကေန ဓာတုေပါင္ဒါမႈန႔္အေျခာက္အိတ္ေတြ ပစ္ခ်ေနခဲ့ရတဲ့အထိပါဘဲ။လက္ရွိအထိေတာ့ ေရနံယိုစိမ့္မႈ အရိပ္အေယာင္လကၡဏာေတြ မေတြ႕ရတဲ့အတြက္ သဘာဝပတ္ဝန္းက်င္ ေဘးဒုကၡဆိုးေနာက္ထပ္တစ္ခုျဖစ္လာမွာကို စိုးရိမ္ရမႈေလ်ာ့က်ခဲ့ေပမယ့္ စိတ္ခ်ရတဲ့အေနအထား မရွိေသးပါဘူး။

ယခုရက္သတၱပတ္အတြင္း ရာသီဥတုနဲ႔ သဘာဝေဘးဆိုင္ရာ သတင္းေတြထဲမွာ အထူးသတိထားမိခဲ့ၾကတာက  ဟိုင္ရွန္ တိုင္ဖြန္းမုန္တိုင္းသတင္းပါ။ဒီမုန္တိုင္းက အာရွအေရွ႕ဖ်ားကို မတိုက္ခတ္ခင္ကတည္းက အဲ့ဒီေဒသထဲပါဝင္တဲ့ ဂ်ပန္၊ ေတာင္ကိုရီးယား၊ ေျမာက္ကိုရီးယား စတဲ့ႏိုင္ငံေတြက သတိထားေနၾကတာပါ။
တစ္ႏွစ္ကို မုန္တိုင္းေပါင္းမ်ားစြာႀကဳံေတြ႕ေနရတဲ့ အေရွ႕ဖ်ား အဆိုပါႏိုင္ငံေတြေတာင္ မုန္တိုင္းကိုမျဖစ္ခင္ကတည္းက သတိထားရတဲ့အထိ  ဒီမုန္တိုင္းက စကတည္းက အားေကာင္းတဲ့ဖြဲ႕တည္မႈထဲပါခဲ့ပါတယ္။

ဒီမုန္တိုင္းမလာခင္ အေစာပိုင္းက အဆိုပါေဒသကို တစ္နာရီေလတိုက္ႏႈန္း ကီလိုမီတာ ၁၆၀ (၉၉ မိုင္) ႏႈန္းရွိတဲ့ တိုင္ဖြန္းေမဆက္က တိုက္ခတ္ခဲ့ပါေသးတယ္။အဲဒီမုန္တိုင္း ေမဆက္ေၾကာင့္ ႏြားအေကာင္ေရ ၆၀၀၀ နီးပါး သယ္ေလာင္လာတဲ့ The Gulf Livestock 1 သေဘၤာဟာ မုန္တိုင္းမေရွာင္ႏိုင္ဘဲ လႈိင္းဒဏ္ေၾကာင့္ေမွာက္ခဲ့လို႔  ပါလာတဲ့ သေဘၤာသား ၄၃ ေယာက္ ေပ်ာက္ဆုံးခဲ့ပါတယ္။ေနာက္ပိုင္းမွာ ႏွစ္ဦးသာျပန္ဆယ္ႏိုင္ခဲ့ပါတယ္။ဒီေနာက္မွာ စူပါတိုင္ဖြန္းျဖစ္လာမယ့္ ဟိုင္ရွန္ကျဖစ္လာခဲ့တာပါ။  

အထူးသျဖင့္ သဘာဝေဘးဒဏ္ကို မၾကာခဏခံရေလ့ရွိတဲ့ ဂ်ပန္ႏိုင္ငံက ဒီမုန္တိုင္းကို အထူးေစာင့္ၾကည့္ ျပင္ဆင္ခဲ့ပါတယ္။ဂ်ပန္ႏိုင္ငံဟာ ယခုႏွစ္ထဲမွာ မုန္တိုင္းဒဏ္ကို မၾကာခဏခံခဲ့ရပါတယ္။ဇူလိုင္လတုန္းက မိုးသည္းထန္စြာ႐ြာသြန္းခဲ့သလို မၾကာေသးမီက တိုင္ဖြန္းမုန္တိုင္း ေမဆက္တိုက္ခတ္မႈေၾကာင့္ က်ဴရႈးကြၽန္းရွိ အခ်ိဳ႕ေနရာမ်ားမွာ ေျမၿပိဳမႈမ်ားႏွင့္ အျခားေသာေဘးအႏၲရာယ္မ်ား က်ေရာက္ခဲ့ရတဲ့ ဂ်ပန္အတြက္ မုန္တိုင္းက ႀကဳံေနရတဲ့ သဘာဝေဘးျပႆနာပါ။ဂ်ပန္မိုးေလဝသဌာနကေတာ့ ဒီမုန္တိုင္းက ဂ်ပန္ႏိုင္ငံ ပစိဖိတ္ကမ္း႐ိုးတန္းကို  ၁၉၅၉ ခုႏွစ္က တိုက္ခတ္ခဲ့တဲ့ မုန္တိုင္းႀကီးထက္ အားေကာင္းႏိုင္တယ္လို႔ အေစာပိုင္းကတည္းက ခန႔္မွန္းခဲ့ပါတယ္။ဒါေၾကာင့္ လည္း မုန္တိုင္းမတိုက္ခတ္မီ ၃ ရက္ႀကိဳၿပီး မုန္တိုင္းဝင္ေရာက္လာႏိုင္ေျခရွိတဲ့ ဂ်ပန္ႏိုင္ငံ အေနာက္ေတာင္ပိုင္းက က်ဴရႈးကြၽန္းက လုပ္ငန္းေတြကို ရပ္ဆိုင္းခဲ့ပါတယ္။ ၃ ရက္ႀကိဳၿပီး သတိေပးမႈဟာ ဂ်ပန္ႏိုင္ငံမွာ ရွားေတာင့္ရွားပါး ႀကိဳတင္သတိေပးမႈပါ။ဒီေလာက္ထိ ဂ်ပန္ႏိုင္ငံက စူပါတိုင္ဖြန္း ဟိုင္ရွန္ကို သတိထားေနခဲ့ပါတယ္။ပညာရွင္ေတြကလည္း တိုင္ဖြန္းမုန္တိုင္းေၾကာင့္ မႀကဳံဖူးေသာ ေလျပင္းတိုက္ခတ္မႈႏွင့္ မိုး႐ြာသြန္းမႈတို႔ျဖစ္ေပၚႏိုင္ေၾကာင္း၊ မုန္တိုင္းမတိုက္ခတ္မီ ေျပာင္းေ႐ႊ႕ထားမွ အသက္အႏၲရာယ္ကင္းမယ္ဆိုၿပီး သတိေပးခဲ့တာေတြရွိပါတယ္။ဒီအတြက္ ျပည္သူ ၁ ဒသမ ၈ သန္းကို ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းခိုင္းထားခဲ့ပါတယ္။

စက္တင္ဘာ ၅ ရက္ စေနေန႔မွာ မုန္တိုင္းက အိုကီနာဝါ အပါအဝင္ ေတာင္ပိုင္းကြၽန္းေတြကို ျဖတ္ေက်ာ္ၿပီး တနဂၤေႏြေန႔မွာ က်ဴရႉးကို ဝင္ေရာက္ခဲ့ပါတယ္။မုန္တိုင္းဝင္ေရာက္ခ်ိန္မွာ ေလတိုက္ႏႈန္းက တစ္နာရီကို ၂၁၆ ကီ လိုမီတာ (၁၃၅ မိုင္) ႏႈန္းပါ။ဒီႏူန္းက ေမာ္ေတာ္ကားေတြကို ေမွာက္သြားႏိုင္ၿပီး သစ္သားတိုင္ေတြ ကြၽတ္ထြက္တဲ့အထိျပင္းတဲ့ အေျခအေနပါ။မုန္တိုင္းေၾကာင့္ လူေလးဦးေသဆုံးၿပီး  ဒါဇင္ေပါင္းမ်ားစြာ ထိခိုက္ဒဏ္ရာရခဲ့သလို လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္ကာ က်ဴးရႈးက ႐ိုးရာသစ္သားေနအိမ္မ်ားစြာ ပ်က္ဆီးခဲ့ပါတယ္။

စူပါတိုင္ဖြန္း ဟိုင္ရွန္က စက္တင္ဘာ ၇ ရက္မွာ  တစ္နာရီလွ်င္ ၁၁၂ ကီလိုမီတာႏႈန္းနဲ႔ ေတာင္-ေျမာက္ ကိုရီးယားႏွစ္ႏိုင္ငံကို ဝင္ေရာက္တိုက္ခတ္ခဲ့ရာမွာ လူေသမႈေတြ ေျမၿပိဳမႈေတြ ျဖစ္ခဲ့ပါတယ္။ယခုႏွစ္ေတြမွာ မုန္တိုင္းက ပိုျပင္းထန္လာသလို မၾကာခဏလဲျဖစ္လာတာကို ေတြ႕ရပါတယ္။ရာသီဥတုေဖာက္ျပန္မႈနဲ႔ သဘာဝေဘးအႏၲရာယ္ေတြကို လူေတြကို ပိုသတိထားမိလာသလို ျပင္ဆင္လာတဲ့အတြက္ ေသဆုံးမႈကေလ်ာ့က်ေပမယ့္ ပ်က္စီးဆုံးရႈံးမႈကေတာ့ ယခင္ကထက္ ပိုမ်ားလာပါတယ္။ဒါဟာ ေၾကာက္စရာလန႔္စရာ အနာဂတ္ပါဘဲ။

ပဋိပကၡမ်ားႏွင့္ ကမာၻတလႊား

အိႏၵိယတပ္ဖြဲ႕ဝင္ေတြက ႏွစ္ႏိုင္ငံသေဘာတူညီခ်က္မ်ားကို ခ်ိဳးေဖာက္ၿပီး သတိေပးပစ္ခတ္မႈျပဳလုပ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔အတူ န်ဴကလီးယားလက္နက္ပိုင္တဲ့ အိမ္နီးခ်င္းႏိုင္ငံ ႏွစ္ႏိုင္ငံၾကားကျပႆနာက တစ္ဖန္ျပန္တင္းမာလာခဲ့ပါတယ္။တ႐ုတ္ဘက္က စြပ္စြဲတာကေတာ့ ပဋိပကၡျဖစ္ပြားေနေသာေနရာမွာ အိႏၵိယတပ္ဖြဲ႕ဝင္ေတြက  စက္တင္ဘာ ၇ ရက္က ႏွစ္ႏိုင္ငံသေဘာတူညီခ်က္ေတြကို ခ်ိဳးေဖာက္ၿပီး သတိေပးပစ္ခတ္မႈျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ဒီလို အိႏၵိယဘက္ကလုပ္လို႔ တ႐ုတ္ဘက္က တည္ၿငိမ္ေစရန္ ျပန္လုပ္ခဲ့ရတယ္လို႔ ဆိုပါတယ္။ဒီလိုေသနတ္ပစ္ေဖာက္သူကို တင္းတင္းက်ပ္က်ပ္စုံစမ္းၿပီး အျပစ္ေပးဖို႔ တ႐ုတ္ဘက္က ေတာင္းဆိုခဲ့တယ္ဆိုပါတယ္။ယခုျဖစ္ရပ္ဟာ ႏွစ္ႏိုင္ငံေခါင္းေဆာင္ေတြ အိႏၵိယတပ္ဖြဲ႕ဝင္၂၀ ခန႔္ ေသဆုံးခဲ့တဲ့ ဇြန္လကျဖစ္ခဲ့တဲ့ အခ်င္းမ်ားမႈအတြက္ ႏွစ္ႏိုင္ငံဆက္ဆံေရးတင္းမာမႈကို ေျဖရွင္းဖို႔ ေမာ္စကိုမွာ စက္တင္ဘာ ၄ ရက္ေန႔က တ႐ုတ္ကာကြယ္ေရးဝန္ႀကီး ေဝဖန္က်ိနဲ႔ အိႏၵိယကာကြယ္ေရးဝန္ႀကီး ရက္နက္ဆင္းခ်္တို႔ ေတြ႕ဆုံမႈအၿပီးမွာ ျဖစ္ပါတယ္။အဲဒီအစည္းအေဝးမွာ အိႏၵိယဘက္က မက်ဴးေက်ာ္ေရးက အေရးႀကီးေၾကာင္းကို တ႐ုတ္ဘက္ကို ေျပာခဲ့တယ္ဆိုပါတယ္။  

နယ္စပ္အျငင္းပြားမႈေနာက္မွာျဖစ္လာတဲ့ ေသဆုံးမႈေတြေၾကာင့္ အိႏၵိယဘက္မွာ တ႐ုတ္လုပ္ပစၥည္းေတြကို သပိတ္ေမွာက္မႈေတြ၊ ဆႏၵျပမႈေတြ ႏိုင္ငံတစ္ဝန္းျဖစ္ခဲ့တဲ့အတြက္ ၁၉၆၂ ခုႏွစ္ ေနာက္ပိုင္းမွာ ႏွစ္ႏိုင္ငံၾကား ေနာက္ထပ္စစ္ျဖစ္လာဦးမလားဆိုတဲ့ ေဒသတြင္းစိုးရိမ္မႈေတြ ရွိလာခဲ့ပါတယ္။ေမာ္စကိုကေဆာင္႐ြက္တဲ့ ႏွစ္ႏိုင္ငံတင္းမာမႈေလ်ာ့က်ေရးမွာ အေမရိကန္သမၼတ ထရမ့္ကလည္း ၾကာဝင္ညႇိႏိုင္းေျဖရွင္းေပးဖို႔ ကမ္းလွမ္းခဲ့တာရွိပါတယ္။ဒါေပမယ့္ တ႐ုတ္ဘက္က ၾကားဝင္ေစ့စပ္ဖ်န္ေျဖေပးသူ လုံးဝမလိုအပ္ဘူးလို႔ ေျပာထားခဲ့သလို  အိႏၵိယကလည္း ယင္းကမ္းလွမ္းခ်က္အေပၚ တုံ႔ျပန္မႈမလုပ္ခဲ့ပါဘူး။  

အိႏၵိယအေနနဲ႔ ယင္းျဖစ္ရပ္အတြက္ အေတာ္ေလးသတိထားေနဟန္တူပါတယ္။ၾကာသပေတးေန႔က ျပဳလုပ္ေသာ အေမရိကန္-အိႏၵိယ မဟာဗ်ဴဟာမိတ္ဖက္ျပဳမႈ အြန္လိုင္းဖိုရမ္တြင္ မိုဒီ က တ႐ုတ္ကိုမွီခိုမႈနည္းေသာ ကမာၻ႔ကုန္သြယ္ေရးကြင္းဆက္ ပုံစံေျပာင္းေရးကိုဦးတည္ဖို႔ ေျပာလာသလို ယခုကပ္ေဘးက ကမာၻ႔ကုန္သြယ္မႈကြင္းဆက္ဟာ ကုန္က်စရိတ္ေပၚမွာပဲ အေျချပဳမထားသင့္ဘူးဆိုတာနဲ႔ ယုံၾကည္မႈေပၚမွာလည္း အေျချပဳထားသင့္တယ္ဆိုတာကို ဆုံးျဖတ္ဖို႔သင့္တယ္ဆိုတာကို ျပခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ကပ္ေဘးေပၚေပါက္လာခဲ့တဲ့  ေနာက္ပိုင္းမွာ အေမရိကန္-တ႐ုတ္ တင္းမာမႈကလည္း ပိုျပင္းထန္လာခဲ့ပါတယ္။

ကုန္သြယ္ေရးကေနစခဲ့တဲ့ ျပႆနာကေန ယခုအခါ ႏိုင္ငံေရးနဲ႔ စစ္ေရးအထိပါ တင္းမာလာခဲ့ၿပီျဖစ္ပါတယ္။ယခုရက္ထဲမွာ အေမရိကန္အစိုးရက ဟြာေဝးႏွင့္ ZTE တို႔ကို အေမရိကန္အမ်ိဳးသားလုံၿခဳံေရးအတြက္ ၿခိမ္းေျခာက္မႈလို႔သတ္မွတ္မႈ ေနာက္ဆက္တြဲအျဖစ္ အေမရိကန္ေက်းလက္ဆက္သြယ္ေရးကြန္ရက္မွာ သုံးေနတဲ့ ဟြာေဝးပစၥည္းမ်ားကို ဖယ္ရွားဖို႔လုပ္ေဆာင္ေနပါတယ္။ဗဟိုဆက္သြယ္ေရးေကာ္မရွင္ FCC က အေမရိကန္အစိုးရဆီကေန ဟာေဝးပစၥည္းေတြဖယ္ရွားဖို႔ အေမရိကန္ေဒၚလာ ၁ ဒသမ ၈၃၇ ဘီလ်ံ ေတာင္းထားခဲ့ပါတယ္။ယခုရက္ထဲမွာဘဲ အေမရိကန္ဘက္က တ႐ုတ္ႏိုင္ငံသား ေက်ာင္းသားႏွင့္ သုေတသနပညာရွင္ ၁၀၀၀ ေက်ာ္တို႔အား  လုံၿခဳံေရးဆိုင္ရာအေၾကာင္းျပခ်က္ျဖင့္ ျပည္ဝင္ခြင့္ေပးရန္ ျငင္းပယ္လိုက္သလို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ပီယို က အာရွထိပ္သီးအစည္းအေဝးတစ္ရပ္မွာ အေရွ႕ေတာင္အာရွႏိုင္ငံေတြကို ေတာင္တ႐ုတ္ပင္လယ္မွာ လူလုပ္ကြၽန္းေတြတည္ေဆာက္ရာမွာ ပါဝင္ကူညီေနတဲ့ တ႐ုတ္ကုမၸဏီေတြနဲ႔ အဆက္အဆံျဖတ္ဖို႔ တိုက္တြန္းခဲ့တာကိုလည္း ေတြ႕ရပါတယ္။ပြန္ပီအို က တ႐ုတ္ရဲ႕ စစ္ေရးတည္ေဆာက္မႈမွာ လုပ္ကိုင္ေနတဲ့ကုမၸဏီေတြနဲ႔ အဆက္အဆံလုပ္တာကို ျပန္လည္စဥ္းစားသုံးသပ္ရမယ့္အခ်ိန္ပဲလို႔ အေရွ႕ေတာင္အာရွအစိုးရေတြကို ေျပာခဲ့ပါတယ္။အေမရိကန္ဘက္က ဒီလိုလုပ္ေဆာင္ေနေပမယ့္ တ႐ုတ္ဘက္ကေတာ့ ဒီရက္ပိိုင္းမွာ အေမရိကန္ႏွင့္ ပိုမိုေႏြးေထြးေသာဆက္ဆံေရးအတြက္ တ႐ုတ္ျပင္ဆင္ေနတာကို ေတြ႕ရပါတယ္။ျပႆနာက အေမရိကန္ေ႐ြးေကာက္ပြဲမွာ တစ္ေက်ာ့ျပန္ေ႐ြးေကာက္ခံရဖို႔  ထရမ့္အေနနဲ႔ ဘယ္ေလာက္ထိ တ႐ုတ္နဲ႔တင္းမာမႈကို ဆြဲတင္လာႏိုင္မလဲ၊ တ႐ုတ္ဘက္က ဘယ္ေလာက္ထိ ဒီေထာင္ေခ်ာက္ကိုေရွာင္ႏိုင္မလဲဆိုတာ ေဖာ္ျပရင္း ယခုရက္သတၱပတ္ ႏိုင္ငံတကာသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
စက္တင္ဘာ - ၁၁