【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကမ္ဘာ့စီးပွားရေး ပြိုလဲပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကမ္ဘာ့စီးပွားရေး ပြိုလဲပြီလား

ယခုရက်သတ္တပတ်အတွင်း သတင်းတွေထဲမှာ ထိပ်ဆုံးက နေရာယူခဲ့တဲ့ သတင်းတွေက ကိုဗက် ၁၉ လို့ ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသတင်းတွေပါဘဲ။ ကိုဗက် ၁၉ ကြောင်ထိခိုက်မှုခံခဲ့ရတဲ့ စီးပွားရေးလုပ်ငန်း တွေ နဲ့ အလုပ်လက်မဲ့ဖြစ်ကုန်တဲ့ သန်းနဲ့ချီတဲ့ အလုပ်သမားတွေကြောင့် ကမ္ဘာစီးပွားရေးပျက်ကပ်ဆိုက်တော့ မလား ဆိုတာလည်း စီးပွားရေးပညာရှင်တွေ တွက်ချက်နေရပါပြီ။ဒီသတင်းတွေက ယခုရက်သတ္တပတ်မှာ သတင်းဖတ် သူတွေ စောင့်ကြည့်ခဲ့တဲ့ သတင်းတွေပါဘဲ။

ဒါအပြင် တခြာသတင်းတွေထဲက စိတ်ဝင်စားဖွယ်ရာဖြစ်တဲ့ ဗင်နီဇွဲလားသမ္မတမာဒူရိုကို အမေရိကန်က မူးယစ်ဆေးကုန်သွယ်မှုနဲ့ စွဲချက်တင်လိုက်တဲ့ သတင်း၊ခရိုအေးရှားနဲ့ ဖိလစ်ပိုင်မှာ ငလျင်လှုပ်လို့ အဆောက်အဦး တွေပျက်စီးခဲ့တဲ့ သတင်း၊ နိုင်ဂျီးရီးယားမှာ ဂျီဟတ်တွေ ခြုံခိုတိုက်ခိုက်လို့ စစ်သား ၇၀ ကျော် ကျဆုံးခဲ့တဲ့သတင်း၊ ဘရာဇီးမှာ လူဆိုးဂိုဏ်းတွေက ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့တဲ့ သတင်း၊မြောက်ကိုရီးယားက တာတိုပစ်ဒုံး ကျည်နှစ်စင်းပစ်လွှတ်ခဲ့တဲ့ သတင်းတွေလဲ ယခုရက်သတ္တပတ်မှာ စောင့်ကြည့်စရာ ဖြစ်ခဲ့ပါ တယ်။

အလုပ်လက်မဲ့ သန်းပေါင်းများစွာ

ကိုဗက် ၁၉ ကြောင့် အထိခိုက်ဆုံးက စီးပွားရေးလုပ်ငန်းတွေဆိုရင် သူတို့ထက်အဆိုးဆုံးက အဆိုပါ စီးပွားရေးလုပ်ငန်းတွေကိုမှီခိုနေရတဲ့ အလုပ်သမားတွေပါဘဲ။ ဒီလိုဖြစ်လာတာ ကမ္ဘာတစ်ဝန်း ပါဘဲ။ အိန္ဒိယ နိုင်ငံမှာပြီးခဲ့တဲ့မတ်လ၂၅ရက်ကတစ်နိုင်ငံလုံး shutdown ချမှတ်လိုက်တာကြောင့်သန်းနဲ့ချီတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်သွားပြီးမြို့ကြီးတွေကနေမွေးရပ်မြေတွေဆီအုပ်လိုက် သင်းလိုက်ပြန်ဖို့ ကြိုးစားကြပါတယ်။ဒါဟာကြောက်စရာ အခြေအနေတစ်ခုပါ။

စာရင်းတွေအရ ၃၅ သန်းလောက်ရှိတယ်ဆိုပေမယ့် စာရင်းအတိအကျတော့ မဟုတ်သေးပေမယ့် လမ်း ပေးရောက်နေတဲ့ သန်းချီတဲ့ လူအုပ်မှာ ရောဂါကူးစက်ခံရသူတွေပါခဲ့ရင်ဆိုတာ ကြောက်စရာ အတွေးပါ။ ဒါပေ မယ့်လည်း အိန္ဒိယအစိုးရအဖို့ ဒီပြဿနာကို ကိုင်တွယ်ရုံကလွဲပြီး ဘာအခွင့်အရေးမှ မရှိပါဘူး။ဒီအတွက် အိန္ဒိယ အစိုးရဟာကူညီကယ်ဆယ်ရေးရန်ပုံငွေအဖြစ် နွမ်းပါးသူတွေကိုငွေသားတိုက်ရိုက်ထောက်ပံ့ဖို့အမေရိကန်ဒေါ်လာ (၂၃) ဘီလျံသုံးမယ်လို့မတ်လ၂၆ရက်ကကြေညာခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း စားနပ်ရိက္ခာ ထောက် ပံ့မယ်လို့ ပြောခဲ့ပါတယ်။ဒါအပြင် ရထားတွဲတွေကို ယာယီဆေးရုံတွေ အဖြစ်ပြောင်းလဲပြင်ဆင်ကာ ထုနဲ့ ထည်နဲ့ ဖြစ်လာနိုင်တဲ့ ကူးစက်ခံရသူတွေအတွက် ပြင်ဆင်ခဲ့ပါတယ်။မတ် ၂၈ ရက်ထိ စာရင်းအရတော့ အိန္ဒိယမှာ COVID-19 ကူးစက်ခံရသူ (၁၀၀၀) နီးပါးနဲ့သေဆုံးသူ (၂၄) ဦးရှိနေလို့ ဒီလိုအစုလိုက်အပုံလိုက်ရွှေ့ ပြောင်း သွား လာ မှုကနေ ဘယ်လောက်ထိ ကူးစက်ခံရသူပြင်းထန်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ကိုဗက် ၁၉ ကနေထိခိုက်မှုတွေက အလုပ်တွေရပ်နားရရုံတင်မကပါဘူး။အလုပ်ရုံတွေ စက်ရုံတွေကနေ ထွက်လာတဲ့ ထုတ်ကုန်တွေရပ်ဆိုင်းလာတဲ့ အတွက် ကုန်စည်ပြတ်လပ်မှုတွေ ဖြစ်လာမှာကိုပါ။ လောလောဆယ် မှာ မသိသာသေးပေမယ့် ဒီအရိပ်အယောင်တွေ ထွက်ပေါ်လာပြီ။ကွန်ဒုံးလို မရှိမဖြစ်မဟုတ်တဲ့ ကုန်စည်တွေ တောင် lockdown ချမှတ်ခံရမှုကြောင့် ကမ္ဘာတဝန်းကွန်ဒုံးပြတ်လပ်မှုဖြစ်ပေါ်လာတော့မယ်လို့ မလေးရှား ကွန်ဒုံးကုမ္ပဏီ Karexက ယခုရက်ထဲမှာထုတ်ပြန်ခဲ့ပါတယ်။ မလေးရှားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂,၁၆၁ဦးရှိပြီးသေဆုံးသူ၂၆ဦးရှိခဲ့လို့ Lock downချထားတာ ဧပြီ၁၄ရက်အထိ ပါ။

နိုင်ငံတိုင်းက ကိုရိုနာဗိုင်းရပ်စ်လို့ခေါ်တဲ့ ကိုဗက် -၁၉ ကြောင့်ထိခိုက်နေတဲ့ စီးပွားရေးကို ပြန်လည်နိုး ထနိုင်ဖို့ ၊တောင့်ခံနိုင်ဖို့၊ မပြိုလဲနိုင်ဖို့ ဝင်ကျားကန်ပေးဖို့ လုပ်နေရပါတယ်။ ကမ္ဘာစီးပွားရေးအင်အားကြီး နိုင်ငံ ဖြစ်တဲ့ အမေရိကန်နိုင်ငံတောင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်အထိနာနေတဲ့ အမေရိကန်စီးပွားရေးကို ကယ်တင် ပြန်လည်ထူမတ်ရေးအတွက် အမေရိကန်ဒေါ်လာ ၂ ထရီလျံကို ယခုရက်ထဲမှာ အမေရိကန်သမ္မတက လက်မှတ် ရေးထိုးခဲ့ပါတယ်။လက်ရှိမှာ အမေရိကန်နိုင်ငံဟာကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအများဆုံးနိုင်ငံဖြစ် နေ ပြီး လူပေါင်းတစ်သိန်းကျော်ထက်မနည်းကူးစက်ခံထားရပါတယ်။ဒီထူမတ်ရေးရန်ပုံငွေအစီအစဉ်က အမေရိကန် သမိုင်းမှာအကြီးမားဆုံးထောက်ပံ့ရေးအစီအစဉ်တစ်ခုဖြစ်ပြီး COVID-19 ကြောင့်အထိနာခဲ့တဲ့အခွန်ထမ်း နိုင်ငံ သားသန်းပေါင်းများစွာကို ငွေသားတိုက်ရိုက်ထောက်ပံ့သွားမှာဖြစ်ပြီး ပျမ်းမျှမိသားစုဝင် (၄) ဦးရှိသူတွေအတွက် အမေရိကန်ဒေါ်လာ ၃၄၀၀ ထိကူညီပေးအပ်သွားမယ်လို့ဆိုပါတယ်။ လေကြောင်းလိုင်းနဲ့ သူတို့ရဲ့ဝန်ထမ်း တွေအ တွက်အမေရိကန်ဒေါ်လာ (၅၀) ဘီလျံအပါအဝင်အသေးစားစီးပွားရေးနဲ့ အဓိကစက်မှုလုပ်ငန်းတွေကို ထောက်ပံ့ ငွေနဲ့ ချေးငွေပေါင်းအမေရိကန်ဒေါ်လာ (၅၀၀) ဘီလျံထိပေးသွားမှာဖြစ်သလို ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ဝယ်ဖို့နဲ့ အလုပ်လက်မဲ့ဖြစ်သွားသူတွေကိုလည်းထောက်ပံ့ပေးသွားမှာတွေလည်း ပါဝင်ပါတယ်။

ဗြိတိန်ကတော့ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတွေကို စတင်ထောက်ပံ့ခဲ့ပါတယ်။ကိုယ်ပိုင်လုပ်ငန်းတွေရဲ့ လစဉ်အမြတ်အစွန်း၏၈၀ရာခိုင်နှုန်းထောက်ပံ့တဲ့ အဆိုပါထောက်ပံ့ငွေက တစ်လကို အများဆုံးပေါင်၂၅၀၀ ထိ ထောက်ပံ့တဲ့ အစီအစဉ်ပါ။ ဒါအပြင် လခစားဝန်ထမ်းများအတွက် ၈၀ရာခိုင်နှုန်းလုပ်ခလစာ အမတော်ကြေး ထောက်ပံ့မှုလည်း ယခင်ရက်သတ္တပတ်ကတည်းက စတင်ခဲ့တာပါ။ ထိုင်းကလည်း ကိုဗက် ၁၉ ကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ လူတွေကို နှစ်လတာအတွက်လူတစ်ဦးလျှင်ဘတ်ငွေ၂၀၀၀နှုန်းနဲ့ နှစ်လအတွက် ဘတ်ငွေဒေါ်လာ ၄၀၀၀ ပေးဖို့ စီစဉ်နေပါတယ်။

ဒီလိုအစိုးရတွေက ပြည်သူတွေအတွက် လု်ပဆောင်ပေးနေတာတွေ ရှိသလို ကုမ္ပဏီဘက်တွေကလည်း ထောက်ပံ့မှုတွေရှိပါတယ်။ အထူးအဆန်းအဖြစ် Lock Down ချခံထားရတဲ့ နေရာဒေသ တွေမှာရှိတဲ့ ပြည်သူတွေ အိမ်ထဲနေစဉ်မှာ ကြည့်ရှုဖို့ ဖျော်ဖြေရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Pornhub ကနေ အခမဲ့ကြည့်ရှုခွင့်ပေး မယ် လို့ ယခုသီတင်းပတ်ထဲမှာ ကြေညာခဲ့ပါတယ်။ယခုချိန်မှာ ဒီလိုဖျော်ဖြေရေးဝက်ဘ်ဆိုက်တွေမှာ လူကြည့်နူန်း တက်လို့ အဆင်ပြေတာတွေ ရှိနေပေမယ့် ဒီရောဂါစဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ ဒီလိုဖြစ်နေတဲ့ ကာလအတွင်း မှာ ဆဲလ်ဖုန်းအသုံးပြုသူ၂၁သန်းလျော့နည်းသွားတယ်လို့ဆိုပါတယ်။ကိုဗက်ကြောင့် ပြိုလဲတဲ့ ကမ္ဘာစီးပွားရေး ဘယ်လောက်ထိ ရှိမလဲ၊ဒီလို ကျားကန်ပေးခြင်းတွေက ဘယ်လောက်ထိ အလုပ်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရဦး မှာ ဖြစ်ပါတယ်။

Lock Down ပြဿနာ

ယခုဖြစ်ပွားနေတဲ့ ကိုဗက် ၁၉ ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ဖို့ ကမ္ဘာနိုင်ငံအသီးသီးက အားကုန် ထုတ် ကြိုးပမ်းနေကြပေမယ့် ထိန်းချုပ်လို့မရသေးပါဘူး။ အထူးသဖြင့် ပေါ့ဆမှုတွေက ကိုဗက် ၁၉ ကူးစက်ရောဂါကို အရှိန်အဟုန်ကို ပိုအားကောင်းဖို့ ခွင့်ပြုစေသလိုပါဘဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ မတ် ၂၃ ရက်က တည်းက ကိုရိုနာဗိုင်းရပ်စ်တစ်ကမ္ဘာလုံးကူးစက်ပျံ့နှံ့မှုဘေးဟာအမှန်တကယ်အရှိန်မြင့်နေတယ်လို့ သတိပေးခဲ့ ပါတယ်။

လက်ရှိမှာ ကိုဗက် ၁၉ ကြောင့် ကူးစက်ခံရသူ ခုနှစ်သိန်းကျော်ပြီး သေဆုံးသူ သုံးသောင်းကျော် ရှိလာ ပါပြီ။ အဆိုးဆုံးက အမေရိကန်ပါ။လက်ရှိမှာ ကူးစက်ခံရသူအများဆုံးဖြစ်ပြီး တစ်သိန်းကျော် နေပါပြီ။ သေဆုံးမှု အများဆုံးက အီတလီဖြစ်ပြီး သောင်းကျော်နေပါပြီ။သူနောက်မှာ စပိန်ပါ။ ဒီအတွက် ကမ္ဘာနိုင်ငံနဲ့ဒေသပေါင်း ၂၀၀ ကျော်မှာ ကူးစက်ခံရသူတွေကို ထိန်းချုပ်ဖို့ နည်းအဖုံဖုံနဲ့ လုပ်လာခဲ့ကြပါတယ်။ ဂျာမနီဝန်ကြီးချုပ်ကတော့ လူနှစ်ဦးအထက်မစုဝေးကြဖို့အထိ ဂျာမနီမှာ ကန့်သတ်ခဲ့ပါတယ်။ အိန္ဒိယကတော့ မတ်၂၄ ရက်မှာ ၂၁ ရက်တာ Lock Down ချပြီး ဆောင်ရွက်ခဲ့ပါတယ်။ ရက်ပိုင်းအတွင်းကူးစက်ခံရသူ ၅၁၉ဦးအထိရှိကာ သေဆုံးသူ၁၀ဦးရှိခဲ့ အတွက်ရုပ်သံကနေ “အိန္ဒိယကိုကယ်တင်ဖို့၊နိုင်ငံသားတိုင်းကိုကယ်တင်ဖို့ခင်ဗျားတို့တွေ၊ခင်ဗျားတို့ မိသားစု တွေ၊မြို့တွင်းလမ်းတွေ၊ရပ်ကွက်လမ်းတွေ၊လမ်းတိုင်းလမ်းတိုင်းအားလုံးကို lockdown ချမှာဖြစ် တယ်”လို့မိုဒီ ကပြောခဲ့ရတဲ့ အထိပါဘဲ။

ထိုင်းနဲ့လာအိုမှာ ကိုရိုနာဗိုင်းရပ်စ်ကိုထိန်းချုပ်နိုင်ရေးအတွက် တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ကျင့်သုံးနိုင်အောင် တစ်လတာအရေးပေါ်အခြေအနေကိုပြဋ္ဌာန်းဖို့လုပ်ခဲ့တာကိုတွေ့ရပါတယ်။ လက်ရှိမှာ lockdown ချဖို့ကိုတော့မလုပ်ဆောင်သေးကြောင်းတိုင်းပြည်ကို ထိုင်းဝန်ကြီးချုပ်က အာမခံပြောကြားခဲ့ တာ ကိုလည်းတွေ့ရပါတယ်။ စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံမှာ Lock Downချခဲ့တဲ့ အတွက် ရောဂါကို နှစ်လကျော် အတွင်းထိန်းချုပ်နိုင်ခဲ့ကာ အသေအပျောက်ကို နှစ်ထောင်ကျော်နဲ့ရပ်တည်နိုင်ခဲ့လို့ ဒါဟာအကောင်းဆုံး နည်း လမ်းအဖြစ် ယူဆနေကြတာ ဖြစ်ပါတယ်။ဒီအတွက် ကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်ဖို့ Lock Down ချဖို့ နိုင်ငံအတော်များများက စဉ်းစားကြပါတယ်။

ဒါပေမယ့် ဘရားဇီးလိုနိုင်ငံကြီးက သမ္မတကတော့ Lock Down က အဖြေမဟုတ်ဘဲ တကမ္ဘာလုံး ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပြဿနာကို တောင် အတိုပ်အခံတွေနဲ့ မီဒီယာတွေက ပြည်သူတွေကို လှည့်စားနေတာဆိုပြီး ပြောခဲ့တာတွေ့ရပါတယ်။ လက်ယာစွန်းတစ်ဦးဖြစ်တဲ့ ဘရာဇီးသမ္မတက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုပြီး စိတ်ချောက်ချားနေကြတာဖြစ်ပြီး သာမန်တုပ်ကွေးရောဂါလို့ ပြောခဲ့တာရှိပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် lockdown ချထားတာကတိုင်းပြည်ကိုပျက်စီးစေနိုင်လိမ့် မယ်လို့ သတိပေးခဲ့ပါတယ်။ဒါကြောင့် တချို့ပြည်နယ်တွေမှာ Lock Downချတာကို ဧပြီလလယ်မတိုင်ခင်မှာ ဖြေ လျော့ပေးချင်တယ်ဆိုပြီး ပြောခဲ့တာရှိပါတယ်။လက်ရှိမှာ အမေရိကန်နိုင်ငံနယ်မြေဒေသတော်တော်များများမှာ လူစုလူဝေးနဲ့အသွားအလာတွေကိုတားမြစ်ထားပြီးရောဂါခြေချုပ်တွေချမှတ်ထား လို့ စီးပွားရေးအရ ထိခိုက်မှု တွေ၊ ရုတ်ခြည်းတန့်ရပ်မှုတွေဖြစ်နေပါတယ်။

ကျန်းမာရေးပညာရှင်တွေကတော့ အဝင်အထွက်ပိတ်lockdownချတာကဗိုင်းရပ်စ် အလွယ်တကူ ကူး စက်မှု ကို တားဆီးနိုင်မယ့်တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်လို့ အကြံပြုထားတာရှိပေမယ့် ထရမ့်ကတော့ “ကျွန်တော်တို့မှာတုပ်ကွေးကြောင့်တစ်နှစ်တစ်နှစ်ကိုထောင်ပေါင်းများစွာအသက်ဆုံးရှုံးနေတယ်။ဒါပေမယ့်တိုင်း ပြည်ကိုမပိတ်ခဲ့ဘူး”လို့ ပြောခဲ့တာတွေရပါတယ်။ ဒါအပြင် အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်ဆိုင်းထား မှုများကို လျှော့ချရန် လိုလားကြောင်းနှင့် စီးပွားရေးများကို ၃ ပတ်အတွင်း ပြန်လည်စတင်ရန် လိုလားကြောင်း ကိုပါ ပြောခဲ့ပါတယ်။

ဒီအတောအတွင်း အီတလီနဲ့ စပိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနူန်းက မြင့်တက်နေခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးမှာ စံချိန်တင် သေဆုံးမှုတွေ ဖြစ်ခဲ့သလို အမေရိကန်မှာလည်း ကူးစက်ခံရမှုနူန်းက ကမ္ဘာပေါ်မှာ အများဆုံးကူးစက်ခံရမှုပါဘဲ။ဒီကြားထဲ စပိန်မှာ သက်ကြီးလူနာတွေ သေနေတာကို စပိန်ရှိဘိုးဘွားရိပ်သာတွေမှာ တွေ့ရတာတွေ လည်းရှိလာခဲ့ပါတယ်။ စပိန်မှာ သေဆုံးသူများလာတဲ့ အတွက် ရေခဲတိုက်မလုံလောက်တော့တဲ့ အတွက် ရေခဲပြင် စကိတ်ကွင်းကိုတောင် အသုံးပြုနေရတဲ့ အထိဖြစ်လာပါတယ်။

တစ်ဖက်မှာလည်း ရောဂါခြေချုပ်ထားတာကို မကြိုက်လို့ မနာခံတဲ့ သူတွေ Lock Down ကို ဖောက် ဖျက်နေထိုင်တဲ့ သူတွေကြောင့် ချိန်းချုပ်ရတာ အခက်အခဲတွေကြုံနေရပါတယ်။ အိန္ဒိယမှာ Lock Down စည်း မျည်းကိုဖောက် ဖျက်ပြီး ဗလီတက်တဲ့ သူတွေကို အိန္ဒိယရဲတွေက ဗလီအ၀ကနေ တုတ်နဲ့ရိုက်ပြီး မောင်းထုတ် နေရ သလို လမ်းပေါ်သွားလာနေသူတွေကိုလည်း လိုက်ရိုက်နေရတာတွေ လူမှုကွန်ရက်မှာမြင်ရတာတွေ လည်း ရှိပါတယ်။ ဒီထဲမှာ သတင်းကောင်းကတော့ ကိုရိုနာဗို်ငးရပ်စ်စတင်ဖြစ်ခဲ့တဲ့ ဟူဘေးပြည်နယ်မှာတော့ ခရီးသွား လာခွင့်တားမြစ်ချက်တွေကို မတ် ၂၄ရက်မှာပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။ ဒါကဒီဒေသမှာ ကျန်းမာရေး အခြေအ နေကောင်းလာတဲ့ လက္ခဏာပါဘဲ။အဲဒီရက်မှာဘဲ တရုတ်နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးက်ခံရသူ ၃၇ ဦးဘဲ ထပ်တွေ့ခဲ့ပါတယ်။ သေဆုံးသူကတော့ မရှိတော့ပါဘူး။

ဒီလိုအကောင်းဘက်ကရှိပေမယ့် တရုတ်ကျွမ်းကျင်ပညာရှင်တစ်ဦးက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုနောက်၂နှစ်ကြာအထိဆက်ရှိနေနိုင်တယ်လို့ ထုတ်ပြောခဲ့တာရှိပါတယ်။ ကူးစက်ရောဂါများ ဆိုင်ရာ တရုတ်ကျွမ်းကျင်ပညာရှင် Zhang Wenhongက ဥရောပဒေသမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု မကြာမီအဆုံးသတ်သွားလိမ့်မည်လို့ မထင်မှတ်ထားကြဖို့ သတိပေးသွားခဲ့ပါတယ်။ဒီကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်မှုကို ရေတိုကာလတွင်တားဆီးနိုင်မည့်တစ်ခုတည်းသောနည်းလမ်းက ကမ္ဘာတစ်ဝန်းရှိလူများလှုပ်ရှား သွားလာခြင်းနှင့်ခရီးသွားလာခြင်းကို သီတင်းပတ်လေးပတ်တားမြစ်နိုင်ရေးဘဲဖြစ်ပြီး ကမ္ဘာတဝန်းချိတ် ဆက်ညှိ နှိုင်း ဝိုင်းဝန်းအားထုတ်ရန်ဖြစ်ပေမယ့် လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါအပြင် ဒီကိုရိုနာဗိုင်းရပ်စ် နွေရာသီကာလမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်များလျော့နည်းသွားမည်ဖြစ်ပေမယ့် ဆောင်းရာသီ တွင်ပြန် ပေါ်လာမည်ဖြစ်ကာ ယင်းနောက်လာမည့်နှစ်နွေဦးတွင်နောက်ထပ်ပိုမိုသေးငယ်သောအထွတ် အထိပ်အခြေ အနေတစ်ခုဖြစ်မယ်လို့ ပြောခဲ့တာရှိပါတယ်။

ကမ္ဘာက ဗိုင်းရပ်စ်ခြိမ်းခြောက်မှုကို ခံနေရပေမယ့် ပြင်ဆင်ဖို့မေ့လျော့ခဲ့တဲ့ အတွက် လွန်ခဲ့တဲ့ ၁၉၁၈-၁၉၂၀ ကာလမှာ ဖြစ်ခဲ့တဲ့ စပိန်တုပ်ကွေးအတိုင်း တကျော့ပြန် အလူးအလဲခံရနေရပါတယ်။ ဒီအတွက် Lock Downချသင့် မချသင့်က ဆွေးနွေးစရာ ကိစ္စတစ်ခုထက်ပိုသလို သေရေးရှင်ရေးကိုဆုံးဖြတ်ရမယ့် အချိုး အကွေ့တစ်ခုဖြစ်လာခဲ့ပါတယ်။ ဘယ်လိုဖြေရှင်းတာက အဖြေမှန်လဲဆိုတာ လူအသက်တွေ၊ စီးပွားဥစ္စာဓနတွေ လူဘ၀တွေရင်းပြီး ပြန်လည်သုံးသပ်ရမယ့် အရေးဖြစ်လာပါတယ်။

တောကြောင်တွေ ထချိန်

ကိုဗက်ရောဂါပြင်းထန်လာချိန်မှာ မြင်လာရတာက လူတွေရဲ့ ယုတ်ညံတဲ့ စိတ်ပါ။ ယခုရက်သတ္တပတ်ထဲ ဒီလို ဝန်တိုမစ္ဆရိယစိတ်ပြင်းထန်တဲ့ သူတွေ အတော်များများကို တွေ့ခဲ့ရပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် နာဇီ လက်သစ်နဲ့ လူဖြူလူမျိုးကြီးဝါဒီအုပ်စုတွေက ၎င်းတို့ရဲ့ အစွန်းရောက်အဖွဲ့ဝင်တွေကို ရဲနှင့်ဂျူးများကို COVID-19 ကူးစက်အောင်ဖြန့်ကြရန်အားပေးလှုံဆော်မှုတွေ လုပ်နေတာကို တွေ့ရပါတယ်။

ဂျာမနီမှာတော့ ဂျာမန်အမျိုးသားတစ်ဦး ကိုရိုနာဗိုင်းရပ်ပြန့်ပွားအောင် မြူးနစ်မြို့ရှိ မြေအောက်မီးရထား လက်မှတ်ရောင်းစက်ကို လျှာနဲ့လျက်ပြီး အွန်လိုင်းပေါ်ဗီဒီယိုတင်ခဲ့ပါတယ်။ ဒီလို ရထားလက်မှတ်ရောင်း စက်နှင့်လက်ရန်းများ အပြင်စက်လှေကားလက်ရန်း များကိုပါ၎င်းကလျှာဖြင့်လိုက်လျက်နေတဲ့ ဗီဒီယိုဖိုင်ကို တင်ခဲ့တဲ့ အတွက် ကိုရိုနာဗိုင်း ရပ်စ်ကြောင့် တူန်လှုပ်နေတဲ့ ဂျာမန်ပြည်သူတွေ တုန်လှုပ်ခဲ့ပါတယ်။ထိုင်းမှာလဲ ဓာတ်လှေခါးမှာ ခလုတ်တွေကို တံတွေးလိုက်သုတ်သူကို ဖမ်းဆီးခဲ့ရပါတယ်။

ဒီကာလမှာ ကိုယ်ရောဂါ သူများလည်းကူးရမယ်ဆိုတဲ့ သူတွေ တွေ့ရသလို ကိုယ်ကြောင့် သူတပါးမထိ ခိုက်အောင် နေထိုင်ကြတဲ့ သူတွေလည်း အများကြီးတွေ့ရပါတယ်။ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာလူသားတွေရဲ့ စိတ် ဓာတ်ရေချိန်ကို ပြလိုက်သလိုပါဘဲ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှအကြီးအကဲကတော့ ကိုရိုနာကာကွယ်ဆေး ထုတ်လုပ်ဖို့ အနည်းဆုံးတစ်နှစ်ကနေ တစ်နှစ်ခွဲအထိ လကြာမယ်လိုပြောခဲ့တဲ့ အတွက် ဘာတွေ ဆက်ဖြစ်လာဦးမလဲဆိုတာစောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

မင်းထက်
မတ် - ၃၀

( Zawgyi )

ယခုရက္သတၱပတ္အတြင္း သတင္းေတြထဲမွာ ထိပ္ဆုံးက ေနရာယူခဲ့တဲ့ သတင္းေတြက ကိုဗက္ ၁၉ လို႔ ေခၚတဲ့ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈသတင္းေတြပါဘဲ။ ကိုဗက္ ၁၉ ေၾကာင္ထိခိုက္မႈခံခဲ့ရတဲ့ စီးပြားေရးလုပ္ငန္း ေတြ နဲ႔ အလုပ္လက္မဲ့ျဖစ္ကုန္တဲ့ သန္းနဲ႔ခ်ီတဲ့ အလုပ္သမားေတြေၾကာင့္ ကမာၻစီးပြားေရးပ်က္ကပ္ဆိုက္ေတာ့ မလား ဆိုတာလည္း စီးပြားေရးပညာရွင္ေတြ တြက္ခ်က္ေနရပါၿပီ။ဒီသတင္းေတြက ယခုရက္သတၱပတ္မွာ သတင္းဖတ္ သူေတြ ေစာင့္ၾကည့္ခဲ့တဲ့ သတင္းေတြပါဘဲ။

ဒါအျပင္ တျခာသတင္းေတြထဲက စိတ္ဝင္စားဖြယ္ရာျဖစ္တဲ့ ဗင္နီဇြဲလားသမၼတမာဒူ႐ိုကို အေမရိကန္က မူးယစ္ေဆးကုန္သြယ္မႈနဲ႔ စြဲခ်က္တင္လိုက္တဲ့ သတင္း၊ခ႐ိုေအးရွားနဲ႔ ဖိလစ္ပိုင္မွာ ငလ်င္လႈပ္လို႔ အေဆာက္အဦး ေတြပ်က္စီးခဲ့တဲ့ သတင္း၊ ႏိုင္ဂ်ီးရီးယားမွာ ဂ်ီဟတ္ေတြ ၿခဳံခိုတိုက္ခိုက္လို႔ စစ္သား ၇၀ ေက်ာ္ က်ဆုံးခဲ့တဲ့သတင္း၊ ဘရာဇီးမွာ လူဆိုးဂိုဏ္းေတြက ညမထြက္ရအမိန႔္ ထုတ္ျပန္ခဲ့တဲ့ သတင္း၊ေျမာက္ကိုရီးယားက တာတိုပစ္ဒုံး က်ည္ႏွစ္စင္းပစ္လႊတ္ခဲ့တဲ့ သတင္းေတြလဲ ယခုရက္သတၱပတ္မွာ ေစာင့္ၾကည့္စရာ ျဖစ္ခဲ့ပါ တယ္။

အလုပ္လက္မဲ့ သန္းေပါင္းမ်ားစြာ

ကိုဗက္ ၁၉ ေၾကာင့္ အထိခိုက္ဆုံးက စီးပြားေရးလုပ္ငန္းေတြဆိုရင္ သူတို႔ထက္အဆိုးဆုံးက အဆိုပါ စီးပြားေရးလုပ္ငန္းေတြကိုမွီခိုေနရတဲ့ အလုပ္သမားေတြပါဘဲ။ ဒီလိုျဖစ္လာတာ ကမာၻတစ္ဝန္း ပါဘဲ။ အိႏၵိယ ႏိုင္ငံမွာၿပီးခဲ့တဲ့မတ္လ၂၅ရက္ကတစ္ႏိုင္ငံလုံး shutdown ခ်မွတ္လိုက္တာေၾကာင့္သန္းနဲ႔ခ်ီတဲ့ ေ႐ႊ႕ေျပာင္း အလုပ္သမားေတြ အလုပ္လက္မဲ့ျဖစ္သြားၿပီးၿမိဳ႕ႀကီးေတြကေနေမြးရပ္ေျမေတြဆီအုပ္လိုက္ သင္းလိုက္ျပန္ဖို႔ ႀကိဳးစားၾကပါတယ္။ဒါဟာေၾကာက္စရာ အေျခအေနတစ္ခုပါ။

စာရင္းေတြအရ ၃၅ သန္းေလာက္ရွိတယ္ဆိုေပမယ့္ စာရင္းအတိအက်ေတာ့ မဟုတ္ေသးေပမယ့္ လမ္း ေပးေရာက္ေနတဲ့ သန္းခ်ီတဲ့ လူအုပ္မွာ ေရာဂါကူးစက္ခံရသူေတြပါခဲ့ရင္ဆိုတာ ေၾကာက္စရာ အေတြးပါ။ ဒါေပ မယ့္လည္း အိႏၵိယအစိုးရအဖို႔ ဒီျပႆနာကို ကိုင္တြယ္႐ုံကလြဲၿပီး ဘာအခြင့္အေရးမွ မရွိပါဘူး။ဒီအတြက္ အိႏၵိယ အစိုးရဟာကူညီကယ္ဆယ္ေရးရန္ပုံေငြအျဖစ္ ႏြမ္းပါးသူေတြကိုေငြသားတိုက္႐ိုက္ေထာက္ပံ့ဖို႔အေမရိကန္ေဒၚလာ (၂၃) ဘီလ်ံသုံးမယ္လို႔မတ္လ၂၆ရက္ကေၾကညာခဲ့ၿပီး ေ႐ႊ႕ေျပာင္းအလုပ္သမားေတြကိုလည္း စားနပ္ရိကၡာ ေထာက္ ပံ့မယ္လို႔ ေျပာခဲ့ပါတယ္။ဒါအျပင္ ရထားတြဲေတြကို ယာယီေဆး႐ုံေတြ အျဖစ္ေျပာင္းလဲျပင္ဆင္ကာ ထုနဲ႔ ထည္နဲ႔ ျဖစ္လာႏိုင္တဲ့ ကူးစက္ခံရသူေတြအတြက္ ျပင္ဆင္ခဲ့ပါတယ္။မတ္ ၂၈ ရက္ထိ စာရင္းအရေတာ့ အိႏၵိယမွာ COVID-19 ကူးစက္ခံရသူ (၁၀၀၀) နီးပါးနဲ႔ေသဆုံးသူ (၂၄) ဦးရွိေနလို႔ ဒီလိုအစုလိုက္အပုံလိုက္ေ႐ႊ႕ ေျပာင္း သြား လာ မႈကေန ဘယ္ေလာက္ထိ ကူးစက္ခံရသူျပင္းထန္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ကိုဗက္ ၁၉ ကေနထိခိုက္မႈေတြက အလုပ္ေတြရပ္နားရ႐ုံတင္မကပါဘူး။အလုပ္႐ုံေတြ စက္႐ုံေတြကေန ထြက္လာတဲ့ ထုတ္ကုန္ေတြရပ္ဆိုင္းလာတဲ့ အတြက္ ကုန္စည္ျပတ္လပ္မႈေတြ ျဖစ္လာမွာကိုပါ။ ေလာေလာဆယ္ မွာ မသိသာေသးေပမယ့္ ဒီအရိပ္အေယာင္ေတြ ထြက္ေပၚလာၿပီ။ကြန္ဒုံးလို မရွိမျဖစ္မဟုတ္တဲ့ ကုန္စည္ေတြ ေတာင္ lockdown ခ်မွတ္ခံရမႈေၾကာင့္ ကမာၻတဝန္းကြန္ဒုံးျပတ္လပ္မႈျဖစ္ေပၚလာေတာ့မယ္လို႔ မေလးရွား ကြန္ဒုံးကုမၸဏီ Karexက ယခုရက္ထဲမွာထုတ္ျပန္ခဲ့ပါတယ္။ မေလးရွားမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၂,၁၆၁ဦးရွိၿပီးေသဆုံးသူ၂၆ဦးရွိခဲ့လို႔ Lock downခ်ထားတာ ဧၿပီ၁၄ရက္အထိ ပါ။

ႏိုင္ငံတိုင္းက ကို႐ိုနာဗိုင္းရပ္စ္လို႔ေခၚတဲ့ ကိုဗက္ -၁၉ ေၾကာင့္ထိခိုက္ေနတဲ့ စီးပြားေရးကို ျပန္လည္ႏိုး ထႏိုင္ဖို႔ ၊ေတာင့္ခံႏိုင္ဖို႔၊ မၿပိဳလဲႏိုင္ဖို႔ ဝင္က်ားကန္ေပးဖို႔ လုပ္ေနရပါတယ္။ ကမာၻစီးပြားေရးအင္အားႀကီး ႏိုင္ငံ ျဖစ္တဲ့ အေမရိကန္ႏိုင္ငံေတာင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္အထိနာေနတဲ့ အေမရိကန္စီးပြားေရးကို ကယ္တင္ ျပန္လည္ထူမတ္ေရးအတြက္ အေမရိကန္ေဒၚလာ ၂ ထရီလ်ံကို ယခုရက္ထဲမွာ အေမရိကန္သမၼတက လက္မွတ္ ေရးထိုးခဲ့ပါတယ္။လက္ရွိမွာ အေမရိကန္ႏိုင္ငံဟာကမာၻေပၚမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈအမ်ားဆုံးႏိုင္ငံျဖစ္ ေန ၿပီး လူေပါင္းတစ္သိန္းေက်ာ္ထက္မနည္းကူးစက္ခံထားရပါတယ္။ဒီထူမတ္ေရးရန္ပုံေငြအစီအစဥ္က အေမရိကန္ သမိုင္းမွာအႀကီးမားဆုံးေထာက္ပံ့ေရးအစီအစဥ္တစ္ခုျဖစ္ၿပီး COVID-19 ေၾကာင့္အထိနာခဲ့တဲ့အခြန္ထမ္း ႏိုင္ငံ သားသန္းေပါင္းမ်ားစြာကို ေငြသားတိုက္႐ိုက္ေထာက္ပံ့သြားမွာျဖစ္ၿပီး ပ်မ္းမွ်မိသားစုဝင္ (၄) ဦးရွိသူေတြအတြက္ အေမရိကန္ေဒၚလာ ၃၄၀၀ ထိကူညီေပးအပ္သြားမယ္လို႔ဆိုပါတယ္။ ေလေၾကာင္းလိုင္းနဲ႔ သူတို႔ရဲ႕ဝန္ထမ္း ေတြအ တြက္အေမရိကန္ေဒၚလာ (၅၀) ဘီလ်ံအပါအဝင္အေသးစားစီးပြားေရးနဲ႔ အဓိကစက္မႈလုပ္ငန္းေတြကို ေထာက္ပံ့ ေငြနဲ႔ ေခ်းေငြေပါင္းအေမရိကန္ေဒၚလာ (၅၀၀) ဘီလ်ံထိေပးသြားမွာျဖစ္သလို ေဆးဘက္ဆိုင္ရာပစၥည္းေတြ ဝယ္ဖို႔နဲ႔ အလုပ္လက္မဲ့ျဖစ္သြားသူေတြကိုလည္းေထာက္ပံ့ေပးသြားမွာေတြလည္း ပါဝင္ပါတယ္။

ၿဗိတိန္ကေတာ့ ကိုယ္ပိုင္လုပ္ငန္းလုပ္ကိုင္သူေတြကို စတင္ေထာက္ပံ့ခဲ့ပါတယ္။ကိုယ္ပိုင္လုပ္ငန္းေတြရဲ႕ လစဥ္အျမတ္အစြန္း၏၈၀ရာခိုင္ႏႈန္းေထာက္ပံ့တဲ့ အဆိုပါေထာက္ပံ့ေငြက တစ္လကို အမ်ားဆုံးေပါင္၂၅၀၀ ထိ ေထာက္ပံ့တဲ့ အစီအစဥ္ပါ။ ဒါအျပင္ လခစားဝန္ထမ္းမ်ားအတြက္ ၈၀ရာခိုင္ႏႈန္းလုပ္ခလစာ အမေတာ္ေၾကး ေထာက္ပံ့မႈလည္း ယခင္ရက္သတၱပတ္ကတည္းက စတင္ခဲ့တာပါ။ ထိုင္းကလည္း ကိုဗက္ ၁၉ ေၾကာင့္ အလုပ္လက္မဲ့ျဖစ္သြားတဲ့ လူေတြကို ႏွစ္လတာအတြက္လူတစ္ဦးလွ်င္ဘတ္ေငြ၂၀၀၀ႏႈန္းနဲ႔ ႏွစ္လအတြက္ ဘတ္ေငြေဒၚလာ ၄၀၀၀ ေပးဖို႔ စီစဥ္ေနပါတယ္။

ဒီလိုအစိုးရေတြက ျပည္သူေတြအတြက္ လု္ပေဆာင္ေပးေနတာေတြ ရွိသလို ကုမၸဏီဘက္ေတြကလည္း ေထာက္ပံ့မႈေတြရွိပါတယ္။ အထူးအဆန္းအျဖစ္ Lock Down ခ်ခံထားရတဲ့ ေနရာေဒသ ေတြမွာရွိတဲ့ ျပည္သူေတြ အိမ္ထဲေနစဥ္မွာ ၾကည့္ရႈဖို႔ ေဖ်ာ္ေျဖေရးဝက္ဘ္ဆိုက္တစ္ခုျဖစ္သည့္ Pornhub ကေန အခမဲ့ၾကည့္ရႈခြင့္ေပး မယ္ လို႔ ယခုသီတင္းပတ္ထဲမွာ ေၾကညာခဲ့ပါတယ္။ယခုခ်ိန္မွာ ဒီလိုေဖ်ာ္ေျဖေရးဝက္ဘ္ဆိုက္ေတြမွာ လူၾကည့္ႏူန္း တက္လို႔ အဆင္ေျပတာေတြ ရွိေနေပမယ့္ ဒီေရာဂါစျဖစ္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံမွာေတာ့ ဒီလိုျဖစ္ေနတဲ့ ကာလအတြင္း မွာ ဆဲလ္ဖုန္းအသုံးျပဳသူ၂၁သန္းေလ်ာ့နည္းသြားတယ္လို႔ဆိုပါတယ္။ကိုဗက္ေၾကာင့္ ၿပိဳလဲတဲ့ ကမာၻစီးပြားေရး ဘယ္ေလာက္ထိ ရွိမလဲ၊ဒီလို က်ားကန္ေပးျခင္းေတြက ဘယ္ေလာက္ထိ အလုပ္ျဖစ္မလဲဆိုတာ ေစာင့္ၾကည့္ရဦး မွာ ျဖစ္ပါတယ္။

Lock Down ျပႆနာ

ယခုျဖစ္ပြားေနတဲ့ ကိုဗက္ ၁၉ ကူးစက္ေရာဂါကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ကမာၻႏိုင္ငံအသီးသီးက အားကုန္ ထုတ္ ႀကိဳးပမ္းေနၾကေပမယ့္ ထိန္းခ်ဳပ္လို႔မရေသးပါဘူး။ အထူးသျဖင့္ ေပါ့ဆမႈေတြက ကိုဗက္ ၁၉ ကူးစက္ေရာဂါကို အရွိန္အဟုန္ကို ပိုအားေကာင္းဖို႔ ခြင့္ျပဳေစသလိုပါဘဲ။ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ကေတာ့ မတ္ ၂၃ ရက္က တည္းက ကို႐ိုနာဗိုင္းရပ္စ္တစ္ကမာၻလုံးကူးစက္ပ်ံ႕ႏွံ႔မႈေဘးဟာအမွန္တကယ္အရွိန္ျမင့္ေနတယ္လို႔ သတိေပးခဲ့ ပါတယ္။

လက္ရွိမွာ ကိုဗက္ ၁၉ ေၾကာင့္ ကူးစက္ခံရသူ ခုႏွစ္သိန္းေက်ာ္ၿပီး ေသဆုံးသူ သုံးေသာင္းေက်ာ္ ရွိလာ ပါၿပီ။ အဆိုးဆုံးက အေမရိကန္ပါ။လက္ရွိမွာ ကူးစက္ခံရသူအမ်ားဆုံးျဖစ္ၿပီး တစ္သိန္းေက်ာ္ ေနပါၿပီ။ ေသဆုံးမႈ အမ်ားဆုံးက အီတလီျဖစ္ၿပီး ေသာင္းေက်ာ္ေနပါၿပီ။သူေနာက္မွာ စပိန္ပါ။ ဒီအတြက္ ကမာၻႏိုင္ငံနဲ႔ေဒသေပါင္း ၂၀၀ ေက်ာ္မွာ ကူးစက္ခံရသူေတြကို ထိန္းခ်ဳပ္ဖို႔ နည္းအဖုံဖုံနဲ႔ လုပ္လာခဲ့ၾကပါတယ္။ ဂ်ာမနီဝန္ႀကီးခ်ဳပ္ကေတာ့ လူႏွစ္ဦးအထက္မစုေဝးၾကဖို႔အထိ ဂ်ာမနီမွာ ကန႔္သတ္ခဲ့ပါတယ္။ အိႏၵိယကေတာ့ မတ္၂၄ ရက္မွာ ၂၁ ရက္တာ Lock Down ခ်ၿပီး ေဆာင္႐ြက္ခဲ့ပါတယ္။ ရက္ပိုင္းအတြင္းကူးစက္ခံရသူ ၅၁၉ဦးအထိရွိကာ ေသဆုံးသူ၁၀ဦးရွိခဲ့ အတြက္႐ုပ္သံကေန “အိႏၵိယကိုကယ္တင္ဖို႔၊ႏိုင္ငံသားတိုင္းကိုကယ္တင္ဖို႔ခင္ဗ်ားတို႔ေတြ၊ခင္ဗ်ားတို႔ မိသားစု ေတြ၊ၿမိဳ႕တြင္းလမ္းေတြ၊ရပ္ကြက္လမ္းေတြ၊လမ္းတိုင္းလမ္းတိုင္းအားလုံးကို lockdown ခ်မွာျဖစ္ တယ္”လို႔မိုဒီ ကေျပာခဲ့ရတဲ့ အထိပါဘဲ။

ထိုင္းနဲ႔လာအိုမွာ ကို႐ိုနာဗိုင္းရပ္စ္ကိုထိန္းခ်ဳပ္ႏိုင္ေရးအတြက္ တင္းၾကပ္တဲ့စည္းမ်ဥ္းစည္းကမ္းေတြ ခ်မွတ္က်င့္သုံးႏိုင္ေအာင္ တစ္လတာအေရးေပၚအေျခအေနကိုျပ႒ာန္းဖို႔လုပ္ခဲ့တာကိုေတြ႕ရပါတယ္။ လက္ရွိမွာ lockdown ခ်ဖို႔ကိုေတာ့မလုပ္ေဆာင္ေသးေၾကာင္းတိုင္းျပည္ကို ထိုင္းဝန္ႀကီးခ်ဳပ္က အာမခံေျပာၾကားခဲ့ တာ ကိုလည္းေတြ႕ရပါတယ္။ စတင္ျဖစ္ပြားတဲ့ တ႐ုတ္ႏိုင္ငံမွာ Lock Downခ်ခဲ့တဲ့ အတြက္ ေရာဂါကို ႏွစ္လေက်ာ္ အတြင္းထိန္းခ်ဳပ္ႏိုင္ခဲ့ကာ အေသအေပ်ာက္ကို ႏွစ္ေထာင္ေက်ာ္နဲ႔ရပ္တည္ႏိုင္ခဲ့လို႔ ဒါဟာအေကာင္းဆုံး နည္း လမ္းအျဖစ္ ယူဆေနၾကတာ ျဖစ္ပါတယ္။ဒီအတြက္ ကူးစက္ေရာဂါကို ကာကြယ္ထိန္းခ်ဳပ္ဖို႔ Lock Down ခ်ဖို႔ ႏိုင္ငံအေတာ္မ်ားမ်ားက စဥ္းစားၾကပါတယ္။

ဒါေပမယ့္ ဘရားဇီးလိုႏိုင္ငံႀကီးက သမၼတကေတာ့ Lock Down က အေျဖမဟုတ္ဘဲ တကမာၻလုံး ႐ုတ္႐ုတ္သဲသဲျဖစ္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ျပႆနာကို ေတာင္ အတိုပ္အခံေတြနဲ႔ မီဒီယာေတြက ျပည္သူေတြကို လွည့္စားေနတာဆိုၿပီး ေျပာခဲ့တာေတြ႕ရပါတယ္။ လက္ယာစြန္းတစ္ဦးျဖစ္တဲ့ ဘရာဇီးသမၼတက ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါဆိုၿပီး စိတ္ေခ်ာက္ခ်ားေနၾကတာျဖစ္ၿပီး သာမန္တုပ္ေကြးေရာဂါလို႔ ေျပာခဲ့တာရွိပါတယ္။ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ lockdown ခ်ထားတာကတိုင္းျပည္ကိုပ်က္စီးေစႏိုင္လိမ့္ မယ္လို႔ သတိေပးခဲ့ပါတယ္။ဒါေၾကာင့္ တခ်ိဳ႕ျပည္နယ္ေတြမွာ Lock Downခ်တာကို ဧၿပီလလယ္မတိုင္ခင္မွာ ေျဖ ေလ်ာ့ေပးခ်င္တယ္ဆိုၿပီး ေျပာခဲ့တာရွိပါတယ္။လက္ရွိမွာ အေမရိကန္ႏိုင္ငံနယ္ေျမေဒသေတာ္ေတာ္မ်ားမ်ားမွာ လူစုလူေဝးနဲ႔အသြားအလာေတြကိုတားျမစ္ထားၿပီးေရာဂါေျခခ်ဳပ္ေတြခ်မွတ္ထား လို႔ စီးပြားေရးအရ ထိခိုက္မႈ ေတြ၊ ႐ုတ္ျခည္းတန႔္ရပ္မႈေတြျဖစ္ေနပါတယ္။

က်န္းမာေရးပညာရွင္ေတြကေတာ့ အဝင္အထြက္ပိတ္lockdownခ်တာကဗိုင္းရပ္စ္ အလြယ္တကူ ကူး စက္မႈ ကို တားဆီးႏိုင္မယ့္တစ္ခုတည္းေသာနည္းလမ္းျဖစ္တယ္လို႔ အႀကံျပဳထားတာရွိေပမယ့္ ထရမ့္ကေတာ့ “ကြၽန္ေတာ္တို႔မွာတုပ္ေကြးေၾကာင့္တစ္ႏွစ္တစ္ႏွစ္ကိုေထာင္ေပါင္းမ်ားစြာအသက္ဆုံးရႈံးေနတယ္။ဒါေပမယ့္တိုင္း ျပည္ကိုမပိတ္ခဲ့ဘူး”လို႔ ေျပာခဲ့တာေတြရပါတယ္။ ဒါအျပင္ အေမရိကန္မွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ရပ္ဆိုင္းထား မႈမ်ားကို ေလွ်ာ့ခ်ရန္ လိုလားေၾကာင္းႏွင့္ စီးပြားေရးမ်ားကို ၃ ပတ္အတြင္း ျပန္လည္စတင္ရန္ လိုလားေၾကာင္း ကိုပါ ေျပာခဲ့ပါတယ္။

ဒီအေတာအတြင္း အီတလီနဲ႔ စပိန္မွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးမႈႏူန္းက ျမင့္တက္ေနခဲ့ပါတယ္။ ႏွစ္ႏိုင္ငံစလုံးမွာ စံခ်ိန္တင္ ေသဆုံးမႈေတြ ျဖစ္ခဲ့သလို အေမရိကန္မွာလည္း ကူးစက္ခံရမႈႏူန္းက ကမာၻေပၚမွာ အမ်ားဆုံးကူးစက္ခံရမႈပါဘဲ။ဒီၾကားထဲ စပိန္မွာ သက္ႀကီးလူနာေတြ ေသေနတာကို စပိန္ရွိဘိုးဘြားရိပ္သာေတြမွာ ေတြ႕ရတာေတြ လည္းရွိလာခဲ့ပါတယ္။ စပိန္မွာ ေသဆုံးသူမ်ားလာတဲ့ အတြက္ ေရခဲတိုက္မလုံေလာက္ေတာ့တဲ့ အတြက္ ေရခဲျပင္ စကိတ္ကြင္းကိုေတာင္ အသုံးျပဳေနရတဲ့ အထိျဖစ္လာပါတယ္။

တစ္ဖက္မွာလည္း ေရာဂါေျခခ်ဳပ္ထားတာကို မႀကိဳက္လို႔ မနာခံတဲ့ သူေတြ Lock Down ကို ေဖာက္ ဖ်က္ေနထိုင္တဲ့ သူေတြေၾကာင့္ ခ်ိန္းခ်ဳပ္ရတာ အခက္အခဲေတြႀကဳံေနရပါတယ္။ အိႏၵိယမွာ Lock Down စည္း မ်ည္းကိုေဖာက္ ဖ်က္ၿပီး ဗလီတက္တဲ့ သူေတြကို အိႏၵိယရဲေတြက ဗလီအ၀ကေန တုတ္နဲ႔႐ိုက္ၿပီး ေမာင္းထုတ္ ေနရ သလို လမ္းေပၚသြားလာေနသူေတြကိုလည္း လိုက္႐ိုက္ေနရတာေတြ လူမႈကြန္ရက္မွာျမင္ရတာေတြ လည္း ရွိပါတယ္။ ဒီထဲမွာ သတင္းေကာင္းကေတာ့ ကို႐ိုနာဗို္ငးရပ္စ္စတင္ျဖစ္ခဲ့တဲ့ ဟူေဘးျပည္နယ္မွာေတာ့ ခရီးသြား လာခြင့္တားျမစ္ခ်က္ေတြကို မတ္ ၂၄ရက္မွာျပန္လည္႐ုတ္သိမ္းခဲ့ပါတယ္။ ဒါကဒီေဒသမွာ က်န္းမာေရး အေျခအ ေနေကာင္းလာတဲ့ လကၡဏာပါဘဲ။အဲဒီရက္မွာဘဲ တ႐ုတ္ႏိုင္ငံတစ္ဝန္း ကို႐ိုနာဗိုင္းရပ္စ္ကူးက္ခံရသူ ၃၇ ဦးဘဲ ထပ္ေတြ႕ခဲ့ပါတယ္။ ေသဆုံးသူကေတာ့ မရွိေတာ့ပါဘူး။

ဒီလိုအေကာင္းဘက္ကရွိေပမယ့္ တ႐ုတ္ကြၽမ္းက်င္ပညာရွင္တစ္ဦးက ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ကူးစက္ျဖစ္ပြားမႈေနာက္၂ႏွစ္ၾကာအထိဆက္ရွိေနႏိုင္တယ္လို႔ ထုတ္ေျပာခဲ့တာရွိပါတယ္။ ကူးစက္ေရာဂါမ်ား ဆိုင္ရာ တ႐ုတ္ကြၽမ္းက်င္ပညာရွင္ Zhang Wenhongက ဥေရာပေဒသမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ျဖစ္ပြားမႈ မၾကာမီအဆုံးသတ္သြားလိမ့္မည္လို႔ မထင္မွတ္ထားၾကဖို႔ သတိေပးသြားခဲ့ပါတယ္။ဒီကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါ ကူးစက္မႈကို ေရတိုကာလတြင္တားဆီးႏိုင္မည့္တစ္ခုတည္းေသာနည္းလမ္းက ကမာၻတစ္ဝန္းရွိလူမ်ားလႈပ္ရွား သြားလာျခင္းႏွင့္ခရီးသြားလာျခင္းကို သီတင္းပတ္ေလးပတ္တားျမစ္ႏိုင္ေရးဘဲျဖစ္ၿပီး ကမာၻတဝန္းခ်ိတ္ ဆက္ညႇိ ႏႈိင္း ဝိုင္းဝန္းအားထုတ္ရန္ျဖစ္ေပမယ့္ လက္ေတြ႕မွာ မျဖစ္ႏိုင္ဘူးလို႔ ေျပာခဲ့ပါတယ္။ ဒါအျပင္ ဒီကို႐ိုနာဗိုင္းရပ္စ္ ေႏြရာသီကာလမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈျဖစ္စဥ္မ်ားေလ်ာ့နည္းသြားမည္ျဖစ္ေပမယ့္ ေဆာင္းရာသီ တြင္ျပန္ ေပၚလာမည္ျဖစ္ကာ ယင္းေနာက္လာမည့္ႏွစ္ေႏြဦးတြင္ေနာက္ထပ္ပိုမိုေသးငယ္ေသာအထြတ္ အထိပ္အေျခ အေနတစ္ခုျဖစ္မယ္လို႔ ေျပာခဲ့တာရွိပါတယ္။

ကမာၻက ဗိုင္းရပ္စ္ၿခိမ္းေျခာက္မႈကို ခံေနရေပမယ့္ ျပင္ဆင္ဖို႔ေမ့ေလ်ာ့ခဲ့တဲ့ အတြက္ လြန္ခဲ့တဲ့ ၁၉၁၈-၁၉၂၀ ကာလမွာ ျဖစ္ခဲ့တဲ့ စပိန္တုပ္ေကြးအတိုင္း တေက်ာ့ျပန္ အလူးအလဲခံရေနရပါတယ္။ ဒီအတြက္ Lock Downခ်သင့္ မခ်သင့္က ေဆြးေႏြးစရာ ကိစၥတစ္ခုထက္ပိုသလို ေသေရးရွင္ေရးကိုဆုံးျဖတ္ရမယ့္ အခ်ိဳး အေကြ႕တစ္ခုျဖစ္လာခဲ့ပါတယ္။ ဘယ္လိုေျဖရွင္းတာက အေျဖမွန္လဲဆိုတာ လူအသက္ေတြ၊ စီးပြားဥစၥာဓနေတြ လူဘ၀ေတြရင္းၿပီး ျပန္လည္သုံးသပ္ရမယ့္ အေရးျဖစ္လာပါတယ္။

ေတာေၾကာင္ေတြ ထခ်ိန္

ကိုဗက္ေရာဂါျပင္းထန္လာခ်ိန္မွာ ျမင္လာရတာက လူေတြရဲ႕ ယုတ္ညံတဲ့ စိတ္ပါ။ ယခုရက္သတၱပတ္ထဲ ဒီလို ဝန္တိုမစၦရိယစိတ္ျပင္းထန္တဲ့ သူေတြ အေတာ္မ်ားမ်ားကို ေတြ႕ခဲ့ရပါတယ္။ အေမရိကန္ႏိုင္ငံမွာဆိုရင္ နာဇီ လက္သစ္နဲ႔ လူျဖဴလူမ်ိဳးႀကီးဝါဒီအုပ္စုေတြက ၎တို႔ရဲ႕ အစြန္းေရာက္အဖြဲ႕ဝင္ေတြကို ရဲႏွင့္ဂ်ဴးမ်ားကို COVID-19 ကူးစက္ေအာင္ျဖန႔္ၾကရန္အားေပးလႈံေဆာ္မႈေတြ လုပ္ေနတာကို ေတြ႕ရပါတယ္။

ဂ်ာမနီမွာေတာ့ ဂ်ာမန္အမ်ိဳးသားတစ္ဦး ကို႐ိုနာဗိုင္းရပ္ျပန႔္ပြားေအာင္ ျမဴးနစ္ၿမိဳ႕ရွိ ေျမေအာက္မီးရထား လက္မွတ္ေရာင္းစက္ကို လွ်ာနဲ႔လ်က္ၿပီး အြန္လိုင္းေပၚဗီဒီယိုတင္ခဲ့ပါတယ္။ ဒီလို ရထားလက္မွတ္ေရာင္း စက္ႏွင့္လက္ရန္းမ်ား အျပင္စက္ေလွကားလက္ရန္း မ်ားကိုပါ၎ကလွ်ာျဖင့္လိုက္လ်က္ေနတဲ့ ဗီဒီယိုဖိုင္ကို တင္ခဲ့တဲ့ အတြက္ ကို႐ိုနာဗိုင္း ရပ္စ္ေၾကာင့္ တူန္လႈပ္ေနတဲ့ ဂ်ာမန္ျပည္သူေတြ တုန္လႈပ္ခဲ့ပါတယ္။ထိုင္းမွာလဲ ဓာတ္ေလွခါးမွာ ခလုတ္ေတြကို တံေတြးလိုက္သုတ္သူကို ဖမ္းဆီးခဲ့ရပါတယ္။

ဒီကာလမွာ ကိုယ္ေရာဂါ သူမ်ားလည္းကူးရမယ္ဆိုတဲ့ သူေတြ ေတြ႕ရသလို ကိုယ္ေၾကာင့္ သူတပါးမထိ ခိုက္ေအာင္ ေနထိုင္ၾကတဲ့ သူေတြလည္း အမ်ားႀကီးေတြ႕ရပါတယ္။ကို႐ိုနာဗိုင္းရပ္စ္က ကမာၻလူသားေတြရဲ႕ စိတ္ ဓာတ္ေရခ်ိန္ကို ျပလိုက္သလိုပါဘဲ။

ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) မွအႀကီးအကဲကေတာ့ ကို႐ိုနာကာကြယ္ေဆး ထုတ္လုပ္ဖို႔ အနည္းဆုံးတစ္ႏွစ္ကေန တစ္ႏွစ္ခြဲအထိ လၾကာမယ္လိုေျပာခဲ့တဲ့ အတြက္ ဘာေတြ ဆက္ျဖစ္လာဦးမလဲဆိုတာေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

မင္းထက္
မတ္ - ၃၀