【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】 ကရာကာတိုအာ နဲ့ ထရမ့် ခြိမ်းခြောက်မှုကို ခံနေရတဲ့ အမေရိကန်အစိုးရ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】 ကရာကာတိုအာ နဲ့ ထရမ့် ခြိမ်းခြောက်မှုကို ခံနေရတဲ့ အမေရိကန်အစိုးရ

ယခုတစ်ပတ် နိုင်ငံတကာသတင်းတွေထဲ မှတ်မှတ်သားသားဖြစ်စရာ သတင်းအချို့ ရှိခဲ့ပါတယ်။ဒီထဲမှာ အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ပေါက်ကွဲရာကနေ ဆူနာမီဖြစ်ပေါ်ပြီး ဒေသခံတွေ ကြိုမသိခဲ့တဲ့အတွက် လူနှစ်ရာကျော် သေဆုံးခဲ့တဲ့ သတင်း၊ အမေရိကန်အစိုးရ ယန္တရားတွေ ရပ်ဆိုင်းတဲ့အထိ လက်သံပြောင်တဲ့ ထရမ့် ခြိမ်းခြောက်မှုနဲ့ ဆီးရီးယားကနေ အမေရိကန် ရုတ်တရက် ထွက်ခွာတဲ့ သတင်းတွေက ထိပ်ဆုံးက ပါခဲ့ပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ ချက်သမ္မတနိုင်ငံမှာ ကျောက်မီးသွေးမိုင်းတွင်း မြေအောက် မီတာ ၈၀ဝ အနက်လောက်မှာ မီသိန်းပေါက်ကွဲမှုဖြစ်လို့ မိုင်းလုပ်သား ၁၃ ဦး သေဆုံးခဲ့တဲ့ သတင်း၊ ဘရာဇီးနိုင်ငံ အမေဇုံဒေသရှိ မန်နက်စ်မြို့မှာ  မီးအကြီးအကျယ်လောင်လို့  အိမ်ခြေပေါင်း ၆၀ဝ ကျော် ဆုံးရှုံးခဲ့တဲ့ သတင်း၊ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမှာ ပုဂ္ဂလိကပိုင် ရေနံချက်စက်ရုံတစ်ရုံ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့တဲ့ သတင်း၊ အစ္စရေးနှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိသူ ပါလက်စတိုင်း အမျိုးသား မိသားစုနေအိမ်ကို အစ္စရေးစစ်တပ်က ဖြိုချဖျက်ဆီးခဲ့တဲ့ သတင်း၊ ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့တော်က သမ္မတအိမ်တော်ရာအနီး ကားဗုံးနှစ်လုံး ဆင့်ပေါက်မှုမှာ လူခုနစ်ဦး သေဆုံးခဲ့တဲ့ သတင်း၊ အစ္စရေးထဲ တူးဖောက်ထားတဲ့ ဟဇ်ဘိုလာ သူပုန်အဖွဲ့ရဲ့ မြေအောက်တိုက်ခိုက်ရေး ဥမင်တွေကို အစ္စရေးစစ်တပ်က ဆက်လက်ရှာဖွေ ဖျက်ဆီးနေတဲ့ သတင်း စတဲ့ သတင်းတွေ ဖြစ်တတ်ပါတယ်။

အစိုးရ ယန္တရားတွေ ရပ်ဆိုင်းတဲ့အထိ လက်သံပြောင်တဲ့ ထရမ့်

ယခုတစ်ပတ် သတင်းတွေထဲမှာ မက္ကဆီကိုနဲ့ အမေရိကန်ကြား နယ်စပ်တံတိုင်းကာရံမှုအတွက် အမေရိကန်လွှတ်တော်ကို အမေရိကန်သမ္မတ ထရမ့် က ကန်ဒေါ်လာ ငါးဘီလျံ ခွင့်ပြုပေးဖို့ တောင်းဆိုခဲ့ပါတယ်။သမ္မတ ဒေါ်နယ်ထရမ့် က  အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်မှာ တည်ဆောက်မယ့် နယ်ခြားတံတိုင်းအတွက် လွှတ်တော်က ရန်ပုံငွေအတည်မပြုခဲ့ရင် ရှည်ကြာတဲ့ အစိုးရယန္တရားတန့်ရပ်မှု ဖြစ်ပေါ်လိမ့်မယ်လို့ လွှတ်တော်ကို  ခြိမ်းခြောက်ခဲ့ပါတယ်။

အထက်လွှတ်တော်မှာ ရီပတ်ဘလီကင်တွေ ကြီးစိုးပေမယ့် ပြီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ အောက်လွှတ်တော်ကို ထိန်းချုပ်လို့ရတဲ့အထိ ဒီမိုကရက်တစ်တွေ မဲအနိုင်ရခဲ့တဲ့အတွက် ဒီရန်ပုံငွေအတည်ပြုရေးအတွက် လွှတ်တော်မှာ အာဏာရပါတီနဲ့ အတိုက်အခံပါတီကြား  ငြင်းကြခုံကြ ဖြစ်နေတာပါ။ဒီဇင်ဘာ ၂၁ ရက်မှာ ထရမ့် က တွစ်တာကနေ အတိုက်အခံ ဒီမိုကရက်တွေအနေနဲ့ အတည်ပြုဖို့ ငြင်းနေမယ်ဆိုရင် ဒီနေ့ပဲ အစိုးရယန္တရား ရပ်တန့်မှာလို့ ရေးတဲ့အထိ အာဏာလွန်ဆွဲပွဲ ပြင်းထန်လာခဲ့ပါတယ်။

ထရမ့် ပြောပြီး နောက်တစ်ရက် ဒီဇင်ဘာ ၂၂ ရက်ကစပြီး အမေရိကန် အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဌာနတစ်ချို့ လည်ပတ်မှု ရပ်ဆိုင်းသွားခဲ့ပါတယ်။ရပ်ဆိုင်းသွားခဲ့တဲ့ အမေရိကန် အစိုးရလုပ်ငန်းဌာနတွေထဲမှာ ပြည်တွင်းလုံခြုံရေး၊ တရားရေး၊ စိုက်ပျိုရေးတို့လို ဌာနတွေ ပါခဲ့ပါတယ်။ထရမ့် က သူတောင်းဆိုထားတဲ့ ဘတ်ဂျက် ငါးဘီလျံကို အတည်မပြုရင် ရပ်ဆိုင်းသွားတဲ့ အစိုးရယန္တရားတွေ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ဖို့ အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်သွားနိုင်တယ်လို့ အတိုက်အခံ ဒီမိုကရက်တစ်တွေကို သတိပေးခဲ့ပါတယ်။

ထရမ့် ဘက်ကတော့ နိုင်ငံရဲ့ နယ်စပ်လုံခြုံရေးကို မြှင့်တင်ဖို့ နယ်စပ်တံတိုင်း တည်ဆောက်ရေးက မဖြစ်မနေ လိုအပ်နေတယ်လို့ အခိုင်အမာပြောထားတဲ့အတွက် နောက်ပိုင်းမှာ ဒီကိစ္စအတွက် အဖြေမထွက်ဘဲ ချောင်ပိတ်မိနေတဲ့ အခြေအနေကို ဖြေရှင်းနိုင်ဖို့ ဒီမိုကရက်တစ် အမတ်တွေနဲ့အကြား ဆက်လက်ညှိနှိုင်းသွားမယ်လို့ ပြောခဲ့ပါတယ်။

ဒီအငြင်းပွားမှုထဲမှာ အခြားဌာနများအတွက် ရန်ပုံငွေခွင့်ပြုမှုတွေ ပါနေတဲ့ အစိုးရအလုပ်သမား ၄၀၀,၀၀၀ ကျော်မှာ ယင်းအငြင်းပွားမှု မဖြေရှင်းနိုင်မီအထိ လစာမရဘဲ အလုပ်လုပ်ရမည်ဖြစ်သလို နောက်ထပ် လူ ၃၈၀,၀၀၀ ယာယီအနားပေးခံရမည်ဖြစ်လို့ ဒါဟာ အတိုက်အခံ ဒီမိုကရက်တစ်တွေအတွက် နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ထိုးနှက်စရာဖြစ်လာမှာ သေချာနေပါတယ်။အထက်လွှတ်တော်မှာ ပိတ်မိနေတဲ့ ငါးဘီလျံတန် ဘတ်ဂျက်အငြင်းပွားမှုက ဘယ်လိုအဆုံးသတ်သွားမလဲ၊ ထရမ့် ရဲ့ သြဇာအာဏာက ဘယ်လိုဖြစ်လာမလဲဆိုတာ ဆက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ဒီသတင်းက လာမည့် ဆောင်းရာသီကာလမတိုင်မီ မြောက်ကိုရီးယားသို့ ပုဂ္ဂလိကအကူအညီများ အလျင်အမြန်ပေးပို့ရန် အမေရိကန်က ကြိုးပမ်းမယ်ဆိုတဲ့ သတင်း၊ ဆန်တာကလော့စ် ဦးထုပ်ဆောင်းပြီး အမေရိကန် သမ္မတဟောင်း အိုဘားမား ဝါရှင်တန်မှာရှိတဲ့ ကလေးဆေးရုံက လူနာတွေကို ခရစ္စမတ်လက်ဆောင်တွေ လိုက်ဝေပေးခဲ့တဲ့ သတင်း၊ လော့စ်အန်ဂျလိစ်မြို့ရဲ့ ဆိုးရွားတဲ့ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းဖို့ မြေအောက်ဥမင်လမ်း တစ်လမ်းကို ဖွင့်လှစ်ခဲ့တဲ့ သတင်း၊ အမေရိကန်က ထပ်မံပြုလုပ်လာလို့ ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး လမ်းကြောင်းကို ထာဝရ ပိတ်ဆို့သွားနိုင်တယ်လို့ မြောက်ကိုရီးယားက သတိပေးလိုက်တဲ့သတင်း စတဲ့ သတင်းတွေထဲမှာ ထူးထူးခြားခြားဖြစ်နေတဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

လူနှစ်ရာကျော်အထိ သေဆုံးခဲ့ရတဲ့ ကရာကာတိုအာ မီးတောင်ပေါက်ကွဲမှု

သဘာဝဘေးကို လူတွေကြိုသိဖို့ ခက်ပါတယ်ဆိုတာကို ယခုတစ်ပတ် အင်ဒိုနီးရှားမှာ ဆူနာမီရေလှိုင်း ဝင်ရောက်လို့ လူနှစ်ရာကျော် သေဆုံးခဲ့တဲ့ အဖြစ်က ထင်ထင်ရှားရှား ပြဆိုနေခဲ့ပါတယ်။

အင်ဒိုနီးရှားမှာ မီးတောင်တွေပေါက်ကွဲတာ သိပ်တော့ ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ဒါပေမယ့် လူတစ်သိန်းခွဲကျော် သေဆုံးခဲ့ရတဲ့ ၂၀၀၄ ဆူနာမီငလျင်ကြီးကို ခံစားထားရတာ ဆယ်စုနှစ်တစ်ခုသာ ကြာသေးတဲ့အတွက် ငလျင်လှုပ်တိုင်း၊ မီးတောင်ပေါက်ကွဲတိုင်း အင်ဒိုနီးရှားအတွက် ထိတ်လန့်တုန်လှုပ်စရာ အခြေအနေပါ။ပစိဖိတ်မီးရပ်ဝန်းလို့ ခေါ်တဲ့ မီးတောင်အများစုတည်ရှိရာ ပစိဖိသမုဒ္ဒရာထဲ ပါတဲ့အပြင် ထင်ရှားတဲ့ မီးတောင်ကြီးတွေ အပါအဝင် မီးတောင်ပေါင်း ၁၂၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့အပတ် ဒီဇင်ဘာ ၁၆ ရက်က ဆူလာဝေစီပြည်နယ် မြောက်ပိုင်းက ဆိုပူတန်မီးတောင် နှစ်ခါပေါက်ကွဲလို့ အဆိုပါမီးတောင်နဲ့ အနီးတစ်ဝိုက်မှာ နေထိုင်တဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ထားခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၂ ရက် ညပိုင်းမှာတော့ အင်ဒိုနီးရှားနိုင်ငံက ဂျာဗားကျွန်းနဲ့ ဆူမားတြားကျွန်း ကြားက ဆွန်ဒါရေလက်ကြားတစ်ဝိုက် ကမ်းရိုးတန်း ဧရိယာတွေကို ရုတ်တရက် ဆူနာမီရေလှိုင်း ဝင်ရောက်ခဲ့လို့ လူ ၂၂၂ ဦး သေဆုံးကာ ဒဏ်ရာရသူ ၅၈၄ ဦးထိ ရှိခဲ့ပါတယ်။ငလျင်မလှုပ်ဘဲ ဆူနာမီဖြစ်ခဲ့တဲ့အတွက် ဒါဟာ အဆိုပါဒေသခံတွေအတွက် ခြောက်ခြားစရာ ကိစ္စပါ။အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် တုန့်ပြန်ကာကွယ်ရေး အေဂျင်စီကတော့ အခုလိုဖြစ်တဲ့ ဆူနာမီရေလှိုင်းဟာ  ဆွန်ဒါရေလက်ကြားမှာရှိတဲ့ ကျွန်းတစ်ကျွန်းက အာနက် ကရာ ကာတိုအာ မီးတောင် ပေါက်ကွဲမှုကြောင့်နဲ့ ဒီရေတက်သည့် လဆန်းရက်ကြောင့် အကြောင်းနှစ်ခုဆုံပြီး ဖြစ်ရတာလို့ ဆိုပါတယ်။

ယခုဆူနာမီနဲ့ ပတ်သက်ပြီး အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တွေမှာ တေးဂီတဖျော်ဖြေပွဲတစ်ခုအတွင်း ရေလှိုင်းကြီးဝင်လာလို့ စတိတ်စင်ပြိုကျကာ တီးနေတဲ့သူတွေ သေဆုံးပျောက်ဆုံးတာတွေ ရှိခဲ့ပါတယ်။အစောပိုင်းက ကြိုတင်မသိရှိရဘဲ ကမ်းခြေတွေဆီ ရောက်ရှိလာခဲ့တဲ့ လှိုင်းလုံးကြီးတွေကြောင့် အိမ်ခြေအဆောက်အအုံ ရာနဲ့ချီကာ ပျက်စီးဆုံးရှုံးခဲ့ရပြီး လူအသေအပျောက် များခဲ့ပါတယ်။အာဏာပိုင်တွေကတော့ အစောပိုင်းမှာ ဆူနာမီ မဟုတ်ဘူးလို့ ငြင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ကရာ ကာတိုအာ မီးတောင်ပေါက်ကွဲမှုကြောင့်  ဖြစ်လာတာကို သိရှိရတဲ့အတွက် ဆူနာမီလို့ ဝန်ခံခဲ့ပါတယ်။

ဆူနာမီရေလှိုင်းဒဏ်ကြောင့် ပျက်စီးနေတဲ့ အဆောက်အအုံတွေ အပျက်အစီးတွေကြားထဲ အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေနေဆဲမို့ သေဆုံးသူအရေအတွက်က ဆက်တိုးလာဖွယ်ရှိမှာကို ဒေသခံအာဏာပိုင်တွေ က စိုးရိမ်နေကြပါတယ်။

ဒီသတင်းက ယခုတစ်ပတ် သဘာဝဘေးနဲ့ သဘာဝဆိုင်ရာ သတင်းတွေဖြစ်တဲ့ တင်းနစ်ဘောလုံး အရွယ်အစားရှိတဲ့ မိုးသီးတွေ ဒီဇင်ဘာ ၂၀ ရက်က သြစတြေးလျှနိုင်ငံ ဆစ်ဒနီမြို့ပေါ် ပြင်းထန်စွာကြွေကျတဲ့ သတင်း၊ လှောင်အိမ်ထဲ တစ်နှစ်ကျော် အထားခံရတဲ့ ကမ္ဘာပါ်မှာ တစ်ကောင်တည်း ရှိနိုင်တော့တဲ့ ဆွတ်ဆွတ်ဖြူ (albino) မျောက်ဝံ အမတစ်ကောင်ကို ဘော်နီယိုကျွန်းအစွန်အဖျားက တောထဲကို ပြန်လွှတ်ပေးလိုက်တဲ့ သတင်း၊ ဖမ်းထားတဲ့ ငါးတွေကို ဘေးမဲ့ပေးထားတဲ့ ပင်လယ်ဖျံကြီးတွေက ခိုးယူစားသုံးလို့  ချီလီ ငါးဖမ်းသမားတွေ ထိခိုက်နေတဲ့ သတင်း၊ ဗန်ကောက်မှာ လေထုအရည်အသွေး ကျဆင်းသွားလို့ မြို့နေပြည်သူများ အပြင်ထွက်သည့်အခါ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ထားကြရန် အကြံပြုထားတဲ့ သတင်း၊ အာဂျင်တီးနားနိုင်ငံမှာ နိုင်ငံတကာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီးတွေက အဆိပ်အတောက်ဖြစ်စေတဲ့ အညစ်အကြေး စွန့်ပစ်ပစ္စည်းတွေ တရားမဝင် စုပုံစွန့်ပစ်နေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Greenpeace က ထုတ်ဖော်စွပ်စွဲလိုက်တဲ့ သတင်း၊ ကမ္ဘောဒီးယားကို မိုဇမ်ဘစ်ကနေ ပို့လိုက်တဲ့ ကွန်တိန်နာသေတ္တာထဲက ဆင်စွယ် ၃ ဒသမ ၂ တန်ကျော်ကို တွေ့ရှိတဲ့ သတင်းတွေထဲ အထူးအလေးထား ဖတ်ရှုရတဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

အမေရိကန်အစိုးရအဖွဲ့အတွင်း ကွဲလွဲလာတဲ့ ဆီးရီးယား စစ်နုတ်ထွက်မှု

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်က ဆီးရီးယားက အိုင်အက်စ်တွေကို နှိမ်နှင်းနိုင်ခဲ့ပြီဖြစ်လို့ အမေရိကန်တပ်တွေကို ဆီးရီးယားကနေပြန်ခေါ်တဲ့ လုံးဝမျှော်လင့်မထားတဲ့ အမိန့်ညွှွှန်ကြားချက်ကို ရုတ်တရက်ထုတ်ပြန်ခဲ့ပါတယ်။ထရမ့် က တွစ်တာဗီဒီယိုတစ်ခုမှာ “ကျွန်တော်တို့ အိုင်အက်စ်တွေကို နိုင်လိုက်ပြီ” လို့ ပြောခဲ့ပါတယ်။အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန် တပ်ဖွဲ့ဝင် ၂၀ဝ၀ ကျော်ထက်မနည်းကို ဆီးရီးယားကနေ ပြန်ခေါ်မယ်လို့ တွစ်တာကနေ ပြောခဲ့ပါတယ်။ဒီလိုရုတ်တရက် ထုတ်ပြန်မှုကြောင့် ဆီးရီးယားနိုင်ငံအနှံ့ ကျန်ရှိနေဆဲဖြစ်တဲ့ အိုင်အက်စ်တွေကို တိုက်ခိုက်နေတဲ့ အမေရိကန် နောက်ခံပြုထားတဲ့ ကာ့ဒ်တိုက်ခိုက်ရေးသမားတွေရဲ့ အနာဂတ်က မရေမရာ အခြေအနေဆီ ရောက်ရှိသွားခဲ့သလို ပထဝီနိုင်ငံရေးမှာ ပြင်းပြင်းထန်ထန် ဂယက်ရိုက်ခတ်လာနိုင်မှုတွေ ရှိခဲ့ပါတယ်။ဒီလို ဆီးရီးယားကနေ အမေရိကန် ထွက်ခွာတဲ့အတွက် ဒေသတွင်းမှာ ရုရှနဲ့ အီရန်တို့ရဲ့သြဇာအာဏာ ကြီးထွားလာလိမ့်မယ်လို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဒီလို အမေရိကန်မဟာမိတ်များနှင့် လွှတ်တော်အမတ်များကြား အံ့အားသင့်စရာ ထရမ့် ရဲ့ မထင်မှတ်ထားတဲ့ ထုတ်ပြန်မှုအပြီး နောက်တစ်ရက်မှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ် က ရာထူးကနေ နုတ်ထွက်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။ဒေါ်နယ်ထရမ့် ဆီ ရေးသားပေးပို့တဲ့ နုတ်ထွက်စာမှာ သူနဲ့ သမ္မတနဲ့ ရေရှည်သင့်မြတ်ဖို့မရှိတော့ဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ် က ရေးခဲ့ ပါတယ်။

ထရမ့် ကတော့ လာမည့်နှစ် ဖေဖော်ဝါရီလကုန်မှာ ဂျင်မက်တစ် ရာထူးမှ အနားယူမယ်လို့ ပြောခဲ့ပေမယ့် ရုတ်တရက်ဘဲ ဒုတိယကာကွယ်ရေးဝန်ကြီး ရှာနာဟန် ကို ခန့်အပ်ခဲ့ပါတယ်။

တူရကီ သမ္မတ အာဒိုဂန် ကတော့ ဆီးရီးယားမှာရှိတဲ့ တပ်တွေကို အမေရိကန်က ရုပ်သိမ်းဖို့ ဆုံးဖြတ်ကြေညာပြီး နောက်တစ်ရက်ဖြစ်တဲ့ ဒီဇင်ဘာ ၂၂ ရက်မှာ ဆီးရီးယားက ကာ့ဒ်ပြည်သူ့စစ်တွေနဲ့ အိုင်အက်စ်တွေကို ရှင်းထုတ်ပစ်မယ်လို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။အမေရိကန်ရဲ့ နိုင်ငံရေးကစားမှုက ခန့်မှန်းရခက်စရာပါ။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်မှာ ကုလသမဂ္ဂက ဆီးရီးယားနိုင်ငံရဲ့ ဖွဲ့စည်းပုံသစ် ရေးဆွဲနိုင်ရေးအတွက် တာဝန်ခံမယ့် ကော်မတီတစ်ရပ်ကို ရုရှ၊ အီရန်နဲ့ တူရကီ နိုင်ငံတို့က ဦးဆောင်ဖို့ သဘောတူထားခဲ့တာပါ။

အစ္စလာမ်နိုင်ငံတွေထဲမှာ ဦးဆောင်သူနေရာရဖို့ တူရကီ၊ ဆော်ဒီ၊ အီရန်တို့ အပြိုင်ဖြစ်နေရာမှာ ဆီးရီးယား ပြည်တွင်းစစ်ထဲ အင်အားချိန်ခွင်လျှာကို ထိန်းထားသလို ဖြစ်နေတဲ့ အမေရိကန်ဘက်က ယခုလို နုတ်ထွက်တဲ့အတွက် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်သလို ဒီဇင်ဘာ ၂၀ ရက်က တူရကီမြို့တော် အန်ကာရာကို ရောက်လာတဲ့ အီရန်သမ္မတကို တူရကီက အမေရိကန်ရဲ့ အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေကို ဆန့်ကျင်ပြီး တူရကီက အီရန်ဘက်မှ ဆက်လက်ရပ်တည်ပေးသွားမယ်လို့ ပြောခဲ့တာရှိတဲ့အတွက် ဒေသတွင်း စွာလာတဲ့ တူရကီကို စစ်ပွဲထဲဆွဲထည့်ဖို့ ထရမ့် လုပ်နေပြီလားဆိုတာ စဉ်းစားစရာပါ။

ဒီသတင်းက ယခုတစ်ပတ် နိုင်ငံတကာမှာဖြစ်ခဲ့တဲ သတင်းတွေထဲက ဂျာမနီနိုင်ငံမှာ အလုပ်သမား ရှားပါးနေလို့ နိုင်ငံခြားသား အလုပ်သမားတွေကို ဆွဲဆောင်နိုင်ရန် လူဝင်မှုကြီးကြပ်ရေး စည်းကမ်းများကို လျှော့ပေါ့ပေးရန် စီစဉ်နေတဲ့ သတင်း၊ စပိန်အစိုးရ အစည်းအဝေးကို ဘာစီလိုနာမြို့မှာ လာကျင်းပလို့ ကက်တလန် ခွဲထွက်ရေးသမားတွေ ဆန္ဒပြကြတဲ့ သတင်း၊ ပြင်သစ်နိုင်ငံ ပါရီမြို့ကို အိုင်အက်စ်တွေရဲ့ နှိပ်စက်ညှင်းပန်းခံခဲ့ရတဲ့ ရာဇီဒီ အမျိုးသမီး ၁၆ ဦး ပထမဆုံးအသုတ်အဖြစ် ရောက်ရှိလာတဲ့ သတင်း၊ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေမှာ အသတ်ခံရမှုနဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်ပွားနေတဲ့ သတင်း၊ သမ္မတ ရှီကျင့်ဖျင် က တရုတ်ပြည်ရဲ့ စီးပွားရေးဖော်ဆောင်မှု လမ်းကြောင်းကို ဘယ်သူမှ လာပြီးအမိန့်ပေးစရာ မလိုဘူးလို့ ပြောလိုက်တဲ့ သတင်း၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင် က ရုရှားနိုင်ငံကို ကမ္ဘာ့ထိပ်သီးစီးပွားရေး အင်အားကြီး ၅ နိုင်ငံထဲ ပါဝင်တာ မြင်တွေ့ချင်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ သတင်း၊ လာမယ့် ဇန်နဝါရီ တတိယအပတ်မှာ အီးယူကနေ ဗြိတိန်နုတ်ထွက်မှု အပြီးသတ် မဲခွဲမယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ကြေညာခဲ့တဲ့ သတင်းတွေထဲ စောင့်ကြည့်ချင်စရာ အကောင်းဆုံး သတင်းဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် နိုင်ငံတကာသတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်တန့်လိုက်ချင်ပါတယ်။

မင်းထက်
ဒီဇင်ဘာ - ၂၄

( Zawgyi )

ယခုတစ္ပတ္ ႏိုင္ငံတကာသတင္းေတြထဲ မွတ္မွတ္သားသားျဖစ္စရာ သတင္းအခ်ိဳ႕ ရွိခဲ့ပါတယ္။ဒီထဲမွာ အင္ဒိုနီးရွားႏိုင္ငံမွာ မီးေတာင္ေပါက္ကြဲရာကေန ဆူနာမီျဖစ္ေပၚၿပီး ေဒသခံေတြ ႀကိဳမသိခဲ့တဲ့အတြက္ လူႏွစ္ရာေက်ာ္ ေသဆုံးခဲ့တဲ့ သတင္း၊ အေမရိကန္အစိုးရ ယႏၲရားေတြ ရပ္ဆိုင္းတဲ့အထိ လက္သံေျပာင္တဲ့ ထရမ့္ ၿခိမ္းေျခာက္မႈနဲ႔ ဆီးရီးယားကေန အေမရိကန္ ႐ုတ္တရက္ ထြက္ခြာတဲ့ သတင္းေတြက ထိပ္ဆုံးက ပါခဲ့ပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ ခ်က္သမၼတႏိုင္ငံမွာ ေက်ာက္မီးေသြးမိုင္းတြင္း ေျမေအာက္ မီတာ ၈၀ဝ အနက္ေလာက္မွာ မီသိန္းေပါက္ကြဲမႈျဖစ္လို႔ မိုင္းလုပ္သား ၁၃ ဦး ေသဆုံးခဲ့တဲ့ သတင္း၊ ဘရာဇီးႏိုင္ငံ အေမဇုံေဒသရွိ မန္နက္စ္ၿမိဳ႕မွာ  မီးအႀကီးအက်ယ္ေလာင္လို႔  အိမ္ေျခေပါင္း ၆၀ဝ ေက်ာ္ ဆုံးရႈံးခဲ့တဲ့ သတင္း၊ ဘရာဇီးႏိုင္ငံ ရီယိုဒီဂ်ေနး႐ိုးမွာ ပုဂၢလိကပိုင္ ေရနံခ်က္စက္႐ုံတစ္႐ုံ မီးအႀကီးအက်ယ္ ေလာင္ကြၽမ္းခဲ့တဲ့ သတင္း၊ အစၥေရးႏွစ္ဦးကို သတ္ျဖတ္ခဲ့တယ္လို႔ သံသယရွိသူ ပါလက္စတိုင္း အမ်ိဳးသား မိသားစုေနအိမ္ကို အစၥေရးစစ္တပ္က ၿဖိဳခ်ဖ်က္ဆီးခဲ့တဲ့ သတင္း၊ ဆိုမာလီႏိုင္ငံ မိုဂါဒစ္ရွဴးၿမိဳ႕ေတာ္က သမၼတအိမ္ေတာ္ရာအနီး ကားဗုံးႏွစ္လုံး ဆင့္ေပါက္မႈမွာ လူခုနစ္ဦး ေသဆုံးခဲ့တဲ့ သတင္း၊ အစၥေရးထဲ တူးေဖာက္ထားတဲ့ ဟဇ္ဘိုလာ သူပုန္အဖြဲ႕ရဲ႕ ေျမေအာက္တိုက္ခိုက္ေရး ဥမင္ေတြကို အစၥေရးစစ္တပ္က ဆက္လက္ရွာေဖြ ဖ်က္ဆီးေနတဲ့ သတင္း စတဲ့ သတင္းေတြ ျဖစ္တတ္ပါတယ္။

အစိုးရ ယႏၲရားေတြ ရပ္ဆိုင္းတဲ့အထိ လက္သံေျပာင္တဲ့ ထရမ့္

ယခုတစ္ပတ္ သတင္းေတြထဲမွာ မကၠဆီကိုနဲ႔ အေမရိကန္ၾကား နယ္စပ္တံတိုင္းကာရံမႈအတြက္ အေမရိကန္လႊတ္ေတာ္ကို အေမရိကန္သမၼတ ထရမ့္ က ကန္ေဒၚလာ ငါးဘီလ်ံ ခြင့္ျပဳေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။သမၼတ ေဒၚနယ္ထရမ့္ က  အေမရိကန္နဲ႔ မကၠဆီကို နယ္စပ္မွာ တည္ေဆာက္မယ့္ နယ္ျခားတံတိုင္းအတြက္ လႊတ္ေတာ္က ရန္ပုံေငြအတည္မျပဳခဲ့ရင္ ရွည္ၾကာတဲ့ အစိုးရယႏၲရားတန႔္ရပ္မႈ ျဖစ္ေပၚလိမ့္မယ္လို႔ လႊတ္ေတာ္ကို  ၿခိမ္းေျခာက္ခဲ့ပါတယ္။

အထက္လႊတ္ေတာ္မွာ ရီပတ္ဘလီကင္ေတြ ႀကီးစိုးေပမယ့္ ၿပီးခဲ့တဲ့ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ ေအာက္လႊတ္ေတာ္ကို ထိန္းခ်ဳပ္လို႔ရတဲ့အထိ ဒီမိုကရက္တစ္ေတြ မဲအႏိုင္ရခဲ့တဲ့အတြက္ ဒီရန္ပုံေငြအတည္ျပဳေရးအတြက္ လႊတ္ေတာ္မွာ အာဏာရပါတီနဲ႔ အတိုက္အခံပါတီၾကား  ျငင္းၾကခုံၾက ျဖစ္ေနတာပါ။ဒီဇင္ဘာ ၂၁ ရက္မွာ ထရမ့္ က တြစ္တာကေန အတိုက္အခံ ဒီမိုကရက္ေတြအေနနဲ႔ အတည္ျပဳဖို႔ ျငင္းေနမယ္ဆိုရင္ ဒီေန႔ပဲ အစိုးရယႏၲရား ရပ္တန႔္မွာလို႔ ေရးတဲ့အထိ အာဏာလြန္ဆြဲပြဲ ျပင္းထန္လာခဲ့ပါတယ္။

ထရမ့္ ေျပာၿပီး ေနာက္တစ္ရက္ ဒီဇင္ဘာ ၂၂ ရက္ကစၿပီး အေမရိကန္ အစိုးရအဖြဲ႕ရဲ႕ လုပ္ငန္းဌာနတစ္ခ်ိဳ႕ လည္ပတ္မႈ ရပ္ဆိုင္းသြားခဲ့ပါတယ္။ရပ္ဆိုင္းသြားခဲ့တဲ့ အေမရိကန္ အစိုးရလုပ္ငန္းဌာနေတြထဲမွာ ျပည္တြင္းလုံၿခဳံေရး၊ တရားေရး၊ စိုက္ပ်ိဳေရးတို႔လို ဌာနေတြ ပါခဲ့ပါတယ္။ထရမ့္ က သူေတာင္းဆိုထားတဲ့ ဘတ္ဂ်က္ ငါးဘီလ်ံကို အတည္မျပဳရင္ ရပ္ဆိုင္းသြားတဲ့ အစိုးရယႏၲရားေတြ ပုံမွန္အတိုင္း ျပန္လည္လည္ပတ္ႏိုင္ဖို႔ အခ်ိန္အတိုင္းအတာတစ္ခုအထိ ၾကာျမင့္သြားႏိုင္တယ္လို႔ အတိုက္အခံ ဒီမိုကရက္တစ္ေတြကို သတိေပးခဲ့ပါတယ္။

ထရမ့္ ဘက္ကေတာ့ ႏိုင္ငံရဲ႕ နယ္စပ္လုံၿခဳံေရးကို ျမႇင့္တင္ဖို႔ နယ္စပ္တံတိုင္း တည္ေဆာက္ေရးက မျဖစ္မေန လိုအပ္ေနတယ္လို႔ အခိုင္အမာေျပာထားတဲ့အတြက္ ေနာက္ပိုင္းမွာ ဒီကိစၥအတြက္ အေျဖမထြက္ဘဲ ေခ်ာင္ပိတ္မိေနတဲ့ အေျခအေနကို ေျဖရွင္းႏိုင္ဖို႔ ဒီမိုကရက္တစ္ အမတ္ေတြနဲ႔အၾကား ဆက္လက္ညႇိႏႈိင္းသြားမယ္လို႔ ေျပာခဲ့ပါတယ္။

ဒီအျငင္းပြားမႈထဲမွာ အျခားဌာနမ်ားအတြက္ ရန္ပုံေငြခြင့္ျပဳမႈေတြ ပါေနတဲ့ အစိုးရအလုပ္သမား ၄၀၀,၀၀၀ ေက်ာ္မွာ ယင္းအျငင္းပြားမႈ မေျဖရွင္းႏိုင္မီအထိ လစာမရဘဲ အလုပ္လုပ္ရမည္ျဖစ္သလို ေနာက္ထပ္ လူ ၃၈၀,၀၀၀ ယာယီအနားေပးခံရမည္ျဖစ္လို႔ ဒါဟာ အတိုက္အခံ ဒီမိုကရက္တစ္ေတြအတြက္ ေနာင္လာမယ့္ ေ႐ြးေကာက္ပြဲေတြမွာ ထိုးႏွက္စရာျဖစ္လာမွာ ေသခ်ာေနပါတယ္။အထက္လႊတ္ေတာ္မွာ ပိတ္မိေနတဲ့ ငါးဘီလ်ံတန္ ဘတ္ဂ်က္အျငင္းပြားမႈက ဘယ္လိုအဆုံးသတ္သြားမလဲ၊ ထရမ့္ ရဲ႕ ၾသဇာအာဏာက ဘယ္လိုျဖစ္လာမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ဒီသတင္းက လာမည့္ ေဆာင္းရာသီကာလမတိုင္မီ ေျမာက္ကိုရီးယားသို႔ ပုဂၢလိကအကူအညီမ်ား အလ်င္အျမန္ေပးပို႔ရန္ အေမရိကန္က ႀကိဳးပမ္းမယ္ဆိုတဲ့ သတင္း၊ ဆန္တာကေလာ့စ္ ဦးထုပ္ေဆာင္းၿပီး အေမရိကန္ သမၼတေဟာင္း အိုဘားမား ဝါရွင္တန္မွာရွိတဲ့ ကေလးေဆး႐ုံက လူနာေတြကို ခရစၥမတ္လက္ေဆာင္ေတြ လိုက္ေဝေပးခဲ့တဲ့ သတင္း၊ ေလာ့စ္အန္ဂ်လိစ္ၿမိဳ႕ရဲ႕ ဆိုး႐ြားတဲ့ ယာဥ္ေၾကာက်ပ္တည္းမႈကို ေျဖရွင္းဖို႔ ေျမေအာက္ဥမင္လမ္း တစ္လမ္းကို ဖြင့္လွစ္ခဲ့တဲ့ သတင္း၊ အေမရိကန္က ထပ္မံျပဳလုပ္လာလို႔ ကိုရီးယားကြၽန္းဆြယ္ န်ဴကင္းစင္ေရး လမ္းေၾကာင္းကို ထာဝရ ပိတ္ဆို႔သြားႏိုင္တယ္လို႔ ေျမာက္ကိုရီးယားက သတိေပးလိုက္တဲ့သတင္း စတဲ့ သတင္းေတြထဲမွာ ထူးထူးျခားျခားျဖစ္ေနတဲ့ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

လူႏွစ္ရာေက်ာ္အထိ ေသဆုံးခဲ့ရတဲ့ ကရာကာတိုအာ မီးေတာင္ေပါက္ကြဲမႈ

သဘာဝေဘးကို လူေတြႀကိဳသိဖို႔ ခက္ပါတယ္ဆိုတာကို ယခုတစ္ပတ္ အင္ဒိုနီးရွားမွာ ဆူနာမီေရလႈိင္း ဝင္ေရာက္လို႔ လူႏွစ္ရာေက်ာ္ ေသဆုံးခဲ့တဲ့ အျဖစ္က ထင္ထင္ရွားရွား ျပဆိုေနခဲ့ပါတယ္။

အင္ဒိုနီးရွားမွာ မီးေတာင္ေတြေပါက္ကြဲတာ သိပ္ေတာ့ ထူးဆန္းတဲ့ကိစၥ မဟုတ္ပါဘူး။ဒါေပမယ့္ လူတစ္သိန္းခြဲေက်ာ္ ေသဆုံးခဲ့ရတဲ့ ၂၀၀၄ ဆူနာမီငလ်င္ႀကီးကို ခံစားထားရတာ ဆယ္စုႏွစ္တစ္ခုသာ ၾကာေသးတဲ့အတြက္ ငလ်င္လႈပ္တိုင္း၊ မီးေတာင္ေပါက္ကြဲတိုင္း အင္ဒိုနီးရွားအတြက္ ထိတ္လန႔္တုန္လႈပ္စရာ အေျခအေနပါ။ပစိဖိတ္မီးရပ္ဝန္းလို႔ ေခၚတဲ့ မီးေတာင္အမ်ားစုတည္ရွိရာ ပစိဖိသမုဒၵရာထဲ ပါတဲ့အျပင္ ထင္ရွားတဲ့ မီးေတာင္ႀကီးေတြ အပါအဝင္ မီးေတာင္ေပါင္း ၁၂၀ ေက်ာ္ရွိတဲ့ အင္ဒိုနီးရွားမွာ ၿပီးခဲ့တဲ့အပတ္ ဒီဇင္ဘာ ၁၆ ရက္က ဆူလာေဝစီျပည္နယ္ ေျမာက္ပိုင္းက ဆိုပူတန္မီးေတာင္ ႏွစ္ခါေပါက္ကြဲလို႔ အဆိုပါမီးေတာင္နဲ႔ အနီးတစ္ဝိုက္မွာ ေနထိုင္တဲ့ ေဒသခံေတြကို ေဘးလြတ္ရာ ေျပာင္းေ႐ႊ႕ထားခဲ့ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ဒီဇင္ဘာ ၂၂ ရက္ ညပိုင္းမွာေတာ့ အင္ဒိုနီးရွားႏိုင္ငံက ဂ်ာဗားကြၽန္းနဲ႔ ဆူမားၾတားကြၽန္း ၾကားက ဆြန္ဒါေရလက္ၾကားတစ္ဝိုက္ ကမ္း႐ိုးတန္း ဧရိယာေတြကို ႐ုတ္တရက္ ဆူနာမီေရလႈိင္း ဝင္ေရာက္ခဲ့လို႔ လူ ၂၂၂ ဦး ေသဆုံးကာ ဒဏ္ရာရသူ ၅၈၄ ဦးထိ ရွိခဲ့ပါတယ္။ငလ်င္မလႈပ္ဘဲ ဆူနာမီျဖစ္ခဲ့တဲ့အတြက္ ဒါဟာ အဆိုပါေဒသခံေတြအတြက္ ေျခာက္ျခားစရာ ကိစၥပါ။အင္ဒိုနီးရွား သဘာဝေဘးအႏၲရာယ္ တုန႔္ျပန္ကာကြယ္ေရး ေအဂ်င္စီကေတာ့ အခုလိုျဖစ္တဲ့ ဆူနာမီေရလႈိင္းဟာ  ဆြန္ဒါေရလက္ၾကားမွာရွိတဲ့ ကြၽန္းတစ္ကြၽန္းက အာနက္ ကရာ ကာတိုအာ မီးေတာင္ ေပါက္ကြဲမႈေၾကာင့္နဲ႔ ဒီေရတက္သည့္ လဆန္းရက္ေၾကာင့္ အေၾကာင္းႏွစ္ခုဆုံၿပီး ျဖစ္ရတာလို႔ ဆိုပါတယ္။

ယခုဆူနာမီနဲ႔ ပတ္သက္ၿပီး အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနတဲ့ ဗီဒီယိုဖိုင္ေတြမွာ ေတးဂီတေဖ်ာ္ေျဖပြဲတစ္ခုအတြင္း ေရလႈိင္းႀကီးဝင္လာလို႔ စတိတ္စင္ၿပိဳက်ကာ တီးေနတဲ့သူေတြ ေသဆုံးေပ်ာက္ဆုံးတာေတြ ရွိခဲ့ပါတယ္။အေစာပိုင္းက ႀကိဳတင္မသိရွိရဘဲ ကမ္းေျခေတြဆီ ေရာက္ရွိလာခဲ့တဲ့ လႈိင္းလုံးႀကီးေတြေၾကာင့္ အိမ္ေျခအေဆာက္အအုံ ရာနဲ႔ခ်ီကာ ပ်က္စီးဆုံးရႈံးခဲ့ရၿပီး လူအေသအေပ်ာက္ မ်ားခဲ့ပါတယ္။အာဏာပိုင္ေတြကေတာ့ အေစာပိုင္းမွာ ဆူနာမီ မဟုတ္ဘူးလို႔ ျငင္းခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ကရာ ကာတိုအာ မီးေတာင္ေပါက္ကြဲမႈေၾကာင့္  ျဖစ္လာတာကို သိရွိရတဲ့အတြက္ ဆူနာမီလို႔ ဝန္ခံခဲ့ပါတယ္။

ဆူနာမီေရလႈိင္းဒဏ္ေၾကာင့္ ပ်က္စီးေနတဲ့ အေဆာက္အအုံေတြ အပ်က္အစီးေတြၾကားထဲ အသက္ရွင္ က်န္ရစ္သူေတြကို ရွာေဖြေနဆဲမို႔ ေသဆုံးသူအေရအတြက္က ဆက္တိုးလာဖြယ္ရွိမွာကို ေဒသခံအာဏာပိုင္ေတြ က စိုးရိမ္ေနၾကပါတယ္။

ဒီသတင္းက ယခုတစ္ပတ္ သဘာဝေဘးနဲ႔ သဘာဝဆိုင္ရာ သတင္းေတြျဖစ္တဲ့ တင္းနစ္ေဘာလုံး အ႐ြယ္အစားရွိတဲ့ မိုးသီးေတြ ဒီဇင္ဘာ ၂၀ ရက္က ၾသစေၾတးလွ်ႏိုင္ငံ ဆစ္ဒနီၿမိဳ႕ေပၚ ျပင္းထန္စြာေႂကြက်တဲ့ သတင္း၊ ေလွာင္အိမ္ထဲ တစ္ႏွစ္ေက်ာ္ အထားခံရတဲ့ ကမာၻပၚမွာ တစ္ေကာင္တည္း ရွိႏိုင္ေတာ့တဲ့ ဆြတ္ဆြတ္ျဖဴ (albino) ေမ်ာက္ဝံ အမတစ္ေကာင္ကို ေဘာ္နီယိုကြၽန္းအစြန္အဖ်ားက ေတာထဲကို ျပန္လႊတ္ေပးလိုက္တဲ့ သတင္း၊ ဖမ္းထားတဲ့ ငါးေတြကို ေဘးမဲ့ေပးထားတဲ့ ပင္လယ္ဖ်ံႀကီးေတြက ခိုးယူစားသုံးလို႔  ခ်ီလီ ငါးဖမ္းသမားေတြ ထိခိုက္ေနတဲ့ သတင္း၊ ဗန္ေကာက္မွာ ေလထုအရည္အေသြး က်ဆင္းသြားလို႔ ၿမိဳ႕ေနျပည္သူမ်ား အျပင္ထြက္သည့္အခါ ပါးစပ္၊ ႏွာေခါင္းစည္း တပ္ဆင္ထားၾကရန္ အႀကံျပဳထားတဲ့ သတင္း၊ အာဂ်င္တီးနားႏိုင္ငံမွာ ႏိုင္ငံတကာ ေရနံနဲ႔ သဘာဝဓာတ္ေငြ႕ ကုမၸဏီႀကီးေတြက အဆိပ္အေတာက္ျဖစ္ေစတဲ့ အညစ္အေၾကး စြန႔္ပစ္ပစၥည္းေတြ တရားမဝင္ စုပုံစြန႔္ပစ္ေနတယ္လို႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးအဖြဲ႕ Greenpeace က ထုတ္ေဖာ္စြပ္စြဲလိုက္တဲ့ သတင္း၊ ကေမာၻဒီးယားကို မိုဇမ္ဘစ္ကေန ပို႔လိုက္တဲ့ ကြန္တိန္နာေသတၱာထဲက ဆင္စြယ္ ၃ ဒသမ ၂ တန္ေက်ာ္ကို ေတြ႕ရွိတဲ့ သတင္းေတြထဲ အထူးအေလးထား ဖတ္ရႈရတဲ့ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

အေမရိကန္အစိုးရအဖြဲ႕အတြင္း ကြဲလြဲလာတဲ့ ဆီးရီးယား စစ္ႏုတ္ထြက္မႈ

ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၉ ရက္က ဆီးရီးယားက အိုင္အက္စ္ေတြကို ႏွိမ္ႏွင္းႏိုင္ခဲ့ၿပီျဖစ္လို႔ အေမရိကန္တပ္ေတြကို ဆီးရီးယားကေနျပန္ေခၚတဲ့ လုံးဝေမွ်ာ္လင့္မထားတဲ့ အမိန႔္ၫႊႊန္ၾကားခ်က္ကို ႐ုတ္တရက္ထုတ္ျပန္ခဲ့ပါတယ္။ထရမ့္ က တြစ္တာဗီဒီယိုတစ္ခုမွာ “ကြၽန္ေတာ္တို႔ အိုင္အက္စ္ေတြကို ႏိုင္လိုက္ၿပီ” လို႔ ေျပာခဲ့ပါတယ္။အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ က အေမရိကန္ တပ္ဖြဲ႕ဝင္ ၂၀ဝ၀ ေက်ာ္ထက္မနည္းကို ဆီးရီးယားကေန ျပန္ေခၚမယ္လို႔ တြစ္တာကေန ေျပာခဲ့ပါတယ္။ဒီလို႐ုတ္တရက္ ထုတ္ျပန္မႈေၾကာင့္ ဆီးရီးယားႏိုင္ငံအႏွံ႔ က်န္ရွိေနဆဲျဖစ္တဲ့ အိုင္အက္စ္ေတြကို တိုက္ခိုက္ေနတဲ့ အေမရိကန္ ေနာက္ခံျပဳထားတဲ့ ကာ့ဒ္တိုက္ခိုက္ေရးသမားေတြရဲ႕ အနာဂတ္က မေရမရာ အေျခအေနဆီ ေရာက္ရွိသြားခဲ့သလို ပထဝီႏိုင္ငံေရးမွာ ျပင္းျပင္းထန္ထန္ ဂယက္႐ိုက္ခတ္လာႏိုင္မႈေတြ ရွိခဲ့ပါတယ္။ဒီလို ဆီးရီးယားကေန အေမရိကန္ ထြက္ခြာတဲ့အတြက္ ေဒသတြင္းမွာ ႐ုရွနဲ႔ အီရန္တို႔ရဲ႕ၾသဇာအာဏာ ႀကီးထြားလာလိမ့္မယ္လို႔ စိုးရိမ္မႈေတြ ရွိေနပါတယ္။

ဒီလို အေမရိကန္မဟာမိတ္မ်ားႏွင့္ လႊတ္ေတာ္အမတ္မ်ားၾကား အံ့အားသင့္စရာ ထရမ့္ ရဲ႕ မထင္မွတ္ထားတဲ့ ထုတ္ျပန္မႈအၿပီး ေနာက္တစ္ရက္မွာ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး ဂ်င္မက္တစ္ က ရာထူးကေန ႏုတ္ထြက္တဲ့အေၾကာင္း ေၾကညာခဲ့ပါတယ္။ေဒၚနယ္ထရမ့္ ဆီ ေရးသားေပးပို႔တဲ့ ႏုတ္ထြက္စာမွာ သူနဲ႔ သမၼတနဲ႔ ေရရွည္သင့္ျမတ္ဖို႔မရွိေတာ့ဘူးလို႔ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး ဂ်င္မက္တစ္ က ေရးခဲ့ ပါတယ္။

ထရမ့္ ကေတာ့ လာမည့္ႏွစ္ ေဖေဖာ္ဝါရီလကုန္မွာ ဂ်င္မက္တစ္ ရာထူးမွ အနားယူမယ္လို႔ ေျပာခဲ့ေပမယ့္ ႐ုတ္တရက္ဘဲ ဒုတိယကာကြယ္ေရးဝန္ႀကီး ရွာနာဟန္ ကို ခန႔္အပ္ခဲ့ပါတယ္။

တူရကီ သမၼတ အာဒိုဂန္ ကေတာ့ ဆီးရီးယားမွာရွိတဲ့ တပ္ေတြကို အေမရိကန္က ႐ုပ္သိမ္းဖို႔ ဆုံးျဖတ္ေၾကညာၿပီး ေနာက္တစ္ရက္ျဖစ္တဲ့ ဒီဇင္ဘာ ၂၂ ရက္မွာ ဆီးရီးယားက ကာ့ဒ္ျပည္သူ႔စစ္ေတြနဲ႔ အိုင္အက္စ္ေတြကို ရွင္းထုတ္ပစ္မယ္လို႔ ႀကဳံးဝါးေျပာဆိုခဲ့ပါတယ္။အေမရိကန္ရဲ႕ ႏိုင္ငံေရးကစားမႈက ခန႔္မွန္းရခက္စရာပါ။ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၈ ရက္မွာ ကုလသမဂၢက ဆီးရီးယားႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံသစ္ ေရးဆြဲႏိုင္ေရးအတြက္ တာဝန္ခံမယ့္ ေကာ္မတီတစ္ရပ္ကို ႐ုရွ၊ အီရန္နဲ႔ တူရကီ ႏိုင္ငံတို႔က ဦးေဆာင္ဖို႔ သေဘာတူထားခဲ့တာပါ။

အစၥလာမ္ႏိုင္ငံေတြထဲမွာ ဦးေဆာင္သူေနရာရဖို႔ တူရကီ၊ ေဆာ္ဒီ၊ အီရန္တို႔ အၿပိဳင္ျဖစ္ေနရာမွာ ဆီးရီးယား ျပည္တြင္းစစ္ထဲ အင္အားခ်ိန္ခြင္လွ်ာကို ထိန္းထားသလို ျဖစ္ေနတဲ့ အေမရိကန္ဘက္က ယခုလို ႏုတ္ထြက္တဲ့အတြက္ ဘာေတြဆက္ျဖစ္လာမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္သလို ဒီဇင္ဘာ ၂၀ ရက္က တူရကီၿမိဳ႕ေတာ္ အန္ကာရာကို ေရာက္လာတဲ့ အီရန္သမၼတကို တူရကီက အေမရိကန္ရဲ႕ အီရန္ႏိုင္ငံအေပၚ အေရးယူပိတ္ဆို႔မႈေတြကို ဆန႔္က်င္ၿပီး တူရကီက အီရန္ဘက္မွ ဆက္လက္ရပ္တည္ေပးသြားမယ္လို႔ ေျပာခဲ့တာရွိတဲ့အတြက္ ေဒသတြင္း စြာလာတဲ့ တူရကီကို စစ္ပြဲထဲဆြဲထည့္ဖို႔ ထရမ့္ လုပ္ေနၿပီလားဆိုတာ စဥ္းစားစရာပါ။

ဒီသတင္းက ယခုတစ္ပတ္ ႏိုင္ငံတကာမွာျဖစ္ခဲ့တဲ သတင္းေတြထဲက ဂ်ာမနီႏိုင္ငံမွာ အလုပ္သမား ရွားပါးေနလို႔ ႏိုင္ငံျခားသား အလုပ္သမားေတြကို ဆြဲေဆာင္ႏိုင္ရန္ လူဝင္မႈႀကီးၾကပ္ေရး စည္းကမ္းမ်ားကို ေလွ်ာ့ေပါ့ေပးရန္ စီစဥ္ေနတဲ့ သတင္း၊ စပိန္အစိုးရ အစည္းအေဝးကို ဘာစီလိုနာၿမိဳ႕မွာ လာက်င္းပလို႔ ကက္တလန္ ခြဲထြက္ေရးသမားေတြ ဆႏၵျပၾကတဲ့ သတင္း၊ ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕ကို အိုင္အက္စ္ေတြရဲ႕ ႏွိပ္စက္ညႇင္းပန္းခံခဲ့ရတဲ့ ရာဇီဒီ အမ်ိဳးသမီး ၁၆ ဦး ပထမဆုံးအသုတ္အျဖစ္ ေရာက္ရွိလာတဲ့ သတင္း၊ ဘဂၤလားေဒ့ရွ္ ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးမႈေတြမွာ အသတ္ခံရမႈနဲ႔ ၿခိမ္းေျခာက္မႈေတြ ျဖစ္ပြားေနတဲ့ သတင္း၊ သမၼတ ရွီက်င့္ဖ်င္ က တ႐ုတ္ျပည္ရဲ႕ စီးပြားေရးေဖာ္ေဆာင္မႈ လမ္းေၾကာင္းကို ဘယ္သူမွ လာၿပီးအမိန႔္ေပးစရာ မလိုဘူးလို႔ ေျပာလိုက္တဲ့ သတင္း၊ ႐ုရွားသမၼတ ဗလာဒီမာ ပူတင္ က ႐ုရွားႏိုင္ငံကို ကမာၻ႔ထိပ္သီးစီးပြားေရး အင္အားႀကီး ၅ ႏိုင္ငံထဲ ပါဝင္တာ ျမင္ေတြ႕ခ်င္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္တဲ့ သတင္း၊ လာမယ့္ ဇန္နဝါရီ တတိယအပတ္မွာ အီးယူကေန ၿဗိတိန္ႏုတ္ထြက္မႈ အၿပီးသတ္ မဲခြဲမယ္လို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္က ေၾကညာခဲ့တဲ့ သတင္းေတြထဲ ေစာင့္ၾကည့္ခ်င္စရာ အေကာင္းဆုံး သတင္းျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ ႏိုင္ငံတကာသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္တန႔္လိုက္ခ်င္ပါတယ္။

မင္းထက္
ဒီဇင္ဘာ - ၂၄