【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】အကြမ်းဖက်မှုနဲ့ အာဏာတည်ဆောက်ခဲ့ချင်သူရဲ့ ဇာတ်သိမ်း

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】အကြမ်းဖက်မှုနဲ့ အာဏာတည်ဆောက်ခဲ့ချင်သူရဲ့ ဇာတ်သိမ်း

ကိုရိုနာဗိုင်းရပ်ကြောင့် အထိနာနေတဲ့ ယနေ့ကမ္ဘာအခြေအနေက ယခုရက်သတ္တပတ်အတွင်းမှာ ကမ္ဘာ့နေရာအချို့မှာ ဖြစ်ပွားခဲ့တဲ့ သဘာ၀ဘေးအန္တရာယ်တွေကြောင့် အခြေအနေပိုဆိုးရွား လာခဲ့ပါ တယ်။ ဗိုင်းရပ်စ်ကာကွယ်ဆေးအလုပ်ဖြစ်မဖြစ်ဆိုတာကို ပထမအကျော့ ဆေးဖြစ်လို့ စောင့်ကြည့်နေ စဉ်မှာဘဲ နော်ဝေမှာ ကာကွယ်ဆေးထိုးခဲ့တဲ့ သက်ကြီးရွယ်အို အချို့ သေဆုံးခဲ့ရတဲ့ အတွက် ကာကွယ် ဆေးအပေါ် စိတ်ချယုံကြည့်ရမှုက စောင်ကြည့်စရာဖြစ်ခဲ့လို့ ဗိုင်းရပ်စ်ကပ်ဘေးကို ကျော်လွှားဖို့ ကမ္ဘာ အနေနဲ့ ဘယ်အချိန် ကာလအထိ စောင့်ဆိုင်းရတော့မလဲဆိုတဲ့ အားပျက်မှုတွေ လဲ ဖြစ်လာခဲ့ပါတယ်။ ယခုရက် သတ္တပတ်မှာ စိတ် ဝင်စားစရာကောင်းခဲ့တာက အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်း ဆောင် မယ့် ဘိုင်ဒင်ရဲ့ ကျမ်းသစ္စာ ကျိန် ဆိုပွဲပါဘဲ။ ဒီမတိုင်ခင် လက်နက်ကိုင် ဆန္ဒပြသူတွေ သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲကို ဝင်စီးနင်းမှာ စိုးရိမ်တဲ့အတွက် လုံခြုံရေးကအစ အစစအရာရာပြင်ဆင်ခဲ့ရတဲ့ အထိ ဖြစ်ခဲ့ရတဲ့ အာဏာမက်လွန်းတဲ့ လူတစ်ယောက်ကြောင့် အမေရိကန်လို ကမ္ဘာအင်အားကြီးနိုင်ငံရဲ့ နှစ် တစ်ရာငါးဆယ်အတွင်းမှာ အတော်လေးထူးဆန်းပြီး မရှိဘူးတဲ့သမိုင်းမှတ်တမ်းတွင်ခဲ့ရတဲ့ အဖြစ်ပါဘဲ။ ဒီလိုအဖြစ်က လူအသေအပျောက်ရှိခဲ့တဲ့ သဘာ၀ဘေးတွေ၊ အစိုးရပြုတ်ကျနိုင်တဲ့ နိုင်ငံတကာဆန္ဒပြပွဲ တွေကို ကျော်လွန်ပြီး ယခုရက်သတ္တပတ်မှာ တကမ္ဘာလုံးစိတ်ဝင်တစားစောင့်ကြည့်ခဲ့ရတဲ့ သတင်းဖြစ် ခဲ့သလို ဒီမိုကရေစီအတွက် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တဲ့ အမေရိကန်နိုင်ငံရေးလောကအတွက်လည်း ဂုဏ်ယူဖွယ် ဖြစ်ခဲ့ပါတယ်။

ဒီလို သတိထားရတဲ့သတင်းတွေအပြင် ယခုရက်ပိုင်း နိုင်ငံတကာမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့သတင်း တွေထဲမှာ ကိုဗစ်ကပ်ရောဂါဖြစ်ပြီးနောက်ပိုင်း အွန်လိုင်းကနေမဟုတ်ဘဲ လူကိုယ်တိုင် ပထမဆုံး တက် ရောက်ကြမယ့် G-7 ထိပ်သီးအစည်းအဝေးကို ဗြိတိန်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့်သတင်း၊ ဖိလစ်ပိုင် မှာ စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်တစ်စင်းပျက်ကျလို့ လိုက်ပါလာသူတွေ သေဆုံးခဲ့တဲ့သတင်းတွေ၊ ကမ္ဘာ့ ကပ်ရောဂါအတွင်း အကြမ်းဖက်တိုက်ခိုက်ဖို့ အင်ဒိုနီးရှားက အကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားနေတယ်ဆိုတဲ့ သတင်းတွေ၊ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ဓာတ်ငွေ့ယိုစိမ့်ရာကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး ၃ ဦးသေကာ ၈ ဦးဒဏ်ရာရခဲ့တဲ့ သတင်းတွေ၊ တော်၀င်မိသားစုကိုဝေဖန်သော ရေးသားဖေါ်ပြချက်များကို အွန်လိုင်းတွင် မျှဝေသော အသက် ၆၅ နှစ်အရွယ် ထိုင်းအဖွားအိုကို ထိုင်းတရားရုံးတရုံးက အင်္ဂါနေ့တွင် ထောင် ၄၃ နှစ်ချမှတ်လိုက်တဲ့ သတင်း၊ အမေရိကန်သို့ဦးတည်တဲ့  ဟွန်ဒူးရပ်စ်ရွှေ့ပြောင်းနေထိုင် သူ ရာပေါင်းများစွာကို  ဂွာတီမာလာ အာဏာပိုင်တွေက ဟန့်တားခဲ့တဲ့ သတင်း၊ တူနီးရှားမှာ သုံးရက်ကြာ အဓိကရုဏ်းများအတွင်း ဆန္ဒပြသူ တစ်ထောင်ကျော်ကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ သတင်း၊ ဂျာမန်ဝန်ကြီးချုပ် အန်ဂျယ်လာ မာကယ်၏ CDU ပါတီ ဥက္ကဋ္ဌအဖြစ် မြောက်ရိုင်းဝက်စ်ဖေး လီးယား ပြည်နယ်ဝန်ကြီးချုပ်အာမင်လက်စ်ချက်ကို ရွေးကောက်ခဲ့တဲ့ သတင်းတွေရှိခဲ့ပါတယ်။

ဒီထဲက ပထမဆုံး သဘာ၀ဘေးတွေကြောင့် ဖြစ်ရတဲ့ သေကြေမှုတွေ ၊အိုးအိမ်အဆောက်အဦး ပျက်စီးဆုံးရှုံးမှုသတင်းတွေထဲမှာ ယခုရက်သတ္တပတ်သတင်းထဲမှာ စောင့်ကြည့်နေရတဲ့ သတင်းတွေရှိခဲ့ပါ တယ်။

ငလျင်နှင့် ရေကြီးမြေပြိုမှုများ

 ယခုတစ်ပတ်ထဲမှာ အင်အားရစ်ချ်တာစကေး ၆ အထက်ရှိတဲ့ ငလျင်ကြီး နှစ်ခုလှုပ်ခဲ့ပါတယ်။ ထူးဆန်းတာက ကမ္ဘာ့ဟိုဘက်၊ဒီဘက်အခြမ်းမှာ လှုပ်ခတ်ခဲ့တာပါ။ဇန်နဝါရီ ၁၅ ရက်က အင်ဒိုနီးရှားနိုင်ငံ ဆူလာ‌ဝေစီကျွန်းမှာ ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခဲ့လို့ အကြီးအကျယ် ပျက်စီးခဲပြီး အနည်းဆုံး လူပေါင်း ၈၄ ဦး သေဆုံးပြီး လူထောင်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ငလျင်ကြောင့် ပင်လယ် ကမ်းခြေမြို့ဖြစ်တဲ့  မာမူဂျူမြို့က အထိနာခဲ့ပြီး လမ်းတွေ အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ပါတယ်။

ပစိဖိတ်မီးစက်ကွင်းလို့ခေါ်တဲ့ ပစိဖိတ်အနားသပ်နေရာမှာရှိတဲ့ အင်ဒိုနီးရှားကျွန်းတွေမှာ ဒီလို မကြာခဏငလျင်လှုပ်ခတ်မှုတွေရှိခဲ့သလို မကြာသေးတဲ့ ကာလဖြစ်တဲ့ ၂၀၀၄ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းမှာ ရစ်ချ်တာစကေး ၉ အဆင့်ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့လို့ ဆူနာမီဖြစ်ပြီး လူပေါင်း နှစ်သိန်းကျော်သေဆုံးခဲ့ရပါသေးတယ်။ ဒီနေရာမှာ တစ်၀ိုက်မှာ Subduction Zone လို့ခေါ်တဲ့ မြန်မာ ကျောက် ထုချပ်နှင့် အိန္ဒိယကျောက်ထုချပ်တို့ ထိစပ်နေတဲ့ တစ်လျှောက်ဖြစ်နေတာဖြစ်ပြီး ဒီထဲမှာ မြန် မာ၊ အိန္ဒိယနှင့် အင်ဒိုနီး ရှားအပြင် အာရှဒေသတွင်း နိုင်ငံအချို့လည်းပါဝင်နေပါတယ်။ ဒီလို ဆူလာဝေ စီမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်က ယခုနှစ်စမှာ တာထွက်ပြင်းခဲပြီး ဆူနာမီ သတိပေး ချက်မထုတ်ခဲ့ ပေမယ့် အသေအပျောက်က များခဲ့ပါတယ်။ ဒီလိုအင်ဒိုနီးရှားမှာ ငလျင်လှုပ်ပြီး ရက်ပိုင်းအကြာမှာ ကမ္ဘာတစ်ဖက် ခြမ်း ချီလီနဲ့ အာဂျင်တီးနားမှာ ပြင်းအားအဆင့်တူ ငလျင် တစ်ခုထပ်လှုပ်ခတ်ခဲ့ပါတယ်။  အင်အား ၆ ဒသမ၄ အဆင့်ရှိတဲ့ ဒီငလျင်ကြောင့် ချီလီအလယ်ပိုင်းနဲ့ အာဂျင်တီးနားနယ်စပ်အထိ လှုပ်ခတ်မှုကို ပြင်း ပြင်းထန်ထန်ခံစားခဲ့ရပါတယ်။လမ်းတွေ အဆောက်အဦးတွေ ထိခိုက်ခဲ့ပေမယ့် လေးဦးဘဲထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

 ငလျင်တွေက ဒီရက်ပိုင်းမှာ ဆက်တိုက်ဆိုသလိုပါဘဲ။ တူရကီမှာ ၄ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ် ခတ်ခဲ့သလို ကိုလံဘီယာမှာလည်း ၅ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခုလည်း ကိုလံဘီယာမှာလှုပ်ခဲ့တာရှိပါ တယ်။ နေ့စဉ်နဲ့ အမျှ ကမ္ဘာရဲ့ တစ်နေရာမဟုတ် တစ်နေရာမှာလှုပ်ခတ်တာ သိပ်တော့ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပေမယ့် ပြင်းအားကြီး ငလျင်တွေပါလာတာတော့ သတိထားဖို့လိုနေတာအမှန်ပါဘဲ။ ယခုနှစ်ဆန်း မှာ ၆ အထက်ငလျင်တွေနှစ်ခုအထိ လှုပ်ခတ်ခဲ့တာမို့ စောင့်ကြည့်သင့်တဲ့အခြေအနေပါ။ ငလျင်လို့ သဘာ ၀ဘေးအပြင် ရေကြီးတာတွေကလည်း ဖြစ်ခဲ့ပါသေးတယ်။ တောင်အမေရိကတိုက်နိုင်ငံတစ်ခုဖြစ်တဲ့ ဘိုလီးဗီးယားမှာ မိုးသည်းထန်စွာ ရွာလို့ မြစ်ရေလျံတက်ပြီးရေကြီးနေတာ အတော်လေးအခြေအနေဆိုး နေပါတယ်။ ရုပ်သံမြင်ကွင်းတွေမှာ ကားတွေပါ ရေထဲမြောပါနေသလို မနေ့ကအထိတော့ လူတစ်ဦး သေဆုံးပြီး အတော်များများပျောက်ဆုံးနေသလို ကယ်ဆယ်ရေးလုပ်ဆောင်နေရတုန်းဖြစ်ပါတယ်။

ဒီလိုသဘာ၀ဘေးတွေနဲ့ လုံးထွေးနေရတဲ့ အခြေအနေမှာ မီးတောင်တစ်လုံးထပေါက်တာ အင်ဒို မှာ ဒီတစ်ပတ်အတွင်းဖြစ်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံအတွက် ယခုရက်သတ္တပတ်က သဘာ၀ဘေးတွေ ဆက်တိုက်ကြုံရတဲ့ ရက်သတ္တပတ်လို့တောင် ပြောလို့ရတဲ့ ရက်သတ္တပတ်ပါဘဲ။ အင်ဒိုနီးရှားနိုင်ငံ ကာလီ မန်တန်တောင်ပိုင်းနှင့် ဆူလာဝေစီမြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းလို့ ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားကာ လူ ၅ ဦးအနည်းဆုံးသေဆုံးပြီး တစ်ဦးပျောက်ဆုံးကာ လူပေါင်း ၁၁၂၀၀၀ ကျော်မှာ အိုးမဲ့အိမ် မဲ့ဖြစ်ခဲ့ရပါတယ်။ဒါဟာ အရှေ့ဂျာဗားဖြစ်တဲ့ မယ်ရာပီမီးတောင်ပြည်လည်လှုပ်ခတ်ကာ ချော်ရည်တွေ ကျ ဆင်းပေါက်ကွဲလို့ ဒေသခံတွေကို သတိပေးရွှေ့ပြောင်းရချိန်မှာ အနောက်ဆူ လာဝီစီမှာ ငလျင်လှုပ်လို့ လူ ပေါင်း ၉၁ဦးထိသေဆုံးကာ လူဒါဇင်နဲ့ချီပြီး ပျောက်ဆုံးခဲ့တဲ့ အဖြစ်ကိုကြုံနေရတာပါ။

 ငလျင်ကြောင့် ကယ်ဆယ်ရေးတွေနဲ့ အင်ဒိုနီးရှားမှာ လုံးထွေးနေရချိန်မှာ တရုတ်နိုင်ငံအရှေ့ပိုင်း ပြည်နယ်တစ်ခုမှာတော့ ရွှေမိုင်းတစ်ခုပေါက်ကွဲလို့ မိုင်းလုပ်သားတွေ ပိတ်မိနေလို့ ကယ်ဆယ်ရေးတွေ လုပ် နေရပါတယ်။ ဇန်နဝါရီ ၁၀ ရက်က တရုတ်အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်ရှိ ဟူရှန်းမိုင်းတွင်းမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုမှာ ယခုထိ မိုင်းတွင်းပိတ်မိနေတဲ့ မိုင်းလုပ်သား ၂၂ ဦးရဲ့သေမလားရှင်မလားကံကြမ္မာက ယခုထိ မသေချာသေးပါဘူး။ လောလောဆယ်မှာတော့ မိုင်းလုပ်သား ၁၂ ဦးအသက်ရှင်နေတာကို သိပြီး ကျန် ၁၀ဦးအခြေအနေကို မသိရသေးပါဘူး။အဆက်အသွယ်ရတဲ့ မိုင်းလုပ်သားတွေက မြေအောက် မီတာ ၆၀၀ လောက်မှာ ရှိနေတာပါ။ ယခုဆို ပိတ်မိနေတာ ဆယ်ရက်ကျော်ပြီမို့ တကမ္ဘာလုံးက ဒီကယ်ဆယ် ရေးကို စိတ်ဝင်တစားစောင့်ကြည့်နေသလို အချိန်ယူပြီး ကယ်တင်ရမယ့် အနက်ကို ရောက်နေတဲ့ အ တွက် အတော်လေး ခက်ခဲတဲ့အခြေအနေပါဘဲ။ ဒီတစ်ပတ်သဘာ၀ဘေးနဲ့ မတော်တဆဘေးတွေက လူသားတွေအတွက် ရှေ့ဆက်ကြုံနေရမယ့် စိန်ခေါ်မှုတွေက ပိုပြီး ရက်စက်ခက်ခဲလာတယ်ဆိုတာကို ပြသနေသလို မြေအောက် အနက် မီတာ ၆၀၀ အနက်က ဒီကယ်ဆယ်မှု ဖြစ်မြောက်ဖို့ ကြိုးစားနေတဲ့  လူသားတွေရဲ့ အားမာန်က ဆိုးဝါးတဲ့ အခက်အခဲတွေကို ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာ ဆက်စောင့် ကြည့်ရမှာ ဖြစ်ပါတယ်။

 

အိမ်ဖြူတော်ကို ခြိမ်းခြောက်ပြီး ထွက်ခဲ့တဲ့ ထရမ့်

 

အမေရိကန်ရွေးကောက်ပွဲသမိုင်းမှာ ရုပ်အဆိုးဆုံးဖြစ်ခဲ့တဲ့  ယခုနှစ် အမေရိကန်ရွေးကောက်ပွဲက သမ္မတရာထူးလွှဲပြောင်းပေးရတဲ့ အချိန်ဖြစ်တဲ့ ဇန်နဝါရီ ၂၀ ရက်အထိ ရင်တမမဖြစ်နေရဆဲပါ။ အီရတ်နဲ့ အာဖဂန်မှာ ချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ထက်သာတဲ့ အမျိုးသားလုံခြုံရေး အစောင့် တပ်ဖွဲ့ဝင်နှစ်သောင်းခွဲကို သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ချထားခဲ့ရတာကိုကြည့်ရင် ဘယ်လောက် ထိ ဒီအခမ်းအနားကို အမေရိကန်အာဏာပိုင်တွေ စိုးရမ်ပူပန်နေရသလဲဆိုတာ မြင်နိုင်မှာဖြစ်ပါတယ်။ တကယ်ဘဲ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဒေါ်နယ်လ်ထရမ့်က  သမ္မတရွေးကောက်ပွဲကို ဖျက်လိုဖျက် ဆီးလုပ်နိုင်တဲ့ သူလားဆိုတာ ပြန်ဆန်းစစ်စရာ ဖြစ်ခဲ့ပါတယ်။

 အစောပိုင်းရွေးကောက်ပွဲရလဒ်တွေကို ကန့်ကွက်ခဲ့တဲ့ ထရမ့်အနေနဲ့ ပြည်နယ်တရားရုံးတွေမှာ အထောက်အထားမရှိတဲ့ မဲမသမာမှုဆိုတဲ့ တိုင်ကြားရာမှာ ရှုံးနိမ်ခဲ့တဲ့ အခါ ရွေးကောက်ပွဲအနိုင်ရကြောင်း ကြေညာမယ့် အမေရိကန်အထက်လွှတ်တော်ကတ်ပီတိုလ်ကို သူကိုထောက်ခဲ့တဲ့သူတွေနဲ့ စီးနင်းခဲ့ပါ တယ်။ ဒါဟာ အမေရိကန်သမိုင်းမှာ နိုင်ငံရဲ့ အချုပ်အခြာအာဏာအရှိဆုံး သမ္မတကိုယ်တိုင်က အကြမ်း ဖက်သူတွေကို လွှတ်တော်ထဲ ဝင်စီးနင်းဖို့ လှုံဆော်ပေးခဲ့တာဖြစ်လို့ သမိုင်းမှာဖြစ်တောင့်ဖြစ်ခဲ့အခြေ အ နေပါဘဲ။ ဒီဖြစ်ရပ်ကြောင့် ဒီမိုကရေစီကိုတန်ဖိုးထားတဲ့ အမေရိကန်နိုင်ငံရေးသမားတွေအတွက် တုန့်လှုပ် စရာ ဖြစ်ခဲ့ပါတယ်။ ဒီလို အာဏာကို အကြမ်းဖက်တဲ့ နည်းနဲ့ရယူဖို့ ကြိုးစားတဲ့‌အတွက် တစ်လျှောက်လုံး ထရမ့်နဲ့ အတူ တစ်စိတ်တစ်ဝမ်းတည်းရှိခဲ့တဲ့ အိမ်ဖြူတော်အကြီးတန်းအရာရှိတွေ၊ ဝန်ကြီးတွေ၊ ရီပတ်ဘီ ကန်အမတ်တွေ နူတ်ထွက်တာ၊ ထရမ့်နဲ့ လမ်းခွဲတာတွေတဲ့ အထိဖြစ်ခဲ့ပါတယ်။

ဒီလိုအခြေအနေကြောင့် စိတ်ထင်ရာပေါက်လုပ်တတ်တဲ့ ထရမ့်ကို အမေရိကန်အုပ်ချုပ်ရေး အဖွဲ့ က အတော်လေးနိုင်ငံလုံခြုံရေးအတွက် စိုးရိမ်စရာကောင်းတဲ့ သူမို့ လက်ကျန် သမ္မတသက်တမ်းတောင် သူ့လက်ထဲက သမ္မတအာဏာကို ရုပ်သိမ်းဖို့ ကြိုးစားခဲ့ရတဲ့ အထိပါဘဲ။ ဒီလိုအခြေအနေတွေကြောင့် ထရမ့်ထောက်ခံသူတွေရဲ့ အန္တရာယ်က စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။အထူးသဖြင့် ရွေးကောက်ခံသမ္မတ  ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအတွင်း ဝါရှင်တန်ဒီစီနဲ့ အခြားပြည်နယ် မြို့တော်တွေမှာ ဆန္ဒပြပွဲများ ပြုလုပ်ရန် အွန်လိုင်းလှုပ်ရှားမှုတွေ့ရှိလာလို့ ဒီပွဲမှာ ထရမ့်ထောက်ခံသူတွေဘက်က အကြမ်းဖက်လာနိုင် တဲ့ အန္တရာယ်ကို စိုးရိမ်နေရတာပါ။ သမ္မတကနေဒီကို လုပ်ကြံတာခံခဲ့ရဘူးတဲ့ အမေရိကန်လိုနိုင်ငံမှာ ဒီလို ဖြစ်ရပ်မျိုးထပ်မံမပေါ်ပေါက်ဘူးလို့ ပြောလိုမရတဲ့ အတွက် အမေရိကန်အာဏာပိုင်တွေက လုံခြုံရေးကို အတော်လေးအားစိုက်ခဲ့တာကိုတွေ့ရပါတယ်။

 ဘိုင်ဒင်က အမေရိကန်သမ္မတထဲမှာ ၄၆ ယောက်မြောက် သမ္မတဖြစ်လာမယ့်သူဖြစ်တဲ့ အပြင် အသက်လည်းအကြီးဆုံးပါ။ဒီနှစ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကလည်း ပြင်းထန်တဲ့အတွက် ဘိုင်ဒင်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲက ယခင်ကကျင်းပခဲ့ဘူးတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲတွေနဲ့ မတူဘဲ တက်ရောက် သူ နည်းခဲ့သလို လုံခြုံရေးအခြေအနေကြောင့်လည်း ကျမ်းသစ္စာကျိန်ဆိုပွဲကျင်းပမယ့် ဝါရှင်တန်မှာလည်း အမျိုးသားအစောင့်တပ်ဖွဲဝင် နှစ်သောင်းခွဲနဲ့ ဒင်းကြမ်းပြည့်နေခဲ့ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲရက်ဖြစ်တဲ့ ဇန်နဝါရီ ၂၀ရက်မရောက်ခင်မှာ ဇန်နဝါရီ ၁၇ ရက်မှာ  အိုဟိုင်းယိုးနဲ့ မီချီဂန်ပြည်နယ်တွေမှာ အစိုးရ ဆန့်ကျင်တဲ့ လက်နက်ကိုင်ဆောင်ပြီး ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

ဒီလိုဆန္ဒပြတာကို ဆိုရှယ်မီဒီယာကနေ တစ်ချို့ရဲ့သွေးထိုးလှုံ့ ဆော်ခဲ့ကြပေမယ့် လူတွေ လမ်း ပေါ်ထွက်မလာကြတာကြောင့် ဘာမှ ဆိုးဆိုးဝါးဝါးမဖြစ်ခဲ့ဘဲ ထိန်းနိုင် ခဲ့ပါတယ်။ အာဏာပိုင်တွေက ကွန်ဂရက်လွှတ်တော်ကို ဝင်စီးနင်းတဲ့ ဖြစ်ရပ်တုန်းက ထရမ့်ကိုထောက်ခံတဲ့ ရဲတပ်ဖွဲ့ဝင်တွေ လွတ် တော် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝင်စီးနင်းတာကို ခွင့်ပြုခဲ့တာမျိုးရှိခဲ့တဲ့ အတွက် ကျမ်းသစ္စာကျိန် ဆိုပွဲ အတွက် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် နှစ်သောင်းငါးထောင်ကို လုံခြုံရေးချရတဲ့အခါ အတွင်းထဲကနေ လုံခြုံရေးစည်းပေါက်မှာစိုးလို့ တပ်ဖွဲ့ဝင် နှစ်သောင်းငါးထောင်ကို FBIက နေ နောက်ကြောင်းစစ်ဆေးတဲ့ အခါ ထရမ့်ကိုထောက်ခံတဲ့ အစွန်းရောက်လူဖြူအဖွဲ့အစည်းတွေနဲ့ ဆက်စပ် နေတဲ့ တပ်ဖွဲ့ဝင် ၁၂ဦးကို ဖယ်ထုတ်ခဲ့ရပါတယ်။ ဒီ‌လောက်ထိ လုံခြုံရေးစည်းအထပ်ထပ်ချခဲ့တဲ့ အတွက် ဘိုင်ဒင်ရဲ့ ကျမ်းသစ္စာကျိန် ဆိုပွဲက အနှောင့်အယှက်မရှိပြီးဆုံးခဲ့ပါတယ်။

ဇန်နဝါရီ ၂၀ ရက်မှာ ပြုလုပ်ခဲ့တဲ့ ဘိုင်ဒင်ရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲကို အမေရိကန်လွှတ်တော် အ ဆောက်အအုံ အရှေ့ဘက်မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲမတိုင်ခင်မှာ  ထရမ့်က အစဉ်အလာကို ချိုးဖေါက်ပြီး သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲ မတက်ရောက်ဘဲ အိမ်ဖြူတော်ကနေ  နံနက် ၈ နာရီ ၁၈ မိနစ်မှာ အင်ဒရူး ပူးတွဲစစ်စခန်းကို  ရဟတ်ယာဉ်နဲ့ထွက်ခွာသွားခဲ့ပါတယ်။ ဒါအတော်လေးကို ရုပ်ပျက်ဆင်းပျက်အနိုင်ဆုံး ကိစ္စ ဖြစ်ပြီး သူ့အစား ဒုသမ္မတမိုက်ပန့်စ်က တက်ရောက်ခဲ့ရပါတယ်။ ဒါပေမယ့် ပြည်သူတွေကို ကြိုတင်ရိုက်ကူး ထားတဲ့ ဗီဒီယိုကနေ နူတ်ဆက်မိန့်ခွန်းပြောခဲ့ရာမှာတော့  သူ့ကို ကာကွယ်ထောက်ခံပေးခဲ့တဲ့ တနိုင်ငံလုံး မှ လျှို့ဝှက်ထောက်လှမ်းရေး၊ လက်နက်ကိုင်တပ်များနဲ့ တရားဥပဒေစိုးမိုးရေးအရာရှိများကို ကျေးဇူးတင် ကြောင်း ပြောခဲ့သလို သူလက်ထက် အောင်မြင်မှုတွေကို ဇောင်းပေးပြီး ပြောခဲ့ပါတယ်။ ဒီထဲမှာ မကြာခင် မကြာမီပြန်တွေ့မယ်ဆိုပြီး ထူးထူးခြားခြားပြောခဲ့ပါတယ်။

ထရမ့်အိမ်ဖြူတော်က ထွက်ခွာရာမှာ စစ်တပ်အခြေစိုက်စခန်းမှာ ကြီးကျယ်ခမ်းနားတဲ့ အခမ်းအ နားလုပ်ဖို့ စီစဉ်ညွှန်ကြားခဲ့ပေမယ် လူအနည်းငယ်သာလာရောက်ခဲ့ပါတယ်။ ဒီနူတ်ဆက်ပွဲကို ထိပ်တန်း ရီပတ်ဗလစ်ကန် ခေါင်းဆောင်တွေဖြစ်တဲ့ အောက်လွှတ်တော်ခေါင်းဆောင်ကီဗင်မက္ကာသီနဲ့ အထက်လွှတ် တော်လူများစုခေါင်းဆောင်မစ်ချ်မက်ကွန်းနဲလ်တို့ လည်းမလာခဲ့ပါဘူး။သမ္မတသက်တမ်းတစ်လျှောက်လုံး သူဘက်ကရပ်တည်ခဲ့တဲ့ ဒု-သမ္မတမိုက်ပန့်စ်လည်း သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲတက်နေရတဲ့ အတွက်  မလာရောက်ခဲ့တဲ့အတွက် ထရမ့်ရဲ့ ကျဆုံးခန်းက အတော်လေးသံဝေဂရစရာပါ။ ထရမ့်အနေနဲ့ သူနောက် ဆုံးမိန့်ခွန်းပြောချိန်မှာ လူထုလှုပ်ရှားပွဲဖြစ်အောင် မျှော်လင့်ထားခဲ့ပေမယ့် လူသိပ်မလာခဲ့တဲ့ အတွက် ထရမ့်သက်တမ်းအတွင်း လူအနည်းဆုံးလူထုစည်းဝေးပွဲသာဖြစ်ခဲ့ပါတယ်။

တစ်ဘက်မှာတော့ ဘိုင်ဒင်ရဲ့ သမ္မတရာထူးကျမ်းသစ္စာကျိန်ဆိုပွဲကို လူနည်းအောင် စီစဉ်ပြီး လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားလို့ ဝါရှင်တန်ဒေသခံတွေ မကျေမနပ်ဖြစ်မယ်လို့ ထင်ပေမယ့် ပြည်သူတွေက အခြေအနေကို နားလည်လက်ခံထားလို့ ဘာပြဿနာမှ မဖြစ်ခဲ့ပါဘူး။ ဘိုင်ဒင်ရဲ့ ကျမ်း သစ္စာကျိန်ဆိုပွဲကို ကမ္ဘာအရပ်ရပ်က စောင့်ကြည့်ခဲ့သလို ယခင်သမ္မတများဖြစ်တဲ့ ဘားရက်အိုဘားမား၊ ဘေလ်ကလင်တန်၊ ဂျော့ဘုရှ်တို့တက်ရောက်ခဲ့သလို ဥရောပခေါင်းဆောင်တွေ အပါအဝင် နိုင်ငံ တကာ ခေါင်းဆောင်တွေက ကြိုဆိုခဲ့ကြပါတယ်။ သမ္မတကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပထမဆုံးတာဝန်ထမ်း ဆောင်တဲ့ရက်မှာဘဲ  အုပ်ချုပ်ရေးအမိန့် ၁၅ စောင်လက်မှတ်ရေးထိုးကာ  လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေ အမိန့်တွေ ၊ တားမြစ်ရမယ့် ကြေညာချက်တွေကို ဆက်တိုက်ထုတ်ပြန်ခဲ့ပါတယ်။အုပ်ချုပ်ရေးအမိန့်များ ထုတ်ပြန်ရခြင်းနှင့်ပတ်သက်တဲ့ ကြေညာချက်မှာတော့ ထရမ့်အစိုးရ၏ ပြင်းထန်သော အဖျက်အဆီးများကို ပြုပြင်ရန်သာမက နိုင်ငံကို လည်း ရှေ့ဆက်နိုင်အောင်လုပ်မည်ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

လူဦးရေ လေးသိန်းကျော် ဆုံးရှုံးခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ကိုင်တွယ်ဖို့ နှာခေါင်းစည်း မဝတ်မနေရ၊ လူမှုခွဲခြားနေထိုင်မှု မလုပ်မနေရအမိန့်တွေကိုထုတ်ပြန်ခြင်းနဲ့ စလိုက်တဲ့ ဘိုင်ဒင်ရဲ့သမ္မတ သက်တမ်း အစက ထရမ့်နဲ့ ကွဲပြားနေတာအမှန်ပါဘဲ။ထရမ့်ဘာတွေ မှားခဲ့လဲဆိုတာ သမိုင်းဆရာတွေ ထက် ဘိုင်ဒင်ကို မဲပေးခဲ့ကြတဲ့ ပြည်သူတွေက ပိုသိခဲ့ပါတယ်။ ဗိုင်းရပ်စ်လို ကပ်ဘေးကို လျစ်လျူရှုပြီး တစ်နှစ်အ တွင်းလူလေးသိန်းကျော်သေဆုံးခဲ့ရတာကို ပေါ့ပေါ့ပါးပါးတာဝန်မရှိသလို နေခဲ့သလို လူဖြူ လူမည်းပြဿနာ ကို နိုင်ငံအတွင်းမှာ တစ်ဖန်အစပြုစေခဲ့တဲ့ ထရမ့်ရဲ့တာဝန်မဲ့တဲ့ လုပ်ရပ်တွေက အမေရိ ကန် လို့ နိုင်ငံကြီးတစ် ခုက နိုင်ငံခေါင်းဆောင်တစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ စရိုက်လက္ခဏာအမှန်တော့ မဟုတ်ခဲ့ပါဘူး။

တစ်ကယ်တော့ ထရမ့်ရဲ့လုပ်ရပ်တွေက အမေရိကန်နိုင်ငံသားတွေကို အတော်လေး အရှက် ရစေ ခဲ့ပါတယ်။ ဘာကြောင့်ဆို အမေရိကန်လို နိုင်ငံတကာမှာ အကြမ်းဖက်တိုက်ဖျက်ရေးကို ဦး ဆောင်နေတဲ့ နိုင်ငံရဲ့ နိုင်ငံခေါင်းဆောင်ကိုယ်တိုင်က အကြမ်းဖက်မှုဖြစ်အောင် အားပေးအားမြှောက် ကာယကံမြောက် လှုံဆော်နေတာ ၊ နှစ်ပေါင်း ၁၅၀အတွင်း  အမေရိကန်သမိုင်းမှာမရှိခဲ့ဘူးတဲ့ နိုင်ငံရဲ့အရေးအပါဆုံးအစည်း အဝေးကျင်းပနေချိန်မှာ သူထောက်ခံသူတွေကို အကြမ်းဖက်မှုဆန်ဆန် လွှတ်တော်ကို ဝင်စီးဖို့ မြောက် ပေးပြီး ဥပဒေပြုအမတ်တွေ အသက်ဘေးကလွတ်အောင် ထွက်ပြေးရတာတွေက ကြားလို့မှ မကောင်း  အမေရိကန်နိုင်ငံသားတွေအတွက်  နာကျင်စရာကောင်းတဲ့ သမိုင်းမှတ်တမ်းတွင်တဲ့ ဖြစ်ရပ်တွေပါဘဲ။  

အမျိုးသားရေးဝါဒီအရေခြုံပြီး အာဏာကို ငမ်းငမ်းတက်ခဲ့တဲ့ လူတစ်ယောက်ကြောင့် နိုင်ငံတစ် ခုရဲ့ သမိုင်းအစဉ်အလာကောင်းက အမည်းစက်စွန်းထင်းခဲ့ပြီ ဖြစ်ပါတယ်။ သမ္မတသက်တမ်းတစ် လျှောက်လုံး စိတ်ထင်ရာထထလုပ်တတ်တဲ့ ထရမ့်ရဲ့ အင်ဒရူး ပူးတွဲစစ်စခန်းမှာ လုပ်တဲ့ သမ္မတရာထူး နူတ်ဆက်မိန့်ခွန်းမှာ “အစိုးရသစ်ကို အာဏာလွှဲပေးဖို့ အခုပြင်ဆင်နေရင်း ကျနော်တို့ စတင်ခဲ့တဲ့ လှုပ်ရှား မှုဟာ အခုမှ အစပဲရှိသေးတယ်ဆိုတာ ခင်ဗျားတို့ကို ကျနော်သိစေချင်တယ်” လို့ ပြောခဲ့တဲ့ အတွက် နိုင်ငံရေးဇာတ်ခုံပေါ်ကို ထရမ့်ဘယ်နည်းနဲ့ရောက်လာဦးမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းလာပါ တယ်။

အကြမ်းဖက်မှုနဲ့ အာဏာကို ရယူဖို့ ကြံစည်ခဲ့တဲ့ ထရမ့် ရဲ့ ဇာတ်သိမ်းက ဘာတွေ ဖြစ်လာဦးမလဲ၊ ကျင့်ဝတ်မရှိတဲ့ ကတိကဝတ်မတည်တဲ့ အာဏာရမ္မက်ကြီးလွန်းတဲ့ လူတစ်ယောက် အထွဋ် အထိပ်နေရာ ကို ရလာတဲ့ အခါ သူနိုင်ငံကိုသာမက ကမ္ဘာကိုပါ ဘာတွေ ဖြစ်စေခဲ့လဲ ဘာတွေ ပျက်စီး အကျိုးယုတ်စေခဲ့ သလဲဆိုတာ အမေရိကန်သမ္မတထရမ့်ရဲ့ အဖြစ်က ပြခဲ့ပြီး ဖြစ်ပါတယ်။

အာဏာနဲ့ ပတ်သက်လာရင် လုပ်သင့်တာ မလုပ်သင့်တာတောင် မခွဲခြားတဲ့ ထရမ့်တစ်ယောက် ဘိုင်ဒင်ရဲ့ သမ္မတလေးနှစ်သက်တမ်းအတွင်း လူမျိုးရေးအစွန်းရောက်တွေ၊ ဘာသာရေးအစွန်းရောက် တွေကို အသုံးချပြီး အမျိုးသားရေးဝါဒီအရေခြုံကာ အာဏာပြန်ရဖို့ ဘာတွေ ကြံဦးမလည်း၊ အမေရိကန် နိုင်ငံအတွင်း ဘာတွေ သွေးကွဲအောင် ထပ်လှုံဆော်ဦးမလဲ ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံ တကာ သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင် ပါတယ်။

မင်းထက်

(  Zawgyi  )

 

 ကို႐ိုနာဗိုင္းရပ္ေၾကာင့္ အထိနာေနတဲ့ ယေန႔ကမာၻအေျခအေနက ယခုရက္သတၱပတ္အတြင္းမွာ ကမာၻ႔ေနရာအခ်ိဳ႕မွာ ျဖစ္ပြားခဲ့တဲ့ သဘာ၀ေဘးအႏၲရာယ္ေတြေၾကာင့္ အေျခအေနပိုဆိုး႐ြား လာခဲ့ပါ တယ္။ ဗိုင္းရပ္စ္ကာကြယ္ေဆးအလုပ္ျဖစ္မျဖစ္ဆိုတာကို ပထမအေက်ာ့ ေဆးျဖစ္လို႔ ေစာင့္ၾကည့္ေန စဥ္မွာဘဲ ေနာ္ေဝမွာ ကာကြယ္ေဆးထိုးခဲ့တဲ့ သက္ႀကီး႐ြယ္အို အခ်ိဳ႕ ေသဆုံးခဲ့ရတဲ့ အတြက္ ကာကြယ္ ေဆးအေပၚ စိတ္ခ်ယုံၾကည့္ရမႈက ေစာင္ၾကည့္စရာျဖစ္ခဲ့လို႔ ဗိုင္းရပ္စ္ကပ္ေဘးကို ေက်ာ္လႊားဖို႔ ကမာၻ အေနနဲ႔ ဘယ္အခ်ိန္ ကာလအထိ ေစာင့္ဆိုင္းရေတာ့မလဲဆိုတဲ့ အားပ်က္မႈေတြ လဲ ျဖစ္လာခဲ့ပါတယ္။ ယခုရက္ သတၱပတ္မွာ စိတ္ ဝင္စားစရာေကာင္းခဲ့တာက အေမရိကန္သမၼတအျဖစ္ တာဝန္ထမ္း ေဆာင္ မယ့္ ဘိုင္ဒင္ရဲ႕ က်မ္းသစၥာ က်ိန္ ဆိုပြဲပါဘဲ။ ဒီမတိုင္ခင္ လက္နက္ကိုင္ ဆႏၵျပသူေတြ သမၼတက်မ္းသစၥာ က်ိန္ဆိုပြဲကို ဝင္စီးနင္းမွာ စိုးရိမ္တဲ့အတြက္ လုံၿခဳံေရးကအစ အစစအရာရာျပင္ဆင္ခဲ့ရတဲ့ အထိ ျဖစ္ခဲ့ရတဲ့ အာဏာမက္လြန္းတဲ့ လူတစ္ေယာက္ေၾကာင့္ အေမရိကန္လို ကမာၻအင္အားႀကီးႏိုင္ငံရဲ႕ ႏွစ္ တစ္ရာငါးဆယ္အတြင္းမွာ အေတာ္ေလးထူးဆန္းၿပီး မရွိဘူးတဲ့သမိုင္းမွတ္တမ္းတြင္ခဲ့ရတဲ့ အျဖစ္ပါဘဲ။ ဒီလိုအျဖစ္က လူအေသအေပ်ာက္ရွိခဲ့တဲ့ သဘာ၀ေဘးေတြ၊ အစိုးရျပဳတ္က်ႏိုင္တဲ့ ႏိုင္ငံတကာဆႏၵျပပြဲ ေတြကို ေက်ာ္လြန္ၿပီး ယခုရက္သတၱပတ္မွာ တကမာၻလုံးစိတ္ဝင္တစားေစာင့္ၾကည့္ခဲ့ရတဲ့ သတင္းျဖစ္ ခဲ့သလို ဒီမိုကေရစီအတြက္ ခိုင္ခိုင္မာမာ ရပ္တည္ခဲ့တဲ့ အေမရိကန္ႏိုင္ငံေရးေလာကအတြက္လည္း ဂုဏ္ယူဖြယ္ ျဖစ္ခဲ့ပါတယ္။

ဒီလို သတိထားရတဲ့သတင္းေတြအျပင္ ယခုရက္ပိုင္း ႏိုင္ငံတကာမီဒီယာေတြမွာ ေဖာ္ျပခဲ့တဲ့သတင္း ေတြထဲမွာ ကိုဗစ္ကပ္ေရာဂါျဖစ္ၿပီးေနာက္ပိုင္း အြန္လိုင္းကေနမဟုတ္ဘဲ လူကိုယ္တိုင္ ပထမဆုံး တက္ ေရာက္ၾကမယ့္ G-7 ထိပ္သီးအစည္းအေဝးကို ၿဗိတိန္ႏိုင္ငံက အိမ္ရွင္အျဖစ္က်င္းပမယ့္သတင္း၊ ဖိလစ္ပိုင္ မွာ စစ္ဘက္ဆိုင္ရာ ရဟတ္ယာဥ္တစ္စင္းပ်က္က်လို႔ လိုက္ပါလာသူေတြ ေသဆုံးခဲ့တဲ့သတင္းေတြ၊ ကမာၻ႔ ကပ္ေရာဂါအတြင္း အၾကမ္းဖက္တိုက္ခိုက္ဖို႔ အင္ဒိုနီးရွားက အၾကမ္းဖက္အဖြဲ႕ေတြ လႈပ္ရွားေနတယ္ဆိုတဲ့ သတင္းေတြ၊ စပိန္ႏိုင္ငံ မက္ဒရစ္ၿမိဳ႕မွာ ဓာတ္ေငြ႕ယိုစိမ့္ရာကေန ေပါက္ကြဲမႈ ျဖစ္ပြားခဲ့လို႔ အနည္းဆုံး ၃ ဦးေသကာ ၈ ဦးဒဏ္ရာရခဲ့တဲ့ သတင္းေတြ၊ ေတာ္၀င္မိသားစုကိုေဝဖန္ေသာ ေရးသားေဖၚျပခ်က္မ်ားကို အြန္လိုင္းတြင္ မွ်ေဝေသာ အသက္ ၆၅ ႏွစ္အ႐ြယ္ ထိုင္းအဖြားအိုကို ထိုင္းတရား႐ုံးတ႐ုံးက အဂၤါေန႔တြင္ ေထာင္ ၄၃ ႏွစ္ခ်မွတ္လိုက္တဲ့ သတင္း၊ အေမရိကန္သို႔ဦးတည္တဲ့  ဟြန္ဒူးရပ္စ္ေ႐ႊ႕ေျပာင္းေနထိုင္ သူ ရာေပါင္းမ်ားစြာကို  ဂြာတီမာလာ အာဏာပိုင္ေတြက ဟန႔္တားခဲ့တဲ့ သတင္း၊ တူနီးရွားမွာ သုံးရက္ၾကာ အဓိက႐ုဏ္းမ်ားအတြင္း ဆႏၵျပသူ တစ္ေထာင္ေက်ာ္ကို အာဏာပိုင္ေတြက ဖမ္းဆီးထိန္းသိမ္းခဲ့တဲ့ သတင္း၊ ဂ်ာမန္ဝန္ႀကီးခ်ဳပ္ အန္ဂ်ယ္လာ မာကယ္၏ CDU ပါတီ ဥကၠ႒အျဖစ္ ေျမာက္႐ိုင္းဝက္စ္ေဖး လီးယား ျပည္နယ္ဝန္ႀကီးခ်ဳပ္အာမင္လက္စ္ခ်က္ကို ေ႐ြးေကာက္ခဲ့တဲ့ သတင္းေတြရွိခဲ့ပါတယ္။

ဒီထဲက ပထမဆုံး သဘာ၀ေဘးေတြေၾကာင့္ ျဖစ္ရတဲ့ ေသေၾကမႈေတြ ၊အိုးအိမ္အေဆာက္အဦး ပ်က္စီးဆုံးရႈံးမႈသတင္းေတြထဲမွာ ယခုရက္သတၱပတ္သတင္းထဲမွာ ေစာင့္ၾကည့္ေနရတဲ့ သတင္းေတြရွိခဲ့ပါ တယ္။

ငလ်င္ႏွင့္ ေရႀကီးေျမၿပိဳမႈမ်ား

 ယခုတစ္ပတ္ထဲမွာ အင္အားရစ္ခ်္တာစေကး ၆ အထက္ရွိတဲ့ ငလ်င္ႀကီး ႏွစ္ခုလႈပ္ခဲ့ပါတယ္။ ထူးဆန္းတာက ကမာၻ႔ဟိုဘက္၊ဒီဘက္အျခမ္းမွာ လႈပ္ခတ္ခဲ့တာပါ။ဇန္နဝါရီ ၁၅ ရက္က အင္ဒိုနီးရွားႏိုင္ငံ ဆူလာ‌ေဝစီကြၽန္းမွာ ျပင္းအား ၆ ဒသမ ၂ အဆင့္ရွိ ငလ်င္တစ္ခုလႈပ္ခဲ့လို႔ အႀကီးအက်ယ္ ပ်က္စီးခဲၿပီး အနည္းဆုံး လူေပါင္း ၈၄ ဦး ေသဆုံးၿပီး လူေထာင္ခ်ီ အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့ရပါတယ္။ ငလ်င္ေၾကာင့္ ပင္လယ္ ကမ္းေျခၿမိဳ႕ျဖစ္တဲ့  မာမူဂ်ဴၿမိဳ႕က အထိနာခဲ့ၿပီး လမ္းေတြ အေဆာက္အအုံေတြ ၿပိဳက်ပ်က္စီးခဲ့ပါတယ္။

ပစိဖိတ္မီးစက္ကြင္းလို႔ေခၚတဲ့ ပစိဖိတ္အနားသပ္ေနရာမွာရွိတဲ့ အင္ဒိုနီးရွားကြၽန္းေတြမွာ ဒီလို မၾကာခဏငလ်င္လႈပ္ခတ္မႈေတြရွိခဲ့သလို မၾကာေသးတဲ့ ကာလျဖစ္တဲ့ ၂၀၀၄ ခုႏွစ္မွာ အင္ဒိုနီးရွားႏိုင္ငံ ဆူမၾတားကြၽန္းမွာ ရစ္ခ်္တာစေကး ၉ အဆင့္ရွိတဲ့ ငလ်င္တစ္ခုလႈပ္ခတ္ခဲ့လို႔ ဆူနာမီျဖစ္ၿပီး လူေပါင္း ႏွစ္သိန္းေက်ာ္ေသဆုံးခဲ့ရပါေသးတယ္။ ဒီေနရာမွာ တစ္၀ိုက္မွာ Subduction Zone လို႔ေခၚတဲ့ ျမန္မာ ေက်ာက္ ထုခ်ပ္ႏွင့္ အိႏၵိယေက်ာက္ထုခ်ပ္တို႔ ထိစပ္ေနတဲ့ တစ္ေလွ်ာက္ျဖစ္ေနတာျဖစ္ၿပီး ဒီထဲမွာ ျမန္ မာ၊ အိႏၵိယႏွင့္ အင္ဒိုနီး ရွားအျပင္ အာရွေဒသတြင္း ႏိုင္ငံအခ်ိဳ႕လည္းပါဝင္ေနပါတယ္။ ဒီလို ဆူလာေဝ စီမွာ လႈပ္ခတ္ခဲ့တဲ့ ငလ်င္က ယခုႏွစ္စမွာ တာထြက္ျပင္းခဲၿပီး ဆူနာမီ သတိေပး ခ်က္မထုတ္ခဲ့ ေပမယ့္ အေသအေပ်ာက္က မ်ားခဲ့ပါတယ္။ ဒီလိုအင္ဒိုနီးရွားမွာ ငလ်င္လႈပ္ၿပီး ရက္ပိုင္းအၾကာမွာ ကမာၻတစ္ဖက္ ျခမ္း ခ်ီလီနဲ႔ အာဂ်င္တီးနားမွာ ျပင္းအားအဆင့္တူ ငလ်င္ တစ္ခုထပ္လႈပ္ခတ္ခဲ့ပါတယ္။  အင္အား ၆ ဒသမ၄ အဆင့္ရွိတဲ့ ဒီငလ်င္ေၾကာင့္ ခ်ီလီအလယ္ပိုင္းနဲ႔ အာဂ်င္တီးနားနယ္စပ္အထိ လႈပ္ခတ္မႈကို ျပင္း ျပင္းထန္ထန္ခံစားခဲ့ရပါတယ္။လမ္းေတြ အေဆာက္အဦးေတြ ထိခိုက္ခဲ့ေပမယ့္ ေလးဦးဘဲထိခိုက္ဒဏ္ရာ ရခဲ့ပါတယ္။

 ငလ်င္ေတြက ဒီရက္ပိုင္းမွာ ဆက္တိုက္ဆိုသလိုပါဘဲ။ တူရကီမွာ ၄ဒသမ ၅ အဆင့္ရွိ ငလ်င္လႈပ္ ခတ္ခဲ့သလို ကိုလံဘီယာမွာလည္း ၅ ဒသမ ၅ အဆင့္ရွိ ငလ်င္တစ္ခုလည္း ကိုလံဘီယာမွာလႈပ္ခဲ့တာရွိပါ တယ္။ ေန႔စဥ္နဲ႔ အမွ် ကမာၻရဲ႕ တစ္ေနရာမဟုတ္ တစ္ေနရာမွာလႈပ္ခတ္တာ သိပ္ေတာ့ ထူးဆန္းတဲ့ ကိစၥ မဟုတ္ေပမယ့္ ျပင္းအားႀကီး ငလ်င္ေတြပါလာတာေတာ့ သတိထားဖို႔လိုေနတာအမွန္ပါဘဲ။ ယခုႏွစ္ဆန္း မွာ ၆ အထက္ငလ်င္ေတြႏွစ္ခုအထိ လႈပ္ခတ္ခဲ့တာမို႔ ေစာင့္ၾကည့္သင့္တဲ့အေျခအေနပါ။ ငလ်င္လို႔ သဘာ ၀ေဘးအျပင္ ေရႀကီးတာေတြကလည္း ျဖစ္ခဲ့ပါေသးတယ္။ ေတာင္အေမရိကတိုက္ႏိုင္ငံတစ္ခုျဖစ္တဲ့ ဘိုလီးဗီးယားမွာ မိုးသည္းထန္စြာ ႐ြာလို႔ ျမစ္ေရလ်ံတက္ၿပီးေရႀကီးေနတာ အေတာ္ေလးအေျခအေနဆိုး ေနပါတယ္။ ႐ုပ္သံျမင္ကြင္းေတြမွာ ကားေတြပါ ေရထဲေျမာပါေနသလို မေန႔ကအထိေတာ့ လူတစ္ဦး ေသဆုံးၿပီး အေတာ္မ်ားမ်ားေပ်ာက္ဆုံးေနသလို ကယ္ဆယ္ေရးလုပ္ေဆာင္ေနရတုန္းျဖစ္ပါတယ္။

ဒီလိုသဘာ၀ေဘးေတြနဲ႔ လုံးေထြးေနရတဲ့ အေျခအေနမွာ မီးေတာင္တစ္လုံးထေပါက္တာ အင္ဒို မွာ ဒီတစ္ပတ္အတြင္းျဖစ္ခဲ့ပါတယ္။ အင္ဒိုနီးရွားႏိုင္ငံအတြက္ ယခုရက္သတၱပတ္က သဘာ၀ေဘးေတြ ဆက္တိုက္ႀကဳံရတဲ့ ရက္သတၱပတ္လို႔ေတာင္ ေျပာလို႔ရတဲ့ ရက္သတၱပတ္ပါဘဲ။ အင္ဒိုနီးရွားႏိုင္ငံ ကာလီ မန္တန္ေတာင္ပိုင္းႏွင့္ ဆူလာေဝစီေျမာက္ပိုင္းမွာ မိုးသည္းထန္စြာ႐ြာသြန္းလို႔ ေရႀကီးမႈႏွင့္ ေျမၿပိဳမႈမ်ား ျဖစ္ပြားကာ လူ ၅ ဦးအနည္းဆုံးေသဆုံးၿပီး တစ္ဦးေပ်ာက္ဆုံးကာ လူေပါင္း ၁၁၂၀၀၀ ေက်ာ္မွာ အိုးမဲ့အိမ္ မဲ့ျဖစ္ခဲ့ရပါတယ္။ဒါဟာ အေရွ႕ဂ်ာဗားျဖစ္တဲ့ မယ္ရာပီမီးေတာင္ျပည္လည္လႈပ္ခတ္ကာ ေခ်ာ္ရည္ေတြ က် ဆင္းေပါက္ကြဲလို႔ ေဒသခံေတြကို သတိေပးေ႐ႊ႕ေျပာင္းရခ်ိန္မွာ အေနာက္ဆူ လာဝီစီမွာ ငလ်င္လႈပ္လို႔ လူ ေပါင္း ၉၁ဦးထိေသဆုံးကာ လူဒါဇင္နဲ႔ခ်ီၿပီး ေပ်ာက္ဆုံးခဲ့တဲ့ အျဖစ္ကိုႀကဳံေနရတာပါ။

 ငလ်င္ေၾကာင့္ ကယ္ဆယ္ေရးေတြနဲ႔ အင္ဒိုနီးရွားမွာ လုံးေထြးေနရခ်ိန္မွာ တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္း ျပည္နယ္တစ္ခုမွာေတာ့ ေ႐ႊမိုင္းတစ္ခုေပါက္ကြဲလို႔ မိုင္းလုပ္သားေတြ ပိတ္မိေနလို႔ ကယ္ဆယ္ေရးေတြ လုပ္ ေနရပါတယ္။ ဇန္နဝါရီ ၁၀ ရက္က တ႐ုတ္အေရွ႕ပိုင္း ရွန္ေဒါင္းျပည္နယ္ရွိ ဟူရွန္းမိုင္းတြင္းမွာ ျဖစ္ခဲ့တဲ့ ေပါက္ကြဲမႈမွာ ယခုထိ မိုင္းတြင္းပိတ္မိေနတဲ့ မိုင္းလုပ္သား ၂၂ ဦးရဲ႕ေသမလားရွင္မလားကံၾကမၼာက ယခုထိ မေသခ်ာေသးပါဘူး။ ေလာေလာဆယ္မွာေတာ့ မိုင္းလုပ္သား ၁၂ ဦးအသက္ရွင္ေနတာကို သိၿပီး က်န္ ၁၀ဦးအေျခအေနကို မသိရေသးပါဘူး။အဆက္အသြယ္ရတဲ့ မိုင္းလုပ္သားေတြက ေျမေအာက္ မီတာ ၆၀၀ ေလာက္မွာ ရွိေနတာပါ။ ယခုဆို ပိတ္မိေနတာ ဆယ္ရက္ေက်ာ္ၿပီမို႔ တကမာၻလုံးက ဒီကယ္ဆယ္ ေရးကို စိတ္ဝင္တစားေစာင့္ၾကည့္ေနသလို အခ်ိန္ယူၿပီး ကယ္တင္ရမယ့္ အနက္ကို ေရာက္ေနတဲ့ အ တြက္ အေတာ္ေလး ခက္ခဲတဲ့အေျခအေနပါဘဲ။ ဒီတစ္ပတ္သဘာ၀ေဘးနဲ႔ မေတာ္တဆေဘးေတြက လူသားေတြအတြက္ ေရွ႕ဆက္ႀကဳံေနရမယ့္ စိန္ေခၚမႈေတြက ပိုၿပီး ရက္စက္ခက္ခဲလာတယ္ဆိုတာကို ျပသေနသလို ေျမေအာက္ အနက္ မီတာ ၆၀၀ အနက္က ဒီကယ္ဆယ္မႈ ျဖစ္ေျမာက္ဖို႔ ႀကိဳးစားေနတဲ့  လူသားေတြရဲ႕ အားမာန္က ဆိုးဝါးတဲ့ အခက္အခဲေတြကို ဘယ္လိုေက်ာ္လႊားႏိုင္မလဲဆိုတာ ဆက္ေစာင့္ ၾကည့္ရမွာ ျဖစ္ပါတယ္။

အိမ္ျဖဴေတာ္ကို ၿခိမ္းေျခာက္ၿပီး ထြက္ခဲ့တဲ့ ထရမ့္

အေမရိကန္ေ႐ြးေကာက္ပြဲသမိုင္းမွာ ႐ုပ္အဆိုးဆုံးျဖစ္ခဲ့တဲ့  ယခုႏွစ္ အေမရိကန္ေ႐ြးေကာက္ပြဲက သမၼတရာထူးလႊဲေျပာင္းေပးရတဲ့ အခ်ိန္ျဖစ္တဲ့ ဇန္နဝါရီ ၂၀ ရက္အထိ ရင္တမမျဖစ္ေနရဆဲပါ။ အီရတ္နဲ႔ အာဖဂန္မွာ ခ်ထားတဲ့ အေမရိကန္တပ္ဖြဲ႕ဝင္ အေရအတြက္ထက္သာတဲ့ အမ်ိဳးသားလုံၿခဳံေရး အေစာင့္ တပ္ဖြဲ႕ဝင္ႏွစ္ေသာင္းခြဲကို သမၼတက်မ္းသစၥာက်ိန္ဆိုပြဲအတြက္ ခ်ထားခဲ့ရတာကိုၾကည့္ရင္ ဘယ္ေလာက္ ထိ ဒီအခမ္းအနားကို အေမရိကန္အာဏာပိုင္ေတြ စိုးရမ္ပူပန္ေနရသလဲဆိုတာ ျမင္ႏိုင္မွာျဖစ္ပါတယ္။ တကယ္ဘဲ ေ႐ြးေကာက္ပြဲမွာ ရႈံးနိမ့္ခဲ့တဲ့ ေဒၚနယ္လ္ထရမ့္က  သမၼတေ႐ြးေကာက္ပြဲကို ဖ်က္လိုဖ်က္ ဆီးလုပ္ႏိုင္တဲ့ သူလားဆိုတာ ျပန္ဆန္းစစ္စရာ ျဖစ္ခဲ့ပါတယ္။

 အေစာပိုင္းေ႐ြးေကာက္ပြဲရလဒ္ေတြကို ကန႔္ကြက္ခဲ့တဲ့ ထရမ့္အေနနဲ႔ ျပည္နယ္တရား႐ုံးေတြမွာ အေထာက္အထားမရွိတဲ့ မဲမသမာမႈဆိုတဲ့ တိုင္ၾကားရာမွာ ရႈံးနိမ္ခဲ့တဲ့ အခါ ေ႐ြးေကာက္ပြဲအႏိုင္ရေၾကာင္း ေၾကညာမယ့္ အေမရိကန္အထက္လႊတ္ေတာ္ကတ္ပီတိုလ္ကို သူကိုေထာက္ခဲ့တဲ့သူေတြနဲ႔ စီးနင္းခဲ့ပါ တယ္။ ဒါဟာ အေမရိကန္သမိုင္းမွာ ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာအရွိဆုံး သမၼတကိုယ္တိုင္က အၾကမ္း ဖက္သူေတြကို လႊတ္ေတာ္ထဲ ဝင္စီးနင္းဖို႔ လႈံေဆာ္ေပးခဲ့တာျဖစ္လို႔ သမိုင္းမွာျဖစ္ေတာင့္ျဖစ္ခဲ့အေျခ အ ေနပါဘဲ။ ဒီျဖစ္ရပ္ေၾကာင့္ ဒီမိုကေရစီကိုတန္ဖိုးထားတဲ့ အေမရိကန္ႏိုင္ငံေရးသမားေတြအတြက္ တုန႔္လႈပ္ စရာ ျဖစ္ခဲ့ပါတယ္။ ဒီလို အာဏာကို အၾကမ္းဖက္တဲ့ နည္းနဲ႔ရယူဖို႔ ႀကိဳးစားတဲ့‌အတြက္ တစ္ေလွ်ာက္လုံး ထရမ့္နဲ႔ အတူ တစ္စိတ္တစ္ဝမ္းတည္းရွိခဲ့တဲ့ အိမ္ျဖဴေတာ္အႀကီးတန္းအရာရွိေတြ၊ ဝန္ႀကီးေတြ၊ ရီပတ္ဘီ ကန္အမတ္ေတြ ႏူတ္ထြက္တာ၊ ထရမ့္နဲ႔ လမ္းခြဲတာေတြတဲ့ အထိျဖစ္ခဲ့ပါတယ္။

ဒီလိုအေျခအေနေၾကာင့္ စိတ္ထင္ရာေပါက္လုပ္တတ္တဲ့ ထရမ့္ကို အေမရိကန္အုပ္ခ်ဳပ္ေရး အဖြဲ႕ က အေတာ္ေလးႏိုင္ငံလုံၿခဳံေရးအတြက္ စိုးရိမ္စရာေကာင္းတဲ့ သူမို႔ လက္က်န္ သမၼတသက္တမ္းေတာင္ သူ႔လက္ထဲက သမၼတအာဏာကို ႐ုပ္သိမ္းဖို႔ ႀကိဳးစားခဲ့ရတဲ့ အထိပါဘဲ။ ဒီလိုအေျခအေနေတြေၾကာင့္ ထရမ့္ေထာက္ခံသူေတြရဲ႕ အႏၲရာယ္က စိုးရိမ္စရာ ျဖစ္လာခဲ့ပါတယ္။အထူးသျဖင့္ ေ႐ြးေကာက္ခံသမၼတ  ဂ်ိဳးဘိုင္ဒင္၏ က်မ္းသစၥာက်ိန္ဆိုပြဲအတြင္း ဝါရွင္တန္ဒီစီနဲ႔ အျခားျပည္နယ္ ၿမိဳ႕ေတာ္ေတြမွာ ဆႏၵျပပြဲမ်ား ျပဳလုပ္ရန္ အြန္လိုင္းလႈပ္ရွားမႈေတြ႕ရွိလာလို႔ ဒီပြဲမွာ ထရမ့္ေထာက္ခံသူေတြဘက္က အၾကမ္းဖက္လာႏိုင္ တဲ့ အႏၲရာယ္ကို စိုးရိမ္ေနရတာပါ။ သမၼတကေနဒီကို လုပ္ႀကံတာခံခဲ့ရဘူးတဲ့ အေမရိကန္လိုႏိုင္ငံမွာ ဒီလို ျဖစ္ရပ္မ်ိဳးထပ္မံမေပၚေပါက္ဘူးလို႔ ေျပာလိုမရတဲ့ အတြက္ အေမရိကန္အာဏာပိုင္ေတြက လုံၿခဳံေရးကို အေတာ္ေလးအားစိုက္ခဲ့တာကိုေတြ႕ရပါတယ္။

 ဘိုင္ဒင္က အေမရိကန္သမၼတထဲမွာ ၄၆ ေယာက္ေျမာက္ သမၼတျဖစ္လာမယ့္သူျဖစ္တဲ့ အျပင္ အသက္လည္းအႀကီးဆုံးပါ။ဒီႏွစ္ထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကလည္း ျပင္းထန္တဲ့အတြက္ ဘိုင္ဒင္ရဲ႕ သမၼတက်မ္းသစၥာက်ိန္ဆိုပြဲက ယခင္ကက်င္းပခဲ့ဘူးတဲ့ က်မ္းသစၥာက်ိန္ဆိုပြဲေတြနဲ႔ မတူဘဲ တက္ေရာက္ သူ နည္းခဲ့သလို လုံၿခဳံေရးအေျခအေနေၾကာင့္လည္း က်မ္းသစၥာက်ိန္ဆိုပြဲက်င္းပမယ့္ ဝါရွင္တန္မွာလည္း အမ်ိဳးသားအေစာင့္တပ္ဖြဲဝင္ ႏွစ္ေသာင္းခြဲနဲ႔ ဒင္းၾကမ္းျပည့္ေနခဲ့ပါတယ္။ က်မ္းသစၥာက်ိန္ဆိုပြဲရက္ျဖစ္တဲ့ ဇန္နဝါရီ ၂၀ရက္မေရာက္ခင္မွာ ဇန္နဝါရီ ၁၇ ရက္မွာ  အိုဟိုင္းယိုးနဲ႔ မီခ်ီဂန္ျပည္နယ္ေတြမွာ အစိုးရ ဆန႔္က်င္တဲ့ လက္နက္ကိုင္ေဆာင္ၿပီး ဆႏၵျပမႈေတြျဖစ္ေပၚခဲ့ပါတယ္။

ဒီလိုဆႏၵျပတာကို ဆိုရွယ္မီဒီယာကေန တစ္ခ်ိဳ႕ရဲ႕ေသြးထိုးလႈံ႕ ေဆာ္ခဲ့ၾကေပမယ့္ လူေတြ လမ္း ေပၚထြက္မလာၾကတာေၾကာင့္ ဘာမွ ဆိုးဆိုးဝါးဝါးမျဖစ္ခဲ့ဘဲ ထိန္းႏိုင္ ခဲ့ပါတယ္။ အာဏာပိုင္ေတြက ကြန္ဂရက္လႊတ္ေတာ္ကို ဝင္စီးနင္းတဲ့ ျဖစ္ရပ္တုန္းက ထရမ့္ကိုေထာက္ခံတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြ လြတ္ ေတာ္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ဝင္စီးနင္းတာကို ခြင့္ျပဳခဲ့တာမ်ိဳးရွိခဲ့တဲ့ အတြက္ က်မ္းသစၥာက်ိန္ ဆိုပြဲ အတြက္ အမ်ိဳးသားအေစာင့္တပ္ဖြဲ႕ဝင္ ႏွစ္ေသာင္းငါးေထာင္ကို လုံၿခဳံေရးခ်ရတဲ့အခါ အတြင္းထဲကေန လုံၿခဳံေရးစည္းေပါက္မွာစိုးလို႔ တပ္ဖြဲ႕ဝင္ ႏွစ္ေသာင္းငါးေထာင္ကို FBIက ေန ေနာက္ေၾကာင္းစစ္ေဆးတဲ့ အခါ ထရမ့္ကိုေထာက္ခံတဲ့ အစြန္းေရာက္လူျဖဴအဖြဲ႕အစည္းေတြနဲ႔ ဆက္စပ္ ေနတဲ့ တပ္ဖြဲ႕ဝင္ ၁၂ဦးကို ဖယ္ထုတ္ခဲ့ရပါတယ္။ ဒီ‌ေလာက္ထိ လုံၿခဳံေရးစည္းအထပ္ထပ္ခ်ခဲ့တဲ့ အတြက္ ဘိုင္ဒင္ရဲ႕ က်မ္းသစၥာက်ိန္ ဆိုပြဲက အေႏွာင့္အယွက္မရွိၿပီးဆုံးခဲ့ပါတယ္။

ဇန္နဝါရီ ၂၀ ရက္မွာ ျပဳလုပ္ခဲ့တဲ့ ဘိုင္ဒင္ရဲ႕က်မ္းသစၥာက်ိန္ဆိုပြဲကို အေမရိကန္လႊတ္ေတာ္ အ ေဆာက္အအုံ အေရွ႕ဘက္မွာ က်င္းပခဲ့ပါတယ္။ ဒီပြဲမတိုင္ခင္မွာ  ထရမ့္က အစဥ္အလာကို ခ်ိဳးေဖါက္ၿပီး သမၼတသစ္က်မ္းသစၥာက်ိန္ဆိုပြဲ မတက္ေရာက္ဘဲ အိမ္ျဖဴေတာ္ကေန  နံနက္ ၈ နာရီ ၁၈ မိနစ္မွာ အင္ဒ႐ူး ပူးတြဲစစ္စခန္းကို  ရဟတ္ယာဥ္နဲ႔ထြက္ခြာသြားခဲ့ပါတယ္။ ဒါအေတာ္ေလးကို ႐ုပ္ပ်က္ဆင္းပ်က္အႏိုင္ဆုံး ကိစၥ ျဖစ္ၿပီး သူ႔အစား ဒုသမၼတမိုက္ပန႔္စ္က တက္ေရာက္ခဲ့ရပါတယ္။ ဒါေပမယ့္ ျပည္သူေတြကို ႀကိဳတင္႐ိုက္ကူး ထားတဲ့ ဗီဒီယိုကေန ႏူတ္ဆက္မိန႔္ခြန္းေျပာခဲ့ရာမွာေတာ့  သူ႔ကို ကာကြယ္ေထာက္ခံေပးခဲ့တဲ့ တႏိုင္ငံလုံး မွ လွ်ိဳ႕ဝွက္ေထာက္လွမ္းေရး၊ လက္နက္ကိုင္တပ္မ်ားနဲ႔ တရားဥပေဒစိုးမိုးေရးအရာရွိမ်ားကို ေက်းဇူးတင္ ေၾကာင္း ေျပာခဲ့သလို သူလက္ထက္ ေအာင္ျမင္မႈေတြကို ေဇာင္းေပးၿပီး ေျပာခဲ့ပါတယ္။ ဒီထဲမွာ မၾကာခင္ မၾကာမီျပန္ေတြ႕မယ္ဆိုၿပီး ထူးထူးျခားျခားေျပာခဲ့ပါတယ္။

ထရမ့္အိမ္ျဖဴေတာ္က ထြက္ခြာရာမွာ စစ္တပ္အေျခစိုက္စခန္းမွာ ႀကီးက်ယ္ခမ္းနားတဲ့ အခမ္းအ နားလုပ္ဖို႔ စီစဥ္ၫႊန္ၾကားခဲ့ေပမယ္ လူအနည္းငယ္သာလာေရာက္ခဲ့ပါတယ္။ ဒီႏူတ္ဆက္ပြဲကို ထိပ္တန္း ရီပတ္ဗလစ္ကန္ ေခါင္းေဆာင္ေတြျဖစ္တဲ့ ေအာက္လႊတ္ေတာ္ေခါင္းေဆာင္ကီဗင္မကၠာသီနဲ႔ အထက္လႊတ္ ေတာ္လူမ်ားစုေခါင္းေဆာင္မစ္ခ်္မက္ကြန္းနဲလ္တို႔ လည္းမလာခဲ့ပါဘူး။သမၼတသက္တမ္းတစ္ေလွ်ာက္လုံး သူဘက္ကရပ္တည္ခဲ့တဲ့ ဒု-သမၼတမိုက္ပန႔္စ္လည္း သမၼတက်မ္းသစၥာက်ိန္ဆိုပြဲတက္ေနရတဲ့ အတြက္  မလာေရာက္ခဲ့တဲ့အတြက္ ထရမ့္ရဲ႕ က်ဆုံးခန္းက အေတာ္ေလးသံေဝဂရစရာပါ။ ထရမ့္အေနနဲ႔ သူေနာက္ ဆုံးမိန႔္ခြန္းေျပာခ်ိန္မွာ လူထုလႈပ္ရွားပြဲျဖစ္ေအာင္ ေမွ်ာ္လင့္ထားခဲ့ေပမယ့္ လူသိပ္မလာခဲ့တဲ့ အတြက္ ထရမ့္သက္တမ္းအတြင္း လူအနည္းဆုံးလူထုစည္းေဝးပြဲသာျဖစ္ခဲ့ပါတယ္။

တစ္ဘက္မွာေတာ့ ဘိုင္ဒင္ရဲ႕ သမၼတရာထူးက်မ္းသစၥာက်ိန္ဆိုပြဲကို လူနည္းေအာင္ စီစဥ္ၿပီး လုံၿခဳံေရး တင္းတင္းက်ပ္က်ပ္ခ်ထားလို႔ ဝါရွင္တန္ေဒသခံေတြ မေက်မနပ္ျဖစ္မယ္လို႔ ထင္ေပမယ့္ ျပည္သူေတြက အေျခအေနကို နားလည္လက္ခံထားလို႔ ဘာျပႆနာမွ မျဖစ္ခဲ့ပါဘူး။ ဘိုင္ဒင္ရဲ႕ က်မ္း သစၥာက်ိန္ဆိုပြဲကို ကမာၻအရပ္ရပ္က ေစာင့္ၾကည့္ခဲ့သလို ယခင္သမၼတမ်ားျဖစ္တဲ့ ဘားရက္အိုဘားမား၊ ေဘလ္ကလင္တန္၊ ေဂ်ာ့ဘုရွ္တို႔တက္ေရာက္ခဲ့သလို ဥေရာပေခါင္းေဆာင္ေတြ အပါအဝင္ ႏိုင္ငံ တကာ ေခါင္းေဆာင္ေတြက ႀကိဳဆိုခဲ့ၾကပါတယ္။ သမၼတက်မ္းသစၥာက်ိန္ဆိုၿပီးေနာက္ ပထမဆုံးတာဝန္ထမ္း ေဆာင္တဲ့ရက္မွာဘဲ  အုပ္ခ်ဳပ္ေရးအမိန္႔ ၁၅ ေစာင္လက္မွတ္ေရးထိုးကာ  လုပ္သင့္ လုပ္ထိုက္တဲ့ အလုပ္ေတြ အမိန႔္ေတြ ၊ တားျမစ္ရမယ့္ ေၾကညာခ်က္ေတြကို ဆက္တိုက္ထုတ္ျပန္ခဲ့ပါတယ္။အုပ္ခ်ဳပ္ေရးအမိန႔္မ်ား ထုတ္ျပန္ရျခင္းႏွင့္ပတ္သက္တဲ့ ေၾကညာခ်က္မွာေတာ့ ထရမ့္အစိုးရ၏ ျပင္းထန္ေသာ အဖ်က္အဆီးမ်ားကို ျပဳျပင္ရန္သာမက ႏိုင္ငံကို လည္း ေရွ႕ဆက္ႏိုင္ေအာင္လုပ္မည္ျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

လူဦးေရ ေလးသိန္းေက်ာ္ ဆုံးရႈံးခဲ့ရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါကို ကိုင္တြယ္ဖို႔ ႏွာေခါင္းစည္း မဝတ္မေနရ၊ လူမႈခြဲျခားေနထိုင္မႈ မလုပ္မေနရအမိန႔္ေတြကိုထုတ္ျပန္ျခင္းနဲ႔ စလိုက္တဲ့ ဘိုင္ဒင္ရဲ႕သမၼတ သက္တမ္း အစက ထရမ့္နဲ႔ ကြဲျပားေနတာအမွန္ပါဘဲ။ထရမ့္ဘာေတြ မွားခဲ့လဲဆိုတာ သမိုင္းဆရာေတြ ထက္ ဘိုင္ဒင္ကို မဲေပးခဲ့ၾကတဲ့ ျပည္သူေတြက ပိုသိခဲ့ပါတယ္။ ဗိုင္းရပ္စ္လို ကပ္ေဘးကို လ်စ္လ်ဴရႈၿပီး တစ္ႏွစ္အ တြင္းလူေလးသိန္းေက်ာ္ေသဆုံးခဲ့ရတာကို ေပါ့ေပါ့ပါးပါးတာဝန္မရွိသလို ေနခဲ့သလို လူျဖဴ လူမည္းျပႆနာ ကို ႏိုင္ငံအတြင္းမွာ တစ္ဖန္အစျပဳေစခဲ့တဲ့ ထရမ့္ရဲ႕တာဝန္မဲ့တဲ့ လုပ္ရပ္ေတြက အေမရိ ကန္ လို႔ ႏိုင္ငံႀကီးတစ္ ခုက ႏိုင္ငံေခါင္းေဆာင္တစ္ဦးမွာ ရွိသင့္ရွိထိုက္တဲ့ စ႐ိုက္လကၡဏာအမွန္ေတာ့ မဟုတ္ခဲ့ပါဘူး။

တစ္ကယ္ေတာ့ ထရမ့္ရဲ႕လုပ္ရပ္ေတြက အေမရိကန္ႏိုင္ငံသားေတြကို အေတာ္ေလး အရွက္ ရေစ ခဲ့ပါတယ္။ ဘာေၾကာင့္ဆို အေမရိကန္လို ႏိုင္ငံတကာမွာ အၾကမ္းဖက္တိုက္ဖ်က္ေရးကို ဦး ေဆာင္ေနတဲ့ ႏိုင္ငံရဲ႕ ႏိုင္ငံေခါင္းေဆာင္ကိုယ္တိုင္က အၾကမ္းဖက္မႈျဖစ္ေအာင္ အားေပးအားေျမႇာက္ ကာယကံေျမာက္ လႈံေဆာ္ေနတာ ၊ ႏွစ္ေပါင္း ၁၅၀အတြင္း  အေမရိကန္သမိုင္းမွာမရွိခဲ့ဘူးတဲ့ ႏိုင္ငံရဲ႕အေရးအပါဆုံးအစည္း အေဝးက်င္းပေနခ်ိန္မွာ သူေထာက္ခံသူေတြကို အၾကမ္းဖက္မႈဆန္ဆန္ လႊတ္ေတာ္ကို ဝင္စီးဖို႔ ေျမာက္ ေပးၿပီး ဥပေဒျပဳအမတ္ေတြ အသက္ေဘးကလြတ္ေအာင္ ထြက္ေျပးရတာေတြက ၾကားလို႔မွ မေကာင္း  အေမရိကန္ႏိုင္ငံသားေတြအတြက္  နာက်င္စရာေကာင္းတဲ့ သမိုင္းမွတ္တမ္းတြင္တဲ့ ျဖစ္ရပ္ေတြပါဘဲ။  

အမ်ိဳးသားေရးဝါဒီအေရၿခဳံၿပီး အာဏာကို ငမ္းငမ္းတက္ခဲ့တဲ့ လူတစ္ေယာက္ေၾကာင့္ ႏိုင္ငံတစ္ ခုရဲ႕ သမိုင္းအစဥ္အလာေကာင္းက အမည္းစက္စြန္းထင္းခဲ့ၿပီ ျဖစ္ပါတယ္။ သမၼတသက္တမ္းတစ္ ေလွ်ာက္လုံး စိတ္ထင္ရာထထလုပ္တတ္တဲ့ ထရမ့္ရဲ႕ အင္ဒ႐ူး ပူးတြဲစစ္စခန္းမွာ လုပ္တဲ့ သမၼတရာထူး ႏူတ္ဆက္မိန႔္ခြန္းမွာ “အစိုးရသစ္ကို အာဏာလႊဲေပးဖို႔ အခုျပင္ဆင္ေနရင္း က်ေနာ္တို႔ စတင္ခဲ့တဲ့ လႈပ္ရွား မႈဟာ အခုမွ အစပဲရွိေသးတယ္ဆိုတာ ခင္ဗ်ားတို႔ကို က်ေနာ္သိေစခ်င္တယ္” လို႔ ေျပာခဲ့တဲ့ အတြက္ ႏိုင္ငံေရးဇာတ္ခုံေပၚကို ထရမ့္ဘယ္နည္းနဲ႔ေရာက္လာဦးမလဲ ဆိုတာ စိတ္ဝင္စားစရာ ေကာင္းလာပါ တယ္။

အၾကမ္းဖက္မႈနဲ႔ အာဏာကို ရယူဖို႔ ႀကံစည္ခဲ့တဲ့ ထရမ့္ ရဲ႕ ဇာတ္သိမ္းက ဘာေတြ ျဖစ္လာဦးမလဲ၊ က်င့္ဝတ္မရွိတဲ့ ကတိကဝတ္မတည္တဲ့ အာဏာရမၼက္ႀကီးလြန္းတဲ့ လူတစ္ေယာက္ အထြဋ္ အထိပ္ေနရာ ကို ရလာတဲ့ အခါ သူႏိုင္ငံကိုသာမက ကမာၻကိုပါ ဘာေတြ ျဖစ္ေစခဲ့လဲ ဘာေတြ ပ်က္စီး အက်ိဳးယုတ္ေစခဲ့ သလဲဆိုတာ အေမရိကန္သမၼတထရမ့္ရဲ႕ အျဖစ္က ျပခဲ့ၿပီး ျဖစ္ပါတယ္။

အာဏာနဲ႔ ပတ္သက္လာရင္ လုပ္သင့္တာ မလုပ္သင့္တာေတာင္ မခြဲျခားတဲ့ ထရမ့္တစ္ေယာက္ ဘိုင္ဒင္ရဲ႕ သမၼတေလးႏွစ္သက္တမ္းအတြင္း လူမ်ိဳးေရးအစြန္းေရာက္ေတြ၊ ဘာသာေရးအစြန္းေရာက္ ေတြကို အသုံးခ်ၿပီး အမ်ိဳးသားေရးဝါဒီအေရၿခဳံကာ အာဏာျပန္ရဖို႔ ဘာေတြ ႀကံဦးမလည္း၊ အေမရိကန္ ႏိုင္ငံအတြင္း ဘာေတြ ေသြးကြဲေအာင္ ထပ္လႈံေဆာ္ဦးမလဲ ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ႏိုင္ငံ တကာ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ ပါတယ္။

မင္းထက္