【 တစ်ပတ်အတွင်းပြည်တွင်းသတင်း သုံးသပ်ချက် 】 ယတြာနိုင်ငံရေးနှင့် အရေးယူမှု

【 တစ်ပတ်အတွင်းပြည်တွင်းသတင်း သုံးသပ်ချက် 】 ယတြာနိုင်ငံရေးနှင့် အရေးယူမှု

ယခုရက်သတ္တပတ် ပြည်တွင်းသတင်းတွေထဲ သတိထားမိကြတဲ့ သတင်းအချို့ရှိခဲ့ပါတယ်။ဘာသာရေးဆိုင်ရာ အလွဲအသုံးချမှုတစ်ခုဖြစ်တဲ့ နေပြည်တော် မင်းဝင်တောင်မှာ ယခင်အစိုးရလက်ထက်က နေရာတည်မြဲ ရေးအတွက်  အာဏာရှိခဲ့သူတွေထုလုပ်ခဲ့တဲ့ ဆင်းတုတွေကို မလုပ်သင့်မလုပ်ထိုက်တာဖြစ်လို့ သာသနာရေးဦးစီးဌာနက ဖယ်ရှားခိုင်းလို့ ဂယက်ရိုက်ခဲ့တဲ့သတင်းတွေ၊ ဗြိတိန်က မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒု-ကာကွယ်ရေးဦးစီးချုပ်ကို စီးပွားရေးအရ ပစ်မှတ်ထားပိတ်ဆို့ခဲ့တဲ့သတင်းနဲ့ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်း ကို ရဲတရားရုံးက ထောင်ဒဏ်သုံးနှစ်ချပြီး ရမည်းသင်းထောင်ကို ပို့ခဲ့တယ်ဆိုတဲ့သတင်းတွေ၊ တာချီလိတ်မြို့မှာ ဗိုလ်မှူးအဆင့်ရှိ ဒုတပ်ရင်းမှူးတစ်ဦးနဲ့ တပ်ကြပ်တစ်ဦးဆီကနေ ကားနဲ့ စိတ်ကြွဆေးပြား ၂ သိန်းကျော် သယ်လာတာကို ဖမ်းဆီးရမိခဲ့တဲ့ သတင်းတွေဘဲဖြစ်ပါတယ်။

ဒီသတင်းတွေထဲက ပထမဦးဆုံး နေပြည်တော် မင်းဝံ (မင်းဝင်) တောင်က ယတြာအတွက် ထုလုပ်ကိုးကွယ်တဲ့ ဆင်းတုသတင်းတွေကို အရင်ဆုံးတင်ဆက်ပါမယ်။

ယတြာနိုင်ငံရေးလား၊ အယူသည်းမှုကြောင့် နိုင်ငံနစ်နာခဲ့တာလား

ယခင်အစိုးရလက်ထက်ကတည်းက လူမှုကွန်ရက်မှာ ဝေဖန်မှုများခဲ့တဲ့ ကြည်ညိုဖွယ်မဆောင်တဲ့ ဘုရားဆင်းတုတော်သဏ္ဍာန်တူတွေကိစ္စဟာ မီဒီယာတစ်ခုက ဖော်ပြသတင်းရေးသားမှုနောက်မှာ အများပြည်သူအာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။အဆိုပါဆင်းတုတွေဟာ ယတြာသဘောထုလုပ်ထားတဲ့ ရုပ်တုတွေဖြစ်ပြီး ယခင်က ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ အပါအဝင် စစ်ဗိုလ်ချုပ်ကြီးများနဲ့ ပြည်ခိုင်ဖြိုးပါတီက တာဝန်ရှိသူတွေ လှူဒါန်းပြုလုပ်ထားတာပါ။ဒါကြောင့်လဲ  ဒီဆင်းတုတော်တော်တွေက ဗုဒ္ဓဘာသာကျမ်းဂန်လာနဲ့ မညီပေမယ့် ထိုစဉ်က တာဝန်ရှိတဲ့အဖွဲ့အစည်းတွေက မထိရဲမတို့ရဲခဲ့ကြပါဘူး။

ယခုမှာတော့ လူမှုကွန်ရက်မှာ သာသနာအတွက် မဖြစ်သင့်တဲ့ပြုလုပ်မှုဖြစ်သလို ယတြာသဘော လှူဒါန်းပြုလုပ်ထားတာမှာ ပုံပျက်ပန်းပျက်အသွင် ဗုဒ္ဓဆင်းတုများအသွင်ဖြစ်နေတယ်ဆိုပြီး လူမှုကွန်ရက်မှာ ဝေဖန်မှုတွေများလာသလို တခြားဘာသာဝင်တွေအနေနဲ့ ကြည့်မယ်ဆိုရင် မလေးစားစရာ အထင်သေးစရာလည်း ဖြစ်နေတဲ့အတွက် ယခင်လှူဒါန်းခဲ့သူနဲ့ ပတ်သက်ရာပတ်သက်ကြောင်း အသိုင်းအဝိုင်းကလွဲရင် အများစုက ဆင်းတုတွေကို ကြည်ညိုဖွယ်ဆင်းတုတော်တွေအဖြစ် ပြန်လည်ပြင်ဆင်လိုကြပါတယ်။ဒီအတွက် သက်ဆိုင်ရာသာသာနာရေးဦးစီးဌာနက ဝင်ရောက်ကိုင်တွယ်ခဲ့ရပါတယ်။    

ဒီဆင်းတုတွေက နေပြည်တော် ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ စိန္တာမုနိကျောင်းဆရာတော် ဦးစန္ဒိမာသာရ၏ စိန္တာမုနိ မင်းဝံတောင်ဘုရားပရိဝုဏ်အတွင်းမှာ ရှိတာပါ။ရှိတဲ့ဆင်းတုတော်တွေက ဗုဒ္ဓမြတ်စွာဘုရား၏ မျက်နှာတော်၊ နှာခေါင်းတော်ကို ချွန်ချွန်သွယ်သွယ်ပြုလုပ်ထားပြီး နှုတ်ခမ်းတော်မှာ နှုတ်ခမ်းစူနေသည့်အသွင်၊ ဆံတော်သင်းကျစ်မှာလည်း အစဉ်အလာဆင်းတုများတွင်တွေ့ရသည့် အထုံးမဟုတ်ဘဲ အချွန်အတက်ပြုလုပ်ထားတာတွေရှိသလို တချို့ဆင်းတုတော်မှာ ဗုဒ္ဓ၏ဘယ်ဖက်လက်တော်ကို မရှိစဖူး တင်ပလ္လင်နောက်သို့ ကိုးရိုးကားယား ပြောင်းပြန်အနေအထားနဲ့ ထုလုပ်ထားတဲ့အတွက် တွေ့ရသူတိုင်း စိတ်မသက်မသာဖြစ်စရာပါ။

ဒါဟာ လောကီအစီအရင်အရ ညာတင်ကုပ်လို့ခေါ်တဲ့ အဆောင်ယတြာမျိုးဆိုပေမယ့် ဘယ်ဘက်ပါ တင်တင်ထားတဲ့အတွက် ညာတင်ကုပ်လို့လဲပြောမရသလို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ထုလုပ်ထားမှန်းမသိပါဘူး။ဝိဝါဒများစရာ အစီအရင်ရုပ်တုများနှင့် အမျိုးမျိုးသောဆင်းတုများဟာ ထေရဝါဒဗုဒ္ဓသာသနာနဲ့ကြည့်မယ်ဆိုရင် ဘယ်လိုမှမကိုက်ညီတဲ့ မုဒြာပုံစံများဖြစ်နေလို့ သာသနာရေးဦးစီးဌာနက နေပြည်တော် သံဃာ့မဟာနာယကထံ လျှောက်ထားခဲ့ရာမှာ  ဆရာတော်များက ဇူလိုင် ၆ ရက် နောက်ဆုံးထားဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တဲ့အထိ ဖြစ်လာခဲ့တာပါ။

ယခုကိစ္စနှင့်ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ "၎င်းရုပ်ပွားတော်များသည် ထေရဝါဒဗုဒ္ဓဘာသာနှင့်ကိုက်ညီမှုမရှိခြင်း၊ လောကီအကျိုးစီးပွားအတွက် ဗေဒင်ယတြာအစီအမံများနှင့် ပေါင်းစပ်ပြုလုပ်ထားခြင်း၊ အခြားဘာသာအယူဝါဒများ လွှမ်းမိုးရောယှက်နေခြင်း၊ ကြည်ညို ဖွယ်မဆောင်ခြင်း၊ မြင်ရသူတို့၏ကြည်ညိုစိတ်ကို ထိခိုက်စေခြင်းကြောင့် မြတ်စွာဘုရားရှင် ၄၅ ဝါ ကာလပတ်လုံး ဝေနေယျသတ္တဝါတို့အား တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးတော်မူခဲ့သော အေးချမ်းသည့်ပုံရိပ်တို့နှင့် ဆန့်ကျင်နေသည်ကို တွေ့ရှိရပါသည်။စိန္တာမုနိကျောင်း ဆရာတော် ဦးစန္ဒိမာသာရ (၈၁ နှစ်၊ ၃၃ ဝါ) သည် တောထွက်ရဟန်းတစ်ပါးဖြစ်ပြီး ပိဋကတ်စာပေတတ်ကျွမ်းမှုမရှိခြင်း၊ အလှူရှင်များ၏ ကိုယ်ကျိုးစီးပွားအတွက် စီးပွားဥစ္စာအာဏာများရရှိစေရန် လောကီအစီအမံများပေါင်းစပ်၍ ရုပ်ပွားတော်များကို ပြုလုပ်စေခြင်းဖြစ်ပါသည်" လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

ဒီလိုအခြေအနေတွေဖြစ်နေတဲ့အတွက် နေပြည်တော် သံဃာ့မဟာနာယက ဆရာတော်တွေက အဆိုပါဆင်းတုတော်များတည်ထားတဲ့ မင်းဝံတောင်ပေါ်ရှိ စိန္တာမုနိကျောင်းတိုက်မှ အရှင်စန္ဒိမာသာရ ကို ခေါ်ယူကာ ဇူလိုင် ၆ ရက် နောက်ဆုံးထားဖယ်ရှားရန် သာသနာရေးဦးစီးဌာနက ညွှန်ကြားကြောင်း အသိပေးခဲ့ပါတယ်။

ဒီလို မဆီလျှော်မလုပ်သင့်မလုပ်ထိုက်တဲ့ အဆိုပါရုပ်တုတွေကိုဖယ်ရှားဖို့ ယခင်အစိုးရလက်ထက်ကလည်း ကြိုးစားခဲ့တယ်ဆိုပေမယ့် အစိုးရအဆက်ဆက် အာဏာလက်မလွှတ်လိုသူများက အပြောင်းအလဲမှာမပါအောင် ယတြာသဘောမျိုး ပြုလုပ်ကိုးကွယ်ခဲ့ကြတာဖြစ်လို့ မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။ယခုမှသာ ဒီလိုဖယ်ရှားနိုင်တယ်လို့ ဆိုပေမယ့် အဆိုပါကျောင်းတိုက်ဝန်းထဲမှာ 'အာဏာတည်စေ'၊ 'လွှတ်တော်မြဲစေ'၊ 'ပုလ္လင်မြဲစေ'၊ 'ရာထူးတိုးစေ' အမည်ထူးထူးဆန်ဆန်း ဗုဒ္ဓဘာသာဝင်တွေပေးလေ့မရှိတဲ့ ဘွဲ့အမည်နဲ့ စေတီတော်တွေကတော့ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ အဆိုပါဖယ်ရှားခံရတဲ့ ဆင်းတုတွေကို မူလအလှူရှင်တွေက လက်ရှိမှာ မန္တလေးကိုပို့ပြီး ကြည်ညိုဖွယ်ဖြစ်အာင် လာဘမုနိရုပ်ပွားတော်အဖြစ် ပြန်လည်ပြုပြင်နေတယ် ဆိုပါတယ်။မြန်မာနိုင်ငံတစ်ဝန်း ဒီလို ရာထူးဌာနန္တရတည်မြဲဖို့အတွက် အစီအရင်တွေ၊ အယူအဆတွေနဲ့ ထုလုပ်တည်ထားတဲ့ စေတီတွေ ဆင်းတုတွေ ဘယ်လောက်တောင်ရှိမလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။

သာသနာရေးဦးစီးဌာနကတော့ မီဒီယာတစ်ခုကိုပြောခဲ့ရာမှာ  ထေရဝါဒဗုဒ္ဓသာသနာနှင့် မလျော်ညီသည့် ရုပ်ပွားတော်များကို ကျမ်းဂန်နှင့်အညီ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်ရန် ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ဒီလိုသာဆိုရင် နိုင်ငံတစ်ဝန်း ပုံစံမျိုးစုံ ဘိုးတော်၊ မယ်တော်၊ ရဟန်း ယောဂီ စသဖြင့် လူပုဂ္ဂိုလ်ပေါင်းစုံတည်ထားသည့် ဆင်းတုများ ပြန်လည်သန့်စင်မှာဖြစ်တဲ့အတွက် ကြည်ညိုဖွယ်အဆင်းမဆောင်သည့် ဆင်းတုတော်များဖယ်ရှားရာမှာ မူလအလှူရှင်တွေဘက်က ဘယ်လိုဝေဖန်မှုတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမယ့် အခြေအနေပါ။လက်ရှိမှာ ရွှေတိဂုံစေတီတော် တောင်ဘက်မျက်နှာစာရှိ ဓမ္မာရုံထဲက  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မျက်နှာနဲ့ဆင်တူနေတဲ့ ကျောက်စိမ်းဘုရားဆင်းတုတော်လည်း ဒီထဲပါဝင်မှု ရှိ/မရှိ၊ ပါဝင်ရင်လည်း ဘယ်လိုစီမံမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ဒီဆင်းတုတော်က စဖွင့်ကတည်းက လူအတော်များများပြောနေကြတာဖြစ်သလို ယခင်က နိုင်ငံတကာခေါင်းဆောင်များလာရောက်တိုင်း ဝင်ဖူးလေ့ရှိတဲ့ ကျောက်စိမ်းဆင်းတုတော်လည်းဖြစ်ပါတယ်။

အာဏာသဘောသဘာ၀မှာ ပုထုဇဉ်သဘောအရ သာယာတတ်ပြီး လက်မလွတ်လိုကြသဖြင့် ကိုယ့်အခွင့်အာဏာတည်မြဲရေးအတွက် ဘာမဆိုလုပ်တတ်ကြသည့်သဘောအတိုင်း ယခုလည်း သာသနာ၏အသက် ဝိနည်း၊ ပိဋကတ်ကိုကျော်ကာ လုပ်သင်မလုပ်သင့်သည်ကိုမတွေးဘဲ ဘာမဆိုလုပ်ကြတာက သံသရာမှာ ဘယ်လောက်ထိသွားထိမလဲဆိုတာ ကြောက်စရာလန့်စရာပါ။ယနေ့ခေတ် အမျိုး၊ ဘာသာ၊ သာသာနာကို စောင့်ရှောက်ရေးလုပ်နေတဲ့သူတွေလဲ ဒီသဘောကိုထည့်သွင်းစဉ်းစားသင့်သလို  သာသနာမကွယ်ဖို့ဆိုရင် ဘာကိုစောင့်ရှောက်ရမှာလဲဆိုတာကို ကွဲကွဲပြားပြားသိဖို့လိုနေပါတယ်။တစ်ကယ်က သာသနာရဲ့အသက်ဖြစ်တဲ့ ဝိနည်းကိုလေးစားတဲ့ ရဟန်းသံဃာတွေကို  စောင့်ရှောက်ချီးမြှောက်ပါမှ  သာသနာအတွက် မည်မျှအကျိုးဖြစ်ထွန်းမှာကို တွက်ဆသင့်နေပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဘာသာ၊ သာသနာကို အကြောင်းပြုပြီး မဲဆွယ်တာတွေရှိလာနိုင်တဲ့ အခြေအနေရှိတဲ့အတွက် သာသနာသန့်ရှင်းရေး၊ စစ်မှန်တဲ့ သာသနာတိုးတက်ရေးက ထင်သလောက်ခရီးပေါက်နိုင်ဖို့ မလွယ်လှပါဘူး။ဒီအစား အမျိုး၊ ဘာသာ၊ သာသနာနဲ့ ငယ်ရွယ်တဲ့ရဟန်းပျိုတွေ၊ ဒုသီလတွေကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချမယ့်သူတွေ၊ ပါတီတွေ ရှိလာနိုင်တဲ့အတွက် အနာဂတ်သာသနာအတွက် ရင်လေးစရာတွေဘာတွေ မြင်တွေ့ရဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။    

ပစ်မှတ်ထားပိတ်ဆို့မှုနဲ့ လက်ရှိမြန်မာနိုင်ငံရေး

ဇူလိုင်လ ၆ ရက်နေ့က ဗြိတိန်အစိုးရက လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ အဖွဲ့အစည်းနာမည် ၄၉ ခုကို စီးပွားရေးအရ ကန့်သတ်ပိတ်ဆို့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ဒီပိတ်ဆို့ကန့်သတ်ချက်မှာ ရုရှား၊ ဆော်ဒီအာရေဗျ၊ မြန်မာနဲ့ မြောက်ကိုရီးယားနိုင်ငံတွေက ပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ အဖွဲ့အစည်းတွေပါဝင်ပါတယ်။ဒီထဲမှာ မြန်မာနိုင်ငံက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒု-ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ ပါဝင်ခဲ့ပါတယ်။မြန်မာကာကွယ်ရေးဦးစီးချုပ်နဲ့ ဒု-ချုပ်ကိုပိတ်ဆို့ရတဲ့ စွပ်စွဲချက်ကတော့ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းက ရိုဟင်ဂျာတွေကို စနစ်တကျအကြမ်းဖက်နှိမ်နင်းတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အရေးယူလိုက်တာလို့ ဆိုပါတယ်။အရေးယူတဲ့အထဲမှာ ဗြိတိန်နိုင်ငံကို ဝင်ရောက်ခွင့်ဗီဇာပိတ်တာ၊ ဗြိတိန်နဲ့ဆက်စပ်တဲ့ဘဏ်တွေမှာ သိမ်းထားတဲ့ ပိုင်ဆိုင်မှုတွေရှိရင် ထုတ်ယူသုံးစွဲခွင့်မပြုတာ၊ ဘဏ်တွေကတဆင့် ငွေအလွှဲအပြောင်းလုပ်ခွင့်မရအောင်ထိန်းချုပ်တာ စတဲ့ ကန့်သတ်တားမြစ်ချက်တွေ ပါဝင်ပါတယ်။ဗြိတိန်ရဲ့ ဒီလို လူပုဂ္ဂိုလ်ကိုပစ်မှတ်ထားပြီး ပိတ်ဆို့တာကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို က ကြေညာချက်တစ်စောင် ထုတ်ခဲ့ပါသေးတယ်။  

ဗြိတိန်ဘက်က ဒီလိုပိတ်ဆို့တဲ့အတွက် ဗြိတိန်နှင့် ဥရောပ (ခြွင်းချက်အားဖြင့်-ရုရုား) သို့ သွားလေ့မရှိသည့် တပ်ချုပ်နှင့် ဒု-တပ်ချုပ်တို့အတွက်  ထိရောက်မှုများများစားစားမရှိနိုင်ပေမယ့် နိုင်ငံရေးအရတော့ သက်ရောက်မှုရှိခဲ့ပါတယ်။အဓိကအားဖြင့် ယခုပိတ်ဆို့မှုက မြန်မာနိုင်ငံကို ဂမ်ဘီယာက ICJ မှာ တရားစွဲဆိုခံထားရတဲ့အမှုမှာ တရားစွဲခဲ့တဲ့သူတွေအတွက် အနည်းနဲ့အများဆိုသလို အထောက်အပံ့ဖြစ်သွားနိုင်ပါတယ်။

ဒီလို တပ်ဘက်ထိပ်ပိုင်းအရေးပါသူနှစ်ဦးကို ဗြိတိန်က ပစ်မှတ်ထားပိတ်ဆို့ပေမယ့် တပ်ဘက်ကတော့ နိုင်ငံတကာကစွပ်စွဲအပြစ်တင်တဲ့ ဂူတာပြင်ဖြစ်စဉ်မှာ ကျူးလွန်ခဲ့တဲ့သူတွေကို အရေးယူတာကို ယခုရက်ထဲမှာ ထုတ်ပြန်ခဲ့တာရှိပါတယ်။ဒီလိုကျူးလွန်သူတွေကို  စစ်တရားရုံး (Court-Martial) နဲ့ စစ်ဆေးခဲ့ရာမှာ အရာရှိကြီးတစ်ဦး၊ အရာရှိတစ်ဦးနဲ့ အခြားအဆင့်စစ်သည်တစ်ဦးကို ကျူးလွန်ခဲ့ကြောင်းတွေ့ရှိရတဲ့အတွက် ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့သလို ဘင်္ဂါလီ ၃၀၀ ကျော် သတ်ဖြတ်ခံခဲ့ရတဲ့ မောင်နုကျေးရွာနှင့် ချွတ်ပြင်ကျေးရွာ ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) နဲ့ ဆက်လက်စစ်ဆေးဆောင်ရွက်သွားဖို့ စစ်ဘက်တရားရုံးကို ဇူလိုင် ၅ ရက်မှာ ဖွဲ့စည်းခဲ့တာကိုပါ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို တပ်ဘက်က နိုင်ငံတကာစွပ်စွဲချက်ကို ဖြေဖျောက်ဖို့လုပ်နေပေမယ့် ယခုလိုပစ်မှတ်ထားပိတ်ဆို့မှုတွေဖြစ်လာတာက သိပ်ကောင်းတဲ့အလားအလာတော့မဟုတ်ပါဘူး။မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းစာတစ်စောင်ကို ပြောခဲရာမှာတော့ ယခုပစ်မှတ်ထားအရေးယူမှုတွေက နိုင်ငံတွေကိုဖြစ်စေ အစိုးရများကိုဖြစ်စေ မရည်ရွယ်ဘူးလို့ပြောခဲ့ပေမယ့် ဒီလို မြန်မာတပ်ချုပ်နဲ့ ဒု-တပ်ချုပ်ကို ပစ်မှတ်ထားအရေးယူမှုက နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ပုံရိပ်ကို အနည်းနဲ့အများထိခိုက်မှုရှိမှာပါ။

နိုင်ငံတစ်ခုရဲ့ စစ်ဘက်ဆိုင်ရာ အမြင့်ဆုံးတာဝန်ယူထားသူနှစ်ဦးကို အခုလိုအရေးယူမှုပြုတဲ့အတွက် တပ်ဘက်က ပြန်လည်တုံ့ပြန်ပြောဆိုရာမှာတော့ “ရခိုင်ကိစ္စ၊ လူ့အခွင့်အရေးကိစ္စတွေမှာ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဆောင်ရွက်နေသလို ပွင့်လင်းမြင်သာစွာနဲ့လုပ်နေပြီး ဒီကြားထဲကနေ ဒီလိုပိတ်ပင်မှုရှိလာတဲ့အပေါ် ထူးပြီးဝေဖန်စရာမရှိပါဘူး” လို့ ပြောခဲ့တာကိုတွေ့ရပါတယ်။လက်ရှိမှာ တပ်ချုပ်ရဲ့ တာဝန်ထမ်းဆောင်မှုသက်တမ်းက သက်တမ်းတိုးထားတာ ပြည့်တော့မှာဖြစ်သလို  လာမည့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အာဏာရပါတီသာ သောင်ပြိုကမ်းပြိုအနိုင်မရခဲ့ရင် ပေါ်ပေါက်လာမယ့် အစိုးရသစ်မှာ သမ္မတအဖြစ် ရွေးကောက်ခံရနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေထွက်လာနေချိန်မှာ ယခုလို ပစ်မှတ်ထားပိတ်ဆို့ခံရတဲ့ ကန့်သတ်ချက်က တပ်ချုပ်ရဲ့ အရပ်ဘက်နိုင်ငံရေးလမ်းကြောင်းကို အတားအဆီးတစ်ခုဖြစ်လာဖွယ်ရှိနေပါတယ်။ဒီအတွက် “တိမ်တောင်သဖွယ် မင်းရေးကျယ်” ဆိုတဲ့  ကျယ်ပြန့်တဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ဆက်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဒါ့အပြင် ယခုရက်သတ္တပတ်ထဲမှာဖြစ်ခဲ့တဲ့ တပ်ဘက်ရဲဘက်ဆိုင်ရာ သတင်းတွေထဲမှာ စိတ်ဝင်စားစရာ တခြားသတင်းလေးတွေလည်းရှိခဲ့ပါတယ်။ဒီထဲမှာ ထူးထူးခြားခြား လူ ၁၇၀ ကျော် သေဆုံးစေခဲ့သည့် ဖားကန့်မြေပြိုမှုနဲ့ပတ်သက်ပြီး တပ်မတော်က ကျောက်မျက်လုပ်ကွက်နယ်မြေအတွက် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူ တပ်မှူးတစ်ဦးနှင့် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကို အရေးယူခဲ့တဲ့သတင်းပါဘဲ။ဒါဟာ ဒီဘက်အရပ်သားအစိုးရလက်ထက်မှာ တပ်ဘက်ကနေပြောင်းလဲလာတဲ့ ပွင့်လင်းမြင်သာမှုပါဘဲ။တပ်မှူးတစ်ဦးနဲ့ နယ်လုံဝန်ကြီးဖြစ်တဲ့ ဗိုလ်မှူးကြီးကို  “လုံခြုံရေးအရ တာဝန်ရှိတာကို တာဝန်အတိုင်းမတင်ပြခဲ့မှု” လို့ မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်စေပြီး လိုအပ်သည့် အရေးယူဆောင်ရွက်နိုင်ရေး တပ်မတော်မှဆောင်ရွက်လျက်ရှိတယ်ဆိုပြီး တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။

ဒီဖားကန့်မြေပြိုမှုနဲ့ပတ်သက်ပြီး တပ်ဘက်က လုံခြုံရေးဆိုင်ရာတာဝန်ရှိသူတွေကို အရေးယူတာတွေ့ရသလို အစိုးရဘက်ကလည်း သမ္မတအမိန့်နဲ့ ဇူလိုင် ၃ ရက်မှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၆ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းစစ်ဆေးခဲ့ပါတယ်။ဒီလို စုံစမ်းစစ်ဆေးရေးအဖွဲ့ရာမှာလည်း  အဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နဲ့ ပတ်သက်ပြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) မှာ တစ်ဦးတည်း ရှယ်ယာအများဆုံးပိုင်ဆိုင်ထားတဲ့သူထဲ တစ်ဦးဖြစ်နေလို့ အကျိုးစီးပွားပဋိပက္ခဆိုင်ရာကိစ္စများ ဖြစ်နိုင်တယ်ဆိုပြီး Justice for Myanmar လူ့အခွင့်အရေးအဖွဲ့ကထောက်ပြကာ အဖွဲ့မှနုတ်ထွက်ပေးဖို့ ဇူလိုင် ၆ ရက်မှာ တောင်းဆိုခဲ့တာလည်း ဖြစ်ခဲ့ပါတယ်။

အဆိုပါစုံစမ်းစစ်ဆေးရေးအဖွဲ့ သွားရောက်ကွင်းဆင်းစစ်ဆေးရာ မြေပြိုကျမှုဖြစ်စဉ်ဖြစ်ရတာ ရေမဆေးကျောက်ရှာဖွေသူများ၏ လောဘအပါအဝင် အချက်နှစ်ချက်ကြောင့်ဖြစ်တယ်ဆိုပြီး အဖွဲ့ဥက္ကဋ္ဌက ပြောခဲ့တဲ့စကားကလည်း လူမှုကွန်ရက်မှာ အတော်လေးဂယက်ရိုက်ခဲ့ပါတယ်။
ဖားကန့်မြေပြိုမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဇူလိုင် ၃ ရက်က ဆောက်လုပ်ရေးကဏ္ဍ အခြေအနေနှင့်ပတ်သက်၍ အွန်လိုင်းမှတစ်ဆင့်စကားဝိုင်းမှာ “ဝမ်းနည်းဖွယ်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သလို သေဆုံးသူများထဲမှာ တရားမဝင်တူးဖော်နေသူတွေပါဝင်ပြီး ယင်းက နိုင်ငံမှာ တရားဝင်အလုပ်ရှာဖွေရန် အတိုင်းအတာတစ်ခုအထိ ခက်ခဲနေတာကို ပြသနေတယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။လူရာနဲ့ချီပြီး သေဆုံးခဲ့ရတဲ့ ဖားကန့်မြေပြိုမှုအတွက် အဓိကကျတဲ့ လုပ်ကွက်ပိုင်ရှင်တွေ၊ လုံခြုံရေးတွေနဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေဘက်က တာဝန်ယူမှု တာဝန်ခံမှုအတွက် ဘယ်လိုတွေရှိလာမလဲဆိုတာ မသိရပေမယ့် ကမ္ဘာ့သတင်းတစ်ပုဒ်ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်ဆိုးအတွက် အာဆီယံနိုင်ငံတွေက ဝမ်းနည်းကြောင်း သတင်းစကားပေးပို့သလို  နောက်နောင် ဒီလိုဆိုးဝါးတဲ့အဖြစ်ဆိုး ထပ်မကြုံရအောင် အစိုးရဘက်က ဘယ်လောက်ထိ ထိန်းကွပ်နိုင်ပါ့မလဲဆိုတာကိုလည်း စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဒီရက်သတ္တပတ်ထဲမှာ နောက်ထပ်သတင်းတစ်ခုက နာမည်ကြီးသတင်းတစ်ခုဖြစ်တဲ့ ရဲမေတွေကို ရာထူးတိုးပေးမယ်ဆိုပြီး လိင်အမြတ်ထုတ်ခဲ့တဲ့ ရဲရာထူးခန့်ချုပ်ကို အရေးယူတဲ့သတင်းပါဘဲ။ဒီဖြစ်ရပ်မှာလည်း အများပြည်သူကြားချင်နေတဲ့အတိုင်း ယခုတစ်ပတ်မှာ ထောင်ဒဏ်ချခဲ့ပါတယ်။
ဒါပေမယ့် ထောင်ဒဏ်ကျခံရတဲ့နှစ်အတွက် အများပြည်သူကြား ဝေဖန်မှုတွေထွက်လာခဲ့သလို သုံးနှစ်မှာ လိင်အမြတ်ထုတ်ခံရသူတစ်ယောက်အတွက် တစ်ယောက်ကို ဘယ်နှစ်လသာသာကျတယ်ဆိုတဲ့ သရော်တော်တော်ဝေဖန်မှုတွေ၊ ခနဲ့တဲ့တဲ့ရုပ်ပြောင်ရေးဆွဲမှု အွန်လိုင်းမှာရေးဆွဲတာတွေ၊ ဖော်ပြတာတွေ ရှိလာခဲ့ပါတယ်။ဒီလို ရဲမေ ၁၀ ဦးကျော်ကို လိင်အမြတ်ထုတ်တဲ့အတွက် ပြစ်ဒဏ်ချခဲ့တာကို တရားဝင်ထုတ်ပြန်ခဲ့တာကို မတွေ့ရဘဲ မေးမြန်းအတည်ပြုချက်တွေအရသာ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်း ကို ရဲတရားရုံးက ထောင်ဒဏ်သုံးနှစ်ချပြီး ရမည်းသင်းထောင်ကို ပို့ခဲ့တယ်ဆိုတာပဲ သိခဲ့ရပါတယ်။

ယခုရက်ထဲမှာဘဲ နောက်ထပ်တပ်ဘက်ဆိုင်ရာ သတင်းတစ်ခုကတော့ တာချီလိတ်မြို့မှာ ဗိုလ်မှူးအဆင့်ရှိ ဒုတပ်ရင်းမှူးတစ်ဦးနဲ့ တပ်ကြပ်တစ်ဦးဆီကနေ ကားနဲ့ စိတ်ကြွဆေးပြား ၂ သိန်းကျော် သယ်လာတာကို ဖမ်းဆီးရမိခဲ့တဲ့သတင်းပါဘဲ။ဇူလိုင် ၅ ရက်နေ့ နေ့လယ်ပိုင်းကဖြစ်ခဲ့တဲ့ အဆိုပါဖမ်းဆီးရမိမှုဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့ က သတင်းရလို့စောင့်ဆိုင်းနေချိန်မှာ စိမ်းပုတ်ရောင် Hilux ကားရဲ့ နောက်ခန်းထဲကနေ စိတ်ကြွဆေးပြား ၂ သိန်းကျော် တွေ့ ရှိခဲ့တာပါ။မူးယစ်ဆေးတွေနဲ့ဖမ်းမိတဲ့ ဗိုလ်မှူးနဲ့ တပ်ကြပ်ကို တာချီလိတ်စစ်ဗျူဟာ (အခြေချ) ကို နေ့တွင်းချင်းခေါ်ဆောင်သွားသလို တာချီလိတ်မြို့ရဲစခန်းမှာ အမှုဖွင့်ထားတယ်ဆိုပါတယ်။ဒီအတွက် ဆေးပြားဆယ်ဂဏန်းလောက်မိရင်တောင် ပြင်းပြင်းထန်ထန်အရေးယူနေတဲ့ သမ္မတကိုယ်တိုင် မူးယစ်ဆေးဝါးဖမ်းဆီးမှုကို ကြပ်ကြပ်မတ်မတ်လုပ်နေတဲ့ အရပ်သားသမ္မတလက်ထက်မှာ  နိုင်ငံဝန်ထမ်းဖြစ်တဲ့ တပ်ဘက်က အရာရှိတစ်ဦးထံက ယခုလို မူးယစ်ဆေးဝါးသိန်းနဲ့ချီပြီး ဖမ်းဆီးရမိမှုမှာ ဘယ်လိုစံပြအရေးယူမှုတွေ မြင်တွေ့ရမလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဒီလို စိတ်ဝင်စားဖွယ်ရာ သတင်းတွေအပြင် ကွာရင်တိုင်းမဝင်ဘဲ ရပ်ကွက်ထဲတန်းဝင်လာလို့ လူထုအကြားအထိတ်တလန့်ဖြစ်ခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာကွယ်ရေးအပေါ် ပေါ့ဆလာတဲ့သတင်းတွေ၊ ရန်ကုန်မြို့ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်လိုင်း (YBS) ထဲ ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေထဲက အစီး ၆၀၀ ခန့်မှာ ယာဉ်စီးခပေးတဲ့ကတ် (YPS) ကတ်နဲ့ စတင်စီးနင်းနိုင်တော့မယ့်သတင်း၊ တရုတ်နိုင်ငံမှာ မြန်မာသင်္ဘောသား ၈ ဦး တရားမဝင်မှောင်ခိုပစ္စည်းရောင်းဝယ်မှု မသင်္ကာမှုဖြင့် ယာယီထိန်းသိမ်းခံထားရတဲ့သတင်း၊ မြန်မာ့အကြီးဆုံး သနပ်ခါးပင်ကို ကျောက်မဲခရိုင်မှာ တွေ့ ရှိခဲ့တဲ့သတင်း၊ စင်ကာပူရှိ မြန်မာအိမ်အကူအမျိုးသမီးတစ်ဦးကို လူသတ်မှုဖြင့် စွဲချက်တင်ခံရတဲ့သတင်း၊ ယာဉ်မောင်း ၆၄ ဦးနဲ့ Omni Focus ကုမ္ပဏီနဲ့ဖြစ်တဲ့ အငြင်းပွားမှုမှာ ခုံသမာဓိရုံးက ယာဉ်မောင်းတွေကို အနိုင်ပေးခဲ့တဲ့သတင်း၊ ဧရာ၀တီမြစ်ရေ ဒုတိယမြစ်ကျဉ်း ကြက်တူရွေးနှုတ်သီးနားအထိ  မြင့်တက်နေတဲ့အတွက် မြစ်အောက်ပိုင်းဒေသတွေကို သတိပေးထားတဲ့သတင်း၊ ဇူလိုင် ၇ ရက်က ရန်ကုန်တက္ကသိုလ်နဲ့ မန်းရတနာပုံတက္ကသိုလ်ထဲမှာ ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်ပွဲ ကျင်းပခဲ့တဲ့သတင်း၊ မကွေးတိုင်းထဲက ပဲ၊ နှမ်း စိုက်ခင်းတွေကို ကျိုင်းကောင်ကျဆင်းတဲ့ သတင်းတွေလို စိတ်ဝင်စားစရာသတင်းတွေလဲ ယခုရက်ထဲမှာဖြစ်ခဲ့တယ်ဆိုတာတင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
ဇူလိုင် - ၁၀

( Zawgyi )

ယခုရက္သတၱပတ္ ျပည္တြင္းသတင္းေတြထဲ သတိထားမိၾကတဲ့ သတင္းအခ်ိဳ႕ရွိခဲ့ပါတယ္။ဘာသာေရးဆိုင္ရာ အလြဲအသုံးခ်မႈတစ္ခုျဖစ္တဲ့ ေနျပည္ေတာ္ မင္းဝင္ေတာင္မွာ ယခင္အစိုးရလက္ထက္က ေနရာတည္ၿမဲ ေရးအတြက္  အာဏာရွိခဲ့သူေတြထုလုပ္ခဲ့တဲ့ ဆင္းတုေတြကို မလုပ္သင့္မလုပ္ထိုက္တာျဖစ္လို႔ သာသနာေရးဦးစီးဌာနက ဖယ္ရွားခိုင္းလို႔ ဂယက္႐ိုက္ခဲ့တဲ့သတင္းေတြ၊ ၿဗိတိန္က ျမန္မာႏိုင္ငံရဲ႕ ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ဒု-ကာကြယ္ေရးဦးစီးခ်ဳပ္ကို စီးပြားေရးအရ ပစ္မွတ္ထားပိတ္ဆို႔ခဲ့တဲ့သတင္းနဲ႔ ရဲရာထူးခန႔္ခ်ဳပ္ ရဲမႉးခ်ဳပ္ေဇာ္မိုးသန္း ကို ရဲတရား႐ုံးက ေထာင္ဒဏ္သုံးႏွစ္ခ်ၿပီး ရမည္းသင္းေထာင္ကို ပို႔ခဲ့တယ္ဆိုတဲ့သတင္းေတြ၊ တာခ်ီလိတ္ၿမိဳ႕မွာ ဗိုလ္မႉးအဆင့္ရွိ ဒုတပ္ရင္းမႉးတစ္ဦးနဲ႔ တပ္ၾကပ္တစ္ဦးဆီကေန ကားနဲ႔ စိတ္ႂကြေဆးျပား ၂ သိန္းေက်ာ္ သယ္လာတာကို ဖမ္းဆီးရမိခဲ့တဲ့ သတင္းေတြဘဲျဖစ္ပါတယ္။

ဒီသတင္းေတြထဲက ပထမဦးဆုံး ေနျပည္ေတာ္ မင္းဝံ (မင္းဝင္) ေတာင္က ယၾတာအတြက္ ထုလုပ္ကိုးကြယ္တဲ့ ဆင္းတုသတင္းေတြကို အရင္ဆုံးတင္ဆက္ပါမယ္။

ယၾတာႏိုင္ငံေရးလား၊ အယူသည္းမႈေၾကာင့္ ႏိုင္ငံနစ္နာခဲ့တာလား

ယခင္အစိုးရလက္ထက္ကတည္းက လူမႈကြန္ရက္မွာ ေဝဖန္မႈမ်ားခဲ့တဲ့ ၾကည္ညိဳဖြယ္မေဆာင္တဲ့ ဘုရားဆင္းတုေတာ္သ႑ာန္တူေတြကိစၥဟာ မီဒီယာတစ္ခုက ေဖာ္ျပသတင္းေရးသားမႈေနာက္မွာ အမ်ားျပည္သူအာ႐ုံစိုက္စရာ ျဖစ္လာခဲ့ပါတယ္။အဆိုပါဆင္းတုေတြဟာ ယၾတာသေဘာထုလုပ္ထားတဲ့ ႐ုပ္တုေတြျဖစ္ၿပီး ယခင္က ဗိုလ္ခ်ဳပ္မႉးႀကီးေဟာင္းသန္းေ႐ႊ အပါအဝင္ စစ္ဗိုလ္ခ်ဳပ္ႀကီးမ်ားနဲ႔ ျပည္ခိုင္ၿဖိဳးပါတီက တာဝန္ရွိသူေတြ လႉဒါန္းျပဳလုပ္ထားတာပါ။ဒါေၾကာင့္လဲ  ဒီဆင္းတုေတာ္ေတာ္ေတြက ဗုဒၶဘာသာက်မ္းဂန္လာနဲ႔ မညီေပမယ့္ ထိုစဥ္က တာဝန္ရွိတဲ့အဖြဲ႕အစည္းေတြက မထိရဲမတို႔ရဲခဲ့ၾကပါဘူး။

ယခုမွာေတာ့ လူမႈကြန္ရက္မွာ သာသနာအတြက္ မျဖစ္သင့္တဲ့ျပဳလုပ္မႈျဖစ္သလို ယၾတာသေဘာ လႉဒါန္းျပဳလုပ္ထားတာမွာ ပုံပ်က္ပန္းပ်က္အသြင္ ဗုဒၶဆင္းတုမ်ားအသြင္ျဖစ္ေနတယ္ဆိုၿပီး လူမႈကြန္ရက္မွာ ေဝဖန္မႈေတြမ်ားလာသလို တျခားဘာသာဝင္ေတြအေနနဲ႔ ၾကည့္မယ္ဆိုရင္ မေလးစားစရာ အထင္ေသးစရာလည္း ျဖစ္ေနတဲ့အတြက္ ယခင္လႉဒါန္းခဲ့သူနဲ႔ ပတ္သက္ရာပတ္သက္ေၾကာင္း အသိုင္းအဝိုင္းကလြဲရင္ အမ်ားစုက ဆင္းတုေတြကို ၾကည္ညိဳဖြယ္ဆင္းတုေတာ္ေတြအျဖစ္ ျပန္လည္ျပင္ဆင္လိုၾကပါတယ္။ဒီအတြက္ သက္ဆိုင္ရာသာသာနာေရးဦးစီးဌာနက ဝင္ေရာက္ကိုင္တြယ္ခဲ့ရပါတယ္။    

ဒီဆင္းတုေတြက ေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕၊ ႐ြာေကာက္ရပ္ကြက္၊ စိႏၲာမုနိေက်ာင္းဆရာေတာ္ ဦးစႏၵိမာသာရ၏ စိႏၲာမုနိ မင္းဝံေတာင္ဘုရားပရိဝုဏ္အတြင္းမွာ ရွိတာပါ။ရွိတဲ့ဆင္းတုေတာ္ေတြက ဗုဒၶျမတ္စြာဘုရား၏ မ်က္ႏွာေတာ္၊ ႏွာေခါင္းေတာ္ကို ခြၽန္ခြၽန္သြယ္သြယ္ျပဳလုပ္ထားၿပီး ႏႈတ္ခမ္းေတာ္မွာ ႏႈတ္ခမ္းစူေနသည့္အသြင္၊ ဆံေတာ္သင္းက်စ္မွာလည္း အစဥ္အလာဆင္းတုမ်ားတြင္ေတြ႕ရသည့္ အထုံးမဟုတ္ဘဲ အခြၽန္အတက္ျပဳလုပ္ထားတာေတြရွိသလို တခ်ိဳ႕ဆင္းတုေတာ္မွာ ဗုဒၶ၏ဘယ္ဖက္လက္ေတာ္ကို မရွိစဖူး တင္ပလႅင္ေနာက္သို႔ ကိုး႐ိုးကားယား ေျပာင္းျပန္အေနအထားနဲ႔ ထုလုပ္ထားတဲ့အတြက္ ေတြ႕ရသူတိုင္း စိတ္မသက္မသာျဖစ္စရာပါ။

ဒါဟာ ေလာကီအစီအရင္အရ ညာတင္ကုပ္လို႔ေခၚတဲ့ အေဆာင္ယၾတာမ်ိဳးဆိုေပမယ့္ ဘယ္ဘက္ပါ တင္တင္ထားတဲ့အတြက္ ညာတင္ကုပ္လို႔လဲေျပာမရသလို ဘယ္လိုရည္႐ြယ္ခ်က္ေတြနဲ႔ ထုလုပ္ထားမွန္းမသိပါဘူး။ဝိဝါဒမ်ားစရာ အစီအရင္႐ုပ္တုမ်ားႏွင့္ အမ်ိဳးမ်ိဳးေသာဆင္းတုမ်ားဟာ ေထရဝါဒဗုဒၶသာသနာနဲ႔ၾကည့္မယ္ဆိုရင္ ဘယ္လိုမွမကိုက္ညီတဲ့ မုျဒာပုံစံမ်ားျဖစ္ေနလို႔ သာသနာေရးဦးစီးဌာနက ေနျပည္ေတာ္ သံဃာ့မဟာနာယကထံ ေလွ်ာက္ထားခဲ့ရာမွာ  ဆရာေတာ္မ်ားက ဇူလိုင္ ၆ ရက္ ေနာက္ဆုံးထားဖယ္ရွားဖို႔ ဆုံးျဖတ္ခဲ့တဲ့အထိ ျဖစ္လာခဲ့တာပါ။

ယခုကိစၥႏွင့္ပတ္သက္ၿပီး သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနမွ ထုတ္ျပန္တဲ့ေၾကညာခ်က္မွာေတာ့ "၎႐ုပ္ပြားေတာ္မ်ားသည္ ေထရဝါဒဗုဒၶဘာသာႏွင့္ကိုက္ညီမႈမရွိျခင္း၊ ေလာကီအက်ိဳးစီးပြားအတြက္ ေဗဒင္ယၾတာအစီအမံမ်ားႏွင့္ ေပါင္းစပ္ျပဳလုပ္ထားျခင္း၊ အျခားဘာသာအယူဝါဒမ်ား လႊမ္းမိုးေရာယွက္ေနျခင္း၊ ၾကည္ညိဳ ဖြယ္မေဆာင္ျခင္း၊ ျမင္ရသူတို႔၏ၾကည္ညိဳစိတ္ကို ထိခိုက္ေစျခင္းေၾကာင့္ ျမတ္စြာဘုရားရွင္ ၄၅ ဝါ ကာလပတ္လုံး ေဝေနယ်သတၱဝါတို႔အား တရားေရေအးအၿမိဳက္ေဆးကို တိုက္ေကြၽးေတာ္မူခဲ့ေသာ ေအးခ်မ္းသည့္ပုံရိပ္တို႔ႏွင့္ ဆန႔္က်င္ေနသည္ကို ေတြ႕ရွိရပါသည္။စိႏၲာမုနိေက်ာင္း ဆရာေတာ္ ဦးစႏၵိမာသာရ (၈၁ ႏွစ္၊ ၃၃ ဝါ) သည္ ေတာထြက္ရဟန္းတစ္ပါးျဖစ္ၿပီး ပိဋကတ္စာေပတတ္ကြၽမ္းမႈမရွိျခင္း၊ အလႉရွင္မ်ား၏ ကိုယ္က်ိဳးစီးပြားအတြက္ စီးပြားဥစၥာအာဏာမ်ားရရွိေစရန္ ေလာကီအစီအမံမ်ားေပါင္းစပ္၍ ႐ုပ္ပြားေတာ္မ်ားကို ျပဳလုပ္ေစျခင္းျဖစ္ပါသည္" လို႔ ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။

ဒီလိုအေျခအေနေတြျဖစ္ေနတဲ့အတြက္ ေနျပည္ေတာ္ သံဃာ့မဟာနာယက ဆရာေတာ္ေတြက အဆိုပါဆင္းတုေတာ္မ်ားတည္ထားတဲ့ မင္းဝံေတာင္ေပၚရွိ စိႏၲာမုနိေက်ာင္းတိုက္မွ အရွင္စႏၵိမာသာရ ကို ေခၚယူကာ ဇူလိုင္ ၆ ရက္ ေနာက္ဆုံးထားဖယ္ရွားရန္ သာသနာေရးဦးစီးဌာနက ၫႊန္ၾကားေၾကာင္း အသိေပးခဲ့ပါတယ္။

ဒီလို မဆီေလွ်ာ္မလုပ္သင့္မလုပ္ထိုက္တဲ့ အဆိုပါ႐ုပ္တုေတြကိုဖယ္ရွားဖို႔ ယခင္အစိုးရလက္ထက္ကလည္း ႀကိဳးစားခဲ့တယ္ဆိုေပမယ့္ အစိုးရအဆက္ဆက္ အာဏာလက္မလႊတ္လိုသူမ်ားက အေျပာင္းအလဲမွာမပါေအာင္ ယၾတာသေဘာမ်ိဳး ျပဳလုပ္ကိုးကြယ္ခဲ့ၾကတာျဖစ္လို႔ မေအာင္ျမင္ခဲ့ဘူးလို႔ ဆိုပါတယ္။ယခုမွသာ ဒီလိုဖယ္ရွားႏိုင္တယ္လို႔ ဆိုေပမယ့္ အဆိုပါေက်ာင္းတိုက္ဝန္းထဲမွာ 'အာဏာတည္ေစ'၊ 'လႊတ္ေတာ္ၿမဲေစ'၊ 'ပုလႅင္ၿမဲေစ'၊ 'ရာထူးတိုးေစ' အမည္ထူးထူးဆန္ဆန္း ဗုဒၶဘာသာဝင္ေတြေပးေလ့မရွိတဲ့ ဘြဲ႕အမည္နဲ႔ ေစတီေတာ္ေတြကေတာ့ ရွိေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိမွာ အဆိုပါဖယ္ရွားခံရတဲ့ ဆင္းတုေတြကို မူလအလႉရွင္ေတြက လက္ရွိမွာ မႏၲေလးကိုပို႔ၿပီး ၾကည္ညိဳဖြယ္ျဖစ္အာင္ လာဘမုနိ႐ုပ္ပြားေတာ္အျဖစ္ ျပန္လည္ျပဳျပင္ေနတယ္ ဆိုပါတယ္။ျမန္မာႏိုင္ငံတစ္ဝန္း ဒီလို ရာထူးဌာနႏၲရတည္ၿမဲဖို႔အတြက္ အစီအရင္ေတြ၊ အယူအဆေတြနဲ႔ ထုလုပ္တည္ထားတဲ့ ေစတီေတြ ဆင္းတုေတြ ဘယ္ေလာက္ေတာင္ရွိမလဲဆိုတာ ဘယ္သူမွမသိႏိုင္ပါဘူး။

သာသနာေရးဦးစီးဌာနကေတာ့ မီဒီယာတစ္ခုကိုေျပာခဲ့ရာမွာ  ေထရဝါဒဗုဒၶသာသနာႏွင့္ မေလ်ာ္ညီသည့္ ႐ုပ္ပြားေတာ္မ်ားကို က်မ္းဂန္ႏွင့္အညီ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ေဆာင္႐ြက္ရန္ ဆုံးျဖတ္ထားတယ္လို႔ ဆိုပါတယ္။ဒီလိုသာဆိုရင္ ႏိုင္ငံတစ္ဝန္း ပုံစံမ်ိဳးစုံ ဘိုးေတာ္၊ မယ္ေတာ္၊ ရဟန္း ေယာဂီ စသျဖင့္ လူပုဂၢိဳလ္ေပါင္းစုံတည္ထားသည့္ ဆင္းတုမ်ား ျပန္လည္သန႔္စင္မွာျဖစ္တဲ့အတြက္ ၾကည္ညိဳဖြယ္အဆင္းမေဆာင္သည့္ ဆင္းတုေတာ္မ်ားဖယ္ရွားရာမွာ မူလအလႉရွင္ေတြဘက္က ဘယ္လိုေဝဖန္မႈေတြျဖစ္လာမလဲဆိုတာ ေစာင့္ၾကည့္ရဦးမယ့္ အေျခအေနပါ။လက္ရွိမွာ ေ႐ႊတိဂုံေစတီေတာ္ ေတာင္ဘက္မ်က္ႏွာစာရွိ ဓမၼာ႐ုံထဲက  ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊ မ်က္ႏွာနဲ႔ဆင္တူေနတဲ့ ေက်ာက္စိမ္းဘုရားဆင္းတုေတာ္လည္း ဒီထဲပါဝင္မႈ ရွိ/မရွိ၊ ပါဝင္ရင္လည္း ဘယ္လိုစီမံမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။ဒီဆင္းတုေတာ္က စဖြင့္ကတည္းက လူအေတာ္မ်ားမ်ားေျပာေနၾကတာျဖစ္သလို ယခင္က ႏိုင္ငံတကာေခါင္းေဆာင္မ်ားလာေရာက္တိုင္း ဝင္ဖူးေလ့ရွိတဲ့ ေက်ာက္စိမ္းဆင္းတုေတာ္လည္းျဖစ္ပါတယ္။

အာဏာသေဘာသဘာ၀မွာ ပုထုဇဥ္သေဘာအရ သာယာတတ္ၿပီး လက္မလြတ္လိုၾကသျဖင့္ ကိုယ့္အခြင့္အာဏာတည္ၿမဲေရးအတြက္ ဘာမဆိုလုပ္တတ္ၾကသည့္သေဘာအတိုင္း ယခုလည္း သာသနာ၏အသက္ ဝိနည္း၊ ပိဋကတ္ကိုေက်ာ္ကာ လုပ္သင္မလုပ္သင့္သည္ကိုမေတြးဘဲ ဘာမဆိုလုပ္ၾကတာက သံသရာမွာ ဘယ္ေလာက္ထိသြားထိမလဲဆိုတာ ေၾကာက္စရာလန႔္စရာပါ။ယေန႔ေခတ္ အမ်ိဳး၊ ဘာသာ၊ သာသာနာကို ေစာင့္ေရွာက္ေရးလုပ္ေနတဲ့သူေတြလဲ ဒီသေဘာကိုထည့္သြင္းစဥ္းစားသင့္သလို  သာသနာမကြယ္ဖို႔ဆိုရင္ ဘာကိုေစာင့္ေရွာက္ရမွာလဲဆိုတာကို ကြဲကြဲျပားျပားသိဖို႔လိုေနပါတယ္။တစ္ကယ္က သာသနာရဲ႕အသက္ျဖစ္တဲ့ ဝိနည္းကိုေလးစားတဲ့ ရဟန္းသံဃာေတြကို  ေစာင့္ေရွာက္ခ်ီးေျမႇာက္ပါမွ  သာသနာအတြက္ မည္မွ်အက်ိဳးျဖစ္ထြန္းမွာကို တြက္ဆသင့္ေနၿပီျဖစ္ပါတယ္။

ဒါေပမယ့္လည္း လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဘာသာ၊ သာသနာကို အေၾကာင္းျပဳၿပီး မဲဆြယ္တာေတြရွိလာႏိုင္တဲ့ အေျခအေနရွိတဲ့အတြက္ သာသနာသန႔္ရွင္းေရး၊ စစ္မွန္တဲ့ သာသနာတိုးတက္ေရးက ထင္သေလာက္ခရီးေပါက္ႏိုင္ဖို႔ မလြယ္လွပါဘူး။ဒီအစား အမ်ိဳး၊ ဘာသာ၊ သာသနာနဲ႔ ငယ္႐ြယ္တဲ့ရဟန္းပ်ိဳေတြ၊ ဒုသီလေတြကို ကိုယ္က်ိဳးစီးပြားအတြက္ အသုံးခ်မယ့္သူေတြ၊ ပါတီေတြ ရွိလာႏိုင္တဲ့အတြက္ အနာဂတ္သာသနာအတြက္ ရင္ေလးစရာေတြဘာေတြ ျမင္ေတြ႕ရဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။    

ပစ္မွတ္ထားပိတ္ဆို႔မႈနဲ႔ လက္ရွိျမန္မာႏိုင္ငံေရး

ဇူလိုင္လ ၆ ရက္ေန႔က ၿဗိတိန္အစိုးရက လူပုဂၢိဳလ္တစ္ဦးခ်င္းနဲ႔ အဖြဲ႕အစည္းနာမည္ ၄၉ ခုကို စီးပြားေရးအရ ကန႔္သတ္ပိတ္ဆို႔ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ဒီပိတ္ဆို႔ကန႔္သတ္ခ်က္မွာ ႐ုရွား၊ ေဆာ္ဒီအာေရဗ်၊ ျမန္မာနဲ႔ ေျမာက္ကိုရီးယားႏိုင္ငံေတြက ပုဂၢိဳလ္တစ္ဦးခ်င္းနဲ႔ အဖြဲ႕အစည္းေတြပါဝင္ပါတယ္။ဒီထဲမွာ ျမန္မာႏိုင္ငံက ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ ဒု-ကာကြယ္ေရးဦးစီးခ်ဳပ္ ဒု-ဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းတို႔ ပါဝင္ခဲ့ပါတယ္။ျမန္မာကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ဒု-ခ်ဳပ္ကိုပိတ္ဆို႔ရတဲ့ စြပ္စြဲခ်က္ကေတာ့ ၿပီးခဲ့တဲ့ႏွစ္ပိုင္းေတြအတြင္းက ႐ိုဟင္ဂ်ာေတြကို စနစ္တက်အၾကမ္းဖက္ႏွိမ္နင္းတယ္ဆိုတဲ့စြပ္စြဲခ်က္နဲ႔ အေရးယူလိုက္တာလို႔ ဆိုပါတယ္။အေရးယူတဲ့အထဲမွာ ၿဗိတိန္ႏိုင္ငံကို ဝင္ေရာက္ခြင့္ဗီဇာပိတ္တာ၊ ၿဗိတိန္နဲ႔ဆက္စပ္တဲ့ဘဏ္ေတြမွာ သိမ္းထားတဲ့ ပိုင္ဆိုင္မႈေတြရွိရင္ ထုတ္ယူသုံးစြဲခြင့္မျပဳတာ၊ ဘဏ္ေတြကတဆင့္ ေငြအလႊဲအေျပာင္းလုပ္ခြင့္မရေအာင္ထိန္းခ်ဳပ္တာ စတဲ့ ကန႔္သတ္တားျမစ္ခ်က္ေတြ ပါဝင္ပါတယ္။ၿဗိတိန္ရဲ႕ ဒီလို လူပုဂၢိဳလ္ကိုပစ္မွတ္ထားၿပီး ပိတ္ဆို႔တာကို အေမရိကန္ျပည္ေထာင္စုက ႀကိဳဆိုတဲ့အေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ပီယို က ေၾကညာခ်က္တစ္ေစာင္ ထုတ္ခဲ့ပါေသးတယ္။  

ၿဗိတိန္ဘက္က ဒီလိုပိတ္ဆို႔တဲ့အတြက္ ၿဗိတိန္ႏွင့္ ဥေရာပ (ႁခြင္းခ်က္အားျဖင့္-႐ု႐ုား) သို႔ သြားေလ့မရွိသည့္ တပ္ခ်ဳပ္ႏွင့္ ဒု-တပ္ခ်ဳပ္တို႔အတြက္  ထိေရာက္မႈမ်ားမ်ားစားစားမရွိႏိုင္ေပမယ့္ ႏိုင္ငံေရးအရေတာ့ သက္ေရာက္မႈရွိခဲ့ပါတယ္။အဓိကအားျဖင့္ ယခုပိတ္ဆို႔မႈက ျမန္မာႏိုင္ငံကို ဂမ္ဘီယာက ICJ မွာ တရားစြဲဆိုခံထားရတဲ့အမႈမွာ တရားစြဲခဲ့တဲ့သူေတြအတြက္ အနည္းနဲ႔အမ်ားဆိုသလို အေထာက္အပံ့ျဖစ္သြားႏိုင္ပါတယ္။

ဒီလို တပ္ဘက္ထိပ္ပိုင္းအေရးပါသူႏွစ္ဦးကို ၿဗိတိန္က ပစ္မွတ္ထားပိတ္ဆို႔ေပမယ့္ တပ္ဘက္ကေတာ့ ႏိုင္ငံတကာကစြပ္စြဲအျပစ္တင္တဲ့ ဂူတာျပင္ျဖစ္စဥ္မွာ က်ဴးလြန္ခဲ့တဲ့သူေတြကို အေရးယူတာကို ယခုရက္ထဲမွာ ထုတ္ျပန္ခဲ့တာရွိပါတယ္။ဒီလိုက်ဴးလြန္သူေတြကို  စစ္တရား႐ုံး (Court-Martial) နဲ႔ စစ္ေဆးခဲ့ရာမွာ အရာရွိႀကီးတစ္ဦး၊ အရာရွိတစ္ဦးနဲ႔ အျခားအဆင့္စစ္သည္တစ္ဦးကို က်ဴးလြန္ခဲ့ေၾကာင္းေတြ႕ရွိရတဲ့အတြက္ ျပစ္ဒဏ္ခ်မွတ္ခဲ့တယ္လို႔ ထုတ္ျပန္ခဲ့သလို ဘဂၤါလီ ၃၀၀ ေက်ာ္ သတ္ျဖတ္ခံခဲ့ရတဲ့ ေမာင္ႏုေက်း႐ြာႏွင့္ ခြၽတ္ျပင္ေက်း႐ြာ ျဖစ္စဥ္မ်ားကို စုံစမ္းစစ္ေဆးေရးခုံ႐ုံး (Court of Inquiry) နဲ႔ ဆက္လက္စစ္ေဆးေဆာင္႐ြက္သြားဖို႔ စစ္ဘက္တရား႐ုံးကို ဇူလိုင္ ၅ ရက္မွာ ဖြဲ႕စည္းခဲ့တာကိုပါ ထုတ္ျပန္ခဲ့ပါတယ္။

ဒီလို တပ္ဘက္က ႏိုင္ငံတကာစြပ္စြဲခ်က္ကို ေျဖေဖ်ာက္ဖို႔လုပ္ေနေပမယ့္ ယခုလိုပစ္မွတ္ထားပိတ္ဆို႔မႈေတြျဖစ္လာတာက သိပ္ေကာင္းတဲ့အလားအလာေတာ့မဟုတ္ပါဘူး။ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိန္ႏိုင္ငံသံ႐ုံးရဲ႕ ေျပာေရးဆိုခြင့္ရွိသူက သတင္းစာတစ္ေစာင္ကို ေျပာခဲရာမွာေတာ့ ယခုပစ္မွတ္ထားအေရးယူမႈေတြက ႏိုင္ငံေတြကိုျဖစ္ေစ အစိုးရမ်ားကိုျဖစ္ေစ မရည္႐ြယ္ဘူးလို႔ေျပာခဲ့ေပမယ့္ ဒီလို ျမန္မာတပ္ခ်ဳပ္နဲ႔ ဒု-တပ္ခ်ဳပ္ကို ပစ္မွတ္ထားအေရးယူမႈက ႏိုင္ငံတကာမွာ ျမန္မာႏိုင္ငံရဲ႕ပုံရိပ္ကို အနည္းနဲ႔အမ်ားထိခိုက္မႈရွိမွာပါ။

ႏိုင္ငံတစ္ခုရဲ႕ စစ္ဘက္ဆိုင္ရာ အျမင့္ဆုံးတာဝန္ယူထားသူႏွစ္ဦးကို အခုလိုအေရးယူမႈျပဳတဲ့အတြက္ တပ္ဘက္က ျပန္လည္တုံ႔ျပန္ေျပာဆိုရာမွာေတာ့ “ရခိုင္ကိစၥ၊ လူ႔အခြင့္အေရးကိစၥေတြမွာ တာဝန္ယူမႈ၊ တာဝန္ခံမႈအျပည့္နဲ႔ ေဆာင္႐ြက္ေနသလို ပြင့္လင္းျမင္သာစြာနဲ႔လုပ္ေနၿပီး ဒီၾကားထဲကေန ဒီလိုပိတ္ပင္မႈရွိလာတဲ့အေပၚ ထူးၿပီးေဝဖန္စရာမရွိပါဘူး” လို႔ ေျပာခဲ့တာကိုေတြ႕ရပါတယ္။လက္ရွိမွာ တပ္ခ်ဳပ္ရဲ႕ တာဝန္ထမ္းေဆာင္မႈသက္တမ္းက သက္တမ္းတိုးထားတာ ျပည့္ေတာ့မွာျဖစ္သလို  လာမည့္ ႏိုဝင္ဘာ ၈ ရက္မွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ အာဏာရပါတီသာ ေသာင္ၿပိဳကမ္းၿပိဳအႏိုင္မရခဲ့ရင္ ေပၚေပါက္လာမယ့္ အစိုးရသစ္မွာ သမၼတအျဖစ္ ေ႐ြးေကာက္ခံရႏိုင္တယ္ဆိုတဲ့ ထင္ေၾကးေတြထြက္လာေနခ်ိန္မွာ ယခုလို ပစ္မွတ္ထားပိတ္ဆို႔ခံရတဲ့ ကန႔္သတ္ခ်က္က တပ္ခ်ဳပ္ရဲ႕ အရပ္ဘက္ႏိုင္ငံေရးလမ္းေၾကာင္းကို အတားအဆီးတစ္ခုျဖစ္လာဖြယ္ရွိေနပါတယ္။ဒီအတြက္ “တိမ္ေတာင္သဖြယ္ မင္းေရးက်ယ္” ဆိုတဲ့  က်ယ္ျပန႔္တဲ့ ႏိုင္ငံေရးအခင္းအက်င္းမွာ ဘာေတြျဖစ္လာႏိုင္မလဲဆိုတာ ဆက္ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ဒါ့အျပင္ ယခုရက္သတၱပတ္ထဲမွာျဖစ္ခဲ့တဲ့ တပ္ဘက္ရဲဘက္ဆိုင္ရာ သတင္းေတြထဲမွာ စိတ္ဝင္စားစရာ တျခားသတင္းေလးေတြလည္းရွိခဲ့ပါတယ္။ဒီထဲမွာ ထူးထူးျခားျခား လူ ၁၇၀ ေက်ာ္ ေသဆုံးေစခဲ့သည့္ ဖားကန္႔ေျမၿပိဳမႈနဲ႔ပတ္သက္ၿပီး တပ္မေတာ္က ေက်ာက္မ်က္လုပ္ကြက္နယ္ေျမအတြက္ လုံၿခဳံေရးဆိုင္ရာတာဝန္ရွိသူ တပ္မႉးတစ္ဦးႏွင့္ ကခ်င္ျပည္နယ္ လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီးကို အေရးယူခဲ့တဲ့သတင္းပါဘဲ။ဒါဟာ ဒီဘက္အရပ္သားအစိုးရလက္ထက္မွာ တပ္ဘက္ကေနေျပာင္းလဲလာတဲ့ ပြင့္လင္းျမင္သာမႈပါဘဲ။တပ္မႉးတစ္ဦးနဲ႔ နယ္လုံဝန္ႀကီးျဖစ္တဲ့ ဗိုလ္မႉးႀကီးကို  “လုံၿခဳံေရးအရ တာဝန္ရွိတာကို တာဝန္အတိုင္းမတင္ျပခဲ့မႈ” လို႔ မူလစစ္ဘက္တာဝန္မ်ား ျပန္လည္ထမ္းေဆာင္ေစၿပီး လိုအပ္သည့္ အေရးယူေဆာင္႐ြက္ႏိုင္ေရး တပ္မေတာ္မွေဆာင္႐ြက္လ်က္ရွိတယ္ဆိုၿပီး တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ခဲ့တာကို ေတြ႕ရပါတယ္။

ဒီဖားကန္႔ေျမၿပိဳမႈနဲ႔ပတ္သက္ၿပီး တပ္ဘက္က လုံၿခဳံေရးဆိုင္ရာတာဝန္ရွိသူေတြကို အေရးယူတာေတြ႕ရသလို အစိုးရဘက္ကလည္း သမၼတအမိန႔္နဲ႔ ဇူလိုင္ ၃ ရက္မွာ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦးအုန္းဝင္း ဦးေဆာင္တဲ့ အဖြဲ႕ဝင္ ၆ ဦးပါ စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို ဖြဲ႕စည္းစစ္ေဆးခဲ့ပါတယ္။ဒီလို စုံစမ္းစစ္ေဆးေရးအဖြဲ႕ရာမွာလည္း  အဖြဲ႕ဝင္အျဖစ္ပါဝင္တဲ့ ျပည္ထဲေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္နဲ႔ ပတ္သက္ၿပီး ျမန္မာ့စီးပြားေရးဦးပိုင္လီမိတက္ (MEHL) မွာ တစ္ဦးတည္း ရွယ္ယာအမ်ားဆုံးပိုင္ဆိုင္ထားတဲ့သူထဲ တစ္ဦးျဖစ္ေနလို႔ အက်ိဳးစီးပြားပဋိပကၡဆိုင္ရာကိစၥမ်ား ျဖစ္ႏိုင္တယ္ဆိုၿပီး Justice for Myanmar လူ႔အခြင့္အေရးအဖြဲ႕ကေထာက္ျပကာ အဖြဲ႕မွႏုတ္ထြက္ေပးဖို႔ ဇူလိုင္ ၆ ရက္မွာ ေတာင္းဆိုခဲ့တာလည္း ျဖစ္ခဲ့ပါတယ္။

အဆိုပါစုံစမ္းစစ္ေဆးေရးအဖြဲ႕ သြားေရာက္ကြင္းဆင္းစစ္ေဆးရာ ေျမၿပိဳက်မႈျဖစ္စဥ္ျဖစ္ရတာ ေရမေဆးေက်ာက္ရွာေဖြသူမ်ား၏ ေလာဘအပါအဝင္ အခ်က္ႏွစ္ခ်က္ေၾကာင့္ျဖစ္တယ္ဆိုၿပီး အဖြဲ႕ဥကၠ႒က ေျပာခဲ့တဲ့စကားကလည္း လူမႈကြန္ရက္မွာ အေတာ္ေလးဂယက္႐ိုက္ခဲ့ပါတယ္။
ဖားကန႔္ေျမၿပိဳမႈျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ဇူလိုင္ ၃ ရက္က ေဆာက္လုပ္ေရးက႑ အေျခအေနႏွင့္ပတ္သက္၍ အြန္လိုင္းမွတစ္ဆင့္စကားဝိုင္းမွာ “ဝမ္းနည္းဖြယ္ျဖစ္ေၾကာင္း” ထည့္သြင္းေျပာၾကားခဲ့သလို ေသဆုံးသူမ်ားထဲမွာ တရားမဝင္တူးေဖာ္ေနသူေတြပါဝင္ၿပီး ယင္းက ႏိုင္ငံမွာ တရားဝင္အလုပ္ရွာေဖြရန္ အတိုင္းအတာတစ္ခုအထိ ခက္ခဲေနတာကို ျပသေနတယ္လို႔ ေထာက္ျပေျပာဆိုခဲ့ပါတယ္။လူရာနဲ႔ခ်ီၿပီး ေသဆုံးခဲ့ရတဲ့ ဖားကန႔္ေျမၿပိဳမႈအတြက္ အဓိကက်တဲ့ လုပ္ကြက္ပိုင္ရွင္ေတြ၊ လုံၿခဳံေရးေတြနဲ႔ ေဒသဆိုင္ရာအာဏာပိုင္ေတြဘက္က တာဝန္ယူမႈ တာဝန္ခံမႈအတြက္ ဘယ္လိုေတြရွိလာမလဲဆိုတာ မသိရေပမယ့္ ကမာၻ႔သတင္းတစ္ပုဒ္ျဖစ္ခဲ့တဲ့ ဒီျဖစ္ရပ္ဆိုးအတြက္ အာဆီယံႏိုင္ငံေတြက ဝမ္းနည္းေၾကာင္း သတင္းစကားေပးပို႔သလို  ေနာက္ေနာင္ ဒီလိုဆိုးဝါးတဲ့အျဖစ္ဆိုး ထပ္မႀကဳံရေအာင္ အစိုးရဘက္က ဘယ္ေလာက္ထိ ထိန္းကြပ္ႏိုင္ပါ့မလဲဆိုတာကိုလည္း ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ဒီရက္သတၱပတ္ထဲမွာ ေနာက္ထပ္သတင္းတစ္ခုက နာမည္ႀကီးသတင္းတစ္ခုျဖစ္တဲ့ ရဲေမေတြကို ရာထူးတိုးေပးမယ္ဆိုၿပီး လိင္အျမတ္ထုတ္ခဲ့တဲ့ ရဲရာထူးခန႔္ခ်ဳပ္ကို အေရးယူတဲ့သတင္းပါဘဲ။ဒီျဖစ္ရပ္မွာလည္း အမ်ားျပည္သူၾကားခ်င္ေနတဲ့အတိုင္း ယခုတစ္ပတ္မွာ ေထာင္ဒဏ္ခ်ခဲ့ပါတယ္။
ဒါေပမယ့္ ေထာင္ဒဏ္က်ခံရတဲ့ႏွစ္အတြက္ အမ်ားျပည္သူၾကား ေဝဖန္မႈေတြထြက္လာခဲ့သလို သုံးႏွစ္မွာ လိင္အျမတ္ထုတ္ခံရသူတစ္ေယာက္အတြက္ တစ္ေယာက္ကို ဘယ္ႏွစ္လသာသာက်တယ္ဆိုတဲ့ သေရာ္ေတာ္ေတာ္ေဝဖန္မႈေတြ၊ ခနဲ႔တဲ့တဲ့႐ုပ္ေျပာင္ေရးဆြဲမႈ အြန္လိုင္းမွာေရးဆြဲတာေတြ၊ ေဖာ္ျပတာေတြ ရွိလာခဲ့ပါတယ္။ဒီလို ရဲေမ ၁၀ ဦးေက်ာ္ကို လိင္အျမတ္ထုတ္တဲ့အတြက္ ျပစ္ဒဏ္ခ်ခဲ့တာကို တရားဝင္ထုတ္ျပန္ခဲ့တာကို မေတြ႕ရဘဲ ေမးျမန္းအတည္ျပဳခ်က္ေတြအရသာ ရဲရာထူးခန႔္ခ်ဳပ္ ရဲမႉးခ်ဳပ္ေဇာ္မိုးသန္း ကို ရဲတရား႐ုံးက ေထာင္ဒဏ္သုံးႏွစ္ခ်ၿပီး ရမည္းသင္းေထာင္ကို ပို႔ခဲ့တယ္ဆိုတာပဲ သိခဲ့ရပါတယ္။

ယခုရက္ထဲမွာဘဲ ေနာက္ထပ္တပ္ဘက္ဆိုင္ရာ သတင္းတစ္ခုကေတာ့ တာခ်ီလိတ္ၿမိဳ႕မွာ ဗိုလ္မႉးအဆင့္ရွိ ဒုတပ္ရင္းမႉးတစ္ဦးနဲ႔ တပ္ၾကပ္တစ္ဦးဆီကေန ကားနဲ႔ စိတ္ႂကြေဆးျပား ၂ သိန္းေက်ာ္ သယ္လာတာကို ဖမ္းဆီးရမိခဲ့တဲ့သတင္းပါဘဲ။ဇူလိုင္ ၅ ရက္ေန႔ ေန႔လယ္ပိုင္းကျဖစ္ခဲ့တဲ့ အဆိုပါဖမ္းဆီးရမိမႈျဖစ္စဥ္မွာ မူးယစ္တပ္ဖြဲ႕ က သတင္းရလို႔ေစာင့္ဆိုင္းေနခ်ိန္မွာ စိမ္းပုတ္ေရာင္ Hilux ကားရဲ႕ ေနာက္ခန္းထဲကေန စိတ္ႂကြေဆးျပား ၂ သိန္းေက်ာ္ ေတြ႕ ရွိခဲ့တာပါ။မူးယစ္ေဆးေတြနဲ႔ဖမ္းမိတဲ့ ဗိုလ္မႉးနဲ႔ တပ္ၾကပ္ကို တာခ်ီလိတ္စစ္ဗ်ဴဟာ (အေျခခ်) ကို ေန႔တြင္းခ်င္းေခၚေဆာင္သြားသလို တာခ်ီလိတ္ၿမိဳ႕ရဲစခန္းမွာ အမႈဖြင့္ထားတယ္ဆိုပါတယ္။ဒီအတြက္ ေဆးျပားဆယ္ဂဏန္းေလာက္မိရင္ေတာင္ ျပင္းျပင္းထန္ထန္အေရးယူေနတဲ့ သမၼတကိုယ္တိုင္ မူးယစ္ေဆးဝါးဖမ္းဆီးမႈကို ၾကပ္ၾကပ္မတ္မတ္လုပ္ေနတဲ့ အရပ္သားသမၼတလက္ထက္မွာ  ႏိုင္ငံဝန္ထမ္းျဖစ္တဲ့ တပ္ဘက္က အရာရွိတစ္ဦးထံက ယခုလို မူးယစ္ေဆးဝါးသိန္းနဲ႔ခ်ီၿပီး ဖမ္းဆီးရမိမႈမွာ ဘယ္လိုစံျပအေရးယူမႈေတြ ျမင္ေတြ႕ရမလားဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ဒီလို စိတ္ဝင္စားဖြယ္ရာ သတင္းေတြအျပင္ ကြာရင္တိုင္းမဝင္ဘဲ ရပ္ကြက္ထဲတန္းဝင္လာလို႔ လူထုအၾကားအထိတ္တလန႔္ျဖစ္ခဲ့ရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေဘးကာကြယ္ေရးအေပၚ ေပါ့ဆလာတဲ့သတင္းေတြ၊ ရန္ကုန္ၿမိဳ႕ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးယာဥ္လိုင္း (YBS) ထဲ ေျပးဆြဲေနတဲ့ ဘတ္စ္ကားေတြထဲက အစီး ၆၀၀ ခန႔္မွာ ယာဥ္စီးခေပးတဲ့ကတ္ (YPS) ကတ္နဲ႔ စတင္စီးနင္းႏိုင္ေတာ့မယ့္သတင္း၊ တ႐ုတ္ႏိုင္ငံမွာ ျမန္မာသေဘၤာသား ၈ ဦး တရားမဝင္ေမွာင္ခိုပစၥည္းေရာင္းဝယ္မႈ မသကၤာမႈျဖင့္ ယာယီထိန္းသိမ္းခံထားရတဲ့သတင္း၊ ျမန္မာ့အႀကီးဆုံး သနပ္ခါးပင္ကို ေက်ာက္မဲခ႐ိုင္မွာ ေတြ႕ ရွိခဲ့တဲ့သတင္း၊ စင္ကာပူရွိ ျမန္မာအိမ္အကူအမ်ိဳးသမီးတစ္ဦးကို လူသတ္မႈျဖင့္ စြဲခ်က္တင္ခံရတဲ့သတင္း၊ ယာဥ္ေမာင္း ၆၄ ဦးနဲ႔ Omni Focus ကုမၸဏီနဲ႔ျဖစ္တဲ့ အျငင္းပြားမႈမွာ ခုံသမာဓိ႐ုံးက ယာဥ္ေမာင္းေတြကို အႏိုင္ေပးခဲ့တဲ့သတင္း၊ ဧရာ၀တီျမစ္ေရ ဒုတိယျမစ္က်ဥ္း ၾကက္တူေ႐ြးႏႈတ္သီးနားအထိ  ျမင့္တက္ေနတဲ့အတြက္ ျမစ္ေအာက္ပိုင္းေဒသေတြကို သတိေပးထားတဲ့သတင္း၊ ဇူလိုင္ ၇ ရက္က ရန္ကုန္တကၠသိုလ္နဲ႔ မန္းရတနာပုံတကၠသိုလ္ထဲမွာ ဆဲဗင္းဂ်ဴလိုင္အထိမ္းအမွတ္ပြဲ က်င္းပခဲ့တဲ့သတင္း၊ မေကြးတိုင္းထဲက ပဲ၊ ႏွမ္း စိုက္ခင္းေတြကို က်ိဳင္းေကာင္က်ဆင္းတဲ့ သတင္းေတြလို စိတ္ဝင္စားစရာသတင္းေတြလဲ ယခုရက္ထဲမွာျဖစ္ခဲ့တယ္ဆိုတာတင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဇူလိုင္ - ၁၀