【 တစ်ပတ်အတွင်းပြည်တွင်းသတင်း သုံးသပ်ချက် 】 ကိုရိုနာဗိုင်းရပ်စ်နဲ့ ICJ

【 တစ်ပတ်အတွင်းပြည်တွင်းသတင်း သုံးသပ်ချက် 】 ကိုရိုနာဗိုင်းရပ်စ်နဲ့ ICJ

ယခုရက်သတ္တပတ်က မြန်မာနိုင်ငံအတွက် ခက်ခဲတဲ့သီတင်းပတ် ဖြစ်ခဲ့ပါတယ်။ ICJ မှာ မြန်မာအရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ရာမှာ ထင်သလိုမဖြစ်ခဲ့သလို အဲဒီရက်မှာဘဲ တပ်မတော်ဘက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ICJ ဆုံးဖြတ်ချက်ထက် အစိုးရညွှန်ကြားတာကို လုပ်ဆောင်မယ်လို့ ပြောခဲ့တာကလည်း ယခုတစ်ပတ်မှာ ထူးခြားတဲ့ သတင်းကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ဒါ့အပြင် မန္တလေး ရတနာပုံစျေးနေရာမှာ ဆောက်လုပ်ထားတဲ့ Sky Walk မီးလောင်တဲ့ သတင်းကလည်း စောင့်ကြည့်စရာဖြစ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေအပြင် ယခုရက်ပိုင်းမှာ အခြားစိတ်ဝင်စားဖွယ်ရာ သတင်းတွေဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကိစ္စ၊ ကြက်သားတွေမှာ ဆယ်မိုနဲလားပိုး ပါနေတဲ့ကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကိုယ်စားလှယ်လက်မှတ်တွေ စုဆောင်းပြီး လွှတ်တော်ကိုတင်တော့မယ့် ကိစ္စတွေကလည်း စောင့်ကြည့်စရာသတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဆယ်မိုနဲလား ကြက်သားနဲ့ ကိုရိုနာဗိုင်းရပ်စ်

ယခုရက်သတ္တပတ် ကျန်းမာရေးဆိုင်ရာသတင်းတွေက သတိထားမိစရာဖြစ်ခဲ့ပါတယ်။အိမ်နီးချင်း တရုတ်နိုင်ငံမှာ မြို့တွေကိုပိတ်ထားရတဲ့အထိ ဖြစ်နေတဲ့ ကူးစက်မြန် အဆုတ်ရောင်ရောဂါ (ကိုရိုနာဗိုင်းရပ်စ်) စတင်ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ လေယာဉ်တစ်စင်း ရန်ကုန်လေဆိပ်ကို ဇန်နဝါရီ ၂၃ ရက်က ရောက်လာခဲ့တဲ့အတွက် မြန်မာဘက်က အာဏာပိုင်တွေ ဗျာများခဲ့ရပါတယ်။

ဒီလိုရောက်လာတဲ့ လေယာဉ်မှာ ဝူဟန်ကလာတဲ့ ခရီးသည်ငါးယောက် ပါလာခဲ့တဲ့အတွက် စစ်ဆေးမှုတွေ လုပ်ခဲ့ရပါတယ်။စစ်ဆေးချက်တွေအရ ငါးဦးစလုံး ကျန်းမာရေးကောင်းတယ်လို့ သက်ဆိုင်ရာဌာနဘက်က ဆိုပါတယ်။ SARS ရောဂါပိုးနှင့် ဆက်စပ်နေသည့် ကိုရိုနာဗိုင်းရပ်စ် ပိုးသစ်သည် လက်ရှိအချိန်၌ တရုတ်နိုင်ငံတစ်ဝန်း လူ ၅၀၀ ကျော်ကို ကူးစက်မှုရှိနေပြီး လူ ၁၇ ဦးအထိ သေဆုံးကာ ထိုင်း၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဂျပန်နှင့် အမေရိကန် စသည့် အခြားပြည်ပနိုင်ငံများအထိပါ ပျံ့နှံ့ရောက်ရှိနေတဲ့အတွက် တရုတ်အစိုးရက ကူးစက်မြန် အဆုတ်ရောင်ရောဂါ (ကိုရိုနာဗိုင်းရပ်စ်) ရောဂါ စတင်ဖြစ်ပွားရာ ဝူဟန်မြို့မှ ထွက်ခွာမည့် လေယာဉ်၊ ရထားခရီးစဉ်များကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ စတင်ရပ်ဆိုင်းခဲ့တဲ့အတွက် ဒီကူးစက်ရောဂါပြဿနာက ကမ္ဘာသာမက မြန်မာအတွက်ပါ သတိထားစောင့်ကြည့်စရာ အခြေအနေပါဘဲ။

ကျန်းမာရေးဘက်က လေဆိပ်တွေနဲ့ နယ်စပ်ဝင်ပေါက်တွေမှာ စစ်ဆေးစောင့်ကြည့်နေတယ်ဆိုပေမယ် တရုတ်နိုင်ငံနဲ့ ကူးလူးဆက်နွယ်မှုများတဲ့အတွက် ခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံတွေတောင် မထိန်းချုပ်နိုင်သေးတဲ့အတွက် မြန်မာနိုင်ငံကိုသာ ကူးစက်လာခဲ့ရင် မတွေးဝံ့စရာပါဘဲ။

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလကုန်တွင် စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးမှာ ဗိုင်းရပ်စ်ပိုးသစ်ဖြစ်ပြီး  ကိုရိုနာဗိုင်းရပ်စ်မျိုးနွယ်စုမှ မျိုးကွဲဖြစ်ပြီး သာမန်အအေးမိခြင်းမှစ၍ ဖျားနာခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် ဆားစ်ရောဂါများ ဖြစ်ပွားနိုင်ပြီး ကျောက်ကပ်ပျက်စီးကာ သေဆုံးနိုင်တဲ့အတွက် ဒီကိုရိုနာဗိုင်းရပ်စ်ပိုး သတင်းတွေကို သတိထားစောင့်ကြည့်ဖို့ လိုနေပြီဖြစ်ပါတယ်။

ပြည်ပကလာတဲ့ ခရီးသည်တွေနဲ့ နယ်စပ်ကဝင်လာတဲ့သူတွေဆီမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ/မရှိ စစ်ဆေးသတိထား စောင့်ကြည့်နေရတဲ့အချိန်မှာဘဲ မြန်မာနိုင်ငံမှာ ကြက်သားတွေနဲ့ ပတ်သက်ပြီး သတင်းတစ်ခုထွက်ခဲ့တဲ့အတွက် သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ရတဲ့အထိ ဂယက်ထခဲ့ပါတယ်။

ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်သော မြန်မာနိုင်ငံ ကျန်းမာရေးသုတေသန၏ ညီလာခံမှာ ဖတ်ကြားခဲ့တဲ့ စာတမ်းတစ်ခုမှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (ရန်ကုန်) က ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ ဈေးများတွင် ရောင်းချနေသော ဗမာကြက်သားအစိမ်း နမူနာများနှင့် အသားတိုးမွေးမြူရေး ကြက်သားအစိမ်း နမူနာများကို ဝယ်ယူ၍ ဓာတ်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ဆယ်မိုနဲလားပိုးများ တွေ့ခဲ့ရပြီး ထိုပိုးများမှာ ပဋိဇီဝပိုးသတ်ဆေး ယဉ်ပါးနေသည်ကို တွေ့ရှိခဲ့ရတယ်ဆိုတဲ့အတွက် စျေးကွက်ထဲမှာ အရောင်းအဝယ်ကို ထိခိုက်ခဲ့ပါတယ်။

ဆယ်မိုနဲလားပိုးသည် လူကို ဝမ်းပျက်ဝမ်းလျှော အပါအဝင် နာမကျန်းဖြစ်စေသည့် ဘက်တီးရီးယားပိုးဖြစ်ပြီး လူထုကြားတွင် စိုးရိမ်မှုများမြင့်တက်လာခဲ့ကာ ကြက်သားဝယ်ယူမှုနှင့် ဈေးနှုန်းကျဆင်းမှုများ ဖြစ်ပေါ်နေခဲ့လို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ကြက်၊ ဘဲ မွေးမြူထုတ်လုပ် ရောင်းချသူများအသင်းတို့က ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သတင်းစာရှင်းလင်းမှုတစ်ရပ် ပြုလုပ်ခဲ့ရပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ပိုးပါဝင်သော အစားအစာများကို ကျက်အောင်ချက်လျှင် ဆယ်မိုနဲလားပိုးများ သေသွားနိုင်သော်လည်း ပိုးပါသည့် အသားစိမ်းများကို ကိုင်တွယ်လျှင်ဖြစ်စေ၊ ရေဆေးလျှင်ဖြစ်စေ ပါဝင်သည့် ပိုးများမှာ အခြားနေရာကို ဆက်ပြန့်သွားနိုင်သောကြောင့် စားသုံးသူများနှင့် မွေးမြူရောင်းချသူများ၊ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ၊ မွေးမြူမှု၊ ထုတ်လုပ်မှုနှင့် ကိုင်တွယ်ရောင်းချမှုပြုလုပ်ရန် လိုအပ်နေတယ်ဆိုပြီး ပြောခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ရောဂါကတော့ ရောဂါဘဲဖြစ်တဲ့အတွက် သတိထားစောင့်ကြည့်ရမှာ ဆင်ခြင်ရမှာက စားသုံးသူတွေရဲ့ တာဝန်ဘဲဖြစ်ပါတယ်။ကိုရိုနာဗိုင်းရပ်စ်ပိုးကလည်း အစားသောင်းကျန်းသူတွေ မြွေနဲ့ လင်းနို့တွေကို စားရာကနေ စတင်ဖြစ်လာတာလို့ သံသယရှိတဲ့အတွက် မြန်မာနိုင်ငံမှာ တိရိစ္ဆာန်မွေးမြူရာမှာ ပေါ့ဆပြီး ကြိုတင်ကာကွယ်မှုမရှိသလောက် ဖြစ်နေတဲ့အတွက် ရောဂါအသစ်တွေ၊ ကပ်ရောဂါတွေ ပေါ်လာတိုင်း ထိတ်ထိတ်လန့်လန့်ဖြစ်ရတာ ကြာသွားရင် ပေါ့ပေါ့ဆဆရှုမြင်ကြတာ အစဉ်အလာဖြစ်နေပါပြီ။

ICJ ဆုံးဖြတ်ချက် မြန်မာဘယ်လိုရှေ့ဆက်မလဲ

ယခုရက်ထဲမှာ ICJ နဲ့ သက်ဆိုင်တဲ့ သတင်းတွေများစွာ ဖြစ်ခဲ့ပါတယ်။ဇန်နဝါရီ ၂၃ ရက်မှာ ICJ ကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကြားဖြတ်ဆောင်ရွက်ချက်တွေ ချမှတ်ဖို့ရှိချိန်မှာ မြန်မာအစိုးရဘက်က ဖွဲ့စည်းခဲ့တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) က တရားဝင်အစီရင်ခံစာကို သမ္မတထံ ပေးအပ်ခဲ့ပါတယ်။    

နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) မှာ ဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယို မယ်နာလို၊ အဖွဲ့ဝင်များအဖြစ် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ ဒုတိယညွှန်ကြားရေးမှူးချုပ်ဟောင်း ဂျပန်သံအမတ်ကြီး ကင်ဇိုအိုရှီးမား၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်းနဲ့ ဒေါက်တာအောင်ထွန်းသက်တို့ ပါဝင်ပါတယ်။

စာမျက်နှာ ၄၆၀ ကျော် ပါရှိသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာကို ဇန်နဝါရီ ၂၀ ရက်မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ ကော်မရှင်က တင်သွင်းခဲ့ပါတယ်။ဒီအစီရင်ခံစာမှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက အာဆာအဖွဲ့၏ တိုက်ခိုက်မှုနောက်ဆက်တွဲ နယ်မြေရှင်းလင်းမှုများတွင် စစ်ရာဇဝတ်မှုများနှင့် ကြီးလေးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်ခဲ့တယ်လို့ ပါရှိပါတယ်။အဆိုပါအစီရင်ခံစာအတွက် ရခိုင်မြောက်ပိုင်းက မွတ်ဆလင်များ ရခိုင်၊ မြို၊ ဒိုင်းနက် စသော မတူညီသည့် အစုအဖွဲ့များအပြင် စစ်တပ်၊ ရဲတပ်ဖွဲ့ ဝင်များနှင့် မျက်မြင်သက်သေ ၁၅၀၀ ခန့်ကို တွေ့ဆုံမေးမြန်း ရေးသားခဲ့ပြီး ဖြစ်စဉ်မှာ စစ်ရာဇဝတ်မှုများ၊ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပြည်တွင်းဥပဒေ ချိုးဖောက်မှုများကို မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် လူပေါင်းစုံက ကျူးလွန်ခဲ့ပေမယ့် လူ့အဖွဲ့အစည်းတစ်ခုကို ဖျက်စီးလိုသည့်အစီအစဉ် သို့မဟုတ် ရည်ရွယ်ချက်တစ်ခုအတွက် သတ်ဖြတ်မှုများနှင့် နေရပ်စွန့်ခွာစေသည့် လုပ်ရပ်များကို တမင်ကျူးလွန်ခဲ့သည်ဆိုသော အထောက်အထားမျိုး မတွေ့ရကြောင်း ဆိုပါတယ်။

ကော်မရှင်မှာ အကြံပြုချက် ၂၂ ချက် ပါဝင်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ စစ်ဥပဒေချုပ်ရုံးတို့က လိုအပ်တဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားရန်ဆိုတဲ့ အကြံပြုချက်လဲ ပါဝင်ခဲ့ပါတယ်။ဒီအစီရင်ခံစာအတွက် နိုင်ငံတော်သမ္မတရုံးက သဘောတူကြောင်း ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးအတွက် ထိခိုက်ခံစားခဲ့ရသူ အားလုံးအတွက် စာနာဝမ်းနည်းပြီး ဖြစ်စဉ်အတွက် တာဝန်ခံမှုနှင့် တရားမျှတမှုရှိကြောင်း ပြသမယ်ဆိုပြီး ပြသခဲ့ပါတယ်။

တပ်မတော်ဘက်ကတော့ အစီရင်ခံစာကို အသေးစိတ် လေ့လာနေတယ်ဆိုပြီး  အစီရင်ခံစာတွင် ဖော်ပြသည့်အတိုင်း တပ်မတော်သားများ ကျူးလွန်ခဲ့သောဖြစ်စဉ် ရှိခဲ့ပါက စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်မယ်လို့  ဇန်နဝါရီ ၂၃ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဇန်နဝါရီ ၂၃ ရက်မှာ မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံမှ ဂျီနိုဆိုက်ကွန်ဗင်းရှင်းအား ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားမှုအပေါ် ကြားဖြတ်စီမံဆောင်ရွက်ချက်ချဖို့အတွက် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့မှာ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်မှာ ကြားဖြတ်အရေးယူမှု ၄ ချက် ချမှတ်ဆောင်ရွက်ရန် အမိန့်ချခဲ့ပါတယ်။ဒီလိုအမိန့်ချတဲ့အတွက် မြန်မာအစိုးရဘက်ကတော့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက မှတ်သားထားကြောင်း တုံ့ပြန်ခဲ့ပါတယ်။တပ်ဘက်ကတော့ ICJ ဆုံးဖြတ်ချက် မထွက်ခင်ကတည်းက မည်သည့်အမိန့်ချသည်ဖြစ်စေ အစိုးရရဲ့ လမ်းညွှန်ချက်နဲ့အညီ ပူးပေါင်းဆောင်ရွက်သွားမယ်လို့  ကြိုတင်ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

ICJ က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြန်ကြည့်မယ်ဆိုရင် ထပ်မဖြစ်ဖို့ တားမြစ်တာကို အဓိကတွေ့ရပါတယ်။ဒါ့အပြင် ပုံမှန်ဆောင်ရွက်မှုကို အစီရင်ခံစာတင်ဖို့နဲ့ ဘင်္ဂါလီတွေကိုကာကွယ်ပေးဖို့တွေ၊ သက်သေတွေကို မဖျက်ဆီးဖို့တွေသာ ပါဝင်ခဲ့ပါတယ်။ယခုချမှတ်မှုကြောင့် အရပ်ဘက် တပ်ဘက် ဆက်ဆံရေးက ပိုကောင်းလာနိုင်မယ့် အခြေအနေကိုတွေ့ရသလို တခြားသောပြဿနာတွေမှာ ပိုရင်ကြားစေ့လာမယ့် အခြေအနေကို တွေ့ရပါတယ်။ဒါပေမယ့် ယခုချမှတ်တဲ့ ICJ ဆုံးဖြတ်ချက်က ဂျီနိုဆိုက်ကျူးလွန်ခြင်း ရှိ/မရှိ ဆိုတာ မဟုတ်ဘဲ ဆက်ပြီးစစ်ဆေးမှာဖြစ်တဲ့အတွက် ပြည်တွင်းက ဆန့်ကျင်ဘက် အင်အားစုတွေ ညီညီညွတ်ညွတ် ကျောချင်းကပ်ဖို့ကလည်း အရေးတကြီးလိုအပ်နေတုန်းဖြစ်ပါတယ်။ဒီအတွက် အဆိုးထဲက အကောင်းဖြစ်လာမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

အကောင်းဘက်မြင်ရတဲ့ တရုတ်သမ္မတခရီးစဉ်

ဇန်နဝါရီ ၁၇ ရက်ကနေ ၁၈ ရက်အထိ နှစ်ရက်ကြာလာရောက်ခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်က ဒေသတွင်းနဲ့ နိုင်ငံတကာကပါ စောင့်ကြည့်ခဲ့ရတဲ့ ခရီးစဉ်ဖြစ်ခဲ့ပါတယ်။အထူးသဖြင့် ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံက ဒေသတွင်းမှာ တရုတ်အတွက် အရေးပါတဲ့အနေအထားဖြစ်သလို ရခိုင်ကိစ္စလို ပြဿနာတွေမှာ တရုတ်ရဲ့ရပ်တည်ချက်ကလည်း မြန်မာအတွက် အရေးပါတဲ့အတွက် အပြန်အလှန် အမှီသဟဲပြုနေရတဲ့ အနေအထားရှိနေပါတယ်။

ဒီအတွက် တရုတ်သမ္မတခရီးစဉ်က မြန်မာနိုင်ငံအတွက် မျှော်လင့်စရာတွေရှိသလို တရုတ် - မြန်မာ နယ်စပ်မှာ  အခြေစိုက်တဲ့ မြောက်ပိုင်းလေးဖွဲ့ကြောင့် ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒီလေးဖွဲ့အပေါ် ဩဇာညောင်းတဲ့ တရုတ်ဘက်က ခေါင်းဆောင်လာတဲ့အတွက် မျှော်လင့်စရာဖြစ်ခဲ့ပါတယ်။နိုင်ငံတကာနဲ့ ဒေသတွင်းသတင်းမီဒီယာတွေ၊ အစိုးရနဲ့နီးစပ်တဲ့ ပုဂ္ဂိုလ်တွေဆီကနေ ထွက်လာတဲ့သတင်းတွေအရ  တရုတ်နိုင်ငံဘက်က ကမကထပြုပြီး ဆောင်ရွက်နေတဲ့ BRI နဲ့ ပတ်သက်ပြီး သဘောတူစာချုပ်တွေ လက်မှတ်ထိုးဖို့ရှိတယ်ဆိုတာတွေ ထွက်လာခဲ့ပါတယ်။

ထွက်လာတဲ့ သတင်းတွေအတိုင်းဘဲ တရုတ်သမ္မတရဲ့ ခရီးစဉ်အတွင်းမှာ BRI နဲ့ ပတ်သက်ပြီး သဘောတူညီချက် ၃၃ ခုကို လက်မှတ်ရေးထိုးခဲ့တာကို တွေ့ရပါတယ်။ဒီထဲမှာ အများပြည်သူစိုးရိမ်နေတဲ့ မြစ်ဆုံဆည်ကိစ္စ မပါခဲ့ဘဲ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန် (SEZ)၊ မူဆယ်-မန္တလေး ရထားလမ်း၊ မန္တလေး-ထီးချိုင်-မူဆယ် ကားလမ်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စတာတွေ ပါဝင်ခဲ့ပါတယ်။

ခရီးစဉ်အတွင်း မြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ သီးခြားစီတွေ့ဆုံခဲ့တာတွေရှိပြီး ဒီလိုတွေ့ဆုံမှုမှာ တရုတ်-မြန်မာ နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေကို Buffer မလုပ်ဖို့ မြန်မာဘက်ကပြောခဲ့သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တရုတ်သမ္မတ တွေ့ရာမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေ လက်ထဲရောက်နေတဲ့ တရုတ်နိုင်ငံထုတ် လက်နက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ဒီလိုပြောခဲ့ရာမှာ တရုတ်သမ္မတဘက်က မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသို့ တရုတ်နိုင်ငံမှနေ၍ လက်နက်ထောက်ပံ့နေခြင်းမျိုး လုံး၀မရှိဘူးလို့ ပြောခဲ့ပါတယ်။ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ချက်မှာ တရုတ်သမ္မတက “အများက စွပ်စွဲပြောကြားနေသလို မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို လက်နက်၊ ခဲယမ်းများ ထောက်ပံ့ပေးနေခြင်း လုံးဝမရှိကြောင်း၊ အခြားနည်းလမ်းများနှင့် ရရှိနိုင်သည်ဖြစ်၍ မိမိတို့ကလည်း သေချာစွာစိစစ် ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း” ပြောခဲ့တာကို ဖော်ပြခဲ့ပါတယ်။

ယခုလာရောက်တဲ့ တရုတ်သမ္မတရဲ့ ခရီးစဉ်က တရုတ်-မြန်မာ သံတမန်ခရီးစဉ် နှစ် ၇၀ ပြည့်မြောက်တဲ့ နှစ်အဖြစ် လာရောက်ခြင်းဖြစ်သလို မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ ဘယ်လောက်ထိရှိနေပြီလဲဆိုတာကို နိုင်ငံတကာကို ဖော်ပြလိုက်တဲ့ ခရီးစဉ်လဲဖြစ်ခဲ့ပါတယ်။အရပ်သားအစိုးရသစ် တက်လာကတည်းက ရခိုင်မြောက်ပိုင်းက ခိုးဝင်ဘင်္ဂါလီတွေရဲ့ ပြဿနာကြောင့် နိုင်ငံတကာရင်းနှီးမြုပ်နှံမှုကို ဆုံးရှုံးခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် တရုတ်အပါအဝင် အရှေ့တိုင်းနိုင်ငံတွေဆီက လာရောက်ရင်းနှီးမြုပ်နှံမှုက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။

တရုတ်သမ္မတရဲ့ ယခုခရီးစဉ်မှာ တရုတ်ဘက်က စီးပွားရေးလုပ်ငန်းရှင်တွေလဲ ပါလာခဲ့သလို BRI နဲ့ ပတ်သက်တဲ့ စီမံကိန်းတွေကိုလည်း လက်မှတ်ရေးထိုးခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ ရပ်တန့်နေတဲ့ မြန်မာ့စီးပွားရေးက ပြန်နိုးထလာဖို့ များနေပါတယ်။ဒီအတွက် တရုတ်သမ္မတ လာရောက်တဲ့ မြန်မာခရီးစဉ်နောက်ပိုင်း မြန်မာ့နိုင်ငံရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ ဘာကြီးကြီးကျယ်ကျယ် ပြောင်းလဲလာနိုင်သလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းက ယခုရက်သတ္တပတ်မှာဖြစ်ခဲ့တဲ့ သတင်းတွေထဲက မည်သည့်လက်နက်ကိုင်အဖွဲ့မဆို အရပ်သားများအား တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းနဲ့ ဒေသခံတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ခြင်း မပြုလုပ်ဖို့ ခူမီး ချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) က တောင်းဆိုခဲ့တဲ့သတင်း၊ မြန်မာနိုင်ငံရှိ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၄ ခု ပူးပေါင်းဆောင်ရွက်ရန် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ကနေ ယန်းငွေပမာဏ ၁၂၀.၉၁၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်) တန်ဖိုးရှိ အကူအညီချေးငွေစာချုပ်များကို ချေးယူခဲ့တဲ့သတင်း၊ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေတဲ့ အိန္ဒိယနိုင်ငံ၏ စီမံကိန်းများအားလုံး စီးပွားရေးအကျိုးအမြတ်မပါဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက ပြောခဲ့တဲ့သတင်း၊ တစ်ရက်အတွက် အနည်းဆုံးလုပ်အားခကို မြန်မာကျပ်ငွေ ၉၈၀၀ ပြောင်းလဲသတ်မှတ်ပေးဖို့ လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံ ၂၀ မှ အလုပ်သမား ၅၀၀၀ ကျော် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့တဲ့သတင်း၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ဖမ်းဆီးထားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ကို ပြန်လည်လွှတ်ပေးလိုက်တဲ့သတင်း၊ မန္တလေးမြို့ ရတနာပုံစျေး ပထမအထပ် Sky Walk မီးလောင်လို့ ၈ ဦးဒဏ်ရာရရှိခဲ့တဲ့ သတင်းတွေထဲ သတိထားစရာသတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေအပြင် ယခုရက်ထဲမှာဖြစ်ခဲ့တဲ့ သတင်းတွေထဲက တပ်မတော်ကို ဂုဏ်သိက္ခာကျဆင်းစေမှုဖြင့် တရားစွဲဆိုခံထားရသည့် စာရေးဆရာမာန် (တောင်လုံးပြန်) ကို မြိတ်မြို့နယ် တရားရုံးမှ ဒဏ်ငွေသုံးသောင်းကျပ် အမိန့်ချမှတ်ခဲ့တဲ့သတင်း၊ တက္ကသိုလ်လေးခုကို ဖြတ်သန်းပြေးဆွဲမည့် ဘတ်စ်ကားလမ်းကြောင်းသစ်တစ်ခုကို လာမည့်ဖေဖော်ဝါရီလတွင် စတင်ပြေးဆွဲသွားတော့မယ့်သတင်း၊ အင်းစိန်မြိုနယ်၊ ပေါက်တောဝမှတ်တိုင်မှာဖြစ်ခဲ့တဲ့  YBS ယာဉ်မောင်းကို ဓားနဲ့ခုတ်၊ ဆန်ထိုးပိုက်ဖြင့်ထိုးခဲ့သူ အမည်မသိအမျိုးသား ၃ ဦးကို ရဲတပ်ဖွဲ့မှ အဖွဲ့သုံးဖွဲ့ခွဲ့ပြီး ရှာဖွေဖမ်းဆီးနေတဲ့သတင်း။အိန္ဒိယနိုင်ငံရှိ ဂါယာလေဆိပ်မှာ မြန်မာအမျိုးသမီး ၅ ဦးဆီကနေ အမေရိကန်ဒေါ်လာသုံးသိန်း လက်ဝယ်တွေ့ရှိလို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့သတင်း၊ စာသင်ချိန် တစ်လတိုးမြှင့်လိုက်သည့်အပေါ် ကျေနပ်မှုမရှိသော မန္တလေးပညာရေးကောလိပ်နှင့် မုံရွာပညာရေးကောလိပ်မှ ကျောင်းသူကျောင်းသား တစ်ရာနီးပါး ဆန္ဒပြတဲ့သတင်း၊ ပုဂ္ဂလိကပိုင် သင်္ဘောတစ်စီးကို တစ်လလျှင် မြန်မာငွေကျပ် သိန်း (၂၀၀) ဖြင့် ငှားရမ်းကာ ရန်ကုန်မှ ကိုကိုးကျွန်းသို့ တစ်လလျှင် တစ်ရက် အခမဲ့ပြေးဆွဲနေတဲ့သတင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့တဲ့သတင်းတွေလည်း ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်း သုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
ဇန်န၀ါရီ - ၂၄

( Zawgyi )

ယခုရက္သတၱပတ္က ျမန္မာႏိုင္ငံအတြက္ ခက္ခဲတဲ့သီတင္းပတ္ ျဖစ္ခဲ့ပါတယ္။ ICJ မွာ ျမန္မာအေရးနဲ႔ ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ခဲ့ရာမွာ ထင္သလိုမျဖစ္ခဲ့သလို အဲဒီရက္မွာဘဲ တပ္မေတာ္ဘက္က ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ICJ ဆုံးျဖတ္ခ်က္ထက္ အစိုးရၫႊန္ၾကားတာကို လုပ္ေဆာင္မယ္လို႔ ေျပာခဲ့တာကလည္း ယခုတစ္ပတ္မွာ ထူးျခားတဲ့ သတင္းေကာင္းတစ္ခုျဖစ္ခဲ့ပါတယ္။ဒါ့အျပင္ မႏၲေလး ရတနာပုံေစ်းေနရာမွာ ေဆာက္လုပ္ထားတဲ့ Sky Walk မီးေလာင္တဲ့ သတင္းကလည္း ေစာင့္ၾကည့္စရာျဖစ္ခဲ့ပါတယ္။

ဒီလိုသတင္းေတြအျပင္ ယခုရက္ပိုင္းမွာ အျခားစိတ္ဝင္စားဖြယ္ရာ သတင္းေတြျဖစ္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ကိစၥ၊ ၾကက္သားေတြမွာ ဆယ္မိုနဲလားပိုး ပါေနတဲ့ကိစၥ၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ ကိုယ္စားလွယ္လက္မွတ္ေတြ စုေဆာင္းၿပီး လႊတ္ေတာ္ကိုတင္ေတာ့မယ့္ ကိစၥေတြကလည္း ေစာင့္ၾကည့္စရာသတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဆယ္မိုနဲလား ၾကက္သားနဲ႔ ကို႐ိုနာဗိုင္းရပ္စ္

ယခုရက္သတၱပတ္ က်န္းမာေရးဆိုင္ရာသတင္းေတြက သတိထားမိစရာျဖစ္ခဲ့ပါတယ္။အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံမွာ ၿမိဳ႕ေတြကိုပိတ္ထားရတဲ့အထိ ျဖစ္ေနတဲ့ ကူးစက္ျမန္ အဆုတ္ေရာင္ေရာဂါ (ကို႐ိုနာဗိုင္းရပ္စ္) စတင္ျဖစ္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွ ေလယာဥ္တစ္စင္း ရန္ကုန္ေလဆိပ္ကို ဇန္နဝါရီ ၂၃ ရက္က ေရာက္လာခဲ့တဲ့အတြက္ ျမန္မာဘက္က အာဏာပိုင္ေတြ ဗ်ာမ်ားခဲ့ရပါတယ္။

ဒီလိုေရာက္လာတဲ့ ေလယာဥ္မွာ ဝူဟန္ကလာတဲ့ ခရီးသည္ငါးေယာက္ ပါလာခဲ့တဲ့အတြက္ စစ္ေဆးမႈေတြ လုပ္ခဲ့ရပါတယ္။စစ္ေဆးခ်က္ေတြအရ ငါးဦးစလုံး က်န္းမာေရးေကာင္းတယ္လို႔ သက္ဆိုင္ရာဌာနဘက္က ဆိုပါတယ္။ SARS ေရာဂါပိုးႏွင့္ ဆက္စပ္ေနသည့္ ကို႐ိုနာဗိုင္းရပ္စ္ ပိုးသစ္သည္ လက္ရွိအခ်ိန္၌ တ႐ုတ္ႏိုင္ငံတစ္ဝန္း လူ ၅၀၀ ေက်ာ္ကို ကူးစက္မႈရွိေနၿပီး လူ ၁၇ ဦးအထိ ေသဆုံးကာ ထိုင္း၊ ေတာင္ကိုရီးယား၊ ထိုင္ဝမ္၊ ဂ်ပန္ႏွင့္ အေမရိကန္ စသည့္ အျခားျပည္ပႏိုင္ငံမ်ားအထိပါ ပ်ံ႕ႏွံ႔ေရာက္ရွိေနတဲ့အတြက္ တ႐ုတ္အစိုးရက ကူးစက္ျမန္ အဆုတ္ေရာင္ေရာဂါ (ကို႐ိုနာဗိုင္းရပ္စ္) ေရာဂါ စတင္ျဖစ္ပြားရာ ဝူဟန္ၿမိဳ႕မွ ထြက္ခြာမည့္ ေလယာဥ္၊ ရထားခရီးစဥ္မ်ားကို ဇန္နဝါရီ ၂၃ ရက္ေန႔မွာ စတင္ရပ္ဆိုင္းခဲ့တဲ့အတြက္ ဒီကူးစက္ေရာဂါျပႆနာက ကမာၻသာမက ျမန္မာအတြက္ပါ သတိထားေစာင့္ၾကည့္စရာ အေျခအေနပါဘဲ။

က်န္းမာေရးဘက္က ေလဆိပ္ေတြနဲ႔ နယ္စပ္ဝင္ေပါက္ေတြမွာ စစ္ေဆးေစာင့္ၾကည့္ေနတယ္ဆိုေပမယ္ တ႐ုတ္ႏိုင္ငံနဲ႔ ကူးလူးဆက္ႏြယ္မႈမ်ားတဲ့အတြက္ ေခတ္မီဖြံ႕ၿဖိဳးတဲ့ ႏိုင္ငံေတြေတာင္ မထိန္းခ်ဳပ္ႏိုင္ေသးတဲ့အတြက္ ျမန္မာႏိုင္ငံကိုသာ ကူးစက္လာခဲ့ရင္ မေတြးဝံ့စရာပါဘဲ။

၂ဝ၁၉ ခုႏွစ္ ဒီဇင္ဘာလကုန္တြင္ စတင္ျဖစ္ပြားခဲ့ေသာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါပိုးမွာ ဗိုင္းရပ္စ္ပိုးသစ္ျဖစ္ၿပီး  ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးႏြယ္စုမွ မ်ိဳးကြဲျဖစ္ၿပီး သာမန္အေအးမိျခင္းမွစ၍ ဖ်ားနာျခင္း၊ အသက္ရႉက်ပ္ျခင္းႏွင့္ ဆားစ္ေရာဂါမ်ား ျဖစ္ပြားႏိုင္ၿပီး ေက်ာက္ကပ္ပ်က္စီးကာ ေသဆုံးႏိုင္တဲ့အတြက္ ဒီကို႐ိုနာဗိုင္းရပ္စ္ပိုး သတင္းေတြကို သတိထားေစာင့္ၾကည့္ဖို႔ လိုေနၿပီျဖစ္ပါတယ္။

ျပည္ပကလာတဲ့ ခရီးသည္ေတြနဲ႔ နယ္စပ္ကဝင္လာတဲ့သူေတြဆီမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ရွိ/မရွိ စစ္ေဆးသတိထား ေစာင့္ၾကည့္ေနရတဲ့အခ်ိန္မွာဘဲ ျမန္မာႏိုင္ငံမွာ ၾကက္သားေတြနဲ႔ ပတ္သက္ၿပီး သတင္းတစ္ခုထြက္ခဲ့တဲ့အတြက္ သတင္းစာရွင္းလင္းပြဲလုပ္ခဲ့ရတဲ့အထိ ဂယက္ထခဲ့ပါတယ္။

ၿပီးခဲ့သည့္ရက္ပိုင္းက ျပဳလုပ္ေသာ ျမန္မာႏိုင္ငံ က်န္းမာေရးသုေတသန၏ ညီလာခံမွာ ဖတ္ၾကားခဲ့တဲ့ စာတမ္းတစ္ခုမွာ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲမႈဦးစီးဌာန (ရန္ကုန္) က ရန္ကုန္တိုင္းေဒသႀကီး ေတာင္ဥကၠလာပ၊ ေျမာက္ဥကၠလာပႏွင့္ သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ ေဈးမ်ားတြင္ ေရာင္းခ်ေနေသာ ဗမာၾကက္သားအစိမ္း နမူနာမ်ားႏွင့္ အသားတိုးေမြးျမဴေရး ၾကက္သားအစိမ္း နမူနာမ်ားကို ဝယ္ယူ၍ ဓာတ္ခြဲစစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ရာမွာ ဆယ္မိုနဲလားပိုးမ်ား ေတြ႕ခဲ့ရၿပီး ထိုပိုးမ်ားမွာ ပဋိဇီဝပိုးသတ္ေဆး ယဥ္ပါးေနသည္ကို ေတြ႕ရွိခဲ့ရတယ္ဆိုတဲ့အတြက္ ေစ်းကြက္ထဲမွာ အေရာင္းအဝယ္ကို ထိခိုက္ခဲ့ပါတယ္။

ဆယ္မိုနဲလားပိုးသည္ လူကို ဝမ္းပ်က္ဝမ္းေလွ်ာ အပါအဝင္ နာမက်န္းျဖစ္ေစသည့္ ဘက္တီးရီးယားပိုးျဖစ္ၿပီး လူထုၾကားတြင္ စိုးရိမ္မႈမ်ားျမင့္တက္လာခဲ့ကာ ၾကက္သားဝယ္ယူမႈႏွင့္ ေဈးႏႈန္းက်ဆင္းမႈမ်ား ျဖစ္ေပၚေနခဲ့လို႔ ျမန္မာႏိုင္ငံ ေမြးျမဴေရးလုပ္ငန္းအဖြဲ႕ခ်ဳပ္ႏွင့္ ျမန္မာႏိုင္ငံ ၾကက္၊ ဘဲ ေမြးျမဴထုတ္လုပ္ ေရာင္းခ်သူမ်ားအသင္းတို႔က ဇန္နဝါရီလ ၂၁ ရက္ေန႔တြင္ သတင္းစာရွင္းလင္းမႈတစ္ရပ္ ျပဳလုပ္ခဲ့ရပါတယ္။

သတင္းစာရွင္းလင္းပြဲမွာ ပိုးပါဝင္ေသာ အစားအစာမ်ားကို က်က္ေအာင္ခ်က္လွ်င္ ဆယ္မိုနဲလားပိုးမ်ား ေသသြားႏိုင္ေသာ္လည္း ပိုးပါသည့္ အသားစိမ္းမ်ားကို ကိုင္တြယ္လွ်င္ျဖစ္ေစ၊ ေရေဆးလွ်င္ျဖစ္ေစ ပါဝင္သည့္ ပိုးမ်ားမွာ အျခားေနရာကို ဆက္ျပန႔္သြားႏိုင္ေသာေၾကာင့္ စားသုံးသူမ်ားႏွင့္ ေမြးျမဴေရာင္းခ်သူမ်ား၊ တာဝန္ရွိသူမ်ားအေနျဖင့္ စနစ္တက်၊ ေမြးျမဴမႈ၊ ထုတ္လုပ္မႈႏွင့္ ကိုင္တြယ္ေရာင္းခ်မႈျပဳလုပ္ရန္ လိုအပ္ေနတယ္ဆိုၿပီး ေျပာခဲ့ပါတယ္။

ဘာပဲျဖစ္ျဖစ္ ေရာဂါကေတာ့ ေရာဂါဘဲျဖစ္တဲ့အတြက္ သတိထားေစာင့္ၾကည့္ရမွာ ဆင္ျခင္ရမွာက စားသုံးသူေတြရဲ႕ တာဝန္ဘဲျဖစ္ပါတယ္။ကို႐ိုနာဗိုင္းရပ္စ္ပိုးကလည္း အစားေသာင္းက်န္းသူေတြ ေႁမြနဲ႔ လင္းႏို႔ေတြကို စားရာကေန စတင္ျဖစ္လာတာလို႔ သံသယရွိတဲ့အတြက္ ျမန္မာႏိုင္ငံမွာ တိရိစာၦန္ေမြးျမဴရာမွာ ေပါ့ဆၿပီး ႀကိဳတင္ကာကြယ္မႈမရွိသေလာက္ ျဖစ္ေနတဲ့အတြက္ ေရာဂါအသစ္ေတြ၊ ကပ္ေရာဂါေတြ ေပၚလာတိုင္း ထိတ္ထိတ္လန႔္လန႔္ျဖစ္ရတာ ၾကာသြားရင္ ေပါ့ေပါ့ဆဆရႈျမင္ၾကတာ အစဥ္အလာျဖစ္ေနပါၿပီ။

ICJ ဆုံးျဖတ္ခ်က္ ျမန္မာဘယ္လိုေရွ႕ဆက္မလဲ

ယခုရက္ထဲမွာ ICJ နဲ႔ သက္ဆိုင္တဲ့ သတင္းေတြမ်ားစြာ ျဖစ္ခဲ့ပါတယ္။ဇန္နဝါရီ ၂၃ ရက္မွာ ICJ ကေန ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး ၾကားျဖတ္ေဆာင္႐ြက္ခ်က္ေတြ ခ်မွတ္ဖို႔ရွိခ်ိန္မွာ ျမန္မာအစိုးရဘက္က ဖြဲ႕စည္းခဲ့တဲ့ လြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ (ICOE) က တရားဝင္အစီရင္ခံစာကို သမၼတထံ ေပးအပ္ခဲ့ပါတယ္။    

ႏိုင္ငံေတာ္သမၼတက ဖြဲ႕စည္းေပးခဲ့တဲ့ လြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ (ICOE) မွာ ဥကၠ႒အျဖစ္ ဖိလစ္ပိုင္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ႐ိုဆာရီယို မယ္နာလို၊ အဖြဲ႕ဝင္မ်ားအျဖစ္ ကုလသမဂၢ လူသားခ်င္းစာနာေထာက္ထားမႈ ကိစၥရပ္မ်ားဆိုင္ရာ ကုလသမဂၢ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ေဟာင္း ဂ်ပန္သံအမတ္ႀကီး ကင္ဇိုအိုရွီးမား၊ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ အေျခခံဥပေဒဆိုင္ရာခုံ႐ုံး ဥကၠ႒ေဟာင္း ဦးျမသိန္းနဲ႔ ေဒါက္တာေအာင္ထြန္းသက္တို႔ ပါဝင္ပါတယ္။

စာမ်က္ႏွာ ၄၆၀ ေက်ာ္ ပါရွိသည့္ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးေကာ္မရွင္၏ အစီရင္ခံစာကို ဇန္နဝါရီ ၂၀ ရက္မွာ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ႏွင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ထံ ေကာ္မရွင္က တင္သြင္းခဲ့ပါတယ္။ဒီအစီရင္ခံစာမွာ ရခိုင္ျပည္နယ္တြင္ ျဖစ္ပြားခဲ့သည့္ ၂၀၁၇ ခုႏွစ္အတြင္းက အာဆာအဖြဲ႕၏ တိုက္ခိုက္မႈေနာက္ဆက္တြဲ နယ္ေျမရွင္းလင္းမႈမ်ားတြင္ စစ္ရာဇဝတ္မႈမ်ားႏွင့္ ႀကီးေလးသည့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားတြင္ ျမန္မာ့လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ပါဝင္ပတ္သက္ခဲ့တယ္လို႔ ပါရွိပါတယ္။အဆိုပါအစီရင္ခံစာအတြက္ ရခိုင္ေျမာက္ပိုင္းက မြတ္ဆလင္မ်ား ရခိုင္၊ ၿမိဳ၊ ဒိုင္းနက္ စေသာ မတူညီသည့္ အစုအဖြဲ႕မ်ားအျပင္ စစ္တပ္၊ ရဲတပ္ဖြဲ႕ ဝင္မ်ားႏွင့္ မ်က္ျမင္သက္ေသ ၁၅၀၀ ခန႔္ကို ေတြ႕ဆုံေမးျမန္း ေရးသားခဲ့ၿပီး ျဖစ္စဥ္မွာ စစ္ရာဇဝတ္မႈမ်ား၊ ႀကီးေလးတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားႏွင့္ ျပည္တြင္းဥပေဒ ခ်ိဳးေဖာက္မႈမ်ားကို ျမန္မာ့လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား အပါအဝင္ လူေပါင္းစုံက က်ဴးလြန္ခဲ့ေပမယ့္ လူ႔အဖြဲ႕အစည္းတစ္ခုကို ဖ်က္စီးလိုသည့္အစီအစဥ္ သို႔မဟုတ္ ရည္႐ြယ္ခ်က္တစ္ခုအတြက္ သတ္ျဖတ္မႈမ်ားႏွင့္ ေနရပ္စြန႔္ခြာေစသည့္ လုပ္ရပ္မ်ားကို တမင္က်ဴးလြန္ခဲ့သည္ဆိုေသာ အေထာက္အထားမ်ိဳး မေတြ႕ရေၾကာင္း ဆိုပါတယ္။

ေကာ္မရွင္မွာ အႀကံျပဳခ်က္ ၂၂ ခ်က္ ပါဝင္ၿပီး ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံးနဲ႔ စစ္ဥပေဒခ်ဳပ္႐ုံးတို႔က လိုအပ္တဲ့ ရာဇဝတ္မႈဆိုင္ရာ စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္ေဆာင္႐ြက္သြားရန္ဆိုတဲ့ အႀကံျပဳခ်က္လဲ ပါဝင္ခဲ့ပါတယ္။ဒီအစီရင္ခံစာအတြက္ ႏိုင္ငံေတာ္သမၼတ႐ုံးက သေဘာတူေၾကာင္း ထုတ္ျပန္ခဲ့ၿပီး ရခိုင္ျပည္နယ္ေျမာက္ပိုင္း စစ္ဆင္ေရးအတြက္ ထိခိုက္ခံစားခဲ့ရသူ အားလုံးအတြက္ စာနာဝမ္းနည္းၿပီး ျဖစ္စဥ္အတြက္ တာဝန္ခံမႈႏွင့္ တရားမွ်တမႈရွိေၾကာင္း ျပသမယ္ဆိုၿပီး ျပသခဲ့ပါတယ္။

တပ္မေတာ္ဘက္ကေတာ့ အစီရင္ခံစာကို အေသးစိတ္ ေလ့လာေနတယ္ဆိုၿပီး  အစီရင္ခံစာတြင္ ေဖာ္ျပသည့္အတိုင္း တပ္မေတာ္သားမ်ား က်ဴးလြန္ခဲ့ေသာျဖစ္စဥ္ ရွိခဲ့ပါက စစ္ဘက္ဆိုင္ရာ တရားစီရင္ေရးႏွင့္ လုပ္ထုံးလုပ္နည္းမ်ားအတိုင္း ေဆာင္႐ြက္မယ္လို႔  ဇန္နဝါရီ ၂၃ ရက္က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

ဇန္နဝါရီ ၂၃ ရက္မွာ ျမန္မာႏိုင္ငံအား ဂမ္ဘီယာႏိုင္ငံမွ ဂ်ီႏိုဆိုက္ကြန္ဗင္းရွင္းအား ခ်ိဳးေဖာက္မႈျဖင့္ တရားစြဲဆိုထားမႈအေပၚ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ခ်ဖို႔အတြက္ နယ္သာလန္ႏိုင္ငံ၊ သည္ဟိတ္ၿမိဳ႕မွာ ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့ပါတယ္။ဒီဆုံးျဖတ္ခ်က္မွာ ၾကားျဖတ္အေရးယူမႈ ၄ ခ်က္ ခ်မွတ္ေဆာင္႐ြက္ရန္ အမိန္႔ခ်ခဲ့ပါတယ္။ဒီလိုအမိန္႔ခ်တဲ့အတြက္ ျမန္မာအစိုးရဘက္ကေတာ့ အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) ၏ ဆုံးျဖတ္ခ်က္ကို ျမန္မာႏိုင္ငံက မွတ္သားထားေၾကာင္း တုံ႔ျပန္ခဲ့ပါတယ္။တပ္ဘက္ကေတာ့ ICJ ဆုံးျဖတ္ခ်က္ မထြက္ခင္ကတည္းက မည္သည့္အမိန႔္ခ်သည္ျဖစ္ေစ အစိုးရရဲ႕ လမ္းၫႊန္ခ်က္နဲ႔အညီ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔  ႀကိဳတင္ထုတ္ျပန္ထားတာကို ေတြ႕ရပါတယ္။

ICJ က ခ်မွတ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္ကို ျပန္ၾကည့္မယ္ဆိုရင္ ထပ္မျဖစ္ဖို႔ တားျမစ္တာကို အဓိကေတြ႕ရပါတယ္။ဒါ့အျပင္ ပုံမွန္ေဆာင္႐ြက္မႈကို အစီရင္ခံစာတင္ဖို႔နဲ႔ ဘဂၤါလီေတြကိုကာကြယ္ေပးဖို႔ေတြ၊ သက္ေသေတြကို မဖ်က္ဆီးဖို႔ေတြသာ ပါဝင္ခဲ့ပါတယ္။ယခုခ်မွတ္မႈေၾကာင့္ အရပ္ဘက္ တပ္ဘက္ ဆက္ဆံေရးက ပိုေကာင္းလာႏိုင္မယ့္ အေျခအေနကိုေတြ႕ရသလို တျခားေသာျပႆနာေတြမွာ ပိုရင္ၾကားေစ့လာမယ့္ အေျခအေနကို ေတြ႕ရပါတယ္။ဒါေပမယ့္ ယခုခ်မွတ္တဲ့ ICJ ဆုံးျဖတ္ခ်က္က ဂ်ီႏိုဆိုက္က်ဴးလြန္ျခင္း ရွိ/မရွိ ဆိုတာ မဟုတ္ဘဲ ဆက္ၿပီးစစ္ေဆးမွာျဖစ္တဲ့အတြက္ ျပည္တြင္းက ဆန႔္က်င္ဘက္ အင္အားစုေတြ ညီညီၫြတ္ၫြတ္ ေက်ာခ်င္းကပ္ဖို႔ကလည္း အေရးတႀကီးလိုအပ္ေနတုန္းျဖစ္ပါတယ္။ဒီအတြက္ အဆိုးထဲက အေကာင္းျဖစ္လာမလားဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

အေကာင္းဘက္ျမင္ရတဲ့ တ႐ုတ္သမၼတခရီးစဥ္

ဇန္နဝါရီ ၁၇ ရက္ကေန ၁၈ ရက္အထိ ႏွစ္ရက္ၾကာလာေရာက္ခဲ့တဲ့ တ႐ုတ္သမၼတ ရွီက်င့္ဖိန္ရဲ႕ ျမန္မာႏိုင္ငံခရီးစဥ္က ေဒသတြင္းနဲ႔ ႏိုင္ငံတကာကပါ ေစာင့္ၾကည့္ခဲ့ရတဲ့ ခရီးစဥ္ျဖစ္ခဲ့ပါတယ္။အထူးသျဖင့္ ပထဝီႏိုင္ငံေရးအရ ျမန္မာႏိုင္ငံက ေဒသတြင္းမွာ တ႐ုတ္အတြက္ အေရးပါတဲ့အေနအထားျဖစ္သလို ရခိုင္ကိစၥလို ျပႆနာေတြမွာ တ႐ုတ္ရဲ႕ရပ္တည္ခ်က္ကလည္း ျမန္မာအတြက္ အေရးပါတဲ့အတြက္ အျပန္အလွန္ အမွီသဟဲျပဳေနရတဲ့ အေနအထားရွိေနပါတယ္။

ဒီအတြက္ တ႐ုတ္သမၼတခရီးစဥ္က ျမန္မာႏိုင္ငံအတြက္ ေမွ်ာ္လင့္စရာေတြရွိသလို တ႐ုတ္ - ျမန္မာ နယ္စပ္မွာ  အေျခစိုက္တဲ့ ေျမာက္ပိုင္းေလးဖြဲ႕ေၾကာင့္ ေရွ႕မတိုးသာ ေနာက္မဆုတ္သာျဖစ္ေနတဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ ဒီေလးဖြဲ႕အေပၚ ဩဇာေညာင္းတဲ့ တ႐ုတ္ဘက္က ေခါင္းေဆာင္လာတဲ့အတြက္ ေမွ်ာ္လင့္စရာျဖစ္ခဲ့ပါတယ္။ႏိုင္ငံတကာနဲ႔ ေဒသတြင္းသတင္းမီဒီယာေတြ၊ အစိုးရနဲ႔နီးစပ္တဲ့ ပုဂၢိဳလ္ေတြဆီကေန ထြက္လာတဲ့သတင္းေတြအရ  တ႐ုတ္ႏိုင္ငံဘက္က ကမကထျပဳၿပီး ေဆာင္႐ြက္ေနတဲ့ BRI နဲ႔ ပတ္သက္ၿပီး သေဘာတူစာခ်ဳပ္ေတြ လက္မွတ္ထိုးဖို႔ရွိတယ္ဆိုတာေတြ ထြက္လာခဲ့ပါတယ္။

ထြက္လာတဲ့ သတင္းေတြအတိုင္းဘဲ တ႐ုတ္သမၼတရဲ႕ ခရီးစဥ္အတြင္းမွာ BRI နဲ႔ ပတ္သက္ၿပီး သေဘာတူညီခ်က္ ၃၃ ခုကို လက္မွတ္ေရးထိုးခဲ့တာကို ေတြ႕ရပါတယ္။ဒီထဲမွာ အမ်ားျပည္သူစိုးရိမ္ေနတဲ့ ျမစ္ဆုံဆည္ကိစၥ မပါခဲ့ဘဲ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းနဲ႔ စက္မႈဇုန္ (SEZ)၊ မူဆယ္-မႏၲေလး ရထားလမ္း၊ မႏၲေလး-ထီးခ်ိဳင္-မူဆယ္ ကားလမ္း၊ တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍ စတာေတြ ပါဝင္ခဲ့ပါတယ္။

ခရီးစဥ္အတြင္း ျမန္မာႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တို႔နဲ႔ သီးျခားစီေတြ႕ဆုံခဲ့တာေတြရွိၿပီး ဒီလိုေတြ႕ဆုံမႈမွာ တ႐ုတ္-ျမန္မာ နယ္စပ္က တိုင္းရင္းသားလက္နက္ကိုင္ေတြကို Buffer မလုပ္ဖို႔ ျမန္မာဘက္ကေျပာခဲ့သလို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ တ႐ုတ္သမၼတ ေတြ႕ရာမွာလည္း တိုင္းရင္းသားလက္နက္ကိုင္ေတြ လက္ထဲေရာက္ေနတဲ့ တ႐ုတ္ႏိုင္ငံထုတ္ လက္နက္ေတြနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးေျပာဆိုခဲ့တာေတြလည္း ရွိခဲ့ပါတယ္။ဒီလိုေျပာခဲ့ရာမွာ တ႐ုတ္သမၼတဘက္က ျမန္မာႏိုင္ငံအတြင္းရွိ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားသို႔ တ႐ုတ္ႏိုင္ငံမွေန၍ လက္နက္ေထာက္ပံ့ေနျခင္းမ်ိဳး လုံး၀မရွိဘူးလို႔ ေျပာခဲ့ပါတယ္။ဒါ့အျပင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ ထုတ္ျပန္ခ်က္မွာ တ႐ုတ္သမၼတက “အမ်ားက စြပ္စြဲေျပာၾကားေနသလို ျမန္မာႏိုင္ငံရွိ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားကို လက္နက္၊ ခဲယမ္းမ်ား ေထာက္ပံ့ေပးေနျခင္း လုံးဝမရွိေၾကာင္း၊ အျခားနည္းလမ္းမ်ားႏွင့္ ရရွိႏိုင္သည္ျဖစ္၍ မိမိတို႔ကလည္း ေသခ်ာစြာစိစစ္ ေျဖရွင္းေပးသြားမည္ျဖစ္ေၾကာင္း” ေျပာခဲ့တာကို ေဖာ္ျပခဲ့ပါတယ္။

ယခုလာေရာက္တဲ့ တ႐ုတ္သမၼတရဲ႕ ခရီးစဥ္က တ႐ုတ္-ျမန္မာ သံတမန္ခရီးစဥ္ ႏွစ္ ၇၀ ျပည့္ေျမာက္တဲ့ ႏွစ္အျဖစ္ လာေရာက္ျခင္းျဖစ္သလို ျမန္မာႏိုင္ငံမွာ တ႐ုတ္ႏိုင္ငံရဲ႕ အခန္းက႑ ဘယ္ေလာက္ထိရွိေနၿပီလဲဆိုတာကို ႏိုင္ငံတကာကို ေဖာ္ျပလိုက္တဲ့ ခရီးစဥ္လဲျဖစ္ခဲ့ပါတယ္။အရပ္သားအစိုးရသစ္ တက္လာကတည္းက ရခိုင္ေျမာက္ပိုင္းက ခိုးဝင္ဘဂၤါလီေတြရဲ႕ ျပႆနာေၾကာင့္ ႏိုင္ငံတကာရင္းႏွီးျမဳပ္ႏွံမႈကို ဆုံးရႈံးခဲ့ရတဲ့ ျမန္မာႏိုင္ငံအတြက္ တ႐ုတ္အပါအဝင္ အေရွ႕တိုင္းႏိုင္ငံေတြဆီက လာေရာက္ရင္းႏွီးျမဳပ္ႏွံမႈက အေရးပါတဲ့ အခန္းက႑မွာ ရွိေနပါတယ္။

တ႐ုတ္သမၼတရဲ႕ ယခုခရီးစဥ္မွာ တ႐ုတ္ဘက္က စီးပြားေရးလုပ္ငန္းရွင္ေတြလဲ ပါလာခဲ့သလို BRI နဲ႔ ပတ္သက္တဲ့ စီမံကိန္းေတြကိုလည္း လက္မွတ္ေရးထိုးခဲ့တဲ့အတြက္ ျမန္မာႏိုင္ငံရဲ႕ ရပ္တန႔္ေနတဲ့ ျမန္မာ့စီးပြားေရးက ျပန္ႏိုးထလာဖို႔ မ်ားေနပါတယ္။ဒီအတြက္ တ႐ုတ္သမၼတ လာေရာက္တဲ့ ျမန္မာခရီးစဥ္ေနာက္ပိုင္း ျမန္မာ့ႏိုင္ငံေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ စီးပြားေရးက႑ေတြမွာ ဘာႀကီးႀကီးက်ယ္က်ယ္ ေျပာင္းလဲလာႏိုင္သလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းက ယခုရက္သတၱပတ္မွာျဖစ္ခဲ့တဲ့ သတင္းေတြထဲက မည္သည့္လက္နက္ကိုင္အဖြဲ႕မဆို အရပ္သားမ်ားအား တစ္ဖက္သတ္စြပ္စြဲခ်က္မ်ားျဖင့္ ဖမ္းဆီးထိန္းသိမ္းျခင္းနဲ႔ ေဒသခံတိုင္းရင္းသားေတြအေပၚ လူ႔အခြင့္အေရးခ်ိဳးေဖာက္ျခင္း မျပဳလုပ္ဖို႔ ခူမီး ခ်င္းမ်ိဳးႏြယ္စုမ်ားေရးရာ ေပါင္းစပ္ညႇိႏႈိင္းေရးေကာင္စီ (KACC) က ေတာင္းဆိုခဲ့တဲ့သတင္း၊ ျမန္မာႏိုင္ငံရွိ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္မႈစီမံကိန္း ၄ ခု ပူးေပါင္းေဆာင္႐ြက္ရန္ ဂ်ပန္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ (JICA) ကေန ယန္းေငြပမာဏ ၁၂၀.၉၁၅ ဘီလ်ံ (အေမရိကန္ေဒၚလာ ၁ ဘီလ်ံေက်ာ္) တန္ဖိုးရွိ အကူအညီေခ်းေငြစာခ်ဳပ္မ်ားကို ေခ်းယူခဲ့တဲ့သတင္း၊ ရခိုင္ျပည္နယ္အတြင္း ေဆာင္႐ြက္ေနတဲ့ အိႏၵိယႏိုင္ငံ၏ စီမံကိန္းမ်ားအားလုံး စီးပြားေရးအက်ိဳးအျမတ္မပါဘူးလို႔ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီးက ေျပာခဲ့တဲ့သတင္း၊ တစ္ရက္အတြက္ အနည္းဆုံးလုပ္အားခကို ျမန္မာက်ပ္ေငြ ၉၈၀၀ ေျပာင္းလဲသတ္မွတ္ေပးဖို႔ လႈိင္သာယာၿမိဳ႕နယ္ရွိ အထည္ခ်ဳပ္စက္႐ုံ ၂၀ မွ အလုပ္သမား ၅၀၀၀ ေက်ာ္ လမ္းေလွ်ာက္ဆႏၵထုတ္ေဖာ္ခဲ့တဲ့သတင္း၊ ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) က ဖမ္းဆီးထားသည့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္း ကို ျပန္လည္လႊတ္ေပးလိုက္တဲ့သတင္း၊ မႏၲေလးၿမိဳ႕ ရတနာပုံေစ်း ပထမအထပ္ Sky Walk မီးေလာင္လို႔ ၈ ဦးဒဏ္ရာရရွိခဲ့တဲ့ သတင္းေတြထဲ သတိထားစရာသတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီလိုသတင္းေတြအျပင္ ယခုရက္ထဲမွာျဖစ္ခဲ့တဲ့ သတင္းေတြထဲက တပ္မေတာ္ကို ဂုဏ္သိကၡာက်ဆင္းေစမႈျဖင့္ တရားစြဲဆိုခံထားရသည့္ စာေရးဆရာမာန္ (ေတာင္လုံးျပန္) ကို ၿမိတ္ၿမိဳ႕နယ္ တရား႐ုံးမွ ဒဏ္ေငြသုံးေသာင္းက်ပ္ အမိန႔္ခ်မွတ္ခဲ့တဲ့သတင္း၊ တကၠသိုလ္ေလးခုကို ျဖတ္သန္းေျပးဆြဲမည့္ ဘတ္စ္ကားလမ္းေၾကာင္းသစ္တစ္ခုကို လာမည့္ေဖေဖာ္ဝါရီလတြင္ စတင္ေျပးဆြဲသြားေတာ့မယ့္သတင္း၊ အင္းစိန္ၿမိဳနယ္၊ ေပါက္ေတာဝမွတ္တိုင္မွာျဖစ္ခဲ့တဲ့  YBS ယာဥ္ေမာင္းကို ဓားနဲ႔ခုတ္၊ ဆန္ထိုးပိုက္ျဖင့္ထိုးခဲ့သူ အမည္မသိအမ်ိဳးသား ၃ ဦးကို ရဲတပ္ဖြဲ႕မွ အဖြဲ႕သုံးဖြဲ႕ခြဲ႕ၿပီး ရွာေဖြဖမ္းဆီးေနတဲ့သတင္း။အိႏၵိယႏိုင္ငံရွိ ဂါယာေလဆိပ္မွာ ျမန္မာအမ်ိဳးသမီး ၅ ဦးဆီကေန အေမရိကန္ေဒၚလာသုံးသိန္း လက္ဝယ္ေတြ႕ရွိလို႔ ဖမ္းဆီးထိန္းသိမ္းထားတဲ့သတင္း၊ စာသင္ခ်ိန္ တစ္လတိုးျမႇင့္လိုက္သည့္အေပၚ ေက်နပ္မႈမရွိေသာ မႏၲေလးပညာေရးေကာလိပ္ႏွင့္ မုံ႐ြာပညာေရးေကာလိပ္မွ ေက်ာင္းသူေက်ာင္းသား တစ္ရာနီးပါး ဆႏၵျပတဲ့သတင္း၊ ပုဂၢလိကပိုင္ သေဘၤာတစ္စီးကို တစ္လလွ်င္ ျမန္မာေငြက်ပ္ သိန္း (၂၀၀) ျဖင့္ ငွားရမ္းကာ ရန္ကုန္မွ ကိုကိုးကြၽန္းသို႔ တစ္လလွ်င္ တစ္ရက္ အခမဲ့ေျပးဆြဲေနတဲ့သတင္း၊ ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္က ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဖ်က္သိမ္းေပးရန္ ေတာင္းဆိုခဲ့တဲ့သတင္းေတြလည္း ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဇန္န၀ါရီ - ၂၄