【 တစ်ပတ်အတွင်းပြည်တွင်းသတင်းသုံးသပ်ချက် 】 မှားယွင်းမှုနဲ့ တာဝန်ခံမှု တကယ်ရှိလာမလား

【 တစ်ပတ်အတွင်းပြည်တွင်းသတင်းသုံးသပ်ချက် 】  မှားယွင်းမှုနဲ့ တာဝန်ခံမှု တကယ်ရှိလာမလား

ယခုရက်သတ္တပတ်သတင်းတွေထဲသတိထားမိစရာသတင်းတွေရှိခဲ့ပါတယ်။ဒီသတင်းတွေထဲမှာ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို YMBAအသင်းက ရာသက်ပန်ဂုဏ်ထူးဆောင် နာယက ကြီးနဲ့ မဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့ ချီးမြှင့်ခဲ့တဲ့သတင်း၊ မြောင်းတကာ စက်မှုဇုန်ရှိ စကိုင်းမင်း သံမဏိစက်ရုံမှာ အလုပ်ရပ်နားလိုက် တာကို မကျေနပ်လို့ အလုပ်သမားတွေ သပိတ်မှောက်ဆန္ဒပြတဲ့ သတင်း၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အ မှတ် (၂) အောက်တိုဘာ ၃၀ မှာ ဖွင့်မယ့်သတင်း၊ ပဲခူးမြို့ အဘဦးမိုးဟိန်းဓာတ်နန်းမှာ မိသား စုသုံးဦး အစာ အဆိပ်သင့်သေဆုံးခဲ့တဲ့သတင်း၊ ပဲခူးမြို့ တွင်း မှာ စင်းလုံးငှားသုံးဘီး (မီနီအိုးဝေယာဉ်) လုပ်ငန်းခွင့်မပြုဖို့ သုံးဘီး ဆိုင်ကယ်မောင်းနှင်သူတွေ ဆန္ဒပြတဲ့ သတင်း ၊မုံရွာမြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါ်အမာကြည် ရဲ့ဖေ့စ်ဘွတ်ခ် အကောင့်ကို ဟက်ပြီး ငွေလိမ်သွားတဲ့သတင်းတွေလည်းရှိခဲ့ပါတယ်။

အဆိုပါသတင်းတွေက ယခုရက်သတ္တပတ်ထဲ လူစိတ်ဝင်စားမှု အများဆုံးဖြစ်ခဲ့တဲ့ အဆိုတော် ဖြိုးပြည်စုံနဲ့ သီချင်းရေးဆရာနှစ်ယောက်ကို မှားယွင်းဖမ်းဆီးမိလို့ ပြန်လွှတ်ခဲ့ရတဲ့ သတင်း၊နေပြည်တော် ဗစ်တိုးရီးယား အမှုရုံး ချိန်းသတင်း၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ သတင်း၊မန္တလေးမှာ အစိုးရအလိုမရှိကြောင်း စာရွက် တွေ ယခုနှစ်ထဲ တတိယအကြိမ်ဖြန့်ကြဲခံရတဲ့ သတင်းတွေ၊တိုင်းရင်းသားဒေသတွေမှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ သတင်းတွေလည်း ရှေ့လျှောက် သတိပြုစောင့် ကြည့်ရဦးမယ့် သတင်းတွေ ဖြစ်ခဲ့ပါ တယ်။    

ပူရှိန်းလား  မူးယစ်ဆေးလား အလျော်အစားမရတဲ့ နစ်နာမှုလား

ယခုရက်သတ္တပတ် မူခင်းဆိုင်ရာ သတင်းတွေထဲမှာ လူအများစုစိတ်ဝင်တစားစောင့်ကြည့်ခဲ့တဲ့ သတင်း နှစ်ပုဒ်ရှိပါတယ်။ ဒီသတင်းနှစ် ပုဒ် က နေပြည်တော်ဗစ်တိုးရီးယားအမှုသတင်းနဲ့ အဆိုတော်ဖြိုးပြည်စုံ ကို မူးယစ်မှုနဲ့ မှားယွင်း ဖမ်းဆီး ခဲ့တဲ့ သတင်းပါဘဲ။

အများပြည်သူစောင့်ကြည့်နေခဲ့တဲ့ နေပြည်တော် ဗစ်တိုးရီးယားအမှုက ရုံးချိန်းတွေ စိပ်လာတာနဲ့ အတူ အများပြည်သူအဖို့ စိတ်ဝင်စားစရာတွေ အများကြီးရှိလာခဲ့ပါတယ်။အထူးသဖြင့် မကျူးလွန်ဘဲ ခံထားရသူလို့ အများပြည်သူက ယူဆထားတဲ့ အောင်ကြီးကို အာမခံရဖို့ ယခုရက်သတ္တပတ်ရုံးချိန်းမှာ အပြန်အလှန်လျှောက် လဲခဲ့ကြတာပါ။ ဒီရုံးချိန်းမတိုင်ခင်မှာ  ယခုအမှုဖြစ်ပွားခဲ့တဲ့ Wisdom hill ကျောင်းက ကျောင်းကြီးကြပ်ရေးမှူး ဖြစ်သူဒေါ်ဥမ္မာလှိုင်ကဗစ်တိုးရီးယားအမှု၏တရားခွင်ထွက်ဆိုချက်တွေ ကို မီဒီယာတွေဆီ ပြန်လည်ဖြေကြား ရာမှာ သားနှစ်ဦး ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး သံသယတရားခံ အောင်ကြီး၏ရှေ့နေ ဒေါ်စုဒါလီအောင် ကို ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေနဲ့ တရားစွဲဆိုခဲ့တာပါ။ ဒီဥပဒေနဲ့ပဲ ရှေ့နေ ဒေါ်စုဒါလီအောင် အပြင် သံသယတရားခံ အောင်ကြီး ၏ ရှေ့နေ ဦးခင်မောင်ဇော်၊ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်၊ ဗစ်တိုးရီးယား ၏ဖခင်၊ ဗစ်တိုးရီးယား၏ ဦးလေး၊ ဗစ်တိုးရီးယား၏ အဒေါ်နှင့် ဗစ်တိုးရီးယားအမှုကို လိုက်ပါဆောင်ရွက် ပေးနေ သည့် သက္ကမိုးညိုအကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းတို့ကိုပါ ကလေးသူငယ်  အခွင့် အရေး များဆိုင်ရာ ဥပဒေ နှင့်ပင် စက်တင်ဘာ ၂၆ ရက်က ထပ်မံပြီး အမှုဖွင့်ထားခဲ့ပါတယ်။

ဒီလိုအမှုဖွင့်ခဲ့တဲ့ အတွက် ရှေ့နေ ဒေါ်စုဒါလီအောင်ဘက်ကနေ လိုက်ပါဆောင်ရွက်မယ့် ရှေ့နေ ဦးသိန်း သန်းဦးအပါအဝင် ၅ ဦးက ဒေါ်စုဒါလီအောင်ကို  ရဲစခန်းမှာ  ကနဦးအမှုဖွင့်ခဲ့တဲ့ တရားလိုကို  နိုင်ငံသား များ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကိုအကာအကွယ်ပေး ရေးဥပဒေနဲ့ ပြန်တရားစွဲ ဆိုဖို့ စီစဉ်နေတာတွေ လည်း ရှိခဲ့တဲ့ အတွက် အောက်တိုဘာ ၉ ရက် ရုံးချိန်းမှာ ဘယ်လိုအားပြိုင်မှုတွေ ရှိမလဲဆိုတာ စိတ်ဝင်စားစရာ စောင့် ကြည့်စရာဖြစ်ခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်က ပုဗ္ဗသီရိ မြို့နယ်တရားရုံးမှာ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က တရား စွဲဆိုထားတာကို ရှေ့နေ ဒေါ်စုဒါလီအောင်ဘက်က လိုက်ပါဆောင်ရွက်မယ့် ရှေ့နေ့ငါးဦးက ရုံးချိန်းလာယူကြ တဲ့ အခါမီဒီယာတွေကို ဒေါ်ဥမ္မာလှိုင်က သံသယတရားခံ အောင်ကြီးအနေဖြင့် ကျူး လွန်ခဲ့ခြင်း ရှိ၊ မရှိ တရားရုံးက အဖြေထုတ်လိမ့်မယ်လို့ ပြောခဲ့သလို သားနှစ်ယောက်အတွက် အမှန် တရားကိုလည်း “တရားရုံးရောက်ရင် အကုန် ချပြမှာပါ”လို့ပြောခဲ့ပါတယ်။

ဒီလိုအခင်းအကျင်းတွေကြောင့် အောက်တိုဘာ ၉ ရက်ရုံးချိန်းက အများပြည်သူကြားစိတ်ဝင်စား စရာ ဖြစ်ခဲ့ပါတယ်။အောက်တိုဘာ ၉ ရက်ရုံးချိန်းမှာ Wisdom Hill ကျောင်းရဲ့ ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် ရဲ့ ခင်ပွန်း ဖြစ်သူ ရဲအုပ် ရန်နောင်စိုးနဲ့ Wisdom Hill ကျောင်းက ယာဉ်မောင်းနှစ်ဦးတို့ကို စစ်ဆေး ခဲ့ပြီး ယခုရုံးချိန်းမှာ စွပ်စွဲ ခံရသူ ကိုအောင်ကြီး အာမခံအတွက် ဥပဒေအရာရှိနဲ့ စွပ်စွဲခံရသူအောင်ကြီး ရဲ့ ရှေ့နေတို့ အပြန်အလှန်လျှောက် လဲချက်ပေးခဲ့ကြကာ ဥပဒေအရာရှိက အောင်ကြီး အာမခံလျှောက် တာကို ကန့်ကွက်တယ်ဆိုပြီး ကန့်ကွက် လျှောက်လဲချက်ပေးခဲ့ပါတယ်။

နေပြည်တော် ဗစ်တိုးရီးယားအမှုမှာ ကျူးလွန်ခံရသူကလေးငယ် ဗစ်တိုးရီးယားလေးနဲ့ သူမမိခင်က လွဲရင် လိုက်ပါဆောင်ရွက်ပေးနေတဲ့ သူတွေအားလုံးနီးပါး တရားစွဲဆိုခံလိုက်ရတဲ့အတွက် ထပ်ပွား တရားစွဲဆိုမှုတွေက မူလမူခင်းတရားစွဲဆိုစစ်ဆေးမှုကို နှောင့်နှေးစေမလား၊ တရားလိုဘက်က ဝါရင့် ကျွမ်းကျင်ရှေ့နေတွေ ပါလာတဲ့ အတွက် ဒါကို ကျော်လွှားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

လာမယ့် အောက်တိုဘာ ၂၃ ရက် ရုံးချိန်းမှာ Wisdom Hill ကျောင်းဘက်မှ စီစီတီဗွီ မှတ်တမ်းကိုင်သူ အပါအဝင် ဆရာမနှစ်ဦးကိုလည်း စစ်ဆေးမှာဖြစ်သလို စွပ်စွဲခံရသူ အောင်ကြီးအတွက် အာမခံ တင် ထားမှု အတွက် အမိန့်ချနိုင်တယ်လို့ ဆိုတဲ့အတွက် ဘာတွေ ထူးထူးခြားခြားဖြစ်လာဦးမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ယခုတစ်ပတ်ထဲ နောက်ထပ်လူတွေစိတ်ဝင်စားသလို မဖြစ်သင့်တဲ့ ဖြစ်ရပ်တစ်ခုကလည်း ဖြစ်ခဲ့ပါတယ်။ ဒါက တက်သစ်စလူငယ်အဆိုတော်တစ်ဦးနဲ့ တေးရေး ဆရာနှစ် ဦး ကို မူးယစ်ဆေးဝါးအမှုနဲ့ မှားယွင်းဖမ်းဆီးခဲ့တဲ့ အမှုပါဘဲ။ဒီအဖြစ်အပျက်က ယခုရက်သတ္တပတ် ထဲမှာဘဲ ဖြစ်ခဲ့တာပါ။

အောက်တိုဘာ ၇ ရက်ညနေပိုင်းက လူငယ်အဆိုတော်တေးသံရှင်ဖြိုးပြည့်စုံနဲ့ တေးရေးငြိမ်းချမ်းကို၊ ရော်နီဆန်းလွင်တို့ကို Myanmar Plaza အောက်ထပ်မှာရှိတဲ့ Coffee ဆိုင်မှာ မူးယစ်ဆေးဝါးလို့ ယူဆရတဲ့ ဆေး ပြား လက်ဝယ်တွေ့ရှိမှုနဲ့ မူးယစ်အဖွဲ့တပ်ဖွဲ့စု (၄၀)က သတင်းအရဆိုပြီး  ဖမ်းဆီးခဲ့ ပါတယ်။ဒီလိုဖမ်းဆီးပြီနောက် အောက်တိုဘာ ၈ ရက် နံနက် ၁၁ နာရီခွဲအချိန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (CCDAC Myanmar) ထုတ်ပြန်မှုမှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ စု (၄၀)ရန်ကုန် (မြောက်) က တားဆီးနှိမ်နင်းရေး လုပ် ငန်းများဆောင်ရွက်စဉ် ဗဟန်းမြို့ နယ်မှာ ကတ်တမင်းများဖမ်းဆီးရမိခဲ့တယ်ဆိုပြီး သတင်းကိုတင်ခဲ့ ပါတယ်။ နောက်ပိုင်းမှာ ဒီသတင်း ကို ပြန်ဖြုတ်ခဲ့ပါတယ်။
 
ဒီလိုဖမ်းဆီးမိတဲ့ ဆေးပြားတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံထုတ် ပူရှိန်းဆေးပြားတွေဆိုတာ လူမှုကွန် ရက် မှာ ထောက်ပြဝေဖန်မှုတွေတက်လာခဲ့ပေမယ့် မူယစ်ဆေးဝါးအနွယ်ဝင် ကတ်တမင်းဆေးပြားတွေဆိုပြီး ဖမ်းဆီး တဲ့  သူတွေဘက်က ပြောဆိုမှုတွေရှိခဲ့ ပါတယ်။အောက်တိုဘာ ၈ ရက်ထုတ်ပြန် ချက်မှာ အဆိုပါ သုံးဦးကို မူးယစ် ဆေးဝါးတွေ့ရှိမှုဖြင့် ထောင်ဒဏ်နှစ်အကန့်အသတ်မရှိအထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်ထားတယ်ဆိုပြီး ဗဟန်းမြို့နယ် တရားရုံး သတင်းပြန်ကြားရေး အရာ ရှိက သတင်းမီဒီယာ တွေကို ပြောခဲ့ပါတယ်။ ၎င်းတို့ကို ရမန် ကြီး တစ်ပတ် (၁၄ ရက်) ပေးကာ အောက်တိုဘာ ၂၁ ရက်ကို နောက်တစ်ကြိမ် ရုံးချိန်းခေါ်ဆိုထားပြီး ဖမ်းဆီးရမိခဲ့ တဲ့ ဆေးပြား ၁၀ ပြားကို ဓာတုဗေဒဝန်ရုံးသို့ ပေးပို့စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်အရ အဆိုပါဆေးပြား ၁၁ ပြားဟာ မူးယစ်ဆေးဝါးမဟုတ်ဘူဆိုပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာ ဥပဒေပုဒ်မ-၁၉(က)/၂၁ အရ ဖမ်းဆီးအမှုဖွင့်ခံရသူ အဆို တော် ဖြိုးပြည့်စုံ၊ တေးရေးဆရာ ငြိမ်းချမ်းကိုနှင့် ရော်နီဆန်းလွင်တို့ကို အောက်တိုဘာ ၉ ရက်မှာ ပြန်လွှတ်ပေး ခဲ့ပါတယ်။ လူမှုကွန်ရက်မှာ ဖော်ပြခဲ့ကြတဲ့ အတိုင်း ဖမ်းမိတဲ့ ဆေးပြားတွေက ပူရှိန်းငုံဆေးပြားတွေ ဖြစ်နေခဲ့သလို လူမှုကွန်ရက်မှာ ယခုဖမ်းဆီးခံရမှုအပေါ် ထောက်ပြလှောင်ပြောင်စရာ၊ သရော်စရာကြီးတစ်ခုဖြစ်ခဲ့သလို ကြားလို မကောင်းတဲ့ ကိစ္စတစ်ခု လည်း ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် ဖမ်းဆီးဖို့ ဘယ်သူက သတင်းပေးခဲ့သလဲဆိုတာနဲ့ ဖမ်းဆီးစဉ်မှာ တာဝန်ရှိသူတွေရဲ့ ပြုမှုပုံက လည်း လက်မခံနိုင်စရာဖြစ်ခဲ့ပါတယ်။

ဒီလိုဖြစ်ရပ်မှာ လူထုကြားသတိပြုမိစရာတွေအများကြီးဖြစ်ခဲ့သလို  ဖမ်းဆီးခံရတဲ့ သူက အဆိုတော် မဟုတ်ဘဲ သာမန်လူ တစ်ယောက်ဆို ဘယ်လိုဖြစ်မလဲ၊လူမှုကွန်ရက်က ဝန်းရံမှုမရှိရင် ဘယ်လို အဖြေ ထွက်မလဲနဲ့ ယခင်က ဒီလိုမှားယွင်းမှု တွေ ဘယ်လောက် တောင်ရှိမလဲ ဆိုတာ စဉ်းစားစရာဖြစ်လာခဲ့ပါတယ်။ ယခင်အစိုးရ သက်ဆိုင်ရာ အထက်အဖွဲ့အစည်းရဲ့ထိပ်ပိုင်းမှာ တာဝန်ယူသူတွေ မသိဘဲ အောက်ပိုင်းမှာ ဘယ်လောက်တောင် မှားယွင်းမှုတွေဖြစ်ခဲ့ပြီး အပြစ်မဲ့တဲ့ သူတွေ ဘယ်လောက် တော င်ရှိနေခဲ့လဲ ဆို တာ ဒီဖြစ်ရပ်က မီးမောင်းထိုး ပြခဲ့ပါတယ်။

မှားယွင်းဖမ်းဆီးခံရတဲ့ သူတွေအတွက် လူမှုရေးအရနစ်နာမှုတွေ ရှိခဲ့ပြီး သက်ဆိုင်ရာဘက်က အဆိုတော် ဖြိုးပြည့်စုံပါ သုံးဦးကို ဖမ်းဆီးစစ်ဆေးသည့် မူးယစ်တပ်ဖွဲ့ဝင်များကို စုံစမ်းစစ်ဆေးရေး ခုံရုံးမှာ စစ်ဆေးအရေး ယူဖွယ်ရှိတယ်လို့ မူးယစ်ဘက်ကပြောခဲ့တာ ရှိပါတယ်။ဒါဟာ လက်သင့်ခံနိုင် တဲ့ တာဝန်ယူမှုပါဘဲ။ ဒီလို လုပ် ဆောင်မှုကြောင့် အများပြည်သူကြား သက်ဆိုင်ရာအဖွဲ့အပေါ် ယုံကြည်မှု ဖြစ်ထွန်းလာမှာ ဖြစ်ပေမယ့် ဘယ် လောက် အတိုင်းအတာအထိ အရေးယူမှုတွေ ရှိမလဲ ဆိုတာကတော့ စောင့် ကြည့်ရဦးမှာဖြစ်ပါတယ်။

မြို့တွင်းတိုက်ပွဲ နဲ့ အစိုးရအလိုမရှိကြောင်း စာရွက်ဖြန်ခဲ့သူတွေ

ယခုရက်သတ္တပတ်ထဲ ဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော် ကြား တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ သတင်းတွေ ရှိခဲ့သလို မန္တလေးလို့ နေရာမှာ လူစည်ကားတဲ့နေရာတွေကို မနက် ၅ နာရီမှာ အစိုးရအလိုမရှိကြောင်း စာရွက်တွေ တတိယအကြိမ်ကြဲဖြန်ခဲ့တဲ့ ဖြစ်ရပ်တွေပါဘဲ။

ယခုရက်ထဲ တိုက်ပွဲတွေပြန်ဖြစ်တဲ့ အသံတွေ တိုင်းရင်းသားတွေ နေထိုင်ရာ နယ်အစွန်အဖျားတွေဘက် မှာ ပြန်ကြားလာရပါတယ်။ထုံးစံအတိုင်း ရခိုင်လက်နက်ကိုင် AAတွေ က အောက်တိုဘာ ၅ ရက်မှာ ဘူးသီးတောင် မြို့နယ်  စိုင်တင်တံတားအနီး လုံခြုံရေးယူထားသည့် တပ်စခန်းကို နံနက် အစောပိုင်းမှာ လက်နက်ကြီးနဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်နေတဲ့  လက်နက်ကိုင်တွေက စစ်တွေမှာလဲ  အိမ်ပြန် လာတဲ့ ဆေးခန်းပိုင်ရှင်ကို ဆိုင်ကယ်နဲ့ လိုက်ပြီး သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့ပါတယ်။ ဒီလိုပစ်ခတ်ရာမှာ လူသေဆုံး ခြင်းမရှိပေမယ့် နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။သတင်းတွေအရ ရခိုင့်တပ်မတော်အား အမျိုးသားရေးရန်ပုံငွေ ထည့်ဝင်ခြင်း မရှိလို့ သတိပေးပစ်ခတ်တာလို့ သိရပါတယ်။

ဒီလို မတည်မငြိမ်မှုတွေက မြောက်ပိုင်းသုံးဖွဲ့ ကျင်လည်နေတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာလဲ ယခု ရက်သတ္တပတ် မှာဖြစ်ခဲ့ပါတယ်။ ဖြစ်တာက မြို့ထဲ လူစည်ကားတဲ့ ဈေးနေရာမှ ဖြစ်ခဲ့တာပါ။အောက်တိုဘာ ၉ရက်နေ့ နံ နက် ၆ နာရီခွဲခန့်က သိန္နီမြို့ဈေးရှေ့မှာ တပ်မတော်ယာဉ်တန်းကို TNLA အဖွဲ့က ဆင်းပစ်ပြီးဆုတ်ပြေးခဲ့တာပါ။ ဒီအတွက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး တပ်မတော် ဘက်မှနှစ်ဦး ကျဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကာ ဒေသခံ အမျိုးသား နှစ်ဦး နှင့် အမျိုးသမီးငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်ဆိုပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ မြို့တွင်း လုံခြုံရေးကင်းလှည့်ဆောင်ရွက်နေသော တပ်မတော်ယာဉ်တန်းကို လူနေအိမ်နှင့် အဆောက်အအုံများကို အကာအကွယ်ယူကာ တအာင်း လက်နက် ကိုင် အဖွဲ့(TNLA )က အင်အား ၅၀ ခန့်ဖြင့်တိုက်ခဲ့ တယ်ဆိုပြီး တအာင်းလက်နက်ကိုင် (TNLA)အဖွဲ့က သတင်း ထုတ်ပြန်ချက်မှာတော့ တပ်မတော်ယာဉ်ခုနစ်စီးဖြင့် တအာင်း လက်နက် ကိုင် အဖွဲ့အား ထိုးစစ်ဆင်ရန် သိန္နီတပ်မှ ထွက်ခွာလာသဖြင့်ကြိုတင်ခုခံကာကွယ်စစ်ဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ်။
 
ဒီလို မြောက်ပိုင်း သုံးဖွဲဘက်က တပ်မတော်ဘက်ကို တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့အတွက် ယခုလထဲပြု လုပ် ဖို့ရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက မရေမရာဖြစ်လာပါတယ်။ ဒီကြားထဲမှာ ကော့ကရိတ်မြို့ မှာနေထိုင်တဲ့ DKBA တပ်က တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဝေ့ထူးကိုနေအိမ်မှာ လာလုပ်ကြံ သွားခဲ့တဲ့ဖြစ်ရပ်တစ်ခု လည်းဖြစ် ခဲ့ပါတယ်။ဒီဖြစ်ရက်က အောက်တိုဘာ ၅ ရက်က ဖြစ်ခဲ့တာပါ။ ဒုတိယဗိုလ်မှူးကြီး စောဝေ့ထူးဟာ မိသားစုနဲ့အတူ ရှိနေစဉ် သေနတ်သမားတစ်ဦးက ရောက်ရှိလာပြီး သေနတ်ဖြင့် ငါးချက် လုပ်ကြံပစ်သတ်ခဲ့တာပါ။ ဒီအတွက် ဘယ်အဖွဲ့ကလည်း ၊ဘာအကြောင်းကြောင့်လဲဆိုတာကို သက်ဆိုင်ရာအဖွဲ့တွေက စုံစမ်းနေဆဲပါ။

မန္တလေးမှာ အောက်တိုဘာလ ၇ ရက်က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကတော့ ယခုနှစ်ထဲ တတိယအကြိမ်ဖြစ် ခဲ့တာ ပါဘဲ။ ပြီးခဲ့တဲ့ ဇွန်လနဲ့ ဩဂုတ်လတွေမှာ ဖြစ်ခဲ့သလိုပါဘဲ  မန္တလေးမြို့ လူစည်ကားရာနေရာ တစ်ချို့မှာ “အပြော နှင့် အလုပ် ထပ်တူမကျ ကတိမတည်သည့် အစိုးရ အလိုမရှိ။စီမံခန့်ခွဲမှု မကျွမ်း ကျင် သူများအား နေရာပေးသည့် အစိုး ရ အလိုမရှိ။တိုင်းရင်းသားအရေး လစ်လျှူရှု၍ ကုလားအရေး ဦးစား ပေးသည့် အစိုးရ အလိုမရှိ။ပြည်တွင်း အရေး ကို  နိုင်ငံတကာအရေးဖြစ်အောင် ပုံကြီးချဲ့၍ နိုင်ငံတကာအကူအညီ ရယူကာ ပြည်ပနိုင်ငံများမှ မိမိနိုင်ငံ အပေါ်သြဇာလွမ်းမိုးမှုရှိစေရန်အခြေအနေ ဖန်တီးပေးနေသည့် ပြည်ပအားကိုး အစိုးရ အလိုမရှိ။အမျိုးဘာသာ သာသနာ နှင့် လူမျိုးရေး အန္တရာယ် ကာကွယ်ရန် ကိုယ်တိုင်တာဝန်ရှိပါလျက် မကာကွယ်ဘဲအမျိုးသားရေးတက်ကြွ လှုပ်ရှားသူ များအား ဖိနှိပ်နေသည့် အစိုးရ အလိုမရှိ” ဆိုတဲ့ စာသားပါ စာရွက်တွေကို ကြဲဖြန့်ခဲ့တာပါ။

ပထမအကြိမ်နဲ့ ဒုတိယအကြိမ်တွေမှာ စတစ်ကာတွေကပ် ၊ ဖြန့်ကြဲရာနေ ဖမ်းဆီးရမိခြင်းမရှိခဲ့တဲ့ အ တွက် ယခုအကြိမ်မှာလည်း ပိုပြီးအတင့်ရဲကာ ဖြန်ကြဲတာတွေ လုပ်ခဲ့တဲ့အတွက် နောက်တစ်ခါဆို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ဝေဖို့တောင် ဖြစ်လာမလားဆိုတာ စိုးရိမ်စရာပါ။ ဘာသာရေး ၊အမျိုးသားရေး အစွန်းရောက် တွေ အားကောင်းရာနယ်မြေဖြစ်ပြီး ဦးဝီရသူကို ဖမ်းဆီးရမိခြင်း မရှိတဲ့ အဆိုပါဒေသမှာ ယခုလိုဖြစ်တဲ့အတွက် သိပ် ပြီးဆန်းကြယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ သက်ဆိုင်ရာ အနေနဲ့ အားကြိုးမာန်တက်အား ထုတ်စုံစမ်းမှာ သေ ချာ ပေမယ် ယခင်က တွင်ကျယ်ခဲ့သူတွေ လက်ချက် မကင်းတဲ့ ယခုလိုဖြစ်ရပ်မျိုးက ရွေးကောက်ပွဲနီးလာရင် နီးလာ သလို ပိုမိုမြင်တွေ့ရဖို့ ရှိနေပါတယ်။

စိတ်ဓာတ်ကျသွားတဲ့ မြို့တော်ဝန်

ယခုရက်သတ္တပတ်သတင်းတွေထဲမှာ သတိထားစရာဖြစ်ခဲ့သလို လူမှုကွန်ရက်မှာပါ ပြောစရာဖြစ် ခဲ့ရတဲ့ သတင်းက ရန်ကုန်စည်ပင်အတွက် ရုံးသုံးယာဉ် အစီး ၈၀ဝယ်ယူဖို့ ကိစ္စမှာ ကန့်ကွက်မှုတွေ၊ ပြည်သူအချို့ရဲ့ ဝေ ဖန်မှုတွေနဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျတယ်ဆိုပြီး စည်ပင်သတင်းစာ ရှင်းလင်း ပွဲမှာ ပြောခဲ့တာပါ။

ဒီယာဉ်အစီး ၈၀ ကိစ္စဟာ  ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ အစီအစဉ်အရ ဝယ်ယူမှာဖြစ်ပြီး ကျပ် ၂၀၇၅ သန်းရှိကာ Suzuki Hi-Jet၊ Pick Up၊ Double Cab ၊ Saloon၊ Hi Aceနဲ့ City Bus အပါအဝင် အစီး ၈၀ ပါ။ ဒီလို  ရုံးသုံး ယာဉ် ဝယ်ယူ မည့်ကိစ္စကို ပြည်သူ့ငွေစာရင်းအပါအဝင် အမတ် အချို့က ကန့်ကွက်ခဲ့ပေမယ့် အောက် တိုဘာ ၄ ရက်က ကျင်းပတဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မှာ အတည်ပြုခဲ့ပါတယ်။အောက်တိုဘာ ၇ ရက်က  ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်သည့် သတင်း မီဒီယာတွေ့ဆုံပွဲမှာ ရန်ကုန်မြို့တော်ဝန်က ဒီကားတွေကို ကိုယ် ကျိုးအတွက် သုံးစွဲရန်မဟုတ်ဘဲ လုပ်ငန်းအတွက်လိုအပ်လို့ သုံးစွဲရတာလို့ ပြောခဲ့ပြီး ဝေဖန်းမှုတွေထွက်လာတဲ့ အတွက် စိတ်ဓာတ်ကျ တယ်လို့ ပြောခဲ့ပါတယ်။

ဒါအပြင် သက်ဆိုင်ရာ စည်ပင်တာဝန်ရှိသူများကို လုပ်ငန်းသုံးကားရှိသည့်အတွက် လိုအပ်ပါက တန်း ခေါ်နိုင်ပြီး မလာပါက အရေးယူနိုင်တယ်လို့ လည်း အဆိုပါသတင်းမီဒီယာရှင်းလင်းပွဲမှာ ပြောခဲ့ပါ တယ်။ သို့ရာ တွင် ထင်သလို ဖြစ်လာမလာဆိုတာကို စောင့်ကြည့်ရန်လိုတယ်ဆိုတာကို လူမှုကွန် ရက်တွေ မှာ ထောက်ပြမှုတွေ ရှိသလို ကားနှင့်ပတ်သက်ပြီး သရော်သည့်ကာတွန်းများလည်း တောက်လျှောက်ထွက်လာခဲ့တဲ့အတွက် အမှန်တကယ်တာဝန်ယူလုပ်ကိုင်နေတယ်ဆိုရင် ဒါဟာ စိတ်ဓာတ်ကျမယ်ဆို ကျစရာပါ။

ယခုလို လုပ်ငန်းသုံးရန် ကားတွေ ထုတ်ပေးလိုက်ခြင်းအားဖြင့် ဝန်ထမ်းတွေကို ဌာနဘက်က ဝန်ဆောင်မှု အပြည့်မပေးနိုင်လို့ လာဘ်စားမှုမြင့်တက်လာတာကို ကာကွယ်နိုင်တယ်ဆိုတဲ့သဘောပါ ပြောခဲ့တဲ့အတွက် အဂတိ လိုက်စားမှု အများဆုံးဖြစ်နေသည့် အများပြည်သူဝန်ဆောင်မှုပေးရသည့် ဌာနတွေမှာ ယခုနည်းလမ်းကအဖြေ ဟုတ်မဟုတ်ကိုပါ မကြာမီမြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ယခုရက်သတ္တပတ်ထဲမှာ အဆိုပါသတင်းအပြင် ဝေဖန်မှုတွေရှိနေတဲ့ ရန်ကုန်မြို့ သစ် စီမံကိန်းပါ မူလ မြေပိုင်ရှင်တွေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က မူလမြေ၏ ၂၀ ရာခိုင်နှုန်းကို  ပြန်လည်ပေးအပ် ခဲ့တဲ့ သတင်း၊ ထားဝယ် ခရိုင်လျှပ်စစ် ထုတ်လုပ် ဖြန့်ဖြူးရေလုပ်ငန်းအတွက် တင်ဒါအောင်ထားတဲ့ ကုမ္ပဏီက တင်ဒါရှုံးသွားတဲ့ လီမိတက်ကို တရားစွဲဆိုမယ့်သတင်း၊ ကျပ်သိန်းတစ်ထောင်ကျော် လာဘ်စားမှုနဲ့ အရေးယူခံရတဲ့ ရေအား လျှပ်စစ်အ ကောင်အထည်ဖော်ဆောင်ရေးဦးစီးဌာန ညွှန်ချုပ် နဲ့ ညွှန်မှူးကို စတင်တရားစွဲဆိုတဲ့ သတင်း၊တာချီလိတ်မြို့ ဝိန်း ကျောက်ရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင် လုယက်ခံရတဲ့ သတင်း၊ အသေးစားအဂတိ လိုက်စားမှုလျှော့ ချနိုင်ရေး အတွက်  တယ်လီဖုန်း SMS မှတစ်ဆင့် သတင်းပေးပို့နိုင်သည့်စနစ်ကို စတင်စမ်းသပ်ခဲ့တဲ့ သတင်းတွေလည်း ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်းယခုရက်သတ္တပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက် ချင်ပါတယ်။

မာလင်း

(  Zawgyi  )

 ယခုရက္သတၱပတ္သတင္းေတြထဲသတိထားမိစရာသတင္းေတြရွိခဲ့ပါတယ္။ဒီသတင္းေတြထဲမွာ တပ္ခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို YMBAအသင္းက ရာသက္ပန္ဂုဏ္ထူးေဆာင္ နာယက ႀကီးနဲ႔ မဟာမဂၤလဓမၼ ေဇာတိကဓဇ ဘြဲ႕ ခ်ီးျမႇင့္ခဲ့တဲ့သတင္း၊ ေျမာင္းတကာ စက္မႈဇုန္ရွိ စကိုင္းမင္း သံမဏိစက္႐ုံမွာ အလုပ္ရပ္နားလိုက္ တာကို မေက်နပ္လို႔ အလုပ္သမားေတြ သပိတ္ေမွာက္ဆႏၵျပတဲ့ သတင္း၊ ထိုင္း-ျမန္မာ ခ်စ္ၾကည္ေရးတံတား အ မွတ္ (၂) ေအာက္တိုဘာ ၃၀ မွာ ဖြင့္မယ့္သတင္း၊ ပဲခူးၿမိဳ႕ အဘဦးမိုးဟိန္းဓာတ္နန္းမွာ မိသား စုသုံးဦး အစာ အဆိပ္သင့္ေသဆုံးခဲ့တဲ့သတင္း၊ ပဲခူးၿမိဳ႕ တြင္း မွာ စင္းလုံးငွားသုံးဘီး (မီနီအိုးေဝယာဥ္) လုပ္ငန္းခြင့္မျပဳဖို႔ သုံးဘီး ဆိုင္ကယ္ေမာင္းႏွင္သူေတြ ဆႏၵျပတဲ့ သတင္း ၊မုံ႐ြာၿမိဳ႕နယ္တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ေဒၚအမာၾကည္ ရဲ႕ေဖ့စ္ဘြတ္ခ္ အေကာင့္ကို ဟက္ၿပီး ေငြလိမ္သြားတဲ့သတင္းေတြလည္းရွိခဲ့ပါတယ္။

အဆိုပါသတင္းေတြက ယခုရက္သတၱပတ္ထဲ လူစိတ္ဝင္စားမႈ အမ်ားဆုံးျဖစ္ခဲ့တဲ့ အဆိုေတာ္ ၿဖိဳးျပည္စုံနဲ႔ သီခ်င္းေရးဆရာႏွစ္ေယာက္ကို မွားယြင္းဖမ္းဆီးမိလို႔ ျပန္လႊတ္ခဲ့ရတဲ့ သတင္း၊ေနျပည္ေတာ္ ဗစ္တိုးရီးယား အမႈ႐ုံး ခ်ိန္းသတင္း၊ တိုင္းရင္းသား လက္နက္ကိုင္ေတြနဲ႔ တိုက္ပြဲေတြ သတင္း၊မႏၲေလးမွာ အစိုးရအလိုမရွိေၾကာင္း စာ႐ြက္ ေတြ ယခုႏွစ္ထဲ တတိယအႀကိမ္ျဖန႔္ႀကဲခံရတဲ့ သတင္းေတြ၊တိုင္းရင္းသားေဒသေတြမွာ လုပ္ႀကံသတ္ျဖတ္ခံရတဲ့ သတင္းေတြလည္း ေရွ႕ေလွ်ာက္ သတိျပဳေစာင့္ ၾကည့္ရဦးမယ့္ သတင္းေတြ ျဖစ္ခဲ့ပါ တယ္။    

ပူရွိန္းလား  မူးယစ္ေဆးလား အေလ်ာ္အစားမရတဲ့ နစ္နာမႈလား

ယခုရက္သတၱပတ္ မူခင္းဆိုင္ရာ သတင္းေတြထဲမွာ လူအမ်ားစုစိတ္ဝင္တစားေစာင့္ၾကည့္ခဲ့တဲ့ သတင္း ႏွစ္ပုဒ္ရွိပါတယ္။ ဒီသတင္းႏွစ္ ပုဒ္ က ေနျပည္ေတာ္ဗစ္တိုးရီးယားအမႈသတင္းနဲ႔ အဆိုေတာ္ၿဖိဳးျပည္စုံ ကို မူးယစ္မႈနဲ႔ မွားယြင္း ဖမ္းဆီး ခဲ့တဲ့ သတင္းပါဘဲ။

အမ်ားျပည္သူေစာင့္ၾကည့္ေနခဲ့တဲ့ ေနျပည္ေတာ္ ဗစ္တိုးရီးယားအမႈက ႐ုံးခ်ိန္းေတြ စိပ္လာတာနဲ႔ အတူ အမ်ားျပည္သူအဖို႔ စိတ္ဝင္စားစရာေတြ အမ်ားႀကီးရွိလာခဲ့ပါတယ္။အထူးသျဖင့္ မက်ဴးလြန္ဘဲ ခံထားရသူလို႔ အမ်ားျပည္သူက ယူဆထားတဲ့ ေအာင္ႀကီးကို အာမခံရဖို႔ ယခုရက္သတၱပတ္႐ုံးခ်ိန္းမွာ အျပန္အလွန္ေလွ်ာက္ လဲခဲ့ၾကတာပါ။ ဒီ႐ုံးခ်ိန္းမတိုင္ခင္မွာ  ယခုအမႈျဖစ္ပြားခဲ့တဲ့ Wisdom hill ေက်ာင္းက ေက်ာင္းႀကီးၾကပ္ေရးမႉး ျဖစ္သူေဒၚဥမၼာလႈိင္ကဗစ္တိုးရီးယားအမႈ၏တရားခြင္ထြက္ဆိုခ်က္
ေတြ ကို မီဒီယာေတြဆီ ျပန္လည္ေျဖၾကား ရာမွာ သားႏွစ္ဦး ဂုဏ္သိကၡာကို ထိခိုက္ေစတယ္ဆိုၿပီး သံသယတရားခံ ေအာင္ႀကီး၏ေရွ႕ေန ေဒၚစုဒါလီေအာင္ ကို ကေလးသူငယ္အခြင့္အေရး မ်ားဆိုင္ရာ ဥပေဒနဲ႔ တရားစြဲဆိုခဲ့တာပါ။ ဒီဥပေဒနဲ႔ပဲ ေရွ႕ေန ေဒၚစုဒါလီေအာင္ အျပင္ သံသယတရားခံ ေအာင္ႀကီး ၏ ေရွ႕ေန ဦးခင္ေမာင္ေဇာ္၊ တရားလိုေရွ႕ေန ေဒၚ႐ြက္ႏုေအာင္၊ ဗစ္တိုးရီးယား ၏ဖခင္၊ ဗစ္တိုးရီးယား၏ ဦးေလး၊ ဗစ္တိုးရီးယား၏ အေဒၚႏွင့္ ဗစ္တိုးရီးယားအမႈကို လိုက္ပါေဆာင္႐ြက္ ေပးေန သည့္ သကၠမိုးညိဳအေကာင့္ပိုင္ရွင္ေဒါက္တာဝင္းကိုကိုသိန္းတို႔ကိုပါ ကေလးသူငယ္  အခြင့္ အေရး မ်ားဆိုင္ရာ ဥပေဒ ႏွင့္ပင္ စက္တင္ဘာ ၂၆ ရက္က ထပ္မံၿပီး အမႈဖြင့္ထားခဲ့ပါတယ္။

ဒီလိုအမႈဖြင့္ခဲ့တဲ့ အတြက္ ေရွ႕ေန ေဒၚစုဒါလီေအာင္ဘက္ကေန လိုက္ပါေဆာင္႐ြက္မယ့္ ေရွ႕ေန ဦးသိန္း သန္းဦးအပါအဝင္ ၅ ဦးက ေဒၚစုဒါလီေအာင္ကို  ရဲစခန္းမွာ  ကနဦးအမႈဖြင့္ခဲ့တဲ့ တရားလိုကို  ႏိုင္ငံသား မ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ လုံၿခဳံမႈကိုအကာအကြယ္ေပး ေရးဥပေဒနဲ႔ ျပန္တရားစြဲ ဆိုဖို႔ စီစဥ္ေနတာေတြ လည္း ရွိခဲ့တဲ့ အတြက္ ေအာက္တိုဘာ ၉ ရက္ ႐ုံးခ်ိန္းမွာ ဘယ္လိုအားၿပိဳင္မႈေတြ ရွိမလဲဆိုတာ စိတ္ဝင္စားစရာ ေစာင့္ ၾကည့္စရာျဖစ္ခဲ့ပါတယ္။

ေအာက္တိုဘာ ၇ ရက္က ပုဗၺသီရိ ၿမိဳ႕နယ္တရား႐ုံးမွာ ေက်ာင္းႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္က တရား စြဲဆိုထားတာကို ေရွ႕ေန ေဒၚစုဒါလီေအာင္ဘက္က လိုက္ပါေဆာင္႐ြက္မယ့္ ေရွ႕ေန႔ငါးဦးက ႐ုံးခ်ိန္းလာယူၾက တဲ့ အခါမီဒီယာေတြကို ေဒၚဥမၼာလႈိင္က သံသယတရားခံ ေအာင္ႀကီးအေနျဖင့္ က်ဴး လြန္ခဲ့ျခင္း ရွိ၊ မရွိ တရား႐ုံးက အေျဖထုတ္လိမ့္မယ္လို႔ ေျပာခဲ့သလို သားႏွစ္ေယာက္အတြက္ အမွန္ တရားကိုလည္း “တရား႐ုံးေရာက္ရင္ အကုန္ ခ်ျပမွာပါ”လို႔ေျပာခဲ့ပါတယ္။

ဒီလိုအခင္းအက်င္းေတြေၾကာင့္ ေအာက္တိုဘာ ၉ ရက္႐ုံးခ်ိန္းက အမ်ားျပည္သူၾကားစိတ္ဝင္စား စရာ ျဖစ္ခဲ့ပါတယ္။ေအာက္တိုဘာ ၉ ရက္႐ုံးခ်ိန္းမွာ Wisdom Hill ေက်ာင္းရဲ႕ ႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္ ရဲ႕ ခင္ပြန္း ျဖစ္သူ ရဲအုပ္ ရန္ေနာင္စိုးနဲ႔ Wisdom Hill ေက်ာင္းက ယာဥ္ေမာင္းႏွစ္ဦးတို႔ကို စစ္ေဆး ခဲ့ၿပီး ယခု႐ုံးခ်ိန္းမွာ စြပ္စြဲ ခံရသူ ကိုေအာင္ႀကီး အာမခံအတြက္ ဥပေဒအရာရွိနဲ႔ စြပ္စြဲခံရသူေအာင္ႀကီး ရဲ႕ ေရွ႕ေနတို႔ အျပန္အလွန္ေလွ်ာက္ လဲခ်က္ေပးခဲ့ၾကကာ ဥပေဒအရာရွိက ေအာင္ႀကီး အာမခံ
ေလွ်ာက္တာကို ကန႔္ကြက္တယ္ဆိုၿပီး ကန႔္ကြက္ ေလွ်ာက္လဲခ်က္ေပးခဲ့ပါတယ္။

ေနျပည္ေတာ္ ဗစ္တိုးရီးယားအမႈမွာ က်ဴးလြန္ခံရသူကေလးငယ္ ဗစ္တိုးရီးယားေလးနဲ႔ သူမမိခင္က လြဲရင္ လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ သူေတြအားလုံးနီးပါး တရားစြဲဆိုခံလိုက္ရတဲ့အတြက္ ထပ္ပြား တရားစြဲဆိုမႈေတြက မူလမူခင္းတရားစြဲဆိုစစ္ေဆးမႈကို ေႏွာင့္ေႏွးေစမလား၊ တရားလိုဘက္က ဝါရင့္ ကြၽမ္းက်င္ေရွ႕ေနေတြ ပါလာတဲ့ အတြက္ ဒါကို ေက်ာ္လႊားႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

လာမယ့္ ေအာက္တိုဘာ ၂၃ ရက္ ႐ုံးခ်ိန္းမွာ Wisdom Hill ေက်ာင္းဘက္မွ စီစီတီဗြီ မွတ္တမ္းကိုင္သူ အပါအဝင္ ဆရာမႏွစ္ဦးကိုလည္း စစ္ေဆးမွာျဖစ္သလို စြပ္စြဲခံရသူ ေအာင္ႀကီးအတြက္ အာမခံ တင္ ထားမႈ အတြက္ အမိန႔္ခ်ႏိုင္တယ္လို႔ ဆိုတဲ့အတြက္ ဘာေတြ ထူးထူးျခားျခားျဖစ္လာဦးမလဲ ဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။ ယခုတစ္ပတ္ထဲ ေနာက္ထပ္လူေတြစိတ္ဝင္စားသလို မျဖစ္သင့္တဲ့ ျဖစ္ရပ္တစ္ခုကလည္း ျဖစ္ခဲ့ပါတယ္။ ဒါက တက္သစ္စလူငယ္အဆိုေတာ္တစ္ဦးနဲ႔ ေတးေရး ဆရာႏွစ္ ဦး ကို မူးယစ္ေဆးဝါးအမႈနဲ႔ မွားယြင္းဖမ္းဆီးခဲ့တဲ့ အမႈပါဘဲ။ဒီအျဖစ္အပ်က္က ယခုရက္သတၱပတ္ ထဲမွာဘဲ ျဖစ္ခဲ့တာပါ။

ေအာက္တိုဘာ ၇ ရက္ညေနပိုင္းက လူငယ္အဆိုေတာ္ေတးသံရွင္ၿဖိဳးျပည့္စုံနဲ႔ ေတးေရးၿငိမ္းခ်မ္းကို၊ ေရာ္နီဆန္းလြင္တို႔ကို Myanmar Plaza ေအာက္ထပ္မွာရွိတဲ့ Coffee ဆိုင္မွာ မူးယစ္ေဆးဝါးလို႔ ယူဆရတဲ့ ေဆး ျပား လက္ဝယ္ေတြ႕ရွိမႈနဲ႔ မူးယစ္အဖြဲ႕တပ္ဖြဲ႕စု (၄၀)က သတင္းအရဆိုၿပီး  ဖမ္းဆီးခဲ့ ပါတယ္။ဒီလိုဖမ္းဆီးၿပီေနာက္ ေအာက္တိုဘာ ၈ ရက္ နံနက္ ၁၁ နာရီခြဲအခ်ိန္ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ (CCDAC Myanmar) ထုတ္ျပန္မႈမွာ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ စု (၄၀)ရန္ကုန္ (ေျမာက္) က တားဆီးႏွိမ္နင္းေရး လုပ္ ငန္းမ်ားေဆာင္႐ြက္စဥ္ ဗဟန္းၿမိဳ႕ နယ္မွာ ကတ္တမင္းမ်ားဖမ္းဆီးရမိခဲ့တယ္ဆိုၿပီး သတင္းကိုတင္ခဲ့ ပါတယ္။ ေနာက္ပိုင္းမွာ ဒီသတင္း ကို ျပန္ျဖဳတ္ခဲ့ပါတယ္။
 
ဒီလိုဖမ္းဆီးမိတဲ့ ေဆးျပားေတြနဲ႔ ပတ္သက္ၿပီး ထိုင္းႏိုင္ငံထုတ္ ပူရွိန္းေဆးျပားေတြဆိုတာ လူမႈကြန္ ရက္ မွာ ေထာက္ျပေဝဖန္မႈေတြတက္လာခဲ့ေပမယ့္ မူယစ္ေဆးဝါးအႏြယ္ဝင္ ကတ္တမင္းေဆးျပားေတြဆိုၿပီး ဖမ္းဆီး တဲ့  သူေတြဘက္က ေျပာဆိုမႈေတြရွိခဲ့ ပါတယ္။ေအာက္တိုဘာ ၈ ရက္ထုတ္ျပန္ ခ်က္မွာ အဆိုပါ သုံးဦးကို မူးယစ္ ေဆးဝါးေတြ႕ရွိမႈျဖင့္ ေထာင္ဒဏ္ႏွစ္အကန႔္အသတ္မရွိအထိ ခ်မွတ္ႏိုင္သည့္ ပုဒ္မျဖင့္ အမႈဖြင့္ထားတယ္ဆိုၿပီး ဗဟန္းၿမိဳ႕နယ္ တရား႐ုံး သတင္းျပန္ၾကားေရး အရာ ရွိက သတင္းမီဒီယာ ေတြကို ေျပာခဲ့ပါတယ္။ ၎တို႔ကို ရမန္ ႀကီး တစ္ပတ္ (၁၄ ရက္) ေပးကာ ေအာက္တိုဘာ ၂၁ ရက္ကို ေနာက္တစ္ႀကိမ္ ႐ုံးခ်ိန္းေခၚဆိုထားၿပီး ဖမ္းဆီးရမိခဲ့ တဲ့ ေဆးျပား ၁၀ ျပားကို ဓာတုေဗဒဝန္႐ုံးသို႔ ေပးပို႔စစ္ေဆးခဲ့ပါတယ္။

စစ္ေဆးေပၚေပါက္ခ်က္အရ အဆိုပါေဆးျပား ၁၁ ျပားဟာ မူးယစ္ေဆးဝါးမဟုတ္ဘူဆိုၿပီး မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါး မ်ားဆိုင္ရာ ဥပေဒပုဒ္မ-၁၉(က)/၂၁ အရ ဖမ္းဆီးအမႈဖြင့္ခံရသူ အဆို ေတာ္ ၿဖိဳးျပည့္စုံ၊ ေတးေရးဆရာ ၿငိမ္းခ်မ္းကိုႏွင့္ ေရာ္နီဆန္းလြင္တို႔ကို ေအာက္တိုဘာ ၉ ရက္မွာ ျပန္လႊတ္ေပး ခဲ့ပါတယ္။ လူမႈကြန္ရက္မွာ ေဖာ္ျပခဲ့ၾကတဲ့ အတိုင္း ဖမ္းမိတဲ့ ေဆးျပားေတြက ပူရွိန္းငုံေဆးျပားေတြ ျဖစ္ေနခဲ့သလို လူမႈကြန္ရက္မွာ ယခုဖမ္းဆီးခံရမႈအေပၚ ေထာက္ျပေလွာင္ေျပာင္စရာ၊ သေရာ္စရာႀကီးတစ္ခုျဖစ္ခဲ့သလို ၾကားလို မေကာင္းတဲ့ ကိစၥတစ္ခု လည္း ျဖစ္ခဲ့ရပါတယ္။ အထူးသျဖင့္ ဖမ္းဆီးဖို႔ ဘယ္သူက သတင္းေပးခဲ့သလဲဆိုတာနဲ႔ ဖမ္းဆီးစဥ္မွာ တာဝန္ရွိသူေတြရဲ႕ ျပဳမႈပုံက လည္း လက္မခံႏိုင္စရာျဖစ္ခဲ့ပါတယ္။

ဒီလိုျဖစ္ရပ္မွာ လူထုၾကားသတိျပဳမိစရာေတြအမ်ားႀကီးျဖစ္ခဲ့သလို  ဖမ္းဆီးခံရတဲ့ သူက အဆိုေတာ္ မဟုတ္ဘဲ သာမန္လူ တစ္ေယာက္ဆို ဘယ္လိုျဖစ္မလဲ၊လူမႈကြန္ရက္က ဝန္းရံမႈမရွိရင္ ဘယ္လို အေျဖ ထြက္မလဲနဲ႔ ယခင္က ဒီလိုမွားယြင္းမႈ ေတြ ဘယ္ေလာက္ေတာင္ရွိမလဲ ဆိုတာ စဥ္းစားစရာျဖစ္လာခဲ့ပါတယ္။ ယခင္အစိုးရ သက္ဆိုင္ရာ အထက္အဖြဲ႕အစည္းရဲ႕ထိပ္ပိုင္းမွာ တာဝန္ယူသူေတြ မသိဘဲ ေအာက္ပိုင္းမွာ ဘယ္ေလာက္ေတာင္ မွားယြင္းမႈေတြျဖစ္ခဲ့ၿပီး အျပစ္မဲ့တဲ့ သူေတြ ဘယ္
ေလာက္ေတာ င္ရွိေနခဲ့လဲဆိုတာ ဒီျဖစ္ရပ္က မီးေမာင္းထိုး ျပခဲ့ပါတယ္။

မွားယြင္းဖမ္းဆီးခံရတဲ့ သူေတြအတြက္ လူမႈေရးအရနစ္နာမႈေတြ ရွိခဲ့ၿပီး သက္ဆိုင္ရာဘက္က အဆိုေတာ္ ၿဖိဳးျပည့္စုံပါ သုံးဦးကို ဖမ္းဆီးစစ္ေဆးသည့္ မူးယစ္တပ္ဖြဲ႕ဝင္မ်ားကို စုံစမ္းစစ္ေဆးေရး ခုံ႐ုံးမွာ စစ္ေဆးအေရး ယူဖြယ္ရွိတယ္လို႔ မူးယစ္ဘက္ကေျပာခဲ့တာ ရွိပါတယ္။ဒါဟာ လက္သင့္ခံႏိုင္ တဲ့ တာဝန္ယူမႈပါဘဲ။ ဒီလို လုပ္ ေဆာင္မႈေၾကာင့္ အမ်ားျပည္သူၾကား သက္ဆိုင္ရာအဖြဲ႕အေပၚ ယုံၾကည္မႈ ျဖစ္ထြန္းလာမွာ ျဖစ္ေပမယ့္ ဘယ္ ေလာက္ အတိုင္းအတာအထိ အေရးယူမႈေတြ ရွိမလဲ ဆိုတာကေတာ့ ေစာင့္ ၾကည့္ရဦးမွာျဖစ္ပါတယ္။

ၿမိဳ႕တြင္းတိုက္ပြဲ နဲ႔ အစိုးရအလိုမရွိေၾကာင္း စာ႐ြက္ျဖန္ခဲ့သူေတြ

ယခုရက္သတၱပတ္ထဲ ျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ တပ္မေတာ္ ၾကား တိုက္ပြဲေတြ ျဖစ္ခဲ့တဲ့ သတင္းေတြ ရွိခဲ့သလို မႏၲေလးလို႔ ေနရာမွာ လူစည္ကားတဲ့ေနရာေတြကို မနက္ ၅ နာရီမွာ အစိုးရအလိုမရွိေၾကာင္း စာ႐ြက္ေတြ တတိယအႀကိမ္ႀကဲျဖန္ခဲ့တဲ့ ျဖစ္ရပ္ေတြပါဘဲ။

ယခုရက္ထဲ တိုက္ပြဲေတြျပန္ျဖစ္တဲ့ အသံေတြ တိုင္းရင္းသားေတြ ေနထိုင္ရာ နယ္အစြန္အဖ်ားေတြဘက္ မွာ ျပန္ၾကားလာရပါတယ္။ထုံးစံအတိုင္း ရခိုင္လက္နက္ကိုင္ AAေတြ က ေအာက္တိုဘာ ၅ ရက္မွာ ဘူးသီးေတာင္ ၿမိဳ႕နယ္  စိုင္တင္တံတားအနီး လုံၿခဳံေရးယူထားသည့္ တပ္စခန္းကို နံနက္ အေစာပိုင္းမွာ လက္နက္ႀကီးနဲ ပစ္ခတ္ တိုက္ခိုက္ခဲ့ပါတယ္။ေဒသတြင္း မတည္မၿငိမ္ျဖစ္ေအာင္ လုပ္ေနတဲ့  လက္နက္ကိုင္ေတြက စစ္ေတြမွာလဲ  အိမ္ျပန္ လာတဲ့ ေဆးခန္းပိုင္ရွင္ကို ဆိုင္ကယ္နဲ႔ လိုက္ၿပီး ေသနတ္နဲ႔ ပစ္ခတ္လုပ္ႀကံခဲ့ပါတယ္။ ဒီလိုပစ္ခတ္ရာမွာ လူေသဆုံး ျခင္းမရွိေပမယ့္ ႏွစ္ဦး ဒဏ္ရာရရွိခဲ့ပါတယ္။သတင္းေတြအရ ရခိုင့္တပ္မေတာ္အား အမ်ိဳးသားေရးရန္ပုံေငြ ထည့္ဝင္ျခင္း မရွိလို႔ သတိေပးပစ္ခတ္တာလို႔ သိရပါတယ္။

ဒီလို မတည္မၿငိမ္မႈေတြက ေျမာက္ပိုင္းသုံးဖြဲ႕ က်င္လည္ေနတဲ့ ရွမ္းျပည္ေျမာက္ပိုင္းမွာလဲ ယခု ရက္သတၱပတ္ မွာျဖစ္ခဲ့ပါတယ္။ ျဖစ္တာက ၿမိဳ႕ထဲ လူစည္ကားတဲ့ ေဈးေနရာမွ ျဖစ္ခဲ့တာပါ။ေအာက္တိုဘာ ၉ရက္ေန႔ နံ နက္ ၆ နာရီခြဲခန႔္က သိႏၷီၿမိဳ႕ေဈးေရွ႕မွာ တပ္မေတာ္ယာဥ္တန္းကို TNLA အဖြဲ႕က ဆင္းပစ္ၿပီးဆုတ္ေျပးခဲ့တာပါ။ ဒီအတြက္ အျပန္အလွန္ပစ္ခတ္မႈေတြ ျဖစ္ခဲ့ၿပီး တပ္မေတာ္ ဘက္မွႏွစ္ဦး က်ဆုံးၿပီး သုံးဦးဒဏ္ရာရရွိခဲ့ကာ ေဒသခံ အမ်ိဳးသား ႏွစ္ဦး ႏွင့္ အမ်ိဳးသမီးငါးဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္ဆိုပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကေတာ့ ၿမိဳ႕တြင္း လုံၿခဳံေရးကင္းလွည့္ေဆာင္႐ြက္ေနေသာ တပ္မေတာ္ယာဥ္တန္းကို လူေနအိမ္ႏွင့္ အေဆာက္အအုံမ်ားကို အကာအကြယ္ယူကာ တအာင္း လက္နက္ ကိုင္ အဖြဲ႕(TNLA )က အင္အား ၅၀ ခန႔္ျဖင့္တိုက္ခဲ့ တယ္ဆိုၿပီး တအာင္းလက္နက္ကိုင္ (TNLA)အဖြဲ႕က သတင္း ထုတ္ျပန္ခ်က္မွာေတာ့ တပ္မေတာ္ယာဥ္ခုနစ္စီးျဖင့္ တအာင္း လက္နက္ ကိုင္ အဖြဲ႕အား ထိုးစစ္ဆင္ရန္ သိႏၷီတပ္မွ ထြက္ခြာလာသျဖင့္ႀကိဳတင္ခုခံကာကြယ္စစ္ျဖင့္ ျပန္လည္ တိုက္ခိုက္ခဲ့ရာကေန တိုက္ပြဲျဖစ္ပြားခဲ့တယ္ဆိုပါတယ္။
 
ဒီလို ေျမာက္ပိုင္း သုံးဖြဲဘက္က တပ္မေတာ္ဘက္ကို တိုက္ခိုက္မႈေတြလုပ္ခဲ့တဲ့အတြက္ ယခုလထဲျပဳ လုပ္ ဖို႔ရွိတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲက မေရမရာျဖစ္လာပါတယ္။ ဒီၾကားထဲမွာ ေကာ့ကရိတ္ၿမိဳ႕ မွာေနထိုင္တဲ့ DKBA တပ္က တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီး ေစာေဝ့ထူးကိုေနအိမ္မွာ လာလုပ္ႀကံ သြားခဲ့တဲ့ျဖစ္ရပ္တစ္ခု လည္းျဖစ္ ခဲ့ပါတယ္။ဒီျဖစ္ရက္က ေအာက္တိုဘာ ၅ ရက္က ျဖစ္ခဲ့တာပါ။ ဒုတိယဗိုလ္မႉးႀကီး ေစာေဝ့ထူးဟာ မိသားစုနဲ႔အတူ ရွိေနစဥ္ ေသနတ္သမားတစ္ဦးက ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ငါးခ်က္ လုပ္ႀကံပစ္သတ္ခဲ့တာပါ။ ဒီအတြက္ ဘယ္အဖြဲ႕ကလည္း ၊ဘာအေၾကာင္းေၾကာင့္လဲဆိုတာကို သက္ဆိုင္ရာအဖြဲ႕ေတြက စုံစမ္းေနဆဲပါ။

မႏၲေလးမွာ ေအာက္တိုဘာလ ၇ ရက္က ျဖစ္ခဲ့တဲ့ ျဖစ္စဥ္ကေတာ့ ယခုႏွစ္ထဲ တတိယအႀကိမ္ျဖစ္ ခဲ့တာ ပါဘဲ။ ၿပီးခဲ့တဲ့ ဇြန္လနဲ႔ ဩဂုတ္လေတြမွာ ျဖစ္ခဲ့သလိုပါဘဲ  မႏၲေလးၿမိဳ႕ လူစည္ကားရာေနရာ တစ္ခ်ိဳ႕မွာ “အေျပာ ႏွင့္ အလုပ္ ထပ္တူမက် ကတိမတည္သည့္ အစိုးရ အလိုမရွိ။စီမံခန႔္ခြဲမႈ မကြၽမ္း က်င္ သူမ်ားအား ေနရာေပးသည့္ အစိုး ရ အလိုမရွိ။တိုင္းရင္းသားအေရး လစ္လွ်ဴရႈ၍ ကုလားအေရး ဦးစား ေပးသည့္ အစိုးရ အလိုမရွိ။ျပည္တြင္း အေရး ကို  ႏိုင္ငံတကာအေရးျဖစ္ေအာင္ ပုံႀကီးခ်ဲ႕၍ ႏိုင္ငံတကာအကူအညီ ရယူကာ ျပည္ပႏိုင္ငံမ်ားမွ မိမိႏိုင္ငံ အေပၚၾသဇာလြမ္းမိုးမႈရွိေစရန္အေျခအေန ဖန္တီးေပးေနသည့္ ျပည္ပအားကိုး အစိုးရ အလိုမရွိ။အမ်ိဳးဘာသာ သာသနာ ႏွင့္ လူမ်ိဳးေရး အႏၲရာယ္ ကာကြယ္ရန္ ကိုယ္တိုင္တာဝန္ရွိပါလ်က္ မကာကြယ္ဘဲအမ်ိဳးသားေရးတက္ႂကြ လႈပ္ရွားသူ မ်ားအား ဖိႏွိပ္ေနသည့္ အစိုးရ အလိုမရွိ” ဆိုတဲ့ စာသားပါ စာ႐ြက္ေတြကို ႀကဲျဖန႔္ခဲ့တာပါ။

ပထမအႀကိမ္နဲ႔ ဒုတိယအႀကိမ္ေတြမွာ စတစ္ကာေတြကပ္ ၊ ျဖန႔္ႀကဲရာေန ဖမ္းဆီးရမိျခင္းမရွိခဲ့တဲ့ အ တြက္ ယခုအႀကိမ္မွာလည္း ပိုၿပီးအတင့္ရဲကာ ျဖန္ႀကဲတာေတြ လုပ္ခဲ့တဲ့အတြက္ ေနာက္တစ္ခါဆို တစ္အိမ္တက္ တစ္အိမ္ဆင္း လိုက္ေဝဖို႔ေတာင္ ျဖစ္လာမလားဆိုတာ စိုးရိမ္စရာပါ။ ဘာသာေရး ၊အမ်ိဳးသားေရး အစြန္းေရာက္ ေတြ အားေကာင္းရာနယ္ေျမျဖစ္ၿပီး ဦးဝီရသူကို ဖမ္းဆီးရမိျခင္း မရွိတဲ့ အဆိုပါေဒသမွာ ယခုလိုျဖစ္တဲ့အတြက္ သိပ္ ၿပီးဆန္းၾကယ္တဲ့ ကိစၥေတာ့မဟုတ္ပါဘူး။ သက္ဆိုင္ရာ အေနနဲ႔ အားႀကိဳးမာန္တက္အား ထုတ္စုံစမ္းမွာ ေသ ခ်ာ ေပမယ္ ယခင္က တြင္က်ယ္ခဲ့သူေတြ လက္ခ်က္ မကင္းတဲ့ ယခုလိုျဖစ္ရပ္မ်ိဳးက ေ႐ြးေကာက္ပြဲနီးလာရင္ နီးလာ သလို ပိုမိုျမင္ေတြ႕ရဖို႔ ရွိေနပါတယ္။

စိတ္ဓာတ္က်သြားတဲ့ ၿမိဳ႕ေတာ္ဝန္

ယခုရက္သတၱပတ္သတင္းေတြထဲမွာ သတိထားစရာျဖစ္ခဲ့သလို လူမႈကြန္ရက္မွာပါ ေျပာစရာျဖစ္ ခဲ့ရတဲ့ သတင္းက ရန္ကုန္စည္ပင္အတြက္ ႐ုံးသုံးယာဥ္ အစီး ၈၀ဝယ္ယူဖို႔ ကိစၥမွာ ကန႔္ကြက္မႈေတြ၊ ျပည္သူအခ်ိဳ႕ရဲ႕ ေဝ ဖန္မႈေတြနဲ႔ပတ္သက္ၿပီး စိတ္ဓာတ္က်တယ္ဆိုၿပီး စည္ပင္သတင္းစာ ရွင္းလင္း ပြဲမွာ ေျပာခဲ့တာပါ။

ဒီယာဥ္အစီး ၈၀ ကိစၥဟာ  ရန္ကုန္တိုင္းေဒသႀကီး ဘ႑ာရန္ပုံေငြ အစီအစဥ္အရ ဝယ္ယူမွာျဖစ္ၿပီး က်ပ္ ၂၀၇၅ သန္းရွိကာ Suzuki Hi-Jet၊ Pick Up၊ Double Cab ၊ Saloon၊ Hi Aceနဲ႔ City Bus အပါအဝင္ အစီး ၈၀ ပါ။ ဒီလို  ႐ုံးသုံး ယာဥ္ ဝယ္ယူ မည့္ကိစၥကို ျပည္သူ႔ေငြစာရင္းအပါအဝင္ အမတ္ အခ်ိဳ႕က ကန႔္ကြက္ခဲ့ေပမယ့္ ေအာက္ တိုဘာ ၄ ရက္က က်င္းပတဲ့ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ မွာ အတည္ျပဳခဲ့ပါတယ္။ေအာက္တိုဘာ ၇ ရက္က  ရန္ကုန္ၿမိဳ႕ေတာ္ခန္းမ၌ ျပဳလုပ္သည့္ သတင္း မီဒီယာေတြ႕ဆုံပြဲမွာ ရန္ကုန္ၿမိဳ႕ေတာ္ဝန္က ဒီကားေတြကို ကိုယ္ က်ိဳးအတြက္ သုံးစြဲရန္မဟုတ္ဘဲ လုပ္ငန္းအတြက္လိုအပ္လို႔ သုံးစြဲရတာလို႔ ေျပာခဲ့ၿပီး ေဝဖန္းမႈေတြထြက္လာတဲ့ အတြက္ စိတ္ဓာတ္က် တယ္လို႔ ေျပာခဲ့ပါတယ္။

ဒါအျပင္ သက္ဆိုင္ရာ စည္ပင္တာဝန္ရွိသူမ်ားကို လုပ္ငန္းသုံးကားရွိသည့္အတြက္ လိုအပ္ပါက တန္း ေခၚႏိုင္ၿပီး မလာပါက အေရးယူႏိုင္တယ္လို႔ လည္း အဆိုပါသတင္းမီဒီယာရွင္းလင္းပြဲမွာ ေျပာခဲ့ပါ တယ္။ သို႔ရာ တြင္ ထင္သလို ျဖစ္လာမလာဆိုတာကို ေစာင့္ၾကည့္ရန္လိုတယ္ဆိုတာကို လူမႈကြန္ ရက္ေတြ မွာ ေထာက္ျပမႈေတြ ရွိသလို ကားႏွင့္ပတ္သက္ၿပီး သေရာ္သည့္ကာတြန္းမ်ားလည္း ေတာက္ေလွ်ာက္ထြက္လာခဲ့တဲ့အတြက္ အမွန္တကယ္တာဝန္ယူလုပ္ကိုင္ေနတယ္ဆိုရင္ ဒါဟာ စိတ္ဓာတ္က်မယ္ဆို က်စရာပါ။

ယခုလို လုပ္ငန္းသုံးရန္ ကားေတြ ထုတ္ေပးလိုက္ျခင္းအားျဖင့္ ဝန္ထမ္းေတြကို ဌာနဘက္က ဝန္ေဆာင္မႈ အျပည့္မေပးႏိုင္လို႔ လာဘ္စားမႈျမင့္တက္လာတာကို ကာကြယ္ႏိုင္တယ္ဆိုတဲ့သေဘာပါ ေျပာခဲ့တဲ့အတြက္ အဂတိ လိုက္စားမႈ အမ်ားဆုံးျဖစ္ေနသည့္ အမ်ားျပည္သူဝန္ေဆာင္မႈေပးရသည့္ ဌာနေတြမွာ ယခုနည္းလမ္းကအေျဖ ဟုတ္မဟုတ္ကိုပါ မၾကာမီျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

ယခုရက္သတၱပတ္ထဲမွာ အဆိုပါသတင္းအျပင္ ေဝဖန္မႈေတြရွိေနတဲ့ ရန္ကုန္ၿမိဳ႕ သစ္ စီမံကိန္းပါ မူလ ေျမပိုင္ရွင္ေတြကို ရန္ကုန္တိုင္းအစိုးရအဖြဲ႕က မူလေျမ၏ ၂၀ ရာခိုင္ႏႈန္းကို  ျပန္လည္ေပးအပ္ ခဲ့တဲ့ သတင္း၊ ထားဝယ္ ခ႐ိုင္လွ်ပ္စစ္ ထုတ္လုပ္ ျဖန႔္ျဖဴးေရလုပ္ငန္းအတြက္ တင္ဒါေအာင္ထားတဲ့ ကုမၸဏီက တင္ဒါရႈံးသြားတဲ့ လီမိတက္ကို တရားစြဲဆိုမယ့္သတင္း၊ က်ပ္သိန္းတစ္ေထာင္ေက်ာ္ လာဘ္စားမႈနဲ႔ အေရးယူခံရတဲ့ ေရအား လွ်ပ္စစ္အ ေကာင္အထည္ေဖာ္ေဆာင္ေရးဦးစီးဌာန ၫႊန္ခ်ဳပ္ နဲ႔ ၫႊန္မႉးကို စတင္တရားစြဲဆိုတဲ့ သတင္း၊တာခ်ီလိတ္ၿမိဳ႕ ဝိန္း ေက်ာက္ရပ္ကြက္ရွိ ေ႐ႊဆိုင္တစ္ဆိုင္ လုယက္ခံရတဲ့ သတင္း၊ အေသးစားအဂတိ လိုက္စားမႈေလွ်ာ့ ခ်ႏိုင္ေရး အတြက္  တယ္လီဖုန္း SMS မွတစ္ဆင့္ သတင္းေပးပို႔ႏိုင္သည့္စနစ္ကို စတင္စမ္းသပ္ခဲ့တဲ့ သတင္းေတြလည္း ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္းယခုရက္သတၱပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ ခ်င္ပါတယ္။

မာလင္း