【 တစ်ပတ်အတွင်းနိုင်ငံတကာသတင်း သုံးသပ်ချက် 】 ထိန်းချုပ်နိုင်ရန် လက်တစ်ကမ်းအလို

【 တစ်ပတ်အတွင်းနိုင်ငံတကာသတင်း သုံးသပ်ချက် 】 ထိန်းချုပ်နိုင်ရန် လက်တစ်ကမ်းအလို

ယခုရက်သတ္တပတ်နိုင်ငံတကာသတင်းတွေထဲမှာလည်းကိုဗက် ၁၉ ကူးစက်မြန်ဗိုင်းရပ်စ်သတင်းတွေကမျက်နှာဖုံးမှာနေရာယူခဲ့သလိုဒီသတင်းနဲ့ဆက်စပ်တဲ့ သတင်းတွေဖြစ်တဲ့ ကုသရာမှာမဖြစ်မနေလိုအပ်တဲ့ maskတွေနိင်ငံတကာမှာလုပွဲကြီးဖြစ်နေတဲ့ သတင်းတွေလည်းဖြစ်ခဲ့ပါတယ်။ ဒါအပြင် ထူးထူးဆန်းဆန်းဒီလိုကူးစက်ရောဂါ ပြင်းထန်နေတဲ့ ချိန်မှာတိုက်ပွဲတွေဖြစ်နေတဲ့ သတင်းတွေက လည်းယခုရက်သတ္တပတ်ရဲ့ ထိပ်တန်းသတင်းတွေဖြစ်ခဲ့ပါတယ်။

အရှိန်အဟုန်ဖြင့် ပြင်းထန်လာတဲ့ ဗိုင်းရပ်စ်

အသိရခက်တဲ့ အထဲပါဝင်လာပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုရက်သတ္တပတ်ထဲမှာသေဆုံးသူ အရေအတွက်ကမြင့်တက်လာခဲ့ပါတယ်။ အထူးသဖြင့် ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုမှာကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်နဲ့ သေဆုံးသူအရေအတွက်ကကြောက်ခမန်းလိလိတိုးတက်လာခဲ့ပါတယ်။ ကြိုတင် ကာကွယ်မှုကိုမလုပ်ခဲ့ဘဲကူးစက်ရောဂါအပေါ် ပေါလျော့စွာသုံးသပ်ခဲ့တဲ့ ထရမ့်ကြောင့်လည်းဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနူန်းကအီတလီကိုကျော်တက်ခဲ့ပါတယ်။

ဗိုင်းရပ်စ်စတင်ခဲ့ရာ တရုတ်ပြည်၀ူဟန်မှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရမှုအရှိန်က အောက်ဆုံးအဆင့်ကို ရောက်တော့မယ် အခြေအနေမှာဗိုင်းရပ်စ်ကူးစက်ခံရသူပြန်လည်တက်လာတဲ့ အတွက် ကိုရိုနာဗိုင်းရပ်စ်အပေါ် ပြန်လည်သတိထားရမယ့်အခြေအနေဖြစ်လာခဲ့ပါတယ်။လက်ရှိမှာတရုတ်နိုင်ငံအတွင်းဗိုင်းရပ်စ်ကူးစက်ခံရမှုနည်းပါးသွားပြီးဖြစ်ပေမယ့် ပြည်ပကပြန်လာတဲ့ တရုတ်နိုင်ငံသားတွေကနေတစ်ဆင့် ပြန်လည်ကူးစက်နိုင်မှုမြင့်မား နေတဲ့ အတွက် တရုတ်နိုင်ငံမှာပြည်ပကဝင်လာတဲ့ သူတွေကိုမလိုလားတဲ့ တုံပြန်မှုတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၄ ရက်ကတော့ တရုတ်နိုင်ငံမှာ အထိမ်းအမှတ်ပွဲတစ်ခုကို လုပ်ခဲ့ပါတယ်။ ဒီနေ့က တရုတ် ရိုးရာ ချင်းမင် ပွဲတော်နေ့ ဖြစ်ပြီး တရုတ်လူမျိုးများက ဒီပွဲတော်နေ့မှာ ကွယ်လွန်သူ ဘိုးဘွားများကို ပူဇော်ခြင်း၊ အာဇာနည် များအား လွမ်းဆွတ်သတိမိရကြောင်း ဖေါ်ပြခြင်း စတာတွေ ပြုလုပ်လေ့ရှိတဲ့နေ့ပါ။ အဲ့ဒီနေ့မှာ တရုတ်နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ကြတဲ့ လူနာတွေနဲ့ ဆေးဝန်ထမ်းတွေကို ဂုဏ်ပြုရင်း တစ် နိုင်ငံလုံး ရပ်တန့်ကာ သုံးမိနစ် ငြိမ်သက်နေခဲ့ကြပါတယ်။ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့တဲ့ လူပေါင်း ၃၀၀၀ ကျော်ကို ဂုဏ်ပြုအောက်မေ့ရင်း နံနက် ၁၀ နာရီမှာ နိုင်ငံသားတွေဟာ ရပ်တန့်ငြိမ်သက်နေကြပြီး ကား တွေ၊ ရထားတွေနဲ့ သင်္ဘောတွေလည်း ရပ်တန့်ကာ ဟွန်းတွေ တီးကြပါတယ်။ လေကြောင်းကနေလည်း ဥဩတွေ ဆွဲကြပါတယ်။ တျန်အန်မင်ရင်ပြင်မှာ နိုင်ငံတော်အလံကို တစ်ဝက်လွှင့်ထူထားပြီး ပေကျင်းမြို့က လူစည်ကား ရာအရပ်မှာ လမ်းသွားလမ်းလာတွေဟာ သွားလာတာတွေ ရပ်တန့်ပြီး ဦးခေါင်းညွတ်ကာ ၃ မိနစ် တိတ်ဆိတ် ငြိမ်သက်ခြင်းနဲ့ဂုဏ်ပြုခဲ့ကြပါတယ်။ကိုဗက် ၁၉ ကြောင့် တရုတ်နိုင်ငံတစ်ခုတည်းမှာ ဧပြီလ ၃ ရက်နေ့ ည ၁၂ နာရီ အထိ သေဆုံးသူ ၃၃၂၆ ဦး ရှိခဲ့ပါတယ်။

စာရင်းတွေ အရ ဧပြီ ၆ ရက်အထိ ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂၇၃၉၉၀ဦးရှိကာ သေဆုံးသူ၆၉၄၄ ဦးရှိခဲ့ပါတယ်။ဒီထဲမှာ ပြန်လည်ကောင်းမွန်လာသူ၂၆၀ ၂၄၇ ဦးထိရှိပြီး အီတလီကတော့ သေ ဆုံးမှုအများဆုံးဖြစ်ပြီး လက်ရှိမှာ ၁၅၈၈၇ ဦးထိသေဆုံးထားပါတယ်။ အမေရိကန်က ၃၃၆၉၅၈ဦးနဲ့ အများ ဆုံး ကူးစက်ခံနေရတဲ့ အတွက် လာမည့်ရက်သတ္တပတ်နှစ်ပတ်အတွင်းမှာ နောက်ထပ်ဘယ်လောက် ထပ်ထိဦးမလဲဆို တာ ကြောက်စရာလန့်စရာပါ။ဒီကြားထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အချင်းများမှုတွေရှိလာခဲ့ပါတယ်။ အမေရိ ကန်က တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေကို ထိန်ချန်ဖုံးကွယ် ထား တယ်လို့ ထောက်လှမ်းရေးအစီရင်ခံစာတွေကို ကိုးကားပြီး အမေရိကန်လွှတ်တော်အမတ်တွေက စွပ်စွဲ့ခဲ့ပါတယ်။ အမေရိကန်ဘက်က သံသယရှိနေတာက တရုတ်ဘက်က ဗိုင်းရပ်စ်ကေ့စ်နဲ့ ပတ်သက်ပြီး ရေတွက်ပုံ ပြောင်းလဲခဲ့ တာနဲ့ ဟူဘေပြည်နယ်က သုဿန်တွေ အပြင်ဘက်မှာ အရိုးအိုးတွေ ထောင်ချီရှိနေတာကိုပါ။ ဒီလို ဒီလိုစွပ်စွဲတဲ့ အတွက် ဧပြီ ၂ ရက်မှာ တရုတ်ဘက်က သတင်းစာရှင်းလင်းပွဲ ပြန်လုပ်ခဲ့ပြီး တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ၊ သေဆုံးသူ နှုန်းထားနဲ့ ပတ်သက်ရင် လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိအောင် အကောင်းဆုံး လုပ်ဆောင်လျက်ရှိတယ်လို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။

ကိုဗက် ၁၉ ရောဂါကိုထိန်းချုပ်နိုင်ဖို့ ကမ္ဘာနိုင်ငံပေါင်းများစွာက ဆက်တိုက်ဆိုသလို တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတာက ထင်ရှားပါတယ်။လက်ရှိမှာ အမေရိကန်နိုင်ငံ ပြည်နယ် ၄၀ မှာ အိမ်ထဲမှာဘဲနေရန်အမိန့်ကို ချမှတ်ထားသလို ဆေးပညာရှင်တွေက ကူးစက်ခံရသူ ၃၃၆၉၅၈ ဦးထိရှိလာကာ သေဆုံးသူ တစ်သောင်းနား ကပ် လာတဲ့ (၉၆၂၆) အမေရိကန်နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းသိမ်းဖို့ ပြည်နယ် ၅၀ စလုံးကို နေအိမ်ထဲနေရမယ်အမိန့်ကို တိုးချဲ့ဖို့ တိုက်တွန်းမှုတွေရှိနေပါတယ်။အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်ကတော့ အစိုးရက ချမှတ်ထားတဲ့ Lock Down ကို ချိုးဖောက်သူမှန်သမျှ ပစ်သတ်ဖို့အထိ အမိန့် ထုတ် မယ်လို့ သတိပေးခဲ့တာကိုတွေ့ရပါတယ်။ ရုရှသမ္မတ ဗလာဒီမာပူတင်ကတော့ မော်စကိုမြို့သူမြို့သားတွေကို lockdown ချတဲ့ လုပ်ငန်းစဉ်ကို မသိကျိုးကျွန်ပြု မလိုက်နာကြတာဟာ ရာဇဝတ်မှုမြောက်တဲ့ ပေါ့ဆမှုပဲ ဖြစ် တယ်လို့ ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။နီပေါ၊မလေးရှားနဲ့ထိုင်းနိုင်ငံတွေမှာတော့ တစ်နိုင်ငံလုံး အသွား အလာကန့်သတ်ခဲ့ပါတယ်။

Lock Down ကြောင့် စီးပွားရေး၊ လူမှုရေးထိခိုက်မှုတွေရှိပေမယ့် အကျိုး သက်ရောက်မှုတွေက ထူးပါ တယ်။ ပြင်းထန်နေတဲ့ ကူးစက်မှုတွေကိုတားမြစ်နိုင်ခဲ့သလို ရောဂါအရှိန်ကို လည်း လျော့စေတဲ့ အတွက် ဒီမိုကရေစီနိုင်ငံကြီးတွေတောင် ဒါကို နည်းလမ်းတစ်ခုအဖြစ် အသုံးပြုလာရပါတယ်။

တရုတ်မှာ စတင်ဖြစ်ပွားစဉ်ကတည်းက ဗဟိုချက် ဝူဟန်မြို့ကို Lockdown ချမှတ်ခဲ့တဲ့ တရုတ်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို နှေးကွေးစေခဲ့ပြီး လူပေါင်း အနည်းဆုံး ခုနှစ်သိန်းခန့်ကို ရောဂါ ကူးစက်ခံရမှုကနေ ကာကွယ်ပေးနိုင်ခဲ့တယ်လို့ သုတေသနပညာရှင်တွေကပြောခဲ့ပါတယ်။ ဒီလိုLock Down လုပ် လို့ ကူးစက်မှုတန့်ရပ်ပေမယ် ဒီကာလမှာ အိမ်ထဲနေနေရတဲ့ အတွက်ဖြစ်လာနိုင်တဲ့ လှုမှုရေးပြဿနာတွေက လည်းရှိနေပါတယ်။ အမျိုးသားဦးစားပေးတဲ့ အစ္စလာမ်နိုင်ငံတစ်ခုဖြစ်တဲ့ မလေးရှားမှာ နိုင်ငံပိုင်ရုပ်သံတွေကနေ ဇနီးမောင်နှံအကြား အိမ်တွင်းအငြင်းပွားမှုများကို မဖြစ်စေရန် ရည်ရွယ်ပြီး ခင်ပွန်းဖြစ်သူက အိမ်အလုပ်တစ်ခုကို လုပ်ရာမှာ ဇနီးသည်အနေဖြင့် စိတ်တိုင်းမကျပါက နားပူနားဆာ မလုပ်ရန်နှင့် ဟာသမြောက်သည့် ပြောဆို ဟန်ဖြင့် သွန်သင်ပေးရန်အကြံပြုခဲ့ပါတယ်။

နေရာတကာပေါ့ဆလွန်းတဲ့ ထရမ့်လက်ထက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်က ကြောက်ခမန်းလိလိတက်နေတာ အမှန်ပါဘဲ။ နိုင်ငံတစ်ဝန်းကူးစက်ခံရသူ သုံးသိန်းကျော်လာရုံတင်မကပါဘူး။ သမုဒ္ဒရာထဲသွားလာနေတဲ့ အမေရိကန်လေယာဉ်တင်သင်္ဘော သီအိုဒိုရုစဘဲမှာ လိုက်ပါလာတဲ့ အမူထမ်း ၄၀၀၀ မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေလို့ သင်္ဘောကပ္ပတိန်က ပင်တဂွန်ကို အကူအညီတောင်းခဲ့လို့ ကာကွယ်ရေး ဝန်ကြီးက ငြင်းဆန်ခဲ့ပါတယ်။ ဒီလိုငြင်းဆန်ခံရတဲ့အတွက် သတင်းစာကို ဖော်ပြခဲ့တဲ့ အတွက် ကပ္ပတိန် ခရော ့ဇီယာ ကို ရာထူးကထုတ်ပယ်ခဲ့လို့ အမေရိကန်မှာ အတော်လေးကို ဂယက်ထခဲ့ပါတယ်။လက်ရှိမှာ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်မှု အရှိန်က အီတလီ၊စပိန်တွေမှာ အရှိန်ကျနေပေမယ့် အမေရိကန်နဲ့ အာရှဘက်မှာ ပြန်တက်နေတဲ့ အတွက် ဘာတွေ ဖြစ်လာဦးမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ရေတို ရေရှည် ကာကွယ်တိုက်ဖျက်ဆေး

ကိုဗက် ၁၉ ကူးစက်မြန်ရောဂါကာကွယ်ဖို့ နိုင်ငံအတော်များများအဖို့ ကြိုတင်ကာကွယ်မှုတွေကို လုပ်နေ ကြသလို ယာယီအရေးပေါ်အနေနဲ့ သုံးနေရတဲ့ ဆေးတွေလည်းရှိပါတယ်။ လောလောဆယ်မှာ အရေးကြီးနေတာ က Maskမလုံလောက်မှုပြဿနာပါ။ ကမ္ဘာနိုင်ငံတွေကြား maskရဖို့ တစ်နိုင်ငံမှာထားတဲ့ maskကို တခြားနိုင်ငံက ဖြတ်ပြီးဝယ်ယူရတာတွေအထိဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် ကူးစက်မှုမြန်ဆန်နေတဲ့ အမေရိကန်အဖို့ အရေးတ ကြီး လိုအပ်နေတဲ့ Maskတွေကို တခြားနိုင်ငံမှာထားတဲ့ ထဲကနေ ကားဖြတ်ဝယ်ယူရတာတွေအထိ ဖြစ်လာခဲ့ ပါတယ်။

ကနေဒါကို အော်ဒါပေးရမယ့် အစီအစဉ်ကို ဖျက်သိမ်းခိုင်းတဲ့ အတွက် ကနေဒါ၀န်ကြီးချုပ်က လက် တုံပြန်မယ်လို့ ပြောရတဲ့ အထိဖြစ်လာခဲ့ပါတယ်။ကျန်းမာရေးစောင့်ရှောက်မှုအကာအကွယ်ပစ္စည်းများ ထုတ်လုပ် သောမင်နီဆိုးတားအခြေစိုက် 3M ကုမ္ပဏီကိုကနေဒါနှင့် လက်တင်အမေရိကဆီကာကွယ်ရေးနှာခေါင်းစည်းများ တင်ပို့နေခြင်းကိုရပ်တန့်ရန် ထရမ့်အစိုးရက ဧပြီ ၂ ရက်က အမိန့်ထုတ်ခဲ့ပါတယ်။ဒီလို ရပ်ဆိုင်းခိုင်းတဲ့ အတွက် ကနေဒါဝန်ကြီးချုပ်က လက်တုန့်ပြန်မယ်ပြောခဲ့တာပါ။ဂျာမနီက ဝယ်ယူထားတဲ့ maskတွေလည်း လေဆိပ်ထိ ရောက်နေပြီးမှ အမေရိကန်ကို ပြောင်းသွားခဲ့တဲ့ အထိ mask လုပွဲ တွေ ဖြစ်လာတဲ့ အထိပါဘဲ။

ကာကွယ်ဆေးကလည်း လက်ရှိမှာ မသေမချာသတင်းတွေသာ ရှိပါသေးတယ်။Oxford တက္ကသိုလ်နှင့် အမေရိကန်ဆေးဝါးကုမ္ပဏီ Inovio Pharmaceutical တို့မှ ထုတ်လုပ်လိုက်သည့် ကာကွယ်ဆေးများကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က တိရိစ္ဆာန်များတွင် စမ်းသပ်ရန် ခွင့်ပြုလိုက်သလို Cellex Inc. ဆေးဝါးကုမ္ပဏီ ရဲ့ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးစမ်းသပ်မှုကိုလည်း သွေးတွင်းစစ်ဆေးမှုတွေကို ပြုလုပ်ခွင့်ပေးခဲ့ပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံဘက်က ထောက်ခံချက်ပေးထားတဲ့ ဂျပန်ကထုတ်လုပ်တဲ့ အဖျားပျောက်ဆေးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်တိုက်ဖျက်နိုင်တဲ့ အတွက် သုံးနေတာတွေလည်းရှိပါတယ်။ အာဖရိကတိုက်ဘက်မှာတော့ ငှက်ဖျားရောဂါပျောက်ဆေးဖြစ်တဲ့ ကလိုရိုကွင်း (Chloroquine) ကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသဆေးအဖြစ် မျှော်လင့်ထားနေကြပါတယ်။လက်ရှိမှာဘေးထွက်ဆိုးကျိုးရှိတဲ့ ငှက်ဖျားရောဂါပျောက်ဆေး ကလိုရိုကွင်းကို ဘုရားသခင်ပေးတဲ့လက်ဆောင် လို့ သမ္မတ ဒေါ်နယ်ထရမ့်ကပြောခဲ့သလို အာဖရိကတစ်လွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသဆေးအဖြစ် နေရာယူထားကာ ဘာကီနာဖာဆို၊ ကင်မရွန်းနဲ့ တောင်အာဖရိကမှာ ဗိုင်းရပ်စ်ကူး စက်ခံနေရတဲ့လူနာတွေကို တရားဝင်ကုသခွင့်ပေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကုသမှုအတွက်က မျှော်လင့်ချက်တွေရှိနေသလို ပြန်လည်နလံထတဲ့ သူတွေထဲမှာလည်း အသက် ၁၀၁ နှစ်အရွယ်တွေလည်းရှိနေပါတယ်။ဒီအဘွားအိုက နယ်သာလန်ကဖြစ်ပြီး ပြီးခဲ့တဲ့ တစ်ပတ်ကျော်က တည်းက ကူးစက်ခံရတာပါ။ ဒီကူးစက်ရောဂါက ကျော်ကြားတဲ့ သူတွေကိုလည်းမရှောင်ပါဘူး။အစ္စရေး ကျန်းမာ ရေး ဝန်ကြီးနှင့် ဇနီး၊ ဗြိတိန်ဝန်ကြီးချုပ်တို့၊ ဗြိတိန်အိမ်ရှေ့မင်းသားချားလ်စ်လည်း ပါနေပါတယ်။ဗြိတိန်ဝန်ကြီး ချုပ် ဘော်ရစ်ဂျွန်ဆင်ကတော့ ရောဂါအရှင်း ပျောက်သည့်အထိ နေအိမ်မှာပင် တစ်ကိုယ်တည်း သီးခြားခွဲနေပြီး အဝေးမှပင် အလုပ်လုပ်နေတာပါ။ရုရှားသမ္မတပူတင်တောင် သူနဲ့တွေ့ခဲ့တဲ့ ဆေးရုံအုပ်ကြီးတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားကြောင်း တွေ့ရှိလို့ သူ့ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရဖို့သေချာနေတဲ့ အတွက် လုပ်ငန်းတာဝန်တွေကို အဝေးကနေပဲ စီမံဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အထိ ကူးစက်မှုက မြန်ဆန်လွန်း နေခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်လာတဲ့ စီးပွားရေးကျဆင်းမှုတွေက ကြောက်စရာအနေအထား မရောက် သေးပေမယ့် သတိထားစရာအခြေအနေကိုရောက်နေပါပြီ။ ဂျာမနီနိုင်ငံ ဟက်ဆီပြည်နယ်၏ ဘဏ္ဍာရေးဝန်ကြီး တောင် ကိုဗက် ၁၉ ကြောင့် ဖြစ်လာနိုင်တဲ့ စီးပွားရေးကျဆင်းနိုင်မှုတွေကြောင့် မတ် ၂၉ ရက်ကအဆုံးစီရင်ခဲ့ရတဲ့ အထိပါ။ ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံကတော့ အထိနာ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေး ကို ပြန်လည် ထူထောင်ရန် ဘဏ္ဍာရေးစနစ်ထဲသို့ အမေရိကန်ဒေါ်လာ ခုနစ်ဘီလီယံ ကို ယခုရက်သတ္တပတ်ထဲ မှာ ထည့်ခဲ့ပါတယ်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကတော့ လက်ရှိဖြစ်ပေါ်နေသည့်ကိုရိုနာဗိုင်းရပ်ရောဂါသည်ဒုတိယကမ္ဘာ့စစ်နောက်ပိုင်းကမ္ဘာကြီးအတွက်အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်လို့ လူမှုစီးပွားရေးမှာ မည်သည့်အခြေအနေနှင့်မှမတူသည့်တုံ့နှေးမှုများဖြစ်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ လာမည့် ရက်များအတွင်း ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ အရေ အတွက်သည် ၅ သိန်းအထိရှိလာနိုင်တယ်လို့ ဧပြီ ၂ ရက်မှာထုတ်ပြန်သတိပေးခဲ့ပါတယ်။ဗိုင်းရပ်စ်က လူသားတွေ အသက်ရှင်သန်ရေးကိုသာမက ကမ္ဘာတစ်ဝန်းစီးပွားရေးနဲ့လူမှုရေးကိုပါ ထိခိုက်လာနေတဲ့ အတွက် အချိန်မီ ကာကွယ်ဆေးတွေ့ပါမလား၊ ကုသဆေးတွေ့ပါမလားဆိုတာစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဒီလိုသတင်းတွေအပြင် ရှန်ဟိုင်းအနီးပင်လယ်ပြင်မှာ ဂျပန် ရေတပ် ဖျက်သင်္ဘောတစ်စင်းနှင့် တရုတ် ငါးဖမ်းရေယာဉ်တစ်စင်းတို့တိုက်မိခဲ့တဲ့သတင်း၊တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ရှီချန်းမြို့အနီးမှာ တောမီးလောင်မှုထဲ မီးသတ်သမား ၁၈ ဦး နှင့် သစ်တောလမ်းပြတစ်ဦးတို့ သေဆုံးခဲ့တဲ့ သတင်း၊ဒတ်ရှ်လူမျိုးပန်းချီပညာရှင် ဗင်းဆင့် ဗန်ဂိုး၏ ပန်းချီကားတစ်ချပ် နယ်သာလန်နိုင်ငံ Singer Larenပြတိုက်မှ ခိုးယူခံလိုက်ရတဲ့ သတင်း၊ကိုရိုနာဗိုင်း ရပ်စ်နှင့်ရင်ဆိုင်နေရတဲ့ တရုတ်နှင့်အခြားနိုင်ငံများအပေါ်ချမှတ်ထားသည့်ပိတ်ဆို့အရေးယူမှုများအား လျှော့ချ ပေးရန်အမေရိကန် စဉ်းစားနေတဲ့ သတင်း၊အမေရိကန်နိုင်ငံအိုင်ဒါဟိုပြည်နယ်မှာအင်္ဂါနေ့က ရစ်ချ်တာ စကေး ၆ဒသမ၅မဂ္ဂနီကျူ့အဆင့်ရှိအင်အားပြင်းမြေငလျင်တစ်ခုလှုပ်ခတ်ခဲ့တဲ့ သတင်း၊ဆီးရီးယားနှင့် တူရကီနယ်စပ်ရှိ ပင်လယ်ပြင်ကိုဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့တဲ့ သတင်း၊ကိုရိုနာဗိုင်းရပ်ဖြစ် ပွား နေသောကြောင့်ဘာသာရေးအကျဉ်းသားသန်းပေါင်းများစွာကိုလွှတ်ပေးရန်အမေရိကန်ကကမ္ဘာ့နိုင်ငံများကို တောင်းဆိုလိုက်တဲ့ သတင်း၊အင်ဒိုနီးရှားနိုင်ငံမှာ လူပြည့်ကျပ်သည့် အကျဉ်းထောင်များမှ အကျဉ်းသား ၁၈၀၀၀ နီးပါးကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ရပ်တန့်ရေးအတွက် ပြန်လွှတ်လိုက်တဲ့ သတင်း၊ ခွေးသားနှင့် ကြောင်သား စားသုံးခြင်းကို ရှန်ကျန့်မြို့မှာ တားမြစ်လိုက်တဲ့သတင်း၊ပနားမားကမ်းလွန်မှာသောင်တင်နေခဲ့တဲ့ အပျော်စီးသင်္ဘော Zaandam ဖလော်ရီဒါကမ်းခြေမှာ ဆိုက်ကပ်ခွင့်ရသွားတဲ့ သတင်း၊ယခုနှစ်အတွင်း အတ္တလန် တိတ်သမုဒ္ဒရာအတွင်း ဟာရီကိန်းမုန်တိုင်း ၄ ခုဖြစ်နိုင်တယ်လို့ သုတေသီတွေက ခန့်မှန်းခဲ့တဲ့ သတင်းတွေလည်း ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ်နိုင်ငံတကာ သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်
ဧပြီ - ၆

( Zawgyi )

ယခုရက္သတၱပတ္ႏိုင္ငံတကာသတင္းေတြထဲမွာလည္းကိုဗက္ ၁၉ ကူးစက္ျမန္ဗိုင္းရပ္စ္သတင္းေတြကမ်က္ႏွာဖုံးမွာေနရာယူခဲ့သလိုဒီသတင္းနဲ႔ဆက္စပ္တဲ့ သတင္းေတြျဖစ္တဲ့ ကုသရာမွာမျဖစ္မေနလိုအပ္တဲ့ maskေတြနိင္ငံတကာမွာလုပြဲႀကီးျဖစ္ေနတဲ့ သတင္းေတြလည္းျဖစ္ခဲ့ပါတယ္။ ဒါအျပင္ ထူးထူးဆန္းဆန္းဒီလိုကူးစက္ေရာဂါ ျပင္းထန္ေနတဲ့ ခ်ိန္မွာတိုက္ပြဲေတြျဖစ္ေနတဲ့ သတင္းေတြက လည္းယခုရက္သတၱပတ္ရဲ႕ ထိပ္တန္းသတင္းေတြျဖစ္ခဲ့ပါတယ္။

အရွိန္အဟုန္ျဖင့္ ျပင္းထန္လာတဲ့ ဗိုင္းရပ္စ္

အသိရခက္တဲ့ အထဲပါဝင္လာၿပီျဖစ္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ယခုရက္သတၱပတ္ထဲမွာေသဆုံးသူ အေရအတြက္ကျမင့္တက္လာခဲ့ပါတယ္။ အထူးသျဖင့္ ဥေရာပနဲ႔ အေမရိကန္ျပည္ေထာင္စုမွာကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူအေရအတြက္နဲ႔ ေသဆုံးသူအေရအတြက္ကေၾကာက္ခမန္းလိလိတိုးတက္လာခဲ့ပါတယ္။ ႀကိဳတင္ ကာကြယ္မႈကိုမလုပ္ခဲ့ဘဲကူးစက္ေရာဂါအေပၚ ေပါေလ်ာ့စြာသုံးသပ္ခဲ့တဲ့ ထရမ့္ေၾကာင့္လည္းဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးမႈႏူန္းကအီတလီကိုေက်ာ္တက္ခဲ့ပါတယ္။

ဗိုင္းရပ္စ္စတင္ခဲ့ရာ တ႐ုတ္ျပည္၀ူဟန္မွာေတာ့ ဗိုင္းရပ္စ္ကူးစက္ခံရမႈအရွိန္က ေအာက္ဆုံးအဆင့္ကို ေရာက္ေတာ့မယ္ အေျခအေနမွာဗိုင္းရပ္စ္ကူးစက္ခံရသူျပန္လည္တက္လာတဲ့ အတြက္ ကို႐ိုနာဗိုင္းရပ္စ္အေပၚ ျပန္လည္သတိထားရမယ့္အေျခအေနျဖစ္လာခဲ့ပါတယ္။လက္ရွိမွာတ႐ုတ္ႏိုင္ငံအတြင္းဗိုင္းရပ္စ္ကူးစက္ခံရမႈနည္းပါးသြားၿပီးျဖစ္ေပမယ့္ ျပည္ပကျပန္လာတဲ့ တ႐ုတ္ႏိုင္ငံသားေတြကေနတစ္ဆင့္ ျပန္လည္ကူးစက္ႏိုင္မႈျမင့္မား ေနတဲ့ အတြက္ တ႐ုတ္ႏိုင္ငံမွာျပည္ပကဝင္လာတဲ့ သူေတြကိုမလိုလားတဲ့ တုံျပန္မႈေတြရွိေနပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီ ၄ ရက္ကေတာ့ တ႐ုတ္ႏိုင္ငံမွာ အထိမ္းအမွတ္ပြဲတစ္ခုကို လုပ္ခဲ့ပါတယ္။ ဒီေန႔က တ႐ုတ္ ႐ိုးရာ ခ်င္းမင္ ပြဲေတာ္ေန႔ ျဖစ္ၿပီး တ႐ုတ္လူမ်ိဳးမ်ားက ဒီပြဲေတာ္ေန႔မွာ ကြယ္လြန္သူ ဘိုးဘြားမ်ားကို ပူေဇာ္ျခင္း၊ အာဇာနည္ မ်ားအား လြမ္းဆြတ္သတိမိရေၾကာင္း ေဖၚျပျခင္း စတာေတြ ျပဳလုပ္ေလ့ရွိတဲ့ေန႔ပါ။ အဲ့ဒီေန႔မွာ တ႐ုတ္ႏိုင္ငံတစ္ဝန္း ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးခဲ့ၾကတဲ့ လူနာေတြနဲ႔ ေဆးဝန္ထမ္းေတြကို ဂုဏ္ျပဳရင္း တစ္ ႏိုင္ငံလုံး ရပ္တန႔္ကာ သုံးမိနစ္ ၿငိမ္သက္ေနခဲ့ၾကပါတယ္။ ႏိုင္ငံအတြင္း ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးခဲ့တဲ့ လူေပါင္း ၃၀၀၀ ေက်ာ္ကို ဂုဏ္ျပဳေအာက္ေမ့ရင္း နံနက္ ၁၀ နာရီမွာ ႏိုင္ငံသားေတြဟာ ရပ္တန႔္ၿငိမ္သက္ေနၾကၿပီး ကား ေတြ၊ ရထားေတြနဲ႔ သေဘၤာေတြလည္း ရပ္တန႔္ကာ ဟြန္းေတြ တီးၾကပါတယ္။ ေလေၾကာင္းကေနလည္း ဥဩေတြ ဆြဲၾကပါတယ္။ တ်န္အန္မင္ရင္ျပင္မွာ ႏိုင္ငံေတာ္အလံကို တစ္ဝက္လႊင့္ထူထားၿပီး ေပက်င္းၿမိဳ႕က လူစည္ကား ရာအရပ္မွာ လမ္းသြားလမ္းလာေတြဟာ သြားလာတာေတြ ရပ္တန႔္ၿပီး ဦးေခါင္းၫြတ္ကာ ၃ မိနစ္ တိတ္ဆိတ္ ၿငိမ္သက္ျခင္းနဲ႔ဂုဏ္ျပဳခဲ့ၾကပါတယ္။ကိုဗက္ ၁၉ ေၾကာင့္ တ႐ုတ္ႏိုင္ငံတစ္ခုတည္းမွာ ဧၿပီလ ၃ ရက္ေန႔ ည ၁၂ နာရီ အထိ ေသဆုံးသူ ၃၃၂၆ ဦး ရွိခဲ့ပါတယ္။

စာရင္းေတြ အရ ဧၿပီ ၆ ရက္အထိ ကမာၻတစ္ဝန္းမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၂၇၃၉၉၀ဦးရွိကာ ေသဆုံးသူ၆၉၄၄ ဦးရွိခဲ့ပါတယ္။ဒီထဲမွာ ျပန္လည္ေကာင္းမြန္လာသူ၂၆၀ ၂၄၇ ဦးထိရွိၿပီး အီတလီကေတာ့ ေသ ဆုံးမႈအမ်ားဆုံးျဖစ္ၿပီး လက္ရွိမွာ ၁၅၈၈၇ ဦးထိေသဆုံးထားပါတယ္။ အေမရိကန္က ၃၃၆၉၅၈ဦးနဲ႔ အမ်ား ဆုံး ကူးစက္ခံေနရတဲ့ အတြက္ လာမည့္ရက္သတၱပတ္ႏွစ္ပတ္အတြင္းမွာ ေနာက္ထပ္ဘယ္ေလာက္ ထပ္ထိဦးမလဲဆို တာ ေၾကာက္စရာလန႔္စရာပါ။ဒီၾကားထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အခ်င္းမ်ားမႈေတြရွိလာခဲ့ပါတယ္။ အေမရိ ကန္က တ႐ုတ္ႏိုင္ငံဟာ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး သတင္းအခ်က္အလက္ေတြကို ထိန္ခ်န္ဖုံးကြယ္ ထား တယ္လို႔ ေထာက္လွမ္းေရးအစီရင္ခံစာေတြကို ကိုးကားၿပီး အေမရိကန္လႊတ္ေတာ္အမတ္ေတြက စြပ္စြဲ႕ခဲ့ပါတယ္။ အေမရိကန္ဘက္က သံသယရွိေနတာက တ႐ုတ္ဘက္က ဗိုင္းရပ္စ္ေက့စ္နဲ႔ ပတ္သက္ၿပီး ေရတြက္ပုံ ေျပာင္းလဲခဲ့ တာနဲ႔ ဟူေဘျပည္နယ္က သုႆန္ေတြ အျပင္ဘက္မွာ အ႐ိုးအိုးေတြ ေထာင္ခ်ီရွိေနတာကိုပါ။ ဒီလို ဒီလိုစြပ္စြဲတဲ့ အတြက္ ဧၿပီ ၂ ရက္မွာ တ႐ုတ္ဘက္က သတင္းစာရွင္းလင္းပြဲ ျပန္လုပ္ခဲ့ၿပီး တ႐ုတ္ႏိုင္ငံဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြားသူ၊ ေသဆုံးသူ ႏႈန္းထားနဲ႔ ပတ္သက္ရင္ လြတ္လပ္ၿပီး ပြင့္လင္းျမင္သာမႈရွိေအာင္ အေကာင္းဆုံး လုပ္ေဆာင္လ်က္ရွိတယ္လို႔ ျပန္တုံ႔ျပန္ခဲ့ပါတယ္။

ကိုဗက္ ၁၉ ေရာဂါကိုထိန္းခ်ဳပ္ႏိုင္ဖို႔ ကမာၻႏိုင္ငံေပါင္းမ်ားစြာက ဆက္တိုက္ဆိုသလို တင္းတင္းၾကပ္ၾကပ္ လုပ္ေဆာင္ေနတာက ထင္ရွားပါတယ္။လက္ရွိမွာ အေမရိကန္ႏိုင္ငံ ျပည္နယ္ ၄၀ မွာ အိမ္ထဲမွာဘဲေနရန္အမိန႔္ကို ခ်မွတ္ထားသလို ေဆးပညာရွင္ေတြက ကူးစက္ခံရသူ ၃၃၆၉၅၈ ဦးထိရွိလာကာ ေသဆုံးသူ တစ္ေသာင္းနား ကပ္ လာတဲ့ (၉၆၂၆) အေမရိကန္ႏိုင္ငံတစ္ဝန္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကို ထိန္းသိမ္းဖို႔ ျပည္နယ္ ၅၀ စလုံးကို ေနအိမ္ထဲေနရမယ္အမိန႔္ကို တိုးခ်ဲ႕ဖို႔ တိုက္တြန္းမႈေတြရွိေနပါတယ္။အေရွ႕ေတာင္အာရွႏိုင္ငံတစ္ခုျဖစ္တဲ့ ဖိလစ္ပိုင္ကေတာ့ အစိုးရက ခ်မွတ္ထားတဲ့ Lock Down ကို ခ်ိဳးေဖာက္သူမွန္သမွ် ပစ္သတ္ဖို႔အထိ အမိန႔္ ထုတ္ မယ္လို႔ သတိေပးခဲ့တာကိုေတြ႕ရပါတယ္။ ႐ုရွသမၼတ ဗလာဒီမာပူတင္ကေတာ့ ေမာ္စကိုၿမိဳ႕သူၿမိဳ႕သားေတြကို lockdown ခ်တဲ့ လုပ္ငန္းစဥ္ကို မသိက်ိဳးကြၽန္ျပဳ မလိုက္နာၾကတာဟာ ရာဇဝတ္မႈေျမာက္တဲ့ ေပါ့ဆမႈပဲ ျဖစ္ တယ္လို႔ ျပင္းျပင္းထန္ထန္ သတိေပးခဲ့ပါတယ္။နီေပါ၊မေလးရွားနဲ႔ထိုင္းႏိုင္ငံေတြမွာေတာ့ တစ္ႏိုင္ငံလုံး အသြား အလာကန႔္သတ္ခဲ့ပါတယ္။

Lock Down ေၾကာင့္ စီးပြားေရး၊ လူမႈေရးထိခိုက္မႈေတြရွိေပမယ့္ အက်ိဳး သက္ေရာက္မႈေတြက ထူးပါ တယ္။ ျပင္းထန္ေနတဲ့ ကူးစက္မႈေတြကိုတားျမစ္ႏိုင္ခဲ့သလို ေရာဂါအရွိန္ကို လည္း ေလ်ာ့ေစတဲ့ အတြက္ ဒီမိုကေရစီႏိုင္ငံႀကီးေတြေတာင္ ဒါကို နည္းလမ္းတစ္ခုအျဖစ္ အသုံးျပဳလာရပါတယ္။

တ႐ုတ္မွာ စတင္ျဖစ္ပြားစဥ္ကတည္းက ဗဟိုခ်က္ ဝူဟန္ၿမိဳ႕ကို Lockdown ခ်မွတ္ခဲ့တဲ့ တ႐ုတ္အစိုးရရဲ႕ ဆုံးျဖတ္ခ်က္ဟာ ကို႐ိုနာဗိုင္းရပ္စ္ျပန႔္ပြားမႈကို ေႏွးေကြးေစခဲ့ၿပီး လူေပါင္း အနည္းဆုံး ခုႏွစ္သိန္းခန႔္ကို ေရာဂါ ကူးစက္ခံရမႈကေန ကာကြယ္ေပးႏိုင္ခဲ့တယ္လို႔ သုေတသနပညာရွင္ေတြကေျပာခဲ့ပါတယ္။ ဒီလိုLock Down လုပ္ လို႔ ကူးစက္မႈတန႔္ရပ္ေပမယ္ ဒီကာလမွာ အိမ္ထဲေနေနရတဲ့ အတြက္ျဖစ္လာႏိုင္တဲ့ လႈမႈေရးျပႆနာေတြက လည္းရွိေနပါတယ္။ အမ်ိဳးသားဦးစားေပးတဲ့ အစၥလာမ္ႏိုင္ငံတစ္ခုျဖစ္တဲ့ မေလးရွားမွာ ႏိုင္ငံပိုင္႐ုပ္သံေတြကေန ဇနီးေမာင္ႏွံအၾကား အိမ္တြင္းအျငင္းပြားမႈမ်ားကို မျဖစ္ေစရန္ ရည္႐ြယ္ၿပီး ခင္ပြန္းျဖစ္သူက အိမ္အလုပ္တစ္ခုကို လုပ္ရာမွာ ဇနီးသည္အေနျဖင့္ စိတ္တိုင္းမက်ပါက နားပူနားဆာ မလုပ္ရန္ႏွင့္ ဟာသေျမာက္သည့္ ေျပာဆို ဟန္ျဖင့္ သြန္သင္ေပးရန္အႀကံျပဳခဲ့ပါတယ္။

ေနရာတကာေပါ့ဆလြန္းတဲ့ ထရမ့္လက္ထက္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူအေရအတြက္က ေၾကာက္ခမန္းလိလိတက္ေနတာ အမွန္ပါဘဲ။ ႏိုင္ငံတစ္ဝန္းကူးစက္ခံရသူ သုံးသိန္းေက်ာ္လာ႐ုံတင္မကပါဘူး။ သမုဒၵရာထဲသြားလာေနတဲ့ အေမရိကန္ေလယာဥ္တင္သေဘၤာ သီအိုဒို႐ုစဘဲမွာ လိုက္ပါလာတဲ့ အမူထမ္း ၄၀၀၀ မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေနလို႔ သေဘၤာကပၸတိန္က ပင္တဂြန္ကို အကူအညီေတာင္းခဲ့လို႔ ကာကြယ္ေရး ဝန္ႀကီးက ျငင္းဆန္ခဲ့ပါတယ္။ ဒီလိုျငင္းဆန္ခံရတဲ့အတြက္ သတင္းစာကို ေဖာ္ျပခဲ့တဲ့ အတြက္ ကပၸတိန္ ခေရာ ့ဇီယာ ကို ရာထူးကထုတ္ပယ္ခဲ့လို႔ အေမရိကန္မွာ အေတာ္ေလးကို ဂယက္ထခဲ့ပါတယ္။လက္ရွိမွာ ကို႐ိုနာဗိုင္း ရပ္စ္ကူးစက္မႈ အရွိန္က အီတလီ၊စပိန္ေတြမွာ အရွိန္က်ေနေပမယ့္ အေမရိကန္နဲ႔ အာရွဘက္မွာ ျပန္တက္ေနတဲ့ အတြက္ ဘာေတြ ျဖစ္လာဦးမလဲ ဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ေရတို ေရရွည္ ကာကြယ္တိုက္ဖ်က္ေဆး

ကိုဗက္ ၁၉ ကူးစက္ျမန္ေရာဂါကာကြယ္ဖို႔ ႏိုင္ငံအေတာ္မ်ားမ်ားအဖို႔ ႀကိဳတင္ကာကြယ္မႈေတြကို လုပ္ေန ၾကသလို ယာယီအေရးေပၚအေနနဲ႔ သုံးေနရတဲ့ ေဆးေတြလည္းရွိပါတယ္။ ေလာေလာဆယ္မွာ အေရးႀကီးေနတာ က Maskမလုံေလာက္မႈျပႆနာပါ။ ကမာၻႏိုင္ငံေတြၾကား maskရဖို႔ တစ္ႏိုင္ငံမွာထားတဲ့ maskကို တျခားႏိုင္ငံက ျဖတ္ၿပီးဝယ္ယူရတာေတြအထိျဖစ္လာခဲ့ပါတယ္။ အထူးသျဖင့္ ကူးစက္မႈျမန္ဆန္ေနတဲ့ အေမရိကန္အဖို႔ အေရးတ ႀကီး လိုအပ္ေနတဲ့ Maskေတြကို တျခားႏိုင္ငံမွာထားတဲ့ ထဲကေန ကားျဖတ္ဝယ္ယူရတာေတြအထိ ျဖစ္လာခဲ့ ပါတယ္။

ကေနဒါကို ေအာ္ဒါေပးရမယ့္ အစီအစဥ္ကို ဖ်က္သိမ္းခိုင္းတဲ့ အတြက္ ကေနဒါ၀န္ႀကီးခ်ဳပ္က လက္ တုံျပန္မယ္လို႔ ေျပာရတဲ့ အထိျဖစ္လာခဲ့ပါတယ္။က်န္းမာေရးေစာင့္ေရွာက္မႈအကာအကြယ္ပစၥည္းမ်ား ထုတ္လုပ္ ေသာမင္နီဆိုးတားအေျခစိုက္ 3M ကုမၸဏီကိုကေနဒါႏွင့္ လက္တင္အေမရိကဆီကာကြယ္ေရးႏွာေခါင္းစည္းမ်ား တင္ပို႔ေနျခင္းကိုရပ္တန႔္ရန္ ထရမ့္အစိုးရက ဧၿပီ ၂ ရက္က အမိန႔္ထုတ္ခဲ့ပါတယ္။ဒီလို ရပ္ဆိုင္းခိုင္းတဲ့ အတြက္ ကေနဒါဝန္ႀကီးခ်ဳပ္က လက္တုန္႔ျပန္မယ္ေျပာခဲ့တာပါ။ဂ်ာမနီက ဝယ္ယူထားတဲ့ maskေတြလည္း ေလဆိပ္ထိ ေရာက္ေနၿပီးမွ အေမရိကန္ကို ေျပာင္းသြားခဲ့တဲ့ အထိ mask လုပြဲ ေတြ ျဖစ္လာတဲ့ အထိပါဘဲ။

ကာကြယ္ေဆးကလည္း လက္ရွိမွာ မေသမခ်ာသတင္းေတြသာ ရွိပါေသးတယ္။Oxford တကၠသိုလ္ႏွင့္ အေမရိကန္ေဆးဝါးကုမၸဏီ Inovio Pharmaceutical တို႔မွ ထုတ္လုပ္လိုက္သည့္ ကာကြယ္ေဆးမ်ားကို ကမာၻ႔ က်န္းမာေရးအဖြဲ႕ (WHO) က တိရိစာၦန္မ်ားတြင္ စမ္းသပ္ရန္ ခြင့္ျပဳလိုက္သလို Cellex Inc. ေဆးဝါးကုမၸဏီ ရဲ႕ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးစမ္းသပ္မႈကိုလည္း ေသြးတြင္းစစ္ေဆးမႈေတြကို ျပဳလုပ္ခြင့္ေပးခဲ့ပါတယ္။ လက္ရွိမွာ တ႐ုတ္ႏိုင္ငံဘက္က ေထာက္ခံခ်က္ေပးထားတဲ့ ဂ်ပန္ကထုတ္လုပ္တဲ့ အဖ်ားေပ်ာက္ေဆးက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကို ကာကြယ္တိုက္ဖ်က္ႏိုင္တဲ့ အတြက္ သုံးေနတာေတြလည္းရွိပါတယ္။ အာဖရိကတိုက္ဘက္မွာေတာ့ ငွက္ဖ်ားေရာဂါေပ်ာက္ေဆးျဖစ္တဲ့ ကလို႐ိုကြင္း (Chloroquine) ကို ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ကုသေဆးအျဖစ္ ေမွ်ာ္လင့္ထားေနၾကပါတယ္။လက္ရွိမွာေဘးထြက္ဆိုးက်ိဳးရွိတဲ့ ငွက္ဖ်ားေရာဂါေပ်ာက္ေဆး ကလို႐ိုကြင္းကို ဘုရားသခင္ေပးတဲ့လက္ေဆာင္ လို႔ သမၼတ ေဒၚနယ္ထရမ့္ကေျပာခဲ့သလို အာဖရိကတစ္လႊားမွာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ကုသေဆးအျဖစ္ ေနရာယူထားကာ ဘာကီနာဖာဆို၊ ကင္မ႐ြန္းနဲ႔ ေတာင္အာဖရိကမွာ ဗိုင္းရပ္စ္ကူး စက္ခံေနရတဲ့လူနာေတြကို တရားဝင္ကုသခြင့္ေပးထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကုသမႈအတြက္က ေမွ်ာ္လင့္ခ်က္ေတြရွိေနသလို ျပန္လည္နလံထတဲ့ သူေတြထဲမွာလည္း အသက္ ၁၀၁ ႏွစ္အ႐ြယ္ေတြလည္းရွိေနပါတယ္။ဒီအဘြားအိုက နယ္သာလန္ကျဖစ္ၿပီး ၿပီးခဲ့တဲ့ တစ္ပတ္ေက်ာ္က တည္းက ကူးစက္ခံရတာပါ။ ဒီကူးစက္ေရာဂါက ေက်ာ္ၾကားတဲ့ သူေတြကိုလည္းမေရွာင္ပါဘူး။အစၥေရး က်န္းမာ ေရး ဝန္ႀကီးႏွင့္ ဇနီး၊ ၿဗိတိန္ဝန္ႀကီးခ်ဳပ္တို႔၊ ၿဗိတိန္အိမ္ေရွ႕မင္းသားခ်ားလ္စ္လည္း ပါေနပါတယ္။ၿဗိတိန္ဝန္ႀကီး ခ်ဳပ္ ေဘာ္ရစ္ဂြၽန္ဆင္ကေတာ့ ေရာဂါအရွင္း ေပ်ာက္သည့္အထိ ေနအိမ္မွာပင္ တစ္ကိုယ္တည္း သီးျခားခြဲေနၿပီး အေဝးမွပင္ အလုပ္လုပ္ေနတာပါ။႐ုရွားသမၼတပူတင္ေတာင္ သူနဲ႔ေတြ႕ခဲ့တဲ့ ေဆး႐ုံအုပ္ႀကီးတစ္ဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြားေၾကာင္း ေတြ႕ရွိလို႔ သူ႔ကို ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရဖို႔ေသခ်ာေနတဲ့ အတြက္ လုပ္ငန္းတာဝန္ေတြကို အေဝးကေနပဲ စီမံေဆာင္႐ြက္ဖို႔ ဆုံးျဖတ္ခဲ့ရတဲ့ အထိ ကူးစက္မႈက ျမန္ဆန္လြန္း ေနခဲ့ပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျဖစ္လာတဲ့ စီးပြားေရးက်ဆင္းမႈေတြက ေၾကာက္စရာအေနအထား မေရာက္ ေသးေပမယ့္ သတိထားစရာအေျခအေနကိုေရာက္ေနပါၿပီ။ ဂ်ာမနီႏိုင္ငံ ဟက္ဆီျပည္နယ္၏ ဘ႑ာေရးဝန္ႀကီး ေတာင္ ကိုဗက္ ၁၉ ေၾကာင့္ ျဖစ္လာႏိုင္တဲ့ စီးပြားေရးက်ဆင္းႏိုင္မႈေတြေၾကာင့္ မတ္ ၂၉ ရက္ကအဆုံးစီရင္ခဲ့ရတဲ့ အထိပါ။ ကို႐ိုနာဗိုင္းရပ္စ္စတင္ျဖစ္ပြားခဲ့တဲ့ တ႐ုတ္ႏိုင္ငံကေတာ့ အထိနာ ကမာၻ႔ဒုတိယအႀကီးဆုံး စီးပြားေရး ကို ျပန္လည္ ထူေထာင္ရန္ ဘ႑ာေရးစနစ္ထဲသို႔ အေမရိကန္ေဒၚလာ ခုနစ္ဘီလီယံ ကို ယခုရက္သတၱပတ္ထဲ မွာ ထည့္ခဲ့ပါတယ္။ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္အန္တိုနီယိုဂူတာရက္စ္ကေတာ့ လက္ရွိျဖစ္ေပၚေနသည့္ကို႐ိုနာဗိုင္းရပ္ေရာဂါသည္ဒုတိယကမာၻ႔စစ္ေနာက္ပိုင္းကမာၻႀကီးအတြက္အႀကီးမားဆုံးစိန္ေခၚမႈတစ္ရပ္ျဖစ္လို႔ လူမႈစီးပြားေရးမွာ မည္သည့္အေျခအေနႏွင့္မွမတူသည့္တုံ႔ေႏွးမႈမ်ားျဖစ္သြားႏိုင္တယ္လို႔ သတိေပးထားပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ကေတာ့ လာမည့္ ရက္မ်ားအတြင္း ကို႐ိုနာဗိုင္းရပ္ေၾကာင့္ ေသဆုံးသူ အေရ အတြက္သည္ ၅ သိန္းအထိရွိလာႏိုင္တယ္လို႔ ဧၿပီ ၂ ရက္မွာထုတ္ျပန္သတိေပးခဲ့ပါတယ္။ဗိုင္းရပ္စ္က လူသားေတြ အသက္ရွင္သန္ေရးကိုသာမက ကမာၻတစ္ဝန္းစီးပြားေရးနဲ႔လူမႈေရးကိုပါ ထိခိုက္လာေနတဲ့ အတြက္ အခ်ိန္မီ ကာကြယ္ေဆးေတြ႕ပါမလား၊ ကုသေဆးေတြ႕ပါမလားဆိုတာေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ဒီလိုသတင္းေတြအျပင္ ရွန္ဟိုင္းအနီးပင္လယ္ျပင္မွာ ဂ်ပန္ ေရတပ္ ဖ်က္သေဘၤာတစ္စင္းႏွင့္ တ႐ုတ္ ငါးဖမ္းေရယာဥ္တစ္စင္းတို႔တိုက္မိခဲ့တဲ့သတင္း၊တ႐ုတ္ႏိုင္ငံ စီခြၽမ္ျပည္နယ္ ရွီခ်န္းၿမိဳ႕အနီးမွာ ေတာမီးေလာင္မႈထဲ မီးသတ္သမား ၁၈ ဦး ႏွင့္ သစ္ေတာလမ္းျပတစ္ဦးတို႔ ေသဆုံးခဲ့တဲ့ သတင္း၊ဒတ္ရွ္လူမ်ိဳးပန္းခ်ီပညာရွင္ ဗင္းဆင့္ ဗန္ဂိုး၏ ပန္းခ်ီကားတစ္ခ်ပ္ နယ္သာလန္ႏိုင္ငံ Singer Larenျပတိုက္မွ ခိုးယူခံလိုက္ရတဲ့ သတင္း၊ကို႐ိုနာဗိုင္း ရပ္စ္ႏွင့္ရင္ဆိုင္ေနရတဲ့ တ႐ုတ္ႏွင့္အျခားႏိုင္ငံမ်ားအေပၚခ်မွတ္ထားသည့္ပိတ္ဆို႔အေရးယူမႈမ်ားအား ေလွ်ာ့ခ် ေပးရန္အေမရိကန္ စဥ္းစားေနတဲ့ သတင္း၊အေမရိကန္ႏိုင္ငံအိုင္ဒါဟိုျပည္နယ္မွာအဂၤါေန႔က ရစ္ခ်္တာ စေကး ၆ဒသမ၅မဂၢနီက်ဴ႕အဆင့္ရွိအင္အားျပင္းေျမငလ်င္တစ္ခုလႈပ္ခတ္ခဲ့တဲ့ သတင္း၊ဆီးရီးယားႏွင့္ တူရကီနယ္စပ္ရွိ ပင္လယ္ျပင္ကိုဗဟိုျပဳၿပီး အင္အားအသင့္အတင့္ရွိ ေျမငလ်င္လႈပ္ခတ္ခဲ့တဲ့ သတင္း၊ကို႐ိုနာဗိုင္းရပ္ျဖစ္ ပြား ေနေသာေၾကာင့္ဘာသာေရးအက်ဥ္းသားသန္းေပါင္းမ်ားစြာကိုလႊတ္ေပးရန္အေမရိကန္ကကမာၻ႔ႏိုင္ငံမ်ားကို ေတာင္းဆိုလိုက္တဲ့ သတင္း၊အင္ဒိုနီးရွားႏိုင္ငံမွာ လူျပည့္က်ပ္သည့္ အက်ဥ္းေထာင္မ်ားမွ အက်ဥ္းသား ၁၈၀၀၀ နီးပါးကို ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြားမႈ ရပ္တန႔္ေရးအတြက္ ျပန္လႊတ္လိုက္တဲ့ သတင္း၊ ေခြးသားႏွင့္ ေၾကာင္သား စားသုံးျခင္းကို ရွန္က်န႔္ၿမိဳ႕မွာ တားျမစ္လိုက္တဲ့သတင္း၊ပနားမားကမ္းလြန္မွာေသာင္တင္ေနခဲ့တဲ့ အေပ်ာ္စီးသေဘၤာ Zaandam ဖေလာ္ရီဒါကမ္းေျခမွာ ဆိုက္ကပ္ခြင့္ရသြားတဲ့ သတင္း၊ယခုႏွစ္အတြင္း အတၱလန္ တိတ္သမုဒၵရာအတြင္း ဟာရီကိန္းမုန္တိုင္း ၄ ခုျဖစ္ႏိုင္တယ္လို႔ သုေတသီေတြက ခန႔္မွန္းခဲ့တဲ့ သတင္းေတြလည္း ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ႏိုင္ငံတကာ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ဧၿပီ - ၆