【 ဆောင်းပါး 】 Covid – 19 နှင့် နိုင်ငံရေးမြင်ကွင်း အခင်းအကျင်း

【 ဆောင်းပါး 】 Covid – 19 နှင့် နိုင်ငံရေးမြင်ကွင်း အခင်းအကျင်း

Covid – 19 ဗိုင်းရပ်စ်ဂယက်လှိုင်းကကမ္ဘာကြီးကိုအကြီးအကျယ် ရိုက်ခတ်ခဲ့တယ်။ ဗိုင်းရပ်စ်ဂယက်လှိုင်း နဲ့အတူ နေရာ တိုင်း မှာကြားနေရတဲ့အသံတွေကတော့ ကမ္ဘာကြီးဟာစစ်ပွဲတစ်ပွဲကိုဆင်နွှဲနေရတယ်ဆိုတဲ့ အသံ တွေ ပဲဖြစ်တယ်။ မှန်ပါတယ်။ ကမ္ဘာကြီးပေါ်က လူသားအားလုံးကပ်ရောဂါစစ်ပွဲကိုဆင်နွှဲ နေရတယ်ဆိုတဲ စိတ် ခံစားမှုရှိနေကြတာပါ။ ကမ္ဘာ့နေရာအနှံ့အပြားကနိုင်ငံအသီးသီးမှာCovid – 19 ဂယက်လှိုင်းကြောင့် အထိတ်ထိတ် အပျာပျာဖြစ်နေကြတယ်။ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတိုးပွားမလာအောင် ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြရတယ်။ နေ့စဉ် နဲ့အမျှ အစိုးရတွေကပြည်သူတွေကိုဆော်ဩနေတဲ့ အသံကိုပဲကြည့်။ ပြည်သူတွေအိမ်ထဲမှာနေကြပါ။ လက်ဆေးပါ ။ ဗိုင်းရပ်စ်ကူးစက်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိလိုက်နာကြပါ။ အားလုံးစည်းလုံးညီညွတ်ကြပါဆိုတဲ့ အသံတွေဟာကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စတင်ဖြစ်ပွားစဉ်ကတည်းက ထပ်ပြန်တလဲလဲကြားနေရတဲ့ အသံတွေပဲဖြစ်တယ်။

လက်ရှိရင်ဆိုင်နေရတဲ့ ကပ်ရောဂါဟာကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်တယ်။ ကပ်ရောဂါထိန်းချုပ်နိုင် ရေးကို ကမ္ဘာ့ အစိုးရအသီး သီးကထိန်းချုပ်ဖို့ ကြိုးပမ်းနေကြတယ်။ ဒီလိုထိန်းချုပ်တဲ့ နေရာမှာတစ်နိုင်ငံနှင့် တစ်နိုင်ငံတူညီမှုရှိမှတော့ မဟုတ်ဘူး။ဆိုရရင် ကမ္ဘာ့နိုင်ငံတွေဆိုတာမတူညီတဲ့ နိုင်ငံရေးစနစ်တွေနဲ့ စီမံအုပ် ချုပ်နေတာဖြစ်တဲ့အတွက် မတူညီတဲ့ စီမံဆောင်ရွက်မှုတွေရှိနေမှာလည်းအမှန်ပဲဖြစ်တယ်။

အနောက်နိုင်ငံအများစုကဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေဖြစ်နေတဲ့အတွက် ကြုံတွေ့လာတဲ့ အ ကျပ် အတည်းကိုဖြေရှင်းရာမှာနိုင်ငံရေးသက်ရောက်မှုတွေရှိလာနိုင်မှာဖြစ်တယ်။ စီမံဆောင်ရွက်တဲ့ အစိုးရရဲ့ ကောင်းမွန်မှု့ ညံ့ဖျင်းမှုအပေါ် မူတည်ပြီးဒီမိုကရေစီအစိုးရတွေအနေနဲ့ နိုင်ငံရေးအပြောင်းအလဲတွေကို တွေ့ကြုံ လာကြရဖွယ်ရှိပါတယ်။ စီမံဆောင်ရွက်မှုမှားယွင်းမှုရှိ နေတဲ့ အစိုးရတွေကတော့ မဲဆန္ဒရှင်တွေက လာမယ့်ရွေး ကောက်ပွဲတွေကနေအပြစ်ပေးလာကြတော့မှာဖြစ်ပါတယ်။ ဆိုရရင်စီမံဆောင်ရွက်မှု အလွဲအမှားတွေက နိုင်ငံရေး သမားတွေကိုရွေးကောက်ပွဲတွေကနေ အပြစ်ပေးဖြုတ်ချနိုင်တယ်။ ဘာကြောင့်လဲဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက် ရောဂါ အရေးကိစ္စဆိုတာစီမံဆောင်ရွက်မှုညံ့ဖျင်းရင် ညံ့ဖျင်းသလောက်အများပြည်သူတို့ရဲ့ အသက်ကိုပေးဆပ်ရ လောက်အောင် အရေးပါနေတဲ့အတွက် ကြောင့်လည်းဖြစ်တယ်။

လက်ရှိကြုံတွေ့နေရတဲ့ ကပ်ရောဂါကိုကြည့်ရင် ကမ္ဘာပေါ်က ဘယ်အရပ်ဒေသမှာမဆိုတစ်ပုံစံတည်း တွေ့ကြုံခံစား နေရ တာဖြစ်တယ်။ ကြုံတွေ့နေရတဲ့ ကူးစက်ရောဂါထိခိုက်ခံစားနေရမှုနဲ့ ပတ်သက်ရင် နိုင်ငံ တိုင်းမှာရှိတဲ့ အစိုးရတစ်ရပ်ချင်းစီရဲ့ လုပ်ကိုင်ဆောင်ရွက်မှုအပေါ်မူတည်ပြီးထိခိုက်ဆုံးရှုံးမှုအနည်း အများခြား နားနေမှာဖြစ်တယ်။ ဆိုရရင် အစိုးရတွေရဲ့ ဆုံးဖြတ်လုပ်ကိုင်မှုအမှားအယွင်းနည်းရင်နည်းသလောက် ကူးစက် ရောဂါထိန်းချုပ်နိုင်မျှုထိရောက်လာနိုင်စရာရှိပါတယ်။ အများပြည်သူလူထုအနေနဲ့ ခေါင်းဆောင်တွေရဲ့ စီမံ ဆောင်ရွက်မှုအပေါ်မူတည်ပြီးကပ်ရောဂါဘေးဒဏ်ကနေသက်သာရာရမယ့် အနေအထားမှာရှိနေတာကတော့ ငြင်းလို့ရနိုင်မှာမဟုတ်တဲ့အကြောင်းအချက်ပဲဖြစ်တယ်။

တကယ်တော့ကပ်ရောဂါ ထိန်းချုပ်ရေးကြိုးပမ်းဆောင်ရွက်နေတဲ့ အစိုးရတွေထဲမှာအာဏာရှင်ဆန်တဲ့ အစိုးရတွေနဲ့ ဒီမိုကရေစီအစိုးရတွေရဲ့ စီမံဆောင်ရွက်မှုတွေကတော့ သဘောသဘာဝချင်းအတူတူပဲလို့ နိုင်ငံ ရေးဆိုင်ရာကျွမ်းကျင်သူပါမောက္ခဒေးဗစ်ရမ်စီမန်ကဆိုပါတယ်။ ဒေးဗစ်ရမ်စီမန်ကတော့ ဒီမိုကရေစီ နိုင်ငံ တွေဆိုတာပိုပြီးကောင်းမွန်တဲ့နေရာ၊ ပိုမိုညင်သာပျော့ပြောင်းပြီးစာနာထောက်ထားတတ်တဲ့ နေရာတွေတော့ မဟုတ်ဘူးလို့လည်းဆိုတယ်။ ပြဿနာတွေကိုကြိုတင်ဟန့်တားတာဟာ ဒီမိုကရေစီစွမ်းအားလည်း မဟုတ် ဘူးလို့ဆိုတယ်။

ပြဿနာနဲ့ပတ်သက်ရင် ဘယ်လိုလုပ်ရမယ်ဆိုတာကိုမရွေးချယ်နိုင်ခင်အချိန်အထိစောင့်ဆိုင်းမယ်။ ပြီး ရင်အဲဒီရွေးချယ်မှုကိုအများသဘောတူလက်ခံဖို့ ဆုံးဖြတ်ရမှာဖြစ်တယ်။ ဆိုရရင် ကိုရိုနာဗိုင်းရပ်စ် လိုကူးစက် ရောဂါပြဿနာကိုဒီမိုကရေစီနိုင်ငံတွေရဲ့ ကိုင်တွယ်ဖြေရှင်းမှုကနောက်ကျလေ့ရှိတဲ့ သဘောပဲဖြစ်တယ်။

တရုတ်နိုင်ငံလို အာဏာရှင်ဆန်ဆန် အစိုးရတွေကျတော့ ဒီမိုကရေစီကျင့်သုံးတဲ့ အစိုးရတွေနဲ့ ကွဲပြား ခြားနားတယ်။ အာဏာရှင်ဆန် ဆန်နိုင်ငံတွေမှာတစ်စုံတရာဆိုးဆိုးရွားရွားရှိမနေသေးဘူးဆိုရင် သူတို့ကသတင်း ဆိုးတွေကိုဖုံးဖိထားတတ်တယ်။ နောက်ဆုံးမလွှဲမ ရှောင်သာလို့ အရပ်ကူပါလူဝိုင်းပါ အခြေအနေမျိုးရောက် တော့မှ တရားဝင်အသိပေးပြီးရှေ့ဆက်ကိုင်တွယ်ဖြေရှင်းမယ်။ ကိုရိုနာဗိုင်းရပ်စ် ပြဿနာမှာတရုတ်နိုင်ငံရဲ့ လုပ်ဆောင်မှုကိုပဲကြည့်။ တရုတ်နိုင်ငံကကြိုတင်ဟန့်တားမှုကိုပြင်းပြင်းထန်ထန် လုပ်ဆောင်ပြီးကူးစက်ရောဂါ မပျံ့ပွားအောင် ထိန်းချုပ်တယ်။ ဒီလိုထိန်းချုပ်ရာမှာလော့ခ်ဒေါင်းကို တင်းတင်းကျပ်ကျပ်လုပ် ဆောင်ပြီး အောင် အောင်မြင်မြင် ထိန်းချုပ်ခဲ့ တာတွေ့ရတယ်။

၂၀ ရာစုနှစ် ကာလအတွင်းစစ်ပွဲပေါင်းများစွာကိုဆင်နွှဲခဲ့စဉ်အချိန်တုန်းကတော့ ဒီမိုကရေစီနိုင်ငံတွေဟာ စနစ်တကျနဲ့ ဗျူဟာကျကျဆောင်ရွက်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ စစ်တိုက်တယ်ဆိုတာရှေ့ကမြင်နေရတဲ့ ရန်သူကို တိုက်ခိုက်တာဖြစ်တယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ရောဂါကျတော့ စစ်ပွဲနဲ့မတူဘူး။ ပြဿနာက ရန်သူကိုမမြင် ရဘူး။ ရန်သူဘယ်မှာရှိနေလဲမသိရဘူး။ ဘယ်အချိန်ဘယ်နေရာမှာဘယ်သူကိုဗိုင်းရပ်စ်ကူးစက်သွားလဲဆိုတာ သိနိုင်ဖို့မလွယ်ဘူး။ ဗိုင်းရပ်စ်ကူးစက်ခံရသူကိုခြေရာခံဖို့ ကြိုးပမ်းနေရတာနဲ့တင် ဗိုင်းရပ်စ်ကကိုယ်ထက် ခြေတစ် လှမ်းသာသလိုဖြစ်နေတယ်။ အဲဒီအတွက် ရလဒ်ကနေ့စဉ်နဲ့အမျှ ရောဂါကူးစက်မှုနဲ့ သေဆုံးသူအရေအတွက် တိုးပွားပြီး ရင်းတိုးပွားနေတဲ့ ပြဿနာကိုရင်ဆိုင်နေရမှာဖြစ်တယ်။ အဓိကကတော့ ကိုရိုနာဗိုင်းရပ်စ်အရေးကိစ္စ က မှန်မှန်ကန်ကန် ဆုံးဖြတ်၊ မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက်ဖို့လိုအပ်မှာဖြစ်တယ်။

ဒီမိုကရေစီနိုင်ငံတွေထဲကတောင်ကိုရီးယားနိုင်ငံဆိုရင် ရောဂါကူးစက်နိုင်ခြေရှိသူတွေကိုခြေရာခံတယ်။ ကူးစက်ပျံ့နှံ့နိုင်ခြေရှိတဲ့ ရောဂါပိုးလက်ခံထားသူတွေကိုကျယ်ကျယ်ပြန့်ပြန့်် ထောက်လှမ်းစစ်ဆေးတယ်။ ဒီလို လုပ်ဆောင်နိုင်အောင်လည်းတောင်ကိုရီးယားနိုင်ငံကအတွေအကြုံရှိနေပြီးသားဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ၂၀၁၅ ခုနှစ်ကတောင်ကိုရီးယားနိုင်ငံမှာအရှေ့အလယ်ပိုင်းဒေသကအသက်ရှူလမ်းကြောင်း ဆိုင်ရာကူးစက် ရောဂါပိုးနဲ့ ရင်ဆိုင်ခဲ့ရဖူးတဲ့အတွက်ကြောင့်ဖြစ်တယ်။ အစ္စရေးနိုင်ငံဆိုရင်လည်းဥရောပနိုင်ငံတွေနဲ့ စာရင် ဗိုင်းရပ်စ်ထိန်းချုပ်ရေးမှာပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်တာတွေ့ရတယ်။

တရုတ်နိုင်ငံမှာတစ်ပါတီတည်းကကျောထောက်နောက်ခံပြုထားတဲ့ အစိုးရကအစစအရာရာစီမံဆောင် ရွက်နေတာဖြစ်တယ်အနောက် နိုင်ငံတွေမှာကျတော့ စီးပွားရေးပညာရှင်တွေနဲ့ ဘဏ်လုပ်ငန်းရှင်တွေက ကြီးစိုး နေတာဖြစ်ပြီးဒီမိုကရေစီကျင့်သုံးမှုစနစ်ရဲ့ ဖိအားသက် ရောက်မှုတွေနဲ့ အတူစီမံဆောင်ရွက်နေတာဖြစ်တယ်။ ဆိုရရင် အနောက်နိုင်ငံတွေမှာ ပြဿနာတစ်ရပ်ကိုဖြေရှင်းရာမှာခက်ခဲရှုပ်ထွေးတဲ့ စီးပွားရေးနဲ့ လူမှုရေး စနစ် တွေနဲ့ အတူနည်းပညာဆိုင်ရာဆုံးဖြတ်ချက်တွေကိုချမှတ်အကောင်အထည်ဖော်ရတာမျိုးဖြစ်တယ်။

ဒါပေမဲ့ ကပ်ရောဂါဂယက်လှိုင်းရိုက်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ အနောက်နိုင်ငံတွေမှာ လည်းကပ် ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးအတွက် အတင်းအဓမ္မကျင့်သုံးရမှုတွေရှိလာခဲ့တယ်။ တကယ်တော့ လက်ရှိ ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ပြဿနာက ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေမှာတွေ့ကြုံနေကျ နည်းပညာ ဆိုင်ရာ ပြဿနာမျိုးမဟုတ်တဲ့အတွက် လက်ရှိပြဿနာနဲ့ အံဝင်ခွင်ကျဖြစ်နိုင်မယ့်အာဏာ ကျင့်သုံးမှု အချို့ကို အလွဲမရှောင်သာကျင့်သုံးလာခဲ့ရတယ်။ တကယ်တော့ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ ကပ်ရောဂါ ပြဿနာဟာ ဒီမိုကရေစီနိုင်ငံတွေနဲ့ အာဏာရှင်ဆန်ဆန်ကျင့်သုံးတဲ့ နိုင်ငံတွေအတွက်တော့ လူသားအားလုံးရဲ့ အနာဂတ် ဆက်လက်ရှင်သန်ရေးကိုပုံဖော်ပေးရမယ့် ပြဿနာပဲဖြစ်ပါတယ်။ ဆိုရရင် ကြုံတွေ့နေရတဲ့ ကပ်ရောဂါ ပြဿနာ ဆိုတာဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေနဲ့ အာဏာရှင်ဆန်ဆန်ကျင့်သုံးတဲ့ နိုင်ငံတွေအကြားက စွမ်းဆောင်မှု ဆိုင်ရာပြိုင်ဆိုင်မှုပြုနေတဲ့ နိုင်ငံရေးမြင်ကွင်းအခင်းအကျင်းအဖြစ် တွေ့မြင်နေရမှာဖြစ်ကြောင်း ဖော်ပြ လိုက်ရ ပါတယ်။

မြင့်နောင်မိုး
မေ - ၁၄

( Zawgyi )

Covid – 19 ဗိုင္းရပ္စ္ဂယက္လႈိင္းကကမာၻႀကီးကိုအႀကီးအက်ယ္ ႐ိုက္ခတ္ခဲ့တယ္။ ဗိုင္းရပ္စ္ဂယက္လႈိင္း နဲ႔အတူ ေနရာ တိုင္း မွာၾကားေနရတဲ့အသံေတြကေတာ့ ကမာၻႀကီးဟာစစ္ပြဲတစ္ပြဲကိုဆင္ႏႊဲေနရတယ္ဆိုတဲ့ အသံ ေတြ ပဲျဖစ္တယ္။ မွန္ပါတယ္။ ကမာၻႀကီးေပၚက လူသားအားလုံးကပ္ေရာဂါစစ္ပြဲကိုဆင္ႏႊဲ ေနရတယ္ဆိုတဲ စိတ္ ခံစားမႈရွိေနၾကတာပါ။ ကမာၻ႔ေနရာအႏွံ႔အျပားကႏိုင္ငံအသီးသီးမွာCovid – 19 ဂယက္လႈိင္းေၾကာင့္ အထိတ္ထိတ္ အပ်ာပ်ာျဖစ္ေနၾကတယ္။ ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈတိုးပြားမလာေအာင္ ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းေနၾကရတယ္။ ေန႔စဥ္ နဲ႔အမွ် အစိုးရေတြကျပည္သူေတြကိုေဆာ္ဩေနတဲ့ အသံကိုပဲၾကည့္။ ျပည္သူေတြအိမ္ထဲမွာေနၾကပါ။ လက္ေဆးပါ ။ ဗိုင္းရပ္စ္ကူးစက္ေရာဂါ ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကိလိုက္နာၾကပါ။ အားလုံးစည္းလုံးညီၫြတ္ၾကပါဆိုတဲ့ အသံေတြဟာကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ စတင္ျဖစ္ပြားစဥ္ကတည္းက ထပ္ျပန္တလဲလဲၾကားေနရတဲ့ အသံေတြပဲျဖစ္တယ္။

လက္ရွိရင္ဆိုင္ေနရတဲ့ ကပ္ေရာဂါဟာကမာၻလုံးဆိုင္ရာကပ္ေရာဂါျဖစ္တယ္။ ကပ္ေရာဂါထိန္းခ်ဳပ္ႏိုင္ ေရးကို ကမာၻ႔ အစိုးရအသီး သီးကထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းေနၾကတယ္။ ဒီလိုထိန္းခ်ဳပ္တဲ့ ေနရာမွာတစ္ႏိုင္ငံႏွင့္ တစ္ႏိုင္ငံတူညီမႈရွိမွေတာ့ မဟုတ္ဘူး။ဆိုရရင္ ကမာၻ႔ႏိုင္ငံေတြဆိုတာမတူညီတဲ့ ႏိုင္ငံေရးစနစ္ေတြနဲ႔ စီမံအုပ္ ခ်ဳပ္ေနတာျဖစ္တဲ့အတြက္ မတူညီတဲ့ စီမံေဆာင္႐ြက္မႈေတြရွိေနမွာလည္းအမွန္ပဲျဖစ္တယ္။

အေနာက္ႏိုင္ငံအမ်ားစုကဒီမိုကေရစီစနစ္က်င့္သုံးတဲ့ ႏိုင္ငံေတြျဖစ္ေနတဲ့အတြက္ ႀကဳံေတြ႕လာတဲ့ အ က်ပ္ အတည္းကိုေျဖရွင္းရာမွာႏိုင္ငံေရးသက္ေရာက္မႈေတြရွိလာႏိုင္မွာျဖစ္တယ္။ စီမံေဆာင္႐ြက္တဲ့ အစိုးရရဲ႕ ေကာင္းမြန္မႈ႕ ညံ့ဖ်င္းမႈအေပၚ မူတည္ၿပီးဒီမိုကေရစီအစိုးရေတြအေနနဲ႔ ႏိုင္ငံေရးအေျပာင္းအလဲေတြကို ေတြ႕ႀကဳံ လာၾကရဖြယ္ရွိပါတယ္။ စီမံေဆာင္႐ြက္မႈမွားယြင္းမႈရွိ ေနတဲ့ အစိုးရေတြကေတာ့ မဲဆႏၵရွင္ေတြက လာမယ့္ေ႐ြး ေကာက္ပြဲေတြကေနအျပစ္ေပးလာၾကေတာ့မွာျဖစ္ပါတယ္။ ဆိုရရင္စီမံေဆာင္႐ြက္မႈ အလြဲအမွားေတြက ႏိုင္ငံေရး သမားေတြကိုေ႐ြးေကာက္ပြဲေတြကေန အျပစ္ေပးျဖဳတ္ခ်ႏိုင္တယ္။ ဘာေၾကာင့္လဲဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ ေရာဂါ အေရးကိစၥဆိုတာစီမံေဆာင္႐ြက္မႈညံ့ဖ်င္းရင္ ညံ့ဖ်င္းသေလာက္အမ်ားျပည္သူတို႔ရဲ႕ အသက္ကိုေပးဆပ္ရ ေလာက္ေအာင္ အေရးပါေနတဲ့အတြက္ ေၾကာင့္လည္းျဖစ္တယ္။

လက္ရွိႀကဳံေတြ႕ေနရတဲ့ ကပ္ေရာဂါကိုၾကည့္ရင္ ကမာၻေပၚက ဘယ္အရပ္ေဒသမွာမဆိုတစ္ပုံစံတည္း ေတြ႕ႀကဳံခံစား ေနရ တာျဖစ္တယ္။ ႀကဳံေတြ႕ေနရတဲ့ ကူးစက္ေရာဂါထိခိုက္ခံစားေနရမႈနဲ႔ ပတ္သက္ရင္ ႏိုင္ငံ တိုင္းမွာရွိတဲ့ အစိုးရတစ္ရပ္ခ်င္းစီရဲ႕ လုပ္ကိုင္ေဆာင္႐ြက္မႈအေပၚမူတည္ၿပီးထိခိုက္ဆုံးရႈံးမႈအနည္း အမ်ားျခား နားေနမွာျဖစ္တယ္။ ဆိုရရင္ အစိုးရေတြရဲ႕ ဆုံးျဖတ္လုပ္ကိုင္မႈအမွားအယြင္းနည္းရင္နည္းသေလာက္ ကူးစက္ ေရာဂါထိန္းခ်ဳပ္ႏိုင္မွ်ဳထိေရာက္လာႏိုင္စရာရွိပါတယ္။ အမ်ားျပည္သူလူထုအေနနဲ႔ ေခါင္းေဆာင္ေတြရဲ႕ စီမံ ေဆာင္႐ြက္မႈအေပၚမူတည္ၿပီးကပ္ေရာဂါေဘးဒဏ္ကေနသက္သာရာရမယ့္ အေနအထားမွာရွိေနတာကေတာ့ ျငင္းလို႔ရႏိုင္မွာမဟုတ္တဲ့အေၾကာင္းအခ်က္ပဲျဖစ္တယ္။

တကယ္ေတာ့ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးႀကိဳးပမ္းေဆာင္႐ြက္ေနတဲ့ အစိုးရေတြထဲမွာအာဏာရွင္ဆန္တဲ့ အစိုးရေတြနဲ႔ ဒီမိုကေရစီအစိုးရေတြရဲ႕ စီမံေဆာင္႐ြက္မႈေတြကေတာ့ သေဘာသဘာဝခ်င္းအတူတူပဲလို႔ ႏိုင္ငံ ေရးဆိုင္ရာကြၽမ္းက်င္သူပါေမာကၡေဒးဗစ္ရမ္စီမန္ကဆိုပါတယ္။ ေဒးဗစ္ရမ္စီမန္ကေတာ့ ဒီမိုကေရစီ ႏိုင္ငံ ေတြဆိုတာပိုၿပီးေကာင္းမြန္တဲ့ေနရာ၊ ပိုမိုညင္သာေပ်ာ့ေျပာင္းၿပီးစာနာေထာက္ထားတတ္တဲ့ ေနရာေတြေတာ့ မဟုတ္ဘူးလို႔လည္းဆိုတယ္။ ျပႆနာေတြကိုႀကိဳတင္ဟန႔္တားတာဟာ ဒီမိုကေရစီစြမ္းအားလည္း မဟုတ္ ဘူးလို႔ဆိုတယ္။

ျပႆနာနဲ႔ပတ္သက္ရင္ ဘယ္လိုလုပ္ရမယ္ဆိုတာကိုမေ႐ြးခ်ယ္ႏိုင္ခင္အခ်ိန္အထိေစာင့္ဆိုင္းမယ္။ ၿပီး ရင္အဲဒီေ႐ြးခ်ယ္မႈကိုအမ်ားသေဘာတူလက္ခံဖို႔ ဆုံးျဖတ္ရမွာျဖစ္တယ္။ ဆိုရရင္ ကို႐ိုနာဗိုင္းရပ္စ္ လိုကူးစက္ ေရာဂါျပႆနာကိုဒီမိုကေရစီႏိုင္ငံေတြရဲ႕ ကိုင္တြယ္ေျဖရွင္းမႈကေနာက္က်ေလ့ရွိတဲ့ သေဘာပဲျဖစ္တယ္။

တ႐ုတ္ႏိုင္ငံလို အာဏာရွင္ဆန္ဆန္ အစိုးရေတြက်ေတာ့ ဒီမိုကေရစီက်င့္သုံးတဲ့ အစိုးရေတြနဲ႔ ကြဲျပား ျခားနားတယ္။ အာဏာရွင္ဆန္ ဆန္ႏိုင္ငံေတြမွာတစ္စုံတရာဆိုးဆိုး႐ြား႐ြားရွိမေနေသးဘူးဆိုရင္ သူတို႔ကသတင္း ဆိုးေတြကိုဖုံးဖိထားတတ္တယ္။ ေနာက္ဆုံးမလႊဲမ ေရွာင္သာလို႔ အရပ္ကူပါလူဝိုင္းပါ အေျခအေနမ်ိဳးေရာက္ ေတာ့မွ တရားဝင္အသိေပးၿပီးေရွ႕ဆက္ကိုင္တြယ္ေျဖရွင္းမယ္။ ကို႐ိုနာဗိုင္းရပ္စ္ ျပႆနာမွာတ႐ုတ္ႏိုင္ငံရဲ႕ လုပ္ေဆာင္မႈကိုပဲၾကည့္။ တ႐ုတ္ႏိုင္ငံကႀကိဳတင္ဟန႔္တားမႈကိုျပင္းျပင္းထန္ထန္ လုပ္ေဆာင္ၿပီးကူးစက္ေရာဂါ မပ်ံ႕ပြားေအာင္ ထိန္းခ်ဳပ္တယ္။ ဒီလိုထိန္းခ်ဳပ္ရာမွာေလာ့ခ္ေဒါင္းကို တင္းတင္းက်ပ္က်ပ္လုပ္ ေဆာင္ၿပီး ေအာင္ ေအာင္ျမင္ျမင္ ထိန္းခ်ဳပ္ခဲ့ တာေတြ႕ရတယ္။

၂၀ ရာစုႏွစ္ ကာလအတြင္းစစ္ပြဲေပါင္းမ်ားစြာကိုဆင္ႏႊဲခဲ့စဥ္အခ်ိန္တုန္းကေတာ့ ဒီမိုကေရစီႏိုင္ငံေတြဟာ စနစ္တက်နဲ႔ ဗ်ဴဟာက်က်ေဆာင္႐ြက္ႏိုင္ခဲ့ၾကတယ္။ ဒါေပမဲ့ စစ္တိုက္တယ္ဆိုတာေရွ႕ကျမင္ေနရတဲ့ ရန္သူကို တိုက္ခိုက္တာျဖစ္တယ္။ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ ေရာဂါက်ေတာ့ စစ္ပြဲနဲ႔မတူဘူး။ ျပႆနာက ရန္သူကိုမျမင္ ရဘူး။ ရန္သူဘယ္မွာရွိေနလဲမသိရဘူး။ ဘယ္အခ်ိန္ဘယ္ေနရာမွာဘယ္သူကိုဗိုင္းရပ္စ္ကူးစက္သြားလဲဆိုတာ သိႏိုင္ဖို႔မလြယ္ဘူး။ ဗိုင္းရပ္စ္ကူးစက္ခံရသူကိုေျခရာခံဖို႔ ႀကိဳးပမ္းေနရတာနဲ႔တင္ ဗိုင္းရပ္စ္ကကိုယ္ထက္ ေျခတစ္ လွမ္းသာသလိုျဖစ္ေနတယ္။ အဲဒီအတြက္ ရလဒ္ကေန႔စဥ္နဲ႔အမွ် ေရာဂါကူးစက္မႈနဲ႔ ေသဆုံးသူအေရအတြက္ တိုးပြားၿပီး ရင္းတိုးပြားေနတဲ့ ျပႆနာကိုရင္ဆိုင္ေနရမွာျဖစ္တယ္။ အဓိကကေတာ့ ကို႐ိုနာဗိုင္းရပ္စ္အေရးကိစၥ က မွန္မွန္ကန္ကန္ ဆုံးျဖတ္၊ ျမန္ျမန္ဆန္ဆန္အေရးယူေဆာင္႐ြက္ဖို႔လိုအပ္မွာျဖစ္တယ္။

ဒီမိုကေရစီႏိုင္ငံေတြထဲကေတာင္ကိုရီးယားႏိုင္ငံဆိုရင္ ေရာဂါကူးစက္ႏိုင္ေျခရွိသူေတြကိုေျခရာခံတယ္။ ကူးစက္ပ်ံ႕ႏွံ႔ႏိုင္ေျခရွိတဲ့ ေရာဂါပိုးလက္ခံထားသူေတြကိုက်ယ္က်ယ္ျပန႔္ျပန္႔္ ေထာက္လွမ္းစစ္ေဆးတယ္။ ဒီလို လုပ္ေဆာင္ႏိုင္ေအာင္လည္းေတာင္ကိုရီးယားႏိုင္ငံကအေတြအႀကဳံရွိေနၿပီးသားျဖစ္တယ္။ ဘာေၾကာင့္လဲဆိုရင္ ၂၀၁၅ ခုႏွစ္ကေတာင္ကိုရီးယားႏိုင္ငံမွာအေရွ႕အလယ္ပိုင္းေဒသကအသက္ရႉလမ္းေၾကာင္း ဆိုင္ရာကူးစက္ ေရာဂါပိုးနဲ႔ ရင္ဆိုင္ခဲ့ရဖူးတဲ့အတြက္ေၾကာင့္ျဖစ္တယ္။ အစၥေရးႏိုင္ငံဆိုရင္လည္းဥေရာပႏိုင္ငံေတြနဲ႔ စာရင္ ဗိုင္းရပ္စ္ထိန္းခ်ဳပ္ေရးမွာပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္ႏိုင္တာေတြ႕ရတယ္။

တ႐ုတ္ႏိုင္ငံမွာတစ္ပါတီတည္းကေက်ာေထာက္ေနာက္ခံျပဳထားတဲ့ အစိုးရကအစစအရာရာစီမံေဆာင္ ႐ြက္ေနတာျဖစ္တယ္အေနာက္ ႏိုင္ငံေတြမွာက်ေတာ့ စီးပြားေရးပညာရွင္ေတြနဲ႔ ဘဏ္လုပ္ငန္းရွင္ေတြက ႀကီးစိုး ေနတာျဖစ္ၿပီးဒီမိုကေရစီက်င့္သုံးမႈစနစ္ရဲ႕ ဖိအားသက္ ေရာက္မႈေတြနဲ႔ အတူစီမံေဆာင္႐ြက္ေနတာျဖစ္တယ္။ ဆိုရရင္ အေနာက္ႏိုင္ငံေတြမွာ ျပႆနာတစ္ရပ္ကိုေျဖရွင္းရာမွာခက္ခဲရႈပ္ေထြးတဲ့ စီးပြားေရးနဲ႔ လူမႈေရး စနစ္ ေတြနဲ႔ အတူနည္းပညာဆိုင္ရာဆုံးျဖတ္ခ်က္ေတြကိုခ်မွတ္အေကာင္အထည္ေဖာ္ရတာမ်ိဳးျဖစ္တယ္။

ဒါေပမဲ့ ကပ္ေရာဂါဂယက္လႈိင္း႐ိုက္ခတ္ခဲ့ၿပီးတဲ့ေနာက္ပိုင္းမွာေတာ့ အေနာက္ႏိုင္ငံေတြမွာ လည္းကပ္ ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈထိန္းခ်ဳပ္ႏိုင္ေရးအတြက္ အတင္းအဓမၼက်င့္သုံးရမႈေတြရွိလာခဲ့တယ္။ တကယ္ေတာ့ လက္ရွိ ရင္ဆိုင္ေနရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ျပႆနာက ဒီမိုကေရစီက်င့္သုံးတဲ့ ႏိုင္ငံေတြမွာေတြ႕ႀကဳံေနက် နည္းပညာ ဆိုင္ရာ ျပႆနာမ်ိဳးမဟုတ္တဲ့အတြက္ လက္ရွိျပႆနာနဲ႔ အံဝင္ခြင္က်ျဖစ္ႏိုင္မယ့္အာဏာ က်င့္သုံးမႈ အခ်ိဳ႕ကို အလြဲမေရွာင္သာက်င့္သုံးလာခဲ့ရတယ္။ တကယ္ေတာ့ လက္ရွိရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ ကပ္ေရာဂါ ျပႆနာဟာ ဒီမိုကေရစီႏိုင္ငံေတြနဲ႔ အာဏာရွင္ဆန္ဆန္က်င့္သုံးတဲ့ ႏိုင္ငံေတြအတြက္ေတာ့ လူသားအားလုံးရဲ႕ အနာဂတ္ ဆက္လက္ရွင္သန္ေရးကိုပုံေဖာ္ေပးရမယ့္ ျပႆနာပဲျဖစ္ပါတယ္။ ဆိုရရင္ ႀကဳံေတြ႕ေနရတဲ့ ကပ္ေရာဂါ ျပႆနာ ဆိုတာဒီမိုကေရစီက်င့္သုံးတဲ့ ႏိုင္ငံေတြနဲ႔ အာဏာရွင္ဆန္ဆန္က်င့္သုံးတဲ့ ႏိုင္ငံေတြအၾကားက စြမ္းေဆာင္မႈ ဆိုင္ရာၿပိဳင္ဆိုင္မႈျပဳေနတဲ့ ႏိုင္ငံေရးျမင္ကြင္းအခင္းအက်င္းအျဖစ္ ေတြ႕ျမင္ေနရမွာျဖစ္ေၾကာင္း ေဖာ္ျပ လိုက္ရ ပါတယ္။

ျမင့္ေနာင္မိုး
ေမ - ၁၄