【 ဆောင်းပါး 】 “NLD အစိုးရနဲ့ ပြည်သူတွေထောက်ခံမှု”

【 ဆောင်းပါး 】 “NLD အစိုးရနဲ့ ပြည်သူတွေထောက်ခံမှု”

မကြာမီက အာဏာရ အင်အယ်ဒီလွှတ်တော် သုံးနှစ်ပြည့် အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပခဲ့ပါတယ်။ပြည်ထောင်စုလွှတ်တော်ကနေ နိုင်ငံတော်သမ္မတနဲ့ ဒု-သမ္မတ နှစ်ဦးကို တင်မြှောက်ခဲ့တာ၊ အင်အယ်ဒီလွှတ်တော်မှာ ကြီးစိုးအာဏာရလာတဲ့ခေတ်မှာမှ ပေါ်ပေါက်လာတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်မြှောက်ခဲ့တာဆိုတော့၊ ပြည်ထောင်စု အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်တွေကို ရွေးချယ်တင်မြှောက်နိုင်တဲ့ ကဏ္ဍဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ အာဏာရ အင်အယ်ဒီပါတီ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စုအစိုးရ ဝန်ကြီးတွေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို ရွေးချယ်ခန့်ထားပိုင်ခွင့် ရခဲ့ပါတယ်။အမှန်တကယ်ဆိုရင်တော့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံံတော်သမ္မတက ပြည်ထောင်စု အစိုးရဝန်ကြီးတွေ ရွေးချယ်ခန့်အပ်ရမှာဖြစ်သလို၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို ရွေးချယ်ခန့်အပ်ရမှာ ဖြစ်ပါတယ်။

ပြောမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံံမှာ ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီခဲ့သလို၊ အာဏာပိုင်ခွင့် ဆိုတာကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီခဲ့ပါဘူး။နိုင်ငံံရေးအခြေအနေပေါ်မှာ မူတည်ပြီး အလျဉ်းသင့်သလို ဆောင်ရွက်နေတာတွေ များနေပါတယ်။ဒီလို ဘာကြောင့်ဖြစ်နေရလဲဆိုတာ အားလုံးသိကြပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံံရေးခေါင်းဆောင်တစ်ဦးအပေါ်မှာ ပြည်သူအများစုရဲ့ ယုံကြည်မှုကို ပုံအပ်ထားတဲ့ အစဉ်အလာဖြစ်နေပါတယ်။

ဒါကလည်း အရှေ့တိုင်းနိုင်ငံတွေရဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အစဉ်အလာရဲ့ အမွေဆက်ခံမှုတစ်ခုပါပဲ။၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုရင်လည်း ပုဂ္ဂိုလ်တစ်ဦးကို ကိုးကွယ်မှုအရ ဖြစ်ပေါ်လာခဲ့ရတာပါ။အခု အာဏာရ အင်အယ်ဒီအစိုးရနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပေါ်ပေါက်လာရတာလည်း ပုဂ္ဂိုလ်တစ်ဦးအပေါ်မှာ ယုံကြည်ကိုးကွယ်မှုကြောင့် ဖြစ်ပေါ်လာရပါတယ်။

မူအရမဟုတ်ပဲ လူအရဖြစ်ပေါ်နေရတဲ့ နိုင်ငံံဖြစ်နေပါတယ်။လူအများစုရဲ့ ကိုးကွယ်ယုံကြည်မှုကို ရရှိထားတဲ့ ပုဂ္ဂိုလ်တစ်ဦးအပေါ်မှာ အနာဂတ် ကောင်းကျိုး ဆိုးကျိုးတွေ ဖြစ်ပေါ်နေပါတယ်။၂၀၁၅ ရွေးကောက်ပွဲမှာ "လူကိုမကြည့်ပါနဲ့၊ မူတစ်ခုထဲကိုကြည့်ပါ" ဆိုတဲ့ ပြည်သူအများစုရဲ့ ယုံကြည်မှုကို ရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စကားတစ်ခွန်းအပေါ်မှာ အနိုင်ရခဲ့တာကို ဘယ်သူမှမငြင်းဆန်နိုင်ပါဘူး။လူကိုမကြည့်ပဲ မူကိုကြည့်ပါ ဆိုတာကလည်း မှန်နေပါတယ်။ဒါပေမယ့် လူပုဂ္ဂိုလ်တစ်ဦးရဲ့ စကားကို လက်ခံကြတာကတော့ မူအရ မဟုတ်ဘူးဆိုတာ သိနိုင်ကြပါတယ်။မြန်မာပြည်သူတွေဟာ နိုင်ငံရေးအတွေ့အကြုံ၊ အရည်အချင်း နည်းနေကြတာကလည်း တိုင်းပြည်အတွက် စိုးရိမ်စရာဖြစ်နေပါတယ်။ပြည်သူတွေဟာ မူဘောင်၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ သဘောတရားတွေကို လေးလေးနက်နက် မသိဘူးလို့ ဆိုရမှာပါ။ဒီကိစ္စက အကောင်းအဆိုး၊ နှစ်မျိုးလုံးဖြစ်တတ်ပါတယ်။

ကျွန်တော်တို့ တိုင်းပြည်ကို ပြန်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် ကို ပြည်သူအများစုက ခေတ်တစ်ခေတ် ပြောင်းလဲနိုင်မယ်လို့ ယုံကြည်ပြီး ပုံအပ်ခဲ့တာကို တွေ့ရမှာပါ။မူသဘောတရားထက် လူကိုယုံကြည်မှုက အဓိကဖြစ်တာကို တွေ့နိုင်မှာပါ။အစကို ပြန်ကောက်ပြီးပြောရရင်၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အင်အယ်ဒီပါတီ အနိုင်ရပြီး တိုင်းပြည်အရေးတွေ လုပ်ပိုင်ခွင့်ရခဲ့တဲ့ အချိန်ကတည်းက မြန်မာပြည်ရဲ့ အနာဂတ်ဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ လုံးဝမူတည်နေပါပြီ။

အရင်အစိုးရအဆက်ဆက် လက်ထက်က ရှုပ်ထွေးမှုတွေကိုလည်း တာဝန်ယူဖြေရှင်းရတော့မှာပါ။ဒီလိုပြဿနာများရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပါတော့မယ်။အဓိကပြဿနာကြီးတွေကို ပြပါဆိုရင်၊ စစ်အာဏာရှင် စနစ်က ရေးဆွဲပြဋ္ဌာန်းထားခဲ့တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ နှစ်ပေါင်းများစွာ မချုပ်ငြိမ်းနိုင်သေးတဲ့ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး၊ ပြည်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းပေးနိုင်ရေးတို့ပါပဲ။အဓိကမကျပေမယ့် ဖြေရှင်းရမယ့် ပြဿနာတွေကတော့ မြန်မာပြည် အနောက်မြောက်က ရခိုင်ပြည်နယ်အရေး၊ အရင်အစိုးရတွေ လက်ထက်မှာ တရုတ်နိုင်ငံ ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားခဲ့တဲ့ မြစ်ဆုံအရေးတွေပါ။

ဒါတွေကို ဖြေရှင်းပေးနိုင်မယ့် ဒေါ်အောင်ဆန်းစုကြည် ကို ပြည်သူတွေ တင်မြှောက်ခဲ့ကြတာပါ။ဒါပေမယ့် ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲမှာ ပုဂ္ဂိုလ်ယုံကြည်မှု မဲတွေပေးခဲ့ကြပြီး တာဝန်ကျေခဲ့ပါပြီ။လက်တွေ့ဆောင်ရွက်ရမှာ၊ ဆောင်ရွက်နိုင်တာ ဒေါ်အောင်ဆန်းစုကြည် ပါပဲ။၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ တားမြစ်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတ မဖြစ်နိုင်ခဲ့တဲ့အတွက်၊ ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ပေးခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတထက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည် မှာ ပိုလုပ်ပိုင်ခွင့် ရှိနေတာကိုလည်း ပြည်သူတွေ သိကြပါတယ်။ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြဿနာတွေကို တစ်ယောက်ထဲဖြေရှင်းလို့ မရပါဘူး။ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက်ဆိုရင် ခေါင်းဆောင်မှု (Leadership) နဲ့ စီမံခန့်ခွဲမှု (Management) နှစ်ပိုင်းခွဲပြီး ဆောင်ရွက်ရပါတော့မယ်။

ခေါင်းဆောင်မှုမှာ ဒေါ်အောင်ဆန်းစုကြည် ကို ဦးတည်ထားပြီး ပြည်ထောင်စုအစိုးရ ဝန်ကြီးတွေက လုပ်ပိုင်ခွင့်အာဏာရ (Position Power) ရယူထားပြီး မဟာဗျူဟာ ရေးဆွဲနိုင်ရပါမယ်။ဒီမဟာဗျူဟာ ရှေ့ဆက်နိုင်ဖို့အတွက် (Presonal Power) ကိုယ်ပိုင်စွမ်းဆောင်နိုင်မှု အပြည့်အဝ ရှိရပါမယ်။ဒေါ်အောင်ဆန်းစုကြည် ရဲ့ မဟာဗျူဟာ ဦးဆောင်မှု အောင်မြင်ဖို့အတွက် လိုအပ်နေတဲ့ စီမံခန့်ခွဲမှုကို မှန်ကန်စွာနေရာပေးပြီး လုပ်ဆောင်နေရပါလိမ့်မယ်။ဒီအပိုင်း နှစ်ပိုင်းဟာ ဟန်ချက်ညီ လည်ပတ်နိုင်မှလည်း မြန်မာပြည်မှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲ စိန်ခေါ်မှုကြီးတွေကို အောင်မြင်စွာဖြေရှင်းနိုင်မှာပါ။ဒီလိုဖြေရှင်းနိုင်ပါမှ အင်အယ်ဒီအစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ပြည်သူတွေ ဆက်လက်ယုံကြည်မှာ ဖြစ်ပါတယ်။

အခု လွှတ်တော်သက်တမ်း သုံးနှစ်ရှိပြီဖြစ်တဲ့ မြန်မာပြည် နိုင်ငံရေးအနေအထားကို သုံးသပ်ကြည့်ရင် ခေါင်းဆောင်မှုအပိုင်းမှာရော၊ စီမံခန့်ခွဲမှုအပိုင်းမှာပါ အောင်မြင်တဲ့ လုပ်ဆောင်ချက်တွေကို မပြနိုင်သေးပါ။ခေါင်းဆောင်မှုအနေနဲ့ကြည့်ရင် မဟာဗျူဟာအပိုင်း မှားနေပြီလားဆိုတာကို ပြန်သုံးသပ်ရပါတော့မယ်။စီမံခန့်ခွဲမှု အပိုင်းတွေမှာလည်း အင်မတန်ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။အဓိကမကျပေမယ့် မြစ်ဆုံအရေးကိုလည်း ပြည်သူတွေ ကန့်ကွက်နေကြပေမယ့် ပြေလည်အောင် မဖြေရှင်းနိုင်သေးတဲ့အပြင် အစိုးရအာဏာနဲ့ လုပ်ပိုင်ခွင့်ရလာရင် စာချုပ်ပါ အချက်တွေကို ပြည်သူတွေကို ချပြမယ်ဆိုပြီး ပြောခဲ့တာလည်း မပြနိုင်သေးပါဘူး။

အတိုက်အခံပါတီ ခေါင်းဆောင်ဖြစ်တုန်းက "ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က..အစိုးရဖြစ်ခဲ့ရင် ပထမဦးဆုံးလုပ်မယ့် ကိစ္စက မြစ်ဆုံက ရေကာတာနဲ့ ပတ်သက်လို့ အစိုးရဟာ သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ဘယ်လိုသဘောတူညီချက်တွေ ယူထားသလဲဆိုတာ ပြည်သူကိုချပြဖို့ ကျွန်မတို့လုပ်ပါမယ်" ဆိုပြီး ပြတ်ပြတ်သားသား ပြောဆိုခဲ့ပေမယ့်၊ အစိုးရခေါင်းဆောင် တစ်ယောက်အနေနဲ့ ပြတ်ပြတ်သားသား မပြောနိုင်ခဲ့ပါဘူး။

နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည် ကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အိုင်ကွန်အနေနဲ့ သတ်မှတ်ခဲ့ပြီး ဆုတွေ၊ ဘွဲ့တွေ ပေးခဲ့ပေမယ့် ရခိုင်အရေးမှာ ဆုတွေ ဘွဲ့တွေ ပြန်ရုတ်သိမ်းကြတဲ့အထိ ဖြစ်နေပါပြီ။တိုင်းပြည်အတွက် အဓိကကျတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး၊ ပြည်သူတွေ ဆင်းရဲကြပ်တည်းနေတဲ့ စားဝတ်နေရေးတွေကို ကောင်းမွန်တဲ့ အရွေ့တစ်ခုရောက်ရှိအောင် မဆောင်ရွက်နိုင်သေးပါဘူး။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့အတွက်ကိုလည်း "ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ချင်ဘူးဆိုပြီးတော့ တောင့်ခံနေတဲ့ ပုဂ္ဂိုလ်များဟာ အကြောင်း (၃) ကြောင်းပဲ ရှိရမယ်။တစ်ခုကတော့ စေတနာမရှိလို့ပဲ။ကျွန်မတို့ ပြည်သူတွေအပေါ်မှာ စေတနာမရှိလို့ ကိုယ့်အတွက်ပဲ ကိုယ်စေတနာရှိလို့ မပြင်ချင်တဲ့သူတွေ ဖြစ်ရမယ်။နောက်တစ်ကြောင်းကတော့ ပညာမရှိလို့ ဖြစ်ရမယ်၊ သေသေချာချာ စဉ်းစားဆင်ခြင်ပြီးတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ကျွန်မတို့နိုင်ငံအတွက် မကောင်းဘူးဆိုတာကို မဆင်ခြင်တတ်လို့ရင်လည်း ဖြစ်ရမယ်။နောက်ဆုံးတစ်ခုကတော့ စေတနာလည်းရှိပါရဲ့၊ ပညာလည်းရှိပါရဲ့၊ သတ္တိမရှိလို့ မပြင်ရဲတဲ့သူတွေလည်း ရှိနိုင်တယ်လို့ ကျွန်မပြောပါမယ်" ဆိုတာကို ပြန်ကြည့်လိုက်ရင်၊ အင်အယ်ဒီ ကြီးစိုးတဲ့လွှတ်တော် သုံးနှစ်ပြည့်ခဲ့ပြီ။ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့ လွှတ်တော်က အသံတိတ်ဆိတ်နေခဲ့တယ်။

ဒီသုံးနှစ်လောက်ကြာနေတာတောင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ အသံပိတ်နေတာဟာ၊ သူတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလိုပဲ၊ စေတနာမရှိလို့လား၊ ပညာမရှိလို့လား၊ သတ္တိမရှိလို့လား ဆိုတာ သုံးသပ်စဉ်းစားစရာတွေ ဖြစ်နေပါတယ်။ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ငြိမ်းချမ်းရေး (၂၁) ရာစု ပင်လုံညီလာခံ တစ်ခုထဲကိုပဲ အဓိကထား ဆောင်ရွက်နေတယ် ဆိုလို့ရှိရင်၊ လွှတ်တော်ကဏ္ဍမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လွှတ်တော်တာဝန်ရှိသူတွေကို တာဝန်ပေးထားခဲ့ရပါမယ်။

ငြိမ်းချမ်းရေးညီလာခံ ရပ်တန့်နေတဲ့ အချိန်ရောက်မှ၊ လွှတ်တော်ကဏ္ဍကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး စပြီးအသံထွက်လာတာကိုကြည့်ရင်၊ အင်အယ်ဒီအစိုးရ ဖြေရှင်းရမယ့် အဓိကပြဿနာကြီးတွေကို ဒေါ်အောင်ဆန်းစုကြည် တစ်ဦးထဲက စီစဉ်ဆောင်ရွက်နေတာလားဆိုတာ စဉ်းစားစရာတွေ ဖြစ်လာပါတယ်။ဒါကိုကြည့်ရင် မိမိကိုယ်ကိုယ် အထင်ကြီးရာရောက်နေတာလို့ နိုင်ငံရေး လေ့လာဆန်းစစ်သူတွေ သံသယဝင်ပြီး မီဒီယာတွေကနေတဆင့် ပြည်သူတွေ သိသွားနိုင်ပါတယ်။၂၀၁၅ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အနိုင်များခဲ့ပေမယ့်၊ အဲဒီနောက် ကြားဖြတ်ရွေးကောက်ပွဲ နှစ်ကြိမ်ရဲ့ ရလဒ်တွေကို ကြည့်လိုက်ရင်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်အယ်ဒီအစိုးရအပေါ်မှာ ပြည်သူတွေ ထောက်ခံမှု လျော့နည်းနေပြီဆိုတာကို တွေ့ရမှာပါ။ဒေါ်အောင်ဆန်းစုကြည် ရဲ့ အင်အယ်ဒီအစိုးရမှာ ခေါင်းဆောင်မှု (Leadership) မဟာဗျူဟာ ရေးဆွဲထားတဲ့ ခိုင်မာမှုမရှိဘူးဆိုတာ ပြနေပါတယ်။

စီမံခန့်ခွဲမှု အပိုင်းမှာလည်း ပြဿနာပေါင်းစုံ ရှိနေတာကို ပြည်ထောင်စုအစိုးရ ဝန်ကြီးတွေ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ပြောဆိုဆောင်ရွက်မှု အမှားတွေကိုကြည့်ရင်လည်း သိနိုင်ပါတယ်။အတိုက်အခံပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာရှိပါတယ်။

"အဝေဖန်မခံနိုင်ရင် ပြည်သူတွေက ဥပဒေဘောင်အတွင်းက..မိမိတို့သဘောထားကို ထုတ်ဖော်တာ ခွင့်မပြုချင်ရင် ဒီမိုကရေစီနိုင်ငံရေး လုပ်လို့မရပါဘူး။အစိုးရကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ စွဲချက်နဲ့ အပြစ်ပေးနိုင်တဲ့ ဥပဒေပုဒ်မတွေကို လေးလေးနက်နက် ဆင်ခြင်သုံးသပ်သင့်ပါပြီ" လို့ ပြောခဲ့တာကိုး။

ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့က ပုဂ္ဂိုလ်တွေ လိုက်နာနေပါရဲ့လား။သူတို့ခေါင်းဆောင် ပြောခဲ့တဲ့စကားကို သူတို့ကိုယ်တိုင် ချိုးဖောက်ပြလိုက်တာလားဆိုတာ တွေးကြည့်လိုက်ရင်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရမှာ စီမံခန့်ခွဲမှုတွေ အခိုင်အမာမရှိဘူးဆိုတာ သိနိုင်ပါတယ်။ အခုဒီလိုအမှားတွေကို ပြည်သူတွေလည်း သိလာကြပါပြီ။
ပြည်သူတွေရဲ့ စားဝတ်နေရေးတွေဟာ ပိုကြပ်တည်းလာတဲ့အပြင်၊ အစိုးရရဲ့ အရည်အချင်း နည်းပါးမှုတွေကိုလည်း ပြည်သူတွေ သိနေကြပါပြီ။

ကျွန်တော်ပြောခဲ့သလိုပဲ၊ ကျွန်တော်တို့နိုင်ငံမှာ မူထက် လူကို ကိုးကွယ်ယုံကြည်မှုဟာ အလေ့အထတစ်ခုလို ခိုင်မာနေပါတယ်။အကောင်းဖက်ရှိနေသလို၊ အဆိုးဖက်လည်းရှိနေပါတယ်။ပြည်သူတွေရဲ့ ယုံကြည်ထောက်ခံမှု မရှိတော့ဘူးဆိုရင် အင်အယ်ဒီအစိုးရ ကျဆုံးသွားနိုင်ပါတယ်။ပြည်သူတွေမှာလည်း ရွေးချယ်မှုပြဿနာ ကြီးမားနေပါပြီ။အခုအချိန်မှာ အင်အယ်ဒီအစိုးရအနေနဲ့ ပြန်ဆင်ခြင် သုံးသပ်ပြီး ပြင်ဆင်နိုင်ဖို့ လိုအပ်နေပါပြီ။ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုတွေကို ခိုင်မာအောင် တည်ဆောက်နိုင်ပါသေးတယ်။ကျွန်တော်ပြောချင်တာကတော့ အတိုက်အခံဘဝမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့စကားကို ပြန်ပြောပြချင်ပါတယ်။

"တချို့က..ခုဒီမှာ တမျိုးပြော၊ ဒီမှာ ဒီဟာလုပ်မယ်ပြော၊ ခု..ဒီမှာ ဟိုဟာလုပ်မယ်ပြော၊ စိတ်တွေကပြောင်းလိုက်၊ အပြောတွေကပြောင်းလိုက်၊ ဒါတွေကို..သူတို့က..ဒါနိုင်ငံရေးပဲလို့ ပြောတယ်။ကျွန်မကတော့.. ဒါနိုင်ငံရေးပဲလို့ နားမလည်ဘူး။ဒါ..ကလိမ်ကကျစ်လုပ်တာပဲလို့ နားလည်တယ်။ဒီလိုနိုင်ငံရေးတွေကို ကျွန်မတို့ လက်ခံလို့မဖြစ်ဘူး" ဆိုပြီး ပြောခဲ့တဲ့စကားလို အစဉ်အမြဲ ကျင့်ကြံနေတာကို ပြည်သူတွေသိမြင်ပြီး၊ ဆက်လက်ထောက်ခံမှုတွေကို ရယူနိုင်မယ်ဆိုရင်…။

မြတ်လှိုင်း
ဖေဖော်ဝါရီ - ၁၄

( Zawgyi )

မၾကာမီက အာဏာရ အင္အယ္ဒီလႊတ္ေတာ္ သုံးႏွစ္ျပည့္ အခမ္းအနားကို ျပည္ေထာင္စုလႊတ္ေတာ္မွာ က်င္းပခဲ့ပါတယ္။ျပည္ေထာင္စုလႊတ္ေတာ္ကေန ႏိုင္ငံေတာ္သမၼတနဲ႔ ဒု-သမၼတ ႏွစ္ဦးကို တင္ေျမႇာက္ခဲ့တာ၊ အင္အယ္ဒီလႊတ္ေတာ္မွာ ႀကီးစိုးအာဏာရလာတဲ့ေခတ္မွာမွ ေပၚေပါက္လာတဲ့ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ကို တင္ေျမႇာက္ခဲ့တာဆိုေတာ့၊ ျပည္ေထာင္စု အဆင့္အျမင့္ဆုံး ပုဂၢိဳလ္ေတြကို ေ႐ြးခ်ယ္တင္ေျမႇာက္ႏိုင္တဲ့ က႑ျဖစ္ပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္က ေ႐ြးခ်ယ္တင္ေျမႇာက္ခဲ့တဲ့ ပုဂၢိဳလ္ေတြထဲမွာ အာဏာရ အင္အယ္ဒီပါတီ ေခါင္းေဆာင္ျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ က ျပည္ေထာင္စုအစိုးရ ဝန္ႀကီးေတြနဲ႔ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြကို ေ႐ြးခ်ယ္ခန႔္ထားပိုင္ခြင့္ ရခဲ့ပါတယ္။အမွန္တကယ္ဆိုရင္ေတာ့ ၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ ႏိုင္ငံံေတာ္သမၼတက ျပည္ေထာင္စု အစိုးရဝန္ႀကီးေတြ ေ႐ြးခ်ယ္ခန႔္အပ္ရမွာျဖစ္သလို၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြကို ေ႐ြးခ်ယ္ခန႔္အပ္ရမွာ ျဖစ္ပါတယ္။

ေျပာမယ္ဆိုရင္ ကြၽန္ေတာ္တို႔ ႏိုင္ငံံမွာ ျပ႒ာန္းထားတဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒကလည္း ဒီမိုကေရစီစံႏႈန္းနဲ႔ မကိုက္ညီခဲ့သလို၊ အာဏာပိုင္ခြင့္ ဆိုတာကလည္း ဖြဲ႕စည္းပုံ အေျခခံဥပေဒနဲ႔ မကိုက္ညီခဲ့ပါဘူး။ႏိုင္ငံံေရးအေျခအေနေပၚမွာ မူတည္ၿပီး အလ်ဥ္းသင့္သလို ေဆာင္႐ြက္ေနတာေတြ မ်ားေနပါတယ္။ဒီလို ဘာေၾကာင့္ျဖစ္ေနရလဲဆိုတာ အားလုံးသိၾကပါတယ္။ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ ႏိုင္ငံံေရးေခါင္းေဆာင္တစ္ဦးအေပၚမွာ ျပည္သူအမ်ားစုရဲ႕ ယုံၾကည္မႈကို ပုံအပ္ထားတဲ့ အစဥ္အလာျဖစ္ေနပါတယ္။

ဒါကလည္း အေရွ႕တိုင္းႏိုင္ငံေတြရဲ႕ ပုဂၢိဳလ္ေရးကိုးကြယ္မႈ အစဥ္အလာရဲ႕ အေမြဆက္ခံမႈတစ္ခုပါပဲ။၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒဆိုရင္လည္း ပုဂၢိဳလ္တစ္ဦးကို ကိုးကြယ္မႈအရ ျဖစ္ေပၚလာခဲ့ရတာပါ။အခု အာဏာရ အင္အယ္ဒီအစိုးရနဲ႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေပၚေပါက္လာရတာလည္း ပုဂၢိဳလ္တစ္ဦးအေပၚမွာ ယုံၾကည္ကိုးကြယ္မႈေၾကာင့္ ျဖစ္ေပၚလာရပါတယ္။

မူအရမဟုတ္ပဲ လူအရျဖစ္ေပၚေနရတဲ့ ႏိုင္ငံံျဖစ္ေနပါတယ္။လူအမ်ားစုရဲ႕ ကိုးကြယ္ယုံၾကည္မႈကို ရရွိထားတဲ့ ပုဂၢိဳလ္တစ္ဦးအေပၚမွာ အနာဂတ္ ေကာင္းက်ိဳး ဆိုးက်ိဳးေတြ ျဖစ္ေပၚေနပါတယ္။၂၀၁၅ ေ႐ြးေကာက္ပြဲမွာ "လူကိုမၾကည့္ပါနဲ႔၊ မူတစ္ခုထဲကိုၾကည့္ပါ" ဆိုတဲ့ ျပည္သူအမ်ားစုရဲ႕ ယုံၾကည္မႈကို ရရွိထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ စကားတစ္ခြန္းအေပၚမွာ အႏိုင္ရခဲ့တာကို ဘယ္သူမွမျငင္းဆန္ႏိုင္ပါဘူး။လူကိုမၾကည့္ပဲ မူကိုၾကည့္ပါ ဆိုတာကလည္း မွန္ေနပါတယ္။ဒါေပမယ့္ လူပုဂၢိဳလ္တစ္ဦးရဲ႕ စကားကို လက္ခံၾကတာကေတာ့ မူအရ မဟုတ္ဘူးဆိုတာ သိႏိုင္ၾကပါတယ္။ျမန္မာျပည္သူေတြဟာ ႏိုင္ငံေရးအေတြ႕အႀကဳံ၊ အရည္အခ်င္း နည္းေနၾကတာကလည္း တိုင္းျပည္အတြက္ စိုးရိမ္စရာျဖစ္ေနပါတယ္။ျပည္သူေတြဟာ မူေဘာင္၊ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ သေဘာတရားေတြကို ေလးေလးနက္နက္ မသိဘူးလို႔ ဆိုရမွာပါ။ဒီကိစၥက အေကာင္းအဆိုး၊ ႏွစ္မ်ိဳးလုံးျဖစ္တတ္ပါတယ္။

ကြၽန္ေတာ္တို႔ တိုင္းျပည္ကို ျပန္ၾကည့္ရင္ ေဒၚေအာင္ဆန္းစုၾကည္ ကို ျပည္သူအမ်ားစုက ေခတ္တစ္ေခတ္ ေျပာင္းလဲႏိုင္မယ္လို႔ ယုံၾကည္ၿပီး ပုံအပ္ခဲ့တာကို ေတြ႕ရမွာပါ။မူသေဘာတရားထက္ လူကိုယုံၾကည္မႈက အဓိကျဖစ္တာကို ေတြ႕ႏိုင္မွာပါ။အစကို ျပန္ေကာက္ၿပီးေျပာရရင္၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ အင္အယ္ဒီပါတီ အႏိုင္ရၿပီး တိုင္းျပည္အေရးေတြ လုပ္ပိုင္ခြင့္ရခဲ့တဲ့ အခ်ိန္ကတည္းက ျမန္မာျပည္ရဲ႕ အနာဂတ္ဟာ ေဒၚေအာင္ဆန္းစုၾကည္ အေပၚမွာ လုံးဝမူတည္ေနပါၿပီ။

အရင္အစိုးရအဆက္ဆက္ လက္ထက္က ရႈပ္ေထြးမႈေတြကိုလည္း တာဝန္ယူေျဖရွင္းရေတာ့မွာပါ။ဒီလိုျပႆနာမ်ားရဲ႕ စိန္ေခၚမႈေတြကို ရင္ဆိုင္ရပါေတာ့မယ္။အဓိကျပႆနာႀကီးေတြကို ျပပါဆိုရင္၊ စစ္အာဏာရွင္ စနစ္က ေရးဆြဲျပ႒ာန္းထားခဲ့တဲ့ ၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး၊ ႏွစ္ေပါင္းမ်ားစြာ မခ်ဳပ္ၿငိမ္းႏိုင္ေသးတဲ့ ျပည္တြင္းစစ္ရပ္စဲေရးနဲ႔ ၿငိမ္းခ်မ္းေရး၊ ျပည္သူေတြရဲ႕ စားဝတ္ေနေရး အခက္အခဲကို ေျဖရွင္းေပးႏိုင္ေရးတို႔ပါပဲ။အဓိကမက်ေပမယ့္ ေျဖရွင္းရမယ့္ ျပႆနာေတြကေတာ့ ျမန္မာျပည္ အေနာက္ေျမာက္က ရခိုင္ျပည္နယ္အေရး၊ အရင္အစိုးရေတြ လက္ထက္မွာ တ႐ုတ္ႏိုင္ငံ ကုမၸဏီေတြနဲ႔ ခ်ဳပ္ဆိုထားခဲ့တဲ့ ျမစ္ဆုံအေရးေတြပါ။

ဒါေတြကို ေျဖရွင္းေပးႏိုင္မယ့္ ေဒၚေအာင္ဆန္းစုၾကည္ ကို ျပည္သူေတြ တင္ေျမႇာက္ခဲ့ၾကတာပါ။ဒါေပမယ့္ ျပည္သူေတြအေနနဲ႔ ေ႐ြးေကာက္ပြဲမွာ ပုဂၢိဳလ္ယုံၾကည္မႈ မဲေတြေပးခဲ့ၾကၿပီး တာဝန္ေက်ခဲ့ပါၿပီ။လက္ေတြ႕ေဆာင္႐ြက္ရမွာ၊ ေဆာင္႐ြက္ႏိုင္တာ ေဒၚေအာင္ဆန္းစုၾကည္ ပါပဲ။၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒရဲ႕ တားျမစ္ခ်က္ေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ ႏိုင္ငံေတာ္သမၼတ မျဖစ္ႏိုင္ခဲ့တဲ့အတြက္၊ ျပည္ေထာင္စုလႊတ္ေတာ္က ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္အျဖစ္ တာဝန္ေပးခဲ့ၾကပါတယ္။

ႏိုင္ငံေတာ္သမၼတထက္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိလ္ ေဒၚေအာင္ဆန္းစုၾကည္ မွာ ပိုလုပ္ပိုင္ခြင့္ ရွိေနတာကိုလည္း ျပည္သူေတြ သိၾကပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ ျပႆနာေတြကို တစ္ေယာက္ထဲေျဖရွင္းလို႔ မရပါဘူး။ဒီျပႆနာေတြကို ေျဖရွင္းႏိုင္ဖို႔အတြက္ဆိုရင္ ေခါင္းေဆာင္မႈ (Leadership) နဲ႔ စီမံခန႔္ခြဲမႈ (Management) ႏွစ္ပိုင္းခြဲၿပီး ေဆာင္႐ြက္ရပါေတာ့မယ္။

ေခါင္းေဆာင္မႈမွာ ေဒၚေအာင္ဆန္းစုၾကည္ ကို ဦးတည္ထားၿပီး ျပည္ေထာင္စုအစိုးရ ဝန္ႀကီးေတြက လုပ္ပိုင္ခြင့္အာဏာရ (Position Power) ရယူထားၿပီး မဟာဗ်ဴဟာ ေရးဆြဲႏိုင္ရပါမယ္။ဒီမဟာဗ်ဴဟာ ေရွ႕ဆက္ႏိုင္ဖို႔အတြက္ (Presonal Power) ကိုယ္ပိုင္စြမ္းေဆာင္ႏိုင္မႈ အျပည့္အဝ ရွိရပါမယ္။ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ မဟာဗ်ဴဟာ ဦးေဆာင္မႈ ေအာင္ျမင္ဖို႔အတြက္ လိုအပ္ေနတဲ့ စီမံခန႔္ခြဲမႈကို မွန္ကန္စြာေနရာေပးၿပီး လုပ္ေဆာင္ေနရပါလိမ့္မယ္။ဒီအပိုင္း ႏွစ္ပိုင္းဟာ ဟန္ခ်က္ညီ လည္ပတ္ႏိုင္မွလည္း ျမန္မာျပည္မွာ ႀကဳံေတြ႕ရင္ဆိုင္ေနရတဲ့ အခက္အခဲ စိန္ေခၚမႈႀကီးေတြကို ေအာင္ျမင္စြာေျဖရွင္းႏိုင္မွာပါ။ဒီလိုေျဖရွင္းႏိုင္ပါမွ အင္အယ္ဒီအစိုးရ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ကို ျပည္သူေတြ ဆက္လက္ယုံၾကည္မွာ ျဖစ္ပါတယ္။

အခု လႊတ္ေတာ္သက္တမ္း သုံးႏွစ္ရွိၿပီျဖစ္တဲ့ ျမန္မာျပည္ ႏိုင္ငံေရးအေနအထားကို သုံးသပ္ၾကည့္ရင္ ေခါင္းေဆာင္မႈအပိုင္းမွာေရာ၊ စီမံခန႔္ခြဲမႈအပိုင္းမွာပါ ေအာင္ျမင္တဲ့ လုပ္ေဆာင္ခ်က္ေတြကို မျပႏိုင္ေသးပါ။ေခါင္းေဆာင္မႈအေနနဲ႔ၾကည့္ရင္ မဟာဗ်ဴဟာအပိုင္း မွားေနၿပီလားဆိုတာကို ျပန္သုံးသပ္ရပါေတာ့မယ္။စီမံခန႔္ခြဲမႈ အပိုင္းေတြမွာလည္း အင္မတန္ရႈပ္ေထြးမႈေတြ ရွိေနပါတယ္။အဓိကမက်ေပမယ့္ ျမစ္ဆုံအေရးကိုလည္း ျပည္သူေတြ ကန႔္ကြက္ေနၾကေပမယ့္ ေျပလည္ေအာင္ မေျဖရွင္းႏိုင္ေသးတဲ့အျပင္ အစိုးရအာဏာနဲ႔ လုပ္ပိုင္ခြင့္ရလာရင္ စာခ်ဳပ္ပါ အခ်က္ေတြကို ျပည္သူေတြကို ခ်ျပမယ္ဆိုၿပီး ေျပာခဲ့တာလည္း မျပႏိုင္ေသးပါဘူး။

အတိုက္အခံပါတီ ေခါင္းေဆာင္ျဖစ္တုန္းက "ကြၽန္မတို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က..အစိုးရျဖစ္ခဲ့ရင္ ပထမဦးဆုံးလုပ္မယ့္ ကိစၥက ျမစ္ဆုံက ေရကာတာနဲ႔ ပတ္သက္လို႔ အစိုးရဟာ သက္ဆိုင္ရာ ကုမၸဏီေတြနဲ႔ ဘယ္လိုသေဘာတူညီခ်က္ေတြ ယူထားသလဲဆိုတာ ျပည္သူကိုခ်ျပဖို႔ ကြၽန္မတို႔လုပ္ပါမယ္" ဆိုၿပီး ျပတ္ျပတ္သားသား ေျပာဆိုခဲ့ေပမယ့္၊ အစိုးရေခါင္းေဆာင္ တစ္ေယာက္အေနနဲ႔ ျပတ္ျပတ္သားသား မေျပာႏိုင္ခဲ့ပါဘူး။

ႏိုင္ငံတကာက ေဒၚေအာင္ဆန္းစုၾကည္ ကို ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရး အိုင္ကြန္အေနနဲ႔ သတ္မွတ္ခဲ့ၿပီး ဆုေတြ၊ ဘြဲ႕ေတြ ေပးခဲ့ေပမယ့္ ရခိုင္အေရးမွာ ဆုေတြ ဘြဲ႕ေတြ ျပန္႐ုတ္သိမ္းၾကတဲ့အထိ ျဖစ္ေနပါၿပီ။တိုင္းျပည္အတြက္ အဓိကက်တဲ့ ၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး၊ ၿငိမ္းခ်မ္းေရး၊ ျပည္သူေတြ ဆင္းရဲၾကပ္တည္းေနတဲ့ စားဝတ္ေနေရးေတြကို ေကာင္းမြန္တဲ့ အေ႐ြ႕တစ္ခုေရာက္ရွိေအာင္ မေဆာင္႐ြက္ႏိုင္ေသးပါဘူး။

ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဖို႔အတြက္ကိုလည္း "ဖြဲ႕စည္းပုံ အေျခခံဥပေဒကို မျပင္ခ်င္ဘူးဆိုၿပီးေတာ့ ေတာင့္ခံေနတဲ့ ပုဂၢိဳလ္မ်ားဟာ အေၾကာင္း (၃) ေၾကာင္းပဲ ရွိရမယ္။တစ္ခုကေတာ့ ေစတနာမရွိလို႔ပဲ။ကြၽန္မတို႔ ျပည္သူေတြအေပၚမွာ ေစတနာမရွိလို႔ ကိုယ့္အတြက္ပဲ ကိုယ္ေစတနာရွိလို႔ မျပင္ခ်င္တဲ့သူေတြ ျဖစ္ရမယ္။ေနာက္တစ္ေၾကာင္းကေတာ့ ပညာမရွိလို႔ ျဖစ္ရမယ္၊ ေသေသခ်ာခ်ာ စဥ္းစားဆင္ျခင္ၿပီးေတာ့ ဒီဖြဲ႕စည္းပုံ အေျခခံဥပေဒဟာ ကြၽန္မတို႔ႏိုင္ငံအတြက္ မေကာင္းဘူးဆိုတာကို မဆင္ျခင္တတ္လို႔ရင္လည္း ျဖစ္ရမယ္။ေနာက္ဆုံးတစ္ခုကေတာ့ ေစတနာလည္းရွိပါရဲ႕၊ ပညာလည္းရွိပါရဲ႕၊ သတၱိမရွိလို႔ မျပင္ရဲတဲ့သူေတြလည္း ရွိႏိုင္တယ္လို႔ ကြၽန္မေျပာပါမယ္" ဆိုတာကို ျပန္ၾကည့္လိုက္ရင္၊ အင္အယ္ဒီ ႀကီးစိုးတဲ့လႊတ္ေတာ္ သုံးႏွစ္ျပည့္ခဲ့ၿပီ။ၿပီးခဲ့တဲ့ သုံးႏွစ္အတြင္း ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဖို႔ လႊတ္ေတာ္က အသံတိတ္ဆိတ္ေနခဲ့တယ္။

ဒီသုံးႏွစ္ေလာက္ၾကာေနတာေတာင္ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ဖို႔ အသံပိတ္ေနတာဟာ၊ သူတို႔ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ေျပာခဲ့သလိုပဲ၊ ေစတနာမရွိလို႔လား၊ ပညာမရွိလို႔လား၊ သတၱိမရွိလို႔လား ဆိုတာ သုံးသပ္စဥ္းစားစရာေတြ ျဖစ္ေနပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ ၿငိမ္းခ်မ္းေရး (၂၁) ရာစု ပင္လုံညီလာခံ တစ္ခုထဲကိုပဲ အဓိကထား ေဆာင္႐ြက္ေနတယ္ ဆိုလို႔ရွိရင္၊ လႊတ္ေတာ္က႑မွာ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ဖို႔ လႊတ္ေတာ္တာဝန္ရွိသူေတြကို တာဝန္ေပးထားခဲ့ရပါမယ္။

ၿငိမ္းခ်မ္းေရးညီလာခံ ရပ္တန႔္ေနတဲ့ အခ်ိန္ေရာက္မွ၊ လႊတ္ေတာ္က႑ကေန ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး စၿပီးအသံထြက္လာတာကိုၾကည့္ရင္၊ အင္အယ္ဒီအစိုးရ ေျဖရွင္းရမယ့္ အဓိကျပႆနာႀကီးေတြကို ေဒၚေအာင္ဆန္းစုၾကည္ တစ္ဦးထဲက စီစဥ္ေဆာင္႐ြက္ေနတာလားဆိုတာ စဥ္းစားစရာေတြ ျဖစ္လာပါတယ္။ဒါကိုၾကည့္ရင္ မိမိကိုယ္ကိုယ္ အထင္ႀကီးရာေရာက္ေနတာလို႔ ႏိုင္ငံေရး ေလ့လာဆန္းစစ္သူေတြ သံသယဝင္ၿပီး မီဒီယာေတြကေနတဆင့္ ျပည္သူေတြ သိသြားႏိုင္ပါတယ္။၂၀၁၅ ေ႐ြးေကာက္ပြဲမွာ တစ္ႏိုင္ငံလုံး အႏိုင္မ်ားခဲ့ေပမယ့္၊ အဲဒီေနာက္ ၾကားျဖတ္ေ႐ြးေကာက္ပြဲ ႏွစ္ႀကိမ္ရဲ႕ ရလဒ္ေတြကို ၾကည့္လိုက္ရင္၊ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အင္အယ္ဒီအစိုးရအေပၚမွာ ျပည္သူေတြ ေထာက္ခံမႈ ေလ်ာ့နည္းေနၿပီဆိုတာကို ေတြ႕ရမွာပါ။ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ အင္အယ္ဒီအစိုးရမွာ ေခါင္းေဆာင္မႈ (Leadership) မဟာဗ်ဴဟာ ေရးဆြဲထားတဲ့ ခိုင္မာမႈမရွိဘူးဆိုတာ ျပေနပါတယ္။

စီမံခန႔္ခြဲမႈ အပိုင္းမွာလည္း ျပႆနာေပါင္းစုံ ရွိေနတာကို ျပည္ေထာင္စုအစိုးရ ဝန္ႀကီးေတြ၊ တိုင္းနဲ႔ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြရဲ႕ေျပာဆိုေဆာင္႐ြက္မႈ အမွားေတြကိုၾကည့္ရင္လည္း သိႏိုင္ပါတယ္။အတိုက္အခံပါတီအေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာခဲ့တာရွိပါတယ္။

"အေဝဖန္မခံႏိုင္ရင္ ျပည္သူေတြက ဥပေဒေဘာင္အတြင္းက..မိမိတို႔သေဘာထားကို ထုတ္ေဖာ္တာ ခြင့္မျပဳခ်င္ရင္ ဒီမိုကေရစီႏိုင္ငံေရး လုပ္လို႔မရပါဘူး။အစိုးရကို အၾကည္ညိဳပ်က္ေစတယ္ဆိုတဲ့ စြဲခ်က္နဲ႔ အျပစ္ေပးႏိုင္တဲ့ ဥပေဒပုဒ္မေတြကို ေလးေလးနက္နက္ ဆင္ျခင္သုံးသပ္သင့္ပါၿပီ" လို႔ ေျပာခဲ့တာကိုး။

ေဒၚေအာင္ဆန္းစုၾကည္ အစိုးရအဖြဲ႕က ပုဂၢိဳလ္ေတြ လိုက္နာေနပါရဲ႕လား။သူတို႔ေခါင္းေဆာင္ ေျပာခဲ့တဲ့စကားကို သူတို႔ကိုယ္တိုင္ ခ်ိဳးေဖာက္ျပလိုက္တာလားဆိုတာ ေတြးၾကည့္လိုက္ရင္လည္း ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အစိုးရမွာ စီမံခန႔္ခြဲမႈေတြ အခိုင္အမာမရွိဘူးဆိုတာ သိႏိုင္ပါတယ္။ အခုဒီလိုအမွားေတြကို ျပည္သူေတြလည္း သိလာၾကပါၿပီ။
ျပည္သူေတြရဲ႕ စားဝတ္ေနေရးေတြဟာ ပိုၾကပ္တည္းလာတဲ့အျပင္၊ အစိုးရရဲ႕ အရည္အခ်င္း နည္းပါးမႈေတြကိုလည္း ျပည္သူေတြ သိေနၾကပါၿပီ။

ကြၽန္ေတာ္ေျပာခဲ့သလိုပဲ၊ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ မူထက္ လူကို ကိုးကြယ္ယုံၾကည္မႈဟာ အေလ့အထတစ္ခုလို ခိုင္မာေနပါတယ္။အေကာင္းဖက္ရွိေနသလို၊ အဆိုးဖက္လည္းရွိေနပါတယ္။ျပည္သူေတြရဲ႕ ယုံၾကည္ေထာက္ခံမႈ မရွိေတာ့ဘူးဆိုရင္ အင္အယ္ဒီအစိုးရ က်ဆုံးသြားႏိုင္ပါတယ္။ျပည္သူေတြမွာလည္း ေ႐ြးခ်ယ္မႈျပႆနာ ႀကီးမားေနပါၿပီ။အခုအခ်ိန္မွာ အင္အယ္ဒီအစိုးရအေနနဲ႔ ျပန္ဆင္ျခင္ သုံးသပ္ၿပီး ျပင္ဆင္ႏိုင္ဖို႔ လိုအပ္ေနပါၿပီ။ေခါင္းေဆာင္မႈနဲ႔ စီမံခန႔္ခြဲမႈေတြကို ခိုင္မာေအာင္ တည္ေဆာက္ႏိုင္ပါေသးတယ္။ကြၽန္ေတာ္ေျပာခ်င္တာကေတာ့ အတိုက္အခံဘဝမွာ ေဒၚေအာင္ဆန္းစုၾကည္ ေျပာခဲ့တဲ့စကားကို ျပန္ေျပာျပခ်င္ပါတယ္။

"တခ်ိဳ႕က..ခုဒီမွာ တမ်ိဳးေျပာ၊ ဒီမွာ ဒီဟာလုပ္မယ္ေျပာ၊ ခု..ဒီမွာ ဟိုဟာလုပ္မယ္ေျပာ၊ စိတ္ေတြကေျပာင္းလိုက္၊ အေျပာေတြကေျပာင္းလိုက္၊ ဒါေတြကို..သူတို႔က..ဒါႏိုင္ငံေရးပဲလို႔ ေျပာတယ္။ကြၽန္မကေတာ့.. ဒါႏိုင္ငံေရးပဲလို႔ နားမလည္ဘူး။ဒါ..ကလိမ္ကက်စ္လုပ္တာပဲလို႔ နားလည္တယ္။ဒီလိုႏိုင္ငံေရးေတြကို ကြၽန္မတို႔ လက္ခံလို႔မျဖစ္ဘူး" ဆိုၿပီး ေျပာခဲ့တဲ့စကားလို အစဥ္အၿမဲ က်င့္ႀကံေနတာကို ျပည္သူေတြသိျမင္ၿပီး၊ ဆက္လက္ေထာက္ခံမႈေတြကို ရယူႏိုင္မယ္ဆိုရင္…။

ျမတ္လႈိင္း
ေဖေဖာ္ဝါရီ - ၁၄