【 ဆောင်းပါး 】 “အလှမ်းကျယ်ပြီး အစပျောက်နေတဲ့ ငြိမ်းချမ်းရေး”

【 ဆောင်းပါး 】 “အလှမ်းကျယ်ပြီး အစပျောက်နေတဲ့ ငြိမ်းချမ်းရေး”

အမြဲတမ်း ရွှေပြည်တော်မျှော်တိုင်းဝေးလို့ ကျွန်တော်တို့ ပြောနေခဲ့ရတယ်။အမှန်တကယ်လဲ ဝေးနေခဲ့တာပါ။ကျွန်တော်တို့ မြန်မာပြည်ဟာ လွတ်လပ်ရေးမရခင်ကတည်းက ပြည်တွင်းစစ်မီးတွေ လောင်ကျွမ်းခဲ့ရတာပါ။လွတ်လပ်ရေးနဲ့ ပြည်တွင်းစစ်ဟာ ဖွားဖက်တော်ဖြစ်တယ်လို့ ဆိုရမှာပါ။

ကျွန်တော်တို့နိုင်ငံဟာ ခေတ်သုံးခေတ်ကို ကျော်ဖြတ်ခဲ့ရပြီးပါပြီ။လွတ်လပ်ရေးရပြီးစ ပါလီမန်ခေတ်၊ တစ်ပါတီ အာဏာရှင်ခေတ်၊ စစ်အာဏာရှင်ခေတ်တွေပါ။အလွန်ဆိုးရွားလွန်းတဲ့ ခေတ်တွေကို ဖြတ်သန်းနေရတဲ့ ကာလတစ်လျှောက်လုံး ပြည်တွင်းစစ်မီး တောက်လောင်နေသလို တိုင်းရင်းသားပြည်သူတွေ ရင်ထဲမှာလဲ အပူမီးတွေ ကူးစက်နေခဲ့ရပါတယ်။

လွတ်လပ်ရေးမရခင်က နယ်ချဲ့အင်္ဂလိပ်နဲ့ ဖက်ဆစ်ဂျပန်တွေကို တိုက်ခဲ့တဲ့စစ်တွေဟာ တရားသောစစ်တွေပါ။ကိုယ့်နိုင်ငံကို ကျူးကျော်ချယ်လှယ်ခဲ့သူတွေကို ကိုယ့်နိုင်ငံ လွတ်လပ်ရေးအတွက်၊ ကိုယ့်မြန်မာလူမျိုးတွေ သူ့ကျွန်ဘဝက လွတ်မြောက်ဖို့ တော်လှန်တိုက်ခိုက်ခဲ့တာတွေက တရားသောစစ်အဖြစ် လက်ခံရမှာပါ။လောကရဲ့ သဘာဝဖြစ်စဉ်အဖြစ် လူတိုင်းလက်ခံခဲ့ကြပါတယ်။

လွတ်လပ်ရေးရပြီးတဲ့ အချိန်မှာတော့ ပြည်တွင်းမှာ တိုင်းရင်းသား ပြည်သူအချင်းချင်း လက်နက်စွဲကိုင် တိုက်ခိုက်နေတဲ့ စစ်ပွဲတွေကိုတော့ ပြည်သူအများစုကြီးက တရားသောစစ်လို့ လက်မခံခဲ့ပါဘူး။လူမျိုးစုတွေ ကွဲ ပြားနေပေမယ့် အားလုံးသော လူမျိုးစုတွေဟာ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ အတူတကွနေထိုင်ခဲ့ကြတဲ့ တိုင်းရင်းသားပြည်သူများပါပဲ။
တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေခဲ့ကြတာက ဗိုလ်ကျစိုးမိုးရေးဝါဒတွေပါပဲ။ပြည်တွင်းစစ်ကို တိုင်းရင်းသားပြည်သူတွေအနေနဲ့ ရပ်စေချင်ခဲ့တာ နှစ်ပေါင်းခုနှစ်ဆယ် ကြာခဲ့ပါပြီ။ပြည်တွင်းစစ်ကြောင့် လက်နက်ကိုင် တိုက်နေကြပြီး သေဆုံးတဲ့လူတွေဟာ ကိုယ့်နိုင်ငံရဲ့ တိုင်းရင်းသားပြည်သူတွေပါပဲ။ပြည်တွင်းစစ်ကြောင့် သေခဲ့ရတဲ့။
ဆင်းရဲဒုက္ခရောက်ခဲ့ကြတဲ့ တိုင်းရင်းသားပြည်သူတွေလဲ မနည်းတော့ပါဘူး။

ကျွန်တော်တို့ ကျော်လွန်ခဲ့တဲ့ ခေတ်တွေမှာလဲ တိုင်းရင်းသားပြည်သူတွေ ပြည်ထောင်စုအစိုးရကို တောင်းဆိုခဲ့ကြတာ ပြည်တွင်းစစ်မဖြစ်ဖို့ ငြိမ်းချမ်းရေးကို တောင်းဆိုခဲ့ကြတာပါ။တရားသောစစ်ပွဲအဖြစ် ပြည်သူတွေ မထောက်ခံခဲ့ကြပါဘူး။အာဏာနဲ့ အဓမ္မထောက်ခံခိုင်းလို့သာ ထောက်ခံပွဲမှာ ပါဝင်ခဲ့ကောင်း ပါဝင်ခဲ့ကြမယ်။

ဒါပေမယ့် တိုင်းရင်းသားပြည်သူတွေရဲ့ ရင်ထဲမှာတော့ ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒတွေပဲ ရှိနေခဲ့ပါတယ်။ပြည်တွင်းစစ်မီး တောက်လောင်နေလို့ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေခဲ့ရတာပါ။အဓိက က တောင်တန်းနေ တိုင်းရင်းသားပြည်သူတွေပါ။ပြောမယ်ဆိုရင် ပြည်တွင်းစစ်ကြောင့် လူမှုရေး။စီးပွားရေး။ပညာရေး။ကျန်းမာရေး ကဏ္ဍတွေ အဖက်ဖက်က နိမ့်ကျခဲ့ရတာပါ။ပြောမယ်ဆိုရင် ပြည်တွင်းစစ်ကြောင့် မြန်မာတစ်ပြည်လုံး ဒုက္ခရောက်ခဲ့ရပါတယ်။

နောက် တိုင်းရင်းသား လူမျိုးအချင်းချင်း အမုန်းပွားမှုတွေ ကြီးမားလာခဲ့ရပါတယ်။ပြည်ထောင်စုတပ်မတော်မှာ အများစုပါဝင်တာက ဗမာလူမျိုးတွေပါ။တိုင်းရင်းသား လက်နက်ကိုင်နေသူနဲ့ တိုက်ခိုက်ခဲ့ရပါတယ်။ဗမာလူမျိုးအများစု ပါဝင်တဲ့အတွက် အင်အားကြီးခဲ့ပါတယ်။အဲဒီအခါ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အမြင်မှာ ဗမာလူမျိုးကြီးဝါဒ ကြီးစိုးနေတယ်လို့ မြင်ခဲ့ကြပါတယ်။တိုင်းရင်းသား လက်နက်ကိုင်သူတွေအပြင် ရိုးရိုးသားသား ငြိမ်းချမ်းစွာနေထိုင်နေကြတဲ့ တိုင်းရင်းသားတွေကလည်း ဗမာမုန်းတီးရေး အမြင်များ ဖြစ်ပေါ်ကြီးထွားလာခဲ့ပါတယ်။မြန်မာပြည်မှာ နေထိုင်တဲ့ တိုင်းရင်းသားပြည်သူတွေက ဘယ်လိုငြိမ်းချမ်းရေးကို တောင်းခဲ့။တောင်းခဲ့ ပြည်တွင်းစစ်ဟာ ဖြစ်နေတုန်းပါပဲ။
လွတ်လပ်ရေးရ ပါလီမန်ခေတ်ကစပြီး စစ်အာဏာရှင်ခေတ်အထိ အစိုးရဆိုသူတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ ယုံကြည်မှုမရှိခဲ့ပါဘူး။ခေတ်သုံးခေတ် အစိုးရတွေရဲ့ လက်အောက်က တပ်မတော်တွေကလည်း အင်အားကြီးမားလာဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတာ ပျက်စီးသွားခဲ့ပါတယ်။တောင်တန်းနေ တိုင်းရင်းသားလူမျိုးတွေကလည်း ဖက်ဒရယ်ပြည်ထောင်စုဆိုတာကို မယုံကြည်တဲ့အထိ ဖြစ်သွားပါတယ်။မြန်မာပြည်ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်း အနေနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ တိုင်းရင်းသားလူမျိုးတွေ ညီညီညွတ်ညွတ် စုပေါင်းနေထိုင်ကြဖို့ ရည်ရွယ်ထားခဲ့ပါတယ်။အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်း ရဲ့ စိတ်ရင်းအမှန်ပါ။ဒီစိတ်ရင်းအမှန်ကိုလဲ တိုင်းရင်းသား ခေါင်းဆောင်တွေကအစ တိုင်းရင်းသားပြည်သူတွေ သိခဲ့ကြပါတယ်။သိခဲ့တာကြောင့်လဲ ပင်လုံစာချုပ်ကို ရေးထိုးခဲ့ကြတာပါ။အရင်ခေတ်က အစိုးရတွေကို တိုင်းရင်းသားတွေ မယုံကြည်ပေမယ့် အမျိုးသားခေါင်းဆောင်ကြီးရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် အစိုးရဖြစ်လာတဲ့အချိန်မှာ တိုင်းရင်းသားပြည်သူတွေအနေနဲ့ မျှော်လင့်အားကိုး ယုံကြည်ခဲ့ကြပါသေးတယ်။

သူမ ဖခင် မျှော်မှန်းခဲ့တဲ့ မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်လာအောင် ကြိုးစားနိုင်တဲ့သူ။အခုအချိန်မှာတော့ သူမ ဖခင် မမျှော်လင့်ခဲ့တဲ့ ပြည်တွင်းစစ်မီးကို သူမကြုံတွေ့နေရပါတယ်။သူမကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံဟာ ပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ဖို့ ပြည်တွင်းစစ်မီးကို ငြိမ်းသတ်နိုင်မှဖြစ်မှာပါ။သူမအရင် အစိုးရတွေကို မယုံကြည်နိုင်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ သူမဦးဆောင်တဲ့ အစိုးရကိုတော့ အစိုးရအာဏာရရှိတဲ့အချိန် အစပိုင်းမှာ ယုံကြည်ကြပါတယ်။ဒေါ်အောင်ဆန်းစုကြည် ကလဲ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်နေတုန်း ပြည်တွင်းငြိမ်းချမ်းရေးဟာ ပထမဦးစားပေး ဆောင်ရွက်ရမယ့်အရာလို့ ပြောထားပါတယ်။

မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ကြောင့် ကမ္ဘာ့နိုင်ငံတွေထဲမှာ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်။အခုအချိန်ထိလည်း အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေတုန်းပါ။တိုင်းပြည်ဟာ နိုင်ငံတကာကို ဆပ်ရမယ့်အကြွေးတွေ အရမ်းများနေပါတယ်။ဒီလောက်ဆင်းရဲနေတဲ့ နိုင်ငံမှာ ပြည်တွင်းစစ်အတွက် သုံးနေရတဲ့ငွေတွေ အများဆုံးအနေအထားမှာ ရှိနေပါတယ်။
ဒီပြည်တွင်းစစ်ပွဲတွေမှာ တိုင်းရင်းသားအချင်းချင်း ဖြစ်နေတဲ့ စစ်တွေမှာ အသုံးပြုနေတဲ့ငွေတွေကို ပြည်ထောင်စု ပြန်လည်တည်ဆောက်ရေးမှာ အသုံးပြုနိုင်မယ်ဆိုရင် တိုင်းပြည်ဟာ ဒီလောက်ကြပ်တည်းနေမယ် မထင်ပါဘူး။

ဒီမိုကရေစီခေတ် အပြောင်းအလဲကာလမှာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို့ အကြပ်အတည်းဖြစ်တာ ပြည်တွင်းစစ်ကြောင့်ဆိုတာ ပြည်သူတွေ သိကြပါတယ်။ကျွန်တော်တို့နိုင်ငံဟာ ပြည်တွင်းစစ်ကို ရပ်လိုက်နိုင်မှ ခေတ်အသစ်ကို စနိုင်မှာပါ။ဒါပေမယ့် ပြည်တွင်းစစ်ကို ငြိမ်းသတ်ဖို့အတွက် အခက်အခဲတွေ ဘယ်လောက်ရှိနေတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်လည်း သိသွားပုံရပါတယ်။အရင်အစိုးရက ရေးဆွဲထားတဲ့ NCA က ဟန့်တားထားသလို ဖြစ်နေပါတယ်။ဒီကိစ္စကလဲ အရင်အစိုးရရဲ့ အဆင့်အတန်းခွဲခြားမှုတွေ ပါပါတယ်။

NCA တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို အကျေအလည် နားလည်မှုယူပြီးမှ ရေးဆွဲသင့်ပါတယ်။တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တစ်ခြမ်း လက်မှတ်ထိုးတာဟာ တစ်နိုင်ငံလုံး အပစ်ရပ်စဲနိုင်တာ မဟုတ်ပါဘူး။ခေါင်းစဉ်ပါအတိုင်း တစ်နိုင်လုံး အပစ်ရပ်စဲနေမှ ဒီစာချုပ်အောင်မြင်တယ် ပြောရမှာပါ။ဒီလို တစ်ခြမ်းလက်မှတ်ထိုးတာကို ဆက်လက်မညှိနှိုင်းပဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ခေါ်ပြီးကျင်းပတာက ပိုရှုပ်ထွေးစေပါတယ်။ငြိမ်းချင်းရေးကိုလဲ လူတွေစုပြီး တောင်းဆိုလို့မရနိုင်ပါဘူး။တစ်ပြည်လုံးက တစ်ပြိုင်နက်ထဲ တောင်းဆိုမယ်ဆိုရင်တောင် မြန်မာပြည်ရဲ့ အဓိကခေါင်းဆောင်တွေရဲ့ ဦးဆောင်ဆွေးနွေးမှုပါမှ အောင်မြင်နိုင်ပါတယ်။

တပ်မတော်ခေါင်းဆောင်ရဲ့ ဖြေလျှော့ပေးမှုကလည်း အရေးကြီးပါတယ်။နောက် မြန်မာပြည်ရဲ့ စစ်ပွဲတွေဖြစ်ခဲ့ရတဲ့ သမိုင်းကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ (ရာစု) ပင်လုံကို ဦးဆောင်ခေါ်ယူကျင်းပနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သေသေချာချာ လေ့လာသိရှိဖို့အတွက်လည်း လိုအပ်နေပါတယ်။အဲဒီလိုပဲ၊ တိုင်းရင်းသား ခေါင်းဆောင်တွေအနေနဲ့လည်း ကိုယ့်ကိုယ်စီးပွားထက် မိမိလူမျိုးတွေ ဘဝတိုးတက်ဖို့အတွက် သက်သက်သာ ကြည့်နိုင်ဖို့လည်း လိုအပ်နေပါလိမ့်မယ်။

၂၁ (ရာစု) ပင်လုံညီလာခံဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအဆင့်ထိ မရည်ရွယ်ပဲ၊ ပြည်တွင်းစစ် ရပ်စဲနိုင်ရေးလောက်ကိုပဲ ဦးတည်သင့်ပါတယ်။ပြည်တွင်းစစ် ရပ်စဲနိုင်မှ ဖက်ဒရယ်ပြည်ထောင်စုကို ဒီမိုကရေစီစနစ်နဲ့ တည်ဆောက်ဖို့ ထပ်ပြီးကြိုးစားရပါလိမ့်ဦးမယ်။နိုင်ငံရေးမှာ တစ်ဆင့်ချင်းသွားမှ လွယ်ကူနိုင်မှာပါ။အလှမ်းကျယ် အလယ်လပ်ရုံတင်မကပဲ၊ လမ်းစတောင် ပျောက်သွားတတ်ပါတယ်။

အခုလည်း ပြည်တွင်းငြိမ်းချမ်းရေးလမ်းက အစပျောက်သလို ဖြစ်နေပါပြီ။

မြတ်လှိုင်း
အောက်တိုဘာ - ၁၉

( Zawgyi )

အၿမဲတမ္း ေ႐ႊျပည္ေတာ္ေမွ်ာ္တိုင္းေဝးလို႔ ကြၽန္ေတာ္တို႔ ေျပာေနခဲ့ရတယ္။အမွန္တကယ္လဲ ေဝးေနခဲ့တာပါ။ကြၽန္ေတာ္တို႔ ျမန္မာျပည္ဟာ လြတ္လပ္ေရးမရခင္ကတည္းက ျပည္တြင္းစစ္မီးေတြ ေလာင္ကြၽမ္းခဲ့ရတာပါ။လြတ္လပ္ေရးနဲ႔ ျပည္တြင္းစစ္ဟာ ဖြားဖက္ေတာ္ျဖစ္တယ္လို႔ ဆိုရမွာပါ။

ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ေခတ္သုံးေခတ္ကို ေက်ာ္ျဖတ္ခဲ့ရၿပီးပါၿပီ။လြတ္လပ္ေရးရၿပီးစ ပါလီမန္ေခတ္၊ တစ္ပါတီ အာဏာရွင္ေခတ္၊ စစ္အာဏာရွင္ေခတ္ေတြပါ။အလြန္ဆိုး႐ြားလြန္းတဲ့ ေခတ္ေတြကို ျဖတ္သန္းေနရတဲ့ ကာလတစ္ေလွ်ာက္လုံး ျပည္တြင္းစစ္မီး ေတာက္ေလာင္ေနသလို တိုင္းရင္းသားျပည္သူေတြ ရင္ထဲမွာလဲ အပူမီးေတြ ကူးစက္ေနခဲ့ရပါတယ္။

လြတ္လပ္ေရးမရခင္က နယ္ခ်ဲ႕အဂၤလိပ္နဲ႔ ဖက္ဆစ္ဂ်ပန္ေတြကို တိုက္ခဲ့တဲ့စစ္ေတြဟာ တရားေသာစစ္ေတြပါ။ကိုယ့္ႏိုင္ငံကို က်ဴးေက်ာ္ခ်ယ္လွယ္ခဲ့သူေတြကို ကိုယ့္ႏိုင္ငံ လြတ္လပ္ေရးအတြက္၊ ကိုယ့္ျမန္မာလူမ်ိဳးေတြ သူ႔ကြၽန္ဘဝက လြတ္ေျမာက္ဖို႔ ေတာ္လွန္တိုက္ခိုက္ခဲ့တာေတြက တရားေသာစစ္အျဖစ္ လက္ခံရမွာပါ။ေလာကရဲ႕ သဘာဝျဖစ္စဥ္အျဖစ္ လူတိုင္းလက္ခံခဲ့ၾကပါတယ္။

လြတ္လပ္ေရးရၿပီးတဲ့ အခ်ိန္မွာေတာ့ ျပည္တြင္းမွာ တိုင္းရင္းသား ျပည္သူအခ်င္းခ်င္း လက္နက္စြဲကိုင္ တိုက္ခိုက္ေနတဲ့ စစ္ပြဲေတြကိုေတာ့ ျပည္သူအမ်ားစုႀကီးက တရားေသာစစ္လို႔ လက္မခံခဲ့ပါဘူး။လူမ်ိဳးစုေတြ ကြဲ ျပားေနေပမယ့္ အားလုံးေသာ လူမ်ိဳးစုေတြဟာ ျပည္ေထာင္စုျမန္မာႏိုင္ငံအတြင္းမွာ အတူတကြေနထိုင္ခဲ့ၾကတဲ့ တိုင္းရင္းသားျပည္သူမ်ားပါပဲ။
တိုင္းရင္းသားအခ်င္းခ်င္း တိုက္ခိုက္သတ္ျဖတ္ေနခဲ့ၾကတာက ဗိုလ္က်စိုးမိုးေရးဝါဒေတြပါပဲ။ျပည္တြင္းစစ္ကို တိုင္းရင္းသားျပည္သူေတြအေနနဲ႔ ရပ္ေစခ်င္ခဲ့တာ ႏွစ္ေပါင္းခုႏွစ္ဆယ္ ၾကာခဲ့ပါၿပီ။ျပည္တြင္းစစ္ေၾကာင့္ လက္နက္ကိုင္ တိုက္ေနၾကၿပီး ေသဆုံးတဲ့လူေတြဟာ ကိုယ့္ႏိုင္ငံရဲ႕ တိုင္းရင္းသားျပည္သူေတြပါပဲ။ျပည္တြင္းစစ္ေၾကာင့္ ေသခဲ့ရတဲ့။
ဆင္းရဲဒုကၡေရာက္ခဲ့ၾကတဲ့ တိုင္းရင္းသားျပည္သူေတြလဲ မနည္းေတာ့ပါဘူး။

ကြၽန္ေတာ္တို႔ ေက်ာ္လြန္ခဲ့တဲ့ ေခတ္ေတြမွာလဲ တိုင္းရင္းသားျပည္သူေတြ ျပည္ေထာင္စုအစိုးရကို ေတာင္းဆိုခဲ့ၾကတာ ျပည္တြင္းစစ္မျဖစ္ဖို႔ ၿငိမ္းခ်မ္းေရးကို ေတာင္းဆိုခဲ့ၾကတာပါ။တရားေသာစစ္ပြဲအျဖစ္ ျပည္သူေတြ မေထာက္ခံခဲ့ၾကပါဘူး။အာဏာနဲ႔ အဓမၼေထာက္ခံခိုင္းလို႔သာ ေထာက္ခံပြဲမွာ ပါဝင္ခဲ့ေကာင္း ပါဝင္ခဲ့ၾကမယ္။

ဒါေပမယ့္ တိုင္းရင္းသားျပည္သူေတြရဲ႕ ရင္ထဲမွာေတာ့ ၿငိမ္းခ်မ္းေစခ်င္တဲ့ ဆႏၵေတြပဲ ရွိေနခဲ့ပါတယ္။ျပည္တြင္းစစ္မီး ေတာက္ေလာင္ေနလို႔ ျပည္သူေတြ ဆင္းရဲဒုကၡေရာက္ေနခဲ့ရတာပါ။အဓိက က ေတာင္တန္းေန တိုင္းရင္းသားျပည္သူေတြပါ။ေျပာမယ္ဆိုရင္ ျပည္တြင္းစစ္ေၾကာင့္ လူမႈေရး။စီးပြားေရး။ပညာေရး။က်န္းမာေရး က႑ေတြ အဖက္ဖက္က နိမ့္က်ခဲ့ရတာပါ။ေျပာမယ္ဆိုရင္ ျပည္တြင္းစစ္ေၾကာင့္ ျမန္မာတစ္ျပည္လုံး ဒုကၡေရာက္ခဲ့ရပါတယ္။

ေနာက္ တိုင္းရင္းသား လူမ်ိဳးအခ်င္းခ်င္း အမုန္းပြားမႈေတြ ႀကီးမားလာခဲ့ရပါတယ္။ျပည္ေထာင္စုတပ္မေတာ္မွာ အမ်ားစုပါဝင္တာက ဗမာလူမ်ိဳးေတြပါ။တိုင္းရင္းသား လက္နက္ကိုင္ေနသူနဲ႔ တိုက္ခိုက္ခဲ့ရပါတယ္။ဗမာလူမ်ိဳးအမ်ားစု ပါဝင္တဲ့အတြက္ အင္အားႀကီးခဲ့ပါတယ္။အဲဒီအခါ တိုင္းရင္းသား လက္နက္ကိုင္ေတြရဲ႕ အျမင္မွာ ဗမာလူမ်ိဳးႀကီးဝါဒ ႀကီးစိုးေနတယ္လို႔ ျမင္ခဲ့ၾကပါတယ္။တိုင္းရင္းသား လက္နက္ကိုင္သူေတြအျပင္ ႐ိုး႐ိုးသားသား ၿငိမ္းခ်မ္းစြာေနထိုင္ေနၾကတဲ့ တိုင္းရင္းသားေတြကလည္း ဗမာမုန္းတီးေရး အျမင္မ်ား ျဖစ္ေပၚႀကီးထြားလာခဲ့ပါတယ္။ျမန္မာျပည္မွာ ေနထိုင္တဲ့ တိုင္းရင္းသားျပည္သူေတြက ဘယ္လိုၿငိမ္းခ်မ္းေရးကို ေတာင္းခဲ့။ေတာင္းခဲ့ ျပည္တြင္းစစ္ဟာ ျဖစ္ေနတုန္းပါပဲ။
လြတ္လပ္ေရးရ ပါလီမန္ေခတ္ကစၿပီး စစ္အာဏာရွင္ေခတ္အထိ အစိုးရဆိုသူေတြကို တိုင္းရင္းသား လက္နက္ကိုင္ေတြအေနနဲ႔ ယုံၾကည္မႈမရွိခဲ့ပါဘူး။ေခတ္သုံးေခတ္ အစိုးရေတြရဲ႕ လက္ေအာက္က တပ္မေတာ္ေတြကလည္း အင္အားႀကီးမားလာဖို႔ လုပ္ေဆာင္ခဲ့ၾကပါတယ္။

တိုင္းရင္းသား စည္းလုံးညီၫြတ္ေရးဆိုတာ ပ်က္စီးသြားခဲ့ပါတယ္။ေတာင္တန္းေန တိုင္းရင္းသားလူမ်ိဳးေတြကလည္း ဖက္ဒရယ္ျပည္ေထာင္စုဆိုတာကို မယုံၾကည္တဲ့အထိ ျဖစ္သြားပါတယ္။ျမန္မာျပည္ရဲ႕ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဦးေအာင္ဆန္း အေနနဲ႔ ျပည္ေထာင္စုျမန္မာႏိုင္ငံအတြင္းမွာ တိုင္းရင္းသားလူမ်ိဳးေတြ ညီညီၫြတ္ၫြတ္ စုေပါင္းေနထိုင္ၾကဖို႔ ရည္႐ြယ္ထားခဲ့ပါတယ္။အမ်ိဳးသားေခါင္းေဆာင္ႀကီး ဦးေအာင္ဆန္း ရဲ႕ စိတ္ရင္းအမွန္ပါ။ဒီစိတ္ရင္းအမွန္ကိုလဲ တိုင္းရင္းသား ေခါင္းေဆာင္ေတြကအစ တိုင္းရင္းသားျပည္သူေတြ သိခဲ့ၾကပါတယ္။သိခဲ့တာေၾကာင့္လဲ ပင္လုံစာခ်ဳပ္ကို ေရးထိုးခဲ့ၾကတာပါ။အရင္ေခတ္က အစိုးရေတြကို တိုင္းရင္းသားေတြ မယုံၾကည္ေပမယ့္ အမ်ိဳးသားေခါင္းေဆာင္ႀကီးရဲ႕ သမီး ေဒၚေအာင္ဆန္းစုၾကည္ အစိုးရျဖစ္လာတဲ့အခ်ိန္မွာ တိုင္းရင္းသားျပည္သူေတြအေနနဲ႔ ေမွ်ာ္လင့္အားကိုး ယုံၾကည္ခဲ့ၾကပါေသးတယ္။

သူမ ဖခင္ ေမွ်ာ္မွန္းခဲ့တဲ့ ျမန္မာႏိုင္ငံကို ဖက္ဒရယ္ျပည္ေထာင္စုႀကီး ျဖစ္လာေအာင္ ႀကိဳးစားႏိုင္တဲ့သူ။အခုအခ်ိန္မွာေတာ့ သူမ ဖခင္ မေမွ်ာ္လင့္ခဲ့တဲ့ ျပည္တြင္းစစ္မီးကို သူမႀကဳံေတြ႕ေနရပါတယ္။သူမႀကဳံေတြ႕ေနရတဲ့ ျမန္မာႏိုင္ငံဟာ ျပည္ေထာင္စုအျဖစ္ တည္ေဆာက္ႏိုင္ဖို႔ ျပည္တြင္းစစ္မီးကို ၿငိမ္းသတ္ႏိုင္မွျဖစ္မွာပါ။သူမအရင္ အစိုးရေတြကို မယုံၾကည္ႏိုင္ခဲ့တဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းေတြဟာ သူမဦးေဆာင္တဲ့ အစိုးရကိုေတာ့ အစိုးရအာဏာရရွိတဲ့အခ်ိန္ အစပိုင္းမွာ ယုံၾကည္ၾကပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ ကလဲ ၂၀၁၅ ေ႐ြးေကာက္ပြဲ မဲဆြယ္ေနတုန္း ျပည္တြင္းၿငိမ္းခ်မ္းေရးဟာ ပထမဦးစားေပး ေဆာင္႐ြက္ရမယ့္အရာလို႔ ေျပာထားပါတယ္။

ျမန္မာႏိုင္ငံဟာ ျပည္တြင္းစစ္ေၾကာင့္ ကမာၻ႔ႏိုင္ငံေတြထဲမွာ ဖြံ႕ၿဖိဳးတိုးတက္မႈ အနိမ့္က်ဆုံးႏိုင္ငံ ျဖစ္ခဲ့ပါတယ္။အခုအခ်ိန္ထိလည္း အဆင္းရဲဆုံးႏိုင္ငံ ျဖစ္ေနတုန္းပါ။တိုင္းျပည္ဟာ ႏိုင္ငံတကာကို ဆပ္ရမယ့္အေႂကြးေတြ အရမ္းမ်ားေနပါတယ္။ဒီေလာက္ဆင္းရဲေနတဲ့ ႏိုင္ငံမွာ ျပည္တြင္းစစ္အတြက္ သုံးေနရတဲ့ေငြေတြ အမ်ားဆုံးအေနအထားမွာ ရွိေနပါတယ္။
ဒီျပည္တြင္းစစ္ပြဲေတြမွာ တိုင္းရင္းသားအခ်င္းခ်င္း ျဖစ္ေနတဲ့ စစ္ေတြမွာ အသုံးျပဳေနတဲ့ေငြေတြကို ျပည္ေထာင္စု ျပန္လည္တည္ေဆာက္ေရးမွာ အသုံးျပဳႏိုင္မယ္ဆိုရင္ တိုင္းျပည္ဟာ ဒီေလာက္ၾကပ္တည္းေနမယ္ မထင္ပါဘူး။

ဒီမိုကေရစီေခတ္ အေျပာင္းအလဲကာလမွာ တိုင္းျပည္ကို ျပန္လည္တည္ေဆာက္ဖို႔ အၾကပ္အတည္းျဖစ္တာ ျပည္တြင္းစစ္ေၾကာင့္ဆိုတာ ျပည္သူေတြ သိၾကပါတယ္။ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ျပည္တြင္းစစ္ကို ရပ္လိုက္ႏိုင္မွ ေခတ္အသစ္ကို စႏိုင္မွာပါ။ဒါေပမယ့္ ျပည္တြင္းစစ္ကို ၿငိမ္းသတ္ဖို႔အတြက္ အခက္အခဲေတြ ဘယ္ေလာက္ရွိေနတယ္ဆိုတာ ေဒၚေအာင္ဆန္းစုၾကည္လည္း သိသြားပုံရပါတယ္။အရင္အစိုးရက ေရးဆြဲထားတဲ့ NCA က ဟန္႔တားထားသလို ျဖစ္ေနပါတယ္။ဒီကိစၥကလဲ အရင္အစိုးရရဲ႕ အဆင့္အတန္းခြဲျခားမႈေတြ ပါပါတယ္။

NCA တစ္ႏိုင္ငံလုံး အပစ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ကို အေက်အလည္ နားလည္မႈယူၿပီးမွ ေရးဆြဲသင့္ပါတယ္။တစ္ႏိုင္ငံလုံး အပစ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ကို တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းေတြရဲ႕ တစ္ျခမ္း လက္မွတ္ထိုးတာဟာ တစ္ႏိုင္ငံလုံး အပစ္ရပ္စဲႏိုင္တာ မဟုတ္ပါဘူး။ေခါင္းစဥ္ပါအတိုင္း တစ္ႏိုင္လုံး အပစ္ရပ္စဲေနမွ ဒီစာခ်ဳပ္ေအာင္ျမင္တယ္ ေျပာရမွာပါ။ဒီလို တစ္ျခမ္းလက္မွတ္ထိုးတာကို ဆက္လက္မညႇိႏႈိင္းပဲ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံကို ေခၚၿပီးက်င္းပတာက ပိုရႈပ္ေထြးေစပါတယ္။ၿငိမ္းခ်င္းေရးကိုလဲ လူေတြစုၿပီး ေတာင္းဆိုလို႔မရႏိုင္ပါဘူး။တစ္ျပည္လုံးက တစ္ၿပိဳင္နက္ထဲ ေတာင္းဆိုမယ္ဆိုရင္ေတာင္ ျမန္မာျပည္ရဲ႕ အဓိကေခါင္းေဆာင္ေတြရဲ႕ ဦးေဆာင္ေဆြးေႏြးမႈပါမွ ေအာင္ျမင္ႏိုင္ပါတယ္။

တပ္မေတာ္ေခါင္းေဆာင္ရဲ႕ ေျဖေလွ်ာ့ေပးမႈကလည္း အေရးႀကီးပါတယ္။ေနာက္ ျမန္မာျပည္ရဲ႕ စစ္ပြဲေတြျဖစ္ခဲ့ရတဲ့ သမိုင္းကို ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ၊ ၂၁ (ရာစု) ပင္လုံကို ဦးေဆာင္ေခၚယူက်င္းပေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ ေသေသခ်ာခ်ာ ေလ့လာသိရွိဖို႔အတြက္လည္း လိုအပ္ေနပါတယ္။အဲဒီလိုပဲ၊ တိုင္းရင္းသား ေခါင္းေဆာင္ေတြအေနနဲ႔လည္း ကိုယ့္ကိုယ္စီးပြားထက္ မိမိလူမ်ိဳးေတြ ဘဝတိုးတက္ဖို႔အတြက္ သက္သက္သာ ၾကည့္ႏိုင္ဖို႔လည္း လိုအပ္ေနပါလိမ့္မယ္။

၂၁ (ရာစု) ပင္လုံညီလာခံဟာ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးအဆင့္ထိ မရည္႐ြယ္ပဲ၊ ျပည္တြင္းစစ္ ရပ္စဲႏိုင္ေရးေလာက္ကိုပဲ ဦးတည္သင့္ပါတယ္။ျပည္တြင္းစစ္ ရပ္စဲႏိုင္မွ ဖက္ဒရယ္ျပည္ေထာင္စုကို ဒီမိုကေရစီစနစ္နဲ႔ တည္ေဆာက္ဖို႔ ထပ္ၿပီးႀကိဳးစားရပါလိမ့္ဦးမယ္။ႏိုင္ငံေရးမွာ တစ္ဆင့္ခ်င္းသြားမွ လြယ္ကူႏိုင္မွာပါ။အလွမ္းက်ယ္ အလယ္လပ္႐ုံတင္မကပဲ၊ လမ္းစေတာင္ ေပ်ာက္သြားတတ္ပါတယ္။

အခုလည္း ျပည္တြင္းၿငိမ္းခ်မ္းေရးလမ္းက အစေပ်ာက္သလို ျဖစ္ေနပါၿပီ။

ျမတ္လႈိင္း
ေအာက္တိုဘာ - ၁၉