【 ဆောင်းပါး 】 “အမေ့လျော့ခံ ရာပြည့် အမျိုးသားအောင်ပွဲနေ့”

【 ဆောင်းပါး 】 “အမေ့လျော့ခံ ရာပြည့် အမျိုးသားအောင်ပွဲနေ့”

၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံအတွက် ထူးခြားသည့်နှစ်ဖြစ်ပါသည်။ရန်ကုန်တက္ကသိုလ် ရာပြည့် သည့်နှစ်၊ မြန်မာ့ရုပ်ရှင် ရာပြည့်သည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရမည့်နှစ်အဖြစ် တာစူ စတင်ခဲ့သည့်နှစ်ဖြစ်ပါသည်။ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲကို ခြိမ့်ခြိမ့်သဲကျင်းပရန် ၂၀၁၉ ဒီဇင်ဘာလကတည်းက ကြိုတင်ပြင်ဆင်ခဲ့ကြပါသည်။ဤတွင် ဝမ်းနည်းဖွယ်ကောင်းသည်မှာ ရန်ကုန်တက္ကသိုလ် ရာပြည့်နှင့် ထပ်တူအရေးကြီးသည်ဟုဆိုနိုင်ပြီး၊ ပိုအရေးကြီးသည်ဟုပင်ဆိုနိုင်သည့် အမျိုးသားအောင်ပွဲနေ့ နှစ်တစ်ရာပြည့် အခမ်းအနားကို မည်သူတစ်ဦးတစ်ယောက်ကမျှ အစမဖော်ကြခြင်းဖြစ်ပါသည်။သို့ဖြင့် ၂၀၁၉ ကပင် ရန်ကုန်တက္ကသိုလ်ရာပြည့်နှင့် မြန်မာ့ရုပ်ရှင်ရာပြည့်အပေါ် အထူးအာရုံစိုက်နေကြသည့် နိုင်ငံတော်အကြီးအကဲများအား မည်သူတစ်ဦးတစ်ယောက်ကမျှ သူတို့မမေ့အပ်သည့် အမျိုးသားအောင်ပွဲနေ့သည်လည်း ရာပြည့်ပါပြီ အစမထုတ်ပြဝံ့ကြဟန်မတူဟုသာ မှတ်ချက်ချမိပါသည်။

 
လွတ်လပ်ရေးရပြီးနောက် နိုင်ငံတော်အဆင့် အစဉ်အလာဖြင့် တခမ်းတနားကျင်းပခဲ့သည့်ပွဲတချို့ကို ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရတက်လာပြီး နောက်ပိုင်းတွင် ယခင်ကကဲ့သို့ အလေးအနက်ထားကျင်းပမှု အားနည်းလာသည်ဟု လူထုက ခံစားခဲ့ကြရပါသည်။အထူးသဖြင့် အာဇာနည်နေ့ကို တဖြည်းဖြည်း အဖြစ်သဘောကျင်းပလာသည်ဟု ထင်မြင်ယူဆကြပါသည်။ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီအစိုးရ တက်တက်လာချင်း၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများနှင့် ထိပ်တိုက်ပြဿနာတက်ခဲ့ပါသည်။တက္ကသိုလ်ပညာဆုံးခန်းမတိုင်ခဲ့သော ကိုရှုမောင်၏ တက္ကသိုလ်ကျောင်းသားဘဝကို ပြန်လေ့လာသော်၊ ထိုစဉ်ကပင် လောင်းကစားနှင့် အပျော်အပါးမက်မောသူအဖြစ် တွေ့မြင်ကြရပါသည်။ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းအပေါ် မနာလိုဝန်တိုစိတ်များသူအဖြစ်လည်း ပုံဖော်ရေးသားမှုတချို့ရှိပါသည်။သို့ဖြင့် တက္ကသိုလ်ကျောင်းသားဘဝတွင် နိုင်ငံရေးပါ တွဲဖက်လုပ်ကိုင်ခဲ့သူများအား မျက်မုန်းကျိုးခဲ့ဟန်တူသည်ဟု တချို့ကလည်း မှတ်ချက်ချခဲ့ပါသည်။
 
အဘယ်ကြောင့်ဆိုသော် တော်လှန်ရေးကောင်စီအစိုးရတက်လာပြီး နောက်ပိုင်း၊ တက္ကသိုလ်ကျောင်းသားများ၏ ညဘက်အဆောင် အဝင်၊ အထွက် အချိန်ကို ကန့်သတ်ရန်၊ စည်းကမ်းတင်းကျပ်ရန် ကြိုးစားခြင်းမှစ၍၊ တက္ကသိုလ်တွင် တာဝန်ယူနေသည့် ပါမောက္ခချုပ်နှင့် အဆောင်နေကျောင်းသားများကြားတွင် အဆင်မပြေမှုတချို့ဖြစ်ခဲ့ပါသည်။ထို့ကြောင့် တက္ကသိုလ်ကောင်စီအသစ် ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် စည်း ကမ်းတင်းကျပ်ရန် ပြုလုပ်သည်တို့ကို မကျေနပ်သည့် ကျောင်းသားထုက၊ ဆန္ဒပြကြပါသည်။ဤသို့ ဆန္ဒပြကြသော ကျောင်းသားများအား ( ၇.၇.၁၉၆၂) ရက်နေ့တွင် စစ်တပ်က ပစ်ခတ်လူစုခွဲခဲ့ပြီး (၈.၇.၁၉၆၂) နံနက်တွင် တက္ကသိုလ်သမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် ဖြိုခွဲလိုက်ပါသည်။
 
သို့ဖြင့် တော်လှန်ရေးကောင်စီ စတက်လာသည်နှင့် တပ်မတော်အစိုးရနှင့် တက္ကသိုလ်ကျောင်းသားများကြားတွင် အဆင်မပြေမှု တွဲပါလာခဲ့ပါသည်။ထိုသို့ဖြစ်ခဲ့သည်ကို တနည်းတဖုံ ပြန်အဖတ်ဆယ်ခြင်းနှင့် နိုင်ငံရေးသမားကြီးများအား စည်းရုံးရေးပြုလုပ်သည်ဟု ယူဆကြသည့် လုပ်ရပ်တစ်ခုကို ဗိုလ်ချုပ်ကြီးနေဝင်း ပြုလုပ်ခဲ့ပါသည်။ယင်းကား နှစ်ငါးဆယ်ပြည့် အမျိုးသားအောင်ပွဲနေ့ ရွှေရတုသဘင်ကို ကျင်းပရေးအတွက် တော်လှန်ရေးကောင်စီအစိုးရက ကူညီပံ့ပိုးပေးခဲ့ပါသည်။ထို့ပြင် ရွှေရတုပွဲသို့ တက်ရောက်ကြပါရန် ၁၉၂၀ ပြည့်နှစ် သပိတ်မှောက်ကျောင်းသား၊ ကျောင်းသူများအနက် သက်ရှိထင်ရှားရှိနေသူများအား ဂုဏ်ပြုဖိတ်ကြားခဲ့ခြင်းဖြစ်ပါသည်။
 
စစ်ယူနီဖောင်း ဝတ်ထားဆဲဖြစ်သည့် ဗိုလ်ချုပ်ကြီးနေဝင်း က အမျိုးအောင်ပွဲနေ့ ရွှေရတုသဘင် အခမ်းအနားသို့ တက်ရောက်လာကြသော တတိယအရွယ်အတွင်း ချဉ်းနင်းဝင်ရောက်နေကြပြီဖြစ်သည့် သပိတ်မှောက် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ဆက်ပါသည်။ခေါင်းပေါင်းစွပ်လျက် အမျိုးသားဝတ်စုံအပြည့် ဝတ်ဆင်ထားသည့် ဗိုလ်ချုပ်ကြီးနေဝင်း က သပိတ်မှောက် ကျောင်းသားဟောင်းကြီးများအား လေးစားစွာ တစ်ဦးပြီး တစ်ဦး လက်ဆွဲနှုတ်ဆက်နေသည့်ပုံများ နောက်နေ့ထုတ် သတင်းစာများတွင် ဝေဝေဆာဆာ ပါလာပေတော့သည်။ထိုအခမ်းအနားတွင် ဗိုလ်ချုပ်ကြီးနေဝင်း က ၁၉၂၀ ပြည့်နှစ် သပိတ်မှောက် ကျောင်းသားများ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍…
 
“၁၉၂၀ ခုနှစ် ကျောင်းသားသပိတ်မှောက်ပြီးနောက်၊ ကိုလိုနီပညာရေးစနစ်တစ်ခုတည်းကိုသာ ဦးတည်တိုက်ဖျက်ခဲ့ခြင်းမဟုတ်ဘဲ၊ ဆရာကြီးဦးသာဒင် မိန့်ကြားသလို စီးပွားရေးစနစ်ကိုပါ တိုက်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း၊၎င်းသပိတ်မှောက်စဉ်က မြန်မာနိုင်ငံ၏ စီးပွားရေးရာနှင့်ပတ်သက်၍ လုပ်ကိုင်ဆောင်ရွက်အပ်သည်တို့ကို အမျိုးသားသီချင်းများအဖြစ် စပ်ဆိုခဲ့ကြရာတွင် မိမိမှတ်မိသရွေ့ ဘိလပ်က ကုန်ပစ္စည်းများကို သပိတ်မှောက်၍ ပြည်တွင်းဖြစ် ပင်နီချောနှင့် ယောထမီကိုသာ ဝတ်ဆင်ကြရေးများ ပါဝင်ကြောင်း။ ၁၉၂၀ ခုနှစ် သပိတ်ကြီးသည် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအတွက် တပ်လှန့်နှိုးဆော်လိုက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတွင် နိုင်ငံရေးအယူအဆများ ကွဲလွဲခဲ့ကြ၍ အမျိုးမျိုးအဖုံဖုံ ပြောဆိုလုပ်ကိုင်ခဲ့ ကြကြောင်း။မည်သို့ပင်ဖြစ်စေကာမူ၊ ယနေ့ချိန်ခါတွင် တစ်ဦးနှင့် တစ်ဦး ဗွေယူစရာ မလိုတော့ကြောင်း။”
 
“ယနေ့ အမျိုးသားနေ့ ရွှေရတုသဘင်အခမ်းအနားသို့ ကြွရောက်လာကြသော ၁၉၂၀ ခုနှစ် သပိတ်မှောက် ကျောင်းသားကြီးများမှာ မိဖအရွယ်များသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ၎င်းပုဂ္ဂိုလ်ကြီးများသည် ငယ်စဉ်က နိုင်ငံအတွက် စွမ်းစွမ်းတမံဆောင်ရွက်ကြသည်မှာ ကိုလိုနီနယ်ချဲ့ ဓါးအောက်က စွန့်စားလုပ်ဆောင်ကြရခြင်းဖြစ်၍ ၎င်းတို့၏ လုပ်ဆောင်ချက်များကို မမေ့အပ်ကြောင်း၊ မှတ်တမ်းတင်အပ်ကြောင်း၊ နာစရာရှိလျှင် လွမ်းစရာနှင့်ဖြေဆိုသည့် စကားအတိုင်း နာစရာများရှိလျှင်လည်း လွမ်းစရာဖြင့် ဖြေကြစေလိုကြောင်း“ စသဖြင့် ဗိုလ်ချုပ်ကြီးနေဝင်း က မိန့်ခွန်းချွေခဲ့ပါသည်။
 
ဗိုလ်ချုပ်ကြီးနေဝင်း မိုးကောင်းနေချိန်ဖြစ်၍ သူပြောသည့် နာစရာရှိရင် လွမ်းစရာနဲ့ဖြေပါဆိုသော စကားကို ထိုစဉ်က ထုတ်ဝေနေသော သတင်းစာ၊ ဂျာနယ်တို့က တခမ်းတနား အသားပေးလျက် မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့ကြပါသည်။
 
သည်နောက်ပိုင်း မည်သည့်နိုင်ငံ့ခေါင်းဆောင်ကမျှ ဗိုလ်ချုပ်ကြီးနေဝင်းကဲ့သို့ အမျိုးသားနေ့ကို၊ နိုင်ငံရေးအရ အသုံးမချတတ်ခဲ့ကြပါပေ။ 
 
သို့သော် ၁၉၉၅ ခုနှစ် အမျိုးသားအောင်ပွဲနေ့ ၇၅ နှစ်ပြည့် စိန်ရတုသဘင်အခမ်းအနားကို တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ အမှတ် ၅၄ နေအိမ်ခြံဝင်းထဲတွင် ဒီချုပ်ပါတီက ကျင်းပခဲ့ပါသည်။သို့သော် ဝမ်းနည်းဖွယ်ရာကောင်းသည်မှာ ဒီချုပ်အစိုးရ တက်လာပြီးနောက်ပိုင်း အမျိုးသားအောင်ပွဲနေ့ နှစ်ပတ်လည်များသည် နိုင်ငံတော်သမ္မတကြီး ပေးပို့သည့် သဝဏ်လွှာမျှဖြင့်သာ ပြီးဆုံးခဲ့ရပါသည်။
 
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် အင်္ဂလိပ်အာဏာပိုင်များက ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ကို ပြဌာန်းလိုက်ပါသည်။ဥပဒေပါအချက်များကို မကျေနပ်၍ ရန်ကုန်တက္ကသိုလ်ကျောင်းသားများက ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၇ ရက်တွင် သပိတ်မှောက်ရန်၊ စည်းဝေးတိုင်ပင်ခဲ့ကြပါသည်။ဆရာများထံ ထိုသတင်းရောက်သွားပြီး ဆရာများက ကျောင်းသားများ သပိတ်မမှောက်ရန် စုဝေးနေကြသည့် ရွှေတိဂုံဘုရားပေါ်မှ ကျောင်းဝင်းထဲသို့ပြန်လာရန် လာရောက်ဖျောင်းဖျကြပါသည်။ထို့ကြောင့် ကျောင်းသားများက ဒီဇင်ဘာ ၇ ရက်နေ့အစား ရှေ့တိုးလျက် ဒီဇင်ဘာ ၅ ရက်နေ့တွင် သပိတ်မှောက်ခဲ့ကြပါသည်။ရန်ကုန်တက္ကသိုလ် အက်ဥပဒေတွင်ပါရှိသည့် ဥပဒေတချို့ကို ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ကြပါသည်။အဆိုပါသပိတ်ထဲသို့ နိုင်ငံတဝန်းရှိ ကျောင်းသားများနှင် လူထု ပါဝင်လာကြပါသည်။သို့ဖြင့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေပါ အချက်တချို့ကို တက္ကသိုလ်အာဏာပိုင်များက ပြင်ဆင်ပေးခဲ့ရတော့သည်။သပိတ်မှောက်ကျောင်းသား တချို့သည် တက္ကသိုလ်သို့ ပြန်မလာကြတော့ဘဲ၊ အမျိုးသားကျောင်းများဖွင့်လှစ်ပြီး စာသင်ပေးခဲ့ကြသည်။ဤတွင် နာမည်ကျော် မြို့မကျောင်းကဲ့သို့ အမျိုးသားကျောင်းများ ပေါ်ပေါက်လာခဲ့ပါသည်။
 
“ဗမာပြည်ကိုချစ်ပါ၊ ဗမာစာကိုချီးမြှင့်ပါ၊ ဗမာစကားကိုလေးစားပါ” ဟူသော လှုံ့ဆော်သံဖြင့် မြန်မာတို့၏ အမျိုးသားရေးစိတ်ဓာတ်ကို နှိုးဆွပေးခဲ့ကြပါသည်။မြန်မာလူထု၏ အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွလာကြပါသည်။ထိုစိတ်၏ ပြင်းပြသည့်အရှိန်အဟုန်ကို လွတ်လပ်ရေးရသည်ထိ ထိန်းသိမ်းသယ်ဆောင် နိုင်ခဲ့ကြပါသည်။
 
စင်စစ် ရန်ကုန်တက္ကသိုလ် ရာပြည့်နှင့် အမျိုးသားအောင်ပွဲနေ့ ရာပြည့်အခမ်းအနားကို တတွဲတည်း ပေါင်းလျက် ကျင်းပရန် စီစဉ်ခဲ့ကြမည်ဆိုလျှင် ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲအား ယခုထက် လူအများပိုမိုစိတ်ဝင်စားကြပြီး ပိုမိုအနှစ်သာရရှိသည့်ပွဲ ဖြစ်လာပေမည်။ထို့ပြင် အိပ်မောကျစပြုနေသည့် မြန်မာတို့၏ အမျိုးသားရေးအစစ်အမှန်စိတ်ကို ပြန်လည်နှိုးဆွပေးနိုင်မည်ဖြစ်ပါသည်။ယခုကား ကိုဗစ်ဗက်ဇင်းရရင် လူထုကိုထိုးပေးဖို့ အစီအစဉ်တွေ လုပ်နေပါတယ်။ကိုဗစ် ပန်ဒမစ်ကတော့ မလွယ်ဘူးလေ။စက္ကင်းဝေ့ဖ်ကို မထိန်းနိုင်တော့ဘူး။ဟင်းစတင်ဇာ ဘူးသေးလေးတွေ ဆောင်ထားသင့်တာပေါ့ဆိုသော ဘိုစကားများ နှုတ်မှထွက်မလာပါက၊ မြန်မာပညာတတ်မမည်တော့သည့်ခေတ်သို့ ရောက်လာပါပြီ။
 
၁၉၂၀ ဒီဇင်ဘာလ ၅ ရက်နေ့သည် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့ကြသည်မှာ ၁၂၈၃ ခုနှစ်ကတည်းက ဖြစ်ပါသည်။ယခုအခါ ဒီမိုကရေစီအစိုးရ ၂ ဆက် တက်လာပြီး၊ တတိယမြောက် လူထုတင်မြှောက်သည့်အစိုးရ တက်လာရန် လပိုင်းသာလိုပါတော့သည်။သို့သော် အမျိုးသားအောင်ပွဲနေ့ခမျာ ဟိုယခင်ကကဲ့သို့ နိုင်ငံတဝှန်း ခြိမ့်ခြိမ့်သဲကျင်းပခြင်းခံရသည့်ပွဲ မဟုတ်တော့ပါ။ကြက်ပွဲ ငှက်ပွဲမျှသာဖြစ်လျက် ဘိုလိုတော်ကီပစ်မှ တနည်းအားဖြင့် မြန်မာစကားထဲ ဘိုလိုညှပ်ပြောမှ နေသာထိုင်သာရှိကြသည့်ခေတ်တွင် အမျိုးသားအောင်ပွဲနေ့ကို တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်အစား ဒီဇင်ဘာ ၅ ရက်ဟု ပြောင်းလဲမသတ်မှတ်သေးသည်ကိုပင် အထူးကျေးဇူးတင်ရှိနေရပါကြောင်း ....။
 
ခင်နှင်းဦး
ဒီဇင်ဘာ - ၉
 
( Zawgyi )
 
၂၀၂၀ ျပည့္ႏွစ္သည္ ျမန္မာႏိုင္ငံအတြက္ ထူးျခားသည့္ႏွစ္ျဖစ္ပါသည္။ရန္ကုန္တကၠသိုလ္ ရာျပည့္ သည့္ႏွစ္၊ ျမန္မာ့႐ုပ္ရွင္ ရာျပည့္သည့္ႏွစ္၊ ပါတီစုံ ဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ က်င္းပရမည့္ႏွစ္အျဖစ္ တာစူ စတင္ခဲ့သည့္ႏွစ္ျဖစ္ပါသည္။ရန္ကုန္တကၠသိုလ္ ရာျပည့္ပြဲကို ၿခိမ့္ၿခိမ့္သဲက်င္းပရန္ ၂၀၁၉ ဒီဇင္ဘာလကတည္းက ႀကိဳတင္ျပင္ဆင္ခဲ့ၾကပါသည္။ဤတြင္ ဝမ္းနည္းဖြယ္ေကာင္းသည္မွာ ရန္ကုန္တကၠသိုလ္ ရာျပည့္ႏွင့္ ထပ္တူအေရးႀကီးသည္ဟုဆိုႏိုင္ၿပီး၊ ပိုအေရးႀကီးသည္ဟုပင္ဆိုႏိုင္သည့္ အမ်ိဳးသားေအာင္ပြဲေန႔ ႏွစ္တစ္ရာျပည့္ အခမ္းအနားကို မည္သူတစ္ဦးတစ္ေယာက္ကမွ် အစမေဖာ္ၾကျခင္းျဖစ္ပါသည္။သို႔ျဖင့္ ၂၀၁၉ ကပင္ ရန္ကုန္တကၠသိုလ္ရာျပည့္ႏွင့္ ျမန္မာ့႐ုပ္ရွင္ရာျပည့္အေပၚ အထူးအာ႐ုံစိုက္ေနၾကသည့္ ႏိုင္ငံေတာ္အႀကီးအကဲမ်ားအား မည္သူတစ္ဦးတစ္ေယာက္ကမွ် သူတို႔မေမ့အပ္သည့္ အမ်ိဳးသားေအာင္ပြဲေန႔သည္လည္း ရာျပည့္ပါၿပီ အစမထုတ္ျပဝံ့ၾကဟန္မတူဟုသာ မွတ္ခ်က္ခ်မိပါသည္။
 
လြတ္လပ္ေရးရၿပီးေနာက္ ႏိုင္ငံေတာ္အဆင့္ အစဥ္အလာျဖင့္ တခမ္းတနားက်င္းပခဲ့သည့္ပြဲတခ်ိဳ႕ကို ၁၉၆၂ ခုႏွစ္ ေတာ္လွန္ေရးေကာင္စီ အစိုးရတက္လာၿပီး ေနာက္ပိုင္းတြင္ ယခင္ကကဲ့သို႔ အေလးအနက္ထားက်င္းပမႈ အားနည္းလာသည္ဟု လူထုက ခံစားခဲ့ၾကရပါသည္။အထူးသျဖင့္ အာဇာနည္ေန႔ကို တျဖည္းျဖည္း အျဖစ္သေဘာက်င္းပလာသည္ဟု ထင္ျမင္ယူဆၾကပါသည္။ဗိုလ္ခ်ဳပ္ႀကီးေနဝင္း၏ ေတာ္လွန္ေရးေကာင္စီအစိုးရ တက္တက္လာခ်င္း၊ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ားႏွင့္ ထိပ္တိုက္ျပႆနာတက္ခဲ့ပါသည္။တကၠသိုလ္ပညာဆုံးခန္းမတိုင္ခဲ့ေသာ ကိုရႈေမာင္၏ တကၠသိုလ္ေက်ာင္းသားဘဝကို ျပန္ေလ့လာေသာ္၊ ထိုစဥ္ကပင္ ေလာင္းကစားႏွင့္ အေပ်ာ္အပါးမက္ေမာသူအျဖစ္ ေတြ႕ျမင္ၾကရပါသည္။ထို႔ျပင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအေပၚ မနာလိုဝန္တိုစိတ္မ်ားသူအျဖစ္လည္း ပုံေဖာ္ေရးသားမႈတခ်ိဳ႕ရွိပါသည္။သို႔ျဖင့္ တကၠသိုလ္ေက်ာင္းသားဘဝတြင္ ႏိုင္ငံေရးပါ တြဲဖက္လုပ္ကိုင္ခဲ့သူမ်ားအား မ်က္မုန္းက်ိဳးခဲ့ဟန္တူသည္ဟု တခ်ိဳ႕ကလည္း မွတ္ခ်က္ခ်ခဲ့ပါသည္။
 
အဘယ္ေၾကာင့္ဆိုေသာ္ ေတာ္လွန္ေရးေကာင္စီအစိုးရတက္လာၿပီး ေနာက္ပိုင္း၊ တကၠသိုလ္ေက်ာင္းသားမ်ား၏ ညဘက္အေဆာင္ အဝင္၊ အထြက္ အခ်ိန္ကို ကန႔္သတ္ရန္၊ စည္းကမ္းတင္းက်ပ္ရန္ ႀကိဳးစားျခင္းမွစ၍၊ တကၠသိုလ္တြင္ တာဝန္ယူေနသည့္ ပါေမာကၡခ်ဳပ္ႏွင့္ အေဆာင္ေနေက်ာင္းသားမ်ားၾကားတြင္ အဆင္မေျပမႈတခ်ိဳ႕ျဖစ္ခဲ့ပါသည္။ထို႔ေၾကာင့္ တကၠသိုလ္ေကာင္စီအသစ္ ျပင္ဆင္ဖြဲ႕စည္းျခင္းႏွင့္ စည္း ကမ္းတင္းက်ပ္ရန္ ျပဳလုပ္သည္တို႔ကို မေက်နပ္သည့္ ေက်ာင္းသားထုက၊ ဆႏၵျပၾကပါသည္။ဤသို႔ ဆႏၵျပၾကေသာ ေက်ာင္းသားမ်ားအား ( ၇.၇.၁၉၆၂) ရက္ေန႔တြင္ စစ္တပ္က ပစ္ခတ္လူစုခြဲခဲ့ၿပီး (၈.၇.၁၉၆၂) နံနက္တြင္ တကၠသိုလ္သမဂၢအေဆာက္အအုံကို ဒိုင္းနမိုက္ျဖင့္ ၿဖိဳခြဲလိုက္ပါသည္။
 
သို႔ျဖင့္ ေတာ္လွန္ေရးေကာင္စီ စတက္လာသည္ႏွင့္ တပ္မေတာ္အစိုးရႏွင့္ တကၠသိုလ္ေက်ာင္းသားမ်ားၾကားတြင္ အဆင္မေျပမႈ တြဲပါလာခဲ့ပါသည္။ထိုသို႔ျဖစ္ခဲ့သည္ကို တနည္းတဖုံ ျပန္အဖတ္ဆယ္ျခင္းႏွင့္ ႏိုင္ငံေရးသမားႀကီးမ်ားအား စည္း႐ုံးေရးျပဳလုပ္သည္ဟု ယူဆၾကသည့္ လုပ္ရပ္တစ္ခုကို ဗိုလ္ခ်ဳပ္ႀကီးေနဝင္း ျပဳလုပ္ခဲ့ပါသည္။ယင္းကား ႏွစ္ငါးဆယ္ျပည့္ အမ်ိဳးသားေအာင္ပြဲေန႔ ေ႐ႊရတုသဘင္ကို က်င္းပေရးအတြက္ ေတာ္လွန္ေရးေကာင္စီအစိုးရက ကူညီပံ့ပိုးေပးခဲ့ပါသည္။ထို႔ျပင္ ေ႐ႊရတုပြဲသို႔ တက္ေရာက္ၾကပါရန္ ၁၉၂၀ ျပည့္ႏွစ္ သပိတ္ေမွာက္ေက်ာင္းသား၊ ေက်ာင္းသူမ်ားအနက္ သက္ရွိထင္ရွားရွိေနသူမ်ားအား ဂုဏ္ျပဳဖိတ္ၾကားခဲ့ျခင္းျဖစ္ပါသည္။
 
စစ္ယူနီေဖာင္း ဝတ္ထားဆဲျဖစ္သည့္ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း က အမ်ိဳးေအာင္ပြဲေန႔ ေ႐ႊရတုသဘင္ အခမ္းအနားသို႔ တက္ေရာက္လာၾကေသာ တတိယအ႐ြယ္အတြင္း ခ်ဥ္းနင္းဝင္ေရာက္ေနၾကၿပီျဖစ္သည့္ သပိတ္ေမွာက္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ႀကိဳဆိုႏႈတ္ဆက္ပါသည္။ေခါင္းေပါင္းစြပ္လ်က္ အမ်ိဳးသားဝတ္စုံအျပည့္ ဝတ္ဆင္ထားသည့္ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း က သပိတ္ေမွာက္ ေက်ာင္းသားေဟာင္းႀကီးမ်ားအား ေလးစားစြာ တစ္ဦးၿပီး တစ္ဦး လက္ဆြဲႏႈတ္ဆက္ေနသည့္ပုံမ်ား ေနာက္ေန႔ထုတ္ သတင္းစာမ်ားတြင္ ေဝေဝဆာဆာ ပါလာေပေတာ့သည္။ထိုအခမ္းအနားတြင္ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း က ၁၉၂၀ ျပည့္ႏွစ္ သပိတ္ေမွာက္ ေက်ာင္းသားမ်ား၏ အခန္းက႑ႏွင့္ပတ္သက္၍…
 
“၁၉၂၀ ခုႏွစ္ ေက်ာင္းသားသပိတ္ေမွာက္ၿပီးေနာက္၊ ကိုလိုနီပညာေရးစနစ္တစ္ခုတည္းကိုသာ ဦးတည္တိုက္ဖ်က္ခဲ့ျခင္းမဟုတ္ဘဲ၊ ဆရာႀကီးဦးသာဒင္ မိန႔္ၾကားသလို စီးပြားေရးစနစ္ကိုပါ တိုက္ဖ်က္ခဲ့ျခင္းျဖစ္ေၾကာင္း၊၎သပိတ္ေမွာက္စဥ္က ျမန္မာႏိုင္ငံ၏ စီးပြားေရးရာႏွင့္ပတ္သက္၍ လုပ္ကိုင္ေဆာင္႐ြက္အပ္သည္တို႔ကို အမ်ိဳးသားသီခ်င္းမ်ားအျဖစ္ စပ္ဆိုခဲ့ၾကရာတြင္ မိမိမွတ္မိသေ႐ြ႕ ဘိလပ္က ကုန္ပစၥည္းမ်ားကို သပိတ္ေမွာက္၍ ျပည္တြင္းျဖစ္ ပင္နီေခ်ာႏွင့္ ေယာထမီကိုသာ ဝတ္ဆင္ၾကေရးမ်ား ပါဝင္ေၾကာင္း။ ၁၉၂၀ ခုႏွစ္ သပိတ္ႀကီးသည္ ျမန္မာ့လြတ္လပ္ေရးတိုက္ပြဲအတြက္ တပ္လွန႔္ႏႈိးေဆာ္လိုက္ျခင္းျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံ၏ သမိုင္းေၾကာင္းတြင္ ႏိုင္ငံေရးအယူအဆမ်ား ကြဲလြဲခဲ့ၾက၍ အမ်ိဳးမ်ိဳးအဖုံဖုံ ေျပာဆိုလုပ္ကိုင္ခဲ့ ၾကေၾကာင္း။မည္သို႔ပင္ျဖစ္ေစကာမူ၊ ယေန႔ခ်ိန္ခါတြင္ တစ္ဦးႏွင့္ တစ္ဦး ေဗြယူစရာ မလိုေတာ့ေၾကာင္း။”
 
“ယေန႔ အမ်ိဳးသားေန႔ ေ႐ႊရတုသဘင္အခမ္းအနားသို႔ ႂကြေရာက္လာၾကေသာ ၁၉၂၀ ခုႏွစ္ သပိတ္ေမွာက္ ေက်ာင္းသားႀကီးမ်ားမွာ မိဖအ႐ြယ္မ်ားသို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း၊ ၎ပုဂၢိဳလ္ႀကီးမ်ားသည္ ငယ္စဥ္က ႏိုင္ငံအတြက္ စြမ္းစြမ္းတမံေဆာင္႐ြက္ၾကသည္မွာ ကိုလိုနီနယ္ခ်ဲ႕ ဓါးေအာက္က စြန႔္စားလုပ္ေဆာင္ၾကရျခင္းျဖစ္၍ ၎တို႔၏ လုပ္ေဆာင္ခ်က္မ်ားကို မေမ့အပ္ေၾကာင္း၊ မွတ္တမ္းတင္အပ္ေၾကာင္း၊ နာစရာရွိလွ်င္ လြမ္းစရာႏွင့္ေျဖဆိုသည့္ စကားအတိုင္း နာစရာမ်ားရွိလွ်င္လည္း လြမ္းစရာျဖင့္ ေျဖၾကေစလိုေၾကာင္း“ စသျဖင့္ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း က မိန႔္ခြန္းေခြၽခဲ့ပါသည္။
 
ဗိုလ္ခ်ဳပ္ႀကီးေနဝင္း မိုးေကာင္းေနခ်ိန္ျဖစ္၍ သူေျပာသည့္ နာစရာရွိရင္ လြမ္းစရာနဲ႔ေျဖပါဆိုေသာ စကားကို ထိုစဥ္က ထုတ္ေဝေနေသာ သတင္းစာ၊ ဂ်ာနယ္တို႔က တခမ္းတနား အသားေပးလ်က္ မ်က္ႏွာဖုံးသတင္းအျဖစ္ ေဖာ္ျပခဲ့ၾကပါသည္။
 
သည္ေနာက္ပိုင္း မည္သည့္ႏိုင္ငံ့ေခါင္းေဆာင္ကမွ် ဗိုလ္ခ်ဳပ္ႀကီးေနဝင္းကဲ့သို႔ အမ်ိဳးသားေန႔ကို၊ ႏိုင္ငံေရးအရ အသုံးမခ်တတ္ခဲ့ၾကပါေပ။ 
 
သို႔ေသာ္ ၁၉၉၅ ခုႏွစ္ အမ်ိဳးသားေအာင္ပြဲေန႔ ၇၅ ႏွစ္ျပည့္ စိန္ရတုသဘင္အခမ္းအနားကို တကၠသိုလ္ရိပ္သာလမ္းရွိ ေဒၚေအာင္ဆန္းစုၾကည္၏ အမွတ္ ၅၄ ေနအိမ္ၿခံဝင္းထဲတြင္ ဒီခ်ဳပ္ပါတီက က်င္းပခဲ့ပါသည္။သို႔ေသာ္ ဝမ္းနည္းဖြယ္ရာေကာင္းသည္မွာ ဒီခ်ဳပ္အစိုးရ တက္လာၿပီးေနာက္ပိုင္း အမ်ိဳးသားေအာင္ပြဲေန႔ ႏွစ္ပတ္လည္မ်ားသည္ ႏိုင္ငံေတာ္သမၼတႀကီး ေပးပို႔သည့္ သဝဏ္လႊာမွ်ျဖင့္သာ ၿပီးဆုံးခဲ့ရပါသည္။
 
၁၉၂၀ ျပည့္ႏွစ္ ဒီဇင္ဘာ ၁ ရက္ေန႔တြင္ အဂၤလိပ္အာဏာပိုင္မ်ားက ရန္ကုန္တကၠသိုလ္ အက္ဥပေဒ ကို ျပဌာန္းလိုက္ပါသည္။ဥပေဒပါအခ်က္မ်ားကို မေက်နပ္၍ ရန္ကုန္တကၠသိုလ္ေက်ာင္းသားမ်ားက ၁၉၂၀ ျပည့္ႏွစ္ ဒီဇင္ဘာ ၇ ရက္တြင္ သပိတ္ေမွာက္ရန္၊ စည္းေဝးတိုင္ပင္ခဲ့ၾကပါသည္။ဆရာမ်ားထံ ထိုသတင္းေရာက္သြားၿပီး ဆရာမ်ားက ေက်ာင္းသားမ်ား သပိတ္မေမွာက္ရန္ စုေဝးေနၾကသည့္ ေ႐ႊတိဂုံဘုရားေပၚမွ ေက်ာင္းဝင္းထဲသို႔ျပန္လာရန္ လာေရာက္ေဖ်ာင္းဖ်ၾကပါသည္။ထို႔ေၾကာင့္ ေက်ာင္းသားမ်ားက ဒီဇင္ဘာ ၇ ရက္ေန႔အစား ေရွ႕တိုးလ်က္ ဒီဇင္ဘာ ၅ ရက္ေန႔တြင္ သပိတ္ေမွာက္ခဲ့ၾကပါသည္။ရန္ကုန္တကၠသိုလ္ အက္ဥပေဒတြင္ပါရွိသည့္ ဥပေဒတခ်ိဳ႕ကို ျပင္ဆင္ေပးရန္ ေတာင္းဆိုခဲ့ၾကပါသည္။အဆိုပါသပိတ္ထဲသို႔ ႏိုင္ငံတဝန္းရွိ ေက်ာင္းသားမ်ားႏွင္ လူထု ပါဝင္လာၾကပါသည္။သို႔ျဖင့္ ရန္ကုန္တကၠသိုလ္ အက္ဥပေဒပါ အခ်က္တခ်ိဳ႕ကို တကၠသိုလ္အာဏာပိုင္မ်ားက ျပင္ဆင္ေပးခဲ့ရေတာ့သည္။သပိတ္ေမွာက္ေက်ာင္းသား တခ်ိဳ႕သည္ တကၠသိုလ္သို႔ ျပန္မလာၾကေတာ့ဘဲ၊ အမ်ိဳးသားေက်ာင္းမ်ားဖြင့္လွစ္ၿပီး စာသင္ေပးခဲ့ၾကသည္။ဤတြင္ နာမည္ေက်ာ္ ၿမိဳ႕မေက်ာင္းကဲ့သို႔ အမ်ိဳးသားေက်ာင္းမ်ား ေပၚေပါက္လာခဲ့ပါသည္။
 
“ဗမာျပည္ကိုခ်စ္ပါ၊ ဗမာစာကိုခ်ီးျမႇင့္ပါ၊ ဗမာစကားကိုေလးစားပါ” ဟူေသာ လႈံ႕ေဆာ္သံျဖင့္ ျမန္မာတို႔၏ အမ်ိဳးသားေရးစိတ္ဓာတ္ကို ႏႈိးဆြေပးခဲ့ၾကပါသည္။ျမန္မာလူထု၏ အမ်ိဳးသားေရးစိတ္ဓာတ္မ်ား တက္ႂကြလာၾကပါသည္။ထိုစိတ္၏ ျပင္းျပသည့္အရွိန္အဟုန္ကို လြတ္လပ္ေရးရသည္ထိ ထိန္းသိမ္းသယ္ေဆာင္ ႏိုင္ခဲ့ၾကပါသည္။
 
စင္စစ္ ရန္ကုန္တကၠသိုလ္ ရာျပည့္ႏွင့္ အမ်ိဳးသားေအာင္ပြဲေန႔ ရာျပည့္အခမ္းအနားကို တတြဲတည္း ေပါင္းလ်က္ က်င္းပရန္ စီစဥ္ခဲ့ၾကမည္ဆိုလွ်င္ ရန္ကုန္တကၠသိုလ္ ရာျပည့္ပြဲအား ယခုထက္ လူအမ်ားပိုမိုစိတ္ဝင္စားၾကၿပီး ပိုမိုအႏွစ္သာရရွိသည့္ပြဲ ျဖစ္လာေပမည္။ထို႔ျပင္ အိပ္ေမာက်စျပဳေနသည့္ ျမန္မာတို႔၏ အမ်ိဳးသားေရးအစစ္အမွန္စိတ္ကို ျပန္လည္ႏႈိးဆြေပးႏိုင္မည္ျဖစ္ပါသည္။ယခုကား ကိုဗစ္ဗက္ဇင္းရရင္ လူထုကိုထိုးေပးဖို႔ အစီအစဥ္ေတြ လုပ္ေနပါတယ္။ကိုဗစ္ ပန္ဒမစ္ကေတာ့ မလြယ္ဘူးေလ။စကၠင္းေဝ့ဖ္ကို မထိန္းႏိုင္ေတာ့ဘူး။ဟင္းစတင္ဇာ ဘူးေသးေလးေတြ ေဆာင္ထားသင့္တာေပါ့ဆိုေသာ ဘိုစကားမ်ား ႏႈတ္မွထြက္မလာပါက၊ ျမန္မာပညာတတ္မမည္ေတာ့သည့္ေခတ္သို႔ ေရာက္လာပါၿပီ။
 
၁၉၂၀ ဒီဇင္ဘာလ ၅ ရက္ေန႔သည္ ျမန္မာသကၠရာဇ္ ၁၂၈၂ ခုႏွစ္ တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၁၀ ရက္ေန႔ျဖစ္၍ တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၁၀ ရက္ေန႔ကို အမ်ိဳးသားေအာင္ပြဲေန႔အျဖစ္ သတ္မွတ္က်င္းပလာခဲ့ၾကသည္မွာ ၁၂၈၃ ခုႏွစ္ကတည္းက ျဖစ္ပါသည္။ယခုအခါ ဒီမိုကေရစီအစိုးရ ၂ ဆက္ တက္လာၿပီး၊ တတိယေျမာက္ လူထုတင္ေျမႇာက္သည့္အစိုးရ တက္လာရန္ လပိုင္းသာလိုပါေတာ့သည္။သို႔ေသာ္ အမ်ိဳးသားေအာင္ပြဲေန႔ခမ်ာ ဟိုယခင္ကကဲ့သို႔ ႏိုင္ငံတဝွန္း ၿခိမ့္ၿခိမ့္သဲက်င္းပျခင္းခံရသည့္ပြဲ မဟုတ္ေတာ့ပါ။ၾကက္ပြဲ ငွက္ပြဲမွ်သာျဖစ္လ်က္ ဘိုလိုေတာ္ကီပစ္မွ တနည္းအားျဖင့္ ျမန္မာစကားထဲ ဘိုလိုညႇပ္ေျပာမွ ေနသာထိုင္သာရွိၾကသည့္ေခတ္တြင္ အမ်ိဳးသားေအာင္ပြဲေန႔ကို တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၁၀ ရက္အစား ဒီဇင္ဘာ ၅ ရက္ဟု ေျပာင္းလဲမသတ္မွတ္ေသးသည္ကိုပင္ အထူးေက်းဇူးတင္ရွိေနရပါေၾကာင္း ....။
 
ခင္ႏွင္းဦး
ဒီဇင္ဘာ - ၉