【 ဆောင်းပါး 】 “အပ်နှင့်မထွင်း၍ ပေါက်ဆိန်နှင့်ပေါက်ရပြီ”

【 ဆောင်းပါး 】 “အပ်နှင့်မထွင်း၍ ပေါက်ဆိန်နှင့်ပေါက်ရပြီ”

အမှုကိစ္စတစ်ခုကို သေးငယ်စဉ် မဖြေရှင်းဘဲ ကြီးထွားလာမှရှင်းပါက ခက်ခဲပင်ပန်းပါသည်။ထို့ကြောင့် ပြဿနာတစ်ရပ် အစပျိုးလာစဉ် လျစ်လျူရှုထားပြီး ထိန်းမနိုင်သိမ်းမရဖြစ်မှ ဖြေရှင်းသည်ရှိသော် အပ်နှင့်ထွင်းရမည်ကို ပေါက်ဆိန်နှင့် ပေါက်ရပြီဟု ဆိုတတ်ကြပါသည်။

တိုင်းအစိုးရအဖွဲ့တစ်ဖွဲ့၏ ပြဿနာကို အခြေစတည်စဉ်ကပင် အချိန်နှင့်တပြေးညီ လုပ်ထုံးနှင့်အညီ အဆင့်ဆင့်မဖြေရှင်းခဲ့ဘဲ၊ အကျယ်အကျယ်ဖြစ်လာမှ အဆင့်များကျော်လျက် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တနင်္သာရီတိုင်းသို့ဆင်းပြီး အစိုးရအဖွဲ့ကို ဆုံးမဖို့လာရပါသည် ဆိုခြင်းကား၊ အတိုက်အခံများကြားတွင် ဝေဖန်စရာဖြစ်လာပါသည်။အတိုင်ပင်ခံသည် လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ကိုင်နေသည်။သမ္မတကိုင်တွယ်ရမည့်ကိစ္စ စသဖြင့် ဖေ့စ်ဘုတ်ပေါ်၌ ရေးသားဝေဖန်လာကြပါသည်။

တနင်္သာရီတိုင်းအစိုးရအဖွဲ့ အထူးသဖြင့် တနင်္သာရီတိုင်း ဝန်ကြီးချုပ် နာမည်ပျက်နေသည်မှာ ၂၀၁၆ ခန့်ကတည်းက ဖြစ်ပါသည်။ဒေသခံများကြားတွင် လည်းကောင်း၊ တနင်္သာရီတိုင်းသို့ဆင်း၍ စီးပွားရေးလုပ်နေသည့် လုပ်ငန်းရှင် အသိုင်းအဝိုင်းကြား၌ လည်းကောင်း တနင်္သာရီတိုင်း ဝန်ကြီးချုပ် နာမည်ပျက်နေသည်မှာ ကြားခဲ့ပါသည်။သို့သော် တနင်္သာရီတိုင်း ဝန်ချုပ်ကို မထိရဲမတို့ရဲ ဖြစ်နေကြသည်မှာ တနင်္သာရီတိုင်း အင်အယ်လ်ဒီ ဥက္ကဋ္ဌ၏ ခယ်မဖြစ်နေခြင်းကြောင့် တစ်ကြောင်းဖြစ်မည်ဟု ပြင်ပမှ စောင့်ကြည့်လေ့လာသူများက ပြောဆိုနေကြသည်မှာလည်း ကြာခဲ့ပါပြီ။

အင်အယ်လ်ဒီ အစိုးရသက်တမ်း ၂ နှစ်ခွဲ ကျော်လာစဉ်က ပါတီပြောရေးဆိုခွင့် တာဝန်ယူထားသူ မဟုတ်သော်လည်း စီအီးစီအဖွဲ့ဝင် ဦးဉာဏ်ဝင်း က အစိုးရအဖွဲ့ဝင်တချို့ မကြာမီအပြောင်းအလဲရှိမည်ဟု ပြောခဲ့ပါသည်။ထိုစဉ်က ပြုတ်မည်ဟု အများကထင်ကြေးပေးခဲ့သူများထဲတွင် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ပါဝင်ခဲ့ပါသည်။သို့သော် မည်သည့်ဝန်ချုပ်မှ မပြုတ်ဘဲ၊ မည်သည့်အပြောင်းအလဲမှ မရှိဘဲ၊ အစိုးရအဖွဲ့ဝင်များ ဗိုလ်နေမြဲ ကျားနေမြဲ ဆက်လက်ချီတက်ခဲ့ကြပါသည်။

၂၀၁၈ ခုနှစ်ထဲတွင် တနည်းအားဖြင့် အစိုးရသက်တမ်း၊ လွှတ်တော်သက်တမ်း ၃ နှစ်တွင်း ဝင်လာချိန်၌ အင်အယ်လ်ဒီပါတီ၊ လွှတ်တော်နှင့် အစိုးရကိုဝေဖန်သူ များလာပါသည်။ထိုသို့များလာချိန်တွင် အင်အယ်လ်ဒီ သုတေသန ဗဟိုအဖွဲ့အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်း က အင်အယ်လ်ဒီကို အဖွဲ့အစည်းကြီး ၃ ခုက ပူးပေါင်းတိုက်ခိုက်နေကြောင်း ပြောဆိုခဲ့ပါသည်။
အင်အယ်လ်ဒီဌာနချုပ်တွင် စာကြည့်တိုက်ကောင်းကောင်းနှင့် သုတေသနဌာန မရှိ၍သာ အင်အယ်လ်ဒီပါတီနှင့် အစိုးရ၌ ပျော့ကွက်ဟာကွက် များပြားနေခြင်းဖြစ်မည်ဟု ယခင်ကယူဆခဲ့သော်လည်း သုတေသနအဖွဲ့ရှိကြောင်း သိလိုက်ရပါသည်။အင်အယ်လ်ဒီအစိုးရအပေါ် ဝေဖန်မှု မြင့်တက်လာသည်ကို ဖြေလျော့ပေးရန် ၂၀၁၈ အောက်တိုဘာလထဲ၌ အင်အယ်လ်ဒီ သုတေသန ဗဟိုအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်း က အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်ပါသည်။

သို့သော် ဦးမျိုးရန်နောင်သိန်း ၏ ပြောဆိုမှုများသည် သုတေသနပြုလုပ်၍ ရလာသည့် ရလဒ်ကို အထောက်အထား၊ စာရင်းဇယားနှင့်တကွ ချပြပြောဆိုခြင်း မဟုတ်ဘဲ၊ လူ ၃၀၀၀ ခန့်က၊ အဖွဲ့ ၃ ဖွဲ့ ပူးပေါင်း၍ စသည့် ပြောဆိုချက်များဖြင့် ကောက်ချက်ဆွဲပြခြင်းသာ ဖြစ်ပါသည်။အကယ်၍ အင်အယ်လ်ဒီပါတီ၏ ဗဟိုသုတေသနအဖွဲ့က သုတေသနလုပ်ငန်းကို မှန်မှန်ပြုလုပ်နေသည် ဆိုပါက၊ တနင်္သာရီတိုင်းအစိုးရအဖွဲ့ အခြေအနေ သည်လောက်ရုပ်ပျက်ဆင်းပျက် ဘွားခနဲ လူထုမျက်မှောက် ရောက်လာစရာ အကြောင်းမရှိပေ။ပြည်သူ့ထောက်ခံမှု တခဲနက်ရထားသည့်ပါတီ၊ အစိုးရဖွဲ့ခွင့်ရထားသည့် ပါတီအနေဖြင့် တိကျမှန်ကန်သည့် သုတေသနရလဒ် ရှိမည်ဆိုပါက ထိုရလဒ်ကို ပါတီလိုင်း၊ လွှတ်တော်လိုင်းနှင့် အစိုးရလိုင်း သုံးဌာနစလုံး တည့်မတ် လမ်းကြောင်းမှန်ကန်ရေးအတွက် သွက်လက်စွာ လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် အထောက်အကူပြုခြင်းငှာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။

မှတ်မိသမျှ မီဒီယာကို အစိုးရဘက်က တရားစစွဲဆိုရာ၌ တနင်္သာရီတိုင်းအစိုးရအဖွဲ့ ပထမဆုံးဟု ထင်ပါသည်။ဒေသတွင်း ထုတ်ဝေသည့် ဂျာနယ် (သို့မဟုတ်) သတင်းစာတစ်စောင်က မဲဆွယ်အပြုံး အမည်ဖြင့် ရေးသည့်စာကို ၆၆ (ဃ) ဖြင့် တရားစွဲခြင်း ဖြစ်ပါသည်။လူထု လိုလိုလားလား တင်မြောက်ထားသည့် အစိုးရလက်ထက်တွင် ပြည်သူဘက်က လွန်သည်ဖြစ်စေ၊ မီဒီယာဘက်က လွန်သည်ဖြစ်စေ သင့်တော်သည့် အတိုင်းအတာတစ်ခုထိ အစိုးရဘက်က သည်းခံအရေထူမှုမရှိဘဲ၊ ၆၆ (ဃ) ဖြင့် တရားစွဲဆိုမှုများမှာ ဦးသိန်းစိန် အစိုးရ လက်ထက်တုန်းကထက် များပြားခဲ့သည်ဟု လူထုက ဝေဖန်ခဲ့ကြပါသည်။ထိုသို့ အင်အယ်လ်ဒီအစိုးရလက်ထက် အစိုးရက မီဒီယာအပေါ် တရားစွဲဆိုမှု များလာရခြင်း အကြောင်းအရင်းအား သုတေသနပြုလုပ် အဖြေရှာခြင်း၊ ရရှိသောအဖြေကို ပါတီတွင်း ဆွေးနွေးအသိပေးခြင်း ပုံမှန်လုပ်ခဲ့ပါက၊ အင်အယ်လ်ဒီအစိုးရလက်ထက် တရားစွဲဆိုမှုများ လျော့ကျမည်ဟု ယူဆရပါသည်။

အင်အယ်လ်ဒီ သုတေသနအဖွဲ့အနေဖြင့် အစိုးရသက်တမ်း ၁ နှစ်ပြည့်ချိန်တွင် ဗဟိုအစိုးရ အပါအဝင် တိုင်းနှင့် ပြည်နယ် အစိုးရများအပေါ် လူထု၏ ကျေနပ်မှု၊ မကျေနပ်မှုများကို သုတေသနစစ်တမ်း ကောက်ခဲ့သင့်ပါသည်။ရရှိသည့် သုတေသနရလဒ်အရ တိုင်းနှင့် ပြည်နယ် အစိုးရများ၏ အားနည်းချက် အားသာချက်များကို ပါတီက မှန်မှန်ကန်ကန် သိနိုင်သည့်အပြင်၊ လူထုကျေနပ်မှု အားနည်းသော အစိုးရအဖွဲ့အား အချိန်မီထိန်းကျောင်းပေးနိုင်ခဲ့မည်သာ ဖြစ်ပါသည်။ယခုမူ လူထုကတိုင်တော၍ ရွေးကောက်ခံအမတ်များက တိုင်တော၍ နိုင်ငံတော်၏ အတိုင်ပင်ခံကိုယ်တိုင် တနင်္သာရီတိုင်းသို့ သွားရောက်တွေ့ဆုံရသည့်ဖြစ်ရပ် ပေါ်လာပါသည်။သည့်မတိုင်မီ လေယာဉ်ကွင်း မြက်ရှင်းသည့် ကုန်ကျစရိတ် သုံးစွဲမှု မတန်တဆများပြားနေကြောင်း တိုင်တောခဲ့ကြသော်လည်း အရေးယူမှုမရှိခဲ့ပါ။မြက်ရှင်းစရိတ်ကိစ္စ တိုင်တောပြီး မကြာမီ လူထုကရော ရွေးကောက်ခံ အမတ်များကပါ တိုင်တောကြသည့် အခြေအနေ ဖြစ်လာခဲ့ပါသည်။

အင်အယ်လ်ဒီ လွှတ်တော်လိုင်းတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များကို ဗဟိုချုပ်ကိုင်မှု များပြားသည်ဟု ဝေဖန်ခဲ့ကြပါသည်။ထိုဝေဖန်ချက်နှင့် ပတ်သက်၍ အင်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် က “အင်အယ်လ်ဒီပါတီ ဝင်ခွင့်ကို ဖွင့်ပေးခဲ့၍ ဝင်လာသူများနှင့် ယခုအချိန်တွင် ပါတီတွင်း နေရာရထားသူများသည် တချိန်က အင်အယ်လ်ဒီကို တိုက်ခိုက်ခဲ့သူများ ဖြစ်နေသည်။ထို့ကြောင့် အင်အယ်လ်ဒီက ဗဟိုချုပ်ကိုင်မှုကို ကျင့်သုံးနေရခြင်းဖြစ်သည်” ဟု ပြန်ဖြေကြားဖူးပါသည်။

အင်အယ်လ်ဒီပါတီအနေဖြင့် ပါတီတွင်းသို့ မိတ်ဆွေဟန်ပြု ဝင်လာသူ ရန်သူများ နေရာရလာခြင်းကို တခြားနည်းလမ်းရှာ မဖြေရှင်းဘဲ လွှတ်တော်ကိုယ်စားလှယ်များအား ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် ထိန်းကျောင်းနေခြင်းသည် အဖြေမှန်မဟုတ်ဟု ယူဆပါသည်။တနင်္သာရီတိုင်း ဝန်ကြီးချုပ်သည် တနင်္သာရီတိုင်း လွှတ်တော်သို့ ဆောင်ရွက်မည့် စီမံကိန်းများ မတင်ပြဘဲ ပြုလုပ်နေသည်ဟု အသံထွက်ခဲ့သည်မှာလည်း ကြာခဲ့ပါပြီ။တိုင်းတစ်ခုအတွက် အရေးကြီးသည့် ဝန်ကြီးချုပ်ရာထူး ခန့်အပ်ရာ၌ ဒေသခံပြည်သူများ၏ အသံနားမထောင်ဘဲ ပါတီတွင် တာဝန်ရှိသူနှင့် ဆွေနီးတော်စပ်သူကို ခန့်အပ်ခဲ့သည့် ဘေးထွက်ဆိုးကျိုးဟုလည်း ဒေသခံများက ကောက်ချက်ချကြပါသည်။

ဒေါ်အောင်ဆန်းစုကြည် တနင်္သာရီတိုင်းသို့ သွားရောက်သည့် ခရီးစဉ်တွင် ဒေသခံများက ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းအင်အယ်လ်ဒီ ဥက္ကဌ ဦးအောင်စိုး နှင့် တိုင်းစီမံဘဏ္ဍာ ဝန်ကြီး ဦးဖြိုးဝင်းထွန်း တို့ကို ဖယ်ရှားပေးပါဟု တောင်းဆိုခဲ့ကြပါသည်။ဒေသခံတစ်ဦးက “ယခုဆိုလျှင် တနင်္သာရီတိုင်း တစ်ခုလုံးရှိ အင်အယ်လ်ဒီရုံးများကို ဦးအောင်စိုး လူများက အုပ်စီးထားကြသည်” ဟု တင်ပြခဲ့ပါသည်။

အင်အယ်လ်ဒီပါတီ ဤသို့ဖြစ်နေသည်ကို တနင်္သာရီတိုင်းတွင် ပြည်သူဘက်မှ ပွင့်ထွက်လာသံကြောင့် သိခွင့်ရခြင်း ဖြစ်သော်လည်း ကျန် တိုင်းနှင့် ပြည်နယ်များတွင် အလားတူဖြစ်ရပ်များ မည်မျှရှိနေပြီလဲ ရင်လေးဖွယ်ကောင်းလှပါသည်။ယင်းကား ပါတီသုတေသန အားနည်းခြင်းနှင့် ပြည်သူကြား ကိုယ်တိုင်ဆင်းမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ပါသည်။

တနင်္သာရီတိုင်းမှ အပြန်ခရီးတွင် ပြည်သူများ၏ တိုင်ကြားချက်များကို ဥပဒေနှင့်အညီ စစ်ဆေးအရေးယူပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် က ကတိပေးခဲ့ပါသည်။ဒေါ်အောင်ဆန်းစုကြည် တနင်္သာရီတိုင်းမှ ပြန်လာပြီး တစ်လနားနီးလာသည့်တိုင် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ကို အရေးယူခြင်းမရှိ၍ စိတ်မရှည်သူတချို့က ဖေ့စ်ဘုတ်ပေါ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့နှင့် အစိုးရကို သရော်သည့်စာများပင် ရေးတင်လာကြပါ သည်။မတ် ၁၀ ရက်နေ့ ညနေတွင် ဖေ့စ်ဘုတ်ပေါ်သို့ ဒေါက်တာလဲ့လဲ့မော် နှင့် ဂျီဂျီအက်စ်ကုမ္ပဏီမှ တာဝန်ရှိသူ ၃ ဦးကို အရေးယူဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း သတင်းများ ပလူပျံတက်လာပါသည်။အင်အယ်လ်ဒီအစိုးရ လက်ထက်တွင် ဝန်ကြီးချုပ်အဆင့် ရာထူးရှိသူတစ်ဦးကို အဂတိလိုက်စားမှု ပုဒ်မဖြင့် ပထမဆုံး အရေးယူလိုက်ခြင်း ဖြစ်ပါသည်။

လက်ကျန်သက်တမ်း ၂ နှစ်ပျော့ပျော့အတွင်း တနင်္သာရီတိုင်း ဖြစ်အင်ကို နမူနာပြုလျက် တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ အကြောင်းကို ပြည်သူ့ထံမှ တိုက်ရိုက်နားထောင်၍ အစိုးရအဖွဲ့ဝင်များကို ထိန်းကျောင်းပေးမည်၊ အင်အယ်လ်ဒီ ပါတီဝင်များကို ထိန်းကျောင်းပေးမည်ဆိုပါက အင်အယ်လ်ဒီ လက်ကျန်သက်တမ်းအတွင်း ပြည်သူ၏ ကျေနပ်မှုကို ဆက်လက်ရရှိမည် ဖြစ်ပါသည်။ဒေါက်တာလဲ့လဲ့မော် သည်မျှ လက်ရဲဇက်ရဲ ပြုလုပ်ရဲခြင်းသည် ခဲအိုနောက်ခံရှိနေ၍ဆိုသည့် ဒေသခံတို့၏ အသံသည်လည်း ထည့်သွင်းဆင်ခြင် စဉ်းစားစရာတစ်ချက် ဖြစ်ပါသည်။

နိဂုံးချုပ်ရမည်ဆိုလျှင် အဂတိတိုက်ဖျက်ရေးအဖွဲ့က ဖော်ထုတ်လိုက်သည့် ပြည်သူ့ဘဏ္ဍာ အဟောသိကံဖြစ်မှုသည် နည်းသည့်ကိန်းဂဏန်းများ မဟုတ်ပါ။၂၀၁၆ ဝန်းကျင်ကတည်းက အနံ့တထောင်းထောင်း ထွက်နေသော ဝန်ကြီးချုပ်တစ်ဦးကို ၂၀၁၉ ရောက်မှ အရေးယူပေးရာ လုံးလုံးအရေးမယူခြင်းထက်စာလျှင် ကြိုဆိုရပါမည်။သို့သော် ၃ နှစ်ဆိုသော အချိန်ပြုန်းတီးရလေပြီ။
ပြည်သူ့ဘဏ္ဍာ အဟောသိကံဖြစ်မှု မဖော်ထုတ်နိုင်သေးသည့် ကဏ္ဍများ ကျန်ရှိနိုင်ပါသေးသည်။အပ်နှင့်ထွင်းရမည်ကို လက်ရှောင်နေရာ ပုဆိန်နှင့်ပေါက်ရလေပြီတည်း။

ခင်နှင်းဦး
မတ် - ၁၃

( Zawgyi )

အမႈကိစၥတစ္ခုကို ေသးငယ္စဥ္ မေျဖရွင္းဘဲ ႀကီးထြားလာမွရွင္းပါက ခက္ခဲပင္ပန္းပါသည္။ထို႔ေၾကာင့္ ျပႆနာတစ္ရပ္ အစပ်ိဳးလာစဥ္ လ်စ္လ်ဴရႈထားၿပီး ထိန္းမႏိုင္သိမ္းမရျဖစ္မွ ေျဖရွင္းသည္ရွိေသာ္ အပ္ႏွင့္ထြင္းရမည္ကို ေပါက္ဆိန္ႏွင့္ ေပါက္ရၿပီဟု ဆိုတတ္ၾကပါသည္။

တိုင္းအစိုးရအဖြဲ႕တစ္ဖြဲ႕၏ ျပႆနာကို အေျခစတည္စဥ္ကပင္ အခ်ိန္ႏွင့္တေျပးညီ လုပ္ထုံးႏွင့္အညီ အဆင့္ဆင့္မေျဖရွင္းခဲ့ဘဲ၊ အက်ယ္အက်ယ္ျဖစ္လာမွ အဆင့္မ်ားေက်ာ္လ်က္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ တနသၤာရီတိုင္းသို႔ဆင္းၿပီး အစိုးရအဖြဲ႕ကို ဆုံးမဖို႔လာရပါသည္ ဆိုျခင္းကား၊ အတိုက္အခံမ်ားၾကားတြင္ ေဝဖန္စရာျဖစ္လာပါသည္။အတိုင္ပင္ခံသည္ လုပ္ပိုင္ခြင့္ကို ေက်ာ္လြန္လုပ္ကိုင္ေနသည္။သမၼတကိုင္တြယ္ရမည့္ကိစၥ စသျဖင့္ ေဖ့စ္ဘုတ္ေပၚ၌ ေရးသားေဝဖန္လာၾကပါသည္။

တနသၤာရီတိုင္းအစိုးရအဖြဲ႕ အထူးသျဖင့္ တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္ နာမည္ပ်က္ေနသည္မွာ ၂၀၁၆ ခန႔္ကတည္းက ျဖစ္ပါသည္။ေဒသခံမ်ားၾကားတြင္ လည္းေကာင္း၊ တနသၤာရီတိုင္းသို႔ဆင္း၍ စီးပြားေရးလုပ္ေနသည့္ လုပ္ငန္းရွင္ အသိုင္းအဝိုင္းၾကား၌ လည္းေကာင္း တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္ နာမည္ပ်က္ေနသည္မွာ ၾကားခဲ့ပါသည္။သို႔ေသာ္ တနသၤာရီတိုင္း ဝန္ခ်ဳပ္ကို မထိရဲမတို႔ရဲ ျဖစ္ေနၾကသည္မွာ တနသၤာရီတိုင္း အင္အယ္လ္ဒီ ဥကၠ႒၏ ခယ္မျဖစ္ေနျခင္းေၾကာင့္ တစ္ေၾကာင္းျဖစ္မည္ဟု ျပင္ပမွ ေစာင့္ၾကည့္ေလ့လာသူမ်ားက ေျပာဆိုေနၾကသည္မွာလည္း ၾကာခဲ့ပါၿပီ။

အင္အယ္လ္ဒီ အစိုးရသက္တမ္း ၂ ႏွစ္ခြဲ ေက်ာ္လာစဥ္က ပါတီေျပာေရးဆိုခြင့္ တာဝန္ယူထားသူ မဟုတ္ေသာ္လည္း စီအီးစီအဖြဲ႕ဝင္ ဦးဉာဏ္ဝင္း က အစိုးရအဖြဲ႕ဝင္တခ်ိဳ႕ မၾကာမီအေျပာင္းအလဲရွိမည္ဟု ေျပာခဲ့ပါသည္။ထိုစဥ္က ျပဳတ္မည္ဟု အမ်ားကထင္ေၾကးေပးခဲ့သူမ်ားထဲတြင္ တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္ ပါဝင္ခဲ့ပါသည္။သို႔ေသာ္ မည္သည့္ဝန္ခ်ဳပ္မွ မျပဳတ္ဘဲ၊ မည္သည့္အေျပာင္းအလဲမွ မရွိဘဲ၊ အစိုးရအဖြဲ႕ဝင္မ်ား ဗိုလ္ေနၿမဲ က်ားေနၿမဲ ဆက္လက္ခ်ီတက္ခဲ့ၾကပါသည္။

၂၀၁၈ ခုႏွစ္ထဲတြင္ တနည္းအားျဖင့္ အစိုးရသက္တမ္း၊ လႊတ္ေတာ္သက္တမ္း ၃ ႏွစ္တြင္း ဝင္လာခ်ိန္၌ အင္အယ္လ္ဒီပါတီ၊ လႊတ္ေတာ္ႏွင့္ အစိုးရကိုေဝဖန္သူ မ်ားလာပါသည္။ထိုသို႔မ်ားလာခ်ိန္တြင္ အင္အယ္လ္ဒီ သုေတသန ဗဟိုအဖြဲ႕အတြင္းေရးမႉး ဦးမ်ိဳးရန္ေနာင္သိန္း က အင္အယ္လ္ဒီကို အဖြဲ႕အစည္းႀကီး ၃ ခုက ပူးေပါင္းတိုက္ခိုက္ေနေၾကာင္း ေျပာဆိုခဲ့ပါသည္။
အင္အယ္လ္ဒီဌာနခ်ဳပ္တြင္ စာၾကည့္တိုက္ေကာင္းေကာင္းႏွင့္ သုေတသနဌာန မရွိ၍သာ အင္အယ္လ္ဒီပါတီႏွင့္ အစိုးရ၌ ေပ်ာ့ကြက္ဟာကြက္ မ်ားျပားေနျခင္းျဖစ္မည္ဟု ယခင္ကယူဆခဲ့ေသာ္လည္း သုေတသနအဖြဲ႕ရွိေၾကာင္း သိလိုက္ရပါသည္။အင္အယ္လ္ဒီအစိုးရအေပၚ ေဝဖန္မႈ ျမင့္တက္လာသည္ကို ေျဖေလ်ာ့ေပးရန္ ၂၀၁၈ ေအာက္တိုဘာလထဲ၌ အင္အယ္လ္ဒီ သုေတသန ဗဟိုအဖြဲ႕ အတြင္းေရးမႉး ဦးမ်ိဳးရန္ေနာင္သိန္း က အထက္ပါအတိုင္း ေျပာခဲ့ျခင္းျဖစ္ပါသည္။

သို႔ေသာ္ ဦးမ်ိဳးရန္ေနာင္သိန္း ၏ ေျပာဆိုမႈမ်ားသည္ သုေတသနျပဳလုပ္၍ ရလာသည့္ ရလဒ္ကို အေထာက္အထား၊ စာရင္းဇယားႏွင့္တကြ ခ်ျပေျပာဆိုျခင္း မဟုတ္ဘဲ၊ လူ ၃၀၀၀ ခန႔္က၊ အဖြဲ႕ ၃ ဖြဲ႕ ပူးေပါင္း၍ စသည့္ ေျပာဆိုခ်က္မ်ားျဖင့္ ေကာက္ခ်က္ဆြဲျပျခင္းသာ ျဖစ္ပါသည္။အကယ္၍ အင္အယ္လ္ဒီပါတီ၏ ဗဟိုသုေတသနအဖြဲ႕က သုေတသနလုပ္ငန္းကို မွန္မွန္ျပဳလုပ္ေနသည္ ဆိုပါက၊ တနသၤာရီတိုင္းအစိုးရအဖြဲ႕ အေျခအေန သည္ေလာက္႐ုပ္ပ်က္ဆင္းပ်က္ ဘြားခနဲ လူထုမ်က္ေမွာက္ ေရာက္လာစရာ အေၾကာင္းမရွိေပ။ျပည္သူ႔ေထာက္ခံမႈ တခဲနက္ရထားသည့္ပါတီ၊ အစိုးရဖြဲ႕ခြင့္ရထားသည့္ ပါတီအေနျဖင့္ တိက်မွန္ကန္သည့္ သုေတသနရလဒ္ ရွိမည္ဆိုပါက ထိုရလဒ္ကို ပါတီလိုင္း၊ လႊတ္ေတာ္လိုင္းႏွင့္ အစိုးရလိုင္း သုံးဌာနစလုံး တည့္မတ္ လမ္းေၾကာင္းမွန္ကန္ေရးအတြက္ သြက္လက္စြာ လုပ္ငန္းလည္ပတ္ႏိုင္ေရးအတြက္ အေထာက္အကူျပဳျခင္းငွာ အသုံးျပဳႏိုင္မည္ ျဖစ္ပါသည္။

မွတ္မိသမွ် မီဒီယာကို အစိုးရဘက္က တရားစစြဲဆိုရာ၌ တနသၤာရီတိုင္းအစိုးရအဖြဲ႕ ပထမဆုံးဟု ထင္ပါသည္။ေဒသတြင္း ထုတ္ေဝသည့္ ဂ်ာနယ္ (သို႔မဟုတ္) သတင္းစာတစ္ေစာင္က မဲဆြယ္အၿပဳံး အမည္ျဖင့္ ေရးသည့္စာကို ၆၆ (ဃ) ျဖင့္ တရားစြဲျခင္း ျဖစ္ပါသည္။လူထု လိုလိုလားလား တင္ေျမာက္ထားသည့္ အစိုးရလက္ထက္တြင္ ျပည္သူဘက္က လြန္သည္ျဖစ္ေစ၊ မီဒီယာဘက္က လြန္သည္ျဖစ္ေစ သင့္ေတာ္သည့္ အတိုင္းအတာတစ္ခုထိ အစိုးရဘက္က သည္းခံအေရထူမႈမရွိဘဲ၊ ၆၆ (ဃ) ျဖင့္ တရားစြဲဆိုမႈမ်ားမွာ ဦးသိန္းစိန္ အစိုးရ လက္ထက္တုန္းကထက္ မ်ားျပားခဲ့သည္ဟု လူထုက ေဝဖန္ခဲ့ၾကပါသည္။ထိုသို႔ အင္အယ္လ္ဒီအစိုးရလက္ထက္ အစိုးရက မီဒီယာအေပၚ တရားစြဲဆိုမႈ မ်ားလာရျခင္း အေၾကာင္းအရင္းအား သုေတသနျပဳလုပ္ အေျဖရွာျခင္း၊ ရရွိေသာအေျဖကို ပါတီတြင္း ေဆြးေႏြးအသိေပးျခင္း ပုံမွန္လုပ္ခဲ့ပါက၊ အင္အယ္လ္ဒီအစိုးရလက္ထက္ တရားစြဲဆိုမႈမ်ား ေလ်ာ့က်မည္ဟု ယူဆရပါသည္။

အင္အယ္လ္ဒီ သုေတသနအဖြဲ႕အေနျဖင့္ အစိုးရသက္တမ္း ၁ ႏွစ္ျပည့္ခ်ိန္တြင္ ဗဟိုအစိုးရ အပါအဝင္ တိုင္းႏွင့္ ျပည္နယ္ အစိုးရမ်ားအေပၚ လူထု၏ ေက်နပ္မႈ၊ မေက်နပ္မႈမ်ားကို သုေတသနစစ္တမ္း ေကာက္ခဲ့သင့္ပါသည္။ရရွိသည့္ သုေတသနရလဒ္အရ တိုင္းႏွင့္ ျပည္နယ္ အစိုးရမ်ား၏ အားနည္းခ်က္ အားသာခ်က္မ်ားကို ပါတီက မွန္မွန္ကန္ကန္ သိႏိုင္သည့္အျပင္၊ လူထုေက်နပ္မႈ အားနည္းေသာ အစိုးရအဖြဲ႕အား အခ်ိန္မီထိန္းေက်ာင္းေပးႏိုင္ခဲ့မည္သာ ျဖစ္ပါသည္။ယခုမူ လူထုကတိုင္ေတာ၍ ေ႐ြးေကာက္ခံအမတ္မ်ားက တိုင္ေတာ၍ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံကိုယ္တိုင္ တနသၤာရီတိုင္းသို႔ သြားေရာက္ေတြ႕ဆုံရသည့္ျဖစ္ရပ္ ေပၚလာပါသည္။သည့္မတိုင္မီ ေလယာဥ္ကြင္း ျမက္ရွင္းသည့္ ကုန္က်စရိတ္ သုံးစြဲမႈ မတန္တဆမ်ားျပားေနေၾကာင္း တိုင္ေတာခဲ့ၾကေသာ္လည္း အေရးယူမႈမရွိခဲ့ပါ။ျမက္ရွင္းစရိတ္ကိစၥ တိုင္ေတာၿပီး မၾကာမီ လူထုကေရာ ေ႐ြးေကာက္ခံ အမတ္မ်ားကပါ တိုင္ေတာၾကသည့္ အေျခအေန ျဖစ္လာခဲ့ပါသည္။

အင္အယ္လ္ဒီ လႊတ္ေတာ္လိုင္းတြင္လည္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို ဗဟိုခ်ဳပ္ကိုင္မႈ မ်ားျပားသည္ဟု ေဝဖန္ခဲ့ၾကပါသည္။ထိုေဝဖန္ခ်က္ႏွင့္ ပတ္သက္၍ အင္အယ္လ္ဒီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫႊန႔္ က “အင္အယ္လ္ဒီပါတီ ဝင္ခြင့္ကို ဖြင့္ေပးခဲ့၍ ဝင္လာသူမ်ားႏွင့္ ယခုအခ်ိန္တြင္ ပါတီတြင္း ေနရာရထားသူမ်ားသည္ တခ်ိန္က အင္အယ္လ္ဒီကို တိုက္ခိုက္ခဲ့သူမ်ား ျဖစ္ေနသည္။ထို႔ေၾကာင့္ အင္အယ္လ္ဒီက ဗဟိုခ်ဳပ္ကိုင္မႈကို က်င့္သုံးေနရျခင္းျဖစ္သည္” ဟု ျပန္ေျဖၾကားဖူးပါသည္။

အင္အယ္လ္ဒီပါတီအေနျဖင့္ ပါတီတြင္းသို႔ မိတ္ေဆြဟန္ျပဳ ဝင္လာသူ ရန္သူမ်ား ေနရာရလာျခင္းကို တျခားနည္းလမ္းရွာ မေျဖရွင္းဘဲ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအား ဗဟိုခ်ဳပ္ကိုင္မႈစနစ္ျဖင့္ ထိန္းေက်ာင္းေနျခင္းသည္ အေျဖမွန္မဟုတ္ဟု ယူဆပါသည္။တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္သည္ တနသၤာရီတိုင္း လႊတ္ေတာ္သို႔ ေဆာင္႐ြက္မည့္ စီမံကိန္းမ်ား မတင္ျပဘဲ ျပဳလုပ္ေနသည္ဟု အသံထြက္ခဲ့သည္မွာလည္း ၾကာခဲ့ပါၿပီ။တိုင္းတစ္ခုအတြက္ အေရးႀကီးသည့္ ဝန္ႀကီးခ်ဳပ္ရာထူး ခန႔္အပ္ရာ၌ ေဒသခံျပည္သူမ်ား၏ အသံနားမေထာင္ဘဲ ပါတီတြင္ တာဝန္ရွိသူႏွင့္ ေဆြနီးေတာ္စပ္သူကို ခန႔္အပ္ခဲ့သည့္ ေဘးထြက္ဆိုးက်ိဳးဟုလည္း ေဒသခံမ်ားက ေကာက္ခ်က္ခ်ၾကပါသည္။

ေဒၚေအာင္ဆန္းစုၾကည္ တနသၤာရီတိုင္းသို႔ သြားေရာက္သည့္ ခရီးစဥ္တြင္ ေဒသခံမ်ားက ဝန္ႀကီးခ်ဳပ္ ေဒါက္တာလဲ့လဲ့ေမာ္၊ တိုင္းအင္အယ္လ္ဒီ ဥကၠဌ ဦးေအာင္စိုး ႏွင့္ တိုင္းစီမံဘ႑ာ ဝန္ႀကီး ဦးၿဖိဳးဝင္းထြန္း တို႔ကို ဖယ္ရွားေပးပါဟု ေတာင္းဆိုခဲ့ၾကပါသည္။ေဒသခံတစ္ဦးက “ယခုဆိုလွ်င္ တနသၤာရီတိုင္း တစ္ခုလုံးရွိ အင္အယ္လ္ဒီ႐ုံးမ်ားကို ဦးေအာင္စိုး လူမ်ားက အုပ္စီးထားၾကသည္” ဟု တင္ျပခဲ့ပါသည္။

အင္အယ္လ္ဒီပါတီ ဤသို႔ျဖစ္ေနသည္ကို တနသၤာရီတိုင္းတြင္ ျပည္သူဘက္မွ ပြင့္ထြက္လာသံေၾကာင့္ သိခြင့္ရျခင္း ျဖစ္ေသာ္လည္း က်န္ တိုင္းႏွင့္ ျပည္နယ္မ်ားတြင္ အလားတူျဖစ္ရပ္မ်ား မည္မွ်ရွိေနၿပီလဲ ရင္ေလးဖြယ္ေကာင္းလွပါသည္။ယင္းကား ပါတီသုေတသန အားနည္းျခင္းႏွင့္ ျပည္သူၾကား ကိုယ္တိုင္ဆင္းမႈ အားနည္းျခင္းတို႔ေၾကာင့္ ျဖစ္ပါသည္။

တနသၤာရီတိုင္းမွ အျပန္ခရီးတြင္ ျပည္သူမ်ား၏ တိုင္ၾကားခ်က္မ်ားကို ဥပေဒႏွင့္အညီ စစ္ေဆးအေရးယူေပးမည္ဟု ေဒၚေအာင္ဆန္းစုၾကည္ က ကတိေပးခဲ့ပါသည္။ေဒၚေအာင္ဆန္းစုၾကည္ တနသၤာရီတိုင္းမွ ျပန္လာၿပီး တစ္လနားနီးလာသည့္တိုင္ တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္ကို အေရးယူျခင္းမရွိ၍ စိတ္မရွည္သူတခ်ိဳ႕က ေဖ့စ္ဘုတ္ေပၚတြင္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးအဖြဲ႕ႏွင့္ အစိုးရကို သေရာ္သည့္စာမ်ားပင္ ေရးတင္လာၾကပါ သည္။မတ္ ၁၀ ရက္ေန႔ ညေနတြင္ ေဖ့စ္ဘုတ္ေပၚသို႔ ေဒါက္တာလဲ့လဲ့ေမာ္ ႏွင့္ ဂ်ီဂ်ီအက္စ္ကုမၸဏီမွ တာဝန္ရွိသူ ၃ ဦးကို အေရးယူဖမ္းဆီးလိုက္ၿပီျဖစ္ေၾကာင္း သတင္းမ်ား ပလူပ်ံတက္လာပါသည္။အင္အယ္လ္ဒီအစိုးရ လက္ထက္တြင္ ဝန္ႀကီးခ်ဳပ္အဆင့္ ရာထူးရွိသူတစ္ဦးကို အဂတိလိုက္စားမႈ ပုဒ္မျဖင့္ ပထမဆုံး အေရးယူလိုက္ျခင္း ျဖစ္ပါသည္။

လက္က်န္သက္တမ္း ၂ ႏွစ္ေပ်ာ့ေပ်ာ့အတြင္း တနသၤာရီတိုင္း ျဖစ္အင္ကို နမူနာျပဳလ်က္ တိုင္းႏွင့္ ျပည္နယ္ အစိုးရအဖြဲ႕ဝင္မ်ား အေၾကာင္းကို ျပည္သူ႔ထံမွ တိုက္႐ိုက္နားေထာင္၍ အစိုးရအဖြဲ႕ဝင္မ်ားကို ထိန္းေက်ာင္းေပးမည္၊ အင္အယ္လ္ဒီ ပါတီဝင္မ်ားကို ထိန္းေက်ာင္းေပးမည္ဆိုပါက အင္အယ္လ္ဒီ လက္က်န္သက္တမ္းအတြင္း ျပည္သူ၏ ေက်နပ္မႈကို ဆက္လက္ရရွိမည္ ျဖစ္ပါသည္။ေဒါက္တာလဲ့လဲ့ေမာ္ သည္မွ် လက္ရဲဇက္ရဲ ျပဳလုပ္ရဲျခင္းသည္ ခဲအိုေနာက္ခံရွိေန၍ဆိုသည့္ ေဒသခံတို႔၏ အသံသည္လည္း ထည့္သြင္းဆင္ျခင္ စဥ္းစားစရာတစ္ခ်က္ ျဖစ္ပါသည္။

နိဂုံးခ်ဳပ္ရမည္ဆိုလွ်င္ အဂတိတိုက္ဖ်က္ေရးအဖြဲ႕က ေဖာ္ထုတ္လိုက္သည့္ ျပည္သူ႔ဘ႑ာ အေဟာသိကံျဖစ္မႈသည္ နည္းသည့္ကိန္းဂဏန္းမ်ား မဟုတ္ပါ။၂၀၁၆ ဝန္းက်င္ကတည္းက အနံ႔တေထာင္းေထာင္း ထြက္ေနေသာ ဝန္ႀကီးခ်ဳပ္တစ္ဦးကို ၂၀၁၉ ေရာက္မွ အေရးယူေပးရာ လုံးလုံးအေရးမယူျခင္းထက္စာလွ်င္ ႀကိဳဆိုရပါမည္။သို႔ေသာ္ ၃ ႏွစ္ဆိုေသာ အခ်ိန္ျပဳန္းတီးရေလၿပီ။
ျပည္သူ႔ဘ႑ာ အေဟာသိကံျဖစ္မႈ မေဖာ္ထုတ္ႏိုင္ေသးသည့္ က႑မ်ား က်န္ရွိႏိုင္ပါေသးသည္။အပ္ႏွင့္ထြင္းရမည္ကို လက္ေရွာင္ေနရာ ပုဆိန္ႏွင့္ေပါက္ရေလၿပီတည္း။

ခင္ႏွင္းဦး
မတ္ - ၁၃