【 ဆောင်းပါး 】 “အတိုက်အခံအားနည်းတဲ့ လွှတ်တော်တွင်းကျင့်သုံးရမယ့်နည်းလမ်း”

【 ဆောင်းပါး 】 “အတိုက်အခံအားနည်းတဲ့ လွှတ်တော်တွင်းကျင့်သုံးရမယ့်နည်းလမ်း”

ဒီမိုကရေစီစနစ်အရ ပြည်သူတွေရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်မှာ အာဏာရပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိနေရသလို၊ အာဏာရပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ထိန်းညှိနိုင်ဖို့အတွက် အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်တွေလည်း အင်အားတစ်ခုရှိဖို့ လိုအပ်ပါတယ်။
ဒီလိုအတိုက်အခံတွေရှိနေမှ လွှတ်တော်ကဏ္ဍက အသက်ဝင်ပါလိမ့်မယ်။

နောက် အာဏာရပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက ရွေးချယ်တင်မြှောက်လိုက်တဲ့ နိုင်ငံတော်သမ္မတဟာ အစိုးရဝန်ကြီးတွေကို ခန့်အပ်တာဝန်ပေးရပါတယ်။အဲဒီ အာဏာရအစိုးရအဖွဲ့ဝန်ကြီးတွေရဲ့ ဆောင်ရွက်မှုတွေကို လွှတ်တော်ထဲမှာရှိတဲ့ အတိုက်အခံလွှတ်တော်ကိုယ်စားလှယ်တွေက စောင့်ကြည့်ပြီး အပြုသဘောနဲ့ ထောက်ပြဝေဖန်နိုင်ဖို့လည်း အရေးကြီးပါတယ်။

အခုဆိုရင် ၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကိုလည်း အောင်မြင်စွာကျင်းပခဲ့ပြီးပါပြီ။အနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့လည်း မကြာခင်မှာ ပြည်ထောင်စုလွှတ်တော်ကို ခေါ်ယူရပါတော့မယ်။ပြည်ထောင်စုလွှတ်တော် ခေါ်ယူပြီးတဲ့အခါ အဆင့်ဆင့်လုပ်ဆောင်စရာတွေရှိနေမှာပါ။ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကဏ္ဍတွေကို အဆက်မပြတ် ဆောင်ရွက်ရပါလိမ့်မယ်။

ပထမဦးဆုံးအနေနဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အကြီးအကဲတွေကို ရွေးချယ်တင်မြှောက်ရမှာပါ။နောက် ပြည်ထောင်စုလွှတ်တော်ကြီးကနေ နိုင်ငံတော်သမ္မတသုံးယောက်ကို ပဏာမရွေးချယ်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ ဆန္ဒမဲနဲ့ နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်ရပါလိမ့်မယ်။
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာတုန်းကတော့ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ ကြီးစိုးခဲ့တော့ စစ်အစိုးရရဲ့ သတ်မှတ်ထားတဲ့အတိုင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး သူရရွှေမန်းနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ် ခင်အောင်မြင့် ကို တင်မြှောက်ပြီး ဗိုလ်ချုပ်ကြီး သိန်းစိန် ကို သမ္မတအဖြစ် တင်မြှောက်ခဲ့တယ်။

အဲဒီလိုပဲ၊ ဒုတိယအကြိမ် လွှတ်တော်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်အများစုကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ထားတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်တို့ကို တင်မြှောက်ခဲ့ပါတယ်။အခု တတိယအကြိမ် လွှတ်တော်တွေမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်အများစုဖြစ်နေတော့ အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ပေးတဲ့အတိုင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ နိုင်ငံတော်သမ္မတ ဖြစ်လာနိုင်ပါတယ်။

ပြောမယ်ဆိုရင်၊ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာရော၊ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်မှာပါ အာဏာရပါတီကြီး တစ်ပါတီသာ စိုးမိုးနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီ အာဏာရချိန်တုန်းကလည်း လွှတ်တော်ထဲမှာ အတိုက်အခံအင်အားနည်းပါးခဲ့တယ်။အဲဒီလိုပါပဲ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အာဏာရ လွှမ်းမိုးတဲ့ကာလမှာလည်း ပြည်ထောင်စုလွှတ်တော်မှာ အတိုက်အခံလွှတ်တော်ကိုယ်စားလှယ် အင်အားနည်းခဲ့တယ်။ပြည်ထောင်စုလွှတ်တော်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေတယ်ဆိုပေမယ့်၊ တပ်မတော် လွှတ်တော်ကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ပေးဖို့အတွက်ဖြစ်ပါတယ်။

အခု တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကို ခေါ်ယူရတော့မယ်။ဒါပေမယ့်၊ ဒုတိယအကြိမ် လွှတ်တော်လို အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ လွှမ်းမိုးနေဦးမှာပါ။အတိုက်အခံ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အလွန်နည်းပါးနေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်တွင်းမှာ ဒီမိုကရေစီစနစ်ကျင့်စဉ်ကို ဖော်နိုင်ပါ့မလား။တပ်မတော်လို တစ်သွေး တစ်သံ တစ်မိန့်ကို လိုက်နာရသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမိန့်ညွှန်ကြားချက်ကို လိုက်နာရတော့မှာလား။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်ကို လွန်ဆန်နိုင်ပါ့မလား။

ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေနဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ လွှတ်တော်အကြီးအကဲ ရွေးချယ်နေတာကိုကြည့်ရင် မဆလ တစ်ပါတီလွှတ်တော်ကျင်းပခဲ့တာနဲ့ တူနေခဲ့တယ်။ဗဟိုဦးစီးစနစ်ကို ပြန်လည်ပုံဖော်နေကြသလို ဖြစ်နေပါတယ်။အခုအချိန်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ပုံဖော်ဖို့ကြိုးပမ်းနေတဲ့အချိန် ဖြစ်ပါတယ်။ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးကာလလည်းဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့လည်း ဒီမိုကရေစီစနစ်ဖြစ်ပေါ်လာတာကို တွေ့မြင်ချင်ကြတဲ့ ဆန္ဒတွေထက်သန်ပြီး မဲပေးရွေးချယ်လိုက်ကြတာဖြစ်ပါတယ်။ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေကို ကျင်းပခဲ့တာ နှစ်ကြိမ်ရှိသွားပါပြီ။ကျင်းပပြီးသွားတဲ့ လွှတ်တော်တွေမှာ ဒီမိုကရေစီကျင့်စဉ်အရ ရွေးချယ်တင်မြှောက်မှုပုံစံတွေ ပျောက်ဆုံးနေပါတယ်။တစ်ပါတီစနစ်ရဲ့ ရွေးချယ်တင်မြှောက်မှု ပုံစံအသေဖြစ်နေခဲ့ပါတယ်။အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်အင်အား နည်းပါးမှုကြောင့်လို့ ပြောနိုင်ပါတယ်။

အခု တတိယအကြိမ်လွှတ်တော်တွေမှာ ဒီမိုကရေစီစနစ်ကို ပုံပြန်ဖော်ဖို့ လိုအပ်နေပါပြီ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့လည်း လွှတ်တော်တွင်း လွတ်လပ်စွာယှဉ်ပြိုင်ခွင့်နဲ့ လွတ်လပ်စွာရွေးချယ်တင်မြှောက်ပိုင်ခွင့်ကို အလေးထားရပါလိမ့်မယ်။ပါတီဗဟိုက သတ်မှတ်ပြီး ချပေးလိုက်တဲ့ လွှတ်တော်အကြီးအကဲတွေကို အာဏာရပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက ဆန္ဒမဲအကုန်ပေးလိုက်တာမျိုး မဖြစ်စေချင်တော့ပါဘူး။လွှတ်တော်အတွင်းမှာ အာဏာရပါတီ ဗဟိုကချပေးလိုက်တဲ့ လွှတ်တော်အကြီးအကဲကို တန်းတူယှဉ်ပြိုင်ခွင့်ပေးရပါလိမ့်မယ်။တစ်ပါတီဲထဲက လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း လွတ်လပ်စွားရွေးချယ်ခွင့်ပေးရပါမယ်။
အာဏာရပါတီ ဗဟိုကချပေးလိုက်တဲ့ လွှတ်တော်အကြီးအကဲထက် ပိုစွမ်းဆောင်နိုင်မယ့်၊ ပိုအရည်အချင်းရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရှိနေမှာပါ။

အခုလို လွှတ်တော်တွင်း လွတ်လပ်စွာယှဉ်ပြိုင်မှု၊ လွတ်လပ်စွာရွေးချယ်ခွင့်တွေက စပြီး ဒီမိုကရေစီစနစ်ကို ပုံဖော်ရပါလိမ့်မယ်။ပါတီဗဟိုက ချမှတ်ပေးတဲ့ လူပုဂ္ဂိုလ်ကိုပဲ တညီတညွတ်ထဲ ရွေးချယ်မှုဆိုတဲ့ ဗဟိုဦးစီးစနစ်ကို တဖြေးဖြေးလျော့နည်းသွားအောင် ဖျောက်ကွယ်ရပါမယ်။ရှေ့ဆက်ပြီး လွှတ်တော်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေတင်တဲ့ တင်သွင်းမှုတွေကိုလည်း ဗဟိုဦးစီးစနစ်ပုံစံအရ တင်းကြပ်ထားမှုတွေကိုလည်း တဖြေးဖြေးလျော့နည်းသွားအောင် လုပ်ဆောင်ရပါတော့မယ်။

တစ်ပါတီကြီးစိုးတဲ့ လွှတ်တော်မှာ အတိုက်အခံနည်းပါးနေပါလိမ့်မယ်။အတိုက်အခံအားနည်းတဲ့ လွှတ်တော်ကို ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာနိုင်ဖို့အတွက် အာဏာရပါတီတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေကို လွတ်လပ်ခွင့်ပေးပြီး သဘောထားကွဲလွဲနိုင်ခွင့်ပေးဖို့ လိုအပ်နေပါပြီ။ဒီမိုကရေစီစနစ်ကို ပျက်စီးစေမယ့် ဗဟိုဦးစီးစနစ်ကို လျော့နည်းသွားစေတာ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

မြတ်လှိုင်း
နိုဝင်ဘာ - ၁၈

( Zawgyi )

ဒီမိုကေရစီစနစ္အရ ျပည္သူေတြေ႐ြးခ်ယ္တင္ေျမႇာက္ထားတဲ့ လႊတ္ေတာ္မွာ အာဏာရပါတီရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရွိေနရသလို၊ အာဏာရပါတီရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ထိန္းညႇိႏိုင္ဖို႔အတြက္ အတိုက္အခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြလည္း အင္အားတစ္ခုရွိဖို႔ လိုအပ္ပါတယ္။
ဒီလိုအတိုက္အခံေတြရွိေနမွ လႊတ္ေတာ္က႑က အသက္ဝင္ပါလိမ့္မယ္။

ေနာက္ အာဏာရပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေ႐ြးခ်ယ္တင္ေျမႇာက္လိုက္တဲ့ ႏိုင္ငံေတာ္သမၼတဟာ အစိုးရဝန္ႀကီးေတြကို ခန႔္အပ္တာဝန္ေပးရပါတယ္။အဲဒီ အာဏာရအစိုးရအဖြဲ႕ဝန္ႀကီးေတြရဲ႕ ေဆာင္႐ြက္မႈေတြကို လႊတ္ေတာ္ထဲမွာရွိတဲ့ အတိုက္အခံလႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေစာင့္ၾကည့္ၿပီး အျပဳသေဘာနဲ႔ ေထာက္ျပေဝဖန္ႏိုင္ဖို႔လည္း အေရးႀကီးပါတယ္။

အခုဆိုရင္ ၂၀၂၀ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကိုလည္း ေအာင္ျမင္စြာက်င္းပခဲ့ၿပီးပါၿပီ။အႏိုင္ရပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီအေနနဲ႔လည္း မၾကာခင္မွာ ျပည္ေထာင္စုလႊတ္ေတာ္ကို ေခၚယူရပါေတာ့မယ္။ျပည္ေထာင္စုလႊတ္ေတာ္ ေခၚယူၿပီးတဲ့အခါ အဆင့္ဆင့္လုပ္ေဆာင္စရာေတြရွိေနမွာပါ။ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ က႑ေတြကို အဆက္မျပတ္ ေဆာင္႐ြက္ရပါလိမ့္မယ္။

ပထမဦးဆုံးအေနနဲ႔ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ အႀကီးအကဲေတြကို ေ႐ြးခ်ယ္တင္ေျမႇာက္ရမွာပါ။ေနာက္ ျပည္ေထာင္စုလႊတ္ေတာ္ႀကီးကေန ႏိုင္ငံေတာ္သမၼတသုံးေယာက္ကို ပဏာမေ႐ြးခ်ယ္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္ေတြ ဆႏၵမဲနဲ႔ ႏိုင္ငံေတာ္သမၼတကို ေ႐ြးခ်ယ္တင္ေျမႇာက္ရပါလိမ့္မယ္။
ပထမအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္မွာတုန္းကေတာ့ ျပည္ခိုင္ၿဖိဳးပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ႀကီးစိုးခဲ့ေတာ့ စစ္အစိုးရရဲ႕ သတ္မွတ္ထားတဲ့အတိုင္း ျပည္သူ႔လႊတ္ေတာ္ဥကၠ႒အျဖစ္ ဗိုလ္ခ်ဳပ္ႀကီး သူရေ႐ႊမန္းနဲ႔ အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒အျဖစ္ ဗိုလ္ခ်ဳပ္ ခင္ေအာင္ျမင့္ ကို တင္ေျမႇာက္ၿပီး ဗိုလ္ခ်ဳပ္ႀကီး သိန္းစိန္ ကို သမၼတအျဖစ္ တင္ေျမႇာက္ခဲ့တယ္။

အဲဒီလိုပဲ၊ ဒုတိယအႀကိမ္ လႊတ္ေတာ္မွာေတာ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစုကလည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ ေ႐ြးခ်ယ္ထားတဲ့ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးဝင္းျမင့္၊ အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒နဲ႔ ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္တို႔ကို တင္ေျမႇာက္ခဲ့ပါတယ္။အခု တတိယအႀကိမ္ လႊတ္ေတာ္ေတြမွာလည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစုျဖစ္ေနေတာ့ အမ်ိဳးသားဒီမိုကေရစီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ ေ႐ြးခ်ယ္ေပးတဲ့အတိုင္း ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒၊ အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒နဲ႔ ႏိုင္ငံေတာ္သမၼတ ျဖစ္လာႏိုင္ပါတယ္။

ေျပာမယ္ဆိုရင္၊ ပထမအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္မွာေရာ၊ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္မွာပါ အာဏာရပါတီႀကီး တစ္ပါတီသာ စိုးမိုးႏိုင္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ပထမအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္မွာ ျပည္ခိုင္ၿဖိဳးပါတီ အာဏာရခ်ိန္တုန္းကလည္း လႊတ္ေတာ္ထဲမွာ အတိုက္အခံအင္အားနည္းပါးခဲ့တယ္။အဲဒီလိုပါပဲ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ အာဏာရ လႊမ္းမိုးတဲ့ကာလမွာလည္း ျပည္ေထာင္စုလႊတ္ေတာ္မွာ အတိုက္အခံလႊတ္ေတာ္ကိုယ္စားလွယ္ အင္အားနည္းခဲ့တယ္။ျပည္ေထာင္စုလႊတ္ေတာ္ထဲမွာ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ တပ္မေတာ္ လႊတ္ေတာ္ကိုယ္စားလွယ္ ၂၅ ရာခိုင္ႏႈန္း ရွိေနတယ္ဆိုေပမယ့္၊ တပ္မေတာ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ဖြဲ႕စည္းပုံအေျခခံဥပေဒကို ကာကြယ္ေပးဖို႔အတြက္ျဖစ္ပါတယ္။

အခု တတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ကို ေခၚယူရေတာ့မယ္။ဒါေပမယ့္၊ ဒုတိယအႀကိမ္ လႊတ္ေတာ္လို အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေတြ လႊမ္းမိုးေနဦးမွာပါ။အတိုက္အခံ တိုင္းရင္းသား လႊတ္ေတာ္ကိုယ္စားလွယ္ေတြကလည္း အလြန္နည္းပါးေနပါတယ္။
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနနဲ႔ လႊတ္ေတာ္တြင္းမွာ ဒီမိုကေရစီစနစ္က်င့္စဥ္ကို ေဖာ္ႏိုင္ပါ့မလား။တပ္မေတာ္လို တစ္ေသြး တစ္သံ တစ္မိန႔္ကို လိုက္နာရသလို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမိန႔္ၫႊန္ၾကားခ်က္ကို လိုက္နာရေတာ့မွာလား။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၫႊန္ၾကားခ်က္ကို လြန္ဆန္ႏိုင္ပါ့မလား။

ပထမအႀကိမ္ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ေတြနဲ႔ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ေတြမွာ လႊတ္ေတာ္အႀကီးအကဲ ေ႐ြးခ်ယ္ေနတာကိုၾကည့္ရင္ မဆလ တစ္ပါတီလႊတ္ေတာ္က်င္းပခဲ့တာနဲ႔ တူေနခဲ့တယ္။ဗဟိုဦးစီးစနစ္ကို ျပန္လည္ပုံေဖာ္ေနၾကသလို ျဖစ္ေနပါတယ္။အခုအခ်ိန္က ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီစနစ္ကို ပုံေဖာ္ဖို႔ႀကိဳးပမ္းေနတဲ့အခ်ိန္ ျဖစ္ပါတယ္။ဒီမိုကေရစီစနစ္ အသြင္ကူးေျပာင္းေရးကာလလည္းျဖစ္ပါတယ္။

ျပည္သူေတြအေနနဲ႔လည္း ဒီမိုကေရစီစနစ္ျဖစ္ေပၚလာတာကို ေတြ႕ျမင္ခ်င္ၾကတဲ့ ဆႏၵေတြထက္သန္ၿပီး မဲေပးေ႐ြးခ်ယ္လိုက္ၾကတာျဖစ္ပါတယ္။ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ေတြကို က်င္းပခဲ့တာ ႏွစ္ႀကိမ္ရွိသြားပါၿပီ။က်င္းပၿပီးသြားတဲ့ လႊတ္ေတာ္ေတြမွာ ဒီမိုကေရစီက်င့္စဥ္အရ ေ႐ြးခ်ယ္တင္ေျမႇာက္မႈပုံစံေတြ ေပ်ာက္ဆုံးေနပါတယ္။တစ္ပါတီစနစ္ရဲ႕ ေ႐ြးခ်ယ္တင္ေျမႇာက္မႈ ပုံစံအေသျဖစ္ေနခဲ့ပါတယ္။အတိုက္အခံ လႊတ္ေတာ္ကိုယ္စားလွယ္အင္အား နည္းပါးမႈေၾကာင့္လို႔ ေျပာႏိုင္ပါတယ္။

အခု တတိယအႀကိမ္လႊတ္ေတာ္ေတြမွာ ဒီမိုကေရစီစနစ္ကို ပုံျပန္ေဖာ္ဖို႔ လိုအပ္ေနပါၿပီ။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီအေနနဲ႔လည္း လႊတ္ေတာ္တြင္း လြတ္လပ္စြာယွဥ္ၿပိဳင္ခြင့္နဲ႔ လြတ္လပ္စြာေ႐ြးခ်ယ္တင္ေျမႇာက္ပိုင္ခြင့္ကို အေလးထားရပါလိမ့္မယ္။ပါတီဗဟိုက သတ္မွတ္ၿပီး ခ်ေပးလိုက္တဲ့ လႊတ္ေတာ္အႀကီးအကဲေတြကို အာဏာရပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ဆႏၵမဲအကုန္ေပးလိုက္တာမ်ိဳး မျဖစ္ေစခ်င္ေတာ့ပါဘူး။လႊတ္ေတာ္အတြင္းမွာ အာဏာရပါတီ ဗဟိုကခ်ေပးလိုက္တဲ့ လႊတ္ေတာ္အႀကီးအကဲကို တန္းတူယွဥ္ၿပိဳင္ခြင့္ေပးရပါလိမ့္မယ္။တစ္ပါတီဲထဲက လႊတ္ေတာ္ကိုယ္စားလွယ္ေတြကိုလည္း လြတ္လပ္စြားေ႐ြးခ်ယ္ခြင့္ေပးရပါမယ္။
အာဏာရပါတီ ဗဟိုကခ်ေပးလိုက္တဲ့ လႊတ္ေတာ္အႀကီးအကဲထက္ ပိုစြမ္းေဆာင္ႏိုင္မယ့္၊ ပိုအရည္အခ်င္းရွိတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြလည္း ရွိေနမွာပါ။

အခုလို လႊတ္ေတာ္တြင္း လြတ္လပ္စြာယွဥ္ၿပိဳင္မႈ၊ လြတ္လပ္စြာေ႐ြးခ်ယ္ခြင့္ေတြက စၿပီး ဒီမိုကေရစီစနစ္ကို ပုံေဖာ္ရပါလိမ့္မယ္။ပါတီဗဟိုက ခ်မွတ္ေပးတဲ့ လူပုဂၢိဳလ္ကိုပဲ တညီတၫြတ္ထဲ ေ႐ြးခ်ယ္မႈဆိုတဲ့ ဗဟိုဦးစီးစနစ္ကို တေျဖးေျဖးေလ်ာ့နည္းသြားေအာင္ ေဖ်ာက္ကြယ္ရပါမယ္။ေရွ႕ဆက္ၿပီး လႊတ္ေတာ္ေတြမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြတင္တဲ့ တင္သြင္းမႈေတြကိုလည္း ဗဟိုဦးစီးစနစ္ပုံစံအရ တင္းၾကပ္ထားမႈေတြကိုလည္း တေျဖးေျဖးေလ်ာ့နည္းသြားေအာင္ လုပ္ေဆာင္ရပါေတာ့မယ္။

တစ္ပါတီႀကီးစိုးတဲ့ လႊတ္ေတာ္မွာ အတိုက္အခံနည္းပါးေနပါလိမ့္မယ္။အတိုက္အခံအားနည္းတဲ့ လႊတ္ေတာ္ကို ဒီမိုကေရစီစနစ္ ျဖစ္ေပၚလာႏိုင္ဖို႔အတြက္ အာဏာရပါတီတြင္းက လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို လြတ္လပ္ခြင့္ေပးၿပီး သေဘာထားကြဲလြဲႏိုင္ခြင့္ေပးဖို႔ လိုအပ္ေနပါၿပီ။ဒီမိုကေရစီစနစ္ကို ပ်က္စီးေစမယ့္ ဗဟိုဦးစီးစနစ္ကို ေလ်ာ့နည္းသြားေစတာ နည္းလမ္းတစ္ခုျဖစ္ပါတယ္။

ျမတ္လႈိင္း
ႏိုဝင္ဘာ - ၁၈