【 ဆောင်းပါး 】 “လာနေတဲ့လှိုင်းကို လက်နဲ့ကာမလို့လား”

【 ဆောင်းပါး 】 “လာနေတဲ့လှိုင်းကို လက်နဲ့ကာမလို့လား”

လာမည့်သင်ရိုးသစ် ဒသမတန်းပြဋ္ဌာန်းချက် ဘ၀တွက်တာသင်ခန်းစာထဲ Sex Education ပါဝင်လာမည်ဆိုကတည်းက ဝေဖန်ကန့်ကွက်အသံတွေ ကျယ်ကျယ်ပြန်ပြန့် ပေါ်ထွက်လာခဲ့သည်။ထုံးစံအတိုင်း ထောက်ခံသူနှင့် မထောက်ခံသူများကြား အွန်လိုင်းပေါ်မှာ ကြီးကြီးမားမား ငြင်းကြခုန်ကြနဲ့ ဒီပြဿနာက အများပြည်သူအာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ကောင်းကွက်အနေဖြင့်  Sex Education အကြောင်း အသေးအဖွဲကအစ အများပြည်သူက အားလုံးသိသွားကြသည်။

သို့သော် ဒီပြဿနာတွင် ကောင်းတာလဲရှိသလို ဆိုးတာလဲရှိသည်။ယခုပြဿနာက ယခင်ပြဿနာများလိုမဟုတ်ဘဲ ဘာသာရေးဘက်လှည့်ကာ အွန်လိုင်းတွင်တင်လိုက်သည့် ပို့စ်တစ်ခုကြောင့် လူမျိုးရေး၊ ဘာသာရေးပြဿနာဖြင့် နိုင်ငံတကာအထိတောင် လူသိများခဲ့သည့် မိတ္ထီလာလိုမြို့တွင် အတော်လေးထိန်းမနိုင်သိမ်းမရ မဖြစ်ရုံထိ ဖြစ်ခဲ့ရသည်။ထို့ကြောင့် ဒီပြဿနာအပေါ် နိုင်ငံရေးအရ အာရုံစိုက်စရာဖြစ်လောက်သည့်အထိ လိုသလားဆိုသည့် မေးခွန်းများ အွန်လိုင်းတွင်ပေါ်ထွက်လာသလို ကိုယ်တိုင်လည်း ဒါက တစ်ကယ်ကောရိုးရှင်းရဲ့လားဆိုသည်ကို တွေးမိလာသည်အထိ ဖြစ်ခဲ့ရသည်။ဒါက တစ်ကဏ္ဍ။တစ်ကယ်က အဆိုပါပို့စ်တင်သူ၏ ရေးသားချက်တွင် Sex Education ကို နားမလည်ဘဲ ဘာလုပ်လုပ် ကန်လန့်တိုက်နေကြသည့်သူတွေကို ဒေါသသဘောဖြင့် လက်လွတ်စပယ်ရေးရာမှ ဘာသာရေးအရ သူတော်စင်ထေရ်ကြီးဝါကြီးကိုပါ ထိခိုက်ပုတ်ခတ် ရေးသားမိရာကစပြီး  ပြဿနာကကြီးလာခြင်းဟု ဆိုကြသည်။

ဒီလိုဖြစ်လာသည်တွင် သွေးဆူလွယ်သည့်လူတွေ၊ ဘာသာရေးအကြောင်းပြ လုပ်စားသည့်လူတွေ၊ ထစ်ကနဲဆို ရိုက်မယ်နှက်မယ် ခုတ်မယ်ထစ်မယ်ဆိုတဲ့ လူတွေအတွက် အကွက်ပေါ်ကာ နောက်ထပ်ဖြစ်မလား စိုးရိမ်ရသည်အထိ အွန်လိုင်းပေါ်လွှင့်ကြ၊ လူစုကြနှင့် ဆူပူလုနီးပါးအထိ ဖြစ်ခဲ့ရသည်။သို့သော် မြို့ပုံရိပ်ကျဆင်းမှာ မလိုလားသည့် ဒေသခံများ၊ သံဃာတော်များနှင့် အာဏာပိုင်များက အထိန်းအသိမ်းတော်ကြသဖြင့် ဘာတစ်ခုမှ ဆိုးဆိုးရွားရွားမဖြစ်ခဲ့။သို့သော် အဆိုပါစာကိုရေးသားခဲ့သည့်သူ၏ မိသားစုကတော့ မိတ္ထီလာတွင် မနေရဲတော့ဘဲ အခြားသို့ပြောင်းပြေးရန်အထိ ဖြစ်လာခဲ့သည်။ဒီပြဿနာတွင် တရားဥပဒေလမ်းကြောင်းအတိုင်း သံဃာတော် ထေရ်ကြီးဝါကြီးအား စော်ကားရေးသူကိုဖမ်း၊ သက်ဆိုင်ရာဥပဒေဖြင့် တရားစွဲဆိုလျှင် အေးအေးဆေးဆေး ပြဿနာကို ရှင်းလင်းနိုင်ပါရဲ့နှင့် ဘာကြောင့် ကပ်ရောဂါကာလမှာ လူတွေ ရုတ်ချည်းစုဝေး၊ ဒီမျှထိကြီးကျယ်လာခဲ့ရသလဲ ဆိုတာ မစဉ်းစားတတ်နိုင်အောင်ပင်ဖြစ်ရသလို နောက်ဆုံးပြဿနာ၏ရင်းမြစ်ကို သတ္တူချတော့ ဒသမတန်းသင်ခန်းစာထဲ ဘ၀တွက်တာကျွမ်းကျင်စရာတွင်ပါသည့် Sex Education မှာ ပြဿနာကြောင့်ဟု နာမည်ထွက်ခဲ့ရသည်။တစ်ကယ်ကော ဒသမတန်း ကျောင်းသား ကျောင်းသူ (၁၅/၁၆ နှစ်အရွယ်) ကို Sex Education သင်တာ ပြဿနာဖြစ်ရလောက်အောင် ဖြစ်နေပြီလားဟု တွေးတောဆန်းစစ်စရာ ဖြစ်လာခဲ့သည်။     

တစ်ကိုယ်တော့ ဒီ Sex Education သင်ခန်းစာသင်ဖို့ မြန်မာပြည်မှာလုပ်တာ အတော်လေးတောင် နောက်ကျနေပြီဖြစ်သည်။ဘာကြောင့်ဆို မြန်မာနှင့် အိမ်နီးချင်းနိုင်ငံအချို့၊  ဖွံဖြိုးတိုးတက်မှုလမ်းပေါ် ရောက်စပြုနေသည့် နိုင်ငံအတော်များများ စသည်တို့တွင် သူ့နိုင်ငံသားတွေကို ငယ်စဉ်ကတည်းက အသက်တန်းအလိုက် Sex Education ကို သင်ပေးခဲ့ပြီးဖြစ်သည်။ထိုအကျိုးကျေးဇူးက သူတို့နိုင်ငံက အမျိုးသမီးအတော်များများမှာ အမျိုးသားများနှင့်ယှဉ် ရင်ဘောင်တန်းတာဝန်ယူကာ ရဲရဲဝံ့ဝံ့တွေး၊ ရဲရဲဝံ့ဝံ့လုပ်ကိုင်နေကြပြီ။မိန်းမသဘာ၀ ရာသီသွေးလာတာကိုလည်း ရှက်စရာဟုမယူဆဘဲ ကျန်းမာရေးအရ သဘာ၀ဟု အမျိုးသားတွေက တွေးခေါ်ကြသလို အမျိုးသမီးများ၏ သဘောသဘာ၀အရဖြစ်တတ်သည့် ရောဂါများကိုလည်း အလွယ်တကူနားလည်ပေးနိုင်ကြသည်။ဤသည်က Sex Education ကို သင်ထားခဲ့ခြင်း၏ အကျိုးကျေးဇူးတွေပင်။

ထို့ပြင် အလုပ်အကိုင်လျှောက်ထားရာတွင်လည်း အမျိုးသမီးဖြစ်လို့ အားနည်းချက်အဖြစ် မြင်သည့်အမြင်မရှိသလို ခန့်ထားရာတွင် ရွေးချယ်ရာတွင် သူတို့ကိုသူတို့ မရွေးချယ်ခံရပါက “လိင်” ကြောင့်ဟု မထင်ဘဲ အရည်အသွေးကြောင့်ဟုပင် ခံယူထားနေကြပြီဖြစ်သည်။ဆိုလိုသည်က အမျိုးသမီးဖြစ်ရတာ နိမ့်သည်ဆိုသော လွဲမှားသည့်အယူအဆ အားပျော့သွားခြင်းပင်ဖြစ်သည်။ကောင်းသည့်အချက်ရှိသလို ဆိုးသည့်အချက်လည်းရှိသည်။ဒါကိုသင်သည့်အခါ ဘယ်လိုသင်မလဲဆိုသည့် အချက်ပင်။ကျားမခွဲခြားသင်ဟု ဆိုသော်လည်း လက်ရှိ ဆရာ ဆရာမဦးရေ၊  ကျောင်းအဆောက်အအုံ စသည့် မပြည့်စုံမလုံလောက်မှုတို့ကို ထောက်ပြစရာရှိသော်လည်း ဒါတွေပြည့်စုံမှ သင်မည်ဆိုလျှင် ယနေ့ နိုင်ငံ့တာဝန်ကိုယူနေသည့်သူတွေက ဘယ်နေရာက ဘယ်ကျောင်းမျိုးက တက်လာသည်ကို ပြန်ကြည့်လျှင် သိနိုင်မည်ဖြစ်သည်။တစ်ကယ်က ကန့်ကွက်နေသူများထဲတွင် တစ်ကယ်စာသင်နေရသည့် ပညာရေးလောကမှ လူကနည်းပြီး ပြင်ပမှ နိုင်ငံရေးအသွေးအရောင်၊ အဖွဲ့အစည်းအသွေးအရောင်ရှိသူများက အဓိကဖြစ်ကာ တစ်သံတည်းထွက်နေကြတာက စိတ်မကောင်းစရာပင်ဖြစ်သည်။ထိုလူစုဘဲ ပညာရေးစနစ်သစ် အကောင်အထည်ဖော်တာကို အကြောက်အကန်ကန့်ကွက်ခဲ့တာကို ပြီးခဲ့သည့် ပညာသင်နှစ်အစက မြင်ခဲ့ရဘူးပြီဖြစ်သည်။ဘာကိုပဲဖြစ်ဖြစ် မလုပ်ရသေးဘဲ၊ မမြင်ရသေးဘဲ၊  မစမ်းကြည့်ရသေးဘဲ ကန့်ကွက်နေရပါသနည်း။

ကျွန်တော်ကတော့ Sex Education ကို သင်ခန်းစာထဲထည့်ပေးတာ လက်ခံသည်။သို့သော် မိမိတိုင်းပြည် ယဉ်ကျေးမှုနှင့်တော့ သဟဇာတဖြစ်အောင် မိဘတွေလက်ခံအောင် တဖြေးဖြေးချင်းလုပ်ရမည်ဆိုသည့် အချက်ကိုတော့ ထည့်သွင်းစဉ်းစားရမည်။လိုအပ်ပါက ပြောင်းလွယ်ပြင်လွယ်ရှိဖို့။
ဒါကိုသတိပြုစေချင်သည်။ယခုဖြစ်နေသည်က အချို့ထောက်ပြနေသည့် အသုံးအနူန်းများ၊ စကားစုဖွဲ့မှုများ။ဒါက ပြင်ဖို့လိုလျှင် ပြင်ရမည်။သို့သော် ယခုကိစ္စက ပါတီစွဲ၊ အနီစွဲ အစိမ်းစွဲ၊ ကိုယ်ကျိုးစီးပွား ဒါတွေအတွက် အသုံးချရမည့်ကိစ္စမဟုတ်။သိထားသင့်သည်က အတင်းကာပြီး တားနေခြင်းကမသင့်။ဒီသင်ခန်းစာက ကျွန်တော်တို့ ကလေးတွေအတွက် လာနေသည့် လူမှုရေးလှိုင်းလုံးကြီးကို ခုခံကာကွယ်ဖို့၊ အလိုက်သင့်စီးဖို့ လိုအပ်နေသည့် အသိလက်နက်ကို ထည့်သွင်းပေးခြင်းဖြစ်သည်။

ဒီလို Sex Education ကိုသာ သင်ထားကြားထား သိထားပါက ကလေးသူငယ်တွေနှင့် အမျိုးသမီးငယ်တွေအဖို့ ဖွံ့ဖြိုးလာသည့် မိမိခန္ဓာကိုယ်ကြောင့် လူကောင်းယောင်ဆောင်ပြီး သိမ်းသွင်းတတ်သည့် မုဒိမ်းကောင်တွေ၏ရန်ကို အစောပိုင်းကတည်းက သိနိုင်၊ ရှောင်ကြဉ်နိုင်မှာဖြစ်သလို အမျိုးသမီးဘဲဖြစ်ဖြစ် အမျိုးသားဘဲဖြစ်ဖြစ် လူ့သဘာ၀အရ ဖွံ့ဖြိုးချိန်တန်လို့ ဖွံ့ဖြိုးလာတာကို ရိုင်းပြသောအမြင်ဖြင့် မမြင်ဘဲ ကျန်းမာရေးသဘောဖြင့် ယှဉ်ကာမြင်နိုင်ရန်၊ ကျားမလိင်ကွဲပြားမှုကို အခွင့်ယူကာ အနိုင်ကျင့်တတ်သည့် ယုတ်မာသူတွေ၏ အနိုင်ကျင့်မှုကို အဆိုးဆုံးအခြေအနေတွင်ပင် တတ်နိုင်သမျှ ကာကွယ်နိုင်မည်ဆိုသည့် အခွင့်အလမ်းကို ပေးနိုင်မည်ဖြစ်သည်။

တခြားတစ်ဘက်အနေဖြင့် ကလေးများကို ငယ်ငယ်ကတည်းက လူအင်္ဂါဖွဲ့စည်းပုံ၊ ကျန်းမာရေးအရ ဖွံ့ဖြိုးလာပုံ၊ လူခန္ဓာကိုယ် အစိတ်အပိုင်းများ၏ သဘောသဘာ၀ စသည့် လူဖြစ်ပြီး လူအကြောင်းသိဖို့ ငယ်စဉ်ကတည်းက သင်ခဲ့ကြပါလျှင် အုပ်ချုပ်သူအစိုးရတို့ အစဉ်အဆက် ခေါင်းခဲခဲ့ရသည့် ကျန်းမာရေးနှင့် ရာဇဝတ်မှုကို တစ်ဖက်တစ်လမ်းက လျော့ကျစေနိုင်မည်ဟု ထင်မိသည်။ဘာကြောင့်ဆို လက်တည့်စမ်းတတ်သည့်အရွယ်တွင် မလိုအပ်ဘဲ အိမ်ထောင်ကျမှု၊ ငယ်စဉ်အိမ်ထောင်ကျသဖြင့် စီးပွားရေးအရ နိမ့်ပါးမှု၊ ဆင်းရဲမွဲတေမှု ထိုမှတစ်ဆင့် မိမဲ့ဘမဲ့ကလေး၊ လမ်းပေါ်ရောက်ကလေး၊ ဒီကတစ်ဆင့် ရာဇဝတ်မှုကျုးလွန်သူ စသည့် အဆိုးအကျော့သံသရာကို ရပ်တန့်ဖြတ်တောက်ရန် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်မည်ဖြစ်သည်။

ကျွန်တော်တို့ ငယ်စဉ်က ကျားမသဘာ၀ သိဖို့မဆိုနှင့်။အနေအထိုင် အပြောအဆို အပြုအမူကအစ မမြင်အပ် မကြားအပ် မပြောအပ်တာတွေ ကျား၊ မ ပူးပူးကပ်ကပ်နေထိုင်တာကအစ ရှောင်ကျဉ်ကြလေ့ရှိသည်။အမျိုးသမီးများတွေ့လျှင် လက်ပြတ်အင်္ကျီဝတ်ထားပါက မည်မျှပင်ကြည့်ချင်သည်ဖြစ်စေ လူရှေ့မကြည့်ရဲသလို  အမျိုးသမီးများ ခြေသလုံးသားလေးမြင်ရရင်ဘဲ စိတ်လှုပ်ရှားနေရတဲ့ခေတ်ပင်ဖြစ်သည်။

မိမိအတွင်းစိတ်ဖောက်ပြန်မှုကို အတင်းဖိထားပြီး တစ်ကယ့်ကို လူရိုးပုံစံဖမ်းကာ ဒီလိုကိစ္စမျိုးပြောလာသူ၊ ကျန်းမာရေးအရ ပြောသူကိုပင် ကာမရာဂကြီးသူအဖြစ် ထင်မြင်ကြလေ့ရှိသည့်ခေတ်ဖြစ်သည်။သို့သော် ထိုပြောသူတွေ လူကြီးလူကောင်းဆိုသူတွေဘဲ ဖိုမနှစ်ဦး မမြင်ကွယ်ရာအရပ်ရောက်သည့်အခါ စိတ်ကိုမထိန်းနိုင်ဘဲ သွေးသားဆန္ဒကို မလွန်ဆန်နိုင်ရာမှ ဆွေမျိုးမိတ်သင်္ဂဟ မိသားစုများကြား မကြားသင့် မဖြစ်သင့်တာတွေဖြစ်ကြ၊ မုဒိမ်းမှုတွေဖြစ်ကြ၊ အိမ်ထောင်ရှိသူတွေနှင့် အမျိုးသမီးငယ်ငယ်တွေဖြစ်ကြ စတာတွေ၊ ဖောက်ပြန်တာတွေက Sex Education ကို ကောင်းကောင်းနားမလည်လို့ ဖြစ်ရတာခြင်းပင်ဖြစ်သည်။ကျန်းမာရေးသဘောတရားအရ ကိုယ့်ခန္ဓာကိုယ်ကိုကာကွယ်ဖို့ ကိုယ်ကိုယ်တိုင် မိမိခန္ဓာကိုယ်အကြောင်း ကောင်းကောင်းသိဖို့လိုသည်။ဒါကို ဘာ‌ကြောင့် Sex Education ဆိုတာနဲ့ လိင်ဆက်ဆံတယ်ချည်းဘဲ ထင်နေသနည်း။သဘောက ကားမောင်းသင်တာနဲ့ ကားတိုက်မိမယ်လို့ ရှေးလူကြီးတွေ တွေးခေါ်ကြသည့်အစွဲကြီးက ယခုထက်တိုင်ရှိနေကြဆဲဖြစ်သည်။အသစ်ကိုလက်ခံဖို့ အခုထိဝန်လေးနေကြခြင်းပင်ဖြစ်သည်။

တစ်ကယ်က ကာမသောင်းကျန်းသူဆိုတာ ဘယ်လိုမှမြင်သာနိုင်သည့်အရာမဟုတ်။မကြာခင်က တရားခံမရှာနိုင်ဘဲ စခန်းသိမ်းခဲ့ရသည်  ဗစ်တိုးရီးယားအမှုကနေ သရုပ်ဆောင် မင်းရာဇာအမှုအထိ အားလုံးက ဒီသဘောကိုဆင်ခြင်ဖွယ်ဖြစ်သည်။ဒါက လူတွေ၏ ကိုယ်ကျင့်တရားအပေါ် အခြေခံသည်။ကိုယ်ချင်းစာတရားအပေါ် အခြေခံသည်။အဝတ်အစားနှင့် ရာထူးရာခံအပေါ် အခြေမခံ၊ ဆင်းရဲချမ်းသာခြင်းအပေါ် အခြေမခံ။

ကျွန်တော်တို့ခေတ်က သင်္ဘောသားမိသားစု သင်္ဘောသားမယား၊ သင်္ဘောသား သားသမီးဆိုတာနှင့် ဖောက်ပြန်နေတဲ့သူလို့  ကာမသောင်းကျန်းတဲ့သူလို့ သူတို့တွေ ဝတ်စားဆင်ယင်နေထိုင်မှု ခေတ်မီခြင်းကိုကြည့်ပြီး လူကြီးတွေက ကဲ့ရဲရှုတ်ချကြသည်။ထိုခေတ်က ပြည်ပအရောက်အပေါက်နည်းကျသဖြင့် ကိုယ့်နိုင်ငံပြင်ပမှာ ဘာဖြစ်နေသလဲဆိုတာ မသိကျ။သိအောင်လဲမကြိုးစားကြ။ကြိုးစားလို့မရအောင်လဲ အာဏာရှင်တွေက မျက်စိပိတ်နားပိတ်ထားကြသည်။ဒီတော့ ထိုခေတ်က သင်္ဘောသားနှင့် ပညာတော်သင်ဆိုသည့် လူတန်းစားနှစ်ရပ်သာ ပြည်ပအရောက်အပေါက်ရှိကြသည်။အဆိုပါ ပြည်ပအရောက်အပေါက်ရှိသူ လူတန်းစားမိသားစု၏ အရှက်လုံပြီး လွတ်လပ်သည့်အနေအထိုင်မှာ ထိုစဉ်က လက်မခံနိုင်စရာဖြစ်သော်လည်း ယခုအခါ ထိုထက်ဆိုးဝါးသည့် နေမှုထိုင်မှု ဝတ်စားဆင်ယင်မှုတွေကို လက်ခံနေရပြီဖြစ်သည်။ဒါက သင်ခန်းစာယူရမည့် ကိစ္စဖြစ်သည်။  

ဆိုလိုသည်က ကျွန်တော်တို့ အတိတ်ကနေရုန်းထွက်ဖို့ လိုနေပြီ။ယနေ့က ကျွန်တော်တို့ ဗွီဒီယိုပေါ်စ ၁၉၈၈-၈၉ ခေတ်ကလို အပြာကားကြည့်ဖို့ လိင်ဆက်ဆံသည့် ဗွီဒီယိုကားကြည့်ဖို့ ဂေါပကလူကြီးတွေ၊ ရပ်မိရပ်ဖတွေ ဓမ္မာရုံမှာခိုးကြည့်တာကို ကြည့်ရဖို့ အောက်ကျပေါင်းရတာမျိုး၊ တခြားရပ်ကွက်သွားပြီး လုယက်တိုးဝှေ့ကြည့်ရတာမျိုး၊ ကင်းလှည့်စစ်ကားက ဗွီဒီယိုရုံဖင်ထိုးပြီး ဝင်ဖမ်းလျှင် ပြတင်းပေါက်ကခုန်ချ ထွက်ပြေးရတာမျိုးအထိ စွန့်စွန့်စားစားကြည်ရတာမျိုး မရှိတော့။ဒီအစား အချိန်မရွေးနေရာမရွေး ဖုန်းလေးကိုပွတ်ကာ မိမိတို့ခေတ်က အပြာကားထက် အဆတစ်ရာဆိုးဝါးသည့် နိုင်ငံပေါင်းစုံမှ လိင်ဆက်ဆံသည့် ရုပ်ရှင်ဇာတ်ကားတွေကို ကိုယ်ကြိုက်ရာရွေးကာ မွေးကာစမှ သေခါနီးအထိ၊ ခါးပိုက်နှိုက်မှ အရာရှိကြီးအထိ၊ သူခိုးမှ ဂေါပကအထိ၊ ကလေးလူကြီး အရွယ်စုံဆိုက်စုံ၊ အဆင့်အတန်းမျိုးစုံ လွယ်လင့်တကူကြည့်နေနိုင်ပြီဖြစ်သည်။

ဒါတွေကြည့်ပြီး သက်ငယ်မုဒိမ်းတွေ ဖြစ်ကြသည်။မွေးကာစကနေ အသက် ၈၀ ကျော် ၉၀ သက်ကြီးရွယ်အို အဘွားအရွယ်တောင် အလွတ်မပေးကျတော့။ဒါကိုဘယ်လိုတားမည်နည်း။ဒါက တစ်ကယ်ကို တားမြစ်ပိတ်ပင်ပေးဖို့ ထုနှင်ထည်နှင့် အော်ရဟစ်ရမည့် အကြောင်းဖြစ်သည့်။

ဘာကြောင့် နှုတ်ပိတ်နေကြသည်နည်း။ကြည့်လို့ကောင်းလို့လား။ကိုယ့်သားသမီး မုဒိမ်းအကျင့်မခံရသေးလို့လား။

ယခုအချိန်တွင် ရှေးရိုးစွဲအတွေးဖြင့် ဒါကဘာ၊ ဒါကဘာဆိုတာ သင်တာလေးကို ယဉ်ကျေးမှုအရ မသင့်ပါဘူးဟု အော်နေကြသည့်လူတွေ၏ သဘောသဘာ၀ကို နားမလည်နိုင်အောင်ပင် ဖြစ်မိသည်။

ထိုအော်သူတွေ ဖုန်းထဲတွင် မပေါ်တပေါ်ဖော်ထားသည့် မင်းသမီး၏ပုံ၊ အပြာဇာတ်ကား မရှိလျှင်တောင် sexy မင်းသမီးတစ်ဦး၏ ဖော်ချွတ်သည့် ဓာတ်ပုံတွေကိုမြင်ရဖို့ အဆိုပါမင်းသမီးတွေ၏ လူမှုကွန်ရက်အကောင့်ကို Like လုပ်ထားတာ၊ see first လုပ်ထားတာ မရှိကြဘူးလားလို့ မေးကြည့်ချင်ပါသည်။

ယဉ်ကျေးမှုအရလာနေသည့် ကြီးမားသည့်လှိုင်းလုံးကို ခုခံကာကွယ်ရန်အတွက် လက်ဖြင့်တားသလိုဖြစ်နေသည့် Sex Education သင်ခန်းစာကို မသင်ဖို့၊ မပြဋ္ဌာန်းဖို့၊ ယဉ်ကျေးမှုအရ မသင့်လျော်ဘူးလို့ တွေးကြ၊ လုပ်ကိုင်ကြ၊ ဆော်ဩကြတာက တစ်ကယ်ကော ဒီကလေးတွေ ဒီလှိုင်းကိုတားနိုင်ပါ့မလားဆိုတာ စဉ်းစားကြည့်စေချင်ပါသည်။ဥပမာတစ်ခုအနေဖြင့် ကျွန်တော် အစိုးရအလုပ်တစ်ခုတွင် လုပ်နေစဉ်ကကြုံရသည့် အဖြစ်တစ်ခုကို ပြောချင်ပါသည်။

မြန်မာနိုင်ငံတွင် ကွန်ပျူတာစသုံးစ ၂၀၀၀ ခုနှစ်များတစ်၀ိုက်က ကျွန်တော့ရုံးက လက်နှိပ်စက်စာရေးမကို ရုံးကလူကြီးက ကွန်ပျူတာသင်တန်းတက်စေသည်။ထိုခေတ်က စာစီစာရိုက်ကို သိမ်ကြီးစျေး C ရုံမှာရှိသည့် နာမည်ကြီးတစ်ခုတွင် တက်စေသည်။ထိုစာရေးမက မတက်။ထို့ပြင် လူကြီးမကြားအောင်လည်း ပြောသေးသည်။

“တစ်သက်လုံး လက်နှိပ်စက်ရိုက်လာတာ ဘာလို့ကွန်ပျူတာသင်ရမှာလဲ၊ ဒီကွန်ပျူတာက ဘယ်တော့မှသုံးလို့ရမှာမဟုတ်ဘူး” ဟု။မကြာပါ ထိုလက်နှိပ်စက်စာရေးမ အားကိုးသည့် လက်နှိပ်စက်အသုံးပြုရမှုက ရုံးတွင်တဖြည်းဖြည်းနည်းလာသည်။နောက်တော့ လူကြီးအလေးထားရသည့် သူမအခန်းကဏ္ဍက ပျောက်ကွယ်လာပြီး ချောင်ထိုးခံရတော့သည်။ထိုစာရေးမက သူမတွင်ကျယ်နိုင်ဟုထင်သည့် ကွန်ပျူတာဖြင့် စာရိုက်သည့်စနစ်က ယခုအခါမသုံးမဖြစ် ဖြစ်နေလေပြီ။ယခု သူမှာ နောက်မှလိုက်သင်နေရပြီ။အသက်ကလည်းရလာပြီ။ဒါအဖြေပင်။

အစဉ်အဆက်ကိုးကွယ်လာသည့် မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အများစုစိတ်တွင် ယဉ်ကျေးမှုဆိုတိုင်း အခြေခံတွေးဖြစ်ကြသည့်က ဟိရိဩတပ္ပဖြစ်သည်။ဟိရိဩတပ္ပကို အလေးအမြတ်ထားကြသည်။သို့သော် ဒီလိုပါးစပ်ကနေ ကြားကောင်းအောင်အော်ရုံနှင့် ကျွန်တော်တို့လူမျိုး တိုင်းရင်းသားတွေ၏ ဟိရိဩတပ္ပက လုံခြုံသွားပြီလား၊ မထိပါးရဲကြတော့ပြီလား။ဟိရိဩတပ္ပကို မိဘညီကိုမောင်ဘွားမရှိချိန် ကိုယ်ကိုယ်တိုင်ကာကွယ်ဖို့ သဘာ၀ကို မသင်ပေးသင့်ပေဘူးလား။ဒါ့ကို ဟိုးအရင်ခေတ်က လူကြီးတွေရဲ့ အတွေးအမြင်အသိမျိုးနဲ့ ကန့်ကွက်ဆန့်ကျင်နေကြတာတွေက ဖြစ်သင့်သလားဆိုတာ စဉ်းစားကြည့်စေချင်ပါသည်။

ဒီလိုမဟုတ်ရင် ကန့်ကွက်သူတွေအနေနဲ့  ယခုမြင်နေကြားနေရသည့် ငယ်ရွယ်စဉ်မှာ  အချိန်မတိုင်မီ ကိုယ်ဝန်ရသွားတာမျိုး၊ ကိုယ်ဝန်ဖျက်ချလို့ အသက်ဆုံးရှုံးရတာမျိုး၊ ကိုယ့်ကိုယ်ကိုသတ်သေကြတာမျိုး၊ ကလေးမီးဖွားပြီး စွန့်ပစ်လိုက်ကြတာမျိုး၊ အနိုင်ကျင့်ခံရလို့ ကိုယ်ဝန်ရပြီး အဖေအရွယ် အဘိုးအရွယ်တွေကို ယူလိုက်ရတာမျိုး၊ စတာမျိုးတွေ မဖြစ်ကြရလေအောင် ကြိုတင်ပြီး လိင်ပညာပေးသင်ကြားတာမျိုး မလုပ်စေဘဲ အခြားဘယ်နည်းနဲ့ ဆောင်ရွက်သင့်တယ်ဆိုတာကိုပါ လက်တွေ့ကျကျ အကြံပြုတင်ပြ ကန့်ကွက်သင့်တယ်လို့ ထင်သည်။လှိုင်းကို လက်နှင့်ကာမလား အလိုက်သင့်စီးဖို့ ပြင်မလား။သင့်ကလေးအတွက်  ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားသင့်ပေသည်။

ဖြိုးဝေလှ
မေ - ၂၁

( Zawgyi )

လာမည့္သင္႐ိုးသစ္ ဒသမတန္းျပ႒ာန္းခ်က္ ဘ၀တြက္တာသင္ခန္းစာထဲ Sex Education ပါဝင္လာမည္ဆိုကတည္းက ေဝဖန္ကန႔္ကြက္အသံေတြ က်ယ္က်ယ္ျပန္ျပန႔္ ေပၚထြက္လာခဲ့သည္။ထုံးစံအတိုင္း ေထာက္ခံသူႏွင့္ မေထာက္ခံသူမ်ားၾကား အြန္လိုင္းေပၚမွာ ႀကီးႀကီးမားမား ျငင္းၾကခုန္ၾကနဲ႔ ဒီျပႆနာက အမ်ားျပည္သူအာ႐ုံစိုက္စရာ ျဖစ္လာခဲ့သည္။ေကာင္းကြက္အေနျဖင့္  Sex Education အေၾကာင္း အေသးအဖြဲကအစ အမ်ားျပည္သူက အားလုံးသိသြားၾကသည္။

သို႔ေသာ္ ဒီျပႆနာတြင္ ေကာင္းတာလဲရွိသလို ဆိုးတာလဲရွိသည္။ယခုျပႆနာက ယခင္ျပႆနာမ်ားလိုမဟုတ္ဘဲ ဘာသာေရးဘက္လွည့္ကာ အြန္လိုင္းတြင္တင္လိုက္သည့္ ပို႔စ္တစ္ခုေၾကာင့္ လူမ်ိဳးေရး၊ ဘာသာေရးျပႆနာျဖင့္ ႏိုင္ငံတကာအထိေတာင္ လူသိမ်ားခဲ့သည့္ မိတၳီလာလိုၿမိဳ႕တြင္ အေတာ္ေလးထိန္းမႏိုင္သိမ္းမရ မျဖစ္႐ုံထိ ျဖစ္ခဲ့ရသည္။ထို႔ေၾကာင့္ ဒီျပႆနာအေပၚ ႏိုင္ငံေရးအရ အာ႐ုံစိုက္စရာျဖစ္ေလာက္သည့္အထိ လိုသလားဆိုသည့္ ေမးခြန္းမ်ား အြန္လိုင္းတြင္ေပၚထြက္လာသလို ကိုယ္တိုင္လည္း ဒါက တစ္ကယ္ေကာ႐ိုးရွင္းရဲ႕လားဆိုသည္ကို ေတြးမိလာသည္အထိ ျဖစ္ခဲ့ရသည္။ဒါက တစ္က႑။တစ္ကယ္က အဆိုပါပို႔စ္တင္သူ၏ ေရးသားခ်က္တြင္ Sex Education ကို နားမလည္ဘဲ ဘာလုပ္လုပ္ ကန္လန႔္တိုက္ေနၾကသည့္သူေတြကို ေဒါသသေဘာျဖင့္ လက္လြတ္စပယ္ေရးရာမွ ဘာသာေရးအရ သူေတာ္စင္ေထရ္ႀကီးဝါႀကီးကိုပါ ထိခိုက္ပုတ္ခတ္ ေရးသားမိရာကစၿပီး  ျပႆနာကႀကီးလာျခင္းဟု ဆိုၾကသည္။

ဒီလိုျဖစ္လာသည္တြင္ ေသြးဆူလြယ္သည့္လူေတြ၊ ဘာသာေရးအေၾကာင္းျပ လုပ္စားသည့္လူေတြ၊ ထစ္ကနဲဆို ႐ိုက္မယ္ႏွက္မယ္ ခုတ္မယ္ထစ္မယ္ဆိုတဲ့ လူေတြအတြက္ အကြက္ေပၚကာ ေနာက္ထပ္ျဖစ္မလား စိုးရိမ္ရသည္အထိ အြန္လိုင္းေပၚလႊင့္ၾက၊ လူစုၾကႏွင့္ ဆူပူလုနီးပါးအထိ ျဖစ္ခဲ့ရသည္။သို႔ေသာ္ ၿမိဳ႕ပုံရိပ္က်ဆင္းမွာ မလိုလားသည့္ ေဒသခံမ်ား၊ သံဃာေတာ္မ်ားႏွင့္ အာဏာပိုင္မ်ားက အထိန္းအသိမ္းေတာ္ၾကသျဖင့္ ဘာတစ္ခုမွ ဆိုးဆိုး႐ြား႐ြားမျဖစ္ခဲ့။သို႔ေသာ္ အဆိုပါစာကိုေရးသားခဲ့သည့္သူ၏ မိသားစုကေတာ့ မိတၳီလာတြင္ မေနရဲေတာ့ဘဲ အျခားသို႔ေျပာင္းေျပးရန္အထိ ျဖစ္လာခဲ့သည္။ဒီျပႆနာတြင္ တရားဥပေဒလမ္းေၾကာင္းအတိုင္း သံဃာေတာ္ ေထရ္ႀကီးဝါႀကီးအား ေစာ္ကားေရးသူကိုဖမ္း၊ သက္ဆိုင္ရာဥပေဒျဖင့္ တရားစြဲဆိုလွ်င္ ေအးေအးေဆးေဆး ျပႆနာကို ရွင္းလင္းႏိုင္ပါရဲ႕ႏွင့္ ဘာေၾကာင့္ ကပ္ေရာဂါကာလမွာ လူေတြ ႐ုတ္ခ်ည္းစုေဝး၊ ဒီမွ်ထိႀကီးက်ယ္လာခဲ့ရသလဲ ဆိုတာ မစဥ္းစားတတ္ႏိုင္ေအာင္ပင္ျဖစ္ရသလို ေနာက္ဆုံးျပႆနာ၏ရင္းျမစ္ကို သတၱဴခ်ေတာ့ ဒသမတန္းသင္ခန္းစာထဲ ဘ၀တြက္တာကြၽမ္းက်င္စရာတြင္ပါသည့္ Sex Education မွာ ျပႆနာေၾကာင့္ဟု နာမည္ထြက္ခဲ့ရသည္။တစ္ကယ္ေကာ ဒသမတန္း ေက်ာင္းသား ေက်ာင္းသူ (၁၅/၁၆ ႏွစ္အ႐ြယ္) ကို Sex Education သင္တာ ျပႆနာျဖစ္ရေလာက္ေအာင္ ျဖစ္ေနၿပီလားဟု ေတြးေတာဆန္းစစ္စရာ ျဖစ္လာခဲ့သည္။     

တစ္ကိုယ္ေတာ့ ဒီ Sex Education သင္ခန္းစာသင္ဖို႔ ျမန္မာျပည္မွာလုပ္တာ အေတာ္ေလးေတာင္ ေနာက္က်ေနၿပီျဖစ္သည္။ဘာေၾကာင့္ဆို ျမန္မာႏွင့္ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕၊  ဖြံၿဖိဳးတိုးတက္မႈလမ္းေပၚ ေရာက္စျပဳေနသည့္ ႏိုင္ငံအေတာ္မ်ားမ်ား စသည္တို႔တြင္ သူ႔ႏိုင္ငံသားေတြကို ငယ္စဥ္ကတည္းက အသက္တန္းအလိုက္ Sex Education ကို သင္ေပးခဲ့ၿပီးျဖစ္သည္။ထိုအက်ိဳးေက်းဇူးက သူတို႔ႏိုင္ငံက အမ်ိဳးသမီးအေတာ္မ်ားမ်ားမွာ အမ်ိဳးသားမ်ားႏွင့္ယွဥ္ ရင္ေဘာင္တန္းတာဝန္ယူကာ ရဲရဲဝံ့ဝံ့ေတြး၊ ရဲရဲဝံ့ဝံ့လုပ္ကိုင္ေနၾကၿပီ။မိန္းမသဘာ၀ ရာသီေသြးလာတာကိုလည္း ရွက္စရာဟုမယူဆဘဲ က်န္းမာေရးအရ သဘာ၀ဟု အမ်ိဳးသားေတြက ေတြးေခၚၾကသလို အမ်ိဳးသမီးမ်ား၏ သေဘာသဘာ၀အရျဖစ္တတ္သည့္ ေရာဂါမ်ားကိုလည္း အလြယ္တကူနားလည္ေပးႏိုင္ၾကသည္။ဤသည္က Sex Education ကို သင္ထားခဲ့ျခင္း၏ အက်ိဳးေက်းဇူးေတြပင္။

ထို႔ျပင္ အလုပ္အကိုင္ေလွ်ာက္ထားရာတြင္လည္း အမ်ိဳးသမီးျဖစ္လို႔ အားနည္းခ်က္အျဖစ္ ျမင္သည့္အျမင္မရွိသလို ခန႔္ထားရာတြင္ ေ႐ြးခ်ယ္ရာတြင္ သူတို႔ကိုသူတို႔ မေ႐ြးခ်ယ္ခံရပါက “လိင္” ေၾကာင့္ဟု မထင္ဘဲ အရည္အေသြးေၾကာင့္ဟုပင္ ခံယူထားေနၾကၿပီျဖစ္သည္။ဆိုလိုသည္က အမ်ိဳးသမီးျဖစ္ရတာ နိမ့္သည္ဆိုေသာ လြဲမွားသည့္အယူအဆ အားေပ်ာ့သြားျခင္းပင္ျဖစ္သည္။ေကာင္းသည့္အခ်က္ရွိသလို ဆိုးသည့္အခ်က္လည္းရွိသည္။ဒါကိုသင္သည့္အခါ ဘယ္လိုသင္မလဲဆိုသည့္ အခ်က္ပင္။က်ားမခြဲျခားသင္ဟု ဆိုေသာ္လည္း လက္ရွိ ဆရာ ဆရာမဦးေရ၊  ေက်ာင္းအေဆာက္အအုံ စသည့္ မျပည့္စုံမလုံေလာက္မႈတို႔ကို ေထာက္ျပစရာရွိေသာ္လည္း ဒါေတြျပည့္စုံမွ သင္မည္ဆိုလွ်င္ ယေန႔ ႏိုင္ငံ့တာဝန္ကိုယူေနသည့္သူေတြက ဘယ္ေနရာက ဘယ္ေက်ာင္းမ်ိဳးက တက္လာသည္ကို ျပန္ၾကည့္လွ်င္ သိႏိုင္မည္ျဖစ္သည္။တစ္ကယ္က ကန႔္ကြက္ေနသူမ်ားထဲတြင္ တစ္ကယ္စာသင္ေနရသည့္ ပညာေရးေလာကမွ လူကနည္းၿပီး ျပင္ပမွ ႏိုင္ငံေရးအေသြးအေရာင္၊ အဖြဲ႕အစည္းအေသြးအေရာင္ရွိသူမ်ားက အဓိကျဖစ္ကာ တစ္သံတည္းထြက္ေနၾကတာက စိတ္မေကာင္းစရာပင္ျဖစ္သည္။ထိုလူစုဘဲ ပညာေရးစနစ္သစ္ အေကာင္အထည္ေဖာ္တာကို အေၾကာက္အကန္ကန႔္ကြက္ခဲ့တာကို ၿပီးခဲ့သည့္ ပညာသင္ႏွစ္အစက ျမင္ခဲ့ရဘူးၿပီျဖစ္သည္။ဘာကိုပဲျဖစ္ျဖစ္ မလုပ္ရေသးဘဲ၊ မျမင္ရေသးဘဲ၊  မစမ္းၾကည့္ရေသးဘဲ ကန႔္ကြက္ေနရပါသနည္း။

ကြၽန္ေတာ္ကေတာ့ Sex Education ကို သင္ခန္းစာထဲထည့္ေပးတာ လက္ခံသည္။သို႔ေသာ္ မိမိတိုင္းျပည္ ယဥ္ေက်းမႈႏွင့္ေတာ့ သဟဇာတျဖစ္ေအာင္ မိဘေတြလက္ခံေအာင္ တေျဖးေျဖးခ်င္းလုပ္ရမည္ဆိုသည့္ အခ်က္ကိုေတာ့ ထည့္သြင္းစဥ္းစားရမည္။လိုအပ္ပါက ေျပာင္းလြယ္ျပင္လြယ္ရွိဖို႔။
ဒါကိုသတိျပဳေစခ်င္သည္။ယခုျဖစ္ေနသည္က အခ်ိဳ႕ေထာက္ျပေနသည့္ အသုံးအႏူန္းမ်ား၊ စကားစုဖြဲ႕မႈမ်ား။ဒါက ျပင္ဖို႔လိုလွ်င္ ျပင္ရမည္။သို႔ေသာ္ ယခုကိစၥက ပါတီစြဲ၊ အနီစြဲ အစိမ္းစြဲ၊ ကိုယ္က်ိဳးစီးပြား ဒါေတြအတြက္ အသုံးခ်ရမည့္ကိစၥမဟုတ္။သိထားသင့္သည္က အတင္းကာၿပီး တားေနျခင္းကမသင့္။ဒီသင္ခန္းစာက ကြၽန္ေတာ္တို႔ ကေလးေတြအတြက္ လာေနသည့္ လူမႈေရးလႈိင္းလုံးႀကီးကို ခုခံကာကြယ္ဖို႔၊ အလိုက္သင့္စီးဖို႔ လိုအပ္ေနသည့္ အသိလက္နက္ကို ထည့္သြင္းေပးျခင္းျဖစ္သည္။

ဒီလို Sex Education ကိုသာ သင္ထားၾကားထား သိထားပါက ကေလးသူငယ္ေတြႏွင့္ အမ်ိဳးသမီးငယ္ေတြအဖို႔ ဖြံ႕ၿဖိဳးလာသည့္ မိမိခႏၶာကိုယ္ေၾကာင့္ လူေကာင္းေယာင္ေဆာင္ၿပီး သိမ္းသြင္းတတ္သည့္ မုဒိမ္းေကာင္ေတြ၏ရန္ကို အေစာပိုင္းကတည္းက သိႏိုင္၊ ေရွာင္ၾကဥ္ႏိုင္မွာျဖစ္သလို အမ်ိဳးသမီးဘဲျဖစ္ျဖစ္ အမ်ိဳးသားဘဲျဖစ္ျဖစ္ လူ႔သဘာ၀အရ ဖြံ႕ၿဖိဳးခ်ိန္တန္လို႔ ဖြံ႕ၿဖိဳးလာတာကို ႐ိုင္းျပေသာအျမင္ျဖင့္ မျမင္ဘဲ က်န္းမာေရးသေဘာျဖင့္ ယွဥ္ကာျမင္ႏိုင္ရန္၊ က်ားမလိင္ကြဲျပားမႈကို အခြင့္ယူကာ အႏိုင္က်င့္တတ္သည့္ ယုတ္မာသူေတြ၏ အႏိုင္က်င့္မႈကို အဆိုးဆုံးအေျခအေနတြင္ပင္ တတ္ႏိုင္သမွ် ကာကြယ္ႏိုင္မည္ဆိုသည့္ အခြင့္အလမ္းကို ေပးႏိုင္မည္ျဖစ္သည္။

တျခားတစ္ဘက္အေနျဖင့္ ကေလးမ်ားကို ငယ္ငယ္ကတည္းက လူအဂၤါဖြဲ႕စည္းပုံ၊ က်န္းမာေရးအရ ဖြံ႕ၿဖိဳးလာပုံ၊ လူခႏၶာကိုယ္ အစိတ္အပိုင္းမ်ား၏ သေဘာသဘာ၀ စသည့္ လူျဖစ္ၿပီး လူအေၾကာင္းသိဖို႔ ငယ္စဥ္ကတည္းက သင္ခဲ့ၾကပါလွ်င္ အုပ္ခ်ဳပ္သူအစိုးရတို႔ အစဥ္အဆက္ ေခါင္းခဲခဲ့ရသည့္ က်န္းမာေရးႏွင့္ ရာဇဝတ္မႈကို တစ္ဖက္တစ္လမ္းက ေလ်ာ့က်ေစႏိုင္မည္ဟု ထင္မိသည္။ဘာေၾကာင့္ဆို လက္တည့္စမ္းတတ္သည့္အ႐ြယ္တြင္ မလိုအပ္ဘဲ အိမ္ေထာင္က်မႈ၊ ငယ္စဥ္အိမ္ေထာင္က်သျဖင့္ စီးပြားေရးအရ နိမ့္ပါးမႈ၊ ဆင္းရဲမြဲေတမႈ ထိုမွတစ္ဆင့္ မိမဲ့ဘမဲ့ကေလး၊ လမ္းေပၚေရာက္ကေလး၊ ဒီကတစ္ဆင့္ ရာဇဝတ္မႈက်ဳးလြန္သူ စသည့္ အဆိုးအေက်ာ့သံသရာကို ရပ္တန႔္ျဖတ္ေတာက္ရန္ တစ္ဖက္တစ္လမ္းက အေထာက္အကူျပဳႏိုင္မည္ျဖစ္သည္။

ကြၽန္ေတာ္တို႔ ငယ္စဥ္က က်ားမသဘာ၀ သိဖို႔မဆိုႏွင့္။အေနအထိုင္ အေျပာအဆို အျပဳအမူကအစ မျမင္အပ္ မၾကားအပ္ မေျပာအပ္တာေတြ က်ား၊ မ ပူးပူးကပ္ကပ္ေနထိုင္တာကအစ ေရွာင္က်ဥ္ၾကေလ့ရွိသည္။အမ်ိဳးသမီးမ်ားေတြ႕လွ်င္ လက္ျပတ္အက်ႌဝတ္ထားပါက မည္မွ်ပင္ၾကည့္ခ်င္သည္ျဖစ္ေစ လူေရွ႕မၾကည့္ရဲသလို  အမ်ိဳးသမီးမ်ား ေျခသလုံးသားေလးျမင္ရရင္ဘဲ စိတ္လႈပ္ရွားေနရတဲ့ေခတ္ပင္ျဖစ္သည္။

မိမိအတြင္းစိတ္ေဖာက္ျပန္မႈကို အတင္းဖိထားၿပီး တစ္ကယ့္ကို လူ႐ိုးပုံစံဖမ္းကာ ဒီလိုကိစၥမ်ိဳးေျပာလာသူ၊ က်န္းမာေရးအရ ေျပာသူကိုပင္ ကာမရာဂႀကီးသူအျဖစ္ ထင္ျမင္ၾကေလ့ရွိသည့္ေခတ္ျဖစ္သည္။သို႔ေသာ္ ထိုေျပာသူေတြ လူႀကီးလူေကာင္းဆိုသူေတြဘဲ ဖိုမႏွစ္ဦး မျမင္ကြယ္ရာအရပ္ေရာက္သည့္အခါ စိတ္ကိုမထိန္းႏိုင္ဘဲ ေသြးသားဆႏၵကို မလြန္ဆန္ႏိုင္ရာမွ ေဆြမ်ိဳးမိတ္သဂၤဟ မိသားစုမ်ားၾကား မၾကားသင့္ မျဖစ္သင့္တာေတြျဖစ္ၾက၊ မုဒိမ္းမႈေတြျဖစ္ၾက၊ အိမ္ေထာင္ရွိသူေတြႏွင့္ အမ်ိဳးသမီးငယ္ငယ္ေတြျဖစ္ၾက စတာေတြ၊ ေဖာက္ျပန္တာေတြက Sex Education ကို ေကာင္းေကာင္းနားမလည္လို႔ ျဖစ္ရတာျခင္းပင္ျဖစ္သည္။က်န္းမာေရးသေဘာတရားအရ ကိုယ့္ခႏၶာကိုယ္ကိုကာကြယ္ဖို႔ ကိုယ္ကိုယ္တိုင္ မိမိခႏၶာကိုယ္အေၾကာင္း ေကာင္းေကာင္းသိဖို႔လိုသည္။ဒါကို ဘာ‌ေၾကာင့္ Sex Education ဆိုတာနဲ႔ လိင္ဆက္ဆံတယ္ခ်ည္းဘဲ ထင္ေနသနည္း။သေဘာက ကားေမာင္းသင္တာနဲ႔ ကားတိုက္မိမယ္လို႔ ေရွးလူႀကီးေတြ ေတြးေခၚၾကသည့္အစြဲႀကီးက ယခုထက္တိုင္ရွိေနၾကဆဲျဖစ္သည္။အသစ္ကိုလက္ခံဖို႔ အခုထိဝန္ေလးေနၾကျခင္းပင္ျဖစ္သည္။

တစ္ကယ္က ကာမေသာင္းက်န္းသူဆိုတာ ဘယ္လိုမွျမင္သာႏိုင္သည့္အရာမဟုတ္။မၾကာခင္က တရားခံမရွာႏိုင္ဘဲ စခန္းသိမ္းခဲ့ရသည္  ဗစ္တိုးရီးယားအမႈကေန သ႐ုပ္ေဆာင္ မင္းရာဇာအမႈအထိ အားလုံးက ဒီသေဘာကိုဆင္ျခင္ဖြယ္ျဖစ္သည္။ဒါက လူေတြ၏ ကိုယ္က်င့္တရားအေပၚ အေျခခံသည္။ကိုယ္ခ်င္းစာတရားအေပၚ အေျခခံသည္။အဝတ္အစားႏွင့္ ရာထူးရာခံအေပၚ အေျခမခံ၊ ဆင္းရဲခ်မ္းသာျခင္းအေပၚ အေျခမခံ။

ကြၽန္ေတာ္တို႔ေခတ္က သေဘၤာသားမိသားစု သေဘၤာသားမယား၊ သေဘၤာသား သားသမီးဆိုတာႏွင့္ ေဖာက္ျပန္ေနတဲ့သူလို႔  ကာမေသာင္းက်န္းတဲ့သူလို႔ သူတို႔ေတြ ဝတ္စားဆင္ယင္ေနထိုင္မႈ ေခတ္မီျခင္းကိုၾကည့္ၿပီး လူႀကီးေတြက ကဲ့ရဲရႈတ္ခ်ၾကသည္။ထိုေခတ္က ျပည္ပအေရာက္အေပါက္နည္းက်သျဖင့္ ကိုယ့္ႏိုင္ငံျပင္ပမွာ ဘာျဖစ္ေနသလဲဆိုတာ မသိက်။သိေအာင္လဲမႀကိဳးစားၾက။ႀကိဳးစားလို႔မရေအာင္လဲ အာဏာရွင္ေတြက မ်က္စိပိတ္နားပိတ္ထားၾကသည္။ဒီေတာ့ ထိုေခတ္က သေဘၤာသားႏွင့္ ပညာေတာ္သင္ဆိုသည့္ လူတန္းစားႏွစ္ရပ္သာ ျပည္ပအေရာက္အေပါက္ရွိၾကသည္။အဆိုပါ ျပည္ပအေရာက္အေပါက္ရွိသူ လူတန္းစားမိသားစု၏ အရွက္လုံၿပီး လြတ္လပ္သည့္အေနအထိုင္မွာ ထိုစဥ္က လက္မခံႏိုင္စရာျဖစ္ေသာ္လည္း ယခုအခါ ထိုထက္ဆိုးဝါးသည့္ ေနမႈထိုင္မႈ ဝတ္စားဆင္ယင္မႈေတြကို လက္ခံေနရၿပီျဖစ္သည္။ဒါက သင္ခန္းစာယူရမည့္ ကိစၥျဖစ္သည္။  

ဆိုလိုသည္က ကြၽန္ေတာ္တို႔ အတိတ္ကေန႐ုန္းထြက္ဖို႔ လိုေနၿပီ။ယေန႔က ကြၽန္ေတာ္တို႔ ဗြီဒီယိုေပၚစ ၁၉၈၈-၈၉ ေခတ္ကလို အျပာကားၾကည့္ဖို႔ လိင္ဆက္ဆံသည့္ ဗြီဒီယိုကားၾကည့္ဖို႔ ေဂါပကလူႀကီးေတြ၊ ရပ္မိရပ္ဖေတြ ဓမၼာ႐ုံမွာခိုးၾကည့္တာကို ၾကည့္ရဖို႔ ေအာက္က်ေပါင္းရတာမ်ိဳး၊ တျခားရပ္ကြက္သြားၿပီး လုယက္တိုးေဝွ႔ၾကည့္ရတာမ်ိဳး၊ ကင္းလွည့္စစ္ကားက ဗြီဒီယို႐ုံဖင္ထိုးၿပီး ဝင္ဖမ္းလွ်င္ ျပတင္းေပါက္ကခုန္ခ် ထြက္ေျပးရတာမ်ိဳးအထိ စြန႔္စြန႔္စားစားၾကည္ရတာမ်ိဳး မရွိေတာ့။ဒီအစား အခ်ိန္မေ႐ြးေနရာမေ႐ြး ဖုန္းေလးကိုပြတ္ကာ မိမိတို႔ေခတ္က အျပာကားထက္ အဆတစ္ရာဆိုးဝါးသည့္ ႏိုင္ငံေပါင္းစုံမွ လိင္ဆက္ဆံသည့္ ႐ုပ္ရွင္ဇာတ္ကားေတြကို ကိုယ္ႀကိဳက္ရာေ႐ြးကာ ေမြးကာစမွ ေသခါနီးအထိ၊ ခါးပိုက္ႏႈိက္မွ အရာရွိႀကီးအထိ၊ သူခိုးမွ ေဂါပကအထိ၊ ကေလးလူႀကီး အ႐ြယ္စုံဆိုက္စုံ၊ အဆင့္အတန္းမ်ိဳးစုံ လြယ္လင့္တကူၾကည့္ေနႏိုင္ၿပီျဖစ္သည္။

ဒါေတြၾကည့္ၿပီး သက္ငယ္မုဒိမ္းေတြ ျဖစ္ၾကသည္။ေမြးကာစကေန အသက္ ၈၀ ေက်ာ္ ၉၀ သက္ႀကီး႐ြယ္အို အဘြားအ႐ြယ္ေတာင္ အလြတ္မေပးက်ေတာ့။ဒါကိုဘယ္လိုတားမည္နည္း။ဒါက တစ္ကယ္ကို တားျမစ္ပိတ္ပင္ေပးဖို႔ ထုႏွင္ထည္ႏွင့္ ေအာ္ရဟစ္ရမည့္ အေၾကာင္းျဖစ္သည့္။

ဘာေၾကာင့္ ႏႈတ္ပိတ္ေနၾကသည္နည္း။ၾကည့္လို႔ေကာင္းလို႔လား။ကိုယ့္သားသမီး မုဒိမ္းအက်င့္မခံရေသးလို႔လား။

ယခုအခ်ိန္တြင္ ေရွး႐ိုးစြဲအေတြးျဖင့္ ဒါကဘာ၊ ဒါကဘာဆိုတာ သင္တာေလးကို ယဥ္ေက်းမႈအရ မသင့္ပါဘူးဟု ေအာ္ေနၾကသည့္လူေတြ၏ သေဘာသဘာ၀ကို နားမလည္ႏိုင္ေအာင္ပင္ ျဖစ္မိသည္။

ထိုေအာ္သူေတြ ဖုန္းထဲတြင္ မေပၚတေပၚေဖာ္ထားသည့္ မင္းသမီး၏ပုံ၊ အျပာဇာတ္ကား မရွိလွ်င္ေတာင္ sexy မင္းသမီးတစ္ဦး၏ ေဖာ္ခြၽတ္သည့္ ဓာတ္ပုံေတြကိုျမင္ရဖို႔ အဆိုပါမင္းသမီးေတြ၏ လူမႈကြန္ရက္အေကာင့္ကို Like လုပ္ထားတာ၊ see first လုပ္ထားတာ မရွိၾကဘူးလားလို႔ ေမးၾကည့္ခ်င္ပါသည္။

ယဥ္ေက်းမႈအရလာေနသည့္ ႀကီးမားသည့္လႈိင္းလုံးကို ခုခံကာကြယ္ရန္အတြက္ လက္ျဖင့္တားသလိုျဖစ္ေနသည့္ Sex Education သင္ခန္းစာကို မသင္ဖို႔၊ မျပ႒ာန္းဖို႔၊ ယဥ္ေက်းမႈအရ မသင့္ေလ်ာ္ဘူးလို႔ ေတြးၾက၊ လုပ္ကိုင္ၾက၊ ေဆာ္ဩၾကတာက တစ္ကယ္ေကာ ဒီကေလးေတြ ဒီလႈိင္းကိုတားႏိုင္ပါ့မလားဆိုတာ စဥ္းစားၾကည့္ေစခ်င္ပါသည္။ဥပမာတစ္ခုအေနျဖင့္ ကြၽန္ေတာ္ အစိုးရအလုပ္တစ္ခုတြင္ လုပ္ေနစဥ္ကႀကဳံရသည့္ အျဖစ္တစ္ခုကို ေျပာခ်င္ပါသည္။

ျမန္မာႏိုင္ငံတြင္ ကြန္ပ်ဴတာစသုံးစ ၂၀၀၀ ခုႏွစ္မ်ားတစ္၀ိုက္က ကြၽန္ေတာ့႐ုံးက လက္ႏွိပ္စက္စာေရးမကို ႐ုံးကလူႀကီးက ကြန္ပ်ဴတာသင္တန္းတက္ေစသည္။ထိုေခတ္က စာစီစာ႐ိုက္ကို သိမ္ႀကီးေစ်း C ႐ုံမွာရွိသည့္ နာမည္ႀကီးတစ္ခုတြင္ တက္ေစသည္။ထိုစာေရးမက မတက္။ထို႔ျပင္ လူႀကီးမၾကားေအာင္လည္း ေျပာေသးသည္။

“တစ္သက္လုံး လက္ႏွိပ္စက္႐ိုက္လာတာ ဘာလို႔ကြန္ပ်ဴတာသင္ရမွာလဲ၊ ဒီကြန္ပ်ဴတာက ဘယ္ေတာ့မွသုံးလို႔ရမွာမဟုတ္ဘူး” ဟု။မၾကာပါ ထိုလက္ႏွိပ္စက္စာေရးမ အားကိုးသည့္ လက္ႏွိပ္စက္အသုံးျပဳရမႈက ႐ုံးတြင္တျဖည္းျဖည္းနည္းလာသည္။ေနာက္ေတာ့ လူႀကီးအေလးထားရသည့္ သူမအခန္းက႑က ေပ်ာက္ကြယ္လာၿပီး ေခ်ာင္ထိုးခံရေတာ့သည္။ထိုစာေရးမက သူမတြင္က်ယ္ႏိုင္ဟုထင္သည့္ ကြန္ပ်ဴတာျဖင့္ စာ႐ိုက္သည့္စနစ္က ယခုအခါမသုံးမျဖစ္ ျဖစ္ေနေလၿပီ။ယခု သူမွာ ေနာက္မွလိုက္သင္ေနရၿပီ။အသက္ကလည္းရလာၿပီ။ဒါအေျဖပင္။

အစဥ္အဆက္ကိုးကြယ္လာသည့္ မိ႐ိုးဖလာ ဗုဒၶဘာသာဝင္ အမ်ားစုစိတ္တြင္ ယဥ္ေက်းမႈဆိုတိုင္း အေျခခံေတြးျဖစ္ၾကသည့္က ဟိရိဩတပၸျဖစ္သည္။ဟိရိဩတပၸကို အေလးအျမတ္ထားၾကသည္။သို႔ေသာ္ ဒီလိုပါးစပ္ကေန ၾကားေကာင္းေအာင္ေအာ္႐ုံႏွင့္ ကြၽန္ေတာ္တို႔လူမ်ိဳး တိုင္းရင္းသားေတြ၏ ဟိရိဩတပၸက လုံၿခဳံသြားၿပီလား၊ မထိပါးရဲၾကေတာ့ၿပီလား။ဟိရိဩတပၸကို မိဘညီကိုေမာင္ဘြားမရွိခ်ိန္ ကိုယ္ကိုယ္တိုင္ကာကြယ္ဖို႔ သဘာ၀ကို မသင္ေပးသင့္ေပဘူးလား။ဒါ့ကို ဟိုးအရင္ေခတ္က လူႀကီးေတြရဲ႕ အေတြးအျမင္အသိမ်ိဳးနဲ႔ ကန္႔ကြက္ဆန္႔က်င္ေနၾကတာေတြက ျဖစ္သင့္သလားဆိုတာ စဥ္းစားၾကည့္ေစခ်င္ပါသည္။

ဒီလိုမဟုတ္ရင္ ကန္႔ကြက္သူေတြအေနနဲ႔  ယခုျမင္ေနၾကားေနရသည့္ ငယ္႐ြယ္စဥ္မွာ  အခ်ိန္မတိုင္မီ ကိုယ္ဝန္ရသြားတာမ်ိဳး၊ ကိုယ္ဝန္ဖ်က္ခ်လို႔ အသက္ဆုံးရႈံးရတာမ်ိဳး၊ ကိုယ့္ကိုယ္ကိုသတ္ေသၾကတာမ်ိဳး၊ ကေလးမီးဖြားၿပီး စြန္႔ပစ္လိုက္ၾကတာမ်ိဳး၊ အႏိုင္က်င့္ခံရလို႔ ကိုယ္ဝန္ရၿပီး အေဖအ႐ြယ္ အဘိုးအ႐ြယ္ေတြကို ယူလိုက္ရတာမ်ိဳး၊ စတာမ်ိဳးေတြ မျဖစ္ၾကရေလေအာင္ ႀကိဳတင္ၿပီး လိင္ပညာေပးသင္ၾကားတာမ်ိဳး မလုပ္ေစဘဲ အျခားဘယ္နည္းနဲ႔ ေဆာင္႐ြက္သင့္တယ္ဆိုတာကိုပါ လက္ေတြ႕က်က် အႀကံျပဳတင္ျပ ကန္႔ကြက္သင့္တယ္လို႔ ထင္သည္။လႈိင္းကို လက္ႏွင့္ကာမလား အလိုက္သင့္စီးဖို႔ ျပင္မလား။သင့္ကေလးအတြက္  ကိုယ္ပိုင္ဉာဏ္ျဖင့္ စဥ္းစားသင့္ေပသည္။

ၿဖိဳးေဝလွ
ေမ - ၂၁