【 ဆောင်းပါး 】 “ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ဘယ်မူနဲ့ရွေးကြမလဲ”

【 ဆောင်းပါး 】 “ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ဘယ်မူနဲ့ရွေးကြမလဲ”

၂၀၂၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကြီးမှာ ထူးခြားချက် ၂ ချက်ရှိပါတယ်။တစ်ချက်က ကိုဗစ်ရောဂါကူးစက်နှုန်း မြင့်တက်နေတာကို အရေးမစိုက်၊ ဂရုမထားဘဲ၊ လူထုက အုံနဲ့ကျင်းနဲ့ထွက်လာပြီး မဲပေးကြတာပါ။နောက်တစ်ချက်က ၂၀၂၀ မဲရလဒ် ဘယ်သို့ဘယ်ပုံထွက်လာလိမ့်မယ်လို့ ကြိုတင်တွက်ပြထားတဲ့ နိုင်ငံရေးပရောဟိတ်ကြီးတွေကို ပက်လက်လှန်စေတဲ့ မဲရလဒ်ထွက်လာတာပါ။အားလုံးသိကြတဲ့အတိုင်း၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီချုပ်ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရခဲ့တဲ့ မဲရလဒ်ထက်ပိုများတဲ့ မဲတွေနဲ့ ရွေးကောက်ပွဲကို ထပ်မံအနိုင်ရခဲ့ပါပြီ။ဒီချုပ်တစ်ပါတီတည်း ကျွတ်ကျွတ်လွတ်လွတ် အစိုးရဖွဲ့နိုင်ပါပြီ။ဒါကြောင့် ဒီချုပ်ပြတ်ပြတ်သားသား မဲနိုင်ပြီလို့သေချာတာနဲ့၊ သမ္မတနဲ့ ဒုတိယသမ္မတ ၂ ယောက် ဘယ်သူတွေဖြစ်လာကြမလဲ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဘယ်သူဖြစ်လာလေမလဲဆိုတာ လူထုစိတ်အဝင်စားဆုံးဖြစ်လာပါတယ်။  

ရန်ကုန်တိုင်းဒေသကြီးဟာ၊ နေပြည်တော်ပြီးရင် ဒုတိယမြို့တော်လည်းဖြစ်၊ အရေးကြီးတဲ့ စီးပွားရေးမြို့တော်လဲဖြစ်ပါတယ်။ဒါကြောင့် သမ္မတနဲ့ ဒုတိယသမ္မတ နှစ်ယောက် ဘယ်သူတွေဖြစ်လာမလဲ မှန်းဆစိတ်ဝင်စားမှုထက်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဘယ်သူဖြစ်လာမလဲဆိုတာကို ပိုစိတ်ဝင်စားကြပါတယ်။ဒီတော့ နိုင်ငံရေးစောင့်ကြည့်လေ့လာ ဆရာကြီးတချို့က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြစ်လာနိုင်ချေရှိသူတွေဆိုပြီး၊ ဦးရဲမင်းဦးနဲ့ ဦးပြုံးချိုတို့ကို ဆွဲထုတ်၊ ပွဲထုတ်လာကြပါပြီ။

၂၀၁၆-၂၀၂၀ ဒီချုပ်အစိုးရသက်တမ်းအတွင်း ရန်ကုန်အစိုးရခမျာ၊ မန်းအစိုးရနဲ့ မကြာခဏနှိုင်းယှဉ်ခံခဲ့ရပြီး၊ ရန်ကုန်လူထုရဲ့ အားမလိုအားမရမှုကို ခံခဲ့ရပါတယ်။ကိုင်း - ဒီတချီ ငါတို့ ရန်ကုန်တိုင်းဝန်ချုပ် အဘယ်သူနည်းဆိုတဲ့ သိချင်စိတ်နဲ့ ဘယ်သူရမယ်၊ ဘယ်ဝါဖြစ်မယ် ဟောကိန်းတွေ ဖေ့စ်ဘုတ်ပေါ်ကို ခပ်လှိုင်လှိုင်တက်လာကြပါတော့တယ်။

တကယ်တော့ ရန်ကုန်ဟာ မနေ့တနေ့ကမှ မြန်မာနိုင်ငံရဲ့ အစိုးရရုံးစိုက်ရာ မြို့တော်အဖြစ်ကနေ၊ ဒုတိယမြို့တော်အဖြစ် ရာထူးကျသွားပေမဲ့၊ မြန်မာတစ်ပြည်လုံးရဲ့ အသက်သွေးကြော အချက်အခြာ နေရာဌာနတစ်ခုပါ။ဒီလိုအချက်အခြာကျပြီး၊ စီးပွားရေးအကွက်အကွင်းတွေကများ၊ လုပ်ငန်းတွေကလဲ စုံလင်များပြား၊ နေရာအတိုင်းအတာအရလဲ ကျယ်ဝန်းလှတဲ့ တိုင်းတစ်ခုလုံးကို ထောင့်စေ့စေ့အုပ်ချုပ်ဖို့ဆိုတာ၊ အလွန်ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ ၂၀၁၆ ဧပြီ ၁ ရက်နေ့မှာ စတာဝန်ယူရတဲ့ ဒီချုပ်အစိုးရရဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို ရန်ကုန်လူထုက မျှော်လင့်ချက်တွေအများကြီးနဲ့ လိုလိုလားလားကြိုဆိုခဲ့ကြတာပါ။မှတ်မှတ်ရရ ဦးဖြိုးမင်းသိန်း စကိုင်တွယ်ခဲ့တာက သင်္ကြန်ကိစ္စပါ။ရန်ကုန်သင်္ကြန်ဟာ ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ဗန်းပြပြီး ကြီးမားတဲ့စီးပွားရေးဈေးကွက်ပါတဲ့ ရေသဘင်ပွဲဆိုတာ အများအသိဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ အကွက်အကွင်းကျတဲ့နေရာတွေမှာ ရေကစားမဏ္ဍပ်ဆောက်ခွင့်ရဖို့ ငွေနဲ့လိုက်ကြရပါတယ်။ရေကစားမဏ္ဍပ်ဆောက်ခွင့်ရသူတွေက ရင်းနှီးထားရတဲ့ငွေထက် အဆမတန်ပြန်မြတ်မယ့်အလုပ်တွေကို ရိုးရာသင်္ကြန်နဲ့ တွဲဖက်လုပ်ကိုင်ကြပါတယ်။အရှေ့ဘက်ကကြည့်မယ်ဆိုရင် ဟိန်းနေတဲ့ ရေကစားမဏ္ဍပ်ကြီးနဲ့ ရေပက်နေသူတွေ၊ ရေပက်ခံလာသူတွေကိုပဲ မြင်ကြရမှာပါ၊ အဲ့မဏ္ဍပ်အောက်နဲ့ အနောက်မှာတော့ စုံတွဲတွေနားခိုစရာနေရာ၊ စားသောက်စရာ၊ မူးယစ်ဆေး၊ အရက်သေစာနဲ့ မိန်းကလေးပါမကျန်၊ အားလုံးရနိုင်အောင် စီစဉ်ပေးထားကြပါတယ်။သင်္ကြန်တစ်ပွဲပြီးတိုင်း လူမသိသူမသိ ဘဝပျက်ခဲ့ကြတဲ့ မိန်းကလေးတွေ နှစ်စဉ်ရှိခဲ့ပါတယ်။

ဦးဖြိုးမင်းသိန်း က ငွေရှာတဲ့ ရေကစားမဏ္ဍပ်အစဉ်အလာကို ဖျက်လိုက်တော့၊ ရန်ကုန်လူထု အလွန်ကျေနပ်ခဲ့ကြပါတယ်။လူထုက ကွီးဖြိုးလို့ ချစ်စနိုးခေါ်ကြတဲ့အထိ၊ ဦးဖြိုးမင်းသိန်း ပွဲဦးထွက်လှခဲ့ပါတယ်။နောက်နှစ် သင်္ကြန်ရောက်တော့ ရန်ကုန်အစိုးရက သံချပ်တွေကို စိစစ်ဖို့လုပ်တာ၊ ရေကစားမဏ္ဍပ်တွေကို လျှော့ချတာ၊ တင်းကြပ်တာတွေဖြစ်လာတော့ လူထုအံ့ဩကြရပြန်ပါတယ်။အဲဒီကစပြီး နောက်ပိုင်းမှာတော့ တစတစ ကွီးဖြိုးဆိုတဲ့အသံ မှိန်လာခဲ့တာ၊ သောင်းသောင်းဖြဖြ ကွီးဖြိုးဆိုတဲ့ အသံဟာ၊ တစ်နှစ်သာခံခဲ့တာ ဝမ်းနည်းစရာပါ။

ရန်ကုန်လို ရှုပ်ထွေးကျယ်ပြော၊ တာဝန်ကြီးလေးလှတဲ့နေရာမှာ၊ နိုင်ငံရေးအတွေ့အကြုံရှိပေမဲ့၊ အုပ်ချုပ်ရေးအတွေ့အကြုံမရှိတဲ့ လူလတ်ပိုင်းအရွယ် နိုင်ငံရေးသမားတစ်ယောက် တာဝန်ယူရတဲ့အခါ၊ များပြားကြီးလေးတဲ့ တာဝန်တွေကတစ်ဖက်၊  စိန်ခေါ်မှုတွေကတစ်ဖက် ဆီးကြိုနေတာကို မထမ်းတတ်၊ မရှောင်တတ်၊ မကိုင်တွယ်တတ်ရင် ဘယ်သူမဆို အခက်ကြုံရမှာပါပဲ။ဒါ့အပြင် ဝန်ကြီးချုပ်လေးဘေးမှာ ဝန်းရံမြှောက်ပင့်သူတွေ တရုန်းရုန်းနဲ့ဆိုတဲ့ သတင်းတွေကလဲ တစ်ပါတည်းပေါ်ထွက်လာပါတယ်။ဝန်းရံမှု၊ ထိုးချမှု မျိုးစုံဒဏ်ကို ခိုင်မာတဲ့ဒိုင်းနဲ့ မကာထားနိုင်ခဲ့လို့ ကွီးဖြိုးဆိုတဲ့ လူထုအသံတိမ်ဝင်သွားရတာလို့ ယေဘုယျပြောဆိုနိုင်ပါတယ်။
ရန်ကုန်တိုင်းလွှတ်တော်တွင်းမှာလဲ၊ အစိုးရနဲ့ လွှတ်တော် မကြာခဏထိပ်တိုက်တွေ့ကြပါတယ်။လွှတ်တော်ထဲမှာတင်တဲ့ မေးခွန်းတွေအရဆိုရင် ရန်ကုန်ဝန်ချုပ်ဟာ လွှတ်တော်ခွင့်ပြုချက်ယူရမယ့် ကိစ္စမျိုးတွေကို လွှတ်တော်ကိုအသိမပေးဘဲ လုပ်နေတယ်လို့ အဓိပ္ပာယ်ထွက်စေပါတယ်။
အဆိုးဝါးဆုံးကတော့ ၂၀၁၉ ဘဏာနှစ်အတွက် စာရင်းစစ်အစီရင်ခံစာချုပ်ကို လွှတ်တော်ကိုယ်စားလှဘ်တစ်ဦးချင်းဆီ မပေးဝေတဲ့ ပြဿနာပါ။တကယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်တာဝန်ကို ဦးဖြိုးမင်းသိန်းလို လူလတ်ပိုင်းတစ်ယောက်ကို တာဝန်မပေးဘဲ၊ ဒေါက်တာဇော်မြင့်မောင်တို့၊ ဒေါက်တာအောင်မိုးညိုတို့အရွယ် လူကြီးပိုင်းကို တာဝန်ပေးမယ်ဆိုရင်၊  ပိုသင့်တော်တယ်လို့ ထင်မြင်မိပါတယ်။

လောလောဆယ်မှာတော့၊ ၂၀၂၁-၂၀၂၅ ရန်ကုန်တိုင်းအစိုးရရဲ့ ဝန်ကြီးချုပ် ဘယ်သူဖြစ်လာမလဲဆိုတဲ့ စိတ်ဝင်စားမှု လူထုကြားမှာမြင့်တက်နေပါတယ်။ရန်ကုန်ဝန်ကြီးချုပ်အဖြစ် တချို့က ဦးရဲမင်းဦး ကို ရည်ညွှန်းနေကြပြီး၊ တချို့က ဦးပြုံးချို ကို ရည်ညွှန်းနေကြပါတယ်။ဖေ့စ်ဘုတ်ပေါ်မှာ စုချစ်သူအဖွဲ့၊ ရဲချစ်သူအဖွဲ့၊ ဘာအဖွဲ့ ညာအဖွဲ့တွေကလဲ ခေတ်ထနေတော့၊ ဝီလပ်ဖ် ဘာညာကွိကွ အဖွဲ့တွေရဲ့ သွယ်ဝိုက်မဲဆွယ်နေတာတွေကို ထည့်စဉ်းစားမလိုဘူးလို့ ယုံကြည်ပါတယ်။ ၂၀၁၆ ဒီချုပ်အစိုးရဖွဲ့တုန်းက ကြုံခဲ့ရတဲ့ လက်တွေ့ရလဒ်တချို့အပေါ် မူတည်စဉ်းစားကြည့်မိပါတယ်။ ၂၀၁၆ ဒီချုပ်အစိုးရအဖွဲ့ အမည်စာရင်းတွေထွက်လာတော့၊ ဝန်ကြီးတချို့ရထားတယ်ဆိုတဲ့ ဒေါက်တာဘွဲ့တွေဟာ အတုတွေပါလို့ လူထုကထောက်ပြတာခံရသူတွေ ပါလာပါတယ်။တချို့ဝန်ကြီးရာထူး လျာထားခံရသူတွေကတော့ နဝတ၊ နအဖ အစိုးရလက်ထက်၊ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အာဏာရှိသူတချို့နဲ့ပူးပေါင်းပြီး စီးပွားရေးလုပ်ခဲ့သူတွေပါလို့ လူထုက ထောက်ပြတာခံရသူတချို့လဲ ပါဝင်ခဲ့ပါတယ်။ဒီချုပ်ပါတီဘက်က အစိုးရအဖွဲ့မှာ တာဝန်ပေးဖို့ လူရွေးတဲ့မူဝါဒကို ဘယ်လိုချမှတ်ထားသလဲ ဘယ်အချက်တွေပါသလဲ လူထုမသိကြပါဘူး။အရင်အစိုးရ လက်ထက်တုန်းက နာမည်ထွက်ခဲ့သူ ညွှန်ချုပ်တစ်ယောက် ဝန်ကြီးရာထူးနဲ့ပြန်ပါလာတာ၊ သင်္ချာဘွဲ့ရထားသူကို လယ်-ဆည်ဝန်ကြီးဌာနမှာ တာဝန်ပေးတာတွေကို လူထုလက်ဖျားခါခဲ့ကြတဲ့အထိ အံ့ဩခဲ့ကြ တာပါ။

ဒီချုပ်အစိုးရသက်တမ်း တစ်နှစ်ကျော်လာချိန်မှာ လူထုထောက်ပြခဲ့တဲ့ ဝန်ကြီးတချို့ အောင်ဖျာလိပ်သွားကြပါတယ်။တချို့ဝန်ကြီးတွေကတော့ အစိုးရသက်တမ်း ၂ နှစ်ကျော်လာချိန်မှာ မိမိသဘောနဲ့မိမိ နှုတ်ထွက်သွားကြပါတယ်။အစိုးရသက်တမ်း ၃ နှစ်ကျော်တော့ ဝန်ကြီးချုပ်တစ်ဦး အရေးယူခံရပါတယ်။အရေးယူခံရတဲ့ ဝန်ကြီးချုပ်ဟာ သူ့နယ်ပယ်မှာ ဟိုးလေးတကျော်ဖြစ်နေတာ ၂၀၁၆ ကုန်ခါနီးအချိန်ကတည်းကပါ။ဒါပေမဲ့ အရေးယူမှု ဘာကြောင့်ဒီလောက်နောက်ကျရသလဲလို့ နယ်ခံတွေကိုမေးကြည့်တော့၊ ဒီဝန်ကြီးချုပ်သတင်း ဗဟိုအစိုးရဆီမရောက်အောင် တချို့ ဒီချုပ်စီအီးစီတွေကိုယ်တိုင်က ကာကွယ်ပေးထားကြတာလို့ ပြောပြကြပါတယ်။လွှတ်တော်အမတ်တွေအားလုံး လက်မှတ်ထိုးတိုင်တော့မှ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆင်းလာရပါတော့တယ်။မြို့ခံတွေက ဘယ်သူဘယ်ဝါကို အရေးယူပေးပါဆိုတဲ့ ဆိုင်းဘုတ်တွေ၊ ကြွေးကြော်သံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဆီးကြိုခဲ့ကြပါတယ်။

၂၀၁၆ ဒီချုပ်အစိုးရဖွဲ့တုန်းက မူတည်စဉ်းစားခဲ့တဲ့ စံတွေထဲက လက်တွေ့အလုပ်မဖြစ်ခဲ့တဲ့ စံတွေကို ၂၀၂၁ အစိုးရဖွဲ့တဲ့အခါ ထည့်သွင်းမစဉ်းစားသင့်ဘူးလို့ ယူဆမိပါတယ်။တတ်နိုင်မယ်ဆိုရင်တော့၊ အစိုးရအဖွဲ့ ဝင်တွေထဲမှာ တာဝန်ပေးမယ့်သူတွေဟာ ကိုယ်တိုင်စီးပွားရေး လုပ်ငန်းရှင်တစ်ပိုင်းဖြစ်နေသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒီကနေ့ထိဆက်စပ်နေသူတွေကို မထည့်တာအကောင်းဆုံးလို့ ယူဆပါတယ်။လက်ရှိ အစိုးရအဖွဲ့ထဲမှာ ခုထိတာဝန်ယူနေဆဲ ဝန်ကြီးတစ်ပါးဆိုရင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကြီးရှိနေသူပါ။ဒီဝန်ကြီးဟာ ဆုံးဖြတ်ချက်ချတိုင်း ခရိုနီတွေဘက်ပင်းတယ်လို့ နာမည်ကြီးလှပါတယ်။ဒါ့အပြင် ကိုဗစ်ဖြစ်လာတော့ လုပ်ငန်းရှင်တွေကို အစိုးရချပေးတဲ့ ချေးငွေ သိန်းတစ်ထောင်ကို ပထမဆုံးယူတဲ့သူလို့ သူတာဝန်ယူရတဲ့ လုပ်ငန်းနယ်ပယ်မှာ နာမည်ကြီးလှပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခံရမယ့်သူဟာ ကိုယ်ပိုင်စီးပွားရေး ကင်းရှင်းသူဖြစ်တာ အကောင်းဆုံးပါပဲ။မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့လို၊ ကိုယ်ပိုင်စီးပွားရေး ဘာတစ်ခုမှ မရှိရုံသာမက၊ အနေရိုး၊ အစားရိုးပြီး ဒေသခံတွေချစ်ခင်အားကိုးတဲ့ ဝန်ကြီးချုပ်မျိုး ဖြစ်သင့်ပါတယ်။
ဒီလိုဝန်ကြီးချုပ်မျိုးဖြစ်မှသာ သူဌေးမျိုးစုံ၊ စီးပွားရေးလုပ်ငန်းမျိုးစုံနဲ့ ဝန်းဝိုင်းချဉ်းကပ်လာမယ့် ကိုယ်ကျိုးရှာ လူမျိုးစုံရဲ့ဒဏ်ကို ခံနိုင်မယ်လို့ ယူဆပါတယ်။တစ်ဘက်မှာလဲ ဝန်ကြီးချုပ်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ပညာအရည်အချင်း၊ ကိုယ်ကျင့်တရားနဲ့ နိုင်ငံရေးဖြတ်သန်းမှုတွေ ပြည့်စုံသူဖြစ်ရပါမယ်။

အခုအချိန်မှာတော့ ဒီချုပ်ပါတီဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်လာပါပြီ။ဒီချုပ်အလံအောက် ဝင်ရပ်လိုက်ရင် အမေ့ဒေါက်ဖိနပ်တန်ခိုးနဲ့ အမတ်ဖြစ်ကြလေသတည်းဆိုတဲ့ခေတ် ရောက်လာပါပြီ။ဒီချုပ်ပါတီကို ရည်ရွယ်ချက်မျိုးစုံနဲ့ ဝင်လာမယ့်သူတွေ၊ ဒေါက်ဖိနပ်နား အတင်းကပ်မယ့်သူတွေ များပြားလာတော့မှာပါ။အခုလဲများပြားလှပါတယ်။လူကိုအကဲခတ်ရတာ အလွန်ခက်ခဲပါတယ်။ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် အစိုးရထဲ နေရာရလိုသူတွေဟာ ဒေါက်ဖိနပ်ရှေ့ ခါးလေးယို့ လက်ကလေးနောက်ပစ် ရိုကျိုးပြကြ၊ သရုပ်အမျိုးမျိုးပြခဲ့ကြသလို၊ ဆက်သရုပ်ပြကြအုံးမှာပါ။

ပြင်ဦးလွင် စစ်တက္ကသိုလ်တက်ရောက်ခွင့် တင်သူတိုင်းကို ထောက်လှမ်းရေးက နောက်ကြောင်းလိုက် စစ်ဆေးပါတယ်။အဲဒီလိုစစ်ဆေးတဲ့အခါ ဗိုလ်လောင်းလျှောက်သူ ဘာတွေလုပ်ခဲ့သလဲ။ဘာတွေတက်ခဲ့သလဲ၊ သူ့မိသားစုနဲ့ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်က ဘယ်သူတွေလဲ၊ ဘာတွေလုပ်သလဲ အစုံအစေ့ လိုက်စစ်တာပါ။ဒီလိုစစ်ဆေးပြီး စိတ်ချရသူဖြစ်မှ ဗိုလ်လောင်းသင်တန်း တက်ခွင့်ရကြတာပါ။ ၂၀၂၁-၂၀၁၅ ဒီချုပ်အစိုးရအဖွဲ့ထဲထည့်မယ့် လူသစ်တွေကို ဒီလောက်မစစ်ဆေးနိုင်ရင်တောင်၊ သူဘာတွေလုပ်ခဲ့သလဲ၊ ဘယ်သူတွေနဲ့ပတ်သက်ခဲ့သလဲ၊ ဘယ်လို “ဇ” ရှိသူလဲ တတ်နိုင်သမျှ သိရှိဖို့အားထုတ်မယ်ဆိုရင် လာမယ့် ဒီချုပ်အစိုးရသစ်အဖွဲ့မှာ လူမှန်နေရာမှန် လူကောင်းလူတော်အများစုကို ရရှိမယ်လို့ ယုံကြည်ပါတယ်။အဲဒီ စံတွေအရ၊ စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်နိုင်မယ့် ကိုယ်ကျိုးရှာမှုကင်းမယ့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ရွေးချယ်နိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။

ခင်နှင်းဦး
နိုဝင်ဘာ - ၂၅

( Zawgyi )

၂၀၂၀ ပါတီစုံ ဒီမိုကေရစီေ႐ြးေကာက္ပြဲႀကီးမွာ ထူးျခားခ်က္ ၂ ခ်က္ရွိပါတယ္။တစ္ခ်က္က ကိုဗစ္ေရာဂါကူးစက္ႏႈန္း ျမင့္တက္ေနတာကို အေရးမစိုက္၊ ဂ႐ုမထားဘဲ၊ လူထုက အုံနဲ႔က်င္းနဲ႔ထြက္လာၿပီး မဲေပးၾကတာပါ။ေနာက္တစ္ခ်က္က ၂၀၂၀ မဲရလဒ္ ဘယ္သို႔ဘယ္ပုံထြက္လာလိမ့္မယ္လို႔ ႀကိဳတင္တြက္ျပထားတဲ့ ႏိုင္ငံေရးပေရာဟိတ္ႀကီးေတြကို ပက္လက္လွန္ေစတဲ့ မဲရလဒ္ထြက္လာတာပါ။အားလုံးသိၾကတဲ့အတိုင္း၊ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဒီခ်ဳပ္ပါတီဟာ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက ရခဲ့တဲ့ မဲရလဒ္ထက္ပိုမ်ားတဲ့ မဲေတြနဲ႔ ေ႐ြးေကာက္ပြဲကို ထပ္မံအႏိုင္ရခဲ့ပါၿပီ။ဒီခ်ဳပ္တစ္ပါတီတည္း ကြၽတ္ကြၽတ္လြတ္လြတ္ အစိုးရဖြဲ႕ႏိုင္ပါၿပီ။ဒါေၾကာင့္ ဒီခ်ဳပ္ျပတ္ျပတ္သားသား မဲႏိုင္ၿပီလို႔ေသခ်ာတာနဲ႔၊ သမၼတနဲ႔ ဒုတိယသမၼတ ၂ ေယာက္ ဘယ္သူေတြျဖစ္လာၾကမလဲ၊ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဘယ္သူျဖစ္လာေလမလဲဆိုတာ လူထုစိတ္အဝင္စားဆုံးျဖစ္လာပါတယ္။  

ရန္ကုန္တိုင္းေဒသႀကီးဟာ၊ ေနျပည္ေတာ္ၿပီးရင္ ဒုတိယၿမိဳ႕ေတာ္လည္းျဖစ္၊ အေရးႀကီးတဲ့ စီးပြားေရးၿမိဳ႕ေတာ္လဲျဖစ္ပါတယ္။ဒါေၾကာင့္ သမၼတနဲ႔ ဒုတိယသမၼတ ႏွစ္ေယာက္ ဘယ္သူေတြျဖစ္လာမလဲ မွန္းဆစိတ္ဝင္စားမႈထက္၊ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဘယ္သူျဖစ္လာမလဲဆိုတာကို ပိုစိတ္ဝင္စားၾကပါတယ္။ဒီေတာ့ ႏိုင္ငံေရးေစာင့္ၾကည့္ေလ့လာ ဆရာႀကီးတခ်ိဳ႕က ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ျဖစ္လာႏိုင္ေခ်ရွိသူေတြဆိုၿပီး၊ ဦးရဲမင္းဦးနဲ႔ ဦးၿပဳံးခ်ိဳတို႔ကို ဆြဲထုတ္၊ ပြဲထုတ္လာၾကပါၿပီ။

၂၀၁၆-၂၀၂၀ ဒီခ်ဳပ္အစိုးရသက္တမ္းအတြင္း ရန္ကုန္အစိုးရခမ်ာ၊ မန္းအစိုးရနဲ႔ မၾကာခဏႏႈိင္းယွဥ္ခံခဲ့ရၿပီး၊ ရန္ကုန္လူထုရဲ႕ အားမလိုအားမရမႈကို ခံခဲ့ရပါတယ္။ကိုင္း - ဒီတခ်ီ ငါတို႔ ရန္ကုန္တိုင္းဝန္ခ်ဳပ္ အဘယ္သူနည္းဆိုတဲ့ သိခ်င္စိတ္နဲ႔ ဘယ္သူရမယ္၊ ဘယ္ဝါျဖစ္မယ္ ေဟာကိန္းေတြ ေဖ့စ္ဘုတ္ေပၚကို ခပ္လႈိင္လႈိင္တက္လာၾကပါေတာ့တယ္။

တကယ္ေတာ့ ရန္ကုန္ဟာ မေန႔တေန႔ကမွ ျမန္မာႏိုင္ငံရဲ႕ အစိုးရ႐ုံးစိုက္ရာ ၿမိဳ႕ေတာ္အျဖစ္ကေန၊ ဒုတိယၿမိဳ႕ေတာ္အျဖစ္ ရာထူးက်သြားေပမဲ့၊ ျမန္မာတစ္ျပည္လုံးရဲ႕ အသက္ေသြးေၾကာ အခ်က္အျခာ ေနရာဌာနတစ္ခုပါ။ဒီလိုအခ်က္အျခာက်ၿပီး၊ စီးပြားေရးအကြက္အကြင္းေတြကမ်ား၊ လုပ္ငန္းေတြကလဲ စုံလင္မ်ားျပား၊ ေနရာအတိုင္းအတာအရလဲ က်ယ္ဝန္းလွတဲ့ တိုင္းတစ္ခုလုံးကို ေထာင့္ေစ့ေစ့အုပ္ခ်ဳပ္ဖို႔ဆိုတာ၊ အလြန္ခက္ခဲတဲ့ အလုပ္တစ္ခုပါ။ ၂၀၁၆ ဧၿပီ ၁ ရက္ေန႔မွာ စတာဝန္ယူရတဲ့ ဒီခ်ဳပ္အစိုးရရဲ႕ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ကို ရန္ကုန္လူထုက ေမွ်ာ္လင့္ခ်က္ေတြအမ်ားႀကီးနဲ႔ လိုလိုလားလားႀကိဳဆိုခဲ့ၾကတာပါ။မွတ္မွတ္ရရ ဦးၿဖိဳးမင္းသိန္း စကိုင္တြယ္ခဲ့တာက သၾကၤန္ကိစၥပါ။ရန္ကုန္သၾကၤန္ဟာ ႐ိုးရာယဥ္ေက်းမႈ အစဥ္အလာကို ဗန္းျပၿပီး ႀကီးမားတဲ့စီးပြားေရးေဈးကြက္ပါတဲ့ ေရသဘင္ပြဲဆိုတာ အမ်ားအသိျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕ရဲ႕ အကြက္အကြင္းက်တဲ့ေနရာေတြမွာ ေရကစားမ႑ပ္ေဆာက္ခြင့္ရဖို႔ ေငြနဲ႔လိုက္ၾကရပါတယ္။ေရကစားမ႑ပ္ေဆာက္ခြင့္ရသူေတြက ရင္းႏွီးထားရတဲ့ေငြထက္ အဆမတန္ျပန္ျမတ္မယ့္အလုပ္ေတြကို ႐ိုးရာသၾကၤန္နဲ႔ တြဲဖက္လုပ္ကိုင္ၾကပါတယ္။အေရွ႕ဘက္ကၾကည့္မယ္ဆိုရင္ ဟိန္းေနတဲ့ ေရကစားမ႑ပ္ႀကီးနဲ႔ ေရပက္ေနသူေတြ၊ ေရပက္ခံလာသူေတြကိုပဲ ျမင္ၾကရမွာပါ၊ အဲ့မ႑ပ္ေအာက္နဲ႔ အေနာက္မွာေတာ့ စုံတြဲေတြနားခိုစရာေနရာ၊ စားေသာက္စရာ၊ မူးယစ္ေဆး၊ အရက္ေသစာနဲ႔ မိန္းကေလးပါမက်န္၊ အားလုံးရႏိုင္ေအာင္ စီစဥ္ေပးထားၾကပါတယ္။သၾကၤန္တစ္ပြဲၿပီးတိုင္း လူမသိသူမသိ ဘဝပ်က္ခဲ့ၾကတဲ့ မိန္းကေလးေတြ ႏွစ္စဥ္ရွိခဲ့ပါတယ္။

ဦးၿဖိဳးမင္းသိန္း က ေငြရွာတဲ့ ေရကစားမ႑ပ္အစဥ္အလာကို ဖ်က္လိုက္ေတာ့၊ ရန္ကုန္လူထု အလြန္ေက်နပ္ခဲ့ၾကပါတယ္။လူထုက ကြီးၿဖိဳးလို႔ ခ်စ္စႏိုးေခၚၾကတဲ့အထိ၊ ဦးၿဖိဳးမင္းသိန္း ပြဲဦးထြက္လွခဲ့ပါတယ္။ေနာက္ႏွစ္ သၾကၤန္ေရာက္ေတာ့ ရန္ကုန္အစိုးရက သံခ်ပ္ေတြကို စိစစ္ဖို႔လုပ္တာ၊ ေရကစားမ႑ပ္ေတြကို ေလွ်ာ့ခ်တာ၊ တင္းၾကပ္တာေတြျဖစ္လာေတာ့ လူထုအံ့ဩၾကရျပန္ပါတယ္။အဲဒီကစၿပီး ေနာက္ပိုင္းမွာေတာ့ တစတစ ကြီးၿဖိဳးဆိုတဲ့အသံ မွိန္လာခဲ့တာ၊ ေသာင္းေသာင္းျဖျဖ ကြီးၿဖိဳးဆိုတဲ့ အသံဟာ၊ တစ္ႏွစ္သာခံခဲ့တာ ဝမ္းနည္းစရာပါ။

ရန္ကုန္လို ရႈပ္ေထြးက်ယ္ေျပာ၊ တာဝန္ႀကီးေလးလွတဲ့ေနရာမွာ၊ ႏိုင္ငံေရးအေတြ႕အႀကဳံရွိေပမဲ့၊ အုပ္ခ်ဳပ္ေရးအေတြ႕အႀကဳံမရွိတဲ့ လူလတ္ပိုင္းအ႐ြယ္ ႏိုင္ငံေရးသမားတစ္ေယာက္ တာဝန္ယူရတဲ့အခါ၊ မ်ားျပားႀကီးေလးတဲ့ တာဝန္ေတြကတစ္ဖက္၊  စိန္ေခၚမႈေတြကတစ္ဖက္ ဆီးႀကိဳေနတာကို မထမ္းတတ္၊ မေရွာင္တတ္၊ မကိုင္တြယ္တတ္ရင္ ဘယ္သူမဆို အခက္ႀကဳံရမွာပါပဲ။ဒါ့အျပင္ ဝန္ႀကီးခ်ဳပ္ေလးေဘးမွာ ဝန္းရံေျမႇာက္ပင့္သူေတြ တ႐ုန္း႐ုန္းနဲ႔ဆိုတဲ့ သတင္းေတြကလဲ တစ္ပါတည္းေပၚထြက္လာပါတယ္။ဝန္းရံမႈ၊ ထိုးခ်မႈ မ်ိဳးစုံဒဏ္ကို ခိုင္မာတဲ့ဒိုင္းနဲ႔ မကာထားႏိုင္ခဲ့လို႔ ကြီးၿဖိဳးဆိုတဲ့ လူထုအသံတိမ္ဝင္သြားရတာလို႔ ေယဘုယ်ေျပာဆိုႏိုင္ပါတယ္။
ရန္ကုန္တိုင္းလႊတ္ေတာ္တြင္းမွာလဲ၊ အစိုးရနဲ႔ လႊတ္ေတာ္ မၾကာခဏထိပ္တိုက္ေတြ႕ၾကပါတယ္။လႊတ္ေတာ္ထဲမွာတင္တဲ့ ေမးခြန္းေတြအရဆိုရင္ ရန္ကုန္ဝန္ခ်ဳပ္ဟာ လႊတ္ေတာ္ခြင့္ျပဳခ်က္ယူရမယ့္ ကိစၥမ်ိဳးေတြကို လႊတ္ေတာ္ကိုအသိမေပးဘဲ လုပ္ေနတယ္လို႔ အဓိပၸာယ္ထြက္ေစပါတယ္။
အဆိုးဝါးဆုံးကေတာ့ ၂၀၁၉ ဘဏာႏွစ္အတြက္ စာရင္းစစ္အစီရင္ခံစာခ်ဳပ္ကို လႊတ္ေတာ္ကိုယ္စားလွဘ္တစ္ဦးခ်င္းဆီ မေပးေဝတဲ့ ျပႆနာပါ။တကယ္လို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္တာဝန္ကို ဦးၿဖိဳးမင္းသိန္းလို လူလတ္ပိုင္းတစ္ေယာက္ကို တာဝန္မေပးဘဲ၊ ေဒါက္တာေဇာ္ျမင့္ေမာင္တို႔၊ ေဒါက္တာေအာင္မိုးညိဳတို႔အ႐ြယ္ လူႀကီးပိုင္းကို တာဝန္ေပးမယ္ဆိုရင္၊  ပိုသင့္ေတာ္တယ္လို႔ ထင္ျမင္မိပါတယ္။

ေလာေလာဆယ္မွာေတာ့၊ ၂၀၂၁-၂၀၂၅ ရန္ကုန္တိုင္းအစိုးရရဲ႕ ဝန္ႀကီးခ်ဳပ္ ဘယ္သူျဖစ္လာမလဲဆိုတဲ့ စိတ္ဝင္စားမႈ လူထုၾကားမွာျမင့္တက္ေနပါတယ္။ရန္ကုန္ဝန္ႀကီးခ်ဳပ္အျဖစ္ တခ်ိဳ႕က ဦးရဲမင္းဦး ကို ရည္ၫႊန္းေနၾကၿပီး၊ တခ်ိဳ႕က ဦးၿပဳံးခ်ိဳ ကို ရည္ၫႊန္းေနၾကပါတယ္။ေဖ့စ္ဘုတ္ေပၚမွာ စုခ်စ္သူအဖြဲ႕၊ ရဲခ်စ္သူအဖြဲ႕၊ ဘာအဖြဲ႕ ညာအဖြဲ႕ေတြကလဲ ေခတ္ထေနေတာ့၊ ဝီလပ္ဖ္ ဘာညာကြိကြ အဖြဲ႕ေတြရဲ႕ သြယ္ဝိုက္မဲဆြယ္ေနတာေတြကို ထည့္စဥ္းစားမလိုဘူးလို႔ ယုံၾကည္ပါတယ္။ ၂၀၁၆ ဒီခ်ဳပ္အစိုးရဖြဲ႕တုန္းက ႀကဳံခဲ့ရတဲ့ လက္ေတြ႕ရလဒ္တခ်ိဳ႕အေပၚ မူတည္စဥ္းစားၾကည့္မိပါတယ္။ ၂၀၁၆ ဒီခ်ဳပ္အစိုးရအဖြဲ႕ အမည္စာရင္းေတြထြက္လာေတာ့၊ ဝန္ႀကီးတခ်ိဳ႕ရထားတယ္ဆိုတဲ့ ေဒါက္တာဘြဲ႕ေတြဟာ အတုေတြပါလို႔ လူထုကေထာက္ျပတာခံရသူေတြ ပါလာပါတယ္။တခ်ိဳ႕ဝန္ႀကီးရာထူး လ်ာထားခံရသူေတြကေတာ့ နဝတ၊ နအဖ အစိုးရလက္ထက္၊ ဦးသိန္းစိန္အစိုးရလက္ထက္မွာ အာဏာရွိသူတခ်ိဳ႕နဲ႔ပူးေပါင္းၿပီး စီးပြားေရးလုပ္ခဲ့သူေတြပါလို႔ လူထုက ေထာက္ျပတာခံရသူတခ်ိဳ႕လဲ ပါဝင္ခဲ့ပါတယ္။ဒီခ်ဳပ္ပါတီဘက္က အစိုးရအဖြဲ႕မွာ တာဝန္ေပးဖို႔ လူေ႐ြးတဲ့မူဝါဒကို ဘယ္လိုခ်မွတ္ထားသလဲ ဘယ္အခ်က္ေတြပါသလဲ လူထုမသိၾကပါဘူး။အရင္အစိုးရ လက္ထက္တုန္းက နာမည္ထြက္ခဲ့သူ ၫႊန္ခ်ဳပ္တစ္ေယာက္ ဝန္ႀကီးရာထူးနဲ႔ျပန္ပါလာတာ၊ သခ်ၤာဘြဲ႕ရထားသူကို လယ္-ဆည္ဝန္ႀကီးဌာနမွာ တာဝန္ေပးတာေတြကို လူထုလက္ဖ်ားခါခဲ့ၾကတဲ့အထိ အံ့ဩခဲ့ၾက တာပါ။

ဒီခ်ဳပ္အစိုးရသက္တမ္း တစ္ႏွစ္ေက်ာ္လာခ်ိန္မွာ လူထုေထာက္ျပခဲ့တဲ့ ဝန္ႀကီးတခ်ိဳ႕ ေအာင္ဖ်ာလိပ္သြားၾကပါတယ္။တခ်ိဳ႕ဝန္ႀကီးေတြကေတာ့ အစိုးရသက္တမ္း ၂ ႏွစ္ေက်ာ္လာခ်ိန္မွာ မိမိသေဘာနဲ႔မိမိ ႏႈတ္ထြက္သြားၾကပါတယ္။အစိုးရသက္တမ္း ၃ ႏွစ္ေက်ာ္ေတာ့ ဝန္ႀကီးခ်ဳပ္တစ္ဦး အေရးယူခံရပါတယ္။အေရးယူခံရတဲ့ ဝန္ႀကီးခ်ဳပ္ဟာ သူ႔နယ္ပယ္မွာ ဟိုးေလးတေက်ာ္ျဖစ္ေနတာ ၂၀၁၆ ကုန္ခါနီးအခ်ိန္ကတည္းကပါ။ဒါေပမဲ့ အေရးယူမႈ ဘာေၾကာင့္ဒီေလာက္ေနာက္က်ရသလဲလို႔ နယ္ခံေတြကိုေမးၾကည့္ေတာ့၊ ဒီဝန္ႀကီးခ်ဳပ္သတင္း ဗဟိုအစိုးရဆီမေရာက္ေအာင္ တခ်ိဳ႕ ဒီခ်ဳပ္စီအီးစီေတြကိုယ္တိုင္က ကာကြယ္ေပးထားၾကတာလို႔ ေျပာျပၾကပါတယ္။လႊတ္ေတာ္အမတ္ေတြအားလုံး လက္မွတ္ထိုးတိုင္ေတာ့မွ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ဆင္းလာရပါေတာ့တယ္။ၿမိဳ႕ခံေတြက ဘယ္သူဘယ္ဝါကို အေရးယူေပးပါဆိုတဲ့ ဆိုင္းဘုတ္ေတြ၊ ေႂကြးေၾကာ္သံေတြနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ကို ဆီးႀကိဳခဲ့ၾကပါတယ္။

၂၀၁၆ ဒီခ်ဳပ္အစိုးရဖြဲ႕တုန္းက မူတည္စဥ္းစားခဲ့တဲ့ စံေတြထဲက လက္ေတြ႕အလုပ္မျဖစ္ခဲ့တဲ့ စံေတြကို ၂၀၂၁ အစိုးရဖြဲ႕တဲ့အခါ ထည့္သြင္းမစဥ္းစားသင့္ဘူးလို႔ ယူဆမိပါတယ္။တတ္ႏိုင္မယ္ဆိုရင္ေတာ့၊ အစိုးရအဖြဲ႕ ဝင္ေတြထဲမွာ တာဝန္ေပးမယ့္သူေတြဟာ ကိုယ္တိုင္စီးပြားေရး လုပ္ငန္းရွင္တစ္ပိုင္းျဖစ္ေနသူေတြ၊ စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ ဒီကေန႔ထိဆက္စပ္ေနသူေတြကို မထည့္တာအေကာင္းဆုံးလို႔ ယူဆပါတယ္။လက္ရွိ အစိုးရအဖြဲ႕ထဲမွာ ခုထိတာဝန္ယူေနဆဲ ဝန္ႀကီးတစ္ပါးဆိုရင္ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းႀကီးရွိေနသူပါ။ဒီဝန္ႀကီးဟာ ဆုံးျဖတ္ခ်က္ခ်တိုင္း ခ႐ိုနီေတြဘက္ပင္းတယ္လို႔ နာမည္ႀကီးလွပါတယ္။ဒါ့အျပင္ ကိုဗစ္ျဖစ္လာေတာ့ လုပ္ငန္းရွင္ေတြကို အစိုးရခ်ေပးတဲ့ ေခ်းေငြ သိန္းတစ္ေထာင္ကို ပထမဆုံးယူတဲ့သူလို႔ သူတာဝန္ယူရတဲ့ လုပ္ငန္းနယ္ပယ္မွာ နာမည္ႀကီးလွပါတယ္။

ဒါေၾကာင့္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ေပးခံရမယ့္သူဟာ ကိုယ္ပိုင္စီးပြားေရး ကင္းရွင္းသူျဖစ္တာ အေကာင္းဆုံးပါပဲ။မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳတို႔လို၊ ကိုယ္ပိုင္စီးပြားေရး ဘာတစ္ခုမွ မရွိ႐ုံသာမက၊ အေန႐ိုး၊ အစား႐ိုးၿပီး ေဒသခံေတြခ်စ္ခင္အားကိုးတဲ့ ဝန္ႀကီးခ်ဳပ္မ်ိဳး ျဖစ္သင့္ပါတယ္။
ဒီလိုဝန္ႀကီးခ်ဳပ္မ်ိဳးျဖစ္မွသာ သူေဌးမ်ိဳးစုံ၊ စီးပြားေရးလုပ္ငန္းမ်ိဳးစုံနဲ႔ ဝန္းဝိုင္းခ်ဥ္းကပ္လာမယ့္ ကိုယ္က်ိဳးရွာ လူမ်ိဳးစုံရဲ႕ဒဏ္ကို ခံႏိုင္မယ္လို႔ ယူဆပါတယ္။တစ္ဘက္မွာလဲ ဝန္ႀကီးခ်ဳပ္တစ္ေယာက္မွာ ရွိသင့္ရွိထိုက္တဲ့ ပညာအရည္အခ်င္း၊ ကိုယ္က်င့္တရားနဲ႔ ႏိုင္ငံေရးျဖတ္သန္းမႈေတြ ျပည့္စုံသူျဖစ္ရပါမယ္။

အခုအခ်ိန္မွာေတာ့ ဒီခ်ဳပ္ပါတီဟာ ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ျဖစ္လာပါၿပီ။ဒီခ်ဳပ္အလံေအာက္ ဝင္ရပ္လိုက္ရင္ အေမ့ေဒါက္ဖိနပ္တန္ခိုးနဲ႔ အမတ္ျဖစ္ၾကေလသတည္းဆိုတဲ့ေခတ္ ေရာက္လာပါၿပီ။ဒီခ်ဳပ္ပါတီကို ရည္႐ြယ္ခ်က္မ်ိဳးစုံနဲ႔ ဝင္လာမယ့္သူေတြ၊ ေဒါက္ဖိနပ္နား အတင္းကပ္မယ့္သူေတြ မ်ားျပားလာေတာ့မွာပါ။အခုလဲမ်ားျပားလွပါတယ္။လူကိုအကဲခတ္ရတာ အလြန္ခက္ခဲပါတယ္။ပ်ိဳတိုင္းႀကိဳက္တဲ့ႏွင္းဆီခိုင္ အစိုးရထဲ ေနရာရလိုသူေတြဟာ ေဒါက္ဖိနပ္ေရွ႕ ခါးေလးယို႔ လက္ကေလးေနာက္ပစ္ ႐ိုက်ိဳးျပၾက၊ သ႐ုပ္အမ်ိဳးမ်ိဳးျပခဲ့ၾကသလို၊ ဆက္သ႐ုပ္ျပၾကအုံးမွာပါ။

ျပင္ဦးလြင္ စစ္တကၠသိုလ္တက္ေရာက္ခြင့္ တင္သူတိုင္းကို ေထာက္လွမ္းေရးက ေနာက္ေၾကာင္းလိုက္ စစ္ေဆးပါတယ္။အဲဒီလိုစစ္ေဆးတဲ့အခါ ဗိုလ္ေလာင္းေလွ်ာက္သူ ဘာေတြလုပ္ခဲ့သလဲ။ဘာေတြတက္ခဲ့သလဲ၊ သူ႔မိသားစုနဲ႔ ေဆြခုႏွစ္ဆက္ မ်ိဳးခုႏွစ္ဆက္က ဘယ္သူေတြလဲ၊ ဘာေတြလုပ္သလဲ အစုံအေစ့ လိုက္စစ္တာပါ။ဒီလိုစစ္ေဆးၿပီး စိတ္ခ်ရသူျဖစ္မွ ဗိုလ္ေလာင္းသင္တန္း တက္ခြင့္ရၾကတာပါ။ ၂၀၂၁-၂၀၁၅ ဒီခ်ဳပ္အစိုးရအဖြဲ႕ထဲထည့္မယ့္ လူသစ္ေတြကို ဒီေလာက္မစစ္ေဆးႏိုင္ရင္ေတာင္၊ သူဘာေတြလုပ္ခဲ့သလဲ၊ ဘယ္သူေတြနဲ႔ပတ္သက္ခဲ့သလဲ၊ ဘယ္လို “ဇ” ရွိသူလဲ တတ္ႏိုင္သမွ် သိရွိဖို႔အားထုတ္မယ္ဆိုရင္ လာမယ့္ ဒီခ်ဳပ္အစိုးရသစ္အဖြဲ႕မွာ လူမွန္ေနရာမွန္ လူေကာင္းလူေတာ္အမ်ားစုကို ရရွိမယ္လို႔ ယုံၾကည္ပါတယ္။အဲဒီ စံေတြအရ၊ စိန္ေခၚမႈအမ်ိဳးမ်ိဳးကို ရင္ဆိုင္ႏိုင္မယ့္ ကိုယ္က်ိဳးရွာမႈကင္းမယ့္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ကို ေ႐ြးခ်ယ္ႏိုင္ပါေစေၾကာင္း ဆုေတာင္းလိုက္ပါတယ္။

ခင္ႏွင္းဦး
ႏိုဝင္ဘာ - ၂၅