【 ဆောင်းပါး 】 “မိန့်ခွန်းသုံးရပ်၊ ထိပ်သီးဆွေးနွေးပွဲနဲ့ ငြိမ်းချမ်းရေး အနာဂတ်ခရီး……”

【 ဆောင်းပါး 】 “မိန့်ခွန်းသုံးရပ်၊ ထိပ်သီးဆွေးနွေးပွဲနဲ့ ငြိမ်းချမ်းရေး အနာဂတ်ခရီး……”

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို စတင်လက်မှတ်ရေးထိုးခဲ့တာ အခုဆိုရင် သုံးနှစ်ပြည့်ပါပြီ။ဒီလို သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် နေပြည်တော်မှာ အစိုးရ၊ တပ်မတော်နဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီး တွေ့ဆုံဆွေးနွေးပွဲကိုလည်း အောက်တိုဘာ ၁၅ ရက်က စတင်ကျင်းပခဲ့ပါတယ်။

NCA ကို စတင်လက်မှတ်ရေးထိုးစဉ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့ပါဝင်ခဲ့ပြီး အခု သုံးနှစ်တာကာလကို ဖြတ်ကျော်လာချိန်မှာတော့ နောက်ထပ်နှစ်ဖွဲ့တိုးကာ ၁၀ ဖွဲ့နဲ့ သဘောတူလက်မှတ် ထိုးပြီးဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ခုနစ်နှစ်ဖြစ်တဲ့ ၂၀၁၁ ခုနှစ် သြဂုတ်လမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သမ္မတ ဦးသိန်းစိန် အစိုးရက စတင်ခြေလှမ်းပြင်ခဲ့ပါတယ်။အဲဒီကနေ လေးနှစ်အကြာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာတော့ ငြိမ်းချမ်းရေးခရီးရဲ့ ခြေလှမ်းတွေထဲက တစ်ခုဖြစ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ပါဝင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

 
အဲဒီကာလဟာ မြန်မာ့သမိုင်းမှာ အရေးကြီးဆုံးနေ့ရက် ဖြစ်ခဲ့သလို သမိုင်းဝင်နေ့ တစ်နေ့အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။အဲဒီနေ့မှာ သမ္မတ ဦးသိန်းစိန် နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ နှစ်ဦးပါဝင် လက်မှတ်ရေးထိုးခဲ့ကြပြီး ဒီလိုသမ္မတနဲ့ တပ်ချုပ်တို့ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ဘောလ်ပင်တွေတောင် ပြတိုက်မှာ ထိန်းသိမ်းပြသခြင်း ခံခဲ့ရပါတယ်။

ဒီကနေ့ကာလ သုံးနှစ်အကြာမှာ ကျင်းပတဲ့ နှစ်ပတ်လည် အခမ်းအနားမှာတော့ တမူထူးခြားတဲ့ အခင်းအကျင်းတွေကို မြင်တွေ့ရပါတယ်။ဒါကတော့ အထက်မှာဆိုခဲ့သလိုပဲ ထိပ်သီးဆွေးနွေးပွဲ ဖြစ်ပါတယ်။ဒီဆွေးနွေးပွဲ မစတင်မီ အချိန်ကတည်းက နိုင်ငံရေးလေ့လာသူတွေနဲ့အတူ အများပြည်သူကပါ စိတ်ဝင်တစား စောင့်ကြည့်စေခဲ့ရပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲ ကျင်းပရတဲ့ အဓိကရည်ရွက်ချက်က အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား NCA အကောင်အထည်ဖော်မှုမှာ အခက်အခဲ ကြုံတွေ့နေရတဲ့ ကိစ္စရပ်တွေကို ဘယ်လိုဖြေရှင်း ကျော်လွှားကြမလဲ ဆိုတာတွေကို ဆွေးနွေးညှိနှိုင်းကြဖို့ ဖြစ်တယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။ဒါကြောင့် ဒီဆွေးနွေးပွဲဟာ အရေးကြီးတဲ့ မှတ်တိုင်တစ်ရပ်အဖြစ်လည်း စိုက်ထူနိုင်မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲကို အစတုန်းက ပုပ္ပါးမှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ကျင်းပရက် နီးလာတဲ့အချိန်မှာတော့ နေပြည်တော်မှာပဲ ကျင်းပတော့မယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။ထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ်လို့ သတင်းကြားချိန်ကတည်းက စိတ်ဝင်စားခဲ့သလိုပါပဲ။
ဆွေးနွေးပွဲ စတင်ချိန်မှာလည်း မိန့်ခွန်းတွေ၊ ဆွေးနွေးမှုတွေနဲ့ စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တို့ရဲ့ မိန့်ခွန်းတွေနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီမိန့်ခွန်းတွေထဲမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ခွဲမထွက်ရေး၊ တစ်ခုတည်းသော တပ်မတော်၊ ဖက်ဒရယ်ပြည်ထောင်စု စတဲ့ ကိစ္စရပ်တို့နဲ့အတူ အနာဂတ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ လမ်းစဉ်တွေကို ကိုယ့်အခန်းကဏ္ဍအလိုက် အသီးသီးထုတ်ဖော် ပြောဆိုထားကြတာကို တွေ့ရပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနရဲ့ ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး စူးစူးရှရှရှိခဲ့၊ ထင်ထင်ရှားရှားရှိစေခဲ့တဲ့ အချက်တွေကတော့ ဆွေးနွေးညှိနှိုင်းမှု ရလဒ်ကောင်းတွေ လျော့နည်းလာတာနဲ့အမျှ ငြိမ်းချမ်းရေးလမ်းကြောင်းမှာ အဖျက်အမှောင့်အမျိုးမျိုး၊ သွေးထိုးမှုအမျိုးမျိုးနဲ့ ကြုံတွေ့ရတတ်တဲ့အကြောင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ခွဲမထွက်ရေးကိစ္စ၊ အောက်ခြေ ပြည်သူလူထုအတွက် တာဝန်ယူ၊ တာဝန်ခံရမယ့် ခေါင်းဆောင်ပိုင်းတွေဘက်က သတ္တိရှိဖို့ဆိုတဲ့ ပြောဆိုချက်တို့ ပါဝင်ခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားတဲ့ မိန့်ခွန်းထဲမှာ မှတ်မှတ်ထင်ထင်၊ ထိထိရှရှရှိစေတဲ့ အချက်တွေကတော့ ၂၀၂၀ မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြီးမြောက်ဖို့အတွက် ချထားတဲ့ သန္နိဋ္ဌာန်အတိုင်း ဖြစ်မြောက်ဖို့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အမှန်တကယ်လိုအပ်တဲ့ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကိုပြင်ဖို့၊ ဖြည့်စွက်ဖို့ကို မူအားဖြင့် သဘောတူတယ်ဆိုတဲ့ ပြောဆိုချက်၊ ဖက်ဒရယ်ပြည်ထောင်စု စနစ်အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စတဲ့ ကိစ္စရပ်တို့ အပါအဝင် တစ်ခုတည်းသော တပ်မတော် (Single Army) နဲ့ ခွဲမထွက်ရေးတို့ အကြောင်းကိုလည်း ထည့်သွင်းပြောဆိုခဲ့ပြီး ဒီအပေါ်မှာ အထူးတလည် ပြောဆိုသွားခဲ့တာကိုလည်း တွေ့ရပါတယ်။

“နိုင်ငံရေးအာဏာယူချင်ရင် တရားဝင်နိုင်ငံရေး ထူထောင်ပြီး ရွေးကောက်ပွဲဝင်၊ စီးပွားရေးလုပ်ချင်ရင် ကုမ္ပဏီထောင်၊ ကိုယ့်နိုင်ငံကို ကာကွယ်မယ့် စစ်မှုထမ်းလုပ်ချင်တယ်ဆိုရင် နိုင်ငံတော်ရဲ့ တရားဝင်လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်ထဲကို ဝင်ရောက်ရမှာ ဖြစ်ပါတယ်” ဆိုတဲ့ ပြောဆိုချက်ဟာလည်း အများပြည်သူကြားထိ ထိုးဖောက်ရောက်ရှိခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ သွားနေရာမှာ “တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း” လုပ်နေလို့ မရဘူးဆိုတဲ့ ပြောဆိုချက်၊ “သူတစ်လူ၊ ငါတစ်မင်း”၊ “နယ်တစ်နယ်၊ ဓားတစ်စင်း” ဆိုတဲ့ ပြောဆိုချက်တွေဟာလည်း အများသတိမူခဲ့ရတဲ့ ပြောဆိုချက်များ ဖြစ်ပါတယ်။အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကြတဲ့ ပုဂ္ဂိုလ်သုံးဦးထဲမှာ အရှည်ဆုံးမိန့်ခွန်းကို ပြောကြားသူအဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။

NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ကိုယ်စား KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ကလည်း ဒီထိပ်သီးအစည်းအဝေး အဖွင့်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။သုံးဦးပြောခဲ့တဲ့အထဲမှာ တပ်ချုပ်က အရှည်ဆုံး မိန့်ခွန်းရှင်ဖြစ်ပြီး စောမူတူးစေးဖိုး ကတော့ အတိုဆုံး မိန့်ခွန်းရှင်ဖြစ်ပါ တယ်။အေဖိုးစာရွက်နဲ့ နှစ်မျက်နှာခွဲခန့်သာရှိတဲ့ မိန့်ခွန်းဖြစ်ပါတယ်။

အဲဒီမိန့်ခွန်းထဲမှာ ထိထိရှရှ ရှိတာကတော့ NCA စာချုပ်ဟာ အပစ်ရပ် ကိစ္စတစ်ခုတည်း မဟုတ်ဘဲ နှစ် ၇၀ ကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ ပြည်ထောင်စု ပြန်လည်ထူထောင်ရေးအတွက် ဘုံနိုင်ငံရေး မျှော်လင့်ချက်ဖြစ်ကြောင်း ပြောဆိုချက်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ခွဲမထွက်ရ ဆိုတဲ့အပေါ် အမြင်၊ NCA စာချုပ် ထဲက ဘုံနိုင်ငံရေး ရည်မှန်းချက် (၄) ခုအကြောင်းတို့ ဖြစ်ပါတယ်။

ဒါ့အပြင် နိဂုံးပိုင်းမှာတော့ နှစ် ၇၀ ကျော် ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းဖို့၊ NCA မှာ လက်မှတ်မထိုးရသေးတဲ့ အခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေ ငြိမ်ချမ်းရေးဖြစ်စဉ်မှာ ပါဝင်လက်မှတ်ထိုးလာဖို့ ဆိုတဲ့ အချက်တွေလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲဒီနေ့ နံနက် ၁၁ နာရီမှာပဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌတို့ သီးသန့်တွေ့ဆုံ ဆွေးနွေးမှု ပြုခဲ့ပါသေးတယ်။ဒီသီးသန့်တွေ့ဆုံ ဆွေးနွေးမှုကနေ အပြန်အလှန်စိုးရိမ်မှုတွေအပေါ် ဆွေးနွေးခဲ့ကြတယ်လို့ KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က ထိပ်သီးဆွေးနွေးပွဲ ကျင်းပအပြီး သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မိန့်ခွန်းသုံးရပ်နဲ့ စတင်ဖွင့်လှစ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးကို နှစ်ရက်တာ ကျင်းပခဲ့ပြီး အဆုံးသတ်ခဲ့ပါတယ်။ပထမနေ့ ဆွေးနွေးကြချိန်မှာ တပ်မတော်ဘက်က တပ်ချုပ်နဲ့ ဒုတပ်ချုပ်တို့ ပါဝင်ဆွေးနွေးခြင်းမပြုဘဲ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် သာ တက်ရောက်ဆွေးနွေးခဲ့တဲ့အပေါ် ဝေဖန်ထောက်ပြမှုတွေလည်း ရှိခဲ့ပါတယ်။ခွဲမထွက်ရေးကိစ္စကို အဓိကထားဆွေးနွေးတဲ့ ဒုတိယနေ့မှသာ တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဘက်က ဒုတပ်ချုပ် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

အခုကျင်းပပြီးစီးခဲ့ပြီဖြစ်တဲ့ ထိပ်သီးအစည်းအဝေးအပေါ် နိုင်ငံရေးသုံးသပ်သူတွေကတော့ မျှော်လင့်သလောက် ရလဒ်ထွက်ပေါ်မလာတဲ့ ဆွေးနွေးပွဲလို့ မှတ်ချက်ပြုကြပါတယ်။သို့ပေမယ့် ဒီထိပ်သီးဆွေးနွေးပွဲဟာ ငြိမ်သက်တိတ်ဆိတ်သွားမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးခရီးအပေါ် လှုပ်နှိုးလိုက်တဲ့ အခမ်းအနားတစ်ခု၊ သွေးပူလေ့ကျင့်ခန်းဝင်ခဲ့တဲ့ ဆွေးနွေးပွဲတစ်ခု ဖြစ်ခဲ့တာကိုတော့ ငြင်းပယ်လို့မရပါဘူး။

ဒီဆွေးနွေးပွဲကနေ ဆင့်ကဲဆွေးနွေးသွားကြရဦးမယ့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲတွေလည်း ရှိလာခဲ့ပါတယ်။တစ်ခုတည်းသော တပ်မတော်ထားရှိရေးကိစ္စ ဆက်လက်ညှိနှိုင်းဖို့၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စ စတင်ဆွေးနွေးဖို့၊ NCA လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်လက်မှတ်ထိုးလာရေး ပူးပေါင်းကြိုးပမ်းသွားကြဖို့ကို ဒီထိပ်သီးအစည်းအဝေးက သဘောတူခဲ့ကြပါတယ်။

လာမယ့် နိုဝင်ဘာလထဲမှာ ခွဲမထွက်ရနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ ကိစ္စတို့နဲ့ ပတ်သက်ပြီး ထပ်မံညှိနှိုင်းသွားဖို့ကို ဒီထိပ်သီးဆွေးနွေးပွဲကနေ သဘောတူခဲ့ပါတယ်။အဲဒီမှာ ခွဲမထွက်ရနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ ကိစ္စတို့နဲ့ ပတ်သက်ပြီး အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့က လက်ခံတဲ့ပုံစံနဲ့ ပြည်ထောင်စု သဘောတူစာချုပ်မှာ ဖော်ပြနိုင်ဖို့အတွက်ကို ဆွေးနွေးသွားကြဖို့ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ မျက်နှာစုံညီ အစည်းအဝေးကိုလည်း လာမယ့် နိုဝင်ဘာလအတွင်း ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။၂၀၂၀ မတိုင်မီ ကြားကာလဖြစ်တဲ့ အခု ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တို့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံ အစည်းအဝေးကိုလည်း သုံးကြိမ်တိုင် ခေါ်ယူကျင်းပသွားဖို့ လျာထားသတ်မှတ်ထားပါတယ်။
ဒီအစည်းအဝေးကနေ အရေးကြီးတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ ချမှတ်နိုင်ရေးဆီကို လျှောက်လှမ်းသွားဖို့ ဖြစ်ပါတယ်။အဲဒီကနေ ပြည်ထောင်စု သဘောတူစာချုပ် လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ရေးဆီကို ဦးတည်သွားရမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ ဒီချုပ်အစိုးရလက်ထက်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံအစည်းအဝေး သုံးကြိမ်ကျင်းပပြီးစီးခဲ့ပြီး ဒုတိယအစည်းအဝေးကနေ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) အဖြစ် အချက် ၃၇ ချက်၊ တတိယအစည်းအဝေးကနေ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၂) အဖြစ် အချက် ၁၄ ချက်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြီးမြောက်စေဖို့ တပ်မတော်အနေနဲ့ သန္နိဋ္ဌာန်ချ ဆောင်ရွက်နေကြောင်း တပ်ချုပ်က ဒီထိပ်သီးအစည်းအဝေးပွဲ အဖွင့်မိန့်ခွန်းမှာ အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပြန်ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က အစပြုခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေးခရီးဟာ ဒီချုပ်အစိုးရလက်ထက် မဝေးတော့တဲ့ ကာလတစ်ခုမှာ အပြီးသတ်သွားနိုင်မလားဆိုတာ စောင့်ကြည့်သွားကြရမှာပဲ ဖြစ်ပါတယ်။

ဂျေငြိမ်း
နိုဝင်ဘာ - ၁

( Zawgyi )

တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ကို စတင္လက္မွတ္ေရးထိုးခဲ့တာ အခုဆိုရင္ သုံးႏွစ္ျပည့္ပါၿပီ။ဒီလို သုံးႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ ေနျပည္ေတာ္မွာ အစိုးရ၊ တပ္မေတာ္နဲ႔ NCA လက္မွတ္ထိုး တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြရဲ႕ ထိပ္သီး ေတြ႕ဆုံေဆြးေႏြးပြဲကိုလည္း ေအာက္တိုဘာ ၁၅ ရက္က စတင္က်င္းပခဲ့ပါတယ္။

NCA ကို စတင္လက္မွတ္ေရးထိုးစဥ္က တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္း ရွစ္ဖြဲ႕ပါဝင္ခဲ့ၿပီး အခု သုံးႏွစ္တာကာလကို ျဖတ္ေက်ာ္လာခ်ိန္မွာေတာ့ ေနာက္ထပ္ႏွစ္ဖြဲ႕တိုးကာ ၁၀ ဖြဲ႕နဲ႔ သေဘာတူလက္မွတ္ ထိုးၿပီးျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ခုနစ္ႏွစ္ျဖစ္တဲ့ ၂၀၁၁ ခုႏွစ္ ၾသဂုတ္လမွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို သမၼတ ဦးသိန္းစိန္ အစိုးရက စတင္ေျခလွမ္းျပင္ခဲ့ပါတယ္။အဲဒီကေန ေလးႏွစ္အၾကာ ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာ ၁၅ ရက္မွာေတာ့ ၿငိမ္းခ်မ္းေရးခရီးရဲ႕ ေျခလွမ္းေတြထဲက တစ္ခုျဖစ္တဲ့ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (Nationwide Ceasefire Agreement-NCA) မွာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ ရွစ္ဖြဲ႕ပါဝင္ လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။

 
အဲဒီကာလဟာ ျမန္မာ့သမိုင္းမွာ အေရးႀကီးဆုံးေန႔ရက္ ျဖစ္ခဲ့သလို သမိုင္းဝင္ေန႔ တစ္ေန႔အျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။အဲဒီေန႔မွာ သမၼတ ဦးသိန္းစိန္ နဲ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တို႔ ႏွစ္ဦးပါဝင္ လက္မွတ္ေရးထိုးခဲ့ၾကၿပီး ဒီလိုသမၼတနဲ႔ တပ္ခ်ဳပ္တို႔ လက္မွတ္ေရးထိုးခဲ့ၾကတဲ့ ေဘာလ္ပင္ေတြေတာင္ ျပတိုက္မွာ ထိန္းသိမ္းျပသျခင္း ခံခဲ့ရပါတယ္။

ဒီကေန႔ကာလ သုံးႏွစ္အၾကာမွာ က်င္းပတဲ့ ႏွစ္ပတ္လည္ အခမ္းအနားမွာေတာ့ တမူထူးျခားတဲ့ အခင္းအက်င္းေတြကို ျမင္ေတြ႕ရပါတယ္။ဒါကေတာ့ အထက္မွာဆိုခဲ့သလိုပဲ ထိပ္သီးေဆြးေႏြးပြဲ ျဖစ္ပါတယ္။ဒီေဆြးေႏြးပြဲ မစတင္မီ အခ်ိန္ကတည္းက ႏိုင္ငံေရးေလ့လာသူေတြနဲ႔အတူ အမ်ားျပည္သူကပါ စိတ္ဝင္တစား ေစာင့္ၾကည့္ေစခဲ့ရပါတယ္။

ဒီထိပ္သီးေဆြးေႏြးပြဲ က်င္းပရတဲ့ အဓိကရည္႐ြက္ခ်က္က အစိုးရနဲ႔ NCA လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြအၾကား NCA အေကာင္အထည္ေဖာ္မႈမွာ အခက္အခဲ ႀကဳံေတြ႕ေနရတဲ့ ကိစၥရပ္ေတြကို ဘယ္လိုေျဖရွင္း ေက်ာ္လႊားၾကမလဲ ဆိုတာေတြကို ေဆြးေႏြးညႇိႏႈိင္းၾကဖို႔ ျဖစ္တယ္လို႔ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ဆိုပါတယ္။ဒါေၾကာင့္ ဒီေဆြးေႏြးပြဲဟာ အေရးႀကီးတဲ့ မွတ္တိုင္တစ္ရပ္အျဖစ္လည္း စိုက္ထူႏိုင္မွာ ျဖစ္တယ္လို႔ သူက ဆိုပါတယ္။

ဒီထိပ္သီးေဆြးေႏြးပြဲကို အစတုန္းက ပုပၸါးမွာ က်င္းပဖို႔ စီစဥ္ခဲ့ေပမယ့္ က်င္းပရက္ နီးလာတဲ့အခ်ိန္မွာေတာ့ ေနျပည္ေတာ္မွာပဲ က်င္းပေတာ့မယ္ဆိုတာကို အတည္ျပဳခဲ့ပါတယ္။ထိပ္သီးေဆြးေႏြးပြဲ က်င္းပမယ္လို႔ သတင္းၾကားခ်ိန္ကတည္းက စိတ္ဝင္စားခဲ့သလိုပါပဲ။
ေဆြးေႏြးပြဲ စတင္ခ်ိန္မွာလည္း မိန႔္ခြန္းေတြ၊ ေဆြးေႏြးမႈေတြနဲ႔ စိတ္ဝင္စားစရာေကာင္းခဲ့ပါတယ္။

ဒီေဆြးေႏြးပြဲကို ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုး တို႔ရဲ႕ မိန႔္ခြန္းေတြနဲ႔ ဖြင့္လွစ္ခဲ့ပါတယ္။

အဲဒီမိန႔္ခြန္းေတြထဲမွာ ကိုယ္ပိုင္ျပ႒ာန္းခြင့္၊ ခြဲမထြက္ေရး၊ တစ္ခုတည္းေသာ တပ္မေတာ္၊ ဖက္ဒရယ္ျပည္ေထာင္စု စတဲ့ ကိစၥရပ္တို႔နဲ႔အတူ အနာဂတ္ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္၊ လမ္းစဥ္ေတြကို ကိုယ့္အခန္းက႑အလိုက္ အသီးသီးထုတ္ေဖာ္ ေျပာဆိုထားၾကတာကို ေတြ႕ရပါတယ္။

အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာနရဲ႕ ဥကၠ႒ျဖစ္သူ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကားတဲ့ မိန႔္ခြန္းနဲ႔ ပတ္သက္ၿပီး စူးစူးရွရွရွိခဲ့၊ ထင္ထင္ရွားရွားရွိေစခဲ့တဲ့ အခ်က္ေတြကေတာ့ ေဆြးေႏြးညႇိႏႈိင္းမႈ ရလဒ္ေကာင္းေတြ ေလ်ာ့နည္းလာတာနဲ႔အမွ် ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းမွာ အဖ်က္အေမွာင့္အမ်ိဳးမ်ိဳး၊ ေသြးထိုးမႈအမ်ိဳးမ်ိဳးနဲ႔ ႀကဳံေတြ႕ရတတ္တဲ့အေၾကာင္း၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္နဲ႔ ခြဲမထြက္ေရးကိစၥ၊ ေအာက္ေျခ ျပည္သူလူထုအတြက္ တာဝန္ယူ၊ တာဝန္ခံရမယ့္ ေခါင္းေဆာင္ပိုင္းေတြဘက္က သတၱိရွိဖို႔ဆိုတဲ့ ေျပာဆိုခ်က္တို႔ ပါဝင္ခဲ့ပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေျပာၾကားတဲ့ မိန႔္ခြန္းထဲမွာ မွတ္မွတ္ထင္ထင္၊ ထိထိရွရွရွိေစတဲ့ အခ်က္ေတြကေတာ့ ၂၀၂၀ မွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ၿပီးေျမာက္ဖို႔အတြက္ ခ်ထားတဲ့ သႏၷိ႒ာန္အတိုင္း ျဖစ္ေျမာက္ဖို႔၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ အမွန္တကယ္လိုအပ္တဲ့ အေျခခံဥပေဒပါ ျပ႒ာန္းခ်က္ေတြကိုျပင္ဖို႔၊ ျဖည့္စြက္ဖို႔ကို မူအားျဖင့္ သေဘာတူတယ္ဆိုတဲ့ ေျပာဆိုခ်က္၊ ဖက္ဒရယ္ျပည္ေထာင္စု စနစ္အတြက္ ကိုယ္ပိုင္ျပ႒ာန္းခြင့္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ စတဲ့ ကိစၥရပ္တို႔ အပါအဝင္ တစ္ခုတည္းေသာ တပ္မေတာ္ (Single Army) နဲ႔ ခြဲမထြက္ေရးတို႔ အေၾကာင္းကိုလည္း ထည့္သြင္းေျပာဆိုခဲ့ၿပီး ဒီအေပၚမွာ အထူးတလည္ ေျပာဆိုသြားခဲ့တာကိုလည္း ေတြ႕ရပါတယ္။

“ႏိုင္ငံေရးအာဏာယူခ်င္ရင္ တရားဝင္ႏိုင္ငံေရး ထူေထာင္ၿပီး ေ႐ြးေကာက္ပြဲဝင္၊ စီးပြားေရးလုပ္ခ်င္ရင္ ကုမၸဏီေထာင္၊ ကိုယ့္ႏိုင္ငံကို ကာကြယ္မယ့္ စစ္မႈထမ္းလုပ္ခ်င္တယ္ဆိုရင္ ႏိုင္ငံေတာ္ရဲ႕ တရားဝင္လက္နက္ကိုင္ အဖြဲ႕အစည္းျဖစ္တဲ့ တပ္မေတာ္ထဲကို ဝင္ေရာက္ရမွာ ျဖစ္ပါတယ္” ဆိုတဲ့ ေျပာဆိုခ်က္ဟာလည္း အမ်ားျပည္သူၾကားထိ ထိုးေဖာက္ေရာက္ရွိခဲ့ပါတယ္။

ဖြဲ႕စည္းပုံ အေျခခံဥပေဒနဲ႔အညီ သြားေနရာမွာ “တစ္ေက်ာင္းတစ္ဂါထာ၊ တစ္႐ြာတစ္ပုဒ္ဆန္း” လုပ္ေနလို႔ မရဘူးဆိုတဲ့ ေျပာဆိုခ်က္၊ “သူတစ္လူ၊ ငါတစ္မင္း”၊ “နယ္တစ္နယ္၊ ဓားတစ္စင္း” ဆိုတဲ့ ေျပာဆိုခ်က္ေတြဟာလည္း အမ်ားသတိမူခဲ့ရတဲ့ ေျပာဆိုခ်က္မ်ား ျဖစ္ပါတယ္။အဖြင့္မိန႔္ခြန္း ေျပာၾကားခဲ့ၾကတဲ့ ပုဂၢိဳလ္သုံးဦးထဲမွာ အရွည္ဆုံးမိန႔္ခြန္းကို ေျပာၾကားသူအျဖစ္လည္း မွတ္တမ္းဝင္ပါတယ္။

NCA လက္မွတ္ ေရးထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြ ကိုယ္စား KNU ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုး ကလည္း ဒီထိပ္သီးအစည္းအေဝး အဖြင့္မွာ မိန႔္ခြန္းေျပာၾကားခဲ့ပါတယ္။သုံးဦးေျပာခဲ့တဲ့အထဲမွာ တပ္ခ်ဳပ္က အရွည္ဆုံး မိန႔္ခြန္းရွင္ျဖစ္ၿပီး ေစာမူတူးေစးဖိုး ကေတာ့ အတိုဆုံး မိန႔္ခြန္းရွင္ျဖစ္ပါ တယ္။ေအဖိုးစာ႐ြက္နဲ႔ ႏွစ္မ်က္ႏွာခြဲခန႔္သာရွိတဲ့ မိန႔္ခြန္းျဖစ္ပါတယ္။

အဲဒီမိန႔္ခြန္းထဲမွာ ထိထိရွရွ ရွိတာကေတာ့ NCA စာခ်ဳပ္ဟာ အပစ္ရပ္ ကိစၥတစ္ခုတည္း မဟုတ္ဘဲ ႏွစ္ ၇၀ ၾကာ ျဖစ္ပြားေနတဲ့ ျပည္တြင္းစစ္ ခ်ဳပ္ၿငိမ္းေရး၊ ျပည္ေထာင္စု ျပန္လည္ထူေထာင္ေရးအတြက္ ဘုံႏိုင္ငံေရး ေမွ်ာ္လင့္ခ်က္ျဖစ္ေၾကာင္း ေျပာဆိုခ်က္၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္နဲ႔ ခြဲမထြက္ရ ဆိုတဲ့အေပၚ အျမင္၊ NCA စာခ်ဳပ္ ထဲက ဘုံႏိုင္ငံေရး ရည္မွန္းခ်က္ (၄) ခုအေၾကာင္းတို႔ ျဖစ္ပါတယ္။

ဒါ့အျပင္ နိဂုံးပိုင္းမွာေတာ့ ႏွစ္ ၇၀ ေက်ာ္ ျဖစ္ပြားေနတဲ့ လက္နက္ကိုင္ပဋိပကၡ ခ်ဳပ္ၿငိမ္းဖို႔၊ NCA မွာ လက္မွတ္မထိုးရေသးတဲ့ အျခားေသာ လက္နက္ကိုင္အဖြဲ႕အစည္းေတြ ၿငိမ္ခ်မ္းေရးျဖစ္စဥ္မွာ ပါဝင္လက္မွတ္ထိုးလာဖို႔ ဆိုတဲ့ အခ်က္ေတြလည္း ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

အဲဒီေန႔ နံနက္ ၁၁ နာရီမွာပဲ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) ဥကၠ႒တို႔ သီးသန႔္ေတြ႕ဆုံ ေဆြးေႏြးမႈ ျပဳခဲ့ပါေသးတယ္။ဒီသီးသန႔္ေတြ႕ဆုံ ေဆြးေႏြးမႈကေန အျပန္အလွန္စိုးရိမ္မႈေတြအေပၚ ေဆြးေႏြးခဲ့ၾကတယ္လို႔ KNU ဒုဥကၠ႒ ပဒိုေစာကြယ္ထူးဝင္း က ထိပ္သီးေဆြးေႏြးပြဲ က်င္းပအၿပီး သတင္းစာရွင္းလင္းပြဲမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

မိန႔္ခြန္းသုံးရပ္နဲ႔ စတင္ဖြင့္လွစ္ခဲ့တဲ့ ထိပ္သီးအစည္းအေဝးကို ႏွစ္ရက္တာ က်င္းပခဲ့ၿပီး အဆုံးသတ္ခဲ့ပါတယ္။ပထမေန႔ ေဆြးေႏြးၾကခ်ိန္မွာ တပ္မေတာ္ဘက္က တပ္ခ်ဳပ္နဲ႔ ဒုတပ္ခ်ဳပ္တို႔ ပါဝင္ေဆြးေႏြးျခင္းမျပဳဘဲ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ သာ တက္ေရာက္ေဆြးေႏြးခဲ့တဲ့အေပၚ ေဝဖန္ေထာက္ျပမႈေတြလည္း ရွိခဲ့ပါတယ္။ခြဲမထြက္ေရးကိစၥကို အဓိကထားေဆြးေႏြးတဲ့ ဒုတိယေန႔မွသာ တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ဘက္က ဒုတပ္ခ်ဳပ္ တက္ေရာက္ေဆြးေႏြးခဲ့ပါတယ္။

အခုက်င္းပၿပီးစီးခဲ့ၿပီျဖစ္တဲ့ ထိပ္သီးအစည္းအေဝးအေပၚ ႏိုင္ငံေရးသုံးသပ္သူေတြကေတာ့ ေမွ်ာ္လင့္သေလာက္ ရလဒ္ထြက္ေပၚမလာတဲ့ ေဆြးေႏြးပြဲလို႔ မွတ္ခ်က္ျပဳၾကပါတယ္။သို႔ေပမယ့္ ဒီထိပ္သီးေဆြးေႏြးပြဲဟာ ၿငိမ္သက္တိတ္ဆိတ္သြားမယ့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္၊ ၿငိမ္းခ်မ္းေရးခရီးအေပၚ လႈပ္ႏႈိးလိုက္တဲ့ အခမ္းအနားတစ္ခု၊ ေသြးပူေလ့က်င့္ခန္းဝင္ခဲ့တဲ့ ေဆြးေႏြးပြဲတစ္ခု ျဖစ္ခဲ့တာကိုေတာ့ ျငင္းပယ္လို႔မရပါဘူး။

ဒီေဆြးေႏြးပြဲကေန ဆင့္ကဲေဆြးေႏြးသြားၾကရဦးမယ့္ ၿငိမ္းခ်မ္းေရးဆိုင္ရာ ေဆြးေႏြးပြဲေတြလည္း ရွိလာခဲ့ပါတယ္။တစ္ခုတည္းေသာ တပ္မေတာ္ထားရွိေရးကိစၥ ဆက္လက္ညႇိႏႈိင္းဖို႔၊ လုံၿခဳံေရးဆိုင္ရာ ျပန္လည္ေပါင္းစည္းျခင္းကိစၥ စတင္ေဆြးေႏြးဖို႔၊ NCA လက္မွတ္ မထိုးရေသးတဲ့ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြ ပါဝင္လက္မွတ္ထိုးလာေရး ပူးေပါင္းႀကိဳးပမ္းသြားၾကဖို႔ကို ဒီထိပ္သီးအစည္းအေဝးက သေဘာတူခဲ့ၾကပါတယ္။

လာမယ့္ ႏိုဝင္ဘာလထဲမွာ ခြဲမထြက္ရနဲ႔ ကိုယ္ပိုင္ျပ႒ာန္းခြင့္ဆိုင္ရာ ကိစၥတို႔နဲ႔ ပတ္သက္ၿပီး ထပ္မံညႇိႏႈိင္းသြားဖို႔ကို ဒီထိပ္သီးေဆြးေႏြးပြဲကေန သေဘာတူခဲ့ပါတယ္။အဲဒီမွာ ခြဲမထြက္ရနဲ႔ ကိုယ္ပိုင္ျပ႒ာန္းခြင့္ဆိုင္ရာ ကိစၥတို႔နဲ႔ ပတ္သက္ၿပီး အစိုးရ၊ တပ္မေတာ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းတို႔က လက္ခံတဲ့ပုံစံနဲ႔ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္မွာ ေဖာ္ျပႏိုင္ဖို႔အတြက္ကို ေဆြးေႏြးသြားၾကဖို႔ ျဖစ္ပါတယ္။

တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ား မ်က္ႏွာစုံညီ အစည္းအေဝးကိုလည္း လာမယ့္ ႏိုဝင္ဘာလအတြင္း ျပဳလုပ္ဖို႔ ျပင္ဆင္ေနတယ္လို႔ ဆိုပါတယ္။၂၀၂၀ မတိုင္မီ ၾကားကာလျဖစ္တဲ့ အခု ၂၀၁၈ ခုႏွစ္နဲ႔ ၂၀၁၉ ခုႏွစ္တို႔မွာ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ - (၂၁) ရာစု ပင္လုံ အစည္းအေဝးကိုလည္း သုံးႀကိမ္တိုင္ ေခၚယူက်င္းပသြားဖို႔ လ်ာထားသတ္မွတ္ထားပါတယ္။
ဒီအစည္းအေဝးကေန အေရးႀကီးတဲ့ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ဆိုင္ရာ အေျခခံမူေတြ ခ်မွတ္ႏိုင္ေရးဆီကို ေလွ်ာက္လွမ္းသြားဖို႔ ျဖစ္ပါတယ္။အဲဒီကေန ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုး ခ်ဳပ္ဆိုႏိုင္ေရးဆီကို ဦးတည္သြားရမွာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္ထိေတာ့ ဒီခ်ဳပ္အစိုးရလက္ထက္မွာ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ - (၂၁) ရာစု ပင္လုံအစည္းအေဝး သုံးႀကိမ္က်င္းပၿပီးစီးခဲ့ၿပီး ဒုတိယအစည္းအေဝးကေန ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ အစိတ္အပိုင္း (၁) အျဖစ္ အခ်က္ ၃၇ ခ်က္၊ တတိယအစည္းအေဝးကေန ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ အစိတ္အပိုင္း (၂) အျဖစ္ အခ်က္ ၁၄ ခ်က္ကို သေဘာတူလက္မွတ္ေရးထိုးခဲ့ၿပီး ျဖစ္ပါတယ္။

၂၀၂၀ ျပည့္ႏွစ္မွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ၿပီးေျမာက္ေစဖို႔ တပ္မေတာ္အေနနဲ႔ သႏၷိ႒ာန္ခ် ေဆာင္႐ြက္ေနေၾကာင္း တပ္ခ်ဳပ္က ဒီထိပ္သီးအစည္းအေဝးပြဲ အဖြင့္မိန႔္ခြန္းမွာ အတိအလင္း ထုတ္ေဖာ္ေျပာဆိုခဲ့ျပန္ပါတယ္။

သမၼတ ဦးသိန္းစိန္ အစိုးရလက္ထက္က အစျပဳခဲ့တဲ့ ျမန္မာ့ၿငိမ္းခ်မ္းေရးခရီးဟာ ဒီခ်ဳပ္အစိုးရလက္ထက္ မေဝးေတာ့တဲ့ ကာလတစ္ခုမွာ အၿပီးသတ္သြားႏိုင္မလားဆိုတာ ေစာင့္ၾကည့္သြားၾကရမွာပဲ ျဖစ္ပါတယ္။

ေဂ်ၿငိမ္း
ႏိုဝင္ဘာ - ၁