【 ဆောင်းပါး 】 “ပြောသင့်တာတွေ ပြောချိန်တန်ပြီ”

【 ဆောင်းပါး 】 “ပြောသင့်တာတွေ ပြောချိန်တန်ပြီ”

အင်အယ်လ်ဒီပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့ လူထုဆီက မဲတွေရခဲ့တာပါ။လူထုမျှော်မှန်းတာက အရင့်အရင် အစိုးရတွေရဲ့ ကျင့်ထုံးကျင့်စဉ်တွေထဲက လုံးဝသွေဖည် ခွဲထွက်လာတဲ့ အသွင်သစ်နဲ့ အင်အယ်လ်ဒီအစိုးရ အဖြစ်ပါ။ဒါပေမဲ့ အင်အယ်လ်ဒီအစိုးရထဲမှာ အရင်အစိုးရလက်ထက်က လူဟောင်းတွေ စစ်ဗိုလ်ဟောင်းတွေ ပါလာတဲ့အပြင် အစိုးရယန္တရား လည်ပတ်ပုံက အရင်အစိုးရချခဲ့တဲ့ လမ်းကြောင်းနီးပါးအတိုင်း ဆက်လည်ပတ်နေတဲ့ အစိုးရအဖြစ် လူထုအံ့သြခဲ့ရပါတယ်။

အစိုးရဘက်ကတော့ အင်အယ်လ်ဒီအစိုးရ လက်ထက်မှာ လူထုဟာ မကြောက်ရတော့ဘဲ ပိုပြီးပြောရဲဆိုရဲ ရှိလာတယ်။ဒါဟာ ပြောင်းလဲမှုတစ်ခုပါလို့ ပြောတတ်ပါတယ်။ဒါပေမဲ့ ဒီမိုကရေစီပါတီကြီးတစ်ခုက လူထုတင်မြှောက်တဲ့ အစိုးရတက်လာကာမှ သတင်းထုတ်ပြန်ပုံ၊ အစိုးရသတင်းစာများရဲ့ သတင်းဖော်ပြပုံ၊ ပွင့်လင်းမြင်သာမှု အားနည်းပုံတွေဟာ အရင့်အရင် အစိုးရတွေအတိုင်းပါပဲ။လူထုအသံကို နားထောင်ရမယ် အကြိမ်ကြိမ်ပြောနေတဲ့ အစိုးရဖြစ်ပေမဲ့ လူထုက အနာခံပြီး ရှေ့ကဖောက်ပေးနေတဲ့ လမ်းကို နောက်ကဆက်မလိုက်တဲ့ အစိုးရ စတဲ့ ဝေဖန်သံတွေဟာ အင်အယ်လ်ဒီအစိုးရ သက်တမ်း ၃ နှစ် ပြည့်ခါနီးလာချိန်မှာ ပိုကျယ်လောင်လာပါတယ်။လူထုဆီက ဒီစကားတွေ ထွက်လာစေတဲ့ ပြဿနာက ဇီးပင်ကြီးစစ်တမ်း ၁၊ ၂၊ ၃ ပါ။

ဗဟိုပြည်သူ့ဝန်ထမ်းတက္ကသိုလ်တွေမှာ အစိုးရကို ဆန့်ကျင်တဲ့ အဟောအပြောတွေနဲ့ နိုင်ငံရေးဘာသာရပ် သင်ကြားပို့ချမှုတွေ ရှိနေတယ်။လူမှုရေးသိပ္ပံဘာသာရပ် သင်ရင်း လူမျိုးရေး၊ ဘာသာရေး သွေးခွဲတဲ့ သင်ကြားပို့ချမှုတွေ လုပ်နေပါတယ်လို့၊ အသက် ၂၅ နှစ်အရွယ် သွားဆရာဝန်လေးက ဖေ့စ်ဘုတ်ကတဆင့် ဖော်ထုတ်ပေးခဲ့ပါတယ်။ဒီလိုဖော်ထုတ်ပေးတဲ့ ဆရာဝန်လေးကို ကျန်းမာရေးဝန်ကြီးဌာနက ဌာနဆိုင်ရာ စစ်ဆေးမှုလုပ်နေပြီဆိုတဲ့ သတင်းတွေ ဖေ့စ်ဘုတ်ပေါ် တက်လာပါတယ်။
ဆရာဝန်လေးနဲ့အတူတူ ဇီးပင်ကြီး ပြည်သူ့ဝန်ထမ်း တက္ကသိုလ်မှာ အတူတက်ခဲ့တဲ့ ဆရာဝန်တွေက ဖေ့စ်ဘုတ်ပေါ်ကနေ ဒေါက်တာစိုးသူရဇော် ရေးသားတာတွေ မှန်ကန်ကြောင်း ဝိုင်းဝန်းထောက်ခံကြပါတယ်။ဒေါက်တာစိုးသူရဇော် တို့ အပါတ်စဉ်မဟုတ်တဲ့ သင်တန်းပါတ်တွေကို တက်ခဲ့ရသူတွေကလည်း သူတို့တက်တဲ့ သင်တန်းတွေမှာလည်း ဒီလိုသင်ကြား ပို့ချကြောင်း ဝိုင်းဝန်းရေးသားပေးကြပါတယ်။
ဒေါက်တာစိုးသူရဇော် ကို စစ်ဆေးရေးဝင်တာကိုလည်း ဝိုင်းဝန်းကန့်ကွက်ကြပါတယ်။

ဒါတင်မက ပြည်ထောင်စုရာထူးဝန်အဖွဲ့က မလေးရှားနဲ့ အမေရိက က တရားမဝင် တက္ကသိုလ် ၂ ခုနဲ့ ချိတ်ဆက်ပြီး အစိုးရအဆင့်မြင့်အရာရှိတွေကို ပေးနေတဲ့ မဟာဘွဲ့သင်တန်းတွေ ရှိပါတယ်။ရာထူးဝန်အဖွဲ့က ချိတ်ဆက်ထားတဲ့ အဲဒီတက္ကသိုလ် ၂ ခုဟာ သက်ဆိုင်ရာ မိခင်တိုင်းပြည်ရဲ့ ပညာရေးဝန်ကြီးဌာနတွေက အသိအမှတ်မပြုထားတဲ့ တက္ကသိုလ်အတုတွေသာဖြစ်ကြောင်း ပြည်ပရောက်နေတဲ့ မြန်မာတွေက ဖေ့စ်ဘုတ်ပေါ်မှာ ရေးတင်ပေးကြပါတယ်။လက်ရှိ ရာထူးဝန်ဥက္ကဋ္ဌ ရထားတယ်ဆိုတဲ့ ဒေါက်တာဘွဲ့ရဲ့ အနေအထားကိုလည်း ပြည်ပရောက်နေတဲ့ မြန်မာများက ရေးသားဖော်ပြပေးကြပါတယ်။

ဖေ့စ်ဘုတ်ပေါ်မှာ လူထုက ဒီသတင်းတွေကို ဒီလောက်ဗြောင်းဆန်နေအောင် ရေးလာကြတော့မှ ကျန်းမာရေးဝန်ကြီး ထွက်လာပြီး ဒေါက်တာစိုးသူရဇော် ကို ဌာနတွင်း စုံစမ်းစစ်ဆေးရေးလုပ်တာ ဝန်ကြီးအမိန့်နဲ့ မဟုတ်ဘဲ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှုးအဆင့်ရှိသူ တစ်ဦးက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဝန်ကြီးဌာနအနေနဲ့ ဒေါက်တာစိုးသူရဇော် ကို အရေးယူဖို့ မရှိကြောင်း ထွက်ပြောလာပါတယ်။ဇီးပင်ကြီး ပြည်သူ့ဝန်ထမ်းတက္ကသိုလ်မှာ နိုင်ငံရေးဘာသာရပ် ပို့ချတဲ့အခါ လက်ရှိအစိုးရကို အဆိုးမြင်ရှုထောင့်က ပို့ချသင်ကြားနေတယ်။ရာထူးဝန်အဖွဲ့ဟာ ပြည်ပက တရားမဝင် တက္ကသိုလ် ၂ ခုနဲ့ ချိတ်ဆက်ပြီး အဆင့်မြင့် မြန်မာအရာရှိတွေကို မဟာဘွဲ့တွေ စပေးခဲ့တာ ၂၀၁၇ က စတယ် (အင်အယ်လ်ဒီအစိုးရလက်ထက်) လို့ သိရပါတယ်။

လက်ရှိ ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌရဲ့ ငယ်ကျိုးငယ်နာတွေကိုပါဖော်ပြီး ဖေ့စ်ဘုတ်ပေါ် ရေးသားနေကြပေမယ့် အစိုးရက အနားပေးလိုက်တာ၊ ခေါ်ယူသတိပေးတာ ဘာမှမဆောင်ရွက်ပါဘူး။ဒီလို ဥက္ကဋ္ဌခန့်ပေးမှ ရာထူးရလာမယ့်သူတွေဟာ တိုင်းပြည်အတွက် လူမှန်နေရာမှန် ဖြစ်ပါ့မလား လူထုဘက်က ပူပန်လာကြပါတယ်။သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က တရားမဝင်တဲ့ ပြည်ပတက္ကသိုလ် ၂ ခုနဲ့ ရာထူးဝန်အဖွဲ့ ချိတ်ဆက်ထားမှုကို ၄.၁.၂၀၁၉ က စရပ်တန့်လိုက်ပြီလို့ သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။ဒါပေမဲ့ ၇.၁.၂၀၁၉ ရက်နေ့ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ ဖွင့်လှစ်တဲ့ သင်တန်းမှာ မလေးရှားတက္ကသိုလ်ရဲ့ အမှတ်တံဆိပ်ကို ချိတ်ဆွဲထားနေတုန်းပဲဆိုတာ တာဝန်သိသူတစ်ယောက်က ဓာတ်ပုံနဲ့တကွ ဖေ့စ်ဘုတ်ပေါ် တင်ပေးဖော်ပြပေးခဲ့ပြန်ပါတယ်။ဒီတော့မှ ဇီးပင်ကြီးတက္ကသိုလ်ရဲ့ တာဝန်ရှိသူတစ်ဦးက မလေးတက္ကသိုလ်နဲ့ ချိတ်ဆက်ထားမှု ရပ်ဆိုင်းဖို့ ညွှန်ကြားစာကို ညနေဘက်မှရခဲ့ပြီး သင်တန်းဖွင့်တာက မနက်ဘက်ပါလို့ ဖြေရှင်းခဲ့ပါတယ်။ဒီလိုအရေးကြီးတဲ့ ဝန်ထမ်းလေ့ကျင့်ရေးကျောင်းမှာ တာဝန်ကြီးတဲ့ရာထူး ယူထားသူတွေကို အစိုးရဘက်က ဘာမှအရေးယူမှုမရှိ၊ သတင်းထုတ်ပြန်မှုမရှိတာ အလွန်အံ့သြစရာကောင်းလှပါတယ်။

တကယ်လို့ ဖေ့စ်ဘုတ်သာ မရှိခဲ့ရင် ၂၀၁၇ မှာ စလုပ်စားနေကြတဲ့ မဟာဘွဲ့သင်တန်း ဇာတ်လမ်းနဲ့ သင်တန်းသားတွေကို ဝါဒမှိုင်း တိုက်နေတဲ့ သင်ကြားပို့ချချက်တွေကို အစိုးရသိစရာ အကြောင်းမရှိတဲ့ထိ အစိုးရဘက်က လစ်ဟင်းနေတော့ ခေတ်ဟောင်းက အမာခံလူတွေဟာ လက်ရှိရာထူးတွေကို ယူထားပြီး လက်ရှိအစိုးရကို သရော်လှောင်ပြောင်ရင်း ဘယ်အချိန်ထိ လုပ်စားသွားကြမလဲဆိုတာ မတွေးဝံ့စရာပါ။တကယ်လို့ ဖေ့စ်ဘုတ်သာမရှိရင် ဒေါက်တာစိုးသူရဇော် ကို ဘယ်သူကမှ ဝန်းရံမပေးနိုင်တဲ့အပြင် အခုလောက်ဆို ဒေါက်တာစိုးသူရဇော် တစ်ယောက် အလုပ်ပြုတ်ရုံသာမက ထောင်နန်းပါ စံကောင်းစံနေရတဲ့ အနေအထား ဖြစ်သွားနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကချင်ပြည်နယ် ခရီးစဉ် ပြီးဆုံးချိန်မှာ တရုတ်သံရုံးက ဧရာဝတီမြစ်ဆုံစီမံကိန်း ပြန်စမယ်လို့ သဘောသက်ရောက်တဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ကချင်ပြည်နယ်က ဘာသာရေးခေါင်းဆောင် လူမျိုးနွယ်စုခေါင်းဆောင်တွေက ကချင်ပြည်နယ်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်နေတုန်း သူတို့ဘက်က ဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်မလုပ်ဖို့ ဆွေးနွေးခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဘက်က တိကျပြတ်သားတဲ့ လုပ်မယ်/မလုပ်ဘူး ဆိုတဲ့ အဖြေကို ပြန်မရဘူးလို့ ထုတ်ပြောတာနဲ့ တရုတ်သံရုံး ကြေညာချက်က ရှေ့ဆင့်နောက်ဆင့် ထွက်လာကြတာပါ။

၂၀၁၅ ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်တရားဟောတုန်းက အင်အယ်လ်ဒီ မဲအနိုင်ရခဲ့ရင် ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တာတွေကို လူထုကို ချပြမယ်လို့ ပြောခဲ့တာကို အားလုံးပြန်သတိရကြပါတယ်။ဒါ့အပြင် ၂၀၁၁ တုန်းက အင်အယ်လ်ဒီက ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆန့်ကျင်ကြောင်း ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကိုပါ အသိမ်းအဆည်းကောင်းသူတွေက ဖေ့စ်ဘုတ်ပေါ် ပြန်တင်ပေးကြပါတယ်။ဒါပေမဲ့ အင်အယ်လ်ဒီပါတီ အစိုးရဖြစ်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပွင့်ပွင့်လင်းလင်းပြောဆိုမှု နည်းပါးသွားပါတယ်။ကချင်ပြည်နယ်မှာ မြွေမသေတုတ်မကျိုး ပြောလာတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဧရာဝတီမြစ်ဆုံနဲ့ ပတ်သက်တဲ့ စကားကို သူ့ကိုယ်စား အင်အယ်လ်ဒီပါတီအနေနဲ့ ပြန်ပြီးဖာထေးပေးပါတယ်။အင်အယ်လ်ဒီပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် နဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် တို့က ဧရာဝတီမြစ်ဆုံနဲ့ ပတ်သက်ရင် ပြည်သူ့ဆန္ဒအတိုင်း ဖြစ်စေရပါမယ်လို့ ဖြေပြောပြောပေးနေကြပါတယ်။

ဒီလ ၂၀ ရက်နေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ် ခရီးစဉ်ကို စခဲ့ပါတယ်။ချင်းပြည်နယ် ထန်တလန်မြို့က ဒေသခံတွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က “အစိုးရတစ်ရပ် အောင်မြင်ဖို့ ပြည်သူ့အသံ နားထောင်ဖို့လိုတယ်” လို့ ပြောခဲ့ပါတယ်။၂၁ ရက်နေ့ ဒေသခံလူထုနဲ့ တွေ့တဲ့ပွဲမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ခဏစောင့်ပေးပါလို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ပါတယ်။အင်အယ်လ်ဒီ မဲအနိုင်ရပြီးနောက်ပိုင်း လွှတ်တော်ထဲမှာရော အပြင်မှာပါ အင်အယ်လ်ဒီဘက်က ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး နှုတ်ဆိတ်နေခဲ့တာကို မဲပေးခဲ့တဲ့ မဲဆန္ဒရှင်တွေက ထောက်ပြဝေဖန်လာတွေ ရှိခဲ့ပါတယ်။အခု အင်အယ်လ်ဒီပါတီ အာဏာရပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပထမဆုံး ထုတ်ပြောလာတာ ဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က အစိုးရဆိုတာ ပြည်သူဝေဖန်တာကို ခံနိုင်ရမယ်။အောင်မြင်တဲ့ အစိုးရဖြစ်ချင်ရင် ပြည်သူ့အသံ နားထောင်ရမယ် ပြောနေပေမဲ့ ပြည်သူဘက်က ကြွက်ကြွက်ညံတဲ့ထိ ပြောခဲ့ကြတဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ နိုင်ငံရေးဘာသာရပ် သင်ကြားပို့ချနေပုံတွေ၊ လူမှုရေးသိပ္ပံဘာသာရပ် သင်ကြားပို့ချနေပုံတွေ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့က လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကို ခုထိ ဘာတစ်ခုမှ အစိုးရအနေနဲ့ ဘယ်လိုအရေးယူ ကိုင်တွယ်ဖြေရှင်းမယ်လို့ တုန့်ပြန်တာ မရှိခဲ့ပါဘူး။နိုင်ငံရေးသိပ္ပံဌာနက ပါမောက္ခကို နေရာရွှေ့လိုက်တယ် ဆိုတာလည်း အစိုးရက သတင်းထုတ်ပြန်တာ မဟုတ်ဘဲ ဒီသတင်းကိုသိတဲ့ လူတစ်ယောက်က ဖေ့စ်ဘုတ်ပေါ် တင်ပေးလို့သာ ပြည်သူက သိခဲ့ရတာပါ။

အင်အယ်လ်ဒီပါတီဟာ အတိုက်အခံ ဘဝတုန်းက ပြည်သူကို ပွင့်ပွင့်လင်းလင်း ပြောပြချပြခဲ့ပေမဲ့ အစိုးရဖြစ်လာချိန်မှာ အစိုးရအတွက် အန္တရာယ်ရှိတဲ့ လုပ်ရပ်တွေ လုပ်နေသူကို မျက်ခြည်ပြတ်တဲ့အထိ စီမံခန့်ခွဲမှု အားနည်းခဲ့ပါတယ်။ဗဟိုပြည်သူ့ဝန်ထမ်းတက္ကသိုလ်ရဲ့ သင်ကြားပို့ချပေးနေမှုတွေနဲ့ ရာထူးဝန်အဖွဲ့ရဲ့ တရားမဝင် တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပုံတွေကို မျက်ခြည်ပြတ်ပုံကလည်း အံသြစရာကောင်းလှပါတယ်။

လူဆိုးလူကောင်းဆိုတာ မရှိဘူး။သင်ပေးလို့ ရတဲ့သူနဲ့ သင်ပေးလို့ မရတဲ့သူဘဲ ရှိတယ်ဆိုတဲ့ ဖီလိုဆိုဖီပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည် ဟာ နောက်ကျော ဓားနဲ့ထိုးနိုင်သူ အများအပြားကို ဆက်နေရာပေးထားခဲ့ပါတယ်။သူတို့ကို ဖြုတ်ပစ်ရမယ် မဆိုလိုပါဘူး။လက်ရှိရာထူးတွေနဲ့ ဆက်တာဝန်ပေးထားပေမဲ့ အရေးပါတဲ့ နေရာတွေ မဖြစ်သင့်တာ အမှန်ပါ။လူတိုင်းမှာ မွေးရာပါ စရိုက်ကောင်း စရိုက်ဆိုးတွေ ရှိကြပါတယ်။စရိုက်ဆိုတာ ပြင်နိုင်ခဲပါတယ်။ဒါ့အပြင် အဖွဲ့အစည်းတစ်ခုအောက်မှာ အရိုးရင့်တဲ့ထိ လေ့ကျင့်ခံခဲ့ရသူတွေရဲ့ စိတ်နေစိတ်ထားနဲ့ လုပ်စားတတ်တဲ့ အကျင့်တွေဟာ ခေါက်ရိုးကျိုးနေပါပြီ။ဒီလိုလူတွေကို အစိုးရကိုယ်တိုင်က မဖော်ထုတ်နိုင်ပေမဲ့ လူထုက လူထုနည်း လူထုအားနဲ့ ဖော်ထုတ်ပေးပေမဲ့ အစိုးရဘက်က တုတ်တုတ်မလှုပ်တာဟာ ပြည်သူ့အသံ နားထောင်ရာ မရောက်ပါဘူး။ပြည်သူ့အသံ ဘာဖြစ်ဖြစ် လုပ်ချင်တာလုပ်တဲ့ အစိုးရရဲ့ သွင်ပြင်လက္ခဏာသာ ဖြစ်ပါတယ်။

၂၀၁၅ မှာ အင်အယ်လ်ဒီကို မဲပုံပေးခဲ့တဲ့ လူထုအနေနဲ့ အခုအချိန်မှာ အသိချင်ဆုံးက ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရက တရားဝင် ထုတ်ပြောလာမယ့် စကားပါ။အစိုးရ ဘယ်လိုဆုံးဖြတ်မယ်။အစိုးရ ဘယ်လိုဆက်ရင်ဆိုင် ဖြေရှင်းမယ် ဆိုတာကို ပြည်သူက စောင့်မျှော်နေပါတယ်။ဒေါ်အောင်ဆန်းစုကြည် ဟာ ဆိုခဲစေ မြဲစေဆိုတဲ့ ခေါင်းဆောင်လို့ လူထုက အမြဲယုံကြည်ခဲ့ပါတယ်။မြန်မာပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ စကားကို ယုံကြည်မဲပေးခဲ့သူတွေပါ။အခုတော့ ပြည်သူက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အင်အယ်လ်ဒီအစိုးရကို ပြောသင့်တာတွေ ပြောချိန်တန်ပြီလို့ ပြောနေကြပါပြီ။အင်အယ်လ်ဒီအစိုးရ သတ္တိရှိရှိ ကတိတည်တည် ပြောသင့်တာတွေကို ပြောပြတော့မယ်လို့ လူထုတွေ ဆက်လက်ယုံကြည် စောင့်စားနေကြပါတယ်။

ခင်နှင်းဦး
ဇန်နဝါရီ - ၂၃

( Zawgyi )

အင္အယ္လ္ဒီပါတီဟာ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ေျပာင္းလဲခ်ိန္တန္ၿပီဆိုတဲ့ ေႂကြးေၾကာ္သံနဲ႔ လူထုဆီက မဲေတြရခဲ့တာပါ။လူထုေမွ်ာ္မွန္းတာက အရင့္အရင္ အစိုးရေတြရဲ႕ က်င့္ထုံးက်င့္စဥ္ေတြထဲက လုံးဝေသြဖည္ ခြဲထြက္လာတဲ့ အသြင္သစ္နဲ႔ အင္အယ္လ္ဒီအစိုးရ အျဖစ္ပါ။ဒါေပမဲ့ အင္အယ္လ္ဒီအစိုးရထဲမွာ အရင္အစိုးရလက္ထက္က လူေဟာင္းေတြ စစ္ဗိုလ္ေဟာင္းေတြ ပါလာတဲ့အျပင္ အစိုးရယႏၲရား လည္ပတ္ပုံက အရင္အစိုးရခ်ခဲ့တဲ့ လမ္းေၾကာင္းနီးပါးအတိုင္း ဆက္လည္ပတ္ေနတဲ့ အစိုးရအျဖစ္ လူထုအံ့ၾသခဲ့ရပါတယ္။

အစိုးရဘက္ကေတာ့ အင္အယ္လ္ဒီအစိုးရ လက္ထက္မွာ လူထုဟာ မေၾကာက္ရေတာ့ဘဲ ပိုၿပီးေျပာရဲဆိုရဲ ရွိလာတယ္။ဒါဟာ ေျပာင္းလဲမႈတစ္ခုပါလို႔ ေျပာတတ္ပါတယ္။ဒါေပမဲ့ ဒီမိုကေရစီပါတီႀကီးတစ္ခုက လူထုတင္ေျမႇာက္တဲ့ အစိုးရတက္လာကာမွ သတင္းထုတ္ျပန္ပုံ၊ အစိုးရသတင္းစာမ်ားရဲ႕ သတင္းေဖာ္ျပပုံ၊ ပြင့္လင္းျမင္သာမႈ အားနည္းပုံေတြဟာ အရင့္အရင္ အစိုးရေတြအတိုင္းပါပဲ။လူထုအသံကို နားေထာင္ရမယ္ အႀကိမ္ႀကိမ္ေျပာေနတဲ့ အစိုးရျဖစ္ေပမဲ့ လူထုက အနာခံၿပီး ေရွ႕ကေဖာက္ေပးေနတဲ့ လမ္းကို ေနာက္ကဆက္မလိုက္တဲ့ အစိုးရ စတဲ့ ေဝဖန္သံေတြဟာ အင္အယ္လ္ဒီအစိုးရ သက္တမ္း ၃ ႏွစ္ ျပည့္ခါနီးလာခ်ိန္မွာ ပိုက်ယ္ေလာင္လာပါတယ္။လူထုဆီက ဒီစကားေတြ ထြက္လာေစတဲ့ ျပႆနာက ဇီးပင္ႀကီးစစ္တမ္း ၁၊ ၂၊ ၃ ပါ။

ဗဟိုျပည္သူ႔ဝန္ထမ္းတကၠသိုလ္ေတြမွာ အစိုးရကို ဆန႔္က်င္တဲ့ အေဟာအေျပာေတြနဲ႔ ႏိုင္ငံေရးဘာသာရပ္ သင္ၾကားပို႔ခ်မႈေတြ ရွိေနတယ္။လူမႈေရးသိပၸံဘာသာရပ္ သင္ရင္း လူမ်ိဳးေရး၊ ဘာသာေရး ေသြးခြဲတဲ့ သင္ၾကားပို႔ခ်မႈေတြ လုပ္ေနပါတယ္လို႔၊ အသက္ ၂၅ ႏွစ္အ႐ြယ္ သြားဆရာဝန္ေလးက ေဖ့စ္ဘုတ္ကတဆင့္ ေဖာ္ထုတ္ေပးခဲ့ပါတယ္။ဒီလိုေဖာ္ထုတ္ေပးတဲ့ ဆရာဝန္ေလးကို က်န္းမာေရးဝန္ႀကီးဌာနက ဌာနဆိုင္ရာ စစ္ေဆးမႈလုပ္ေနၿပီဆိုတဲ့ သတင္းေတြ ေဖ့စ္ဘုတ္ေပၚ တက္လာပါတယ္။
ဆရာဝန္ေလးနဲ႔အတူတူ ဇီးပင္ႀကီး ျပည္သူ႔ဝန္ထမ္း တကၠသိုလ္မွာ အတူတက္ခဲ့တဲ့ ဆရာဝန္ေတြက ေဖ့စ္ဘုတ္ေပၚကေန ေဒါက္တာစိုးသူရေဇာ္ ေရးသားတာေတြ မွန္ကန္ေၾကာင္း ဝိုင္းဝန္းေထာက္ခံၾကပါတယ္။ေဒါက္တာစိုးသူရေဇာ္ တို႔ အပါတ္စဥ္မဟုတ္တဲ့ သင္တန္းပါတ္ေတြကို တက္ခဲ့ရသူေတြကလည္း သူတို႔တက္တဲ့ သင္တန္းေတြမွာလည္း ဒီလိုသင္ၾကား ပို႔ခ်ေၾကာင္း ဝိုင္းဝန္းေရးသားေပးၾကပါတယ္။
ေဒါက္တာစိုးသူရေဇာ္ ကို စစ္ေဆးေရးဝင္တာကိုလည္း ဝိုင္းဝန္းကန႔္ကြက္ၾကပါတယ္။

ဒါတင္မက ျပည္ေထာင္စုရာထူးဝန္အဖြဲ႕က မေလးရွားနဲ႔ အေမရိက က တရားမဝင္ တကၠသိုလ္ ၂ ခုနဲ႔ ခ်ိတ္ဆက္ၿပီး အစိုးရအဆင့္ျမင့္အရာရွိေတြကို ေပးေနတဲ့ မဟာဘြဲ႕သင္တန္းေတြ ရွိပါတယ္။ရာထူးဝန္အဖြဲ႕က ခ်ိတ္ဆက္ထားတဲ့ အဲဒီတကၠသိုလ္ ၂ ခုဟာ သက္ဆိုင္ရာ မိခင္တိုင္းျပည္ရဲ႕ ပညာေရးဝန္ႀကီးဌာနေတြက အသိအမွတ္မျပဳထားတဲ့ တကၠသိုလ္အတုေတြသာျဖစ္ေၾကာင္း ျပည္ပေရာက္ေနတဲ့ ျမန္မာေတြက ေဖ့စ္ဘုတ္ေပၚမွာ ေရးတင္ေပးၾကပါတယ္။လက္ရွိ ရာထူးဝန္ဥကၠ႒ ရထားတယ္ဆိုတဲ့ ေဒါက္တာဘြဲ႕ရဲ႕ အေနအထားကိုလည္း ျပည္ပေရာက္ေနတဲ့ ျမန္မာမ်ားက ေရးသားေဖာ္ျပေပးၾကပါတယ္။

ေဖ့စ္ဘုတ္ေပၚမွာ လူထုက ဒီသတင္းေတြကို ဒီေလာက္ေျဗာင္းဆန္ေနေအာင္ ေရးလာၾကေတာ့မွ က်န္းမာေရးဝန္ႀကီး ထြက္လာၿပီး ေဒါက္တာစိုးသူရေဇာ္ ကို ဌာနတြင္း စုံစမ္းစစ္ေဆးေရးလုပ္တာ ဝန္ႀကီးအမိန႔္နဲ႔ မဟုတ္ဘဲ က်န္းမာေရးဝန္ႀကီးဌာနက ၫႊန္ၾကားေရးမႈးအဆင့္ရွိသူ တစ္ဦးက လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ဝန္ႀကီးဌာနအေနနဲ႔ ေဒါက္တာစိုးသူရေဇာ္ ကို အေရးယူဖို႔ မရွိေၾကာင္း ထြက္ေျပာလာပါတယ္။ဇီးပင္ႀကီး ျပည္သူ႔ဝန္ထမ္းတကၠသိုလ္မွာ ႏိုင္ငံေရးဘာသာရပ္ ပို႔ခ်တဲ့အခါ လက္ရွိအစိုးရကို အဆိုးျမင္ရႈေထာင့္က ပို႔ခ်သင္ၾကားေနတယ္။ရာထူးဝန္အဖြဲ႕ဟာ ျပည္ပက တရားမဝင္ တကၠသိုလ္ ၂ ခုနဲ႔ ခ်ိတ္ဆက္ၿပီး အဆင့္ျမင့္ ျမန္မာအရာရွိေတြကို မဟာဘြဲ႕ေတြ စေပးခဲ့တာ ၂၀၁၇ က စတယ္ (အင္အယ္လ္ဒီအစိုးရလက္ထက္) လို႔ သိရပါတယ္။

လက္ရွိ ရာထူးဝန္အဖြဲ႕ ဥကၠ႒ရဲ႕ ငယ္က်ိဳးငယ္နာေတြကိုပါေဖာ္ၿပီး ေဖ့စ္ဘုတ္ေပၚ ေရးသားေနၾကေပမယ့္ အစိုးရက အနားေပးလိုက္တာ၊ ေခၚယူသတိေပးတာ ဘာမွမေဆာင္႐ြက္ပါဘူး။ဒီလို ဥကၠ႒ခန႔္ေပးမွ ရာထူးရလာမယ့္သူေတြဟာ တိုင္းျပည္အတြက္ လူမွန္ေနရာမွန္ ျဖစ္ပါ့မလား လူထုဘက္က ပူပန္လာၾကပါတယ္။သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး က တရားမဝင္တဲ့ ျပည္ပတကၠသိုလ္ ၂ ခုနဲ႔ ရာထူးဝန္အဖြဲ႕ ခ်ိတ္ဆက္ထားမႈကို ၄.၁.၂၀၁၉ က စရပ္တန႔္လိုက္ၿပီလို႔ သတင္းစာရွင္းပြဲမွာ ေျပာခဲ့ပါတယ္။ဒါေပမဲ့ ၇.၁.၂၀၁၉ ရက္ေန႔ ဇီးပင္ႀကီး ဗဟိုဝန္ထမ္းတကၠသိုလ္မွာ ဖြင့္လွစ္တဲ့ သင္တန္းမွာ မေလးရွားတကၠသိုလ္ရဲ႕ အမွတ္တံဆိပ္ကို ခ်ိတ္ဆြဲထားေနတုန္းပဲဆိုတာ တာဝန္သိသူတစ္ေယာက္က ဓာတ္ပုံနဲ႔တကြ ေဖ့စ္ဘုတ္ေပၚ တင္ေပးေဖာ္ျပေပးခဲ့ျပန္ပါတယ္။ဒီေတာ့မွ ဇီးပင္ႀကီးတကၠသိုလ္ရဲ႕ တာဝန္ရွိသူတစ္ဦးက မေလးတကၠသိုလ္နဲ႔ ခ်ိတ္ဆက္ထားမႈ ရပ္ဆိုင္းဖို႔ ၫႊန္ၾကားစာကို ညေနဘက္မွရခဲ့ၿပီး သင္တန္းဖြင့္တာက မနက္ဘက္ပါလို႔ ေျဖရွင္းခဲ့ပါတယ္။ဒီလိုအေရးႀကီးတဲ့ ဝန္ထမ္းေလ့က်င့္ေရးေက်ာင္းမွာ တာဝန္ႀကီးတဲ့ရာထူး ယူထားသူေတြကို အစိုးရဘက္က ဘာမွအေရးယူမႈမရွိ၊ သတင္းထုတ္ျပန္မႈမရွိတာ အလြန္အံ့ၾသစရာေကာင္းလွပါတယ္။

တကယ္လို႔ ေဖ့စ္ဘုတ္သာ မရွိခဲ့ရင္ ၂၀၁၇ မွာ စလုပ္စားေနၾကတဲ့ မဟာဘြဲ႕သင္တန္း ဇာတ္လမ္းနဲ႔ သင္တန္းသားေတြကို ဝါဒမႈိင္း တိုက္ေနတဲ့ သင္ၾကားပို႔ခ်ခ်က္ေတြကို အစိုးရသိစရာ အေၾကာင္းမရွိတဲ့ထိ အစိုးရဘက္က လစ္ဟင္းေနေတာ့ ေခတ္ေဟာင္းက အမာခံလူေတြဟာ လက္ရွိရာထူးေတြကို ယူထားၿပီး လက္ရွိအစိုးရကို သေရာ္ေလွာင္ေျပာင္ရင္း ဘယ္အခ်ိန္ထိ လုပ္စားသြားၾကမလဲဆိုတာ မေတြးဝံ့စရာပါ။တကယ္လို႔ ေဖ့စ္ဘုတ္သာမရွိရင္ ေဒါက္တာစိုးသူရေဇာ္ ကို ဘယ္သူကမွ ဝန္းရံမေပးႏိုင္တဲ့အျပင္ အခုေလာက္ဆို ေဒါက္တာစိုးသူရေဇာ္ တစ္ေယာက္ အလုပ္ျပဳတ္႐ုံသာမက ေထာင္နန္းပါ စံေကာင္းစံေနရတဲ့ အေနအထား ျဖစ္သြားႏိုင္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ကခ်င္ျပည္နယ္ ခရီးစဥ္ ၿပီးဆုံးခ်ိန္မွာ တ႐ုတ္သံ႐ုံးက ဧရာဝတီျမစ္ဆုံစီမံကိန္း ျပန္စမယ္လို႔ သေဘာသက္ေရာက္တဲ့ ေၾကညာခ်က္ကို ထုတ္ျပန္ခဲ့ပါတယ္။ကခ်င္ျပည္နယ္က ဘာသာေရးေခါင္းေဆာင္ လူမ်ိဳးႏြယ္စုေခါင္းေဆာင္ေတြက ကခ်င္ျပည္နယ္ကို ေဒၚေအာင္ဆန္းစုၾကည္ ေရာက္ေနတုန္း သူတို႔ဘက္က ဧရာဝတီျမစ္ဆုံစီမံကိန္း ဆက္မလုပ္ဖို႔ ေဆြးေႏြးခဲ့ေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္ ဘက္က တိက်ျပတ္သားတဲ့ လုပ္မယ္/မလုပ္ဘူး ဆိုတဲ့ အေျဖကို ျပန္မရဘူးလို႔ ထုတ္ေျပာတာနဲ႔ တ႐ုတ္သံ႐ုံး ေၾကညာခ်က္က ေရွ႕ဆင့္ေနာက္ဆင့္ ထြက္လာၾကတာပါ။

၂၀၁၅ ေ႐ြးေကာက္ပြဲအတြက္ ေဒၚေအာင္ဆန္းစုၾကည္ မဲဆြယ္တရားေဟာတုန္းက အင္အယ္လ္ဒီ မဲအႏိုင္ရခဲ့ရင္ ဧရာဝတီျမစ္ဆုံစီမံကိန္းနဲ႔ ပတ္သက္တာေတြကို လူထုကို ခ်ျပမယ္လို႔ ေျပာခဲ့တာကို အားလုံးျပန္သတိရၾကပါတယ္။ဒါ့အျပင္ ၂၀၁၁ တုန္းက အင္အယ္လ္ဒီက ဧရာဝတီျမစ္ဆုံစီမံကိန္းကို ဆန႔္က်င္ေၾကာင္း ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္ကိုပါ အသိမ္းအဆည္းေကာင္းသူေတြက ေဖ့စ္ဘုတ္ေပၚ ျပန္တင္ေပးၾကပါတယ္။ဒါေပမဲ့ အင္အယ္လ္ဒီပါတီ အစိုးရျဖစ္လာခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ ပြင့္ပြင့္လင္းလင္းေျပာဆိုမႈ နည္းပါးသြားပါတယ္။ကခ်င္ျပည္နယ္မွာ ေႁမြမေသတုတ္မက်ိဳး ေျပာလာတဲ့ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ဧရာဝတီျမစ္ဆုံနဲ႔ ပတ္သက္တဲ့ စကားကို သူ႔ကိုယ္စား အင္အယ္လ္ဒီပါတီအေနနဲ႔ ျပန္ၿပီးဖာေထးေပးပါတယ္။အင္အယ္လ္ဒီပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫႊန႔္ နဲ႔ ဒုတိယဥကၠ႒ ေဒါက္တာေဇာ္ျမင့္ေမာင္ တို႔က ဧရာဝတီျမစ္ဆုံနဲ႔ ပတ္သက္ရင္ ျပည္သူ႔ဆႏၵအတိုင္း ျဖစ္ေစရပါမယ္လို႔ ေျဖေျပာေျပာေပးေနၾကပါတယ္။

ဒီလ ၂၀ ရက္ေန႔မွာ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ခ်င္းျပည္နယ္ ခရီးစဥ္ကို စခဲ့ပါတယ္။ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕က ေဒသခံေတြနဲ႔ ေတြ႕ဆုံတဲ့ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ က “အစိုးရတစ္ရပ္ ေအာင္ျမင္ဖို႔ ျပည္သူ႔အသံ နားေထာင္ဖို႔လိုတယ္” လို႔ ေျပာခဲ့ပါတယ္။၂၁ ရက္ေန႔ ေဒသခံလူထုနဲ႔ ေတြ႕တဲ့ပြဲမွာေတာ့ ၂၀၀၈ ဖြဲ႕စည္းပုံ ျပင္ဆင္ေရး ခဏေစာင့္ေပးပါလို႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာခဲ့ပါတယ္။အင္အယ္လ္ဒီ မဲအႏိုင္ရၿပီးေနာက္ပိုင္း လႊတ္ေတာ္ထဲမွာေရာ အျပင္မွာပါ အင္အယ္လ္ဒီဘက္က ၂၀၀၈ ဖြဲ႕စည္းပုံ ျပင္ဆင္ေရး ႏႈတ္ဆိတ္ေနခဲ့တာကို မဲေပးခဲ့တဲ့ မဲဆႏၵရွင္ေတြက ေထာက္ျပေဝဖန္လာေတြ ရွိခဲ့ပါတယ္။အခု အင္အယ္လ္ဒီပါတီ အာဏာရၿပီးေနာက္ပိုင္း ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ ဖြဲ႕စည္းပုံ ျပင္ဆင္ေရးနဲ႔ ပတ္သက္ၿပီး ပထမဆုံး ထုတ္ေျပာလာတာ ျဖစ္ပါတယ္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ က အစိုးရဆိုတာ ျပည္သူေဝဖန္တာကို ခံႏိုင္ရမယ္။ေအာင္ျမင္တဲ့ အစိုးရျဖစ္ခ်င္ရင္ ျပည္သူ႔အသံ နားေထာင္ရမယ္ ေျပာေနေပမဲ့ ျပည္သူဘက္က ႂကြက္ႂကြက္ညံတဲ့ထိ ေျပာခဲ့ၾကတဲ့ ဗဟိုဝန္ထမ္းတကၠသိုလ္ေတြမွာ ႏိုင္ငံေရးဘာသာရပ္ သင္ၾကားပို႔ခ်ေနပုံေတြ၊ လူမႈေရးသိပၸံဘာသာရပ္ သင္ၾကားပို႔ခ်ေနပုံေတြ၊ ျပည္ေထာင္စုရာထူးဝန္အဖြဲ႕က လုပ္ေဆာင္ေနတဲ့ လုပ္ရပ္ေတြကို ခုထိ ဘာတစ္ခုမွ အစိုးရအေနနဲ႔ ဘယ္လိုအေရးယူ ကိုင္တြယ္ေျဖရွင္းမယ္လို႔ တုန႔္ျပန္တာ မရွိခဲ့ပါဘူး။ႏိုင္ငံေရးသိပၸံဌာနက ပါေမာကၡကို ေနရာေ႐ႊ႕လိုက္တယ္ ဆိုတာလည္း အစိုးရက သတင္းထုတ္ျပန္တာ မဟုတ္ဘဲ ဒီသတင္းကိုသိတဲ့ လူတစ္ေယာက္က ေဖ့စ္ဘုတ္ေပၚ တင္ေပးလို႔သာ ျပည္သူက သိခဲ့ရတာပါ။

အင္အယ္လ္ဒီပါတီဟာ အတိုက္အခံ ဘဝတုန္းက ျပည္သူကို ပြင့္ပြင့္လင္းလင္း ေျပာျပခ်ျပခဲ့ေပမဲ့ အစိုးရျဖစ္လာခ်ိန္မွာ အစိုးရအတြက္ အႏၲရာယ္ရွိတဲ့ လုပ္ရပ္ေတြ လုပ္ေနသူကို မ်က္ျခည္ျပတ္တဲ့အထိ စီမံခန႔္ခြဲမႈ အားနည္းခဲ့ပါတယ္။ဗဟိုျပည္သူ႔ဝန္ထမ္းတကၠသိုလ္ရဲ႕ သင္ၾကားပို႔ခ်ေပးေနမႈေတြနဲ႔ ရာထူးဝန္အဖြဲ႕ရဲ႕ တရားမဝင္ တကၠသိုလ္ေတြနဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္ေနပုံေတြကို မ်က္ျခည္ျပတ္ပုံကလည္း အံၾသစရာေကာင္းလွပါတယ္။

လူဆိုးလူေကာင္းဆိုတာ မရွိဘူး။သင္ေပးလို႔ ရတဲ့သူနဲ႔ သင္ေပးလို႔ မရတဲ့သူဘဲ ရွိတယ္ဆိုတဲ့ ဖီလိုဆိုဖီပိုင္ရွင္ ေဒၚေအာင္ဆန္းစုၾကည္ ဟာ ေနာက္ေက်ာ ဓားနဲ႔ထိုးႏိုင္သူ အမ်ားအျပားကို ဆက္ေနရာေပးထားခဲ့ပါတယ္။သူတို႔ကို ျဖဳတ္ပစ္ရမယ္ မဆိုလိုပါဘူး။လက္ရွိရာထူးေတြနဲ႔ ဆက္တာဝန္ေပးထားေပမဲ့ အေရးပါတဲ့ ေနရာေတြ မျဖစ္သင့္တာ အမွန္ပါ။လူတိုင္းမွာ ေမြးရာပါ စ႐ိုက္ေကာင္း စ႐ိုက္ဆိုးေတြ ရွိၾကပါတယ္။စ႐ိုက္ဆိုတာ ျပင္ႏိုင္ခဲပါတယ္။ဒါ့အျပင္ အဖြဲ႕အစည္းတစ္ခုေအာက္မွာ အ႐ိုးရင့္တဲ့ထိ ေလ့က်င့္ခံခဲ့ရသူေတြရဲ႕ စိတ္ေနစိတ္ထားနဲ႔ လုပ္စားတတ္တဲ့ အက်င့္ေတြဟာ ေခါက္႐ိုးက်ိဳးေနပါၿပီ။ဒီလိုလူေတြကို အစိုးရကိုယ္တိုင္က မေဖာ္ထုတ္ႏိုင္ေပမဲ့ လူထုက လူထုနည္း လူထုအားနဲ႔ ေဖာ္ထုတ္ေပးေပမဲ့ အစိုးရဘက္က တုတ္တုတ္မလႈပ္တာဟာ ျပည္သူ႔အသံ နားေထာင္ရာ မေရာက္ပါဘူး။ျပည္သူ႔အသံ ဘာျဖစ္ျဖစ္ လုပ္ခ်င္တာလုပ္တဲ့ အစိုးရရဲ႕ သြင္ျပင္လကၡဏာသာ ျဖစ္ပါတယ္။

၂၀၁၅ မွာ အင္အယ္လ္ဒီကို မဲပုံေပးခဲ့တဲ့ လူထုအေနနဲ႔ အခုအခ်ိန္မွာ အသိခ်င္ဆုံးက ဧရာဝတီျမစ္ဆုံစီမံကိန္းနဲ႔ ပတ္သက္ၿပီး အစိုးရက တရားဝင္ ထုတ္ေျပာလာမယ့္ စကားပါ။အစိုးရ ဘယ္လိုဆုံးျဖတ္မယ္။အစိုးရ ဘယ္လိုဆက္ရင္ဆိုင္ ေျဖရွင္းမယ္ ဆိုတာကို ျပည္သူက ေစာင့္ေမွ်ာ္ေနပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ ဟာ ဆိုခဲေစ ၿမဲေစဆိုတဲ့ ေခါင္းေဆာင္လို႔ လူထုက အၿမဲယုံၾကည္ခဲ့ပါတယ္။ျမန္မာျပည္သူေတြဟာ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ေျပာင္းလဲခ်ိန္တန္ၿပီဆိုတဲ့ စကားကို ယုံၾကည္မဲေပးခဲ့သူေတြပါ။အခုေတာ့ ျပည္သူက ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ေနတဲ့ အင္အယ္လ္ဒီအစိုးရကို ေျပာသင့္တာေတြ ေျပာခ်ိန္တန္ၿပီလို႔ ေျပာေနၾကပါၿပီ။အင္အယ္လ္ဒီအစိုးရ သတၱိရွိရွိ ကတိတည္တည္ ေျပာသင့္တာေတြကို ေျပာျပေတာ့မယ္လို႔ လူထုေတြ ဆက္လက္ယုံၾကည္ ေစာင့္စားေနၾကပါတယ္။

ခင္ႏွင္းဦး
ဇန္နဝါရီ - ၂၃