【 ဆောင်းပါး 】 “ပြည်သူအဆုံးအဖြတ်နဲ့ အားစမ်းကြမည့် ကြားဖြတ်ရွေးကောက်ပွဲ”

【 ဆောင်းပါး 】 “ပြည်သူအဆုံးအဖြတ်နဲ့ အားစမ်းကြမည့် ကြားဖြတ်ရွေးကောက်ပွဲ”

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီး လွှတ်တော်နှစ်ရပ်အတွင်း ကိုယ်စားလှယ်အများစု နေရာကို ရယူခဲ့ပါတယ်။ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာပြီးနောက်ပိုင်းမှာ ပါတီမှ လူအနည်းငယ်သာ ထည့်သွင်းပြီး အတတ်ပညာရှင်၊ အသိပညာရှင်တွေ ထည့်သွင်း၍ အစိုးရအဖွဲ့ ဖွဲ့စည်းကာ သက်တမ်းကာလ နှစ်နှစ်ကျော်အတွင်း ထင်သာမြင်သာ ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် အချို့သော ပြုပြင်ပြောင်းလဲမှုတွေက အခြေခံပြည်သူလူထုတွေနဲ့ အံံဝင်ဂွင်ကျမှု မရှိခဲ့တာကြောင့် အရှိန်ရနေတဲ့ စီးပွားရေးနဲ့ တိုင်းရင်းသားအရေးတွေမှာ တန့်ခဲ့ရသလို ဒီမိုကရက်တစ်အစိုးရသစ် တက်လာကတည်းက ကိုယ်ကျိုးစီးပွား ထိခိုက်ခဲ့တဲ့ အင်အားစုတွေကြောင့် ပြည်တွင်းမှာ မကြာခဏဆိုသလို ပဋိပက္ခတွေ၊ လူမျိုးရေး ဘာသာရေး အစွန်းရောက် လှုပ်ရှားမှုတွေ ဖြစ်ခဲ့လို့ အခြေခံကျတဲ့ တရားဥပဒေစိုးမိုးရေးကို ထင်သလောက် မတည်ဆောက်နိုင်သေးပါဘူး။

ဒီလိုအခြေအနေတွေကြောင့် ပြီးခဲ့တဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ မဲအနိုင်ရရှိမှုက သိသာစွာ ကျဆင်းခဲ့သလို တိုင်းရင်းသားပါတီတွေ အားကောင်းလာခဲ့ပါတယ်။ဒီလိုဖြစ်လာတဲ့အတွက် ယခုနှစ်အတွင်း ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမှာ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၂၀၁၅ တုန်းကလို သောင်ပြိုကမ်းပြို အနိုင်ရနိုင်ပါဦးမလား၊ ဘယ်ပါတီတွေ အနိုင်ရပါတီအဖြစ် ပေါ်ထွက်လာမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။

ပါတီကြီးများ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်မှု။    

ဒါကြောင့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကြီးတွင် NLD ပါတီအတွက် မဲတွေဘယ်ရောက်နိုင်လည်းဆိုတာက စိတ်ဝင်စားစရာ အကောင်းဆုံးပုစ္ဆာ ဖြစ်နေပါတယ်။NLD ပါတီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့သည်အထိ အောင်မြင်ခဲ့တာမှာ ၈၈ ကျောင်းသားဟောင်းများ၏ ပူးပေါင်းဝန်းရံမှု ကဏ္ဍကလည်း အခန်းကဏ္ဍတစ်ခုအထိ အရေးပါခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ ၈၈ ကျောင်းသားဟောင်းများက သီးခြားပါတီတစ်ရပ်အနေဖြင့် ၂၀၂၀ တွင် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်လာတဲ့အတွက် ဒီမိုကရက်တစ်တွေကို ပေးမယ့်မဲတွေက ဘယ်သူ့ဆီကို ရောက်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။

လက်ရှိ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ မုံရွာဦးအောင်ရှင် ကတော့ “အခု ကျွန်တော်တို့ ကြားဖြတ်ရွေးကောက်ပွဲအတွက်က ကျွန်တော်တို့ ပါတီက အများကြီးပြင်ဆင်ထားပြီးပါပြီ။နောက်တစ်ခါ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စည်းရုံးရေးကော်မတီတွေ၊ ပြန်ကြားရေးကော်မတီတွေ ဖွဲ့စည်းပြီး ဆောင်ရွက်နေတာတွေ ရှိပါတယ်။မဲဆွယ်စည်းရုံးတာတွေ ဟောပြောတာတွေကိုလည်း ကျွန်တေ်ာတို့ ဆက်တိုက်လုပ်နေပါတယ်။ဒီတော့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ဘက်က တော်တော်လေး ပြည့်ပြည့်စုံစုံလုပ်ထားပြီးပြီ လုပ်နေပါပြီ။ဒါတစ်ချက်ပါ။နောက်တစ်ချက်ကတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ လစ်လပ် (၁၃) နေရာ အားလုံးကို ဝင်ပြိုင်မယ် ကျွန်တော့အမြင်ကတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် မဲဆန္ဒနယ်တွေမှာကတော့ လုံးဝအနိုင်ရမယ်လို့ မျှော်မှန်းထားပါတယ်” လို့ ဆိုပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး ကတော့ ပါတီမဲဆွယ်စည်းရုံးမှု ကိစ္စတွေနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ အနိုင်ရရှိဖို့ဆိုတဲ့ဟာက အခု ကျွန်တော်တို့ရဲ့ ပါတီဥက္ကဋ္ဌကြီးကိုယ်တိုင် ရွေးကောက်ပွဲလုပ်မယ့် နယ်မြေတွေကို အရောက်သွားမှာပါ။လက်ရှိ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်တွေကို မဲဆွယ်စည်းရုံးမှုတွေအနေနဲ့ သွားရောက်ခဲ့ပြီးပါပြီ။နောက်တစ်ခုက ကိုယ်စားလှယ်လောင်းတွေကလည်း တစ်အိမ်တက် တစ်အိမ်ဆင်းပေါေ့လ။မဲပေးပုံ နည်းစနစ်တွေကို ပြသတယ်။ကျွန်တော်တို့ ပါတီရဲ့ လုပ်ဆောင်မှုတွေကို ပြည်သူလူထုကို ချပြတယ်။ပြောတယ် ဒါကြောင့် နယ်မြေတွေမှာလည်း ကိုယ်စားလှယ်လောင်းတွေနဲ့ လုပ်တယ်။ပိုမိုတောက်ပတဲ့ အနာဂတ်ရောက်ဖို့ ကျွန်တော်တို့ပါတီက လူတွေက အဆင်သင့်ဖြစ်ပြီးသားလို့ဘဲ ပြည်သူလူထုကို မတ်ဆေ့ပေးချင်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိ မဲဆွယ်စည်းရုံးရေးကာလမှာတော့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီကြီးတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေက အပြိုင်အဆိုင်ရှိနေတာပါ။ဒါကြောင့်လည်း ယခုကြားဖြတ်ရွေးကောက်ပွဲဟာ ပြည်သူလူထုက အမှတ်ပေးဆုံးဖြတ်မယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးရဲ့ ကြိုတင်အားစမ်းပွဲဆိုလည်း မမှားပါဘူး။

၂၀၂၀ အလွန်မှာ ညွန့်ပေါင်းအစိုးရ ဖြစ်လာနိုင်မလား။

အာဏာလက်လွှတ်ခဲ့ရတဲ့ USDP ပါတီအနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ၂၀၁၅ ခုနှစ်ကထက် နေရာပို၍ရရှိနိုင်မယ်လို့ ထင်မြင်ယူဆချက်တွေရှိနေပေမယ့် နိုင်ငံရေးလေ့လာသုံးသပ်သူ အချို့ကတော့ ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေရဲ့ အားကောင်းလာမှုကြောင့် ၂၀၂၀ အလွန် လွှတ်တော်အခင်းအကျင်းက ယခုလို နှစ်ပါတီတည်း အားပြိုင်မှုထက် ပါတီပေါင်းစုံ ပါဝင်လာနိုင်မှုများလို့ ပါတီတစ်ခုတည်းက အစိုးရဖွဲ့နိုင်ခြေမရှိဘဲ ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းရမယ့် အခြေအနေတစ်ရပ် ဖြစ်လာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

ရခိုင်အမျိုးသားပါတီ ANP ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းအောင်ကျော် က “ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာဆိုရင် ပါတီကြီးတစ်ခုကဘဲ ရာနှုန်းပြည့် အနိုင်ရခဲ့တာရှိပေမယ့် အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲကျရင် ကျွန်တော်တို့ ခန့်မှန်းတာက အဲ့လိုအခြေအနေမျိုး ဖြစ်နိုင်မယ် မထင်ပါဘူး။ပြည်ခိုင်ြဖိုးပါတီရဲ့ ရပ်တည်မှုက ပြည်သူလူထုအပေါ်မှာ စည်းရုံးနိုင်စွမ်းမရှိဘူးလို့ မြင်တယ်။နောက်တစ်ခုကလည်း ကျွန်တော်တို့ နှစ်နှစ်ကျော် ဖြတ်သန်းခဲ့တဲ့ အာဏာရပါတီကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ပြည်သူလူထုက အရင်လို ရာနှုန်းပြည့်ထောက်ခံနေတဲ့ အနေအထားမရှိဘူးလို့ မြင်တယ်။နောက်တစ်ခု လူငယ်နိုင်ငံရေးသမားတွေဖြစ်တဲ့ ရှစ်လေးလုံး နိုင်ငံရေးပါတီက ပေါ်ပေါက်လာပြီ။နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ပေါ်ပေါက်လာပြီ ဖြစ်တယ်။အဲဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲ အခြေအနေသည် ပါတီကြီးတစ်ခုတည်းက လွတ်လွတ်ကျွတ်ကျွတ် သောင်ပြိုကမ်းပြို နိုင်တာမျိုး မရှိနိုင်ပါဘူး။အခု ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ရသေ့တောင် မဲဆန္ဒနယ်မှာ နိုင်ငံရေးပါတီ (၃) ခုနဲ့ တသီးပုဂ္ဂလတစ်ဦး ဝင်ပြိုင်ဖို့ရှိနေပါတယ်။ပါတီမဲဆွယ်စည်းရုံးရေးကာလရဲ့ ရက်ပေါင်း (၆၀) မှာ ခွင့်ပြုတဲ့နေ့ကစပြီးတော့ ကျွန်တော်တို့ စည်းရုံးရေးတွေ ဆင်းနေတယ်။ဒေသခံ လူထုထောက်ခံမှုတွေကလည်း ရှိနေတဲ့အတွက် ကျွန်တော်တို့ပါတီက နိုင်နိုင်ခြေများပါတယ်” လို့ ပြောပါတယ်။

“နိုင်ငံရေးပါတီတစ်ခု အောင်မြင်ဖို့ဆိုတာက ပါတီရဲ့ စည်းရုံးရေးလိုတယ်၊ ပါတီစည်းကမ်းလိုတယ်၊ ထိန်းသိမ်းရေး လိုပါတယ်။ပါတီတည်ဆောက်ရေး လိုတယ်ပေါ့နော်။ဒီ (၄) ခုက အဓိကကျတယ်။အဲဒီဟာကို ကျွန်တော်တို့က ဗဟိုကော်မတီ အစည်းအဝေးကနေ လုပ်ဆောင်ဖို့အတွက် ဆုံးဖြတ်ချက်ချတယ်။အဲဒါကိုက တစ်နည်းအားဖြင့်တော့ ပမာဏပြင်ဆင်တာဘဲလို့ ပြောလို့ရပါတယ်။၂၀၁၈ တစ်နှစ်လုံးရှိတယ်။၂၀၁၉ ရှိတယ်။အဲဒီအချိန်တွေမှာ အများကြီးလုပ်လို့ရပါတယ်။ပြည်သူအတွက် လုပ်လို့ရတယ် တိုင်းပြည်အတွက် လုပ်လို့ရတယ်” လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ မုံရွာဦးအောင်ရှင် က ဆိုပါတယ်။

လက်ရှိပြောင်းလဲနေတဲ့ အခြေအနေကို သုံးသပ်မိတဲ့ NLD ပါတီအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလပိုင်းအတွင်းက ပြုလုပ်ခဲ့တဲ့ တစ်နိုင်ငံလုံး ဗဟိုကော်မတီ အစည်းအဝေးမှာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ စတင်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ ဆုံးဖြတ်ချက် ၆ ချက်နဲ့ လက်ငင်းလုပ်ဆောင်ဖို့ဆိုပြီး အခြေခံမူတွေကို ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲကြီးအတွက် ရည်ရွယ်ပြီး ချမှတ်ခဲ့တယ် ဆိုပါတယ်။

တိုင်းရင်းသားပါတီကြီးတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ဦးစိုင်းအိုက်ပေါင်း ကတော့ ယခုအခြေအနေက ၂၀၂၀ နဲ့ ၂၀၁၅ အခြေအနေချင်း မတူတော့ဘူးလို့ ဆိုပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲကြီးကျရင်တော့ ဘယ်ပါတီမှ သောင်ပြိုကမ်းပြိုနိုင်မယ့် အလားအလာ မရှိတော့ဘူးလေ။NLD ကိုလည်း လူတွေက အကြိုက်လျော့သွားပြီလေ” လို့ ဆိုပါတယ်။

ပြည်သူလိုလားတဲ့ ဒီမိုကရေစီ ဖော်ဆောင်ဖို့။

နှစ်ပေါင်းများစွာ ပြည်သူများ တောင့်တခဲ့သည့် ဒီမိုကရေစီအစိုးရ တစ်ရပ်ကို ၂၀၁၅ ရွေးကောက်ပွဲကနေ တင်မြှောက်ထားနိုင်ခဲ့ပြီ ဖြစ်သော်လည်း ဒီမိုကရေစီစနစ် အားကောင်းမောင်းသန် ဖြစ်ထွန်းလာရန်အတွက်က အခက်အခဲများရှိနေဆဲ ဖြစ်ပါတယ်။
လက်ရှိ အရပ်သားအစိုးရလက်ထက်တွင် ပြည်သူများ လိုလားသည့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရန် အခြေခံကျသည့် တရားဥပဒေစိုးမိုးမှုမှာ လိုအပ်ချက်များစွာ ရှိနေသကဲ့သို့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတို့တွင် မတည်ငြိမ်အောင် လှုံ့ဆော်မှုများ မကြာခဏဖြစ်ပေါ်နေသည့်အတွက် အရပ်သားအစိုးရ သက်တမ်း ၅ နှစ်အတွင်း ပဋိပက္ခများ အကြပ်အတည်းများကြောင့် ဒီမိုကရေစီ ဖြစ်ထွန်းရန် အခြေခံလိုအပ်ချက်ရဲ့ အနည်းငယ်သာ ဖြစ်လာနိုင်၊ ရရှိဖြစ်ထွန်းလာနိုင်ခြေသာ ရှိပါတယ်။

ဒါ့အပြင် ယခု ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲနဲ့ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး အလွန်မှာ ဘာတွေကို ပြုပြင်ပြောင်းလဲနိုင်မလဲ ဖွဲ့စည်းပုံပြင်ဆင်ရေးတို့ကို ဆောင်ရွက်နိုင်မလားဆိုတဲ့ ကိစ္စရပ်ဟာလည်း ပြည်သူလူထုကြားမှာ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး က မဲဆွယ်စည်းရုံးပွဲတစ်ခုမှာ အခြေခံဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ဖို့မလိုဘဲ လူပြောင်းရင်ရပြီဆိုပြီး ပြောကြားမှုတွေရှိခဲ့သည့်အပေါ် လက်ရှိ အာဏာရပါတီရဲ့ ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာဦးအောင်ရှင် က “တစ်ချက်ဘဲ ကျွန်တော်ပြောချင်ပါတယ်။သူက လူလဲဖို့ဘဲ ပြောပြော၊ မူလဲဖို့ဘဲ ပြောပြော ကျွန်တော်တို့က တစ်ချက်ဘဲ ပြောချင်ပါတယ်။ပြည်သူလူထုကအဓိက ကျွန်တေ်ာတို့အားလုံး လိုချင်တဲ့ ဆန္ဒက ဘာလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပါဘဲ” လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ အာဏာရပါတီ NLD အစိုးရရဲ့ လုပ်ငန်းစဉ်တွေ အကြပ်အတည်းဖြစ်အောင် လုပ်ဆောင်နေတဲ့သူတွေ ရှိနေတဲ့အတွက် အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုဟာ ထင်သလောက် အရာမထင်ခဲ့ဘူးဆိုတဲ့ ယူဆချက်တွေက ထွက်ပေါ်ခဲ့ပါတယ်။ဒါဟာ နောင်လာမယ့် ရွေးကောက်ပွဲမှာ အာဏာရပါတီကို ထိခိုက်စေနိုင်တဲ့ အချက်တွေပါဘဲ။

ပါတီတစ်ခု ရွေးကောက်ခံရခြင်း၊ ရွေးကောက်မခံရခြင်းမှာ ထိုပါတီ တာဝန်ယူခဲ့သည့် ကာလအတွင်း ပြည်သူ့အကျိုးစီးပွား ဘယ်လောက်ဖော်ဆောင်ပေးနိုင်ခဲ့သလဲ။ပြည်သူကို ဘယ်လောက်မျက်နှာပြုခဲ့သလဲ ဆိုတဲ့ အချက်အပေါ် အဓိကကျနေတဲ့အတွက် လက်ရှိအစိုးရအနေနဲ့ လက်ကျန်သက်တမ်းအတွင်း ပြည်သူကို အကျိုးဖြစ်ထွန်းစေမယ့် လုပ်ဆောင်ချက်တွေ ဘယ်လောက်လုပ်ဆောင်နိုင်မလဲ ဆိုတဲ့ အချက်က ၂၀၂၀ မှာ အမျိုးသားရေးဝါဒီတွေနဲ့ ယှဉ်ပြိုင်ရမယ့် ဒီမိုကရက်တစ်တွေအတွက် အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။

ပြေသိမ်း
အောက်တိုဘာ - ၉

( Zawgyi )

၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ေသာင္ၿပိဳကမ္းၿပိဳ အႏိုင္ရခဲ့ၿပီး လႊတ္ေတာ္ႏွစ္ရပ္အတြင္း ကိုယ္စားလွယ္အမ်ားစု ေနရာကို ရယူခဲ့ပါတယ္။ထို႔အတူ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အာဏာရလာၿပီးေနာက္ပိုင္းမွာ ပါတီမွ လူအနည္းငယ္သာ ထည့္သြင္းၿပီး အတတ္ပညာရွင္၊ အသိပညာရွင္ေတြ ထည့္သြင္း၍ အစိုးရအဖြဲ႕ ဖြဲ႕စည္းကာ သက္တမ္းကာလ ႏွစ္ႏွစ္ေက်ာ္အတြင္း ထင္သာျမင္သာ ျပဳျပင္ေျပာင္းလဲမႈေတြကို ျပဳလုပ္ခဲ့ပါတယ္။

ဒါေပမယ့္ အခ်ိဳ႕ေသာ ျပဳျပင္ေျပာင္းလဲမႈေတြက အေျခခံျပည္သူလူထုေတြနဲ႔ အံံဝင္ဂြင္က်မႈ မရွိခဲ့တာေၾကာင့္ အရွိန္ရေနတဲ့ စီးပြားေရးနဲ႔ တိုင္းရင္းသားအေရးေတြမွာ တန႔္ခဲ့ရသလို ဒီမိုကရက္တစ္အစိုးရသစ္ တက္လာကတည္းက ကိုယ္က်ိဳးစီးပြား ထိခိုက္ခဲ့တဲ့ အင္အားစုေတြေၾကာင့္ ျပည္တြင္းမွာ မၾကာခဏဆိုသလို ပဋိပကၡေတြ၊ လူမ်ိဳးေရး ဘာသာေရး အစြန္းေရာက္ လႈပ္ရွားမႈေတြ ျဖစ္ခဲ့လို႔ အေျခခံက်တဲ့ တရားဥပေဒစိုးမိုးေရးကို ထင္သေလာက္ မတည္ေဆာက္ႏိုင္ေသးပါဘူး။

ဒီလိုအေျခအေနေတြေၾကာင့္ ၿပီးခဲ့တဲ့ ၂၀၁၇ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ NLD ပါတီရဲ႕ မဲအႏိုင္ရရွိမႈက သိသာစြာ က်ဆင္းခဲ့သလို တိုင္းရင္းသားပါတီေတြ အားေကာင္းလာခဲ့ပါတယ္။ဒီလိုျဖစ္လာတဲ့အတြက္ ယခုႏွစ္အတြင္း က်င္းပေတာ့မည့္ ၾကားျဖတ္ေ႐ြးေကာက္ပြဲနဲ႔ ၂၀၂၀ ခုႏွစ္၊ အေထြေထြေ႐ြးေကာက္ပြဲမွာ အာဏာရပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ၂၀၁၅ တုန္းကလို ေသာင္ၿပိဳကမ္းၿပိဳ အႏိုင္ရႏိုင္ပါဦးမလား၊ ဘယ္ပါတီေတြ အႏိုင္ရပါတီအျဖစ္ ေပၚထြက္လာမလဲဆိုတာ စိတ္ဝင္စားစရာ ျဖစ္လာခဲ့ပါတယ္။

ပါတီႀကီးမ်ား၏ ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရး မဲဆြယ္မႈ။    

ဒါေၾကာင့္ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲႀကီးတြင္ NLD ပါတီအတြက္ မဲေတြဘယ္ေရာက္ႏိုင္လည္းဆိုတာက စိတ္ဝင္စားစရာ အေကာင္းဆုံးပုစာၦ ျဖစ္ေနပါတယ္။NLD ပါတီအေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ အစိုးရအဖြဲ႕ ဖြဲ႕စည္းႏိုင္ခဲ့သည္အထိ ေအာင္ျမင္ခဲ့တာမွာ ၈၈ ေက်ာင္းသားေဟာင္းမ်ား၏ ပူးေပါင္းဝန္းရံမႈ က႑ကလည္း အခန္းက႑တစ္ခုအထိ အေရးပါခဲ့ပါတယ္။လက္ရွိအခ်ိန္မွာေတာ့ ၈၈ ေက်ာင္းသားေဟာင္းမ်ားက သီးျခားပါတီတစ္ရပ္အေနျဖင့္ ၂၀၂၀ တြင္ ေ႐ြးေကာက္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ျပင္လာတဲ့အတြက္ ဒီမိုကရက္တစ္ေတြကို ေပးမယ့္မဲေတြက ဘယ္သူ႔ဆီကို ေရာက္မလဲဆိုတာ စိတ္ဝင္စားဖို႔ ေကာင္းလာပါတယ္။

လက္ရွိ အာဏာရပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ဗဟိုျပန္ၾကားေရးေကာ္မတီ အတြင္းေရးမႉးျဖစ္သူ မုံ႐ြာဦးေအာင္ရွင္ ကေတာ့ “အခု ကြၽန္ေတာ္တို႔ ၾကားျဖတ္ေ႐ြးေကာက္ပြဲအတြက္က ကြၽန္ေတာ္တို႔ ပါတီက အမ်ားႀကီးျပင္ဆင္ထားၿပီးပါၿပီ။ေနာက္တစ္ခါ ၾကားျဖတ္ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရးအတြက္ စည္း႐ုံးေရးေကာ္မတီေတြ၊ ျပန္ၾကားေရးေကာ္မတီေတြ ဖြဲ႕စည္းၿပီး ေဆာင္႐ြက္ေနတာေတြ ရွိပါတယ္။မဲဆြယ္စည္း႐ုံးတာေတြ ေဟာေျပာတာေတြကိုလည္း ကြၽန္ေတ္ာတို႔ ဆက္တိုက္လုပ္ေနပါတယ္။ဒီေတာ့ ၾကားျဖတ္ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ကေတာ့ ကြၽန္ေတာ္တို႔ဘက္က ေတာ္ေတာ္ေလး ျပည့္ျပည့္စုံစုံလုပ္ထားၿပီးၿပီ လုပ္ေနပါၿပီ။ဒါတစ္ခ်က္ပါ။ေနာက္တစ္ခ်က္ကေတာ့ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ ကြၽန္ေတာ္တို႔ လစ္လပ္ (၁၃) ေနရာ အားလုံးကို ဝင္ၿပိဳင္မယ္ ကြၽန္ေတာ့အျမင္ကေတာ့ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ မဲဆႏၵနယ္ေတြမွာကေတာ့ လုံးဝအႏိုင္ရမယ္လို႔ ေမွ်ာ္မွန္းထားပါတယ္” လို႔ ဆိုပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီရဲ႕ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦး ကေတာ့ ပါတီမဲဆြယ္စည္း႐ုံးမႈ ကိစၥေတြနဲ႔ ပတ္သက္ၿပီး “ကြၽန္ေတာ္တို႔ အႏိုင္ရရွိဖို႔ဆိုတဲ့ဟာက အခု ကြၽန္ေတာ္တို႔ရဲ႕ ပါတီဥကၠ႒ႀကီးကိုယ္တိုင္ ေ႐ြးေကာက္ပြဲလုပ္မယ့္ နယ္ေျမေတြကို အေရာက္သြားမွာပါ။လက္ရွိ မႏၲေလးတိုင္း၊ မေကြးတိုင္း၊ ခ်င္းျပည္နယ္ေတြကို မဲဆြယ္စည္း႐ုံးမႈေတြအေနနဲ႔ သြားေရာက္ခဲ့ၿပီးပါၿပီ။ေနာက္တစ္ခုက ကိုယ္စားလွယ္ေလာင္းေတြကလည္း တစ္အိမ္တက္ တစ္အိမ္ဆင္းေပါေ့လ။မဲေပးပုံ နည္းစနစ္ေတြကို ျပသတယ္။ကြၽန္ေတာ္တို႔ ပါတီရဲ႕ လုပ္ေဆာင္မႈေတြကို ျပည္သူလူထုကို ခ်ျပတယ္။ေျပာတယ္ ဒါေၾကာင့္ နယ္ေျမေတြမွာလည္း ကိုယ္စားလွယ္ေလာင္းေတြနဲ႔ လုပ္တယ္။ပိုမိုေတာက္ပတဲ့ အနာဂတ္ေရာက္ဖို႔ ကြၽန္ေတာ္တို႔ပါတီက လူေတြက အဆင္သင့္ျဖစ္ၿပီးသားလို႔ဘဲ ျပည္သူလူထုကို မတ္ေဆ့ေပးခ်င္ပါတယ္” လို႔ ေျပာပါတယ္။

လက္ရွိ မဲဆြယ္စည္း႐ုံးေရးကာလမွာေတာ့ ၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရးအတြက္ ပါတီႀကီးေတြရဲ႕ မဲဆြယ္စည္း႐ုံးမႈေတြက အၿပိဳင္အဆိုင္ရွိေနတာပါ။ဒါေၾကာင့္လည္း ယခုၾကားျဖတ္ေ႐ြးေကာက္ပြဲဟာ ျပည္သူလူထုက အမွတ္ေပးဆုံးျဖတ္မယ့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲႀကီးရဲ႕ ႀကိဳတင္အားစမ္းပြဲဆိုလည္း မမွားပါဘူး။

၂၀၂၀ အလြန္မွာ ၫြန႔္ေပါင္းအစိုးရ ျဖစ္လာႏိုင္မလား။

အာဏာလက္လႊတ္ခဲ့ရတဲ့ USDP ပါတီအေနနဲ႔ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ၂၀၁၅ ခုႏွစ္ကထက္ ေနရာပို၍ရရွိႏိုင္မယ္လို႔ ထင္ျမင္ယူဆခ်က္ေတြရွိေနေပမယ့္ ႏိုင္ငံေရးေလ့လာသုံးသပ္သူ အခ်ိဳ႕ကေတာ့ ျပည္နယ္ေတြမွာ တိုင္းရင္းသားပါတီေတြရဲ႕ အားေကာင္းလာမႈေၾကာင့္ ၂၀၂၀ အလြန္ လႊတ္ေတာ္အခင္းအက်င္းက ယခုလို ႏွစ္ပါတီတည္း အားၿပိဳင္မႈထက္ ပါတီေပါင္းစုံ ပါဝင္လာႏိုင္မႈမ်ားလို႔ ပါတီတစ္ခုတည္းက အစိုးရဖြဲ႕ႏိုင္ေျခမရွိဘဲ ၫႊန႔္ေပါင္းအစိုးရ ဖြဲ႕စည္းရမယ့္ အေျခအေနတစ္ရပ္ ျဖစ္လာမယ္လို႔လည္း ခန႔္မွန္းထားၾကပါတယ္။

ရခိုင္အမ်ိဳးသားပါတီ ANP ၏ ေျပာေရးဆိုခြင့္ရွိသူ ဦးထြန္းေအာင္ေက်ာ္ က “ၿပီးခဲ့တဲ့ ၂၀၁၀ ေ႐ြးေကာက္ပြဲနဲ႔ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာဆိုရင္ ပါတီႀကီးတစ္ခုကဘဲ ရာႏႈန္းျပည့္ အႏိုင္ရခဲ့တာရွိေပမယ့္ အခုလာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲက်ရင္ ကြၽန္ေတာ္တို႔ ခန႔္မွန္းတာက အဲ့လိုအေျခအေနမ်ိဳး ျဖစ္ႏိုင္မယ္ မထင္ပါဘူး။ျပည္ခိုင္ၿဖိဳးပါတီရဲ႕ ရပ္တည္မႈက ျပည္သူလူထုအေပၚမွာ စည္း႐ုံးႏိုင္စြမ္းမရွိဘူးလို႔ ျမင္တယ္။ေနာက္တစ္ခုကလည္း ကြၽန္ေတာ္တို႔ ႏွစ္ႏွစ္ေက်ာ္ ျဖတ္သန္းခဲ့တဲ့ အာဏာရပါတီႀကီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကိုလည္း ျပည္သူလူထုက အရင္လို ရာႏႈန္းျပည့္ေထာက္ခံေနတဲ့ အေနအထားမရွိဘူးလို႔ ျမင္တယ္။ေနာက္တစ္ခု လူငယ္ႏိုင္ငံေရးသမားေတြျဖစ္တဲ့ ရွစ္ေလးလုံး ႏိုင္ငံေရးပါတီက ေပၚေပါက္လာၿပီ။ႏိုင္ငံေရးပါတီတစ္ခုအေနနဲ႔ ေပၚေပါက္လာၿပီ ျဖစ္တယ္။အဲဒါေၾကာင့္ ၂၀၂၀ ေ႐ြးေကာက္ပြဲ အေျခအေနသည္ ပါတီႀကီးတစ္ခုတည္းက လြတ္လြတ္ကြၽတ္ကြၽတ္ ေသာင္ၿပိဳကမ္းၿပိဳ ႏိုင္တာမ်ိဳး မရွိႏိုင္ပါဘူး။အခု ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာလည္း ရေသ့ေတာင္ မဲဆႏၵနယ္မွာ ႏိုင္ငံေရးပါတီ (၃) ခုနဲ႔ တသီးပုဂၢလတစ္ဦး ဝင္ၿပိဳင္ဖို႔ရွိေနပါတယ္။ပါတီမဲဆြယ္စည္း႐ုံးေရးကာလရဲ႕ ရက္ေပါင္း (၆၀) မွာ ခြင့္ျပဳတဲ့ေန႔ကစၿပီးေတာ့ ကြၽန္ေတာ္တို႔ စည္း႐ုံးေရးေတြ ဆင္းေနတယ္။ေဒသခံ လူထုေထာက္ခံမႈေတြကလည္း ရွိေနတဲ့အတြက္ ကြၽန္ေတာ္တို႔ပါတီက ႏိုင္ႏိုင္ေျခမ်ားပါတယ္” လို႔ ေျပာပါတယ္။

“ႏိုင္ငံေရးပါတီတစ္ခု ေအာင္ျမင္ဖို႔ဆိုတာက ပါတီရဲ႕ စည္း႐ုံးေရးလိုတယ္၊ ပါတီစည္းကမ္းလိုတယ္၊ ထိန္းသိမ္းေရး လိုပါတယ္။ပါတီတည္ေဆာက္ေရး လိုတယ္ေပါ့ေနာ္။ဒီ (၄) ခုက အဓိကက်တယ္။အဲဒီဟာကို ကြၽန္ေတာ္တို႔က ဗဟိုေကာ္မတီ အစည္းအေဝးကေန လုပ္ေဆာင္ဖို႔အတြက္ ဆုံးျဖတ္ခ်က္ခ်တယ္။အဲဒါကိုက တစ္နည္းအားျဖင့္ေတာ့ ပမာဏျပင္ဆင္တာဘဲလို႔ ေျပာလို႔ရပါတယ္။၂၀၁၈ တစ္ႏွစ္လုံးရွိတယ္။၂၀၁၉ ရွိတယ္။အဲဒီအခ်ိန္ေတြမွာ အမ်ားႀကီးလုပ္လို႔ရပါတယ္။ျပည္သူအတြက္ လုပ္လို႔ရတယ္ တိုင္းျပည္အတြက္ လုပ္လို႔ရတယ္” လို႔လည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ မုံ႐ြာဦးေအာင္ရွင္ က ဆိုပါတယ္။

လက္ရွိေျပာင္းလဲေနတဲ့ အေျခအေနကို သုံးသပ္မိတဲ့ NLD ပါတီအေနနဲ႔ ၿပီးခဲ့တဲ့ ဇန္နဝါရီလပိုင္းအတြင္းက ျပဳလုပ္ခဲ့တဲ့ တစ္ႏိုင္ငံလုံး ဗဟိုေကာ္မတီ အစည္းအေဝးမွာ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ျပင္ဆင္မႈေတြ စတင္ခဲ့ပါတယ္။
အဲဒီအစည္းအေဝးမွာ ဆုံးျဖတ္ခ်က္ ၆ ခ်က္နဲ႔ လက္ငင္းလုပ္ေဆာင္ဖို႔ဆိုၿပီး အေျခခံမူေတြကို ၂၀၁၈ ခုႏွစ္ ၾကားျဖတ္ေ႐ြးေကာက္ပြဲနဲ႔ ၂၀၂၀ ေ႐ြးေကာက္ပြဲႀကီးအတြက္ ရည္႐ြယ္ၿပီး ခ်မွတ္ခဲ့တယ္ ဆိုပါတယ္။

တိုင္းရင္းသားပါတီႀကီးတစ္ခုျဖစ္တဲ့ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) မွ ဦးစိုင္းအိုက္ေပါင္း ကေတာ့ ယခုအေျခအေနက ၂၀၂၀ နဲ႔ ၂၀၁၅ အေျခအေနခ်င္း မတူေတာ့ဘူးလို႔ ဆိုပါတယ္။

“၂၀၂၀ ေ႐ြးေကာက္ပြဲႀကီးက်ရင္ေတာ့ ဘယ္ပါတီမွ ေသာင္ၿပိဳကမ္းၿပိဳႏိုင္မယ့္ အလားအလာ မရွိေတာ့ဘူးေလ။NLD ကိုလည္း လူေတြက အႀကိဳက္ေလ်ာ့သြားၿပီေလ” လို႔ ဆိုပါတယ္။

ျပည္သူလိုလားတဲ့ ဒီမိုကေရစီ ေဖာ္ေဆာင္ဖို႔။

ႏွစ္ေပါင္းမ်ားစြာ ျပည္သူမ်ား ေတာင့္တခဲ့သည့္ ဒီမိုကေရစီအစိုးရ တစ္ရပ္ကို ၂၀၁၅ ေ႐ြးေကာက္ပြဲကေန တင္ေျမႇာက္ထားႏိုင္ခဲ့ၿပီ ျဖစ္ေသာ္လည္း ဒီမိုကေရစီစနစ္ အားေကာင္းေမာင္းသန္ ျဖစ္ထြန္းလာရန္အတြက္က အခက္အခဲမ်ားရွိေနဆဲ ျဖစ္ပါတယ္။
လက္ရွိ အရပ္သားအစိုးရလက္ထက္တြင္ ျပည္သူမ်ား လိုလားသည့္ ဒီမိုကေရစီစနစ္ ေဖာ္ေဆာင္ရန္ အေျခခံက်သည့္ တရားဥပေဒစိုးမိုးမႈမွာ လိုအပ္ခ်က္မ်ားစြာ ရွိေနသကဲ့သို႔ စီးပြားေရး၊ လူမႈေရး၊ ႏိုင္ငံေရးတို႔တြင္ မတည္ၿငိမ္ေအာင္ လႈံ႕ေဆာ္မႈမ်ား မၾကာခဏျဖစ္ေပၚေနသည့္အတြက္ အရပ္သားအစိုးရ သက္တမ္း ၅ ႏွစ္အတြင္း ပဋိပကၡမ်ား အၾကပ္အတည္းမ်ားေၾကာင့္ ဒီမိုကေရစီ ျဖစ္ထြန္းရန္ အေျခခံလိုအပ္ခ်က္ရဲ႕ အနည္းငယ္သာ ျဖစ္လာႏိုင္၊ ရရွိျဖစ္ထြန္းလာႏိုင္ေျခသာ ရွိပါတယ္။

ဒါ့အျပင္ ယခု ၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲနဲ႔ လာမယ့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲႀကီး အလြန္မွာ ဘာေတြကို ျပဳျပင္ေျပာင္းလဲႏိုင္မလဲ ဖြဲ႕စည္းပုံျပင္ဆင္ေရးတို႔ကို ေဆာင္႐ြက္ႏိုင္မလားဆိုတဲ့ ကိစၥရပ္ဟာလည္း ျပည္သူလူထုၾကားမွာ စိတ္ဝင္စားမႈျမင့္တက္ေနတဲ့ ကိစၥရပ္တစ္ခု ျဖစ္ပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးသန္းေဌး က မဲဆြယ္စည္း႐ုံးပြဲတစ္ခုမွာ အေျခခံဖြဲ႕စည္းပုံဥပေဒကို ျပင္ဆင္ဖို႔မလိုဘဲ လူေျပာင္းရင္ရၿပီဆိုၿပီး ေျပာၾကားမႈေတြရွိခဲ့သည့္အေပၚ လက္ရွိ အာဏာရပါတီရဲ႕ ဗဟိုျပန္ၾကားေရး အတြင္းေရးမႉး မုံ႐ြာဦးေအာင္ရွင္ က “တစ္ခ်က္ဘဲ ကြၽန္ေတာ္ေျပာခ်င္ပါတယ္။သူက လူလဲဖို႔ဘဲ ေျပာေျပာ၊ မူလဲဖို႔ဘဲ ေျပာေျပာ ကြၽန္ေတာ္တို႔က တစ္ခ်က္ဘဲ ေျပာခ်င္ပါတယ္။ျပည္သူလူထုကအဓိက ကြၽန္ေတ္ာတို႔အားလုံး လိုခ်င္တဲ့ ဆႏၵက ဘာလဲဆိုေတာ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးပါဘဲ” လို႔ တုံ႔ျပန္ေျပာၾကားခဲ့ပါတယ္။

လက္ရွိမွာ အာဏာရပါတီ NLD အစိုးရရဲ႕ လုပ္ငန္းစဥ္ေတြ အၾကပ္အတည္းျဖစ္ေအာင္ လုပ္ေဆာင္ေနတဲ့သူေတြ ရွိေနတဲ့အတြက္ အစိုးရရဲ႕ ျပဳျပင္ေျပာင္းလဲမႈဟာ ထင္သေလာက္ အရာမထင္ခဲ့ဘူးဆိုတဲ့ ယူဆခ်က္ေတြက ထြက္ေပၚခဲ့ပါတယ္။ဒါဟာ ေနာင္လာမယ့္ ေ႐ြးေကာက္ပြဲမွာ အာဏာရပါတီကို ထိခိုက္ေစႏိုင္တဲ့ အခ်က္ေတြပါဘဲ။

ပါတီတစ္ခု ေ႐ြးေကာက္ခံရျခင္း၊ ေ႐ြးေကာက္မခံရျခင္းမွာ ထိုပါတီ တာဝန္ယူခဲ့သည့္ ကာလအတြင္း ျပည္သူ႔အက်ိဳးစီးပြား ဘယ္ေလာက္ေဖာ္ေဆာင္ေပးႏိုင္ခဲ့သလဲ။ျပည္သူကို ဘယ္ေလာက္မ်က္ႏွာျပဳခဲ့သလဲ ဆိုတဲ့ အခ်က္အေပၚ အဓိကက်ေနတဲ့အတြက္ လက္ရွိအစိုးရအေနနဲ႔ လက္က်န္သက္တမ္းအတြင္း ျပည္သူကို အက်ိဳးျဖစ္ထြန္းေစမယ့္ လုပ္ေဆာင္ခ်က္ေတြ ဘယ္ေလာက္လုပ္ေဆာင္ႏိုင္မလဲ ဆိုတဲ့ အခ်က္က ၂၀၂၀ မွာ အမ်ိဳးသားေရးဝါဒီေတြနဲ႔ ယွဥ္ၿပိဳင္ရမယ့္ ဒီမိုကရက္တစ္ေတြအတြက္ အဆုံးအျဖတ္ ျဖစ္လာႏိုင္ပါတယ္။

ေျပသိမ္း
ေအာက္တိုဘာ - ၉