【 ဆောင်းပါး 】 “ပြည်သူတွေ မျှော်လင့်ခဲ့သလို ဗိုလ်ချုပ်ရုပ်ရှင် အောင်မြင်နိုင်ပါ့မလား”

【 ဆောင်းပါး 】 “ပြည်သူတွေ မျှော်လင့်ခဲ့သလို ဗိုလ်ချုပ်ရုပ်ရှင် အောင်မြင်နိုင်ပါ့မလား”

ဗိုလ်ချုပ်ရုပ်ရှင်ကားကြီးကိုရိုက်ဖို့ စတင်ဆောင်ရွက်လာတာ ကာလအတော်ကြာပါပြီ။ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားကြီးဟာ ကျွန်တော်တိုင်းပြည်အတွက် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနဲ့ ဆက်စပ်ယှဉ်တွဲနေပါတယ်။ဗိုလ်ချုပ်အထ္တုပတ္တိကို ပုံဖော်ရိုက်ကူးမယ်ဆိုရင်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝဖြတ်သန်းမှုဖြစ်စဉ်မှာ ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုအောင်ဆန်း က စရမှာဖြစ်ပါတယ်။

နောက် ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံရေးခေါင်းဆောင် သခင်အောင်ဆန်း၊ ကွန်မြူနစ်ပါတီရဲ့ ချိတ်ဆက်ပေးမှုအရ တရုတ်ပြည်ကို လျှို့ဝှက်သွားရောက်ခဲ့တဲ့ခရီးစဉ်၊ ဂျပန်ပြည်ကို ရောက်ရှိသွားပြီး စစ်ပညာသင်ခဲ့ရတဲ့ အခြေအနေတွေ၊ ရဲဘော်သုံးကျိပ် ဖွဲ့စည်းပြီး မြန်မာပြည်ကို ပြန်ဝင်လာပြီး နယ်ချဲ့အင်္ဂလိပ်ကို တိုက်ခိုက်ခဲ့မှု၊ ဖက်ဆစ်ဂျပန် တော်လှန်ရေး၊ မြန်မာနိုင်ငံရဲ့ စစ်သေနာပတိ၊ ပင်လုံစာချုပ်ကို အောင်မြင်အောင်ကြိုးပမ်းခဲ့တဲ့ လူထုခေါင်းဆောင် စတာတွေကနေ မြန်မာပြည် လွတ်လပ်ရေးရရှိဖို့အတွက် မနားမနေ ကြိုးပမ်းလုပ်ဆောင်မှုတွေ၊ နောက်ဆုံး ဗိုလ်ချုပ်တို့ကျဆုံးသွားရတဲ့ လုပ်ကြံမှုအထိ ပါဝင်ရမယ့် အခန်းတွေတိုင်းဟာ အလွန်အရေးကြီးသလို၊ သမိုင်းဆိုင်ရာတွေလည်း မှန်မှန်ကန်ကန် ဖြစ်ရပါလိမ့်မယ်။

ဒီဇာတ်ကားကြီးမှာ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်ထဲကို အလေးထားလို့လည်းမရပါဘူး။ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဆက်နွယ်နေတဲ့ ပုဂ္ဂိုလ်ငါးဆယ်လောက် ပါဝင်လာမှာပါ။ဒီ ဗိုလ်ချုပ်ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့ စတင်ဆောင်ရွက်ခဲ့တာ လေးငါးနှစ်ကြာခဲ့ပြီဖြစ်သလို၊ ရိုက်ကူးရေးဆောင်ရွက်မယ့် ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာတွေလည်း ပြောင်းလဲပြီးရင်း ပြောင်းလဲခဲ့ပါတယ်။ဒီဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည် က နာယကအဖြစ် ပါဝင်ခဲ့သလို၊ ဥက္ကဋ္ဌအဖြစ် စာရေးဆရာ ဦးမိုးသူ က တာဝန်ယူခဲ့ပါတယ်။

ဒါရိုက်တာတာဝန်ကိုတော့ ကဗျာဆရာ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကို တာဝန်ပေးထားခဲ့ပါတယ်။အခုအချိန်မှာတော့ ဒီဗိုလ်ချုပ်ရုပ်ရှင်ကားကြီးကို ဇာတ်ညွှန်းရေးဆရာများနဲ့ ဒါရိုက်တာအဖြစ် သရုပ်ဆောင် လူမင်း လက်ထဲကို တာဝန်ပေးထားပါတယ်။ဒါရိုက်တာ လူမင်း ကတော့ "ကျွန်တော့်အနေနဲ့လည်း ဒီရုပ်ရှင်ကြီးကို အောင်အောင်မြင်မြင်နဲ့ အကောင်းဆုံးဖြစ်အောင် မြန်မာနိုင်ငံက အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ ဝန်ကြီးဋ္ဌာနတွေ အားလုံးပေါင်းပြီးတော့ နိုင်ငံတကာအဆင့်မီ ရိုက်ကူးထုတ်လုပ်ပြီး ဒီရုပ်ရှင်ကြီးကို ပြည်သူလူထုဆီ ချပြနိုင်လိမ့်မယ်လို့ ကျွန်တော်လုံးဝယုံကြည်ပါတယ်" လို့ ပြောသွားပါတယ်။

အဲဒီလိုပြောခဲ့သလို၊၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့၊ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ အောင်ဆန်းရုပ်ရှင် စတင်ရိုက်ကူးမှု အခမ်းအနားမှာတော့ ဒါရိုက်တာ လူမင်း ကပဲ "ဒီဇာတ်ကားက ရိုက်ကူးနိုင်ဖို့အတွက် အခက်အခဲတွေက အများကြီးပါ၊ ခုချိန်မှာတော့ ဇာတ်ကားစတင်ရိုက်ကူးတော့မှာပါ။ကြိုတင်ပန်ကြားထားချင်တာက ဒီရုပ်ရှင်ဟာ သမိုင်းမှတ်တမ်းမဟုတ်ပါဘူး။စစ်ကားလည်းမဟုတ်ပါဘူး။အတ္ထုပ္ပတ္တိဇာတ်ကားလည်းမဟုတ်ပါဘူး။ ရုပ်ရှင်တစ်ကားမျှသာ ဖြစ်ပါတယ်" လို့ ဆိုပြန်ပါတယ်။

ဒီဗိုလ်ချုပ်ရုပ်ရှင်ကားကြီးကို တာဝန်ယူမယ့် ဖြစ်မြောက်ရေး နာယက ကနေ အဖွဲ့ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တာဝန်ယူထားပြီး၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီရဲ့ ဥက္ကဋ္ဌတာဝန်ကိုတော့ ပြည်ထောင်စုဝန်ကြီးတစ်ယောက်ဖြစ်တဲ့ သူရဦးအောင်ကို က တာဝန်ယူထားပါတယ်။ဒါဆို ဒီဗိုလ်ချုပ်ရုပ်ရှင်ကားကြီးကို နိုင်ငံတော်အဆင့်ရိုက်ကူးတဲ့ ရုပ်ရှင်ကားကြီးတစ်ကားအဖြစ် သတ်မှတ်ရမှာပါ။

နောက်အခြေအနေတစ်ခုကတော့ ဒီဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် ပြည်တွင်း ပြည်ပမှ အလှူငွေကျပ် ၁၂၂,၅၈၀,၀၀၀၊ အမေရိကန်ဒေါ်လာ ၄,၅၀၀ ကို လက်ခံရရှိထားပြီး ဖြစ်ပါတယ်။အခုဆိုရင် မြန်မာ့ဆက်သွယ်ရေး MPT ကနေ ဗိုလ်ချုပ်ရုပ်ရှင်အတွက် အလှူခံနေပါတယ်။ဒီလောက်များပြားတဲ့ ငွေတွေအပြင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို ကလည်း လိုအပ်တဲ့ငွေတွေကို ထောက်ပံ့သွားမယ်လို့ ပြောပါတယ်။ပြောချင်တာက ဒီဗိုလ်ချုပ်ရုပ်ရှင်ကြီးမှာ ဒါရိုက်တာတာဝန် ပေးခံထားရတဲ့ လူမင်း က "သမိုင်းမှတ်တမ်းမဟုတ်ပါဘူး။စစ်ကားလည်းမဟုတ်ပါဘူး။အတ္ထုပ္ပတ္တိဇာတ်ကားလည်းမဟုတ်ပါဘူး။ရုပ်ရှင်တစ်ကားမျှသာ ဖြစ်ပါတယ်" လို့ ပြောလိုက်တာ အလွန်အံ့သြဖွယ်ကောင်းပါတယ်။သာမန်ရုပ်ရှင်ကားတစ်ကားဆိုရင် ကုမ္ပဏီတစ်ခုအနေနဲ့ တာဝန်ယူရိုက်ရင်တော့ ဘာမှပြောစရာမလိုပါဘူး။နိုင်ငံတော်အဆင့် ပံ့ပိုးမှု။ပြည်သူတွေရဲ့ အလှူငွေတွေနဲ့ ရိုက်ကူးမယ့် သမိုင်းဝင်ကားကြီးတစ်ခုအနေနဲ့ ဒီလိုလက်လွတ်စပယ် မပြောသင့်ပါဘူး။သမိုင်းတရားခံ ဖြစ်သွားမှာကိုကြောက်ရင် ဒါရိုက်တာတာဝန် မယူသင့်ပါဘူး။

အနုပညာနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးမှုကို မဝေဖန်ချင်တော့ဘူးလို့နေတာပါ။အခုလက်ရှိအခြေအနေမှာ လုံးဝမဖြစ်သင့်၊ မရိုက်သင့်ပါဘူး။အနုပညာအရ ကြည့်မယ်ဆိုရင်၊ ကမ္ဘာ့အဆင့်အတန်းမှီအောင် ဖန်တီးနိုင်တဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ သရုပ်ဆောင်တွေ မရှိသေးပါဘူး။ကမ္ဘာ့အဆင့်အတန်း မှီဖို့မပြောနဲ့။အာဆီယံအဆင့်တောင် မမှီသေးပါဘူး။ဗိုလ်ချုပ်ရုပ်ရှင်ကို ရိုက်မယ်ဆိုရင် မြန်မာပြည်အဆင့် ပေါကားတော်တော်များများလို အချိတ်အဆက်လွဲချော်မှုတွေ၊ အပြောအဆို သရုပ်ဆောင်မတိကျမှုတွေ၊ ဖြစ်သလိုရိုက်ကူးတဲ့ ရိုက်ကွင်းလိုအပ်ချက်တွေ ရှိနေပါလိမ့်မယ်။နောက်ပြီး ဒီရုပ်ရှင်ကားမှာ ပါဝင်ရမယ့် လိုကေးရှင်းတွေ (ဥပမာ - ပြည်တွင်းမှာရှိခဲ့တဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ဒေသတွေ။ဗြိတိသျှခေတ် ထောင်တွေ၊ သမဂ္ဂအဆောက်အအုံ၊ ဖဆပလအဆောက်အအုံတွေ။ပြည်ပနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ အင်္ဂလန် စတဲ့ တိုင်းပြည်တွေမှာရှိတဲ့ နေရာအခင်းအကျင်းတွေ။ဗိုလ်ချုပ်တို့ လွတ်လပ်ရေးလှုပ်ရှားခဲ့စဉ် ခေတ်ကာလအတိုင်း ပြန်ဖန်တီးနိုင်မလား။(တရုတ်နဲ့ ကိုရီးယား နန်းတွင်းကားတွေလို လူအင်အား ထောင်သောင်းပါဝင်အောင် ရိုက်နိုင်ပါ့မလား)။

နောက်တစ်ခုက ဗိုလ်ချုပ်ရုပ်ရှင်မှာ အဓိကပါဝင်နေမယ့် အနည်းဆုံး လူ ၅၀ လောက်ရဲ့ စရိုက် (ကာရိုက်တာ) တွေ အချိန်ယူလေ့လာဖို့လိုပါတယ်။ဥပမာ - ကိုအောင်ဆန်း။ဒေါ်ခင်ကြည်။ဦးညိုမြ။သခင်ဗဟိန်း။သခင်သန်းထွန်း။ သခင်စိုး။သခင်ကိုယ်တော်မှိုင်း။သခင်မြ။ဦးဘဝင်း။ဒီဒုတ်ဦးဘချို။ဦးနု။ဦးကျော်ငြိမ်း။ဦးဗဆွေ။ဂဋ္ဌုန်ဦးစော။ဦးသိန်းဖေမြင့်။
ဗိုလ်မှူးကြီးဆူဇူကီး။ရဲဘော်သုံးကျိပ်ဝင်တွေဖြစ်တဲ့ ဗိုလ်ကျော်ဇော။ဗိုလ်နေဝင်း အပါအဝင်။ဒီဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားမှာ ရုပ်ရှင်လောကထဲက သရုပ်ဆောင်တွေ မပါဝင်သင့်ပါဘူး။ခေါက်ရိုးကျိုးနေတဲ့ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်တွေဟာ ဒီသမိုင်းမှတ်တမ်း ဇာတ်ကားကြီးကို အနှောင့်အယှက် ဖြစ်စေပါလိမ့်မယ်။အံ့သြစရာအကောင်းဆုံး ရွေးချယ်မှုတစ်ခုကို ပြောရမယ်ဆိုရင် သမိုင်းမှတ်တမ်းဝင် သခင်ဗဟိန်းအဖြစ် သရုပ်ဆောင် ညိုမင်းလွင် ကို ရွေးချယ်လိုက်တဲ့ကိစ္ စဖြစ်ပါတယ်။

နိုင်ငံရေးအရ ပြောမယ်ဆိုရင် ဗိုလ်ချုပ်ရုပ်ရှင်ဟာ မြန်မာပြည် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြီးဖြစ်ပါတယ်။ဘယ်အခန်းမှာမှ အမှားအယွင်းဖြစ်လို့ မရနိုင်ပါဘူး။အခုရိုက်မယ့် ဗိုလ်ချုပ်ရုပ်ရှင်ကားဟာ အနုပညာအနေနဲ့ရော။နိုင်ငံရေးသမိုင်းအနေနဲ့ရော မဖန်တီးနိုင်သေးပါဘူး။မြန်မာ့ရုပ်ရှင် အဆင့်အတန်းအရပြောရရင် ပေါကားကြီးပဲ ဖြစ်သွားပါလိမ့်မယ်။
ဝါရင့်အနုပညာရှင် ဒါရိုက်တာကြီး ဦးဝင်းဖေ ပြောသလို "မရိုက်သင့်ဘူး" လို့ပဲ ပြောရပါလိမ့်မယ်။

ပြောရမယ်ဆိုရင် ဗိုလ်ချုပ်ရုပ်ရှင်ဟာ နိုင်ငံတော်အဆင့်နဲ့ရိုက်တဲ့ သမိုင်းဝင်ဇာတ်ကားကြီးလို့ ပြောရပါလိမ့်မယ်။ဒီရုပ်ရှင်ကားကြီးအတွက် နိုင်ငံတော်ရဲ့ပံ့ပိုးမှု ရယူထားတာပါ။ပြည်သူတွေဆီက အလှူငွေတွေ ရယူထားပါတယ်။အခုဆို MPT က ရန်ပုံငွေကောက်ခံနေပါတယ်။ဒီကားကြီးကို သမိုင်းဝင်၊ သမိုင်းတွင်နိုင်ဖို့ ရည်ရွယ်ထားခဲ့သလို။ပြည်သူတွေ စောင့်စားမျှော်လင့်နေကြတာကိုလဲ သိကြပါတယ်။ဗိုလ်ချုပ်ရုပ်တုတွေလို ပုံပျက်ပန်းပျက် ဖြစ်နေကြတာ ပြည်သူတွေ ပြောင်လှောင်စရာ ဖြစ်နေပါတယ်။အဲ့ဒီလို ဗိုလ်ချုပ်ရုပ်ရှင်မှာ ပေါကားလိုဖြစ်နေမယ်ဆို ပြည်သူတွေ ပိုပြီးလှောင်ကြမှာပါ။

အမှန်တကယ်တော့ ဒီလို ၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန်မှာ ဗိုလ်ချုပ်ရုပ်ရှင်ကို ရိုက်ကူးပြီးစီးသွားခဲ့ရင် အာဏာရပါတီအတွက် မဲဆွယ်သလို ဖြစ်လာပါလိမ့်မယ်။တခြားပြိုင်ဘက်ပါတီတွေရဲ့ အနှောက်အယှက် အဟန့်အတားတွေ ပေါ်ပေါက်လာနိုင်ပါတယ်။အခုအချိန်မှာ ဒီရုပ်ရှင်ကားကြီး ဖြစ်မြောက်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်နေသလို၊ အာဏာရပါတီ ခေါင်းဆောင်လည်းဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် မဲဆွယ်စည်းရုံးမှုတစ်ခု ဖြစ်နေပါတယ်။ကမ္ဘာပေါ်မှာ နိုင်ငံခေါင်းဆောင်တွေရဲ့ အထ္တုပတ္တိရုပ်ရှင်ကားတွေကို နှစ်ပေါင်းများစွာ အချိန်ယူပြီးမှ ရိုက်ကူးခဲ့တာပါ။အခုအချိန်မှာ လောလောလတ်လတ် ရိုက်ကူးလိုက်မယ်ဆိုရင် ဖြစ်သလိုရိုက်လိုက်တဲ့ ရုပ်ရှင်ကားတစ်ကားမျှသာ ဖြစ်သွားပါလိမ့်မယ်။

မြတ်လှိုင်း
အောက်တိုဘာ - ၅

( Zawgyi )

ဗိုလ္ခ်ဳပ္႐ုပ္ရွင္ကားႀကီးကို႐ိုက္ဖို႔ စတင္ေဆာင္႐ြက္လာတာ ကာလအေတာ္ၾကာပါၿပီ။ဗိုလ္ခ်ဳပ္႐ုပ္ရွင္ဇာတ္ကားႀကီးဟာ ကြၽန္ေတာ္တိုင္းျပည္အတြက္ လြတ္လပ္ေရးႀကိဳးပမ္းမႈ သမိုင္းနဲ႔ ဆက္စပ္ယွဥ္တြဲေနပါတယ္။ဗိုလ္ခ်ဳပ္အထၱဳပတၱိကို ပုံေဖာ္႐ိုက္ကူးမယ္ဆိုရင္၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ဘဝျဖတ္သန္းမႈျဖစ္စဥ္မွာ ေက်ာင္းသားသမဂၢေခါင္းေဆာင္ ကိုေအာင္ဆန္း က စရမွာျဖစ္ပါတယ္။

ေနာက္ ဗမာျပည္ကြန္ျမဴနစ္ပါတီ အေထြေထြအတြင္းေရးမႉးခ်ဳပ္၊ ႏိုင္ငံေရးေခါင္းေဆာင္ သခင္ေအာင္ဆန္း၊ ကြန္ျမဴနစ္ပါတီရဲ႕ ခ်ိတ္ဆက္ေပးမႈအရ တ႐ုတ္ျပည္ကို လွ်ိဳ႕ဝွက္သြားေရာက္ခဲ့တဲ့ခရီးစဥ္၊ ဂ်ပန္ျပည္ကို ေရာက္ရွိသြားၿပီး စစ္ပညာသင္ခဲ့ရတဲ့ အေျခအေနေတြ၊ ရဲေဘာ္သုံးက်ိပ္ ဖြဲ႕စည္းၿပီး ျမန္မာျပည္ကို ျပန္ဝင္လာၿပီး နယ္ခ်ဲ႕အဂၤလိပ္ကို တိုက္ခိုက္ခဲ့မႈ၊ ဖက္ဆစ္ဂ်ပန္ ေတာ္လွန္ေရး၊ ျမန္မာႏိုင္ငံရဲ႕ စစ္ေသနာပတိ၊ ပင္လုံစာခ်ဳပ္ကို ေအာင္ျမင္ေအာင္ႀကိဳးပမ္းခဲ့တဲ့ လူထုေခါင္းေဆာင္ စတာေတြကေန ျမန္မာျပည္ လြတ္လပ္ေရးရရွိဖို႔အတြက္ မနားမေန ႀကိဳးပမ္းလုပ္ေဆာင္မႈေတြ၊ ေနာက္ဆုံး ဗိုလ္ခ်ဳပ္တို႔က်ဆုံးသြားရတဲ့ လုပ္ႀကံမႈအထိ ပါဝင္ရမယ့္ အခန္းေတြတိုင္းဟာ အလြန္အေရးႀကီးသလို၊ သမိုင္းဆိုင္ရာေတြလည္း မွန္မွန္ကန္ကန္ ျဖစ္ရပါလိမ့္မယ္။

ဒီဇာတ္ကားႀကီးမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း တစ္ေယာက္ထဲကို အေလးထားလို႔လည္းမရပါဘူး။ဗိုလ္ခ်ဳပ္ေအာင္ဆန္း နဲ႔ ဆက္ႏြယ္ေနတဲ့ ပုဂၢိဳလ္ငါးဆယ္ေလာက္ ပါဝင္လာမွာပါ။ဒီ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ကားႀကီး ႐ိုက္ကူးဖို႔ စတင္ေဆာင္႐ြက္ခဲ့တာ ေလးငါးႏွစ္ၾကာခဲ့ၿပီျဖစ္သလို၊ ႐ိုက္ကူးေရးေဆာင္႐ြက္မယ့္ ဒါ႐ိုက္တာ၊ ဇာတ္ၫႊန္းေရးဆရာေတြလည္း ေျပာင္းလဲၿပီးရင္း ေျပာင္းလဲခဲ့ပါတယ္။ဒီဗိုလ္ခ်ဳပ္႐ုပ္ရွင္ ျဖစ္ေျမာက္ေရးအဖြဲ႕မွာ ေဒၚေအာင္ဆန္းစုၾကည္ က နာယကအျဖစ္ ပါဝင္ခဲ့သလို၊ ဥကၠ႒အျဖစ္ စာေရးဆရာ ဦးမိုးသူ က တာဝန္ယူခဲ့ပါတယ္။

ဒါ႐ိုက္တာတာဝန္ကိုေတာ့ ကဗ်ာဆရာ၊ ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီး ကို တာဝန္ေပးထားခဲ့ပါတယ္။အခုအခ်ိန္မွာေတာ့ ဒီဗိုလ္ခ်ဳပ္႐ုပ္ရွင္ကားႀကီးကို ဇာတ္ၫႊန္းေရးဆရာမ်ားနဲ႔ ဒါ႐ိုက္တာအျဖစ္ သ႐ုပ္ေဆာင္ လူမင္း လက္ထဲကို တာဝန္ေပးထားပါတယ္။ဒါ႐ိုက္တာ လူမင္း ကေတာ့ "ကြၽန္ေတာ့္အေနနဲ႔လည္း ဒီ႐ုပ္ရွင္ႀကီးကို ေအာင္ေအာင္ျမင္ျမင္နဲ႔ အေကာင္းဆုံးျဖစ္ေအာင္ ျမန္မာႏိုင္ငံက အႏုပညာရွင္ေတြ၊ အတတ္ပညာရွင္ေတြ၊ ဝန္ႀကီး႒ာနေတြ အားလုံးေပါင္းၿပီးေတာ့ ႏိုင္ငံတကာအဆင့္မီ ႐ိုက္ကူးထုတ္လုပ္ၿပီး ဒီ႐ုပ္ရွင္ႀကီးကို ျပည္သူလူထုဆီ ခ်ျပႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္လုံးဝယုံၾကည္ပါတယ္" လို႔ ေျပာသြားပါတယ္။

အဲဒီလိုေျပာခဲ့သလို၊၂၀၁၉ ခုႏွစ္ စက္တင္ဘာ ၂၄ ရက္ေန႔၊ ရန္ကုန္ၿမိဳ႕ ႏိုဗိုတယ္ဟိုတယ္မွာ ေအာင္ဆန္း႐ုပ္ရွင္ စတင္႐ိုက္ကူးမႈ အခမ္းအနားမွာေတာ့ ဒါ႐ိုက္တာ လူမင္း ကပဲ "ဒီဇာတ္ကားက ႐ိုက္ကူးႏိုင္ဖို႔အတြက္ အခက္အခဲေတြက အမ်ားႀကီးပါ၊ ခုခ်ိန္မွာေတာ့ ဇာတ္ကားစတင္႐ိုက္ကူးေတာ့မွာပါ။ႀကိဳတင္ပန္ၾကားထားခ်င္တာက ဒီ႐ုပ္ရွင္ဟာ သမိုင္းမွတ္တမ္းမဟုတ္ပါဘူး။စစ္ကားလည္းမဟုတ္ပါဘူး။အတၳဳပၸတၱိဇာတ္ကားလည္းမဟုတ္ပါဘူး။ ႐ုပ္ရွင္တစ္ကားမွ်သာ ျဖစ္ပါတယ္" လို႔ ဆိုျပန္ပါတယ္။

ဒီဗိုလ္ခ်ဳပ္႐ုပ္ရွင္ကားႀကီးကို တာဝန္ယူမယ့္ ျဖစ္ေျမာက္ေရး နာယက ကေန အဖြဲ႕ဥကၠ႒အျဖစ္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ တာဝန္ယူထားၿပီး၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ရွင္ ႐ိုက္ကူးထုတ္လုပ္ေရး လုပ္ငန္းေကာ္မတီရဲ႕ ဥကၠ႒တာဝန္ကိုေတာ့ ျပည္ေထာင္စုဝန္ႀကီးတစ္ေယာက္ျဖစ္တဲ့ သူရဦးေအာင္ကို က တာဝန္ယူထားပါတယ္။ဒါဆို ဒီဗိုလ္ခ်ဳပ္႐ုပ္ရွင္ကားႀကီးကို ႏိုင္ငံေတာ္အဆင့္႐ိုက္ကူးတဲ့ ႐ုပ္ရွင္ကားႀကီးတစ္ကားအျဖစ္ သတ္မွတ္ရမွာပါ။

ေနာက္အေျခအေနတစ္ခုကေတာ့ ဒီဗိုလ္ခ်ဳပ္႐ုပ္ရွင္ ျဖစ္ေျမာက္ေရးအတြက္ ျပည္တြင္း ျပည္ပမွ အလႉေငြက်ပ္ ၁၂၂,၅၈၀,၀၀၀၊ အေမရိကန္ေဒၚလာ ၄,၅၀၀ ကို လက္ခံရရွိထားၿပီး ျဖစ္ပါတယ္။အခုဆိုရင္ ျမန္မာ့ဆက္သြယ္ေရး MPT ကေန ဗိုလ္ခ်ဳပ္႐ုပ္ရွင္အတြက္ အလႉခံေနပါတယ္။ဒီေလာက္မ်ားျပားတဲ့ ေငြေတြအျပင္ လုပ္ငန္းေကာ္မတီ ဥကၠ႒ သူရဦးေအာင္ကို ကလည္း လိုအပ္တဲ့ေငြေတြကို ေထာက္ပံ့သြားမယ္လို႔ ေျပာပါတယ္။ေျပာခ်င္တာက ဒီဗိုလ္ခ်ဳပ္႐ုပ္ရွင္ႀကီးမွာ ဒါ႐ိုက္တာတာဝန္ ေပးခံထားရတဲ့ လူမင္း က "သမိုင္းမွတ္တမ္းမဟုတ္ပါဘူး။စစ္ကားလည္းမဟုတ္ပါဘူး။အတၳဳပၸတၱိဇာတ္ကားလည္းမဟုတ္ပါဘူး။႐ုပ္ရွင္တစ္ကားမွ်သာ ျဖစ္ပါတယ္" လို႔ ေျပာလိုက္တာ အလြန္အံ့ၾသဖြယ္ေကာင္းပါတယ္။သာမန္႐ုပ္ရွင္ကားတစ္ကားဆိုရင္ ကုမၸဏီတစ္ခုအေနနဲ႔ တာဝန္ယူ႐ိုက္ရင္ေတာ့ ဘာမွေျပာစရာမလိုပါဘူး။ႏိုင္ငံေတာ္အဆင့္ ပံ့ပိုးမႈ။ျပည္သူေတြရဲ႕ အလႉေငြေတြနဲ႔ ႐ိုက္ကူးမယ့္ သမိုင္းဝင္ကားႀကီးတစ္ခုအေနနဲ႔ ဒီလိုလက္လြတ္စပယ္ မေျပာသင့္ပါဘူး။သမိုင္းတရားခံ ျဖစ္သြားမွာကိုေၾကာက္ရင္ ဒါ႐ိုက္တာတာဝန္ မယူသင့္ပါဘူး။

အႏုပညာနဲ႔ ပတ္သက္ၿပီးေတာ့ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ႐ိုက္ကူးမႈကို မေဝဖန္ခ်င္ေတာ့ဘူးလို႔ေနတာပါ။အခုလက္ရွိအေျခအေနမွာ လုံးဝမျဖစ္သင့္၊ မ႐ိုက္သင့္ပါဘူး။အႏုပညာအရ ၾကည့္မယ္ဆိုရင္၊ ကမာၻ႔အဆင့္အတန္းမွီေအာင္ ဖန္တီးႏိုင္တဲ့ ဒါ႐ိုက္တာ၊ ဇာတ္ၫႊန္းေရးဆရာ၊ သ႐ုပ္ေဆာင္ေတြ မရွိေသးပါဘူး။ကမာၻ႔အဆင့္အတန္း မွီဖို႔မေျပာနဲ႔။အာဆီယံအဆင့္ေတာင္ မမွီေသးပါဘူး။ဗိုလ္ခ်ဳပ္႐ုပ္ရွင္ကို ႐ိုက္မယ္ဆိုရင္ ျမန္မာျပည္အဆင့္ ေပါကားေတာ္ေတာ္မ်ားမ်ားလို အခ်ိတ္အဆက္လြဲေခ်ာ္မႈေတြ၊ အေျပာအဆို သ႐ုပ္ေဆာင္မတိက်မႈေတြ၊ ျဖစ္သလို႐ိုက္ကူးတဲ့ ႐ိုက္ကြင္းလိုအပ္ခ်က္ေတြ ရွိေနပါလိမ့္မယ္။ေနာက္ၿပီး ဒီ႐ုပ္ရွင္ကားမွာ ပါဝင္ရမယ့္ လိုေကးရွင္းေတြ (ဥပမာ - ျပည္တြင္းမွာရွိခဲ့တဲ့ ၁၃၀၀ ျပည့္အေရးေတာ္ပုံမွာ ပါဝင္ခဲ့တဲ့ ေဒသေတြ။ၿဗိတိသွ်ေခတ္ ေထာင္ေတြ၊ သမဂၢအေဆာက္အအုံ၊ ဖဆပလအေဆာက္အအုံေတြ။ျပည္ပႏိုင္ငံေတြျဖစ္တဲ့ အိႏၵိယ၊ တ႐ုတ္၊ ဂ်ပန္၊ အဂၤလန္ စတဲ့ တိုင္းျပည္ေတြမွာရွိတဲ့ ေနရာအခင္းအက်င္းေတြ။ဗိုလ္ခ်ဳပ္တို႔ လြတ္လပ္ေရးလႈပ္ရွားခဲ့စဥ္ ေခတ္ကာလအတိုင္း ျပန္ဖန္တီးႏိုင္မလား။(တ႐ုတ္နဲ႔ ကိုရီးယား နန္းတြင္းကားေတြလို လူအင္အား ေထာင္ေသာင္းပါဝင္ေအာင္ ႐ိုက္ႏိုင္ပါ့မလား)။

ေနာက္တစ္ခုက ဗိုလ္ခ်ဳပ္႐ုပ္ရွင္မွာ အဓိကပါဝင္ေနမယ့္ အနည္းဆုံး လူ ၅၀ ေလာက္ရဲ႕ စ႐ိုက္ (ကာ႐ိုက္တာ) ေတြ အခ်ိန္ယူေလ့လာဖို႔လိုပါတယ္။ဥပမာ - ကိုေအာင္ဆန္း။ေဒၚခင္ၾကည္။ဦးညိဳျမ။သခင္ဗဟိန္း။သခင္သန္းထြန္း။ သခင္စိုး။သခင္ကိုယ္ေတာ္မႈိင္း။သခင္ျမ။ဦးဘဝင္း။ဒီဒုတ္ဦးဘခ်ိဳ။ဦးႏု။ဦးေက်ာ္ၿငိမ္း။ဦးဗေဆြ။ဂ႒ုန္ဦးေစာ။ဦးသိန္းေဖျမင့္။
ဗိုလ္မႉးႀကီးဆူဇူကီး။ရဲေဘာ္သုံးက်ိပ္ဝင္ေတြျဖစ္တဲ့ ဗိုလ္ေက်ာ္ေဇာ။ဗိုလ္ေနဝင္း အပါအဝင္။ဒီဗိုလ္ခ်ဳပ္႐ုပ္ရွင္ဇာတ္ကားမွာ ႐ုပ္ရွင္ေလာကထဲက သ႐ုပ္ေဆာင္ေတြ မပါဝင္သင့္ပါဘူး။ေခါက္႐ိုးက်ိဳးေနတဲ့ သ႐ုပ္ေဆာင္ေတြရဲ႕ သ႐ုပ္ေဆာင္ခ်က္ေတြဟာ ဒီသမိုင္းမွတ္တမ္း ဇာတ္ကားႀကီးကို အေႏွာင့္အယွက္ ျဖစ္ေစပါလိမ့္မယ္။အံ့ၾသစရာအေကာင္းဆုံး ေ႐ြးခ်ယ္မႈတစ္ခုကို ေျပာရမယ္ဆိုရင္ သမိုင္းမွတ္တမ္းဝင္ သခင္ဗဟိန္းအျဖစ္ သ႐ုပ္ေဆာင္ ညိဳမင္းလြင္ ကို ေ႐ြးခ်ယ္လိုက္တဲ့ကိစ္ စျဖစ္ပါတယ္။

ႏိုင္ငံေရးအရ ေျပာမယ္ဆိုရင္ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ဟာ ျမန္မာျပည္ လြတ္လပ္ေရးႀကိဳးပမ္းမႈ သမိုင္းႀကီးျဖစ္ပါတယ္။ဘယ္အခန္းမွာမွ အမွားအယြင္းျဖစ္လို႔ မရႏိုင္ပါဘူး။အခု႐ိုက္မယ့္ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ကားဟာ အႏုပညာအေနနဲ႔ေရာ။ႏိုင္ငံေရးသမိုင္းအေနနဲ႔ေရာ မဖန္တီးႏိုင္ေသးပါဘူး။ျမန္မာ့႐ုပ္ရွင္ အဆင့္အတန္းအရေျပာရရင္ ေပါကားႀကီးပဲ ျဖစ္သြားပါလိမ့္မယ္။
ဝါရင့္အႏုပညာရွင္ ဒါ႐ိုက္တာႀကီး ဦးဝင္းေဖ ေျပာသလို "မ႐ိုက္သင့္ဘူး" လို႔ပဲ ေျပာရပါလိမ့္မယ္။

ေျပာရမယ္ဆိုရင္ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ဟာ ႏိုင္ငံေတာ္အဆင့္နဲ႔႐ိုက္တဲ့ သမိုင္းဝင္ဇာတ္ကားႀကီးလို႔ ေျပာရပါလိမ့္မယ္။ဒီ႐ုပ္ရွင္ကားႀကီးအတြက္ ႏိုင္ငံေတာ္ရဲ႕ပံ့ပိုးမႈ ရယူထားတာပါ။ျပည္သူေတြဆီက အလႉေငြေတြ ရယူထားပါတယ္။အခုဆို MPT က ရန္ပုံေငြေကာက္ခံေနပါတယ္။ဒီကားႀကီးကို သမိုင္းဝင္၊ သမိုင္းတြင္ႏိုင္ဖို႔ ရည္႐ြယ္ထားခဲ့သလို။ျပည္သူေတြ ေစာင့္စားေမွ်ာ္လင့္ေနၾကတာကိုလဲ သိၾကပါတယ္။ဗိုလ္ခ်ဳပ္႐ုပ္တုေတြလို ပုံပ်က္ပန္းပ်က္ ျဖစ္ေနၾကတာ ျပည္သူေတြ ေျပာင္ေလွာင္စရာ ျဖစ္ေနပါတယ္။အဲ့ဒီလို ဗိုလ္ခ်ဳပ္႐ုပ္ရွင္မွာ ေပါကားလိုျဖစ္ေနမယ္ဆို ျပည္သူေတြ ပိုၿပီးေလွာင္ၾကမွာပါ။

အမွန္တကယ္ေတာ့ ဒီလို ၂၀၂၀ ေ႐ြးေကာက္ပြဲ နီးကပ္လာတဲ့အခ်ိန္မွာ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ကို ႐ိုက္ကူးၿပီးစီးသြားခဲ့ရင္ အာဏာရပါတီအတြက္ မဲဆြယ္သလို ျဖစ္လာပါလိမ့္မယ္။တျခားၿပိဳင္ဘက္ပါတီေတြရဲ႕ အေႏွာက္အယွက္ အဟန႔္အတားေတြ ေပၚေပါက္လာႏိုင္ပါတယ္။အခုအခ်ိန္မွာ ဒီ႐ုပ္ရွင္ကားႀကီး ျဖစ္ေျမာက္ေရးအဖြဲ႕ရဲ႕ ဥကၠ႒ျဖစ္ေနသလို၊ အာဏာရပါတီ ေခါင္းေဆာင္လည္းျဖစ္ေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္အတြက္ မဲဆြယ္စည္း႐ုံးမႈတစ္ခု ျဖစ္ေနပါတယ္။ကမာၻေပၚမွာ ႏိုင္ငံေခါင္းေဆာင္ေတြရဲ႕ အထၱဳပတၱိ႐ုပ္ရွင္ကားေတြကို ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ယူၿပီးမွ ႐ိုက္ကူးခဲ့တာပါ။အခုအခ်ိန္မွာ ေလာေလာလတ္လတ္ ႐ိုက္ကူးလိုက္မယ္ဆိုရင္ ျဖစ္သလို႐ိုက္လိုက္တဲ့ ႐ုပ္ရွင္ကားတစ္ကားမွ်သာ ျဖစ္သြားပါလိမ့္မယ္။

ျမတ္လႈိင္း
ေအာက္တိုဘာ - ၅