【 ဆောင်းပါး 】 “ပြည်သူတွေရဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးရတော့မှာလား”

【 ဆောင်းပါး 】 “ပြည်သူတွေရဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးရတော့မှာလား”

အမှောင်ထဲရောက်နေတဲ့ တိုင်းပြည်မှာ ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်ဟာ သုညဖြစ်နေပြီလား။နိုင်ငံရေးရေချိန် အောက်ဆုံးအထိ ကျဆင်းနေတဲ့ တိုင်းပြည်ဟာ တဖြေးဖြေးကျဆုံးသွားရပါတယ်။တိုင်းပြည်ရဲ့ ကျဆုံးခြင်းဟာ ပြည်သူတွေကို ဆင်းရဲတွင်းထဲကနေ ဆွဲမထုတ်နိုင်ခြင်းနဲ့ သူတို့ရဲ့ ယုံကြည်အားထားတဲ့ ခေါင်းဆောင်အပေါ်မှာ ယုံကြည်မှုပျောက်ဆုံးသွားရခြင်းတွေအပေါ်မှာ မူတည်နေပါတယ်။တိုင်းပြည်တစ်ခုမှာ နိုင်ငံံရေးရေချိန်ကျခြင်းဟာ အန္တရာယ်ဖြစ်ပါတယ်။

အတိတ်က ဖြစ်ခဲ့တာကို ထားပါတော့။ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံံရေးရေချိန် ပြန်နိုးထလာတဲ့ အချိန်ဟာ ၁၉၈၈ ခုနှစ်က စတယ်လို့ ပြောရမှာပါ။ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့လို့ နိုင်ငံရေးရေချိန်ဟာ ပြန်ပြီး အမြင့်ဆုံးရေချိန်အမှတ်ကို ရောက်ခဲ့ပါတယ်။ဒီနိုင်ငံရေးရေချိန် တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာခဲ့တာ ၁၉၉၀ ခုနှစ်အထိ မြင့်တက်ခဲ့ပါတယ်။
မြင့်တက်လာတဲ့ နိုင်ငံရေးရေချိန်ကို တိုင်းတာမယ်ဆိုရင်၊ ပြည်သူတွေက စစ်အစိုးရပြုလုပ်ပေးတဲ့ အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံပါတီ အင်အယ်ဒီကို ပြတ်ပြတ်သားသား မဲပေးထောက်ခံတာကို ပြရပါလိမ့်မယ်။စစ်အစိုးရဟာ ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်ကို မတိုင်းတာ၊ မတွက်ချက်နိုင်လိုက်ပဲ အလစ်အငိုက် အလဲထိုးခံလိုက်ရတာပါ။

အဲဒီလိုအခြေအနေဆိုးကို ပြန်ဆယ်ဖို့အတွက် နိုင်ငံတကာအလယ်မှာ အရှက်ကွဲခံပြီး လိမ်ညာပြလိုက်ရပါတယ်။ပြည်သူတွေအတွက် မြင့်မားနေတဲ့ နိုင်ငံရေးရေချိန်ကို အသည်းအသန် တားဆီးလိုက်ရပါတယ်။ဒါကိုလည်း အားလုံးသိကြပါတယ်။ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်ကို စစ်အာဏာနဲ့ အတင်းရိုက်ချိုးလိုက်ရပါတယ်။ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်ထဲမှာ ပါဝင်စီးဆင်းပြီး ဦးဆောင်နေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေတင်မကပဲ၊ နိုင်ငံရေး တက်ကြွလှုံ့ဆော်နေသူတွေပါ သိမ်းကြုံးဖမ်းဆီးပြီး ထောင်ထဲထည့်သွင်းခဲ့ရပါတယ်။ဒီလိုပြည်သူတွေရဲ့ နိုင်ငံံရေးရေချိန်ကို ရပ်တန့်သွားအောင် အာဏာသုံးပြီး ပိတ်ပင်ထားခဲ့ရပါတယ်။နိုင်ငံရေးပါတီတွေ၊ နိုင်ငံံရေးအဖွဲ့အစည်းတွေ မလှုပ်ရှားနိုင်အောင်လည်း မတရားတဲ့ ဥပဒေတွေနဲ့ တုပ်နှောင်ထားခဲ့ပါတယ်။

၁၉၉၀ ခုနှစ်က စပြီး တဖြေးဖြေးနဲ့ နိုင်ငံံရေးအခြေအနေဟာ ငြိမ်သက်သွားခြင်းနဲ့အတူ နိုင်ငံရေးရေချိန် ကျဆင်းသွားခဲ့တာ ၂၀၁၀ ခုနှစ်အထိပါပဲ။စစ်အစိုးရက ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုညီလာခံ ကျင်းပတဲ့ အချိန်မှာလည်း ပြည်သူတွေ စိတ်ပါဝင်စားမှု မရှိတော့ပါဘူး။၁၉၉၀ ခုနှစ် နောက်ပိုင်းမှာ ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်ကို ပြန်နှိုးဆွနိုင်မယ့် အခြေအနေမှန်သမျှကို ပိတ်ဆို့တားဆီးခဲ့ပါတယ်။၂၀၀၇ ခုနှစ်မှာဖြစ်တဲ့ ရွှေဝါရောင် အရေးအခင်းကိုလည်း စစ်အာဏာနဲ့ ပိတ်ပင်တားဆီးနိုင်ခဲ့ပါတယ်။အဲဒီနောက်မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုနိုင်အောင် ကြိုးစားခဲ့ပါတယ်။

စစ်အစိုးရအတွက် အာဏာနဲ့ဖိနှိပ်မှုကို လျှော့ချနိုင်အောင် ၂၀၁၀ ခုနှစ်မှာ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ပြန်လုပ်ပေးခဲ့ရပါတယ်။ဒီရွေးကောက်ပွဲကိုလည်း ပြည်သူတွေ နိုင်ငံရေးရေချိန် ကျဆင်းနေတဲ့ အချိန်မှာ ပြုလုပ်ခဲ့တာပါ။စစ်အစိုးရက ရွေးကောက်ပွဲမှာ တစ်ဖက်သတ် အနိုင်ယူပြီး အရပ်သားအစိုးရပုံစံကို ရယူခဲ့တာပါ။စစ်အစိုးရက အရပ်သားအစိုးရပုံစံမျိုး ရယူနိုင်ခဲ့ပေမယ့်၊ ပြည်သူတွေရဲ့ အသိထဲကို ပြည်သူ့လွှတ်တော်ဆိုတာ ရောက်လာခဲ့ပါတယ်။ပြည်သူတွေရဲ့ အသိထဲကို ပြည်သူ့လွှတ်တော် ဝင်ရောက်လာသလို၊ ပြည်သူတွေရဲ့ အသိအမြင်တွေကို တံခါးတစ်ချပ်လို ဖွင့်ပေးနိုင်တဲ့ မီဒီယာကိုပါ အနည်းငယ် လွတ်လပ်ခွင့်ပေးခဲ့ပါတယ်။ရရှိလာတဲ့ အခွင့်အရေးကို မီဒီယာတွေက အသုံးချနိုင်တဲ့အတွက် ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန် ပြန်မြင့်တက်လာပါတယ်။

၂၀၁၂ ခုနှစ်မှာ အတိုက်အခံပါတီဖြစ်တဲ့ အင်အယ်ဒီကို ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် က ကြားဖြတ်ရွေးကောက်ပွဲကို ဝင်လိုက်ချိန်မှာ ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်ဟာ တဖြေးဖြေးပြန်မြင့်တက်လာခဲ့ပါတယ်။ဒီမြင့်တက်လာတဲ့ ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်ကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အကောင်းဆုံး အသုံးချနိုင်ခဲ့တဲ့အတွက်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အင်အယ်ဒီပါတီဟာ အစိုးရဖွဲ့နိုင်ခဲ့တဲ့ အချိန်ဟာ ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန် အမြင့်ဆုံးရောက်နေတဲ့ အချိန်ပါ။

ဒီလိုပြည်သူတွေရဲ့ နိုင်ငံရေးရေချိန် အမြင့်ဆုံးအနေအထားကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားတဲ့ အရပ်သားအစိုးရအနေနဲ့ ကောင်းစွာအသုံးမချနိုင်ခဲ့ပါဘူး။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်ဖို့ ကြွေးကြော်ပြီး ရွေးကောက်ပွဲကို အနိုင်ရခဲ့ပေမယ့်၊ ရရှိလာတဲ့ လွှတ်တော်၊ အရပ်ဘက်အစိုးရကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ အခြေခံစားဝတ်နေရေးကို ဖြည့်စွမ်းပေးနိုင်ရမှာပါ။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ခက်ခဲမယ်ဆိုတာ ပြည်သူတွေ သိနေကြပါတယ်။ဒေါ်အောင်ဆန်းစုကြည် မျှော်မှန်းခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက်လည်း အချိန်အများကြီး ကြိုးစားရဦးမှာကိုလည်း ပြည်သူတွေ သိနေကြပါတယ်။

အရပ်ဘက်အစိုးရနဲ့ လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကို ကောင်းကောင်းအသုံးချပြီး ပြည်သူတွေအတွက် အလိုအပ်ဆုံး စားဝတ်နေရေး အခြေခံကို ဖြည့်ဆည်းနိုင်မယ်ဆိုရင် ပြည်သူတွေ ကျေနပ်ကြမှာပါ။ဒီရရှိလာတဲ့ အခွင့်အရေးနဲ့ ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန် တက်နေမှုကို ဒေါ်အောင်ဆန်းစုကြည် အသုံးမချနိုင်ခဲ့ပါဘူး။ပြည်သူတွေအတွက် ဖြည့်ဆည်းနိုင်မယ့် ရရှိထားတဲ့ ဝန်ကြီးဋ္ဌာနတွေမှာလည်း စားဝတ်နေရေးနဲ့ သွားလာရေး၊ ပညာရေး၊ ကျန်းမာရေးဝန်ကြီးဋ္ဌာနတွေ ပါဝင်ပါတယ်။ဒီဝန်ကြီးဋ္ဌာနတွေအတွက် တာဝန်ပေးမယ့် ဝန်ကြီးတွေဟာ တတ်သိပြီး ကျွမ်းကျင်တဲ့သူတွေ ဖြစ်ဖို့လိုပါတယ်။မြေစမ်းခရမ်းပျိုး အဆင့်လောက်နဲ့ဆို ဝန်ကြီးဋ္ဌာနအတွက် မလုံလောက်နိုင်ပါဘူး။စားဝတ်နေရေးနဲ့ သွားလာရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ဝန်ကြီးဋ္ဌာနတွေကို တာဝန်ယူမယ့် လူတွေဟာ သာမန်အဆင့်လောက်နဲ့ မရပါဘူး။ကိုယ်ကျိုးအတွက် မကြည့်သူတွေ ဖြစ်ပေမယ့်၊ လုပ်ကိုင်မှုစွမ်းရည် ထက်မြက်သွက်လက်ဖို့လည်း လိုပါတယ်။နောက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရက ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ အနေနဲ့လည်း တာဝန်ယူထားရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရှိနေကြတဲ့ ပြည်သူတွေအတွက် ကိုယ်ကျိုးကိုမကြည့်ပဲ အရည်အချင်းရှိရှိ လုပ်ဆောင်ပေးနိုင်ဖို့ လိုပါတယ်။ဒီလုပ်ဆောင်မှု သွက်လက်ထက်မြက်တဲ့ ခေါင်းဆောင်တွေ ဖြစ်မလာခဲ့ကြပါဘူး။ဒီကိစ္စကို ပြန်သုံးသပ်မယ်ဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အာဏာရပါတီအတွက် ကြိုတင်ပြင်ဆင်မထားနိုင်ဘူးဆိုတာ သိသာနေပါတယ်။ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း တိုင်းပြည်ကို စီမံခန့်ခွဲနိုင်မှု မရှိသေးဘူးဆိုတာ မြင်တွေ့နေရပါတယ်။

ဒါပေမယ့်၊ အရပ်ဖက်အစိုးရဟာ သုံးနှစ်နီးပါး လုပ်ပိုင်ခွင့်ရခဲ့ပါတယ်။ပြည်သူတွေ မျှော်လင့်ခဲ့တဲ့ အနိမ့်ဆုံး စားဝတ်နေရေးနဲ့ သွားရေးလာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေမှာ မစွမ်းဆောင်နိုင်ကြတဲ့ အခြေအနေကို ရောက်နေပါတယ်။တချို့အစိုးရဝန်ကြီးတွေရဲ့လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ ပြည်သူတွေ စိတ်ပျက်ဖွယ် ဖြစ်နေပါတယ်။နေရာအထားမှားနေတာမျိုးလို့တောင် မပြောနိုင်ပါဘူး။အရည်အချင်းမရှိသူတွေ အစိုးရဝန်ကြီး တက်ဖြစ်နေတယ်လို့ ဝေဖန်မှုတွေ ဖြစ်နေပါတယ်။မြန်မာပြည်အတွက် စီးပွားရေးဟာ တဖြေးဖြေးကျဆင်းနေပါတယ်။ငွေကြေးဖောင်းပွမှုတွေ ဖြစ်နေတာ၊ ကုန်ဈေးနှုန်းတွေ မကြားဖူးအောင် မြင့်တက်နေတာ၊ ခရီးသွားလာရေးတွေ ခက်ခဲနေတာ၊ ဘဝလုံခြုံရေးတွေ ကင်းမဲ့နေတာ၊ နေရေးထိုင်ရေးတွေ ကြပ်တည်းနေတာတွေကို ပြည်သူတွေ ကြုံတွေ့ရင်ဆိုင်နေရပါတယ်။မြန်မာပြည်ရဲ့ အခြေအနေတိုင်းဟာ ဗရုတ်သုက္ခ ဖြစ်နေပါတယ်။

တဖြေးဖြေးနဲ့ အစိုးရရဲ့ လုပ်ဆောင်မှုတွေကို ပြည်သူတွေ စိတ်ပျက်လာကြပါတယ်။နိုင်ငံတစ်နိုင်ငံမှာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာတွေကို မှားယွင်းတဲ့ ဥပဒေတစ်ခုနဲ့ နှိပ်ကွပ်နေတာကလည်း နိုင်ငံတကာမှာရော၊ ပြည်သူတွေရဲ့ အမြင်မှာ အရုပ်ဆိုးအကျည်းတန်စေပါတယ်။အာဏာရ အင်အယ်ဒီပါတီအနေနဲ့လည်း တိကျတဲ့ လမ်းညွှန်ချက်တွေ မရှိသလို ဖြစ်နေပါတယ်။မူဝါဒအရမဟုတ်ပဲ လက်လွတ်စပယ် ပြောချင်ရာပြောဆိုမှုတွေ၊ အထက်အောက် မလေးစားမှုတွေကလည်း ပြည်သူတွေကို စည်းရုံးရေး ကျဆင်းစေပါတယ်။ပြည်သူတွေအနေနဲ့ နိုင်ငံရေးပါတီဆိုတာကို ယုံကြည်မှု ပျောက်ဆုံးစေပါတယ်။

ဒီမိုကရေစီ လမ်းစပေါ်မှာ လျှောက်နေတဲ့ နိုင်ငံတစ်ခုမှာ ပြည်သူတွေက အဓိကကျသလို၊ သတင်းမီဒီယာတွေကလည်း အဓိကကျပါတယ်။တိုင်းပြည်မှာ သတင်းမီဒီယာတွေ လွတ်လပ်စွာ ရေးသားထုတ်ဝေ ဖြန့်ချီမှုဟာလည်း အရေးကြီးပါတယ်။နိုင်ငံရေးနဲ့ အစိုးရ၊ လွှတ်တော်တွေရဲ့ ဆောင်ရွက်မှုကို သတင်းမီဒီယာတွေကတစ်ဆင့် ပြည်သူတွေဆီကို ရောက်ရှိတာပါ။
ပြည်သူတွေ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုရှိမှ သတင်းမီဒီယာတွေ အခြေအနေကောင်းနိုင်မှာပါ။သတင်းမီဒီယာတွေ အကြောက်တရား ရှိနေရင်ပဲဖြစ်စေ၊ပြည်သူတွေက နိုင်ငံရေးအပေါ် စိတ်မဝင်စားတော့တာပဲဖြစ်စေ တစ်စတစ်စပြိုလဲသွားနိုင်ပါတယ်။

၂၀၁၅ ခုနှစ်က အမြင့်ဆုံးဖြစ်လာခဲ့တဲ့ နိုင်ငံရေးရေချိန်ဟာ တစ်စတစ်စကျဆင်းနေပါပြီ။ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ မပြည့်ဝမလာပဲ၊ စစ်အာဏာရှင်လက်ထက်က ရင်ဆိုင်ကြုံတွေ့ရတဲ့ ဘဝဆင်းရဲ ကြပ်တည်းမှုတွေကနေ တိုးတက်မလာခဲ့ပါဘူး။မီဒီယာတွေရဲ့ ရပ်တည်မှုဟာလည်း ဘောင်ကျဉ်းသထက် ကျဉ်းလာပါပြီ။ပြည်သူတွေအနေနဲ့လည်း စားဝတ်နေရေးတွေ၊ သွားရေးလာရေး၊ နေထိုင်ရေးတွေ၊ လူမှုရေးတွေ အစရှိတာတွေ ပိုပြီးကြပ်တည်းလာကြပါပြီ။နိုင်ငံရေးကို ပြည်သူတွေ စိတ်ပျက်နေတဲ့ အဆင့်ကို ရောက်ရှိနေပါပြီ။အခုလက်ရှိ ကြုံတွေ့နေရတဲ့ မြစ်ဆုံပြဿနာအပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ တွေဝေပြီး မပြတ်သားမှုတွေကြောင့်လည်း ပြည်သူတွေ ပိုစိတ်ပျက်နေကြပါပြီ။

ဒီလိုအခြေအနေမှာ ပြည်သူတွေရဲ့ အနာဂတ်ယုံကြည်မှုတွေ၊ မျှော်လင့်ချက်တွေအရ တိုင်းတာနိုင်တဲ့ နိုင်ငံရေးရေချိန် ကျဆင်းချိန်လို့ ပြောရပါတော့မယ်။ပြည်သူတွေရဲ့ စိတ်ထဲမှာ အကြောက်တရားအရပဲဖြစ်စေ၊ မျှော်လင့်ချက်မရှိတော့ပဲဖြစ်စေ နိုင်ငံံရေးရေချိန် အောက်ဆုံးအထိ ကျသွားမယ်ဆိုရင် တိုင်းပြည်တစ်ပြည်ရဲ့ ကျဆုံးချိန် ရောက်ရပါလိမ့်မယ်။

မြတ်လှိုင်း
ဇန်နဝါရီ - ၃၀

( Zawgyi )

အေမွာင္ထဲေရာက္ေနတဲ့ တိုင္းျပည္မွာ ျပည္သူေတြရဲ႕ ႏိုင္ငံေရးေရခ်ိန္ဟာ သုညျဖစ္ေနၿပီလား။ႏိုင္ငံေရးေရခ်ိန္ ေအာက္ဆုံးအထိ က်ဆင္းေနတဲ့ တိုင္းျပည္ဟာ တေျဖးေျဖးက်ဆုံးသြားရပါတယ္။တိုင္းျပည္ရဲ႕ က်ဆုံးျခင္းဟာ ျပည္သူေတြကို ဆင္းရဲတြင္းထဲကေန ဆြဲမထုတ္ႏိုင္ျခင္းနဲ႔ သူတို႔ရဲ႕ ယုံၾကည္အားထားတဲ့ ေခါင္းေဆာင္အေပၚမွာ ယုံၾကည္မႈေပ်ာက္ဆုံးသြားရျခင္းေတြအေပၚမွာ မူတည္ေနပါတယ္။တိုင္းျပည္တစ္ခုမွာ ႏိုင္ငံံေရးေရခ်ိန္က်ျခင္းဟာ အႏၲရာယ္ျဖစ္ပါတယ္။

အတိတ္က ျဖစ္ခဲ့တာကို ထားပါေတာ့။ကြၽန္ေတာ္တို႔ တိုင္းျပည္မွာ ႏိုင္ငံံေရးေရခ်ိန္ ျပန္ႏိုးထလာတဲ့ အခ်ိန္ဟာ ၁၉၈၈ ခုႏွစ္က စတယ္လို႔ ေျပာရမွာပါ။ရွစ္ေလးလုံး လူထုအေရးေတာ္ပုံႀကီး ေပၚေပါက္ခဲ့လို႔ ႏိုင္ငံေရးေရခ်ိန္ဟာ ျပန္ၿပီး အျမင့္ဆုံးေရခ်ိန္အမွတ္ကို ေရာက္ခဲ့ပါတယ္။ဒီႏိုင္ငံေရးေရခ်ိန္ တစ္ဆင့္ၿပီးတစ္ဆင့္ ျမင့္တက္လာခဲ့တာ ၁၉၉၀ ခုႏွစ္အထိ ျမင့္တက္ခဲ့ပါတယ္။
ျမင့္တက္လာတဲ့ ႏိုင္ငံေရးေရခ်ိန္ကို တိုင္းတာမယ္ဆိုရင္၊ ျပည္သူေတြက စစ္အစိုးရျပဳလုပ္ေပးတဲ့ အေထြေထြေ႐ြးေကာက္ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အတိုက္အခံပါတီ အင္အယ္ဒီကို ျပတ္ျပတ္သားသား မဲေပးေထာက္ခံတာကို ျပရပါလိမ့္မယ္။စစ္အစိုးရဟာ ျပည္သူေတြရဲ႕ ႏိုင္ငံေရးေရခ်ိန္ကို မတိုင္းတာ၊ မတြက္ခ်က္ႏိုင္လိုက္ပဲ အလစ္အငိုက္ အလဲထိုးခံလိုက္ရတာပါ။

အဲဒီလိုအေျခအေနဆိုးကို ျပန္ဆယ္ဖို႔အတြက္ ႏိုင္ငံတကာအလယ္မွာ အရွက္ကြဲခံၿပီး လိမ္ညာျပလိုက္ရပါတယ္။ျပည္သူေတြအတြက္ ျမင့္မားေနတဲ့ ႏိုင္ငံေရးေရခ်ိန္ကို အသည္းအသန္ တားဆီးလိုက္ရပါတယ္။ဒါကိုလည္း အားလုံးသိၾကပါတယ္။ျပည္သူေတြရဲ႕ ႏိုင္ငံေရးေရခ်ိန္ကို စစ္အာဏာနဲ႔ အတင္း႐ိုက္ခ်ိဳးလိုက္ရပါတယ္။ျပည္သူေတြရဲ႕ ႏိုင္ငံေရးေရခ်ိန္ထဲမွာ ပါဝင္စီးဆင္းၿပီး ဦးေဆာင္ေနတဲ့ ႏိုင္ငံေရးေခါင္းေဆာင္ေတြတင္မကပဲ၊ ႏိုင္ငံေရး တက္ႂကြလႈံ႕ေဆာ္ေနသူေတြပါ သိမ္းႀကဳံးဖမ္းဆီးၿပီး ေထာင္ထဲထည့္သြင္းခဲ့ရပါတယ္။ဒီလိုျပည္သူေတြရဲ႕ ႏိုင္ငံံေရးေရခ်ိန္ကို ရပ္တန႔္သြားေအာင္ အာဏာသုံးၿပီး ပိတ္ပင္ထားခဲ့ရပါတယ္။ႏိုင္ငံေရးပါတီေတြ၊ ႏိုင္ငံံေရးအဖြဲ႕အစည္းေတြ မလႈပ္ရွားႏိုင္ေအာင္လည္း မတရားတဲ့ ဥပေဒေတြနဲ႔ တုပ္ေႏွာင္ထားခဲ့ပါတယ္။

၁၉၉၀ ခုႏွစ္က စၿပီး တေျဖးေျဖးနဲ႔ ႏိုင္ငံံေရးအေျခအေနဟာ ၿငိမ္သက္သြားျခင္းနဲ႔အတူ ႏိုင္ငံေရးေရခ်ိန္ က်ဆင္းသြားခဲ့တာ ၂၀၁၀ ခုႏွစ္အထိပါပဲ။စစ္အစိုးရက ျပဳလုပ္ခဲ့တဲ့ ျပည္ေထာင္စုညီလာခံ က်င္းပတဲ့ အခ်ိန္မွာလည္း ျပည္သူေတြ စိတ္ပါဝင္စားမႈ မရွိေတာ့ပါဘူး။၁၉၉၀ ခုႏွစ္ ေနာက္ပိုင္းမွာ ျပည္သူေတြရဲ႕ ႏိုင္ငံေရးေရခ်ိန္ကို ျပန္ႏႈိးဆြႏိုင္မယ့္ အေျခအေနမွန္သမွ်ကို ပိတ္ဆို႔တားဆီးခဲ့ပါတယ္။၂၀၀၇ ခုႏွစ္မွာျဖစ္တဲ့ ေ႐ႊဝါေရာင္ အေရးအခင္းကိုလည္း စစ္အာဏာနဲ႔ ပိတ္ပင္တားဆီးႏိုင္ခဲ့ပါတယ္။အဲဒီေနာက္မွ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို အတည္ျပဳႏိုင္ေအာင္ ႀကိဳးစားခဲ့ပါတယ္။

စစ္အစိုးရအတြက္ အာဏာနဲ႔ဖိႏွိပ္မႈကို ေလွ်ာ့ခ်ႏိုင္ေအာင္ ၂၀၁၀ ခုႏွစ္မွာ ပါတီစုံ အေထြေထြေ႐ြးေကာက္ပြဲကို ျပန္လုပ္ေပးခဲ့ရပါတယ္။ဒီေ႐ြးေကာက္ပြဲကိုလည္း ျပည္သူေတြ ႏိုင္ငံေရးေရခ်ိန္ က်ဆင္းေနတဲ့ အခ်ိန္မွာ ျပဳလုပ္ခဲ့တာပါ။စစ္အစိုးရက ေ႐ြးေကာက္ပြဲမွာ တစ္ဖက္သတ္ အႏိုင္ယူၿပီး အရပ္သားအစိုးရပုံစံကို ရယူခဲ့တာပါ။စစ္အစိုးရက အရပ္သားအစိုးရပုံစံမ်ိဳး ရယူႏိုင္ခဲ့ေပမယ့္၊ ျပည္သူေတြရဲ႕ အသိထဲကို ျပည္သူ႔လႊတ္ေတာ္ဆိုတာ ေရာက္လာခဲ့ပါတယ္။ျပည္သူေတြရဲ႕ အသိထဲကို ျပည္သူ႔လႊတ္ေတာ္ ဝင္ေရာက္လာသလို၊ ျပည္သူေတြရဲ႕ အသိအျမင္ေတြကို တံခါးတစ္ခ်ပ္လို ဖြင့္ေပးႏိုင္တဲ့ မီဒီယာကိုပါ အနည္းငယ္ လြတ္လပ္ခြင့္ေပးခဲ့ပါတယ္။ရရွိလာတဲ့ အခြင့္အေရးကို မီဒီယာေတြက အသုံးခ်ႏိုင္တဲ့အတြက္ ျပည္သူေတြရဲ႕ ႏိုင္ငံေရးေရခ်ိန္ ျပန္ျမင့္တက္လာပါတယ္။

၂၀၁၂ ခုႏွစ္မွာ အတိုက္အခံပါတီျဖစ္တဲ့ အင္အယ္ဒီကို ဦးေဆာင္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ က ၾကားျဖတ္ေ႐ြးေကာက္ပြဲကို ဝင္လိုက္ခ်ိန္မွာ ျပည္သူေတြရဲ႕ ႏိုင္ငံေရးေရခ်ိန္ဟာ တေျဖးေျဖးျပန္ျမင့္တက္လာခဲ့ပါတယ္။ဒီျမင့္တက္လာတဲ့ ျပည္သူေတြရဲ႕ ႏိုင္ငံေရးေရခ်ိန္ကို အတိုက္အခံေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ အေကာင္းဆုံး အသုံးခ်ႏိုင္ခဲ့တဲ့အတြက္၊ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့ပါတယ္။အတိုက္အခံေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ အင္အယ္ဒီပါတီဟာ အစိုးရဖြဲ႕ႏိုင္ခဲ့တဲ့ အခ်ိန္ဟာ ျပည္သူေတြရဲ႕ ႏိုင္ငံေရးေရခ်ိန္ အျမင့္ဆုံးေရာက္ေနတဲ့ အခ်ိန္ပါ။

ဒီလိုျပည္သူေတြရဲ႕ ႏိုင္ငံေရးေရခ်ိန္ အျမင့္ဆုံးအေနအထားကို ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒက ေပးထားတဲ့ အရပ္သားအစိုးရအေနနဲ႔ ေကာင္းစြာအသုံးမခ်ႏိုင္ခဲ့ပါဘူး။၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ျပင္ႏိုင္ဖို႔ ေႂကြးေၾကာ္ၿပီး ေ႐ြးေကာက္ပြဲကို အႏိုင္ရခဲ့ေပမယ့္၊ ရရွိလာတဲ့ လႊတ္ေတာ္၊ အရပ္ဘက္အစိုးရကို ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ ျပည္သူေတြအတြက္ လိုအပ္တဲ့ အေျခခံစားဝတ္ေနေရးကို ျဖည့္စြမ္းေပးႏိုင္ရမွာပါ။၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ႏိုင္ေရးအတြက္ ခက္ခဲမယ္ဆိုတာ ျပည္သူေတြ သိေနၾကပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ ေမွ်ာ္မွန္းခဲ့တဲ့ ဖက္ဒရယ္ျပည္ေထာင္စုႀကီး တည္ေဆာက္ႏိုင္ဖို႔အတြက္လည္း အခ်ိန္အမ်ားႀကီး ႀကိဳးစားရဦးမွာကိုလည္း ျပည္သူေတြ သိေနၾကပါတယ္။

အရပ္ဘက္အစိုးရနဲ႔ လႊတ္ေတာ္ရဲ႕ လုပ္ပိုင္ခြင့္ကို ေကာင္းေကာင္းအသုံးခ်ၿပီး ျပည္သူေတြအတြက္ အလိုအပ္ဆုံး စားဝတ္ေနေရး အေျခခံကို ျဖည့္ဆည္းႏိုင္မယ္ဆိုရင္ ျပည္သူေတြ ေက်နပ္ၾကမွာပါ။ဒီရရွိလာတဲ့ အခြင့္အေရးနဲ႔ ျပည္သူေတြရဲ႕ ႏိုင္ငံေရးေရခ်ိန္ တက္ေနမႈကို ေဒၚေအာင္ဆန္းစုၾကည္ အသုံးမခ်ႏိုင္ခဲ့ပါဘူး။ျပည္သူေတြအတြက္ ျဖည့္ဆည္းႏိုင္မယ့္ ရရွိထားတဲ့ ဝန္ႀကီး႒ာနေတြမွာလည္း စားဝတ္ေနေရးနဲ႔ သြားလာေရး၊ ပညာေရး၊ က်န္းမာေရးဝန္ႀကီး႒ာနေတြ ပါဝင္ပါတယ္။ဒီဝန္ႀကီး႒ာနေတြအတြက္ တာဝန္ေပးမယ့္ ဝန္ႀကီးေတြဟာ တတ္သိၿပီး ကြၽမ္းက်င္တဲ့သူေတြ ျဖစ္ဖို႔လိုပါတယ္။ေျမစမ္းခရမ္းပ်ိဳး အဆင့္ေလာက္နဲ႔ဆို ဝန္ႀကီး႒ာနအတြက္ မလုံေလာက္ႏိုင္ပါဘူး။စားဝတ္ေနေရးနဲ႔ သြားလာေရး၊ ပညာေရး၊ က်န္းမာေရး စတဲ့ ဝန္ႀကီး႒ာနေတြကို တာဝန္ယူမယ့္ လူေတြဟာ သာမန္အဆင့္ေလာက္နဲ႔ မရပါဘူး။ကိုယ္က်ိဳးအတြက္ မၾကည့္သူေတြ ျဖစ္ေပမယ့္၊ လုပ္ကိုင္မႈစြမ္းရည္ ထက္ျမက္သြက္လက္ဖို႔လည္း လိုပါတယ္။ေနာက္ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အစိုးရက ဝန္ႀကီးခ်ဳပ္ေတြ၊ ဝန္ႀကီးေတြ အေနနဲ႔လည္း တာဝန္ယူထားရတဲ့ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာ ရွိေနၾကတဲ့ ျပည္သူေတြအတြက္ ကိုယ္က်ိဳးကိုမၾကည့္ပဲ အရည္အခ်င္းရွိရွိ လုပ္ေဆာင္ေပးႏိုင္ဖို႔ လိုပါတယ္။ဒီလုပ္ေဆာင္မႈ သြက္လက္ထက္ျမက္တဲ့ ေခါင္းေဆာင္ေတြ ျဖစ္မလာခဲ့ၾကပါဘူး။ဒီကိစၥကို ျပန္သုံးသပ္မယ္ဆိုရင္၊ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ အာဏာရပါတီအတြက္ ႀကိဳတင္ျပင္ဆင္မထားႏိုင္ဘူးဆိုတာ သိသာေနပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ကလည္း တိုင္းျပည္ကို စီမံခန႔္ခြဲႏိုင္မႈ မရွိေသးဘူးဆိုတာ ျမင္ေတြ႕ေနရပါတယ္။

ဒါေပမယ့္၊ အရပ္ဖက္အစိုးရဟာ သုံးႏွစ္နီးပါး လုပ္ပိုင္ခြင့္ရခဲ့ပါတယ္။ျပည္သူေတြ ေမွ်ာ္လင့္ခဲ့တဲ့ အနိမ့္ဆုံး စားဝတ္ေနေရးနဲ႔ သြားေရးလာေရး၊ က်န္းမာေရး၊ ပညာေရး၊ လူမႈေရးေတြမွာ မစြမ္းေဆာင္ႏိုင္ၾကတဲ့ အေျခအေနကို ေရာက္ေနပါတယ္။တခ်ိဳ႕အစိုးရဝန္ႀကီးေတြရဲ႕လုပ္ကိုင္ေဆာင္႐ြက္မႈေတြဟာ ျပည္သူေတြ စိတ္ပ်က္ဖြယ္ ျဖစ္ေနပါတယ္။ေနရာအထားမွားေနတာမ်ိဳးလို႔ေတာင္ မေျပာႏိုင္ပါဘူး။အရည္အခ်င္းမရွိသူေတြ အစိုးရဝန္ႀကီး တက္ျဖစ္ေနတယ္လို႔ ေဝဖန္မႈေတြ ျဖစ္ေနပါတယ္။ျမန္မာျပည္အတြက္ စီးပြားေရးဟာ တေျဖးေျဖးက်ဆင္းေနပါတယ္။ေငြေၾကးေဖာင္းပြမႈေတြ ျဖစ္ေနတာ၊ ကုန္ေဈးႏႈန္းေတြ မၾကားဖူးေအာင္ ျမင့္တက္ေနတာ၊ ခရီးသြားလာေရးေတြ ခက္ခဲေနတာ၊ ဘဝလုံၿခဳံေရးေတြ ကင္းမဲ့ေနတာ၊ ေနေရးထိုင္ေရးေတြ ၾကပ္တည္းေနတာေတြကို ျပည္သူေတြ ႀကဳံေတြ႕ရင္ဆိုင္ေနရပါတယ္။ျမန္မာျပည္ရဲ႕ အေျခအေနတိုင္းဟာ ဗ႐ုတ္သုကၡ ျဖစ္ေနပါတယ္။

တေျဖးေျဖးနဲ႔ အစိုးရရဲ႕ လုပ္ေဆာင္မႈေတြကို ျပည္သူေတြ စိတ္ပ်က္လာၾကပါတယ္။ႏိုင္ငံတစ္ႏိုင္ငံမွာ စတုတၳမ႑ိဳင္ျဖစ္တဲ့ သတင္းမီဒီယာေတြကို မွားယြင္းတဲ့ ဥပေဒတစ္ခုနဲ႔ ႏွိပ္ကြပ္ေနတာကလည္း ႏိုင္ငံတကာမွာေရာ၊ ျပည္သူေတြရဲ႕ အျမင္မွာ အ႐ုပ္ဆိုးအက်ည္းတန္ေစပါတယ္။အာဏာရ အင္အယ္ဒီပါတီအေနနဲ႔လည္း တိက်တဲ့ လမ္းၫႊန္ခ်က္ေတြ မရွိသလို ျဖစ္ေနပါတယ္။မူဝါဒအရမဟုတ္ပဲ လက္လြတ္စပယ္ ေျပာခ်င္ရာေျပာဆိုမႈေတြ၊ အထက္ေအာက္ မေလးစားမႈေတြကလည္း ျပည္သူေတြကို စည္း႐ုံးေရး က်ဆင္းေစပါတယ္။ျပည္သူေတြအေနနဲ႔ ႏိုင္ငံေရးပါတီဆိုတာကို ယုံၾကည္မႈ ေပ်ာက္ဆုံးေစပါတယ္။

ဒီမိုကေရစီ လမ္းစေပၚမွာ ေလွ်ာက္ေနတဲ့ ႏိုင္ငံတစ္ခုမွာ ျပည္သူေတြက အဓိကက်သလို၊ သတင္းမီဒီယာေတြကလည္း အဓိကက်ပါတယ္။တိုင္းျပည္မွာ သတင္းမီဒီယာေတြ လြတ္လပ္စြာ ေရးသားထုတ္ေဝ ျဖန႔္ခ်ီမႈဟာလည္း အေရးႀကီးပါတယ္။ႏိုင္ငံေရးနဲ႔ အစိုးရ၊ လႊတ္ေတာ္ေတြရဲ႕ ေဆာင္႐ြက္မႈကို သတင္းမီဒီယာေတြကတစ္ဆင့္ ျပည္သူေတြဆီကို ေရာက္ရွိတာပါ။
ျပည္သူေတြ ႏိုင္ငံေရးအေပၚ စိတ္ဝင္စားမႈရွိမွ သတင္းမီဒီယာေတြ အေျခအေနေကာင္းႏိုင္မွာပါ။သတင္းမီဒီယာေတြ အေၾကာက္တရား ရွိေနရင္ပဲျဖစ္ေစ၊ျပည္သူေတြက ႏိုင္ငံေရးအေပၚ စိတ္မဝင္စားေတာ့တာပဲျဖစ္ေစ တစ္စတစ္စၿပိဳလဲသြားႏိုင္ပါတယ္။

၂၀၁၅ ခုႏွစ္က အျမင့္ဆုံးျဖစ္လာခဲ့တဲ့ ႏိုင္ငံေရးေရခ်ိန္ဟာ တစ္စတစ္စက်ဆင္းေနပါၿပီ။ျပည္သူေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ မျပည့္ဝမလာပဲ၊ စစ္အာဏာရွင္လက္ထက္က ရင္ဆိုင္ႀကဳံေတြ႕ရတဲ့ ဘဝဆင္းရဲ ၾကပ္တည္းမႈေတြကေန တိုးတက္မလာခဲ့ပါဘူး။မီဒီယာေတြရဲ႕ ရပ္တည္မႈဟာလည္း ေဘာင္က်ဥ္းသထက္ က်ဥ္းလာပါၿပီ။ျပည္သူေတြအေနနဲ႔လည္း စားဝတ္ေနေရးေတြ၊ သြားေရးလာေရး၊ ေနထိုင္ေရးေတြ၊ လူမႈေရးေတြ အစရွိတာေတြ ပိုၿပီးၾကပ္တည္းလာၾကပါၿပီ။ႏိုင္ငံေရးကို ျပည္သူေတြ စိတ္ပ်က္ေနတဲ့ အဆင့္ကို ေရာက္ရွိေနပါၿပီ။အခုလက္ရွိ ႀကဳံေတြ႕ေနရတဲ့ ျမစ္ဆုံျပႆနာအေပၚမွာလည္း ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ေတြေဝၿပီး မျပတ္သားမႈေတြေၾကာင့္လည္း ျပည္သူေတြ ပိုစိတ္ပ်က္ေနၾကပါၿပီ။

ဒီလိုအေျခအေနမွာ ျပည္သူေတြရဲ႕ အနာဂတ္ယုံၾကည္မႈေတြ၊ ေမွ်ာ္လင့္ခ်က္ေတြအရ တိုင္းတာႏိုင္တဲ့ ႏိုင္ငံေရးေရခ်ိန္ က်ဆင္းခ်ိန္လို႔ ေျပာရပါေတာ့မယ္။ျပည္သူေတြရဲ႕ စိတ္ထဲမွာ အေၾကာက္တရားအရပဲျဖစ္ေစ၊ ေမွ်ာ္လင့္ခ်က္မရွိေတာ့ပဲျဖစ္ေစ ႏိုင္ငံံေရးေရခ်ိန္ ေအာက္ဆုံးအထိ က်သြားမယ္ဆိုရင္ တိုင္းျပည္တစ္ျပည္ရဲ႕ က်ဆုံးခ်ိန္ ေရာက္ရပါလိမ့္မယ္။

ျမတ္လႈိင္း
ဇန္နဝါရီ - ၃၀