【 ဆောင်းပါး 】 “ပြည်သူကိုယ်တိုင် မမျှော်မှန်းထားသော ပြည်သူ့အောင်ပွဲ”

【 ဆောင်းပါး 】 “ပြည်သူကိုယ်တိုင် မမျှော်မှန်းထားသော ပြည်သူ့အောင်ပွဲ”

၂၀၁၉ ခုနှစ် ဇွန်လတုန်းက 7Day News သတင်းစာတွင် ၂၀၂၀ ရွေးကောက်ပွဲကို အကြမ်းထည်ခန့်မှန်းသော ဆောင်းပါး ၃ ပုဒ်ရေးဖြစ်သည်။ ‘ ၂၀၂၀ ဒီချုပ်ကို ဆဝါးကြည့်ခြင်း’ ‘၂၀၂၀ ပြည်ခိုင်ဖြိုးကို ဆဝါးကြည့်ခြင်း’ ‘၂၀၂၀ တိုင်းရင်းသားပါတီများကို ဆဝါးကြည့်ခြင်း’ ဟူ၍ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲရလဒ်၊၂၀၁၇ နှင့်၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲရလဒ်များနှင့် ပစ္စက္ခအခြေအနေများအပေါ် အခြေခံသော ခန့်မှန်းချက်ဖြစ်သည်။ဆဝါးသည်ဆိုကတည်းက တိကျသေချာသည်ဆိုသော သဘောကိုမဆောင်၊ မှန်းဆချက်သက်သက်။မှန်းဆချက်ဟုဆိုသော်လည်း ကိုယ့်မှန်းဆချက်သည် ရာခိုင်နှုန်း ၅၀ ကျော် မှားနေလျှင်တော့ လုံးဝမစွံ။

ကျနော့်မှန်းဆချက်ကို ပြန်လှန်ကြည့်လိုက်သည့်အခါ တချို့သောသူများ မှန်းဆကြသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၂၀ ရွေးကောက်ပွဲ၌ တိုင်းဒေသကြီးများတွင် ဆက်လက်အောင်ပွဲခံနိုင်ပြီး ပြည်နယ်များအတွင်း အနိုင်ရလဒ်မှာမူ ၂၀၁၅ ရလဒ်အောက် လျော့ကျနိုင်သည်ဟု ဆို၏။

အလွတ်ကြီး စိတ်ထင်ရာ အချက်အလက်မဲ့ မှန်းဆခဲ့ခြင်းတော့မဟုတ်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်နှင့် ရှမ်းတို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရေးနိမ့်ခဲ့သလို ၂၀၁၇၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲများ၌ တိုင်းဒေသကြီးများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆက်လက်အောင်ပွဲခံပြီး ရှမ်းပြည်နယ်၌ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က အောင်ပွဲခံနေသောကြောင့်ဖြစ်သည်။

ထို့ပြင် နှစ်ပါတီပေါင်းစည်းခြင်း၏ အောင်သီးအောင်နှံအဖြစ် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်နှစ်ပါတီ ပေါင်းစည်းထားသော ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ်အတွင်း ပြတ်သားစွာအနိုင်ရရှိကာ ရခိုင်ပြည်နယ်လွှတ်တော်ကို လွှမ်းမိုးထားနိုင်ခြင်းအပေါ် တိုင်းရင်းသားပါတီအချို့က ရှေ့ဆောင်လမ်းပြအဖြစ် မှတ်ယူကြသည်။
ထို့ကြောင့် ချင်း၊ ကချင်၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် သက်ဆိုင်ရာ တိုင်းရင်းသားပါတီများက တစ်ပါတီတည်းပေါင်းစည်းနိုင်ရန် ကြံဆောင်နိုင်ခဲ့သည်။ယင်းသို့သော အခြေအနေများအရ ပြည်နယ်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိမှုလျော့ကျနိုင်သည်ဟု မှန်းဆခြင်းဖြစ်သည်။

ယင်းသို့သော မှန်းဆချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် မိတ်ဖက်တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ဖွဲ့၍ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်မည်ဆိုပါက အားလုံးအတွက် ရင်အေးရမည့်လမ်းဟု ကျနော်ရှုမြင်ခဲ့သည်။အထူးသဖြင့် ရှမ်းပြည်နယ်လိုနေရာမျိုးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် SNLD  (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်) တို့ မဟာမိတ်ဖွဲ့ကာ ခွဲတမ်းချ ရွေးကောက်ပွဲဝင်ပါက ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်တွင်း နေရာအများဆုံးအနိုင်ရရှိထားသော ပြည်ခိုင်ဖြိုးပါတီကို နောက်ကောက်ချနိုင်လိမ့်မည်ဟု မှန်းဆခဲ့သည်။

အကယ်၍ ရွေးကောက်ပွဲမဟာမိတ်ဖွဲ့ခြင်းလမ်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မလုပ်လိုပါက ရွေး ကောက်ပွဲပြီးနောက် ကိုယ့်အနိုင်မဲဖြင့်ကိုယ် အစိုးရမဖွဲ့နိုင်ခဲ့လျှင် အနိုင်ရတိုင်းရင်းသားပါတီတို့၏ ထည့်ဝင်မဲဖြင့် အစိုးရဖွဲ့နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ထားရန် လိုအပ်သည်ဟုလည်း ကျနော်ရေးခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကြီးတန်းခေါင်းဆောင်များကလည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ယခုကဲ့သို့ စံချိန်သစ်တင်အနိုင်ရရှိလိမ့်မည်ဟု မျှော်လင့်မထား။ပြည်နယ်အချို့၌ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရလဒ်အောက် ကျဆင်းမည်ဟုပင် မှန်းဆထားကြသည်။

ထို့ကြောင့်ပင် တိုင်းရင်းသားဒေသများ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရလဒ် ကျဆင်းမသွားရေးအတွက်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရှိ တိုင်းရင်းသားစစ်စစ်များဖြင့် ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။သို့သော်၊ ယင်းကော်မတီသည် မည်သည့်လုပ်ငန်းဆောင်တာမျှမရှိဘဲ စာရွက်ပေါ် ဖွဲ့စည်း ထာသည့် စိတ်ကူးယဉ်ကော်မတီအဆင့်ဖြင့် ပြီးဆုံးသွားခဲ့သည်။

ထို့နောက် ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် တိုင်းရင်းသားပါတီများနှင့် မူဝါဒရေးရာဆက်ဆံရေး ကော်မတီတစ်ရပ်ကို ထပ်မံဖွဲ့စည်းပြန်သည်။ယင်းကော်မတီ၏တာဝန်မှာ ယခင်ဖွဲ့စည်းခဲ့သည့် ကော်မတီလို တိုင်းရင်းသား ဒေသတွင်း ရွေးကောက်ပွဲရလဒ် ကျဆင်းမသွားရေး မဟုတ်။ ၂၀၁၅ ရွေးကောက်ပွဲပြီးကတည်းက အနေဝေးနေသော မိတ်ဖက်တိုင်းရင်းသားပါတီများနှင့် ပြန်လည်နွေးထွေးလာစေရေး။တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိသော်လည်း ယင်းကော်မတီ၏ အဓိကလုပ်ငန်းတာဝန်မှာ ၂၀၂၀ ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သီးသန့်အစိုးရမဖွဲ့နိုင်ခဲ့လျှင် တိုင်းရင်းသားပါတီများ၏ မဲပေါင်းထည့်လာစေရေးအတွက် တိုင်းရင်းသားပါတီများနှင့် ညှိနှိုင်းရေးကော်မတီတစ်ရပ်ပင်ဖြစ်သည်။

ဒါကိုနောက်တစ်မျိုးဆိုရသော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ဒုတိယလမ်းဖြစ်သော တိုင်းရင်းသားပါတီအချို့နှင့် ပူးပေါင်းကာ အစိုးရဖွဲ့နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ချက်ဖြစ်သည်။ဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်တိုင်ပင်လျှင် ယခုလိုပြတ်သားစွာအနိုင်ရရှိမည်ဟု တထစ်ချမမျှော်လင့်ထားသည့်သဘော။

ပြောရလျှင် ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း အနိုင်ရလဒ်အပေါ် နိုင်ငံရေးအကဲခတ်တို့၏ မှတ်ချက်များလွဲခဲ့သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သောင်ပြိုကမ်းပြို အနိုင်ရလိမ့်မည်ဟု မည်သူကမှမမှန်းဆခဲ့ဖူး။

မှတ်မိသေးသည်။ ၂၀၁၄ ခုနှစ်ဝန်းကျင်၊ ကျနော် ဘေကျင်းတွင်ရှိနေစဉ်အခါက မိတ်ဆွေ တရုတ်သတင်းထောက်များက ၂၀၁၅ ရွေးကောက်ပွဲအပေါ် မည်သို့မှန်းဆသနည်းဟု အလွတ်သဘောမေးခဲ့ဖူးသည်။ကျနော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ရရှိမည်ဟု ယတိပြတ်ပြောခဲ့ဖူးသည်။
ကျနော့်မှန်းဆချက်ကို သူတို့ ယုံ၊ မယုံတော့ မသိ။ဟောကိန်းထုတ်သူ ကျနော်ပင်လျှင် ကိုယ့်ဟောကိန်းကိုယ် ရာနှုန်းပြည့်ယုံကြည်တာတော့မဟုတ်။ဘာလို့လဲဆိုတော့ လက်ဆုပ်လက်ကိုင် အချက်အလက်ဆိုလို့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဝင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတိုင်း အနိုင်ရရှိခြင်းသာရှိသည်။ပြီးတော့ ၂၀၀၈ အခြေခံဥပဒေအောက်တွင် ကျင်းပသော ရွေးကောက်ပွဲဆိုသည်မှာ ရွေးကောက်ပွဲမပြိုင်မီကပင် ပြိုင်ပွဲဝင်ပါတီတိုင်းက ပြည်ခိုင်ဖြိုးကို ၂၅ ရာခိုင်နှုန်း အကျောပေးထားရသလိုဖြစ်နေသော မျှတမှုမရှိသည့် ရွေးကောက်ပွဲဖြစ်နေခြင်းကလည်း ရှိသေးသည်။

ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ရရှိမည်ဟု ကျနော်ဆိုလိုက်ခြင်းတွင် ကျနော့်ခံစားမှု၊ ကျနော့်ဖြစ်စေလိုမှု ဆန္ဒစွဲကပါနေသည်။ပြောရလျှင် ကိုယ့်ကိုယ်ကိုယ် အားတင်းလိုက်သည့်သဘော၊ မောင်းတင်လိုက်သည့် သဘောမကင်း။ထို့ကြောင့်ပင် တရားဝင်ပြောဆိုခြင်းမျိုး၊ တရားဝင်စာရေးသားမှန်းဆခြင်းမျိုးတွင် ထိုသို့မပြောရဲခဲ့။ထားတော့။

မြန်မာပြည်သူများက မည်သူမှမမှန်းဆခဲ့ဖူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်တိုင်ပင် မမှန်းဆရဲခဲ့သော သောင်ပြိုကမ်းပြို အနိုင်ရရှိအောင် စွမ်းဆောင်ပြခဲ့သည်။

ယခု ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း မည်သူမျှမထင်မှတ်ထားသော သောင်ပြိုကမ်းပြိုထက်ပိုသည့် မိုးပြိုသည့်အဆင့် ပြည်သူက စံချိန်သစ်တင်စွမ်းဆောင်ခဲ့ပြန်သည်။သို့သော်၊ ပြည်သူများကိုယ်တိုင်ပင် ယခုလိုစွမ်းဆောင်ပြနိုင်မည်ဟု သူတို့တစ်ဦးချင်းအနေနှင့် ထင်ခဲ့ပုံမပေါ်။

ဘာ့ကြောင့် ထိုသို့ပြောတာလဲဆိုတော့ ရွေးကောက်ပွဲနီးလာသည့်နှင့်အမျှ ပြည်သူအများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရမဖွဲ့နိုင်လျှင်ဆိုသည့်အတွေးဖြင့် ဗျာများနေကြသောကြောင့်ဖြစ်သည်။ရွေးကောက်ပွဲစည်းရုံးရေးကာလ၊ မြိုင်မြို့နယ်အတွင်း ပါတီအောင်နိုင်ရေး သီချင်းဖွင့်သည့်အပေါ် အခြေခံကာ အိမ်ရော ကားရော ဆိုင်ကယ်ရောတင်မက လူကိုပါ အုပ်စုဖွဲ့အကြမ်းဖက်ခံရခြင်းမျိုး၊ ကန့်ဘလူမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝန်းရံသူတစ်ဦး အသက်သေဆုံးသည်အထိ ရိုက်နှက်ခံရခြင်းမျိုး၊ ရွေးကောက်ပွဲမကျင်းပမီ အချိန်အတန်ကြာကတည်းကပင် ရွေးကောက်ပွဲမျှတမှုမရှိဟု တကြော်ကြော်ဟစ်အော်ကာ စကားလမ်းကြောင်းပေးနေခြင်းမျိုး စသည့် အာဏာရပါတီကို အာဏာလက်မဲ့ပါတီနှင့် အသိုင်းအဝိုင်းက တစ်ဖက်သတ်ရန်ပြု၊ ရန်လိုနေခြင်းများကလည်း ပြည်သူများကို ဗျာများစေသလို မိမိ၏လက်သန်းတစ်ချောင်းသည် တိုင်းပြည်၏အနာဂတ် သာယာလှပစေရေးအတွက် အင်မတန်မှအရေးကြီးကြောင်း နှိုးဆော်နေသကဲ့သို့ပင်ဖြစ်သည်။

ရွေးကောက်ပွဲနားနီးလာလေ ကျနော့်ဆွေမျိုးများ၊ ကျနော့်မိတ်ဆွေများက သူတို့ထက်နည်းနည်းပိုသိသော ကျနော့်ထံ NLD နိုင်ပါ့မလားဟု ဖုန်းဆက်မေးကြသည်။ဘာ့ကြောင့် သူတို့မေးကြသလဲဆိုတော့ ကျနော့်၏အဖြေက သူတို့အတွက် စိတ်သက်သာရာရနိုင်မလားဆိုသည့် သူတို့၏ဗျာများနေမှုကို ဖြေလျှော့လိုခြင်းကြောင့်ဟု ကျနော်ထင်သည်။

ယင်းသို့ထင်မြင်မှုအရ ကျနော့်လူမှုကွန်ရက်အသိုင်းအဝိုင်းအတွင်း စိတ်သက်သာရာရလိုရငြား ရည်ရွယ်ကာ နိုဝင်ဘာ ၇ ရက်နေ့တွင် ကျနော့်လူမှုကွန်ရက်ပေါ် ယခုလိုပို့စ်တင်ခဲ့သည်။ ‘၂၀၂၀ ရွေးကောက်ပွဲဆိုတာ NLD သီးသန့် အစိုးရဖွဲ့နိုင်မလား၊ NLD + တိုင်းရင်းသားပါတီအချို့ ပူးပေါင်းပြီး အစိုးရဖွဲ့နိုင်မလား၊ အဖြေရှာတဲ့ပွဲမို့ စိတ်အေးအေးထားကြပါ။’ ဟူ၍ ဖြစ်သည်။

ကျနော်တင်ခဲ့သောပို့စ်မှာ ကျနော့်၏ အမှန်တကယ်ယုံကြည်မှုဖြစ်သည်။ယခုကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စံချိန်သစ်တင်နိုင်လိမ့်မည်ဟုမထင်။အလွန့်အလွန်ဆုံး အစိုးရဖွဲ့နိုင်သည့်အဆင့် သို့မဟုတ် တိုင်းရင်းသားပါတီအချို့နှင့်ပူးပေါင်းကာ အစိုးရဖွဲ့နိုင်သည့်အဆင့်။

ကျနော်က ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်လို မွန်ညီညွတ်ရေးပါတီတို့လို တိုင်းရင်းသားပါတီများသည် ၎င်းတို့ အခွင့်အာဏာရလျှင်ပြီးရော ပြည်ခိုင်ဖြိုးနှင့်ပူးပေါင်းလိမ့်မည်ဟု လုံးဝမယုံသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျိန်းသေပေါက်အစိုးရဖွဲ့နိုင်မည်ကို ချွင်းချက်မရှိယုံကြည်ပြီးသား။သို့သော်၊၂၀၁၅ အနိုင်ရလဒ်ကိုမီလျှင် ကံကောင်းဟု တွက်ဆခဲ့သည်။

ပြည်သူတို့မှာ ကိုယ်စီဗျာများနေမှုကြောင့် ကိုဗစ်ကိုမကြောက် မဲရုံဆီသို့ အ‌ရောက်လှမ်းခဲ့ကြသည်။မဲပေးပြည်သူ ရာခိုင်နှုန်းမည်မျှရှိသလဲဆိုသည်ကို မသိသေးသော်လည်း ၂၀၁၅ ထက်ပင် များနေမလားဟု မျက်မြင်အရတွက်ဆကြသည်။ပြောရလျှင် ရွေးကောက်ပွဲဆိုင်ရာ ဘက်အသီးသီးက ကိုဗစ်ကာလ မဲရုံသို့ ပြည်သူများလာမှလာပါ့မလားဟု စိုးရိမ်စိတ်ပွားနေခြင်းကစ၍ လွဲချော်ခဲ့ခြင်းဖြစ်သည်။

မဲရလဒ်များကိုကြည့်လိုက်ပါက အများစုခန့်မှန်းထားသည်ထက်ပိုစွာ တိုင်းဒေသကြီးများ၌ ယခင် ပြည်ခိုင်ဖြိုးနိုင်ထားသော နေရာအများစုကိုပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သိမ်းကြုံးနိုင်ခဲ့သည်။ထို့ပြင် ပြည်နယ်များ၌လည်း အများစုက ခန့်မှန်းခဲ့ကြသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အနိုင်ရလဒ် လျော့ကျသွားခြင်းမရှိဘဲ ပြည်ခိုင်ဖြိုးအနိုင်ရလဒ်သာလျော့ကျကာ တိုင်းရင်းသားပါတီတို့၏အနိုင်ရလဒ် တက်လာကြောင်း တွေ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်ထောင်စုလွှတ်တော်နေရာ ၃၉၆ နေရာ အနိုင်ရရှိခဲ့ပြီး ဒုတိယအများဆုံးအနိုင်ရ ပြည်ခိုင်ဖြိုးကို နေရာပေါင်း ၃၆၀ ကျော် ဖြတ်ထားနိုင်ခဲ့သည်။မဲဆန္ဒနယ်တစ်ခုချင်းစီအလိုက် မဲရလဒ်များကိုကြည့်ပါကလည်း ဒီချုပ်ကိုယ်စားလှယ်လောင်းတို့၏ မဲရလဒ်သည် ပြည် ခိုင်ဖြိုးအမတ်လောင်းတို့ မည်သို့မျှအငြင်းပွား၍မရအောင် မဲပြတ်ခဲ့သည်။

ပြည်သူတို့ကိုယ်တိုင်ပင် သူတို့ ထိုမျှစွမ်းဆောင်နိုင်ခဲ့လိမ့်မည်ဟု မထင်ထားမိ။မည်သို့မျှနှိုင်းယှဉ်လို့မရအောင် အပြတ်အသတ်ရှုံးနိမ့်နေသည့်တိုင် မမျှတသောရွေးကောက်ပွဲဟု ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပပေးပါဟု ပြည်ခိုင်ဖြိုးပြောဝံ့လိမ့်မည်ဟုလည်း ပြည်သူတို့မထင်ကြတာလည်း သေချာသည်။

လင်းဆက်ငြိမ်းချမ်း
နိုဝင်ဘာ - ၂၁

( Zawgyi )

၂၀၁၉ ခုႏွစ္ ဇြန္လတုန္းက 7Day News သတင္းစာတြင္ ၂၀၂၀ ေ႐ြးေကာက္ပြဲကို အၾကမ္းထည္ခန႔္မွန္းေသာ ေဆာင္းပါး ၃ ပုဒ္ေရးျဖစ္သည္။ ‘ ၂၀၂၀ ဒီခ်ဳပ္ကို ဆဝါးၾကည့္ျခင္း’ ‘၂၀၂၀ ျပည္ခိုင္ၿဖိဳးကို ဆဝါးၾကည့္ျခင္း’ ‘၂၀၂၀ တိုင္းရင္းသားပါတီမ်ားကို ဆဝါးၾကည့္ျခင္း’ ဟူ၍ျဖစ္သည္။

၂၀၁၅ ေ႐ြးေကာက္ပြဲရလဒ္၊၂၀၁၇ ႏွင့္၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲရလဒ္မ်ားႏွင့္ ပစၥကၡအေျခအေနမ်ားအေပၚ အေျခခံေသာ ခန႔္မွန္းခ်က္ျဖစ္သည္။ဆဝါးသည္ဆိုကတည္းက တိက်ေသခ်ာသည္ဆိုေသာ သေဘာကိုမေဆာင္၊ မွန္းဆခ်က္သက္သက္။မွန္းဆခ်က္ဟုဆိုေသာ္လည္း ကိုယ့္မွန္းဆခ်က္သည္ ရာခိုင္ႏႈန္း ၅၀ ေက်ာ္ မွားေနလွ်င္ေတာ့ လုံးဝမစြံ။

က်ေနာ့္မွန္းဆခ်က္ကို ျပန္လွန္ၾကည့္လိုက္သည့္အခါ တခ်ိဳ႕ေသာသူမ်ား မွန္းဆၾကသလို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္သည္ ၂၀၂၀ ေ႐ြးေကာက္ပြဲ၌ တိုင္းေဒသႀကီးမ်ားတြင္ ဆက္လက္ေအာင္ပြဲခံႏိုင္ၿပီး ျပည္နယ္မ်ားအတြင္း အႏိုင္ရလဒ္မွာမူ ၂၀၁၅ ရလဒ္ေအာက္ ေလ်ာ့က်ႏိုင္သည္ဟု ဆို၏။

အလြတ္ႀကီး စိတ္ထင္ရာ အခ်က္အလက္မဲ့ မွန္းဆခဲ့ျခင္းေတာ့မဟုတ္။ ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ ရခိုင္ႏွင့္ ရွမ္းတို႔တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အေရးနိမ့္ခဲ့သလို ၂၀၁၇၊ ၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲမ်ား၌ တိုင္းေဒသႀကီးမ်ားတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဆက္လက္ေအာင္ပြဲခံၿပီး ရွမ္းျပည္နယ္၌ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ေအာင္ပြဲခံေနေသာေၾကာင့္ျဖစ္သည္။

ထို႔ျပင္ ႏွစ္ပါတီေပါင္းစည္းျခင္း၏ ေအာင္သီးေအာင္ႏွံအျဖစ္ ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ ရခိုင္ႏွစ္ပါတီ ေပါင္းစည္းထားေသာ ရခိုင္အမ်ိဳးသားပါတီက ရခိုင္ျပည္နယ္အတြင္း ျပတ္သားစြာအႏိုင္ရရွိကာ ရခိုင္ျပည္နယ္လႊတ္ေတာ္ကို လႊမ္းမိုးထားႏိုင္ျခင္းအေပၚ တိုင္းရင္းသားပါတီအခ်ိဳ႕က ေရွ႕ေဆာင္လမ္းျပအျဖစ္ မွတ္ယူၾကသည္။
ထို႔ေၾကာင့္ ခ်င္း၊ ကခ်င္၊ ကယား၊ ကရင္ႏွင့္ မြန္ျပည္နယ္တို႔တြင္ သက္ဆိုင္ရာ တိုင္းရင္းသားပါတီမ်ားက တစ္ပါတီတည္းေပါင္းစည္းႏိုင္ရန္ ႀကံေဆာင္ႏိုင္ခဲ့သည္။ယင္းသို႔ေသာ အေျခအေနမ်ားအရ ျပည္နယ္မ်ားတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အႏိုင္ရရွိမႈေလ်ာ့က်ႏိုင္သည္ဟု မွန္းဆျခင္းျဖစ္သည္။

ယင္းသို႔ေသာ မွန္းဆခ်က္အရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနႏွင့္ မိတ္ဖက္တိုင္းရင္းသားပါတီမ်ားႏွင့္ မဟာမိတ္ဖြဲ႕၍ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲဝင္မည္ဆိုပါက အားလုံးအတြက္ ရင္ေအးရမည့္လမ္းဟု က်ေနာ္ရႈျမင္ခဲ့သည္။အထူးသျဖင့္ ရွမ္းျပည္နယ္လိုေနရာမ်ိဳးတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ႏွင့္ SNLD  (ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္) တို႔ မဟာမိတ္ဖြဲ႕ကာ ခြဲတမ္းခ် ေ႐ြးေကာက္ပြဲဝင္ပါက ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ ရွမ္းျပည္နယ္တြင္း ေနရာအမ်ားဆုံးအႏိုင္ရရွိထားေသာ ျပည္ခိုင္ၿဖိဳးပါတီကို ေနာက္ေကာက္ခ်ႏိုင္လိမ့္မည္ဟု မွန္းဆခဲ့သည္။

အကယ္၍ ေ႐ြးေကာက္ပြဲမဟာမိတ္ဖြဲ႕ျခင္းလမ္းကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ မလုပ္လိုပါက ေ႐ြး ေကာက္ပြဲၿပီးေနာက္ ကိုယ့္အႏိုင္မဲျဖင့္ကိုယ္ အစိုးရမဖြဲ႕ႏိုင္ခဲ့လွ်င္ အႏိုင္ရတိုင္းရင္းသားပါတီတို႔၏ ထည့္ဝင္မဲျဖင့္ အစိုးရဖြဲ႕ႏိုင္ေရးအတြက္ ႀကိဳတင္ညႇိႏႈိင္းေဆြးေႏြးမႈမ်ား ျပဳလုပ္ထားရန္ လိုအပ္သည္ဟုလည္း က်ေနာ္ေရးခဲ့သည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အႀကီးတန္းေခါင္းေဆာင္မ်ားကလည္း ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ယခုကဲ့သို႔ စံခ်ိန္သစ္တင္အႏိုင္ရရွိလိမ့္မည္ဟု ေမွ်ာ္လင့္မထား။ျပည္နယ္အခ်ိဳ႕၌ ၂၀၁၅ ေ႐ြးေကာက္ပြဲ အႏိုင္ရလဒ္ေအာက္ က်ဆင္းမည္ဟုပင္ မွန္းဆထားၾကသည္။

ထို႔ေၾကာင့္ပင္ တိုင္းရင္းသားေဒသမ်ား၌ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အႏိုင္ရလဒ္ က်ဆင္းမသြားေရးအတြက္ဟုဆိုကာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အတြင္းရွိ တိုင္းရင္းသားစစ္စစ္မ်ားျဖင့္ ေကာ္မတီတစ္ရပ္ ဖြဲ႕စည္းခဲ့သည္။သို႔ေသာ္၊ ယင္းေကာ္မတီသည္ မည္သည့္လုပ္ငန္းေဆာင္တာမွ်မရွိဘဲ စာ႐ြက္ေပၚ ဖြဲ႕စည္း ထာသည့္ စိတ္ကူးယဥ္ေကာ္မတီအဆင့္ျဖင့္ ၿပီးဆုံးသြားခဲ့သည္။

ထို႔ေနာက္ ေဒါက္တာတင္မ်ိဳးဝင္း ဦးေဆာင္သည့္ တိုင္းရင္းသားပါတီမ်ားႏွင့္ မူဝါဒေရးရာဆက္ဆံေရး ေကာ္မတီတစ္ရပ္ကို ထပ္မံဖြဲ႕စည္းျပန္သည္။ယင္းေကာ္မတီ၏တာဝန္မွာ ယခင္ဖြဲ႕စည္းခဲ့သည့္ ေကာ္မတီလို တိုင္းရင္းသား ေဒသတြင္း ေ႐ြးေကာက္ပြဲရလဒ္ က်ဆင္းမသြားေရး မဟုတ္။ ၂၀၁၅ ေ႐ြးေကာက္ပြဲၿပီးကတည္းက အေနေဝးေနေသာ မိတ္ဖက္တိုင္းရင္းသားပါတီမ်ားႏွင့္ ျပန္လည္ေႏြးေထြးလာေစေရး။တရားဝင္ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္း မရွိေသာ္လည္း ယင္းေကာ္မတီ၏ အဓိကလုပ္ငန္းတာဝန္မွာ ၂၀၂၀ ေ႐ြးေကာက္ပြဲအၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ သီးသန႔္အစိုးရမဖြဲ႕ႏိုင္ခဲ့လွ်င္ တိုင္းရင္းသားပါတီမ်ား၏ မဲေပါင္းထည့္လာေစေရးအတြက္ တိုင္းရင္းသားပါတီမ်ားႏွင့္ ညႇိႏႈိင္းေရးေကာ္မတီတစ္ရပ္ပင္ျဖစ္သည္။

ဒါကိုေနာက္တစ္မ်ိဳးဆိုရေသာ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနႏွင့္ ဒုတိယလမ္းျဖစ္ေသာ တိုင္းရင္းသားပါတီအခ်ိဳ႕ႏွင့္ ပူးေပါင္းကာ အစိုးရဖြဲ႕ႏိုင္ေရးအတြက္ ႀကိဳတင္ျပင္ဆင္ခ်က္ျဖစ္သည္။ဆိုေတာ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကိုယ္တိုင္ပင္လွ်င္ ယခုလိုျပတ္သားစြာအႏိုင္ရရွိမည္ဟု တထစ္ခ်မေမွ်ာ္လင့္ထားသည့္သေဘာ။

ေျပာရလွ်င္ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းကလည္း အႏိုင္ရလဒ္အေပၚ ႏိုင္ငံေရးအကဲခတ္တို႔၏ မွတ္ခ်က္မ်ားလြဲခဲ့သည္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေသာင္ၿပိဳကမ္းၿပိဳ အႏိုင္ရလိမ့္မည္ဟု မည္သူကမွမမွန္းဆခဲ့ဖူး။

မွတ္မိေသးသည္။ ၂၀၁၄ ခုႏွစ္ဝန္းက်င္၊ က်ေနာ္ ေဘက်င္းတြင္ရွိေနစဥ္အခါက မိတ္ေဆြ တ႐ုတ္သတင္းေထာက္မ်ားက ၂၀၁၅ ေ႐ြးေကာက္ပြဲအေပၚ မည္သို႔မွန္းဆသနည္းဟု အလြတ္သေဘာေမးခဲ့ဖူးသည္။က်ေနာ္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အစိုးရဖြဲ႕ႏိုင္သည္အထိ အႏိုင္ရရွိမည္ဟု ယတိျပတ္ေျပာခဲ့ဖူးသည္။
က်ေနာ့္မွန္းဆခ်က္ကို သူတို႔ ယုံ၊ မယုံေတာ့ မသိ။ေဟာကိန္းထုတ္သူ က်ေနာ္ပင္လွ်င္ ကိုယ့္ေဟာကိန္းကိုယ္ ရာႏႈန္းျပည့္ယုံၾကည္တာေတာ့မဟုတ္။ဘာလို႔လဲဆိုေတာ့ လက္ဆုပ္လက္ကိုင္ အခ်က္အလက္ဆိုလို႔ ၂၀၁၂ ၾကားျဖတ္ေ႐ြးေကာက္ပြဲတြင္ ေ႐ြးေကာက္ပြဲဝင္ေသာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကိုယ္စားလွယ္ေလာင္းတိုင္း အႏိုင္ရရွိျခင္းသာရွိသည္။ၿပီးေတာ့ ၂၀၀၈ အေျခခံဥပေဒေအာက္တြင္ က်င္းပေသာ ေ႐ြးေကာက္ပြဲဆိုသည္မွာ ေ႐ြးေကာက္ပြဲမၿပိဳင္မီကပင္ ၿပိဳင္ပြဲဝင္ပါတီတိုင္းက ျပည္ခိုင္ၿဖိဳးကို ၂၅ ရာခိုင္ႏႈန္း အေက်ာေပးထားရသလိုျဖစ္ေနေသာ မွ်တမႈမရွိသည့္ ေ႐ြးေကာက္ပြဲျဖစ္ေနျခင္းကလည္း ရွိေသးသည္။

ထို႔ေၾကာင့္ ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အစိုးရဖြဲ႕ႏိုင္သည္အထိ အႏိုင္ရရွိမည္ဟု က်ေနာ္ဆိုလိုက္ျခင္းတြင္ က်ေနာ့္ခံစားမႈ၊ က်ေနာ့္ျဖစ္ေစလိုမႈ ဆႏၵစြဲကပါေနသည္။ေျပာရလွ်င္ ကိုယ့္ကိုယ္ကိုယ္ အားတင္းလိုက္သည့္သေဘာ၊ ေမာင္းတင္လိုက္သည့္ သေဘာမကင္း။ထို႔ေၾကာင့္ပင္ တရားဝင္ေျပာဆိုျခင္းမ်ိဳး၊ တရားဝင္စာေရးသားမွန္းဆျခင္းမ်ိဳးတြင္ ထိုသို႔မေျပာရဲခဲ့။ထားေတာ့။

ျမန္မာျပည္သူမ်ားက မည္သူမွမမွန္းဆခဲ့ဖူး၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကိုယ္တိုင္ပင္ မမွန္းဆရဲခဲ့ေသာ ေသာင္ၿပိဳကမ္းၿပိဳ အႏိုင္ရရွိေအာင္ စြမ္းေဆာင္ျပခဲ့သည္။

ယခု ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္လည္း မည္သူမွ်မထင္မွတ္ထားေသာ ေသာင္ၿပိဳကမ္းၿပိဳထက္ပိုသည့္ မိုးၿပိဳသည့္အဆင့္ ျပည္သူက စံခ်ိန္သစ္တင္စြမ္းေဆာင္ခဲ့ျပန္သည္။သို႔ေသာ္၊ ျပည္သူမ်ားကိုယ္တိုင္ပင္ ယခုလိုစြမ္းေဆာင္ျပႏိုင္မည္ဟု သူတို႔တစ္ဦးခ်င္းအေနႏွင့္ ထင္ခဲ့ပုံမေပၚ။

ဘာ့ေၾကာင့္ ထိုသို႔ေျပာတာလဲဆိုေတာ့ ေ႐ြးေကာက္ပြဲနီးလာသည့္ႏွင့္အမွ် ျပည္သူအမ်ားစုမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အစိုးရမဖြဲ႕ႏိုင္လွ်င္ဆိုသည့္အေတြးျဖင့္ ဗ်ာမ်ားေနၾကေသာေၾကာင့္ျဖစ္သည္။ေ႐ြးေကာက္ပြဲစည္း႐ုံးေရးကာလ၊ ၿမိဳင္ၿမိဳ႕နယ္အတြင္း ပါတီေအာင္ႏိုင္ေရး သီခ်င္းဖြင့္သည့္အေပၚ အေျခခံကာ အိမ္ေရာ ကားေရာ ဆိုင္ကယ္ေရာတင္မက လူကိုပါ အုပ္စုဖြဲ႕အၾကမ္းဖက္ခံရျခင္းမ်ိဳး၊ ကန႔္ဘလူၿမိဳ႕နယ္တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဝန္းရံသူတစ္ဦး အသက္ေသဆုံးသည္အထိ ႐ိုက္ႏွက္ခံရျခင္းမ်ိဳး၊ ေ႐ြးေကာက္ပြဲမက်င္းပမီ အခ်ိန္အတန္ၾကာကတည္းကပင္ ေ႐ြးေကာက္ပြဲမွ်တမႈမရွိဟု တေၾကာ္ေၾကာ္ဟစ္ေအာ္ကာ စကားလမ္းေၾကာင္းေပးေနျခင္းမ်ိဳး စသည့္ အာဏာရပါတီကို အာဏာလက္မဲ့ပါတီႏွင့္ အသိုင္းအဝိုင္းက တစ္ဖက္သတ္ရန္ျပဳ၊ ရန္လိုေနျခင္းမ်ားကလည္း ျပည္သူမ်ားကို ဗ်ာမ်ားေစသလို မိမိ၏လက္သန္းတစ္ေခ်ာင္းသည္ တိုင္းျပည္၏အနာဂတ္ သာယာလွပေစေရးအတြက္ အင္မတန္မွအေရးႀကီးေၾကာင္း ႏႈိးေဆာ္ေနသကဲ့သို႔ပင္ျဖစ္သည္။

ေ႐ြးေကာက္ပြဲနားနီးလာေလ က်ေနာ့္ေဆြမ်ိဳးမ်ား၊ က်ေနာ့္မိတ္ေဆြမ်ားက သူတို႔ထက္နည္းနည္းပိုသိေသာ က်ေနာ့္ထံ NLD ႏိုင္ပါ့မလားဟု ဖုန္းဆက္ေမးၾကသည္။ဘာ့ေၾကာင့္ သူတို႔ေမးၾကသလဲဆိုေတာ့ က်ေနာ့္၏အေျဖက သူတို႔အတြက္ စိတ္သက္သာရာရႏိုင္မလားဆိုသည့္ သူတို႔၏ဗ်ာမ်ားေနမႈကို ေျဖေလွ်ာ့လိုျခင္းေၾကာင့္ဟု က်ေနာ္ထင္သည္။

ယင္းသို႔ထင္ျမင္မႈအရ က်ေနာ့္လူမႈကြန္ရက္အသိုင္းအဝိုင္းအတြင္း စိတ္သက္သာရာရလိုရျငား ရည္႐ြယ္ကာ ႏိုဝင္ဘာ ၇ ရက္ေန႔တြင္ က်ေနာ့္လူမႈကြန္ရက္ေပၚ ယခုလိုပို႔စ္တင္ခဲ့သည္။ ‘၂၀၂၀ ေ႐ြးေကာက္ပြဲဆိုတာ NLD သီးသန႔္ အစိုးရဖြဲ႕ႏိုင္မလား၊ NLD + တိုင္းရင္းသားပါတီအခ်ိဳ႕ ပူးေပါင္းၿပီး အစိုးရဖြဲ႕ႏိုင္မလား၊ အေျဖရွာတဲ့ပြဲမို႔ စိတ္ေအးေအးထားၾကပါ။’ ဟူ၍ ျဖစ္သည္။

က်ေနာ္တင္ခဲ့ေသာပို႔စ္မွာ က်ေနာ့္၏ အမွန္တကယ္ယုံၾကည္မႈျဖစ္သည္။ယခုကဲ့သို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ စံခ်ိန္သစ္တင္ႏိုင္လိမ့္မည္ဟုမထင္။အလြန႔္အလြန္ဆုံး အစိုးရဖြဲ႕ႏိုင္သည့္အဆင့္ သို႔မဟုတ္ တိုင္းရင္းသားပါတီအခ်ိဳ႕ႏွင့္ပူးေပါင္းကာ အစိုးရဖြဲ႕ႏိုင္သည့္အဆင့္။

က်ေနာ္က ရွမ္းတိုင္းရင္းသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္လို မြန္ညီၫြတ္ေရးပါတီတို႔လို တိုင္းရင္းသားပါတီမ်ားသည္ ၎တို႔ အခြင့္အာဏာရလွ်င္ၿပီးေရာ ျပည္ခိုင္ၿဖိဳးႏွင့္ပူးေပါင္းလိမ့္မည္ဟု လုံးဝမယုံသျဖင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ က်ိန္းေသေပါက္အစိုးရဖြဲ႕ႏိုင္မည္ကို ခြၽင္းခ်က္မရွိယုံၾကည္ၿပီးသား။သို႔ေသာ္၊၂၀၁၅ အႏိုင္ရလဒ္ကိုမီလွ်င္ ကံေကာင္းဟု တြက္ဆခဲ့သည္။

ျပည္သူတို႔မွာ ကိုယ္စီဗ်ာမ်ားေနမႈေၾကာင့္ ကိုဗစ္ကိုမေၾကာက္ မဲ႐ုံဆီသို႔ အ‌ေရာက္လွမ္းခဲ့ၾကသည္။မဲေပးျပည္သူ ရာခိုင္ႏႈန္းမည္မွ်ရွိသလဲဆိုသည္ကို မသိေသးေသာ္လည္း ၂၀၁၅ ထက္ပင္ မ်ားေနမလားဟု မ်က္ျမင္အရတြက္ဆၾကသည္။ေျပာရလွ်င္ ေ႐ြးေကာက္ပြဲဆိုင္ရာ ဘက္အသီးသီးက ကိုဗစ္ကာလ မဲ႐ုံသို႔ ျပည္သူမ်ားလာမွလာပါ့မလားဟု စိုးရိမ္စိတ္ပြားေနျခင္းကစ၍ လြဲေခ်ာ္ခဲ့ျခင္းျဖစ္သည္။

မဲရလဒ္မ်ားကိုၾကည့္လိုက္ပါက အမ်ားစုခန႔္မွန္းထားသည္ထက္ပိုစြာ တိုင္းေဒသႀကီးမ်ား၌ ယခင္ ျပည္ခိုင္ၿဖိဳးႏိုင္ထားေသာ ေနရာအမ်ားစုကိုပါ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က သိမ္းႀကဳံးႏိုင္ခဲ့သည္။ထို႔ျပင္ ျပည္နယ္မ်ား၌လည္း အမ်ားစုက ခန႔္မွန္းခဲ့ၾကသလို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ အႏိုင္ရလဒ္ ေလ်ာ့က်သြားျခင္းမရွိဘဲ ျပည္ခိုင္ၿဖိဳးအႏိုင္ရလဒ္သာေလ်ာ့က်ကာ တိုင္းရင္းသားပါတီတို႔၏အႏိုင္ရလဒ္ တက္လာေၾကာင္း ေတြ႕ရသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္သည္ ျပည္ေထာင္စုလႊတ္ေတာ္ေနရာ ၃၉၆ ေနရာ အႏိုင္ရရွိခဲ့ၿပီး ဒုတိယအမ်ားဆုံးအႏိုင္ရ ျပည္ခိုင္ၿဖိဳးကို ေနရာေပါင္း ၃၆၀ ေက်ာ္ ျဖတ္ထားႏိုင္ခဲ့သည္။မဲဆႏၵနယ္တစ္ခုခ်င္းစီအလိုက္ မဲရလဒ္မ်ားကိုၾကည့္ပါကလည္း ဒီခ်ဳပ္ကိုယ္စားလွယ္ေလာင္းတို႔၏ မဲရလဒ္သည္ ျပည္ ခိုင္ၿဖိဳးအမတ္ေလာင္းတို႔ မည္သို႔မွ်အျငင္းပြား၍မရေအာင္ မဲျပတ္ခဲ့သည္။

ျပည္သူတို႔ကိုယ္တိုင္ပင္ သူတို႔ ထိုမွ်စြမ္းေဆာင္ႏိုင္ခဲ့လိမ့္မည္ဟု မထင္ထားမိ။မည္သို႔မွ်ႏႈိင္းယွဥ္လို႔မရေအာင္ အျပတ္အသတ္ရႈံးနိမ့္ေနသည့္တိုင္ မမွ်တေသာေ႐ြးေကာက္ပြဲဟု ေ႐ြးေကာက္ပြဲအသစ္ ျပန္လည္က်င္းပေပးပါဟု ျပည္ခိုင္ၿဖိဳးေျပာဝံ့လိမ့္မည္ဟုလည္း ျပည္သူတို႔မထင္ၾကတာလည္း ေသခ်ာသည္။

လင္းဆက္ၿငိမ္းခ်မ္း
ႏိုဝင္ဘာ - ၂၁