【 ဆောင်းပါး 】 “ပိုပြီးအက်ကြောင်းထင်သွားတဲ့ ရင်ကြားစေ့ရေး”

【 ဆောင်းပါး 】 “ပိုပြီးအက်ကြောင်းထင်သွားတဲ့ ရင်ကြားစေ့ရေး”

အခုအချိန်မှာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှာ ဆောင်ရွက်နေတဲ့ကာလ ဖြစ်ပါတယ်။၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးနဲ့ ဖွဲ့စည်းထားခဲ့တာလည်း သိနေခဲ့ကြပါတယ်။ဒီပူးပေါင်းကော်မတီဟာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်အများစုနဲ့ ဖွဲ့ထားတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေကလွဲရင် အခြားလွှတ်တော်ကိုယ်စားလှယ်တွေက မကျေနပ်ကြပါဘူး။

မဲများသူက အနိုင်ရသွားတဲ့ သဘောဆောင်ပေမယ့် ဒီမိုကရေစီကျင့်စဉ်မှာ အင်အားနည်းသူ (တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ) ကိုလည်း လေးစားရမယ်ဆိုတာလဲ ပါဝင်ပါတယ်။နောက်ဆုံး ပြည်သူ့လွှတ်တော်ထဲမှာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အလိုအလျှောက် လွှတ်တော်ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်း နေရာယူထားတဲ့ တပ်မတော် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားကိုလည်း လေးစားရပါလိမ့်မယ်။ဒီ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရလာတဲ့ ပါတီမဟုတ်လား။၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီးကတည်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ရင်ကြားစေ့ရေးမူကို ကိုင်စွဲလာတဲ့ ပါတီကြီးလို့ ပြောရပါလိမ့်မယ်။

အခု ပြည်ထောင်စုလွှတ်တော်ထဲမှာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်း တင်သွင်းလာရင် ပြည်ထောင်စုလွှတ်တော်အနေနဲ့ လက်ခံဆွေးနွေးမယ်ဆိုတဲ့ အချက်ကို ကိုင်စွဲပြီး တင်လာတဲ့အတွက် ပြည်ထောင်စုလွှတ်တော်အနေနဲ့ မငြင်းဆန်နိုင်ပါဘူး။ဒါပေမယ့် ပြည်ထောင်စုလွှတ်တော်မှာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး၊ ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီးနောက်မှာ ပြည်ထောင်စုလွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်း တင်သွင်းလာခဲ့တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အဆိုပြုချက်တွေကို သီးခြားဆွေးနွေးခွင့် မပြုတော့ပဲ ပူးပေါင်းကော်မတီထဲမှာသာ ဆွေးနွေးရမယ်လို့ ပြည်ထောင်စုလွှတ်တော်က မဲအများစုကို အားပြုပြီး အတည်ပြုလိုက်ပါတယ်။

ဒီလို ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်နေရာ အများအပြားရရှိထားတဲ့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လုပ်ဆောင်ချက်ဟာ မှားယွင်းနေပါလိမ့်မယ်။ပြည်ထောင်စုလွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ် အတည်ပြုယူမှုတွေဟာ လွှတ်တော်ထဲမှာ အနိုင်ရရှိနေပေမယ့်၊ အမှန်တကယ်၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာတော့ အနိုင်မရရှိနိုင်ပါဘူး။၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့အတွက် အခုလက်ရှိအခြေအနေမှာ မဖြစ်နိုင်သေးပါဘူး။

၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၃၆ (ခ) မှာ ပြဋ္ဌာန်းထားတာက "ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ၊ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်" ဆိုတဲ့အချက်ဟာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွက် ပြည်ထောင်စုလွှတ်တော်မှာ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေပါတယ်။ဒီပြဋ္ဌာန်းချက်ဟာ အာဏာရ အင်အယ်ဒီပါတီမှ မဟုတ်ပါဘူး။ဘယ်ပါတီပဲအနိုင်ရရ၊ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ချင်တယ်ဆိုရင်၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး ထောက်ခံဆန္ဒမဲအပြင် တပ်မတော်သား ကိုယ်စားလှယ်တစ်ယောက်ကပါ ထောက်ခံမဲပေးဖို့ လိုအပ်ပါတယ်။

အခု ပြည်ထောင်စုလွှတ်တော်မှာ မဲအများစုနဲ့ ဆုံးဖြတ်အတည်ပြုထားတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီနဲ့လည်း အခုသိပ်မကျန်တော့တဲ့ လွှတ်တော်သက်တမ်းမှာ ဘယ်ဥပဒေပုဒ်မကိုမှ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်မှုကို လုပ်နိုင်မယ်မထင်ပါဘူး။အဲဒီလို အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ၂၀၁၅ ရွေးကောက်ပွဲ ဝင်တဲ့အချိန်မှာ ပြည်သူတွေကို ပေးထားခဲ့တဲ့ ကတိကို လုပ်ဆောင်ပြရုံသက်သက် သဘောပဲဖြစ်မှာပါ။အမှန်အတိုင်းပြောမယ်ဆိုရင်၊ ၂၀၂၀ ရွေးကောက်ပွဲအကြို ပါတီအနိုင်ရရေး ပြင်ဆင်မှုတစ်ရပ်သာ ဖြစ်သွားနိုင်ပါတယ်။

ဒီလို ပြည်ထောင်စုလွှတ်တော်မှာ ပြည်သူတွေကို ပေးထားတဲ့ ကတိအတိုင်း ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး ဆောင်ရွက်ပြနေတယ်ဆိုတဲ့ လုပ်ဆောင်ချက်ကို ပြည်သူတွေ လက်ခံပြီး အားပေးမှုရနိုင်ကောင်းပါတယ်။နိုင်ငံရေးအမြတ်တစ်ခုအနေနဲ့ မြတ်နိုင်ပေမယ့်လည်း၊ တစ်ဖက်မှာ ရင်ကြားစေ့ရေး အခြေအနေကတော့ ပိုပြီးအက်ကြောင်းထင်သွားမှာပါ။အခု တိုင်းရင်းသားပါတီတစ်ခုက ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကနေ နှုတ်ထွက်စာတင်လိုက်တာတွေ၊ တပ်မတော် လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ ခေါင်းဆောင်က ပူးပေါင်းကော်မတီကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ဝေဖန်နေတာတွေ၊ မဲအများစုနဲ့ အနိုင်ယူတာ ဒီမိုကရေစီနည်းမကျဘူးလို့ ပြောနေတာတွေကတော့ နိုင်ငံရေးအရ အရှုံးပြနေတာ တွေ့ရပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တခြား ကမ္ဘာပေါ်က ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေလို စနစ်တကျ မကျင့်သုံးနိုင်သေးပါဘူး၊ နိုင်ငံတစ်နိုင်ငံ အစိုးရနှစ်ခုရဲ့ အုပ်ချုပ်တဲ့စနစ်လို ဖြစ်နေပါတယ်။နိုင်ငံတကာက နိုင်ငံရေးပညာရှင်တွေ သတ်မှတ်ထားသလို Partial Democracy ဆိုတဲ့ ပြည့်စုံမှုမရှိတဲ့ ဒီမိုကရေစီ၊ Law intensity Democracy အရည်အသွေး မပြည့်မီသော ဒီမိုကရေစီအဆင့်ကိုတောင်မှ ပြောနိုင်ဖို့ ခက်နေပါသေးတယ်။အခု ကျွန်တော်တို့ လက်ရှိရင်ဆိုင်နေရတာက Hybrit Democracy ဖက်စပ် ဒီမိုကရေစီစနစ်ဆိုတာ အနီးစပ်ဆုံး ဖြစ်နေပါတယ်။

ဒီလို ဖက်စပ် ဒီမိုကရေစီစနစ်ကလည်း တိုင်းပြည်အတွက် ရေးဆွဲပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကန့်သတ်မှုအောက်မှာ ရှိနေပါတယ်။ဒီလိုအကန့်သတ်ခံနေရတဲ့ အခြေအနေမှာ ပြည်သူတွေ ရွေးကောက်တင်မြှောက်ခံ အရပ်သားအစိုးရအတွက် အင်မတန်ကျဉ်းကျပ်စွာ ရပ်တည်ရှင်သန်နိုင်အောင် ဆောင်ရွက်နေရပါလိမ့်မယ်။
ဒီလိုကျဉ်းကျပ်စွာ ရပ်တည်ရှင်သန်နေရတဲ့ အခြေအနေမှာ၊ လွှတ်တော်ရော၊ အစိုးရပါ အစစအရာရာ သတိရှိရှိ ပါးနပ်ဖို့လိုအပ်ပါတယ်။

အရေးကြီးတာက ပါတီ၊ လွှတ်တော်၊ အစိုးရအနေနဲ့ ပိုပြီးသတိရှိရှိ လုပ်ကိုင်ရမယ့် အနေအထားပါ။ဒီ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကန့်သတ်ခံနေရတဲ့ အာဏာပိုင်နှစ်ရပ်အနေနဲ့ ဖက်စပ် ဒီမိုကရေစီစနစ်ကို အပြန်အလှန် နားလည်မှုယူပြီး တည်ငြိမ်မှုရအောင် ဆောင်ရွက်ရင်း ရှေ့ဆက်မောင်းနှင်ရမှာပါ။ဒီဖက်စပ် ဒီမိုကရေစီစနစ်ကို တည်ငြိမ်အောင် တည်ဆောက်နိုင်ဖို့ အဓိကဆောင်ရွက်ရမှာက အမှန်တကယ်စစ်မှန်တဲ့ ရင်ကြားစေ့ရေး ပြဿနာပါ။ဒီပြဿနာကို ညင်ညင်သာသာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ဒီနှစ်ရပ်အတွက် ရင်ကြားစေ့ရေး အောင်မြင်မှ ကျန်တဲ့ပြည်သူတွေ အပါအဝင်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ရင်ကြားစေ့ရေးကို လွယ်ကူစွာ ရှေ့ဆက်ဆောင်ရွက်နိုင်မှာပါ။

တိုင်းပြည်အတွင်းမှာ လူမျိုးရေးကွဲပြားမှုတွေ၊ အယူအဆကွဲပြားမှုတွေ၊ တန်းတူညီမျှမှုမရှိတဲ့ ကွဲပြားမှုတွေ စတဲ့ အကွဲပေါင်းမြောက်များစွာကို ရင်ကြားစေ့နိုင်ဖို့ အရေးကြီးပါတယ်။၂၀၂၀ ရွေးကောက်ပွဲမှာ ဆက်လက်အနိုင်ရရှိရေးအတွက် သက်သက်သာ ဆောင်ရွက်နေမယ်ဆိုရင်တော့ ရှေ့ခရီးလမ်းကို ဆက်နိုင်ဖို့ ခက်ခဲသွားပါလိမ့်မယ်။
ပြည်တွင်းငြိမ်းချမ်းရေးကို ရှေ့ဆက်သွားနိုင်ရေး အခြေအနေလည်း ပိုပြီးခက်ခဲပြီး အလှမ်းကွာဝေးသွားပါလိမ့်မယ်။၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကန့်သတ်ထားမှုအောက်မှာ ရှိနေတဲ့ နှစ်ရပ်စလုံးကလည်း စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ဦးတည်နေတယ်လို့ ယူဆရမှာပါ။

ဒီလို နှစ်ရပ်စလုံးက စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ဦးတည်နေတယ်ဆိုတာကို တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုရှိဖို့လည်း အရေးကြီးပါတယ်။ဒီလို အပြန်အလှန်နားလည်မှုနဲ့ ယုံကြည်မှုရှိနေမှလည်း အဖွဲ့နှစ်ရပ်ကြားမှာ ကွဲနေတဲ့ရင်ကြားကို အောင်မြင်စွာ စေ့နိုင်ပါလိမ့်မယ်။ဒီလိုအခြေအနေမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ထိခိုက်နစ်နာစေမယ့် လုပ်ဆောင်မှုတွေ၊ အပြောအဆိုတွေ မလုပ်ဆောင်ဖို့ အလွန်အင်မတန်မှ အရေးကြီးပါတယ်။ဒီနှစ်ဖွဲ့ကြား ရင်ကြားစေ့ရေးကို မအောင်မြင်နိုင်အောင် စစ်အာဏာရှင် လက်ကျန်တွေက ကြံစည်လုပ်ဆောင်နေတာကိုလည်း သတိထားရပါလိမ့်မယ်။ဒီလိုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို နှစ်ရပ်အနေနဲ့ အပြန်အလှန်နားလည်မှုရှိစွာ ကိုင်တွယ်ဖြေရှင်းနိုင်ရမှာပါ။
တကယ်တမ်း လက်ရှိဖြစ်ပေါ်ကြုံတွေ့နေရတဲ့ အခြေအနေကို ပြန်ကြည့်မယ်ဆိုရင်၊ အရပ်သားအစိုးရက ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ပေးတဲ့အပေါ်မှာ အခြေအနေကို တွက်ချက်ပြီး လျှောက်လှမ်းနေရတာကို မတွေ့မြင်ရနိုင်ပါဘူး။အင်မတန်မှ ကျဉ်းကြပ်ခက်ခဲတဲ့လမ်းကို တဖြေးဖြေးလျှောက်လှမ်းပြီး ချဲ့နိုင်သမျှချဲ့ပြီး လျှောက်နိုင်ရမှာပါ။

ဒီတိုင်းပြည်အတွက် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားတဲ့ပေါ်မှာ ဘယ်သူ့မှာ အာဏာအရှိဆုံးဆိုတာကိုတော့ နားလည်နိုင်ဖို့လိုပါတယ်။လက်ရှိ အရပ်သားအစိုးရအနေနဲ့ Hybrid Democracy ဖက်စပ် ဒီမိုကရေစီ အဆင့်ကနေ ဖြတ်သန်းကျော်လွန်ပြီး၊ Lawintensity Democracy တဆင့်နိမ့် ဒီမိုကရေစီစနစ်ကိုရောက်ဖို့ အချိန်ကာလတစ်ခု လိုအပ်နေပါသေးတယ်။

အဖွ့နှစ်ရပ်အနေနဲ့ တစ်ဖက်ကို တစ်ဖက် နားလည်မှုလွဲနိုင်တဲ့ အဖြစ်အပျက်တွေများစွာ ရှိနေပါလိမ့်မယ်။နှစ်ရပ်စလုံးအတွက် ရင်ကြားစေ့ရေး မဖြစ်ပေါ်နိုင်အောင် အတွင်းရန်တွေကလည်း ကြောက်မက်ဖွယ်ရှိနေပါတယ်။အတွင်းရန်ဆိုတာထက် အတွင်းမှာ မသိနားမလည်ပဲ အာဏာရပါတီ၊ အာဏာရလွှတ်တော်၊ အာဏာရအစိုးရဆိုပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေကြသူတွေက ပိုအန္တရာယ်ကြီးပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေကိုလည်း မသိ၊ သိအောင်လည်း မကြိုးစား၊ မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းကိုလည်း မလေ့လာပဲ ပြောချင်ရာပြော၊ လုပ်ချင်ရာ လုပ်နေကြတဲ့သူတွေကပေးတဲ့ အန္တရာယ်တွေက ပိုပြီးသတိထားရပါလိမ့်မယ်။အခုလက်ရှိ အခြေအနေအရ ပြည်ထောင်စုလွှတ်တော်ထဲမှာ မဲအများစုနဲ့ ဆုံးဖြတ်အတည်ပြုချက်ကို ရယူနေတာတွေကို ကြည့်မယ်ဆိုရင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အတွင်းရန်သဘော ဖြစ်နေပါတယ်။

တိုင်းပြည်နဲ့ ပြည်သူတွေအတွက် လိုအပ်နေတဲ့ ရင်ကြားစေ့ရေးကို ပိုပြီးအက်ကွဲကြောင်းထင်သွားရင် တိုင်းပြည်ငြိမ်းချမ်းရေးကို ထိခိုက်သွားပါလိမ့်မယ်။

မြတ်လှိုင်း
စက်တင်ဘာ - ၇

( Zawgyi )

အခုအခ်ိန္မွာ ၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ႏိုင္ေရးအတြက္ ျပည္ေထာင္စုလႊတ္ေတာ္မွာ ေဆာင္႐ြက္ေနတဲ့ကာလ ျဖစ္ပါတယ္။၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီတစ္ရပ္ကို လႊတ္ေတာ္ကိုယ္စားလွယ္ ၄၅ ဦးနဲ႔ ဖြဲ႕စည္းထားခဲ့တာလည္း သိေနခဲ့ၾကပါတယ္။ဒီပူးေပါင္းေကာ္မတီဟာ အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစုနဲ႔ ဖြဲ႕ထားတာကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကလြဲရင္ အျခားလႊတ္ေတာ္ကိုယ္စားလွယ္ေတြက မေက်နပ္ၾကပါဘူး။

မဲမ်ားသူက အႏိုင္ရသြားတဲ့ သေဘာေဆာင္ေပမယ့္ ဒီမိုကေရစီက်င့္စဥ္မွာ အင္အားနည္းသူ (တိုင္းရင္းသား လႊတ္ေတာ္ကိုယ္စားလွယ္ေတြ) ကိုလည္း ေလးစားရမယ္ဆိုတာလဲ ပါဝင္ပါတယ္။ေနာက္ဆုံး ျပည္သူ႔လႊတ္ေတာ္ထဲမွာ ၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ အလိုအေလွ်ာက္ လႊတ္ေတာ္ကိုယ္စားလွယ္၂၅ ရာခိုင္ႏႈန္း ေနရာယူထားတဲ့ တပ္မေတာ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ သေဘာထားကိုလည္း ေလးစားရပါလိမ့္မယ္။ဒီ ၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒေအာက္မွာ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီး အႏိုင္ရလာတဲ့ ပါတီမဟုတ္လား။၂၀၁၅ ေ႐ြးေကာက္ပြဲ အႏိုင္ရၿပီးကတည္း အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးအတြက္ ရင္ၾကားေစ့ေရးမူကို ကိုင္စြဲလာတဲ့ ပါတီႀကီးလို႔ ေျပာရပါလိမ့္မယ္။

အခု ျပည္ေထာင္စုလႊတ္ေတာ္ထဲမွာ ၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ ျပည္ေထာင္စုလႊတ္ေတာ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္းရဲ႕ ၂၀ ရာခိုင္ႏႈန္း တင္သြင္းလာရင္ ျပည္ေထာင္စုလႊတ္ေတာ္အေနနဲ႔ လက္ခံေဆြးေႏြးမယ္ဆိုတဲ့ အခ်က္ကို ကိုင္စြဲၿပီး တင္လာတဲ့အတြက္ ျပည္ေထာင္စုလႊတ္ေတာ္အေနနဲ႔ မျငင္းဆန္ႏိုင္ပါဘူး။ဒါေပမယ့္ ျပည္ေထာင္စုလႊတ္ေတာ္မွာ ၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ႏိုင္ေရး၊ ပူးေပါင္းေကာ္မတီ ဖြဲ႕စည္းၿပီးေနာက္မွာ ျပည္ေထာင္စုလႊတ္ေတာ္ကို လႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္းရဲ႕ ၂၀ ရာခိုင္ႏႈန္း တင္သြင္းလာခဲ့တဲ့ ၂၀ဝ၈ ဖြဲ႕စည္းပုံ ျပင္ဆင္ေရး အဆိုျပဳခ်က္ေတြကို သီးျခားေဆြးေႏြးခြင့္ မျပဳေတာ့ပဲ ပူးေပါင္းေကာ္မတီထဲမွာသာ ေဆြးေႏြးရမယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္က မဲအမ်ားစုကို အားျပဳၿပီး အတည္ျပဳလိုက္ပါတယ္။

ဒီလို ျပည္ေထာင္စုလႊတ္ေတာ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေနရာ အမ်ားအျပားရရွိထားတဲ့ အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ လုပ္ေဆာင္ခ်က္ဟာ မွားယြင္းေနပါလိမ့္မယ္။ျပည္ေထာင္စုလႊတ္ေတာ္ထဲမွာ မဲခြဲဆုံးျဖတ္ အတည္ျပဳယူမႈေတြဟာ လႊတ္ေတာ္ထဲမွာ အႏိုင္ရရွိေနေပမယ့္၊ အမွန္တကယ္၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးမွာေတာ့ အႏိုင္မရရွိႏိုင္ပါဘူး။၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ႏိုင္ဖို႔အတြက္ အခုလက္ရွိအေျခအေနမွာ မျဖစ္ႏိုင္ေသးပါဘူး။

၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ၄၃၆ (ခ) မွာ ျပ႒ာန္းထားတာက "ပုဒ္မခြဲ (က) တြင္ ေဖာ္ျပထားသည့္ ျပ႒ာန္းခ်က္မ်ားမွအပ၊ အျခားျပ႒ာန္းခ်က္မ်ားကို ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္အားလုံး၏ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံဆႏၵမဲျဖင့္သာ ျပင္ဆင္ရမည္" ဆိုတဲ့အခ်က္ဟာ အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီအတြက္ ျပည္ေထာင္စုလႊတ္ေတာ္မွာ စိန္ေခၚမႈႀကီးတစ္ခု ျဖစ္ေနပါတယ္။ဒီျပ႒ာန္းခ်က္ဟာ အာဏာရ အင္အယ္ဒီပါတီမွ မဟုတ္ပါဘူး။ဘယ္ပါတီပဲအႏိုင္ရရ၊ ၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ျပင္ဆင္ခ်င္တယ္ဆိုရင္၊ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအားလုံး ေထာက္ခံဆႏၵမဲအျပင္ တပ္မေတာ္သား ကိုယ္စားလွယ္တစ္ေယာက္ကပါ ေထာက္ခံမဲေပးဖို႔ လိုအပ္ပါတယ္။

အခု ျပည္ေထာင္စုလႊတ္ေတာ္မွာ မဲအမ်ားစုနဲ႔ ဆုံးျဖတ္အတည္ျပဳထားတဲ့ ၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီနဲ႔လည္း အခုသိပ္မက်န္ေတာ့တဲ့ လႊတ္ေတာ္သက္တမ္းမွာ ဘယ္ဥပေဒပုဒ္မကိုမွ ျပင္ဆင္၊ ျဖည့္စြက္၊ ပယ္ဖ်က္မႈကို လုပ္ႏိုင္မယ္မထင္ပါဘူး။အဲဒီလို အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ ၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးကို ၂၀၁၅ ေ႐ြးေကာက္ပြဲ ဝင္တဲ့အခ်ိန္မွာ ျပည္သူေတြကို ေပးထားခဲ့တဲ့ ကတိကို လုပ္ေဆာင္ျပ႐ုံသက္သက္ သေဘာပဲျဖစ္မွာပါ။အမွန္အတိုင္းေျပာမယ္ဆိုရင္၊ ၂၀၂၀ ေ႐ြးေကာက္ပြဲအႀကိဳ ပါတီအႏိုင္ရေရး ျပင္ဆင္မႈတစ္ရပ္သာ ျဖစ္သြားႏိုင္ပါတယ္။

ဒီလို ျပည္ေထာင္စုလႊတ္ေတာ္မွာ ျပည္သူေတြကို ေပးထားတဲ့ ကတိအတိုင္း ၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ျပင္ဆင္ႏိုင္ေရး ေဆာင္႐ြက္ျပေနတယ္ဆိုတဲ့ လုပ္ေဆာင္ခ်က္ကို ျပည္သူေတြ လက္ခံၿပီး အားေပးမႈရႏိုင္ေကာင္းပါတယ္။ႏိုင္ငံေရးအျမတ္တစ္ခုအေနနဲ႔ ျမတ္ႏိုင္ေပမယ့္လည္း၊ တစ္ဖက္မွာ ရင္ၾကားေစ့ေရး အေျခအေနကေတာ့ ပိုၿပီးအက္ေၾကာင္းထင္သြားမွာပါ။အခု တိုင္းရင္းသားပါတီတစ္ခုက ၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီကေန ႏႈတ္ထြက္စာတင္လိုက္တာေတြ၊ တပ္မေတာ္ လႊတ္ေတာ္ကိုယ္စားလွယ္ အစုအဖြဲ႕ ေခါင္းေဆာင္က ပူးေပါင္းေကာ္မတီကို ဖြဲ႕စည္းပုံ အေျခခံဥပေဒနဲ႔ မကိုက္ညီဘူးလို႔ ေဝဖန္ေနတာေတြ၊ မဲအမ်ားစုနဲ႔ အႏိုင္ယူတာ ဒီမိုကေရစီနည္းမက်ဘူးလို႔ ေျပာေနတာေတြကေတာ့ ႏိုင္ငံေရးအရ အရႈံးျပေနတာ ေတြ႕ရပါတယ္။

ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံဟာ တျခား ကမာၻေပၚက ဒီမိုကေရစီစနစ္ က်င့္သုံးတဲ့ ႏိုင္ငံေတြလို စနစ္တက် မက်င့္သုံးႏိုင္ေသးပါဘူး၊ ႏိုင္ငံတစ္ႏိုင္ငံ အစိုးရႏွစ္ခုရဲ႕ အုပ္ခ်ဳပ္တဲ့စနစ္လို ျဖစ္ေနပါတယ္။ႏိုင္ငံတကာက ႏိုင္ငံေရးပညာရွင္ေတြ သတ္မွတ္ထားသလို Partial Democracy ဆိုတဲ့ ျပည့္စုံမႈမရွိတဲ့ ဒီမိုကေရစီ၊ Law intensity Democracy အရည္အေသြး မျပည့္မီေသာ ဒီမိုကေရစီအဆင့္ကိုေတာင္မွ ေျပာႏိုင္ဖို႔ ခက္ေနပါေသးတယ္။အခု ကြၽန္ေတာ္တို႔ လက္ရွိရင္ဆိုင္ေနရတာက Hybrit Democracy ဖက္စပ္ ဒီမိုကေရစီစနစ္ဆိုတာ အနီးစပ္ဆုံး ျဖစ္ေနပါတယ္။

ဒီလို ဖက္စပ္ ဒီမိုကေရစီစနစ္ကလည္း တိုင္းျပည္အတြက္ ေရးဆြဲျပ႒ာန္းထားတဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒရဲ႕ ကန႔္သတ္မႈေအာက္မွာ ရွိေနပါတယ္။ဒီလိုအကန႔္သတ္ခံေနရတဲ့ အေျခအေနမွာ ျပည္သူေတြ ေ႐ြးေကာက္တင္ေျမႇာက္ခံ အရပ္သားအစိုးရအတြက္ အင္မတန္က်ဥ္းက်ပ္စြာ ရပ္တည္ရွင္သန္ႏိုင္ေအာင္ ေဆာင္႐ြက္ေနရပါလိမ့္မယ္။
ဒီလိုက်ဥ္းက်ပ္စြာ ရပ္တည္ရွင္သန္ေနရတဲ့ အေျခအေနမွာ၊ လႊတ္ေတာ္ေရာ၊ အစိုးရပါ အစစအရာရာ သတိရွိရွိ ပါးနပ္ဖို႔လိုအပ္ပါတယ္။

အေရးႀကီးတာက ပါတီ၊ လႊတ္ေတာ္၊ အစိုးရအေနနဲ႔ ပိုၿပီးသတိရွိရွိ လုပ္ကိုင္ရမယ့္ အေနအထားပါ။ဒီ ၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒရဲ႕ ကန႔္သတ္ခံေနရတဲ့ အာဏာပိုင္ႏွစ္ရပ္အေနနဲ႔ ဖက္စပ္ ဒီမိုကေရစီစနစ္ကို အျပန္အလွန္ နားလည္မႈယူၿပီး တည္ၿငိမ္မႈရေအာင္ ေဆာင္႐ြက္ရင္း ေရွ႕ဆက္ေမာင္းႏွင္ရမွာပါ။ဒီဖက္စပ္ ဒီမိုကေရစီစနစ္ကို တည္ၿငိမ္ေအာင္ တည္ေဆာက္ႏိုင္ဖို႔ အဓိကေဆာင္႐ြက္ရမွာက အမွန္တကယ္စစ္မွန္တဲ့ ရင္ၾကားေစ့ေရး ျပႆနာပါ။ဒီျပႆနာကို ညင္ညင္သာသာ ကိုင္တြယ္ေျဖရွင္းႏိုင္ဖို႔ လိုပါတယ္။ဒီႏွစ္ရပ္အတြက္ ရင္ၾကားေစ့ေရး ေအာင္ျမင္မွ က်န္တဲ့ျပည္သူေတြ အပါအဝင္၊ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ ရင္ၾကားေစ့ေရးကို လြယ္ကူစြာ ေရွ႕ဆက္ေဆာင္႐ြက္ႏိုင္မွာပါ။

တိုင္းျပည္အတြင္းမွာ လူမ်ိဳးေရးကြဲျပားမႈေတြ၊ အယူအဆကြဲျပားမႈေတြ၊ တန္းတူညီမွ်မႈမရွိတဲ့ ကြဲျပားမႈေတြ စတဲ့ အကြဲေပါင္းေျမာက္မ်ားစြာကို ရင္ၾကားေစ့ႏိုင္ဖို႔ အေရးႀကီးပါတယ္။၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဆက္လက္အႏိုင္ရရွိေရးအတြက္ သက္သက္သာ ေဆာင္႐ြက္ေနမယ္ဆိုရင္ေတာ့ ေရွ႕ခရီးလမ္းကို ဆက္ႏိုင္ဖို႔ ခက္ခဲသြားပါလိမ့္မယ္။
ျပည္တြင္းၿငိမ္းခ်မ္းေရးကို ေရွ႕ဆက္သြားႏိုင္ေရး အေျခအေနလည္း ပိုၿပီးခက္ခဲၿပီး အလွမ္းကြာေဝးသြားပါလိမ့္မယ္။၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒရဲ႕ ကန႔္သတ္ထားမႈေအာက္မွာ ရွိေနတဲ့ ႏွစ္ရပ္စလုံးကလည္း စစ္မွန္တဲ့ ဒီမိုကေရစီစနစ္ကို ဦးတည္ေနတယ္လို႔ ယူဆရမွာပါ။

ဒီလို ႏွစ္ရပ္စလုံးက စစ္မွန္တဲ့ ဒီမိုကေရစီစနစ္ကို ဦးတည္ေနတယ္ဆိုတာကို တစ္ဖက္နဲ႔ တစ္ဖက္ ယုံၾကည္မႈရွိဖို႔လည္း အေရးႀကီးပါတယ္။ဒီလို အျပန္အလွန္နားလည္မႈနဲ႔ ယုံၾကည္မႈရွိေနမွလည္း အဖြဲ႕ႏွစ္ရပ္ၾကားမွာ ကြဲေနတဲ့ရင္ၾကားကို ေအာင္ျမင္စြာ ေစ့ႏိုင္ပါလိမ့္မယ္။ဒီလိုအေျခအေနမွာ တစ္ဖြဲ႕နဲ႔ တစ္ဖြဲ႕ထိခိုက္နစ္နာေစမယ့္ လုပ္ေဆာင္မႈေတြ၊ အေျပာအဆိုေတြ မလုပ္ေဆာင္ဖို႔ အလြန္အင္မတန္မွ အေရးႀကီးပါတယ္။ဒီႏွစ္ဖြဲ႕ၾကား ရင္ၾကားေစ့ေရးကို မေအာင္ျမင္ႏိုင္ေအာင္ စစ္အာဏာရွင္ လက္က်န္ေတြက ႀကံစည္လုပ္ေဆာင္ေနတာကိုလည္း သတိထားရပါလိမ့္မယ္။ဒီလိုျဖစ္ေပၚေနတဲ့ အေျခအေနေတြကို ႏွစ္ရပ္အေနနဲ႔ အျပန္အလွန္နားလည္မႈရွိစြာ ကိုင္တြယ္ေျဖရွင္းႏိုင္ရမွာပါ။
တကယ္တမ္း လက္ရွိျဖစ္ေပၚႀကဳံေတြ႕ေနရတဲ့ အေျခအေနကို ျပန္ၾကည့္မယ္ဆိုရင္၊ အရပ္သားအစိုးရက ၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒေအာက္မွာ ေပးတဲ့အေပၚမွာ အေျခအေနကို တြက္ခ်က္ၿပီး ေလွ်ာက္လွမ္းေနရတာကို မေတြ႕ျမင္ရႏိုင္ပါဘူး။အင္မတန္မွ က်ဥ္းၾကပ္ခက္ခဲတဲ့လမ္းကို တေျဖးေျဖးေလွ်ာက္လွမ္းၿပီး ခ်ဲ႕ႏိုင္သမွ်ခ်ဲ႕ၿပီး ေလွ်ာက္ႏိုင္ရမွာပါ။

ဒီတိုင္းျပည္အတြက္ ၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒက ေပးထားတဲ့ေပၚမွာ ဘယ္သူ႔မွာ အာဏာအရွိဆုံးဆိုတာကိုေတာ့ နားလည္ႏိုင္ဖို႔လိုပါတယ္။လက္ရွိ အရပ္သားအစိုးရအေနနဲ႔ Hybrid Democracy ဖက္စပ္ ဒီမိုကေရစီ အဆင့္ကေန ျဖတ္သန္းေက်ာ္လြန္ၿပီး၊ Lawintensity Democracy တဆင့္နိမ့္ ဒီမိုကေရစီစနစ္ကိုေရာက္ဖို႔ အခ်ိန္ကာလတစ္ခု လိုအပ္ေနပါေသးတယ္။

အဖြ႕ႏွစ္ရပ္အေနနဲ႔ တစ္ဖက္ကို တစ္ဖက္ နားလည္မႈလြဲႏိုင္တဲ့ အျဖစ္အပ်က္ေတြမ်ားစြာ ရွိေနပါလိမ့္မယ္။ႏွစ္ရပ္စလုံးအတြက္ ရင္ၾကားေစ့ေရး မျဖစ္ေပၚႏိုင္ေအာင္ အတြင္းရန္ေတြကလည္း ေၾကာက္မက္ဖြယ္ရွိေနပါတယ္။အတြင္းရန္ဆိုတာထက္ အတြင္းမွာ မသိနားမလည္ပဲ အာဏာရပါတီ၊ အာဏာရလႊတ္ေတာ္၊ အာဏာရအစိုးရဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ အထင္ႀကီးေနၾကသူေတြက ပိုအႏၲရာယ္ႀကီးပါတယ္။လက္ရွိျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးအေျခအေနကိုလည္း မသိ၊ သိေအာင္လည္း မႀကိဳးစား၊ ျမန္မာျပည္ရဲ႕ ႏိုင္ငံေရးသမိုင္းကိုလည္း မေလ့လာပဲ ေျပာခ်င္ရာေျပာ၊ လုပ္ခ်င္ရာ လုပ္ေနၾကတဲ့သူေတြကေပးတဲ့ အႏၲရာယ္ေတြက ပိုၿပီးသတိထားရပါလိမ့္မယ္။အခုလက္ရွိ အေျခအေနအရ ျပည္ေထာင္စုလႊတ္ေတာ္ထဲမွာ မဲအမ်ားစုနဲ႔ ဆုံးျဖတ္အတည္ျပဳခ်က္ကို ရယူေနတာေတြကို ၾကည့္မယ္ဆိုရင္ အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အတြက္ အတြင္းရန္သေဘာ ျဖစ္ေနပါတယ္။

တိုင္းျပည္နဲ႔ ျပည္သူေတြအတြက္ လိုအပ္ေနတဲ့ ရင္ၾကားေစ့ေရးကို ပိုၿပီးအက္ကြဲေၾကာင္းထင္သြားရင္ တိုင္းျပည္ၿငိမ္းခ်မ္းေရးကို ထိခိုက္သြားပါလိမ့္မယ္။

ျမတ္လႈိင္း
စက္တင္ဘာ - ၇