【 ဆောင်းပါး 】 “တိုင်းပြည်ပျက်ကြီးကို ၂၀၁၉ ဆီ သယ်ဆောင်သွားမှာလား”

【 ဆောင်းပါး 】 “တိုင်းပြည်ပျက်ကြီးကို ၂၀၁၉ ဆီ သယ်ဆောင်သွားမှာလား”

၂၀၁၈ ကနေ ၂၀၁၉ ဆိုတဲ့ သက္ကရာဇ်ကို ပြောင်းသွားခဲ့ပါပြီ။
အရပ်သားအစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွဲဝေပေးထားတဲ့ အာဏာကို ရရှိခဲ့တာလည်း နှစ်နှစ်ကျော် သုံးနှစ်နီးပါး အချိန်ကာလကို ရောက်လာခဲ့ပါပြီ။အရပ်သားအစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူ ကျင်းပနေခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး (၂၁ ရာစု ပင်လုံ) ညီလာခံ ကျင်းပခဲ့တာလည်း အရပ်သားအစိုးရ သက်တမ်းနဲ့ အတူတူဖြစ်နေပါပြီ။ပြီးခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်နီးပါး ကာလမှာ မြန်မာနိုင်ငံအတွက် ကြီးမားခက်ခဲတဲ့ စိန်ခေါ်မှုတွေအများကြီး ကျော်ဖြတ်ခဲ့ရပြီး ၂၀၁၉ မှာလည်း ခက်ခဲတဲ့ ရင်ဆိုင်ကျော်ဖြတ်မှုတွေက စိန်ခေါ်နေကြဦးမှာပါ။

နှစ်ပေါင်းခြောက်ဆယ်ကြာ စစ်အာဏာရှင်အစိုးရရဲ့ လက်အောက်မှာ အဖျက်အဆီး ခံခဲ့ရတဲ့ မြန်မာပြည်ကို ပြန်ကယ်ယူပြီး ထူထောင်နိုင်ဖို့အတွက် နှစ်နှစ်ကျော် သုံးနှစ်နီးပါးဆိုတဲ့ ကာလလေးတစ်ခုဆိုတာ အင်မတန်တိုတောင်းလွန်းတဲ့ ကာလလေးပါ။
အရပ်သားအစိုးရအတွက် တည်မြဲနေအောင် ကြိုးစားဖို့အတွက်လည်း အင်မတန်ခက်ခဲစွာ ရပ်တည်ခဲ့ရပါတယ်။အရပ်သားအစိုးရအနေနဲ့လည်း စစ်အာဏာရှင် လက်အောက်မှာ အကျင့်ပျက်မှု ကျင့်သားရနေတဲ့ တိုင်းပြည်ကို အကျင့်ပျက်တွေ ပျောက်ကွယ်သွားအောင် ဖျောက်ဖျက်ပစ်ဖို့ ပိုခက်ခဲနေပါတယ်။မကြာမီက အကျင့်ပျက်ခြစားမှုတွေကို နှိမ်နင်းဖို့ သမ္မတ ဦးဝင်းမြင့် ရဲ့ ကြွေးကြော်သံတွေကို ၂၀၁၉ နှစ်ဦးပိုင်းမှာ မကြားရပဲ ငြိမ်သက်နေပါတယ်။

အရပ်သားအစိုးရရဲ့ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှု

အရပ်သားအစိုးရဲ့ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုကြီးကတော့ နှစ်ပေါင်းများစွာ ကိုယ်ကျိုးအတ္တတွေနဲ့ အုပ်ချုပ်ခဲ့သူတွေရဲ့ အုပ်ချုပ်ရေးစနစ်ကို အသစ်ပြုပြင်လိုက်နိုင်တာပါပဲ။ပြောမယ်ဆိုရင် စစ်အာဏာရှင် လက်ထက်မှာ အာဏာရှိသူတွေရဲ့ ခြစားမှုတွေ၊ ကိုယ်ကျိုးစီးပွားရှာမှုတွေ၊ အတ္တတွေပြည့်နှက်နေခဲ့ပေမယ့်၊ အရပ်သားအစိုးရ အာဏာရှိသူတွေမှာ လုံးဝနီးပါး ပျောက်ကွယ်သွားအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ဒါပေမယ့်၊ အရပ်သားအစိုးရ အာဏာရှိသူတွေကိုယ်တိုင် ခြစားမှုတွေ ပျောက်ကွယ်နေအောင် ဖျောက်နိုင်ပေမယ့်၊ သူတို့ကိုင်တွယ် လုပ်ဆောင်နေတဲ့ လက်အောက်က ဗျူရိုကရက်ကြီးတွေနဲ့ သူတို့နဲ့ပတ်သက် ဆက်နွယ်နေတဲ့သူတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကိုတော့ ပျောက်ကွယ်သွားအောင် မဆောင်ရွက်နိုင်သေးပါဘူး။ဒီလို ဗျူရိုကရက်ကြီးတွေရဲ့ အကျင့်ပျက်ခြစားမှုတွေ မဖျောက်ကွယ်နိုင်သေးသမျှ တိုင်းပြည်ကို ပြန်ထူထောင်နိုင်ဖို့ တိုင်းပြည်ဘဏ္ဍာတွေ တိုးတက်လာမှာ မဟုတ်ပါဘူး။တိုင်းပြည်ဘဏ္ဍာတွေဟာ လေလွင့်ပျောက်ဆုံးနေမှာပါပဲ။တိုင်းပြည်ဟာ အဆင်းရဲဆုံး ဖြစ်နေတဲ့အပြင် ကြွေးမှီတွေများစွာ ရှိနေပါတယ်။ငွေကြေးဖောင်းပွမှုတွေကို အရင်တည်ငြိမ်သွားနိုင်အောင် လုပ်ဆောင်ရမှာပါ။

ဒီတိုင်းပြည်ဘဏ္ဍာတွေဟာ အရင် ခေတ်အဆက်ဆက်က အာဏာရှင်တွေနဲ့ ဗျူရိုကရက်ကြီးတွေ၊ သူတို့နဲ့ဆက်နွယ် ပတ်သက်နေတဲ့ ခရိုနီကြီးတွေက ကိုယ်ပိုင်လုပ်ခဲ့ကြတာကို အားလုံးသိနေကြပါတယ်။အခုအချိန်မှာ တိုင်းပြည်ရဲ့ လည်ပတ်မှု ယန္တရားကို ချုပ်ကိုင်ထားတဲ့ ဗျူရိုကရက်ကြီးတွေကို ပြောင်းလဲပစ်နိုင်ဖို့ အဓိကလိုအပ်နေပါပြီ။ဒီအကျင့်ပျက် ဗျူရိုကရက်ကြီးတွေကြောင့်လည်း သူတို့လက်အောက်က ဝန်ထမ်းတွေပါ အကျင့်ပျက်ခြစားမှုတွေ ကူးစက်ခဲ့တာပါ။ပြည်သူတွေအများစုအနေနဲ့လည်း သက်ဆိုင်ရာ အစိုးရဋ္ဌာနတွေနဲ့ ပတ်သက်ဆက်နွယ်နေရာကနေ ပြည်သူတွေနဲ့ ဆက်ဆံတဲ့ ဝန်ထမ်းတွေရဲ့ အကျင့်ပျက်မှုတွေကနေ ထပ်ပြီးကူးစက်ခံလိုက်ရတာပါ။နောက်ဆုံးမှာတော့ မြန်မာပြည် တစ်ပြည်လုံးဟာ အကျင့်ပျက်ခြစားမှုဒဏ်ကို ခံလိုက်ရပါတယ်။နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ မြန်မာပြည်ဟာ အဆင်းရဲဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရပါတော့တယ်။(အခုအချိန်မှာတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို သမ္မတရုံး လက်အောက်ကို ရွှေ့ယူနိုင်ခဲ့တာကို ဘာတွေထူးခြားလာနိုင်မလည်း ဆိုတာကိုလည်း စောင့်ကြည့်နေကြပါတယ်)။

မြန်မာပြည်မှာ ပြည်သူတွေရဲ့ အကျင့်ပျက်မှုတွေ ပွားများလာတော့ အချောင်ခိုချင်စိတ်တွေ ဖြစ်လာပါတယ်။အချောင်ခိုချင်စိတ်ဟာ သူများပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို မသမာတဲ့ နည်းလမ်းတွေသုံးပြီး ရယူချင်လာကြခြင်းရဲ့ အခြေခံစိတ်ပါ။မိမိတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ အမှန်တကယ် ကြိုးစားချင်စိတ်တွေ ပျောက်ကွယ်သွားရတဲ့ အကြောင်းအရင်းပါ။မြန်မာပြည်မှာ အရာရာတိုင်းကို ရိုးရိုးသားသား ကြိုးစားမရယူချင်ကြတော့ပါဘူး။မြန်မာပြည်မှာ လူနေမှုအဆင့်အတန်းတွေပါ နိမ့်ကျနေခဲ့ရပါတယ်။မြန်မာပြည်ရဲ့ ပညာရေးနယ်မှာလည်း အမှန်တကယ် ပညာတတ်တွေ မရှိတော့အောင် စစ်အာဏာရှင်တွေက ရိုက်ချိုးထားခြင်းကို ခံခဲ့ရတာကြောင့်ရော၊ ပညာကို အချောင်ခိုစိတ်နဲ့ အမှန်တကယ်ကြိုးစားပြီး ရယူချင်စိတ် မရှိတာရော၊ ပညာတတ် ဘွဲ့ရတစ်ယောက်ရဲ့ တန်ဖိုးဟာ ဘယ်နေရာမှာမှ အသုံးချလို့မရတာတွေပါ ပေါင်းပြီး အနိမ့်ကျဆုံးကို ဆင်းသွားခဲ့ရပါတော့တယ်။

တကယ့်ပညာကို မတတ်တဲ့ အချိန်မှာ ပညာရဲရင့် ပွဲလယ်တင့် ဆိုတဲ့ စကားဟာ ပျောက်ကွယ်ခဲ့ရပါတယ်။ပညာကို အလေးမထားတတ်တော့ အလိမ္မာ စာမှာရှိ ဆိုတာကိုလည်း အလေးမထားကြတော့ပါဘူး။အဲဒီအခါ စာပေကို အလေးထားမှုတွေပါ ပျောက်ဆုံးကုန်ပါတယ်။စာပေကို အလေးမထားတော့ အသိဉာဏ်တွေပါ နိမ့်ကျနေပါတယ်။ဒါတွေဟာ မြန်မာပြည်ရဲ့ အဆင့်အတန်းကို အနိမ့်ကျဆုံး အခြေအနေရောက်သွားအောင် ဖန်တီးခဲ့တဲ့ စနစ်အလွဲအမှားတွေက အခြေခံပါတယ်။

မြန်မာပြည်မှာ ဒီမိုကရေစီစနစ်နဲ့ ပြန်ထူထောင် တည်ဆောက်နိုင်ဖို့ဆိုရင် ထိပ်ပိုင်းခေါင်းဆောင်သူတွေက စပြီး ပြည်သူတွေမှာ စွဲကပ်နေတဲ့ အကျင့်ပျက်စိတ်တွေ၊ အချောင်သမားစိတ်တွေကို အရင်ပြောင်းလဲ ပြုပြင်ရပါလိမ့်မယ်။အသိပညာ ချို့ယွင်းမှုတွေနဲ့ အတွေးအခေါ် အားနည်းနေမှုတွေကိုလည်း ပြုပြင်မြှင့်တင်ရတော့မှာပါ။အရပ်သားအစိုးရမှာ ပါဝင်ဆောင်ရွက်နေသူတွေကို ကြည့်မယ်ဆိုရင်၊ အရပ်သားအစိုးရ ခေါင်းဆောင်နဲ့ ခေါင်းဆောင်တွေရဲ့ ဦးဆောင်နိုင်စွမ်းအပေါ်မှာ ပြည်သူတွေ သံသယဝင်လာကြပါပြီ။အရပ်သားအစိုးရ ခေါင်းဆောင်တွေမှာ အကျင့်ပျက်ခြစားမှုတွေ ပျောက်ကွယ်ခဲ့ပေမယ့်၊ တိုင်းပြည်ကို ဦးဆောင်နိုင်မယ့် အရည်အချင်းတွေ မရှိတာ၊ အသိဉာဏ် မမြင့်မားတာတွေကို ပြောင်းလဲပြုပြင်နိုင်ရပါတော့မယ်။မြန်မာပြည်မှာ တကယ် အသိပညာနဲ့ အရည်အချင်း အမှန်တကယ်ရှိသူတွေလည်း ရှိနေပါတယ်။တိုင်းပြည်ကို ဦးဆောင်တည်ဆောက်နေသူ ခေါင်းဆောင်ကို အကူအညီပေးမယ့် ဝန်းရံသူတွေ၊ အမှန်တကယ် အရည်အချင်းရှိမယ့်သူတွေ ရှာဖွေတာဝန်ပေးရပါတော့မယ်။ခေါင်းဆောင် ပြောသမျှကို လက်ညှိုးထောင် ခေါင်းညိတ်နေတတ်တဲ့ အချောင်သမားစိတ်တွေကို ပယ်ဖျောက်နိုင်ရပါလိမ့်မယ်။အရပ်သားအစိုးရ ခေါင်းဆောင် ဆိုသူတွေကလည်း သူတို့ပြောသမျှ လက်ညှိုးထောင် ခေါင်းညိတ်တဲ့ အပြုအမူကို မသာယာဖို့ လိုပါတယ်။အကျင့်ပျက်ခြစားမှုတွေ မရှိဘူးဆိုပေမယ့် အရည်အချင်းမရှိသူတွေက အာဏာရှိတဲ့နေရာကို ရောက်နေခဲ့ရင်လည်း တိုင်းပြည် လျှောက်လှမ်းချင်တဲ့ လမ်းအတွက် အသုံးမဝင်နိုင်ပါဘူး။ ပြည်သူတွေအတွက်လည်း အကျိုးမရှိနိုင်ပါဘူး။ဒီလို အရပ်သားအစိုးရမှာ အရည်အချင်းမရှိသူတွေ များနေမယ်ဆိုရင် ပြည်သူတွေရဲ့ စိတ်ပျက်မှုတွေကို ခံစားရပါလိမ့်မယ်။

အခုအချိန် အရပ်သားအစိုးရရဲ့ ခေါင်းဆောင်ကို ဝန်းရံနေကြတဲ့သူတွေ အရည်အချင်း နည်းပါးနေကြတာကို နိုင်ငံရေး လေ့လာဆန်းစစ်ကြည့်သူတွေ၊ နိုင်ငံရေး ပညာရှင်တွေ၊ မီဒီယာတွေပါမကပဲ ပြည်သူတွေကပါ သိလာခဲ့ကြပါပြီ။၂၀၁၉ မှာ ဒီအခြေအနေတွေကို မြန်မာပြည်ရဲ့ ဦးဆောင်သူတွေအနေနဲ့ ပြတ်သားစွာ ပြောင်းလဲနိုင်ဖို့ အရေးကြီးနေပါပြီ။

နယ်ပယ်အသီးသီးမှာ ဦးဆောင်သူ တာဝန်ပေးခံထားရသူတွေကို ပြောင်းလဲနိုင်မှ မြန်မာပြည် အရွေ့ဟာ သိသိသာသာ ပြောင်းလဲတိုးတက်လာနိုင်မှာပါ။ဒီလို နယ်ပယ်ကဏ္ဍ အသီးသီးမှာ ဦးဆောင်နိုင်တဲ့ အရည်အချင်းရှိသူတွေ၊ ထက်မြက်သွက်လက်စွာ ဆောင်ရွက်နိုင်သူတွေ ရှိလာရင် သူတို့ကိုင်တွယ်နေရတဲ့၊ သူတို့လက်အောက်က လူတွေကို ပြုပြင်ပြောင်းလဲလာအောင် ဆောင်ရွက်နိုင်ပါလိမ့်မယ်။တာဝန်ရှိသူတွေကိုယ်တိုင် သူတို့ စီမံခန့်ခွဲရတဲ့ လူတွေရဲ့ စံနမူနာထားခြင်းကို ခံရမှသာ သူတို့လက်အောက်မှာ တာဝန်အဆင့်ဆင့် ယူထားသူတွေကို စည်းရုံးဆွဲဆောင်နိုင်ပါလိမ့်မယ်။ဒီကနေ ပြည်သူတွေအတွက် အကျင့်ပျက်မှုတွေ၊ အချောင်သမားစိတ်ဓာတ်တွေ၊ အသိပညာဉာဏ် ပါးလျနေမှုတွေကို တဖြေးဖြေးနဲ့ ပြုပြင်ပြောင်းလဲလာနိုင်မှာပါ။

နယ်ပယ်ကဏ္ဍ အသီးသီးမှာ ဦးဆောင်နေသူတွေကို ပြည်သူတွေအနေနဲ့ သူလိုကိုယ်လို အနေအထားမှာ အဆင့်အတန်းတူညီစွာ ဆက်ဆံနေမှုတွေကို အခုထက်ပိုပြီး အဆင့်မြှင့်တင်ပေးဖို့ လိုအပ်နေပါပြီ။သူတို့ကိုယ်တိုင်လည်း ပြုပြင်ပြောင်းလဲနိုင်ရပါလိမ့်မယ်။ပြုပြင်ပြောင်းလဲလိုစိတ်နဲ့ ကြိုးစားပြီး မိမိကိုယ်ကိုယ် ပြန်လည်တည်ဆောက်ရတော့မှာပါ။ဒီလိုပြုပြင်ပြောင်းလဲလိုစိတ် မရှိသေးဘူးဆိုရင် သူတို့ကို တာဝန်ပေးခဲ့သူတွေက ပြန်ဆန်းစစ်ပြီး ဖယ်ရှားရပါလိမ့်မယ်။နောက်ဆုံးအဆင့်အနေနဲ့ ပြောရရင် ဘယ်လိုမှ အသုံးမဝင်တော့တဲ့ အနေအထားတစ်ခု ရောက်လာပြီဆိုရင် ပြည်သူတွေ ကိုယ်တိုင် ဖယ်ရှားရတော့မှာပါ။ဦးဆောင်သူတွေအနေနဲ့ ပြည်သူတွေ ယုံကြည်ဖို့ လိုသလို၊ ဗျူရိုကရေစီ ယန္တရားကို မလည်ပတ်နိုင်အောင် လုပ်ဆောင်နေတဲ့ ဗျူရိုကရက်တွေကိုလည်း ပြန်လည်ပြုပြင်၊ ပြောင်းလဲနိုင်ဖို့ပါ လိုအပ်နေပါလိမ့်မယ်။

ပြောရမယ်ဆိုရင် အကျင့်ပျက်စိတ်တွေဟာ ဗျူရိုကရက်ကြီးတွေမှာ စွဲနေကြမှာပါ။အကျင့်ပျက်ခြစားမှုတွေနဲ့ ကောင်းစားခဲ့တဲ့ အာဏာရှင်စနစ်ကို ပြန်တမ်းတပြီး၊ ပြန်ရောက်အောင်လည်း ကြိုးစားနေတာတွေ တွေ့နေရပါတယ်။မြန်မာပြည်အတွက် ဒီမိုကရေစီစနစ်နဲ့ ပြန်တည်ဆောက်နိုင်ဖို့ ကြိုးစားနေတဲ့ အရပ်သားအစိုးရကို ပျက်စီးစေချင်ကြသူတွေကြောင့် သုံးနှစ်နီးပါး ကြာလာတဲ့အထိ ရှေ့မဆက်နိုင်ပဲ နှောင့်နှေးရပ်တန့်နေရတာပါ။ဒီလိုအခြေအနေပေါ်မှာ မူတည်ပြီး အရပ်သားအစိုးရ ရှေ့ဆက်မယ့် ခြေလှမ်းတွေ၊ အကောင်အထည်ဖော်ဆောင်ချင်တဲ့ လုပ်ငန်းတွေအားလုံး နှောင့်နှေးနေခဲ့ရတာပါ။ရပ်တန့်နေခဲ့ရတာပါ။အရပ်သားအစိုးရရဲ့ အခြေအနေ အဆိုးဆုံးအချိန်ဖြစ်တဲ့ ၂၀၁၈ ကို ကျော်လွန်ခဲ့ပြီးပါပြီ။

၂၀၁၈ ကျော်လွန်လာပြီးတဲ့ ၂၀၁၉ မှာ အရပ်သားအစိုးရ ခေါင်းဆောင်တွေအနေနဲ့ အခြေအနေတွေကို ပြန်သုံးသပ်ပြီး ပြောင်းလဲမှုကို ရဲဝံ့စွာ စိန်ခေါ်ရင်ဆိုင်ရတော့မှာပါ။မြန်မာပြည်ကို ဒီမိုကရေစီစနစ် ဖော်ဆောင်တည်ဆောက်နိုင်ရေး၊ ငြိမ်းချမ်းရေးခရီးလမ်းတွေ ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့အတွက်၊ တိုင်းပြည်ရဲ့ မဏ္ဍိုင်သုံးခုဟာ အဓိကကျနေပါတယ်။ဒီမဏ္ဍိုလ်သုံးခုစလုံးမှာလည်း လိုအပ်နေတာက သမာသမတ်ကျစွာ လည်ပတ်နေနိုင်ဖို့ အရေးကြီးပါတယ်။သမာသမတ်ကျဖို့ဆိုတဲ့ နေရာမှာ ယိုယွင်းပျက်စီးနေတဲ့ အကျင့်ပျက်ခြစားမှုနဲ့ အရည်အချင်း မပြည့်ဝမှုတွေပါပဲ။ဒီကိစ္စနှစ်ခုကို နောက်ပြန်လှည့်မကြည့်နိုင်မှ၊ စိတ်ချယုံကြည်နေရမှ အရပ်သားအစိုးရဟာ ရှေ့ကိုဆက်ပြီး လျှောက်လှမ်းနိုင်ပါလိမ့်မယ်။

၂၀၁၉ မှာ အရေးအကြီးဆုံး ပြုပြင်ပြောင်းလဲမှုတစ်ခုအနေနဲ့ အလေးထား လုပ်ဆောင်နိုင်ဖို့ လိုအပ်နေပါတယ်။လိုအပ်နေပါပြီ။ပြောရမယ်ဆိုရင် ထိပ်ပိုင်းခေါင်းဆောင် တာဝန်ယူထားသူတွေနဲ့ သူတို့ကိုင်တွယ်နေတဲ့ ဗျူရိုကရေစီ ယန္တရားထဲမှာ ပါဝင်သူတွေ၊ ပြည်သူတွေပါ ကောင်းမွန်တဲ့စိတ်တွေ ဖြစ်လာနိုင်ဖို့ အရေးအကြီးဆုံးပါပဲ။

နှစ်ဟောင်းက စိတ်အဟောင်းတွေကို နှစ်သစ်မှာ ကောင်းမွန်တဲ့ စိတ်အသစ်တွေနဲ့ အစားထိုးနိုင်ကြပါစေ။

မြတ်လှိုင်း
ဇန်နဝါရီ - ၁၆

( Zawgyi )

၂၀၁၈ ကေန ၂၀၁၉ ဆိုတဲ့ သကၠရာဇ္ကို ေျပာင္းသြားခဲ့ပါၿပီ။
အရပ္သားအစိုးရအေနနဲ႔ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒက ခြဲေဝေပးထားတဲ့ အာဏာကို ရရွိခဲ့တာလည္း ႏွစ္ႏွစ္ေက်ာ္ သုံးႏွစ္နီးပါး အခ်ိန္ကာလကို ေရာက္လာခဲ့ပါၿပီ။အရပ္သားအစိုးရ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ တာဝန္ယူ က်င္းပေနခဲ့တဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး (၂၁ ရာစု ပင္လုံ) ညီလာခံ က်င္းပခဲ့တာလည္း အရပ္သားအစိုးရ သက္တမ္းနဲ႔ အတူတူျဖစ္ေနပါၿပီ။ၿပီးခဲ့တဲ့ ႏွစ္ႏွစ္ေက်ာ္ သုံးႏွစ္နီးပါး ကာလမွာ ျမန္မာႏိုင္ငံအတြက္ ႀကီးမားခက္ခဲတဲ့ စိန္ေခၚမႈေတြအမ်ားႀကီး ေက်ာ္ျဖတ္ခဲ့ရၿပီး ၂၀၁၉ မွာလည္း ခက္ခဲတဲ့ ရင္ဆိုင္ေက်ာ္ျဖတ္မႈေတြက စိန္ေခၚေနၾကဦးမွာပါ။

ႏွစ္ေပါင္းေျခာက္ဆယ္ၾကာ စစ္အာဏာရွင္အစိုးရရဲ႕ လက္ေအာက္မွာ အဖ်က္အဆီး ခံခဲ့ရတဲ့ ျမန္မာျပည္ကို ျပန္ကယ္ယူၿပီး ထူေထာင္ႏိုင္ဖို႔အတြက္ ႏွစ္ႏွစ္ေက်ာ္ သုံးႏွစ္နီးပါးဆိုတဲ့ ကာလေလးတစ္ခုဆိုတာ အင္မတန္တိုေတာင္းလြန္းတဲ့ ကာလေလးပါ။
အရပ္သားအစိုးရအတြက္ တည္ၿမဲေနေအာင္ ႀကိဳးစားဖို႔အတြက္လည္း အင္မတန္ခက္ခဲစြာ ရပ္တည္ခဲ့ရပါတယ္။အရပ္သားအစိုးရအေနနဲ႔လည္း စစ္အာဏာရွင္ လက္ေအာက္မွာ အက်င့္ပ်က္မႈ က်င့္သားရေနတဲ့ တိုင္းျပည္ကို အက်င့္ပ်က္ေတြ ေပ်ာက္ကြယ္သြားေအာင္ ေဖ်ာက္ဖ်က္ပစ္ဖို႔ ပိုခက္ခဲေနပါတယ္။မၾကာမီက အက်င့္ပ်က္ျခစားမႈေတြကို ႏွိမ္နင္းဖို႔ သမၼတ ဦးဝင္းျမင့္ ရဲ႕ ေႂကြးေၾကာ္သံေတြကို ၂၀၁၉ ႏွစ္ဦးပိုင္းမွာ မၾကားရပဲ ၿငိမ္သက္ေနပါတယ္။

အရပ္သားအစိုးရရဲ႕ သိသာထင္ရွားတဲ့ ျပဳျပင္ေျပာင္းလဲမႈ

အရပ္သားအစိုးရဲ႕ သိသာထင္ရွားတဲ့ ျပဳျပင္ေျပာင္းလဲမႈႀကီးကေတာ့ ႏွစ္ေပါင္းမ်ားစြာ ကိုယ္က်ိဳးအတၱေတြနဲ႔ အုပ္ခ်ဳပ္ခဲ့သူေတြရဲ႕ အုပ္ခ်ဳပ္ေရးစနစ္ကို အသစ္ျပဳျပင္လိုက္ႏိုင္တာပါပဲ။ေျပာမယ္ဆိုရင္ စစ္အာဏာရွင္ လက္ထက္မွာ အာဏာရွိသူေတြရဲ႕ ျခစားမႈေတြ၊ ကိုယ္က်ိဳးစီးပြားရွာမႈေတြ၊ အတၱေတြျပည့္ႏွက္ေနခဲ့ေပမယ့္၊ အရပ္သားအစိုးရ အာဏာရွိသူေတြမွာ လုံးဝနီးပါး ေပ်ာက္ကြယ္သြားေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့တယ္လို႔ ေျပာႏိုင္ပါတယ္။ဒါေပမယ့္၊ အရပ္သားအစိုးရ အာဏာရွိသူေတြကိုယ္တိုင္ ျခစားမႈေတြ ေပ်ာက္ကြယ္ေနေအာင္ ေဖ်ာက္ႏိုင္ေပမယ့္၊ သူတို႔ကိုင္တြယ္ လုပ္ေဆာင္ေနတဲ့ လက္ေအာက္က ဗ်ဴ႐ိုကရက္ႀကီးေတြနဲ႔ သူတို႔နဲ႔ပတ္သက္ ဆက္ႏြယ္ေနတဲ့သူေတြရဲ႕ အက်င့္ပ်က္ျခစားမႈေတြကိုေတာ့ ေပ်ာက္ကြယ္သြားေအာင္ မေဆာင္႐ြက္ႏိုင္ေသးပါဘူး။ဒီလို ဗ်ဴ႐ိုကရက္ႀကီးေတြရဲ႕ အက်င့္ပ်က္ျခစားမႈေတြ မေဖ်ာက္ကြယ္ႏိုင္ေသးသမွ် တိုင္းျပည္ကို ျပန္ထူေထာင္ႏိုင္ဖို႔ တိုင္းျပည္ဘ႑ာေတြ တိုးတက္လာမွာ မဟုတ္ပါဘူး။တိုင္းျပည္ဘ႑ာေတြဟာ ေလလြင့္ေပ်ာက္ဆုံးေနမွာပါပဲ။တိုင္းျပည္ဟာ အဆင္းရဲဆုံး ျဖစ္ေနတဲ့အျပင္ ေႂကြးမွီေတြမ်ားစြာ ရွိေနပါတယ္။ေငြေၾကးေဖာင္းပြမႈေတြကို အရင္တည္ၿငိမ္သြားႏိုင္ေအာင္ လုပ္ေဆာင္ရမွာပါ။

ဒီတိုင္းျပည္ဘ႑ာေတြဟာ အရင္ ေခတ္အဆက္ဆက္က အာဏာရွင္ေတြနဲ႔ ဗ်ဴ႐ိုကရက္ႀကီးေတြ၊ သူတို႔နဲ႔ဆက္ႏြယ္ ပတ္သက္ေနတဲ့ ခ႐ိုနီႀကီးေတြက ကိုယ္ပိုင္လုပ္ခဲ့ၾကတာကို အားလုံးသိေနၾကပါတယ္။အခုအခ်ိန္မွာ တိုင္းျပည္ရဲ႕ လည္ပတ္မႈ ယႏၲရားကို ခ်ဳပ္ကိုင္ထားတဲ့ ဗ်ဴ႐ိုကရက္ႀကီးေတြကို ေျပာင္းလဲပစ္ႏိုင္ဖို႔ အဓိကလိုအပ္ေနပါၿပီ။ဒီအက်င့္ပ်က္ ဗ်ဴ႐ိုကရက္ႀကီးေတြေၾကာင့္လည္း သူတို႔လက္ေအာက္က ဝန္ထမ္းေတြပါ အက်င့္ပ်က္ျခစားမႈေတြ ကူးစက္ခဲ့တာပါ။ျပည္သူေတြအမ်ားစုအေနနဲ႔လည္း သက္ဆိုင္ရာ အစိုးရ႒ာနေတြနဲ႔ ပတ္သက္ဆက္ႏြယ္ေနရာကေန ျပည္သူေတြနဲ႔ ဆက္ဆံတဲ့ ဝန္ထမ္းေတြရဲ႕ အက်င့္ပ်က္မႈေတြကေန ထပ္ၿပီးကူးစက္ခံလိုက္ရတာပါ။ေနာက္ဆုံးမွာေတာ့ ျမန္မာျပည္ တစ္ျပည္လုံးဟာ အက်င့္ပ်က္ျခစားမႈဒဏ္ကို ခံလိုက္ရပါတယ္။ႏွစ္ေပါင္းမ်ားစြာ ၾကာလာတဲ့အခါ ျမန္မာျပည္ဟာ အဆင္းရဲဆုံး ႏိုင္ငံအျဖစ္ သတ္မွတ္ခံခဲ့ရပါေတာ့တယ္။(အခုအခ်ိန္မွာေတာ့ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကို သမၼတ႐ုံး လက္ေအာက္ကို ေ႐ႊ႕ယူႏိုင္ခဲ့တာကို ဘာေတြထူးျခားလာႏိုင္မလည္း ဆိုတာကိုလည္း ေစာင့္ၾကည့္ေနၾကပါတယ္)။

ျမန္မာျပည္မွာ ျပည္သူေတြရဲ႕ အက်င့္ပ်က္မႈေတြ ပြားမ်ားလာေတာ့ အေခ်ာင္ခိုခ်င္စိတ္ေတြ ျဖစ္လာပါတယ္။အေခ်ာင္ခိုခ်င္စိတ္ဟာ သူမ်ားပိုင္ဆိုင္တဲ့ ပစၥည္းဥစၥာေတြကို မသမာတဲ့ နည္းလမ္းေတြသုံးၿပီး ရယူခ်င္လာၾကျခင္းရဲ႕ အေျခခံစိတ္ပါ။မိမိတို႔ရဲ႕ ကိုယ္ပိုင္အရည္အခ်င္းနဲ႔ အမွန္တကယ္ ႀကိဳးစားခ်င္စိတ္ေတြ ေပ်ာက္ကြယ္သြားရတဲ့ အေၾကာင္းအရင္းပါ။ျမန္မာျပည္မွာ အရာရာတိုင္းကို ႐ိုး႐ိုးသားသား ႀကိဳးစားမရယူခ်င္ၾကေတာ့ပါဘူး။ျမန္မာျပည္မွာ လူေနမႈအဆင့္အတန္းေတြပါ နိမ့္က်ေနခဲ့ရပါတယ္။ျမန္မာျပည္ရဲ႕ ပညာေရးနယ္မွာလည္း အမွန္တကယ္ ပညာတတ္ေတြ မရွိေတာ့ေအာင္ စစ္အာဏာရွင္ေတြက ႐ိုက္ခ်ိဳးထားျခင္းကို ခံခဲ့ရတာေၾကာင့္ေရာ၊ ပညာကို အေခ်ာင္ခိုစိတ္နဲ႔ အမွန္တကယ္ႀကိဳးစားၿပီး ရယူခ်င္စိတ္ မရွိတာေရာ၊ ပညာတတ္ ဘြဲ႕ရတစ္ေယာက္ရဲ႕ တန္ဖိုးဟာ ဘယ္ေနရာမွာမွ အသုံးခ်လို႔မရတာေတြပါ ေပါင္းၿပီး အနိမ့္က်ဆုံးကို ဆင္းသြားခဲ့ရပါေတာ့တယ္။

တကယ့္ပညာကို မတတ္တဲ့ အခ်ိန္မွာ ပညာရဲရင့္ ပြဲလယ္တင့္ ဆိုတဲ့ စကားဟာ ေပ်ာက္ကြယ္ခဲ့ရပါတယ္။ပညာကို အေလးမထားတတ္ေတာ့ အလိမၼာ စာမွာရွိ ဆိုတာကိုလည္း အေလးမထားၾကေတာ့ပါဘူး။အဲဒီအခါ စာေပကို အေလးထားမႈေတြပါ ေပ်ာက္ဆုံးကုန္ပါတယ္။စာေပကို အေလးမထားေတာ့ အသိဉာဏ္ေတြပါ နိမ့္က်ေနပါတယ္။ဒါေတြဟာ ျမန္မာျပည္ရဲ႕ အဆင့္အတန္းကို အနိမ့္က်ဆုံး အေျခအေနေရာက္သြားေအာင္ ဖန္တီးခဲ့တဲ့ စနစ္အလြဲအမွားေတြက အေျခခံပါတယ္။

ျမန္မာျပည္မွာ ဒီမိုကေရစီစနစ္နဲ႔ ျပန္ထူေထာင္ တည္ေဆာက္ႏိုင္ဖို႔ဆိုရင္ ထိပ္ပိုင္းေခါင္းေဆာင္သူေတြက စၿပီး ျပည္သူေတြမွာ စြဲကပ္ေနတဲ့ အက်င့္ပ်က္စိတ္ေတြ၊ အေခ်ာင္သမားစိတ္ေတြကို အရင္ေျပာင္းလဲ ျပဳျပင္ရပါလိမ့္မယ္။အသိပညာ ခ်ိဳ႕ယြင္းမႈေတြနဲ႔ အေတြးအေခၚ အားနည္းေနမႈေတြကိုလည္း ျပဳျပင္ျမႇင့္တင္ရေတာ့မွာပါ။အရပ္သားအစိုးရမွာ ပါဝင္ေဆာင္႐ြက္ေနသူေတြကို ၾကည့္မယ္ဆိုရင္၊ အရပ္သားအစိုးရ ေခါင္းေဆာင္နဲ႔ ေခါင္းေဆာင္ေတြရဲ႕ ဦးေဆာင္ႏိုင္စြမ္းအေပၚမွာ ျပည္သူေတြ သံသယဝင္လာၾကပါၿပီ။အရပ္သားအစိုးရ ေခါင္းေဆာင္ေတြမွာ အက်င့္ပ်က္ျခစားမႈေတြ ေပ်ာက္ကြယ္ခဲ့ေပမယ့္၊ တိုင္းျပည္ကို ဦးေဆာင္ႏိုင္မယ့္ အရည္အခ်င္းေတြ မရွိတာ၊ အသိဉာဏ္ မျမင့္မားတာေတြကို ေျပာင္းလဲျပဳျပင္ႏိုင္ရပါေတာ့မယ္။ျမန္မာျပည္မွာ တကယ္ အသိပညာနဲ႔ အရည္အခ်င္း အမွန္တကယ္ရွိသူေတြလည္း ရွိေနပါတယ္။တိုင္းျပည္ကို ဦးေဆာင္တည္ေဆာက္ေနသူ ေခါင္းေဆာင္ကို အကူအညီေပးမယ့္ ဝန္းရံသူေတြ၊ အမွန္တကယ္ အရည္အခ်င္းရွိမယ့္သူေတြ ရွာေဖြတာဝန္ေပးရပါေတာ့မယ္။ေခါင္းေဆာင္ ေျပာသမွ်ကို လက္ညႇိဳးေထာင္ ေခါင္းညိတ္ေနတတ္တဲ့ အေခ်ာင္သမားစိတ္ေတြကို ပယ္ေဖ်ာက္ႏိုင္ရပါလိမ့္မယ္။အရပ္သားအစိုးရ ေခါင္းေဆာင္ ဆိုသူေတြကလည္း သူတို႔ေျပာသမွ် လက္ညႇိဳးေထာင္ ေခါင္းညိတ္တဲ့ အျပဳအမူကို မသာယာဖို႔ လိုပါတယ္။အက်င့္ပ်က္ျခစားမႈေတြ မရွိဘူးဆိုေပမယ့္ အရည္အခ်င္းမရွိသူေတြက အာဏာရွိတဲ့ေနရာကို ေရာက္ေနခဲ့ရင္လည္း တိုင္းျပည္ ေလွ်ာက္လွမ္းခ်င္တဲ့ လမ္းအတြက္ အသုံးမဝင္ႏိုင္ပါဘူး။ ျပည္သူေတြအတြက္လည္း အက်ိဳးမရွိႏိုင္ပါဘူး။ဒီလို အရပ္သားအစိုးရမွာ အရည္အခ်င္းမရွိသူေတြ မ်ားေနမယ္ဆိုရင္ ျပည္သူေတြရဲ႕ စိတ္ပ်က္မႈေတြကို ခံစားရပါလိမ့္မယ္။

အခုအခ်ိန္ အရပ္သားအစိုးရရဲ႕ ေခါင္းေဆာင္ကို ဝန္းရံေနၾကတဲ့သူေတြ အရည္အခ်င္း နည္းပါးေနၾကတာကို ႏိုင္ငံေရး ေလ့လာဆန္းစစ္ၾကည့္သူေတြ၊ ႏိုင္ငံေရး ပညာရွင္ေတြ၊ မီဒီယာေတြပါမကပဲ ျပည္သူေတြကပါ သိလာခဲ့ၾကပါၿပီ။၂၀၁၉ မွာ ဒီအေျခအေနေတြကို ျမန္မာျပည္ရဲ႕ ဦးေဆာင္သူေတြအေနနဲ႔ ျပတ္သားစြာ ေျပာင္းလဲႏိုင္ဖို႔ အေရးႀကီးေနပါၿပီ။

နယ္ပယ္အသီးသီးမွာ ဦးေဆာင္သူ တာဝန္ေပးခံထားရသူေတြကို ေျပာင္းလဲႏိုင္မွ ျမန္မာျပည္ အေ႐ြ႕ဟာ သိသိသာသာ ေျပာင္းလဲတိုးတက္လာႏိုင္မွာပါ။ဒီလို နယ္ပယ္က႑ အသီးသီးမွာ ဦးေဆာင္ႏိုင္တဲ့ အရည္အခ်င္းရွိသူေတြ၊ ထက္ျမက္သြက္လက္စြာ ေဆာင္႐ြက္ႏိုင္သူေတြ ရွိလာရင္ သူတို႔ကိုင္တြယ္ေနရတဲ့၊ သူတို႔လက္ေအာက္က လူေတြကို ျပဳျပင္ေျပာင္းလဲလာေအာင္ ေဆာင္႐ြက္ႏိုင္ပါလိမ့္မယ္။တာဝန္ရွိသူေတြကိုယ္တိုင္ သူတို႔ စီမံခန႔္ခြဲရတဲ့ လူေတြရဲ႕ စံနမူနာထားျခင္းကို ခံရမွသာ သူတို႔လက္ေအာက္မွာ တာဝန္အဆင့္ဆင့္ ယူထားသူေတြကို စည္း႐ုံးဆြဲေဆာင္ႏိုင္ပါလိမ့္မယ္။ဒီကေန ျပည္သူေတြအတြက္ အက်င့္ပ်က္မႈေတြ၊ အေခ်ာင္သမားစိတ္ဓာတ္ေတြ၊ အသိပညာဉာဏ္ ပါးလ်ေနမႈေတြကို တေျဖးေျဖးနဲ႔ ျပဳျပင္ေျပာင္းလဲလာႏိုင္မွာပါ။

နယ္ပယ္က႑ အသီးသီးမွာ ဦးေဆာင္ေနသူေတြကို ျပည္သူေတြအေနနဲ႔ သူလိုကိုယ္လို အေနအထားမွာ အဆင့္အတန္းတူညီစြာ ဆက္ဆံေနမႈေတြကို အခုထက္ပိုၿပီး အဆင့္ျမႇင့္တင္ေပးဖို႔ လိုအပ္ေနပါၿပီ။သူတို႔ကိုယ္တိုင္လည္း ျပဳျပင္ေျပာင္းလဲႏိုင္ရပါလိမ့္မယ္။ျပဳျပင္ေျပာင္းလဲလိုစိတ္နဲ႔ ႀကိဳးစားၿပီး မိမိကိုယ္ကိုယ္ ျပန္လည္တည္ေဆာက္ရေတာ့မွာပါ။ဒီလိုျပဳျပင္ေျပာင္းလဲလိုစိတ္ မရွိေသးဘူးဆိုရင္ သူတို႔ကို တာဝန္ေပးခဲ့သူေတြက ျပန္ဆန္းစစ္ၿပီး ဖယ္ရွားရပါလိမ့္မယ္။ေနာက္ဆုံးအဆင့္အေနနဲ႔ ေျပာရရင္ ဘယ္လိုမွ အသုံးမဝင္ေတာ့တဲ့ အေနအထားတစ္ခု ေရာက္လာၿပီဆိုရင္ ျပည္သူေတြ ကိုယ္တိုင္ ဖယ္ရွားရေတာ့မွာပါ။ဦးေဆာင္သူေတြအေနနဲ႔ ျပည္သူေတြ ယုံၾကည္ဖို႔ လိုသလို၊ ဗ်ဴ႐ိုကေရစီ ယႏၲရားကို မလည္ပတ္ႏိုင္ေအာင္ လုပ္ေဆာင္ေနတဲ့ ဗ်ဴ႐ိုကရက္ေတြကိုလည္း ျပန္လည္ျပဳျပင္၊ ေျပာင္းလဲႏိုင္ဖို႔ပါ လိုအပ္ေနပါလိမ့္မယ္။

ေျပာရမယ္ဆိုရင္ အက်င့္ပ်က္စိတ္ေတြဟာ ဗ်ဴ႐ိုကရက္ႀကီးေတြမွာ စြဲေနၾကမွာပါ။အက်င့္ပ်က္ျခစားမႈေတြနဲ႔ ေကာင္းစားခဲ့တဲ့ အာဏာရွင္စနစ္ကို ျပန္တမ္းတၿပီး၊ ျပန္ေရာက္ေအာင္လည္း ႀကိဳးစားေနတာေတြ ေတြ႕ေနရပါတယ္။ျမန္မာျပည္အတြက္ ဒီမိုကေရစီစနစ္နဲ႔ ျပန္တည္ေဆာက္ႏိုင္ဖို႔ ႀကိဳးစားေနတဲ့ အရပ္သားအစိုးရကို ပ်က္စီးေစခ်င္ၾကသူေတြေၾကာင့္ သုံးႏွစ္နီးပါး ၾကာလာတဲ့အထိ ေရွ႕မဆက္ႏိုင္ပဲ ေႏွာင့္ေႏွးရပ္တန႔္ေနရတာပါ။ဒီလိုအေျခအေနေပၚမွာ မူတည္ၿပီး အရပ္သားအစိုးရ ေရွ႕ဆက္မယ့္ ေျခလွမ္းေတြ၊ အေကာင္အထည္ေဖာ္ေဆာင္ခ်င္တဲ့ လုပ္ငန္းေတြအားလုံး ေႏွာင့္ေႏွးေနခဲ့ရတာပါ။ရပ္တန႔္ေနခဲ့ရတာပါ။အရပ္သားအစိုးရရဲ႕ အေျခအေန အဆိုးဆုံးအခ်ိန္ျဖစ္တဲ့ ၂၀၁၈ ကို ေက်ာ္လြန္ခဲ့ၿပီးပါၿပီ။

၂၀၁၈ ေက်ာ္လြန္လာၿပီးတဲ့ ၂၀၁၉ မွာ အရပ္သားအစိုးရ ေခါင္းေဆာင္ေတြအေနနဲ႔ အေျခအေနေတြကို ျပန္သုံးသပ္ၿပီး ေျပာင္းလဲမႈကို ရဲဝံ့စြာ စိန္ေခၚရင္ဆိုင္ရေတာ့မွာပါ။ျမန္မာျပည္ကို ဒီမိုကေရစီစနစ္ ေဖာ္ေဆာင္တည္ေဆာက္ႏိုင္ေရး၊ ၿငိမ္းခ်မ္းေရးခရီးလမ္းေတြ ေရွ႕ဆက္ေလွ်ာက္လွမ္းႏိုင္ဖို႔အတြက္၊ တိုင္းျပည္ရဲ႕ မ႑ိဳင္သုံးခုဟာ အဓိကက်ေနပါတယ္။ဒီမ႑ိဳလ္သုံးခုစလုံးမွာလည္း လိုအပ္ေနတာက သမာသမတ္က်စြာ လည္ပတ္ေနႏိုင္ဖို႔ အေရးႀကီးပါတယ္။သမာသမတ္က်ဖို႔ဆိုတဲ့ ေနရာမွာ ယိုယြင္းပ်က္စီးေနတဲ့ အက်င့္ပ်က္ျခစားမႈနဲ႔ အရည္အခ်င္း မျပည့္ဝမႈေတြပါပဲ။ဒီကိစၥႏွစ္ခုကို ေနာက္ျပန္လွည့္မၾကည့္ႏိုင္မွ၊ စိတ္ခ်ယုံၾကည္ေနရမွ အရပ္သားအစိုးရဟာ ေရွ႕ကိုဆက္ၿပီး ေလွ်ာက္လွမ္းႏိုင္ပါလိမ့္မယ္။

၂၀၁၉ မွာ အေရးအႀကီးဆုံး ျပဳျပင္ေျပာင္းလဲမႈတစ္ခုအေနနဲ႔ အေလးထား လုပ္ေဆာင္ႏိုင္ဖို႔ လိုအပ္ေနပါတယ္။လိုအပ္ေနပါၿပီ။ေျပာရမယ္ဆိုရင္ ထိပ္ပိုင္းေခါင္းေဆာင္ တာဝန္ယူထားသူေတြနဲ႔ သူတို႔ကိုင္တြယ္ေနတဲ့ ဗ်ဴ႐ိုကေရစီ ယႏၲရားထဲမွာ ပါဝင္သူေတြ၊ ျပည္သူေတြပါ ေကာင္းမြန္တဲ့စိတ္ေတြ ျဖစ္လာႏိုင္ဖို႔ အေရးအႀကီးဆုံးပါပဲ။

ႏွစ္ေဟာင္းက စိတ္အေဟာင္းေတြကို ႏွစ္သစ္မွာ ေကာင္းမြန္တဲ့ စိတ္အသစ္ေတြနဲ႔ အစားထိုးႏိုင္ၾကပါေစ။

ျမတ္လႈိင္း
ဇန္နဝါရီ - ၁၆