【 ဆောင်းပါး 】 “တစ်ပါတီအာဏာရှင်စနစ် ပြန်ဖြစ်နေပြီလား”

【 ဆောင်းပါး 】 “တစ်ပါတီအာဏာရှင်စနစ် ပြန်ဖြစ်နေပြီလား”

ကျွန်တော်တို့တိုင်းပြည်ဟာ နယ်ချဲ့အင်္ဂလိပ်အစိုးရလက်အောက်ကနေ လွတ်လပ်ရေးကိုတိုက်ယူခဲ့ရပြီး စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးခဲ့တဲ့နိုင်ငံတစ်ခု ဖြစ်ခဲ့ပါတယ်။ဒီပါတီစုံဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တဲ့ကာလတွေမှာ အဆင့်အတန်းရှိတဲ့ မြန်မာနိုင်ငံဖြစ်ခဲ့ရပါတယ်။ဒါပေမယ့် ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိသာ ပါတီစုံဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။၁၄ နှစ်သာခံပြီး တစ်ပါတီအာဏာရှင်စနစ်လက်အောက်ကို ပြန်ရောက်သွားခဲ့ရတယ်။

၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ တစ်ပါတီအာဏာရှင်စနစ်လက်အောက်ကို ပြန်ရောက်သွားတဲ့အချိန်ကစပြီး တိုင်းပြည်ဟာ အဖက်ဖက်က တိုးတက်မှုတွေကျဆင်းသွားရတာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်ခု ဖြစ်သွားခဲ့ပါတယ်။ပြည်သူတွေရဲ့ စားဝတ်နေရေးတွေ အကြပ်တည်းဆုံးဖြစ်ခဲ့ရပြီး၊ ကျောင်းသားပြည်သူတွေက တစ်ပါတီအာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့ပါတယ်။တစ်ပါတီအာဏာရှင်စနစ်ကိုဖြုတ်ချပြီး ပါတီစုံဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်ကိုအုပ်ချုပ်နိုင်ဖို့ ကျောင်းသားပြည်သူတွေ တောင်းဆိုခဲ့ကြပါတယ်။

ဒါပေမယ့် တစ်ပါတီအာဏာရှင်စနစ် ပြုတ်ကျသွားခဲ့ပေမယ့် တစ်ပါတီအာဏာရှင်စနစ်ထက် ပိုပြီးဆိုးရွားရက်စက်တဲ့ စစ်အာဏာရှင်စနစ်လက်အောက်ကို ရောက်သွားခဲ့ရတယ်။တိုင်းပြည်အခြေအနေတွေကို ပြန်ကြည့်မယ်ဆိုရင် တစ်ပါတီအာဏာရှင်စနစ်ကရော၊ စစ်အာဏာရှင်စနစ်ကပါ ခေါင်းဆောင်တစ်ဦးတစ်ယောက်ရဲ့ အလိုကျတဲ့နောက်ကို လိုက်ပါခဲ့ကြတာပါပဲ။တိုင်းပြည်အာဏာကို အပိုင်စားရထားတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ စိတ်သဘောထားအပေါ် မူတည်ခဲ့ပါတယ်။
တိုင်းပြည်ကိုအုပ်ချုပ်တဲ့ ခေါင်းဆောင်တစ်ယောက်ဟာ ကိုယ်ကျိုးစီးပွားအတွက်ကိုပဲ ကြည့်မယ်ဆိုရင် တိုင်းပြည်ပျက်စီးသွားရမှာပါ။

တစ်ပါတီအာဏာရှင်စနစ် ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ ကိုယ်ကျိုးစီးပွားကြည့်မှုတွေ လောဘအရှိန်အတောမသတ်နိုင်ခဲ့တဲ့အတွက် တိုင်းပြည်နဲ့ ပြည်သူတွေ ဆင်းရဲတွင်းထဲနစ်ခဲ့ပါတယ်။စစ်အာဏာရှင်စနစ်ရဲ့ ခေါင်းဆောင်နဲ့ အပေါင်းအပါတွေ ကိုယ်ကျိုးစီးပွားအတွက် ဝေမျှခံစားခဲ့ကြတဲ့အခါမှာ တိုင်းပြည်ကြီးပျက်စီးခဲ့ရသလို၊ ပြည်သူတွေလည်း မွဲတေနေတဲ့ဘဝတွေ ရောက်ခဲ့ရပါတယ်။

ကမ္ဘာပေါ်မှာ စစ်အာဏာရှင်ကြီးတွေ တစ်ယောက်ပြီး တစ်ယောက် ကျရှုံးကုန်တဲ့အချိန်ကာလမှာ ကျွန်တော်တို့တိုင်းပြည်ရဲ့ စစ်အာဏာရှင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ သူ့ကိုထောက်ခံထားခဲ့တဲ့စစ်တပ်ကို တိုင်းပြည်အုပ်ချုပ်ဖို့ လွှဲပြောင်းပေးခဲ့ပြီး မျက်နှာစာပေါ်ကနေ နောက်ကွယ်ကို ဆုတ်ခွာသွားခဲ့ပါတယ်။စစ်ဗိုလ်ချုပ်ကြီးတွေကို တိုင်းပြည်အာဏာခွဲဝေပေးပြီး ပါတီစုံဒီမိုကရေစီအတုကို ဗန်းပြခဲ့တယ်။ဘယ်လိုပဲ ဒီမိုကရေစီအတုကို ဗန်းပြခဲ့ပေမယ့်၊ စစ်ဗိုလ်ချုပ်ကြီးတွေက ကိုယ်ကျိုးစီးပွားတွေအတွက် လောဘတွေအရှိန်ပိုတက်ခဲ့တယ်။သူတို့တင်မက သူတို့နဲ့ပတ်သက်ရာ အဆက်အနွယ်တွေကိုပါ လက်သပ်မွေးမြူပြီး ခရိုနီတွေပေါ်ပေါက်စေခဲ့တယ်။စစ်ဗိုလ်ချုပ်ကြီးတွေရော၊ ခရိုနီတွေပါ ကိုယ်ကျိုးစီးပွားအတွက်သက်သက်သာ ကြည့်ခဲ့ကြလို့ တိုင်းပြည်ဟာ ပိုပြီးနိမ့်ကျပျက်စီးနေခဲ့ပါတယ်။

ဒါပေမယ့် ဒီမိုကရေစီစနစ်အတုကို ဗန်းပြရှေ့တန်းတင်ပြီး တိုင်းပြည်အုပ်ချုပ်ခွင့်ရခဲ့တာ ငါးနှစ်သက်တမ်းတစ်ခုပါပဲ။၂၀၁၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို တိုင်းရင်းသားပြည်သူတွေ ဝိုင်းဝန်းထောက်ခံပေးခဲ့ပြီး ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ပေါက်လာအောင် တင်မြှောက်ပေးနိုင်ခဲ့ကြပါတယ်။

အဲဒီအချိန်မှာ စစ်အာဏာရှင်စနစ်နဲ ဒီမိုကရေစီစနစ်အတုကို တိုက်နေတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ယုံကြည်မှုအပြည့်ထားခဲ့ကြပါတယ်။တိုင်းပြည်ကို ဒီမိုကရေစီစနစ် ပြန်အသက်သွင်းနိုင်လိမ့်မယ်လို့လည်း ယုံကြည်ခဲ့ကြပါတယ်။
စစ်အာဏာရှင်စနစ်ကို အကာအကွယ်ပေးထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်အတွင်း တိုက်ခိုက်ပြီး ပြင်ဆင်ရေးဆွဲနိုင်လိမ့်မယ်ဆိုပြီးလည်း ယုံကြည်မျှော်လင့်ခဲ့ကြတယ်။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲနိုင်တဲ့အချိန်မှာ ပြည်တွင်းငြိမ်းချမ်းရေးကိုပါ ဆောင်ရွက်နိုင်လိမ့်မယ်လို့လည်း ထင်ထားကြတယ်။

တိုင်းရင်းသားပြည်သူတွေ ယုံကြည်မျှော်လင့်ထားခဲ့တဲ့အိပ်မက်တွေ ပျက်စီးသွားခဲ့ရတယ်။ပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အယ်ဒီပါတီ အာဏာစတင်ရကတည်းက တိုင်းရင်းသားပြည်သူတွေ အဓိကမျှော်လင့်ထားတဲ့ ဆင်းရဲနွမ်းပါးပြီး စားဝတ်နေရေးကြပ်တည်းမှုကို ပြေလည်နိုင်ဖို့အတွက်ပါ။နောက်ပိုင်းမှ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက်နဲ့ ပြည်တွင်းစစ်ကို အပစ်အခတ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်ဖို့အတွက်ပါ။ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။

တိုင်းပြည်အုပ်ချုပ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရတာဝန်ယူထားကြတဲ့ ဝန်ကြီးတွေက တိုင်းရင်းသားပြည်သူတွေရဲ့ စားဝတ်နေရေး၊ ခရီးသွားလာရေးကဏ္ဍတွေကို ပိုင်ပိုင်နိုင်နိုင် စီမံခန့်ခွဲနိုင်ရမယ်။ဒါပေမယ့် တိုင်းရင်းသားပြည်သူတွေ မျှော်လင့်ခဲ့ကြတဲ့အတိုင်း အင်အယ်ဒီ အာဏာရအစိုးရဝန်ကြီးတွေ မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။အခုဆို အင်အယ်ဒီအစိုးရဖြစ်တာ လေးနှစ်ရှိခဲ့တဲ့အချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရဝန်ကြီးတွေကို တိုင်းရင်းသားပြည်သူတွေအနေနဲ့ အတော်ကြီးကို စိတ်ပျက်နေကြရပါပြီ။

ပြည်တွင်းစစ် အပစ်အခတ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကဦးဆောင်ပြီး ဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အမည်ပေးထားတဲ့ ၂၁ ရာစု ပင်လုံညီလာခံကလည်း ရှေ့မတိုးနိုင်ပဲ ရပ်တန့်နေပါပြီ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပေဒကို ပြန်ပြင်ဆင်ပြီး ရေးဆွဲကြရမယ့် လွှတ်တော်ကဏ္ဍကလည်း အင်အယ်ဒီပါတီ အာဏာရပြီး သုံးနှစ်ကြာတဲ့အချိန်ထိ အသံထွက်မလာခဲ့ပါဘူး။တိုင်းပြုပြည်ပြုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ တာဝန်က လွှတ်တော်မှာ အဓိကတာဝန်ရှိပါတယ်။တိုင်းရင်းသားပြည်သူတွေ ရွေးချယ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အာဏာရပြီး သုံးနှစ်ကြာတဲ့အချိန်ထိ ပြည်သူ့ဘဏ္ဍာငွေကိုတွေကို လစာဆယ်သိန်းယူပြီး ဖြုန်းတီးနေကြသလို ဖြစ်နေခဲ့ပါတယ်။လွှတ်တော်စတင်ခေါ်ယူပြီး သုံးနှစ်ကြာတဲ့အချိန်မှာတော့ အင်အယ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခွင့်ပြုလိုက်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စတင်အသံပေါ်ထွက်လာခဲ့တယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့အတွက်က အင်မတန်ခက်ခဲနိုင်မှာပါ။ဖွဲ့စည်းပုံအခြေခံဥပဒေကို လွယ်ကူစွာမပြင်ဆင်နိုင်အောင် စစ်အာဏာရှင်စနစ်အောက်မှာ ရေးဆွဲပြဋ္ဌာန်းထားခဲ့ပါတယ်။၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ပါဝင်နေတဲ့ အခန်း (၁၂) ခု ပြဋ္ဌာန်းထားပါတယ်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ၄၃၆ (ခ) မှာ ပြဋ္ဌာန်းထားတာက "ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ၊ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်" ဆိုတဲ့ အချက်ဟာ အာဏာရ အင်အယ်ဒီလွှတ်တော်အတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေခဲ့ပါတယ်။ဒီပြဋ္ဌာန်းချက်ဟာ အာဏာရ အင်အယ်ဒီပါတီမှ မဟုတ်ပါဘူး။ဘယ်ပါတီပဲအနိုင်ရရ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်တယ်ဆိုရင်၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေအားလုံး ထောက်ခံဆန္ဒမဲအပြင် တပ်မတော်သား ကိုယ်စားလှယ်တစ်ယောက်ကပါ ထောက်ခံမဲပေးဖို့ လိုအပ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အများစုအင်အားနဲ့ အခြေခံဥပဒေပြင်ဆင်ဖို့ ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့ရေးကို အန်အယ်ဒီက အရေးကြီးအဆိုတင်သွင်းတဲ့နေရာမှာ အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ကန့်ကွက်မှုတွေရှိခဲ့တာ၊ လွှတ်တော်ကိုယ်စားလှယ်အင်အားအများစုနဲ့ အရေးကြီးအဆိုကို မဲခွဲပြီးအတည်ပြုခဲ့တာ၊ ပူးပေါင်းကော်မတီ ၄၅ ဦး သတ်မှတ်လိုက်ပြီး၊ အန်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦး ပါဝင်ပြီးတော့ ပူးပေါင်းကော်မတီရဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး တာဝန်တွေယူထားခဲ့တာက အခြေခံဥပဒေပြင်ဆင်ဖို့အတွက် အခက်အခဲဖြစ်လာနိုင်ပါတယ်။ဘယ်ပုဒ်မကိုပဲပြင်ပြင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးရဲ့ ထောက်ခံမှုလိုပါတယ်။ဒီအချက်ကို စဉ်းစားကြည့်လိုက်မယ်ဆိုရင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက တိုင်းရင်းသားပြည်သူတွေကို အကျိုးပြုမယ့်ပုဒ်မတွေ ပြင်နိုင်ပါ့မလားဆိုတာ တွေးကြည့်မိလိုက်ပါတယ်။

ထင်နေကြတဲ့အတိုင်းပါပဲ။အခု ပြည်ထောင်စုလွှတ်တော်ကို အခြေခံဥပဒေ ပူးပေါင်းပြင်ဆင်ရေး ၄၅ ဦး ကော်မတီက တင်သွင်းလိုက်တဲ့အထဲမှာ ဥပဒေမူကြမ်း ၁၁၄ ချက်ပဲ တင်လိုက်တာကိုတွေ့ရပါတယ်။ဒီ ၁၁၄ ချက်ကလည်း အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) နဲ့ (ခ) ကို ပြင်ထားတာ အဓိကဖြစ်နေပါတယ်။ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ဖို့အတွက်ဆိုရင် ဖက်ဒရယ်စံနှုန်းနဲ့ညီရမယ့် ဥပဒေတွေက အရေးကြီးပါတယ်။အခု ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းလိုက်တဲ့ ဥပဒေမူကြမ်းထဲမှာတောင် တိုင်းရင်းသားတွေ လိုအပ်ချက်တွေကို မပါလာတာကိုလည်း တွေ့ရပါတယ်။ပြောမယ်ဆိုရင် အင်အယ်ဒီပါတီရဲ့ လိုအပ်ချက်တွေကို တစ်ပါတီအကျိုးအတွက်တင်လိုက်တဲ့ ဥပဒေမူကြမ်းဖြစ်နေပါတယ်။တိုင်းရင်းသားပါတီတွေ တောင်းဆိုထားတဲ့ အခြေခံဥပဒေပုဒ်မ (၂၆၁) ကို လုံးဝပြင်ဆင်ချက်တင်သွင်းထားတာ မတွေ့ရပါဘူး။

ဒီအခြေအနေကိုကြည့်မယ်ဆိုရင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုပေမယ့်၊ အင်အယ်ဒီ တင်သွင်းလိုက်တဲ့ အချက်တွေက အင်အယ်ဒီ တစ်ပါတီအလိုက်၊ တစ်ပါတီကြီးစိုးနေတာကို ပြနေပါတယ်။အင်အယ်ဒီပါတီအလိုကျ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်ကို မူကြမ်းတင်သွင်းလိုက်ပေမယ့်၊ လွှတ်တော်ထဲမှာ အာဏာရရှိနေတဲ့ တပ်မတော်က သဘောမတူညီဘူးဆိုရင်၊ ဘယ်ဥပဒေတစ်ခုကိုမှ ပြင်နိုင်မှာမဟုတ်ပါဘူး။ဒါကိုလည်း အင်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ သိနေကြပါတယ်။
လွှတ်တော်ထဲမှာ အင်အားကြီးမားမှုကို စိတ်ကူးယဉ်နေကြတာကြည့်ရင်၊ အာဏာရအင်အယ်ဒီပါတီရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ခွင့်ပြုချက်ပေးတော့မှ အခြေခံဥပဒေပြင်ဆင်ဖို့ အရေးတကြီးထလုပ်တာကိုလည်းကြည့်ရင် မြန်မာနိုင်ငံမှာ တစ်ပါတီအာဏာရှင်စနစ် ပြန်ကျင့်သုံးချင်နေကြတာလို့ ကောက်ချက်ဆွဲရမှာပါပဲ။

မြတ်လှိုင်း
ဖေဖော်ဝါရီ - ၂၂

( Zawgyi )

ကြၽန္ေတာ္တို႔တိုင္းျပည္ဟာ နယ္ခ်ဲ႕အဂၤလိပ္အစိုးရလက္ေအာက္ကေန လြတ္လပ္ေရးကိုတိုက္ယူခဲ့ရၿပီး စစ္မွန္တဲ့ ပါတီစုံဒီမိုကေရစီစနစ္ က်င့္သုံးခဲ့တဲ့ႏိုင္ငံတစ္ခု ျဖစ္ခဲ့ပါတယ္။ဒီပါတီစုံဒီမိုကေရစီစနစ္နဲ႔ တိုင္းျပည္ကိုအုပ္ခ်ဳပ္ခဲ့တဲ့ကာလေတြမွာ အဆင့္အတန္းရွိတဲ့ ျမန္မာႏိုင္ငံျဖစ္ခဲ့ရပါတယ္။ဒါေပမယ့္ ၁၉၄၈ ခုႏွစ္ကေန ၁၉၆၂ ခုႏွစ္အထိသာ ပါတီစုံဒီမိုကေရစီစနစ္နဲ႔ တိုင္းျပည္တိုးတက္ေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့ပါတယ္။၁၄ ႏွစ္သာခံၿပီး တစ္ပါတီအာဏာရွင္စနစ္လက္ေအာက္ကို ျပန္ေရာက္သြားခဲ့ရတယ္။

၁၉၆၂ ခုႏွစ္ကေန ၁၉၈၈ ခုႏွစ္အထိ တစ္ပါတီအာဏာရွင္စနစ္လက္ေအာက္ကို ျပန္ေရာက္သြားတဲ့အခ်ိန္ကစၿပီး တိုင္းျပည္ဟာ အဖက္ဖက္က တိုးတက္မႈေတြက်ဆင္းသြားရတာ ကမာၻ႔အဆင္းရဲဆုံးႏိုင္ငံတစ္ခု ျဖစ္သြားခဲ့ပါတယ္။ျပည္သူေတြရဲ႕ စားဝတ္ေနေရးေတြ အၾကပ္တည္းဆုံးျဖစ္ခဲ့ရၿပီး၊ ေက်ာင္းသားျပည္သူေတြက တစ္ပါတီအာဏာရွင္စနစ္ကို ျဖဳတ္ခ်ႏိုင္ခဲ့ပါတယ္။တစ္ပါတီအာဏာရွင္စနစ္ကိုျဖဳတ္ခ်ၿပီး ပါတီစုံဒီမိုကေရစီစနစ္နဲ႔ တိုင္းျပည္ကိုအုပ္ခ်ဳပ္ႏိုင္ဖို႔ ေက်ာင္းသားျပည္သူေတြ ေတာင္းဆိုခဲ့ၾကပါတယ္။

ဒါေပမယ့္ တစ္ပါတီအာဏာရွင္စနစ္ ျပဳတ္က်သြားခဲ့ေပမယ့္ တစ္ပါတီအာဏာရွင္စနစ္ထက္ ပိုၿပီးဆိုး႐ြားရက္စက္တဲ့ စစ္အာဏာရွင္စနစ္လက္ေအာက္ကို ေရာက္သြားခဲ့ရတယ္။တိုင္းျပည္အေျခအေနေတြကို ျပန္ၾကည့္မယ္ဆိုရင္ တစ္ပါတီအာဏာရွင္စနစ္ကေရာ၊ စစ္အာဏာရွင္စနစ္ကပါ ေခါင္းေဆာင္တစ္ဦးတစ္ေယာက္ရဲ႕ အလိုက်တဲ့ေနာက္ကို လိုက္ပါခဲ့ၾကတာပါပဲ။တိုင္းျပည္အာဏာကို အပိုင္စားရထားတဲ့ ေခါင္းေဆာင္တစ္ေယာက္ရဲ႕ စိတ္သေဘာထားအေပၚ မူတည္ခဲ့ပါတယ္။
တိုင္းျပည္ကိုအုပ္ခ်ဳပ္တဲ့ ေခါင္းေဆာင္တစ္ေယာက္ဟာ ကိုယ္က်ိဳးစီးပြားအတြက္ကိုပဲ ၾကည့္မယ္ဆိုရင္ တိုင္းျပည္ပ်က္စီးသြားရမွာပါ။

တစ္ပါတီအာဏာရွင္စနစ္ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ေနဝင္းရဲ႕ ကိုယ္က်ိဳးစီးပြားၾကည့္မႈေတြ ေလာဘအရွိန္အေတာမသတ္ႏိုင္ခဲ့တဲ့အတြက္ တိုင္းျပည္နဲ႔ ျပည္သူေတြ ဆင္းရဲတြင္းထဲနစ္ခဲ့ပါတယ္။စစ္အာဏာရွင္စနစ္ရဲ႕ ေခါင္းေဆာင္နဲ႔ အေပါင္းအပါေတြ ကိုယ္က်ိဳးစီးပြားအတြက္ ေဝမွ်ခံစားခဲ့ၾကတဲ့အခါမွာ တိုင္းျပည္ႀကီးပ်က္စီးခဲ့ရသလို၊ ျပည္သူေတြလည္း မြဲေတေနတဲ့ဘဝေတြ ေရာက္ခဲ့ရပါတယ္။

ကမာၻေပၚမွာ စစ္အာဏာရွင္ႀကီးေတြ တစ္ေယာက္ၿပီး တစ္ေယာက္ က်ရႈံးကုန္တဲ့အခ်ိန္ကာလမွာ ကြၽန္ေတာ္တို႔တိုင္းျပည္ရဲ႕ စစ္အာဏာရွင္ႀကီးျဖစ္တဲ့ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊအေနနဲ႔ သူ႔ကိုေထာက္ခံထားခဲ့တဲ့စစ္တပ္ကို တိုင္းျပည္အုပ္ခ်ဳပ္ဖို႔ လႊဲေျပာင္းေပးခဲ့ၿပီး မ်က္ႏွာစာေပၚကေန ေနာက္ကြယ္ကို ဆုတ္ခြာသြားခဲ့ပါတယ္။စစ္ဗိုလ္ခ်ဳပ္ႀကီးေတြကို တိုင္းျပည္အာဏာခြဲေဝေပးၿပီး ပါတီစုံဒီမိုကေရစီအတုကို ဗန္းျပခဲ့တယ္။ဘယ္လိုပဲ ဒီမိုကေရစီအတုကို ဗန္းျပခဲ့ေပမယ့္၊ စစ္ဗိုလ္ခ်ဳပ္ႀကီးေတြက ကိုယ္က်ိဳးစီးပြားေတြအတြက္ ေလာဘေတြအရွိန္ပိုတက္ခဲ့တယ္။သူတို႔တင္မက သူတို႔နဲ႔ပတ္သက္ရာ အဆက္အႏြယ္ေတြကိုပါ လက္သပ္ေမြးျမဴၿပီး ခ႐ိုနီေတြေပၚေပါက္ေစခဲ့တယ္။စစ္ဗိုလ္ခ်ဳပ္ႀကီးေတြေရာ၊ ခ႐ိုနီေတြပါ ကိုယ္က်ိဳးစီးပြားအတြက္သက္သက္သာ ၾကည့္ခဲ့ၾကလို႔ တိုင္းျပည္ဟာ ပိုၿပီးနိမ့္က်ပ်က္စီးေနခဲ့ပါတယ္။

ဒါေပမယ့္ ဒီမိုကေရစီစနစ္အတုကို ဗန္းျပေရွ႕တန္းတင္ၿပီး တိုင္းျပည္အုပ္ခ်ဳပ္ခြင့္ရခဲ့တာ ငါးႏွစ္သက္တမ္းတစ္ခုပါပဲ။၂၀၁၅ ခုႏွစ္မွာ က်င္းပခဲ့တဲ့ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ အတိုက္အခံပါတီ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ကို တိုင္းရင္းသားျပည္သူေတြ ဝိုင္းဝန္းေထာက္ခံေပးခဲ့ၿပီး ဒီမိုကေရစီအစိုးရတစ္ရပ္ ေပၚေပါက္လာေအာင္ တင္ေျမႇာက္ေပးႏိုင္ခဲ့ၾကပါတယ္။

အဲဒီအခ်ိန္မွာ စစ္အာဏာရွင္စနစ္နဲ ဒီမိုကေရစီစနစ္အတုကို တိုက္ေနတဲ့ အတိုက္အခံေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ကို ယုံၾကည္မႈအျပည့္ထားခဲ့ၾကပါတယ္။တိုင္းျပည္ကို ဒီမိုကေရစီစနစ္ ျပန္အသက္သြင္းႏိုင္လိမ့္မယ္လို႔လည္း ယုံၾကည္ခဲ့ၾကပါတယ္။
စစ္အာဏာရွင္စနစ္ကို အကာအကြယ္ေပးထားတဲ့ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ လႊတ္ေတာ္အတြင္း တိုက္ခိုက္ၿပီး ျပင္ဆင္ေရးဆြဲႏိုင္လိမ့္မယ္ဆိုၿပီးလည္း ယုံၾကည္ေမွ်ာ္လင့္ခဲ့ၾကတယ္။၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ေရးဆြဲႏိုင္တဲ့အခ်ိန္မွာ ျပည္တြင္းၿငိမ္းခ်မ္းေရးကိုပါ ေဆာင္႐ြက္ႏိုင္လိမ့္မယ္လို႔လည္း ထင္ထားၾကတယ္။

တိုင္းရင္းသားျပည္သူေတြ ယုံၾကည္ေမွ်ာ္လင့္ထားခဲ့တဲ့အိပ္မက္ေတြ ပ်က္စီးသြားခဲ့ရတယ္။ေျပာမယ္ဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အင္အယ္ဒီပါတီ အာဏာစတင္ရကတည္းက တိုင္းရင္းသားျပည္သူေတြ အဓိကေမွ်ာ္လင့္ထားတဲ့ ဆင္းရဲႏြမ္းပါးၿပီး စားဝတ္ေနေရးၾကပ္တည္းမႈကို ေျပလည္ႏိုင္ဖို႔အတြက္ပါ။ေနာက္ပိုင္းမွ ၂၀၀၈ ခုႏွစ္ အေျခခံဥပေဒကို ျပင္ဆင္ႏိုင္ဖို႔အတြက္နဲ႔ ျပည္တြင္းစစ္ကို အပစ္အခတ္ရပ္စဲၿပီး ျပည္တြင္းၿငိမ္းခ်မ္းေရးကို ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ပါ။ျပည္တြင္းစစ္ရပ္စဲေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရးကို ဦးစားေပးေဆာင္႐ြက္ခဲ့တာ ေတြ႕ရပါတယ္။

တိုင္းျပည္အုပ္ခ်ဳပ္ေရးအတြက္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အစိုးရတာဝန္ယူထားၾကတဲ့ ဝန္ႀကီးေတြက တိုင္းရင္းသားျပည္သူေတြရဲ႕ စားဝတ္ေနေရး၊ ခရီးသြားလာေရးက႑ေတြကို ပိုင္ပိုင္ႏိုင္ႏိုင္ စီမံခန႔္ခြဲႏိုင္ရမယ္။ဒါေပမယ့္ တိုင္းရင္းသားျပည္သူေတြ ေမွ်ာ္လင့္ခဲ့ၾကတဲ့အတိုင္း အင္အယ္ဒီ အာဏာရအစိုးရဝန္ႀကီးေတြ မစြမ္းေဆာင္ႏိုင္ခဲ့ၾကပါဘူး။အခုဆို အင္အယ္ဒီအစိုးရျဖစ္တာ ေလးႏွစ္ရွိခဲ့တဲ့အခ်ိန္မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အစိုးရဝန္ႀကီးေတြကို တိုင္းရင္းသားျပည္သူေတြအေနနဲ႔ အေတာ္ႀကီးကို စိတ္ပ်က္ေနၾကရပါၿပီ။

ျပည္တြင္းစစ္ အပစ္အခတ္ရပ္စဲေရးနဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရးကို အဓိကဦးေဆာင္ၿပီး ေဆာင္႐ြက္ေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္ အမည္ေပးထားတဲ့ ၂၁ ရာစု ပင္လုံညီလာခံကလည္း ေရွ႕မတိုးႏိုင္ပဲ ရပ္တန႔္ေနပါၿပီ။

၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥေပဒကို ျပန္ျပင္ဆင္ၿပီး ေရးဆြဲၾကရမယ့္ လႊတ္ေတာ္က႑ကလည္း အင္အယ္ဒီပါတီ အာဏာရၿပီး သုံးႏွစ္ၾကာတဲ့အခ်ိန္ထိ အသံထြက္မလာခဲ့ပါဘူး။တိုင္းျပဳျပည္ျပဳနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဖို႔ တာဝန္က လႊတ္ေတာ္မွာ အဓိကတာဝန္ရွိပါတယ္။တိုင္းရင္းသားျပည္သူေတြ ေ႐ြးခ်ယ္ေပးလိုက္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက အာဏာရၿပီး သုံးႏွစ္ၾကာတဲ့အခ်ိန္ထိ ျပည္သူ႔ဘ႑ာေငြကိုေတြကို လစာဆယ္သိန္းယူၿပီး ျဖဳန္းတီးေနၾကသလို ျဖစ္ေနခဲ့ပါတယ္။လႊတ္ေတာ္စတင္ေခၚယူၿပီး သုံးႏွစ္ၾကာတဲ့အခ်ိန္မွာေတာ့ အင္အယ္ဒီပါတီ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ခြင့္ျပဳလိုက္မွ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး စတင္အသံေပၚထြက္လာခဲ့တယ္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ႏိုင္ဖို႔အတြက္က အင္မတန္ခက္ခဲႏိုင္မွာပါ။ဖြဲ႕စည္းပုံအေျခခံဥပေဒကို လြယ္ကူစြာမျပင္ဆင္ႏိုင္ေအာင္ စစ္အာဏာရွင္စနစ္ေအာက္မွာ ေရးဆြဲျပ႒ာန္းထားခဲ့ပါတယ္။၂၀၀၈ ဖြဲ႕စည္းပုံထဲမွာ ပါဝင္ေနတဲ့ အခန္း (၁၂) ခု ျပ႒ာန္းထားပါတယ္။၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒက ၄၃၆ (ခ) မွာ ျပ႒ာန္းထားတာက "ပုဒ္မခြဲ (က) တြင္ ေဖာ္ျပထားသည့္ ျပ႒ာန္းခ်က္မ်ားမွအပ၊ အျခားျပ႒ာန္းခ်က္မ်ားကို ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္အားလုံး၏ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံဆႏၵမဲျဖင့္သာ ျပင္ဆင္ရမည္" ဆိုတဲ့ အခ်က္ဟာ အာဏာရ အင္အယ္ဒီလႊတ္ေတာ္အတြက္ စိန္ေခၚမႈႀကီးတစ္ခု ျဖစ္ေနခဲ့ပါတယ္။ဒီျပ႒ာန္းခ်က္ဟာ အာဏာရ အင္အယ္ဒီပါတီမွ မဟုတ္ပါဘူး။ဘယ္ပါတီပဲအႏိုင္ရရ၊ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ခ်င္တယ္ဆိုရင္၊ ေ႐ြးေကာက္ခံလႊတ္ေတာ္ကိုယ္စားလွယ္ေတြအားလုံး ေထာက္ခံဆႏၵမဲအျပင္ တပ္မေတာ္သား ကိုယ္စားလွယ္တစ္ေယာက္ကပါ ေထာက္ခံမဲေပးဖို႔ လိုအပ္ပါတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစုအင္အားနဲ႔ အေျခခံဥပေဒျပင္ဆင္ဖို႔ ပူးေပါင္းေကာ္မတီတစ္ရပ္ဖြဲ႕ေရးကို အန္အယ္ဒီက အေရးႀကီးအဆိုတင္သြင္းတဲ့ေနရာမွာ အတိုက္အခံ ျပည္ခိုင္ၿဖိဳးပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ကန႔္ကြက္မႈေတြရွိခဲ့တာ၊ လႊတ္ေတာ္ကိုယ္စားလွယ္အင္အားအမ်ားစုနဲ႔ အေရးႀကီးအဆိုကို မဲခြဲၿပီးအတည္ျပဳခဲ့တာ၊ ပူးေပါင္းေကာ္မတီ ၄၅ ဦး သတ္မွတ္လိုက္ၿပီး၊ အန္အယ္ဒီ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၈ ဦး ပါဝင္ၿပီးေတာ့ ပူးေပါင္းေကာ္မတီရဲ႕ ဥကၠ႒၊ အတြင္းေရးမႉး၊ တြဲဘက္အတြင္းေရးမႉး တာဝန္ေတြယူထားခဲ့တာက အေျခခံဥပေဒျပင္ဆင္ဖို႔အတြက္ အခက္အခဲျဖစ္လာႏိုင္ပါတယ္။ဘယ္ပုဒ္မကိုပဲျပင္ျပင္ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအားလုံးရဲ႕ ေထာက္ခံမႈလိုပါတယ္။ဒီအခ်က္ကို စဥ္းစားၾကည့္လိုက္မယ္ဆိုရင္၊ ဖြဲ႕စည္းပုံအေျခခံဥပေဒထဲက တိုင္းရင္းသားျပည္သူေတြကို အက်ိဳးျပဳမယ့္ပုဒ္မေတြ ျပင္ႏိုင္ပါ့မလားဆိုတာ ေတြးၾကည့္မိလိုက္ပါတယ္။

ထင္ေနၾကတဲ့အတိုင္းပါပဲ။အခု ျပည္ေထာင္စုလႊတ္ေတာ္ကို အေျခခံဥပေဒ ပူးေပါင္းျပင္ဆင္ေရး ၄၅ ဦး ေကာ္မတီက တင္သြင္းလိုက္တဲ့အထဲမွာ ဥပေဒမူၾကမ္း ၁၁၄ ခ်က္ပဲ တင္လိုက္တာကိုေတြ႕ရပါတယ္။ဒီ ၁၁၄ ခ်က္ကလည္း အေျခခံဥပေဒ ပုဒ္မ ၄၃၆ (က) နဲ႔ (ခ) ကို ျပင္ထားတာ အဓိကျဖစ္ေနပါတယ္။ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု တည္ေထာင္ႏိုင္ဖို႔အတြက္ဆိုရင္ ဖက္ဒရယ္စံႏႈန္းနဲ႔ညီရမယ့္ ဥပေဒေတြက အေရးႀကီးပါတယ္။အခု ျပည္ေထာင္စုလႊတ္ေတာ္ကို တင္သြင္းလိုက္တဲ့ ဥပေဒမူၾကမ္းထဲမွာေတာင္ တိုင္းရင္းသားေတြ လိုအပ္ခ်က္ေတြကို မပါလာတာကိုလည္း ေတြ႕ရပါတယ္။ေျပာမယ္ဆိုရင္ အင္အယ္ဒီပါတီရဲ႕ လိုအပ္ခ်က္ေတြကို တစ္ပါတီအက်ိဳးအတြက္တင္လိုက္တဲ့ ဥပေဒမူၾကမ္းျဖစ္ေနပါတယ္။တိုင္းရင္းသားပါတီေတြ ေတာင္းဆိုထားတဲ့ အေျခခံဥပေဒပုဒ္မ (၂၆၁) ကို လုံးဝျပင္ဆင္ခ်က္တင္သြင္းထားတာ မေတြ႕ရပါဘူး။

ဒီအေျခအေနကိုၾကည့္မယ္ဆိုရင္ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စုကို သြားမယ္ဆိုေပမယ့္၊ အင္အယ္ဒီ တင္သြင္းလိုက္တဲ့ အခ်က္ေတြက အင္အယ္ဒီ တစ္ပါတီအလိုက္၊ တစ္ပါတီႀကီးစိုးေနတာကို ျပေနပါတယ္။အင္အယ္ဒီပါတီအလိုက် ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ဖို႔ ျပည္ေထာင္စုလႊတ္ေတာ္ကို မူၾကမ္းတင္သြင္းလိုက္ေပမယ့္၊ လႊတ္ေတာ္ထဲမွာ အာဏာရရွိေနတဲ့ တပ္မေတာ္က သေဘာမတူညီဘူးဆိုရင္၊ ဘယ္ဥပေဒတစ္ခုကိုမွ ျပင္ႏိုင္မွာမဟုတ္ပါဘူး။ဒါကိုလည္း အင္အယ္ဒီ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ သိေနၾကပါတယ္။
လႊတ္ေတာ္ထဲမွာ အင္အားႀကီးမားမႈကို စိတ္ကူးယဥ္ေနၾကတာၾကည့္ရင္၊ အာဏာရအင္အယ္ဒီပါတီရဲ႕ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ က ခြင့္ျပဳခ်က္ေပးေတာ့မွ အေျခခံဥပေဒျပင္ဆင္ဖို႔ အေရးတႀကီးထလုပ္တာကိုလည္းၾကည့္ရင္ ျမန္မာႏိုင္ငံမွာ တစ္ပါတီအာဏာရွင္စနစ္ ျပန္က်င့္သုံးခ်င္ေနၾကတာလို႔ ေကာက္ခ်က္ဆြဲရမွာပါပဲ။

ျမတ္လႈိင္း
ေဖေဖာ္ဝါရီ - ၂၂