【 ဆောင်းပါး 】 “ငြိမ်သက်နေတဲ့ ၂၀၂၀ ရွေးကောက်ပွဲအကြို”

【 ဆောင်းပါး 】 “ငြိမ်သက်နေတဲ့ ၂၀၂၀ ရွေးကောက်ပွဲအကြို”

သုံးသပ်ချက် (၂)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေး (ဗဟို) ကော်မတီမှာ သဘာပတိအဖွဲ့ခေါင်းဆောင် သူရဦးတင်ဦး ကို ဥက္ကဋ္ဌနေရာ ယူခဲ့ရပါတယ်။သူရဦးတင်ဦးအနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး (ဗဟို) ဥက္ကဋ္ဌ ဖြစ်ခဲ့ပေမယ့်၊ ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်အလုပ်အမှုဆောင် ကော်မတီတွေက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်ရာမှာ အဓိကဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးနှစ်ဦးဖြစ်တဲ့ ဦးဝင်းထိန် နဲ့ ဦးဉာဏ်ဝင်းတို့အပေါ် မူတည်ခဲ့တာကို တွေ့ရပါတယ်။သက်ဆိုင်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အဆင့် အလုပ်အမှုဆောင်အဖွဲ့တွေကလည်း မြို့နယ်ပြည်သူတွေက လေးစားကြတဲ့ ပုဂ္ဂိုလ်တွေ၊ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးမှာ တက်ကြွစွာ ပါဝင်ဦးဆောင်ခဲ့သူတွေကို အဓိကရွေးချယ်ပေးရမယ့်အစား မြို့နယ်အလုပ်အမှုဆောင်ကော်မတီနဲ့ နီးစပ်တဲ့လူတွေကို ရွေးချယ်ပြီး တင်ပေးလိုက်ကြတာကိုလည်း တွေ့ရပါတယ်။

၈၈ မျိုးဆက် ကျောင်းသားဟောင်းတွေ ဖယ်    

ပြောမယ်ဆိုရင် ၂၀၁၅ ပါတီစုံအထွေ‌ထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါဝင်ယှဉ်ပြိုင်မယ့် လုပ်ပိုင်ခွင့်ဟာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးနှစ်ဦးရဲ့ လက်ထဲကို ရောက်နေခဲ့ပါတယ်။အဲဒီနှစ်ဦးနဲ့ အဆင်မပြေတဲ့လူတွေ ပယ်ချခံခဲ့ရပါတယ်။ဥပမာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းဒေသကြီးတွေရဲ့ ပါတီခေါင်းဆောင်တွေ အရွေးမခံရတဲ့ အခြေအနေကိုကြည့်ရင် သိနိုင်ပါတယ်။နောက်အဆိုးဆုံးအခြေအနေတစ်ခုဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်းတွေကို ပယ်ချလိုက်တဲ့ ဖြစ်ရပ်ပါပဲ။

၈၈ မျိုးဆက် ငြိမ်း/ပွင့် ခေါင်းဆောင်တွေ အပါအဝင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်းတွေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံအောက်ကိုဝင်ပြီး ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီအခြေအနေဟာ အဲဒီအချိန်က အာဏာရပါတီဖြစ်တဲ့ စစ်အာဏာရှင်အသွင်ပြောင်း ပြည်ခိုင်ဖြိုးပါတီကို အပြတ်အသတ်အနိုင်ရပြီး စစ်အာဏာရှင်စနစ်ကို ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီး ဆက်တိုက်ပွဲဝင်ဖို့အတွက် ဖြစ်နိုင်ပါတယ်။အရင် ၂၀၁၄ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်းပွင့် ပူးတွဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တိုက်ပွဲဝင်ခဲ့သလိုပါပဲ။

ဒီလို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်းတွေကို ပယ်ချလိုက်တာကို အနယ်နယ်အရပ်ရပ်က ပြည်သူတွေ မ‌ကျေနပ်မှုတွေဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံမှုအား ကျဆင်းသွားပါတယ်။အဲဒီလိုအခြေအနေဆိုး ဖြစ်ပေါ်ခဲ့သလို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အဆင့် အလုပ်အမှုဆောင်အဖွဲ့တွေက ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူတွေက သဘောမကျလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံအားပေးနေကြတဲ့ အားတစ်ခုလည်း ထပ်မံကျဆင်းသွားရပါတယ်။

အဲဒီလိုအခြေအနေတွေမှာ တိုင်းရင်းသားပြည်နယ်တွေကို ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက်ပြီး စည်းရုံးရေးဆင်းနေတဲ့အချိန် ဖြစ်ပါတယ်။တိုင်းရင်းသားပြည်သူတွေအတွက် ၂၀၁၅ ခုနှစ် ပါတီစုံအေထွထွေရွေးကောက်ပွဲ အနိုင်ရခဲ့ရင် တိုင်းပြည်မှာ နှစ်ပေါင်းခုနှစ်ဆယ်နီးပါးကြာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ရပ်စဲအောင်စွမ်းဆောင်ပြီး ငြိမ်းချမ်းရေးကို ပထမဦးစားပေး ဆောင်ရွက်မယ်လို့ ပြောဆိုခဲ့သလို၊ ကချင်ပြည်နယ်မှာလည်း မြစ်ဆုံစီမံကိန်းစာချုပ်တွေကို တိုင်းရင်းသားပြည်သူတွေကို အသိပေးချပြမယ်လို့လည်း ကတိပေးခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ရဲ့ ကတိပြုမှုတွေကြောင့် တိုင်းရင်းသားပြည်သူတွေရဲ့ ထောက်ခံမှုကို ရခဲ့ပါတယ်။

ပြည်မမှာဖြစ်နေတဲ့ ရွေးကောက်ပွဲ၀င်ပြိုင်ခွင့်ရထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူတွေ မကြိုက်နှစ်သက်သလို လူမှုရေးအဖွဲ့အစည်းတွေကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ဝန်းရံကူညီပေးမှုတွေ မလုပ်ပေးဘူးလို့ ငြင်းဆန်မှုတွေလည်း ဖြစ်နေပါတယ်။အဲဒီအခြေအနေကို ပြည်နယ်တွေကို ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စည်းရုံးရေးဆင်းနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကြားသိပြီး၊ ပြည်သူတွေကို မေတ္တာရပ်ခံချက်ကို ထုတ်ပြန်လိုက်ပါတယ်။

"အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၀၀ ရာခိုင်နှုန်း ထောက်ခံပါ။ကိုယ်စားလှယ်တွေရဲ့ နာမည်တွေကို မကြည့်ပါနဲ့။အဖွဲ့ချုပ်တံဆိပ်မှာသာ တံဆိပ်နှိပ်ပြီး ထောက်ခံလိုက်ပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်" လို့ အချိန်မီပြောလိုက်တဲ့အတွက် ပြည်သူတွေရဲ့ ထောက်ခံအားကို ပြန်ရလိုက်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားဟောင်းတွေ ‌ရွေးကောက်ပွဲမဝင်ရအောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပယ်ချလိုက်တာကိုလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခေါ်ယူပြီး နှစ်သိမ့်ပေးလိုက်ပါတယ်။အဲဒီလိုမျိုး ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူတွေထောက်ခံမှု မကျဆင်းအောင် အချိန်မီကြိုးစားနိုင်ခဲ့တဲ့အတွက် ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အဓိကပြိုင်ဘက်ဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီကို အနိုင်ရသွားခဲ့ပါတယ်။

ပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီကို အနိုင်ရမှု

၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရလိုက်တယ်ဆိုပေမယ့်၊ မဲဆန္ဒနယ် အတော်များများမှာ  ပြည်ခိုင်ဖြိုးပါတီကိုမဲအရေအတွက် ပွတ်ကာသီကာ အနိုင်ရခဲ့တဲ့ အခြေအနေတွေ ရှိနေခဲ့ပါတယ်။တချို့တိုင်းရင်းသားပြည်နယ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားပါတီတွေကို ရှုံးနိမ့်ခဲ့ပါတယ်။၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ မတိုင်ခင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်နယ်တွေကို ဆင်းစည်းရုံးမှုတွေရဲ့ အကျိုးနဲ့ တိုင်းရင်းသားပြည်သူတွေကို ပေးထားခဲ့တဲ့ ကတိစကားတွေ အကျိုးကြောင့် တိုင်းရင်းသားပြည်သူတွေရဲ့ ထောက်ခံမဲတွေ ရခဲ့ပါတယ်။

ပြောမယ်ဆိုရင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီရဲ့ ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အနိုင်ရရှိမှုဟာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ထဲအပေါ်မှာ တိုင်းရင်းသားပြည်သူတွေ ဝိုင်းထောက်ခံမဲပေးလိုက်ကြလို့ ဖြစ်ပါတယ်။ဒီလိုတိုင်းရင်းသားပြည်သူတွေ ထောက်ခံမဲပေးလိုက်တာတောင်မှ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်နေရာ (၅၉) ရာခိုင်နှုန်း ရပြီး အစိုးရကို လွတ်လပ်စွာဖွဲ့စည်းခွင့်ရသွားခဲ့တာ ဖြစ်ပါတယ်။အဲဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် (၅၉) ရာခိုင်နှုန်းကို တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အာဏာရအစိုးရ ဖွဲ့စည်းမှု

ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် (၅၉) ရာခိုင်နှုန်းနဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုတွေကြောင့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရဖြစ်ခဲ့ပါတယ်။ဒီလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရပါတီဖြစ်လာမယ့် အချိန်ကာလတွေတလျှောက်လုံး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ရေးကို အလေးထားကြိုးစားခဲ့တာ တွေ့နိုင်ပါလိမ့်မယ်။ပြည်သူတွေကလည်း ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတော်သမ္မတ ဖြစ်စေချင်ခဲ့ကြပါတယ်။

အဲဒီလို ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကြိုးစားခဲ့တဲ့အတွက် အချိန်တွေအတော်ကြာပြီးမှ အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတမဖြစ်နိုင်တော့မှန်း သိသွားတော့မှ စာပေပညာရှင် ဆရာကြီးမင်းသုဝဏ်ရဲ့ သားဖြစ်တဲ့ ဦးထင်ကျော် ကို သမ္မတတင်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနတွေ တွဲယူခဲ့ပါတယ်။ဝန်ကြီးဌာနတွေ တွဲယူထားတဲ့အထဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာနကို ယူခဲ့တာက ကာလုံထဲမှာ ပါဝင်နေလို့ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်အများစုနဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုအားကိုယူပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကို ဖန်တီးရယူခဲ့ပါသေးတယ်။ပြည်ထောင်စုအဆင့်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သမ္မတပြီးရင် အဆင့် (၂) နေရာမှာ ရှိပါတယ်။

အဲဒီလိုနိုင်ငံတော်ရဲ့ အဆင့်မြင့်ဆုံးရာထူးတွေ ရယူနိုင်ဖို့အတွက် ကြိုးစားနေတဲ့အချိန်မှာ အာဏာရအစိုးရ ဖွဲ့စည်းဖို့နဲ့ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်တွေ ရွေးချယ်ဖို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြိုးစားပြီး မရှာဖွေနိုင်ခဲ့ပါဘူး။ပထမသက်တမ်းမှာ ရင်းနှီးနီးစပ်ခဲ့တဲ့ သူရဦးရွှေမန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းထိန်တို့နှ စ်ယောက်လက်ထဲကို ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်တွေ ရွေးချယ်ခန့်အပ်ဖို့ အပ်ထားခဲ့တာ တွေ့ရပါလိမ့်မယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ထောင်စုအစိုးရမှာ သူရဦးရွှေမန်း လူတွေ ပါဝင်လာခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဦးဝင်းထိန် အရှိန်အဝါ အင်အားကြီးလာခဲ့သလို၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင် ဥက္ကဋ္ဌနေရာ သူရဦးရွှေမန်း ကို ပေးလိုက်ရတဲ့အပြင် အရင်လွှတ်တော်သက်တမ်းမှာမရှိခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ဥပ‌ဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်အဆင့် တိုးပေးလိုက်ရပါတယ်။

အစိုးရကို သေသေချာချာ စိစစ်ရွေးချယ်ပြီး မဖွဲ့နိုင်ခဲ့တဲ့ အကျိုးဆက်တွေဟာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရရဲ့လုပ်ငန်းတွေ အောင်မြင်မှုမရပဲ၊ တိုင်းပြည်အကျိုးက ဆုတ်ယုတ်လာခဲ့ရတယ်။အဲဒီလိုတိုင်းပြည်ရဲ့ အနေအထားက ပိုပိုဆုတ်ယုတ်လာခဲ့တော့ တိုင်းရင်းသားပြည်သူတွေလည်း စားဝတ်နေရေးတွေ ပိုကြပ်တည်းလာခဲ့ရတယ်။တိုင်းရင်းသားပြည်သူတွေရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်မှာရော အာဏာရအစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှုကျဆင်းသွားရတဲ့အပြင် တိုင်းရင်းသား ပြည်သူတွေအနေနဲ့ နိုင်ငံရေးနဲ့ ပါတီစုံအ‌ထွေထွေရွေးကောက်ပွဲကိုပါ စိတ်မဝင်စားတော့တဲ့အခြေအနေထိ ဖြစ်သွားခဲ့တာကို တွေ့နေရပါတယ်။

မြတ်လှိုင်း
ဇန်န၀ါရီ - ၂၂
(ဆက်ရေးသားပါဦးမယ်)

( Zawgyi )

သုံးသပ္ခ်က္ (၂)

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ ၂၀၁၅ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရး (ဗဟို) ေကာ္မတီမွာ သဘာပတိအဖြဲ႕ေခါင္းေဆာင္ သူရဦးတင္ဦး ကို ဥကၠ႒ေနရာ ယူခဲ့ရပါတယ္။သူရဦးတင္ဦးအေနနဲ႔ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး (ဗဟို) ဥကၠ႒ ျဖစ္ခဲ့ေပမယ့္၊ ၂၀၁၅ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကေန ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ ၿမိဳ႕နယ္အလုပ္အမႈေဆာင္ ေကာ္မတီေတြက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ေ႐ြးခ်ယ္ရာမွာ အဓိကဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ အတြင္းေရးမႉးႏွစ္ဦးျဖစ္တဲ့ ဦးဝင္းထိန္ နဲ႔ ဦးဉာဏ္ဝင္းတို႔အေပၚ မူတည္ခဲ့တာကို ေတြ႕ရပါတယ္။သက္ဆိုင္ရာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ၿမိဳ႕နယ္အဆင့္ အလုပ္အမႈေဆာင္အဖြဲ႕ေတြကလည္း ၿမိဳ႕နယ္ျပည္သူေတြက ေလးစားၾကတဲ့ ပုဂၢိဳလ္ေတြ၊ ရွစ္ေလးလုံး ျပည္သူ႔အေရးေတာ္ပုံႀကီးမွာ တက္ႂကြစြာ ပါဝင္ဦးေဆာင္ခဲ့သူေတြကို အဓိကေ႐ြးခ်ယ္ေပးရမယ့္အစား ၿမိဳ႕နယ္အလုပ္အမႈေဆာင္ေကာ္မတီနဲ႔ နီးစပ္တဲ့လူေတြကို ေ႐ြးခ်ယ္ၿပီး တင္ေပးလိုက္ၾကတာကိုလည္း ေတြ႕ရပါတယ္။

၈၈ မ်ိဳးဆက္ ေက်ာင္းသားေဟာင္းေတြ ဖယ္    

ေျပာမယ္ဆိုရင္ ၂၀၁၅ ပါတီစုံအေထြ‌ေထြေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ပါဝင္ယွဥ္ၿပိဳင္မယ့္ လုပ္ပိုင္ခြင့္ဟာ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ အတြင္းေရးမႉးႏွစ္ဦးရဲ႕ လက္ထဲကို ေရာက္ေနခဲ့ပါတယ္။အဲဒီႏွစ္ဦးနဲ႔ အဆင္မေျပတဲ့လူေတြ ပယ္ခ်ခံခဲ့ရပါတယ္။ဥပမာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က တိုင္းေဒသႀကီးေတြရဲ႕ ပါတီေခါင္းေဆာင္ေတြ အေ႐ြးမခံရတဲ့ အေျခအေနကိုၾကည့္ရင္ သိႏိုင္ပါတယ္။ေနာက္အဆိုးဆုံးအေျခအေနတစ္ခုျဖစ္တဲ့ ၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ေဟာင္းေတြကို ပယ္ခ်လိုက္တဲ့ ျဖစ္ရပ္ပါပဲ။

၈၈ မ်ိဳးဆက္ ၿငိမ္း/ပြင့္ ေခါင္းေဆာင္ေတြ အပါအဝင္၊ ၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ေဟာင္းေတြအေနနဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အလံေအာက္ကိုဝင္ၿပီး ၂၀၁၅ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ ၀င္ၿပိဳင္ဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ဒီအေျခအေနဟာ အဲဒီအခ်ိန္က အာဏာရပါတီျဖစ္တဲ့ စစ္အာဏာရွင္အသြင္ေျပာင္း ျပည္ခိုင္ၿဖိဳးပါတီကို အျပတ္အသတ္အႏိုင္ရၿပီး စစ္အာဏာရွင္စနစ္ကို ဒီမိုကေရစီအင္အားစုေတြ ပူးေပါင္းၿပီး ဆက္တိုက္ပြဲဝင္ဖို႔အတြက္ ျဖစ္ႏိုင္ပါတယ္။အရင္ ၂၀၁၄ ခုႏွစ္မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္နဲ႔ ၈၈ ၿငိမ္းပြင့္ ပူးတြဲၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ တိုက္ပြဲဝင္ခဲ့သလိုပါပဲ။

ဒီလို ၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ေဟာင္းေတြကို ပယ္ခ်လိုက္တာကို အနယ္နယ္အရပ္ရပ္က ျပည္သူေတြ မ‌ေက်နပ္မႈေတြျဖစ္ၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကို ေထာက္ခံမႈအား က်ဆင္းသြားပါတယ္။အဲဒီလိုအေျခအေနဆိုး ျဖစ္ေပၚခဲ့သလို၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ၿမိဳ႕နယ္အဆင့္ အလုပ္အမႈေဆာင္အဖြဲ႕ေတြက ေ႐ြးခ်ယ္ထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ျပည္သူေတြက သေဘာမက်လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကို ေထာက္ခံအားေပးေနၾကတဲ့ အားတစ္ခုလည္း ထပ္မံက်ဆင္းသြားရပါတယ္။

အဲဒီလိုအေျခအေနေတြမွာ တိုင္းရင္းသားျပည္နယ္ေတြကို ၂၀၁၅ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲ အႏိုင္ရရွိေရးအတြက္ အမ်ိဳးသားဒီမိုေကရစီအဖြဲ႕ခ်ဳပ္ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္သြားေရာက္ၿပီး စည္း႐ုံးေရးဆင္းေနတဲ့အခ်ိန္ ျဖစ္ပါတယ္။တိုင္းရင္းသားျပည္သူေတြအတြက္ ၂၀၁၅ ခုႏွစ္ ပါတီစုံေအထြေထြေ႐ြးေကာက္ပြဲ အႏိုင္ရခဲ့ရင္ တိုင္းျပည္မွာ ႏွစ္ေပါင္းခုႏွစ္ဆယ္နီးပါးၾကာ ျဖစ္ေနတဲ့ ျပည္တြင္းစစ္ကို ရပ္စဲေအာင္စြမ္းေဆာင္ၿပီး ၿငိမ္းခ်မ္းေရးကို ပထမဦးစားေပး ေဆာင္႐ြက္မယ္လို႔ ေျပာဆိုခဲ့သလို၊ ကခ်င္ျပည္နယ္မွာလည္း ျမစ္ဆုံစီမံကိန္းစာခ်ဳပ္ေတြကို တိုင္းရင္းသားျပည္သူေတြကို အသိေပးခ်ျပမယ္လို႔လည္း ကတိေပးခဲ့ပါတယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေခါင္းေဆာင္ရဲ႕ ကတိျပဳမႈေတြေၾကာင့္ တိုင္းရင္းသားျပည္သူေတြရဲ႕ ေထာက္ခံမႈကို ရခဲ့ပါတယ္။

ျပည္မမွာျဖစ္ေနတဲ့ ေ႐ြးေကာက္ပြဲ၀င္ၿပိဳင္ခြင့္ရထားတဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ျပည္သူေတြ မႀကိဳက္ႏွစ္သက္သလို လူမႈေရးအဖြဲ႕အစည္းေတြကလည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အတြက္ ဝန္းရံကူညီေပးမႈေတြ မလုပ္ေပးဘူးလို႔ ျငင္းဆန္မႈေတြလည္း ျဖစ္ေနပါတယ္။အဲဒီအေျခအေနကို ျပည္နယ္ေတြကို ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးအတြက္ စည္း႐ုံးေရးဆင္းေနတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ၾကားသိၿပီး၊ ျပည္သူေတြကို ေမတၱာရပ္ခံခ်က္ကို ထုတ္ျပန္လိုက္ပါတယ္။

"အခုလာမယ့္ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကို ၁၀၀ ရာခိုင္ႏႈန္း ေထာက္ခံပါ။ကိုယ္စားလွယ္ေတြရဲ႕ နာမည္ေတြကို မၾကည့္ပါနဲ႔။အဖြဲ႕ခ်ဳပ္တံဆိပ္မွာသာ တံဆိပ္ႏွိပ္ၿပီး ေထာက္ခံလိုက္ပါလို႔ က်မအေနနဲ႔ ေမတၱာရပ္ခံခ်င္ပါတယ္" လို႔ အခ်ိန္မီေျပာလိုက္တဲ့အတြက္ ျပည္သူေတြရဲ႕ ေထာက္ခံအားကို ျပန္ရလိုက္ပါတယ္။

၈၈ မ်ိဳးဆက္ ေက်ာင္းသားေဟာင္းေတြ ‌ေ႐ြးေကာက္ပြဲမဝင္ရေအာင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕က ပယ္ခ်လိုက္တာကိုလည္း ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ေခၚယူၿပီး ႏွစ္သိမ့္ေပးလိုက္ပါတယ္။အဲဒီလိုမ်ိဳး ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကို ျပည္သူေတြေထာက္ခံမႈ မက်ဆင္းေအာင္ အခ်ိန္မီႀကိဳးစားႏိုင္ခဲ့တဲ့အတြက္ ၂၀၁၅ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ ျပည္ခိုင္ၿဖိဳးပါတီကို အႏိုင္ရသြားခဲ့ပါတယ္။

ၿပိဳင္ဘက္ ျပည္ခိုင္ၿဖိဳးပါတီကို အႏိုင္ရမႈ

၂၀၁၅ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က အျပတ္အသတ္ အႏိုင္ရလိုက္တယ္ဆိုေပမယ့္၊ မဲဆႏၵနယ္ အေတာ္မ်ားမ်ားမွာ  ျပည္ခိုင္ၿဖိဳးပါတီကိုမဲအေရအတြက္ ပြတ္ကာသီကာ အႏိုင္ရခဲ့တဲ့ အေျခအေနေတြ ရွိေနခဲ့ပါတယ္။တခ်ိဳ႕တိုင္းရင္းသားျပည္နယ္ေတြမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ တိုင္းရင္းသားပါတီေတြကို ရႈံးနိမ့္ခဲ့ပါတယ္။၂၀၁၅ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲ မတိုင္ခင္မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ျပည္နယ္ေတြကို ဆင္းစည္း႐ုံးမႈေတြရဲ႕ အက်ိဳးနဲ႔ တိုင္းရင္းသားျပည္သူေတြကို ေပးထားခဲ့တဲ့ ကတိစကားေတြ အက်ိဳးေၾကာင့္ တိုင္းရင္းသားျပည္သူေတြရဲ႕ ေထာက္ခံမဲေတြ ရခဲ့ပါတယ္။

ေျပာမယ္ဆိုရင္ အမ်ိဳးသားဒီမိုက‌ေရစီအဖြဲ႕ခ်ဳပ္ပါတီရဲ႕ ၂၀၁၅ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲ အႏိုင္ရရွိမႈဟာ ေဒၚေအာင္ဆန္းစုၾကည္ တစ္ေယာက္ထဲအေပၚမွာ တိုင္းရင္းသားျပည္သူေတြ ဝိုင္းေထာက္ခံမဲေပးလိုက္ၾကလို႔ ျဖစ္ပါတယ္။ဒီလိုတိုင္းရင္းသားျပည္သူေတြ ေထာက္ခံမဲေပးလိုက္တာေတာင္မွ ျပည္ေထာင္စုလႊတ္ေတာ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေနရာ (၅၉) ရာခိုင္ႏႈန္း ရၿပီး အစိုးရကို လြတ္လပ္စြာဖြဲ႕စည္းခြင့္ရသြားခဲ့တာ ျဖစ္ပါတယ္။အဲဒီအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္ (၅၉) ရာခိုင္ႏႈန္းကို တိုင္းရင္းသား လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေထာက္ခံခဲ့ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ အာဏာရအစိုးရ ဖြဲ႕စည္းမႈ

ျပည္ေထာင္စုလႊတ္ေတာ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ (၅၉) ရာခိုင္ႏႈန္းနဲ႔ တိုင္းရင္းသား လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ ေထာက္ခံမႈေတြေၾကာင့္ အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ အစိုးရျဖစ္ခဲ့ပါတယ္။ဒီလို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အာဏာရပါတီျဖစ္လာမယ့္ အခ်ိန္ကာလေတြတေလွ်ာက္လုံး ပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ဟာ သမၼတျဖစ္ေရးကို အေလးထားႀကိဳးစားခဲ့တာ ေတြ႕ႏိုင္ပါလိမ့္မယ္။ျပည္သူေတြကလည္း ေဒၚေအာင္ဆန္းစုၾကည္ ကို ႏိုင္ငံေတာ္သမၼတ ျဖစ္ေစခ်င္ခဲ့ၾကပါတယ္။

အဲဒီလို ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္ေရး ႀကိဳးစားခဲ့တဲ့အတြက္ အခ်ိန္ေတြအေတာ္ၾကာၿပီးမွ အစိုးရဖြဲ႕ႏိုင္ခဲ့ပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ဟာ သမၼတမျဖစ္ႏိုင္ေတာ့မွန္း သိသြားေတာ့မွ စာေပပညာရွင္ ဆရာႀကီးမင္းသုဝဏ္ရဲ႕ သားျဖစ္တဲ့ ဦးထင္ေက်ာ္ ကို သမၼတတင္ၿပီး၊ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အပါအဝင္ ဝန္ႀကီးဌာနေတြ တြဲယူခဲ့ပါတယ္။ဝန္ႀကီးဌာနေတြ တြဲယူထားတဲ့အထဲမွာ ႏိုင္ငံျခားေရးဝန္ႀကီးဌာနကို ယူခဲ့တာက ကာလုံထဲမွာ ပါဝင္ေနလို႔ျဖစ္ပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစုနဲ႔ တိုင္းရင္းသား လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ ေထာက္ခံမႈအားကိုယူၿပီး ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ရာထူးကို ဖန္တီးရယူခဲ့ပါေသးတယ္။ျပည္ေထာင္စုအဆင့္မွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က သမၼတၿပီးရင္ အဆင့္ (၂) ေနရာမွာ ရွိပါတယ္။

အဲဒီလိုႏိုင္ငံေတာ္ရဲ႕ အဆင့္ျမင့္ဆုံးရာထူးေတြ ရယူႏိုင္ဖို႔အတြက္ ႀကိဳးစားေနတဲ့အခ်ိန္မွာ အာဏာရအစိုးရ ဖြဲ႕စည္းဖို႔နဲ႔ တိုင္းေဒသႀကီး/ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြ ေ႐ြးခ်ယ္ဖို႔ကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ႀကိဳးစားၿပီး မရွာေဖြႏိုင္ခဲ့ပါဘူး။ပထမသက္တမ္းမွာ ရင္းႏွီးနီးစပ္ခဲ့တဲ့ သူရဦးေ႐ႊမန္းနဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္ အတြင္းေရးမႉး ဦးဝင္းထိန္တို႔ႏွ စ္ေယာက္လက္ထဲကို ျပည္ေထာင္စုအစိုးရနဲ႔ တိုင္းေဒသႀကီး/ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြ ေ႐ြးခ်ယ္ခန႔္အပ္ဖို႔ အပ္ထားခဲ့တာ ေတြ႕ရပါလိမ့္မယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ျပည္ေထာင္စုအစိုးရမွာ သူရဦးေ႐ႊမန္း လူေတြ ပါဝင္လာခဲ့ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွာ ဦးဝင္းထိန္ အရွိန္အဝါ အင္အားႀကီးလာခဲ့သလို၊ ျပည္သူ႔လႊတ္ေတာ္ ဥပေဒေရးရာနဲ႔ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္ေရးေကာ္မရွင္ ဥကၠ႒ေနရာ သူရဦးေ႐ႊမန္း ကို ေပးလိုက္ရတဲ့အျပင္ အရင္လႊတ္ေတာ္သက္တမ္းမွာမရွိခဲ့တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ဥပ‌ေဒေရးရာနဲ႔ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္ေရးေကာ္မရွင္အဆင့္ တိုးေပးလိုက္ရပါတယ္။

အစိုးရကို ေသေသခ်ာခ်ာ စိစစ္ေ႐ြးခ်ယ္ၿပီး မဖြဲ႕ႏိုင္ခဲ့တဲ့ အက်ိဳးဆက္ေတြဟာ အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အစိုးရရဲ႕လုပ္ငန္းေတြ ေအာင္ျမင္မႈမရပဲ၊ တိုင္းျပည္အက်ိဳးက ဆုတ္ယုတ္လာခဲ့ရတယ္။အဲဒီလိုတိုင္းျပည္ရဲ႕ အေနအထားက ပိုပိုဆုတ္ယုတ္လာခဲ့ေတာ့ တိုင္းရင္းသားျပည္သူေတြလည္း စားဝတ္ေနေရးေတြ ပိုၾကပ္တည္းလာခဲ့ရတယ္။တိုင္းရင္းသားျပည္သူေတြရဲ႕ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေပၚမွာေရာ အာဏာရအစိုးရ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေထာက္ခံမႈက်ဆင္းသြားရတဲ့အျပင္ တိုင္းရင္းသား ျပည္သူေတြအေနနဲ႔ ႏိုင္ငံေရးနဲ႔ ပါတီစုံအ‌ေထြေထြေ႐ြးေကာက္ပြဲကိုပါ စိတ္မဝင္စားေတာ့တဲ့အေျခအေနထိ ျဖစ္သြားခဲ့တာကို ေတြ႕ေနရပါတယ္။

ျမတ္လႈိင္း
ဇန္န၀ါရီ - ၂၂
(ဆက္ေရးသားပါဦးမယ္)