【 ဆောင်းပါး 】 “ဂျော့ချ်အော်ဝဲလ်ရဲ့ ၁၉၈၄ နှင့် တွေးမိတဲ့ အတွေးတစ်စ”

【 ဆောင်းပါး 】 “ဂျော့ချ်အော်ဝဲလ်ရဲ့ ၁၉၈၄ နှင့် တွေးမိတဲ့ အတွေးတစ်စ”

“ဒါနဲ့ သူငယ်ချင်း ကမ္ဘာပေါ်မှာ အာဏာရှင်စနစ် လုံးဝအဆုံးသတ်သွားမယ်လို့ မထင်ဘူးမဟုတ်လား”

စာပေဝါသနာရှင်နှင့် စာပေကိုအ ထူးစိတ်ဝင်စားသော ကျွန်တော်၏ သူငယ်ချင်းက အထက်ပါအတိုင်း ကောက်ကာငင်ကာ မေးလိုက်ခြင်းဖြစ်သည်။

“ဟုတ်တယ်။ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အဆုံးသတ်မှာတော့ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားတယ်။အဲ့ဒီတုန်းက စာရေးဆရာ ဖရန်စစ်ဖူကူယားမား က သမိုင်းနိဂုံး အဆုံးသတ်ပြီလို့ ဟောကိန်းထုတ်ခဲ့တယ်။သူဆိုလိုချင်တာက ဒီမိုကရေစီရဲ့ အဓိကပြိုင်ဘက် ကွန်မြူနစ်တွေ အရှုံးနဲ့ရင်ဆိုင်ခဲ့ရတဲ့အတွက် သမိုင်းမှာ ဝါဒချင်းအားပြိုင်မှု နိဂုံးချုပ်သွားပြီလို့ ဆိုလိုချင်ခဲ့ပုံရပါတယ်”

“အခုတော့ သူ့ဟောကိန်းလွဲနေပြီဆိုတဲ့ သဘောပေါ့”

“အင်း ---- ကမ္ဘာပေါ်မှာ အာဏာရှင်တွေဟာ အရင်ကလောက် နာလန်မထူနိုင်တော့ဘူးဆိုပေမဲ့ အာဏာရှင်တွေနဲ့ အာဏာကိုဆုပ်ကိုင်ဖို့ နည်းလမ်းကတော့ ပြောင်းလဲသွားတယ် ”

“ဘယ်လိုပြောင်းလဲသွားတာမျိုးလဲ ”

“သူတို့က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်တဲ့နည်းနဲ့ ရွေးကောက်ပွဲတွေကနေ အာဏာကိုဆုပ်ကိုင်ဖို့ ကြိုးပမ်းအားထုတ်လာခဲ့ကြတယ် ”

“ဒီမိုကရေစီနည်းကျဆိုပေမဲ့ အချို့နိုင်ငံတွေမှာ ထောက်ခံမဲရရှိဖို့အတွက် မသမာတဲ့နည်းတွေကို အသုံးပြုနေကြတာပဲ မဟုတ်လား ”

“မောင်ရင် ပြောချင်တာက ဆီးရီးယားတို့ အီဂျစ်တို့ ဗင်နီဇွဲလားတို့လို နိုင်ငံတွေကိုမဟုတ်လား ”

“ဆိုပါတော့ ဒါပေမယ့် မျက်မှောက်ခေတ် လူထုဟာ ဟိုတုန်းကနဲ့စာရင် နိုင်ငံရေးမှာ အတော်လေး အပါးဝလာကြပြီလို့ ဆိုရမယ်။အာဏာရှင်တွေက အာဏာကိုဆုပ်ကိုင်ဖို့ ကြိုးစားကြပေမဲ့ ပြည်သူလူထုကတော့ လွယ်လွယ်နဲ့ လက်မခံကြတာကို အခုခေတ် အာဏာရှင်နိုင်ငံတွေမှာ တွေ့မြင်နေရတာပဲ မဟုတ်လား”

“အင်း --- အဲ့ဒီလိုဆိုရင်လည်း မမှားပါဘူး။အာဏာကို ဆုပ်ကိုင်ထားနိုင်ပေမယ့် နိုင်ငံရဲ့စီးပွားရေးက ချွတ်ခြုံကျနေမယ်။နိုင်ငံရေး၊ လူမှုရေး တည်ငြိမ်မှုကင်းမဲ့နေမယ်ဆိုရင်တော့ အဲ့ဒီနိုင်ငံက အာဏာရှင်အစိုးရအနေနဲ့ လူထုရဲ့ စစ်မှန်တဲ့ ထောက်ခံအားပေးမှုကိုရရှိဖို့ ခက်ခဲနေဦးမှာ ဖြစ်တယ်”

“ဒါနဲ့ အာဏာရှင်တွေနဲ့ ပတ်သက်လို့ ရှေ့ကို ကြိုတင်ဟောကိန်းထုတ်ပြီး ဝတ္ထုရေးသားခဲ့တဲ့ စာရေးဆရာ ဂျော့ချ်အော်ဝဲလ် ကို သိတယ်မဟုတ်လား”

“သိတာပေါ့ သူ့ရဲ့ Animal Farm နဲ့ ၁၉၈၄ ဆိုတဲ့ ကမ္ဘာ့ဂန္ထဝင်ဝတ္ထုတွေဟာ အလွန်အောင်မြင်တဲ့ ဝတ္ထုတွေပါပဲ”

“သူက ငါတို့ မြန်မာနိုင်ငံမှာတောင် အစိုးရဝန်ထမ်းအဖြစ် လာရောက်လုပ်ကိုင်ဖူးသေးတာပဲ မဟုတ်လား”

“ဟုတ်တယ်။ကိုလိုနီခေတ် မြန်မာနိုင်ငံမှာ ရဲအရာရှိအဖြစ် အမှုထမ်းခဲ့တာပေါ့။နောက်တော့ သူ့ရဲ့ဇာတိ အင်္ဂလန်ကို ပြန်သွားပြီး စာရေးဆရာအဖြစ် အသက်မွေးဝမ်းကျောင်းပြုဖို့ ဆုံးဖြတ်ခဲ့တယ်”

“ဂျော့ချ်အော်ဝဲလ်ရဲ့ ဝတ္ထုတွေထဲက Animal Farm ကတော့ ဆရာကြီး သခင်ဘသောင်းရဲ့ ကျေးဇူးနဲ့ ခြေလေးချောင်းတော်လှန်ရေးဆိုပြီး ဖတ်ရှုခွင့်ရခဲ့တယ်။၁၉၈၄ ကိုတော့ မဖတ်ဖူးဘူး။၁၉၈၄ ဝတ္ထုအကြောင်းသိရင် နည်းနည်းပြောပြပါလား”

“၁၉၈၄ က dystopian လို့ ခေါ်တဲ့ ကမ္ဘာကြီးအတွက် ထိတ်လန့်တုန်လှုပ်ဖွယ်ရာအနာဂတ် အာဏာပိုင်အဖွဲ့အစည်းကြီးနဲ့ ပတ်သက်လို့ ကြိုတင်ဟောကိန်းထုတ်ထားတဲ့ ဝတ္ထုအမျိုးအစားပဲဖြစ်တယ်။အောဝဲလ် က ၁၉၈၄ ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ လောက်က ရေးခဲ့တာဖြစ်တယ်။အဲ့ဒီအချိန်က ကမ္ဘာမှာ အာဏာရှင်အစိုးရအဖွဲ့ စိုးမိုးအုပ်ချုပ်နေတဲ့ အချိန်။
အဲဒီအစိုးရအာဏာပိုင်တွေက နိုင်ငံသားတွေကို Telescreen လို့ ခေါ်တဲ့ ရုပ်မြင်သံကြားကနေ တစ်ချိန်လုံးစောင့်ကြည့်ပြီး ထိန်းချုပ်ထားတဲ့ အချိန်။အဲဒီနိုင်ငံမှာ ဥပဒေမရှိဘူး။ရဲတပ်ဖွဲ့ပဲရှိတယ်။၁၉၈၄ ဝတ္ထုထဲက အဓိကဇာတ်ကောင် ဝင်စတန်စမစ် က သာမန်အစိုးရဝန်ထမ်းတစ်ဦး။အိုရှင်းနီးယားလို့ ခေါ်တဲ့ သူတို့နေတဲ့ နိုင်ငံကို စိုးမိုးအုပ်ချုပ်နေတဲ့ နိုင်ငံအကြီးအကဲ Big Brother က နိုင်ငံသားတွေရဲ့ ပြုမူလှုပ်ရှားမှု မှန်သမျှကို စောင့်ကြည့်ပြီး ထိန်းချုပ်မှုပြုနေတဲ့သူ။အတိုချုပ်ပြောရရင် ဝင်စတန်စမစ် က အစိုးရရဲ့ မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းဆင် ဝါဒဖြန့်နေမှုတွေကို သဘောမတွေ့ဘူး။ဒါကြောင့် သူက အစိုးရရဲ့ လုပ်ဆောင်မှုတွေကို လျှို့ဝှက်ပုန်ကန်နေတဲ့သူ။နောက်ဆုံးတော့ Thought Police လို့ ခေါ်တဲ့ ရဲအဖွဲ့က စမစ် ကို ဖမ်းတယ်။အကျဉ်းချတယ်။နည်းမျိုးစုံနဲ့ ညှင်းပန်းနှိပ်စက်တယ်။ဦးနှောက်ဆေးကြောပြီး ပညာပေးလိုက်တဲ့အတွက် စမစ် ဟာ အစိုးရအလိုကျ လူတစ်ယောက် ဖြစ်လာခဲ့တယ်”

“ဒါဆိုရင် ၁၉၈၄ ဟာ ဒီနေ့ခေတ်ကို အကောင်းဆုံး ကြိုတင်ဟောကိန်းထုတ်ထားတဲ့ ဝတ္ထုလို့ ဆိုရမှာပေါ့”

“ဟုတ်တယ်။၁၉၈၄ ဝတ္ထုထဲ အာဏာရှင်အစိုးရက လူတွေကို ရုပ်သံဖန်သားပြင်ကနေ တစ်ချိန်လုံးစောင့်ကြည့်တဲ့ ပုံစံဟာ ဒီနေ့ခေတ် လုံခြုံရေးကင်မရာတွေ စောင့်ကြည့်နေတဲ့ပုံနဲ့ ကွက်တိပဲ။ဒါ့အပြင် သူတို့အလိုကျ နိုင်ငံသားတွေဖြစ်အောင် ထိန်းချုပ်နေပုံဆိုရင်လည်း ဒီနေ့ခေတ် အာဏာရှင်နိုင်ငံအချို့မှာ ကျင့်သုံးနေတဲ့ ပုံစံနဲ့ တစ်ဆင်တည်း တစ်ပုံစံတည်းလို့ ဆိုရလောက်တယ်”

“အာဏာရှင်တွေရဲ့ စရိုက်ကြောင့် လူသားတန်ဖိုးဆိုတာ ယုတ်လျော့လာတာ၊ မမျှတမှုတွေနဲ့အတူ လူသားတို့ရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေရတာတွေဟာ အာဏာရှင်စနစ်နဲ့ ပတ်သက်လို့ ထိတ်လန့်တုန်လှုပ်စရာ၊ ခါးသီးနားကြည်းစရာ၊ ခံပြင်းစရာ၊ စိတ်ပျက်စရာတွေအဖြစ် အာဏာရှင်စနစ်ကို နဖူးတွေ့ဒူးတွေ့ ကြုံခဲ့ရသူတွေအတွက်တော့ ရင်ထဲမှာ သံမှိုနှက်ထားသလို စွဲထင်နေမှာအမှန်ပဲ။ဘာပဲဖြစ်ဖြစ် ကမ္ဘာပေါ်မှာ အာဏာရှင်စနစ်က လွယ်လွယ်နဲ့ ကွယ်ပျောက်သွားမှာ မဟုတ်ဘူးဆိုတာကိုတော့ လက်ခံတယ် မဟုတ်လား”

“အကြွင်းမဲ့ အာဏာရှင်စနစ် ကျင့်သုံးတဲ့ အစိုးရကို ထောက်ခံအားပေးနေတဲ့သူတွေ ရှိနေသမျှ အာဏာရှင်စနစ်ဆိုတာ ရှိနေဦးမှာပါ။နောက်ပြီး အာဏာရှင်စနစ်နဲ့ ပတ်သက်လို့ အနက်အဓိပ္ပာယ်ဖွင့်ဆိုမှုတစ်ခုက ဒီလိုဆိုတယ်။အာဏာကို လက်ဝါးကြီးအုပ်ဖို့ ကြိုးပမ်းနေတဲ့ လူတစ်စုလက်ထဲကို အကြွင်းမဲ့အာဏာ လုံးလုံးလျားလျား ရောက်ရှိသွားတဲ့ အချိန်ကျရင် အဲ့ဒီအကြွင်းမဲ့အာဏာနဲ့အတူ သူတို့ရဲ့လမ်းမှာ ဆူးငြောင့်ခလုတ်လို ဖြစ်နေတဲ့သူတွေ၊ သူတို့ကို အာခံနေတဲ့သူတွေ၊ သူတို့ကို မုန်းတီးနေတဲ့သူတွေလို ပြိုင်ဘက် ရန်သူမှန်သမျှကို သုတ်သင်သတ်ဖြတ် ဖယ်ရှားရှင်းလင်းလာတဲ့အထိ သက်ရောက်မှု ကြီးမားနိုင်တယ်လို့ ဆိုတယ်”

“အေးဟုတ်တယ်။ဒုတိယကမ္ဘာစစ်အတွင်းက အာဏာရှင် ဟစ်တလာ နဲ့ ဆိုဗီယက်ပြည်ထောင်စုခေတ် အာဏာရှင် စတာလင် လက်ထက်မှာ မောင်ရင်ပြောတဲ့ သက်ရောက်မှုမျိုးတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့တယ် မဟုတ်လား”

“ဒါတင်ဘယ်ကမလဲ။ဒီနေ့ခေတ်မှာတောင် ကဒါဖီ၊ ဆက်ဒမ်ဟူစိန်၊ မူဂါဘီ နဲ့ အာဆတ် တို့လို အာဏာရှင်တွေဆိုရင် ကမ္ဘာ့အဆိုးရွားဆုံး အာဏာရှင်တွေအဖြစ် သတ်မှတ်ခံရလောက်အောင် ရက်ရက်စက်စက် လက်သံပြောင်ခဲ့ကြတဲ့သူတွေပဲ မဟုတ်လား။မကြာသေးမီကတောင် အီဂျစ်နိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုကို ပြင်းပြင်းထန်ထန် ချေမှူန်းခဲ့တဲ့ ဖြစ်ရပ်ကိုကြည့်ရင် အာဏာရှင်တွေရဲ့ ခြေရာလက်ရာတွေ ကွယ်ပျောက်သွားခြင်း မရှိသေးဘူးဆိုတာကို ပြသနေတာပဲ မဟုတ်လား”

“မှန်ပါတယ်။ ကိုယ်ကျိုးဖက်တဲ့ လူပြိန်းကြိုက် နိုင်ငံရေးသမားတွေ ရှိနေသေးသမျှ အာဏာရှင်စနစ်ဆိုတာ နိဂုံးချုပ်သွားဦးမှာ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်”

“တကယ်တော့ သူငယ်ချင်းရာ ဘယ်နိုင်ငံမှာမဆို တရားမျှတမှုမရှိတဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးစေတဲ့ တန်းတူညီမျှမှုကို လျစ်လျူရှုတဲ့ လူနည်းစုအတွက်သာ ကြည့်တတ်တဲ့ အာဏာရှင်စနစ်မျိုးကို ဘယ်သူကမှ လိုလားမှာမဟုတ်ပါဘူး။ဘာပဲဖြစ်ဖြစ် အာဏာရှင်စနစ် ပြန်လည်ခေါင်းထောင်မလာဖို့အတွက်ဆိုရင် ပြည်သူလူထုရဲ့အားက အဓိကကျတယ်လို့ ဆိုရမှာပါ။ပြည်သူလူထုကသာ အာဏာရှင်စနစ်ကို အရေးနိမ့်စေမယ့် စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နိုင်မယ့် အင်အားစုဖြစ်တယ်ဆိုတာကိုတော့ အခိုင်အမာယုံကြည်မိပါတယ်”

“ဒါပေါ့ သူငယ်ချင်း --- ဂျော့ချ်အော်ဝဲလ်ရဲ့ ၁၉၈၄ ဝတ္ထုထဲကလို လွတ်လွတ်လပ်လပ် တွေးဆဆင်ခြင်နိုင်စွမ်းရှိတဲ့ လူတွေဖြစ်မလာအောင် ထိန်းချုပ်နိုင်ဖို့ တစ်ချိန်လုံးစောင့်ကြည့်ခံနေရတဲ့ စနစ်တစ်ခုအောက်မှာ ဘယ်သူမှ နေချင်ကြမှာမဟုတ်တာတော့ သေချာပါတယ်”

မြင့်နောင်မိုး
အောက်တိုဘာ - ၁၇

( Zawgyi )

“ဒါနဲ႔ သူငယ္ခ်င္း ကမာၻေပၚမွာ အာဏာရွင္စနစ္ လုံးဝအဆုံးသတ္သြားမယ္လို႔ မထင္ဘူးမဟုတ္လား”

စာေပဝါသနာရွင္ႏွင့္ စာေပကိုအ ထူးစိတ္ဝင္စားေသာ ကြၽန္ေတာ္၏ သူငယ္ခ်င္းက အထက္ပါအတိုင္း ေကာက္ကာငင္ကာ ေမးလိုက္ျခင္းျဖစ္သည္။

“ဟုတ္တယ္။ကမာၻေပၚမွာ စစ္ေအးစစ္ပြဲ အဆုံးသတ္မွာေတာ့ ဆိုဗီယက္ျပည္ေထာင္စုႀကီး ၿပိဳကြဲသြားတယ္။အဲ့ဒီတုန္းက စာေရးဆရာ ဖရန္စစ္ဖူကူယားမား က သမိုင္းနိဂုံး အဆုံးသတ္ၿပီလို႔ ေဟာကိန္းထုတ္ခဲ့တယ္။သူဆိုလိုခ်င္တာက ဒီမိုကေရစီရဲ႕ အဓိကၿပိဳင္ဘက္ ကြန္ျမဴနစ္ေတြ အရႈံးနဲ႔ရင္ဆိုင္ခဲ့ရတဲ့အတြက္ သမိုင္းမွာ ဝါဒခ်င္းအားၿပိဳင္မႈ နိဂုံးခ်ဳပ္သြားၿပီလို႔ ဆိုလိုခ်င္ခဲ့ပုံရပါတယ္”

“အခုေတာ့ သူ႔ေဟာကိန္းလြဲေနၿပီဆိုတဲ့ သေဘာေပါ့”

“အင္း ---- ကမာၻေပၚမွာ အာဏာရွင္ေတြဟာ အရင္ကေလာက္ နာလန္မထူႏိုင္ေတာ့ဘူးဆိုေပမဲ့ အာဏာရွင္ေတြနဲ႔ အာဏာကိုဆုပ္ကိုင္ဖို႔ နည္းလမ္းကေတာ့ ေျပာင္းလဲသြားတယ္ ”

“ဘယ္လိုေျပာင္းလဲသြားတာမ်ိဳးလဲ ”

“သူတို႔က ဒီမိုကေရစီနည္းက် ေ႐ြးေကာက္တင္ေျမႇာက္တဲ့နည္းနဲ႔ ေ႐ြးေကာက္ပြဲေတြကေန အာဏာကိုဆုပ္ကိုင္ဖို႔ ႀကိဳးပမ္းအားထုတ္လာခဲ့ၾကတယ္ ”

“ဒီမိုကေရစီနည္းက်ဆိုေပမဲ့ အခ်ိဳ႕ႏိုင္ငံေတြမွာ ေထာက္ခံမဲရရွိဖို႔အတြက္ မသမာတဲ့နည္းေတြကို အသုံးျပဳေနၾကတာပဲ မဟုတ္လား ”

“ေမာင္ရင္ ေျပာခ်င္တာက ဆီးရီးယားတို႔ အီဂ်စ္တို႔ ဗင္နီဇြဲလားတို႔လို ႏိုင္ငံေတြကိုမဟုတ္လား ”

“ဆိုပါေတာ့ ဒါေပမယ့္ မ်က္ေမွာက္ေခတ္ လူထုဟာ ဟိုတုန္းကနဲ႔စာရင္ ႏိုင္ငံေရးမွာ အေတာ္ေလး အပါးဝလာၾကၿပီလို႔ ဆိုရမယ္။အာဏာရွင္ေတြက အာဏာကိုဆုပ္ကိုင္ဖို႔ ႀကိဳးစားၾကေပမဲ့ ျပည္သူလူထုကေတာ့ လြယ္လြယ္နဲ႔ လက္မခံၾကတာကို အခုေခတ္ အာဏာရွင္ႏိုင္ငံေတြမွာ ေတြ႕ျမင္ေနရတာပဲ မဟုတ္လား”

“အင္း --- အဲ့ဒီလိုဆိုရင္လည္း မမွားပါဘူး။အာဏာကို ဆုပ္ကိုင္ထားႏိုင္ေပမယ့္ ႏိုင္ငံရဲ႕စီးပြားေရးက ခြၽတ္ၿခဳံက်ေနမယ္။ႏိုင္ငံေရး၊ လူမႈေရး တည္ၿငိမ္မႈကင္းမဲ့ေနမယ္ဆိုရင္ေတာ့ အဲ့ဒီႏိုင္ငံက အာဏာရွင္အစိုးရအေနနဲ႔ လူထုရဲ႕ စစ္မွန္တဲ့ ေထာက္ခံအားေပးမႈကိုရရွိဖို႔ ခက္ခဲေနဦးမွာ ျဖစ္တယ္”

“ဒါနဲ႔ အာဏာရွင္ေတြနဲ႔ ပတ္သက္လို႔ ေရွ႕ကို ႀကိဳတင္ေဟာကိန္းထုတ္ၿပီး ဝတၳဳေရးသားခဲ့တဲ့ စာေရးဆရာ ေဂ်ာ့ခ်္ေအာ္ဝဲလ္ ကို သိတယ္မဟုတ္လား”

“သိတာေပါ့ သူ႔ရဲ႕ Animal Farm နဲ႔ ၁၉၈၄ ဆိုတဲ့ ကမာၻ႔ဂႏၳဝင္ဝတၳဳေတြဟာ အလြန္ေအာင္ျမင္တဲ့ ဝတၳဳေတြပါပဲ”

“သူက ငါတို႔ ျမန္မာႏိုင္ငံမွာေတာင္ အစိုးရဝန္ထမ္းအျဖစ္ လာေရာက္လုပ္ကိုင္ဖူးေသးတာပဲ မဟုတ္လား”

“ဟုတ္တယ္။ကိုလိုနီေခတ္ ျမန္မာႏိုင္ငံမွာ ရဲအရာရွိအျဖစ္ အမႈထမ္းခဲ့တာေပါ့။ေနာက္ေတာ့ သူ႔ရဲ႕ဇာတိ အဂၤလန္ကို ျပန္သြားၿပီး စာေရးဆရာအျဖစ္ အသက္ေမြးဝမ္းေက်ာင္းျပဳဖို႔ ဆုံးျဖတ္ခဲ့တယ္”

“ေဂ်ာ့ခ်္ေအာ္ဝဲလ္ရဲ႕ ဝတၳဳေတြထဲက Animal Farm ကေတာ့ ဆရာႀကီး သခင္ဘေသာင္းရဲ႕ ေက်းဇူးနဲ႔ ေျခေလးေခ်ာင္းေတာ္လွန္ေရးဆိုၿပီး ဖတ္ရႈခြင့္ရခဲ့တယ္။၁၉၈၄ ကိုေတာ့ မဖတ္ဖူးဘူး။၁၉၈၄ ဝတၳဳအေၾကာင္းသိရင္ နည္းနည္းေျပာျပပါလား”

“၁၉၈၄ က dystopian လို႔ ေခၚတဲ့ ကမာၻႀကီးအတြက္ ထိတ္လန္႔တုန္လႈပ္ဖြယ္ရာအနာဂတ္ အာဏာပိုင္အဖြဲ႕အစည္းႀကီးနဲ႔ ပတ္သက္လို႔ ႀကိဳတင္ေဟာကိန္းထုတ္ထားတဲ့ ဝတၳဳအမ်ိဳးအစားပဲျဖစ္တယ္။ေအာဝဲလ္ က ၁၉၈၄ ကို လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၇၀ ေလာက္က ေရးခဲ့တာျဖစ္တယ္။အဲ့ဒီအခ်ိန္က ကမာၻမွာ အာဏာရွင္အစိုးရအဖြဲ႕ စိုးမိုးအုပ္ခ်ဳပ္ေနတဲ့ အခ်ိန္။
အဲဒီအစိုးရအာဏာပိုင္ေတြက ႏိုင္ငံသားေတြကို Telescreen လို႔ ေခၚတဲ့ ႐ုပ္ျမင္သံၾကားကေန တစ္ခ်ိန္လုံးေစာင့္ၾကည့္ၿပီး ထိန္းခ်ဳပ္ထားတဲ့ အခ်ိန္။အဲဒီႏိုင္ငံမွာ ဥပေဒမရွိဘူး။ရဲတပ္ဖြဲ႕ပဲရွိတယ္။၁၉၈၄ ဝတၳဳထဲက အဓိကဇာတ္ေကာင္ ဝင္စတန္စမစ္ က သာမန္အစိုးရဝန္ထမ္းတစ္ဦး။အိုရွင္းနီးယားလို႔ ေခၚတဲ့ သူတို႔ေနတဲ့ ႏိုင္ငံကို စိုးမိုးအုပ္ခ်ဳပ္ေနတဲ့ ႏိုင္ငံအႀကီးအကဲ Big Brother က ႏိုင္ငံသားေတြရဲ႕ ျပဳမူလႈပ္ရွားမႈ မွန္သမွ်ကို ေစာင့္ၾကည့္ၿပီး ထိန္းခ်ဳပ္မႈျပဳေနတဲ့သူ။အတိုခ်ဳပ္ေျပာရရင္ ဝင္စတန္စမစ္ က အစိုးရရဲ႕ မဟုတ္မမွန္ လုပ္ႀကံဇာတ္လမ္းဆင္ ဝါဒျဖန္႔ေနမႈေတြကို သေဘာမေတြ႕ဘူး။ဒါေၾကာင့္ သူက အစိုးရရဲ႕ လုပ္ေဆာင္မႈေတြကို လွ်ိဳ႕ဝွက္ပုန္ကန္ေနတဲ့သူ။ေနာက္ဆုံးေတာ့ Thought Police လို႔ ေခၚတဲ့ ရဲအဖြဲ႕က စမစ္ ကို ဖမ္းတယ္။အက်ဥ္းခ်တယ္။နည္းမ်ိဳးစုံနဲ႔ ညႇင္းပန္းႏွိပ္စက္တယ္။ဦးေႏွာက္ေဆးေၾကာၿပီး ပညာေပးလိုက္တဲ့အတြက္ စမစ္ ဟာ အစိုးရအလိုက် လူတစ္ေယာက္ ျဖစ္လာခဲ့တယ္”

“ဒါဆိုရင္ ၁၉၈၄ ဟာ ဒီေန႔ေခတ္ကို အေကာင္းဆုံး ႀကိဳတင္ေဟာကိန္းထုတ္ထားတဲ့ ဝတၳဳလို႔ ဆိုရမွာေပါ့”

“ဟုတ္တယ္။၁၉၈၄ ဝတၳဳထဲ အာဏာရွင္အစိုးရက လူေတြကို ႐ုပ္သံဖန္သားျပင္ကေန တစ္ခ်ိန္လုံးေစာင့္ၾကည့္တဲ့ ပုံစံဟာ ဒီေန႔ေခတ္ လုံၿခဳံေရးကင္မရာေတြ ေစာင့္ၾကည့္ေနတဲ့ပုံနဲ႔ ကြက္တိပဲ။ဒါ့အျပင္ သူတို႔အလိုက် ႏိုင္ငံသားေတြျဖစ္ေအာင္ ထိန္းခ်ဳပ္ေနပုံဆိုရင္လည္း ဒီေန႔ေခတ္ အာဏာရွင္ႏိုင္ငံအခ်ိဳ႕မွာ က်င့္သုံးေနတဲ့ ပုံစံနဲ႔ တစ္ဆင္တည္း တစ္ပုံစံတည္းလို႔ ဆိုရေလာက္တယ္”

“အာဏာရွင္ေတြရဲ႕ စ႐ိုက္ေၾကာင့္ လူသားတန္ဖိုးဆိုတာ ယုတ္ေလ်ာ့လာတာ၊ မမွ်တမႈေတြနဲ႔အတူ လူသားတို႔ရဲ႕ ရပိုင္ခြင့္ေတြ ဆုံးရႈံးေနရတာေတြဟာ အာဏာရွင္စနစ္နဲ႔ ပတ္သက္လို႔ ထိတ္လန္႔တုန္လႈပ္စရာ၊ ခါးသီးနားၾကည္းစရာ၊ ခံျပင္းစရာ၊ စိတ္ပ်က္စရာေတြအျဖစ္ အာဏာရွင္စနစ္ကို နဖူးေတြ႕ဒူးေတြ႕ ႀကဳံခဲ့ရသူေတြအတြက္ေတာ့ ရင္ထဲမွာ သံမႈိႏွက္ထားသလို စြဲထင္ေနမွာအမွန္ပဲ။ဘာပဲျဖစ္ျဖစ္ ကမာၻေပၚမွာ အာဏာရွင္စနစ္က လြယ္လြယ္နဲ႔ ကြယ္ေပ်ာက္သြားမွာ မဟုတ္ဘူးဆိုတာကိုေတာ့ လက္ခံတယ္ မဟုတ္လား”

“အႂကြင္းမဲ့ အာဏာရွင္စနစ္ က်င့္သုံးတဲ့ အစိုးရကို ေထာက္ခံအားေပးေနတဲ့သူေတြ ရွိေနသမွ် အာဏာရွင္စနစ္ဆိုတာ ရွိေနဦးမွာပါ။ေနာက္ၿပီး အာဏာရွင္စနစ္နဲ႔ ပတ္သက္လို႔ အနက္အဓိပၸာယ္ဖြင့္ဆိုမႈတစ္ခုက ဒီလိုဆိုတယ္။အာဏာကို လက္ဝါးႀကီးအုပ္ဖို႔ ႀကိဳးပမ္းေနတဲ့ လူတစ္စုလက္ထဲကို အႂကြင္းမဲ့အာဏာ လုံးလုံးလ်ားလ်ား ေရာက္ရွိသြားတဲ့ အခ်ိန္က်ရင္ အဲ့ဒီအႂကြင္းမဲ့အာဏာနဲ႔အတူ သူတို႔ရဲ႕လမ္းမွာ ဆူးေျငာင့္ခလုတ္လို ျဖစ္ေနတဲ့သူေတြ၊ သူတို႔ကို အာခံေနတဲ့သူေတြ၊ သူတို႔ကို မုန္းတီးေနတဲ့သူေတြလို ၿပိဳင္ဘက္ ရန္သူမွန္သမွ်ကို သုတ္သင္သတ္ျဖတ္ ဖယ္ရွားရွင္းလင္းလာတဲ့အထိ သက္ေရာက္မႈ ႀကီးမားႏိုင္တယ္လို႔ ဆိုတယ္”

“ေအးဟုတ္တယ္။ဒုတိယကမာၻစစ္အတြင္းက အာဏာရွင္ ဟစ္တလာ နဲ႔ ဆိုဗီယက္ျပည္ေထာင္စုေခတ္ အာဏာရွင္ စတာလင္ လက္ထက္မွာ ေမာင္ရင္ေျပာတဲ့ သက္ေရာက္မႈမ်ိဳးေတြ ဆိုးဆိုး႐ြား႐ြား ျဖစ္ေပၚခဲ့တယ္ မဟုတ္လား”

“ဒါတင္ဘယ္ကမလဲ။ဒီေန႔ေခတ္မွာေတာင္ ကဒါဖီ၊ ဆက္ဒမ္ဟူစိန္၊ မူဂါဘီ နဲ႔ အာဆတ္ တို႔လို အာဏာရွင္ေတြဆိုရင္ ကမာၻ႔အဆိုး႐ြားဆုံး အာဏာရွင္ေတြအျဖစ္ သတ္မွတ္ခံရေလာက္ေအာင္ ရက္ရက္စက္စက္ လက္သံေျပာင္ခဲ့ၾကတဲ့သူေတြပဲ မဟုတ္လား။မၾကာေသးမီကေတာင္ အီဂ်စ္ႏိုင္ငံမွာ ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖာ္မႈကို ျပင္းျပင္းထန္ထန္ ေခ်မႉန္းခဲ့တဲ့ ျဖစ္ရပ္ကိုၾကည့္ရင္ အာဏာရွင္ေတြရဲ႕ ေျခရာလက္ရာေတြ ကြယ္ေပ်ာက္သြားျခင္း မရွိေသးဘူးဆိုတာကို ျပသေနတာပဲ မဟုတ္လား”

“မွန္ပါတယ္။ ကိုယ္က်ိဳးဖက္တဲ့ လူၿပိန္းႀကိဳက္ ႏိုင္ငံေရးသမားေတြ ရွိေနေသးသမွ် အာဏာရွင္စနစ္ဆိုတာ နိဂုံးခ်ဳပ္သြားဦးမွာ မဟုတ္ဘူးဆိုတာ ထင္ရွားပါတယ္”

“တကယ္ေတာ့ သူငယ္ခ်င္းရာ ဘယ္ႏိုင္ငံမွာမဆို တရားမွ်တမႈမရွိတဲ့ လူ႔အခြင့္အေရးေတြ ဆုံးရႈံးေစတဲ့ တန္းတူညီမွ်မႈကို လ်စ္လ်ဴရႈတဲ့ လူနည္းစုအတြက္သာ ၾကည့္တတ္တဲ့ အာဏာရွင္စနစ္မ်ိဳးကို ဘယ္သူကမွ လိုလားမွာမဟုတ္ပါဘူး။ဘာပဲျဖစ္ျဖစ္ အာဏာရွင္စနစ္ ျပန္လည္ေခါင္းေထာင္မလာဖို႔အတြက္ဆိုရင္ ျပည္သူလူထုရဲ႕အားက အဓိကက်တယ္လို႔ ဆိုရမွာပါ။ျပည္သူလူထုကသာ အာဏာရွင္စနစ္ကို အေရးနိမ့္ေစမယ့္ စစ္မွန္တဲ့ ဒီမိုကေရစီ စနစ္ကို ေဖာ္ေဆာင္ႏိုင္မယ့္ အင္အားစုျဖစ္တယ္ဆိုတာကိုေတာ့ အခိုင္အမာယုံၾကည္မိပါတယ္”

“ဒါေပါ့ သူငယ္ခ်င္း --- ေဂ်ာ့ခ်္ေအာ္ဝဲလ္ရဲ႕ ၁၉၈၄ ဝတၳဳထဲကလို လြတ္လြတ္လပ္လပ္ ေတြးဆဆင္ျခင္ႏိုင္စြမ္းရွိတဲ့ လူေတြျဖစ္မလာေအာင္ ထိန္းခ်ဳပ္ႏိုင္ဖို႔ တစ္ခ်ိန္လုံးေစာင့္ၾကည့္ခံေနရတဲ့ စနစ္တစ္ခုေအာက္မွာ ဘယ္သူမွ ေနခ်င္ၾကမွာမဟုတ္တာေတာ့ ေသခ်ာပါတယ္”

ျမင့္ေနာင္မိုး
ေအာက္တိုဘာ - ၁၇