【 ဆောင်းပါး 】 ၂၀၂၀ နှင့် မြန်မာ့နိုင်ငံရေးမျှော်လင့်ချက်

【 ဆောင်းပါး 】 ၂၀၂၀ နှင့် မြန်မာ့နိုင်ငံရေးမျှော်လင့်ချက်

လွန်ခဲ့သောနှစ်ကာလများအတွင်းက ကျွန်တော်တို့နိုင်ငံသည် မရေရာမသေချာခြင်းမရှိသော နိုင်ငံရေးခရီးရှည်တစ်ခုကို လျှောက်လှမ်းလာခဲ့ကြသည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်သည်။အဆိုပါနိုင်ငံရေးခရီးရှည်က မည်သည့်နေရာတွင် အဆုံးသတ်နိုင်မည်ကို မှန်းဆနိုင်ခြင်းမရှိသော ခရီးရှည်မျိုးလည်းဖြစ်သည်။မှုန်ဝါးဝါးနိုင်လှသော ကျွန်တော်တို့နိုင်ငံ၏ နိုင်ငံရေးခရီးရှည်မှာ တဖြောင့်တန်းတန်းရှိသည်ထက် အချိုးအကွေ့ အလှည့်အပတ်များ ထူပြောလှသော ခရီးရှည်လည်းဖြစ်သည်။

မည်သို့ဆိုစေ သေချာရေရာခြင်းမရှိသောလမ်းပေါ်တွင် လျှောက်လှမ်းနေရလင့်ကစား ကျွန်တော်တို့အားလုံးတွင် မျှော်လင့်ချက်ကိုယ်စီရှိနေကြသည်ကတော့ အမှန်ပင်ဖြစ်သည်။နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကို ကျွန်တော်တို့အားလုံး တန်းတူညီမျှခံစားနိုင်ခွင့်ရရှိရေးတို့မှာ ကျွန်တော်တို့အားလုံး၏ မျှော်လင့်ချက်လည်းဖြစ်သည်။များမကြာမီကာလအတွင်း ကျွန်တော်တို့အားလုံး၏ မျှော်လင့်ချက်ခရီးရှည်ကို အဆုံးသတ်ပေးနိုင်ဖွယ်ရှိသည့် အခွင့်အလမ်းတစ်ခုကို ရရှိတော့မည်ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲသည် ကျွန်တော်တို့နိုင်ငံ၏ နိုင်ငံရေးခရီးရှည်ကို လှပစွာအဆုံးသတ်ရန် အထောက်အကူပြုနိုင်မည်ဟုလည်း မျှော်လင့်မိသည်။  

လက်ရှိအချိန်ထိတော့ ကျွန်တော်တို့က ရည်မှန်းချက်တစ်ခုဖြင့် မဆုံးနိုင်သောခရီးရှည်တစ်ခုကို လျှောက်လှမ်းနေရဆဲရှိနေပါသေးသည်။ခရီးရှည်တစ်ခု၏ အကောင်းဆုံးအဆုံးသတ်မျှော်လင့်ချက်နှင့် ပတ်သက်လျှင်မူ တရုတ်နိုင်ငံခေါင်းဆောင်ကြီး မော်စီတုန်း ဦးဆောင်သည့် မဟာခရီးရှည်ချီတက်မှုကမူ အားကျအတုယူစရာဖြစ်ရပါသည်။စင်စစ် မော်စီတုန်း၏ မဟာခရီးရှည်ချီတက်မှုက တရုတ်ကွန်မြူနစ်ပါတီ ရှင်သန်ရပ်တည်ရေး ခရီးရှည်လည်းဖြစ်သည်။ခရီးရှည်တစ်လျှောက် အာဏာရှင် ချန်ကေရှိတ်၏ ကူမင်တန်တပ်များက လိုက်လံတိုက်ခိုက်မှု၊ တောင် ၁၈ လုံး မြစ် ၂၄ စင်းနှင့် ခရိုင်ပေါင်း ၁၁ ခရိုင်ကို ကျော်ဖြတ်၍ ခက်ခဲပင်ပန်းကြီးစွာ ချီတက်ခဲ့ရသော ခရီးရှည်လည်းဖြစ်သည်။စင်စစ် မော်စီတုန်း၏ မဟာခရီးရှည်က သူ၏နိုင်ငံကို အာဏာရှင်လက်အောက်မှ လွတ်မြောက်အောင် ဆောင်ကြဉ်းပေးနိုင်ခဲ့သည့် အဓိပ္ပာယ်ရှိသော ခရီးရှည်လည်းဖြစ်သည်။

၂၀၁၄ ခုနှစ်က တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသားတစ်ဦးက မော်စီတုန်း၏ မဟာခရီးရှည်ချီတက်မှု လမ်းကြောင်းတစ်လျှောက် ဆိုင်ကယ်တစ်စီးဖြင့် လိုက်လံခြေရာကောက်ခဲ့သည်။ထိုသို့လိုက်လံခြေရာကောက်ရင်း မော်တော်ဆိုင်ကယ်စီး ခရီးသည်၏အတွေးထဲတွင် မဟာခရီးရှည်တစ်လျှောက် လိုက်ပါခဲ့ကြသူတို့၏ ပင်ပန်းဆင်းရဲမှု၊ အသက်ရှုရပ်လောက်အောင် လောကငရဲတမျှခံစားခဲ့ကြရသည့် ဒုက္ခဝေဒနာများ၊ ဗုံသံအမြှောက်သံ သေနတ်သံများ၊ မွှန်ထူနေသော ယမ်းငွေ့တလူလူ၊ ဆာလောင်ငတ်မွတ်မှုဝေဒနာ စသည်ဖြင့် စစ်၏အနိဌာရုံ အငွေ့အသက်များကို ပြန်လည်တွေးဆစာနာမိရင်း မောနေမိသည်။မည်သို့ဆိုစေ မော်စီတုန်းနှင့် သူ့လူများကတော့ တွေ့ကြုံရင်ဆိုင်ခဲ့ရသည့် ဒုက္ခအလုံးစုံကို သည်းခံနိုင်ခဲ့ကြသည်။ကြံ့ကြံ့ခံနိုင်ခဲ့ကြသည်။အာဏာရှင်၏ ဖိနှိပ်မှုအောက်မှလွတ်မြောက်ရေး၊ နိုင်ငံလွတ်လပ်ရေးတည်းဟူသော မျှော်လင့်ချက်ဖြင့် ဆင်းရဲဒုက္ခအပေါင်းကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကြသည်။

လူဆိုသည်က မျှော်လင့်ချက်ဖြင့် အသက်ရှင်ကြသည်။မျှော်လင့်ချက်သာမရှိလျှင် ဇွဲဆိုတာမရှိ၊ ခံနိုင်ရည်ဆိုတာမရှိ၊ အားမာန်ဆိုတာမရှိ၊ တက်ကြွထက်သန်မှုဆိုတာ ရှိနိုင်တော့မည်မဟုတ်။မျှော်လင့်ချက်သာမရှိလျှင် အရုပ်ကြိုးပြတ်ဖြစ်မည်။အရာအားလုံးပြီးဆုံးသွားနိုင်သည်။ဤမျှအထိ ရှည်လျားထွေပြားသော လူ့ဘဝခရီးလမ်းတွင် မျှော်လင့်ချက်တိုသည်ကလည်း အမျိုးမျိုးအသွယ်သွယ်။ဝမ်းစာရေးမျှော်လင့်ချက်၊ ချမ်းသာရေးမျှော်လင့်ချက်၊ အောင်မြင်ရေးမျှော်လင့်ချက်၊ အာဏာရရှိရေးမျှော်လင့်ချက်။ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းရေးမျှော်လင့်ချက် စသည်ဖြင့်။မျှော်လင့်ချက်ရှိလျှင် အားတင်းထားနိုင်ပြီ။မည်မျှအထိ ခရီးရှည်ရှည်မျှော်လင့်ချက်က ရှေ့ခရီးကိုဆက်ရန် တွန်းအားဖြစ်သည်။မျှော်လင့်ချက်ရှင်သန်ရေးအတွက် ရည်မှန်းချက်ကို အရင်းတည်ရမည်။လုံ့လဝီရိယကို စိုက်ထုတ်ရမည်။ဇွဲသန်သန်ဖြင့် ကြိုးပမ်းအားထုတ်ရမည့် မော်စီတုန်း၏ မဟာခရီးရှည်ချီတက်မှု လမ်းကြောင်းတစ်လျှောက် ခြေရာကောက်ခဲ့သည့် မော်တော်ဆိုင်ကယ်သမားကတော့ ဤသို့ပင်တွေးနေမည်ဟုထင်သည်။

ကျွန်တော်တို့နိုင်ငံ ချီတက်နေသည့် နိုင်ငံရေးခရီးရှည်ကကော မည်သို့ပါနည်း။စင်စစ် ကျွန်တော်တို့နိုင်ငံ၏ ခရီးရှည်က အချိန်ကာလနှင့်ယှဉ်သော ခရီးကြမ်းတစ်ခုကို အသောနှင်နေကြခြင်းဖြစ်သည်။ကျွန်တော်တို့က နှစ်ပေါင်း ၅၀ ကျော်ကြာ ခေတ်စနစ်အပြောင်းအလဲဖြစ်ပေါ်လာရေး ခရီးရှည်ကို ချီတက်နေကြခြင်းဖြစ်သည်။

မော်စီတုန်းနှင့် သူ့လူများက မဟာခရီးရှည်ကို ချီတက်ခဲ့အပြီး နောက်ထပ်နှစ်ပေါင်း ၈၀ လောက်တွင် သူတို့၏နိုင်ငံကို ခုန်ပျံကျော်လွှားကာ တိုးတက်မှုအထွတ်အထိပ်ဆီ တက်လှမ်းနိုင်ခဲ့ကြသည်။ဆိုရှယ်လစ် တရုတ်နိုင်ငံတွင်  ဈေးကွက်စီးပွားရေးနှင့် တံခါးဖွင့်ဝါဒဆောင်ရွက်ခဲ့သော အကျိုးတရားက နိုင်ငံကို ဖြစ်ထွန်းတိုးတက်စေခဲ့သည်။ချမ်းသာကြွယ်ဝလာစေခဲ့သည်။တစ်ချိန်က တရုတ်နိုင်ငံ၏ နုံချာချာမြို့ရွာကလေးနေရာတွင် အထပ်မြင့်အဆောက်အအုံကြီးများ ဟီးထလာခဲ့သည်။စက်ရုံ အလုပ်ရုံတွေက အပြိုင်အရိုင်းနှင့် ကုန်ထုတ်လုပ်ငန်းက ကမ္ဘာအနှံ့ ခြေဆန့်လျက်ရှိနေပြီဖြစ်သည်။

ကျွန်တော်တို့နိုင်ငံ၏ နိုင်ငံရေးခရီးရှည်ကတော့ အပြောင်းအလဲများဖြင့် အမြင်ကျဉ်းမြောင်းမှုကို လှစ်ဟပေးမည့် တံခါးများကိုဖွင့်ခဲ့သည်။စီးပွားရေးလမ်းစများကို ဖော်ဆောင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ဒီမိုကရေစီခရီးလမ်းဖြောင့်ဖြူးရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးပမ်းခဲ့သည်။ငြိမ်းချမ်းရေးလှေကားထစ်များကိုဆင့်ကာ သဘောကွဲလွဲမှုများ ပြန်လည်သင့်မြတ်လာစေရေးကို ဦးစားပေးခဲ့သည်။သို့တစေ အကောင်းဘက်ဆီ ဦးတည်စေနိုင်မည့် ပြုပြင်ပြောင်းလဲမှုများဖြင့် နိဒါန်းပျိုးခဲ့လင့်ကစား မျှော်လင့်ချက်များကိုပျက်သုဉ်းစေမည့် အနှောင့်အယှက်အဟန့်အတားများက နိုင်ငံ၏ ဒီမိုကရေစီခရီးကြမ်းတွင် ဆူးခွက်ချိုင့်ဝှမ်းများ ပိုမိုထူပြောလာမှုကိုသာ အဖတ်တင်စေခဲ့သည်။

သဘောကွဲလွဲမှုများကို ဆွေးနွေးပွဲစားပွဲဝိုင်းတွင် ညှိနှိုင်းအဖြေရှာခြင်းထက် လက်နက်ကိုင်နည်းလမ်းကို ရွေးချယ်ခြင်းသည် နိုင်ငံအတွက် အကောင်းဘက်ဆီဦးတည်စေမည်မဟုတ်သော ရွေးချယ်မှုဖြစ်သည်။လက်နက်ကိုင် အကြမ်းဖက်နည်းလမ်းပေါင်းစုံကို အသုံးပြုသည့်နည်းလမ်းသည် မိမိတို့နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ပျက်စီးရာပျက်စီးကြောင်းမှလွဲ၍ အခြားမရှိနိုင်။နိုင်ငံ၏ နိုင်ငံရေးခရီးရှည်တစ်လျှောက် သဘောထားအမြင်ကျဉ်းမြောင်းမှုများ၊ တစ်ဖက်စွန်းရောက်အပြုအမူများ၊ ကန့်လန့်တိုက်မှုများက နိုင်ငံ၏ရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီခရီးပန်းတိုင်ရောက်ရှိရေးကို နှောင့်နှေးကြန့်ကြစေရုံမှလွဲ၍ အခြားမရှိနိုင်ဟုထင်သည်။

မြင့်နောင်မိုး
ဇူလိုင် - ၁၁
( Zawgyi )
လြန္ခဲ့ေသာႏွစ္ကာလမ်ားအတြင္းက ကြၽန္ေတာ္တို႔ႏိုင္ငံသည္ မေရရာမေသခ်ာျခင္းမရွိေသာ ႏိုင္ငံေရးခရီးရွည္တစ္ခုကို ေလွ်ာက္လွမ္းလာခဲ့ၾကသည္မွာ ယေန႔တိုင္ေအာင္ပင္ျဖစ္သည္။အဆိုပါႏိုင္ငံေရးခရီးရွည္က မည္သည့္ေနရာတြင္ အဆုံးသတ္ႏိုင္မည္ကို မွန္းဆႏိုင္ျခင္းမရွိေသာ ခရီးရွည္မ်ိဳးလည္းျဖစ္သည္။မႈန္ဝါးဝါးႏိုင္လွေသာ ကြၽန္ေတာ္တို႔ႏိုင္ငံ၏ ႏိုင္ငံေရးခရီးရွည္မွာ တေျဖာင့္တန္းတန္းရွိသည္ထက္ အခ်ိဳးအေကြ႕ အလွည့္အပတ္မ်ား ထူေျပာလွေသာ ခရီးရွည္လည္းျဖစ္သည္။

မည္သို႔ဆိုေစ ေသခ်ာေရရာျခင္းမရွိေသာလမ္းေပၚတြင္ ေလွ်ာက္လွမ္းေနရလင့္ကစား ကြၽန္ေတာ္တို႔အားလုံးတြင္ ေမွ်ာ္လင့္ခ်က္ကိုယ္စီရွိေနၾကသည္ကေတာ့ အမွန္ပင္ျဖစ္သည္။ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈ အသီးအပြင့္မ်ားကို ကြၽန္ေတာ္တို႔အားလုံး တန္းတူညီမွ်ခံစားႏိုင္ခြင့္ရရွိေရးတို႔မွာ ကြၽန္ေတာ္တို႔အားလုံး၏ ေမွ်ာ္လင့္ခ်က္လည္းျဖစ္သည္။မ်ားမၾကာမီကာလအတြင္း ကြၽန္ေတာ္တို႔အားလုံး၏ ေမွ်ာ္လင့္ခ်က္ခရီးရွည္ကို အဆုံးသတ္ေပးႏိုင္ဖြယ္ရွိသည့္ အခြင့္အလမ္းတစ္ခုကို ရရွိေတာ့မည္ျဖစ္သည္။ ၂၀၂၀ ေ႐ြးေကာက္ပြဲသည္ ကြၽန္ေတာ္တို႔ႏိုင္ငံ၏ ႏိုင္ငံေရးခရီးရွည္ကို လွပစြာအဆုံးသတ္ရန္ အေထာက္အကူျပဳႏိုင္မည္ဟုလည္း ေမွ်ာ္လင့္မိသည္။  

လက္ရွိအခ်ိန္ထိေတာ့ ကြၽန္ေတာ္တို႔က ရည္မွန္းခ်က္တစ္ခုျဖင့္ မဆုံးႏိုင္ေသာခရီးရွည္တစ္ခုကို ေလွ်ာက္လွမ္းေနရဆဲရွိေနပါေသးသည္။ခရီးရွည္တစ္ခု၏ အေကာင္းဆုံးအဆုံးသတ္ေမွ်ာ္လင့္ခ်က္ႏွင့္ ပတ္သက္လွ်င္မူ တ႐ုတ္ႏိုင္ငံေခါင္းေဆာင္ႀကီး ေမာ္စီတုန္း ဦးေဆာင္သည့္ မဟာခရီးရွည္ခ်ီတက္မႈကမူ အားက်အတုယူစရာျဖစ္ရပါသည္။စင္စစ္ ေမာ္စီတုန္း၏ မဟာခရီးရွည္ခ်ီတက္မႈက တ႐ုတ္ကြန္ျမဴနစ္ပါတီ ရွင္သန္ရပ္တည္ေရး ခရီးရွည္လည္းျဖစ္သည္။ခရီးရွည္တစ္ေလွ်ာက္ အာဏာရွင္ ခ်န္ေကရွိတ္၏ ကူမင္တန္တပ္မ်ားက လိုက္လံတိုက္ခိုက္မႈ၊ ေတာင္ ၁၈ လုံး ျမစ္ ၂၄ စင္းႏွင့္ ခ႐ိုင္ေပါင္း ၁၁ ခ႐ိုင္ကို ေက်ာ္ျဖတ္၍ ခက္ခဲပင္ပန္းႀကီးစြာ ခ်ီတက္ခဲ့ရေသာ ခရီးရွည္လည္းျဖစ္သည္။စင္စစ္ ေမာ္စီတုန္း၏ မဟာခရီးရွည္က သူ၏ႏိုင္ငံကို အာဏာရွင္လက္ေအာက္မွ လြတ္ေျမာက္ေအာင္ ေဆာင္ၾကဥ္းေပးႏိုင္ခဲ့သည့္ အဓိပၸာယ္ရွိေသာ ခရီးရွည္လည္းျဖစ္သည္။

၂၀၁၄ ခုႏွစ္က တ႐ုတ္ႏြယ္ဖြား အေမရိကန္ႏိုင္ငံသားတစ္ဦးက ေမာ္စီတုန္း၏ မဟာခရီးရွည္ခ်ီတက္မႈ လမ္းေၾကာင္းတစ္ေလွ်ာက္ ဆိုင္ကယ္တစ္စီးျဖင့္ လိုက္လံေျခရာေကာက္ခဲ့သည္။ထိုသို႔လိုက္လံေျခရာေကာက္ရင္း ေမာ္ေတာ္ဆိုင္ကယ္စီး ခရီးသည္၏အေတြးထဲတြင္ မဟာခရီးရွည္တစ္ေလွ်ာက္ လိုက္ပါခဲ့ၾကသူတို႔၏ ပင္ပန္းဆင္းရဲမႈ၊ အသက္ရႈရပ္ေလာက္ေအာင္ ေလာကငရဲတမွ်ခံစားခဲ့ၾကရသည့္ ဒုကၡေဝဒနာမ်ား၊ ဗုံသံအေျမႇာက္သံ ေသနတ္သံမ်ား၊ မႊန္ထူေနေသာ ယမ္းေငြ႕တလူလူ၊ ဆာေလာင္ငတ္မြတ္မႈေဝဒနာ စသည္ျဖင့္ စစ္၏အနိဌာ႐ုံ အေငြ႕အသက္မ်ားကို ျပန္လည္ေတြးဆစာနာမိရင္း ေမာေနမိသည္။မည္သို႔ဆိုေစ ေမာ္စီတုန္းႏွင့္ သူ႔လူမ်ားကေတာ့ ေတြ႕ႀကဳံရင္ဆိုင္ခဲ့ရသည့္ ဒုကၡအလုံးစုံကို သည္းခံႏိုင္ခဲ့ၾကသည္။ႀကံ့ႀကံ့ခံႏိုင္ခဲ့ၾကသည္။အာဏာရွင္၏ ဖိႏွိပ္မႈေအာက္မွလြတ္ေျမာက္ေရး၊ ႏိုင္ငံလြတ္လပ္ေရးတည္းဟူေသာ ေမွ်ာ္လင့္ခ်က္ျဖင့္ ဆင္းရဲဒုကၡအေပါင္းကို ေအာင္ျမင္စြာေက်ာ္ျဖတ္ႏိုင္ခဲ့ၾကသည္။

လူဆိုသည္က ေမွ်ာ္လင့္ခ်က္ျဖင့္ အသက္ရွင္ၾကသည္။ေမွ်ာ္လင့္ခ်က္သာမရွိလွ်င္ ဇြဲဆိုတာမရွိ၊ ခံႏိုင္ရည္ဆိုတာမရွိ၊ အားမာန္ဆိုတာမရွိ၊ တက္ႂကြထက္သန္မႈဆိုတာ ရွိႏိုင္ေတာ့မည္မဟုတ္။ေမွ်ာ္လင့္ခ်က္သာမရွိလွ်င္ အ႐ုပ္ႀကိဳးျပတ္ျဖစ္မည္။အရာအားလုံးၿပီးဆုံးသြားႏိုင္သည္။ဤမွ်အထိ ရွည္လ်ားေထြျပားေသာ လူ႔ဘဝခရီးလမ္းတြင္ ေမွ်ာ္လင့္ခ်က္တိုသည္ကလည္း အမ်ိဳးမ်ိဳးအသြယ္သြယ္။ဝမ္းစာေရးေမွ်ာ္လင့္ခ်က္၊ ခ်မ္းသာေရးေမွ်ာ္လင့္ခ်က္၊ ေအာင္ျမင္ေရးေမွ်ာ္လင့္ခ်က္၊ အာဏာရရွိေရးေမွ်ာ္လင့္ခ်က္။ဒီမိုကေရစီ တိုးတက္ျဖစ္ထြန္းေရးေမွ်ာ္လင့္ခ်က္ စသည္ျဖင့္။ေမွ်ာ္လင့္ခ်က္ရွိလွ်င္ အားတင္းထားႏိုင္ၿပီ။မည္မွ်အထိ ခရီးရွည္ရွည္ေမွ်ာ္လင့္ခ်က္က ေရွ႕ခရီးကိုဆက္ရန္ တြန္းအားျဖစ္သည္။ေမွ်ာ္လင့္ခ်က္ရွင္သန္ေရးအတြက္ ရည္မွန္းခ်က္ကို အရင္းတည္ရမည္။လုံ႔လဝီရိယကို စိုက္ထုတ္ရမည္။ဇြဲသန္သန္ျဖင့္ ႀကိဳးပမ္းအားထုတ္ရမည့္ ေမာ္စီတုန္း၏ မဟာခရီးရွည္ခ်ီတက္မႈ လမ္းေၾကာင္းတစ္ေလွ်ာက္ ေျခရာေကာက္ခဲ့သည့္ ေမာ္ေတာ္ဆိုင္ကယ္သမားကေတာ့ ဤသို႔ပင္ေတြးေနမည္ဟုထင္သည္။

ကြၽန္ေတာ္တို႔ႏိုင္ငံ ခ်ီတက္ေနသည့္ ႏိုင္ငံေရးခရီးရွည္ကေကာ မည္သို႔ပါနည္း။စင္စစ္ ကြၽန္ေတာ္တို႔ႏိုင္ငံ၏ ခရီးရွည္က အခ်ိန္ကာလႏွင့္ယွဥ္ေသာ ခရီးၾကမ္းတစ္ခုကို အေသာႏွင္ေနၾကျခင္းျဖစ္သည္။ကြၽန္ေတာ္တို႔က ႏွစ္ေပါင္း ၅၀ ေက်ာ္ၾကာ ေခတ္စနစ္အေျပာင္းအလဲျဖစ္ေပၚလာေရး ခရီးရွည္ကို ခ်ီတက္ေနၾကျခင္းျဖစ္သည္။

ေမာ္စီတုန္းႏွင့္ သူ႔လူမ်ားက မဟာခရီးရွည္ကို ခ်ီတက္ခဲ့အၿပီး ေနာက္ထပ္ႏွစ္ေပါင္း ၈၀ ေလာက္တြင္ သူတို႔၏ႏိုင္ငံကို ခုန္ပ်ံေက်ာ္လႊားကာ တိုးတက္မႈအထြတ္အထိပ္ဆီ တက္လွမ္းႏိုင္ခဲ့ၾကသည္။ဆိုရွယ္လစ္ တ႐ုတ္ႏိုင္ငံတြင္  ေဈးကြက္စီးပြားေရးႏွင့္ တံခါးဖြင့္ဝါဒေဆာင္႐ြက္ခဲ့ေသာ အက်ိဳးတရားက ႏိုင္ငံကို ျဖစ္ထြန္းတိုးတက္ေစခဲ့သည္။ခ်မ္းသာႂကြယ္ဝလာေစခဲ့သည္။တစ္ခ်ိန္က တ႐ုတ္ႏိုင္ငံ၏ ႏုံခ်ာခ်ာၿမိဳ႕႐ြာကေလးေနရာတြင္ အထပ္ျမင့္အေဆာက္အအုံႀကီးမ်ား ဟီးထလာခဲ့သည္။စက္႐ုံ အလုပ္႐ုံေတြက အၿပိဳင္အ႐ိုင္းႏွင့္ ကုန္ထုတ္လုပ္ငန္းက ကမာၻအႏွံ႔ ေျခဆန႔္လ်က္ရွိေနၿပီျဖစ္သည္။

ကြၽန္ေတာ္တို႔ႏိုင္ငံ၏ ႏိုင္ငံေရးခရီးရွည္ကေတာ့ အေျပာင္းအလဲမ်ားျဖင့္ အျမင္က်ဥ္းေျမာင္းမႈကို လွစ္ဟေပးမည့္ တံခါးမ်ားကိုဖြင့္ခဲ့သည္။စီးပြားေရးလမ္းစမ်ားကို ေဖာ္ေဆာင္ႏိုင္ရန္ ႀကိဳးပမ္းခဲ့သည္။ဒီမိုကေရစီခရီးလမ္းေျဖာင့္ျဖဴးေရးအတြက္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို ႀကိဳးပမ္းခဲ့သည္။ၿငိမ္းခ်မ္းေရးေလွကားထစ္မ်ားကိုဆင့္ကာ သေဘာကြဲလြဲမႈမ်ား ျပန္လည္သင့္ျမတ္လာေစေရးကို ဦးစားေပးခဲ့သည္။သို႔တေစ အေကာင္းဘက္ဆီ ဦးတည္ေစႏိုင္မည့္ ျပဳျပင္ေျပာင္းလဲမႈမ်ားျဖင့္ နိဒါန္းပ်ိဳးခဲ့လင့္ကစား ေမွ်ာ္လင့္ခ်က္မ်ားကိုပ်က္သုဥ္းေစမည့္ အေႏွာင့္အယွက္အဟန႔္အတားမ်ားက ႏိုင္ငံ၏ ဒီမိုကေရစီခရီးၾကမ္းတြင္ ဆူးခြက္ခ်ိဳင့္ဝွမ္းမ်ား ပိုမိုထူေျပာလာမႈကိုသာ အဖတ္တင္ေစခဲ့သည္။

သေဘာကြဲလြဲမႈမ်ားကို ေဆြးေႏြးပြဲစားပြဲဝိုင္းတြင္ ညႇိႏႈိင္းအေျဖရွာျခင္းထက္ လက္နက္ကိုင္နည္းလမ္းကို ေ႐ြးခ်ယ္ျခင္းသည္ ႏိုင္ငံအတြက္ အေကာင္းဘက္ဆီဦးတည္ေစမည္မဟုတ္ေသာ ေ႐ြးခ်ယ္မႈျဖစ္သည္။လက္နက္ကိုင္ အၾကမ္းဖက္နည္းလမ္းေပါင္းစုံကို အသုံးျပဳသည့္နည္းလမ္းသည္ မိမိတို႔ႏိုင္ငံႏွင့္ ျပည္သူတို႔၏ အက်ိဳးစီးပြားကို ပ်က္စီးရာပ်က္စီးေၾကာင္းမွလြဲ၍ အျခားမရွိႏိုင္။ႏိုင္ငံ၏ ႏိုင္ငံေရးခရီးရွည္တစ္ေလွ်ာက္ သေဘာထားအျမင္က်ဥ္းေျမာင္းမႈမ်ား၊ တစ္ဖက္စြန္းေရာက္အျပဳအမူမ်ား၊ ကန႔္လန႔္တိုက္မႈမ်ားက ႏိုင္ငံ၏ရည္မွန္းခ်က္ျဖစ္သည့္ ဒီမိုကေရစီခရီးပန္းတိုင္ေရာက္ရွိေရးကို ေႏွာင့္ေႏွးၾကန႔္ၾကေစ႐ုံမွလြဲ၍ အျခားမရွိႏိုင္ဟုထင္သည္။

ျမင့္ေနာင္မိုး
ဇူလိုင္ - ၁၁