【 ဆောင်းပါး 】 ၂၀၁၅ နှင့် ၂၀၂၀ ဘာတွေကွဲပြားသွားမလဲ

【 ဆောင်းပါး 】 ၂၀၁၅ နှင့် ၂၀၂၀ ဘာတွေကွဲပြားသွားမလဲ

၂၀၁၅ ခုနှစ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနီနှင့်အစိမ်းတို့က ကြီးမားသောပြိုင်ဆိုင်မှုအသွင်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။ရွေးကောက်ပွဲကို ဘောလုံးပွဲတစ်ပွဲနှင့် နှိုင်းယှဉ်မှုပြုခဲ့သည်ရှိသော် ထိုစဉ်က အနီနှင့်အစိမ်း အသင်းတို့၏အားပြိုင်မှုသည် ကြီးမားပြင်းထန်မည်ဟု ယူဆခဲ့ကြသည်။ထိုသို့ဆိုရလောက်အောင်လည်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ပါတီပေါင်း ၉၂ ပါတီတွင် အနီနှင့်အစိမ်းမှလွဲ၍ ကျန်သည့်ပါတီများမှာ အိမ်ဖြည့်အဖြစ်ထက် ပိုခဲ့ခြင်းမရှိသောကြောင့်လည်းဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲကို အနီနှင့်အစိမ်း သူနိုင်ကိုယ်နိုင်အပြိုင်ကြဲမည့် ရှိုးဒေါင်းအဖြစ် ယူဆထားခဲ့သော်လည်း တကယ့်တကယ်ယှဉ်ပြိုင်ချိန်တွင်မူ အစိမ်းအသင်းမှာ ခြေပေါ်လွင်ခြင်းမရှိဘဲ အနီအသင်း၏ သောင်ပြိုကမ်းပြို အနိုင်ရရှိမှုအတွင်း လက်မြှောက်အရှုံးပေးခဲ့ရသည်။အမှန်စင်စစ် ထိုအချိန်က အာဏာရှင်တို့၏ အာဏာလက်ဝါးကြီးအုပ်ထားမှုအပေါ် မလိုလားသည့် မဲဆန္ဒရှင်တို့က အနီအသင်းကို ပုံအောမဲပေးကာ အာဏာအပြောင်းအလဲတစ်ရပ်ကို ဖော်ဆောင်ခဲ့ကြသောကြောင့်လည်းဖြစ်သည်။ဆိုရလျှင် ၂၀၁၅ ရွေးကောက်ပွဲသည် နိုင်ငံ၏ နိုင်ငံရေးကဏ္ဍသစ် မုခ်ဦးဝင်ပေါက်ကို စတင်ဖွင့်လှစ်လိုက်သည့် ရွေးကောက်ပွဲပင်ဖြစ်ပါသည်။

၂၀၁၅ ရွေးကောက်ပွဲကို ပြန်လည်စောင်းငဲ့ကြည့်မည်ဆိုပါက မည်သို့မျှထင်မှတ်မထားလောက်အောင် အောင်နိုင်သူတို့က အနိုင်ရလဒ်အတွက် မရိုင်းမပျနှင့် အေးချမ်းတည်ငြိမ်စွာ ထိန်းထိန်းသိမ်းသိမ်း အောင်ပွဲခံခဲ့ကြသကဲ့သို့ ရှုံးနိမ့်သူတို့ကလည်း သဘောထားကြီးကြီးနှင့် တည်ငြိမ်စွာလက်ခံခဲ့ကြသည့် မြင်ကွင်းမှာ ၂၀၁၅ ရွေး ကောက်ပွဲ၏ လှပသောမြင်ကွင်းတစ်ရပ်အဖြစ် ပြန်လည်အမှတ်ရစရာ ရှုမြင်မိကြမည်ဖြစ်ပါသည်။

များမကြာမီ ကာလအတွင်း ၂၀၂၀ ရွေးကောက်ပွဲ အခင်းအကျင်းသစ်က နိုင်ငံ၏ မဲဆန္ဒရှင်တို့ကို ထပ်မံလှုပ်နှိုးဖို့ အသင့်ပြင်ဆင်နေပြီဖြစ်သည်။ဆိုရလျှင် ၂၀၂၀ ရွေးကောက်ပွဲသည်လည်း ၂၀၁၅ ရွေးကောက်ပွဲတုန်းကကဲ့သို့ မဲဆန္ဒရှင်တို့၏ရင်ထဲက ဆန္ဒမဲလားရာနှင့် တစ်ထပ်တည်း ကျနေဆဲရှိနေဦးမည်လား သို့တည်းမဟုတ် ၂၀၂၀ ရွေးကောက်ပွဲက မည်သို့သောအပြောင်းအလဲ အသွင်သစ်ဖြင့် ဆက်လက်ခရီးနှင်ရန် ဦးတည်နေပါသနည်း။

ထိုသို့အမေးပုစ္ဆာထုတ်ရသည့် အကြောင်းအချက်ကလည်း ရှိသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြောင်းလဲချိန်တန်ပြီဟူသော ကြွေးကြော်သံက မဲဆန္ဒရှင်ပြည်သူအများစု၏ အသည်းကြားက မဲတစ်ပြားကို လက်ရှိအာဏာရ အင်န်အယ်လ်ဒီပါတီက ရယူနိုင်ခဲ့သည်။သို့တစေ အင်န်အယ်လ်ဒီ၏ အပြောင်းအလဲက မဲဆန္ဒရှင်တို့ ရင်ထဲကဆန္ဒနှင့် တစ်ထပ်တည်းမကျသလိုဖြစ်ခဲ့သည်။အထူးသဖြင့် အင်န်အယ်လ်ဒီ၏ အဓိကဦးစားပေးလုပ်ငန်းစဉ်များထဲမှ ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၁၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေး စသည့်ကဏ္ဍများတွင် ကျေနပ်လောက်စရာ ခရီးမပေါက်နိုင်ခဲ့ဟု ဆိုရခြိမ့်မည်။

တစ်ခုတော့ရှိသည် ထိုသို့သော ဘဝင်မကျမှုများကို ဖြစ်ပေါ်စေသော စွမ်းဆောင်မှုများက အင်န်အယ်လ်ဒီကို နောက်တစ်ကြိမ်ပုံအောမဲပေးဖို့ မရှိတော့ဘူးလားဟု ဆိုပြန်လျှင်လည်း ကံသေကံနိုင်ဦးမည့်အနေအထားတွင် ရှိမနေသေးဟု ဆိုရခြိမ့်မည်။

မကြာသေးမီကတော့ ၂၀၂၀ ရွေးကောက်ပွဲ ပဏာမလှုပ်ရှားမှုအဖြစ် အင်န်အယ်လ်ဒီက သူ၏ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို ထုတ်ပြလာခဲ့သည်။အင်န်အယ်ဒီထုတ်ပြလာသော ကိုယ်စားလှယ်လောင်းအမည်စာရင်းက လူဟောင်းအများစုနှင့် လူသစ်အနည်းငယ် ရောစပ်ထားသောစာရင်း။

အမှန်စင်စစ် ၂၀၁၅ ရွေးကောက်ပွဲတုန်းက လူကိုမကြည့်ဘဲ ပါတီကိုကြည့်ကာ မဲပေးခဲ့ကြသည်။ထိုစဉ်က အင်န်အယ်လ်ဒီ၏ ရွေးကောက်တင်မြောက်ခံပုဂ္ဂိုလ်များထဲတွင် အတွေ့အကြုံအနုအရင့်၊ လုပ်ရည်ကိုင်ရည် အစွမ်းအစ အကောင်းအညံ့ရောစွက်ခဲ့ခြင်းက ရွေးကောက်ခံပုဂ္ဂိုလ်တို့၏ စွမ်းဆောင်မှုများနှင့်ပတ်သက်၍ မဲဆန္ဒရှင်တို့အတွက်  အထင်သေးစရာ၊ စိတ်ပျက်စရာဖြစ်ခဲ့ရသည်ကတော့ အမှန်ပင်ဖြစ်သည်။

ယခုတစ်ကြိမ်တွင်တော့ ရွေးကောက်ခံကိုယ်စားလှယ်လောင်းများကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် စိစစ်ရွေးချယ်ခဲ့သည်ဟု ဆိုသည်။ကိုယ်စားလှယ်လောင်းများကိုရွေးချယ်ရာတွင် သစ္စာရှိမှုနှင့် အတွေ့အကြုံအပေါ်အခြေခံ၍ ရွေးချယ်ခဲ့သည်ဟုဆိုသည်။ပြီးခဲ့သော အင်န်အယ်လ်ဒီအစိုးရသက်တမ်း အတွေ့အကြုံအရ ပါတီအပေါ် သစ္စာရှိသူတွေ လိုအပ်သလို အတွေ့အကြုံကြွယ်ဝသူများ လိုအပ်သည်ကိုလည်း တွေ့ခဲ့ကြရသည်။ထို့ထက်ဆိုရလျှင် သစ္စာရှိရုံ အတွေ့အကြုံရှိရုံသာမက အရည်အချင်းထက်မြတ်သူများဖြစ်ဖို့လည်း လိုအပ်လှပါသည်။အရည်အချင်းထက်မြက်သူများအား လူမှန်နေရာမှန် တာဝန်ပေးအပ်နိုင်မည်ဆိုလျှင် မဲဆန္ဒရှင်ပြည်သူတို့က သူတို့ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်လောင်းများအတွက် အမှန်တကယ်ဂုဏ်ယူဝမ်းမြောက်ကြမည်သာဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နောက်ထပ်မျှော်လင့်မိသည်က အပြောတခြားအလုပ်တခြားဖြစ်သူများ၊ ရာထူးမရမီနှင့် ရာထူးရပြီးနောက်ပိုင်း အသွင်ခြားနားသွားသည့် စရိုက်လက္ခဏာများ၊ အများပြည်သူတို့၏အသံကို အလေးဂရုပြုနားထောင်ရန် လိုလိုလားလားရှိသူများ၊ နိုင်ငံအကျိုး အများပြည်သူအကျိုးကို စိတ်ရင်းစေတနာမှန်ဖြင့် သယ်ပိုးလိုသော စိတ်အားတက်ကြွထက်သန်သည့် လူငယ်ခြေတက်များ၊ အသက်အရွယ်ကြီးရင့်သော်လည်း အတွေ့အကြုံကြွယ်ပိုးကြွယ်ဝရှိပြီး ခက်ခဲကျပ်တည်းသောအခြေအနေများမှ ကျော်လွှားနိုင်ရေးကို လမ်းညွှန်ပြသပေးနိုင်သောသူများကို အင်န်အယ်လ်ဒီအနေနှင့် စိစစ်ရွေးချယ်ထားမည်ဟု မျှော်လင့်မိပါသည်။

ထိုထက်ပို၍ မျှော်လင့်မိသည်က အင်န်အယ်လ်ဒီအနေနှင့် ပထမအစိုးရသက်တမ်းကာလက လိုအပ်ချက်များကို ပြင်ဆင်ဖြည့်စွက်မှု ပြုနိုင်မည်ဖြစ်သည်ဆိုလျှင်၊ အပြောတခြား၊ အလုပ်တခြား စားဖားများထက် အမှားနည်းနိုင်သမျှနည်းအောင် လုပ်ဆောင်နိုင်မည့် လူတော်လူကောင်းမျိုးဆက်သစ်များကို အားဖြည့်နိုင်မည်ဆိုလျှင်  ထိုမျှမက အာဏာခွဲဝေရရှိထားသော အဖွဲ့အစည်းများနှင့် ယခင်ကထက် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အနေအထားတစ်ရပ်ကို ဆောင်ကြဉ်းနိုင်မည်ဆိုလျှင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ရွေးချယ်ရမည့်ပါတီကို မဲဆန္ဒရှင်ပြင်သူလူထုတို့က အမှန်ကန်ဆုံး ဆုံးဖြတ်နိုင်မည်ဟု ယူဆရသည်။

လက်ရှိအချိန်အထိ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီတို့၏ မဲဆွယ်စည်းရုံး လှုံ့ဆော်မှုနှင့်ပတ်သက်သည့် လှုပ်ရှားမှုများကို မတွေ့မမြင်ရသေးဟုဆိုသော်လည်း လတ်တလော အများပြည်သူတို့၏ အာရုံအကျဆုံးပါတီမှာ လက်ရှိအာဏာရ အင်န်အယ်လ်ဒီပါတီဟုပင် ဆိုရပါမည်။သို့တစေ ရွေးကောက်ပွဲဆိုသည်မှာ မမျှော်လင့်သော အပြောင်းအလဲ အချိုးအကွေ့များရှိတတ်သည့်သဘောရှိရာ ပါဝင်ယှဉ်ပြိုင်မည့် ပါတီများအနေနှင့် မဲဆန္ဒရှင်တို့ ယုံကြည်ကိုးစားလောက်သော အပြုသဘောဆောင်သည့် ပြောဆိုပြုမူလှုပ်ရှားမှုများဖြင့်သာ လိုအပ်သလောက် ထောက်ခံမဲရရှိရေးဆီ ဦးတည်စေမည်ဟု ယုံကြည်မိပါသည်......။

မြင့်နောင်မိုး
သြဂုတ် - ၁၆
( Zawgyi )
၂၀၁၅ ခုႏွစ္က က်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္ အနီႏွင့္အစိမ္းတို႔က ႀကီးမားေသာၿပိဳင္ဆိုင္မႈအသြင္ျဖင့္ ယွဥ္ၿပိဳင္ခဲ့ၾကသည္။ေ႐ြးေကာက္ပြဲကို ေဘာလုံးပြဲတစ္ပြဲႏွင့္ ႏႈိင္းယွဥ္မႈျပဳခဲ့သည္ရွိေသာ္ ထိုစဥ္က အနီႏွင့္အစိမ္း အသင္းတို႔၏အားၿပိဳင္မႈသည္ ႀကီးမားျပင္းထန္မည္ဟု ယူဆခဲ့ၾကသည္။ထိုသို႔ဆိုရေလာက္ေအာင္လည္း ေ႐ြးေကာက္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္သည့္ ပါတီေပါင္း ၉၂ ပါတီတြင္ အနီႏွင့္အစိမ္းမွလြဲ၍ က်န္သည့္ပါတီမ်ားမွာ အိမ္ျဖည့္အျဖစ္ထက္ ပိုခဲ့ျခင္းမရွိေသာေၾကာင့္လည္းျဖစ္သည္။

၂၀၁၅ ေ႐ြးေကာက္ပြဲကို အနီႏွင့္အစိမ္း သူႏိုင္ကိုယ္ႏိုင္အၿပိဳင္ႀကဲမည့္ ရႈိးေဒါင္းအျဖစ္ ယူဆထားခဲ့ေသာ္လည္း တကယ့္တကယ္ယွဥ္ၿပိဳင္ခ်ိန္တြင္မူ အစိမ္းအသင္းမွာ ေျခေပၚလြင္ျခင္းမရွိဘဲ အနီအသင္း၏ ေသာင္ၿပိဳကမ္းၿပိဳ အႏိုင္ရရွိမႈအတြင္း လက္ေျမႇာက္အရႈံးေပးခဲ့ရသည္။အမွန္စင္စစ္ ထိုအခ်ိန္က အာဏာရွင္တို႔၏ အာဏာလက္ဝါးႀကီးအုပ္ထားမႈအေပၚ မလိုလားသည့္ မဲဆႏၵရွင္တို႔က အနီအသင္းကို ပုံေအာမဲေပးကာ အာဏာအေျပာင္းအလဲတစ္ရပ္ကို ေဖာ္ေဆာင္ခဲ့ၾကေသာေၾကာင့္လည္းျဖစ္သည္။ဆိုရလွ်င္ ၂၀၁၅ ေ႐ြးေကာက္ပြဲသည္ ႏိုင္ငံ၏ ႏိုင္ငံေရးက႑သစ္ မုခ္ဦးဝင္ေပါက္ကို စတင္ဖြင့္လွစ္လိုက္သည့္ ေ႐ြးေကာက္ပြဲပင္ျဖစ္ပါသည္။

၂၀၁၅ ေ႐ြးေကာက္ပြဲကို ျပန္လည္ေစာင္းငဲ့ၾကည့္မည္ဆိုပါက မည္သို႔မွ်ထင္မွတ္မထားေလာက္ေအာင္ ေအာင္ႏိုင္သူတို႔က အႏိုင္ရလဒ္အတြက္ မ႐ိုင္းမပ်ႏွင့္ ေအးခ်မ္းတည္ၿငိမ္စြာ ထိန္းထိန္းသိမ္းသိမ္း ေအာင္ပြဲခံခဲ့ၾကသကဲ့သို႔ ရႈံးနိမ့္သူတို႔ကလည္း သေဘာထားႀကီးႀကီးႏွင့္ တည္ၿငိမ္စြာလက္ခံခဲ့ၾကသည့္ ျမင္ကြင္းမွာ ၂၀၁၅ ေ႐ြး ေကာက္ပြဲ၏ လွပေသာျမင္ကြင္းတစ္ရပ္အျဖစ္ ျပန္လည္အမွတ္ရစရာ ရႈျမင္မိၾကမည္ျဖစ္ပါသည္။

မ်ားမၾကာမီ ကာလအတြင္း ၂၀၂၀ ေ႐ြးေကာက္ပြဲ အခင္းအက်င္းသစ္က ႏိုင္ငံ၏ မဲဆႏၵရွင္တို႔ကို ထပ္မံလႈပ္ႏႈိးဖို႔ အသင့္ျပင္ဆင္ေနၿပီျဖစ္သည္။ဆိုရလွ်င္ ၂၀၂၀ ေ႐ြးေကာက္ပြဲသည္လည္း ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းကကဲ့သို႔ မဲဆႏၵရွင္တို႔၏ရင္ထဲက ဆႏၵမဲလားရာႏွင့္ တစ္ထပ္တည္း က်ေနဆဲရွိေနဦးမည္လား သို႔တည္းမဟုတ္ ၂၀၂၀ ေ႐ြးေကာက္ပြဲက မည္သို႔ေသာအေျပာင္းအလဲ အသြင္သစ္ျဖင့္ ဆက္လက္ခရီးႏွင္ရန္ ဦးတည္ေနပါသနည္း။

ထိုသို႔အေမးပုစာၦထုတ္ရသည့္ အေၾကာင္းအခ်က္ကလည္း ရွိသည္။ ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ ေျပာင္းလဲခ်ိန္တန္ၿပီဟူေသာ ေႂကြးေၾကာ္သံက မဲဆႏၵရွင္ျပည္သူအမ်ားစု၏ အသည္းၾကားက မဲတစ္ျပားကို လက္ရွိအာဏာရ အင္န္အယ္လ္ဒီပါတီက ရယူႏိုင္ခဲ့သည္။သို႔တေစ အင္န္အယ္လ္ဒီ၏ အေျပာင္းအလဲက မဲဆႏၵရွင္တို႔ ရင္ထဲကဆႏၵႏွင့္ တစ္ထပ္တည္းမက်သလိုျဖစ္ခဲ့သည္။အထူးသျဖင့္ အင္န္အယ္လ္ဒီ၏ အဓိကဦးစားေပးလုပ္ငန္းစဥ္မ်ားထဲမွ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ ၂၀၁၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဆင္ေရး၊ တရားဥပေဒစိုးမိုးေရး စသည့္က႑မ်ားတြင္ ေက်နပ္ေလာက္စရာ ခရီးမေပါက္ႏိုင္ခဲ့ဟု ဆိုရၿခိမ့္မည္။

တစ္ခုေတာ့ရွိသည္ ထိုသို႔ေသာ ဘဝင္မက်မႈမ်ားကို ျဖစ္ေပၚေစေသာ စြမ္းေဆာင္မႈမ်ားက အင္န္အယ္လ္ဒီကို ေနာက္တစ္ႀကိမ္ပုံေအာမဲေပးဖို႔ မရွိေတာ့ဘူးလားဟု ဆိုျပန္လွ်င္လည္း ကံေသကံႏိုင္ဦးမည့္အေနအထားတြင္ ရွိမေနေသးဟု ဆိုရၿခိမ့္မည္။

မၾကာေသးမီကေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲ ပဏာမလႈပ္ရွားမႈအျဖစ္ အင္န္အယ္လ္ဒီက သူ၏ကိုယ္စားလွယ္ေလာင္းမ်ား အမည္စာရင္းကို ထုတ္ျပလာခဲ့သည္။အင္န္အယ္ဒီထုတ္ျပလာေသာ ကိုယ္စားလွယ္ေလာင္းအမည္စာရင္းက လူေဟာင္းအမ်ားစုႏွင့္ လူသစ္အနည္းငယ္ ေရာစပ္ထားေသာစာရင္း။

အမွန္စင္စစ္ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက လူကိုမၾကည့္ဘဲ ပါတီကိုၾကည့္ကာ မဲေပးခဲ့ၾကသည္။ထိုစဥ္က အင္န္အယ္လ္ဒီ၏ ေ႐ြးေကာက္တင္ေျမာက္ခံပုဂၢိဳလ္မ်ားထဲတြင္ အေတြ႕အႀကဳံအႏုအရင့္၊ လုပ္ရည္ကိုင္ရည္ အစြမ္းအစ အေကာင္းအညံ့ေရာစြက္ခဲ့ျခင္းက ေ႐ြးေကာက္ခံပုဂၢိဳလ္တို႔၏ စြမ္းေဆာင္မႈမ်ားႏွင့္ပတ္သက္၍ မဲဆႏၵရွင္တို႔အတြက္  အထင္ေသးစရာ၊ စိတ္ပ်က္စရာျဖစ္ခဲ့ရသည္ကေတာ့ အမွန္ပင္ျဖစ္သည္။

ယခုတစ္ႀကိမ္တြင္ေတာ့ ေ႐ြးေကာက္ခံကိုယ္စားလွယ္ေလာင္းမ်ားကို ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုင္ စိစစ္ေ႐ြးခ်ယ္ခဲ့သည္ဟု ဆိုသည္။ကိုယ္စားလွယ္ေလာင္းမ်ားကိုေ႐ြးခ်ယ္ရာတြင္ သစၥာရွိမႈႏွင့္ အေတြ႕အႀကဳံအေပၚအေျခခံ၍ ေ႐ြးခ်ယ္ခဲ့သည္ဟုဆိုသည္။ၿပီးခဲ့ေသာ အင္န္အယ္လ္ဒီအစိုးရသက္တမ္း အေတြ႕အႀကဳံအရ ပါတီအေပၚ သစၥာရွိသူေတြ လိုအပ္သလို အေတြ႕အႀကဳံႂကြယ္ဝသူမ်ား လိုအပ္သည္ကိုလည္း ေတြ႕ခဲ့ၾကရသည္။ထို႔ထက္ဆိုရလွ်င္ သစၥာရွိ႐ုံ အေတြ႕အႀကဳံရွိ႐ုံသာမက အရည္အခ်င္းထက္ျမတ္သူမ်ားျဖစ္ဖို႔လည္း လိုအပ္လွပါသည္။အရည္အခ်င္းထက္ျမက္သူမ်ားအား လူမွန္ေနရာမွန္ တာဝန္ေပးအပ္ႏိုင္မည္ဆိုလွ်င္ မဲဆႏၵရွင္ျပည္သူတို႔က သူတို႔ေ႐ြးေကာက္တင္ေျမႇာက္လိုက္ေသာ ကိုယ္စားလွယ္ေလာင္းမ်ားအတြက္ အမွန္တကယ္ဂုဏ္ယူဝမ္းေျမာက္ၾကမည္သာျဖစ္သည္။

၂၀၂၀ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ ေနာက္ထပ္ေမွ်ာ္လင့္မိသည္က အေျပာတျခားအလုပ္တျခားျဖစ္သူမ်ား၊ ရာထူးမရမီႏွင့္ ရာထူးရၿပီးေနာက္ပိုင္း အသြင္ျခားနားသြားသည့္ စ႐ိုက္လကၡဏာမ်ား၊ အမ်ားျပည္သူတို႔၏အသံကို အေလးဂ႐ုျပဳနားေထာင္ရန္ လိုလိုလားလားရွိသူမ်ား၊ ႏိုင္ငံအက်ိဳး အမ်ားျပည္သူအက်ိဳးကို စိတ္ရင္းေစတနာမွန္ျဖင့္ သယ္ပိုးလိုေသာ စိတ္အားတက္ႂကြထက္သန္သည့္ လူငယ္ေျခတက္မ်ား၊ အသက္အ႐ြယ္ႀကီးရင့္ေသာ္လည္း အေတြ႕အႀကဳံႂကြယ္ပိုးႂကြယ္ဝရွိၿပီး ခက္ခဲက်ပ္တည္းေသာအေျခအေနမ်ားမွ ေက်ာ္လႊားႏိုင္ေရးကို လမ္းၫႊန္ျပသေပးႏိုင္ေသာသူမ်ားကို အင္န္အယ္လ္ဒီအေနႏွင့္ စိစစ္ေ႐ြးခ်ယ္ထားမည္ဟု ေမွ်ာ္လင့္မိပါသည္။

ထိုထက္ပို၍ ေမွ်ာ္လင့္မိသည္က အင္န္အယ္လ္ဒီအေနႏွင့္ ပထမအစိုးရသက္တမ္းကာလက လိုအပ္ခ်က္မ်ားကို ျပင္ဆင္ျဖည့္စြက္မႈ ျပဳႏိုင္မည္ျဖစ္သည္ဆိုလွ်င္၊ အေျပာတျခား၊ အလုပ္တျခား စားဖားမ်ားထက္ အမွားနည္းႏိုင္သမွ်နည္းေအာင္ လုပ္ေဆာင္ႏိုင္မည့္ လူေတာ္လူေကာင္းမ်ိဳးဆက္သစ္မ်ားကို အားျဖည့္ႏိုင္မည္ဆိုလွ်င္  ထိုမွ်မက အာဏာခြဲေဝရရွိထားေသာ အဖြဲ႕အစည္းမ်ားႏွင့္ ယခင္ကထက္ ပိုမိုပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္ အေနအထားတစ္ရပ္ကို ေဆာင္ၾကဥ္းႏိုင္မည္ဆိုလွ်င္ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ေ႐ြးခ်ယ္ရမည့္ပါတီကို မဲဆႏၵရွင္ျပင္သူလူထုတို႔က အမွန္ကန္ဆုံး ဆုံးျဖတ္ႏိုင္မည္ဟု ယူဆရသည္။

လက္ရွိအခ်ိန္အထိ ေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ပါတီတို႔၏ မဲဆြယ္စည္း႐ုံး လႈံ႕ေဆာ္မႈႏွင့္ပတ္သက္သည့္ လႈပ္ရွားမႈမ်ားကို မေတြ႕မျမင္ရေသးဟုဆိုေသာ္လည္း လတ္တေလာ အမ်ားျပည္သူတို႔၏ အာ႐ုံအက်ဆုံးပါတီမွာ လက္ရွိအာဏာရ အင္န္အယ္လ္ဒီပါတီဟုပင္ ဆိုရပါမည္။သို႔တေစ ေ႐ြးေကာက္ပြဲဆိုသည္မွာ မေမွ်ာ္လင့္ေသာ အေျပာင္းအလဲ အခ်ိဳးအေကြ႕မ်ားရွိတတ္သည့္သေဘာရွိရာ ပါဝင္ယွဥ္ၿပိဳင္မည့္ ပါတီမ်ားအေနႏွင့္ မဲဆႏၵရွင္တို႔ ယုံၾကည္ကိုးစားေလာက္ေသာ အျပဳသေဘာေဆာင္သည့္ ေျပာဆိုျပဳမူလႈပ္ရွားမႈမ်ားျဖင့္သာ လိုအပ္သေလာက္ ေထာက္ခံမဲရရွိေရးဆီ ဦးတည္ေစမည္ဟု ယုံၾကည္မိပါသည္......။

ျမင့္ေနာင္မိုး
ၾသဂုတ္ - ၁၆