【 ဆောင်းပါး 】 အညတရပြည်သူတို့၏ နိုင်ငံရေးအမြင်

【 ဆောင်းပါး 】 အညတရပြည်သူတို့၏ နိုင်ငံရေးအမြင်

ရာသီအပြောင်းအလဲက စပါချေပြီ။မြောက်ပြန်လေက မူမမှန်သေး။နံနက်ခင်းမှာပင် အပူလှိုင်းက တငွေ့ငွေ့လွှင့်ပျံနေဆဲ။အချိန်အခါမဟုတ်သော မိုးက ရွာချင်လျှင် ရွာချလိုက်သေးသည်။ရာသီဥတုက ဖောက်လွှဲဖောက်ပြန်၊ ကျွန်တော်တို့၏ လက်ဖက်ရည်ဝိုင်းမှ စကားလုံးမုန်တိုင်းကလည်း ပြင်းပြင်းထန်ထန် စကားလုံးမုန်တိုင်းထဲတွင် အိုအိုင်စီ၊ အေအေ၊ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲကော်မတီ စသည်တို့က ကျွန်တော်တို့၏ လက်ဖက်ရည်ဝိုင်းအတွင်း လူးလာဆန်ခတ် လှုပ်လှုပ်ခတ်ခတ်ရှိနေကြသည်။မည်သို့ဆိုစေ အဆုံးမှာတော့ ကျွန်တော်တို့၏ စကားလုံးမုန်တိုင်းက ရေရာသေချာခြင်းမရှိသော အဆုံးသတ်မှုနှင့်အတူ ကျွန်တော်တို့အားလုံးကို လက်ဖက်ရည်ဝိုင်းမှ ဆုတ်ခွာစေခဲ့ပါသည်။

ယင်းသို့ဖြင့် ကျွန်တော်တို့အားလုံး ကျွန်တော်တို့၏ အညတနရုပ်ပုံလွှာအတွင်း ပြန်လည်သွတ်သွင်းလိုက်ခြင်း ခံလိုက်သလို ဖြစ်စေခဲ့ပါသည်။ယင်းသည်ပင် ကျွန်တော်တို့၏ စစ်မှန်သောဘဝ၊ အညတရပြည်သူတို့၏ ဘဝဖြစ်သည်။ယင်းသည်ပင် နံနက်ခင်း လက်ဖက်ရည်ဆိုင်ကို စွန့်ခွာကာ တစ်လစာ မိသားစုဘဝအတွက် လုပ်ငန်းခွင်ရှိရာ ကျွန်တော်တို့ကို ပြန်လည်ချဉ်းကပ်စေခြင်းလည်း ဖြစ်ပါသည်။

ဆိုရလျှင် ၂၀၁၀ အလွန် ကာလမှ လက်ရှိအချိန်ကာလအထိ ဖြစ်သည်။ကျွန်တော်တို့က ကျွန်တော်တို့၏ အညတရဘဝများကို မကြာခဏဆိုသလို ခွာချတတ်ကြသည်။အလုပ်မသွားမီ နံနက်ခင်း လက်ဖက်ရည်ဆိုင်တွင် ကျွန်တော်တို့ မိတ်ဆွေတစ်စု ဆုံဆည်းကာ နိုင်ငံရေးရာများ ဆွေးနွေးငြင်းခုန်မှု ပြုရသည်ကို မွေ့လျော်ခဲ့ကြသည်။ထိုအချိန်မျိုးတွင် ကျွန်တော်တို့က နိုင်ငံရေးကျွမ်းကျင်သူများ၊ နိုင်ငံရေးလေ့လာသုံးသပ်သူများဖြစ်လာကြသည်။နိုင်ငံရေးအခြေအနေများကိုဆွေးနွေးကြသည်။ငြင်းခုန်မှုပြုကြသည်။မကြာခဏဆိုသလို ပေါ်ပေါက်လာတတ်သော နိုင်ငံရေးဖြစ်ရပ် အထွေထွေကလည်း ကျွန်တော်တို့အတွက် မရိုးနိုင်သော အငြင်းအခုန်ပြုစရာများ ဖြစ်လာတတ်သည်။

၂၀၁၀မှစ၍ ကျွန်တော်တို့နိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို စတင်ခဲ့သည်။နိုင်ငံခြားရေးမူဝါဒ တံခါးကို ဖွင့်ဟလာခဲ့ပြီးနောက်ပိုင်း ကျွန်တော်တို့နိုင်ငံတွင် ပြုပြင်ပြောင်းလဲမှု အရှိန်ရစပြုလာခဲ့သည်။၂၀၁၆ ခုနှစ်တွင် ပြုပြင်ပြောင်းလဲမှုအရှိန်ကို မြှင့်တင်ရန် ကြိုးပမ်းလာရာမှ ငွေစိန်လှေလှော်ရင်း တက်ကျိုးသည့်အခြေအနေနှင့် တိုးခဲ့ရသည်။လက်ရှိ ကျွန်တော်တို့နိုင်ငံ၏ အခြေအနေမှာ တွေးဆချင့်ချိန်စရာ၊ ဝေဖန်ပြစ်တင်စရာ၊ လေ့လာအကဲခတ်စရာများဖြင့် နိစ္စဓူဝ ကျွန်တော်တို့ လက်ဖက်ရည်စကားဝိုင်းအတွက် အလေးထားကာ အငြင်းအခုန်ပြုစရာချည်း ဖြစ်လာခဲ့သည်။

ရှိပါသေးသည်။အလဲလဲအပြိုပြို ဖြစ်မသွားရေးအတွက် ဟိုဘက်ကကျားကန်၊ ဒီဘက်ကကျားကန် အယိမ်းယိမ်းယိုင်ယိုင်နှင့် အနိုင်နိုင်ရပ်တည်နိုင်ရေး ရုန်းကန်နေရသော သတင်းစာဂျာနယ်တို့ကလည်း ကျွန်တော်တို့ စကားဝိုင်းအတွက် ဖြည့်ဆည်းပေးနေသော အခြေခံကုန်ကြမ်းများ ဖြစ်ကြပါသည်။မည်သို့ဆိုစေ အွန်လိုင်းမီဒီယာနှင့် နေ့စဉ်သတင်းစာများမှ ပေါ်ထွက်လာသော စိတ်ပျက်စရာ အိုအိုင်စီ အရေးကိစ္စ၊ တုန်လှုပ်ချောက်ချားစရာ အေအေ အကြမ်းဖက်လက်တုံ့ပြန်မှု အရေးကိစ္စ၊ ရတက်မအေးစရာ အမျိုးသားညီညွတ်ရေး အရေးကိစ္စ၊ မျှော်လင့်ချက်ကို ဖက်တွယ်ထားနေသော ပြည်တွင်းစစ်အဆုံးသတ်ရေး အရေးကိစ္စများကြားမှပင် ကျွန်တော်တို့၏ စကားဝိုင်းတွင် ကျွန်တော်တို့နိုင်ငံ၏ အနာဂတ်အတွက် မျှော်လင့်ချက်အိပ်မက်များကို ပုံဖော်ကြည့်ရင်း ကယောင်ကတမ်း ဖြစ်နေခဲ့ကြသည်မှာလည်း အမှန်ပင်ဖြစ်သည်။

မည်သို့ဆိုစေ ကျွန်တော်တို့၏ အိပ်မက်များက ကြီးမားကောင်း ကြီးမားနေနိုင်ပါသည်။မည်သို့ဆိုစေ ကျွန်တော်တို့က ကျွန်တော်တို့၏ အိပ်မက်များ အစစ်အမှန် အကောင်အထည်ပေါ်လာရန် တောင့်တမိကြသည်ကတော့ အမှန်ပင်ဖြစ်သည်။ဆိုရလျှင် ကျွန်တော်တို့နိုင်ငံတွင် သက်တမ်းရှည်ကြာ ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီးကို အဆုံးသတ်စေလိုကြပါပြီ။
ပြုံးရွှင်ရယ်မောကာ လက်ချင်းချိတ်နေသော သွေးချင်းညီနောင်တို့၏ ငြိမ်းချမ်းရေးဖော်ဆောင်နေပုံကို တွေ့မြင်လိုကြပါပြီ။သံသယပွားနေသော သဘောကွဲလွဲမှုများ နိဂုံးချုပ်၍ နိုင်ငံ့အနာဂတ်အတွက် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နေပုံများကိုလည်း ရှုမြင်လိုလှပြီဖြစ်ပါသည်။

ထို့ပြင်တဝ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နောက်ကျကျန်ရစ်သလိုရှိနေသော ကျွန်တော်တို့နိုင်ငံအား ဖြစ်ထွန်းတိုးတက်သော နိုင်ငံတစ်ရပ်အဖြစ် ပေါ်ထွက်လာရေးနှင့် ဒီမိုကရေစီ အပြည့်အဝကျင့်သုံးနိုင်သော နိုင်ငံတော်တစ်ရပ် ဖြစ်ပေါ်လာရေးအတွက် ပြင်ဆင်သင့်သည်တို့ကို ချောချောမွေ့မွေ့ ပြင်ဆင်နိုင်ရေး ညှိနှိုင်းအဖြေရှာကြစေလိုလှပါသည်။
ပြင်ဆင်မည်ဟု ဆိုသူတို့က ပြင်ဆင်ရမည်။အပိုင်းကို ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာအောင် ဆန်းစစ်အဖြေရှာသင့်သကဲ့သို့ မပြင်ဆင်လိုသူတို့ကလည်း အပြုသဘောဆောင်စိတ်ဖြင့် ပြင်ဆင်၍ရနိုင်မည့်အပိုင်းကို ပိုင်းခြားဝေဖန်ကာ အဖြေရှာစေလိုပါသည်။

မည်သို့သောအခြေအနေတွင်မဆို အခက်အခဲအတားအဆီးများ၊ အနှောင့်အယှက်များ ရှိနေနိုင်ပါသည်။အနှောင့်အယှက် အတားအဆီးများကို ကျော်လွှားနိုင်စေရန်အတွက်လည်း အားလုံးတွင် စိတ်ကောင်းစေတနာကောင်းများ ရှိကြစေလိုပါသည်။နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသူများအားလုံး အတွေ့အကြုံရင့်ကျက်သူများကို နိုင်ငံအကျိုးအတွက် အမြှော်အမြင်ကြီးမားစွာ ဝေဖန်ပိုင်းခြားနိုင်သူများဖြစ်သည်ဟု ကျွန်တော်တို့က ယုံကြည်ကြပါသည်။

ကျွန်တော်တို့၏ လက်ဖက်ရည်ဆိုင်စကားဝိုင်းမှ လူများသည် နိုင်ငံရေးတွင် တစ်နည်းတစ်လမ်းအားဖြင့် ဆက်စပ်ပတ်သက်နေသူများဖြစ်သည်။နိုင်ငံ့ဝန်ကို တစ်ဖက်တစ်လမ်းမှ ထမ်းရွက်နေသော နိုင်ငံသားများဖြစ်သည်။ကျွန်တော်တို့က သာမန်စာရေးစာချီများ၊ ကျောင်းဆရာများနှင့် လုပ်သားဝန်ထမ်းများဖြစ်သည်။ဆိုရလျှင် ကျွန်တော်တို့က အညတရများဖြစ်သည်။သာမန်ပြည်သူများဖြစ်ကြသည်။သို့တစေ ကျွန်တော်တို့က နိုင်ငံ၏အရေးကိစ္စများတွင် မျက်စိမှတ်နားပိတ်ထားနိုင်ခြင်း မရှိသူများဖြစ်သည်။ကျွန်တော်တို့နိုင်ငံ၏ အနာဂတ်ကို လှပစေချင်သူများဖြစ်သည်။ကျွန်တော်တို့နိုင်ငံကို အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်အဖြစ်မှ လွတ်မြောက်စေချင်သူများဖြစ်သည်။ကျွန်တော်တို့ သားသမီးများ၏ ပညာရေးကို အခြားတက်နိုင်သူများနည်းတူ သင်ကြားခွင့်ရရှိစေချင်သူများဖြစ်သည်။ကျွန်တော်တို့၏ လူမှုရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အရေးကိစ္စများတွင် ပူပန်ကြောင့်ကျမှုကင်းစွာ ခံစားခွင့်ရရှိလိုသူများဖြစ်သည်။ကျွန်တော်တို့နိုင်ငံ၏ အရေးကို ဦးဆောင်ထမ်းရွက်နေသူတို့က အခြားသောဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများနည်းတူ ကျွန်တော်တို့နိုင်ငံ ကြီးပွားတိုးတက်အောင် မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့်နေကြသူများဖြစ်သည်။

အမှန်ဆိုရလျှင် ကျွန်တော်တို့က လက်ဖက်ရည်ဆိုင်တွင်ထိုင်ရင်း စကားလုံးမုန်တိုင်းဆင်းကာ အချိန်ဖြုန်းတီးချင်ကြသူများ မဟုတ်ကြပါ။ဝိရောဓိဆန်သော ပြဿနာအရှုပ်အထွေးများဖြင့် စိတ်ညစ်ညူးစရာ အခြေအနေများတွင် နေထိုင်လိုကြသူများ မဟုတ်ကြပါ။အများအမြင်တွင် သပွတ်အူလိုက်နေသော နိုင်ငံရေးပြဿနာများဖြင့် ရက်ယှက်ထားသော ပင့်ကူအိမ်တွင် ကျွန်တော်တို့နိုင်ငံ တွယ်ငြိနေသည်ကိုလည်း မြင်တွေ့လိုခြင်းရှိသူများ မဟုတ်ပါ။ဆိုရလျှင် ကျွန်တော်တို့ကနိုင်ငံ၏ သာမန်ပြည်သူများဖြစ်သည်။အညတရများသာဖြစ်သည်။သို့တစေ ကျွန်တော်တို့က ကျွန်တော်တို့နိုင်ငံအား ဒီမိုကရေစီ အပြည့်အဝကျင့်သုံးနိုင်သော နိုင်ငံအဖြစ် မြင်တွေ့ရန်လို လားကြသူများသာဖြစ်ပါသည်။

မြင့်နောင်မိုး
နို၀င်ဘာ - ၃၀

( Zawgyi )

ရာသီအေျပာင္းအလဲက စပါေခ်ၿပီ။ေျမာက္ျပန္ေလက မူမမွန္ေသး။နံနက္ခင္းမွာပင္ အပူလႈိင္းက တေငြ႕ေငြ႕လႊင့္ပ်ံေနဆဲ။အခ်ိန္အခါမဟုတ္ေသာ မိုးက ႐ြာခ်င္လွ်င္ ႐ြာခ်လိုက္ေသးသည္။ရာသီဥတုက ေဖာက္လႊဲေဖာက္ျပန္၊ ကြၽန္ေတာ္တို႔၏ လက္ဖက္ရည္ဝိုင္းမွ စကားလုံးမုန္တိုင္းကလည္း ျပင္းျပင္းထန္ထန္ စကားလုံးမုန္တိုင္းထဲတြင္ အိုအိုင္စီ၊ ေအေအ၊ ႏိုင္ငံေရးပါတီမ်ား ေ႐ြးေကာက္ပြဲေကာ္မတီ စသည္တို႔က ကြၽန္ေတာ္တို႔၏ လက္ဖက္ရည္ဝိုင္းအတြင္း လူးလာဆန္ခတ္ လႈပ္လႈပ္ခတ္ခတ္ရွိေနၾကသည္။မည္သို႔ဆိုေစ အဆုံးမွာေတာ့ ကြၽန္ေတာ္တို႔၏ စကားလုံးမုန္တိုင္းက ေရရာေသခ်ာျခင္းမရွိေသာ အဆုံးသတ္မႈႏွင့္အတူ ကြၽန္ေတာ္တို႔အားလုံးကို လက္ဖက္ရည္ဝိုင္းမွ ဆုတ္ခြာေစခဲ့ပါသည္။

ယင္းသို႔ျဖင့္ ကြၽန္ေတာ္တို႔အားလုံး ကြၽန္ေတာ္တို႔၏ အညတန႐ုပ္ပုံလႊာအတြင္း ျပန္လည္သြတ္သြင္းလိုက္ျခင္း ခံလိုက္သလို ျဖစ္ေစခဲ့ပါသည္။ယင္းသည္ပင္ ကြၽန္ေတာ္တို႔၏ စစ္မွန္ေသာဘဝ၊ အညတရျပည္သူတို႔၏ ဘဝျဖစ္သည္။ယင္းသည္ပင္ နံနက္ခင္း လက္ဖက္ရည္ဆိုင္ကို စြန႔္ခြာကာ တစ္လစာ မိသားစုဘဝအတြက္ လုပ္ငန္းခြင္ရွိရာ ကြၽန္ေတာ္တို႔ကို ျပန္လည္ခ်ဥ္းကပ္ေစျခင္းလည္း ျဖစ္ပါသည္။

ဆိုရလွ်င္ ၂၀၁၀ အလြန္ ကာလမွ လက္ရွိအခ်ိန္ကာလအထိ ျဖစ္သည္။ကြၽန္ေတာ္တို႔က ကြၽန္ေတာ္တို႔၏ အညတရဘဝမ်ားကို မၾကာခဏဆိုသလို ခြာခ်တတ္ၾကသည္။အလုပ္မသြားမီ နံနက္ခင္း လက္ဖက္ရည္ဆိုင္တြင္ ကြၽန္ေတာ္တို႔ မိတ္ေဆြတစ္စု ဆုံဆည္းကာ ႏိုင္ငံေရးရာမ်ား ေဆြးေႏြးျငင္းခုန္မႈ ျပဳရသည္ကို ေမြ႕ေလ်ာ္ခဲ့ၾကသည္။ထိုအခ်ိန္မ်ိဳးတြင္ ကြၽန္ေတာ္တို႔က ႏိုင္ငံေရးကြၽမ္းက်င္သူမ်ား၊ ႏိုင္ငံေရးေလ့လာသုံးသပ္သူမ်ားျဖစ္လာၾကသည္။ႏိုင္ငံေရးအေျခအေနမ်ားကိုေဆြးေႏြးၾကသည္။ျငင္းခုန္မႈျပဳၾကသည္။မၾကာခဏဆိုသလို ေပၚေပါက္လာတတ္ေသာ ႏိုင္ငံေရးျဖစ္ရပ္ အေထြေထြကလည္း ကြၽန္ေတာ္တို႔အတြက္ မ႐ိုးႏိုင္ေသာ အျငင္းအခုန္ျပဳစရာမ်ား ျဖစ္လာတတ္သည္။

၂၀၁၀မွစ၍ ကြၽန္ေတာ္တို႔ႏိုင္ငံတြင္ ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈမ်ားကို စတင္ခဲ့သည္။ႏိုင္ငံျခားေရးမူဝါဒ တံခါးကို ဖြင့္ဟလာခဲ့ၿပီးေနာက္ပိုင္း ကြၽန္ေတာ္တို႔ႏိုင္ငံတြင္ ျပဳျပင္ေျပာင္းလဲမႈ အရွိန္ရစျပဳလာခဲ့သည္။၂၀၁၆ ခုႏွစ္တြင္ ျပဳျပင္ေျပာင္းလဲမႈအရွိန္ကို ျမႇင့္တင္ရန္ ႀကိဳးပမ္းလာရာမွ ေငြစိန္ေလွေလွာ္ရင္း တက္က်ိဳးသည့္အေျခအေနႏွင့္ တိုးခဲ့ရသည္။လက္ရွိ ကြၽန္ေတာ္တို႔ႏိုင္ငံ၏ အေျခအေနမွာ ေတြးဆခ်င့္ခ်ိန္စရာ၊ ေဝဖန္ျပစ္တင္စရာ၊ ေလ့လာအကဲခတ္စရာမ်ားျဖင့္ နိစၥဓူဝ ကြၽန္ေတာ္တို႔ လက္ဖက္ရည္စကားဝိုင္းအတြက္ အေလးထားကာ အျငင္းအခုန္ျပဳစရာခ်ည္း ျဖစ္လာခဲ့သည္။

ရွိပါေသးသည္။အလဲလဲအၿပိဳၿပိဳ ျဖစ္မသြားေရးအတြက္ ဟိုဘက္ကက်ားကန္၊ ဒီဘက္ကက်ားကန္ အယိမ္းယိမ္းယိုင္ယိုင္ႏွင့္ အႏိုင္ႏိုင္ရပ္တည္ႏိုင္ေရး ႐ုန္းကန္ေနရေသာ သတင္းစာဂ်ာနယ္တို႔ကလည္း ကြၽန္ေတာ္တို႔ စကားဝိုင္းအတြက္ ျဖည့္ဆည္းေပးေနေသာ အေျခခံကုန္ၾကမ္းမ်ား ျဖစ္ၾကပါသည္။မည္သို႔ဆိုေစ အြန္လိုင္းမီဒီယာႏွင့္ ေန႔စဥ္သတင္းစာမ်ားမွ ေပၚထြက္လာေသာ စိတ္ပ်က္စရာ အိုအိုင္စီ အေရးကိစၥ၊ တုန္လႈပ္ေခ်ာက္ခ်ားစရာ ေအေအ အၾကမ္းဖက္လက္တုံ႔ျပန္မႈ အေရးကိစၥ၊ ရတက္မေအးစရာ အမ်ိဳးသားညီၫြတ္ေရး အေရးကိစၥ၊ ေမွ်ာ္လင့္ခ်က္ကို ဖက္တြယ္ထားေနေသာ ျပည္တြင္းစစ္အဆုံးသတ္ေရး အေရးကိစၥမ်ားၾကားမွပင္ ကြၽန္ေတာ္တို႔၏ စကားဝိုင္းတြင္ ကြၽန္ေတာ္တို႔ႏိုင္ငံ၏ အနာဂတ္အတြက္ ေမွ်ာ္လင့္ခ်က္အိပ္မက္မ်ားကို ပုံေဖာ္ၾကည့္ရင္း ကေယာင္ကတမ္း ျဖစ္ေနခဲ့ၾကသည္မွာလည္း အမွန္ပင္ျဖစ္သည္။

မည္သို႔ဆိုေစ ကြၽန္ေတာ္တို႔၏ အိပ္မက္မ်ားက ႀကီးမားေကာင္း ႀကီးမားေနႏိုင္ပါသည္။မည္သို႔ဆိုေစ ကြၽန္ေတာ္တို႔က ကြၽန္ေတာ္တို႔၏ အိပ္မက္မ်ား အစစ္အမွန္ အေကာင္အထည္ေပၚလာရန္ ေတာင့္တမိၾကသည္ကေတာ့ အမွန္ပင္ျဖစ္သည္။ဆိုရလွ်င္ ကြၽန္ေတာ္တို႔ႏိုင္ငံတြင္ သက္တမ္းရွည္ၾကာ ျဖစ္ပြားေနေသာ ျပည္တြင္းစစ္ႀကီးကို အဆုံးသတ္ေစလိုၾကပါၿပီ။
ၿပဳံး႐ႊင္ရယ္ေမာကာ လက္ခ်င္းခ်ိတ္ေနေသာ ေသြးခ်င္းညီေနာင္တို႔၏ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေနပုံကို ေတြ႕ျမင္လိုၾကပါၿပီ။သံသယပြားေနေသာ သေဘာကြဲလြဲမႈမ်ား နိဂုံးခ်ဳပ္၍ ႏိုင္ငံ့အနာဂတ္အတြက္ တက္ညီလက္ညီ ပူးေပါင္းေဆာင္႐ြက္ေနပုံမ်ားကိုလည္း ရႈျမင္လိုလွၿပီျဖစ္ပါသည္။

ထို႔ျပင္တဝ အျခားႏိုင္ငံမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ ေနာက္က်က်န္ရစ္သလိုရွိေနေသာ ကြၽန္ေတာ္တို႔ႏိုင္ငံအား ျဖစ္ထြန္းတိုးတက္ေသာ ႏိုင္ငံတစ္ရပ္အျဖစ္ ေပၚထြက္လာေရးႏွင့္ ဒီမိုကေရစီ အျပည့္အဝက်င့္သုံးႏိုင္ေသာ ႏိုင္ငံေတာ္တစ္ရပ္ ျဖစ္ေပၚလာေရးအတြက္ ျပင္ဆင္သင့္သည္တို႔ကို ေခ်ာေခ်ာေမြ႕ေမြ႕ ျပင္ဆင္ႏိုင္ေရး ညႇိႏႈိင္းအေျဖရွာၾကေစလိုလွပါသည္။
ျပင္ဆင္မည္ဟု ဆိုသူတို႔က ျပင္ဆင္ရမည္။အပိုင္းကို ရွဥ့္လည္းေလွ်ာက္သာ ပ်ားလည္းစြဲသာေအာင္ ဆန္းစစ္အေျဖရွာသင့္သကဲ့သို႔ မျပင္ဆင္လိုသူတို႔ကလည္း အျပဳသေဘာေဆာင္စိတ္ျဖင့္ ျပင္ဆင္၍ရႏိုင္မည့္အပိုင္းကို ပိုင္းျခားေဝဖန္ကာ အေျဖရွာေစလိုပါသည္။

မည္သို႔ေသာအေျခအေနတြင္မဆို အခက္အခဲအတားအဆီးမ်ား၊ အေႏွာင့္အယွက္မ်ား ရွိေနႏိုင္ပါသည္။အေႏွာင့္အယွက္ အတားအဆီးမ်ားကို ေက်ာ္လႊားႏိုင္ေစရန္အတြက္လည္း အားလုံးတြင္ စိတ္ေကာင္းေစတနာေကာင္းမ်ား ရွိၾကေစလိုပါသည္။ႏိုင္ငံေရးတြင္ ပါဝင္ပတ္သက္ေနသူမ်ားအားလုံး အေတြ႕အႀကဳံရင့္က်က္သူမ်ားကို ႏိုင္ငံအက်ိဳးအတြက္ အေျမႇာ္အျမင္ႀကီးမားစြာ ေဝဖန္ပိုင္းျခားႏိုင္သူမ်ားျဖစ္သည္ဟု ကြၽန္ေတာ္တို႔က ယုံၾကည္ၾကပါသည္။

ကြၽန္ေတာ္တို႔၏ လက္ဖက္ရည္ဆိုင္စကားဝိုင္းမွ လူမ်ားသည္ ႏိုင္ငံေရးတြင္ တစ္နည္းတစ္လမ္းအားျဖင့္ ဆက္စပ္ပတ္သက္ေနသူမ်ားျဖစ္သည္။ႏိုင္ငံ့ဝန္ကို တစ္ဖက္တစ္လမ္းမွ ထမ္း႐ြက္ေနေသာ ႏိုင္ငံသားမ်ားျဖစ္သည္။ကြၽန္ေတာ္တို႔က သာမန္စာေရးစာခ်ီမ်ား၊ ေက်ာင္းဆရာမ်ားႏွင့္ လုပ္သားဝန္ထမ္းမ်ားျဖစ္သည္။ဆိုရလွ်င္ ကြၽန္ေတာ္တို႔က အညတရမ်ားျဖစ္သည္။သာမန္ျပည္သူမ်ားျဖစ္ၾကသည္။သို႔တေစ ကြၽန္ေတာ္တို႔က ႏိုင္ငံ၏အေရးကိစၥမ်ားတြင္ မ်က္စိမွတ္နားပိတ္ထားႏိုင္ျခင္း မရွိသူမ်ားျဖစ္သည္။ကြၽန္ေတာ္တို႔ႏိုင္ငံ၏ အနာဂတ္ကို လွပေစခ်င္သူမ်ားျဖစ္သည္။ကြၽန္ေတာ္တို႔ႏိုင္ငံကို အဆင္းရဲဆုံးႏိုင္ငံ စာရင္းဝင္အျဖစ္မွ လြတ္ေျမာက္ေစခ်င္သူမ်ားျဖစ္သည္။ကြၽန္ေတာ္တို႔ သားသမီးမ်ား၏ ပညာေရးကို အျခားတက္ႏိုင္သူမ်ားနည္းတူ သင္ၾကားခြင့္ရရွိေစခ်င္သူမ်ားျဖစ္သည္။ကြၽန္ေတာ္တို႔၏ လူမႈေရးႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈ အေရးကိစၥမ်ားတြင္ ပူပန္ေၾကာင့္က်မႈကင္းစြာ ခံစားခြင့္ရရွိလိုသူမ်ားျဖစ္သည္။ကြၽန္ေတာ္တို႔ႏိုင္ငံ၏ အေရးကို ဦးေဆာင္ထမ္း႐ြက္ေနသူတို႔က အျခားေသာဖြံ႕ၿဖိဳးတိုးတက္သည့္ ႏိုင္ငံမ်ားနည္းတူ ကြၽန္ေတာ္တို႔ႏိုင္ငံ ႀကီးပြားတိုးတက္ေအာင္ ျမႇင့္တင္ေပးႏိုင္မည္ဟု ေမွ်ာ္လင့္ေနၾကသူမ်ားျဖစ္သည္။

အမွန္ဆိုရလွ်င္ ကြၽန္ေတာ္တို႔က လက္ဖက္ရည္ဆိုင္တြင္ထိုင္ရင္း စကားလုံးမုန္တိုင္းဆင္းကာ အခ်ိန္ျဖဳန္းတီးခ်င္ၾကသူမ်ား မဟုတ္ၾကပါ။ဝိေရာဓိဆန္ေသာ ျပႆနာအရႈပ္အေထြးမ်ားျဖင့္ စိတ္ညစ္ညဴးစရာ အေျခအေနမ်ားတြင္ ေနထိုင္လိုၾကသူမ်ား မဟုတ္ၾကပါ။အမ်ားအျမင္တြင္ သပြတ္အူလိုက္ေနေသာ ႏိုင္ငံေရးျပႆနာမ်ားျဖင့္ ရက္ယွက္ထားေသာ ပင့္ကူအိမ္တြင္ ကြၽန္ေတာ္တို႔ႏိုင္ငံ တြယ္ၿငိေနသည္ကိုလည္း ျမင္ေတြ႕လိုျခင္းရွိသူမ်ား မဟုတ္ပါ။ဆိုရလွ်င္ ကြၽန္ေတာ္တို႔ကႏိုင္ငံ၏ သာမန္ျပည္သူမ်ားျဖစ္သည္။အညတရမ်ားသာျဖစ္သည္။သို႔တေစ ကြၽန္ေတာ္တို႔က ကြၽန္ေတာ္တို႔ႏိုင္ငံအား ဒီမိုကေရစီ အျပည့္အဝက်င့္သုံးႏိုင္ေသာ ႏိုင္ငံအျဖစ္ ျမင္ေတြ႕ရန္လို လားၾကသူမ်ားသာျဖစ္ပါသည္။

ျမင့္ေနာင္မိုး
ႏို၀င္ဘာ - ၃၀