【 ဆောင်းပါး 】" အင်အယ်လ်ဒီအတွက် အထူးသတိထားရမည့်သတင်းလုံခြုံရေး နှင့် လူပုဂ္ဂိုလ်လုံခြုံရေး"

【 ဆောင်းပါး 】" အင်အယ်လ်ဒီအတွက် အထူးသတိထားရမည့်သတင်းလုံခြုံရေး နှင့် လူပုဂ္ဂိုလ်လုံခြုံရေး"

မြန်မာနိုင်ငံ၏ နိုင်ငံရေးအစဉ်အလာတွင် လူထုတစ်ရပ်လုံးကလေးစားကြည်ညိုထောက်ခံနေစေကာမူ၊ လောဘဒေါသမောဟ ပိတ်ဖုံးသူလူတစုရှိနေပါကလူထုအားလုံးနီးပါး၏ ဆန္ဒကိုမျက်ကွယ်ပြုလျက် မလုပ်ဝံ့ မလုပ် နိုင်သည့် ရက်စက်ကြမ်းကြုတ်မှုဟူသည် သူတို့အတွက် မရှိဆိုသောသင်ခန်းစာကို ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရ ခြင်းကသက်သေအဖြစ် ပြသခဲ့ပြီးဖြစ်ပါသည်။ ဗိုလ်ချုပ် သည် သူ့စိတ်နှင့် သူတစ်ပါးအား နှိုင်းယှဉ်ကာ သူသည် တိုင်းပြည်အတွက် အလုပ်လုပ်နေသူဖြစ်၍ ရန်သူမရှိဟုမိမိကိုယ်မိမိယုံကြည်မှု တစ်ဘက်စွန်းရောက်ခဲ့ပါသည်။ စင်စစ်လောကတွင် လောကီရေးမဆိုထားနှင့် လောကုတ္တရာအရေး၌ပင် ရန်သူရှိပါသည်။ ဗုဒ္ဓမြတ်စွာ ဘုရားသည် အမျိုးဇာတ်ခွဲခြားလျက် ဇာတ်နိမ့် ဇာတ်မြင့် အယူပြင်းထန်သည့် သာကီဝင်မင်းမျိုးမှ ဆင်းသက် ပေါက်ဖွားလာ သူဖြစ် ပါသည်။

သို့သော် ဘဝအဆက်ဆက် ဖြည့်ဆည်းခဲ့သည့် ပါရမီရင့်သန်လာချိန် ၃၁ ဘုံတွင် ကျင်လည်နေကြသည့် သတ္တဝါအားလုံးအတွက် ရည်ရွယ်လျက် ဘုရားအဖြစ်သို့ ရောက်ရှိသည်ထိကျင့်ကြံအားထုတ်ခဲ့သူဖြစ်ပါသည်။ လူ နတ် ဗြမ္မာ၊ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အစရှိသော ၃၁ ဘုံသားများအားမဟာမေတ္တာ၊ မဟာဂရုဏာထား ဘုရားအဖြစ်ကျင့်ကြံခဲ့စေကာမူ၊ ဘုရားစဖြစ်ချိန်၌ပင် မာရ်နတ်အား ရင်ဆိုင်ခဲ့ရသူဖြစ်ပါသည်။ သည့်နောက် ယောက်ဖတော်သူ ဒေဝဒတ်ရဟန်း၏ နှောင့်ယှက်ယှဉ်ပြိုင်မှု အမျိုးမျိုးကို ရင်ဆိုင်ခဲ့ရသူ ဖြစ်ပါသည်။

လောကုတ္တရာနယ်ပယ်၌ပင် နေရာလုမှု၊ ခေါင်းဆောင်ဖြစ်လိုမှုရှိနေပေရာ၊ လောကီနယ်ပယ်တွင် ရာထူး၊ အာဏာအတွက် မလုပ်သင့် မလုပ်ထိုက်ဟုသာမန်လူများထင်သည့် ရက်စက်သတ်ဖြတ်မှုသည် အဆိုပါ အာဏာ နှင့် နေရာကိုမည်သည့် နည်းဖြင့်ရရ အရယူမည် ဆိုသောလူစားများအတွက် ထမင်းစားရေသောက်ကိစ္စထက်ပင် လွယ်ကူသည့် အလုပ်ဖြစ်ပါသည်။ ထို့ကြောင့် ရှေးကလည်းအာဏာနှင့် နေရာအတွက် ထိပ်ဆုံးနေရာက်နေသူ ကိုလုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ ယခုလည်းကမ္ဘာတွင် အာဏာနှင့် နေရာအတွက် လုပ်ကြံ သတ်ဖြတ် မှုများ အခါအားလျော်စွာရှိခဲ့သည်ကိုအားလုံးသိကြပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၊ ဂန္ဒီကြီး၊ လင်ကွန်း၊ ဂျွန်အက်ဖ် ကနေဒီ၊ ရောဘတ်ကနေဒီ၊ အင်န္ဒီယာဂန္ဒီ၊ ရာဂျစ် ဂန္ဒီ၊ ဆန်ဂျေးဂန္ဒီ၊ ဘာနက်ဇာဘူတို စသဖြင့် နမူနာမြောက်မြားစွာရှိပါသည်။ မည်သည့် နိုင်ငံ၊ မည်သည့်လူမျိုးဖြစ်စေ နိုင်ငံရေးအာဏာနှင့် ရာထူးအတွက် ရိုးရိုးမယှဉ်ပြိုင်နိုင်ကြတော့သည့်အခါ ဤသို့ လုပ်ကြံသတ်ဖြတ်မှု ပေါ် ပေါက်တတ်သည်ကိုအင်အယ်လ်ဒီအစိုးရနှင့် ပါတီအဖို့ အစဉ်သတိချပ်ရန် လိုလှကြောင်း၊ စက်တင်ဘာ ၂၄ ရက် နေ့က နိုဗိုတယ်ဟိုတယ်တွင် ကျင်းပသည့် အောင်ဆန်းရုပ်ရှင် စတင် ရိုက်ကူး ရေး အခမ်းအနားသို့ တက်ရောက် လာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကိုလေဆာပွိုင့်ဖြင့် ထိုးလိုက်ခြင်းက ပြသနေပါသည်။

၁၉၈၈ နောက်ပိုင်း မြန်မာ့နိုင်ငံရေးလောကထဲသို့ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်လာသည်ကို နည်းနည်းမျှပင် မကြိုက်ကြ လက်မခံ ချင် ၍ နည်းမျိုးစုံသုံးတားဆီးရန် လုပ်ဆောင်ခဲ့သည်များအား လူထု သိပြီးဖြစ်ပါ သည်။ ထိုထဲမှ ထင်ရှားသောအဖြစ်အပျက်တချို့ကား ဒီပဲယင်းမြို့အဝင် ကျည်ရွာ၌ လူစုလူဝေးဖြင့် ဒေါ်အောင် ဆန်းစုကြည်ကိုသတ်ရန် ပြုလုပ်ခဲ့သည်ကို ပြည်တွင်း ပြည်ပအားလုံး က သိကြ ပါသည်။

၂၁၀၉ နှစ်ဆန်းတွင် အင်အယ်လ်ဒီပါတီက ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရန် ပူးပေါင်းကော်မတီဖွဲ့ရေး အဆို တင်သွင်းချိန်ကမှ စ၍ လွှတ်တော်ထဲ ၌ အုပ်စု ၂ စုကွဲပြားသွားသည်ကို ပြည်သူတို့ ထင်ထင်ရှားရှား တွေ့ခဲ့ကြ ရပြီဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် ရွေးကောက်ခံ ပါတီကရေးဆွဲသည့် အခြေခံဥပဒေမဟုတ်ဘဲ၊ တပ်မတော်က အဓိကပါဝင်ရေးဆွဲထားသည့်ပြင် အတည်ပြုစဉ်က အစိုးရ တရားဝင်ဖော်ပြခဲ့သော မြန်မာနိုင်ငံလူဦးရေသည် မှား နေသဖြင့် တရားမဝင်သည့် ဥပဒေဟုပြောဆိုသူများလည်းရှိကြပါသည်။ သို့သော် မည်သူကရေးဆွဲသည်ဖြစ်စေ အခြေခံဥပဒေတစ်အုပ်ထဲတွင် ရှေ့မှ ဥပဒေကခွင့်ပြုထားသောအချက်ကိုနောက်မှလာသောဥပဒေတွင် ပြန် ပိတ် ထားသည်မျိုးတခုမကပါရှိနေပါသည်။ ထို့ပြင် ဒီမိုကရေစီစနစ်နှင့် မလျော်ညီသောဥပဒေများလည်းပါဝင် နေပါသည်။ သည်တော့ သည်လိုဥပဒေကို ပြင်ဆင်ရန် ပူးပေါင်းကော်မတီဖွဲ့သည်ကိုပင် ဆတ်ဆတ်ခါ နေကြသည့် ကိုယ်စားလှယ်များ ထွက်လာသည် ကို တွေ့ရခြင်းက ပြည်သူအတွက် အမြတ်ဖြစ်ပါသည်။

၂၀၁၉ ဇန်နဝါရီ ၂၉ ရက်နေ့ လွှတ်တော်ထဲတွင် အခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့ရန် အ ဆိုတင်သွင်းသည့်နေ့မှ စ၍ ယနေ့ထိအင်အယ်လ်ဒီပါတီပါတီနှင့် တခြားတိုင်းရင်းသားပါတီတချို့၏ သဘောထား နှင့် ရပ်တည်မှုကိုလူထုက မြင်တွေ့ရသည့် နည်း တူ သည်ဥပဒေတွင် ပါဝင်နေသည့် ဒီမိုကရေစီအခွင့်အရေးများ ကို ပင် ထပ်မံပိတ်ပင်လိုသည့် အစုအဖွဲ့များရှိကြောင်း လူထုက ထင်ရှား စွာမြင်တွေ့လိုက်ကြရပါသည်။ အများဝေဖန် နေသကဲ့သို့ ခြေဥကိုအင်အယ်လ်ဒီဘက်မှ လည်း ပြင်နိုင်မည်မဟုတ်၊ တပ်မတော်နှင့် ပြည်ခိုင်ဖြိုးကလည်း ပြင်နိုင် မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် အင်အယ်လ်ဒီဘက်က ပြင်ဆင်ရန်တင်သည့် အချက်များဖြစ်စေ၊ တပ်မ တော် နှင့် ပြည်ခိုင်ဖြိုးက ပြင်ဆင်လိုသောအချက်များဖြစ်စေမဲခွဲဆုံးဖြတ်သည့်အခါ မည်သည့်အဖွဲ့ကမှ အမတ် ၇၅ ရာခိုင်နှုန်း ကျော်၏ ထောက်ခံမှုကိုရကြမည်မဟုတ်ပါ။

သို့ဖြင့် ပြည်သူက ပြင်မရမည့် ၂၀၀၈ ဖွဲ့စည်းပုံအတွက် အဘယ်ကြောင့် အချိန်ကုန် လေကုန်ခံနေကြ သနည်းဟု ကနဦးပိုင်းက တွေး သော်လည်း၊ ယခုအခါ အင်အယ်လ်ဒီ၏ နိုင်ငံရေးပရိယာယ်ပါးနပ်မှုကိုနား လည် သွားကြပါသည်။ မြန်မာပြည်တွင် မည်သူတွေက မည်သည့် အဖွဲ့အစည်းများက ၂၀၀၈ ခြေဥကိုမပြင်ဆင်ချင်ကြသ နည်း ဆိုသည့် အဖြေကိုလူထုအားပါးစပ်မှ တခွန်းမျှ မပြောဘဲ ပြသပေးလိုက်ပါသည်။ လူထုကလည်းနားလည် သဘောပေါက်ကြပါသည်။

၂၀၀၈ ခြေဥ ပြင်မည် မပြင်ဘူးထောက်ခံသူဆန့်ကျင်သူများလမ်းပေါ်ထွက်လာစဉ်က ပြင်ဆင်လိုသူများ ကြောင်း အားလုံးအသိဖြစ် ပါသည်။ သို့ဖြင့် နိုင်ငံရေးတွင် အများစုကလက်ခံနေဆဲဖြစ်သည့် ဒေါ်အောင်ဆန်းစု ကြည်သည် အမြင်မတူတို့အတွက် သို့မဟုတ် နဂိုကပင် မကြိုက် မုန်းတီးနေသူများအတွက် အာဏာပြန်လည်ရရှိရေး ခရီးတွင် အကြီးမားဆုံးဆူးညောင့်ခလုတ်ဖြစ်နေနိုင်ပါသည်။ ထိုအချက်ကိုဒေါ်အောင်ဆန်းစုကြည် သတိမထားမိမည်မဟုတ် သတိထားကြောင်း လေဆာရောင်ခြည်လာရာသို့ မော့်ကြည့်နေခြင်း ကဖော်ပြ နေပါသည်။

အင်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွှန့်က ထိုဖြစ်ရပ်သည် လုံခြုံရေးစည်းကျိုး ပေါက်ခြင်းဖြစ်သည် ဟုဆိုခဲ့ ပါသည်။ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးနေသည်ဟုဒေါက်တာမျိုးညွှန့်က ဆိုပါသည်။ သို့သော် သည်ကနေ့ထိ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကသည်ဖြစ်စဉ်အားဖော်ထုတ်ခြင်းရှင်းပြခြင်းမရှိခဲ့ပါ။ တခြားနိုင်ငံတနိုင်ငံတွင်သာယခုကဲ့သို့ နိုင်ငံတော်၏ ထိပ်တန်းအဆင့် ပုဂ္ဂိုလ်တယောက်အားလုပ်ကြံရန် ကြံစည် ခြင်း ဖြစ်နိုင်သည်ဟူသောသံသယကို ပြည်သူကပြောဆိုလာသည်ဖြစ်စေ၊ မပြောဆိုသည် ဖြစ်စေ ရဲတပ်ဖွဲ့၏ တာဝန်သာဖြစ်ကြောင်းကောင်းစွာနားလည်ကြပါသည်။ ယခုသည်ကိစ္စ ဖြစ်ပျက်ခဲ့၍ တပတ်ကြာသည့်တိုင် မြန်မာနိုင်ငံရန်ကုန်ရဲတပ်ဖွဲ့ထံမှ မည်သည့်ရှင်းလင်းချက်မျှ ထွက်မလာပါ။

ဒေါက်တာမျိုးညွှန့်က အင်အယ်လ်ဒီပါတီတွင် ထောက်လှမ်းရေးကိရိယာများထောက်လှမ်း ရေးတာဝန် ယူထားသူမရှိပါ။ ပြည်သူ၏ စောင့်ရှောက်မှုဖြင့်သာရပ်တည်နေကြခြင်းဖြစ်သည်ဟုဆိုပါသည်။ သို့သော် အင်အယ်လ်ဒီပါတီသည် ဉာဏ်ကိုလွှာသုံးပြီးမဖြစ်မနေ နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကိုကာကွယ် စောင့်ရှောက်ပေးရန် လိုပါသည်။ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မည့် ပွဲမှန်သမျှ  တနေရာတည်းတွင် ကျင်းပခြင်းကတဘက်မှ အကြံအစည်နှင့် လုပ်ကြံမည့်သူများအား အခန်း အနေအထား မည်သည့် လမ်းကြောင်းမှ ဝင်သည် ထွက်သည်တို့ကိုတွက်ဆရလွယ်ကူစေပါသည်။

စာရေးသူတို့ ဝန်ထမ်းဘဝတုန်းကဗိုလ်ချုပ်ခင်ညွှန့်တက်မည့်ပွဲသို့ မည်သည့်ဝန်ထမ်းများတက်မည်၊ မည် သည့် အစားအစားကျွေးမည်၊ မည်သည့်အခန်းတွင် ကျင်းပမည် အနည်းဆုံး ၂ ပတ် ကြိုတင်ပြီးထောက်လှမ်းရေး သို့ပေး ရပါသည်။ အခမ်းအနားမစမီညဘက်တွင် မိုင်းရှာသည့် ခွေးကြီးများဖြင့် မိုင်းရှာပြီးချိန်မှ စ၍ ထိုဧရိယာ တွင်းမှ ဗိုလ်ချုပ်ခင်ညွှန့် ပြန်မထွက် မချင်းထိုနေရာသည် မူလဝန်ကြီး ဌာနကဘာမျှ ဝင်ဆောင်ရွက်ခွင့်မရှိဘဲ ထောက်လှမ်းရေးကသာလုံခြုံရေးကိုတာဝန်ယူထားပါသည်။

အင်အယ်လ်ဒီသည် အင်တာနက်မှ တဆင့် ထောက်လှမ်းရေးပညာ၊ ယနေ့ခေတ်သုံးထောက်လှမ်းရေး ကရိယာ စသည်တို့ကို လေ့လာ လျက်၊ မိမိအတွင်းစည်းကလည်းဒေါ်အောင်ဆန်းစုကြည်သာမကဦးဝင်းမြင့်နှင့် တခြားအစိုးရခေါင်းဆောင်များ ပါတီခေါင်းဆောင် များ၏ လုံခြုံရေးကိုတစ်ပိုင်တစ်နိုင် ဆောင်ရွက်သင့်ပါသည်။ တဘက်က အာဏာယစ်မူးနေသူများ၏ အဓိကပစ်မှတ်သည် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။

သတိဟူသည် ပိုသည်မရှိ။ လိုသည်သာရှိကြောင်းဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရမှုက ပြသခဲ့ပြီးဖြစ်ပါ သည်။ မည်သူမလိုလား သည် ဖြစ်စေလိုလားသည်ဖြစ်စေလူတယောက်၏ အသက်တစ်ချောင်းအနေဖြင့်လည်းကောင်း လက်ရှိ နိုင်ငံခေါင်းဆောင် တယောက် အနေဖြင့် လည်း နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ပြည်သူ နှင့် အင်အယ်လ်ဒီအတူလက်တွဲလျက် တတ်အားသမျှ ကာကွယ်စောင့်ရှောက်ကြရ မည်ဖြစ် ပါသည်။

                                             ခင်နှင်းဦး 

(  Zawgyi  )

 ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးအစဥ္အလာတြင္ လူထုတစ္ရပ္လုံးကေလးစားၾကည္ညိဳေထာက္ခံေနေစကာမူ၊ ေလာဘေဒါသေမာဟ ပိတ္ဖုံးသူလူတစုရွိေနပါကလူထုအားလုံးနီးပါး၏ ဆႏၵကိုမ်က္ကြယ္ျပဳလ်က္ မလုပ္ဝံ့ မလုပ္ ႏိုင္သည့္ ရက္စက္ၾကမ္းၾကဳတ္မႈဟူသည္ သူတို႔အတြက္ မရွိဆိုေသာသင္ခန္းစာကို ဗိုလ္ခ်ဳပ္ေအာင္ဆန္း လုပ္ႀကံခံရ ျခင္းကသက္ေသအျဖစ္ ျပသခဲ့ၿပီးျဖစ္ပါသည္။ ဗိုလ္ခ်ဳပ္ သည္ သူ႔စိတ္ႏွင့္ သူတစ္ပါးအား ႏႈိင္းယွဥ္ကာ သူသည္ တိုင္းျပည္အတြက္ အလုပ္လုပ္ေနသူျဖစ္၍ ရန္သူမရွိဟုမိမိကိုယ္မိမိယုံၾကည္မႈ တစ္ဘက္စြန္းေရာက္ခဲ့ပါသည္။ စင္စစ္ေလာကတြင္ ေလာကီေရးမဆိုထားႏွင့္ ေလာကုတၱရာအေရး၌ပင္ ရန္သူရွိပါသည္။ ဗုဒၶျမတ္စြာ ဘုရားသည္ အမ်ိဳးဇာတ္ခြဲျခားလ်က္ ဇာတ္နိမ့္ ဇာတ္ျမင့္ အယူျပင္းထန္သည့္ သာကီဝင္မင္းမ်ိဳးမွ ဆင္းသက္ ေပါက္ဖြားလာ သူျဖစ္ ပါသည္။

သို႔ေသာ္ ဘဝအဆက္ဆက္ ျဖည့္ဆည္းခဲ့သည့္ ပါရမီရင့္သန္လာခ်ိန္ ၃၁ ဘုံတြင္ က်င္လည္ေနၾကသည့္ သတၱဝါအားလုံးအတြက္ ရည္႐ြယ္လ်က္ ဘုရားအျဖစ္သို႔ ေရာက္ရွိသည္ထိက်င့္ႀကံအားထုတ္ခဲ့သူျဖစ္ပါသည္။ လူ နတ္ ျဗမၼာ၊ငရဲ၊ တိရစာၦန္၊ ၿပိတၱာ၊ အသူရကာယ္ အစရွိေသာ ၃၁ ဘုံသားမ်ားအားမဟာေမတၱာ၊ မဟာဂ႐ုဏာထား ဘုရားအျဖစ္က်င့္ႀကံခဲ့ေစကာမူ၊ ဘုရားစျဖစ္ခ်ိန္၌ပင္ မာရ္နတ္အား ရင္ဆိုင္ခဲ့ရသူျဖစ္ပါသည္။ သည့္ေနာက္ ေယာက္ဖေတာ္သူ ေဒဝဒတ္ရဟန္း၏ ေႏွာင့္ယွက္ယွဥ္ၿပိဳင္မႈ အမ်ိဳးမ်ိဳးကို ရင္ဆိုင္ခဲ့ရသူ ျဖစ္ပါသည္။

ေလာကုတၱရာနယ္ပယ္၌ပင္ ေနရာလုမႈ၊ ေခါင္းေဆာင္ျဖစ္လိုမႈရွိေနေပရာ၊ ေလာကီနယ္ပယ္တြင္ ရာထူး၊ အာဏာအတြက္ မလုပ္သင့္ မလုပ္ထိုက္ဟုသာမန္လူမ်ားထင္သည့္ ရက္စက္သတ္ျဖတ္မႈသည္ အဆိုပါ အာဏာ ႏွင့္ ေနရာကိုမည္သည့္ နည္းျဖင့္ရရ အရယူမည္ ဆိုေသာလူစားမ်ားအတြက္ ထမင္းစားေရေသာက္ကိစၥထက္ပင္ လြယ္ကူသည့္ အလုပ္ျဖစ္ပါသည္။ ထို႔ေၾကာင့္ ေရွးကလည္းအာဏာႏွင့္ ေနရာအတြက္ ထိပ္ဆုံးေနရာက္ေနသူ ကိုလုပ္ႀကံသတ္ျဖတ္ခဲ့ၾကသည္။ ယခုလည္းကမာၻတြင္ အာဏာႏွင့္ ေနရာအတြက္ လုပ္ႀကံ သတ္ျဖတ္ မႈမ်ား အခါအားေလ်ာ္စြာရွိခဲ့သည္ကိုအားလုံးသိၾကပါသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း၊ ဂႏၵီႀကီး၊ လင္ကြန္း၊ ဂြၽန္အက္ဖ္ ကေနဒီ၊ ေရာဘတ္ကေနဒီ၊ အင္ႏၵီယာဂႏၵီ၊ ရာဂ်စ္ ဂႏၵီ၊ ဆန္ေဂ်းဂႏၵီ၊ ဘာနက္ဇာဘူတို စသျဖင့္ နမူနာေျမာက္ျမားစြာရွိပါသည္။ မည္သည့္ ႏိုင္ငံ၊ မည္သည့္လူမ်ိဳးျဖစ္ေစ ႏိုင္ငံေရးအာဏာႏွင့္ ရာထူးအတြက္ ႐ိုး႐ိုးမယွဥ္ၿပိဳင္ႏိုင္ၾကေတာ့သည့္အခါ ဤသို႔ လုပ္ႀကံသတ္ျဖတ္မႈ ေပၚ ေပါက္တတ္သည္ကိုအင္အယ္လ္ဒီအစိုးရႏွင့္ ပါတီအဖို႔ အစဥ္သတိခ်ပ္ရန္ လိုလွေၾကာင္း၊ စက္တင္ဘာ ၂၄ ရက္ ေန႔က ႏိုဗိုတယ္ဟိုတယ္တြင္ က်င္းပသည့္ ေအာင္ဆန္း႐ုပ္ရွင္ စတင္ ႐ိုက္ကူး ေရး အခမ္းအနားသို႔ တက္ေရာက္ လာသည့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္၏ မ်က္ႏွာကိုေလဆာပြိဳင့္ျဖင့္ ထိုးလိုက္ျခင္းက ျပသေနပါသည္။

၁၉၈၈ ေနာက္ပိုင္း ျမန္မာ့ႏိုင္ငံေရးေလာကထဲသို႔ ေဒၚေအာင္ဆန္းစုၾကည္ ဝင္ေရာက္လာသည္ကို နည္းနည္းမွ်ပင္ မႀကိဳက္ၾက လက္မခံ ခ်င္ ၍ နည္းမ်ိဳးစုံသုံးတားဆီးရန္ လုပ္ေဆာင္ခဲ့သည္မ်ားအား လူထု သိၿပီးျဖစ္ပါ သည္။ ထိုထဲမွ ထင္ရွားေသာအျဖစ္အပ်က္တခ်ိဳ႕ကား ဒီပဲယင္းၿမိဳ႕အဝင္ က်ည္႐ြာ၌ လူစုလူေဝးျဖင့္ ေဒၚေအာင္ ဆန္းစုၾကည္ကိုသတ္ရန္ ျပဳလုပ္ခဲ့သည္ကို ျပည္တြင္း ျပည္ပအားလုံး က သိၾက ပါသည္။

၂၁၀၉ ႏွစ္ဆန္းတြင္ အင္အယ္လ္ဒီပါတီက ၂၀၀၈ ဖြဲ႕စည္းပုံျပင္ဆင္ရန္ ပူးေပါင္းေကာ္မတီဖြဲ႕ေရး အဆို တင္သြင္းခ်ိန္ကမွ စ၍ လႊတ္ေတာ္ထဲ ၌ အုပ္စု ၂ စုကြဲျပားသြားသည္ကို ျပည္သူတို႔ ထင္ထင္ရွားရွား ေတြ႕ခဲ့ၾက ရၿပီျဖစ္ပါသည္။ ၂၀၀၈ ဖြဲ႕စည္းပုံသည္ ေ႐ြးေကာက္ခံ ပါတီကေရးဆြဲသည့္ အေျခခံဥပေဒမဟုတ္ဘဲ၊ တပ္မေတာ္က အဓိကပါဝင္ေရးဆြဲထားသည့္ျပင္ အတည္ျပဳစဥ္က အစိုးရ တရားဝင္ေဖာ္ျပခဲ့ေသာ ျမန္မာႏိုင္ငံလူဦးေရသည္ မွား ေနသျဖင့္ တရားမဝင္သည့္ ဥပေဒဟုေျပာဆိုသူမ်ားလည္းရွိၾကပါသည္။ သို႔ေသာ္ မည္သူကေရးဆြဲသည္ျဖစ္ေစ အေျခခံဥပေဒတစ္အုပ္ထဲတြင္ ေရွ႕မွ ဥပေဒကခြင့္ျပဳထားေသာအခ်က္ကိုေနာက္မွလာေသာဥပေဒတြင္ ျပန္ ပိတ္ ထားသည္မ်ိဳးတခုမကပါရွိေနပါသည္။ ထို႔ျပင္ ဒီမိုကေရစီစနစ္ႏွင့္ မေလ်ာ္ညီေသာဥပေဒမ်ားလည္းပါဝင္ ေနပါသည္။ သည္ေတာ့ သည္လိုဥပေဒကို ျပင္ဆင္ရန္ ပူးေပါင္းေကာ္မတီဖြဲ႕သည္ကိုပင္ ဆတ္ဆတ္ခါ ေနၾကသည့္ ကိုယ္စားလွယ္မ်ား ထြက္လာသည္ ကို ေတြ႕ရျခင္းက ျပည္သူအတြက္ အျမတ္ျဖစ္ပါသည္။

၂၀၁၉ ဇန္နဝါရီ ၂၉ ရက္ေန႔ လႊတ္ေတာ္ထဲတြင္ အေျခခံဥပေဒ ျပင္ဆင္ေရးပူးေပါင္းေကာ္မတီဖြဲ႕ရန္ အ ဆိုတင္သြင္းသည့္ေန႔မွ စ၍ ယေန႔ထိအင္အယ္လ္ဒီပါတီပါတီႏွင့္ တျခားတိုင္းရင္းသားပါတီတခ်ိဳ႕၏ သေဘာထား ႏွင့္ ရပ္တည္မႈကိုလူထုက ျမင္ေတြ႕ရသည့္ နည္း တူ သည္ဥပေဒတြင္ ပါဝင္ေနသည့္ ဒီမိုကေရစီအခြင့္အေရးမ်ား ကို ပင္ ထပ္မံပိတ္ပင္လိုသည့္ အစုအဖြဲ႕မ်ားရွိေၾကာင္း လူထုက ထင္ရွား စြာျမင္ေတြ႕လိုက္ၾကရပါသည္။ အမ်ားေဝဖန္ ေနသကဲ့သို႔ ေျခဥကိုအင္အယ္လ္ဒီဘက္မွ လည္း ျပင္ႏိုင္မည္မဟုတ္၊ တပ္မေတာ္ႏွင့္ ျပည္ခိုင္ၿဖိဳးကလည္း ျပင္ႏိုင္ မည္မဟုတ္။ အဘယ္ေၾကာင့္ဆိုေသာ္ အင္အယ္လ္ဒီဘက္က ျပင္ဆင္ရန္တင္သည့္ အခ်က္မ်ားျဖစ္ေစ၊ တပ္မ ေတာ္ ႏွင့္ ျပည္ခိုင္ၿဖိဳးက ျပင္ဆင္လိုေသာအခ်က္မ်ားျဖစ္ေစမဲခြဲဆုံးျဖတ္သည့္အခါ မည္သည့္အဖြဲ႕ကမွ အမတ္ ၇၅ ရာခိုင္ႏႈန္း ေက်ာ္၏ ေထာက္ခံမႈကိုရၾကမည္မဟုတ္ပါ။

သို႔ျဖင့္ ျပည္သူက ျပင္မရမည့္ ၂၀၀၈ ဖြဲ႕စည္းပုံအတြက္ အဘယ္ေၾကာင့္ အခ်ိန္ကုန္ ေလကုန္ခံေနၾက သနည္းဟု ကနဦးပိုင္းက ေတြး ေသာ္လည္း၊ ယခုအခါ အင္အယ္လ္ဒီ၏ ႏိုင္ငံေရးပရိယာယ္ပါးနပ္မႈကိုနား လည္ သြားၾကပါသည္။ ျမန္မာျပည္တြင္ မည္သူေတြက မည္သည့္ အဖြဲ႕အစည္းမ်ားက ၂၀၀၈ ေျခဥကိုမျပင္ဆင္ခ်င္ၾကသ နည္း ဆိုသည့္ အေျဖကိုလူထုအားပါးစပ္မွ တခြန္းမွ် မေျပာဘဲ ျပသေပးလိုက္ပါသည္။ လူထုကလည္းနားလည္ သေဘာေပါက္ၾကပါသည္။

၂၀၀၈ ေျခဥ ျပင္မည္ မျပင္ဘူးေထာက္ခံသူဆန႔္က်င္သူမ်ားလမ္းေပၚထြက္လာစဥ္က ျပင္ဆင္လိုသူမ်ား ေၾကာင္း အားလုံးအသိျဖစ္ ပါသည္။ သို႔ျဖင့္ ႏိုင္ငံေရးတြင္ အမ်ားစုကလက္ခံေနဆဲျဖစ္သည့္ ေဒၚေအာင္ဆန္းစု ၾကည္သည္ အျမင္မတူတို႔အတြက္ သို႔မဟုတ္ နဂိုကပင္ မႀကိဳက္ မုန္းတီးေနသူမ်ားအတြက္ အာဏာျပန္လည္ရရွိေရး ခရီးတြင္ အႀကီးမားဆုံးဆူးေညာင့္ခလုတ္ျဖစ္ေနႏိုင္ပါသည္။ ထိုအခ်က္ကိုေဒၚေအာင္ဆန္းစုၾကည္ သတိမထားမိမည္မဟုတ္ သတိထားေၾကာင္း ေလဆာေရာင္ျခည္လာရာသို႔ ေမာ့္ၾကည့္ေနျခင္း ကေဖာ္ျပ ေနပါသည္။

အင္အယ္လ္ဒီပါတီ၏ ေျပာေရးဆိုခြင့္ရွိသူေဒါက္တာမ်ိဳးၫႊန႔္က ထိုျဖစ္ရပ္သည္ လုံၿခဳံေရးစည္းက်ိဳး ေပါက္ျခင္းျဖစ္သည္ ဟုဆိုခဲ့ ပါသည္။ ရန္ကုန္တိုင္းရဲတပ္ဖြဲ႕ကစုံစမ္းစစ္ေဆးေနသည္ဟုေဒါက္တာမ်ိဳးၫႊန႔္က ဆိုပါသည္။ သို႔ေသာ္ သည္ကေန႔ထိ ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕ကသည္ျဖစ္စဥ္အားေဖာ္ထုတ္ျခင္းရွင္းျပျခင္းမရွိခဲ့ပါ။ တျခားႏိုင္ငံတႏိုင္ငံတြင္သာယခုကဲ့သို႔ ႏိုင္ငံေတာ္၏ ထိပ္တန္းအဆင့္ ပုဂၢိဳလ္တေယာက္အားလုပ္ႀကံရန္ ႀကံစည္ ျခင္း ျဖစ္ႏိုင္သည္ဟူေသာသံသယကို ျပည္သူကေျပာဆိုလာသည္ျဖစ္ေစ၊ မေျပာဆိုသည္ ျဖစ္ေစ ရဲတပ္ဖြဲ႕၏ တာဝန္သာျဖစ္ေၾကာင္းေကာင္းစြာနားလည္ၾကပါသည္။ ယခုသည္ကိစၥ ျဖစ္ပ်က္ခဲ့၍ တပတ္ၾကာသည့္တိုင္ ျမန္မာႏိုင္ငံရန္ကုန္ရဲတပ္ဖြဲ႕ထံမွ မည္သည့္ရွင္းလင္းခ်က္မွ် ထြက္မလာပါ။

ေဒါက္တာမ်ိဳးၫႊန႔္က အင္အယ္လ္ဒီပါတီတြင္ ေထာက္လွမ္းေရးကိရိယာမ်ားေထာက္လွမ္း ေရးတာဝန္ ယူထားသူမရွိပါ။ ျပည္သူ၏ ေစာင့္ေရွာက္မႈျဖင့္သာရပ္တည္ေနၾကျခင္းျဖစ္သည္ဟုဆိုပါသည္။ သို႔ေသာ္ အင္အယ္လ္ဒီပါတီသည္ ဉာဏ္ကိုလႊာသုံးၿပီးမျဖစ္မေန ႏိုင္ငံေတာ္၏ အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္ကိုကာကြယ္ ေစာင့္ေရွာက္ေပးရန္ လိုပါသည္။ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ မည့္ ပြဲမွန္သမွ်  တေနရာတည္းတြင္ က်င္းပျခင္းကတဘက္မွ အႀကံအစည္ႏွင့္ လုပ္ႀကံမည့္သူမ်ားအား အခန္း အေနအထား မည္သည့္ လမ္းေၾကာင္းမွ ဝင္သည္ ထြက္သည္တို႔ကိုတြက္ဆရလြယ္ကူေစပါသည္။

စာေရးသူတို႔ ဝန္ထမ္းဘဝတုန္းကဗိုလ္ခ်ဳပ္ခင္ၫႊန႔္တက္မည့္ပြဲသို႔ မည္သည့္ဝန္ထမ္းမ်ားတက္မည္၊ မည္ သည့္ အစားအစားေကြၽးမည္၊ မည္သည့္အခန္းတြင္ က်င္းပမည္ အနည္းဆုံး ၂ ပတ္ ႀကိဳတင္ၿပီးေထာက္လွမ္းေရး သို႔ေပး ရပါသည္။ အခမ္းအနားမစမီညဘက္တြင္ မိုင္းရွာသည့္ ေခြးႀကီးမ်ားျဖင့္ မိုင္းရွာၿပီးခ်ိန္မွ စ၍ ထိုဧရိယာ တြင္းမွ ဗိုလ္ခ်ဳပ္ခင္ၫႊန႔္ ျပန္မထြက္ မခ်င္းထိုေနရာသည္ မူလဝန္ႀကီး ဌာနကဘာမွ် ဝင္ေဆာင္႐ြက္ခြင့္မရွိဘဲ ေထာက္လွမ္းေရးကသာလုံၿခဳံေရးကိုတာဝန္ယူထားပါသည္။

အင္အယ္လ္ဒီသည္ အင္တာနက္မွ တဆင့္ ေထာက္လွမ္းေရးပညာ၊ ယေန႔ေခတ္သုံးေထာက္လွမ္းေရး ကရိယာ စသည္တို႔ကို ေလ့လာ လ်က္၊ မိမိအတြင္းစည္းကလည္းေဒၚေအာင္ဆန္းစုၾကည္သာမကဦးဝင္းျမင့္ႏွင့္ တျခားအစိုးရေခါင္းေဆာင္မ်ား ပါတီေခါင္းေဆာင္ မ်ား၏ လုံၿခဳံေရးကိုတစ္ပိုင္တစ္ႏိုင္ ေဆာင္႐ြက္သင့္ပါသည္။ တဘက္က အာဏာယစ္မူးေနသူမ်ား၏ အဓိကပစ္မွတ္သည္ ေဒၚေအာင္ဆန္းစုၾကည္ ျဖစ္သည္။

သတိဟူသည္ ပိုသည္မရွိ။ လိုသည္သာရွိေၾကာင္းဗိုလ္ခ်ဳပ္ေအာင္ဆန္းလုပ္ႀကံခံရမႈက ျပသခဲ့ၿပီးျဖစ္ပါ သည္။ မည္သူမလိုလား သည္ ျဖစ္ေစလိုလားသည္ျဖစ္ေစလူတေယာက္၏ အသက္တစ္ေခ်ာင္းအေနျဖင့္လည္းေကာင္း လက္ရွိ ႏိုင္ငံေခါင္းေဆာင္ တေယာက္ အေနျဖင့္ လည္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္၏ လုံၿခဳံေရးကို ျပည္သူ ႏွင့္ အင္အယ္လ္ဒီအတူလက္တြဲလ်က္ တတ္အားသမွ် ကာကြယ္ေစာင့္ေရွာက္ၾကရ မည္ျဖစ္ ပါသည္။

                                             ခင္ႏွင္းဦး