【 ဆောင်းပါး 】 အင်အယ်လ်ဒီအစိုးရ ပခုံးပေါ်ရောက်နေတဲ့ သမိုင်းပေးတာဝန်

【 ဆောင်းပါး 】 အင်အယ်လ်ဒီအစိုးရ ပခုံးပေါ်ရောက်နေတဲ့ သမိုင်းပေးတာဝန်

စာရေးဆရာကြီး ဗန်းမော်တင်အောင် က “လူတစ်ယောက် သူ့တာဝန်ကို ဘယ်လောက်ကျေပွန်သလဲဆိုတာကို သူ့ပခုံးပေါ် ကျရောက်နေတဲ့ သမိုင်းပေးတာဝန်ကို ဘယ်လောက်ထမ်းရွက်ပေးသလဲဆိုတာနဲ့ ဆုံးဖြတ်တိုင်းတာရတယ်” ပါသတဲ့။ဒီစကားဟာ လက်ရှိ အင်အယ်လ်ဒီအစိုးရနဲ့ တိုက်ရိုက်ပတ်သက်လာပါတယ်။
အင်အယ်လ်ဒီအစိုးရရဲ့ ပခုံးပေါ်မှာ သမိုင်းပေးတာဝန်တွေ တပုံတပင်ကျရောက်နေပါတယ်။ဒီတာဝန်တွေထဲမှာ အဓိကတာဝန်နှစ်ရပ် ရှိလာနေတယ်လို့ လက်ရှိ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခြေအနေတွေက ပြသနေပါပြီ။အဲဒါတွေကတော့ လူထုနဲ့ ဝန်ထမ်းထုရဲ့ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲပေးရေးနဲ့ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ကို စည်းစနစ်တကျ တိတိကျကျ ထိန်းသိမ်းရေးဆိုတဲ့ တာဝန် ၂ ရပ် ဖြစ်ပါတယ်။    

အင်အယ်လ်ဒီအစိုးရ စတက်လာချိန်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို ပထမဦးစားပေးအဖြစ် ကိုင်တွယ်ခဲ့ပါတယ်။ပြည်တွင်းငြိမ်းချမ်းရေး ရတာနဲ့ နိုင်ငံပြန်လည်ထူထောင်ရေးနဲ့ စီးပွားရေးကို ဆက်တိုက်လုပ်မယ်လို့ ရည်ရွယ်ပုံရပါတယ်။အင်အယ်လ်ဒီအစိုးရအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လက်နက်ကိုင်အားလုံးရဲ့ အတ္တနဲ့ မာနကို လျှော့တွက်ခဲ့ပုံရပါတယ်။အင်အယ်လ်ဒီအစိုးရ စိတ်ထားလိုပဲ အဖွဲ့တိုင်းက ငြိမ်းချမ်းရေးကို တန်ဖိုးထားမယ်။လိုလိုလားလား ပါဝင်လာကြမယ်လို့ လျှော့တွက်ခဲ့ပုံရပါတယ်။ဒါကြောင့်၂၀၁၆ မှာ ၂၁ ရာစု ပင်လုံညီလာခံကို ခြိမ့်ခြိမ့်သဲကျင်းပခဲ့ပေမဲ့ ဒီကနေ့ ငြိမ်းချမ်းရေးဟာ သောင်မတင်ရေမကျ အခြေအနေပါ။

တစ်ဖက်မှာလဲ အပစ်အခတ် ရပ်ထားတယ်ဆိုတဲ့ ဒေသတချို့မှာ တိုက်ပွဲတွေပြန်ဖြစ်နေရုံသာမက တိုက်ပွဲတစ်ခါဖြစ်လိုက်တိုင်း ရင်ဆိုင်တိုက်ခိုက်ကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့က ထုတ်ပြန်တဲ့ သတင်းဟာ မတူကြလို့ ဘယ်သူ့စကားယုံရမယ်မသိတဲ့ အခြေအနေပါ။ဒါပေမဲ့ ဒေသခံပြည်သူက နှစ်ဘက်လက်နက်ကိုင်တွေကို အနီးကပ်မြင်တွေ့နေရသူတွေဖြစ်လို့ ဘယ်အဖွဲ့က ညာနေတယ်။ဘယ်လက်နက်ကိုင်က အမှန်ကိုပြောနေတယ် ခွဲခြားသိကြပါတယ်။သူခိုးဓားပြတွေမှာတောင် လိုက်နာရတဲ့ ကျင့်ဝတ်ရှိပါတယ်။ဒီနည်းအတူ လက်နက်ကိုင်တွေမှာ စကားမှန်မှန်ပြောရမယ်ဆိုတဲ့ ကျင့်ဝတ်စောင့်ထိန်းကြဖို့ တာဝန်ရှိကြပါတယ်။

ဦးသိန်းစိန်အစိုးရ လက်ထက်မှာ နေပြည်တော်ကို ပြောင်းရွှေ့ရတာကို မကျေနပ်ကြတဲ့ ဝန်ထမ်းထုကို နှစ်သိမ့်တဲ့အနေနဲ့ သြင်္ကန်ပိတ်ရက်ကို ၁၀ ရက် သတ်မှတ်ပေးခဲ့ပါတယ်။ဝန်ထမ်းထုအတွက် ကောင်းပေမဲ့ ၁၀ ရက်လုံးလုံး ရုံးတွေ ဘဏ်တွေ ပိတ်တဲ့ဒဏ်က တိုင်းပြည်ရဲ့ ပုံမှန်လည်ပတ်မှုကို ထိခိုက်စေခဲ့ပါတယ်။ဒါကြောင့် အင်အယ်လ်ဒီအစိုးရ လက်ထက်မှာသြင်္ကန်ပိတ်ရက်ကို မူလအတိုင်းခံစားစေပြီး အရင်အစိုးရပေးခဲ့တဲ့ ၁၀ ရက်ပြည့်စေဖို့ လိုနေတဲ့ရက်ကို သီတင်းကျွတ်နဲ့ တန်ဆောင်မုန်း လပြည့်ရက်တွေနဲ့ ဆက်ပြီးပြန်ဖြည့်ပေးခဲ့ပါတယ်။

ဒီနှစ်မှာတော့ ဝန်ထမ်းထုကို အစိုးရဘက်က ထပ်ပြီးနှစ်သိမ့်ပေးတယ်လို့ ယူဆရတဲ့ ပိတ်ရက်အစားထပ်ဖြည့်ပေးတဲ့ အမိန့်စာထွက်လာပါတယ်။စနေ တနင်္ဂနွေနဲ့ ထပ်တူကျခဲ့တဲ့ တရားဝင်ရုံးပိတ်ရက်တွေကို ပြန်ပြီးအစားပေးတာပါ။ဝန်ထမ်းထုကတော့ ပျော်ရွှင်သွားကြပါတယ်။ဒါပေမဲ့ အင်အယ်လ်ဒီအစိုးရအနေနဲ့ ဘာအလုပ်မှမရှိဘဲ လခထုတ်ယူနေတဲ့ ဝန်ထမ်းတွေ၊ မနက် ၁၀ နာရီမှ ရုံးလာပြီး နေ့လယ် ၂ နာရီခွဲမှာပြန်တဲ့ ဝန်ထမ်းတွေ၊ ဌာနတချို့မှာ အလုပ်တာဝန်ကနည်းပြီး ဝန်ထမ်းက ပိုလျှံနေတာတွေကို ဂဃနဏသိပုံမရပါဘူး။တကယ်တော့ တိုင်းပြည်အဘက်ဘက်က ယိုယွင်းခဲ့တဲ့အထဲမှာ လူထုစိတ်ဓာတ်ပျက်စီးနေတာ၊ ဝန်ထမ်းအများစုစိတ်ဓာတ် ပျက်ပြားနေတာ ဝန်ထမ်းထုထဲမှာ တာဝန်မညီမျှမှု အများကြီးရှိနေတယ် ဆိုတာတွေကို သိပုံမရပါဘူး။

တချို့ဌာနတွေမှာ အလုပ်ကများ ဝန်ထမ်းကနည်းပြီး မနိုင်ဝန် ထမ်းနေကြရပါတယ်။ဒါပေမဲ့ အစိုးရဌာနတချို့မှာ ဘာအလုပ်မှ မယ်မယ်ရရမရှိဘဲ လခထုတ်ယူနေတဲ့ ဝန်ထမ်းတွေလည်း ရှိနေကြပါတယ်။ပုံမှန်အလုပ်လုပ်နေရရုံ ဌာနတွေလည်း ရှိပါတယ်။ပုံမှန်အလုပ်လုပ်နေရုံ ဌာနတွေမှာတောင် အလုပ်ချိန်အတွင်း ဈေးထွက်ဝယ်တာ၊ ကလေး ကျောင်းကြို ကျောင်းပို့ လုပ်တာတွေလုပ်တဲ့ ဝန်ထမ်းတွေ များပြားလှပါတယ်။ရန်ကုန်တိုင်းအတွင်းမှာ ရန်ကုန်ကနေ အနီးဝန်းကျင်က မြို့ရွာတွေဆီ အသွားအပြန် အလုပ်ဆင်းနေသူတွေ၊ မနက် ၁၀ နာရီရောက် ညနေ ၂ နာရီခွဲ ပြန်ကြပါတယ်။တချို့ဌာနတွေက နားလည်မှုအရ အလှည့်နဲ့ ရက်ခြားတက်ကြပါတယ်။ဥပမာ - ရန်ကုန် - ပဲခူး။ရန်ကုန် - ဒလ။ရန်ကုန် - ကွမ်းခြံကုန်း စသဖြင့် နေ့စဉ် အသွားအပြန် အလုပ်ဆင်းနေသူတွေကို အလုပ်ခွင်ကို ရောက်လာချိန် ပြန်ချိန် စာရင်းကောက် သုတေသနလုပ်ကြည့်ပါ။တိုင်းပြည်နစ်နာတဲ့ အလုပ်ချိန်ပေါင်းများစွာ ထွက်လာပါလိမ့်မယ်။တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း ဒီလိုပဲ နေထိုင်ရာမြို့နဲ့ နေ့ချင်းပြန် သွားလာအလုပ်လုပ်နေရတဲ့ ဒေသတွေက ဌာနတွေ၊ ဝန်ထမ်းတွေကို စစ်တမ်းကောက်ကြည့်မယ်ဆိုရင် ဝန်ထမ်းဆီက ဆုံးရှုံးနေတဲ့ လုပ်အားနဲ့ အချိန်တွေဟာ ကြောက်ခမန်းလိလိဆိုတဲ့ အဖြေကိုရပါလိမ့်မယ်။

အစိုးရအနေနဲ့ တက်လာစကသာ ဝန်ထမ်းထုကို ဖိဖိစီးစီးကိုင်တွယ်ခဲ့ရင် ခုချိန်မှာ အသားကျသလောက် ပြုပြင်ပြီးဖြစ်နေမှာပါ။ခုတော့ ဝန်ထမ်းက အရင်အတိုင်း နေလို့ရကြောင်း ကောင်းကောင်းနားလည်နေကြပါပြီ။အရင်ပုံစံအတိုင်း နေထိုင်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေကို ပိတ်ရက်တွေ မပြီးနိုင်မစီးနိုင် အစားထိုးပေးတာ မသင့်တော်ဘူးလို့ ယူဆပါတယ်။စာရေးသူကိုယ်တိုင် ဝန်ထမ်းဖြစ်ခဲ့ဖူးပါတယ်။စာရေးသူတို့ ဝန်ထမ်းသက်တလျှောက် စနေ တနင်္ဂနွေနဲ့ ဂေဇက်တက် ရုံးပိတ်ရက် ထပ်ခဲ့တာမျိုး အကြိမ်များစွာကြုံခဲ့ရပါတယ်။ဘာရက်စားမှ ဘယ်အစိုးရကမှ မပေးခဲ့ပါ။လက်ရှိ ဝန်ထမ်းထု ခွင့်ရက်ပေါပေါများများ ခံစားရတာကို မနာလိုစိတ်နဲ့ ပြောတာရေးတာ မဟုတ်ပါ။
ဝန်ထမ်းမကောင်းဘဲ ဝန်ထမ်းအလုပ်မလုပ်ဘဲ နိုင်ငံကို မတည်ဆောက်နိုင်ဘူးဆိုတဲ့ ခံယူချက်အရ ပြောတာသာဖြစ်ပါတယ်။

အင်အယ်လ်ဒီအစိုးရအနေနဲ့ အလုပ်ဝန်ပိနေတဲ့ ဝန်ထမ်းတွေ အလုပ်မရှိလခရနေတဲ့ ဝန်ထမ်းတွေ တာဝန်ချိန်အတွင်း ဈေးဝယ် ကလေး ကျောင်းပို့ ကျောင်းကြို ဝန်ထမ်းထုအရေးနဲ့ ဝန်ထမ်းအင်အား လိုနေပေမဲ့ အင်အားမပြည့်ဘဲ အလုပ်လုပ်နေရတဲ့ ဌာနတွေနဲ့ အလုပ်ထက် ဝန်ထမ်းအင်အားပိုနေတဲ့ ဌာနတွေ အကြောင်းမှန်မှန်ကန်ကန် မသိရှိလို့ ဝန်ထမ်းနဲ့ ဌာန အလုပ်ချိန်ခွင်ညှာ ညှိမပေးနိုင်ဘူးဆိုရင် အင်အယ်လ်ဒီအစိုးရရဲ့ လက်ကျန်သက်တမ်းမှာလည်း လုပ်ငန်းအောင်မြင်မှု နည်းပါးမှာပါ။၂၀၂၀ အလွန် တက်လာမယ့် အစိုးရအတွက်လည်း တာဝန်သိစိတ်၊ တာဝန်ယူစိတ် နည်းပါးပေမဲ့ အခွင့်အရေးရသလို ယူတဲ့စိတ်များပြီး စည်းကမ်းကို လက်တလုံးခြားချိုးဖေါက်တာ ကျွမ်းကျင်တဲ့ ခေါက်ရိုးကျိုးနေတဲ့ ဝန်ထမ်းထုက စောင့်ကြိုနေပါလိမ့်မယ်။

အင်အယ်လ်ဒီအစိုးရအနေနဲ့ သူ့ပခုံးပေါ်ကျလာတဲ့ သမိုင်းပေးတာဝန်ကို ပြည်တွင်းငြိမ်းချမ်းရေး ရယူပေးဖို့ ပထမ၊ အမျိုးသားရင်ကြားစေ့ဖို့ ဒုတိယနဲ့ တိုင်းပြည်စီးပွားရေး နလန်ပြန်ထူဖို့ တတိယလို့ သတ်မှတ်ခဲ့ပုံရပါတယ်။ဒါပေမဲ့ ဒီနှစ် သြဂုတ်လ ၉ ရက်နေ့ကစ ဖြစ်ပေါ်လာတဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ရေကြီးရေလျှံမှုမှာ တောင်ပြိုတာ မြေပြိုတာ နောက်ဆက်တွဲအဖြစ် ပါလာပါပြီ။ အစိုးရအနေနဲ့ အမျိုးသားရင်ကြားစေ့ရေးကို မျက်နှာမူတဲ့အတွက်ရော ဥပဒေကြောင်းအရ စောင့်ထိန်းတဲ့အနေနဲ့ အရင်အစိုးရ ချုပ်ဆိုခဲ့တဲ့ စီမံကိန်းကိုတွေကို စာချုပ်ပါ သက်တမ်းမစေ့မချင်း မကိုင်တွယ်ဘဲ သက်တမ်းကုန်ဆုံးချိန်ကို စောင့်ဆိုင်းနေတယ်လို့ ယူဆမိပါတယ်။

ဒါပေမဲ့ ပေါင်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တောင်ပြိုမြေပြိုမှုနဲ့ တနင်္သာရီတိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တောင်ပြိုမြေပြိုမှုတွေက သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ရသမျှအချိန်မဆိုင်းဘဲ ပြန်ထိန်းရင်ထိန်း မထိန်းရင် မြန်မာနိုင်ငံအနှံ့ ကြီးမားတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ရင်ဆိုင်ရတော့မယ်။လူ့အသက်အိုးအိမ် စည်းစိမ်များစွာ ပျက်စီးဆုံးရုံးမှုတွေကို ရင်ဆိုင်ရတော့မယ်ဆိုတာကို ပြသလိုက်ပါပြီ။အရင်ကလည်း မြန်မာနိုင်ငံမှာ သတ္တုတူးဖော်တာ၊ ကျောက်တူးတာ၊ ကျောက်ထုတ်တာတွေ ရှိပေမဲ့ တပိုင်တနိုင် ထုတ်လုပ်ကြတာသာ ဖြစ်ပါတယ်။ဒီကနေ့ သယံဇာတတွေကို ထုတ်ခွင့်ပြုထားပုံက ကြီးမားလှတဲ့ စက်ယန္တရားကြီးတွေ ဓာတုပစ္စည်းတွေသုံးပြီး အရေခွံစုတ်တဲ့ထိ ထုတ်ယူနေပုံနဲ့ ထုတ်ယူနေတာဖြစ်ပါတယ်။

သယံဇာတကုန်တာ ပြဿနာမဟုတ်ပါဘူး။ပြည်သူလူထုကသာ အရေးအကြီးဆုံးလို့ နိုင်ငံ့ခေါင်းဆောင်တစ်ဦးက ပြောဖူးပေမဲ့ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် အလွန်အကျွံပျက်လာရင် လူတွေသေကြေရမယ်။နွေမှာ မနေနိုင်အောင်ပူပြီး မိုးမှာအဆမတန်မိုးရွာလို့ ရေကြီးတဲ့ဘေးသာမက အမာခံမရှိတော့တဲ့ ကျစ်လစ်သိပ်သည်းမှု အားလျော့နည်းနေတဲ့ တောင်တွေ မြေတွေပါ ပြိုကျပြီး တိုင်းပြည်ရစရာမရှိ ဖြစ်တော့မယ်ဆိုတာကို ပြသလိုက်ပါပြီ။ဆောင်းဆိုတာလည်း ပျောက်သွားမယ်။ရေသောက်စရာမရှိတဲ့နွေ နေစရာနေရာမရှိတဲ့နွေနဲ့ ပြေးရမယ့် သေရမယ့် မိုးလာတော့မယ်ဆိုတာ ပြသနေပါပြီ။

ငြိမ်းချမ်းရေးကို အင်မတန်ဖေါ်ဆောင်ပေးချင်တဲ့ လူထုခေါင်းဆောင် အမေစု က လက်နက်ကိုင်တွေကို မကြာခဏမေးလေ့ရှိပါတယ်။အနာဂတ်မျိုးဆက်အတွက် ဘယ်လိုနို်င်ငံအဖြစ် အမွေချန်ခဲ့ချင်သလဲဆိုတဲ့ မေးခွန်းပါ။ဒီကနေ့ လူထုက အင်အယ်လ်ဒီအစိုးရနဲ့ ၂၀၂၀ အလွန် တက်လာမယ့် အစိုးရကိုမေးရမယ့် မေးခွန်းရှိလာပါပြီ။
အဲဒါကတော့ အနာဂတ်မျိုးဆက်အတွက် နှစ်စဉ်ကျရောက်လာတော့မယ့် သဘာဝဘေးဒဏ်ကြောင့် အသက်အန္တရာယ်ကို တထိတ်ထိတ် စိုးရိမ်နေရတဲ့ တိုင်းပြည်အဖြစ် အနာဂတ်မျိုးဆက်လက်ထဲ မထားရစ်မယ့် အစိုးရမဟုတ်လားဆိုတဲ့ မေးခွန်းပါ။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က ၂၀၇၀ မှာ ရန်ကုန် အပါအဝင် မြို့ငါးမြို့ ရေအောက်ရောက်တော့မယ်လို့ ထောက်ပြနေပါပြီ။သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦး က မြန်မာတွေ ခေါက်ရိုးကျိုးနေတဲ့ အတွေးအခေါ် အယူအဆတွေကို မပြောင်းဘဲ ပြောင်းလဲနေတဲ့ ကမ္ဘာ့ရာသီဥတုနဲ့အညီ မြန်မာ့သဘာဝပတ်ဝန်းကျင်ကို မထိန်းသိမ်းဘူးဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာ့မြေပုံပေါ်ကနေ ပျောက်ကွယ်သွားနိုင်တယ်လို့ သတိပေးနေကြပါပြီ။

အင်အယ်လ်ဒီအစိုးရရဲ့ လက်ကျန်သက်တမ်းမှာ နှစ်ငါးဆယ်ကျော်ကြာ ခေါက်ရိုးကျိုးလာတဲ့ ဝန်ထမ်းထုလူထုရဲ့ စိတ်ဓာတ်ကို ရသမျှပြုပြင်ပေးဖို့နဲ့ မြန်မာ့လက်ရှိသဘာဝပတ်ဝန်းကျင်ကို စနစ်တကျ တိတိကျကျ ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုတဲ့ တာဝန် ၂ ရပ်ကို ထမ်းပေးမှသာ အနာဂတ်မျိုးဆက်အတွက် ၂၀၂၀ အလွန် ဘယ်အစိုးရတက်တက် မြန်မာနိုင်ငံနဲ့ လူမျိုးအတွက် ကောင်းမွန်တဲ့အနာဂတ်ကို ချန်ပေးတဲ့ သမိုင်းပေးတာဝန် ကျေပွန်တဲ့ အစိုးရအဖြစ် မှတ်ကျောက်တင်ခံပါရလိမ့်မယ်။

ခင်နှင်းဦး
သြဂုတ် - ၁၇

( Zawgyi )

စာေရးဆရာႀကီး ဗန္းေမာ္တင္ေအာင္ က “လူတစ္ေယာက္ သူ႔တာဝန္ကို ဘယ္ေလာက္ေက်ပြန္သလဲဆိုတာကို သူ႔ပခုံးေပၚ က်ေရာက္ေနတဲ့ သမိုင္းေပးတာဝန္ကို ဘယ္ေလာက္ထမ္း႐ြက္ေပးသလဲဆိုတာနဲ႔ ဆုံးျဖတ္တိုင္းတာရတယ္” ပါသတဲ့။ဒီစကားဟာ လက္ရွိ အင္အယ္လ္ဒီအစိုးရနဲ႔ တိုက္႐ိုက္ပတ္သက္လာပါတယ္။
အင္အယ္လ္ဒီအစိုးရရဲ႕ ပခုံးေပၚမွာ သမိုင္းေပးတာဝန္ေတြ တပုံတပင္က်ေရာက္ေနပါတယ္။ဒီတာဝန္ေတြထဲမွာ အဓိကတာဝန္ႏွစ္ရပ္ ရွိလာေနတယ္လို႔ လက္ရွိ ျမန္မာႏိုင္ငံ ရင္ဆိုင္ေနရတဲ့ အေျခအေနေတြက ျပသေနပါၿပီ။အဲဒါေတြကေတာ့ လူထုနဲ႔ ဝန္ထမ္းထုရဲ႕ စိတ္ဓာတ္ကို ျပဳျပင္ေျပာင္းလဲေပးေရးနဲ႔ ျမန္မာႏိုင္ငံရဲ႕ သဘာဝပတ္ဝန္းက်င္ကို စည္းစနစ္တက် တိတိက်က် ထိန္းသိမ္းေရးဆိုတဲ့ တာဝန္ ၂ ရပ္ ျဖစ္ပါတယ္။    

အင္အယ္လ္ဒီအစိုးရ စတက္လာခ်ိန္မွာ ျပည္တြင္းၿငိမ္းခ်မ္းေရးကို ပထမဦးစားေပးအျဖစ္ ကိုင္တြယ္ခဲ့ပါတယ္။ျပည္တြင္းၿငိမ္းခ်မ္းေရး ရတာနဲ႔ ႏိုင္ငံျပန္လည္ထူေထာင္ေရးနဲ႔ စီးပြားေရးကို ဆက္တိုက္လုပ္မယ္လို႔ ရည္႐ြယ္ပုံရပါတယ္။အင္အယ္လ္ဒီအစိုးရအေနနဲ႔ ျမန္မာႏိုင္ငံအတြင္းမွာရွိတဲ့ လက္နက္ကိုင္အားလုံးရဲ႕ အတၱနဲ႔ မာနကို ေလွ်ာ့တြက္ခဲ့ပုံရပါတယ္။အင္အယ္လ္ဒီအစိုးရ စိတ္ထားလိုပဲ အဖြဲ႕တိုင္းက ၿငိမ္းခ်မ္းေရးကို တန္ဖိုးထားမယ္။လိုလိုလားလား ပါဝင္လာၾကမယ္လို႔ ေလွ်ာ့တြက္ခဲ့ပုံရပါတယ္။ဒါေၾကာင့္၂၀၁၆ မွာ ၂၁ ရာစု ပင္လုံညီလာခံကို ၿခိမ့္ၿခိမ့္သဲက်င္းပခဲ့ေပမဲ့ ဒီကေန႔ ၿငိမ္းခ်မ္းေရးဟာ ေသာင္မတင္ေရမက် အေျခအေနပါ။

တစ္ဖက္မွာလဲ အပစ္အခတ္ ရပ္ထားတယ္ဆိုတဲ့ ေဒသတခ်ိဳ႕မွာ တိုက္ပြဲေတြျပန္ျဖစ္ေန႐ုံသာမက တိုက္ပြဲတစ္ခါျဖစ္လိုက္တိုင္း ရင္ဆိုင္တိုက္ခိုက္ၾကတဲ့ လက္နက္ကိုင္တပ္ဖြဲ႕ ၂ ဖြဲ႕က ထုတ္ျပန္တဲ့ သတင္းဟာ မတူၾကလို႔ ဘယ္သူ႔စကားယုံရမယ္မသိတဲ့ အေျခအေနပါ။ဒါေပမဲ့ ေဒသခံျပည္သူက ႏွစ္ဘက္လက္နက္ကိုင္ေတြကို အနီးကပ္ျမင္ေတြ႕ေနရသူေတြျဖစ္လို႔ ဘယ္အဖြဲ႕က ညာေနတယ္။ဘယ္လက္နက္ကိုင္က အမွန္ကိုေျပာေနတယ္ ခြဲျခားသိၾကပါတယ္။သူခိုးဓားျပေတြမွာေတာင္ လိုက္နာရတဲ့ က်င့္ဝတ္ရွိပါတယ္။ဒီနည္းအတူ လက္နက္ကိုင္ေတြမွာ စကားမွန္မွန္ေျပာရမယ္ဆိုတဲ့ က်င့္ဝတ္ေစာင့္ထိန္းၾကဖို႔ တာဝန္ရွိၾကပါတယ္။

ဦးသိန္းစိန္အစိုးရ လက္ထက္မွာ ေနျပည္ေတာ္ကို ေျပာင္းေ႐ႊ႕ရတာကို မေက်နပ္ၾကတဲ့ ဝန္ထမ္းထုကို ႏွစ္သိမ့္တဲ့အေနနဲ႔ ၾသကၤန္ပိတ္ရက္ကို ၁၀ ရက္ သတ္မွတ္ေပးခဲ့ပါတယ္။ဝန္ထမ္းထုအတြက္ ေကာင္းေပမဲ့ ၁၀ ရက္လုံးလုံး ႐ုံးေတြ ဘဏ္ေတြ ပိတ္တဲ့ဒဏ္က တိုင္းျပည္ရဲ႕ ပုံမွန္လည္ပတ္မႈကို ထိခိုက္ေစခဲ့ပါတယ္။ဒါေၾကာင့္ အင္အယ္လ္ဒီအစိုးရ လက္ထက္မွာၾသကၤန္ပိတ္ရက္ကို မူလအတိုင္းခံစားေစၿပီး အရင္အစိုးရေပးခဲ့တဲ့ ၁၀ ရက္ျပည့္ေစဖို႔ လိုေနတဲ့ရက္ကို သီတင္းကြၽတ္နဲ႔ တန္ေဆာင္မုန္း လျပည့္ရက္ေတြနဲ႔ ဆက္ၿပီးျပန္ျဖည့္ေပးခဲ့ပါတယ္။

ဒီႏွစ္မွာေတာ့ ဝန္ထမ္းထုကို အစိုးရဘက္က ထပ္ၿပီးႏွစ္သိမ့္ေပးတယ္လို႔ ယူဆရတဲ့ ပိတ္ရက္အစားထပ္ျဖည့္ေပးတဲ့ အမိန႔္စာထြက္လာပါတယ္။စေန တနဂၤေႏြနဲ႔ ထပ္တူက်ခဲ့တဲ့ တရားဝင္႐ုံးပိတ္ရက္ေတြကို ျပန္ၿပီးအစားေပးတာပါ။ဝန္ထမ္းထုကေတာ့ ေပ်ာ္႐ႊင္သြားၾကပါတယ္။ဒါေပမဲ့ အင္အယ္လ္ဒီအစိုးရအေနနဲ႔ ဘာအလုပ္မွမရွိဘဲ လခထုတ္ယူေနတဲ့ ဝန္ထမ္းေတြ၊ မနက္ ၁၀ နာရီမွ ႐ုံးလာၿပီး ေန႔လယ္ ၂ နာရီခြဲမွာျပန္တဲ့ ဝန္ထမ္းေတြ၊ ဌာနတခ်ိဳ႕မွာ အလုပ္တာဝန္ကနည္းၿပီး ဝန္ထမ္းက ပိုလွ်ံေနတာေတြကို ဂဃနဏသိပုံမရပါဘူး။တကယ္ေတာ့ တိုင္းျပည္အဘက္ဘက္က ယိုယြင္းခဲ့တဲ့အထဲမွာ လူထုစိတ္ဓာတ္ပ်က္စီးေနတာ၊ ဝန္ထမ္းအမ်ားစုစိတ္ဓာတ္ ပ်က္ျပားေနတာ ဝန္ထမ္းထုထဲမွာ တာဝန္မညီမွ်မႈ အမ်ားႀကီးရွိေနတယ္ ဆိုတာေတြကို သိပုံမရပါဘူး။

တခ်ိဳ႕ဌာနေတြမွာ အလုပ္ကမ်ား ဝန္ထမ္းကနည္းၿပီး မႏိုင္ဝန္ ထမ္းေနၾကရပါတယ္။ဒါေပမဲ့ အစိုးရဌာနတခ်ိဳ႕မွာ ဘာအလုပ္မွ မယ္မယ္ရရမရွိဘဲ လခထုတ္ယူေနတဲ့ ဝန္ထမ္းေတြလည္း ရွိေနၾကပါတယ္။ပုံမွန္အလုပ္လုပ္ေနရ႐ုံ ဌာနေတြလည္း ရွိပါတယ္။ပုံမွန္အလုပ္လုပ္ေန႐ုံ ဌာနေတြမွာေတာင္ အလုပ္ခ်ိန္အတြင္း ေဈးထြက္ဝယ္တာ၊ ကေလး ေက်ာင္းႀကိဳ ေက်ာင္းပို႔ လုပ္တာေတြလုပ္တဲ့ ဝန္ထမ္းေတြ မ်ားျပားလွပါတယ္။ရန္ကုန္တိုင္းအတြင္းမွာ ရန္ကုန္ကေန အနီးဝန္းက်င္က ၿမိဳ႕႐ြာေတြဆီ အသြားအျပန္ အလုပ္ဆင္းေနသူေတြ၊ မနက္ ၁၀ နာရီေရာက္ ညေန ၂ နာရီခြဲ ျပန္ၾကပါတယ္။တခ်ိဳ႕ဌာနေတြက နားလည္မႈအရ အလွည့္နဲ႔ ရက္ျခားတက္ၾကပါတယ္။ဥပမာ - ရန္ကုန္ - ပဲခူး။ရန္ကုန္ - ဒလ။ရန္ကုန္ - ကြမ္းၿခံကုန္း စသျဖင့္ ေန႔စဥ္ အသြားအျပန္ အလုပ္ဆင္းေနသူေတြကို အလုပ္ခြင္ကို ေရာက္လာခ်ိန္ ျပန္ခ်ိန္ စာရင္းေကာက္ သုေတသနလုပ္ၾကည့္ပါ။တိုင္းျပည္နစ္နာတဲ့ အလုပ္ခ်ိန္ေပါင္းမ်ားစြာ ထြက္လာပါလိမ့္မယ္။တျခားတိုင္းနဲ႔ ျပည္နယ္ေတြမွာလည္း ဒီလိုပဲ ေနထိုင္ရာၿမိဳ႕နဲ႔ ေန႔ခ်င္းျပန္ သြားလာအလုပ္လုပ္ေနရတဲ့ ေဒသေတြက ဌာနေတြ၊ ဝန္ထမ္းေတြကို စစ္တမ္းေကာက္ၾကည့္မယ္ဆိုရင္ ဝန္ထမ္းဆီက ဆုံးရႈံးေနတဲ့ လုပ္အားနဲ႔ အခ်ိန္ေတြဟာ ေၾကာက္ခမန္းလိလိဆိုတဲ့ အေျဖကိုရပါလိမ့္မယ္။

အစိုးရအေနနဲ႔ တက္လာစကသာ ဝန္ထမ္းထုကို ဖိဖိစီးစီးကိုင္တြယ္ခဲ့ရင္ ခုခ်ိန္မွာ အသားက်သေလာက္ ျပဳျပင္ၿပီးျဖစ္ေနမွာပါ။ခုေတာ့ ဝန္ထမ္းက အရင္အတိုင္း ေနလို႔ရေၾကာင္း ေကာင္းေကာင္းနားလည္ေနၾကပါၿပီ။အရင္ပုံစံအတိုင္း ေနထိုင္လုပ္ကိုင္ေနတဲ့ ဝန္ထမ္းေတြကို ပိတ္ရက္ေတြ မၿပီးႏိုင္မစီးႏိုင္ အစားထိုးေပးတာ မသင့္ေတာ္ဘူးလို႔ ယူဆပါတယ္။စာေရးသူကိုယ္တိုင္ ဝန္ထမ္းျဖစ္ခဲ့ဖူးပါတယ္။စာေရးသူတို႔ ဝန္ထမ္းသက္တေလွ်ာက္ စေန တနဂၤေႏြနဲ႔ ေဂဇက္တက္ ႐ုံးပိတ္ရက္ ထပ္ခဲ့တာမ်ိဳး အႀကိမ္မ်ားစြာႀကဳံခဲ့ရပါတယ္။ဘာရက္စားမွ ဘယ္အစိုးရကမွ မေပးခဲ့ပါ။လက္ရွိ ဝန္ထမ္းထု ခြင့္ရက္ေပါေပါမ်ားမ်ား ခံစားရတာကို မနာလိုစိတ္နဲ႔ ေျပာတာေရးတာ မဟုတ္ပါ။
ဝန္ထမ္းမေကာင္းဘဲ ဝန္ထမ္းအလုပ္မလုပ္ဘဲ ႏိုင္ငံကို မတည္ေဆာက္ႏိုင္ဘူးဆိုတဲ့ ခံယူခ်က္အရ ေျပာတာသာျဖစ္ပါတယ္။

အင္အယ္လ္ဒီအစိုးရအေနနဲ႔ အလုပ္ဝန္ပိေနတဲ့ ဝန္ထမ္းေတြ အလုပ္မရွိလခရေနတဲ့ ဝန္ထမ္းေတြ တာဝန္ခ်ိန္အတြင္း ေဈးဝယ္ ကေလး ေက်ာင္းပို႔ ေက်ာင္းႀကိဳ ဝန္ထမ္းထုအေရးနဲ႔ ဝန္ထမ္းအင္အား လိုေနေပမဲ့ အင္အားမျပည့္ဘဲ အလုပ္လုပ္ေနရတဲ့ ဌာနေတြနဲ႔ အလုပ္ထက္ ဝန္ထမ္းအင္အားပိုေနတဲ့ ဌာနေတြ အေၾကာင္းမွန္မွန္ကန္ကန္ မသိရွိလို႔ ဝန္ထမ္းနဲ႔ ဌာန အလုပ္ခ်ိန္ခြင္ညႇာ ညႇိမေပးႏိုင္ဘူးဆိုရင္ အင္အယ္လ္ဒီအစိုးရရဲ႕ လက္က်န္သက္တမ္းမွာလည္း လုပ္ငန္းေအာင္ျမင္မႈ နည္းပါးမွာပါ။၂၀၂၀ အလြန္ တက္လာမယ့္ အစိုးရအတြက္လည္း တာဝန္သိစိတ္၊ တာဝန္ယူစိတ္ နည္းပါးေပမဲ့ အခြင့္အေရးရသလို ယူတဲ့စိတ္မ်ားၿပီး စည္းကမ္းကို လက္တလုံးျခားခ်ိဳးေဖါက္တာ ကြၽမ္းက်င္တဲ့ ေခါက္႐ိုးက်ိဳးေနတဲ့ ဝန္ထမ္းထုက ေစာင့္ႀကိဳေနပါလိမ့္မယ္။

အင္အယ္လ္ဒီအစိုးရအေနနဲ႔ သူ႔ပခုံးေပၚက်လာတဲ့ သမိုင္းေပးတာဝန္ကို ျပည္တြင္းၿငိမ္းခ်မ္းေရး ရယူေပးဖို႔ ပထမ၊ အမ်ိဳးသားရင္ၾကားေစ့ဖို႔ ဒုတိယနဲ႔ တိုင္းျပည္စီးပြားေရး နလန္ျပန္ထူဖို႔ တတိယလို႔ သတ္မွတ္ခဲ့ပုံရပါတယ္။ဒါေပမဲ့ ဒီႏွစ္ ၾသဂုတ္လ ၉ ရက္ေန႔ကစ ျဖစ္ေပၚလာတဲ့ မြန္ျပည္နယ္နဲ႔ တနသၤာရီတိုင္း ေရႀကီးေရလွ်ံမႈမွာ ေတာင္ၿပိဳတာ ေျမၿပိဳတာ ေနာက္ဆက္တြဲအျဖစ္ ပါလာပါၿပီ။ အစိုးရအေနနဲ႔ အမ်ိဳးသားရင္ၾကားေစ့ေရးကို မ်က္ႏွာမူတဲ့အတြက္ေရာ ဥပေဒေၾကာင္းအရ ေစာင့္ထိန္းတဲ့အေနနဲ႔ အရင္အစိုးရ ခ်ဳပ္ဆိုခဲ့တဲ့ စီမံကိန္းကိုေတြကို စာခ်ဳပ္ပါ သက္တမ္းမေစ့မခ်င္း မကိုင္တြယ္ဘဲ သက္တမ္းကုန္ဆုံးခ်ိန္ကို ေစာင့္ဆိုင္းေနတယ္လို႔ ယူဆမိပါတယ္။

ဒါေပမဲ့ ေပါင္ၿမိဳ႕နယ္မွာ ျဖစ္ပြားခဲ့တဲ့ ေတာင္ၿပိဳေျမၿပိဳမႈနဲ႔ တနသၤာရီတိုင္းမွာ ျဖစ္ပြားခဲ့တဲ့ ေတာင္ၿပိဳေျမၿပိဳမႈေတြက သဘာဝပတ္ဝန္းက်င္ ပ်က္စီးမႈကို ရသမွ်အခ်ိန္မဆိုင္းဘဲ ျပန္ထိန္းရင္ထိန္း မထိန္းရင္ ျမန္မာႏိုင္ငံအႏွံ႔ ႀကီးမားတဲ့ သဘာဝပတ္ဝန္းက်င္ ပ်က္စီးမႈကို ရင္ဆိုင္ရေတာ့မယ္။လူ႔အသက္အိုးအိမ္ စည္းစိမ္မ်ားစြာ ပ်က္စီးဆုံး႐ုံးမႈေတြကို ရင္ဆိုင္ရေတာ့မယ္ဆိုတာကို ျပသလိုက္ပါၿပီ။အရင္ကလည္း ျမန္မာႏိုင္ငံမွာ သတၱဳတူးေဖာ္တာ၊ ေက်ာက္တူးတာ၊ ေက်ာက္ထုတ္တာေတြ ရွိေပမဲ့ တပိုင္တႏိုင္ ထုတ္လုပ္ၾကတာသာ ျဖစ္ပါတယ္။ဒီကေန႔ သယံဇာတေတြကို ထုတ္ခြင့္ျပဳထားပုံက ႀကီးမားလွတဲ့ စက္ယႏၲရားႀကီးေတြ ဓာတုပစၥည္းေတြသုံးၿပီး အေရခြံစုတ္တဲ့ထိ ထုတ္ယူေနပုံနဲ႔ ထုတ္ယူေနတာျဖစ္ပါတယ္။

သယံဇာတကုန္တာ ျပႆနာမဟုတ္ပါဘူး။ျပည္သူလူထုကသာ အေရးအႀကီးဆုံးလို႔ ႏိုင္ငံ့ေခါင္းေဆာင္တစ္ဦးက ေျပာဖူးေပမဲ့ သဘာဝပတ္ဝန္းက်င္ ေဂဟစနစ္ အလြန္အကြၽံပ်က္လာရင္ လူေတြေသေၾကရမယ္။ေႏြမွာ မေနႏိုင္ေအာင္ပူၿပီး မိုးမွာအဆမတန္မိုး႐ြာလို႔ ေရႀကီးတဲ့ေဘးသာမက အမာခံမရွိေတာ့တဲ့ က်စ္လစ္သိပ္သည္းမႈ အားေလ်ာ့နည္းေနတဲ့ ေတာင္ေတြ ေျမေတြပါ ၿပိဳက်ၿပီး တိုင္းျပည္ရစရာမရွိ ျဖစ္ေတာ့မယ္ဆိုတာကို ျပသလိုက္ပါၿပီ။ေဆာင္းဆိုတာလည္း ေပ်ာက္သြားမယ္။ေရေသာက္စရာမရွိတဲ့ေႏြ ေနစရာေနရာမရွိတဲ့ေႏြနဲ႔ ေျပးရမယ့္ ေသရမယ့္ မိုးလာေတာ့မယ္ဆိုတာ ျပသေနပါၿပီ။

ၿငိမ္းခ်မ္းေရးကို အင္မတန္ေဖၚေဆာင္ေပးခ်င္တဲ့ လူထုေခါင္းေဆာင္ အေမစု က လက္နက္ကိုင္ေတြကို မၾကာခဏေမးေလ့ရွိပါတယ္။အနာဂတ္မ်ိဳးဆက္အတြက္ ဘယ္လိုႏို္င္ငံအျဖစ္ အေမြခ်န္ခဲ့ခ်င္သလဲဆိုတဲ့ ေမးခြန္းပါ။ဒီကေန႔ လူထုက အင္အယ္လ္ဒီအစိုးရနဲ႔ ၂၀၂၀ အလြန္ တက္လာမယ့္ အစိုးရကိုေမးရမယ့္ ေမးခြန္းရွိလာပါၿပီ။
အဲဒါကေတာ့ အနာဂတ္မ်ိဳးဆက္အတြက္ ႏွစ္စဥ္က်ေရာက္လာေတာ့မယ့္ သဘာဝေဘးဒဏ္ေၾကာင့္ အသက္အႏၲရာယ္ကို တထိတ္ထိတ္ စိုးရိမ္ေနရတဲ့ တိုင္းျပည္အျဖစ္ အနာဂတ္မ်ိဳးဆက္လက္ထဲ မထားရစ္မယ့္ အစိုးရမဟုတ္လားဆိုတဲ့ ေမးခြန္းပါ။

မိုးေလဝသပညာရွင္ ေဒါက္တာထြန္းလြင္ က ၂၀၇၀ မွာ ရန္ကုန္ အပါအဝင္ ၿမိဳ႕ငါးၿမိဳ႕ ေရေအာက္ေရာက္ေတာ့မယ္လို႔ ေထာက္ျပေနပါၿပီ။သမိုင္းပညာရွင္ ေဒါက္တာသန႔္ျမင့္ဦး က ျမန္မာေတြ ေခါက္႐ိုးက်ိဳးေနတဲ့ အေတြးအေခၚ အယူအဆေတြကို မေျပာင္းဘဲ ေျပာင္းလဲေနတဲ့ ကမာၻ႔ရာသီဥတုနဲ႔အညီ ျမန္မာ့သဘာဝပတ္ဝန္းက်င္ကို မထိန္းသိမ္းဘူးဆိုရင္ ျမန္မာႏိုင္ငံဟာ ကမာၻ႔ေျမပုံေပၚကေန ေပ်ာက္ကြယ္သြားႏိုင္တယ္လို႔ သတိေပးေနၾကပါၿပီ။

အင္အယ္လ္ဒီအစိုးရရဲ႕ လက္က်န္သက္တမ္းမွာ ႏွစ္ငါးဆယ္ေက်ာ္ၾကာ ေခါက္႐ိုးက်ိဳးလာတဲ့ ဝန္ထမ္းထုလူထုရဲ႕ စိတ္ဓာတ္ကို ရသမွ်ျပဳျပင္ေပးဖို႔နဲ႔ ျမန္မာ့လက္ရွိသဘာဝပတ္ဝန္းက်င္ကို စနစ္တက် တိတိက်က် ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ဆိုတဲ့ တာဝန္ ၂ ရပ္ကို ထမ္းေပးမွသာ အနာဂတ္မ်ိဳးဆက္အတြက္ ၂၀၂၀ အလြန္ ဘယ္အစိုးရတက္တက္ ျမန္မာႏိုင္ငံနဲ႔ လူမ်ိဳးအတြက္ ေကာင္းမြန္တဲ့အနာဂတ္ကို ခ်န္ေပးတဲ့ သမိုင္းေပးတာဝန္ ေက်ပြန္တဲ့ အစိုးရအျဖစ္ မွတ္ေက်ာက္တင္ခံပါရလိမ့္မယ္။

ခင္ႏွင္းဦး
ၾသဂုတ္ - ၁၇