【 ဆောင်းပါး 】 အဂတိအတွက် သတိပေးချက်…

【 ဆောင်းပါး 】 အဂတိအတွက် သတိပေးချက်…

“အဂတိပယ်ခွာ ပြည်သာယာ”
“Remove Corruption, Promote Prosperity”

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ ဝက်ဘ်ဆိုက်ဆီ သွားခဲ့မယ်ဆိုရင် ပထမဆုံးစာမျက်နှာ (Home Page) မှာ တွေ့ရမယ့် ဆောင်ပုဒ်စာသားများက အထက်ပါအတိုင်းဖြစ်ပါတယ်။

နှစ်ပေါင်းရှည်ကြာစွာ အဂတိလိုက်စားမှုတွေနဲ့ လွှမ်းခြုံခဲ့တဲ့ မြန်မာနိုင်ငံဟာ ဒီကနေ့ကာလ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်းမှသာ အဂတိလိုက်စားမှုကို စတင်တွန်းလှန်ဖို့ ကြိုးပမ်းလာခဲ့ရတာ ဖြစ်ပါတယ်။အဲဒီလိုတွန်းလှန်နိုင်ဖို့အရေး ၂၀၁၃ ခုနှစ်က ဥပဒေရေးဆွဲပြဋ္ဌာန်းခဲ့သလို အဲဒီဥပဒေအရ ကော်မရှင်တစ်ရပ်ကိုလည်း ဖွဲ့စည်းစေခဲ့ပါတယ်။

ဒီကော်မရှင်ကို၂၀၁၄ ခုနှစ် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဲဒီတုန်းက လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ဆိုတဲ့ အမည်နဲ့ဖြစ်ပါတယ်။အဲဒီကနေ ၂၀၁၇ ခုနှစ်မှာတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆိုပြီး ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

ဥပဒေပြဋ္ဌာန်းရခြင်းနဲ့ ကော်မရှင်ဖွဲ့စည်းရခြင်းအတွက် ရည်ရွယ်ချက်ခြောက်ချက် ရှိခဲ့ပါတယ်။အဲဒါတွေက

(က) အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်၊

(ခ) သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်၊

(ဂ) အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန်၊

(ဃ) အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊

(င) အဂတိလိုက်စားမှု ကျူးလွန်သူများအား ထိရောက်စွာအရေးယူရန်၊

(စ) တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်ဆိုပြီး ဖြစ်ပါတယ်။

ဒီအချက်တွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေမှာလည်း အတိအလင်း ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ရည်ရွယ်ချက်ကောင်းများဖြစ်ပြီး ထိရောက်စွာ အကောင်အထည်ဖော်နိုင်လေ နိုင်ငံသားတိုင်းအတွက် အကျိုးဖြစ်ထွန်းလေဖြစ်စေမှာပါ။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဟာ အခု ဒီချုပ်အစိုးရလက်ထက် ဦးအောင်ကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှာပိုပြီး ထိထိမိမိစွမ်းဆောင်လာတာကို တွေ့ရပါတယ်။အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ထိရောက်တဲ့ ဥပဒေအဖြစ်ရောက်အောင် အဆင့်ဆင့်ပြင်ဆင်မှုတွေ ပြုခဲ့တာကြောင့် အပါအဝင်ဖြစ်သလို ပြည်သူ့အသံကို နားထောင်လာခြင်းရဲ့ ရလဒ်လည်းဖြစ်ပါတယ်။

ကော်မရှင်သစ် ပြင်ဆင်ဖွဲ့စည်းပြီးနောက် ဥက္ကဋ္ဌဖြစ်လာတဲ့ ဦးအောင်ကြည် က အကျင့်ပျက်ခြစားမှု ကြီးကြီးမားမား ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူနိုင်ဖို့ အရေးကြီးတယ်လို့ ဆိုခဲ့ပြီးနောက် အခုလို ထိရောက်တဲ့ အရေးယူမှုတွေကို ပြုလာနိုင်တာလည်း ဖြစ်ပါတယ်။

ဦးအောင်ကြည် ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူခဲ့တဲ့ ကာလကစပြီး ဒီကနေ့အထိ တင်ဒါအောင်ကုမ္ပဏီထံကနေ ကျပ်သိန်း ၁၅၀၀ ကျော်ဖိုး အဂတိလိုက်စားခဲ့တယ်လို့ဆိုတဲ့ FDA ညွှန်ချုပ်၊ အောင်ရဲထွေး သေဆုံးခဲ့တဲ့ အမှုဖြစ်စဉ်အပေါ် ကျူးလွန်သူလို့ စွပ်စွဲခံရသူတွေဘက်ကနေ အဂတိလိုက်စားခဲ့တယ်လို့ဆိုတဲ့ ရန်ကုန်တိုင်း ဥပဒေချုပ် စတဲ့ ငါးကြီးကြီးတွေကို အရေးယူပြလာတာ တွေ့ရပြီး ဒီရက်ပိုင်း အများပြည်သူကြား ဟိုးလေးတစ်ကျော်ဖြစ်ခဲ့တဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်နဲ့ Global Grand Services (GGS) ကုမ္ပဏီက MD ၊ ဒါရိုက်တာနှစ်ဦးတို့ အဂတိလိုက်စားတယ်လို့ဆိုပြီး ကော်မရှင်က အရေးယူလိုက်တဲ့ဖြစ်ရပ်တို့ဟာ ထင်ရှားတဲ့ အရေးယူဆောင်ရွက်မှုတို့ ဖြစ်ပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်တွေအရ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ လည်းကောင်း၊ GGS ကုမ္ပဏီက MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ် နဲ့ ဦးသူရအုံ တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အရ လည်းကောင်း သီးခြားပြစ်မှုတွေအတွက် သီးခြားစွဲချက်များနဲ့ အမှု (၄) မှုခွဲပြီး အရေးယူတယ်လို့ ကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ တနင်္သာရီတိုင်းသားတို့ရဲ့ အောင်ပွဲလို့လည်း ဆိုနိုင်ပါတယ်။ဒေသခံ တနင်္သာရီတိုင်းသားတို့ဟာ အခုအရေးယူခံရတဲ့ ဝန်ကြီးချုပ်နဲ့ ပတ်သက်ပြီး အဂတိကိစ္စရပ်များကို ကာလရှည်ကြာ ပြောဆိုဝေဖန်ခဲ့ကြ၊ တိုင်ကြားခဲ့ကြသူများ ဖြစ်ပါတယ်။တစ်နည်းဆိုရရင် ဆိုင်ရာတို့ သိစေရေး ပြည်သူထံကနေ အသံတွေထုတ်ဆင့်ပေးခဲ့တာ ဖြစ်ပါတယ်။ဒီအသံတွေကြောင့်သာပဲ အခုလို ထိရောက်တဲ့ အရေးယူမှုဆီကို ရောက်ရှိစေခဲ့တာ ဖြစ်ပါတယ်။

ဒီလို ငါးကြီးကြီးတွေ ဖမ်းလာနိုင်တဲ့ အဓိကအချက်က ပြည်သူလူထုရဲ့ တွန်းအားဖြစ်ပါတယ်။ပြည်သူလူထုဘက်က ဝေဖန်ထောက်ပြသံတွေ ညံစီခဲ့တာဟာ အခုလို ငါးကြီးကြီးတွေကို အရေးယူနိုင်ဖို့အဆင့်ထိ ရောက်စေခဲ့တာဖြစ်ပါတယ်။တစ်နည်းဆိုရရင် အဂတိတရားနဲ့ ပတ်သက်ပြီး ပြည်သူလူထုဘက်က တွန်းလှန်လာနေတယ်။အဂတိတိုက်ဖျက်ရေးမှာ ဝိုင်းကူနေတယ်ဆိုတာကို မြင်တွေ့ရခြင်းပါပဲ။အဂတိလိုက်စားမှု တိုက်ဖျက်ရေးအပိုင်းမှာ ပြည်သူက တစ်တပ်တစ်အား ပါဝင်နေခြင်း ဖြစ်ပါတယ်။

အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာခဲ့တဲ့ ပြည်သူ့အသံတွေဟာ ထိရောက်တဲ့ သက်ရောက်မှုဆီကို ရောက်လာနေပြီဆိုတာ အခုဖြစ်စဉ်များက ပြဆိုနေပါတယ်။ပြည်သူလူထုထံက အသံကို အဂတိသမားတို့ သတိချပ်ကြရတော့မှာဖြစ်ပြီး အဂတိလိုက်စားမှုတွေကို ဖယ်ခွာကြရတော့မှာ ဖြစ်ပါတယ်။ထို့အတူပဲ မြန်မာ့မြေပေါ်မှာ နှစ်ရှည်ကြာ အရိုးစွဲနေ၊ ထုနဲ့ထည်နဲ့ တည်ရှိနေတဲ့ အဂတိတရားတွေ ကင်းစင်ရေးအတွက်ဆိုရင်တော့ ပြည်သူ့အသံတွေနောက်ကို ကော်မရှင်က ထပ်ကြပ်မကွာလိုက်ပါဖို့ လိုမှာဖြစ်ပါတယ်။

ကော်မရှင်ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ “အဂတိပယ်ခွာ ပြည်သာယာ” ဆိုတဲ့အတိုင်း အဂတိတွေကင်းစင်တဲ့ သာယာဝေစည်တဲ့ နိုင်ငံတစ်ခုဆီ အမြန်ဆုံးလျှောက်လှမ်းနိုင်ဖို့ဆိုရင် ပြည်သူ့အသံကို အလေးဂရုထားပြီး နားထောင်သွားရမှာ ဖြစ်ပါတယ်။

ဂျေငြိမ်း
မတ် - ၁၆

( Zawgyi )

“အဂတိပယ္ခြာ ျပည္သာယာ”
“Remove Corruption, Promote Prosperity”

အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ရဲ႕ ဝက္ဘ္ဆိုက္ဆီ သြားခဲ့မယ္ဆိုရင္ ပထမဆုံးစာမ်က္ႏွာ (Home Page) မွာ ေတြ႕ရမယ့္ ေဆာင္ပုဒ္စာသားမ်ားက အထက္ပါအတိုင္းျဖစ္ပါတယ္။

ႏွစ္ေပါင္းရွည္ၾကာစြာ အဂတိလိုက္စားမႈေတြနဲ႔ လႊမ္းၿခဳံခဲ့တဲ့ ျမန္မာႏိုင္ငံဟာ ဒီကေန႔ကာလ အရပ္သားအစိုးရ တက္လာၿပီးေနာက္ပိုင္းမွသာ အဂတိလိုက္စားမႈကို စတင္တြန္းလွန္ဖို႔ ႀကိဳးပမ္းလာခဲ့ရတာ ျဖစ္ပါတယ္။အဲဒီလိုတြန္းလွန္ႏိုင္ဖို႔အေရး ၂၀၁၃ ခုႏွစ္က ဥပေဒေရးဆြဲျပ႒ာန္းခဲ့သလို အဲဒီဥပေဒအရ ေကာ္မရွင္တစ္ရပ္ကိုလည္း ဖြဲ႕စည္းေစခဲ့ပါတယ္။

ဒီေကာ္မရွင္ကို၂၀၁၄ ခုႏွစ္ သမၼတေဟာင္း ဦးသိန္းစိန္ အစိုးရလက္ထက္တုန္းက စတင္ဖြဲ႕စည္းခဲ့တာျဖစ္ၿပီး အဲဒီတုန္းက လာဘ္ေပးလာဘ္ယူမႈ ပေပ်ာက္ေရး ေကာ္မရွင္ဆိုတဲ့ အမည္နဲ႔ျဖစ္ပါတယ္။အဲဒီကေန ၂၀၁၇ ခုႏွစ္မွာေတာ့ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ဆိုၿပီး ျပင္ဆင္ဖြဲ႕စည္းခဲ့ပါတယ္။

ဥပေဒျပ႒ာန္းရျခင္းနဲ႔ ေကာ္မရွင္ဖြဲ႕စည္းရျခင္းအတြက္ ရည္႐ြယ္ခ်က္ေျခာက္ခ်က္ ရွိခဲ့ပါတယ္။အဲဒါေတြက

(က) အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ ေဆာင္႐ြက္ရန္၊

(ခ) သန႔္ရွင္းေသာ အစိုးရ၊ ေကာင္းမြန္ေသာ အုပ္ခ်ဳပ္ေရးစနစ္ ျဖစ္ထြန္းေစရန္၊

(ဂ) အမ်ားျပည္သူဆိုင္ရာ အုပ္ခ်ဳပ္ေရးတြင္ ဂုဏ္သိကၡာႏွင့္ တာဝန္ယူႏိုင္မႈ ျမင့္မားတိုးတက္လာေစရန္၊

(ဃ) အဂတိလိုက္စားမႈမ်ားေၾကာင့္ ႏိုင္ငံေတာ္ပိုင္ပစၥည္းမ်ား၊ လူ႔အဖြဲ႕အစည္းႏွင့္ ႏိုင္ငံသားမ်ား၏ အခြင့္အေရးႏွင့္ အက်ိဳးစီးပြားမ်ားကို ထိခိုက္မႈမရွိေစေရးအတြက္ အကာအကြယ္ေပးရန္၊

(င) အဂတိလိုက္စားမႈ က်ဴးလြန္သူမ်ားအား ထိေရာက္စြာအေရးယူရန္၊

(စ) တရားဥပေဒစိုးမိုးေရးႏွင့္ အုပ္ခ်ဳပ္ေရးက႑မ်ား၌ ပိုမိုပြင့္လင္းျမင္သာမႈရွိၿပီး ျပည္တြင္း၊ ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားျဖင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္လာေစရန္ဆိုၿပီး ျဖစ္ပါတယ္။

ဒီအခ်က္ေတြကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒမွာလည္း အတိအလင္း ထည့္သြင္းျပ႒ာန္းထားပါတယ္။ရည္႐ြယ္ခ်က္ေကာင္းမ်ားျဖစ္ၿပီး ထိေရာက္စြာ အေကာင္အထည္ေဖာ္ႏိုင္ေလ ႏိုင္ငံသားတိုင္းအတြက္ အက်ိဳးျဖစ္ထြန္းေလျဖစ္ေစမွာပါ။

အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ဟာ အခု ဒီခ်ဳပ္အစိုးရလက္ထက္ ဦးေအာင္ၾကည္ ဥကၠ႒အျဖစ္ တာဝန္ယူခ်ိန္မွာပိုၿပီး ထိထိမိမိစြမ္းေဆာင္လာတာကို ေတြ႕ရပါတယ္။အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒကို ထိေရာက္တဲ့ ဥပေဒအျဖစ္ေရာက္ေအာင္ အဆင့္ဆင့္ျပင္ဆင္မႈေတြ ျပဳခဲ့တာေၾကာင့္ အပါအဝင္ျဖစ္သလို ျပည္သူ႔အသံကို နားေထာင္လာျခင္းရဲ႕ ရလဒ္လည္းျဖစ္ပါတယ္။

ေကာ္မရွင္သစ္ ျပင္ဆင္ဖြဲ႕စည္းၿပီးေနာက္ ဥကၠ႒ျဖစ္လာတဲ့ ဦးေအာင္ၾကည္ က အက်င့္ပ်က္ျခစားမႈ ႀကီးႀကီးမားမား က်ဴးလြန္သူေတြကို ေဖာ္ထုတ္အေရးယူႏိုင္ဖို႔ အေရးႀကီးတယ္လို႔ ဆိုခဲ့ၿပီးေနာက္ အခုလို ထိေရာက္တဲ့ အေရးယူမႈေတြကို ျပဳလာႏိုင္တာလည္း ျဖစ္ပါတယ္။

ဦးေအာင္ၾကည္ ဥကၠ႒အျဖစ္ စတင္တာဝန္ယူခဲ့တဲ့ ကာလကစၿပီး ဒီကေန႔အထိ တင္ဒါေအာင္ကုမၸဏီထံကေန က်ပ္သိန္း ၁၅၀၀ ေက်ာ္ဖိုး အဂတိလိုက္စားခဲ့တယ္လို႔ဆိုတဲ့ FDA ၫႊန္ခ်ဳပ္၊ ေအာင္ရဲေထြး ေသဆုံးခဲ့တဲ့ အမႈျဖစ္စဥ္အေပၚ က်ဴးလြန္သူလို႔ စြပ္စြဲခံရသူေတြဘက္ကေန အဂတိလိုက္စားခဲ့တယ္လို႔ဆိုတဲ့ ရန္ကုန္တိုင္း ဥပေဒခ်ဳပ္ စတဲ့ ငါးႀကီးႀကီးေတြကို အေရးယူျပလာတာ ေတြ႕ရၿပီး ဒီရက္ပိုင္း အမ်ားျပည္သူၾကား ဟိုးေလးတစ္ေက်ာ္ျဖစ္ခဲ့တဲ့ တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္နဲ႔ Global Grand Services (GGS) ကုမၸဏီက MD ၊ ဒါ႐ိုက္တာႏွစ္ဦးတို႔ အဂတိလိုက္စားတယ္လို႔ဆိုၿပီး ေကာ္မရွင္က အေရးယူလိုက္တဲ့ျဖစ္ရပ္တို႔ဟာ ထင္ရွားတဲ့ အေရးယူေဆာင္႐ြက္မႈတို႔ ျဖစ္ပါတယ္။

စစ္ေဆးေပၚေပါက္ခ်က္ေတြအရ တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာလဲ့လဲ့ေမာ္ ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၅ အရ လည္းေကာင္း၊ GGS ကုမၸဏီက MD ဦးသိန္းေထြး၊ ဒါ႐ိုက္တာ ဦးေအာင္ျမတ္ နဲ႔ ဦးသူရအုံ တို႔ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၅/၆၃ အရ လည္းေကာင္း သီးျခားျပစ္မႈေတြအတြက္ သီးျခားစြဲခ်က္မ်ားနဲ႔ အမႈ (၄) မႈခြဲၿပီး အေရးယူတယ္လို႔ ေကာ္မရွင္က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဒါဟာ တနသၤာရီတိုင္းသားတို႔ရဲ႕ ေအာင္ပြဲလို႔လည္း ဆိုႏိုင္ပါတယ္။ေဒသခံ တနသၤာရီတိုင္းသားတို႔ဟာ အခုအေရးယူခံရတဲ့ ဝန္ႀကီးခ်ဳပ္နဲ႔ ပတ္သက္ၿပီး အဂတိကိစၥရပ္မ်ားကို ကာလရွည္ၾကာ ေျပာဆိုေဝဖန္ခဲ့ၾက၊ တိုင္ၾကားခဲ့ၾကသူမ်ား ျဖစ္ပါတယ္။တစ္နည္းဆိုရရင္ ဆိုင္ရာတို႔ သိေစေရး ျပည္သူထံကေန အသံေတြထုတ္ဆင့္ေပးခဲ့တာ ျဖစ္ပါတယ္။ဒီအသံေတြေၾကာင့္သာပဲ အခုလို ထိေရာက္တဲ့ အေရးယူမႈဆီကို ေရာက္ရွိေစခဲ့တာ ျဖစ္ပါတယ္။

ဒီလို ငါးႀကီးႀကီးေတြ ဖမ္းလာႏိုင္တဲ့ အဓိကအခ်က္က ျပည္သူလူထုရဲ႕ တြန္းအားျဖစ္ပါတယ္။ျပည္သူလူထုဘက္က ေဝဖန္ေထာက္ျပသံေတြ ညံစီခဲ့တာဟာ အခုလို ငါးႀကီးႀကီးေတြကို အေရးယူႏိုင္ဖို႔အဆင့္ထိ ေရာက္ေစခဲ့တာျဖစ္ပါတယ္။တစ္နည္းဆိုရရင္ အဂတိတရားနဲ႔ ပတ္သက္ၿပီး ျပည္သူလူထုဘက္က တြန္းလွန္လာေနတယ္။အဂတိတိုက္ဖ်က္ေရးမွာ ဝိုင္းကူေနတယ္ဆိုတာကို ျမင္ေတြ႕ရျခင္းပါပဲ။အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးအပိုင္းမွာ ျပည္သူက တစ္တပ္တစ္အား ပါဝင္ေနျခင္း ျဖစ္ပါတယ္။

အဂတိလိုက္စားမႈနဲ႔ ပတ္သက္ၿပီး ထြက္ေပၚလာခဲ့တဲ့ ျပည္သူ႔အသံေတြဟာ ထိေရာက္တဲ့ သက္ေရာက္မႈဆီကို ေရာက္လာေနၿပီဆိုတာ အခုျဖစ္စဥ္မ်ားက ျပဆိုေနပါတယ္။ျပည္သူလူထုထံက အသံကို အဂတိသမားတို႔ သတိခ်ပ္ၾကရေတာ့မွာျဖစ္ၿပီး အဂတိလိုက္စားမႈေတြကို ဖယ္ခြာၾကရေတာ့မွာ ျဖစ္ပါတယ္။ထို႔အတူပဲ ျမန္မာ့ေျမေပၚမွာ ႏွစ္ရွည္ၾကာ အ႐ိုးစြဲေန၊ ထုနဲ႔ထည္နဲ႔ တည္ရွိေနတဲ့ အဂတိတရားေတြ ကင္းစင္ေရးအတြက္ဆိုရင္ေတာ့ ျပည္သူ႔အသံေတြေနာက္ကို ေကာ္မရွင္က ထပ္ၾကပ္မကြာလိုက္ပါဖို႔ လိုမွာျဖစ္ပါတယ္။

ေကာ္မရွင္ရဲ႕ေဆာင္ပုဒ္ျဖစ္တဲ့ “အဂတိပယ္ခြာ ျပည္သာယာ” ဆိုတဲ့အတိုင္း အဂတိေတြကင္းစင္တဲ့ သာယာေဝစည္တဲ့ ႏိုင္ငံတစ္ခုဆီ အျမန္ဆုံးေလွ်ာက္လွမ္းႏိုင္ဖို႔ဆိုရင္ ျပည္သူ႔အသံကို အေလးဂ႐ုထားၿပီး နားေထာင္သြားရမွာ ျဖစ္ပါတယ္။

ေဂ်ၿငိမ္း
မတ္ - ၁၆