【 ဆောင်းပါး 】 ဟောင်ကောင်တည်ငြိမ်မှုကို ဆုံးဖြတ်မည့် အမျိုးသားလုံခြုံရေးဥပဒေ

【 ဆောင်းပါး 】 ဟောင်ကောင်တည်ငြိမ်မှုကို ဆုံးဖြတ်မည့် အမျိုးသားလုံခြုံရေးဥပဒေ

မကြာမီက တရုတ်နိုင်ငံထိပ်တန်းဥပဒေပြုရေးအဖွဲ့က ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေ သတ်မှတ်ပြဌာန်းရေးကို တစ်ညီတစ်ညွတ်တည်း ထောက်ခံအတည်ပြုခဲ့ပါသည်။လွန်ခဲ့သည့် ရက်သတ္တတစ်ပတ်က ပေကျင်းမြို့တွင်ကျင်းပသော အကြိမ် ၂၀ မြောက် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ အမြဲတမ်းအဖွဲ့ဝင် ၁၆၃ ဦးတို့က အမျိုးသားလုံခြုံရေးဥပဒေအပေါ် ဒုတိယအကြိမ်မြောက် ဆွေးနွေးညှိနှိုင်းကာ ဥပဒေပြဋ္ဌာန်းရေးကို သဘောတူထောက်ခံခဲ့ကြခြင်းလည်းဖြစ်သည်။

ဥပဒေအတည်ပြုပြဋ္ဌာန်းရေးအတွက် သမ္မတရှီကျင့်ဖိန် က လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ရာ ဟောင်ကောင်အတွက် သတ်မှတ်ပြဌာန်းထားသည့် အမျိုးသားလုံခြုံရေးဥပဒေသည် ချက်ချင်းလက်ငင်း အသက်ဝင်လာတော့မည်ဖြစ်ပါသည်။အလားတူပင် အဆိုပါဥပဒေက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ အမျိုးသားလုံခြုံရေးကို အကာအကွယ်ပေးရေးနှင့်ပတ်သက်သည့် အစိုးရအဖွဲ့အစည်းများ၏ တာဝန်ဝတ္တရားများကိုပါ ရှင်းလင်းစွာ ဖွင့်ဆိုရှင်းပြထားသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ပါသည်။

ဖွင့်ဆိုရှင်းပြမှုအရ အမျိုးသားလုံခြုံရေးဥပဒေကို ဖောက်ဖျက်ကျူးလွန်သည့် ပြစ်မှုအမျိုးအစားလေးမျိုးကို ဖော်ပြထားပြီး ( ၁ ) ခွဲထွက်ခြင်း၊ ( ၂ ) အဖျက်အမှောင့်ပြုခြင်း၊ ( ၃ ) အကြမ်းဖက်လှုပ်ရှားခြင်းနှင့် ( ၄ ) အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေမည့် နိုင်ငံရပ်ခြားနိုင်ငံများ သို့မဟုတ် ပြည်ပအဖွဲ့အစည်းနှင့် ပူးပေါင်းကြံစည်ခြင်းတို့ဖြစ်သည်ဟု ဆိုသည်။

အင်န်ပီစီ လွှတ်တော်အစည်းအဝေး နောက်ဆုံးပိတ်နေ့တွင် အင်န်ပီစီ အမြဲတမ်းကော်မတီဥက္ကဋ္ဌ လီကျန်းရှု က အမျိုးသားလုံခြုံရေးဥပဒေကို တစ်ညီတစ်ညွတ်တည်း ထောက်ခံအတည်ပြုခြင်းသည် ဟောင်ကောင်တစ်ပြည်တည်းသားများအပါအဝင် တရုတ်တစ်မျိုးသားလုံး၏ စိတ်ကောင်းစေတနာကောင်းကို ထင်ဟပ်စေခြင်း ဖြစ်ကြောင်း၊ ဥပဒေပြဌာန်းနိုင်ရေးအတွက် ဟောင်ကောင်အထူးပြုဒေသအခြေအနေနှင့် စနစ်၂ ခု အကြား ကွာဟမှုများကို အပြည့်အဝထည့်သွင်းစဉ်းစားခဲ့ကြောင်း၊ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေသည် ဟောင်ကောင်ရှိ လက်ရှိတည်ဆဲဥပဒေနှင့် သဟဇာတဖြစ်စေမည်ဖြစ်သကဲ့သို့ အမျိုးသားအကျိုးစီးပွား ထိန်းသိမ်းကာကွယ်ပေးမည့် အမျိုးသားဥပဒေများနှင့်ပါ တပြေးညီရှိစေမည်ဖြစ်ကြောင်း၊ အလားတူပင် အမျိုးသားလုံခြုံရေးဥပဒေသည် အနည်းငယ်မျှသော ပြစ်မှုကျူးလွန်သူများကိုသာ သက်ရောက်မှုရှိမည်ဖြစ်ပြီး ဟောင်ကောင်ပြည်သူအများစုကို အကာအကွယ်ပေးမည့် ဥပဒေဖြစ်ကြောင်း မစ္စတာလီ က ပြောကြားခဲ့ပါသည်။

သတ်မှတ်ပြဌာန်းသည့် အမျိုးသားလုံခြုံရေးဥပဒေသည် အမျိုးသားလုံခြုံရေးကို အကာအကွယ်ပေးရန်၊ ဟောင်ကောင်၏ ရေရှည်တည်ငြိမ်ရေးနှင့် သာယာဝပြောခြင်းကို အကာအကွယ်ပေးရန်တို့အပြင် ဟောင်ကောင်တွင် အခြေချနေထိုင်သူတို့၏  ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များ အပြည့်အဝရရှိစေရေးနှင့် ဟောင်ကောင်ရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတို့၏ အကျိုးစီးပွားတို့ကို အကာအကွယ်ပေးမည့် ဥပဒေဖြစ်သကဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ “တစ်နိုင်ငံ၊ စနစ်နှစ်ခု” ကို ချောမွေ့တည်ငြိမ်စွာ တိုးတက်စေရေးကို အောင်မြင်စွာဖော်ဆောင်ပေးမည့် ဥပဒေလည်းဖြစ်ကြောင်း မစ္စတာလီ က ဖြည့်စွက်ပြောကြားသွားခဲ့ပါသည်။

မည်သို့ဆိုစေ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေနှင့်ပတ်သက်၍ ဂဃဏန သေချာစွာလေ့လာဆန်းစစ်ခြင်း၊ အဓိပ္ပါယ်ကောက်ယူခြင်း၊ လူသိရှင်ကြားထုတ်ပြန်ကြေညာခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ဥပဒေအတည်ပြုပြဌာန်းခြင်း လုပ်ထုံးလုပ်နည်းများတိုးတက်စေခြင်းတို့အပြင် ဥပဒေအမိန့်အာဏာတည်ရေး၊ တာဝန်ဝတ္တရားများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း လိုအပ်မည်ဟုလည်း ဆိုပါသည်။

အလားတူပင် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအနေနှင့် အမျိုးသားလုံခြုံရေးဥပဒေ အသက်ဝင်လာစေရေးလုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သကဲ့သို့ သက်ဆိုင်ရာဒေသတွင်းဥပဒေများ တိုးတက်မှုရှိရေးကို ဖော်ဆောင်ရန်လိုအပ်မည်ဖြစ်သကဲ့သို့ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားလုံခြုံရေး၊ မျိုးချစ်စိတ်ဓာတ် အစဉ်တက်ကြွနိုးကြားရှင်သန်ရေးတို့နှင့်ပတ်သက်၍ အသိပညာတိုးပွားစေရေးတို့ကို ဖော်ဆောင်နိုင်ရန် ကြိုးပမ်းအားထုတ်သင့်လှသည်ဟု ဆိုသည်။

ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို နိုင်ငံတော်ကောင်စီ၏ ဟောင်ကောင်နှင့် မကာအိုရေးရာရုံးက အပြည့်အဝထောက်ခံကြောင်း ထုတ်ဖော်ဖွင့်ဟခဲ့ကြသည်ကိုလည်း တွေ့ကြရပါသည်။ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေသည် စနစ်၂ ခုအကြား ကွာဟမှုများရှိနေသည့်တိုင်အောင် တစ်နိုင်ငံတည်းဟူသော အခြေခံသဘောတရားကို လိုက်နာစောင့်ထိန်းသည့် ဥပဒေဖြစ်ကြောင်း၊ အလားတူပင် အမျိုးသားလုံခြုံရေးကိုဘေးသင့်စေမည့် ပြစ်မှုလေးမျိုးကိုလည်း ရှင်းလင်းစွာသတ်မှတ်ဖော်ပြထားသည့် ဥပဒေဖြစ်ကြောင်း စသည်ဖြင့် ဟောင်ကောင်နှင့် မကာအိုရေးရာရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကိုလည်း တွေ့ရပါသည်။

အမျိုးသားလုံခြုံရေးဥပဒေသည် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်သည့်သူများအတွက် မိုးထားသည့် ဓားတစ်လက်ကဲ့သို့ ရှိနေမည်ဖြစ်ပြီး ဥပဒေဘောင်အတွင်းမှ ဟောင်ကောင်လူထုအတွက် သူတို့၏လွတ်လပ်မှုနှင့် တည်ငြိမ်အေးချမ်းသောဘဝတို့ကို ကာကွယ်စောင့်ရှောက်ပေးမည့် ဥပဒေဖြစ်ကြောင်း၊ အလားတူပင် ဟောင်ကောင်၏ ဥပဒေစနစ် ပိုမိုပြီးပြည့်ရေး၊ ပိုမိုတည်ငြိမ်သော လူမှုပတ်ဝန်းကျင်ဖြစ်ပေါ်ရေး၊ ပိုမိုကောင်းမွန်သော တရားဥပဒေစိုးမိုးရေးနှင့် စီးပွားရေးလုပ်ငန်းဝန်းကျင် တိုးတက်ကောင်းမွန်ရေးကိုပါ ဆောင်ကြည်းပေးမည့် ဥပဒေဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အမျိုးသားလုံခြုံရေးဥပဒေ အသက်ဝင်လာပြီးနောက် သက်ဆိုင်ရာ ဗဟိုနှင့် ဒေသတွင်း အာဏာပိုင်အဖွဲ့နှင့် တရားစီရင်ရေးအဖွဲ့များအနေနှင့် တာဝန်ဝတ္တရားများကို သယ်ပိုးဆောင်ရွက်၍ ပြစ်မှုကျူးလွန်မည့် လှုပ်ရှားမှုမှန်သမျှကို ကာကွယ်တားဆီးပေးလာနိုင်မည်ဖြစ်ပါသည်။ဆိုရလျှင် မည်သို့ခြိမ်းခြောက်မှု သို့မဟုတ် အရေးယူပိတ်ဆို့မှုတို့ကမျှ ဟောင်ကောင်၏ နိုင်ငံတကာစီးပွားရေးအခြေအနေကို အပြောင်းအလဲဖြစ်ပေါ်လာစေမည်မဟုတ်ကြောင်း၊ အလားတူပင် တရုတ်အမျိုးသားထုတစ်ရပ်လုံးကို ထိတ်လန့်တုန်လှုပ်စေမည်မဟုတ်ကြောင်း ဖော်ပြခဲ့သည်။ အလားတူပင် ဟောင်ကောင်ဒေသ ရေရှည်တည်ငြိမ်ရေးနှင့် အမျိုးသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရေးမှာ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရနှင့် ပြည်သူလူထုတို့က တစ်ပေါင်းတစ်စည်းတည်း လက်တွဲလျှောက်လှမ်းကြရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အမျိုးသားလုံခြုံရေးအတည်ပြုဥပဒေ ပြဌာန်းခြင်းကို ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရကလည်း အပြည့်အဝထောက်ခံကြောင်း ထုတ်ပြန်ကြေညာခဲ့သည်ကိုလည်း တွေ့ရပါသည်။ HKSAR ရုံး၏ ထုတ်ပြန်ကြေညာချက်တွင် ဟောင်ကောင်ဒေသတစ်ဝန်းရှိ အများပြည်သူတို့၏ သဘောထားအမြင်များကို ခြုံငုံသုံးသပ်ကာ ဒီမိုကရေစီနည်းကျကျဖြင့် အမျိုးသားပြည်သူ့လွှတ်တော် အမြဲတမ်းကော်မတီက ဥပဒေအတည်ပြုပြဌာန်းခြင်းလုပ်ငန်းကို တာဝန်ရှိရှိဖြင့် စီမံဆောင်ရွက်ခဲ့ကြောင်း၊ ဟောင်ကောင်၏ ဥပဒေရေးရာကွာဟချက်များနှင့် တစ်နိုင်ငံစနစ်နှစ်ခုအကြား ပေါင်းစည်းရေးတို့ကို ဥပဒေက ထိထိရောက်ရောက် ပေါင်းစပ်ပေးမည်ဖြစ်ကြောင်း အလားတူပင် ဗဟိုအစိုးရနှင့် ဒေသတွင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရတို့ကိုပါ ပိုမိုနီးကပ်စွာ ပေါင်းစည်းပေးမည်ဖြစ်ကြောင်း၊ အလားတူပင် အမျိုးသားအကျိုးစီးပွားနှင့် လူ့အခွင့်အရေးများကိုပါ အကျိုးသက်ရောက်စွာ ခံစားရရှိစေမည်ဖြစ်ကြောင်းတို့ကို ဖော်ပြခဲ့ပါသည်။

မည်သို့ဆိုစေ ဟောင်ကောင်သည် “ ဟောင်ကောင် လွတ်လပ်ရေး” ဟူသော အဆိုကိုထောက်ခံသည့် အစွန်းရောက်လူငယ်တို့ဦးဆောင်သော ကန့်ကွက်ဆန္ဒပြမှုများက ဟောင်ကောင်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရေးကို ရှေ့ရှုစေခဲ့သည်။ဟောင်ကောင်သည် တစ်ချိန်တစ်ခါက ကမ္ဘာပေါ်တွင် ဘေးကင်းလုံခြုံမှုအရှိဆုံးမြို့များထဲမှ တစ်မြို့ဖြစ်ခဲ့ကြောင်း၊ သို့တစေ ယခုအခါ ဟောင်ကောင်၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးမှာ စိုးရိမ်ပူပန်စရာဖြစ်လာခဲ့ကြောင်း၊ ထိုသို့သော ဟောင်ကောင်၏ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေမှုများအား အမျိုးသားလွှတ်တော် အမြဲတမ်းကော်မတီမှ သတ်မှတ်ပြဌာန်းပေးလိုက်သည့် အမျိုးသားလုံခြုံရေးဥပဒေက ကာကွယ်စောင့်ရှောက်ပေးနိုင်မည်ဟု မျှော်လင့်ရကြောင်း မကြာသေးမီက ဂျနီဗာမြို့တွင်ကျင်းပခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်း က ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ္ဍာရေးအချက်အချာဖြစ်သည် ဟောင်ကောင်၏ မတည်ငြိမ်မှုက ကျန်းမာရေးကပ်ဘေးတွေ့နေသည့် အာရှနှင့် ကမ္ဘာအတွက် စီးပွားရေးပြန်လည်ထူထောင်ရာတွင် အခက်တွေ့စေပြီး အထူးသဖြင့် အာရှဒေသတွင်းအတွက် ဆိုးရွားစေသည့် အခြေအနေတစ်ခုပင်ဖြစ်သည်။
ယနေ့ကမ္ဘာတွင် တစ်နေရာမှဖြစ်သည့် ဖြစ်ရပ်က ယခင်လို သီးခြားတစ်နိုင်ငံ တစ်ဒေသနှင့် မဟုတ်တော့ဘဲ ကမ္ဘာတစ်ဝန်းသို့ အနည်းနှင့်အများဆိုသလို ရိုက်ခတ်မှုရှိလာသည်ကို မကြာခင်ကဖြစ်ခဲ့သည့် ဖြစ်ရပ်များကိုကြည့်လျှင် သိနိုင်သည်။ထိုအတွက် ဟောင်ကောင် မတည်ငြိမ်မှုက အာရှဒေသတွင်း ဘဏ္ဍာရေးနှင့် လုံခြုံရေးတည်ငြိမ်မှုကို အနည်းနှင့်အများထိခိုက်နိုင်သဖြင့် ထိုအချက်ကိုလည်း  ဒေသတွင်းနိုင်ငံများ သတိချပ်ရတောမည်ဖြစ်ပါသည်။

သန်းစိုးလင်း
ဇူလိုင် - ၁၅

( Zawgyi )

မၾကာမီက တ႐ုတ္ႏိုင္ငံထိပ္တန္းဥပေဒျပဳေရးအဖြဲ႕က ေဟာင္ေကာင္အတြက္ အမ်ိဳးသားလုံၿခဳံေရးဥပေဒ သတ္မွတ္ျပဌာန္းေရးကို တစ္ညီတစ္ၫြတ္တည္း ေထာက္ခံအတည္ျပဳခဲ့ပါသည္။လြန္ခဲ့သည့္ ရက္သတၱတစ္ပတ္က ေပက်င္းၿမိဳ႕တြင္က်င္းပေသာ အႀကိမ္ ၂၀ ေျမာက္ အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝးတြင္ တ႐ုတ္ကြန္ျမဴနစ္ပါတီ အၿမဲတမ္းအဖြဲ႕ဝင္ ၁၆၃ ဦးတို႔က အမ်ိဳးသားလုံၿခဳံေရးဥပေဒအေပၚ ဒုတိယအႀကိမ္ေျမာက္ ေဆြးေႏြးညႇိႏႈိင္းကာ ဥပေဒျပ႒ာန္းေရးကို သေဘာတူေထာက္ခံခဲ့ၾကျခင္းလည္းျဖစ္သည္။

ဥပေဒအတည္ျပဳျပ႒ာန္းေရးအတြက္ သမၼတရွီက်င့္ဖိန္ က လက္မွတ္ေရးထိုးခဲ့ၿပီးျဖစ္ရာ ေဟာင္ေကာင္အတြက္ သတ္မွတ္ျပဌာန္းထားသည့္ အမ်ိဳးသားလုံၿခဳံေရးဥပေဒသည္ ခ်က္ခ်င္းလက္ငင္း အသက္ဝင္လာေတာ့မည္ျဖစ္ပါသည္။အလားတူပင္ အဆိုပါဥပေဒက ေဟာင္ေကာင္အထူးအုပ္ခ်ဳပ္ခြင့္ရေဒသရွိ အမ်ိဳးသားလုံၿခဳံေရးကို အကာအကြယ္ေပးေရးႏွင့္ပတ္သက္သည့္ အစိုးရအဖြဲ႕အစည္းမ်ား၏ တာဝန္ဝတၱရားမ်ားကိုပါ ရွင္းလင္းစြာ ဖြင့္ဆိုရွင္းျပထားသည္ကိုလည္း ေတြ႕ရွိရမည္ျဖစ္ပါသည္။

ဖြင့္ဆိုရွင္းျပမႈအရ အမ်ိဳးသားလုံၿခဳံေရးဥပေဒကို ေဖာက္ဖ်က္က်ဴးလြန္သည့္ ျပစ္မႈအမ်ိဳးအစားေလးမ်ိဳးကို ေဖာ္ျပထားၿပီး ( ၁ ) ခြဲထြက္ျခင္း၊ ( ၂ ) အဖ်က္အေမွာင့္ျပဳျခင္း၊ ( ၃ ) အၾကမ္းဖက္လႈပ္ရွားျခင္းႏွင့္ ( ၄ ) အမ်ိဳးသားလုံၿခဳံေရးကို အႏၲရာယ္ျဖစ္ေစမည့္ ႏိုင္ငံရပ္ျခားႏိုင္ငံမ်ား သို႔မဟုတ္ ျပည္ပအဖြဲ႕အစည္းႏွင့္ ပူးေပါင္းႀကံစည္ျခင္းတို႔ျဖစ္သည္ဟု ဆိုသည္။

အင္န္ပီစီ လႊတ္ေတာ္အစည္းအေဝး ေနာက္ဆုံးပိတ္ေန႔တြင္ အင္န္ပီစီ အၿမဲတမ္းေကာ္မတီဥကၠ႒ လီက်န္းရႈ က အမ်ိဳးသားလုံၿခဳံေရးဥပေဒကို တစ္ညီတစ္ၫြတ္တည္း ေထာက္ခံအတည္ျပဳျခင္းသည္ ေဟာင္ေကာင္တစ္ျပည္တည္းသားမ်ားအပါအဝင္ တ႐ုတ္တစ္မ်ိဳးသားလုံး၏ စိတ္ေကာင္းေစတနာေကာင္းကို ထင္ဟပ္ေစျခင္း ျဖစ္ေၾကာင္း၊ ဥပေဒျပဌာန္းႏိုင္ေရးအတြက္ ေဟာင္ေကာင္အထူးျပဳေဒသအေျခအေနႏွင့္ စနစ္၂ ခု အၾကား ကြာဟမႈမ်ားကို အျပည့္အဝထည့္သြင္းစဥ္းစားခဲ့ေၾကာင္း၊ ေဟာင္ေကာင္အမ်ိဳးသားလုံၿခဳံေရးဥပေဒသည္ ေဟာင္ေကာင္ရွိ လက္ရွိတည္ဆဲဥပေဒႏွင့္ သဟဇာတျဖစ္ေစမည္ျဖစ္သကဲ့သို႔ အမ်ိဳးသားအက်ိဳးစီးပြား ထိန္းသိမ္းကာကြယ္ေပးမည့္ အမ်ိဳးသားဥပေဒမ်ားႏွင့္ပါ တေျပးညီရွိေစမည္ျဖစ္ေၾကာင္း၊ အလားတူပင္ အမ်ိဳးသားလုံၿခဳံေရးဥပေဒသည္ အနည္းငယ္မွ်ေသာ ျပစ္မႈက်ဴးလြန္သူမ်ားကိုသာ သက္ေရာက္မႈရွိမည္ျဖစ္ၿပီး ေဟာင္ေကာင္ျပည္သူအမ်ားစုကို အကာအကြယ္ေပးမည့္ ဥပေဒျဖစ္ေၾကာင္း မစၥတာလီ က ေျပာၾကားခဲ့ပါသည္။

သတ္မွတ္ျပဌာန္းသည့္ အမ်ိဳးသားလုံၿခဳံေရးဥပေဒသည္ အမ်ိဳးသားလုံၿခဳံေရးကို အကာအကြယ္ေပးရန္၊ ေဟာင္ေကာင္၏ ေရရွည္တည္ၿငိမ္ေရးႏွင့္ သာယာဝေျပာျခင္းကို အကာအကြယ္ေပးရန္တို႔အျပင္ ေဟာင္ေကာင္တြင္ အေျခခ်ေနထိုင္သူတို႔၏  ရပိုင္ခြင့္ႏွင့္ လြတ္လပ္ခြင့္မ်ား အျပည့္အဝရရွိေစေရးႏွင့္ ေဟာင္ေကာင္ရွိ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံသူတို႔၏ အက်ိဳးစီးပြားတို႔ကို အကာအကြယ္ေပးမည့္ ဥပေဒျဖစ္သကဲ့သို႔ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၏ “တစ္ႏိုင္ငံ၊ စနစ္ႏွစ္ခု” ကို ေခ်ာေမြ႕တည္ၿငိမ္စြာ တိုးတက္ေစေရးကို ေအာင္ျမင္စြာေဖာ္ေဆာင္ေပးမည့္ ဥပေဒလည္းျဖစ္ေၾကာင္း မစၥတာလီ က ျဖည့္စြက္ေျပာၾကားသြားခဲ့ပါသည္။

မည္သို႔ဆိုေစ ေဟာင္ေကာင္အမ်ိဳးသားလုံၿခဳံေရးဥပေဒႏွင့္ပတ္သက္၍ ဂဃဏန ေသခ်ာစြာေလ့လာဆန္းစစ္ျခင္း၊ အဓိပၸါယ္ေကာက္ယူျခင္း၊ လူသိရွင္ၾကားထုတ္ျပန္ေၾကညာျခင္း၊ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္းႏွင့္ ဥပေဒအတည္ျပဳျပဌာန္းျခင္း လုပ္ထုံးလုပ္နည္းမ်ားတိုးတက္ေစျခင္းတို႔အျပင္ ဥပေဒအမိန႔္အာဏာတည္ေရး၊ တာဝန္ဝတၱရားမ်ားကို ထိေရာက္စြာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္လည္း လိုအပ္မည္ဟုလည္း ဆိုပါသည္။

အလားတူပင္ ေဟာင္ေကာင္အထူးအုပ္ခ်ဳပ္ခြင့္ရေဒသအေနႏွင့္ အမ်ိဳးသားလုံၿခဳံေရးဥပေဒ အသက္ဝင္လာေစေရးလုပ္ေဆာင္ရန္ လိုအပ္မည္ျဖစ္သကဲ့သို႔ သက္ဆိုင္ရာေဒသတြင္းဥပေဒမ်ား တိုးတက္မႈရွိေရးကို ေဖာ္ေဆာင္ရန္လိုအပ္မည္ျဖစ္သကဲ့သို႔ တရားဥပေဒစိုးမိုးေရး၊ အမ်ိဳးသားလုံၿခဳံေရး၊ မ်ိဳးခ်စ္စိတ္ဓာတ္ အစဥ္တက္ႂကြႏိုးၾကားရွင္သန္ေရးတို႔ႏွင့္ပတ္သက္၍ အသိပညာတိုးပြားေစေရးတို႔ကို ေဖာ္ေဆာင္ႏိုင္ရန္ ႀကိဳးပမ္းအားထုတ္သင့္လွသည္ဟု ဆိုသည္။

ေဟာင္ေကာင္အမ်ိဳးသားလုံၿခဳံေရးဥပေဒ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္းကို ႏိုင္ငံေတာ္ေကာင္စီ၏ ေဟာင္ေကာင္ႏွင့္ မကာအိုေရးရာ႐ုံးက အျပည့္အဝေထာက္ခံေၾကာင္း ထုတ္ေဖာ္ဖြင့္ဟခဲ့ၾကသည္ကိုလည္း ေတြ႕ၾကရပါသည္။ေဟာင္ေကာင္အမ်ိဳးသားလုံၿခဳံေရးဥပေဒသည္ စနစ္၂ ခုအၾကား ကြာဟမႈမ်ားရွိေနသည့္တိုင္ေအာင္ တစ္ႏိုင္ငံတည္းဟူေသာ အေျခခံသေဘာတရားကို လိုက္နာေစာင့္ထိန္းသည့္ ဥပေဒျဖစ္ေၾကာင္း၊ အလားတူပင္ အမ်ိဳးသားလုံၿခဳံေရးကိုေဘးသင့္ေစမည့္ ျပစ္မႈေလးမ်ိဳးကိုလည္း ရွင္းလင္းစြာသတ္မွတ္ေဖာ္ျပထားသည့္ ဥပေဒျဖစ္ေၾကာင္း စသည္ျဖင့္ ေဟာင္ေကာင္ႏွင့္ မကာအိုေရးရာ႐ုံး၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္ကိုလည္း ေတြ႕ရပါသည္။

အမ်ိဳးသားလုံၿခဳံေရးဥပေဒသည္ အမ်ိဳးသားလုံၿခဳံေရးကို ၿခိမ္းေျခာက္သည့္သူမ်ားအတြက္ မိုးထားသည့္ ဓားတစ္လက္ကဲ့သို႔ ရွိေနမည္ျဖစ္ၿပီး ဥပေဒေဘာင္အတြင္းမွ ေဟာင္ေကာင္လူထုအတြက္ သူတို႔၏လြတ္လပ္မႈႏွင့္ တည္ၿငိမ္ေအးခ်မ္းေသာဘဝတို႔ကို ကာကြယ္ေစာင့္ေရွာက္ေပးမည့္ ဥပေဒျဖစ္ေၾကာင္း၊ အလားတူပင္ ေဟာင္ေကာင္၏ ဥပေဒစနစ္ ပိုမိုၿပီးျပည့္ေရး၊ ပိုမိုတည္ၿငိမ္ေသာ လူမႈပတ္ဝန္းက်င္ျဖစ္ေပၚေရး၊ ပိုမိုေကာင္းမြန္ေသာ တရားဥပေဒစိုးမိုးေရးႏွင့္ စီးပြားေရးလုပ္ငန္းဝန္းက်င္ တိုးတက္ေကာင္းမြန္ေရးကိုပါ ေဆာင္ၾကည္းေပးမည့္ ဥပေဒျဖစ္ေၾကာင္း ေဖာ္ျပခဲ့သည္။

အမ်ိဳးသားလုံၿခဳံေရးဥပေဒ အသက္ဝင္လာၿပီးေနာက္ သက္ဆိုင္ရာ ဗဟိုႏွင့္ ေဒသတြင္း အာဏာပိုင္အဖြဲ႕ႏွင့္ တရားစီရင္ေရးအဖြဲ႕မ်ားအေနႏွင့္ တာဝန္ဝတၱရားမ်ားကို သယ္ပိုးေဆာင္႐ြက္၍ ျပစ္မႈက်ဴးလြန္မည့္ လႈပ္ရွားမႈမွန္သမွ်ကို ကာကြယ္တားဆီးေပးလာႏိုင္မည္ျဖစ္ပါသည္။ဆိုရလွ်င္ မည္သို႔ၿခိမ္းေျခာက္မႈ သို႔မဟုတ္ အေရးယူပိတ္ဆို႔မႈတို႔ကမွ် ေဟာင္ေကာင္၏ ႏိုင္ငံတကာစီးပြားေရးအေျခအေနကို အေျပာင္းအလဲျဖစ္ေပၚလာေစမည္မဟုတ္ေၾကာင္း၊ အလားတူပင္ တ႐ုတ္အမ်ိဳးသားထုတစ္ရပ္လုံးကို ထိတ္လန႔္တုန္လႈပ္ေစမည္မဟုတ္ေၾကာင္း ေဖာ္ျပခဲ့သည္။ အလားတူပင္ ေဟာင္ေကာင္ေဒသ ေရရွည္တည္ၿငိမ္ေရးႏွင့္ အမ်ိဳးသားလုံၿခဳံေရးကို ကာကြယ္ေစာင့္ေရွာက္ေရးမွာ ေဟာင္ေကာင္အထူးအုပ္ခ်ဳပ္ခြင့္ရေဒသ အစိုးရႏွင့္ ျပည္သူလူထုတို႔က တစ္ေပါင္းတစ္စည္းတည္း လက္တြဲေလွ်ာက္လွမ္းၾကရမည္ျဖစ္ေၾကာင္း ေဖာ္ျပခဲ့သည္။

အမ်ိဳးသားလုံၿခဳံေရးအတည္ျပဳဥပေဒ ျပဌာန္းျခင္းကို ေဟာင္ေကာင္အထူးအုပ္ခ်ဳပ္ခြင့္ရေဒသအစိုးရကလည္း အျပည့္အဝေထာက္ခံေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္ကိုလည္း ေတြ႕ရပါသည္။ HKSAR ႐ုံး၏ ထုတ္ျပန္ေၾကညာခ်က္တြင္ ေဟာင္ေကာင္ေဒသတစ္ဝန္းရွိ အမ်ားျပည္သူတို႔၏ သေဘာထားအျမင္မ်ားကို ၿခဳံငုံသုံးသပ္ကာ ဒီမိုကေရစီနည္းက်က်ျဖင့္ အမ်ိဳးသားျပည္သူ႔လႊတ္ေတာ္ အၿမဲတမ္းေကာ္မတီက ဥပေဒအတည္ျပဳျပဌာန္းျခင္းလုပ္ငန္းကို တာဝန္ရွိရွိျဖင့္ စီမံေဆာင္႐ြက္ခဲ့ေၾကာင္း၊ ေဟာင္ေကာင္၏ ဥပေဒေရးရာကြာဟခ်က္မ်ားႏွင့္ တစ္ႏိုင္ငံစနစ္ႏွစ္ခုအၾကား ေပါင္းစည္းေရးတို႔ကို ဥပေဒက ထိထိေရာက္ေရာက္ ေပါင္းစပ္ေပးမည္ျဖစ္ေၾကာင္း အလားတူပင္ ဗဟိုအစိုးရႏွင့္ ေဒသတြင္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရအစိုးရတို႔ကိုပါ ပိုမိုနီးကပ္စြာ ေပါင္းစည္းေပးမည္ျဖစ္ေၾကာင္း၊ အလားတူပင္ အမ်ိဳးသားအက်ိဳးစီးပြားႏွင့္ လူ႔အခြင့္အေရးမ်ားကိုပါ အက်ိဳးသက္ေရာက္စြာ ခံစားရရွိေစမည္ျဖစ္ေၾကာင္းတို႔ကို ေဖာ္ျပခဲ့ပါသည္။

မည္သို႔ဆိုေစ ေဟာင္ေကာင္သည္ “ ေဟာင္ေကာင္ လြတ္လပ္ေရး” ဟူေသာ အဆိုကိုေထာက္ခံသည့္ အစြန္းေရာက္လူငယ္တို႔ဦးေဆာင္ေသာ ကန႔္ကြက္ဆႏၵျပမႈမ်ားက ေဟာင္ေကာင္တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေစေရးကို ေရွ႕ရႈေစခဲ့သည္။ေဟာင္ေကာင္သည္ တစ္ခ်ိန္တစ္ခါက ကမာၻေပၚတြင္ ေဘးကင္းလုံၿခဳံမႈအရွိဆုံးၿမိဳ႕မ်ားထဲမွ တစ္ၿမိဳ႕ျဖစ္ခဲ့ေၾကာင္း၊ သို႔တေစ ယခုအခါ ေဟာင္ေကာင္၏ လုံၿခဳံေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးမွာ စိုးရိမ္ပူပန္စရာျဖစ္လာခဲ့ေၾကာင္း၊ ထိုသို႔ေသာ ေဟာင္ေကာင္၏ တည္ၿငိမ္ေအးခ်မ္းမႈႏွင့္ လုံၿခဳံေရးကို ၿခိမ္းေျခာက္ေနမႈမ်ားအား အမ်ိဳးသားလႊတ္ေတာ္ အၿမဲတမ္းေကာ္မတီမွ သတ္မွတ္ျပဌာန္းေပးလိုက္သည့္ အမ်ိဳးသားလုံၿခဳံေရးဥပေဒက ကာကြယ္ေစာင့္ေရွာက္ေပးႏိုင္မည္ဟု ေမွ်ာ္လင့္ရေၾကာင္း မၾကာေသးမီက ဂ်နီဗာၿမိဳ႕တြင္က်င္းပခဲ့သည့္ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီတြင္ ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမႉး ကာရီလမ္း က ေျပာၾကားခဲ့သည္။

ကမာၻ႔ဘ႑ာေရးအခ်က္အခ်ာျဖစ္သည္ ေဟာင္ေကာင္၏ မတည္ၿငိမ္မႈက က်န္းမာေရးကပ္ေဘးေတြ႕ေနသည့္ အာရွႏွင့္ ကမာၻအတြက္ စီးပြားေရးျပန္လည္ထူေထာင္ရာတြင္ အခက္ေတြ႕ေစၿပီး အထူးသျဖင့္ အာရွေဒသတြင္းအတြက္ ဆိုး႐ြားေစသည့္ အေျခအေနတစ္ခုပင္ျဖစ္သည္။
ယေန႔ကမာၻတြင္ တစ္ေနရာမွျဖစ္သည့္ ျဖစ္ရပ္က ယခင္လို သီးျခားတစ္ႏိုင္ငံ တစ္ေဒသႏွင့္ မဟုတ္ေတာ့ဘဲ ကမာၻတစ္ဝန္းသို႔ အနည္းႏွင့္အမ်ားဆိုသလို ႐ိုက္ခတ္မႈရွိလာသည္ကို မၾကာခင္ကျဖစ္ခဲ့သည့္ ျဖစ္ရပ္မ်ားကိုၾကည့္လွ်င္ သိႏိုင္သည္။ထိုအတြက္ ေဟာင္ေကာင္ မတည္ၿငိမ္မႈက အာရွေဒသတြင္း ဘ႑ာေရးႏွင့္ လုံၿခဳံေရးတည္ၿငိမ္မႈကို အနည္းႏွင့္အမ်ားထိခိုက္ႏိုင္သျဖင့္ ထိုအခ်က္ကိုလည္း  ေဒသတြင္းႏိုင္ငံမ်ား သတိခ်ပ္ရေတာမည္ျဖစ္ပါသည္။

သန္းစိုးလင္း
ဇူလိုင္ - ၁၅