【 ဆောင်းပါး 】 သေနတ်ကြီးတကားကားနဲ့ ရှေးသရောအခါ

【 ဆောင်းပါး 】 သေနတ်ကြီးတကားကားနဲ့ ရှေးသရောအခါ    

ကြာတော့ကြာခဲ့ပြီ။ကျနော့်လက်ထဲတွင် ၅ သိန်းတန် ဟန်းဖုန်းရောက်သည့်အချိန်ကစလို့ ကျနော်တို့ တူဝရီး အနည်းဆုံး တစ်ပတ်လျှင်တစ်ကြိမ် ဖုန်းပြောဖြစ်ခဲ့ကြသည်။ဘကြီးက ကျနော်တို့ကျေးလက်တွင် ရှေ့နှစ်အတော်ကြာကတည်းက လယ်ပိုင်ရှင်ကြီးမို့ သူ့အိမ်တွင် အော်တိုအထိုင်ဖုန်းရှိပြီးသား။ထို့ကြောင့် ကျနော့်တွင် ဟန်းဖုန်းရှိလာတော့ အဆက်အသွယ်မပြတ်တော့ခြင်းဖြစ်သည်။

ထုံးစံအတိုင်း လူငယ်ဖြစ်သူ ကျနော်က ဖုန်းစဆက်ဖြစ်တာနည်းနည်း၊ ဘကြီးကသာ အမြဲမပြတ် ဖုန်းဆက်ခြင်းဖြစ်သည်။တစ်ပတ်တစ်ကြိမ်မက ဖုန်းဆက်ကြသည်ဆိုသော်လည်း ပြောသည့်အကြောင်းအရာက ထူးထူးခြားခြားရယ်မဟုတ်၊ သာကြောင်းမာကြောင်း ရပ်ရွာအကြောင်း၊ ဆွေမျိုးများအကြောင်း၊ ပြီးတော့ ရန်ကုန်ရောက်ဆွေမျိုးများအကြောင်း။နောက်ဆုံးမှာတော့ ‘ငါ့တူကြီး၊ စာရေးရင် စိတ်ထဲရှိတဲ့အတိုင်း နင်းကန်မရေးနဲ့၊ သတိထား။’ ဟု ဘကြီးကဆိုလေ့ရှိသည်။ကျနော်က ထင်ရာပြော၊ ထင်ရာရေးတတ်ခြင်းကြောင့် ပြဿနာတက်မှာစိုးသဖြင့် ဘကြီးကမှာခြင်းဖြစ်သည်။

တစ်ခါတစ်ရံကျတော့လည်း ဘကြီးက သူ့ညီ၊ ကျနော့်အဖေအကြောင်း အတင်းတုပ်တတ်သည်။ကျနော့်အဖေက ပင်စင်ယူပြီးသည့်နောက် ဇာတိရပ်ရွာတွင်ပြန်နေသဖြင့် ဘကြီးအတွက် ဝမ်းသာရသော်လည်း အဖေ၏တဇွတ်ထိုးနိုင်မှုကြောင့် တစ်ခါတစ်ရံလည်း စိတ်ညစ်မိဟန်တူသည်။

‘အခုချိန်ထိ တဇွတ်ထိုးကြီးပဲ၊ ပြောရင်လည်းမကြိုက်ဘူး။’ ဟု ဘကြီးက ဆယ့်ခါတစ်ခါ ပြောတတ်သည်။ရံဖန်ရံခါ သူ့ညီက စိတ်ကောက်ပြီး ဘကြီးအိမ်မလာသဖြင့် သွားချော့ရသေးသည်တဲ့။

ဘာပဲဖြစ်ဖြစ်၊ ဘကြီးက အသက်ကြီးမှ သူ့ညီသူ ထိန်းကျောင်းနေရသည့်အတွက် မပျင်းရသလို ကျနော့်ဆီ ဖုန်းဆက်စကားပြောရတာကိုလည်း ပျော်ပုံရသည်။

ကျနော့်ဘကြီးမှာ ၁၀ တန်းအထိ ကျောင်းနေဖူးသည်။လက်လှမ်းမီရာ စာတွေပေတွေလည်းဖတ်သဖြင့် ဆင်ခြင်တိုင်းထွာမှုရှိသလို အများလက်ခံအောင် ပြောတတ်ဆိုတတ်သူ၊ ပြီးတော့ တောတွင် ထည်ထည်ဝါဝါနေနိုင်သူလည်းဖြစ်၍ ရပ်ထဲရွာထဲ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်နေသည်မှာ နှစ် ၃၀ ပင် ရှိတော့မည်ထင်၏။သို့သော်၊ ကျနော့်ဘကြီး၏ အားနည်းချက်မှာ ရုံးရောက်ဂတ်ရောက် ပြဿနာမျိုးဖြစ်မှာ ကြောက်တတ်ခြင်းဖြစ်သည်။

ထို့ကြောင့် ကျနော်ထံဖုန်းဆက်တိုင်း ထင်ရာမရေးဖို့မှာခြင်းဖြစ်သည်။ဦးသိန်းစိန်အစိုးရလက်ထက်တုန်းကဆိုလျှင် နိုင်ငံရေးနှင့် မကင်းရာမကင်းကြောင်းအလုပ်ကို လုပ်ကိုင်နေသော ကျနော်ထံဖုန်းဆက်သော်လည်း နိုင်ငံရေးအကြောင်းတွေဘာတွေ ဘကြီးမပြော။ ၂၀၁၅ ရွေးကောက်ပွဲနီးမှသာ NLD မနိုင်မှာစိုးသဖြင့် ‘ငါ့တူကြီး၊ အမေစုနိုင်ပါ့မလား’ ဟု တဖွဖွမေးသည်။

ဘကြီးက သူနှင့်အသက်အရွယ်တူ ဒေါ်အောင်ဆန်းစုကြည် ကို အမေစုဟုခေါ်သည်အထိ ကြည်ညိုသူဖြစ်သည်။ NLD အစိုးရဖွဲ့နိုင်ပြီဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲ အတွေ့အကြုံက ရှိထားကြသဖြင့် အာဏာရော တကယ်လွှဲပေးပါ့မလား၊ အများနည်းတူ ဘကြီးသည်လည်း စိုးရိမ်ပူပန်စွာ ကျနော့်ထံဖုန်းဆက်မေးရသည်မှာ အမော။

NLD အာဏာရပြီးနောက်ပိုင်းတွင် ဘကြီး၏စကားထဲတွင် နိုင်ငံရေးတွေပါလာသည်။‘ငါတို့အမေစုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လေ၊ အားကိုးရှိလို့ နိုင်ငံရေးပြောရဲတာ။’ ဟု ဘကြီးက အတည်လိုလို နောက်သလိုလိုဖြင့် ပြောလေ့ရှိသည်။

ယခုလည်း ကျနော်ရုံးပိတ်ရက်တွင် ဘကြီးဖုန်းဝင်လာသည်။ဖုန်းကိုင်ကိုင်ချင်းမှာပင် ‘ငါ့တူကြီးအားလား’ ဟု ဆိုသဖြင့် သူတစ်ခုခုပြောချင်မှန်း သဘောပေါက်လိုက်သည်။ဘကြီးက ပုံမှန်အတိုင်းဖုန်းဆက်သည်ဆိုလျှင် ‘ငါ့တူကြီး၊ နေကောင်းလား။’ ဟု မေးတတ်ပြီး အလွန်ဆုံး ၁၀ မိနစ်ခန့်ကြာ သာကြောင်းမာကြောင်းပြောကာ ဖုန်းချလေ့ရှိသည်။‘ငါ့တူကြီး၊ အားလား’ ဆိုလျှင်တော့ နိုင်ငံရေးတွေဘာတွေ ပါလာသည့်သဘော။သူသိလိုရာမေးချင်မေး၊ ဒါမှမဟုတ် သူပြောလိုရာပြောလေ့ရှိပြီး ဖုန်းပြောချိန် နာရီဝက်လောက်တော့ကြာတတ်သည်။

ကျနော်က ‘အားတယ်ဘကြီး’ ဟု ပြောလိုက်သည်ဆိုလျှင်ပဲ ဘကြီး၏ထုံးစံအတိုင်း အရင်းမရှိအဖျားမရှိ ‘ဘကြီးတို့ငယ်ငယ်က သူကြီးရူးရူးနေတဲ့ ကိုဖိုးတေတို့နဲ့ တစ်ပုံစံတည်း။’ ဟု ဆိုသည်။

ဘကြီးတွင် သူ့ဘဝပေးအတွေ့အကြုံက များစွာရှိသည်။သူသည် ရာသက်ပန်တောသားမို့ သူ့အတွေ့အကြုံများမှာလည်း သူတို့ကျေးလက်၏ အဖြစ်အပျက်များပင်ဖြစ်သည်။သူကြီးတွေဘာတွေအကြောင်းဆိုလျှင် နိုင်ငံရေးအကြောင်းဖြစ်တာ သေချာသည်။သူတို့ကျေးလက်နိုင်ငံရေးတွင် သူကြီး၏အခန်းကဏ္ဍသည် သိပ်အရေးပါသဖြင့် သူကြီးရွေးကောက်ပွဲဆိုလျှင် တစ်ရွာလုံးကလေးများပင်မကျန် ဇောချွေးသန်ခဲ့ကြသည်ချည်းဖြစ်သည်။သူကြီးဆိုသည်မှာ အခြေခံပြည်သူတို့နှင့် တိုက်ရိုက်ထိတွေ့ရသော အုပ်ချုပ်ရေးအရာရှိ။သူကြီးကောင်းလျှင် ရွာကောင်းမည်။သူကြီးဆိုးလျှင် ထိုရွာသည်လည်း ငယ်သံပါပြီသာမှတ်။

သူကြီး အကောင်း၊ အဆိုးနှင့် ကျေးလက်ဘဝ တိုက်ရိုက်အချိုးကျမှုကို သူတို့ခေတ်အဆက်ဆက်တွေ့ ကြုံခဲ့ရသည်မို့ ယနေ့ခေတ်ရွာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲသည်ပင် ကျနော်တို့ရွာတိုင်းတွင် သည်းသည်းလှုပ်ဖြစ်ကြသည်။

‘ဘကြီးတို့ဆီမှာ အမတ်ရွေးကောက်ပွဲထက် ရွာသူကြီးရွေးပွဲကို ရွာသားတွေက ပိုစိတ်ဝင်စားကြတာ၊ အခုချိန်ထိပဲ။’ ဟု ဘကြီးကဆိုသည်။
ထားတော့။

ဘကြီးပြောပြသည့် သူကြီးရူးရူးနေသည့် ကိုဖိုးတေ၏ဇာတ်လမ်းကို ပြန်ဆက်လိုပါသည်။ကိုဖိုးတေဆိုသည်မှာ ဘကြီးတို့ရပ်ရွာက ရွာလူထုမကြိုက်သောသူတစ်ဦးဖြစ်သည်။တစ်ချိန်၊ အင်္ဂလိပ်ခေတ်တုန်းက သူ့အဖေတို့ သူ့ဦးလေးတို့မှာ အစဉ်အဆက်သူကြီးများဖြစ်ကြသည်။ယခင်အစဉ်အဆက်သူကြီးများမှာ ငွေကြေးပြည့်စုံသူများဖြစ်သလို သူကြီးသားဆိုသူမှာလည်း မြန်မာဗီဒီယိုကားများထဲကအတိုင်း အရာရာကို အဖေအားကိုးဖြင့် ထင်ရာစိုင်းသူမို့ ရွာအော့ကြောလန်ဖြစ်သည်။

‘အတန်းပညာကလည်းမရှိ၊ လောင်းကစားဆို ကြက်ပွဲဆိုလည်း သူရှေ့ဆုံးက။ဖဲဝိုင်း၊ အနီထောင်ဝိုင်းဆိုလည်း သူကဒိုင်။ပြီးတော့ အရက်ကလေးကတမြမြ။မူးလာရင် အဖေကိုတောင် ရန်လုပ်သေးတာဆိုတော့ စဉ်းစားကြည့်တော့ပေါ့။’

သူတို့ခေတ် သူကြီးဆိုသည်မှာ ရပ်ထဲရွာထဲမီးသေသလို၊ မြို့နယ်အဆင့်ထိ ဂုဏ်သရေရှိစာရင်းထဲ ပါဝင်သူမို့ ကိုဖိုးတေ အရွယ်ရောက်လာတော့ သူကြီးရောဂါထလာသည်။သို့သော်၊ သူအရွယ်ရောက်ချိန်တွင် အဖေပြီး သားအလှည့်ဆိုသည့်ခေတ်ကကုန်ပြီ။
ထို့ပြင် သူ့အဖေသူကြီးသည်ပင် အသက်အရွယ်ကြီးပြီမို့ ရပ်ရွာအကြိုက် လူရွယ်တစ်ဦးထံ သူကြီးရာထူးလွှဲအပ်လိုက်ရပြီးပြီ။

‘ဘကြီးတို့ရွာအကြိုက် သူကြီးသစ်က လူတော်။စာတတ်ပေတတ်၊ လယ်ပိုင်နွားပိုင်ထဲက။ပြီးတော့ သူက ရွာကာလသားခေါင်းကနေ ရွာကတင်မြှောက်လို့ သူကြီးဖြစ်လာတဲ့သူ။အင်မတန်မျှတပြီး စေတနာကောင်းလို့  မြို့အုပ်ကအစ ဘကြီးတို့ သူကြီးကို နေရာပေးဆက်ဆံတာ။’

သို့သော်၊ ဘကြီးတို့ရွာအတွက် အဆင်မပြေတာက မဆလခေတ် ပြည်သူ့စစ်ခေါင်းဆောင်လိုမျိုး သေနတ်ကိုင်ခွင့်ရှိသူတစ်ဦး ရွာထဲတွင်ရှိနေခြင်းပင်။သူကလည်း သေနတ်အားကိုးဖြင့် ထင်ရာစိုင်းနေသူ။ပထမ၊ သူ့တပည့်တစ်ဦးကို ရွာသူကြီးခန့်ရန် ကြံစည်သော်လည်း ရွာဘုန်းကြီးကပင်လက်မခံသဖြင့် ဘကြီးတို့ သူကြီးကို အငြိုးအတေးရှိသူ။

‘အဲဒါနဲ့ ကိုဖိုးတေ က သူကြီးဖြစ်ချင်တော့ ပြည်သူ့စစ်ခေါင်းဆောင်ကိုကပ်တယ်။ပြည်သူ့စစ်ခေါင်းဆောင်ကလည်း သူဝင်မပါပေမဲ့ သူရှိတယ်၊ မပူနဲ့လို့ပြောပြီး မြှောက်ပေးတယ်။ကိုဖိုးတေကလည်း စာမတတ်ပေမတတ်၊ ဆင်ခြင်တုံတရားကလည်းမရှိတော့ ဘယ်သွားသွား သူ့အဖေသေနတ်ကြီး တကားကားနဲ့ ဟုတ်လှပြီထင်နေတာ။ရပ်ရေးရွာရေးတစ်ခုခုလုပ်ပြီဟေ့ဆို သူတို့အုပ်စုက ကန့်လန့်တိုက်တော့တာပဲ။’

တစ်ကြိမ် သူကြီးရွေးပွဲလုပ်တော့ သူဝင်ပါလာသည်။အပြိုင်ဝင်ရွေးမည့်ရှိလာ၍ သူကြီးရွေးကောက်ပွဲလုပ်ရသည်။သူကြီးရွေးပွဲလည်းနီးရော ကိုဖိုးတေသည်လည်း အရက်၊ လောင်းကစား၊ မူးယစ်ရမ်းကားမှုများ အကုန်ဖြတ်၊ ရွာသားများအပေါ်လည်း ဖော်ရွေပြလို့။သူ့အိမ်တွင် အလှူအတန်းများလည်းမပြတ်လုပ်ကာ ရွာသားများကို ဥပယ်တမျဉ်ဖြင့် လာဘ်ထိုးလို့။ထို့ပြင် သူတို့တွင် သေနတ်ရှိကြောင်းကိုတော့ တပြပြလုပ်လို့။

‘အဲမှာ သူကြီးရွေးပွဲနီးလေ သူရော ပြည်သူ့စစ်နဲ့ တပည့်တပန်းတွေရော သေနတ်တွေလွယ်လို့ လမ်းသလားလိုက်ကြတာလွန်ရော။တစ်ဖက်မှာလည်းကျွေးရမွေးရနဲ့ ဘကြီးတို့ခေတ် သူကြီးဝင်ရွေးတာလည်း သြဇာမှမရှိရင် ငွေနဲ့ရွာသားတွေက မျက်နှာလုပ်ရတော့ တော်တော်ကုန်တာ။သူကြီးရွေးတဲ့နေ့ကျ တော့ သူတို့အုပ်စု သေနတ်ကြီးတွေလွယ်ပြီးရောက်လာတာ။ကိုဖိုးတေလည်း အပြတ်အသတ်ရှုံးရော။သူတို့တစ်ဖွဲ့လုံး ရွာသားတွေကို ရန်ရှာတော့တာပဲ။' ဟု ဘကြီးကပြောသည်။

ဘယ်လိုရန်ရှာကြတာလဲဆိုတော့ ညဦးပိုင်းတွင် မူးယစ်ရမ်းကား ဆဲရေးတိုင်းထွာ၊ ညဘက်လူခြေတိတ်ချိန်ကျတော့ အိမ်ခေါင်မိုးများပေါ် ခဲနှင့်ပစ်။သေနတ်နဲ့ပစ်မယ်၊ တစ်ရွာလုံးကို မီးရှို့ပစ်မယ်ဟုလည်း ကြုံးဝါးသေး။နောက်ဆုံး၊ မနေနိုင်တော့သည့် ရွာဦးကျောင်းဆရာတော် ကြိမ်လုံးဆွဲထွက်လာပြီး ခေါ်ရိုက်လိုက်တော့မှ ပွဲပြီးသွားတော့သည်တဲ့။

‘ဘကြီးတွေရွာသားတွေ ဘယ်လောက်စိတ်နာလဲဆို ကိုဖိုးတေအဖေ သေတော့လည်း မသွားဘူး။ကိုဖိုးတေ သေတော့လည်း မသွားတဲ့အထိကို စိတ်နာခဲ့ကြတာ’ တဲ့။

‘ဘကြီးတို့ရွာသားတွေက အဲဒီအချိန်ကတည်းက သေနတ်တကားကားလုပ်ပြတဲ့ကောင်တွေကို ဆန့်ကျင်ခဲ့တာ။’ ဟု ဘကြီးက ဂုဏ်ယူလိုက်သေးသည်။

‘ဘကြီးပြောတဲ့ ကိုဖိုးတေနဲ့ တစ်ပုံစံတည်းဆိုတာ ဘယ်သူ့ကိုပြောတာလဲ’ ဟု ကျနော်ကမေးကြည့်တော့ ‘ဒါကတော့ ငါ့တူကြီးပြောဖူးသလိုပေါ့။စာရေးရင် အဆုံးသတ်ကိုအကုန်မဖော်ပြဘဲ စာဖတ်ပရိသတ် သူ့ဘာသာဆက်တွေးအောင် ချန်ထားသလိုပဲလေ။ကိုဖိုးတေနဲ့တစ်ပုံစံတည်းက ဘယ်သူတွေလဲဆိုတော့ ငါ့တူကြီးဆက်စဉ်းစားရမှာ။’ ဟု ဆိုကာ တဟားဟားရယ်မောလျက် ဘကြီးဖုန်းချသွားခဲ့သည်။

ဘကြီးက ထိုသို့အရှောင်အတိမ်းကကောင်းသော်လည်း မရှောင်နိုင်မတိမ်းနိုင်သော ကျနော့်မှာမူ ကိုဖိုးတေနှင့်တစ်ပုံစံတည်းအကြောင်း မဆုံးနိုင်သောအတွေးတို့ဖြင့် တွေးလုံးပတ်လည် ချာချာလည်နေတော့သည်။

လင်းဆက်ငြိမ်းချမ်း
စက်တင်ဘာ - ၂

( Zawgyi )

ၾကာေတာ့ၾကာခဲ့ၿပီ။က်ေနာ့္လက္ထဲတြင္ ၅ သိန္းတန္ ဟန္းဖုန္းေရာက္သည့္အခ်ိန္ကစလို႔ က်ေနာ္တို႔ တူဝရီး အနည္းဆုံး တစ္ပတ္လွ်င္တစ္ႀကိမ္ ဖုန္းေျပာျဖစ္ခဲ့ၾကသည္။ဘႀကီးက က်ေနာ္တို႔ေက်းလက္တြင္ ေရွ႕ႏွစ္အေတာ္ၾကာကတည္းက လယ္ပိုင္ရွင္ႀကီးမို႔ သူ႔အိမ္တြင္ ေအာ္တိုအထိုင္ဖုန္းရွိၿပီးသား။ထို႔ေၾကာင့္ က်ေနာ့္တြင္ ဟန္းဖုန္းရွိလာေတာ့ အဆက္အသြယ္မျပတ္ေတာ့ျခင္းျဖစ္သည္။

ထုံးစံအတိုင္း လူငယ္ျဖစ္သူ က်ေနာ္က ဖုန္းစဆက္ျဖစ္တာနည္းနည္း၊ ဘႀကီးကသာ အၿမဲမျပတ္ ဖုန္းဆက္ျခင္းျဖစ္သည္။တစ္ပတ္တစ္ႀကိမ္မက ဖုန္းဆက္ၾကသည္ဆိုေသာ္လည္း ေျပာသည့္အေၾကာင္းအရာက ထူးထူးျခားျခားရယ္မဟုတ္၊ သာေၾကာင္းမာေၾကာင္း ရပ္႐ြာအေၾကာင္း၊ ေဆြမ်ိဳးမ်ားအေၾကာင္း၊ ၿပီးေတာ့ ရန္ကုန္ေရာက္ေဆြမ်ိဳးမ်ားအေၾကာင္း။ေနာက္ဆုံးမွာေတာ့ ‘ငါ့တူႀကီး၊ စာေရးရင္ စိတ္ထဲရွိတဲ့အတိုင္း နင္းကန္မေရးနဲ႔၊ သတိထား။’ ဟု ဘႀကီးကဆိုေလ့ရွိသည္။က်ေနာ္က ထင္ရာေျပာ၊ ထင္ရာေရးတတ္ျခင္းေၾကာင့္ ျပႆနာတက္မွာစိုးသျဖင့္ ဘႀကီးကမွာျခင္းျဖစ္သည္။

တစ္ခါတစ္ရံက်ေတာ့လည္း ဘႀကီးက သူ႔ညီ၊ က်ေနာ့္အေဖအေၾကာင္း အတင္းတုပ္တတ္သည္။က်ေနာ့္အေဖက ပင္စင္ယူၿပီးသည့္ေနာက္ ဇာတိရပ္႐ြာတြင္ျပန္ေနသျဖင့္ ဘႀကီးအတြက္ ဝမ္းသာရေသာ္လည္း အေဖ၏တဇြတ္ထိုးႏိုင္မႈေၾကာင့္ တစ္ခါတစ္ရံလည္း စိတ္ညစ္မိဟန္တူသည္။

‘အခုခ်ိန္ထိ တဇြတ္ထိုးႀကီးပဲ၊ ေျပာရင္လည္းမႀကိဳက္ဘူး။’ ဟု ဘႀကီးက ဆယ့္ခါတစ္ခါ ေျပာတတ္သည္။ရံဖန္ရံခါ သူ႔ညီက စိတ္ေကာက္ၿပီး ဘႀကီးအိမ္မလာသျဖင့္ သြားေခ်ာ့ရေသးသည္တဲ့။

ဘာပဲျဖစ္ျဖစ္၊ ဘႀကီးက အသက္ႀကီးမွ သူ႔ညီသူ ထိန္းေက်ာင္းေနရသည့္အတြက္ မပ်င္းရသလို က်ေနာ့္ဆီ ဖုန္းဆက္စကားေျပာရတာကိုလည္း ေပ်ာ္ပုံရသည္။

က်ေနာ့္ဘႀကီးမွာ ၁၀ တန္းအထိ ေက်ာင္းေနဖူးသည္။လက္လွမ္းမီရာ စာေတြေပေတြလည္းဖတ္သျဖင့္ ဆင္ျခင္တိုင္းထြာမႈရွိသလို အမ်ားလက္ခံေအာင္ ေျပာတတ္ဆိုတတ္သူ၊ ၿပီးေတာ့ ေတာတြင္ ထည္ထည္ဝါဝါေနႏိုင္သူလည္းျဖစ္၍ ရပ္ထဲ႐ြာထဲ အတိုင္ပင္ခံပုဂၢိဳလ္ျဖစ္ေနသည္မွာ ႏွစ္ ၃၀ ပင္ ရွိေတာ့မည္ထင္၏။သို႔ေသာ္၊ က်ေနာ့္ဘႀကီး၏ အားနည္းခ်က္မွာ ႐ုံးေရာက္ဂတ္ေရာက္ ျပႆနာမ်ိဳးျဖစ္မွာ ေၾကာက္တတ္ျခင္းျဖစ္သည္။

ထို႔ေၾကာင့္ က်ေနာ္ထံဖုန္းဆက္တိုင္း ထင္ရာမေရးဖို႔မွာျခင္းျဖစ္သည္။ဦးသိန္းစိန္အစိုးရလက္ထက္တုန္းကဆိုလွ်င္ ႏိုင္ငံေရးႏွင့္ မကင္းရာမကင္းေၾကာင္းအလုပ္ကို လုပ္ကိုင္ေနေသာ က်ေနာ္ထံဖုန္းဆက္ေသာ္လည္း ႏိုင္ငံေရးအေၾကာင္းေတြဘာေတြ ဘႀကီးမေျပာ။ ၂၀၁၅ ေ႐ြးေကာက္ပြဲနီးမွသာ NLD မႏိုင္မွာစိုးသျဖင့္ ‘ငါ့တူႀကီး၊ အေမစုႏိုင္ပါ့မလား’ ဟု တဖြဖြေမးသည္။

ဘႀကီးက သူႏွင့္အသက္အ႐ြယ္တူ ေဒၚေအာင္ဆန္းစုၾကည္ ကို အေမစုဟုေခၚသည္အထိ ၾကည္ညိဳသူျဖစ္သည္။ NLD အစိုးရဖြဲ႕ႏိုင္ၿပီဆိုေတာ့ ၁၉၉၀ ေ႐ြးေကာက္ပြဲ အေတြ႕အႀကဳံက ရွိထားၾကသျဖင့္ အာဏာေရာ တကယ္လႊဲေပးပါ့မလား၊ အမ်ားနည္းတူ ဘႀကီးသည္လည္း စိုးရိမ္ပူပန္စြာ က်ေနာ့္ထံဖုန္းဆက္ေမးရသည္မွာ အေမာ။

NLD အာဏာရၿပီးေနာက္ပိုင္းတြင္ ဘႀကီး၏စကားထဲတြင္ ႏိုင္ငံေရးေတြပါလာသည္။‘ငါတို႔အေမစုက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေလ၊ အားကိုးရွိလို႔ ႏိုင္ငံေရးေျပာရဲတာ။’ ဟု ဘႀကီးက အတည္လိုလို ေနာက္သလိုလိုျဖင့္ ေျပာေလ့ရွိသည္။

ယခုလည္း က်ေနာ္႐ုံးပိတ္ရက္တြင္ ဘႀကီးဖုန္းဝင္လာသည္။ဖုန္းကိုင္ကိုင္ခ်င္းမွာပင္ ‘ငါ့တူႀကီးအားလား’ ဟု ဆိုသျဖင့္ သူတစ္ခုခုေျပာခ်င္မွန္း သေဘာေပါက္လိုက္သည္။ဘႀကီးက ပုံမွန္အတိုင္းဖုန္းဆက္သည္ဆိုလွ်င္ ‘ငါ့တူႀကီး၊ ေနေကာင္းလား။’ ဟု ေမးတတ္ၿပီး အလြန္ဆုံး ၁၀ မိနစ္ခန႔္ၾကာ သာေၾကာင္းမာေၾကာင္းေျပာကာ ဖုန္းခ်ေလ့ရွိသည္။‘ငါ့တူႀကီး၊ အားလား’ ဆိုလွ်င္ေတာ့ ႏိုင္ငံေရးေတြဘာေတြ ပါလာသည့္သေဘာ။သူသိလိုရာေမးခ်င္ေမး၊ ဒါမွမဟုတ္ သူေျပာလိုရာေျပာေလ့ရွိၿပီး ဖုန္းေျပာခ်ိန္ နာရီဝက္ေလာက္ေတာ့ၾကာတတ္သည္။

က်ေနာ္က ‘အားတယ္ဘႀကီး’ ဟု ေျပာလိုက္သည္ဆိုလွ်င္ပဲ ဘႀကီး၏ထုံးစံအတိုင္း အရင္းမရွိအဖ်ားမရွိ ‘ဘႀကီးတို႔ငယ္ငယ္က သူႀကီး႐ူး႐ူးေနတဲ့ ကိုဖိုးေတတို႔နဲ႔ တစ္ပုံစံတည္း။’ ဟု ဆိုသည္။

ဘႀကီးတြင္ သူ႔ဘဝေပးအေတြ႕အႀကဳံက မ်ားစြာရွိသည္။သူသည္ ရာသက္ပန္ေတာသားမို႔ သူ႔အေတြ႕အႀကဳံမ်ားမွာလည္း သူတို႔ေက်းလက္၏ အျဖစ္အပ်က္မ်ားပင္ျဖစ္သည္။သူႀကီးေတြဘာေတြအေၾကာင္းဆိုလွ်င္ ႏိုင္ငံေရးအေၾကာင္းျဖစ္တာ ေသခ်ာသည္။သူတို႔ေက်းလက္ႏိုင္ငံေရးတြင္ သူႀကီး၏အခန္းက႑သည္ သိပ္အေရးပါသျဖင့္ သူႀကီးေ႐ြးေကာက္ပြဲဆိုလွ်င္ တစ္႐ြာလုံးကေလးမ်ားပင္မက်န္ ေဇာေခြၽးသန္ခဲ့ၾကသည္ခ်ည္းျဖစ္သည္။သူႀကီးဆိုသည္မွာ အေျခခံျပည္သူတို႔ႏွင့္ တိုက္႐ိုက္ထိေတြ႕ရေသာ အုပ္ခ်ဳပ္ေရးအရာရွိ။သူႀကီးေကာင္းလွ်င္ ႐ြာေကာင္းမည္။သူႀကီးဆိုးလွ်င္ ထို႐ြာသည္လည္း ငယ္သံပါၿပီသာမွတ္။

သူႀကီး အေကာင္း၊ အဆိုးႏွင့္ ေက်းလက္ဘဝ တိုက္႐ိုက္အခ်ိဳးက်မႈကို သူတို႔ေခတ္အဆက္ဆက္ေတြ႕ ႀကဳံခဲ့ရသည္မို႔ ယေန႔ေခတ္႐ြာအုပ္ခ်ဳပ္ေရးမႉး ေ႐ြးေကာက္ပြဲသည္ပင္ က်ေနာ္တို႔႐ြာတိုင္းတြင္ သည္းသည္းလႈပ္ျဖစ္ၾကသည္။

‘ဘႀကီးတို႔ဆီမွာ အမတ္ေ႐ြးေကာက္ပြဲထက္ ႐ြာသူႀကီးေ႐ြးပြဲကို ႐ြာသားေတြက ပိုစိတ္ဝင္စားၾကတာ၊ အခုခ်ိန္ထိပဲ။’ ဟု ဘႀကီးကဆိုသည္။
ထားေတာ့။

ဘႀကီးေျပာျပသည့္ သူႀကီး႐ူး႐ူးေနသည့္ ကိုဖိုးေတ၏ဇာတ္လမ္းကို ျပန္ဆက္လိုပါသည္။ကိုဖိုးေတဆိုသည္မွာ ဘႀကီးတို႔ရပ္႐ြာက ႐ြာလူထုမႀကိဳက္ေသာသူတစ္ဦးျဖစ္သည္။တစ္ခ်ိန္၊ အဂၤလိပ္ေခတ္တုန္းက သူ႔အေဖတို႔ သူ႔ဦးေလးတို႔မွာ အစဥ္အဆက္သူႀကီးမ်ားျဖစ္ၾကသည္။ယခင္အစဥ္အဆက္သူႀကီးမ်ားမွာ ေငြေၾကးျပည့္စုံသူမ်ားျဖစ္သလို သူႀကီးသားဆိုသူမွာလည္း ျမန္မာဗီဒီယိုကားမ်ားထဲကအတိုင္း အရာရာကို အေဖအားကိုးျဖင့္ ထင္ရာစိုင္းသူမို႔ ႐ြာေအာ့ေၾကာလန္ျဖစ္သည္။

‘အတန္းပညာကလည္းမရွိ၊ ေလာင္းကစားဆို ၾကက္ပြဲဆိုလည္း သူေရွ႕ဆုံးက။ဖဲဝိုင္း၊ အနီေထာင္ဝိုင္းဆိုလည္း သူကဒိုင္။ၿပီးေတာ့ အရက္ကေလးကတျမျမ။မူးလာရင္ အေဖကိုေတာင္ ရန္လုပ္ေသးတာဆိုေတာ့ စဥ္းစားၾကည့္ေတာ့ေပါ့။’

သူတို႔ေခတ္ သူႀကီးဆိုသည္မွာ ရပ္ထဲ႐ြာထဲမီးေသသလို၊ ၿမိဳ႕နယ္အဆင့္ထိ ဂုဏ္သေရရွိစာရင္းထဲ ပါဝင္သူမို႔ ကိုဖိုးေတ အ႐ြယ္ေရာက္လာေတာ့ သူႀကီးေရာဂါထလာသည္။သို႔ေသာ္၊ သူအ႐ြယ္ေရာက္ခ်ိန္တြင္ အေဖၿပီး သားအလွည့္ဆိုသည့္ေခတ္ကကုန္ၿပီ။
ထို႔ျပင္ သူ႔အေဖသူႀကီးသည္ပင္ အသက္အ႐ြယ္ႀကီးၿပီမို႔ ရပ္႐ြာအႀကိဳက္ လူ႐ြယ္တစ္ဦးထံ သူႀကီးရာထူးလႊဲအပ္လိုက္ရၿပီးၿပီ။

‘ဘႀကီးတို႔႐ြာအႀကိဳက္ သူႀကီးသစ္က လူေတာ္။စာတတ္ေပတတ္၊ လယ္ပိုင္ႏြားပိုင္ထဲက။ၿပီးေတာ့ သူက ႐ြာကာလသားေခါင္းကေန ႐ြာကတင္ေျမႇာက္လို႔ သူႀကီးျဖစ္လာတဲ့သူ။အင္မတန္မွ်တၿပီး ေစတနာေကာင္းလို႔  ၿမိဳ႕အုပ္ကအစ ဘႀကီးတို႔ သူႀကီးကို ေနရာေပးဆက္ဆံတာ။’

သို႔ေသာ္၊ ဘႀကီးတို႔႐ြာအတြက္ အဆင္မေျပတာက မဆလေခတ္ ျပည္သူ႔စစ္ေခါင္းေဆာင္လိုမ်ိဳး ေသနတ္ကိုင္ခြင့္ရွိသူတစ္ဦး ႐ြာထဲတြင္ရွိေနျခင္းပင္။သူကလည္း ေသနတ္အားကိုးျဖင့္ ထင္ရာစိုင္းေနသူ။ပထမ၊ သူ႔တပည့္တစ္ဦးကို ႐ြာသူႀကီးခန႔္ရန္ ႀကံစည္ေသာ္လည္း ႐ြာဘုန္းႀကီးကပင္လက္မခံသျဖင့္ ဘႀကီးတို႔ သူႀကီးကို အၿငိဳးအေတးရွိသူ။

‘အဲဒါနဲ႔ ကိုဖိုးေတ က သူႀကီးျဖစ္ခ်င္ေတာ့ ျပည္သူ႔စစ္ေခါင္းေဆာင္ကိုကပ္တယ္။ျပည္သူ႔စစ္ေခါင္းေဆာင္ကလည္း သူဝင္မပါေပမဲ့ သူရွိတယ္၊ မပူနဲ႔လို႔ေျပာၿပီး ေျမႇာက္ေပးတယ္။ကိုဖိုးေတကလည္း စာမတတ္ေပမတတ္၊ ဆင္ျခင္တုံတရားကလည္းမရွိေတာ့ ဘယ္သြားသြား သူ႔အေဖေသနတ္ႀကီး တကားကားနဲ႔ ဟုတ္လွၿပီထင္ေနတာ။ရပ္ေရး႐ြာေရးတစ္ခုခုလုပ္ၿပီေဟ့ဆို သူတို႔အုပ္စုက ကန႔္လန႔္တိုက္ေတာ့တာပဲ။’

တစ္ႀကိမ္ သူႀကီးေ႐ြးပြဲလုပ္ေတာ့ သူဝင္ပါလာသည္။အၿပိဳင္ဝင္ေ႐ြးမည့္ရွိလာ၍ သူႀကီးေ႐ြးေကာက္ပြဲလုပ္ရသည္။သူႀကီးေ႐ြးပြဲလည္းနီးေရာ ကိုဖိုးေတသည္လည္း အရက္၊ ေလာင္းကစား၊ မူးယစ္ရမ္းကားမႈမ်ား အကုန္ျဖတ္၊ ႐ြာသားမ်ားအေပၚလည္း ေဖာ္ေ႐ြျပလို႔။သူ႔အိမ္တြင္ အလႉအတန္းမ်ားလည္းမျပတ္လုပ္ကာ ႐ြာသားမ်ားကို ဥပယ္တမ်ဥ္ျဖင့္ လာဘ္ထိုးလို႔။ထို႔ျပင္ သူတို႔တြင္ ေသနတ္ရွိေၾကာင္းကိုေတာ့ တျပျပလုပ္လို႔။

‘အဲမွာ သူႀကီးေ႐ြးပြဲနီးေလ သူေရာ ျပည္သူ႔စစ္နဲ႔ တပည့္တပန္းေတြေရာ ေသနတ္ေတြလြယ္လို႔ လမ္းသလားလိုက္ၾကတာလြန္ေရာ။တစ္ဖက္မွာလည္းေကြၽးရေမြးရနဲ႔ ဘႀကီးတို႔ေခတ္ သူႀကီးဝင္ေ႐ြးတာလည္း ၾသဇာမွမရွိရင္ ေငြနဲ႔႐ြာသားေတြက မ်က္ႏွာလုပ္ရေတာ့ ေတာ္ေတာ္ကုန္တာ။သူႀကီးေ႐ြးတဲ့ေန႔က် ေတာ့ သူတို႔အုပ္စု ေသနတ္ႀကီးေတြလြယ္ၿပီးေရာက္လာတာ။ကိုဖိုးေတလည္း အျပတ္အသတ္ရႈံးေရာ။သူတို႔တစ္ဖြဲ႕လုံး ႐ြာသားေတြကို ရန္ရွာေတာ့တာပဲ။' ဟု ဘႀကီးကေျပာသည္။

ဘယ္လိုရန္ရွာၾကတာလဲဆိုေတာ့ ညဦးပိုင္းတြင္ မူးယစ္ရမ္းကား ဆဲေရးတိုင္းထြာ၊ ညဘက္လူေျခတိတ္ခ်ိန္က်ေတာ့ အိမ္ေခါင္မိုးမ်ားေပၚ ခဲႏွင့္ပစ္။ေသနတ္နဲ႔ပစ္မယ္၊ တစ္႐ြာလုံးကို မီးရႈိ႕ပစ္မယ္ဟုလည္း ႀကဳံးဝါးေသး။ေနာက္ဆုံး၊ မေနႏိုင္ေတာ့သည့္ ႐ြာဦးေက်ာင္းဆရာေတာ္ ႀကိမ္လုံးဆြဲထြက္လာၿပီး ေခၚ႐ိုက္လိုက္ေတာ့မွ ပြဲၿပီးသြားေတာ့သည္တဲ့။

‘ဘႀကီးေတြ႐ြာသားေတြ ဘယ္ေလာက္စိတ္နာလဲဆို ကိုဖိုးေတအေဖ ေသေတာ့လည္း မသြားဘူး။ကိုဖိုးေတ ေသေတာ့လည္း မသြားတဲ့အထိကို စိတ္နာခဲ့ၾကတာ’ တဲ့။

‘ဘႀကီးတို႔႐ြာသားေတြက အဲဒီအခ်ိန္ကတည္းက ေသနတ္တကားကားလုပ္ျပတဲ့ေကာင္ေတြကို ဆန႔္က်င္ခဲ့တာ။’ ဟု ဘႀကီးက ဂုဏ္ယူလိုက္ေသးသည္။

‘ဘႀကီးေျပာတဲ့ ကိုဖိုးေတနဲ႔ တစ္ပုံစံတည္းဆိုတာ ဘယ္သူ႔ကိုေျပာတာလဲ’ ဟု က်ေနာ္ကေမးၾကည့္ေတာ့ ‘ဒါကေတာ့ ငါ့တူႀကီးေျပာဖူးသလိုေပါ့။စာေရးရင္ အဆုံးသတ္ကိုအကုန္မေဖာ္ျပဘဲ စာဖတ္ပရိသတ္ သူ႔ဘာသာဆက္ေတြးေအာင္ ခ်န္ထားသလိုပဲေလ။ကိုဖိုးေတနဲ႔တစ္ပုံစံတည္းက ဘယ္သူေတြလဲဆိုေတာ့ ငါ့တူႀကီးဆက္စဥ္းစားရမွာ။’ ဟု ဆိုကာ တဟားဟားရယ္ေမာလ်က္ ဘႀကီးဖုန္းခ်သြားခဲ့သည္။

ဘႀကီးက ထိုသို႔အေရွာင္အတိမ္းကေကာင္းေသာ္လည္း မေရွာင္ႏိုင္မတိမ္းႏိုင္ေသာ က်ေနာ့္မွာမူ ကိုဖိုးေတႏွင့္တစ္ပုံစံတည္းအေၾကာင္း မဆုံးႏိုင္ေသာအေတြးတို႔ျဖင့္ ေတြးလုံးပတ္လည္ ခ်ာခ်ာလည္ေနေတာ့သည္။

လင္းဆက္ၿငိမ္းခ်မ္း
စက္တင္ဘာ - ၂